ဥတ္တရသီရိမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကို အတင်းအကျပ် ကြိုတင်မဲပေးခိုင်းမှုဖြစ်ပွား

နေပြည်တော်၊ မတ်လ ၃၁၊ ၂၀၁၂ (ချစ်ဦးမောင်) (YPI)

ဥတ္တရသီရိမဲဆန္ဒနယ်အတွင်းရှိ မောင်းရမ်းကျေး ရွာတွင် ကြိုတင်မဲပေးသူတစ်ဦးကို ရာအိမ်မှူးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး)အား မဲပေးရန် အတင်းအဓမလုပ်ဆောင်ခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။

အသက် ၅၅ နှစ်အရွယ်ရှိ ကြိုတင်မဲပေးသူ ဦးစိုးမြင့်အား အကျပ်ကိုင်ခဲ့သူမှာ မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းရွာမှ ရာအိမ်မှူး ဦးမြင့်ခိုင်ဦးဆိုသူဖြစ်ပြီး ၄င်းမှာ ကြိုတင်မဲလိုက်ကောက်သည့်အထဲတွင် ပါဝင်ခဲ့သူဖြစ်သည်ဟု မောင်းရမ်းကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) အောင်နိုင်ရေးလှုပ်ရှားသူ ဦးဌေးဝင်းက YPI သို့ပြောသည်။

“သူ(ဦးစိုးမြင့်)ထည့်ချင်တာက ခွပ်ဒေါင်းတဲ့။ အဲဒါကို ရာအိမ်မှူးက ခြင်္သေ့ကိုပဲ ထည့်ရမယ်ဆိုပြီး အတင်းအကျပ်လုပ်တာလေ။ အဲဒါကို ဦးစိုးမြင့်က မကျေနပ်လို့ ကျနော်တို့ကို လာပြောတာ” ဟု အန်အယ်ဒီ အောင်နိုင်ရေးလှုပ်ရှားသူက ပြောပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အရေးယူပေးပါရန် ဥတ္တရသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားထားကြောင်းလည်း ဦးဌေးဝင်းကပြောသည်။

ဥတ္တရသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥကဌ ဦးသန်းဇော်ကို YPI က ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ၄င်းတို့အား တိုင်ကြားထားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။

“ကျနော်တို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ကာယကံရှင်ရဲ့ ထွက်ဆိုချက်ကိုလည်း ကျနော်တို့ မှတ်တမ်းယူထားပါတယ်” ဟု ဦးသန်းဇော်ကပြောသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မည်သို့ အရေးယူဆောင်ရွက်မည်ကို မေးမြန်းရာ “အရေးယူမှာပါ…ဒါပေမဲ့ ဒီကစဟာ သိပ်တော့ ကြီးကြီးမားမား မဟုတ်ပါဘူး” ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

ဥတ္တရသီရိမဲဆန္ဒနယ်သည် နေပြည်တော်ရှိ မဲဆန္ဒနယ်လေးနေရာအနက် တစ်ခုဖြစ်ပြီး မဲဆန္ဒရှင် ၃၆,၂၅၅ ဦးရှိကာ မဲရုံပေါင်း ၄၉ ခုရှိသည့် မဲဆန္ဒနယ်ဖြစ်သည်။ အဆိုပါမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးလှသိန်းဆွေ၊ အန်အယ်ဒီပါတီမှ ဦးမင်းသူနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ဦးကြည်မြင့်တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ။
 Yangon Press International
ဥတ္တရသီရိမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကို အတင်းအကျပ် ကြိုတင်မဲပေးခိုင်းမှုဖြစ်ပွား ဥတ္တရသီရိမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကို အတင်းအကျပ် ကြိုတင်မဲပေးခိုင်းမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 21:55 Rating: 5

10 comments:

ko htoo said...

ရွေးကောက်ပွဲကော်မရှင်အတွက် မဲမသမာမှုကအရေးမကြီးဘူးဆိုတော့ သူတို့ရဲ့အရေးကြီတာဝန်က ဘာပါလိမ့်ဗျာ။

sean said...

ွှအင်း ...ရွေးကောက်ပွဲကော်မရှင်...မှန်မှန် လုပ်ရင်တော့ မိမိကိုယ်ကိုယ် သန့်ရှင်းပြီး အာစိန္တက ကံကောင်းမှာပေါ့.. မဟုတ်ရင်တော့????
အမှန်သာလုပ် ပါဗျာ သူများအတွက် ညာပေးရတာ ယမ မင်းရဲ့ ခွေးရေ ပုရပိုဒ် ထဲ မှတ်တမ်းဝင်ရုံပါ

မြန်မာ့မြေ said...

မဲ တစ်မဲဟာ ပြည်သူတွေရဲ့အသက်ပဲ
ဒါကို အရေးမကြီးဘူးဆိုတော့ မင်းတို့က ပြည်သူ့အသက်ဟာ အရေးမကြီးဘူးလို့ဆိုတာလား
မင်းတို့ေ-ာက်ကျင့်ယုတ်နေတာ တော်တော်များနေပြီ

nwenwe said...

ရီရတယ်နော် ..........N L D အတွက် မဲအလိမ်ခံရတော့ ......ဒီကိစ္စက သိပ်ကြီးကြီးမားမားမဟုတ်ပါဘူးတဲ့ .......အရေးယူမှာက ဘယ်တော့လည်း မဲတမဲရဲ့ တန်ဖိုးဟာ တိုင်းပြည်ကြီး တခုလုံးကိုပြောင်းလဲသွားနိုင်တယ်ဆိုတာကို သန်းဇော် ဆိုတဲ့အကောင်က မသိဘဲနဲ့ ဘာတာဝန်တွေယူပြီး ဘယ်သူ့ အတွက်အလုပ်လုပ်နေတာလဲ ။။ကြာလေ အောက်တန်းပိုကျလာလေဘဲ

ဘိုထိန် said...

ဘယ်နှယ့် ကြီးကြီးမားမား မဟုတ်ရမလဲ မြို့နယ် ကော်မရှင် အဖွဲ့ရယ်.. အာဏာနဲ့ ခြိမ်းခြောက်ပြီး မဲဆန္ဒရှင်ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အနိုင်ကျင့်နေတာ ဟ သောက်ပေါတွေရဲ့ ... ( မြို့ နယ် ရွေးကောက်ပွဲ ကောက်မရှင်ဆိုတာ ဒိုင်လူကြီးလိုလူလေကွာ .. မင်းတို့ကပါ ချင်တဲ့ ဘက်က ဝင်ကစားနေတာလား ... )

Lu Hman Gyi said...

အောင်မလေး ကိုသန်းဇော်ရယ် အရမ်းကို အရေးကြီးတာပေါ့ဗျာ တစ်ယောက် တစ်ယောက် နဲ့ အကြပ်ကိုင်လာလိုက်တာလည်း ကြာရင် ဗိုက်ထဲက ကလေးတောင်နေရပါ့မလားမသိတော့ပါဘူး။
NLD ကသာ အဲလိုလုပ်ခဲ့ရင် ကိုသန်းဇော်တို့ အူယားဖားယား ပြေးလာပြီး အရေးယူမှာပါ။ ပြည်သူ ညှစ်တဲ့ စစ်ထွက်တွေဆို ယုံကို မယုံဝံ့ တော့ပါဘူး။
ကြက်ဖွတ် ဆို ယူနီဖောင်းမြင်တာနဲ့တင် ရွံနေတော့တာပါ။ကျုပ် တစ်ယောက်ထဲ မဟုတ်ဘူးနော် တစ်နိုင်ငံလုံး နီးနီးပါ။ ပြည်သူမကြိုက်ရင်လည်း ဆင်းပေးခိုင်း လိုက်ပါတော့လား။

The Nature Myanmar said...

မင်းတို့ပါတီကတော့ မရိုးသားတာနဲ့ကို ပြည်သူလူထုနဲ့ဝေးရာ နောက်ကို ရောက်မှန်းမသိ ရောက်သွားတော့မှာ...
တို့ပြည်သူတွေကတော့ ကမ္ဘာမကြေဘူးဟေ့ သီချင်းနဲ့ ခွပ်ဒေါင်းအလံကြီးကို အမြင့်ဆုံးမှာ လွှင့်ပြီး တိုင်းရင်းသားတွေနဲ့အတူ ဒီမိုကရေစီ ပန်းတိုင်ကို သွားပြီ...တတာ...(အင်း...ကောင်းကင်ကြီးများ ခြစ်မိမလား မသိဘူး၊ တို့အလံက...ဂျစ်ဂျစ်ဂျစ်...ဂျစ်ဂျစ်ဂျစ်...)

supergunner said...

ကြံဖွတ်ကိုရွံလွန်းလို့ ..ကျောင်းစိမ်းဝတ်ဆုံလေးတွေတောင် သိမ်းထားတာကြာ
ပေါ့.သူများပေးလို့ ..အဲသူကိုကြံဖွတ်ကြီးလို့ ပြောခံရမှာဆိုးလို့ လေ.
အော်.ဒါနဲ့ ကြံဖွတ်ဆိုတာအရင်က ဘယ်စီးပွားရေးမဆိုအကုန်လုပ်ဆိုပဲ
အသင်းထဲရောက်မရောက်တော့မသိဘူး. .ကချင်ပြည်နယ်.က ကြံခိုင်ရေးအ
သင်းကအတွင်းရေးမှုးတွေဆိုရင် အရင်ကတော်တော်ဌေးဆိုပဲဗျ.မယားတောင်
နှစ်ယောက်သုံးယောက်ဗျ.မေးကြည့်ပါလား. အော်ခုတော့လည်း..ပါတီကြီး
တောင်ဖြစ်သွားပကိုး....

KoTOE said...

တပ်မတော်ဗိုလ်ဟောင်းကြံ့ဖွံ့ အပေါင်းတို့ ...
သင်တို့ မတရားအာဏာသိမ်းပိုက်အုပ်ချုပ်မှုကြောင့်...ကျုပ်တ့ို့ တိုင်းပြည်ကြီးသည်...အနူတစ်ရာစုပ်သည့်...သရက်စေ့ပမာ...ချွတ်ခြုံကျခဲ့ရပါပြီ။
သို့ ပေငြားလည်း....သင်တို့ နှင့်သင်တို့ မိသားစုများမှာ...ဆယ်သက်စားမကုန်ချမ်းသာနေကြပြီဖြစ်နေကြပါပြီ။
သို့ ပေမဲ့...ယနေ့ ထက်တိုင်...ဆက်လက်ခိုးရန်ရည်ရွယ်လျှက်...ယခုကြားဖြတ်ရွေးကော်ပွဲတွင်...မသမာမှုများပြုနေကြပြန်ပြီ။
တော်ပါတော့...တော်ကြပါတော့...ကြေနပ်ကြပါတော့...တိုင်းပြည်ကိုသိပ်ချစ်ပါတယ်ဆိုတဲ့...ဗိုလ်မှူးကြီးတို့ု..ဗိုလ်ချုပ်ကြီးတို့ .....
လေးစား...ရိုကြိုး..ရွံရှာစွာ....တောင်းပန်အပ်ပါတယ်၊

ကိုဇွတ် said...

ကော်မရှင်ဥက္ကဋ္ဌ..
ဒီကိစ်စအတွက်တာဝန်ယူနေတာ ဒီကိစ်စမှ အရေးမကြီးရင် ဘယ်ကိစ်စ အရေးကြီးနေလို့လဲ ကြံဖွတ်အတွက် ကိုယ်စားခိုးပေးဘို့အရေးကြီးနေလား

Powered by Blogger.