အမေရိကန် လွှတ်တော်အမတ် ဂျင်ဝက် မြန်မာပြည် လာဦးမည်

အမေရိကန် ဒီမိုကရက် လွှတ်တော်အမတ် မစ္စတာ Jim Webb ဟာ မြန်မာနိုင်ငံကို ဧပြီလအတွင်း ဒုတိယအကြိမ် သွားရောက်မှာဖြစ်ကြောင်း အေပီ သတင်းက ဖော်ပြပါတယ်။

(Photo: AFP)
အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ Jim Webb (Photo: AFP)
ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း သွားရောက်မှာ ဖြစ်ပါတယ်။
မစ္စတာ Jim Webb ဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး၊ အဲဒီတုန်းက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်ရခဲ့တဲ့ တစ်ဦးတည်းသော အမေရိကန် လွှတ်တော်အမတ် ဖြစ်ပါတယ်။
အရှေ့အာရှ နဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒ ကြီးကြပ်ရေးဆိုင်ရာ လွှတ်တော်ဆပ်ကော်မတီကို ဦးဆောင်သူဖြစ်တဲ့ မစ္စတာ Jim Webb ဟာ မြန်မာပြည်ကို မရောက်ခင် ဂျပန်နဲ့ ထိုင်းနိုင်ငံတွေကို ၀င်ရောက်မယ်လို့ သိရပါတယ်။
အမေရိကန် လွှတ်တော်အမတ် ဂျင်ဝက် မြန်မာပြည် လာဦးမည် အမေရိကန် လွှတ်တော်အမတ် ဂျင်ဝက် မြန်မာပြည် လာဦးမည် Reviewed by သစ်ထူးလွင် on 04:42 Rating: 5

2 comments:

Oliver Samson said...

လာပြီး ဘာလာလုပ်မှာလဲ....

မောင်မောင် said...

ဟိုလူလာလိုက် ဒီလူလာလိုက်..တမင်သက်သက်တော့ ဘယ်နိုင်ငံသားကမှ ငါတို.နိုင်ငံကို မချစ်ဘူး..လိုချင်တာရှိလို့ လာနေတယ်ဆိုတာ သိထားသင့်တယ်..တရုတ်ပဲ ဖြစ်ဖြစ် ကုလားပဲဖြစ်ဖြစ်..ယူရိုပဲဖြစ်ဖြစ်..သတိထားကြပါ..အမိမြန်မာနိုင်ငံသားတို..

Powered by Blogger.