ယနေ့ နေပြည်တော်ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ

ဓာတ်ပုံ- ထူးသန့်
ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
င်က တစ်ပတ်အတွင်း ကြေငြာပေးသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသည်။ သို့သော် မြို့နယ်နှင့် ခရိုင်ကော်မရှင်များက မဲလက်မှတ်များ ရေတွက်ပြီးသည်နှင့် ကြေငြာပေးသွားမည်ဟု သတင်းရရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ စုစုပေါင်း ၁၅၉ ဦးကို လာရောက်လေ့လာခွင့်ပြုထားကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသည်။

ကြိုတင်မဲနှင့်ပတ်သက်၍ မသမာမှုများမှာ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မရှိစေရကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌဦးတင်အေးက ပြောသည်။
““ဒီလိုမျိုး ကျနော့်လက်ထက်မှာ မဖြစ်စေရဘူး”” ဟု ဦးတင်အေးက ပြောသည်။

နယ်မြေလုံခြုံမှုအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပရန် ရွှေ့ဆိုင်းထားသော ကချင်ပြည်နယ်မှ မဲဆန္ဒနယ်သုံးခုကို တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲ မဖြစ်နိုင်သော ကြောင့် ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး၊ နယ်မြေလုံခြုံပြီး တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန် အခြေအနေရှိလာသည်နှင့် ချက်ချင်းကျင်းပပေးသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသည်။
ဓာတ်ပုံ- ထူးသန့်
ရွေးကောက်ပွဲတွင် သတင်းရယူမည့် သတင်းထောက်များကို မဲရုံပြင်ပမှာပင် သတင်းရယူခွင့်ပြုမည်ဖြစ်ပြီး မဲရုံအတွင်းဝင်ရောက်သတင်းရယူခွင့်ပြုမည်မဟုတ်ကြောင်း ဦးတင်အေးက ပြောသည်။ မဲဆန္ဒရှင်များ၏ လျှို့ဝှက်မဲဆန္ဒပေးမှုကို အနှောက်အယှက် မဖြစ်စေလိုသည့်အချက်မှာ မဲရုံအတွင်း သတင်းရယူခွင့်မပြုခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်ကြောင်းလည်း ၎င်းကရှင်းပြသည်။
နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းသည်ဖြစ်စေ၊ မရုပ်သိမ်းသည်ဖြစ်စေ မိမိ၏ တာဝန်မှာ တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲဖြစ်လာစေရန် ဆောင်ရွက်ရ မည်သာ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ယနေ့(၂၈.၃.၂၀၁၂) ရက်က နေပြည်တော်ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

by- 7Day News
ယနေ့ နေပြည်တော်ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ယနေ့ နေပြည်တော်ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ Reviewed by သစ်ထူးလွင် on 12:08 Rating: 5

12 comments:

Ko Htet said...

သာဓု ပါဗျာ-*----
နှစ်ခွန်းတော့ မခေါ်ရဲသေးဘူး----
ဦးလေးတို့က အမျိုးမျိုး လုပ်လွန်းလို့ပါ။

ladyjune said...

ok.ပြောတဲ့အတိုင်းတည်အောင် လုပ်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
ကော်မရှင်ကြီးရေ.

konyo said...

ကြိုတင်မဲနှင့်ပတ်သက်၍ .......................
““ဒီလိုမျိုး ကျနော့်လက်ထက်မှာ မဖြစ်စေရဘူး”” ဟု ဦးတင်အေးက ပြောသည်။ ဆိုတော အရင်က ဖြစ်ခဲ့တယ်ဆိုတာ အလိုလိုဝန်ခံပြီးဖြစ်တော့တာပေါ့..။

konyo said...

ကြိုတင်မဲနှင့်ပတ်သက်၍ မသမာမှုများမှာ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မရှိစေရကြောင်း ........
““ဒီလိုမျိုး ကျနော့်လက်ထက်မှာ မဖြစ်စေရဘူး”” ဟု ဦးတင်အေးက ပြောသည်။ ဆိုတော့ အရင်က မသမာမှုတွေရှိခဲ့တယ်လို့ ပြောရာရောက်ပြီပေါ့ ...

ziwasoe144 said...

သတင်းစာမှာရှင်းကြပါ။ မဟုတ်တာတွေတော့ မရှင်းကြပါနဲ့။

Toe Toe said...

နေပြည်တော်မှာဒီရက်ပိုင်းအတွင်းမဲစာ၇င်းမှာမပါတဲ့သူတွေကိုပြန်ထည့်ပေးတာ
ကိုတွေ့ရလို့ဦးတင်အေးပြောတာကို ယုံကြည်ပါတယ်၊ဒါပေမဲ့ပြည်သူကမသိနိုင်တဲ့
တခြားနည်းနဲု့ရပ်/ကျေး ကော်မရှင်တွေကညစ်မှာကိုစိုးရိမ်နေကြတယ်။အပြောနဲ့
လုပ်ရပ်တိုးတက်မှုတူညီတာကိုတွေ့ရလို့ကျေးဇူးတင်ပါတယ်။တပ်ထဲမှာကထဲက
တခြားလူတွေထက်သဘောကောင်း၊မျှတတယ်လို့ကြားသိထားပါတယ်။မှန်မှန်
ကန်ကန်နဲ့ဆက်လက်ဆောင်ရွက်နိုင်တဲ့အာဏာမြဲပါစေလို့ဆန္ဒပြုပါတယ်။

ဒီမိုကရေစီလိုလားသူ said...

““ဒီလိုမျိုး ကျနော့်လက်ထက်မှာ မဖြစ်စေရဘူး”” ...သူ့လက်ထက်မတိုင်ခင်ကဖြစ်ခဲ့တယ်လို့ဆိုလိုတာဘဲ...ပြီးခဲ့တဲ့ရွေးကောက်ပွဲကမသမာဘူးဆိုတာကိုယ့်ဘာသာကိုယ်ဖော်လိုက်တာဘဲဗျာ...အရင်ကလည်းမယုံခဲ့တော့ အခုလိုပြောတော့လည်းမယုံနိုင်ဘူးဗျို့...ဘယ်လိုကလိမ်ကကျစ်ဥာဏ်တွေထွက်လာအုန်းမလည်းမသိသေးဘူး...

ဒီမိုကရေစီလိုလားသူ said...

အရင်ကမသမာမူတွေလုပ်ခဲ့တယ်ဆိုတာအထင်းသားကြီးပါ...ဒါကြောင့်လည်းဒီလူတွေအခုလိုပြောနိုင်သေးတာပေါ့...အရင်ကလည်းမယုံသလိုအခုလည်းမယုံနိုင်သေးပါဘူးဦးတင်အေးခင်ဗျာ... အပြောနဲ့ဘဲမလုပ်ဘဲ အလုပ်လေးနဲ့လည်းသက်သေပြပါအုန်း...ကြားရတာများတော့နားကြားပျင်းကတ်နေပြီ...

san said...

နိုင်ငံကိုခေါင်းဆောင်တဲ့သူတိုင်းပြည်သူတွေလေးစားအားထားလောက်တဲ့အရည် အချင်းရှိဖို့လိုတယ်ဗျာ။....

ရာရာ said...

ကျားဥပုသ်စောင့်တယ်ဆိုတာကို ကြားဖူးကြလား...သမင်လေးကိုလိုက်လို့မမှီတော့မှ တော်ပါသေးရဲ့..ငါ့ဥပုသ်မကျိုးသေးလို့ ဆိုပြီးဆက်စောင့်နေတာလေ။ အဲ့ဒီလိုပါပဲ..ရမလားလို့ လုပ်ကြည့်ပါသေးတယ်။ မရတော့မှ ရိုးသားသလိုလို၊ ခိုးမစားသလိုလိုနဲ့ရူးချင်ယောင်ဆောင်သွားတာပါ။ "ပြီးပါပြီ" စာတမ်းထိုးတဲ့အထိစောင့်ကြည့်ရပါဦးမယ်။ စိတ်မချသေးပါ။

aung naing said...

ဦးတင်အေးခင်ဗျားသမာသမတ်ကျတယ်မှန်ကန်တယ်ဆိုရင်ကြံဖွတ်တွေစည်းကမ်းဖေါက်မဲဆွယ်နေတာတွေကိုဘာလို့အေ၇းမယူတာလဲအချငိးချင်းဖြစ်နေလို့လား၊ဒါဆို၂၀၁၅ရွေးကော်ပွဲမှာအာဆီယံကိုကော်မရှင်လုပ်ခိုင်းရဲလား၊တကယ်ကြံဖွတ်ကပြည်သူထောက်ခံမှု၇တယ်ဆိုရင်လုပ်ရဲရမယ်နော်။

ဖြိုးသီဟ said...

ပြောနဲ့လုပ်ညီပါစေနော်ဦးတင်အေး

Powered by Blogger.