ဦးအောင်သောင်း၏ စည်း​ရုံး​​ရေး​ခရီးအတွင်း​ ယာဉ်တိုက်မှုကြောင့် လူတဦး ပွဲချင်းပြီးဆုံး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်သောင်းရဲ့ စည်းရုံးရေးခရီးစဉ်မှာ ယာဉ်တိုက်မှုဖြစ်တာကြောင့် လူတယောက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူ့ရဲ့ ဇာတိဖြစ်တဲ့ မန္တလေးတိုင်းအတွင်းက တောင်သာတ၀ိုက်မှာ ကားတန်းတွေနဲ့ စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေတုန်း သောကြာနေ့တုန်းက ယာဉ်တိုက်မှု ဖြစ်သွားတာပါ။
အခင်းဖြစ်ပွားရာ အနီးဝန်းကျင်းဒေသခံတယောက်က “ဦးအောင်သောင်းက သူ့ရဲ့ စည်းရုံးရေးခရီးစဉ်အတွက် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာတို့ ဒီနားမှာရှိတဲ့ ယာဉ်လိုင်းငယ်တွေကို ချောသဘောမျိုး ခေါ်တယ်။ အဲဒီထဲက ရွှေမြန်မာလိုင်းက ၁က၊၆၃၆၄ ခင်ဗျ။ မိုင်တိုင်အမှတ် ၁၂ လောက်မှာ နွားထိုးကြီးနဲ့ အနောက်ဘက် ရှစ်မိုင်အကွာမှာပါ။ တိုက်ခံရတဲ့သူက ဦးကံစိန်ပါ။ အသက် ၃၈ နှစ် အလုပ်အကိုင်က အထမ်းသမားပါ။ သူတို့ မိသားစုမှာ ကလေး ၂ ယောက်ရှိတယ်။ တော်တော်လေး ဆင်းရဲနွမ်းပါတယ်။”လို့ ပြောပါတယ်။
ကွယ်လွန်သွားတဲ့ ဦးကံစိန်ရဲ့ ရွာဖြစ်တဲ့ ပြရာချောင်းကျေးရွာက ရွာသားတဦးကတော့ ဒီနေ့မှာပဲ ဈာပနကိစ္စ ပြီးစီးသွားပြီလို့ ပြောပါတယ်။
“တမြန်နေ့က ဖြစ်တာဆိုတော့ မနေ့က သယ်လာပြီး ဒီနေ့ သင်္ဂြီုဟ်လိုက်ပြီ။ စခန်းတော့ခေါ်တယ်။ ရှင်းတော့ ရှင်းရမယ်လို့ ပြောတာပဲ။”
နွားထိုးကြီးမြို့နယ် ရဲစခန်းကို အမှုအခင်းအခြေအနေ မေးမြန်းပေမယ့် တာဝန်ကျရဲက ဖြေပိုင်ခွင့်မရှိဘူးလို့ ပြောပြီး ဖုန်းချသွားပါတယ်။ 
ဒီဗွီဘီ
Myanmar News Now မှ ဖော်ပြခဲ့ပြီးဖြစ်တဲ့  ဦးအောင်သောင်း ၏ စည်းရုံးရေးခရီးစဉ်အတွက် လိုင်းကားတွေဆင့်ခေါ်ခံရတဲ့ သတင်းကို အောက်မှာပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
မြင်းခြံ နှင့် နွားထိုးကြီး ကြံ့ဖွံ့  လိုင်းကားများနှင့်လူထုကို လိမ်လည်ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံးနေ 
 မြင်းခြံမြို့ရှိကားဂိတ်များမှ ဘတ်စ်ကားကုန်ကားများအား အငှားယာဉ်တာဝန်ပေးအပ်ခြင်း
 ခေါင်းစဉ်တပ်ပြီး မထသ မှ ၁၆.၃.၂၀၁၂ နေ့တွင်နွားထိုးကြီး ကြံ့ခိုင်ရေး
ရုံးသို့ပူးတွဲပါစာဖြင့်ကားအစီး
ရေ(၆၀)အားဆင့်ခေါ်ထားပါသည်။
ဂိတ်ပိုင်များနှင့်ကားပိုင်များကလည်
းမသွားလိုကြပါ၊ထို့အတူ နွားထိုးကြီးမြို့နယ်
 ရပ်ကွက်ကျေးရွာများမှလူထုအားလည်
း တစ်အိမ်တစ်ယောက် မလိုက်မနေရ
 မြို့နယ်လူထုနှင့်နိုင်ငံတော်
အဆင့်ငြိင်းချမ်းရေးဖေါ်ဆောင်မှုခေါင်းဆောင်
များတွေ့ဆုံရန်လိမ်
လည်ဆင့်ခေါ်ထားပြန်ပါသည်။
နွားထိုးကြီးမြို့တွင်ဧပြီလ(၁)ေ
န့ရွေးကောက်ပွဲနှင့်ချိန်ကိုက်ပြီးကြံ့ခိုင်ရေးပါတီမှ
အတင်းအကျပ် ရွေးကောက်ပွဲဥပဒေကို အာဏာအလွဲသုံးပြီး
Myanmar News Now
အတင်းအဓမ္မဆင့်ခေါ်စာ
ဆင့်ခေါ်ခံရတဲ့ မြင်းခြံမြို့ က ကားအစီးရေ
ဦးအောင်သောင်း၏ စည်း​ရုံး​​ရေး​ခရီးအတွင်း​ ယာဉ်တိုက်မှုကြောင့် လူတဦး ပွဲချင်းပြီးဆုံး ဦးအောင်သောင်း၏ စည်း​ရုံး​​ရေး​ခရီးအတွင်း​ ယာဉ်တိုက်မှုကြောင့် လူတဦး ပွဲချင်းပြီးဆုံး Reviewed by သစ်ထူးလွင် on 22:16 Rating: 5
12 comments:
supergunner said...
ကဲ...မှတ်ပလား
ဒီသတင်းကိုမယုံဘူးလို့ ပြောအုံးမလား..ငအောင်သောင်းရဲ့ 
Anonymous said...
ဦးအောင်တောင်းကတော့လုပ်ချလိုက်ပြန်ပြီ.....ဒေါ်စုလိုမေတ္တာနဲ့ လာကြိုတာမှမဟုတ်ပဲ...ပြည်သူတွေကိုအနိုင်ကျင့်ကြိုခိုင်တာကိုး.....ဦးအောင်တောင်းတော့ပြည်သူတွေကိုဒုက္ခပေးတော့ကံဆိုးပြီသာမှတ်ပေတော့......ဘာယတြယာမှမချေနဲ့ မရတော့ဘူး....
Toe Toe said...
အော်..သေတဲ့အထိနောင်တမရတော့မဲ့ အာဏာရူး နိုင်ငံရေးမျက်ကန်းသမား
တွေပါလားနော် ပြည်သူကို ဘယ်အထိများ အနိုင်ကျင့် လိမ်လည်ပြီးမလိမ့်တ
ပါတ်လုပ်နေအုံးမှာလဲ။ တိုင်းပြည်ကိုအကျွေးတွေနဲ့ထားခဲ့ပြီး၊အရှက်မရှိတဲ့မျက်
ှနှာတွေနဲ့ နိုင်ငံရေးဆက်လုပ်နေသေးတယ်။သူများလိုမဆဲချင်တော့ပါဘူး။
Tri Asian Taste said...
ဘယ်လိုလဲဗျ ဦးအောင်တောင်းရဲ့ ခင်ဗျားပြောတော့ လွယ်ပါတယ်ဆိုဗျ၊ ခင်ဗျား ပါးစပ်နဲပြောတာမဟုတ်ဘူး.. လူယုတ်မာက ပညာရှိဟန်ဆောင်နေလို့ တိုင်ပြည်ပျက်နေတာ. ခွေးမသား
ငရဲမင်း said...
အောင်သောင်း အောင်သောင်း ။ စဉ်းစား ချင့်ချိန်နိုင်တဲ့ ဥာဏ်ရည်ကမရှိ အမှားအမှန် အကြောင်းအကျိုး အကောင်းအဆိုး ကို ဝေဖန်ပိုင်းခြား နိုင်တဲ့ ဆင်ခြင်တုံတရားက နဲတော့ စိတ်ထင်ရာ လျှောက်လုပ် ။ ပြည်သူချစ်တဲ့ လူထုခေါင်းဆောင်ကို ပြစ်မှား ။ နင်တော့ ငရဲမှာ ဂျိုးကပ်တော့မယ် လူ့ငနွားရဲ့ ။ ဆက်ဒမ်ဟူစိန် တို့ ကဒါဖီ တို့လို အဆုံးသတ်မယ့် နင်ဘဝနေဝင်ချိန်ကို တို့ပြည်သူတွေ ပျော်ပျော်ကြီးထိုင်ကြည့်ရင်းနဲ့အောင်ပွဲခံမယ် ။ နင်ဘဝ နောက်ဆုံးနေ့တွေကို နင် ခိုးဝှက်လိမ်ညာလုယူ ထားတဲ့ ပြည်သူ့မျက်ရည် တွေနဲ့ဆောက်ထားတဲ့ နန်းတော်ကြီးပေါ်က စောင့်ပေတော့ လူ့ငနွားကြီးရေ။
အမြင်သစ် said...
ကိုသစ်ထူးလွင်ရေ ကျော်ဆန်းရဲ့ မထော်မနှမ်း သတင်းလေးဘာ
လေးရရင်လည်း တင်ပေးစမ်းပါဗျာ။ စိတ်ရှိလက်ရှိ ဆဲ ချင်လို့။
မြတ်ခိုင်ကို သွားဗျူးခိုင်းလိုက်ပါအုံး။
ပန်းသခင် said...
ကိုကို ရေ ကွယ်ရာ မှာ ခြေမများနဲ့ နော်...ကိုကိုနော်...နော်...း)
a said...
ငရဲမင်းပြောတာမှန်တယ်၊ချင့်ချိန်နိုင်တဲ့ဥာဏ်မရှိတာဒီတစ်ကောင်တည်းမဟုတ်ဖူး၊ခွေးသူခိုးတစ်အုပ်စုလုံး။
Chit Pe said...
"အောင်သောင်း" ဆို တဲ့ စကားလုံး နဲ့ "ပွဲချင်းပီး" ဆိုတဲ့ စကားလုံး ပဲ မြင် ချင် တာ ။ :(
အောင်တေဇ said...
Chit Pe ရေ အောင်သောင်းကိုတော့ပွဲချင်းပြီးမမြင်ချင်သေးဘူးဗျ မသေမရှင် ဝေဒနာမျိုးစုံ တထိုင်ထည်းရ ဘယ်ဆရာဝန်မကုမရ ပုတ်စော်နံ .......အဲလိုခံစားစေချင်သေးတာ မကောင်းမှုအတွတ် တန်ရာတန်ကျေးကသူတို့မပါဘူးလား ဗျာ............
Toe Gyi said...
အောင်တောင်းရယ် လိုချင်တာအကြိုက်ယူပြီး ဆင်းသွားပါတော့ (ငရဲပြည်) မင်း ပြန်တက်ချင်လည်း အမြုပ်သာထွက် လိုက် ပါတော့ကွာ။
thant said...
ဦးအောင်သောင်း မကွေးကိုစည်းရုံးရေးထွက်လာမယ်ဆိုရင် တို့ကတော့
ရှေ့ဆုံးက လိုက်အားပေးမှာ...ဦးအောင်တောင်း ..ဦးအောင်တောင်း
(မှတ်ချက်)ကျွန်တော်တို့က သ နဲ့ တ နဲ့ မပီလို့နော်)
Powered by Blogger.