ဒေါ်နေရီဗဆွေ ဒီချုပ်သို့ ဝင်ပြီ

ဒေါ်နေရီဗဆွေ
 ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏သမီး ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အတွင်းရေးမှူး
ဒေါ်နေရီဗဆွေအား ပါတီသို့ လာရောက် လျှောက်လွှာတင်စဉ်ကတည်းက ပါတီဝင်အဖြစ် လက်ခံထားပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ဝ ရက် ဒီချုပ်ရုံး၌ ပြုလုပ်သော သတင်း စာရှင်းလင်း ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။ ''သူ့ကို လက်ခံပြီးပြီ။ သူ ပါတီဝင် မလျှောက်ခင်ကတည်း က ကျွန်တော်တို့နဲ့ တွေ့ပါတယ်။ ကျွန်တော် တို့က သူ့ကို လျှောက်လွှာတင်တာနဲ့ တစ်ခါတည်း လက်ခံလိုက် တယ်'' ဟု ဦးဥာဏ်ဝင်းက ပြောသည်။ လက်ရှိ၌ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်သည် လျှောက် လွှာတင်ထားသူများအား ပါတီဝင်အဖြစ် တစ်နေ့လျှင် ဦးရေ တစ်ရာခန့် ထုတ်ပြန်ပေးနေ ကြောင်း သိရသည်။ ''ကျွန်တော်တို့က လျှောက် လွှာတင်တဲ့ဟာ အားလုံးလက်ခံ တယ်။ တချို့တွေ စိစစ်မယ်ဆို တာက NLD ပါတီမှာ လုပ်ဖူး တယ်။ ပြန်ထွက်သွားတယ်။ ဒါမျိုးရှိတဲ့ သူတွေ သူ့အခြေအနေ နဲ့ စိစစ်မယ်။ ကျန်တဲ့ သာမန် ကိစ္စ ဘယ်သူ့ကိုမှ မစိစစ်ဘူး'' ဟု ဦးဥာဏ်ဝင်းကရှင်းပြသည်။ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ ၏သမီး ဒေါ်နေရီဗဆွေသည် ၂ဝ၁ဝရွေးကောက်ပွဲ မတိုင်မီက ဦးသုဝေ ဦးစီးတည်ထောင်သော ဒီမိုကရက် တစ်ပါတီ(မြန်မာ)တွင် ပါဝင်ခဲ့ပြီး ၄င်းနှင့်အတူ ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ဒေါ်သန်းသန်းနု၊ ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့ ပါဝင်ခဲ့သည်။ ယင်းနောက် ဒေါ်နေရီဗဆွေသည် ၂ဝ၁ဝ နိုဝင်ဘာ ၇ ရက်ရွေး ကောက်ပွဲ၌ စမ်းချောင်းမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ရာက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သို့ ဒေါ်နေရီဗဆွေဝင်ရောက်ခြင်းနှင့် ပတ်သက် ၍ ဖေဖော်ဝါရီ ၁၉ ရက် က ၄င်းအား ပေါ်ပြူလာ နယူးစ် မှမေးမြန်းရာ ပါတီဝင် ဖြစ် မဖြစ် မည်သို့မျှ မပြောနိုင်သေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်သည်၎င်းတို့ ပါတီမှ နုတ်ထွက် ၍ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီအမည်ဖြင့် ၂ဝ၁ဝရွေးကောက်ပွဲ ဝင်ခဲ့သူ လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ မြတ်ဥာဏစိုး အား ပါတီဝင်အဖြစ် ပြန်လည် လက်ခံကာ ၄င်းတို့ပါတီ၏ ပထမဆုံး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဖေဖော်ဝါရီ ၂ဝ ရက် နေ့က ကြေညာခဲ့သည်။''ကျွန်တော် ပြည်သူကို မလိမ်ချင်ပါဘူး။ခမောက်ဆိုတာ NLD ရဲ့ကိုယ်ပွားတစ်ခုပါ။ ဒါကြောင့် ဒီပါတီကို ဝင်ခွင့်ပြန် လျှောက်တာ'' ဟု ဒေါက်တာမြတ်ဥာဏ စိုးက ၄င်းအား အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ပထမဆုံး လွှတ်တော် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုကြေညာ ချက်နှင့် NDF ပါတီမှ နုတ်ထွက် ခဲ့ရခြင်းအပေါ် မှတ်ချက်ပြုပြောကြားခဲ့သည်။ ဦးခင်မောင်ဆွေနှင့် ဒေါက်တာ သန်းငြိမ်း ဦးဆောင်သော NDF ပါတီသည် ၂ဝ၁ဝ ရွေး ကောက်ပွဲ၌ လွှတ်တော်ကိုယ် စားလှယ် ၁၆ ဦး ရွေးချယ်ခံခဲ့ ရသော်လည်းလွှတ်တော်ကိုယ် စားလှယ်အချို့မှာ ယခုအခါပါတီ မှ နုတ်ထွက်သွားပြီ ဖြစ်သည်။
ပေါ်ပြူလာဂျာနယ်
ဒေါ်နေရီဗဆွေ ဒီချုပ်သို့ ဝင်ပြီ ဒေါ်နေရီဗဆွေ ဒီချုပ်သို့ ဝင်ပြီ Reviewed by သစ်ထူးလွင် on 18:23 Rating: 5

8 comments:

zzmyoe said...

ဝမ်းသာပါတယ်ဗျာ၊ဒီမိုကရေစီ ဘက်တော်သားတွေ စုပေါင်းပြီးပန်းတိုင်သို့ချီတက်ကြပါစို့.........

right man said...

GOOD JOB DAW NAY YEE BA SWE.

YOUR CHOICE IS RIGHT WAY FOR PUBLIC.

THANKS A LOT

Unknown said...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့နံမည်ကို ဒီချုပ် လို့ နံမည်မဖျက်ပါနဲ့ ကျေးဇူးတင်ပါတယ်

blacknight said...

2010 တုန်းက စမ်းချောင်းက သူ့ကိုပဲ မဲထည့်ခဲ့ ကြတာပါ။ ကံမကောင်းလို့ပဲ ထားလိုက်ပါတော့ သူရှုံးခဲ့ ရတယ်။ ဒါပေမယ့် သူဟာ တိုင်းပြည် ကယုံကြည် လို့ရနိုင်မယ့် အမျိုးသမီး တဦး ပါ၊၊ သူ NLD ကိုရောက်လာ တာ ၀မ်းသာစရာ ပဲ၊၊

kyaw swar said...

နာမည်ဖျက်နေတာမဟုတ်ဘူးဟေ့...အတိုကောက်ခေါ်နေတာ မင်းနားမလည်ဘူးလား။ ဥပမာ..ဒေါ်အောင်ဆန်းစုကြည်ကို အန်တီစု၊အမေစုလို.ခေါ်သလိုပေါ.။ မလောက်လေးမလောက်စားနဲ.

Mg Nyi Zin said...

အန်တီ နေရီဗဆွေ စိတ်ဓာတ်ကို ဂုဏ်ယူပါတယ်..ဗျာ။ လွန်ခဲ့ 1945 ကျော်ဝန်းကျင်တွေက လွတ်လပ်ရေးအတွက် လက်တွဲညီညီ ကြိုးပမ်းလုပ်ကိုင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဗဆွေ တို့ကို ပြန်မြင်ယောက်မိပါတယ်။ သူတို့မျိုးဆက် သမီးတွေအတွက် ကောင်းရာမွန်ရာ ဘုံဘ၀ကနေပြီး ၀မ်းသာကြည်နူးကြမှာပါ။

khristimatic said...

welcome Aunty Swe! Thanks for your valuable contribution.

Anonymous said...

warmly welcome . great.

Powered by Blogger.