မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် တက္ကစီ ကားမောင်းသူ သေဆုံးခဲ့သော ဖြစ်ရပ် ပြစ်ဒဏ်တိုးမြှင့်ပေးရန်

4501
လူစည်ကားရာ ပုဂ္ဂလိကဆေး ခန်းတစ်ခုရှေ့တွင် ဖြစ်ပွားခဲ့သည့် မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်း ရိုက်နှက်မှုကြောင့် တက္ကစီကားမောင်း သူသေဆုံးခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်၍ တရားခံများအား တရားရုံးက အပြင်းအထန် နာကျင်စေမှုဖြင့်သာ အမိန့်ချမှတ်ခဲ့ခြင်း အပေါ် တရားလိုဘက်မှ မကျေနပ်၍ လူသတ်မှုပုဒ်မဖြင့် ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထားခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ် အာရှတော်ဝင် အထူးကုဆေးရုံရှေ့ရှိ ထမင်းဆိုင်တွင်ထမင်းစားနေသည့် တက္ကစီ ယာဉ်မောင်းဖြစ်သူ ကိုတင်မောင်ဆွေ (အသက် ၃၆ နှစ်) ကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် သေဆုံးသွားသည့်ဖြစ်စဉ်ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံး၊ ဒုတိယခရိုင် တရားသူကြီး (၃) မှ ပြစ်ဒဏ်ချမှတ် လိုက်သည့်အပေါ် မမျှတမှုဟု ယူဆရသဖြင့် တရားလို မိသားစုဝင်များမှ တိုင်းတရားရုံးသို့ ပြစ်ဒဏ်တိုးမြှင့်စေရေးအတွက် ပြင် ဆင်မှုကို ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့က လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

ဒီဖြစ်စဉ်ဟာ မှားယွင်းစွာ ဆုံးဖြတ်တာ ဟုတ်၊ မဟုတ် ဒါမှမဟုတ် တရားစီရင်ရေးမှာ ပါဝင်ပတ်သက်သူတွေရဲ့ အဂတိ လိုက်စားမှုကြောင့်လား၊ တရားစီရင်ရေး နောက်ကွယ်က ဘယ်လိုပါဝင်ပတ်သက်မှု ဖိအားတွေရှိနေလို့လဲ ဆိုတာတွေကိုတော့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး သေချာစစ်ဆေး အဖြေရှာသင့် ပါတယ်။ လူသိရှင်ကြား ရှင်းလင်းမှုမျိုးတွေ လုပ်သင့်ပါတယ်။

ဝိုင်းဝန်း၍ ရိုက်နှက်ထိုးခံရသူ ကိုတင်မောင်ဆွေမှာ အခင်းဖြစ်သည့် နေရာ၌ပင် ပါးစပ်နှင့်ဦးခေါင်းမှ သွေးများ ထွက်ရှိကာ သတိမရတော့ဘဲ  ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် သုံးနာရီခွဲအချိန်တွင် သေဆုံးသွားခဲ့ကြောင်း ၎င်း၏အစ်ကို ဖြစ်သူ ဦးမောင်မောင်လွင်က ပြောပြ ခဲ့သည်။
အဆိုပါဖြစ်စဉ်ကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံး ဒု-ခရိုင် (၃)တွင် ဦးမောင် မောင်လွင်မှ ၂၀၁၁ ခုနှစ် ပြစ်မှုကြီးမှု အမှတ် ၁၀၃/၂၀၁၀ ဖြင့် တရားလို ပြုလုပ်၍ ကျူးလွန်သူများဖြစ်သည့် ကိုကိုဝင်း၊ သော်ဇင်၊ ညီညီဇော်နှင့် ကျော်ထွေးတို့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မကြီး ၃၀၂ (၂)ဖြင့် တရား စွဲဆိုခဲ့သည်။ ထိုသို့ စွဲဆိုပြီးနောက် တရားလိုနှင့် ကျူးလွန်သူများ အပါအ၀င် သက်သေအသီးသီးအား စစ်ဆေးပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင် ရုံးတော်မှညီညီဇော်နှင့် သော်ဇင်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ ဖြင့် ထောင်ဒဏ်ငါးနှစ်ချမှတ် ခဲ့ပြီး ကိုကိုဝင်းနှင့် ကျော်ထွေးတို့ အား ပုဒ်မ ၃၂၅/ ၁၁၄ အရ ထောင် ဒဏ်တစ်နှစ်နှင့် သုံးလချမှတ်ခဲ့ကြောင်း သိရှိရသည်။
သေဆုံးခဲ့သူ၏ အစ်ကိုအရင်း ဖြစ်သူ ကိုမောင်မောင်လွင်က “ကျွန်တော့်ရဲ့ညီက အဲဒီညမှာ အာရှတော် ၀င်ဆေးရုံရှေ့က ထမင်းဆိုင်မှာ ထမင်းစားနေရင်းနဲ့ တုတ်တွေကိုင်ဆောင်ထားတဲ့ လူကိုးယောက် လောက်က ဆိုင်ထဲဝင်လာပြီးတော့ ကားမောင်းသမားတွေ အကုန်လုံးကို ရိုက်ကွာလို့ အော်ပြီးတော့ ဆိုင်ထဲကို ၀င်ရိုက်ပါတယ်။ တချို့သူတွေဆိုရင် လမ်းထဲကို ပြေးဝင်ကြတယ်။ ကျွန်တော့်ညီကတော့ ဆေးရုံပေါ်ကို တက်ပြေးတဲ့အချိန်မှာပဲ အကုန်လုံး ၀ိုင်းရိုက်ထိုးကြိတ်လို့ သေဆုံးသွားပါပြီ။ ကျွန်တော်စုံစမ်းတော့ ၀ိုင်းရိုက်တဲ့ တရားခံတွေနဲ့ တခြားယာဉ် မောင်းတွေက စမ်းချောင်းမြို့နယ်မှာ ရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ စကားများထားတယ်ဆိုတာကို သိရပါတယ်။ အဲဒီနှစ်ဖက်ကြားမှာ ကျွန်တော့်ညီက ဘာမှလည်းမသိဘဲ ၀ိုင်းလုပ်ခံရလို့ အကြောင်းမဲ့ သေဆုံးခဲ့ရပါတယ်။ အပြစ်မရှိတဲ့သူ ရက်ရက်စက်စက်နဲ့ သေဆုံးခဲ့တယ်။ တစ်နှစ် ကျော်အမှုကိစ္စဆောင်ရွက်တဲ့အခါမှာလည်း တရားလိုဖက်က အခက်အခဲတွေရှိခဲ့တဲ့အပြင် ငွေကျပ် ၂၅ သိန်း လောက်လည်း ကုန်ခဲ့တယ်။ ကျွန်တော်တို့ မိသားစုတွေအနေနဲ့ ဒီအမိန့်ချလိုက်တဲ့ အနေအထားအပေါ်မှာ တော်တော်လေးစိတ်ပျက် ၀မ်းနည်းခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ တရားခံတွေကို အရမ်းနစ်နာစေလိုတဲ့စိတ် မရှိဘူး။ ဒါပေမယ့် မှန်ကန်တဲ့ ဥပဒေအတိုင်း ဖြစ်သင့်ပါတယ်။ အခုအချိန်က ဖြစ်စဉ်ဖြစ်တဲ့နှစ်ပိုင်းက အစိုးရမဟုတ်ဘူး။ အခုအစိုးရ အဖွဲ့က တရားရေးမဏ္ဍိုင်ပိုင်းမှာ မှန်ကန်စွာ ဆောင်ရွက်ရမယ်။ လာဘ်စားတဲ့သူတွေကို အရေးယူမယ်လို့ ပြောထားတဲ့စကားတွေကြောင့် အားကိုးစွာနဲ့ အခုလိုမျိုး တိုင်းအဆင့်ကို လျှောက်ထားခြင်းဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ကျွန်တော့်ရဲ့ညီအပေါ်ကို တာဝန်ကျေချင်တဲ့ အတွက်ကြောင့် အခက်အခဲတွေကြားက ဆက်လက် ရင်ဆိုင်သွားပါမယ်လို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
လူအများ ၀ိုင်းရိုက်ခဲ့သဖြင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့မှုကြောင့် ကိုမောင်မောင်လွင်မှ တရားလိုပြု၍ စမ်းချောင်းရဲစခန်း (ပ) ၄၆၈/၂၀၁၀ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ မှ ၃၀၂/ ၃၂၆/၁၁၄ သို့ ပြောင်းလဲအမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“၀ိုင်းဝန်း၍ ရိုက်နှက်ခြင်း၊ ထိုးခုတ်ခြင်း၊ အန္တရာယ်ပြုခြင်းစသည်တို့ ပြုလုပ်ကြရာတွင် မည်သူ့လက် ချက်ဖြင့် ထိုသူသေဆုံးရသည်ဟူ၍ သက်သေအထင်အရှား မတွေ့ရှိလျှင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ မဟုတ် ဘဲ ၃၂၆ အရ ပြင်းထန်စွာ အနာတရ ဖြစ်စေမှုကို ကျူးလွန်သည်ဟု တွေ့ရှိလျှင် ပိုမိုမျှတမှန်ကန်သည်ဟု မောင်စံတင်နှင့် နိုင်ငံတော်အမှုနှင့် သောင်းခိုင်နှင့် နိုင်ငံတော်အမှုတို့တွင် ညွှန်ပြထားသည်။ ကိုမြင့်အောင်နှင့် နိုင်ငံတော်အမှုတွင်လည်း အထက်ပါစီရင်ထုံး အမှုများအတိုင်း ညွှန်ပြထားသည်။ ဤအမှုတွင် သေသူ ကိုညီညီဇော်နှင့် သော်ဇင်တို့က ခုတ်ဖြတ်ရန် ကိရိယာဖြစ်သည့် ထက်မြက်သော လက်နက်ဖြစ်သော ဓားလှံအစရှိသော လက်နက်တို့ဖြင့် ပြုလုပ်ခြင်း မဟုတ်ဘဲ တုတ်ဖြင့်သာ အသုံးပြုခဲ့ကြောင်း ပေါ်ပေါက်သဖြင့် အထက် ပါ စီရင်ထုံးများ၏ ညွှန်ပြချက်များ နှင့်အညီ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ အရ အပြင်းအထန် နာကျင်စေမှုဖြင့် (၂) တရားခံညီညီဇော်နှင့် (၃) တရားခံသော်ဇင်တို့အား သုံးသပ်ရပေသည်။ (၁) တရားခံကိုကိုဝင်းနှင့် (၄) တရားခံ ကျော်ထွေးတို့သည် တုတ်များကိုယ်စီ ကိုင်ဆောင်လျက် ညီညီဇော်၊ သော်ဇင်တို့က ပြစ်မှုကျူး လွန်ရာတွင် အားပေးကူညီသူများ ဖြစ်ကြောင်း ပေါ်ပေါက်နေသဖြင့် ၎င်းင်းတို့နှစ်ဦးအား အားပေးကူညီသူ အဖြစ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅/၁၁၄ အရအပြစ်ပေးသင့်ကြောင်း သုံးသပ်ရရှိပေသည်။ တရားခံအသီးသီးအပေါ် ကျူးလွန်သောပြစ်မှုနှင့် လျော်ညီစွာ ပြစ်ဒဏ်ချမှတ်သင့်ကြောင်း သုံးသပ်ရရှိ၍ အောက်ပါ အမိန့်ကို ချမှတ်လိုက်သည်။ အဖ ဦးခင်မောင်ဝင်း၏ သားဖြစ်သူ (၂) တရားခံ ညီညီဇော်၊ အဖဦးသန်း အောင်၏သားဖြစ်သူ (၃) တရားခံ သော်ဇင်တို့သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅အရပြစ်မှုရှိကြောင်း တွေ့ရှိရသဖြင့် ယင်းပုဒ်မအရအလုပ် နှင့် ထောင်ဒဏ်ငါးနှစ် တိတိကျခံစေ။  အဖ ဦးအေးမြင့်၏ သားဖြစ်သူ (၁) တရားခံကိုကိုဝင်း၊ အဖ ဦးကျော်ဌေး ၏သားဖြစ်သူ (၄) တရားခံကျော် ထွေးတို့သည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၅/၁၁၄ အရ အပြစ်ရှိကြောင်း တွေ့ရှိရသဖြင့် ယင်းပုဒ်မ အရ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် နှင့် သုံးလတိတိကျခံစေ။ တရားခံများ အချုပ်ခံရသော (၄.၁၂.၂၀၁၀) နေ့မှစ၍ချုပ်ရက်များကိုထောင်ဒဏ် မှ ထုတ်နုတ်ကျခံစေ” ဟူ၍ စီရင်ချက်တွင် ထည့်သွင်းထားသည်ကို တွေ့ရပါသည်။ တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရသည့်ကာလမှာ တစ်နှစ် နှင့်သုံးလရှိခဲ့သဖြင့် တရားရုံးမှ အမိန့်ချအပြီးတွင် တရားခံ(၁)နှင့် တရားခံ  (၄) တို့မှာ ထောင်မှလွတ်မြောက် သွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားကာစ၌လည်း ယင်းဖြစ်စဉ်သည် လူစည်ကားရာနေရာ၌ တရားဥပဒေမဲ့စွာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူသည့် ရာဇ၀တ်မှုမျိုးဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် အနီးပတ်ဝန်းကျင်ရှိ လူအချို့ပင် ထိတ်လန့်ခဲ့ရကြောင်း၊ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ထိရောက်ပြစ်ဒဏ်များ ချမှတ်ခြင်း ဖြင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို လက်ရှိအစိုးရသစ်၏ တရားစီရင်ရေး မဏ္ဍိုင်က သက်သေ ပြနိုင်လိမ့်မည်ဟု ယင်းဖြစ်စဉ်အား စိတ်ဝင်စားသူ ပြည်သူများက မျှော်လင့်ခဲ့ကြကြောင်းလည်း သိရသည်။
သေစေခြင်းဖြစ်တန်ရာသော ကိုယ်အင်္ဂါ နာကျင်မှုကို ဖြစ်စေရန် အကြံဖြင့် မည်သူမဆို ပြုလုပ်မှု တစ်ခု ခုကိုပြု၍ လူကိုသေစေလျှင် ထိုသူသည် လူသတ်မှုမမြောက်သည့် ရာဇ၀တ် ပြစ်ဒဏ်ကို ထိုက်သော လူသေမှုကို ကျူးလွန်သည် မည်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၉ တွင် ပြဋ္ဌာန်းထားချက်အရသိရသည်။
မည်သူမဆို လူသတ်မှုမမြောက်သည့် ရာဇ၀တ်ပြစ်ဒဏ်ထိုက်သော လူသေမှုကို ကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ် ကြီးပုဒ်မ ၃၀၄ တွင် ဆိုထားပါသည်။
ထို့အတူ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၀ တွင် ပြဋ္ဌာန်းထားသည်မှာ “ ပြုလုပ်မှုကို လူသတ်မှုမမြောက် သည့် လူသေမှုဖြစ်အောင်ပြုသော ပတ်ဝန်းကျင်အကြောင်းခြင်းရာ မရှိ ခဲ့သော်မည်သူမဆို သေစေရန် အကြံ ဖြင့်ဖြစ်စေ၊ ဖြစ်တတ်သောသဘော အရ အမှန်အားဖြင့် သေစေလောက် သော ကိုယ်အင်္ဂါနာကျင်မှုကိုဖြစ်စေ ရန်အကြံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုတစ် ခုခုကို ပြု၍ လူကိုသေစေလျှင် ထိုသူသည် လူသတ်မှု ကျူးလွန်သည် မည်၏”ဟု ပြဋ္ဌာန်းထားပါသည်။
ထို့ပြင် မည်သူမဆို တစ်သက် တစ်ကျွန်းဒဏ် စီရင်ခြင်းခံရသည့် အတွင်း၊ သို့တည်းမဟုတ် တင်ကူး ကြံရွယ်ချက်ဖြင့် သို့တည်းမဟုတ် ရာဇသတ်ကြီးအရ ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်း ခံထိုက်သော ပြစ်မှုကို ကျူးလွန်နေစဉ်လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) အရ သိရသည်။
အလားတူ မည်သူမဆို အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်ကြောင်း ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) တွင် ပြဋ္ဌာန်းထားပြီး ပြုလုပ်မှု တစ်ခုသည် တင်ကူးကြံရွယ်သော ပြုလုပ်မှုဖြစ်သည်၊ မဖြစ်သည်ဆိုသော အချက်မှာ အကြောင်းချင်းရာ ပြဿနာဖြစ်သည်ဟုလည်း ရှင်းလင်းချက်တွင် ဖော်ပြထားပါသည်။
“အထက်က အမှုမှာ တရားသူကြီးက တရားခံနှစ်ဦးကို ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ နဲ့ အလုပ် နဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်ပြီး ကျန်နှစ်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅/၁၁၄ နဲ့ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်နဲ့ သုံးလ ချမှတ်ခဲ့ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ နဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်တယ်ဆို တာတောင်ဒီပုဒ်မရဲ့အမြင့်ဆုံး ထောင်ဒဏ် မဟုတ်သေးပါဘူး။ ပုဒ်မ ၃၂၅ ကတုံးသော လက်နက်နဲ့ အပြင်းအထန် နာကျင်စေမှုမျိုးမှာ ကျူးလွန်သူကို အရေးယူတဲ့ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်လို့ရတယ်ဆို တာကို ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် အမှုတစ်မှုမှာ တရားခံဟာ တရားသူကြီးရဲ့ ဆင်ခြင်သုံးသပ်မှုပေါ်မှာ မူတည်ပြီး ထောင်ဒဏ်အမြင့်ဆုံးဖြစ်တဲ့ ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်ခံရနိုင်သလို လျှော့ပေါ့တဲ့ပြစ်ဒဏ်လည်း ချမှတ်ခံရနိုင်ပါတယ်” ဟု ရှေ့နေ တစ်ဦးက ဆိုပါသည်။
တရားစီရင်ထုံးများနှင့် ပတ်သက်၍ ဥပဒေပညာရှင် တစ်ဦးက သုံးသပ်ပြောကြားခဲ့ရာ “အကြောင်း အရာနောက်ကို စီရင်ထုံးမလိုက်ရဘဲ စီရင်ထုံးနောက်ကိုသာ အကြောင်းအရာက လိုက်ရမယ်ဆိုတဲ့ ဥပဒေသ ရှိပါတယ်။ စီရင်ထုံးကို ကိုးကားတဲ့ နေရာမှာ အမှုအကြောင်းခြင်းရာချင်း တူဖို့လိုပါတယ်။ ကိုးကားပြီး ဆုံးဖြတ်ရမယ့်အမှုပါ အကြောင်းအရာဟာ ယခင်ချမှတ်ခဲ့တဲ့ စီရင်ထုံးပါ အကြောင်းအရာနဲ့ ကိုက်ညီမှုရှိဖို့တော့ လိုပါတယ်။ ဥပဒေပြဋ္ဌာန်း ချက်မှာ အတိအကျ အဓိပ္ပာယ်ဖွင့်ဆို ထားတာရှင်းလင်းစွာ ကောက်ယူနိုင်တဲ့ အချက်အလက်မျိုး မပေါ်ပေါက်ရင် အမှုတစ်ခုချင်းရဲ့ ဖြစ်ရပ်ပေါ်မူ တည်ပြီးတော့ တရားရုံးက ဆင်ခြင်တုံတရားနဲ့ သုံးသပ်ပြီးယခင်အဆက် ဆက်ချမှတ်ခဲ့တဲ့ စီရင်ထုံးကို ကိုးကားပြီးတော့ ဆုံးဖြတ်ပေးရပါ တယ်။ ဒါဟာ စီရင်ထုံးကို ဘယ်လိုနေရာမှာ သုံးရတယ်ဆိုတာကို ရှင်းပြတာပါ။ ဥပဒေပြဋ္ဌာန်းချက်မှာ အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုထားတာ ရှိတယ်ဆိုရင်တော့ ဥပဒေပြဋ္ဌာန်းချက်နဲ့ စီရင်ထုံးယှဉ်လာရင် စီရင်ထုံး က ဥပဒေပြဋ္ဌာန်းချက်ကို လွှမ်းမိုးလို့ မရပါဘူး” ဟု ရှင်းပြခဲ့ပါသည်။
“ဖြစ်နိုင်မယ်ဆိုရင်တော့ တရားရုံးတစ်ခုက ချမှတ်လိုက်တဲ့ စီရင်ချက်တစ်ခုဟာ ဘယ်အဆင့်ကိုမှ ထပ်တက်စရာမလိုဘဲ အဖက်ဖက် က ကျေနပ်လက်ခံနိုင်တဲ့၊ တရား မျှတတဲ့ အဖြေမျိုးထွက်မယ်ဆိုရင် တော့ အကောင်းဆုံးပါပဲ။ ဒါဆိုရင် ပြည်သူအများက ယုံကြည်အားကိုး ရတဲ့ တတိယမဏ္ဍိုင် ပိုပီပြင်လာမှာ ဖြစ်ပါတယ်” တရားစီရင်ရေးမဏ္ဍိုင် အား လေ့လာနေသူတစ်ဦးက အကြံ ပြုပါသည်။
“လူမြင်ကွင်းမှာ အုပ်စုလိုက် ၀ိုင်းရိုက်လို့ သေဆုံးခဲ့ရတဲ့ဖြစ်စဉ် အပေါ် မူလက ပြစ်မှုဆိုင်ရာပုဒ်မ ကြီး ၃၀၂ (၂) လူသတ်မှုပုဒ်မနဲ့ တရားစွဲတာကို သက်ဆိုင်ရာ တရား သူကြီးက ပုဒ်မ ၃၂၅ အပြင်းအထန် နာကျင်စေမှု ပုဒ်မနဲ့ပြောင်းပြီး အမိန့် ချခဲ့ပါတယ်။ ဒီအမှုဖြစ်စဉ်မှာ ဥပဒေ ရှုထောင့်အရ ဘယ်လိုအနေအထား တွေရှိနေတယ် ဆိုတာထက် အများပြည်သူအမြင်၊ မီဒီယာရှုထောင့်က အမြင်အရတော့ ဒါဟာ မဖြစ်သင့် ဘူးလို့ထင်တယ်။ လူမြင်ကွင်းမှာ လူအများ ထိတ်လန့်တကြားဖြစ်စေနိုင်တဲ့ မင်းမဲ့စရိုက်ဆန်တဲ့ ရမ်းကားမှုတွေ ကို စနစ်တကျ တားဆီးနိုင်ဖို့ တရား ဥပဒေစိုးမိုးမှုက အဓိကကျပါတယ်။ အခုလိုအမိန့်ချတဲ့အပေါ် ပြည်သူတွေအနေနဲ့ ဥပဒေရဲ့ အကာအကွယ် ဟာ လုံခြုံမှုမရှိဘူးလို့ ခံစားရစေပါ တယ်။ ဒါကြောင့် ဒီဖြစ်စဉ်ဟာ မှားယွင်းစွာ ဆုံးဖြတ်တာဟုတ်၊ မဟုတ် ဒါမှမဟုတ် တရားစီရင်ရေးမှာ ပါဝင်ပတ်သက်သူတွေရဲ့အဂတိ လိုက်စားမှုကြောင့်လား၊ တရားစီရင်ရေး နောက်ကွယ်က ဘယ်လိုပါဝင်ပတ်သက်မှု ဖိအားတွေ ရှိနေလို့လဲဆိုတာ တွေကိုတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး သေချာစစ်ဆေး အဖြေရှာသင့် ပါတယ်။ လူသိရှင်ကြား ရှင်းလင်းမှုမျိုးတွေ လုပ်သင့်ပါတယ်။ နိုင်ငံတော် သမ္မတကြီးကလည်း  Rule of Law နဲ့ ပတ်သက်ပြီး ပြောထားတာဆိုတော့ ဒီလိုကိစ္စမျိုးတွေကို စနစ်တကျ စုံစမ်းစစ်ဆေး ပေးသင့်ပါတယ်” ဟု Weekly Eleven Journal ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့ပါသည်။
EMG

အဆိုပါသတင်းနှင့်ပါတ်သတ်၍ Myanmar News Now မှ ဖော်ပြခဲ့သတင်းကို အောက်မှာ ပြန်လည် တင်ပြပေးလိုက်ပါသည်။
  
ကျိုးပဲ့နေတဲ့ တရားစီရင်ရေး မဏ္ဍိုင် 

2010 ဒီဇင်ဘာ3ရက်ည11 နာရီကျော် ရန်ကုန်မြို့ အာရှတော်ဝင်ရှေ့မှာ တိုက်စီမောင်းသော
ယဉ်မောင်းလေးအား လူအများ ၀ိုင်းပြီးမသေမချင်းရိုက်နှက်လိ

ု့ သေဆုံးခဲ့ရပါတယ်။

လျှပ်တပြတ် ၊ ပြည်မြန်မာ ဂျာနယ်တွေမှာလည်းဟိုးလေးတစ်ကြော်ဖြစ်ခဲ့ပါတယ်။

ယခုလိုလူတစ်ယောက်အားမသေမချင်းရိုက်နှက်တဲ့လူသတ်မှူ့ကို ဒုတိယခရိုင်တရားသူကြီး
 ဦးဟုတ်ရီမှ လူသတ်မှူ့ ၃၀၂ အား ၃၂၅ အဖြစ်ပြောင်းလဲပြီး ၂၀၁၂ ဖေဖော်ဝါရီ၂၄ရက်နေ့တွင်
ရန်ကုန်အနောက်ပိုင်
းခရိုင်တရားရုံး မှာအမိန့်ချမှတ်ခဲ့ပါတယ်။ 

ဝိုင်းရိုက်နှက်တဲ့ လူ၎ယောက် ရှိရာ ၂ယောက်ကို ထောင်ဒဏ် ၅နှစ်စီချမှတ်ပေမဲ့ ၊ 

လူတစ်ယောက်လုံးကို မသေမချင်းဝိုင်းရိုက်နှက်တဲ့ ဦးဆောင်တဲ့တရားခံကို တရားသူကြီး

ဦးဟုတ်ရီ မှ ထောင်ဒဏ် ၁နှစ် ၃လသာအမိန့်ချမှတ်ခဲ့ပါတယ်။ 


အဲဒီ ထာင်ဒဏ်၁နှစ်နဲ့၃လသာကျခံရသောတရားခံ၂ယောက်မှာငွေ
ကြေးပြည့်စုံ
သူများဖြစ်ကျပါတယ်။
တရားစီရင်ချက်ချပြီးလို့ရက်အနည်းငယ်ကြာ
တာနဲ့ ချုပ်ရက်နဲ့ လူတစ်ယောက်ကိုမသေမချင်းရိုက်သတ်
ခဲ့ ပေမဲ့ အပြင်မှာ
လမ်းသလားလို့ရနေပါပြီ။လူတစ်ယော
က်အသက်ကသာ ကြက်ကလေး
ငှက်ကလေးလိုသေဆုံးသွားခဲ့တာပါ။

 
ထိုဒုတိယခရိုင်တရားသူကြီးဦးဟု
တ်ရီမှာ တရားခံနှင့်တရားလိုအမေးအဖြေ
လုပ်နေတဲ့တရားခွင်အချိန်တွေမှာေ
တာင် စိတ်မ၀င်စားသလိုနဲ့
တယ်လီဖုန်းကိုသာအဆက်မပြတ်ပြောေ
နခဲ့ပါတယ်။
 သေဆုံးသွားသောတိုက်စီသမားလေးတင်မောင်ဆွေမှာပင်စင်စား မိဘကို
တိုက်စီမောင်းရင်းလုပ်ကျွေးနေေ
သာလူငယ်တစ်ဦးဖြစ်တယ်လို့သိရပါတယ်။
 
ခုလိုရာဇ၀တ်မှူ့တွေကို ထိထိရောက်ရောက်အရေးမယူရင် နောက်ဆိုလည်း
မကြောက်မရွံ့ထပ်ပြီးကြူးလွန်ေ
နကျမှာကိုကျွန်တော်တို့ အပစ်မဲ့ပြည်သူ
တွေအတွက်စိုးရိမ်စရာပါဘဲဖြစ်ကြောင်း အဆိုပါအမှုကို စောင့်ကြည့်လေ့လာ

နေသူတဦးက Myanmar News Now ကို ပြောပြပါတယ်။


 အမှု့ နှင့်ပါတ်သတ်သည့် အထောက်အထားစာရွက်စာတမ်းများကို အောက်မှာ
ဆက်လက်လေ့လာနိုင်ပါတယ်။


Myanmar News Now
 မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် တက္ကစီ ကားမောင်းသူ သေဆုံးခဲ့သော ဖြစ်ရပ် ပြစ်ဒဏ်တိုးမြှင့်ပေးရန်  မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် တက္ကစီ ကားမောင်းသူ သေဆုံးခဲ့သော ဖြစ်ရပ် ပြစ်ဒဏ်တိုးမြှင့်ပေးရန် Reviewed by သစ်ထူးလွင် on 15:38 Rating: 5

16 comments:

Killer said...

သမ္မကြီးခင်ဗျာ... နေ့တိုင်းသစ်ထူးလွင်ကိုသာ ဖွင့်ထားပါတော့ သစ်ထူးလွင်မှာ ပြည်သူတွေရဲ့အသံတွေရှိပါတယ်....

pyaponthu said...

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး ဟာ ကြောက်စရာတောင်ကောင်းလာပြီး။ငွေများတရားနိုင်တဲ့ တရားစီရင်ရေး ဖြစ်နေဘီ။အဲ့ဒါတရားဥပဒေမဲ့လာပြီး။တရားသူကြီးတွေ မြန်မာနိုင်ငံ ကိုမင်းမဲ့စရိုက် ဖြစ်အောင်ဖန်တီးနေတယ်။

Myanmar said...

"ဟုတ်၇ီ"တဲ့ တ၇ုတ်ဘဲကွ တ၇ားသူကြီးက။ မြန်မာတွေကို နေ၇ာစုံမှာ ၀င်ပူးပီး ဒုသမ္မတနေ၇ာေ၇ာ တ၇ားစီ၇င်ေ၇းမဏ္ဌိုင်မှာေ၇ာ အကုန်ဝင်စီးထားပါလား။ ပြန်အဖတ်ဆယ်ဘို့တောင်မလွယ်တော့ဘူး။ သွားလေသူက မြန်မာပြည်ကို အိမ်တိုင်ပါချွတ်ပီး တ၇ုတ်ကို၇ာင်းထားခဲ့ပြီ။ ကျွန်မျိုးဟေ့ တို့မြန်မာသာ အော်ကြပေတော့။ ။

koko said...

သေဆုံးသူနေရာမှာ အဲဒီတရားသူကြီးရဲ့အမျိုးအရင်းခေါက်ခေါက်ဖြစ်ခဲ့ရငူ် ဘယ်လိုအမိန့်မျိုးချမလဲ။ ကိုယ်ချင်းစာတရားနည်းနည်းလေးဖြစ်ဖြစ်ထားပေးဖို့ကောင်းတယ်။

koko said...

သေဆုံးသူဟာ အဲဒီတရားသူကြီးရဲ့အမျိုးအရင်းခေါက်ခေါက်ဖြစ်ခဲ့ရင် သူဘယ်လိုအမိန့်မျိုးချမလဲ။ ကိုယ်ချင်းစာတရားလေးနည်းနည်းဖြစ်ဖြစ်ရှိကြပါ။

mg said...

good government clean government ဆိုတာခုချိန်ကဘဲ စပြီးအကောင်အထည်ဖေါ်ကျပါတော့ဗျာ။မြန်မာနိုင်ငံမှာတရားသူကြီးတွေလာဘ်စားခဲ့ တာနှစ်ပေါင်များစွာကြာခဲ့ပါပြီ။ဒါလူတစ်ယောက်လုံးအသက်ကိုမသေမချင်းရိုက်သတ်တဲ့ အမှူ့ပါ။တာဝန်ရှိတဲ့ လူကြီးမင်းများ ထိထိရောက်ရောက်အရေးယူပေးကျပါ။

sayarchit said...

၄၅သိန်းတန်ဟုတ်ရီ၊ဟုတ်ရီ၄၅သိန်း ..လူတစ်ယောက်ကို သတ်ပြီး၄၅သိန်းပေးရင် ၁နှစ်နဲ့ ၃လဘဲကျတယ်ဟ....

မောင် said...

မြန်မာ့တရားစီရေးရေးမှာ တရားသူကြီးကို တောင်းဆိုသလောက် ဦးအောင်ပေးတဲ့လူ နိုင်တာဘဲ။
ဆက်သွယ်ပေးမယ့် အမှုပွဲစားတွေ၊ ရှေ့နေတွေလဲရှိတယ်ဗျ။
အံ့ရောဘဲ။

sean said...

သတင်း လွတ်လပ်ခွင့်တွေကိုသာ ဝိုင်းဝန်းထိန်းသိမ်းကြပါ ဒီလိုမတရားမှုတေါ တဖြေးဖြေး ပျောက် သွားပါလိမ့်မည်..

kaungkin said...

တရားစီရင်ရေးအကြောင်းကို နားမလည်ရင် မဝေဖန်တာကောင်းပါတယ်။
တရားသူကြီးရဲ့စီရင်ချက်ဟာ လူတိုင်းအတွက်တော့မမှန်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ နှစ်ဖက်ကြားမှာဆုံးဖြတ်ရလိုပဲ။ တစ်ဖက်ကကျေနပ်ပေမယ့်
ကျန်တဲ့တစ်ဖက်က မကျေနပ်နိုင်ဘူး။ လူ့သဘာဝအရ ကိုယ်အသာရမှ ကျေနပ်ကြတာလေ။ ဒီတော့ အပေါ်ရုံးတွေ အယူခံ/ပြင်ဆင်တက်ရတာတွေ
ရှိမှာပဲ။ ဒါကြောင့်လဲ အပေါ်ရုံးတွေထားရတာပေါ့။ တရားရုံးကငွေတောင်းရင်
အမှုသည်တွေက မပေးနှင့်ပေါ့ဗျာ၊ ငွေမပေးလို့ ဥပဒေမျက်ကွယ်ပြု ဆုံးဖြတ်တယ်ဆိုရင်လည်း သေသေချာချာအထောက်အထားနဲ့တိုင်ပေါ့ဗျာ။

ko ko said...

အောင်မယ်လေး ကြောက်စရာပါလားနော်
မြန်မာနိုင်ငံသားတွေအတွက် တရားဥပဒေဆိုတာ အားကိုးလို့မရပါလား
ဒါဆို ဥပဒေဘက်တော်သားတွေ မထားပါနဲ့
နိုင်ငံတော်ဘတ်ဂျက်ကုန်ပါတယ်
ဥပဒေအပေါ်မှာ တစ်ယောက်ယောက်တေ့ရှိနေတယ်နော်

ppw said...

လူတစ်ယောက်လုံး အသက်ဆုံးရှုံးသွားတာတောင် ထောင်ဒဏ် ၅နှစ် နဲ့ တစ်နှစ်စီတဲ့လား။ တော်တော်ကို လူစိတ်ကင်းမဲ့ တဲ့ တစ်ကိုယ်ကောင်းသမားတွေပါလားနော်။ သေသွားတဲ့သူဟာ အသက် ၃၆ နှစ်သာရှိသေးတယ်။ မိဘကို အများကြီးအလုပ်အကျွေးပြုနိုင်သေးတဲ့ အရွယ်ပါ။ ပြီးတော့ မတရားလည်း အရိုက်ခံရသေး။ အဲ့ဒီလူစိတ်ပျောက်နေတဲ့ တရားခံတွေ လူတွေနဲ့ ဘယ်တော့မှ မတွေ့ နိုင်တော့ တဲ့ တစ်သက်တစ်ကျွန်းကို ပို့ ဖို့ကောင်းတယ်။ ဘာလို့ လဲ ဆိုတော့ လူစိတ်မရှိတဲ့လူဟာ လူ့ ပတ်ဝန်းကျင်နဲ့ မထိုက်တန်လို့ ပါ။

Moe Moe said...

အဲဒီလိုတုတ်နဲ ရိုက်သတ်လို့ လူသတ်မှုမဟုတ်ပဲ ပြင်ထန်စွာနာကျင်မှုပဲဆိုရင် လူတိုင်ပဲဒီလိုလုပ်ကြလိမ့်မယ် လူအများဝိုင်းရိုက်လို မည်သူလက်ချက်ဖြင်သေ ဆုံးရသည်ဟူ၍ သက်သေအထင်အရှားမရှိလျှင်လူသေမှုမဟုတ်ဖူး ဆိုရင် ငါးမင်ဆွေကို ၀ိုင်ရိုက်သတ်ခြင်းပါတယ် မတရားလုပ်တဲ့သူတွေ ကိုလဲဝိုင်ပီရိုက်သတ်ခြင်းပါတယ် သမ္မတကြီးဘယ်လို ဆုံးဖြတ်မလဲ

saunghnin said...

kaungkin ရယ်ဟုတ်ရီကရှင့်အဖေဖြစ်နေလို့လား။မြန်မာပြည်မှာဝန်ကြီးတွေ လာဘ်စားတာအတိအကျဖေါ်ပြထားတာတောင် အရေးယူလို့ရသလား။
တရားရုံးတွေမှာလာဘ်ပေးလာဘ်ယူလုပ်ရင်ပြင်းထန်စွာအရေးယူမည်ဆိုတာတွေ
ဘယ်ရောက်ကုန်ပလည်း။

Thazin said...

အမှုတစ်ခု ဒီလောက်ကြာတော့ တရားလိုလည်း ငွေကုန်တယ် ။တရားခံလည်း အချိန်ကုန်တယ် . တရားသူကြီးနဲ့ ရှေ့နေတွေပဲ အကျိုးရှိတယ် ။ လူ့အသက်သတ်ရင် သေစားသေစေ ဆိုရင်သတ်ရဲပါ့မလား ။ ဒီလို ၀ိုင်းရိုက်တဲ့သူတွေ ပြစ်ဒဏ်ခံယူပြီးရင် ကောင်းမွန်သွားဖို့ထက် ပိုပြီးလက်မရဲ လာအောင် ဥပဒေ က ဆုံးမပေးပါ။

Thazin said...

ဝဋ်ရှိလို့ခံရတယ်ဆိုပေမယ့်လည်း ...... မြန်မာပြည် ဥပဒေတွေဟာ active မဖြစ်တော့ဘူး ။ ဥပဒေပြင်ဆင်ဖို့ တကယ်လိုအပ်နေပါပြီ။ ဥပဒေပြဌာန်းသူတွေမှာ အပြစ်မရှိပါဘူး ။ အသစ်ပြင်တဲ့ ဥပဒေကိုနိုင်ငံသားတိုင်းသိအောင်
ကြေငြာပေးပါ ။ အပြစ်ကျူးလွန်သူဟာ ဥပဒေကိုချိုးဖောက်တာဟာ အားလုံးလက်ခံထားတဲ့ လူ့စည်းကမ်းကို ချိုးဖောက်တာဖြစ်လို့ ပြစ်ဒဏ်ပေးရာမှာလည်း ၀ဋ်မလည် ပါ။ နိုင်ငံတော်သမ္မတကြီးရဲ့ လက်ထောက်များအင်တာနက်သတင်းလေး တွေနေ့တိုင်းဖတ်ပြီး ပြည်သူ့အသံကိုနားထောင်ပေးပါ

Powered by Blogger.