ဒေါ်အောင်ဆန်းစုကြည်မြစ်ကြီးနားတွင် ဒေသခံတိုင်းရင်းသားခေါင်းဆောင်၊ဘာသာရေးခေါင်းဆောင်များနှင့်အတူ ညစာစားသုံးမည်

မြစ်ကြီးနား၊ ဖေဖော်ဝါရီ-၂၂
ကချင်ပြည်နယ်သို့ မဲဆွယ်စည်းရုံးရေးခရီးစဉ်သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ် ပထမည(ဖေဖော်ဝါရီ၂၃ည) တွင် မြစ်ကြီးနားမြို့ ဆီတာပူမနောပွဲ၊ မဂျွယ်ခန်းမတွင် ဒေသခံတိုင်းရင်းသားခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့်အတူ ညစာစားသုံးမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ကျွန်တော်တို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ညစာစားဖို့ဖိတ်ထားပါတယ်”ဟု ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်ပထမနေ့တွင် မိုးကောင်းမြို့နယ် နမ္မတီးကျေးရွာဘောလုံးကွင်းနှင့် မိုးကောင်းမြို့အိုးတန်းဘောလုံးကွင်းတို့တွင် လူထုသို့ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ခရီးစဉ်ဒုတိယနေ့ဖြစ်သော ဖေဖော်ဝါရီ၂၄ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ဆီတာပူမနောပွဲ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ထို့နောက် နေ့ခင်းပိုင်းတွင် ဗန်းမော်မြို့သို့ သွားရောက်ပြီး လူထုသို့မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
 7Day News Journal
ဒေါ်အောင်ဆန်းစုကြည်မြစ်ကြီးနားတွင် ဒေသခံတိုင်းရင်းသားခေါင်းဆောင်၊ဘာသာရေးခေါင်းဆောင်များနှင့်အတူ ညစာစားသုံးမည် ဒေါ်အောင်ဆန်းစုကြည်မြစ်ကြီးနားတွင် ဒေသခံတိုင်းရင်းသားခေါင်းဆောင်၊ဘာသာရေးခေါင်းဆောင်များနှင့်အတူ ညစာစားသုံးမည် Reviewed by သစ်ထူးလွင် on 18:00 Rating: 5

1 comment:

kokhent said...

အမေ့ရဲ့သားသမီးတွေထဲက
၁.အမေ နဲ့ အတူတူ
၂.အမေ ပင်ပန်းနေမှာ သီချင်းလေးတွေ ရေးခဲ့တဲ့ အမေ့ရဲ့ သားတယောက်ပါ..
ဒီရက်ပိုင်း ​`အမေ့ ရဲ့ အမေ​` ခေါင်းစဉ်နဲ့ သီချင်းစာသားတွေ ရှာနေပါတယ်..
အမေ့ ကိုကိုဆိုနေတဲ့ ပြည်သူတွေအရှေ့ ပြုံးပန်းတွေဝေနေတဲ့ အမေ့ မျက်နှာနှင့်တင့်တည်အောင် မြန်မာဆန်ဆန် အင်္ကျီတွေ ချုပ်ပေးတဲ့ Fashion Designer ဘယ်သူလည်း မသိပေမယ့် သေသပ်လှပတဲ့ Design တွေအတွက် ချီးကျူးဂုဏ်ပြုပါတယ်.. ကျေးဇူးတင်ပါတယ်..
အမေ့ ရဲ့ ခရီးစဉ်တလျှောက် လုံခြုံရေအတွက် ကချင်ပြည်နယ်မှ ညီအကိုများ ၀ိုင်းဝန်း ကူညီပေုးကပါ..
အမေ ကျန်းမာပါစေ..
ကချင်ပြည်နယ်မှ ညီနောင်များလည်း ကျန်းမာပျော်ရွှင်ဘေးရန်ကင်းစင်ပါစေ..

Powered by Blogger.