ကရင်အမျိုး​သမီး​တဦး​ နိုင်ငံတကာထူး​ချွန်ဆု ရ

ရန်ကုန် အ​ခြေစိုက် ကရင်အမျိုး​သမီး​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​ (Karen Women Action Group)က အမှု​ဆောင်ညွှန်ကြား​ရေး​မှူး​ ​နော်စူစန်နာလှလှစိုး​ကို Inter Action ​ခေါ် အ​မေရိကန် အ​ခြေစိုက် နိုင်ငံတကာ အန်ဂျီအို မဟာမိတ်အဖွဲ့​က လူသား​ချင်း​စာနာမှုနဲ့​ဆိုင်တဲ့​ ထူး​ချွန်ဆု ချီး​မြှင့်​ဖို့​ ​ရွေး​ချယ်လိုက်ပါတယ်။

   
နော်စူစန်နာလှလှစိုး
ကမ္ဘာတဝန်း​မှာရှိတဲ့​ အစိုး​ရမဟုတ်တဲ့​ လူမှု​ရေး​ အဖွဲ့​အစည်း​တွေမှာ ထူး​ထူး​ချွန်ချွန်နဲ့​ ​ခေါင်း​ဆောင်နိုင်တဲ့​သူ​တွေကို အဖွဲ့​က နှစ်စဉ် ဆု​ပေး​အပ်ရာမှာ ၂၀၁၂ အတွက် ​ရွေး​ချယ်ခံရသူ​တွေထဲမှာ ​နော်စူစန်နာလှလှစိုး​လည်း​ တဦး​အပါအဝင် ဖြစ်တယ်လို့​ Inter Action အဖွဲ့​ရဲ့​ အင်တာနက် စာမျက်နှာ​ပေါ်မှာ ​ရေး​သား​ထား​ပါတယ်။

နော်လှလှစိုး​ဟာ မြန်မာနိုင်ငံမှာ အမျိုး​သမီး​နဲ့​ က​လေး​တွေ ကျန်း​မာ​ပျော်ရွှင်စွာ ​နေထိုင်နိုင်​ရေး​အတွက် တက်ကြွစွာ ​ဆောက်ရွက်​နေသူဖြစ်ပြီး​ မိသား​စု​တွေအတွက် အ​သေး​ စား​ချေး​ငွေ အစီအစဉ်​တွေ၊​ က​လေး​တွေအတွက် ပညာ​ရေး​ အကူအညီ အ​ထောက်အပံ​တွေ၊​ နဲ့​ သဘာဝ​ဘေး​ခံရသူ​တွေအတွက် အ​ရေး​ပေါ် ကယ်ဆယ်​ရေး​ လုပ်ငန်း​တွေ ​ဆောင်ရွက်ခဲ့​တယ်လို့​ ဆိုပါတယ်။

နော်လှလှစိုး​ဟာ ဒီဆုကို ​မေ ၁ ရက်​နေ့​မှာ လက်ခံရ ယူမယ်လို့​လည်း​ သိရပါတယ်။

အ​မေရိကန် အ​ခြေစိုက် အစိုး​ရမဟုတ်တဲ့​ နိုင်ငံတကာ လူမှု​ရေး​အဖွဲ့​အစည်း​နဲ့​ ပူး​ပေါင်း​ဖွဲ့​စည်း​ထား​တဲ့​ Inter Action အဖွဲ့​မှာ အန်ဂျီအို အဖွဲ့​အစည်း​ပေါင်း​ ၁၉၀ ​ကျော်ပါဝင်ပြီး​ ဖွံ့​ဖြိုး​ဆဲနိုင်ငံ​တွေမှာ ဆင်း​ရဲမှု တိုက်ဖျက်​ရေး​၊​ လူ့​အခွင့်​အ​ရေး​ တိုး​တက်​အောင် ​ဆောင်ရွက်​ရေး​ စတာ​တွေကို လုပ်ကိုင် ​ဆောင်ရွက်​ပေး​နေပါတယ်။

ဒီဗွီဘီ
ကရင်အမျိုး​သမီး​တဦး​ နိုင်ငံတကာထူး​ချွန်ဆု ရ ကရင်အမျိုး​သမီး​တဦး​ နိုင်ငံတကာထူး​ချွန်ဆု ရ Reviewed by သစ်ထူးလွင် on 16:25 Rating: 5

5 comments:

Anonymous said...

အယ်..ဒို့ဆီက ...မိခင်ကလေးနဲ့ အမျိုးသမီးရေးရာက..မမကြီး..တို့..မေမေကြီးတို့ကိုကျတော့ မပေးဘူးနော်..ဟားဟား... တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်နေကြတာလေ.(မှတ်ချက်..ပေါ်ပင်၊ လူမြင်ကောင်းအောင်)... ဟို..တို့မသိတဲ့သူကျတော့.. ပေးတယ်နော်..
အမေရိကန်က မကောင်းဘူးကွာ..

aung aung said...

ဂုဏ်ယူပါတယ် နော်စူစန်နာလှလှစိုး ခင်ဗျား ..
ဒီထက်မကလည်း ပိုပြီး ကူညီနိုင်ပါစေ လုပ်နိုင်ပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ် ဗျာ

Truth teller said...

ဂုဏ်ယူပါတယ်ဗျာ

Kyaw Khant Zaw said...

လုပ်တိုင်းရနေပါက အကုန်ရနေပြီ။စိတ်နစ်ပြီး ဇွဲရှိရှိ မဆုတ်မနစ် ဦးတည်ချက်ပြီးဆုံးအောင် လုပ်ဆောင်နိုင်သူများသာ ဆုချီးမြှင့်ခြင်း ခံရပေမည်။

tharzaw said...

Good News for our country.

Powered by Blogger.