Singapore Education Road Show 2012 မြန်မာတွင် ပထမဆုံးအကြိမ် ကျင်းပရန်စီစဉ်

schools in singapore  Edutrust

 ရန်ကုန်၊ ဖေဖော်ဝါရီ ၉ — စင်ကာပူနိုင်ငံရှိ အခိုင်မာဆုံးကျောင်းများကို တစုတစည်းတည်းလေ့လာနိုင်မည့် Sinapore Education Road Show ၂၀၁၂ ကို ယခုနှစ်တွက် ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် စင်ကာပူနိုင်ငံရှိ Edu Trust လက်မှတ်ရရှိပြီး ကျောင်းများမှ ပါဝင်ပြသ သွားမည်ဖြစ်ကာ အင်ဂျင်နီယာကျောင်းများ၊ ကွန်ပျူတာသာရပ်ကျောင်းများ၊ စီမံခန့်ခွဲမှုနှင့် စာရင်းအင်းဈေးကွက်စီးပွားရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာ၊ မီဒီယာ၊ ဒီိဇိုင်း၊ရုပ်ရှင်၊ အနုပညာကျောင်း ၊တေးဂီတကျောင်း၊ ဆေးပညာဆိုင်ရာ ဘာသာရပ်များ၊ဟိုတယ်နှင့် ခရီးသွားစီမံခန့်ခွဲမှုကျောင်းများ၊ လေယာဉ်မောင်မယ်များအတွက် IATA  အသိအမှတ်ပြုအောင်လက်မှတ်များ ပေးအပ်ချီးမြှင်မည့်ကျောင်းများစွာ ပါဝင်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
´´ပြပွဲမှာ ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းဝင်ခွင့်တွေနဲ့ ထပ်မံသိရှိလိုတဲ့အချက်အလက်တွေအတွက် သက်ဆိုင်ရာကျောင်းတွေက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အသေးစိတ်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ ပြပွဲနေ့အတွင်း လာရောက်တဲ့သူတွေအတွက် ရာခိုင်နှုန်း ၁၀၀ ၊ ပညာသင်ဆုပေးအပ်မယ့် အစီအစဉ်တွေ၊ ကျောင်းလျှောက်လွှာကြေးကင်းလွတ်ခွင့်၊ ပြပွဲကိုလာရောက်တဲ့ ကျောင်းသားကျောင်းသူတွေအတွက် စင်ကာပူပညာရေးလမ်းညွှန် အထူးထုတ်စာအုပ်တွေ အခမဲ့ပေးသွားမှာပါ´´ဟု Crown Education မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြပွဲတွင် ပါဝင်ပြသမည့် MDIS မှ နိုင်ငံတကာကျောင်းသားများအတွက်Merit Scholarship, Kaplan မှပေးအပ်မည့် MBA Study Grant, LASALLE အနုပညာကျောင်းမှ Tan Chay Bing Scholarship and Future Leader Scholarship နှင့် MOE Tution Grant  အစီစဉ်များ၊  MIIS မှ ဘွဲ့ပရိုဂရမ်များအတွက် HP Netbook မာစတာပရိုဂရမ်အတွက် Apple iPad 2 ပေးအပ်မည့်အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။
ယင်းပြပွဲကို ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နံနက် ၁၀ နာရီမှ ၄ နာရီအထိ အလုံလမ်းရှိ ဆန်းမစ်ပတ်ဗျူးဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကာ ပြပွဲတွင် စင်ကာပူရှိ Edu Trust လေးနှစ်ရရှိထားသောကျောင်း ၁၂ ကျောင်းပါဝင်မည်ဖြစ်သည်။
နိုင်ငံခြားတက္ကသိုလ်၊ ကောလိပ်များသို့ တက်ရောက်မည့်သူများအတွက် တရားဝင်ငွေသယ်ဆောင်ခွင့်ဆားဗစ်အစရှိသည့် သိကောင်းစရာသတင်းအချက်အလက်များနှင့် လုပ်ငန်းခွင်ဝင်သင်တန်းများကို Crown မှ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မေသဉ္စာ (ပန်းသတင်းဂျာနယ်)

1 comments:

သူရိယ said...

စင်္ကာံပူကိုကျောင်းတက်ရန်စိတ်ဝင်စားသော ညီငယ် ညီမငယ်များခင်ဗျား။ စင်္ကာံပူမှာကျောင်းလာတက်မည်ဆိုလျှင် အရင်တုန်းကလို စင်္ကာံပူအစိုးရဆီမှ အခွင့်အရေးများ နှင့် ကျောင်းပြီးသောအခါတွင်လည်း အလုပ်အကိုင်ရရှိရေးမှာ မသေချာကြောင်းအသိပေးပါရစေ။ အစိုးရဆီမှအခွင့်အရေးများဆိုသည်မှာ Government School ကျောင်းပြီးသူများအနေဖြင့် ယခင် 2007 ရှေ့ပိုင်းကလို PR မပေးတော့ပါ။ EPEC လည်းလျှောက်ရရန်မသေချာပါ။ ထို့ကြောင့် ၂ လ ၃ လ အတွင်းအလုပ်ရအောင်ရှာကြရပါမည်။ ထို့ပြင် Job Opportunity နည်းပါးခြင်းကြောင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် On Job Training ဆင်းရာတွင်ပင် ကိုယ်နှင့်သက်ဆိုင်မှုရှိသည့် အလုပ်များတွင် Training ဆင်းခွင့်မရဘဲ မဆိုင်သည့် နေရာများတွင်ရရာလုပ်ပြီး OJT ၆ လ (သို့) ၈ လ ဆင်းကြရပါသည်။ OJT မပြီးလျှင် ဘွဲ့လက်မှတ်လုံးဝမထုတ်ပေးပါ။ နောက်တစ်ချက်က Singapore တွင် Living Cost မှာမြင့်သထက်မြင့်လာနေပါသည်။ ကုန်ကျစားရိတ်မှာ ယခင်ကနှင့် ကွာခြားပါသည်။ အလုပ်အကိုင်များမှာလည်း Singaporean နှင့် PR များကိုသာ အခေါ်များသောကြောင့် ကျောင်းပြီးလျှင်အလုပ်အကိုင်ရဖို့ အခွင့်အလမ်းမှာ လွန်စွာနည်းပါသည်။ ကျောင်ပြီးလျှင်အလုပ်လုပ်ပြီး မိဘကိုပိုက်ဆံပြန်ပို့မည်ဟု ရည်ရွယ်သူများ သေချာစွာစဉ်းစားစေလိုပါသည်။ ပညာလိုချင်ရုံသက်သက် ဘွဲ့ရချင်ရုံသက်သက်သူများအနေဖြင့်သာအဆင်ပြေပါလိမ့်မည်။ ကျောင်းပြီး စင်္ကာံပူမှာ အလုပ်လုပ်မြည်ဟုရည်ရွယ်ချက်ရှိသူများ သေချာစွာ စဉ်းစားပါ ၊ လက်လှမ်းမှီသလောက်မေးမြန်းပါ။

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

နောက်ဆုံးရသတင်းအပုဒ်(၁၀၀) အောက်မှာသတင်းခေါင်းစဉ်နှိပ်ပြီးဖတ်ရှုပါ

 
 

© Myanmar News Now Copyright by သစ်ထူးလွင် Myanmar News Now

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်