အဂတိ လိုက်စား မှုနှင့် အာဏာ အလွဲ သုံးစားမှုများ အရေးယူနေဟု သမ္မတဦးသိန်းစိန် ပြောကြား

"အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားပြုမှု၊ မလျော်မကန် ပြုလုပ်မှုများနှင့် ပတ်သက်၍ အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား"

အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစားပြုမှု၊ မလျော်မကန် ပြုလုပ်မှုများနှင့် ပတ်သက်၍ အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ပြည်ထောင်စုဝန် ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပုသိမ်မြို့မှ  ဒေသခံများသို့ ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစားပြုမှု၊ မလျော်မကန် ပြုလုပ်မှုများနှင့် ပတ်သက်၍လည်း အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ခေတ်စနစ်နှင့်အတူ ပေါက်ဖွားလာခဲ့သည့် အကျင့်ပျက်ခြစား မှုများသည် မိဘပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမက နိုင်ငံတည်ဆောက်ရေးအတွက်လည်း အတားအဆီး အနှောင့်အယှက်များ ဖြစ်နေပါကြောင်း၊ ယင်းဆူးငြောင့်များ ဖယ်ရှားနိုင်မှ လျောက်လှမ်းရသည့် လမ်းခရီး ချောမွေ့လာမည်ဖြစ်ပါကြောင်း''ဟု ပြောကြားခဲ့သည်။

''အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း မိမိတို့ အစိုးရလက်ထက်၌ ကျူးလွန်မှုနှင့်အညီ အရေးယူအပြစ်ပေးမှုများ ဆောင်ရွက်နေပါကြောင်း၊ မိမိပြောခဲ့ပြီးဖြစ်သည့်အတိုင်း စေတနာအမှားဆိုလျှင် နားလည် လက်ခံပေးနိုင်သော်လည်း ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်မှုများကိုတော့ ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ပါကြောင်း''ဟု နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိတွင်လည်း ကျူးလွန် ပေါ်ပေါက်မှုအတိုင်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူလျက်ရှိပါကြောင်း၊ အဆင့်ဆင့်သော အုပ်ချုပ်ရေး ၀န်ထမ်းများအနေဖြင့်လည်း မိဘပြည်သူများ စိတ်ကျေနပ်မှု၊ စိတ်ချမ်းသာမှုကို အလေးထား ဆောင်ရွက်ပေးကြပါ၊ ဥပဒေနှင့်အညီ ကောင်းမွန်သော အုပ်ချုပ်ရေးကို လက်တွေ့ကျကျ ဖော်ဆောင်ပေးကြပါဟု အလေးအနက်ထား ပြောကြားလိုပါကြောင်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။
EMG
အဂတိ လိုက်စား မှုနှင့် အာဏာ အလွဲ သုံးစားမှုများ အရေးယူနေဟု သမ္မတဦးသိန်းစိန် ပြောကြား အဂတိ လိုက်စား မှုနှင့် အာဏာ အလွဲ သုံးစားမှုများ အရေးယူနေဟု သမ္မတဦးသိန်းစိန် ပြောကြား Reviewed by သစ်ထူးလွင် on 11:42 Rating: 5

30 comments:

ကိုဖြိုး said...

အရေးယူမယ်ဆိုရင်လည်း မြန်မြန်သာယူပါဗျာ လာဘ်ပေးလာဘ်ယူတွေက များလွန်းလို့ပါဗျာ
သေချာစီစစ်ပြီးတော့ အရေးယူမယ်ဆိုရင် နေရာတောင်ဆန့်မှာမဟုတ်ဘူးနော်

a said...

(စစစ)က အဂတိလိုက်စားဖို့အတွက်အာဏာအလွဲသုံးခြိမ်းခြောက်လို့လူပါသေသွားပြီ၊ဘာလုပ်ကြမှာလဲလို့ပြည်သူတွေစောင့်ကြည့်နေကြပါတယ်၊ထိထိရောက်ရောက်အရေးယူတာလဲမတွေ့ရသလောက်ပါပဲ၊တိုင်တဲ့သူကိုပြန်အရေးယူတာမျိုးပဲတွေ့နေရတယ်၊သိန်းစိန်ကနေရွှေမန်းလို့ပြောင်းလိုက်ဖို့ကောင်းတယ်အပြောကောင်းလွန်းလို့လေအေးလေးနဲ့တချို့ဟာတွေအရင်ထက်တောင်ကြောက်ဖို့ကောင်းလာတယ်သတင်းသမားတွေကိုတောင်ခြိမ်းခြောက်တဲ့အထိဖြစ်လာပြီ၊သတင်းတွေကိုလည်းလူသိရှင်ကြားမထုတ်ပြန်တာမင်းတို့မရိုးသားလို့ပေါ့အဲ့ဒါလိမ်တာတွေအများကြီးထဲကတစ်ခုပဲ။

pyaponthu said...

အဲ့ဒါဆို ဝန်ကြီးတွေ အားလုံးပါ တယ်။ဝန်ကြီးတွေ အားလုံးကို အရေးယူ။အောက်ခြေသေးသေး လေးတွေကို ဘဲ မကြည့်နဲ့။တရားရေးနဲ့ အုပ်ချူပ်ရေးကတော့ ၀ လုံးဘဲ။

Anonymous said...

သမ္မတဦးသိန်းစိန်ရေ....လက်ရှိ..စစစ...အမှူကိုစုံစမ်းပေးပါအုံး.....တရားလိုကတရားခံစစ်စစ်ခံရတာဘာကြောင့်လည်းဆိုတာ..လူတိုင်းသိပါတယ်...

van sui nei said...

"အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း" ဆိုတာနားမလည်နိုင်ဘူးဖြစ်နေတယ်၊၊
ဒါကဘက်လိုက်မှု့ ဒါမှမဟုတ် သတင်းအမှောင်ချထားမှု့ပဲ

tharzaw said...

(''အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း မိမိတို့ အစိုးရလက်ထက်၌ ကျူးလွန်မှုနှင့်အညီ အရေးယူအပြစ်ပေးမှုများ ဆောင်ရွက်နေပါကြောင်း၊ မိမိပြောခဲ့ပြီးဖြစ်သည့်အတိုင်း စေတနာအမှားဆိုလျှင် နားလည် လက်ခံပေးနိုင်သော်လည်း ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်မှုများကိုတော့ ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ပါကြောင်း''ဟု)

ဒီလိုထိန်ချန်တာဟာ ရိုးသားမှုမရှိခြင်းတစ်ခုလို့ ကျုပ်တော့မြင်တယ်။

su said...

သူကလည်း ပြောဆဲပဲ။ အောက်ခြေကလည်း မတရားတာတွေ လုပ်ဆဲပဲ။

myanma soldier said...

ကျွန်တော်သိသလောက်တော့ လ၀က မှာ ငွေတောင်းတုန်း ခင်ဗျ။ ဘယ်မြို့နယ်လို့တော့ မပြောတော့ပါဘူး။
ကိုယ်တိုင်ကြုံခဲ့ရတာပါ။ ပညာလဲသိပ်ပါသဗျ။ အလုပ်မ၀င်ခင်ထဲက ရုံးထဲဝင်လာတဲ့လူစိတ်ဆင်းရဲသွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့သင်တန်းမျိုးပေးထားလားမသိဘူး။ သမ္မတကြီးကိုလဲ မှတ်ပုံတင်တစ်ခါလောက်သွားလဲစေချင်ပါတယ်။
သာမာန်အရပ်သားတစ်ယောက်အနေနဲ့ပေါ့။ (ကျွန်တော် တပ်မတော် အရာရှိတစ်ယောက်ပါ)

Unknown said...

မှတ်သားဖွယ်ရာ သူတို့အမြင် ၊သူတို့အပြောများ။

မြန်မာနိုင်ငံ တိုးတက် ပြောင်းလဲရေးတွင် အဓိက လုပ်ဆောင်ရမည့် အချက်ထဲ၌ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးမှာ အရေးအကြီးဆုံး ကိစ္စရပ်တခု ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဧရာဝတီသို့ ပြောသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံထံမှ အမေရိကန်ဒေါ်လာသန်း ၃၀၀၀ ကျော်နှင့် တရုတ် ယွမ်ငွေ သန်းနှစ်ထောင်နီးပါး ချေးငွေရရှိခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွက် ချေးငွေ ပမာဏမှာ အများဆုံးဖြစ်ကြောင်း အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပြဌာန်းထားသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရလက်ထက်တွင် ကမ္ဘာပေါ်၌ အဂတိလိုက်စားမှု ထိပ်တန်းစာရင်းဝင်ခဲ့သည်။ဟုဧရာဝတီက ဆိုသည်။
တပ်မတော်ကို ဗိုလ်ချုပ်နေ၀င်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က ဆက်ခံပြီး လက်နက်များနှင့် စည်းကမ်းကောင်းသော၊ စနစ်တကျရှိသော၊ ခေတ်မီ တပ်မတော်အဖြစ် ခေတ်ကာလနှင့်အညီ တည်ဆောက်ပေးခဲ့ခြင်းကို ကျေးဇူးတင်ထိုက်ကြောင်းစစ်ရေးပြ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ခေတ်စနစ်နှင့်အတူ ပေါက်ဖွားလာခဲ့သည့် အကျင့်ပျက်ခြစား မှုများသည် မိဘပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမက နိုင်ငံတည်ဆောက်ရေးအတွက်လည်း အတားအဆီး အနှောင့်အယှက်များ ဖြစ်နေပါကြောင်း၊ ယင်းဆူးငြောင့်များ ဖယ်ရှားနိုင်မှ လျောက်လှမ်းရသည့် လမ်းခရီး ချောမွေ့လာမည်ဖြစ်ပါကြောင်း''ဟုနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက “တိုင်းရင်းသား ပြည်သူတွေနဲ့ ကင်းကွာပြီး မင်း စိတ်ပေါက်နေတဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်တစ်မျိုးရှိနေရင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင်နေရတဲ့ ဒီမိုကရေစီ ၀ါဒခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီမိုကရေစီဝါဒ ကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုး အရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားကြရမယ်”ဟု ပြောဆိုခဲ့ပါသည်။

Ar Ga said...

ကြိုဆိုပါတယ် ၊ သမတကြီးခင်ဗျား .... သမတကြီးလဲ Nobel ဆု ၇သင့်ပါတယ် ။ သန်းပေါင်းများစွာစေသာ လူတွေ၇ဲ့ အနာဂါတ်က သမတကြီးနဲ့ အောင်ဆန်းစုကြည် တို့ အပေါ် မူတည်နေပါတယ်။

ရှမ်းတောင်ကြီးသား said...

ကျေးဇူးပြု ပြီးရှမ်းမလေး နဲ့ စစစ အမှူ ဖြေရှင်းပေးပါ ဦး သမတ ကြီးရယ်။ ရှမ်းအားလုံး ရဲ့ ကိုယ်စားတောင်းဆို ပါတယ်။

ပြည်ချစ်သား said...

သမ္မတကြီးကလည်းအရးယူတာဘဲ..ဘာမပြောရဲစရာကိစ္စတွေရှိ
လို့ လည်းပြည်သူတွေကိုအသိပေးရမှာပေါ့..ပြည်သူကတင်မြောက်
ထားတာဘဲလေ..တစ်ယောက်နဲ့ တစ်ယောက်ကျေးဇူးခံကျေးဇူးတရားများရှိနေမလား...

ပြည်ချစ်သား said...

အဂတိလိုက်စားတာရယ်..အာဏာအလွဲသုံးစားလုပ်တာတွေကို
အရေးယူရရင်လေ..လက်ရှိရှိနေတဲ့တိုင်းဒေသ၀န်ကြီးတွေတစ်
ယောက်မှမလွတ်ဘူးနော်...ဗိုလ်ချုပ်သားသမီးတွေတောင်ရတဲ့လစာနဲ့ ကုမ္မဏီတွေပိုင်ထားတာဘယ်ကရနေတဲ့ပိုက်ဆံတွေလည်း
သမ္မတကြီးသေချာလည်းစုံစမ်းပါဦးနော်..

san san said...

မြန်မာ ပြည်မှာ လဝက စားလို့ အစွန်အဖျားဒေသမပြောနဲ့ ၇န်ကုန် မြို့လယ်မှာတောင် တရုတ်အစစ်တွေ မြန်မာ မှတ်ပုံတင်နဲ့နေတာ ကြည့်။မြန်မာ ပြည်ရဲ့မှတ်ပုံတင် စနစ်ကတော့ လုံးဝ ဇီးရိုး ဘဲ။။

thihathuya said...

စေတနာအမှားဆိုတာဘာကိုခေါ်တာလဲ..အဂတိစားပါတယ်ဆိုမှ..စေတနာမှားတာတွေမှန်တာတွေရှိသေးလားခင်ဗျားတို့ကလည်း မြန်မာစကားကိုမြန်မာနားရှုပ်အောင်ပြောနေပြန်ပြီ.လုပ်ရင်လည်း ရှင်းရှင်းလင်းလင်းလုပ်ကြဗျာ..

gemuk said...

ပြောတာလည်း မင်းပါပဲ

Anonymous said...

သမ္မတကြီးကို အားလုံးနားလည်ပေးကြစေချင်ပါတယ်ဗျာ..
သူ့ခမျာ..သုံးမရလောက်အောင် စုတ်ပျက်နေတဲ့စက္ကူစလေးတွေကို
တစ်ဖက်ချင်း လိုက်ပြီးဆက်နေရသလိုဖြစ်နေတယ်..
မြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေးအောက်မှာ အစစအရာရာယိုယွင်းခဲ့တာ လူတိုင်းသိပါတယ်..အခုမှ ပြန်ပြီးစလုပ်တုန်းမို့ စိတ်ရှည်ကြစေချင်ပါတယ်..
ပြီးတော့ အကောင်းဘက်ကနေ ၀ိုင်းဝန်းအကြံပြုဆောင်ရွက်ပေးကြပါလို့..
ခင်ဗျားတို့လိုပဲ နိုင်ငံချစ်တဲ့သူတစ်ယောက်အနေနဲ့ တိုက်တွန်းချင်ပါတယ်..

sai said...

အမှန်က မည်သူက ဘာပြစ်မူ့လုပ်လိုက်လို့ ဘယ်လိုအရေးယူတယ်ဆိုတာ ပြည်သူကို ပြောတင့်တယ် ဒါမှ ကောင်းမယ် ပွင့်ပွင့်လင်းလင်းပေါ့ ကို့ဟာကို ကြိတ်လုပ်တော့ ဘယ်သူက ဘာဖြစ်လို့ ဖြစ်မန်းမသိနဲ့ ....

sai said...

အကြာင်းအမျိုးမျိုးကြောင့်ဆိုတာ တစ်ခုခု(တစ်စုံတစ်ယောက်)ကိုများ ကြောက်နေလား မသိဘူး

Unknown said...

၊ ခေတ်စနစ်နှင့်အတူ ပေါက်ဖွားလာခဲ့သည့် အကျင့်ပျက်ခြစား မှုများသည် မိဘပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမက နိုင်ငံတည်ဆောက်ရေးအတွက်လည်း အတားအဆီး အနှောင့်အယှက်များ ဖြစ်နေပါကြောင်း ''ဟုနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။
ကျွန်တော်သိသလောက်တော့ လ၀က မှာ ငွေတောင်းတုန်း ခင်ဗျ။ ဘယ်မြို့နယ်လို့တော့ မပြောတော့ပါဘူး။
ကိုယ်တိုင်ကြုံခဲ့ရတာပါ။ ပညာလဲသိပ်ပါသဗျ။ အလုပ်မ၀င်ခင်ထဲက ရုံးထဲဝင်လာတဲ့လူစိတ်ဆင်းရဲသွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့သင်တန်းမျိုးပေးထားလားမသိဘူး။ သမ္မတကြီးကိုလဲ မှတ်ပုံတင်တစ်ခါလောက်သွားလဲစေချင်ပါတယ်။
သာမာန်အရပ်သားတစ်ယောက်အနေနဲ့ပေါ့။ (ကျွန်တော် တပ်မတော် အရာရှိတစ်ယောက်ပါ)
မြန်မာ ပြည်မှာ လဝက စားလို့ အစွန်အဖျားဒေသမပြောနဲ့ ၇န်ကုန် မြို့လယ်မှာတောင် တရုတ်အစစ်တွေ မြန်မာ မှတ်ပုံတင်နဲ့နေတာ ကြည့်။မြန်မာ ပြည်ရဲ့မှတ်ပုံတင် စနစ်ကတော့ လုံးဝ ဇီးရိုး ဘဲ။။
တိုက်နယ်မှူးမှာ အပြစ်မရှိပါ။မြို့နယ်ဦးစီးမှူးအတွက်တောင်းပေးရတာပါ။ ပြည်နယ်မှူးကို ကန်တော့တဲ့ငွေတွေ ဟာ ဒီနည်းနဲ့ ရှာဖွေထားတာပါ။။

ko htat said...

သတိပေးတဲ့ထဲမှာအိမ်ကမိန်းမကလေးတွေ
နဲ့အမျိုးတွေေ၇ာပါလားမသိဘူး အမှန်ဆိုဒါလောက်လပ်
စားမှုပေါများစ၇ာမ၇ှိဘူး တပ်မတော်ကအ၇ာ၇ှိတွေက
လူသတ်၇မှာတာမကြောက်တာမိန်မတော့ကြောက်တယ်
လေမိန်မကဒါဆိုဒါပဲသူတို့ကိုကြိုးကိုင်တာသူတို့မိန်မတွေ
ဦးသန်းေ၇ွှဆိုကြည့်ပါလားကြိုင်ကြိုင်လေးကိုဆွဲထုပ်လိုက်
တာ တပ်တခုလုံး၇စ၇ာကိုမ၇ှိတော့ဘူး၊ဟိုက၀ါးဒီကဖဲ့နဲ့
တိုင်းပြည်လဲစုတ်ပျတ်သတ်သွားတာပါဘဲ၊ဦးသိန်းစိန်အလှဲ့
ကြမှပဲနိုင်ငံပြုပြင်ပြောင်းလဲဖို့သတိ၇လာတော့တယ်

Myanmar said...

ကိုသိန်းစိန်ေ၇...ပုဆိုးခြုံထဲက လက်သီးပုန်းပြနေလို့မ၇ဘူးဗျ။ အေ၇းယူစ၇ာ၇ှိ ပေါ်ပေါ်တင်တင်ကြေငြာပီး ပီပီပြင်ပြင်လုပ်ဘို့ တောင်းဆိုပါ၇စေဗျာ။ ။

Anonymous said...

ဟုတ်ကဲ့ပါ....
စောင့်ကြည့်နေပါမယ်....
တကယ် အရေးမယူဘူးဆိုရင် ဘာလုပ်ရမလဲ ဆိုတာပဲ သိချင်တယ်...

lwannaymie said...

သမ္မတကြီးရေ....ကျေးဇူးတင်ပါတယ်၊အားလဲကိုးပါတယ်။
ဒါပေမဲ့အောက်ခြေဝန်ထမ်းတွေတာခံရပြီး....ညွှန်ချုပ်မှစ၍အထက်ပိုင်းလူများ...လွတ်နေတုံးပါဘဲ။သူတို့က(ပျင်းတောင်ပျင်းသေးတယ်)ဖြစ်နေပြီ။ သမ္မတကြီးလုပ်နည်းလွဲနေတယ်။
(အကောင်ကြီးကို...ထောင်ထဲထည့်ရမှာပါ။
အသေးတွေရှင်းဖို့တောင်မလိုဘူး...အလိုလိုငြိမ်သွားပါတယ်။)
အပြောနဲ့ကတော့...ပြည်သူတွေကလုံးဝမယုံတတ်ဘူးနော်။

lin lin said...

အာအာ သမ္မတကြီးကလည်း အာသက်သက်ပါဘဲလားဗျာ ပြောပေါင်းများလို့
ရိုးနေပါပြီ ဆိုတဲ့သီချင်းလေးကိုပြန်သတိရလိုက်တာဗျာ နှစ်ပေါင်းတော်တော်
ကြာတာတောင် အလွှတ်ရနေဆဲပါခင်ဗျား လက်တွေ့မှာဘာမှလည်း ထင်ထင်
ရှားရှားကြူးလွန်နေတဲ့အမှုတွေမဖြေရှင်းနိုင်သေးပါလားဗျာ။ယုံရခက်ကြီးပါ
သွားလာမပြောနဲ့.....းD

နဂါးမျက်လုံး said...

''အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း မိမိတို့ အစိုးရလက်ထက်၌ ကျူးလွန်မှုနှင့်အညီ အရေးယူအပြစ်ပေးမှုများ ဆောင်ရွက်နေပါကြောင်း"
အရေးယူတာကသာ ထင်သာမြင်သာ မရှိတာ.....
ဝန်ကြီးတွေ စီးပွားရှာတာကတော့ ပေါ်ပေါ်တင်တင် ရှိသဗျ.....

san said...

အမှန် လာဘ်စားခဲ့သူတွေကိုဘာလို့အရေးမယူတာလဲ။အများကြီးစားထားလို့လား။
နမူနာအနေနဲ့လက်ရှိဝန်ကြီးတွေရဲ့ပိုင်ဆိုင်မှုတွေကိုစစ်ဆေးအရေးယူပြစေလိုပါတယ်။

တောင်ဇလပ်ပန်း said...

အော် .. ဒီငွေ၊ဒီပိုက်ဆံကိုမြင်မှ သူတို့က သခင်လို့သတ်မှတ် ထားတာလေ .. တရုတ်က ပိုက်ဆံ ပေးနှိုင်တော့ ငါတို့ နှိုင်ငံကြီးလည်း ရောင်းစားခံရတာပေါကွယ် .. ခင်ဗျားတို့ကျူပ်တို့လည်း သူများနှိုင်ငံတွေမှာ နှိုင်ငံမဲ့ကဲ့သို့ လုပ်ကိုင်စားသောက်နေရတယ် ... "လာဘ်စားခြင်းသည် ပညာရှိ၏မျက်စိကို ကွယ်စေတတ်၏" ...

Kyaw Khant Zaw said...

တဖြည်းဖြည်းခြင်း ဆောင်ရွက်လုပ်နေခြင်းသည် ကောင်းသောဘက်ကိုဦးတည်တယ်လို့ ယူဆရမည် ဖြစ်သည်

mashwemya said...

သမတကြီးရယ်။ အရေးယူမယ်ဆိုရင် ကြီးကြီးတွေကို စပီး အရေးယူပါ။ တဖြည်းဖြည်းချင်း တစ်ဆင့်ပီးတစ်ဆင့် အရေးယူသွားပါ။ မဟုတ်ရင် နဲနဲပဲ စားတဲ့သူတွေကို အရင်အရေးယူဖို့ လုပ်နေရင် အများကြီး စားနေတဲ့သူတွေက စားဖို့ အချိန် ရနေတယ်။ သူတို့အလှည့်လည်း ရောက်ရော မြန်မာပြည်ကြီး ဆင်းရဲပြီး ကျန်ခဲ့ရော (ခုထက်ပိုပီး)။ မြန်မြန် အရေးယူပေးပါနော်။ သမတကြီး ခုထက်ပိုပီး ကျမ်းမာပါစေ။

Powered by Blogger.