အစိုးရအဖွဲ့က ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ပြပြီး သွယ်ဝိုက်မဲဆွယ်

နေပြည်တော်၊ မတ်လ ၂၈ ရက်၊ ၂၀၁၂ ခုနှစ် (YPI) ဆိုင်းဆွတ်

ဇမ္ဗူသီရိမြို့နယ်အတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့  အပြိုင်အဆိုင်မဲဆွယ် စည်းရုံးနေချိန်တွင် ဦးသိန်းစိန်အစိုးရ အနေဖြင့် ယင်းရွာများတွင် လမ်းတံတားများဖေါက် လုပ်ပေးခြင်း ၊ မီးအားမြင့်စက်များချပေးခြင်း တို့ကို  အင်တိုက်အားတိုက် လုပ်ဆောင်နေသည်ဟု ရွာသားတစ်ဦးက ပြောသည်။

“ကျွန်မတို့ ရွာမှာ ဆို ဒီ ကာလ အတွင်းမှာ သမ္မတကြီးက လမ်းတွေဖောက်ပေးတယ် တံတားဆောက်ပေးတာတွေ လုပ်ပေးနေပါတယ် ပြီးတော့ ဇမ္ဗူသီရိထဲမှာ ရှိတဲ့် ရွာသုံးရွာကိုလည်း မီးတိုင်တွေလုပ်ပေးတယ် မီးလင်းရေး တွေလုပ်ပေးတာတွေ လုပ်ပေးနေတာကို တွေ့နေရတယ် ဟု ယင်း ရွာသားတစ်ဦးက ပြောသည်။

ထို့သို့ပြုလုပ်ပေးခြင်း အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စာလှယ် မစန္ဒာမင်းက နေပြည်တော်မှာရှိတဲ့ ပြည်သူများက အစိုးရက လုပ်ပေးရမည့် တာဝန်နဲ့ ပါတီက လုပ်ပေးရမည့်တာဝန်ကို ခွဲခွဲခြာခြားနားမလည် နိုင်သော အကြောင်းရင်များ ရှိနေသည်ဟု ပြောသည်။

အစိုးရ စီမံကိန်းနှင့် အစိုးရ ဘတ်ဂျက်ဖြင့် လုပ်ဆောင်နေသည့် လမ်းတံတားများ ဆောင်လုပ် ပေးခြင်းသည် အစိုးရတာဝန်တာဖြစ်ပြီး ယင်းတို့ပြုလုပ်ပြီးစီးချိန်တွင် ဖွင့်ပွဲများကို ကြံ့ခိုင်ဖွံဖြိုးရေးပါတီ တစ်ခုတည်းတာ တက်ရောက်ခွင့်ရရှိသောကြောင့် ပြည်သူများက ကြံ့ခိုင်ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်များဟု အမြင်မှားနေကြသည်ဟု မစန္ဒာမင်းက ပြောသည်။

“လမ်းဖောက်ပေးတာ တံတားဆောက်ပေးတာမီးပေးတာတွေလုပ်ပြီးဖွင့်ပွဲကျတော့ ကြံ့ခိုင်းဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးက ဖဲကြိုးဖြတ်လိုက်တာတို့ ဖွင့်ပွဲတွေလုပ်ပေးလိုက်တာတို့နဲ့ ပြည်သူတွေကို တပတ်ရိုက်နေတာ” ဟု ယင်းကထပ်မံပြောသည်။

ကြံ့ခိုင်းဖွိ့ဖြိုးရေးပါတီ ၏ လက်ကမ်းစာစောင်တွင်လည်း “နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးဝင်းဋ္ဌေးအား ထောက်ခံအားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟုသည် ပါဝင်သည်။

နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ် အတွင်း အဏာပိုင်များဇ။် အနှောင့်အယှက် အဟန့်အတား အမျိုးမျိုးကြားမှ မဲဆွယ်စည်းရုံးရေးပြုလုပ်နေရသည် ဟု ဇမ္ဗူသီရိ မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီ ကိုယ်စားလှယ်လောင်း မစန္ဒာမင်း ကပြောသည်။

အချို့ ရွာများတွင် အဏာပိုင်များနှင့် ကြံ့ခိုင်းရေးပါတီဝင် များက ရွာသားများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဟောပြောပွဲ များကို တက်ရောက်ခွင့် မပြုခြင်း ၊ ခြိမ်းခြောက်ခြင်းများ ခံနေရသည်ဟု ရှင်းပြသည်။

 
မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် တွင်ပြုလုပ်သည့် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲတွင် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းက ဖွင့်လှစ်ပေးစဉ်။

“ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာရောက်စည်းရုံမယ်လို့ပြောရင် စည်းရုံးနေစဉ်ရော မစည်းရုံးသေးခင်ရော တချို့သော အဏာပိုင်များက ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ရွာက လျှပ်စစ်မီး ဖြတ်တောက်တာတွေ လုပ်တာခံရတာ တွေရှိပါတယ်” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲ ဥပဒေတွင်ပါရှိသည့် ကော်မရှင်များဖွဲ့စည်းသည်အခါတွင် ဘယ်ပါတီဝင်မှ မဖြစ်စေရဟုပါရှိထားသော်လည်း  ဇမ္ဗူသီရိ မဲဆန္ဒနယ် ကျေးရွာများကော်မရှင် အဆင့်ဆင့်တွင် ကြံ့ခိုင်ရေးပါတီဝင်များပါဝင် နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေး အဖွဲ့ဝင် တစ်ဦးကလည်း “ ကျွန်တော်အိမ်ကို ခဲနဲ့ထုခံရတယ် ရပ်ကွက်အုပ်ချူပ်ရေးမှူးကိုတိုင်တော့လည်း ဘာမလုပ်ပေးဘူး ကျွန်တော်ဘက် ကထုမယ်ဆိုရင် ကျွန်တော်တို့ကို အရေးယူမှာ သေချာတယ်” ဟုပြောသည်။

သဲကြီးကုန်းရွာသည် ရွေ့ပြောင်းအလုပ်သမား အများအပြားနေထိုင်သောရွာဖြစ်သည်။ယင်းရွာ ကို NLD မဲဆွယ်စည်းရုံး ဟောပြောပွဲ ပြုလုပ်ခဲ့စဉ်က အဏာပိုင်အချို့က ရွာသားများကို “ မင်းတို့ဒီဟောပြောပွဲကို မတက်နဲ့ ဟောပြောပွဲတက်ရင် အထုပ်ပြင်ပြီး မင်းတို့ဒီရွာက ပြန်ဖို့ပြင်တော့” ဟု ပြောကြောင်း မစန္ဒာမင်းကပြောသည်။

ဇမ္ဗူသီရိမဲဆန္ဒနယ် ပြန်ကပြေးရွာမှ ရွာသားတစ်ဦးက “ ကျွန်မတို့ကို လည်း အမေစုပါတီနောက်လိုက်တဲ့သူတွေကို ဖမ်းမယ်လို့ ရွာမှပြောနေကြတာ ကျွန်မတို့က အမေစုပါတီမှ အမေစုပါတီဘဲ အမေစုပါတီကိုပဲမဲပေးမှာ သိကြားမင်းဆင်းဖျက်တောင် မပျက်ဘူး” ဟု အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးပြောသည်။

ဇမ္ဗူသီရီမဲဆန္ဒနယ် တွင် မဲပေးနိုင်သူ ၅သောင်းကျော်ရှိပြီး မဲရုံ ၃၆ ထားရှိမည်ဟုသိရှိရသည်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သမတ ဦးသိန်းစိန် မဲပေးသူများဇ။် ၉၁ ရာခိုင်နှုန်းကျော်ဖြင့် နိုင်ခဲ့စဉ်က မဲပေးနိုင်သူဦးရေ ၈ သောင်းကျော် ရှိပြီး ယခုရွေးကောက်ပွဲတွင် ၃ သောင်းကျော် (၃ ပုံတစ်ပုံနီးပါး) လျော့နည်းသွားတာကို တွေ့ရသည်။          ။
အစိုးရအဖွဲ့က ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ပြပြီး သွယ်ဝိုက်မဲဆွယ် အစိုးရအဖွဲ့က ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ပြပြီး သွယ်ဝိုက်မဲဆွယ် Reviewed by သစ်ထူးလွင် on 06:02 Rating: 5

6 comments:

Arlarwaka said...

(ဇမ္ဗူသီရီမဲဆန္ဒနယ် တွင် မဲပေးနိုင်သူ ၅သောင်းကျော်ရှိပြီး မဲရုံ ၃၆ ထားရှိမည်ဟုသိရှိရသည်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သမတ ဦးသိန်းစိန် မဲပေးသူများဇ။် ၉၁ ရာခိုင်နှုန်းကျော်ဖြင့် နိုင်ခဲ့စဉ်က မဲပေးနိုင်သူဦးရေ ၈ သောင်းကျော် ရှိပြီး ယခုရွေးကောက်ပွဲတွင် ၃ သောင်းကျော် (၃ ပုံတစ်ပုံနီးပါး) လျော့နည်းသွားတာကို တွေ့ရသည်။) တို့သမတကြီး (ဦးသိန်းစိန်) မဲခိုးထားတာပေါ်ပြီပေါ့ ဟီဟိ..ရှက်ဖို့ကောင်းတယ် ပျောက်သွားတဲ့ ၃သောင်းကျော်ကဘယ်ရောက်သွားတာလဲ အဲဒါနဲ့များပြည်သူကရွေးကောက် တင်မြှောက် ထားသောအစိုးရတဲ့ မရှက်ဘူးလား။

Shwe Mg said...

ဓားသွားပေါ်က ပျားရည်စက်ပါဗျာ...စေတနာမှန်ရင်..ရွေးကောက်ပွဲနီးမှလမ်းခင်းပေးစရာမလိုဘူး၊ တံတားဆောက်ပေးစရာမလိုဘူး၊ မီးပေးစရာမလိုဘူး...ကျန်တဲ့အချိန်တွေကျတော့...ပြည်သူကို သူတောင်းစားသာသာ ထားထားပြီးတော့၊

amtkhunlay said...

တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည် တို့မြေ......
များလူခတ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ တို့ပြည်...
ဒါပေမဲ့ ဦးသိန်းစိန်တို့ပြည်မှာတော့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း မရှိသေးပါလားနော်။ အများပြည်သူတွေလည်း မငြိမ်းချမ်းကြသေးပါလား။ ခုချိန်ထိ အခြိမ်းခြောက်ခံ ပြည်သူအဆင့်မှာပဲ ရှိနေသေးလေတော့။
ပြည်သူတွေ ပြည်သူတွေ ချစ်သောပြည်သူတွေ....
တစ်ဖက်က အလကားရတဲ့ သကြားလုံးကိုပေးတယ်။ ကျန်တစ်ဖက်က သေနတ်ကို မြောက်ပြနေတယ်။
ဦးဝိစာရ က လိမ္မာရစ်ကြပါ လို့ ပြောသွားတယ်နော်။

အမှန်တရား said...

မင်းတို့တွေကဒါပဲလုပ်တတ်နာကိုးကွ။ အဆင့်မရှိတဲ့ကောင်တွေ

သုခမိန် said...

ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ဒီလိုရှိတယ်..

နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။

နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတ များသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတ များအဖြစ် ရွေးချယ်တင်မြှောင်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ

နိုင်ငံတော် အစိုးရရဲ့တာဝန်နဲ့ ပါတီ ကွဲပြားစေချင်တယ်

Toe Toe said...

အမတ်မင်းသုခမိန်ကလဲ..သူတို့ထုတ်တဲ့အမိန့်ကသူတို့အတွက်မပါဘူးလေ၊သူတို့
ကသေနတ်အားကိုးနဲ့ရလာတာနိုင်ငံရေးလုပ်တတ်လို့ရလာတာမှမဟုတ်တာ၊ဒီဥပဒေကသူတို့အတွက်ထုတ်တာမဟုတ်ဘဲ၊နောက်အစိုးရအတွက်ကြိုထုတ်ထား
တာလားမှမသိတာ၊သူတို့ကိုယ်တိုင်ဆင်းပြီးမဲဆွယ်နေတာအသိသာကြီး၊ကြည့်ရ
တာနောက်က ဘဘ ကြီး ခုထိတိုင်ကွယ်အမိန့်တွေပေးနေတုံးထင်တယ်။ နိုင်ငံရေးသမားတွေလုပ်တဲ့ပုံခုထိမပေါက်ချင်သေးဘူး၊စစ်အုပ်ချုပ်ရေးကပုံကိုမ
ဖျောက်နိုင်သေးဘူး။ဒီပုံနဲ့တော့မလွယ်ပါဘူး။တပ်ချုပ်ကလဲ ဖွဲ့စည်းပုံကိုကာကွယ်
မယ်ချည်းပြောနေတယ်။ပြင်ရင်တွေ့မယ်ဆိုတဲ့သဘောလားဗျ..ခရီးကတော့နီးမလို
နဲ့တိုက်ပုံဝတ်ပြီး နောက်၂၀နှစ်သွားအုံးမလားမသိပါဘူးနော်...အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

Powered by Blogger.