ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ကော့မှူးသို့ ထွက်ခွာပြီ

ရန်ကုန် (မဇ္ဈိမ) ။        ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်သည် သူမရွေးကောက်ခံမဲဆန္ဒနယ်မြေဖြစ်သည့် ကော့မှူးမြို့နယ်သို့ သွားရောက်ရန် ယနေ့ ညနေ လေးနာရီအချိန်တွင် နေအိမ်မှ ထွက်ခွာသွားခဲ့သည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ မိုင်လေးဆယ်ကျော် ကွာဝေးသည့် ကော့မှူးမြို့နယ်ရှိ ဝါးသိင်္ခကျေးရွာတွင် ယနေ့ (စနေနေ့) ညအိပ်နားခိုမည်
ဖြစ်သည်။
gonetokomoo1
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော့မှူးမဲဆန္ဒနယ်မြေသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့်ကား နေအိမ်မှထွက်ခွာစဉ် ပြည်တွင်း၊ ပြည်ပမှ သတင်းသမားများနှင့်အတူ မတ်လ ၃၁ ရက် ၂ဝ၁၂ ခုနှစ် ညနေ ၄ နာရီအချိန်က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာတွင် စနေနေ့ည ညအိပ်နားခိုမည်ဖြစ်သည်။

တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် ခရီးစဉ်နှင့်အတူ လိုက်ပါသတင်းယူမည့်
ပြည်တွင်းပြည်ပ သတင်းသမားများ တရာကျော်က  မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်မှ စ၍ စောင့်ဆိုင်းနေခဲ့သည်။

နေအိမ်မှထွက်ခွာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးတွင် တပ်ဆင်ထားသည့်
ရွေးကောက်ပွဲ သတင်းအချက်အလက်များ ထုတ်ပြန်ပေးမည့် LED ဆိုင်းဘုတ်တပ်ဆင်ပြီးစီးမှုကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ကော့မှူးသို့ ထွက်ခွာပြီ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ကော့မှူးသို့ ထွက်ခွာပြီ Reviewed by သစ်ထူးလွင် on 18:31 Rating: 5

14 comments:

စစ်မုန်း said...

အောင်မြင်ပါစေအမေ

2015newgeneration@gmail.com said...

ပြည်သူချစ်တဲ့ အမေ ဘေးရန်အပေါင်းမှ ကင်းဝေးပါစေ....
ပြည်သူချစ်တဲ့အမေ့ကို ဘေးရန်ပြုချင်သူများ ကိုယ့်ဒဏ် ကိုယ်ခံရပါစေ...
မြန်မာပြည်မှာရှိတဲ့ ပြည်သူလူထုက အမေစုကိုချစ်ပါတယ် အဲ့လိုပဲ ယခုလက်ရှိနေတဲ့ အုပ်ချုပ်နေတဲ့သူကို မယုံမရဲဖြစ်နေတယ်ပါတယ် .. ဤမှန်သောသစ္စာစကားကြောင့် ၁ ရက်နေ့ ဟာ ပြည်သူတွေအားလုံးပျော်တဲ့ ဖြစ်ပါစေ...
(အမေ့ဘေးမှာ လိုက်ပါနေသူများ ခင်ဗျား သတိရှိကြပါ။။။)
(အမေ့အတွက် အရမ်းကို စိုးရိမ်ပူပန်နေရပါတယ်)
ပြည်သူတွေအားလုံးရဲ့ အားကိုးအားထားရာ ဗိုလ်ချုပ်ရဲ့တဦးတည်းသောမျိုးဆက်ကို ဘာအကြောင်းကြောင့်မှ အဆုံးရှုံးမခံနိုင်လို့ပါ) ကျေးဇူးတင်ပါတယ်..

zarni said...

အမေစု နှင့်တကွ NLD အမတ်လောင်းများအားလုံး အောင်မြင်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။ အောင်ရမည်-အောင်ရမည် -အောင်ရမည်။

မြန်မာ့မြေ said...

အောင်မြင်ပါစေ အမေ

tkm said...

အမေစု....အောင်မြင်ပါစေ....
ဆုတောင်းနေပါတယ်

paukhlange said...

အမေအောင်မြင်မယ်ဆိုတာသိနေလို့ အမေဘေးရန်ကင်းပါစေလို့ပဲသားဆုတောင်းပါတယ်အမေ။

tt said...

အမေရဲ့ အောင်ပွဲ ဖြစ်ပါစေ

pesi said...

အမေစု နှင့်တကွ NLD အမတ်လောင်းများအားလုံးမုချ အောင်ရမည်။

pesi said...

အမေစု နှင့်တကွ NLD အမတ်လောင်းများအားလုံးမုချ အောင်ရမည်။

nyiminthant.com said...

အမေ အောင်မြင်ပါစေဗျာ..............

king wunn said...

မှန်ကန်စွာနဲ့ ထွက်လာမဲ့ အဖြေဆိုရင်တော့ အမေဟာ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရလောက်အောင် အောင်နိုင်မှာပါ အမေရယ်...

skynat said...

အမေ အောင်နိုင်ပါစေဗျာ

goldentiger.mhs said...

စစ်မှန်တဲ့အရည်အချင်းနဲ့အောင်မြင်မှုဆိုတာ နှစ်ကာလတွေနဲ့ ဘယ်လိုမှ ပိုင်းခြားလို့မရဘူးလို့ သက်သေပြလိုက်တဲ့ ဒီနေ့ဟာ ရာဇ၀င်ထဲမှာ မော်ကွန်းတင်ကျန်ရစ်စေမှာ အမှန်ပဲ

goldentiger.mhs said...

စစ်မှန်တဲ့အောင်မြင်မှုဆိုတာ အချိန်ကာလဘယ်လောက်ပဲပြောင်းပြောင်း ဘယ်တော့မှ ပြောင်းမသွားဘူးလို့ ဒီနေ့မှာ တစ်လောကလုံးကို သက်သေပြလိုက်နိုင်တဲ့အတွက် ဖော်မပြတတ်အောင် ကျေနပ်ရပါတယ်
တိုင်းပြည်အတွက် နောက်ထပ်အောင်မြင်မှုတွေ ရရှိအောင် ဆောင်ရွက်ပြခြင်းနဲ့ ဆန်ကုန်မြေလေးတွေရဲ့ပါးစပ်ကိုပိတ်ပေးပါအမေ

Powered by Blogger.