ဒေါ်စု ပြိုင်ဘက် ကြံ့ဖွံ့ အမတ်လောင်းနှင့် မေးမြန်းခန်

USDPကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အဖွဲ့ဝင်များ မဲဆွယ် စည်းရုံးနေစဉ်
 ကော့မှုး မြို့နယ် မဲဆန္ဒနယ်မှာ ဒေါ်အောင် ဆန်း စုကြည်ကို ဝင်ပြိုင်ခွင့် ပေးလိုက်ပြီ ဖြစ်ပြီး သူနဲ့ယှဉ်ပြိုင်မယ့်ကြံ့ခိုင် ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်း ဒေါက်တာ စိုးမင်း ကို ဘီဘီစီက ဆက်သွယ် မေးမြန်းခန်းကို အတိုချုံး ဖော်ပြ လိုက်ပါတယ်။

 ဒေါက်တာ စိုးမင်း။ ကျနော်က အဲဒိ ဒေသသား လည်း ဖြစ်တယ်၊ အရင်ကလည်း ဆေးခန်းဖွင့် ဖူးတယ်။ နောက်ပြီး ကျနော့ကားနဲ့ပဲကျွေးရွာ တွေ လှည့်ပြီး ဆေးကုသပေးနေတဲ့ အစီအစဉ် လည်းရှိတော့ ဒီက မဲမဲဆန္ဒရှင်တွေက ကျနော်က လာမေးတဲ့အခါ ကျနော်တို့လုပ်ငန်းဆောင် ရွက်တာနဲ့ ပတ်သက်ပြီး၊ နောက် ကျနော်တို့ ပါတီရဲ့ ရည်ရွယ်ချက်တွေ အနေအထားတွေကို ဆေးကုရင်း ရှင်းပြရတဲ့ အနေအထား ရှိပါတယ်။

ဘီဘီစီ။ ဒေါ်အောင်ဆန်း စုကြည်က အမတ်လောင်း အဖြစ် ပြိုင်မယ် ဆိုတော့ မဲဆန္ဒရှင် တွေကလည်း အင်မတန် စိတ်ဝင်စားပါတယ်။ ဒီတော့ ခင်ဗျား ပြိုင်ဘက်ကလည်း အင်မတန် အားကောင်းနေပါတယ်။ ဒီတော့ ဒီနယ်မှာ ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကို USDP က တရားဝင် ချပေးတာလား၊ ဒေသခံမို့လို့ ယှဉ်ပြိုင်တာပဲလား ခင်ဗျ။

 ဒေါက်တာ စိုးမင်း။ နံပါတ်တစ်ကတော့ ကျနော် ကိုယ်တိုင်က စိတ်ဝင်စားလို့ပါ။ ဒေသဖွံ့ ဖြိုးရေး အတွက် နိုင်ငံရေး ဘက်ကို ကျနော့ကို အခွင့်အလမ်း ပေးလိုက်ပြီး ကျနော်ကိုယ်တိုင် လျှောက်လွှာတင်ပြီး ပါဝင်တာပါ။ နောက်တခုက ပါတီ အနေနဲ့ကလည်း လူ ရွေးချယ်တဲ့ အခါ အထူးသဖြင့် ဆရာဝန် ဆိုရင် လူလေးစားမှု ရှိတဲ့လူ ဆိုတော့ ကျနော့ နိုမီနေးရှင်းကို သူတို့ လက်ခံလိုက်တာပါ။

ဘီဘီစီ။ မဲဆွယ် စည်းရုံးတဲ့အခါ မီးရအောင် လုပ်ပေးမယ်၊ လမ်းတွေ ပြင်ပေးမယ်ပြောတယ် တခိျု့ ဒေသတွေမှာ ဆိုရင်လည်း ငွေနဲ့ ပေးပြီးတော့ ဆွယ်တဲ့ သဘောတွေလည်း ပြောနေ တယ်၊ အဲဒိလို မသမာမှုတွေ မဖြစ်အောင် စဉ်းစား ထားပါလား။

 ဒေါက်တာ စိုးမင်း။ ကျနော်တို့ အဖွဲ့အစည်းက ခေါင်းဆောင် အနေနဲ့ လုပ်ကိုင်ရတဲ့ အဖွဲ့ အစည်း ဖြစ်ပါတယ်။ နောက်တခုက ဆရာ အနေနဲ့ ကျောင်းသားတွေ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ သူတို့ တတ်အောင် ဆရာ အနေနဲ့ သင်ကြား ပေးရမှာ ဖြစ်သလို ပြည်သူ လူထုကို ဦးဆောင်မယ့် ဆရာ အနေနဲ့ ကျနော်တို့ ပါတီကလည်း ဘယ်သူက ပြော ပြော၊ ဘယ်ရှုဒေါင့်က ပြောပြော ကျနော်တို့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် တွေကို ချမှတ် ပြီးသားမို့ အဲဒိ အတိုင်း တစိုက်မတ်မတ် ဆောင်ရွက်သွားဖို့ ရှိပါတယ် ခင်ဗျာ။

ဘီဘီစီ။ အခု အပြင်မှာ ပြောနေတာက ကြံ့ခိုင် ဖွံ့ဖြိုးရေးရဲ့ မဟာဗျူဟာထဲမှာ မဲဆွယ်တဲ့ အခါမှာ အတိုက်အခံရဲ့ အားနည်းချက်ကို လေ့လာပြီး ထိုးနှက် ရမယ်လို့လည်း ကြားရပါ တယ်။ဒေါက်တာ စိုးမင်း။ ကြားတာကတော့ ကြားတဲ့ အတိုင်းပေါ့ခင်ဗျာ။ ဒါပေမယ့် အပြင်မှာက အဲ့သလို မဟုတ်ဖူး ထင်ပါတယ်။ ဘာလို့ဆို နိုင်ငံတခုကို ဦးဆောင် ကြမယ့် ပါတီ အဖွဲ့အ စည်း ဆိုတာက ကိုယ့်ရဲ့ ဦးဆောင်မှု အခန်း ကဏ္ဍကို ကိုယ့်လမ်း ကိုယ်လျှောက်ပြီး စည်းရုံးရမယ်၊ ဟောပြောရမယ် ဆိုတာ ရှိပြီးသားပါ။

ဘီဘီစီ။ ဒေါ်အောင်ဆန်းစုကြည်က အားကောင်းတဲ့ ကိုယ်စားလှယ်လောင်း ဆိုတော့ နိုင်အောင် ဘယ်လို ညွှန်ကြားထားလဲ။

 ဒေါက်တာ စိုးမင်း။ သူ့ကို နိုင်အောင် လုပ်ပါလို့ မညွှန်ကြားပါဘူး ခင်ဗျာ။ ကျနော်တို့ရဲ့ ပြည်သူတွေရဲ့ နှလုံးသားထဲက မဲဆန္ဒကို ယူရမှာ ဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေ ကိုယ့်နိုင်ငံ တည်ဆောက်ရေးမှာ ကိုယ့်သမိုင်း ကိုယ်ရေးတဲ့ အခါ နိုင်ငံရေးမှာ ဘယ်လို ပုံစံတွေ ရှိလို့ ကျနော်တို့ ဘယ်လို ခံခဲ့ရပြီးပြီ၊ နောက်မျိုးဆက် အတွက် ဘယ်လို လမ်းခင်း သင့်တယ် ဆိုတာ ပြည်သူတွေက သိရမှာပါ ခင်ဗျ။ သိဖို့ ဆိုတာလည်း ကျနော်တို့ ပညာ ပေးပါတယ်၊ ဟောပြော စည်းရုံးပါတယ်။

 ဘီဘီစီ။ မဲပေးဖို့က တလလောက်ပဲ လိုတော့တာမို့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကြိုးစားမယ်လို့ အစိုးရက ပြောပါတယ်။ အဲ့သလို လွတ်လွတ် လပ်လပ် မဲပေး ရင်ရော ဒေါက်တာ စိုးမင်း အနေနဲ့ ဘယ်လောက် နိုင်ချေ ရှိပါလဲ။

 ဒေါက်တာ စိုးမင်း။ ကျနော် ဒီနေ့ပဲ ရွာတရွာကို ဝင်ခဲ့ပါတယ်။ အဘိုးကြီး အဘွားကြီးတွေ အပါအ၀င် လူနာ တရာကျော် ကုခဲ့ ရပါတယ်။ သူတို့ အိမ်မှာ ရှိတဲ့ လူတွေကလည်း ကျနော့ဆီ လာပို့ကြပါတယ်။ ကျနော့ မေတ္တာ တရားနဲ့ ကျနော့ကို ခင်မင်ကြတယ်၊ တွယ်တာကြတယ်။ ပြီးတော့ ဆရာ့ ကျေးဇူးကို ပြန်ဆပ်ပါ့မယ်လို့လည်း အဘိုးကြီး အဘွားကြီးတွေက ပြော တယ်ခင်ဗျ။ အဲဒိတော့ ကျနော့ စည်းရုံးမှုကလည်း ကျနော့ ကြိုးစားမှုကနေ အထိုက် အလျောက် ပြန်ရမယ်လို့ ယူဆပါတယ်။

ဘီဘီစီ
ဒေါ်စု ပြိုင်ဘက် ကြံ့ဖွံ့ အမတ်လောင်းနှင့် မေးမြန်းခန် ဒေါ်စု ပြိုင်ဘက် ကြံ့ဖွံ့ အမတ်လောင်းနှင့် မေးမြန်းခန် Reviewed by သစ်ထူးလွင် on 08:05 Rating: 5

40 comments:

Anonymous said...

ဆရာဝန်အလုပ်ဖြစ်တဲ့ ဆေးကုသပေးခြင်းကိုတော့ ရောင်းမစားပါနဲ့ ဒေါက်တာရယ်။ စေတနာကိုလေးစားပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကိုသာ စေတနာမွန်မြတ်စွာ ထားရှိလုပ်ဆောင်စေချင်ပါတယ်။

ဆေးကုပေးလို့ မဲပေးသင့်တယ်လို့ ဒေါက်တာမသိစိတ်က မျှော်လင့်နေမစိုးလို့ပါဗျား။

ရာရာ said...

တော်တော်ဟုတ်တဲ့ဒေါက်တာကြီး...ဘာမှမသိနားမလည်ရှာတဲ့အဖိုးကြီးအဖွားကြီးတွေဆီက မဲကို လိမ်ယူဦးမယ်...။ ဆန်ပေးလို့ဆေးရ တဲ့သဘောနဲ့ဆေးကု နေတယ်..ဟလား။ သမားဂုဏ်မြောက်ပါပေ့ဗျား။..

မြန်မာပြည်သား said...

ွှအပြောကတော့ရွှေမန်သားတွေပဲဟော့.....ရွှန်းနေတာပဲ..ပီးမှချိုမိုင်မိုင်မကကျနဲ့ နော်....ကိုသိခါင်္လေနဲ့ ကိုနေတာမှ..တန်ဖိုရှိအုန်မယ်ဒေါက်တာကြီးရယ်.....မတင်ရီနဲ့ တော့နဲနဲတော့ကွာပါတယ်..သဘောထာပြေ့ပါတယ်...မတင်ရီကတော့....အမေစုကို...အပြစ်တင်ရှုံချ..အမတ်လောင်နဲ့ မတန်ဘူလို့ ပြောအခုတော့ဘာတက်နိုင်သေးလည်...မတင်ရီရေ....အက်ဒိကောမူးမှာနင်မို့ လို့ အ၇ှက်မ၇ှိနေနိုင်သေးတယ်...ထမီသာဝတ်လိုက်ပါတော့...

zay said...

အဖိုးကြိံးနဲ့အဖွားကြိံးက နှစ်ဥိံး အိမ်မှာရှိတဲ့လူကသုံးဥိံး လူနာတစ်ရာနဲ့ပေါင်းတော့ တစ်ရာ့ငါးဥိံး အားမလျှော့နဲ့ ဒေါက်တာရေ။

siriusblack said...

Hi doc
Nice try buta i must tell u it makes no difference

Show said...

ဆရာဝန်ဆိုတာနဲ့လေးစားရောလား..ဘယ်သူပြောလဲ
မီးလာအောင်.လမ်းတွေကောင်းအောင် အစိုးရကလုပ်လိုက်မယ်
အဲဒါခင်ဗျားတို့အလုပ်မဟုတ်ဘူး
သေချာတာကဒေါ်စုရှုံးမယ်မထင်ဘူး
ပြည်သူတွေခံရတယ်ဆိုတာခင်ဗျားတို့တွေပဲလုပ်ခဲ့တာလေ
ပညာပေးတာမဟုတ်ဘူး..မက်လုံးပေးတာ လူတိုင်းသိတယ်
ဘယ်ဘ၀ကရေစက်မှန်းကိုမသိဘူး
ခင်ဗျားတို့ပါတီဆိုသေလောက်အောင်ကိုကြည့်မရတာ
ဝတ်စုံကိုကအဖြူအစိမ်းနဲ့ ပညာရေးဝန်ထမ်းလိုလိုနဲ့ဟန်ဆောင်ထားတာ
ခေါင်းဆောင်တွေရဲ့ဥပတိရုပ်ကိုကြည့်လိုက်အုံး
အရက်ဖောဖောနေတဲ့မျက်နှာနဲ့ကိုဌေးဦး
ထိပ်ပြောင်ပြောင်နဲ့ATL
မိန်းမတယောက်ကိုဝိုင်းကြောက်နေတဲ့လူတွေ
တန်းဖိုးတကယ်မရှိတာ

OZI said...

Dr. Soe Min's statement> My party (USDP) accepts nomination as I am a doctor who is especially respectable.
Generally it is acceptable. How about educational staffs like teachers, head masters and other professionals? Are they not respectable? They are also grass root people and more closely with voters.
Is physician/doctor well trained in politics, economics, sociology, psychology---? If not, such person become parliament member and just present his/her voters needs in the parliament. We need a person like well rounded human being who can represents his/her voters' needs and work for nations. For example, at present, we need people like U Thein Nyunt who can raises many proposals to make change for country. Most of the PMs has not yet activated own capacity and contributed for country. They may have lack of personal capacity and their experiences may not be complied with respective level of delegation.
We try to choose PM who can represent for his/her voters and a whole nation too. Don't emphasis for the local area, foreseen for the nations.

media said...

ဓါတ်ပုံက ကြံ့ဖွတ်ဓါတ်ပုံကြီးပါလား

ladyjune said...

ဒီနေ့မနက်ပဲ.RFA ကသူနဲ့ မေးမြန်းခန်းမှာ ကြားလိုက်ရတာလေးကို မျှဝေချင်ပါတယ်။သူ ပြောတာတွေထဲက ကောင်းကောင်းမှတ်မိတာတခုကတော့-RFA;ဒေါက်တာစိုးမင်းဝင်ပြိုင်မဲ့.ပြည်ခိုင်ဖြိုးပါတီကို လူတွေကအပြင်မှာမကောင်းမြင်တာတွေ များနေကြတယ် အဲဒါကိုဘယ်လိုပြန်ပြောချင်ပါသလဲလို့မေးပါတယ်။
-Dr.စိုးမင်း;ကျွန်တော် တခုတော့ဥပမာ ပြောချင်ပါတယ်။လူတစ်ယောက်ကို မုန်းနေရင် ကြည့်မရရင် သူဘာလုပ်လုပ်.မကောင်းပဲမြင်နေကြမှာပါပဲ.တခုပြောချင်တာက 'သူ့နေရာမှာကိုယ်သာဆိုရင်ဆိုပြီး..ကိုယ်ချင်စာ စိတ်လေးနဲ့ ကြည့်မြင်ပေးစေချင်တယ်'လို့ဖြေသွားပါတယ်။ကိုယ်ချင်းစာစိတ်ဆိုတဲ့ အဓိပါယ် ကိုရောကောင်းကောင်းသိရဲ့လား လို့မေးချင်ပါတယ်။။ဥပမာ.ကြံ့ဖွံ့ရဲ့ လုပ်ရပ်တခု ဖြစ်တဲ့.'ဒီပဲရင်း'အရေးအခင်း လိုမျိုးပေါ့.ဒါဟာ အများကြီးထဲက အားကြီးတဲ့ တခုပါ..မြန်မာပြည်သူပြည်သားတွေရဲ့ ဆင်းရဲ ကြပေမဲ့.အသိညဏ် ရှိတဲ့လူတွေကြီးပဲဆိုတာမှတ်ထားပါအုံး.ပြီးတော့..အခု 48 နေရာမှာ ကြံဖွံ့က 47 နေရာ နိုင်မှာသေချာတယ်လို့ ပြောသွားပါသေးတယ်။။

ဝေဖန်ရေး said...

Comment တွေကိုသာ ဖတ်ကြည့်တော့ ဒေါက်တာရေ။ ကိုယ့် အလုပ်ကိုယ် လုပ်ပါ။ကြံ့ဖွတ် ကလူမိုက်လုပ်ခိုင်းတိုင်းမလုပ်နဲ့ဗျို့။နောက်ပိုင်းဆေးခန်းတောင်လူ မလာဘဲနေအုံးမယ်။ ဒါနဲ့ စကားမစပ် ခင်ဗျားတို့ခေါင်းဆောင် ဌေးဦး ကဥပဒိ တော်တော် ညံ့တာပဲဗျ။

ဝေဖန်ရေး said...

အထက် က comment တွေကိုသာ ကြည့်လိုက်တော့ ဒေါက်တာရေ။ ခင်ဗျား လူမိုက် ၀င်မလုပ်ပါနဲ့။ နောက်ဆို လူနာတောင် မရှိဘဲ နေအုံးမယ်။

innthar said...

ဆရာဝန်တိုင်းမဲပေးရမယ်ဆိုရင်နိုင်ငံတကာမှာဆရာဝန်တွေချီးအမတ်ဖြစ်နေမှာပေါ့...ရီလိုက်ချင်တယ်။နိုင်ငံအပေါ်အလုပ်ဘယ်လောက်လုပ်နိုင်လဲဆိုတာကအဓိကပါ။မနေ့တစ်နေ့ကမှနိုင်ငံရေးလောကထဲရောက်ပီးရေးကြီးခွင်ကျယ်ပြောနေတယ်။

Killer said...

ဆရာရယ် ရှုံးမဲံ့အတူတူ ကို့ကားကိုမောင်းပြီးဆေးလိုက်ကုပါ .. အဲ့ဒါမှ ကုသိုလ်ပိုရအုံးမယ်..

Super Hero said...

ဆရာဝန်ကဆေးကုသ တာပဲကောင်းပါတယ်။
လွှတ်တော်ထဲရောက်သွားရင်....ခင်ဗျားဘယ်လိုဆေးကုတော့မလဲ။
ခင်ဗျားဝါသနာပါတဲ့...အလုပ်ကိုလုပ်နိုင်တော့မှာမဟုတ်ဘူး။
အဲတော့....
....ကျွန်တော်ဆေးအမြဲကုပေးတာလိုချင်ရင်...
ကျွန်တော့်ကို မဲမပေးကြနဲ့နော်....
လို့ပြောရမှာပါ။

AgZayYa said...

ဒီမိုကရေစီမှာ အများစုရဲ့ဆန္ဒကို ဦးစားပေးသလို အနည်းစုရဲ့ဆန္ဒကိုလည်း လေးစားရပါတယ်။ ဒေါ်စုကိုယှဉ်ပြိုင်ရဲတဲ့ ဒေါက်တာ စိုးမင်းရဲ့သတ္တိကို ချီးကျူးရမှာပါ။ လူတည်မြဲမဲသန့်ရှင်း ဆိုတဲ့သမိုင်းရှိခဲ့ဖူးပါတယ်။ ပြည်သူရဲ့အဆုံးအဖြတ်သာ အဓိကဖြစ်ပါတယ်။ မနိုင်လို့မမျှတဘူးပြောရင် တရားမရှိရာရောက်ပါတယ်။ မျှမျှတတဖြစ်အောင် မဲရုံကိုယ်စားလှယ်တွေမဲရုံတိုင်း ထားနိုင်အောင် ၀ိုင်းကူညီဖို့လိုပါတယ်။

yin win said...

ုကျနော်ကတော့ ဘာမှ ထွေထွထူးထူး မရေးလိုတော့ဘူး..ဒေါက်တာကြံ့ရေ..ဒါပေမယ့် ဒေါ်စု သာလွှတ်တော်ထဲ မရောက်ခဲ့ရင် နိုင်ငံက ဘာမှ ထူးလာစရာမရှိဘူး..မင်းယုံကြည်နေတဲ့ကြံ့ဖွံ့လက်ထဲမှာ ..ဆင်းရဲတွင်းနက်သထက်နက်နေဦးမှာကိုတော့ မင်းသိမှာပါ..

May said...

ဆရာမောင်ဝံသ ရေးတဲ့ ဆောင်းပါ တစ်ပုဒ်မှာ ဖတ်လိုက်ရသလို
ဒါက လဒ်ပေးမဲဆွယ်တဲ့ နေတာပဲ..။။။

ယုယ said...

ငါကို ထောက်ခံသူတွေရှိပါတယ်ဆိုတဲ့ အတွေးနဲ့ ထင်ပေါ်ကျော်ကြားမှုကို ဂုဏ်သိက္ခာရှိသူ တစ်ယောက်အဖြစ် ရပ်တည်ချင်တာထက်စာရင်
နိုင်ငံရေးသမားက နိုင်ငံရေးအလုပ်လုပ် ၊ ဆရာဝန်က ဆေးပဲကု၊ ကျောင်းဆရာက စာပဲသင်၊ ကိုယ့်လုပ်တဲ့ Professional အလုပ်ကို ဘယ်လို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်မလဲဆိုတဲ့ အတွေးပဲ အမြဲတွေးသင့်၊ လုပ်နေသင့်ပါတယ်.... မြန်မာပြည်ဟာ ကိုယ့်အလုပ် ကိုယ်မလုပ်လို့ တိုင်းပြည်က သင်ပေးရတဲ့ ပညာတွေ တလွဲသုံးနေလို့ ဒုက္ခတွင်း နက်နေရတယ်လို့ မြင်ပါတယ်..

demon said...

ကလိမ်ကကျစ်လုပ်မှာကိုပဲကြောက်ရတယ်။ မနိုင်နိုင်အောင်လုပ်ပြီး ကမ္ဘာကိုပါညာချင်နေတယ်ထင်တာပဲ။

phayoung2009@gmail.com said...

ဟား....ဟား....ဟား....ဟား.... အဲ့လိုပဲ ရယ်ပလိုက်ချင်တယ်..
ဆရာဝန်တဲ့ ဆေးကုတာ စေတနာနဲ့ ကုတာမှမ ဟုတ်ပဲ မဲလိုချင်လို့ ကုနေသလိုကြီးပဲ... ရမှာပေါ့ မဲပေးလိမ့်မယ်လေ ဆေးကုပေးတဲ့ အဘိုးကြီးအဘွားကြီးဆီက ၂မဲ... ဟဲ ဟဲ...

053615 said...

ဒေါက်တာ စိုးမင်း။ ကျနော်တို့ အဖွဲ့အစည်းက ခေါင်းဆောင် အနေနဲ့ လုပ်ကိုင်ရတဲ့ အဖွဲ့ အစည်း ဖြစ်ပါတယ်။ နောက်တခုက ဆရာ အနေနဲ့ ကျောင်းသားတွေ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ သူတို့ တတ်အောင် ဆရာ အနေနဲ့ သင်ကြား ပေးရမှာ ဖြစ်သလို ပြည်သူ လူထုကို ဦးဆောင်မယ့် ဆရာ အနေနဲ့ ကျနော်တို့ ပါတီကလည်း ဘယ်သူက ပြော ပြော၊ ဘယ်ရှုဒေါင့်က ပြောပြော ကျနော်တို့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် တွေကို ချမှတ် ပြီးသားမို့ အဲဒိ အတိုင်း တစိုက်မတ်မတ် ဆောင်ရွက်သွားဖို့ ရှိပါတယ် ခင်ဗျာ။
>>>> အထက်အောက်အမိန့်ပေးတာလုပ်မယ့်ဆိုတဲ့ သောက်ကျင့်ကမပျောက်သေးဘူး ဒါလားဒီမိုကရေစီအမတ်လောင်း ဆရာဆိုတာကိုသင်ချင်တာကျောင်းသားစိတ်ဝင်စားစား မစားစား သင်ရမယ်ဆိုတဲ့အတွေးနဲ့ဆိုရင် ကျောင်းသားစာမတတ်မှာသေချာတယ်.. ဆရာဆိုတာကျောင်းသားရဲ စိတ်ဝင်စားမှု နဲ့ အတွေးအခေါ်ကိုမူတည်ပြီး သူရဲ့အိုက်ဒီယာလေး ထွန်းလင်းတောက်ပလာအောင် သင်ပေးနိုင် နည်းလမ်းပြပေးနိုင်မှ ဆရာကောင်းမြည်တာ....
နောက်ပြီး ဘယ်ရှုဒေါင့်ကပြောပြော ဘာဝေဖန်နေနေ ဂရုမစိုက်ဘူးဆက်လုပ်မှာပဲ ဆိုတာဝန်ကြီးဇော်မင်းလေသံမျိုးပဲ.... နဲနဲတော့ခေါင်းသုံးစေချင်တယ်........
အင်း........အထက်ကခိုင်းတာပဲလုပ်မယ်ဆိုတဲ့အတွေးလောက်နဲ့ ဆရာဝန်ဆေးကုလဲပုံသေကားချဆေးကုဆးထိုးတာမျိုးလောက်ပဲနေမှာပါ ..

phayoung2009@gmail.com said...

ဟား....ဟား....ဟား....ဟား.... အဲ့လိုပဲ ရယ်ပလိုက်ချင်တယ်..
ဆရာဝန်တဲ့ ဆေးကုတာ စေတနာနဲ့ ကုတာမှမ ဟုတ်ပဲ မဲလိုချင်လို့ ကုနေသလိုကြီးပဲ... ရမှာပေါ့ မဲပေးလိမ့်မယ်လေ ဆေးကုပေးတဲ့ အဘိုးကြီးအဘွားကြီးဆီက ၂မဲ... ဟဲ ဟဲ...

su said...

မောင်စိုးမင်း မင်းပြောနေတဲ့ စကားတွေနဲ့ မင်းရဲ့ ကြံ့ဖွတ်ပါတီရဲ့ အတိတ်သမိုင်းက တခြားစီ ဖြစ်နေတယ်။ မင်း ကိုယ့်ပါတီကို ဘယ်လို ပါတီမျိုးလဲ ဆိုတာကိုတောင် ကောင်းကောင်း သုံးသပ်နိုင်ပုံမပေါ်ဘူး။ ဘယ်လိုလုပ် ဒေါက်တာ ဖြစ်လာတာလဲကွာ။ မင်းရဲ့ RFA မှာပြောတဲ့ ကြံ့ဖွတ်ပါတီအကြောင်း ကြားရတာ မင်းပါတီအကြောင်းသိထားနေတဲ့သူတွေမှာတော့ နားခါးလှသကွာ။ ဆရာဝန်လုပ် ဆေးကုနေတာမှ မင်းဂုဏ် ပိုတက်ပါအုံးမယ်။

စောက်ရူး said...

ဒေါက်တာစိုးမင်း၊ ခင်ဗျားပြောစကားအရ ခင်ဗျားတို့က ဆရာကြီးတွေ၊ လူထုကတော့ ဘာမှမသိနားမလည်တဲ့ အူအူအအ ကျောင်းသားတွေပေါ့။ ခင်ဗျားတို့က တပည့်ပြည်သူတွေ ဘာပြောပြော လက်ခံစရာမလို၊ ခင်ဗျားတို့ လုပ်ချင်ရာလုပ်မယ်ပေါ့၊ ဒီလိုစကားတွေပြောပြီး မဲဆွယ်ရင်တော့ ... ခင်ဗျား ပြေးပေါက်မှားမယ်နော် ။

komyo said...

ဒေါက်တာ စိုးမင်း ခင်ဗျာပြည်သူအပေါ်
ကိုထားပေးတဲ့ စေတနာကို ကော့မူး
ပြည်သူတွေအစား ကျေးဇူးတင်ပါတယ် ဒါပေမဲ့ တတိုင်းပြည်လုံးအတွက်
ကိုယ်စားပြုပြီးဆန္ဒမဲပေးရမှာဖြစ်တဲ့ အတွက် အားတော့နာပါတယ် ကြံဖွတ်ကို
တော့ မဲမပေးနိုင်ပါခင်ဗျာ ဒေါက်တာ အနေနဲ့ တသီးပုတ်ကလ ၀င်ပြီးတော့ 
ရှင်ပြိုင်ရင်တော့  ဖြစ်နိုင်ပါတယ်။ တိုင်းပြည်အတွက် တဖက်တလမ်းက ၀ိုင်းဝင်းပြီးတော့ ပြည်သူ့ အကြိုးကိုသယ်ပိုးပေးတာကျေးဇူးအထူးတင်ပါတယ်
ဒါပေမဲ ပြည်သူအကျိုးသယ်ပိုးထမ်းရွက်တယ်ဆိုတာ
စေတနာတခုထဲနဲ့ မပြီးဘူးခင်ဗျ ပြည်သူအတွက် ကောင်းကျိုးတွေကိုရှေ့
တန်းတင်ပြီးဥပဒေပြုပေးနိုင်တဲ့ ပါတီ အမျိုးသားဒီမိုကရေစီ ကိုပဲရွေးရပါလိမ့်

tharzaw said...

ဒေါက်တာ စိုးမင်း။ ကျနော် ဒီနေ့ပဲ ရွာတရွာကို ဝင်ခဲ့ပါတယ်။ အဘိုးကြီး အဘွားကြီးတွေ အပါအ၀င် လူနာ တရာကျော် ကုခဲ့ ရပါတယ်။ သူတို့ အိမ်မှာ ရှိတဲ့ လူတွေကလည်း ကျနော့ဆီ လာပို့ကြပါတယ်။ ကျနော့ မေတ္တာ တရားနဲ့ ကျနော့ကို ခင်မင်ကြတယ်၊ တွယ်တာကြတယ်။ ပြီးတော့ ဆရာ့ ကျေးဇူးကို ပြန်ဆပ်ပါ့မယ်လို့လည်း အဘိုးကြီး အဘွားကြီးတွေက ပြော တယ်ခင်ဗျ။ အဲဒိတော့ ကျနော့ စည်းရုံးမှုကလည်း ကျနော့ ကြိုးစားမှုကနေ အထိုက် အလျောက် ပြန်ရမယ်လို့ ယူဆပါတယ်။

သြော် ... အကျိုးလိုလို့ ညောင်ရေလောင်းတယ် ... ဖွတ်

Youth said...

ဒေါက်တာစိုးမင်းရေ...ကြည့်လည်းလုပ်ဦး ။ "ဆေးပေးမီးယူး" ဆိုတာပဲကြားဖူးတယ် ။ "ဆေးထိုး မဲယူ" ဆိုတာတော့် မကြားဖူးဘူးဗျ ။

Anonymous said...

ပြောချင်စိတ်ကိုကုန်နေပီ ဒေါက်ချာေ၇့ ဝေးဝေးေ၇ှာင် ဝေါင်ဝေါင်ေ၇ှး နေပါလား။ ကုတတ်သလိုကုနေ နိုင်ငံေ၇းထဲလာမပါနဲ့ဟ

ပုဂံစစ်သည် said...

သြော် ဒေါက်တာကမဲပေးစေလိုလို့ ဆေးကုပေးတာကိုး၊ ဒေါက်တာဆိုတာက ဂရုဏာကိုရှေ့တန်းတင်ပြီး ကုရမှာဗျ၊ မဲကိုမျှော်ကိုးပြီးကုလို့ကတော့ ခင်ဗျတို့ဆေးဖိုးဝါးခတွေ အလဟသတ်ဖြစ်ပြီ၊ ဘယ်ပြည်သူမှ ခင်ဗျတို့ကိုမဲပေးမှာ မဟုတ်ဘူးဗျ။

NLD Generation said...

ဒေါက်တာစိုးမင်းရေ...ကြည့်လည်းလုပ်ဦး ။ "ဆေးပေးမီးယူး" ဆိုတာပဲကြားဖူးတယ် ။ "ဆေးထိုး မဲယူ" ဆိုတာတော့် မကြားဖူးဘူးဗျ ။

Myanmar said...

လုပ်ပုံကစောက်တလွဲ ကြံ့ဖွတ်နောက်ဆွဲတွေက လာဘ်ပေးလာဘ်ယူတစ်ခုဘဲလုပ်တတ်တယ်။ နိုင်ငံကို နိုင်ငံတကာနဲ့ ၇င်ပေါင်တန်းနိုင်အောင် ဘယ်လိုလုပ်ပါမယ်။ နိုင်ငံပြန်လည်ထူထောင်ေ၇း ဘယ်လိုလုပ်ပါမယ်။ ပြည်သူ့အကျိုးစီးပွားကာကွယ်ပေး၇န် ဘယ်လို ဥပဒေတွေပြုစုပါ့မယ်။ အဖက်ဖက်က ယိုယွင်းပျက်စီးနေတဲ့ နိုင်ငံကို မည်သို့ မည်ပုံလမ်းကြောင်းမှန်ပေါ်ဆွဲတင်ပါ့မယ်ဆိုတာ တစ်ခွန်းမှမထွက်ဘူး။ သိလဲသိမှာမဟုတ်ဘူး။ အမေစုပြောပြလို့ မျက်စိဖွင့်ပေးလို့သာ ကျွန်တော်တို့တွေ ထိုက်သင့်သလောက်သိလာခဲ့ကြတယ်။ ဒီကြံ့ဖွတ်နောက်ဆွဲတွေကတော့ ပြည်သူကို နွားလို နဖားကြိုးထိုး မြင်းလို မျက်လုံးအုပ် အကျဉ်းသားလို ခြေကျင်းခတ်ပီး ကမ္ဘာဆုံးတိုင် ကျွန်ပြုမယ့်လူတွေ အစစ်ပါဘဲ။ ပြည်သူတို့ မျက်စိကိုဖွင့် နားကိုစွင့် အနီးဆုံး၇န်သူကို ချေမှုန်းကြပါ။ ။

Mg Khwe said...

ဒေါက်တာ စိုးမင်း လေသံကို လျှော့မတွက် ကြနဲ့။ သူတို့မှာ ဥာဏ်နီဥာဏ်နက် တွေ ရှိတယ်။ ဒေါ်စုကို အဲဒီ မှာ ရှုံးအောင်လုပ်နိုင်ရင် ဒါ သူတို့ ဘက်က အောင်ပွဲကြီးပဲ။ အဲဒီ တော့ အယ်န်အယ်လ်ဒီက ပရီ စစ်တမ်း တွေ ဘာတွေ ကောက်ပြီးပြီလား။ ရာခိုင်းနှုန်းဘယ်လောက်နိုင်မယ် ဆိုတာမျိုး စစ်တမ်းတွေ ကောက်ပြီးပြီလား။ အဲဒီ ကော့မှူးမှာ ကိုယ့်လူ ဘယ်နှစ်ယောက် ထားပြီး ဘာတွေ သတင်းထောက်လှမ်းမှု တွေ လုပ်ထားသလဲ။ လျှော့မတွက် ကြနဲ့။ ဒို့ မြန်မာတွေ ပန်းတိုင်မရောက် ခင် တက်မထောင်တဲ့ အကျင့် ရှိတယ်။ ပြီးမှ အရှက်တွေ အကြီးအကျယ် ကွဲနေမယ်။ အဲဒီတော့ စနစ်တကျ လေး လုပ်ထားဖို့ အကြံပေးလိုတယ်။

Phyo Naung said...

AgZayYa,

You pretend like a fair person on the above.
I and my friends saw your comment to Amy Su saying "This old lady, better die early" at the news of "Daw Su' trip to Sothern Shan State Helho, Kalaw & AungPan" on 28 Feb 2012.
Who are you? A spy?

သစ္စာ said...

ဒေါက်တာစိုးမင်း ကိုသိထားစေချင်တာက(ဖွတ် ခုန်လို့ ဖုန်မထပါဘူး)ဆိုတာ အချိန်ကဖြေပေးပါလိမ့်မယ်
အဲဒီအချိန်ရောက်တဲ့ အခါ ဒေါက်တာနှင့် မိဘ မိသားစု ဆွေမျိုး
အားလုံး မျက်နှာထားတတ်အောင် အခုအချိန်အတည်းက ကြိုတင်လေ့ကျင့်ထားနိုင်ကြပါရန်သတိပေးလိုက်ပါရစေ။

phyo lin said...

ပြီးခဲ့တာတွေ ခဝါချပြိးတော့ ကျနော်တို့ အားလုံးလိုအပ်နေတဲ့ ပန်းတိုင်ကို လက်တွဲ ညီညီချီတက်သွားကြပါစို့ လားဗျာ...

နဂါးနီ မျိုးမြန်မာ said...

Dr စိုးမင်း ။ ခင်ဗျားကတော့ သမားဂုဏ်နဲ.အညီပါဘဲ။ခင်ဗျားဆေးကျောင်းတက်တုံးက အဲဒီလိုသင်ပေးလိုက်သလား?26Feb2012,နေ့က သဲကုန်းဆရာတော်ပြောတယ်။မည်သည့်အရာမဆို အဓမ္မနည်းနဲ့အနိုင်ယူခြင်းသည် အနိစ္စ- မတည်မြဲ။ဓမ္မနည်းဖြင့်အနိုင်ယူခြင်းသည် နိစ္စ-တည်မြဲ၏။ နှလုံးသွင်းကြည့်ပါ

dnp said...

ဟဲဟဲ..ဒီနေ့တော့ အနော်တို့ရက်ကွက်မှာသမတကြီး မောင်သိန်းစိန် မနက်ဖြန်
မနက် ရုပ်မြင်သံကြားသတင်းမှာ ဟောပြောမယ်လို့ အော်လံကြီးအကြီးကြီးနဲ့ လိုက်ကြော်ငြာ နေတယ်ဂျာ...အမေ ဟောပြောမယ့်နေ့မှာ အဲလိုကြော်ငြာပေးရင်တော့အကောင်းသားဗျ...နော့

Sate Phwar said...

အင်း ဆရာဝန်တွေအပေါ် နဂိုက အမြင်မကြည်ချင်နေကြတာ
ခုတော့ သွားပါပြီ။ စေတနာထားဆေးကုပေးနေတဲ့သူတွေကိုတောင်မှ
သူ့လိုမဲလိုချင်လို့လုပ်နေတာလို့ထင်နေကြဦးမယ်။
တခုတော့ပြောမယ်။ ဆရာဝန် = ဆေးကောင်းကောင်းကုတတ်ရမယ်။
စစ်သား = တရားသော စစ်ကောင်းကောင်းတိုက်တတ်ရမယ်။
အင်ဂျင်နီယာ = အဆောက်အဦ၊ လမ်း၊ တံတားတွေ ကောင်းကောင်းဆောက်တတ်ရမယ်။ ကိုယ်အလုပ်ကို ကောင်းမွန်ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။

ရာရာ said...

ကိုအောင်ဇေယျရေ...
ဒေါက်တာကြီးက အထက်ကအမိန့်ချမှတ်လိုက်လို့ ၀င်ပြိုင်ရခြင်းသာဖြစ်ပါကြောင်း၊ အထက်အမိန့်ကို နာခံမည်ဖြစ်ကြောင်း သူကိုယ်တိုင်ဖွင့်ဟပြီးပြောကြားခဲ့တာရှိပါတယ်။ ဒါ့ကြောင့် ဒေါ်စုကိုယှဉ်ပြိုင်ရဲ့တဲ့ ဘယ်သတ္တိကို ဘယ်လိုချီးကျူးရမှာလဲခင်ဗျာ။

Phyo Naung said...

This AgZayYa is someone to be suspicious.

He wrote to Daw Su "Old Lady, better die early" on the news of "Daw Su trip to KaLaw, AungPan & Helho" on 28 Feb 2012. I and my friends saw it.

Then he deleted it or the moderator removed it now.

We also found an interesting information from Fighting Peacock there.

Powered by Blogger.