ရွှေတူးဖော်မှုလုပ်ငန်းကြောင့် ချောင်းကြီးရွာ ရေလွှမ်းမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိ


မန္တလေးတိုင်းဒေသကြီး ၊သပိတ်ကျင်းမြို့ နယ် ၊ချောင်းကြီးရွာရှိ ချောင်းကြီးချောင်းအနီးတွင်‘ရွှေမေမေကုမ္ပဏီ’မှရွှေတူးဖော်မှုလုပ်ငန်းကြောင့် မိုးတွင်အခါတွင် ချောင်းကြီးရွာ ရေလွှမ်းမည်ကိုရွာသူရွာသားများစိုးရိမ်ပူပန်နေ
ကြောင်း ဒေသခံများထံမှသိရသည်။
“သူတို့ကပါမစ်မကျသေးဘဲ ချောင်းကြီးဘေးမှာ ဆယ်ရက်လောက်လာပြီး  စက်ကြီးတွေနဲ့ဟိုတူးဒီတူးလုပ်သွားတယ်။အဲ့ဒီကထွက်တဲ့ မြေစာတွေက ဘေးနားမှာပဲဆိုတော့ ချောင်းကြီးထဲကို မိုးတွင်းမှာ ပြန်ဝင်ပြီးဆည်ပိတ်သလို့ဖြစ်ပြီးတော့ကျွန်တော်တို့ရွာ ရေကြီးလာနိုင်တယ်” ဟု ချောင်းကြီးဒေသခံဖြစ်သူ ကိုသန်းအေး ကပြော သည်။
အဆိုပါချောင်းကြီးကျေးရွာသည်၂၀၀၇ခုနှစ်တွင်Eternalကုမ္ပဏီမှ ချောင်းကြီးဘေးတွင် ရွှေတူးဖော်မှု လုပ်ငန်းလုပ်ကိုင်ခဲ့ဘူးကြောင်း၊ ရွှေတူးဖော်ခြင်းမှထွက်ရှိသော မြေစာများကြောင့် ချောင်းပိတ်ဆို့ကာ ဆည်ပိတ်သကဲ့သို့ဖြစ်သွားခဲ့ဖြစ်သွားခဲ့ပြီး ချောင်းကြီးရွာရှိ၅၆အိမ် ရေမြုပ်ကာ လူ ၇ ဦးသေဆုံးခဲ့ဖူးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။
“ ကုမ္ပဏီတစ်ခုက ရွှေတူးတဲ့လုပ်ငန်းလုပ်ကိုင်ခဲ့တယ်။ ၂၀၀၇ လောက်က ဒီရွာမှာ ချောင်းပိတ်ပြီး ရေလွှမ်းသွားတယ် အိမ်တွေလဲမြုပ် လူတွေလဲသေခဲ့တယ်။ အဲဒါကြောင့် အဲကုမ္ပဏီကို လုပ်ကွက် ပိတ်လိုက်တယ်”ဟု ချောင်းကြီးရွာမှ ကိုအုန်းသန်း ကပြောသည်။
ယခုအခါတွင်‘ရွှေမေမေ ရွှေကုမ္ပဏီ’မှ ချောင်းကြီးရွာအနီးတွင် ရွှေတူးဖော်ခြင်းလုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်နေကြောင်း ဒေသခံပြောပြခဲ့သောကြောင့် ရွှေမေမေကုမ္ပဏီအား မေးမြန်းရာတွင် ဖြေဆိုခဲ့ခြင်းမရှိသောလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဖြေကြားပေးခဲ့သည်။
“ကျွန်တော်တို့က ပါမစ်ကျရင်လုပ်မယ် ၊ ပါမစ်မကျရင် မလုပ်ဘူး  ၊စက်တွေနဲ့တူးတယ်ဆိုတာကလည်းအရင်Eternalကုမ္ပဏီကလုပ်သွားတာတွေကို ပြန်ရှင်းတဲ့သဘောပါ” ဟု မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်မှပြော
သည်။
အဆိုပါ ရွှေတူးဖော်ခြင်းလုပ်ငန်းအား ရွှေမေမေ ကုမ္ပဏီမှ ကိုအောင်နှင့် သပိတ်ကျင်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးဟန်တို့မှလုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်မခ. ၂၈ဖေဖော်ဝါရီ၂၀၁၂
ရွှေတူးဖော်မှုလုပ်ငန်းကြောင့် ချောင်းကြီးရွာ ရေလွှမ်းမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိ ရွှေတူးဖော်မှုလုပ်ငန်းကြောင့် ချောင်းကြီးရွာ ရေလွှမ်းမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိ Reviewed by သစ်ထူးလွင် on 19:53 Rating: 5

1 comment:

Anonymous said...

ပိုက်ဆံ၇ှာကြတာလဲဟာ ကျန်တဲ့သူတွေအတွက်လဲ စဉ်းစားပေးကြပါအုံး။

Powered by Blogger.