အားကစားဝန်ကြီးဦးတင့်ဆန်း နှင့် ပြည်သူ့ လွှတ်တော်ဆောက်လုပ်ရေးလုပ်ငန်း
အားကစားဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး
လုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း အား အားကစားဝန်ကြီးဌာနမှာသာဆက်လက်ထားရှိတော့မှာ
ဖြစ်ပြီး ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးနေရာအား 
မကြာခင် အခြားတစ်ဦးအား ခန့်အပ်တော့မည်ဖြစ်ကြောင်း
ဝန်ကြီးနဲ့ နီးစပ်သူတဦးထံမှသိရပါတယ်။
အားကစားဝန်ကြီးဦးတင့်ဆန်း ဟာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်
 အာဏာ ရှိစဉ်အခါက ဗိုလ်ချူပ်
ကြီးဟောင်းခင်ညွန့် ရဲ့  အရေးအပေးအခံရဆုံး အခွင့်အရေးအများဆုံး အရဆုံး  အနီးကပ်ဆုံး လုပ်ငန့်းရှင် တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် အိမ်တွင် အသေးစား အကြီးစား ပြင်ဆင်မှု့လုပ်ငန်းရှိပါက ACE CONSTRUCTION မှလွဲရ်ျအခြားမည်သည့်အဖွဲ့အစည်းကိုမှ မခိုင်းပါ။ ACE CONSTRUCTION တစ်ခုကိုသာခိုင်းပါတယ်။
 ဗိုလ်ချုပ်ကြီးခင်ညွန့် အဖမ်းခံရတဲ့အချိန်မှာ လုပ်ငန်းရှင် အားလုံးကို ခေါ်ယူစစ်ဆေးပါခဲ့ပါတယ်။ လုပ်ငန်းရှင်အားလုံးရဲ့  ထွက်ဆိုချက်ကိုလည်း အထက်ကိုတင်ပြရပါတယ်။  ထွက်ဆိုချက်များ
အားလုံးကို ဗိုလ်ချူပ်မှုးကြီးသန်းရွှေမှ ကြည့်ရှု့စစ်ဆေးသည့်အခါ ဗိုလ်ချူပ်ကြီးဟောင်းခင်ညွန့် 
အပေါ်တွင် သစ္စာရှိစွာဖြင့် မည်သည့်တန်စိုးလက်ဆောင်မှ မိမိမှပေးအပ်ခြင်းမရှိပါဟု ဦးတင့်ဆန်းက ဖြေကြားခဲ့ကြောင်းသိရပါတယ်။ 
ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ အထက်အရာရှိပေါ် သစ္စာရှိသူ အဖြစ်မှတ်ချက်ပေးကာ ၄င်းကဲ့သို့ လုပ်ငန်းရှင်မျိုးနှင့် ပူးပေါင်းလုပ်ဆောင်မှ မိမိတို့အားနည်းချက်များရှိလျှင်လည်း မပေါက်ကြား
နိုင် ဟု ယူဆခဲ့ပြီး ပြည်သူ့လွှတ်တော်အဆောက်အဦးဆောက်လုပ်ရေးလုပ်ငန်းအားဦးတင့်ဆန်းကိုဆက်လက်စေခိုင်းခဲ့ပါတယ်။
လွှတ်တော်ဆောက်လုပ်နေချိန်မှာ နေ့စဉ်ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး 
 နေ့စဉ်လာရောက်ချင်း၊ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှ စနေနေ့တိုင်း အပတ်စဉ်
လာရောက်စစ်ဆေးခြင်း၊တို့ကြောင့် ဦးတင့်ဆန်းသည် သာရေးနာရေးကိစ္စမှ လွဲရ်ျ 
ရန်ကုန်သို့လုံးဝသွားရောက်ခြင်းမရှိတော့ပဲ နေပြည်တော်တွင် အမြဲတမ်းနေခဲပါတယ်။
 လူကြီးများရဲ့  ယုံကြည်ချက် အပြည့်အ၀ရရှိအောင် ဆောင်ရွက်တတ်သူလည်းဖြစ်ပါတယ်။  ပြည်သူ့လွှတ်တော်မှာ တပ်ဆင်မည့်လုပ်ငန်းသုံးပစ္စည်းများကို ရန်ကုန်မှတရုတ်နိုင်ငံလုပ် 
ပစ္စည်းအားဝယ်ယူ ကွန်တိန်နာထဲမှာထည့်ပြီး အနောက်နိုင်ငံများမှ ပစ္စည်းများကို စင်္ကာပူမှ 
တစ်ဆင့် မှာယူသည့် ပုံပေါက်အောင်လည်း လိမ်ညာရ်ျ ပစ္စည်းများသွင်းခဲ့တာဖြစ်ပါတယ်။
ပစ္စည်းဖိုးများကို (၃)ဆ(၄)ဆ ထိပိုမိုတင်ရ်ျနိုင်ငံတော်မှထုတ်ယူခဲ့ပါတယ်။ နေပြည်တော်
 ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သူ့ ရဲ့ သားဖြိုးကိုကိုတင့်ဆန်း ကို စားသောက်ဆိုင်
 တစ်ခု ဟန်ပြဖွင့်ခိုင်းပြီး သူတို့  သာမန်မျှသာ ချမ်းသာသူများ ပုံပေါက်အောင်၊
 လူကြီးများယုံအောင် ပြူလုပ်တတ်သူဖြစ်တယ်လို့ လည်းဆိုပါတယ်။
 နေပြည်တော်လွှတ်တော်အဆောက်အဦးဆောက်လုပ်နေသည့်အချိန်မှာ ဦးတင့်ဆန်း ရဲ့  တူတော်စပ်သူများ အမည်နှင့် စင်္ကာပူမှာ စင်္ကာပူဒေါ်လာ (၃.၅ ) သန်းတန် အခန်းများ
သူရဲ့ သားသမီးများနာမည်နှင့်လည်း စင်္ကာပူ နှင့် သြစတေးလျမှာ မြေကွက် နှင့် လုံးချင်းအိမ်များ မြောက်များစွာ ၀ယ်ယူထားသူဖြစ်ပါတယ်။ 
ရန်ကုန်မြို့ပေါ်တွင်လည်း နေရာ(၇) ခုမှာ ဦးတင့်ဆန်း ပိုင်မြေဧက (၁၀၀)ကျော်ရှိပါတယ်။ ရာဇဌာနီလမ်းမ ပေါ်မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရဲ့ သားသမီးများအတွက် ရှစ်လုံးတွဲ 
သမီးတော်အိမ်အား သူပိုက်ဆံနဲ့ နိုင်ငံတော်မှအခကြေးငွေမယူပဲ မေတ္တာဖြင့် ဆောက်
လုပ်ပေးခဲ့ပါတယ်။
 ပြည်သူ့လွှတ်တော်အဆောက်အဦးနှင့်ပတ်သတ်ပြီး ပြည်တွင်း ဈေးကွက်မှပစ္စည်းများ
ပေါ်တွင် ဘောက်ချာ သုံးဆ မြှင့်တင်ရ်ျ ဖွင့်ခြင်း ၊ တရုတ်နိုင်ငံလုပ်ပစ္စည်းများ
ကို ဘောက်ချာအတုဖြင့် အနောက်နိုင်ငံမှ တင်သွင်းသယောင် ဘောက်ချာအတုများဖြင့်
 ( ၄ ၊ ၅ ) ဆ ခန့်ပိုယူထားခြင်းတို့ကြောင့်အမှန်တကယ်ကုန်ကျစရိတ်ထက် ( ၃ ) ဆခန့် ပိုမိုကုန်ကျသွားကြောင်းကို ပြည်သူလူထုနှင့် သမ္မတကြီးကိုပါ သိစေချင်ကြောင်း
ဦးတင့်ဆန်း နဲ့ နီးစပ်သူတဦးက Myanmar News Now ကို အသိပေးပြောကြားပါတယ်။
ဒါအပြင် နေပြည်တော်ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှာ ကျန်သည့်လုပ်ငန်းရှင်များ
ဖြစ်တဲ့ ဦးချစ်ခိုင် (ဧဒင်ဆောက်လုပ်ရေး) နှင့် ဦးထွန်းမြင့်နိုင် (Asia World ) ဆောက် လုပ်ရေးတို့ဟာလည်း၊အခွင့်ထူးခံဆောက်လုပ်ရေး လုပ်ငန်းရှင်များပဲဖြစ်ကြောင်းသိရပါ
တယ်။
Myanmar News Now
အားကစားဝန်ကြီးဦးတင့်ဆန်း နှင့် ပြည်သူ့ လွှတ်တော်ဆောက်လုပ်ရေးလုပ်ငန်း အားကစားဝန်ကြီးဦးတင့်ဆန်း နှင့် ပြည်သူ့ လွှတ်တော်ဆောက်လုပ်ရေးလုပ်ငန်း Reviewed by သစ်ထူးလွင် on 01:21 Rating: 5
25 comments:
အာကာထက် said...
ကဲ ဘာတွေဘယ်လိုလုပ်ခဲ့တယ် ဘယ်လိုအကျင့်ဆိုးတွေ့ရှိတယ် သန်းရွေရဲ့မျက်နှာရအောင် အန်တီစုကို ဘောလုံးကွင်းမှာပိတ်တယ် အဲဒီရဲ့နောက်ဆက်တွဲကတော့ ဒေါ်ခင်ရီရဲ့ လုပ်ရပ်တွေပေါ်လာတယ် ပိတ်ရင် ပိုပွင့်တယ် ဦးသိန်းနဲ့ ဦးရွေမန်းတို့ခင်ဗျား တိုင်းပြည်ကို တကယ်ကောင်းစေချင်ရင် မိမိရဲ့အနီးကပ်ဆုံးရန်သူ ပြည်ဖျက်တွေကို နိုင်ငံချစ်တဲ့ သူများနဲ့အစားထိုးလိုက်ပါ တင့်ဆန်းအရည်အချင်းထက်သာတဲ့ သူတွေ ပညာတတ်တွေအများကြီးရှိပါတ် ယုံကြည်စွာလက်တွဲပါ ဟောတယ်နဲ့ခရီးသွားဝန်ကြီးနေရာမှာတင်မဟုတ်ပါဘူး ဘယ်နေရာမှာကို မထားသင့်အထားအပ်တဲ့ဗျူရိုကရက်အကျင့်ဆိုးတွေပါ
kaungkaung said...
TRACE HIM AND SUE HIM!!!!!
U Thar said...
ဒီလိုလူတွေအတွက်ကနေ၇ာ၇ှိသေးသလား
လူထုကစားဝတ်နေေ၇းကြပ်တဲ ကုန်ဈေးနှုန်းတွေ
အစမတန်တက်လို့ဆန္ဒပြတာကို ဖမ်းပီးထောင်ထဲ
ထည့်တယ် အဲဒီဆန္ဒပြတဲ့သူကဆိုးတလား
ပြည်ထောင်စုဝန်ကြီးလို့အမည်ခံထားတဲ့တင့်ဆန်း
လိုလူကြီးသခိုးတွေကနိုင်ငံမွဲသွားအောင်ဝိုင်းခိုးနေ
ကြတာကဆိုးတာလား ဘာကြောင့်ဒီလိုသခိုးတွေ
ကြီးတွေကို နိုင်ငံတော်ကထိေ၇ာက်အောင်အေ၇းမ
ယူဘဲနဲ့ဆက်လက်ခံထားနိုင်တလဲဆိုတာစဉ်းစားမ၇
ယူနိုင်တာလဲ
loveyou49 said...
ဆုပေးဒဏ်ရ ဒဏ်ပေးဆုရ ဆိုသလိုပါဘဲ လာမယ့် SEA Game မှာ အားကစားဝန်ကြီး အနေနဲ့ ဂျွတ်ဂျွတ်မြည်အောင် ၀ါးရဦးမှာပေါ့ဗျာ
Sunmoon said...
Take action soon.
Anonymous said...
တိုင်းပြည်က ပါရာဆိုက်တွေ အကပ်ခံနေရတာကိုး ဘယ်သိမလဲ။ ကျွတ်တွေ၊ မြော့တွေ အတွယ်ခံရရင်တောင် တစ်ချို့တွေ မသိကြဘူးမဟုတ်လား။
ဒီလို အိမ်တွင်းသူခိုးတွေဟာ ဒီလိုအကောင်တွေနဲ့ အလားသဏ္ဍန်တူတယ်။ ပျော့ချွဲပြီး ရှိတဲ့ အစွယ်တိုနဲ့ ၀ဖီးနေအောင် သွေးစုပ်မယ့် အကောင်တွေ။
မြန်မာပြည်သား said...
ကဲကြည်ကျပါအုန်ဗျာ.....သမ္မတကြီးနဲ့ ဦးရွှေမန်းခင်ဗျာအက်ဒိလူတွေကိုစုံစန်ဒပြီးထိရောက်စွာအရေးယူပေးပါခင်ဗျာ....NLD ပါတီဂျားဖြတ်ရွှေးကောက်ပွဲမှအနိုင်ရပီး...အမေစု.....အက်လိုလူမျိုတွေကိုအမြန်စုံဖယ်ရှနိုင်ပါစေလို့ စုတောင်လိုက်ပါတယ်......အမေစုသက်တော်ရာကျော်ရှည်ပါစေ........
Anonymous said...
How's Thieves can take action each others ???
People must take action to all of Them (Thieves of people's properties)...
nationalism said...
EXECUTE HIMMMMMMMMM!!!!!!!!!!!!!!!!!!!!!
Unknown said...
သူကို ရိုးရိုး ရာထူးက အနားပေးရုံတော့ မတန်ဘူး၊ အရေးလဲ ယူ၊ နိုင်ငံတော်ပိုင်လဲ ပြန်သိမ်းမှ တန်မည် ဖြစ်ကြောင်း တင်ပြ အပ်ပါသည်။
နဂါးမျက်လုံး said...
အင်း..... အတော်များများကတော့ ပြည်သူ့ အမြင်လို့ပဲဆိုကြပါစို့....
ကျွန်တော်ကတော့ ပြည်သူ့ဝန်ထမ်း အမြင်တစ်ခု တင်ပြပါရစေ....
(၁)သူစီးပွားရှာတာက ၀န်ကြီးဘ၀နဲ့မဟုတ်ဘူးဗျ.... စီးပွားရေးသမား ဘ၀နဲ့ဆိုတော့ တကယ်တမ်းက ခွင့်ပြုသူတွေ နဲ့ စေခိုင်းသူတွေ မှာပိုပြီး တာဝန်ရှိပါတယ်....
(၂)ကျန်တဲ့ ၀န်ကြီးဌာန တွေက ၀န်ကြီးတွေက သူ့ထက် ၁၀ ဆမက ဆိုးပါတယ် ဆိုတာကို သိဘို့လိုပါလိမ့်မယ်....
(၃)တခြားဝန်ကြီးတွေဆို သရက်ခြံတွေ.... ဘာတွေ ညာတွေ အစရှိတာတွေကို အောက်က ၀န်ထမ်းတွေဆီက နည်းအမျိုးမျိုးနဲ့ ရယူကြတယ်.... ဆိုလိုတာက သူတို့အကျိုးစီးပွား အတွက် အကောင် အထည်ဖေါ်ပေးတဲ့သူတွေကို ရာထူးတိုးပေးတာ..... ငွေရပေါက်ရလမ်းရှိတဲ့နေရာမျိုး မှာထားတာမျိုးပေါ့....
(၄)ကိုယ်ကျိုးစီးပွား အတွက် အဟန့်အတား ဖြစ်မယ်သူတွေကို ရိုင်းပျစွာ ဆက်ဆံတာ... ရွှေ့ပြောင်း ပစ်တာ... ရာထူးချတာ... အငြိမ်စား ယူခိုင်းတာ... မျိုးတွေ လုပ်ဆောင်တာလည်း မရှိသေးပါဘူး....
(၅)အမေစု ဟောပြောဖို့ အားကစားကွင်းတွေ ခွင့်မပြုတဲ့ ကိစ္စကလည်း သူတစ်ယောက် တည်းရဲ့ သဘောတော့ ဟုတ်မယ် မထင်ပါဘူး.... မပါးနပ်တာမျိုး ဒါမှ မဟုတ် အာဏာပိုင်တွေရဲ့ မျက်နှာတစ်ခုပဲ ကြည့်တတ်တာမျိုး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်...
(၆)ကျွန်တော့ အမြင်နဲ့ပြောရရင်တော့ဗျာ.... ကျုပ်တို့ဝန်ကြီးနဲ့ လဲလိုရယင်လဲလိုက်ချင်ပါတယ်.... စိတ်ကုန်လွန်းလို့....
phayoung2009@gmail.com said...
အဲ့ဒိအမှုကို ဘာမှ မလုပ်ဘူးလား?
ဘာမှမလုပ်ပဲ နေရာ လျှော့ပြီး ရာထူးပြောင်းယုံနဲ့ လုံလောက်လား?
အော် .. သူ့အထက်က ရော သူ့အောက်ကရော ဒီလူဟာ ဒီလို လုပ်ပါတယ်ဆိုပြီး စစ်ဆေးပြီး ထောင်သွင်း အကျင်းချဖို့ ဘယ်သူမှ မလုပ်ရဲကြဘူးထင်တယ် သူတို့လဲ သူတို့စားထားတဲ့ အမှုတွေ ပေါ်မှာစိုးတာနေမှာကိုး။။။။
ယုယ said...
နဂါးမျက်လုံး ရေ မှားမယ်နော်... မှားမယ်လူကလေး......
shweminthar said...
ဒီလို ပြည်သူပိုင် ငွေကြေးတွေကို အလွဲသုံးစားလုပ် စားနေသောက်နေကြတာ တော်လောက်ပြီထင်တယ်။ညွန်ချုပ်တယောက်ရဲ့ လစာ ဘယ်လောက်ရလဲ...
ဘာဖြစ်လို့ လုံးချင်းအိမ်တွေ ၃ လုံး ၄ လုံးလောက် အနဲဆုံးပိုင်နေကြလဲ....ကို့ အရည်ချင်းနဲ့ ရရင် မူဒိတာပွားပါတယ်....နည်းမျိုးစုံးနဲ့ ရယူထားတောတွေပါ...ဆင်းရဲသော ပြည်သူတွေကို...တဲပေါ်မှ တိုက်ပေါ်သို့ ဆိုတဲ့အသံတော့ သဲ့သဲ့လေးကြားမိလိုက်တယ်....နောက်ဆုံးတော့ ဆင်းရဲတဲ့ ဗမာများလဲ ဝေလဲခေါင်ဖျားသွားနေကြပဲပေါ့ဗျာ....မမျှတတာတွေကတော့ တော်တော်များနေပြီဗျ။မကောင်းတာသိရင် မကောင်းတာကို ချက်ချင်းဘာလို့ အရေးမယူနိုင်တာလဲ...တိုင်ရင် လဲ ပါးစပ်ထဲရှိတဲ့ ဥပဒေတွေနဲ့ လိုက်ပြီး အကာကွယ်ပေးနေမှာပဲလေ...ပွဲများမစခင် ..ရုံခါသလို...သူတို့တတွေလဲ ရုံခါမှ ရတော့မှာပါ....တိုင်းပြည်ဘဏ္ဍာတွေကို လုပ်ချင်တိုင်းလုပ် စာရင်းတွေပြချင်တိုင်းပြနေကြတာ ....ကာယကံရှင်တွေပိုသိမှာပါ။တော်သင့်ပါပြီ။အားလုံးက ခဝါချပေးထားတာကို အခွင်ရေးဆက်ယူနေရင်တော့ ..အရိုးစူးမယ်နော်.....ကို့ကို ရှက်တတ်ရင် ..တာဝန်ယူတတ်ရင် ထွက်ရဲတဲ့သတ္တိရှိရမှာပေါ့.......
san san said...
ဲလူကြီးတွေကလဲ လူကဲမခတ်တတ်ဘူးလား။ရုပ်ကို ကြည့်လိုက်တာနဲ့သမာဓိ ရှိမဲ့ရုပ်မဟုတ်ဘူးဆိုတာတွေ့နေတာဘဲ။သက်ဆိုင်ရာတို့ရေ သူ့ကိုအနားပေးပြီးသူ့ပိုင်ဆိုင်မှု့ကို သေချာစစ်ဆေးကြပါ။အားကစားဝန်ကြီးလဲမလုပ်ခိုင်းကြပါနဲ့။၂၀၁၃ခုနှစ် အရှေ့တောင်အာရှ့ အားကစားပွဲမှာ မြန်မာပြည်ကို နာမည်ဖျက်မဲ့သူ။အင်ဒိုနီးရှားဝန်ကြီး ထက်ဆိုးသွားမယ်။
KM said...
ကဲ သမတုကီးဦးသိန်းစိန်ရေ- you said country must be good government and clean governance ဆို - ဆို - ဆို - ဒေါ်စု လွတ်တော်ထဲမရောက် ခင် စာဖာုးကီးတွေကို အရင်ရှင်းထားပါ၊ ၁၊တင်အောင်မြင့်ဦး ၂၊ အောင်သောင်း၊ ၃၊ ဇော်မင်း၊ ၄၊ တင့်ဆန်း ၅၊ ခင်ရွေ၊ ၆၊ သိန်းဇော် ၊ ရ။ ရွေမန်း ဂ။ စိုးသာ ၉၊
tharzaw said...
(၂)ကျန်တဲ့ ၀န်ကြီးဌာန တွေက ၀န်ကြီးတွေက သူ့ထက် ၁၀ ဆမက ဆိုးပါတယ် ဆိုတာကို သိဘို့လိုပါလိမ့်မယ်....
အောင်မယ်လေးဗျန့် ...
ဒီဝန်ကြီးက လွှတ်တော်ဆောက်တော့ ကျပ်ငွေ သန်းပေါင်း(၃)သိန်းကျော် လိမ်စားတယ် ...
ဒီဝန်ကြီးထက်(၁၀)ဆဆိုးတဲ့ဝန်ကြီးတွေရှိတယ် ..
အောင်မယ်လေးဗျန့် ... ကျုပ်တို့နိုင်ငံကြီး
အောင်မယ်လေးဗျန့် ... တေဘီချရာ .. ။
မောင် said...
သမ္မတကြီးဦးသိန်းစိန်က ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရဖြစ်အောင် တည်ဆောက်မယ်လို့ ပြောခဲ့သလို...
ဥက္ကဌကြီး ဦးရွှေမန်းက သတ္တိမရှိတာ အဂတိလိုက်စားတာပဲဖြစ်တယ်၊...၊ ခေတ်ပြောင်းနေပြီး၏၊ စနစ်ပြောင်းနေပြီ၊ သတ္တိရှိရှိပြောပါတဲ့...။
ပြည်သူတွေက အယုံအကြည်မရှိတဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေကို
ဥပဒေကြောင်းအရ သတ္တိရှိရှိ ပွင့်ပွင့်လင်းလင်း တိုင်ကြားတရားဆွဲမယ်ဆိုရင်
လွယ်ကူအတားအဆီးမရှိ ခွင့်ပြုမှာလား၊ ပွင့်ပွင့်လင်းလင်းနဲ့ ပြည်သူအများမြင်သာအောင် တရားစီရင်မှာလား၊
ထိုက်သင့်တဲ့ ဥပဒေကြောင်းအရ သတ္တိရှိရှိ ပွင့်ပွင့်လင်းလင်း အမှန်အတိုင်း အရေးယူမှာလား
သမ္မတကြီး ဦးသိန်းစိန်နဲ့ ဥက္ကဌ ဦးရွှေမန်းတို့ခင်ဗျား။
အဲလိုတိုင်းတောတဲ့သူတွေကို
ညဖက်မှာ အချိန်မတော် ဧည့်စာရင်းလာစစ်မှာလား၊
ခိုးကူးခွေ စီဒီတွေကို သိမ်းပြီး ဗီဒီယိုအက်ဥပဒေတွေနဲ့ အရေးယူမှာလား၊
မှတ်ထားတဲ့ တယ်လီဖုန်းနံပါတ် ၆ လုံးကို ၃ လုံးစီခွဲပြီး ၊ ၂ လုံးစီတွဲပြီး ချဲထိုးတယ်လို့ အရေးယူမှာလား၊
အီးမေးလ်၊ အင်တာနက်သုံးလိှု့ ဆက်သွယ်ရေးဥပဒေ ညှိစွန်းမှာလား။
အဲဒီအခါ
ငါတို့မလုပ်ဘူး သူတို့လုပ်တာလို့ပြောမယ်ထင်တယ်။
ပြည်သူတွေ အာရုံထွေအောင် လျှောက်ပြောမနေကြပါနဲ့ဗျာ။
ခင်ဗျားကြီးတို့ တောပြော တောင်ပြော မနောက်ကြနဲ့ဗျာ။
ပြည်သူတွေ ရီရလွန်းလို့ ဗိုက်နာနေပြီ။
ဒါလိုမဟုတ်လဲ အံကြိတ်ရလွန်းလို့ သွားမရှိတော့ဘူး။
aung said...
ပေထားတဲ့ မှတ်ချက်တွေကို အားကြိုက်ဘာတယ်။
မကြိုက်တားတစ်ခုဘယ်ရှိတယ် ခင်ဗျာထင်သလိုသမ္မတမှာ
ဘာပါဝါမှမရှိ ဘာဘူး ဒါကြော့င့်လည်း ခိုးခြင်းတိုင်းခိုး နေကြတာပေါ့။
phyo lin said...
ဒီလို လဒ်စားမှုတွေကိုသာ သေချာတိုက်ထုတ်လိုက်ရင် နောက်ဆိုလူကြီးလုပ်ချင်တဲ့လူရှိမှာမဟုတ်တော့ဘူး။ သေချာတာတော့ ခြစားမှုတွေ ရှင်းသွားရင် နောက်ဆုံးမှာတော့ နိုင်ငံတော်မှာ သမ္မတကြီးနဲ့  အမေစုတို့ လူအနည်းကျည်းလောက်ပဲကျန်တော့မယ်ထင်တယ်။
kiddykid said...
ဘယ်သူကို ဘယ်သူမှ လက်ညှိုးမထိုးရဲ၊ အရေးမယူရဲ၊ မဖြုတ်ချရဲ ကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အားလုံးကအတူတူတွေကြီး ပဲကိုး။
နည်းနည်းလေး နည်းသွားတာနဲ့ ၊များသွားတာပဲ ကွာတာပဲ။
သူမသာ ကိုယ်အသုဘ ပဲလေ!!!!!
rico said...
ဦးတင့်ဆန်းသည် ဆွေမျိုးညာတိအား ထောက်ပံ့ခြင်းတည်းဟူသော ပါရမီကို အပြင်းအထန် ဖြည့်ကျင့်နေသော သူတော်ကောင်း ဖြစ်သည်။
လွှတ်တော် လုပ်ကွက် တစ်ခုလုံး သူ့တူ သူ့သား သူ့ မယား နှင့်တကွ သူ့တူမယောက်ျားပါ ပါလိုက်သေးသည်။
ဒီကိစ္စခုမှသိသည်မဟုတ် အရင်ကတည်းက အစိုးရအဖွဲ့ သိလိမ့်မည်မှာ အလွန်သေချာသည်။
သို့သော် အထက်လူကြီးများကိုယ်တိုင် မျိုထားဆို့ထားသောကြောင့် ပါးစပ်မဟနိုင် ရှိကြသည်။
သိန်းစိန်လဲ ထိထိရောက်ရောက် အရေးယူမည် မဟုတ်သလို
ရွှေမန်းလဲ အသံကောင်းဟစ်နေခြင်းသာ ဖြစ်လောက်သည်။
လူမပြောင်းလျှင် စိတ်ဓါတ်မပြောင်း...စိတ်ဓါတ်မပြောင်းလျှင် စနစ်လဲ မပြောင်းနိုင်။
...သုံးမကျတဲ့ လူတွေနဲ့တော့ အမှန်တရားတိုင်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး..
Ba said...
သူ့တစ်ယောက်တည်းကွက်မပြောကြနဲ့လေ၊
သူကအရိုးအရင်းလောက်ကိုက်ရတာ။
ရတဲ့အထဲကမယ်တော်ကြီး၊သမီးတော်တွေနဲ့
မြေးတော်လေးတို့ကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး
ဖို့ရသေးတယ် ။
ဘာ့ကြောင့်လဲဆိုတော့
သူကကျောထောက်နောက်ခံ ဗိုလ်ချုပ်တွေမရှိပဲ
သာမန် အင်္ဂျင်နီယာ ကန်ထရိုက်တာလေးဘဝကနေ
ကံကောင်းပြီး '' အဖေကြီး'' ကမြှောက်စားတာခံလိုက်ရတာ။
သူတောင် နိုင်ငံတော်ရဲ့ဘဏ္ဍာတွေကိုဒီလောက်ဝါးလိုက်ရရင်။
လက်နက်ကိုင်ခေါင်းဆောင်ဟောင်းကြီးများ၊
ဥပမာ- ဦးအောင်ခမ်းထီ၊ နေဝင်းထွန်း(ကျောက်စိမ်းနဂါး)
သူတို့ရဲ့အဆက်အနွယ်လုပ်ငန်းရှင်ကြီးများ၊
ဥပမာ-ထွန်းမြင့်နိုင်(အေးရှားဝေါ)
တပ်မတော်အရာရှိကြီးများ၊ဝန်ကြီးများ
ဥပမာ-ဦးအောင်သောင်း(ဗိုလ်မှူးကြီး)
သူတို့ရဲ့သားသမီးလုပ်ငန်းရှင်ကြီးများ
ဥပမာ-ဦးနေအောင်
အဖေကြီး၊မယ်တော်ကြီးတို့နဲ့တိုက်ရိုက်ပါတ်သက်သူလုပ်ငန်းရှင်ကြီးများ
ဥပမာ-ဦးတေဇ၊ဦးဇော်ဇော်
အစရှိသူတို့က ကျောထောက်နောက်ခံတောင့်တောင့်နဲ့
ဘယ်လောက်များစားထား၊ဝါးထားပြီးပြီလဲဆိုတာ
ခန့်မှန်းကြည့်ကြပါတော့ဗျား။
Anonymous said...
.လောဘအိုးကြီးတွေ..အစိုး၇အဖွဲ့ ထဲ..ရှိသေးတယ်..ပို့ ဆောင်ရေးဝန်ကြီး လဲအတူတူ...Myanmar Airways ကို SunFar Agent နဲ့ ပေါင်းပြီး အခုလုပ်စားနေတယ်...SunFar ကို Airline အားလုံးက သွေးစုပ်ဖုတ်ကောင် လို့ ခေါ်တာ...သူကို အကူအညီတောင်းတဲ့ Airline တိုင်း မွဲသွားတာချည်းပဲ....သူက အပေးကြမ်း ပြီး အပေါင်းကြမ်းတယ်...
Unknown said...
Mr precident's no power,,,
wht a pity,,!!!!
Powered by Blogger.