ငါးမန်း နှစ်ကောင် သေဆုံးမူမှာ တရုတ်ဂတ်စ်ပိုက်လိုင်း အတွက် သန္တာကျောက်တန်များကို မိုင်းခွဲမူကြောင့် ဖြစ်ဖွယ်ရှိ

တရုတ်သို့ သွယ်တန်းမည့် ဂတ်စ်ပိုက်လိုင်း တည်ဆောက်ရန် အတွက် သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုချနေမူကြောင့် ရခိုင်ကမ်းရိုးတန်းတွင် ကျက်စားနေသော အဖိုးတန် ရေနေ သတ္တ၀ါများ သေဆုံးမူများ ရှိနေကြောင်း သတင်း ရရှိသည်။

wheel-fish သေဆုံးနေသော ဝေလ ငါးမန်း ( ဓါတ်ပုံ- Weekly)
မတ်လ ၇ ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်းတွင် ပင်လယ်ကမ်းခြေ တစ်နေရာတွင် သေဆုံး၍ တွေ့ရှိခဲ့သော ဝေလ ငါးမန်းကြီး နှစ်ကောင်မှာ ဂတ်စ်ပိုက်လိုင်းတည် ဆောက်ရန် ကျောက်တန်းများကို မိုင်းခွဲရာမှ ဒဏ်ရာ ရရှိပြီး သေဆုံးသွားသော ငါးများ ဖြစ်နိုင်ကြောင်း လေ့လာ သုံးသပ်သူများက ပြောသည်။

သေဆုံးသွားသည့် ဝေလငါးမန်းများမှာ အဖိုတစ်ကောင်နှင့် အမတစ် ကောင်ဖြစ်ပြီး အဖိုကောင် မှာ အလျှား ၂၁ ပေ၊ လုံးပတ် ၁၂ ပေ ရှိပြီး အမကောင်မှာ အလျှား ၁၈ ပေ ၈ လက်မနှင့် လုံးပတ် ၈ ပေရှိကြောင်း သိရသည်။

" နစက အရာရှိတေတွက ဒီငါးကိစ္စကို အထက်ကို အစီရင်ခံဖို့ မောင်တောငါးလုပ်ငန်း ဦးစီးဌာနကို လာမေးပါတယ်။ ငါးလုပ်ငန်း ဦးစီးဌာနကပြောတာက ဒီငါးတွေက ဒီဘက် မောင်တော ပင်လယ်ပြင်မှာ ကျက်စားတဲ့ ငါးတွေမဟုတ်ဘူး ။ ကျောက်ဖြူနဲ့ သံတွဲဘက် မှာ ကျက်စားတဲ့ငါးတွေ ဖြစ်တယ်။ ဒီငါးတွေဟာ အဲဒီဘက်က အကြောင်းတခုခုကြောင့် နယ်ပြောင်းလာတာ ဖြစ်နိုင်တယ်ဆိုပြီး မှတ်ချက်ပေးလိုက်ပါတယ်" မောင်တော ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုအခါ ကျောက်ဖြူမြို့နယ် အတွင်း ဂတ်စ်ပိုက်လိုင်း တည်ဆောက်ရန် အတွက် ရေအောက် သန္တာ ကျောက်တန်းများကို မိုင်းခွဲ ဖြိုဖျက်နေရာ အဆိုပါ ကျောက်တန်းများနှင့် အနီးတ၀ိုက်တွင် ခိုအောင်း ကျက်စားနေသော ငါးအများ အပြား သေဆုံးနေပြီး တစ်ချို့ငါးများမှာ သူတို့ကျက်စားရာ နေရာများကို စွန့်ခွာ ထွက်ပြေး နေကြသည်ဟု သိရသည်။

" မောင်တော ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနကတော့ ဘာကြောင့် ဒီလို ငါးကြီးနှစ်ကောင် တပြိုင်တည်း သေဆုံးသွားတယ်ဆိုတာ တိတိကျကျ မှတ်ချက် မပေးနိုင်ဘူး။ သူတို့ပြောတာကတော့ ဒီငါးတွေဟာ ကျောက်ဖြူ- သံတွဲ ပင်လယ်ပြင်မှာ ကျက်စားတဲ့ ငါးတွေ ဖြစ်တယ်။ ရေလုပ်သားတွေ ပိုက်မှာ ဖမ်းမိပြီး ပြန်လွှတ်လိုက်လို့ သောင်တင် သေဆုံးတာလို့ ယူဆရတယ်ဆိုပြီး ပြောပါတယ်။ ဒီလောက်ကြီးတဲ့ ငါးကြီးတွေ ပိုက်မှာ မိပြီး ပြန်လည် လွှတ်ပေးဖို့ဆိုတာ သိပ် ဖြစ်နိုင်ခြေနည်းတယ်။ ဒီကောင်တွေ ဒဏ်ရာ ရပြီး သေသွားတာက ဖြစ်နိုင်ချေ များပါတယ်" ဟု မောင်တောမြို့မှ ငါးဖမ်းသမား တစ်ဦးက ပြောသည်။

၎င်းပြင် အဆိုပါ ဝေလ ငါးမန်းများကို မြန်မာ ငါးလုပ်ငန်း ဦးစီးဌာနမှ ဖမ်းဆီးခြင်း ပိတ်ပင်ထားကြောင်း သိရသည်။

" ဒီငါးကြီးတွေဟာ ကျောက်ဖြူနှင့် သံတွဲ ပင်လယ်ပြင်တွေမှာ ကျက်စားတဲ့ ငါးအမျိုးအစားတွေ ဖြစ်တဲ့ အတွက် ဒီဘက်မှာက ငါးတွေ မိုင်းဒဏ်ကြောင့် သေဆုံးမူတွေ ရှိနေတဲ့ အတွက် ဒီလို ဖြစ်ပြီး သေဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။ သန္တာကျောက်တန်းတွေကို အခု မိုင်းခွဲနေတာကြောင့် နေ့စဉ်လိုလို ပင်လယ်ပြင်မှာ ငါးတွေ အများအပြား သေဆုံးနေတာကို တွေ့နေရပါတယ်။ အထူးသဖြင့် သံကျောက်ကျေးရွာတို့၊ စွန်ပန်းချိန်ရွာနဲ့ စိုင်ခြုံဘက်မှာ ဖြစ်ပါတယ်" ဟု ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နှင့် တဘက် တကမ်း စွန်ပန်းချိန်တွင် ဂတ်စ်ပိုက်လိုင်း ရေအောက်ကို ချရန် အတွက် မညီမညာ ဖြစ်နေသော သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုချနေပြီး မဇရိုင်းကျွန်းတွင် တည်ရှိသော မင်းကန်ကျေးရွာခေါ် သံကျောက်တွင်လည်း သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုချနေကြောင်း သိရသည်။

သံကျောက်ကျေးရွာမှာ ရခိုင်ဘုရင်များ လက်ထက်က သံချက်ခဲ့သော နေရာ ဖြစ်ပြီး ရခိုင်ပြည်နယ် (၁၀) နှစ်မြောက် အထူးထုတ် ဆောင်းပါး တစ်ပုဒ်တွင် အဆိုပါ နေရာမှာ ရခိုင်ဘုရင်များ သံချက်ခဲ့သော နေရာ ဖြစ်ကြောင်း ဖေါ်ပြထားသည်ဟု ကျောက်ဖြူ ဒေသခံက ဆိုသည်။

ယခု သေဆုံးနေသော ဝေလငါး ငါးမန်းကြီး နှစ်ကောင်ကို မောင်တောမြို့နယ် တောင်ပိုင်း နစက နယ်မြေ ၈၊ အင်းဒင်ကျေးရွာအနီး ပင်လယ်ခြေတနေရာတွင် မတ်လ ၇ ရက်နေ့က နံနက်ပိုင်းတွင် ရေလုပ်သားများမှ တွေ့ရှိခဲ့ပြီး ယခုအခါ ငါးများ၏ အရိုးစုများကို ရန်ကုန်ကို ယူဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ရခိုင်ကမ်းရိုးတန်းတွင် ဝေလငါးများ၊ ဝေလငါးမန်းများ ကျက်စားမူများ ရှိခဲ့သော်လည်း အဆိုပါ ငါးများကို စနစ်တကျ ကာကွယ် စောင့်ရှောက်ခြင်း မရှိသဖြင့် ယခုအခါရှားပါးသွား ပြီးဖြစ်ကြောင်း သိရသည်။

 နိရဉ္စရာ
ငါးမန်း နှစ်ကောင် သေဆုံးမူမှာ တရုတ်ဂတ်စ်ပိုက်လိုင်း အတွက် သန္တာကျောက်တန်များကို မိုင်းခွဲမူကြောင့် ဖြစ်ဖွယ်ရှိ ငါးမန်း နှစ်ကောင် သေဆုံးမူမှာ တရုတ်ဂတ်စ်ပိုက်လိုင်း အတွက် သန္တာကျောက်တန်များကို မိုင်းခွဲမူကြောင့် ဖြစ်ဖွယ်ရှိ Reviewed by သစ်ထူးလွင် on 14:43 Rating: 5

6 comments:

wunna said...

သန္တာကျောက်တန်းဆိုတာဟုတ်လို့လား?

nationalism said...

chinaaaaaaaa!!!!!!!!!
go to hell

အတာ said...

ငါတို့ နီုင်ငံကလည်း ဘာကို တန်ဖိုးထားရမယ် ဘာကို ထိန်းသိမ်းရမယ်ဆိုတဲ့ အသိဥာဏ်ကို မရှိသေးပါလား ... လုပ်ချင်တာလုပ်နေတဲ့ တတ်ယောင်ကား လူကြီးတွေ ကြောင့် ဒုက္ခရောက်ပေါင်းများနေပြီ .. မြန်မြန်ကယ်တင်ပေးပါ အမေစုရေ ..။

pyaponthu said...

မြန်မာ ပြည်တော့ ဒုက္ခ ဘဲ။တရုတ် ကလှီးလိုက်။ကုလားက လှီးလိုက် သဘာဝ သံယဇာတတွေလဲ ပျောက်ကုန်ဘီး။

ကမ္ဘာလုံး said...

အဲလေ ဘယ်တတ်နှိင်မှာလဲ သူတိုးလိုချင်တာကိုဘဲ သိကြတာ

tayokegyi00@gmail.com said...

အဲဒီငါးနှစ်ကောင်အစား ကြံ့နှစ်ကောင်ဖြစ်ရမှာ ....
မြန်မြန်ဖြစ်ပါစေ ... ကြားရသူအပေါင်း မုဒိတာပွားနိုင်ကြပါစေဗျာ ....

Powered by Blogger.