ဧပြီ ၉ ရက်မတိုင်မီ အင်တာနက် Bandwidth 10GB အထိ တိုးမြှင့်မည်

လာမည့်ဧပြီလ ၉ ရက်နေ့မတိုင်မီ အင်တာနက် Bandwidth 10GB အထိ တိုးမြှင့်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိအနေဖြင့် အင်တာနက် Bandwidth စုစုပေါင်း 3.72 GB ချိတ်ဆက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။ Sea-Me-We 3 မှ 3.2GB အား မတ်လ ၂၈ ရက်နေ့အပြီး ချိတ်ဆက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်-မြဝတီ(ထိုင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်း)မှ 2.5 GB အားလည်းကောင်း စုစုပေါင်း 10GB အထိ WCDMA မိုဘိုင်းတယ်လီဖုန်းများ စတင်ရောင်းချမည့် ဧပြီလ ၉ ရက်နေ့မတိုင်မီ အပြီးချိတ်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။ မိုဘိုင်းဖုန်းများ၌ အင်တာနက် အသုံးပြုရာတွင် WCDMA နှင့် EDGE စနစ်နှစ်မျိုးဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ WCDMA စနစ်မှာ ( UMTS) စနစ် 3rd Generation Mobile Data စနစ်ဖြစ်ပြီး အမြန်နှုန်း 500KB မှ 2MB အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း EDGE မှာ 2.5 G သာဖြစ်၍ အမြန်နှုန်း 80 KB မှ 130KB အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
ဧပြီ ၉ ရက်မတိုင်မီ အင်တာနက် Bandwidth 10GB အထိ တိုးမြှင့်မည် ဧပြီ ၉ ရက်မတိုင်မီ အင်တာနက် Bandwidth 10GB အထိ တိုးမြှင့်မည် Reviewed by သစ်ထူးလွင် on 16:21 Rating: 5

8 comments:

ထူးထူး said...

အိမ်နှီးချင်းနိင်ငံတွေ၇ဲ့ ဈေးနှုန်းလိုဖြစ်အောင်ဘယ်တော့လုပ်ပေးမှာလဲ
ထိုင်းမှာ9Mbကို တလကျပ် နှစ်သောင်းဝန်းကျင် တ၇ုပ်က 2Mbကိုတနှစ်၇ှစ်သောင်းခန့် 4Mbကိုတနှစ်တသိန်းနှစ်သောင်းခန့်  လစဉ်ကြေး အပိုကြေးပေးစ၇ာမလို။ ဦးသိန်းစိန်လက်ထက်မှာတော့ မမျော်တော့ပါဘူး
အမေစု လက်ထက်ကြမှ မျော်တော့မယ် အခုတောင်မီးက ခဏခဏပျက်နေပြီ

252525 said...

နောက်အနှစ်20လောက်မှဈေးကျမယ်ထင်တယ်

phyo1980 said...

ဝမ်းသာစရာသတင်းပါဘဲဗျာ...တစ်ကယ်ဖြစ်ပါစေ..

Anonymous said...

ဘာမှ မျှော်မနေပါနဲ့...ကိုယ့်ဘာသာကိုယ်သာ..ကြိုးစားကြပေတော့..

amtkhunlay said...

ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲကာလ နဲ့ ရွေးကောက်ပွဲအပြီးအထိ အကြောင်းအမျိုးမျိုးပြပြီး အင်တာနက်၊ ဖုန်းလိုင်း နဲ့ လျှပ်စစ်မီး မဖြတ်ဖို့လိုပါတယ်။ အင်တာနက် တိုးမြှင့်မယ်ဆိုတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အစိုးရအတွက်သီးသန့် တိုးမြှင့်တာမျိုးမဖြစ်စေဘဲ အများ ပြည်သူတွေအတွက်ပါ ဖြစ်စေချင်ပါတယ်။ တကယ်ဖြစ်လာရင်တော့ မြန်မာ့ဆက်သွယ်ရေးကို ကျေးဇူးတင်မှာပါ။

N2N said...

Interface 10GBEth သာဖြစ်ပါလိမ့်မည် WAN bandwidth တွင် Net Payload 10GB Eth မရှိနိုင်ပါ 1GB Eth ချိတ်ဆက်ရန် 7 x VC-4 (140 MBps) ရှိသည့်အတွက် 10 GB Eth အတွက် 70 x VC-4 ~ STM-64 LINK ရှိရမည် မြန်မာပြည်မှ နိုင်ငံတကာ ISP သို. STM-64 LINK ချိတ်ဆက်နိုင်ခြင်းမရှိသေးပါ

အမှန်တရား said...

တိုးတာတော့တိုးနေတာပဲ။ ပျက်လိုက်တဲ့ဆက်ကြောင်းတွေကလဲ မနည်းတော့ဘူး။ ပြန်ကောင်းလည်း လိုင်းကတော့ အရင်အတိုင်းပဲ၊ လေတွေပဲတိုးနေတာလားမသိဘူး။

Zay Ya Thwe said...

ခုတော့မယုံသေးဘူး မစားရ၀ခမန်းကြီး ဖြစ်သွားမှာစိုးတယ်
တကယ်ကို internet လိုင်းတွေမြန်စေချင်တယ်ဆို ကြော်ငြာစရာမလိုပါဘူး ခုလဲ international လိုင်းကကောင်းပြီးသားပါ ပြည်သူတွေကို ပေးမသုံးတာများ ဒီသတင်းကလဲ မဲပေးခါနီးမှဆိုတော့ စဉ်းစားစရာဘဲ. . . .

Powered by Blogger.