MRTV ကို ၀န်ကြီးဦးကျော်ဆန်း နှင့် Forever Company ကသိမ်းပိုက်ထား

Forever Company က  သိမ်းပိုက်ထားတဲ့ MRTV
"MRTV-4 အမည်ခံနှင့်ထုတ်လွှင့်နေတဲ့ Forever Company မှာ ၀န်ကြီး
ဦးကျော်ဆန်း ရဲ့  ရှယ်ယာတွေအများဆုံးပါဝင်နေကြောင်းသိရပါတယ်။


ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း ဟာ မြန်မာ့အသံဝန်ထမ်းတွေကို တပ်ကုန်းမြို့ ပို့ပြီး ရန်ကုန် - ပြည်လမ်းပေါ်က မြန်မာ့အသံရုံးကြီးကတော့ သူပိုင်တဲ့ Forever Company
ရုံး အဖြစ်အသုံးပြုနေတယ်လို့ MRTV ၀န်ထမ်းတဦးက Myanmar News Now ကိုပြောပါတယ်။


ရုံးဝင်းထဲကအဆောက်အအုံတွေကိုလည်း ငှားစားထားသလား ၊ ရောင်းစားထားသလားသေချာမသိရ
သေးပေမယ့်  Forever Company ကပဲ အဲဒီအဆောက်အဦးတွေကို ချယ်လှယ်နေတယ်လို့ လည်း 
သိရပါတယ်။

Forever Company က CEO ဆိုသူ ဦးဝင်းမော် ကလည်း ၀န်ကြီးဦးကျော်ဆန်း
 ကျောထောက်နောက်ခံနဲ့ MRTV က DG အပါအ၀င် ညွှန်မှူးအားလုံးကို အမိန့် ပေး 
ခိုင်းစေနေတယ်ပါတယ်။  

MRTV က ညွှန်မှူးတွေဟာ ကိုယ့်ဝန်ထမ်းတွေကို ကိုယ်ကနှိပ်ကွပ်ရုံမက
အပြင်Company ကပါ အနိုင်ကျင့်နေတာမြင်လျက်နဲ့ မျက်နှာလွှဲနေကြတဲ့ အကြောင်းလည်း 

MRTV ၀န်ထမ်းက ပြောပါတယ်။
 
အခုနောက်ဆုံးဖြစ်ရပ်ကတော့ မြန်မာ့အသံဝင်းအတွင်းက အပျိုဆောင်(၂)ဆောင်နေရာမှာ
Forever Company က MMTC သင်တန်းကျောင်းဆောက်ချင်လို့ဆိုပြီး 
အပျိုဆောင်က၀န်ထမ်းတွေကို နယ်နှင်ဒဏ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ 

အဆောင် အစားပြန်ဆောက်ပေးထားတယ်ဆိုပေမယ့်  ချောင်ထဲမှာပဲ
ပြန်ဆောက်ပေးထားတာပါ။  ဒါပေမယ့် အပျိုတစ်ယောက် နေဖို့ရတဲ့ နေရာက (၄)ပေသာသာပဲ
ရှိပါတယ်။
တကယ်တော့ မြန်မာ့အသံဝန်ထမ်းတွေဟာ အစိုးရလက်ကိုင်တုတ်ရယ်လို့
ပြည်သူကလည်းမုန်း ၀န်ကြီးကလည်း မျက်နှာသာမပေးတဲ့အပြင်
Forever Company ကလည်း
အရေးမစိုက်၊ ထင်ရာလုပ် ညွှန်မှူးများကလည်း မျက်မမြင်နားမကြား လုပ်နေတာကိုခံနေရတဲ့
အကြောင်း MRTV ၀န်ထမ်းက Myanmar News Now ပြောပြပါတယ်။

သစ်ထူးလွင် (Myanmar News Now)
MRTV ကို ၀န်ကြီးဦးကျော်ဆန်း နှင့် Forever Company ကသိမ်းပိုက်ထား MRTV ကို ၀န်ကြီးဦးကျော်ဆန်း နှင့် Forever Company ကသိမ်းပိုက်ထား Reviewed by သစ်ထူးလွင် on 09:48 Rating: 5

15 comments:

lawkathitsar said...

ခု ချိန်ထိကို မရပ်နိုင်သေးကြပါလား ၊တော်ကြပါတော့ဗျာ
အောက်ချေ ဝန်ထမ်း က စားစရာမရှိလို့ဒုက္ခရောက်နေကြတာ

Bravo said...

သမတကြီးရေ-
အဲဒါတွေရှိနေသေးသလားဗျာ။
ကျကျနနစုံးစမ်းအရေးယူပေးပါ။
အစိုးရဌာနတွေကို အဲဒီလိုရိုက်စားနေတာ ကြားရတာကြာပြီ။ ဒါပေမဲ့ အခုလို ဘာမှလိုလေသွေးမရှိတော့တဲ့ ပုဂ္ဂိုလ်တွေ တပိုးနင့်အောင် မဟားဒယား မတရားစားနေတာတော့ ကြားရ၊မြင်ရမသင့်တော်လွန်းလို့ပါ။

Anonymous said...

အော် ဒါဆို အားလုံး သဘောပေါက်ကြတော့နော် MRTV4 ဆိုတာ ကျော်ဆန်းပိုင် မီဒီယာ MRTV ကတော့ အစိုးရပိုင် မီဒီယာ . . ဒါကြောင့် ကမ္ဘာအရပ်ရပ်က အရေးကြီး ပုဂ္ဂိုလ်တွေနဲ့ ဒေါ်စု တွေ့ ဆုံပွဲတွေကို MRTV ကနေမပြသလို MRTV4 ကလည်း မပြတာကိုး . . . ကျော်ဆန်းက ဒေါ်စု ကို အရမ်းမုန်းတာ မတတ်သားလို့ သာ ဆက်ဆံနေရတာ ရုပ်ကိုကြည့်ရင် သိသာတယ် ဒါကြောင့် သူပိုင် မီဒီယာတွေမှာ ဒေါ်စုသတင်းလုံးဝကို မထည့်တာ . . အင်း . ဒါဆိုရင် MRTV4 ကိုပါ ပြည်သူလူထု ဆန့်ကျင်ဖို့ လိုပြီ . . ခေါင်းသွယ်ကြီး မပြုတ်မချင်းပေါ့ . . . ကျော်ဆန်းပြုတ်ရင်တော့ သူတို့  forever group media လဲ နားတော့ပေါ့ . . . ပြည်ပ နည်းပညာတွေနဲ့ ပဲ တိုးတက်အောင် ပေါင်းလုပ်ပြီး ပညာယူရမယ် . . .

waterhyacint said...

ကျွှန်တော်က MRTV က၀န်ထမ်းဟောင်းတစ်ဦးပါ ကျွှန်တော်လွန်ခဲ့သည့် 2000 မှ2006 အထိတာဝန်ထမ်းဆောင်ခဲ့ဖူးပါသည် ထိုအချိန်လောက်ကတည်းက MRTV4၏ နယ်မြေကျူးကျော်မှုမှာစတင်ခဲ့ပြီဖြစ်ပါသည် အထက်ပါဝန်ထမ်း၏ပြောကြားချက်မှာအမှန်တကယ်ဖြစ်ပါသည် MRTV ၀န်ထမ်းအချင်းချင်းညီညွတ်စွာ လက်တွဲကူညီကြပါလို့တိုက်တွန်းချင်ပါသည်

KM said...

တော်စမ်းပါကျော်ဆန်းရာ ငိုကျော်ဆန်း ကို ရာထူးကချက်ခြင်းထုတ်သင့်ပါတယ်၊ မီဒီယာတွေကို လုံးသကြည့်မရတာ ဒီကောင်ကြီးပါဘဲ။ ဆောင်းဦးလှိုင် stage show ကို ၀င်ချယ်လှယ်တာလဲ forever group ဘဲလေ၊

minmaung said...

Better,minister kyaw san is terminated for labors and people,President U Thein Sein must be know about kyaw san.People advise to terminate minister kyaw san.

tharzaw said...

"MRTV-4 အမည်ခံနှင့်ထုတ်လွှင့်နေတဲ့ Forever Company မှာ ၀န်ကြီး
ဦးကျော်ဆန်း ရဲ့  ရှယ်ယာတွေအများဆုံးပါဝင်နေကြောင်းသိရပါတယ်။
ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း ဟာ မြန်မာ့အသံဝန်ထမ်းတွေကို တပ်ကုန်းမြို့ ပို့ပြီး ရန်ကုန် - ပြည်လမ်းပေါ်က မြန်မာ့အသံရုံးကြီးကတော့ သူပိုင်တဲ့ Forever Company
ရုံး အဖြစ်အသုံးပြုနေတယ်လို့ MRTV ၀န်ထမ်းတဦးက Myanmar News Now ကိုပြောပါတယ်။

လုပ်ချလိုက်ပြန်ပြီဟ ....
အဲဒီကျော်ဆန်းနဲ့ တင့်ဆန်း ညီအစ်ကိုနှာ(နှစ်)ယောက် ...
စိုးဝင်းတို့ညီအစ်ကိုနှစ်ယောက်တော့သေပြီ .. ။
ဒီနှစ်ယောက်ပဲကျန်တော့ ...
ဘယ်တော့လဲ ... မြန်မြန်ခေါ်ပါတော့ ...
ကိုကျော်သူရဲ့ နာရေးကူညီမှုက စောင့်ကြိုနေပါတယ် ။

ပြောမယ် said...

နိုင်ငံတော်ပိုင် တာတွေကို အလွဲသုံးစားလုပ်ရင် အရေးယူသင်.တယ် ဖမ်းပြီး ထောင်ချပြစ်လိုက်

Killer said...

အခုမှသမ္မတကြီးလုပ်မနေနဲ့... သမ္မတကြီးကအကုန်သိတယ်.. သူလဲမနိုင်လို့ မျက်စေ့မှိတ်ထားတာကွ... အကုန်လုံးက သူမသာ ငါအသုဘ တွေကြီးပါပဲကွာ.....

san san said...

အစိုး၇ ဝန်ထမ်တယောက် က အပြင်စီးပွား ရေးသမားတွေနဲ့ပေါင်းပြီးစီးပွားရေးလုပ် နေမှတော့ ဒီဝန်ထမ်းက ဝန်ထမ်းကောင်း တယောက်ဘယ်တော့မှ ဖြစ်မလာတော့ဘူး။လဒ်စားတဲ့ဝန်ထမ်းဘဲ ဖြစ်တော့မှာ။

လူသား said...

အစိုးရ ဆိုတာ အစပဲရိုး တာ

ရာရာ said...

သတင်းကိုသတင်းနဲ့တူအောင်ကြည့်ချင်တယ်ကျော်ဆန်းရေ...
ဖေါ်လံဖားတာတွေရပ်တော့၊ ခွေးကျင့်ခွေးကြံတွေတော်တော့၊ အထက်ဖါးအောက်ဖိတွေ နားတော့၊ ဆိုးဂျားနဲ့ ပုဂိုးဒါးတွေပြတာ သွားတော့၊ တံတားကြီးတွေဆောက်လမ်းတွေဖေါက်တာတွေမဲပြာပုဆိုးပြကွက်တွေ လစ်တော့၊အသက်မပါပဲ စာရွက်သာဖတ်ပြနေတဲ့ မိုက်ကရိုဖုန်းနောက်က အဆီပြန်ရုပ်ကြီးတွေ ညောင်းတော့၊ မင်းလည်း ငရဲပြည်ကို ဒိုးတော့...

ကိုခမောက် said...

ခြေဖနောင့်ကို လက်နဲ့ကုတ်ပြီး WSJ သတင်း ရှင်းလင်းပွဲလုပ် နေတယ်။ ဝန်ကြီး ဆိုတာဒါလား။ ဒီလက်ကြီး နဲ့ ပဲ ဗိုလ်ချုပ်မှူးကြီး ကို ..... ဟီဟီး။

the` maung said...

မြန်မာတိုင်းမ် ကိုလဲမတရားသိမ်းပိုက်ထားတာဆို၊ ဟဟဟ

nyinyiaung said...

တော်စမ်းပါ ကျော်ဆန်းရာ မင်းပေးတဲ. ကြက်ဖကြီးက ဥလဲ မ`ဥ´ဘူး။သရက်ပင် မေးရင် ပိန္နဲပင် ဖြေတယ်။သရက်သီးမေးရင် ပိန္နဲသီးဖြေတယ်။စောက်တလွဲ မျောက်ပွဲ ကြည်.ရသလိုဘဲ။

Powered by Blogger.