ပုဗ္ဗသီရိတပ်နယ်အတွင်း ကြံ့ဖွံ့ကို ကြိုတင်မဲ ပေးပြီး

By ဇာဏီ၊ မတ်လ ၃၀ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်  ပုဗ္ဗသီရိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးသာဌေးအတွက် မဲပေးထားသည့် ကြိုတင်မဲများကို နေပြည်တော် တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိ တပ်နယ်အတွင်းရှိ တပ်ရင်းမှ စစ်သည်များ၊ ၎င်းတို့၏ မိသားစုဝင်များထံမှ မတ်လ ၂၉ ရက်နေ့က ကောက်ခံခဲ့သည်ဟု သတင်းရရှိပါသည်။

နေပြည်တော် တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိ တပ်နယ်အပိုင်ဖြစ်သည့် အမှတ် ၂ မော်တော်ယာဉ်တပ်၊ အမှတ် ၉၂၈ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ခွဲ၊ အမှတ် ၄၁၂ ခြေမြန်တပ်ရင်း၊ အမှတ် ၄၁၁ ခြေမြန်တပ်ရင်း၊ အမှတ် ၂၅၂ လျှပ်စစ်နှင့် အလုပ်ရုံ တပ်ရင်း၊ တပ်မတော် ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတပ်၊ အမှတ် ၁၁ တပ်မတော် တပ်ထိန်းတပ်ခွဲ၊ အမှတ် ၁၂ တပ်မတော် တပ်ထိန်းတပ်ခွဲ၊ ကာကွယ်ရေး ငွေစာရင်းရုံး (ကကငွေ)နှင့် ကာကွယ်ရေး ပစ္စည်း ဝယ်ယူမှု ညွှန်ကြားရေးမှူးရုံး (ကကဝယ်) အစရှိသည့် တပ်ရင်းများမှ စစ်သည်များ၊ ၎င်းတို့၏ မိသားစုဝင်များကို ကြိုတင်မဲစာရင်းတွင် မိမိတို့၏ ဆန္ဒအလျှောက် ကိုယ်တိုင် မဲပေးခွင့် မရှိဘဲ တပ်ရင်းအရာရှိများမှ ဖြည့်စွက်ပြီး ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသာဌေးအတွက် ကြိုတင်မဲ ပေးလိုက်သည်ဟု သိရပါသည်။

တပ်ရင်းမှ စစ်သည်မိသားစုဝင်များကို တပ်မတော်အရာရှိများမှ NLD ကို မဲ မပေးရန်နှင့် မဲ ပေးမည်ဆိုလျှင် "နင်တို့ အဖေတွေ၊ ယောက်ျားတွေ အလုပ်ပြုတ်သွားချင်လား၊ NLD က နင်တို့ကို ဘာလုပ်ပေးမှာမို့လို့လဲ" စသဖြင့် ခြိမ်းခြောက်ပြောဆိုမှုမျိုး ပြုလုပ်ခဲ့သည်ဟု ဆိုပါသည်။ နေပြည်တော် တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိ တပ်နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ဧပြီလ ၁ ရက်နေ့ မှာ  နံနက် ၆း၀၀ နာရီမှ ညနေ ၆း၀၀ နာရီ အထိ တပ်ပြင်ပသို့ ထွက်ခွာခွင့် ပိတ်ထားသည်ဟု သတင်းရရှိပါသည်။

တရား မျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲ ဖြစ်လာစေရန် ဆောင်ရွက် ရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဌ ဦးတင်အေးက မတ်လ ၂၈ ရက်နေ့က နေပြည်တော် ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပေမယ့်  နေပြည်တော်ခရိုင် ပုဗ္ဗသီရိ တပ်နယ်မှ တပ်ရင်းအားလုံးက ကြံ့ခိုင်ရေးပါတီကို ကြိုတင်မဲ ပေးထားပြီး ဖြစ်ပါသည်။

 ဘားမားဗီဂျေ
ပုဗ္ဗသီရိတပ်နယ်အတွင်း ကြံ့ဖွံ့ကို ကြိုတင်မဲ ပေးပြီး ပုဗ္ဗသီရိတပ်နယ်အတွင်း ကြံ့ဖွံ့ကို ကြိုတင်မဲ ပေးပြီး Reviewed by သစ်ထူးလွင် on 15:54 Rating: 5

12 comments:

Zaw Htet Naing said...

လုပ်နေကျအလုပ်ကိုလုပ်တာ အပြစ်လား။ ယုတ်မာသူဆိုတာ
အကောင်းကိုလုပ်ဖို့ ဘယ်တော့မှ မစဉ်းစားဘူး။ လောကမှာ
လူယုတ်မာတွေရှိနေသ၍ အကောင်းဆိုတာမျှော်လင့်လို့ရမှာ
မဟုတ်ဘူး။

ဗိုလ်ဖြူ said...

ဒါလားတရားမျှတသောရွေးကောက်ပွဲဆိုတာ??????

Aung San Win said...

ဒီကောင်တွေ အခုထိ နောင်မကြဉ်သေးဘူးပဲ။ ငါ့အတွက်ချည်းဆိုတဲ့ စိတ်နဲ့ နိုင်ငံတော်ပေါ် စေတနာ ရှိနေကြတာ သက်ဆိုင်ရာလူကြီးမင်းများ ဘာတွေလုပ်နေပါသလဲ။ စစ်သားပဲဖြစ်ဖြစ် နိုင်ငံတော်သမ္မတပဲဖြစ်ဖြစ် အရပ်သားကလေကချေပဲဖြစ်ဖြစ် သူ့မဲက သူ့စိတ်ကြိုက်ဖြစ်ရမှာပေါ့။ ဒီလိုလူတွေကို ကြိုးပေးပြီး မသေမချင်းသတ်သင့်ပါတယ်ခင်ဗျာ။ နိုင်ငံတော် သစ္စာဖောက်မှုပါ။

Ar Ga said...

ဒီ ၄၈ နေ၇ာလေးကိုတောင် ဒီလောက် ယုတ်မာနေကြတာ ၊ ၂၀၁၅ ကျ၇င်တော့ ပွဲကြီး ပွဲကောင်းပဲ၊ နောက်ထပ် ၂၀၁၅ေ၇ွးကောက်ပွဲ ပြီးမှပဲ မြန်မာပြည် တကယ် ပြောင်း၊ မပြောင်း ။ နောက်ကြောင်းပြန် လှည့်၊ မလှည့် သိ၇တော့မှပဲ ။

tharzaw said...

သမ္မတကြီးနှင့်တကွ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးအပါအ၀င်
လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းတို့ မသိဘူးဆိုရင် ပေါ်တင်လိမ်တာပဲ။
အောက်ခြေက တပ်မတော်သားမိသားစုတွေလည်း
ဆန္ဒအမှန်ဖော်ထုတ်ခွင့်မရတာ နာတာပဲ။
သန့်ရှင်းတဲ့ရွေးကောက်ပွဲလုံးဝဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။

amtkhunlay said...

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာဦးမည်မဟုတ် လို့ပြောတဲ့စကားက မဆုံးသေးဘူး။ ပုဗ္ဗသီရိက လက်ခုတ်ထဲက ရေဖြစ်သွားတယ်။ တပ်နယ်ကို ရွေးကောက်ပွဲနေ့မှာ မနက် ၆ ကနေ ည ၆ အတွင်း ပြင်ပ ထွက်ခွါခွင့်ပိတ်တယ်။ မနေ့က ဦးတင်အေး ပြောတယ်။ ဒီနေ့ ဒီလိုဖြစ်တယ်။ ဒါဟာ မဲဒမြတိုက် ခံလိုက်ရတာလား။ ဆန်ရင်းနာနာဖွတ်တဲ့သဘောလား။ အဲဒီ တပ်နယ်ထဲမှာနေတာ လူတွေ မဟုတ်ဘူးလား။ သူတို့မှာ ဘာမှ လွတ်လပ်ခွင့် မရှိကြဘူးလား။ ဒါမှဟုတ် ကုလားပဲနှစ်ဗူးနဲ့ ကျေနပ်နိုင်ကြလို့လား။

Myanmar said...

ကဲ ကိုတင်အေး ဘာပြောချင်သေးလဲ။ တပ်ထဲကကြိုတင်မဲပေးတဲ့လူတွေက ခ၇ီးဝေးသွားမယ့်လူတွေလား။ အိပ်ယာထဲလဲနေတဲ့ လူနာတွေလား။ ခင်ဗျားတို့ ပြောတဲ့စည်းကမ်းနဲ့ညီပါသလား။ တပ်လုံးကျွတ်ပြောင်းမှာမို့ အားလုံးကြိုတင်မဲပေးတာပါလား။ အားလုံးဒုက္ခိတတွေမို့ ကြိုတင်မဲပေးတာပါလား။ ဖြေပေးပါအုံး။

hein said...

အစိုးရကတော့အောက်တန်းကျပြန်ပြီ ရွေးကောက်ပွဲမဟုတ်ဘူး ဓားမြတိုက်ပွဲဘဲ
မရှက်ဘူးလားမသိဘူး ဘာဆန်ဒထုတ်ပွဲလဲ မင်းတို့ဆန်ဒရှိတာကိုလား အဲဒါများ လူတွေကိုလိမ်နေသေးတယ် အလုပ်ရှုပ်အောင်လို မင်းတို့အုပ်ချုပ်မယ် ဘာမှလုပ်မနေနဲ့လေ စောက်ပိုတွေလုပ်တာဘဲ အောက်တန်းစားတွေ လက်နက်အားကိုးနဲ့ မိုက်နေတာကို

အမြင်သစ် said...

အောက်တန်းကတော့ ကျပီးရင်းကျဘဲ။ နောက်ထပ်ကျစရာ
အ၀ီစိဘဲရှိတော့တယ် ......

Aung Soe Oo said...

တိုင်းပြည်ကတော့ တော်တော့်ကိုပျက်ဆီးနေပြီဗျာ ဒီလိုအောက်တန်းစားစိတ်ဓတ်တွေ အောက်တန်းစားစရိုက်တွေရှိနေသေးသမျှကျွန်တော်တို့တိုင်းပြည်ဟာဆင်းရဲတွင်းကဘယ်တော့မှလွတ်မှာမဟုတ်ပါဘူးဗျာ

ဗိုလ်ချုပ်ပြောသလိုအခွင့်အရေးဆိုတာတောင်းယူလို့မရရင်တိုက်ယူရမယ်တဲ့ ကျွန်တော်တို့တိုက်ယူဖို့ဘဲကျန်တော့တယ် ကဲ ရဲဘော်တို့ဘာလုပ်ကြမှာလဲ

Soe Moe Aung said...

အဲဒါပြောတာလေ NLD ကနင်တို့ကိုဘာလုပ်ပေးလို့မဲပေးမှာလဲတဲ့...၊မသိရင်မသေမချင်းမှတ်ထား ဘာမှမလုပ်လို့ မဲပေးတာပေါ့ ။ သူတို့လိုတစ်သတ်လုံးပြည်သူလူထုကို နိုပ်စက်လာ လို့မပေးတာ ဟဲ့ ။ မသိမှတ်ထား ကြံ့ဖွံ့ ရဲ့။

aung naing said...

ဦးတင်အေး၊ဦးရွှေမန်း၊ဦးသိန်းစိန်တို့လဲအရင်အဘတွေဦးနေ၀င်း၊ဦးစောမောင်၊ဦးခင်ညွှန်၊ဦးသန်းရွေတို့နဲ့အတူတူပါဘဲ၊ဒီပုတ်ထဲကဒီပဲတွေပါဘဲ၊အခုကြံဖွတ်ကအပြောဆွဲဆွဲနေပြီးအီကြာကွေးလုပ်နေတာပါ။ဘာမှမပြောင်းလဲပါဘူး၊ဟန်ပြပြောင်းလဲပြနေတာပါ။ရွေးကောက်ပွဲကြည့်ရင်သိသာပါတယ်။

Powered by Blogger.