ဝန်ကြီးဌာနတွေ လာဒ်စားမှု ပြည်ထောင်စုလွှတ်တော်သို့ တိုက်ရိုက်တင်ပြသွားမည်

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး မှစစ်ဆေးတွေ့ရှိခဲ့သော ပြည်ထောင်စု ၀န်ကြီးဌာနအချို့နှင့်ပတ်သက်သည့် အချက်အလက်များကို ပြည်ထောင်စု လွှတ်တော်သို့ တိုက်ရိုက်တင်ပြသွားမည်ဖြစ်ပြီး ကျန်ဝန်ကြီးဌာနများကို လည်း ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က ပြောကြားခဲ့သည်။ပြည်သူ့လွှတ်တော် ပြည်သူ့ ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က''ပြည်သူ့ငွေစာရင်းကော်မတီက စစ်ဆေးတွေ့ရှိခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးဌာန ခြောက်ခုရဲ့ အချက်အလက်တွေကို ပြည်ထောင်စု လွှတ်တော်ကို တိုက်ရိုက် တင်ပြသွားမှာပါ။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက တခြားဝန်ကြီးဌာနတွေကို ထပ်မံစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်တွေကို ထပ်မံတင်ပြလာရင် အခုရရှိထားတဲ့ အချက်အလက်တွေနဲ့ ပေါင်းပြီး ပြည်ထောင်စု လွှတ်တော်ကို ထပ်မံတင်ပြပေးသွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ကတော့ လွှတ်တော်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး အရေးယူမှုအပိုင်းကတော့ အုပ်ချုပ်ရေးဘက်က ဆောင်ရွက်ရမှာပါ''ဟု ပြောကြားခဲ့သည်။ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များကို စာအမှတ် စဆ/၂၂၁ (၆/၂၀၁၂)နှင့်စဆ- ၃/၆၀၃၅(၈၂/ ၂၀၁၂)တို့ဖြင့် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီသို့ အစီရင်ခံစာ ပေးပို့ခဲ့ရာတွင် အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သမ၀ါယမ၀န်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့၏ ယခင်အစိုးရလက်ထက်မှ ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်း မလိုက်နာမှုများကို ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
EMG
ဝန်ကြီးဌာနတွေ လာဒ်စားမှု ပြည်ထောင်စုလွှတ်တော်သို့ တိုက်ရိုက်တင်ပြသွားမည် ၀န်ကြီးဌာနတွေ လာဒ်စားမှု ပြည်ထောင်စုလွှတ်တော်သို့   တိုက်ရိုက်တင်ပြသွားမည် Reviewed by သစ်ထူးလွင် on 16:58 Rating: 5

24 comments:

Unknown said...

I understand why USDP try to belittle the great role of Aung San. The people from USDP are mostly disciples of late dictator Ne Win who is always jealous of Aung San though he is not a match for such a great national leader. There are evidence in history when Ne Win and his followers tried to idolized him by naming Ne Win as father of Myanmar military while they said Aung san is father of Myanmar’s freedom. Unfortunately, there are some people still alive at that time to object that claim and finally Ne Win himself declare publicly that father and founder of current myanmar military is Gen. Aung San as he knew very well that the his image won’t be good in public opinion if he insisted. Not surprisingly, we can guess the intelligence of the writer of this article through his writing. I just wonder such an ungrateful guy really existed in Myanmar as we are all hugely indebted to Aung San and other national leaders who sacrifice their lives for the freedom.Even if they hate Daw Su, they should not try to touch the name of Aung San as he’s so great in Myanmar history. If USDP is a party of such group of people I really wish that they lost in all elections.
The problem with USDP is that they are a brazen bunch of thieves, killers and rapists who irresponsibly misled our country into poverty while getting themselves rich by exploiting resources of our motherland, at the same time pretending as if they are great savior of the country. SHAME to YOU , USDP people.

Ar Ga said...

သတ်တုတွင်း ၀န်ကြီး ပြောတော့ အဲလို ကိစ်စ မ၇ှိပါဘူးဆို .. တ၇ားတောင် ပြန်စွဲဦးမယ်တဲ့ ။ Ha ha , မ၇ှက်ကြပါလားနော်

Ko Htet said...

အော် နအဖ၊နအဖ စားထားတာတွေများလိုက်တာ။
ပြောတော့လဲဝန်ကြီးတစ်ယောက် ၄၀၀,၀၀၀/-တဲ့ နေအိမ်တွေ၊ ကားတွေ ကြည့်ရင်တော့ U$ လား၊ kyats လား၊ စဉ်းစားကြပါ။
ပြည်သူတွေကို စာနာစိတ်မရှိတဲ့ သူတွေပါလား။

Killer said...

စပြီဗျို့ .... ထောင်ချရင်တော့ အောက်လက်ငယ်သားကို ထောင်မချနဲ့နော်

sandar said...

အဲလိုဆိုရင်တော့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရေ မီးသတိ.......။ လက်သည်မပေါ်တာတွေကအများကြီးဖြစ်နေတယ်...

Unknown said...

ဒါနဲ့ သတ္တုတွင်း ၀န်ကြီးကမဟုတ်ဘူးဆို တရားစွဲမယ်ဆို သေချာရင်တော့ သတင်းရေးတဲ့ဂျာနယ်ကလဲ ပြန်တရားစွဲသင့်တယ်နော်

myochitnanda said...

"လာဘ်" "လာဘ်၊ လာဘ" ဆိုတဲ့ အသုံးလေးတွေ သတိပြုမိစေချင်ပါတယ်... အမှားကြာ အမှန်ဖြစ်မှာစိုးလို့ ပါ... နောက်တစ်ခု သတိထားမိတာက မြန်မာသတင်းစာမျက်နှာ တော်တော်များများမှာ comment ပေးတဲ့သူတွေက ကြောက်စရာကောင်းလောက်အောင် စာလုံးပေါင်းတွေ မှားနေကြတာကိုပါ (ပါဌ်ဆင့် မရိုက်တတ်၊ ရိုက်မရတဲ့ သူတွေကို မဆိုလိုပါ)... ဆိုလိုတာက သူတပါးအားနည်းချက်ကို ထောက်ပြ၊ဝေဖန်ချင်တဲ့သူအနေနဲ့  ကိုယ်တိုင်ကိုယ်က အခြေခံအကျဆုံး ကိစ္စလေးတွေမှာ တတ်နိုင်သမျှ အမှားကင်းစေချင်တာပါ...

ဥုံဖွ said...

မြန်မြန်ဖော်တော.မြန်မြန်ပေါ်တာပေါ.

Myanmar said...

ဒါမှ တို့ လွှတ်တော်ဥက္ကဌကြီးကွ။ သြော်.. ကြံ့ဖွတ်နဲ့တော့မဆိုင်ဘူးဗျ။ အဲဒီပါတီကတော့ သူခိုး ဓမြပါတီ။ ။

မောင် said...

မိဘပြည်သူများက
စောင့်ကြည့်နေပါတယ်။
တရားမျှတမှုကိုလိုလားတဲ့ ပြည်သူ့ဘက်လိုက်သော မီဒီယာများ တာဝန်ကျေကြပါတယ်။ ဆက်လက်ဖော်ပြနိုင်ပါစေ။

တရားဥပဒေ၊ လွတ်တော်အမတ်များနှင့် ဥက္ကဌများ
တာဝန်လေးစားမှုရှိမရှိ စောင့်ကြည့်ရမှာပါ။
လူစားထိုးတာတွေ၊ အနိမ့်ပိုင်းကတာဝန်ရှိသူတွေက ကိုယ်စားမခံရစေချင်ပါ။
တာဝန်ရှိသူ တာဝန်ခံသူ အားလုံးကိုထိထိရောက်ရောက် အရေးယူစေချင်ပါတယ်။
ဒါမှဘဲ
မိဘပြည်သူမျှော်လင့်ထားတဲ့
စကားအဖြစ်သာမဟုတ်သည့်
ကောင်းမွန်သော၊ သန့်ရှင်းသော အုပ်ချုပ်မှုဖြစ်လာမှာပါ။

မောင် said...

မိဘပြည်သူများက
စောင့်ကြည့်နေပါတယ်။
တရားမျှတမှုကိုလိုလားတဲ့ ပြည်သူ့ဘက်လိုက်သော မီဒီယာများ တာဝန်ကျေကြပါတယ်။ ဆက်လက်ဖော်ပြနိုင်ပါစေ။

တရားဥပဒေ၊ လွတ်တော်အမတ်များနှင့် ဥက္ကဌများ
တာဝန်လေးစားမှုရှိမရှိ စောင့်ကြည့်ရမှာပါ။
လူစားထိုးတာတွေ၊ အနိမ့်ပိုင်းကတာဝန်ရှိသူတွေက ကိုယ်စားမခံရစေချင်ပါ။
တာဝန်ရှိသူ တာဝန်ခံသူ အားလုံးကိုထိထိရောက်ရောက် အရေးယူစေချင်ပါတယ်။
ဒါမှဘဲ
မိဘပြည်သူမျှော်လင့်ထားတဲ့
စကားအဖြစ်သာမဟုတ်သည့်
ကောင်းမွန်သော၊ သန့်ရှင်းသော အုပ်ချုပ်မှုဖြစ်လာမှာပါ။

ko htat said...

စစ်တပ်က တိုင်းပြည်ကိုအုပ်ချုပ်လိုက်တော့မှဘဲ
စစ်တပ်ကလူကြီးတွေဟာဘယ်လိုအ၇ည်အချင်းတွေ၇ှိလဲ
ဆိုတာသိတော့တယ် အ၇င်ကတော့တပ်မတော်နေ့ဆိုချီ
တပ်နေတာတွေကြည့်ပီး သဘောကြလိုက်တာ ခုတော့
စစ်တပ်ဆို ဘာမှကိုမယုံ၇ဲတော့ဘူး ပြည်သူပိုင်တဲ့ငွေ
တွေကိုတောင်သူတို့ ဒမြတိုက်လုယက်နေကြပြီ၊
စစ်တပ်ထဲမှာလဲ လူကောင်းတွေ စဉ်းစားညဏ်၇ှိတဲ့သူ
တွေတော့ကျန်အုံးမှာပါ တပ်ကိုချစ်တဲ့သူတွေလဲ၇ှိနေမှာ
ဘဲအဲ့လူတွေကဘာလုပ်နေလဲ ကိုချစ်မြတ်နိုးတဲ့စစ်တပ်
ကို ပြည်သူတွေ၇ွံမုန်းအောင် ကမ္ဘာကပါသိအောင်လုပ်
နေတာ လက်ပိုက်ကြည်နေကြမှာလား ပြည်သူနဲ့ပူးပေါင်း
ပီး ပြောင်းလဲမှုတခုအတွက် ဒီအချိန်ဟာအကောင်းဆုံး
အချိန်တခုပါဘဲ
တပ်နဲ့ပြည်သူအမြဲကြည်ဖြူတဲ့
ခုတော့ တပ်နဲ့ပြည်သူ ဒို့၇န်သူ
ပြည်သူနဲ့တပ် ဒို့၇န်ဖက်

သူရိယ said...

ဲပြန်ကြားရေးကဂျပု ငိုကျော်ဆန်းကတော့ ထိုးကြွေးဖို့ ၃ ယောက်ရှာထားပြီ။

Sandi said...

လက်ရှိ ၀န်ကြီးတွေကော၊ ၀န်ကြီးပြုတ်တွေကော၊
ဘယ်သူက သတ္တိရှိရှိ “ကျွန်တော့မှာတာဝန်ရှိပါတယ်”
လို့ ပြောရဲမှာလဲဆိုတာ၊ စောင့်ကြည့်နေပါတယ်။
“စစ်တပ်ကလာတာ၊ဘယ်တော့မှသွေးမကြောင်ဘူး”
လို့ ပြောခဲ့ကြတဲ့သူတွေလေ.......

iban said...

လွှတ်တော်မှာ မှန်တာကို တင်ပြရဲသူတွေကို မြေတောင်မြှောက်ပေးတဲ့ သူရဦးရွှေမန်းကို လေးစားတယ်။ ဒီကိစ္စတွေကို လွှတ်တော်က ဘယ်လိုကိုင်တွယ်မလဲဆိုတာ တိုင်းပြည်က စောင့်ကြည့်နေပါတယ်။

နဂါးမျက်လုံး said...

စာရင်းစစ်တွေ ပြောတာကို ယုံတယ်ဆိုတဲ့သဘောပေါ့....
တကယ်စားနေတာက သိတယ်မဟုတ်လား....
စာရင်းစစ်စစ်လို့မိလည်း မသကာ အစွန်အဖြားပေါ့....
ဒါပေမယ့် အစွန်အဖြား မစားရညှော်ခံတွေ ပေါက်ကွဲယင်တော့...
အကုန်ပေါ်လာနိုင်လောက်ပါတယ်....

khaingkhaing said...

စာရင်းစစ်ချုပ်က အရင်အစိုးရလက်ထက်တုန်းက ဘာဖြစ်လို့မတင်ပြရဲ့တာလဲ။ စာရင်းစစ်တို့။စစစတို့လဲကင်းနိုင်ကြရဲ့လား။အားလုံးကို မြေလှန်သင့်ပြီ

tharzaw said...

(ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေး
တွေ့ရှိခဲ့သော ပြည်ထောင်စု ၀န်ကြီးဌာနအချို့နှင့်
ပတ်သက်သည့် အချက်အလက်များကို ပြည်ထောင်စု လွှတ်တော်သို့ တိုက်ရိုက်တင်ပြသွားမည်ဖြစ်ပြီး ကျန်ဝန်ကြီးဌာနများကိုလည်း ဆက်လက် စစ်ဆေးလျက်
ရှိကြောင်းပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က ပြောကြားခဲ့သည်။)

၎င်းလိုပုဂ္ဂိုလ်မျိုး လွှတ်တော်ထဲ များများလိုသည်။
ဇိမ်ယစ်ပြီး အိပ်ငိုက်နေတဲ့ ၂၅% မလိုပါ။

kk said...

စာရင်းစစ်ချုပ်ရုံးတော့ မီးသတိထားဗျို့ .သာဓကတွေရှိတယ်နော်
နအဖ လက်ထက်က ရန်ကုန်ပန်းဆိုးတန်းလမ်းက စာရင်းစစ်ချုပ်ရုံး ကြာတော့ကြာပါပြီ နှစ်ချုပ်စာရင်းပိတ်ခံနီးမှာ မီးလောင်သွားတာ နော် ဘယ်သူလက်ချက်လဲတော့မသိဘူး လုပ်တဲ့သူတော့သိမှာပါနော့်....

pyaponthu said...

နိုင်ငံအုပ်ချူပ်သူဟာ တကယ်အရည်အချင်းရှိတဲ့သူဘဲ ဖြစ်သင့်တယ်။စစ်တပ်ဆိုတာ စစ်တိုက်ဖို့။ပြည်သူရဲ့အသက် အိုးအိမ်ကိုကာကွယ်ဖို့ဖြစ်တယ်။တိုင်းပြည်အုပ်ချူပ်တဲ့သူတော့ မဖြစ်သင့်ဘူးဘာကြောင့်လဲဆိုတော့ လက်ရှိ မြန်မာ ပြည် သံယဇာတ ကြွယ်ဝရဲ့သား နဲ့ ဆင်းရဲနေတယ်။အသိသာကြီးပါ။တိုင်းပြည်ကို ထီထက်တော့ ဆွဲမနစ်ကြပါနဲ့တော့။ပြည်သူတွေလည်း သူတောင်းစားဖြစ်ကုန်ဘီး။

Wai Lin Aung said...

စာရင်းစစ်ချူပ်ရုံးက အခုမှ တွေ့တာလား အရင်ကတည်းကမသိဘူးလား ။အခု ပြောရဲ စစ်ဆေးရဲ တဲ့ အဆင့် အခုမှရောက်တာလား ဘယ်လိုပဲ ဖြစ်ဖြစ် အခုလိုသိရလို ၀မ်းသာပါတယ် နောက် လည်း ကိုယ်တာဝန်ကိုယ်ကျေပေါ့ မကျေရင် အဆဲ ခံရမယ် .

Anonymous said...

ဒီစာရင်းစစ်ဆေးတွေ့ရှိချက်တွေက ကြာပါပြီ.....
ခုမှ ဘာလို့ ဒီလို ပွဲဆူအောင်ဖွ တာလည်း...
အကြောင်း တစ်ခုခု ကိုလှည့်ကွက် တစ်ခု အဖြစ်နဲ့မြင်တယ်
ဖြစ်နိုင်ခြေ အရှိဆုံးကတော့ DASSK လွှတ်တော်ထဲ ရောက်မလာခင်
သူတို့ စားထားတာတွေ မပေါ်အောင် တစ်ချို့တစ်ချို့ကို စတေးတာလို့ မြင်ပါတယ်

purewhite said...

ကြိုဆိုပါတယ် ဘာပြောပြော ဦးသူရရွှေမန်းကိုလည်းကြိုဆိုပါတယ်။ ဒီလိုတွေလုပ်ပြီး အမှန်ပေါ်လာရင် ပြည်သူ့ဘဏ်ဏာ အဖြစ်ပြန်သိမ်းပြီး တိုင်းပြည်ကြွေးတွေဖဲ့ဆပ်လိုက်ပေါ့။ ၀န်ထမ်းတွေ နောင်ကျဉ်သွားအောင်လုပ်လိုက်ရင် တဖြည်းဖြည်း အကျင့်ပျက်ဝန်ထမ်းနည်းသွားမှာပေါ့။ အချိန်တော့နည်းနည်းယူရမယ် ပြောင်းလဲမှုလမ်းကြောင်းပေါ်တက်လာတယ်လို့ စတင်ခံစားရသလိုလိုဖြစ်လာပါပြီ။ ကျေးဇူးတင်ပါတယ်။

datha said...

အမိ တပ်မတော်အား စာလုံးပေါင်း သတ်ပုံပြင်ဆင်ခြင်း

ယခင်-------- အမိ သတ်မတော်
ယခု -------- အချင်းချင်း သတ်မတော်
ပြောင်းလဲ ခေါ်ဝေါ်ကြပါရန် ညွန်ကြားချက်ထုတ်ပြန်လိုက်ပါသည်

ပုံ
သမ္မတကြီး

Powered by Blogger.