မြင်းခြံ နှင့် နွားထိုးကြီး ကြံ့ဖွံ့  လိုင်းကားများနှင့်လူထုကို လိမ်လည်ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံးနေ
မြင်းခြံမြို့ရှိကားဂိတ်များမှ ဘတ်စ်ကားကုန်ကားများအား အငှားယာဉ်တာဝန်ပေးအပ်ခြင်း
 ခေါင်းစဉ်တပ်ပြီး မထသ မှ ၁၆.၃.၂၀၁၂ နေ့တွင်နွားထိုးကြီး ကြံ့ခိုင်ရေး
ရုံးသို့ပူးတွဲပါစာဖြင့်ကားအစီး
ရေ(၆၀)အားဆင့်ခေါ်ထားပါသည်။
ဂိတ်ပိုင်များနှင့်ကားပိုင်များကလည်းမသွားလိုကြပါ၊ထို့အတူ နွားထိုးကြီးမြို့နယ်
 ရပ်ကွက်ကျေးရွာများမှလူထုအားလည်း တစ်အိမ်တစ်ယောက် မလိုက်မနေရ
 မြို့နယ်လူထုနှင့်နိုင်ငံတော်အဆင့်ငြိင်းချမ်းရေးဖေါ်ဆောင်မှုခေါင်းဆောင်
များတွေ့ဆုံရန်လိမ်လည်ဆင့်ခေါ်ထားပြန်ပါသည်။
နွားထိုးကြီးမြို့တွင်ဧပြီလ(၁)ေ
န့ရွေးကောက်ပွဲနှင့်ချိန်ကိုက်ပြီးကြံ့ခိုင်ရေးပါတီမှ
အတင်းအကျပ် ရွေးကောက်ပွဲဥပဒေကို အာဏာအလွဲသုံးပြီး
Myanmar News Now
အတင်းအဓမ္မဆင့်ခေါ်စာ
ဆင့်ခေါ်ခံရတဲ့ မြင်းခြံမြို့ က ကားအစီးရေ
မြင်းခြံ နှင့် နွားထိုးကြီး ကြံ့ဖွံ့  လိုင်းကားများနှင့်လူထုကို လိမ်လည်ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံးနေ မြင်းခြံ နှင့် နွားထိုးကြီး ကြံ့ဖွံ့  လိုင်းကားများနှင့်လူထုကို လိမ်လည်ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံးနေ Reviewed by သစ်ထူးလွင် on 17:10 Rating: 5
15 comments:
Ko Htet said...
မဲတော့မပေးဘူး၊ ခဲပေးမယ်၊ ယူကြမလား။
Ar Ga said...
အဲဒီ ဆောက်ချိုးတွေကြောင့် လူတွေက မထောက်ခံကြတာ ။ ဒီတစ်ခေါက် ၇ှုံးချင် ၇ှုံးပါစေ။ ဂုဏ်သိက်ခါ ၇ှိ၇ှိလေးနဲ့ လူတွေ သနား ကြင်နာမှု လေး ၇လို၇ငြား ကောင်းကောင်း မွန်မွန် နေပြ၇မှာ ။ ငတုံးတွေ ..
sean said...
ဒီလိုဘဲ မဲဆွယ်ကြတာ.. ရွေးကောက်ပွဲ ဝင်တွေရဲ့ အလုပ်ဘဲ.. အရေးကြီးတာက ရွေးကောက်ကြီးကြပ်တဲ့ ကော်မရှင် ရိုးရိုးသားသား လုပ်ဘို့ပါ..
ပြည်သူတွေကဆုံးဖြတ်ပါလိမ့်မယ်..
ရွေးကော်ပွဲ ကော်မရှင် ကို သိကြားမင်း ကြီးစောင့်ကြည့်နေတယ်..သင်္ကြာန် နီးပြီလေ...
ဧနဒီ said...
မြင်းခြံ နဲ့ နွားထိုးက လူတွေအဲလောက်မညံ့ပါဘူး။ သိပ်ခေါင်းငုံ့မခံကြနဲ့။
ဘုတလင်သားလေး said...
ဖွတ်ကြီးတို့ကတော့လုပ်ပြန်ပြီ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင်ပါပဲလား မင့်တို့အဘတွေပြောပြောနေတဲ့ ဘာတဲ့ အော် တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်စေဖို့လား....ကလိမ်ကကျစ်ဥာဏ်ကတော့ ဘယ်သူမှကိုမယှဉ်နိုင်ဘူးနော် ကြံ့ဖွတ်တွေကို...
စေလိုရာ said...
သူရရွှေမန်းတို့ပြောတဲ့လွတ်လပ်မျှတတဲ့ရွှေးကောက်ပွဲဆိုတာဒါကိုပြောတာလားဦးရွှေမန်းသိပါလေစဒီကြံဖွံ့တွေကိုဒီအတိုင်းစားကျက်ထဲလွတ်သလိုလွတ်ထားတော့မှာလားပြည်သူတွေစိုက်ပျိုးထားတဲ့မြက်တွေတော့ကုန်တော့မှာပဲ
sitmonelu said...
အော်..ကြံ့ဖွတ်ရယ်..မင်းတို့အဖွဲ့တွေနဲ့တော့စိတ်ညစ်ပါတယ်..နာမည်ကောင်းမယူပဲ နာမည်ဆိုးကိုပဲတောက်လျောက်ယူနေကြတော့မှာလား၊
သူရိယ said...
ကြံဖွတ်ရေ...အခွေတောင်ထစ်နေပြီ...မပြောင်းသေးဘူးလား။
KOKO said...
ကိုသစ်ေ၇ ဒီနေ့လဲ မရမ်းကုန်း 2 ရက်ကွက်က ကျောက်ပြားစက် နဲ့ ဦးချစ်ထွန်း လမ်းကြားက ကြံဖွတ်တွေ ငါးမင်းဆွေစာတွေဝေနေတယ်ဗျ ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ပါဘူးဗျာ
lwannaymie said...
ပြည်သူများခင်ဗျား...ဘာလို့သွားစိတ်ဆိုးနေမှာတုံး။....အမေစုကပြောပြီးပြီလေ...(ချောက်ရင်လဲကြောက်ခြင်ယောင်ဆောင်လိုက်...ပေးတာရှိရင်လဲယူတာယူလိုက်...မဲထည့်တဲ့နေ့ကျရင်ကိုယ်ဘယ်သူထည့်တယ်ဆိုတာ....ဘယ်သူမှမသိပါဘူးတဲ့။) အဲဒီလူချီးတွေက....ငတုံးတွေဟ...ဟားဟား။
The Nature Myanmar said...
အိုင်ဒီယာ တော်တော်ကွေးတဲ့ကောင်တွေ...
mightkhae said...
မိုက်ခဲလေး (နွားထိုးသား)
တို့တွေကိုညံ့တယ်များထင်နေတာလား ကြံ့ဖွက်ရ အရင်တစ်ခါကမသိလို့ခံလိုက်တာ ဦးဥာဏ်ထွန်းအောင်လေ
ကျွန်တော်တို့ရွာမှာမဲတွေခိုးလိုက်တာ မရှိတဲ့သူတွေထည့်ပြီးနိုင်တာ
အဲ့ကောင် ဒီတစ်ခါတော့မရတော့ဘူး ကြံ့ဖွက်ရေ
Killer said...
တော်တော်ရီရတယ်ကွာ... အဆင့်မရှိတာသိသာတယ်... အာဏာပဲပြ.. နေရာပဲလိုချင်တယ်.. (၁၀)တန်းကောအောင်ကြရဲ့လားမသိဘူး....
သက်မောင် said...
လူ့တန်ဖိုးကို သူ့ရဲ့ လုပ်ဆောင်ချက်က ဖော်ပြပေးတယ်တဲ့....
လုပ်ပါစေ ...... ဘာကြောင့်လုပ်တယ်ဆိုတာ သိနေတဲ့သူတွေကတော့ ကြိတ်ပြုံးနေမှာ မြင်ယောင်သေးရဲ့...
တတ်သမျှလေး လုပ်ပေးနေတာ မုဒိတာပွားပေးလိုက်ကြပါ... သူ့လမ်းသူသွားမှာပါ...
poe thet said...
ကို Killer ကျနော်ကအကို့ကို ဝေဖန်တာတော့မဟုတ်ဘူးနော် လူတစ်ဦးတစ်ယောက်ကဲ့ စိတ်ဓာတ်ကို အတန်းပညာနဲ့မနှိုင်းယှဉ်ပါနဲ့ဗျာ သူ့ဖာသူကြံ့ဖွတ်ကကောင်တွေ အာဏာပြ အရူးထပီး မိုက်ရိုင်းနေကြတာ ပါ တစ်ချို့တွေအတန်းပညာမတတ်ပေမရ့် အသိပညာရှိတဲ့သူတွေအများကြီးရှိပါတရ်
Powered by Blogger.