မန္တလေး-အင်ဖာ ကားပြေးဆွဲခြင်းအတွက် အင်ဖာတွင် မြန်မာဗီဇာရုံးတစ်ရုံး ဖွင့်လှစ်မည်

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ ရှိ နန်းဖာလုံဈေး
မန္တလေးမြို့နှင့်အိန္ဒိယနိုင်ငံ အင်ဖာမြို့အကြား နိုင်ငံတကာအဆင့်မီ် အဝေးပြေးကားပြေးဆွဲ ရန် ကိစ္စအတွက် အိန္ဒိယနှင့်မြန်မာဘက်မှ ပြည်နယ်အစိုးရများ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အင်ဖာမြို့၌ ဗီဇာရုံးတစ် ခုဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။ The Sangai Express်သတင်းဌာန၏ ဖော်ပြချက်အရ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကာ ယင်းကိစ္စများ ဖြစ်သော အဝေးပြေးကားပြေးဆွဲမည့်ကိစ္စနှင့် ဗီဇာရုံးဖွင့်လှစ်မည့်ကိစ္စအတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အင်ဖာမြို့၏ အတွင်းရေးမှူးဟောင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော အဆိုပါ ဆွေးနွေးပွဲ၌ အိန္ဒိယဘက်မှပြောဆိုချက်အရ မြန်မာနိုင်ငံအနေဖြင့် အဝေး ပြေးကား မပြေးဆွဲမှီဗီဇာရုံးတစ်ရုံးကို အင်ဖာတွင် အမြန်ဆုံးထားရှိသွားစေရန် ပြောကြားသည်။ အိန္ဒိယအစိုးရ အနေဖြင့်လည်း မန္တလေးမြို့တွင် ၎င်းတို့၏ အစိုးရရုံးတစ်ရုံးလာရောက်ဖွင့်လှစ်သွားမည်ဟု သိရကာ မန္တလေး မြို့တွင် ၎င်းတို့၏ အစိုးရရုံးတစ်ရုံးလာရောက်ဖွင့်လှစ်သွားမည်ဟု သိရကာ မန္တလေးမြို့မှ အခြေစိုက် အဝေး ပြေးလိုင်းပြေးဆွဲခြင်းကြောင့် နှစ်နိုင်ငံဒေသချင်းရင်းနှီးမှု ပိုမိုစေမည်ဟုလည်း ဆိုသည်။

မန္တလေး-အင်ဖာ အဝေးပြေးကားလမ်းဖောက်လုပ်ပြီး ကားပြေးဆွဲခြင်းအတွက် အခက်ခဲဆုံး လမ်းကြမ်းများအဖြစ် ကလေးဝမှ မယ်ဝ(Malewa) အထိဖြစ်နေပြီး အဆိုပါ အဝေးပြေးလမ်းမကြီးကို အဆင့် မြင့်လမ်းမကြီးအဖြစ် ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ရမည်ဖြစ်ကာ တမူး-မိုရေးဘက်သို့ အဆိုပါဆွေးနွေးပွဲမှ တာ ၀န်ရှိသူများသွားရောက်လေ့လာနေသည်ဟု သိပြီး အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနှင့်ပတ်သက်သော အရှေ့မျှော် ၀ါဒအတွက် ပြင်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။
ပြည်မြန်မာသတင်းဂျာနယ် 
မန္တလေး-အင်ဖာ ကားပြေးဆွဲခြင်းအတွက် အင်ဖာတွင် မြန်မာဗီဇာရုံးတစ်ရုံး ဖွင့်လှစ်မည် မန္တလေး-အင်ဖာ ကားပြေးဆွဲခြင်းအတွက် အင်ဖာတွင် မြန်မာဗီဇာရုံးတစ်ရုံး ဖွင့်လှစ်မည် Reviewed by သစ်ထူးလွင် on 09:48 Rating: 5

8 comments:

Killer said...
This comment has been removed by the author.
Thayawaddy said...

တရုတ်ကတော့ဝင့်သွားပြီ။

အိတုတ် said...

သြော် တရုတ်ကိုကျွေးလို့မဝသေးဘူး ကုလားကိုပါထပ်ကျွေးဦးမယ်ပေါ့

Free Thinker said...

Killer,the situation is changing.There is no new Indian working in Myanmar, but there are so many Myanmars
working in India, mostly in Morey.

tharzaw said...
This comment has been removed by the author.
Anonymous said...

ကုလားတွေ မြန်မာပြည်ဘက်ဝင်ပြီး ပြန်မထွက်ဖြစ်နေအုံးမယ်

Mg Khwe said...

ဒီမိုကရေစီ ဆိုတဲ့ တိုင်းပြည်မှာ လူမျိုးရေး ခွဲခြား ပြီး စကားပြောလို့ မရဘူး၊ အင်္ဂလန်မျာ ရှီလ်ပါရှက်တီ (မင်းသမီး)ကို ကုလားမလို့ ပြောတဲ့ ပြသနာဟာ ကဘာကျော် ဖြစ်သွားခဲ့တယ်။ ပေါင် သန်းချီ လျှော်လိုက်ရတယ်။ ကျဉ်းမြောင်းတဲ့ အမြင်တွေ မရှိသင့် ဘူး။ အမေရီကန် မှာ အိန်ဒိယ နိုင်ငံသားတွေ နာဆာရဲ့ ၆၀ ရာခိုင်နှုန်း ရှိနေတယ်။ စင်ကာပူမှာ အိုင်တီ ကောလိပ်တွေမှာ စာသင်နေတဲ့ ဆရာတွေရဲ့ ရာခိုင်နှုန်း တော်တော်များများ ဟာ အိန်ဒိယ သားတွေ ဖြစ်နေတယ်။ ထိုင်းနိုင်ငံ ရဲ့ စီးပွားရေးကို တရုပ်လူမျိုးတွေက ထိန်းချုပ်ထားတယ်။ သူတို့ ဘယ်လူမျိုး ဖြစ်တယ် ဆိုတာ အရေးမကြီးဘူး။ တိုင်းပြည်ကို စုပေါင်းပြီး ဘယ်လို ထူထောင် ရမယ် ဆိုတာ က အရေးကြီးတယ်။ ဒီ လို အောက်တန်းကျတဲ့ ကောမဲန့် တွေက ရေးနေရင် ဒီမိုကရေစီ ဆိုတဲ့ တိုင်းပြည်မှာ ငြိမ်းချမ်းရေး ဘယ်တော့ ရမလဲ။ တန်းတူညီမျှမှု ဘယ်တော့ ရမလဲ။ ဒါကြောင့် ဒေါ် အောင်ဆန်းစုကြည်ကို ဟို အဖွဲ့က ကုလားမယား လို့ ပြောကြတာ မှတ်မိ ဦးမှာ ပါ။ စဉ်းစားပြီး လည်း ပြောကြရေး ကြပါ ။ ကဘာ တစ်ခုလုံးက လူတွေ ဖတ်နေတယ်နော်။

Free Thinker said...

I like Mg Khwe's comment.Most of the comments are racist.That is not LORD BUDDHA teaching.Buddha teach us all of we are human and we must do humanity.

Powered by Blogger.