ဖရဲသီးတစ်လုံး ကျပ်တစ်သိန်းအထိ လျော်ကြေးတောင်း

မုံရွာ၊ မတ်- ၁၃
မုံရွာမြို့အနီး ချင်းတွင်းမြစ် သက်ရင့် သဲသောင်ကျွန်းဖြစ်သည့်ရန်အေး ကျွန်းပေါ်တွင်ယခုနှစ်ဆန်းပိုင်းအတွင်း ပြည်တွင်းစိုက်ပျိုးရေး ကုမ္ပဏီတစ်ခုမှဖရဲစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက် ရှိရာ ဖရဲသီးခိုးယူစားသောက်သူ များဟု စွပ်စွဲခံရသူများအား ဖရဲသီးတစ်လုံးလျှင်ကျပ်တစ်သိန်းအထိ ပေးလျော်စေခဲ့ကြောင်းညောင်ပင်ဇောက်ကျေးရွာအုပ်စုဒေသခံ များကပြောသည်
"ချင်းတွင်းမြစ်အတွင်းက ရန်အေးကျွန်းပေါ်မှာ ပြည်တွင်းစိုက်ပျိုးရေးကုမ္ပဏီအမည်ခံ တရုတ် လူမျိုးတွေရဲ့ဖရဲစိုက်ခင်းတွေနှစ် တိုင်းလိုလိုလာစိုက်တယ်။ ဒီနှစ် မတ်လဆန်းမှာ ကျွန်းပေါ်ဖရဲခင်း တွေထဲက ဖရဲသီးခိုးတယ်ဆိုပြီး ကလေးတွေကို ညောင်ပင်ဇောက် အုပ်စု ရပ်ကွက်လူကြီးတွေတိုင်တယ်။ဖရဲသီးခိုးတဲ့ကလေးတွေကို ဖရဲသီးတစ်လုံး တစ်သိန်းနှုန်းနဲ့ ဒဏ်ရိုက် အရေးယူတယ်" ဟု ညောင်ပင်ဇောက် ကျေးရွာအုပ်စု ရွှေကုန်းရပ်ဒေသခံတစ်ဦးကပြောသည်
"ကျွန်းပေါ်မှာစိုက်ခင်းတွေဆီကကလေးတွေခိုးတယ်ဆိုတာ မကြာခဏကြုံတွေ့ရတဲ့ အဖြစ်အပျက်ပါ။ ကလေးတွေက ချို့တဲ့
တော့ ကျွန်းပေါ်မှာသစ်သီးတွေဟင်းသီးဟင်းရွက်တွေသိပ်ပေါ တာဆိုတော့ ကလေးတွေ စားချင်လို့ ယူတာကို တောင်သူတွေက သိပ်မပြောဘူး။အခုစိုက်ပျိုးရေးကုမ္ပဏီဆိုတော့ စည်းကမ်းက အရမ်းကြီးတယ်။ စိုက်ခင်းထဲ အပြင်သူဝင်တာမကြိုက်ဘူး။ ဖရဲ
သီးခိုးတယ်ဆိုပြီး စံပြအဖြစ်ဒဏ် ရိုက်တာဆိုပေမယ့် ခိုးယူတဲ့ကလေးတွေရဲ့အနေအထားတော့ ပြန်ကြည့်သင့်တယ်" ဟု ညောင်ပင်ဇောက်အုပ်စုဒေသခံ တောင်သူတစ်ဦးကပြောသည်။
သို့သော် ဒေသခံများက အာဏာပိုင်အဖွဲ့သို့တင်ပြပြီးနောက် လျော်ကြေးမပေးရတော့ကြောင်းသတင်းရရှိသည်။မုံရွာမြို့အနီးချင်းတွင်းမြစ် သက်ရင့်ကျွန်းဖြစ်သောရန်အေး ကျွန်းပေါ်တွင် ပြည်တွင်း စိုက်ပျိုး ရေးကုမ္ပဏီများမှကိုင်းကျွန်းမြေ ငှားရမ်းလုပ်ကိုင်းခြင်းအား ၂၀၀၇ နှစ်ဆန်းပိုင်းတွင်စတင် လုပ်ကိုင်ခဲ့ သည်။ အဆိုပါ ဖရဲစိုက်ခင်းများနှစ်စဉ် နွေရာသီတွင် ကိုင်းကျွန်းမြေ
ငှားရမ်းလုပ်ကိုင်ခြင်းကြောင့် မြေ ငှားခများမြင့်တက်လာပြီး ချင်းတွင်းမြစ်ရေကြီးခြင်း မရှိသောနှစ်များ တွင်နုန်းတင်မြေနုမရရှိသဖြင့်ဖရဲ စိုက်ခင်းများငှားရမ်းလုပ်ကိုင်းခြင်း မရှိကြောင်း သိရှိရသည်။
 7Day News Journal
ဖရဲသီးတစ်လုံး ကျပ်တစ်သိန်းအထိ လျော်ကြေးတောင်း ဖရဲသီးတစ်လုံး ကျပ်တစ်သိန်းအထိ လျော်ကြေးတောင်း Reviewed by သစ်ထူးလွင် on 15:38 Rating: 5

17 comments:

tharzaw said...

ဘာလဲဟ!
သောက်တရုတ်တွေ ...
လွန်ပဲလွန်လွန်းကြောင်း။
တရုတ်ကြောင့်တော့ မြေတွေလဲကုန်
သဘာဝသယံဇာတတွေလဲကုန်
လူမျိုးလဲပြုတ်တော့မယ်ထင်ရဲ့။
အိမ်နီးချင်းနိုင်ငံဆိုပေမယ့် ဒီကောင်တွေက
သူတို့အကျိုးအမြတ်ပဲကြည့်တဲ့သူတွေ။

pyaponthu said...

ြုမန်မာပြည် ကတော့ တရုတ်ပြည်နယ်တခု ဖြစ်အောင်အစိုးရ ကလုပ်နေဘီး။ပြည်သူအကျိုးမကြည့်ဘူး။တရုတ်အကျိုးဘဲ ကြည့်နေတယ်။ပြည်သူတွေ ဆင်းရဲတွင်းနက်သထက်နက်အောင်လုပ် နေဘီ။သန်းရွှေ ကြတော့ ရာထူးရှိတုန်းက လည်း တနိုင်ငံလုံး တရုတ်လက်ထဲ ရောင်းစားလို့ အားမရသေးဘူး။ပင်စင်တောင်ဆုကြေး သိန်း၂၃၀၀ တဲ့ ပင်စင် က တလ သိန်း၁၀၀ တဲ့ ဘယ်လို အုပ်ချုပ်သူတွေလဲ။လူကြီးပိုင်းတွေ ယူလို့မပြီးတော့ဘူးလား

marga said...

ဒါတွေဟာ တကယ်တော့ ဆင်းရဲလို့ဖြစ်ရတာပဲ
သမ္မတပြောတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးက
ဘယ်တော့လဲ။
စောက်တရုတ်ကလဲ လွန်လိုက်တာ မကြားဘူးပါဗျာ

Save the environment said...

I also object the cultivation of water melon through Chinese Company. But I agree the panaltee of 1lakh/each. If we are lose in law, all of child will be thief.

ဝေလင်း said...

ယူကြပါစေဗျာ..ယူတာတွေများလာရင်လေးလာလိုတ်မယ်။လေးပြီးတော့ဒယ်အိုးကျမဲ့ကောင်တွေလေ..

ဝေလင်း said...

ယူပါကြပါစေဗျာ..ဒယ်အိုးကလဲ သူတို့ ကိုကြိုဆိုဖို့ အသင့်စောင့်နေတယ်

တောသားကြီး said...

အဲဒါကြောင့် ဆိုရှယ်လစ်ပဲ ကောင်းတယ်
တရုတ်-ဗမာအရေးအခင်း
ကလား-ဗမာအရေးအခင်း
ကောင်းပကွာ

Englansein said...

ဖရဲသီးတစ်လုံး.... တစ်သိန်းတဲ့လား
တစ်ခင်းလုံးမှ တစ်လုံးတည်းသီးလို့လား......

Thurein said...

I think it is not about Chinese company. Everybody knows that stealing is not good. We should not bias, we should stand on the right side. I think we should not see that stealing is fine because they are poor and just children. By the way, I am not supporting to Chinese company. Just to underline that we should not bais!!!

စောက်တရုတ် said...

ခွေသတောင်းစားတရုတ်တွေ တရုတ်ဆို ဘယ်တရုတ်မှ ကြည့်လို့မရဘူး

thihathuya said...

အားလုံးလည်းကြားဖူးပြီးသားပါ..ကျားကိုလည်းအစာမကျွေးနဲ့..
ကုလားကိုလည်းနေရာမပေးနဲ့တဲ့.အခုတရုတ်ကရသမျှလက်ဝါးကြီး
အုပ်တယ်..ကုလားလည်းနေရာရနေပြီ..တရုတ်ရဲ့လုပ်သမျှလည်း
ခံခဲ့ရပြီ..ဘယ်သူတွေတာဝန်ယူလဲ?ကိုယ့်တိုင်းပြည်ကာကွယ်ချင်..
လို့တရုတ်ကြီးပဲအပြစ်မတင်နဲ့.ကိုယ့်ကလေးတွေဒီထက်ဆိုးလာရင်
မဆုံးမလို့မကြောက်ကြရင်တိုင်းပြည်မှာသူခိုးတိုးပြီးပိုဆိုးဖို့ပဲရှိတယ်
ချို့တဲ့တာနဲ့ခိုးစားတာသတ်သတ်ဆီပဲ.မချို့တဲ့အောင်ချက်ချင်းလုပ်
ဖို့မလွယ်ပေမဲ့..မခိုးစားအောင်မိဘကသွန်သင်ပေးရင်ချက်ချင်း..
တောင်ပြင်လို့ရတယ်.စာရိတ္တဟာအဖိုးဖြတ်မရပါဘူး..ဆန်ရင်းကို.
နာနာဖွပ်မှစိတ်ဓါတ်တွေဖွေးလက်လာရင်နောက်မျိုးဆက်တွေနိင်ငံ
တကာမှာမော်ကြွားနိင်ပါလိမ့်မယ်..စေတနာဖြင့်.တိုးတက်ချင်သူ))

amtkhunlay said...

အဲဒီ ချင်းတွင်းမြစ်ကြီးကို တရုတ်တွေ ဘယ်တုန်းကများ ဝယ်လိုက်တာပါလိမ့်။ ဒေသခံတွေက ဘယ့်အတွက်ကြောင့် လွယ်လင့်တကူ ရောင်းလိုက်ကြတာလဲလို့။

ကျော်ထိုက် said...

တရုတ်ဆို ရင် ယ ပလက်နဲ့ ယုတ် တဲ့ တယုတ် တွေချည်းပဲ...ကမ္ဘာပေါ်မှာ ဟစ်တလာ ဂျူးတွေ ကို မျိုးမဖြုတ်ပဲ သောက် တယုတ် တွေ ကို မျိုးဖြုတ်ပစ်ရမှာ...

ngareh's IIUM-e-portfolo said...

It is not a sin to steal the water melon because it is the land that belongs to the local people not the Chinese people. You should drive away the Chinese from that place before they eat up the local people....

Thet said...

မြန်မာပြည်ထဲမှာ နိုင်ငံခြားသားများက အခုလိုနေရာတွေမှာ မြေငှားလာစိုက်ပါတယ်။ လာတဲ့အထဲ ထိုင်း၊ ဂျပန်၊ ကိုးရီးယား၊ ရုရှား အားလုံး ပါပါတယ်။

စိုက်ပျိုးမြေတွေ ဘယ်လောက်ပေါလဲ ဆိုရင် တဧက ၅သိန်းဆိုတာ ရောင်းဈေးပါ။ ပခန်းကြီးရွာဖက်မှာ ဆိုရင် မြန်မာတွေက အစိုးရက ပြီးအောင်လုပ်မပေးခဲ့တဲ့ ရေကာတာက ရေကို ဘယ်လို သွယ်ရမှန်း မသိတဲ့အချိန်မှာ ဂျပန်တွေက ရေတွင်း တူးပြီး စိုက်ပျိုးရေး လုပ်ကြပါတယ်။
မြန်မာ လူငယ်တွေ အလကား မနေပါနဲ့။ စိုက်ပျိုးရေးကို ကိုယ်တိုင် နားမလည်လည်း နားလည်သူနဲက တွဲ လုပ်ကြပါ။ နည်းနည်းက စနိုင်စနိုင် အခုကတည်းက စလုပ်သင့်ပါပြီ။ စိုက်ပျိုးရေး ဘွဲ့ရတွေလည်း ရှိကြပါတယ်။ လစာ နည်းနည်းနဲ့ လုပ်နေရချိန်မှာ ခုလို အပြင်ဖန်းအလုပ်ကလေးတွေ အကြံပေးအနေနဲ့ လုပ်နိုင်ရင် ဝင်ငွေလည်း တိုးတာပေါ့။

ပန်းလေး said...

တရုတ်တွေကို...စောက်ရမ်းကိုစောက်ရမ်းကိုမုန်းပါတယ်...သေလောက်အောင်မုန်းပါတယ်.............မြန်မာပြည်ကနေမြန်မာနိုင်ငံမဟုတ်တဲ့သူတွေကိုထုတ်ပေးပါ..ငါတို့တွေ...တရုတ်လက်အောက်ခံမဖြစ်ရအောင်...ခုဆိုတရုတ်ဘာသာစကားက...ဒုတိယဘာသာစကားလိုတောင်ဖြစ်နေပီ...........လမ်းမှာတရုတ်တွေကိုမြင်ရင်မုန်းလွန်းလို့....

နေလင်းအောင် said...

ဒီလိုလူတစ်စုကလုပ်နေတဲ့လုပ်ရပ်ကိုကြည့်ပြီး အားလုံးကိုတုတ်နဲ့ပတ်မရမ်းပါနဲ့... ကျွန်တော်ဟာ မြန်မာနိုင်ငံမှာမွေးတဲ့ တရုတ် တစ်ယောက်ပါ။ အဖေနဲ့အမေက တရုတ်သွေးပါလို့ တရုတ်ဆိုလို့တရုတ်ဖြစ်နေတာပါ။ မွေးကတည်းကကိုယ့်တိုင်းပြည်ဟာမြန်မာနိုင်ငံဖြစ်တယ်ဆိုတဲ့အသိရှိပြီးသားပါ။ ခုဝိုင်းဆဲနေကြတဲ့ ညီအစ်ကိုမောင်နှစ်မတွေလိုပဲ ကိုယ့်တိုင်းပြည်ပေါ်ချစ်တဲ့စိတ်အပြည့်ရှိပါတယ်။ ဒီလို လူတစ်စုရဲ့လုပ်ရပ်တွေကြောင့် အားလုံးဟာသူတို့လိုပဲလို့အထင်ခံရမတဲ့လား။ ကိုယ့်နိုင်ငံ(မြန်မာနိုင်ငံ)အပေါ်ချစ်တဲ့စိတ်ဟာ တော်ရုံ လူတွေလောက်တော့မရှုံးဘူးလို့ထင်ပါတယ်။ ဒီလိုပဲ ကျွန်တော့မိဘတွေဟာလည်း နိုင်ငံအပေါ်ချစ်တဲ့စိတ်ရှိပါတယ်။ လုပ်ကိုင်နေတဲ့ အလုပ်မှာလည်း အစိုးရနဲ့ပတ်သက်မှုမရှိသလို သူတို့ကိုလည်းဘယ်တုန်းကမှ အထင်မကြီးခဲ့ပါဘူး။ ကျွန်တော်တို့မိသားစုလို လူတွေ ဒီလိုပဲ နိုင်ငံထဲမှာ တစ်ပုံကြီးရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဒီလို့ ကိုယ်ကျိုးပဲကြည့်တတ်တဲ့လူတစ်စုရဲ့လုပ်ရပ်တွေကြောင့် ကျန်တဲ့ဘာမှမဆီမဆိုင်တဲ့ လူမျိုးစုတစ်ခုလုံးကိုပါ တုတ်ရှည်ရှည်နဲ့ပတ်ရမ်းတာတော့ကောင်းမယ်မထင်ဘူး။ ခုဒီလိုတွေဖြစ်နေတာဟာ ကိုယ့်နိုင်ငံမှာအုပ်ချုပ်နေတဲ့လူတွေရဲ့အတ္တကြီးပြီးလုပ်နေတဲ့ အသုံးမကျတဲ့လုပ်ရပ်တွေကြောင့်ပါ။ သူတို့တွေလဲသူတို့စရိတ်နဲ့သူတို့သွားပါလိမ့်မယ်။ Let us widen our vision and let's fight for the best of our country...

(နေလင်းအောင်)ကျီတော်အိမ်ရာ မင်္ဂလာတောင်ညွန့်

Powered by Blogger.