လေးနှစ်အတွင်း တရုတ်နိုင်ငံက ချေးယူတဲ့ ဒေါ်လာ သန်းသုံးထောင်ကျော် နှင့် ယွမ် ငွေ သန်းနှစ်ထောင်နီးပါ ရှင်းတမ်း

၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံထံမှ အမေရိကန်ဒေါ်လာသန်း ၃၀၀၀ ကျော်နှင့် တရုတ် ယွမ်ငွေ သန်းနှစ်ထောင်နီးပါး ချေးငွေရရှိခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွက် ချေးငွေ ပမာဏမှာ အများဆုံးဖြစ်ကြောင်း အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။


၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သက်သာသော ချေးငွေ၊ အတိုးမဲ့ ချေးငွေ၊ ဦးစားပေးဝယ်သူ ချေးငွေ၊ ၀ယ်သူ ချေးငွေ၊ ကူးသန်းရောင်းဝယ်ရေး ချေးငွေများ မြန်မာနိုင်ငံက ရရှိခဲ့ကြောင်း သိရသည်။ လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်ပြီး တောင်ငူ-ရွှေတောင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ စီမံကိန်းအတွက် ယွမ်သန်း ၇၀၊  ရွှေကျင်-သာယာကုန်း(၂၃၀) ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ၊ နမ့်ဆန်-ပင်းပက် ဓာတ်အားလိုင်း စီမံကိန်းများအတွက် ယွမ်သန်း ၁၀၀၊ ရန်ကုန်မြို့ ဓာတ်အားခွဲရုံများ၏ ပစ္စည်း ၀ယ်ယူရေးအတွက် ယွမ်သန်း ၅၀ကို အတိုးမဲ့ ချေးငွေအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ရေအားလျှပ်စစ်နှင့် ပတ်သက်၍လည်း ဘီလူးချောင်းအမှတ်(၃) ရေအားလျှပ်စစ်နှင့် မဟာဓာတ်အားလိုင်း စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၄၈ ဒသမ ၃၁ သန်း၊ အထက်ရဲရွာ ရေအားလျှပ်စစ်နှင့် မဟာဓာတ်အားလိုင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၇၇ ဒသမ ၁၆ သန်း၊ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းအတွက် အမေရိကန် ဒေါ်လာသန်း ၆၀ တို့ကို ဦးစားပေး ၀ယ်သူချေးငွေ ရရှိခဲ့ပြီး သောက်ရေခပ်(၂)ရေအားလျှပ်စစ် စီမံကိန်း၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းတို့အတွက်လည်း ချေးငွေရရှိခဲ့ကြောင်း သိရသည်။


စွမ်းအင်ကဏ္ဍဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ချေးငွေများ ပေးထားပြီး ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၄၄၅ ဒသမ ၀၈ သန်း၊   မြန်မာ - တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၁၅၈ ဒသမ ၀၈ သန်းနှင့် မြန်မာ-တရုတ် ရေနံစိမ်း ပိုက်လိုင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၁၀၅ ဒသမ ၅၈ သန်းကို ကူးသန်းရောင်းဝယ်ရေး ချေးငွေအနေဖြင့် ထုတ်ချေးပေးခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
စဉ် စီမံကိန်း ချေးငွေပမာဏ
၁။ မဲခေါင်သတင်းအချက်အလက်နှင့် အမြန်ဆက်ကြောင်း ယွမ်သန်း ၃၀၀
၂။ လေယာဉ်သုံးစင်းဝယ်ယူရေး ယွမ်သန်း ၃၉၉
၃။ ကော့စတစ်ဆိုဒါစက်ရုံ ယွမ်သန်း ၆၉၀
၎။ သောင်တူးရေယာဉ်ဝယ်ယူရေး ယွမ်သန်း ၂၉၂
၅။ တောင်ငူ-ရွှေတောင်ဓာတ်အားလိုင်း ယွမ်သန်း ၇၀
၆။ ရွှေကျင်-သာယာကုန်းဓာတ်အားလိုင်း
နမ်ဆန်-ပင်းပက်ဓာတ်အားလိုင်း
ယွမ်သန်း ၁၀၀
၇။ ရန်ကုန်မြို့ ဓာတ်အားခွဲရုံများ၏ ပစ္စည်းဝယ်ယူရေး ယွမ်သန်း ၅၀
၈။ ပက်လက်ကုန်တွဲရှည်များဝယ်ယူရေး ယွမ်သန်း ၅၀
၉။ ဘီလူးချောင်းအမှတ်(၃)ရေအားလျှပ်စစ် ဒေါ်လာသန်း ၄၈ .၃၁
၁၀။ အထက်ရဲရွာရေအားလျှပ်စစ် ဒေါ်လာသန်း ၁၇၇ .၁၆
၁၁။ သူဋ္ဌေးချောင်းရေအားလျှပ်စစ် ဒေါ်လာသန်း ၆၀
၁၂။ လူစီးတွဲ၊ ကုန်တွဲသစ်တည်ဆောက်ရေး ဒေါ်လာသန်း ၄၇ .၅၁
၁၃။ စက်ခေါင်းသစ်တည်ဆောက်ရေး ဒေါ်လာသန်း ၄၇ .၀၂
၁၄။ အကြီးစားမော်တော်ယာဉ်တည်ဆောက်ရေး ဒေါ်လာသန်း ၂၀
၁၅။ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် ဒေါ်လာသန်း ၂၀၀
၁၆။ ယူရီးယား ဓာတ်မြေသြဇာစက်ရုံ ဒေါ်လာသန်း ၇၄ .၀၈
၁၇။ ရွှေသဘာဝဓာတ်ငွေ့ ဒေါ်လာသန်း ၄၄၅ .၀၈
၁၈။ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဒေါ်လာသန်း ၁၅၈ .၀၈
၁၉။ မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း ဒေါ်လာသန်း ၁၁၀၅ .၅၈
၂၀။ သံမဏိစက်ရုံ တည်ဆောက်ရေး ဒေါ်လာသန်း ၇၁၂.၀၅
EMG
လေးနှစ်အတွင်း တရုတ်နိုင်ငံက ချေးယူတဲ့ ဒေါ်လာ သန်းသုံးထောင်ကျော် နှင့် ယွမ် ငွေ သန်းနှစ်ထောင်နီးပါ ရှင်းတမ်း လေးနှစ်အတွင်း တရုတ်နိုင်ငံက ချေးယူတဲ့ ဒေါ်လာ သန်းသုံးထောင်ကျော် နှင့် ယွမ် ငွေ သန်းနှစ်ထောင်နီးပါ ရှင်းတမ်း Reviewed by သစ်ထူးလွင် on 13:39 Rating: 5

10 comments:

Shwe Mg said...

အော်...လျှပ်စစ်နှင့်စွမ်းအင်က ငွေအချေးဆုံးမို့လို့လားမသိဘူး...မီးမှန်မှန်ပျက်နေတာ...အခုရန်ကုန်မြို့မှာတောင်...ခဏခဏ မီးပြန်ပျက်နေပြန်ပြီ

san san said...

အော် ဒါကြောင့်လဲ မြန်မာပြည် တော ရော မြို့ ပါမီးတွေ ထိန်နေတာကိုး။ဒါကြောင့် လျှပ်စစ်တွေကို တရုတ်ရောင်းစားတာကို။။ပိုက်ဆံတွေ တော့ အတောင်ပါပြီး နိုင်ငံခြားကို ပျံသွားဘီး။။ဟီးဟီး

Thaw Gyi said...

အကြွေးဆိုတာယူပြီးဆပ်ရပါတယ်..
မတရားယူထားတဲ့အရင်စစ်အစိုးရတာဝန်ယူထားတဲ့သူတွေဆပ်ပေါ့
အေး..မဆပ်နိုင်ရင်လည်းရတယ်..နောင်ဘ၀ကျမှတရုတ်အိမ်သွားကျွန်ခံပေါ့
နင်တို့ မိသားစုလိုက်လေ..

Anonymous said...

မြန်မာပြည်က သယံဇာတပစ္စည်းတွေ ရောင်းယူလို့အားမရဘူး... အကြွေးပါတင်အောင်လုပ်တဲ့ စစ်အုပ်ချုပ်ရေး ဘာကောင်းလဲ....စစ်အုပ်ချုပ်ရေးကို ဘာအကောင်းထင်နေတာလဲကွယ်..

ပုဂံစစ်သည် said...

ပြောတော့ဘာတဲ့ မီးအားတွေပိုလို့ တခြားနိုင်ငံတွေကို ရောင်းပြစ်ရတယ်တဲ့။ အလကားကောင်တွေ ပါစပ်နဲု့လုပ်စားနေတာ၊ အခုချိန်ထိမီးအမြဲတမ်းလာတဲ့ မြို့ကိုလက်ညှိုးထိုးပြစမ်းပါအုံး။ ပိုက်ဆံတွေဒီလောက်ချေးပြီး ဘယ်ရောက်နေလဲဆိုတာတော့ အံ့သြမိပါတယ်။

ထူးထူး said...

အဲဒီ အကြွေးတွေဘယ်လိုဆပ်မှာလဲ
ဦးနေဝင်းနဲ့  စစ်အစိုး၇လက်ထက်တုန်းက လိုလုပ်မှာလား
ဦးနေဝင်းကတော့ မန်စီမြို့ ကနေေ၇ွှလီမြစ်အထိ တ၇ုပ်ကြီးကို ပေးလိုက်၇တယ်
မန်စီမြို့ ဆိုတာ အခုတ၇ုပ်ပြည်ထဲက မြို့ နော် ဗမာပိုင်လားမပိုင်းလား အဲဒီမှာ စောမွန်လှတည်ခဲ့တဲ့ ဘု၇ား၇ှိတယ် ၇ှမ်းလူကြီးတွေအုပ်ခူပ်တယ် ၇ှမ်းလူမိုးတွေ အခုချိန်ထိ ရှိတယ်၊စစ်အစိုးရ လက်ထက်ကြတော့ ရွှေလီမြစ်ကနေ အခုမှုဆယ်အထိ အကြွေးဆပ်လိုက်တယ်
ရှေ့ကလုပ်သွှားတဲ့ဆိုးမွှေကို ကျန်ပြည်သူတွေ ခေါင်းငုံခံ၇မှာလား
လျှပ်စစ်တွေပိုနေလို့ နိင်ငံခြားရောင်းနေ၇တယ်ဆို အခုပြည်တွင်းမှာ ပျက်လိုက်တဲ့မီး သမ္မတနဲ့ သက်ဆိုင်ရာတွေမသိကြဘူလား လျှပ်စစ်ဝန်ကြီးကရောဘယ်လို တာဝန်ယူမှာလဲ မီတာခတော့တိုးကောက်ပြီး စားပြီး နားမလည်မလုပ်နဲ့  နင်တို့ လုပ်တာပြည်သူတွေအတွက်မပါဘူး နင်တို့ ရဘို့ လုပ်တာ နင်တို့ ဘာသာဆပ်ကြ ပြည်သူတွေဆီကမျက်စောင်းထိုးမနေနဲ့ ပြည်သူတွေလဲမွှဲနေပြီ

ko htat said...

လျှပ်စစ်စွမ်းအင်က အသုံးစ၇ိတ်များပီး
ဘာကြောင်မီးကိုမပေးနိုင်တာလဲ အဲ့ဒီလျှပ်စစ်ကိုင်တဲ့ဝန်ကြီး
ကနှတ်ထွက်ပေးဖို့ကောင်းတယ်၊

မြန်မာ့မြေ said...

အကြွေးတင် ရှင်ဘုရင်ဆပ် (ယခင်)
အကြွေးတင် ပြည်သူဆပ် (ယခု)
လုပ်ရပ်လိုက်ကြတာ

Sawsandar said...

မီးလာရင်အရမ်းပျော်ရပါတယ်ဗျာ။ မီးပျက်ရင်လဲ့ ပြောရင်နဲ့ငိုခ
ခြင်လာပြီ

naingoo said...

လျှပ်စစ်ကိုတကမ္ဘာလုံးကိုအလကားပေးမလိုစိစဉ်
နေလိုကျတော်တိုတွေမီးမှန်မှန်မ၇တာပါဗျာ..

Powered by Blogger.