ကြံ့ဖွံ့ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး အစည်းအဝေး လျှိုဝှက်စာတမ်း

ပြည်သူတွေရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်းသိရှိနိုင်အောင် ဒီဓါတ်ပုံလေးကိုပါ ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်။ ဓါတ်ပုံ (ဘားမားဗီဂျေ)
ကြံ့ဖွံ့ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး အစည်းအဝေး စာတမ်းပါ။ ဒီစာတမ်းမှာ စာမျက်နှာ(၁၃)မျက်နှာပါရှိပါတယ်။ ပါတီတွင်း လုပ်ငန်းစဉ်တွေ၊ ပြည်သူတွေအပေါ်ဘယ်လိုသဘောထားရမယ်၊ ငွေကြေးသုံးစွဲမှုစတာတွေအပြင် လူဦးရေစရင်း ၊ အိမ်ခြေစရင်း ၊ အိမ်ထောင်စုစရင်း၊ မဲဆန္ဒရှင်(၁၈)နှစ်အထက် စရင်းများကောက်ယူဖို့ လည်း ညွှန်ကြားထားပါတယ်။ NLD ပါတီအပေါ်ဘယ်လိုသဘောထားတယ်ဆိုတာအပါအ၀င် အကြောင်းအရာများစွာပါရှိတဲ့ စာတမ်းဖြစ်တာကြောင့် စိတ်ဝင်စားသူများလေ့လာနိုင်အောင်တင်ပြပေးလိုက်ပါတယ်။
 Myanmar News Now
usdp2
ကြံ့ဖွံ့ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး အစည်းအဝေး လျှိုဝှက်စာတမ်း ကြံ့ဖွံ့ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး အစည်းအဝေး လျှိုဝှက်စာတမ်း Reviewed by သစ်ထူးလွင် on 07:38 Rating: 5

24 comments:

မန္တလေးသား said...

ပြည်သူ့ဆန္ဒအမှန်ကတော့ အမေစုကိုပဲ အနိုင်ရစေချင်တာပါ။ အားလုံးလည်း သိပါတယ်။ သူတို့မို့ မရှက်ပဲ ဝင်ပြိုင်ချင်တယ်။ လူတွေကဖြင့် တစ်ဖွဲ့လုံးပေါင်း အရည်ကြိုပြီး ပုံသွင်းရင်တောင်မှ အမေစုလောက် အသိဥာဏ်ရှိပါ့မလားပဲ.... ကိုယ့်ဦးနှောက်ကိုပြန်ပြီး အားနာဦးကိုယ့်အရည်အချင်းကို ပြန်ကြည့်ဦးလို့ပဲ ပြောပါရစေ.... ပြိုင်မယ့်သူတွေကရော... တိုင်းပြည်အတွက်တကယ်ပေးဆပ်မယ်လို့ စိတ်ကူးရှိရဲ့လားဆိုတာကိုမေးချင်ပါရဲ့ဗျာ......

ရာရာ said...

ဖွတ်ကြီးတို့ကတော့ တကယ်လုပ်တော့မယ်ပေါ့လေ...
အပိုဒ်ခွဲ(၅) မှာ မဲရုံမှူးနဲ့ မဲရုံဝန်ထမ်းများအား ၎င်းတို့နှင့်ရင်းနှီး ကျွမ်းဝင်ပြီး မိမိတို့ကို ကူညီလိုစိတ်ရှိလာအောင် စည်းရုံးဆောင်ရွက်ခြင်း
- မဲရုံမူးနှင့်မဲရုံဝန်ထမ်းများကိုရင်းနှီးအောင်ဆောင်ရွက်ပြီး လုပ်ငန်းပိုင်းဆိုင်ရာများ လူမှုရေးအကူအညီများပေးခြင်း ...
ဆိုပါလားဟရို့.....ဒါ ရိုးရိုးသားသား ရင်းနှီးချင်တာလား၊ အကူအညီပေးချင်တာလား ဆိုသည်ကို စဉ်းစားတော်မူကြပါခင်ဗျား
အပိုဒ်ခွဲ(၆)မှာကတော့...NLD ရှုံးလျင်ပြသနာရှာမည်၊ အနောက်ကလည်း ဝေဘန်မှုများရှိမည်..သူတို့နိုင်လျင်တရားတယ်ပြောမည်။..တယ်ဟုတ်ပါလား...ငါးစိမ်းသည်လိုတောင်ရန်တွေ့နေလိုက်သေးဗျာ..
ကဲ..အပိုဒ်ခွဲ(၇) ကိုကြည့်ရအောင်...
-ငွေအား၊ လူအား၊ ပစ္စည်းအား၊ စည်းရုံးရေးအားနဲ့ပုံအောပြီး ပါတီအောင်နိုင်ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြရန်ဆိုပါလား...
( တယ်ချမ်းသာတဲ့ပါတီ၊ NLD က ပစ္စည်းရောင်းပြီးရန်ပုံငွေ ပြူးပြဲရှာနေရချိန်မှာ သူတို့က ငွေအားတောင့်တောင့်တင်းတင်းနဲ့ တကယ်လုပ်နေပြီဟ..ဘယ်က စားထားဝါးထားမြိုထားဆို့ထားတယ်မသိဘူး)
-အခြားပါတီများထက်လည်း အပေါ်စီးရအောင်၊ လွှမ်းမိုးထားနိုင်အောင် အာရုံစိုက်ဆောင် ရွက်ရန်ဆိုပါလား..တော်တော်အာဏာမက်တဲ့ ဖွတ်ကြီးတွေပဲ....အနိုင်ရရင်ပြီးရော ဘာပဲလုပ်ရလုပ်ရ ဆိုသလိုဖြစ်နေတယ်..
-စည်းရုံးရေး လုပ်ငန်းများကိုလည်း ပေါ့ပေါ့တန်တန်သဘောမထားပဲ စားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်၊ သွားလည်းဒီစိတ် ထားရှိပြီးဆောင်ရွက်ရန်ဆိုပါလား...
ဒီဖွတ်ကြီးတွေ အနိုင်မရရင် ဒီစိတ်နဲ့ ရူးကုန်ကြမည့်သဘောရှိတယ်...
ဒီတော့...ဧပြီလ တစ်ရက်နေ့ ဧပရယ်ဖူးလ် မှာ သွက်သွက်ခါအောင်ရူးကြတော့မယ့် ဖွတ်ကြီးတွေအတွက် ရွာသာကြီးမှာ အဆောင်များကို ကြိုတင်တိုးချဲ့ထားနိုင်ရန် သက်ဆိုင်ရာသို့ သိစေအပ်ပါသည် ခင်ဗျား...

Anonymous said...

စီမံချက် ကကောင်းပါတယ်....
ဒါပေမယ်.... ဒုက္ခပေးလာတာက အနှစ်(၂၀)ကျော်....
မယုံတာ မကြိုက်တာ အပြစ်မဟုတ်ပါ....

ဘုန်းမောင် said...

မန္တလေးသားပြောတာမှန်တယ်ဗျို့။ထောက်ခံပါတယ်။

ဘုန်းမောင် said...

လျှို့ဝှက်စာတမ်းကို ပေါ်အောင်လုပ်ပေးတဲ့ သစ်ထူးလွင်ကို အထူးကျေးဇူးတင်ပါတယ်။

ဘုန်းမောင် said...

သစ်ထူးလွင်ကို ကျေးဇုးတင်ပါတယ်။

tapaungthi said...

အပေါ်ကသူတွေ comment ပေးတာအားလုံးကြိုက်တယ်
သူတို့ပြောတဲ့အတိုင်းပဲ ဂွတ်ဂွတ်..။

ဘကြီးမောင် said...

စာမျက်နှာ ၇ အပိုဒ်ခွဲ ၁ နှင့် ၄ တွင်ပါသော...
သခင် ၂ ယောက်မရှိဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ဟာ... ဘာကိုဆိုလိုတာလဲခင်ဗျာ...သခင်ဆိုတဲ့ စကားနဲ့ အတူ နောက်စကားလုံးမှာ ကျွန်ဆိုတာ ပါပါတယ်... အဲ့ဒီတော့ အုပ်ချုပ်သူတွေက သခင်..တိုင်းသူပြည်သားတွေက ကျွန်တွေပေါ့...အဲ့ဒီကတည်းက ကြံဖွတ်တွေရဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်းသိမြင်နိုင်ပါသည်။ အစိုးရ (အုပ်ချုပ်သူ) များသည် သခင်များ မဟုတ်ပါ၊ ပြည်သူလူထု ၏ အရေးကိုဆောင်၇ွက်ရသော သူများ (တနည်း) ပြည်သူ့ကျွန်များသာ ဖြစ်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော ပြည်သူလူထုကို အစိုးရက ထမင်းမကျွေးပါ၊ အစိုးရ အဖွဲ့ ကိုသာ ပြည်သူလူထုကထမင်းကျွေးပါသည်၊ထိုကြောင့် မည်သူက သခင်၊မည်သူက ကျွန်ဆိုသည်ကို စဉ်းစားကြည့်လျှင် သဘောပေါက်နိုင်ပါသည်။

Bravo said...

ပါတီစထောင်တဲ့အချိန်ကစပြီး ဝင်ငွေ၊ထွက်ငွေ စာရင်ရှင်းတမ်းလေး ပြည်သူကိုချပြပါလားဗျာ။ ဒါမှ ဘယ်ကဝင်ငွေရလို့ ဘယ်နေရာမှာ ဘယ်လိုအကျိုးရှိရှိသုံးတယ်ဆိုတာ ပြည်သူတယောက်အနေနဲ့ မုတိတာပွါးချင်လို့ပါ။

htay oo said...

ဒီလူတွေ အရှက်တရား နည်းနည်းလေးမှ မရှိတာ ဘာနဲ့စပ်ပြီး မွေးထားတာလဲ ဆိုတာ မေးရမလိုဖြစ်နေပြီ....ငါတို့တိုင်းပြည် နေရာတိုင်းမှာ သူများထက်နိမ့်ကျအောင် ဒင်းတို့လုပ်တာဆိုတာ လူတိုင်းသိနေတာတောင် ထပ်ပြီး ကောက်ကျစ်ဖို့လုပ်နေတယ်....

သက်မောင် said...

လူတွေက အသိဥာဏ်ရှိလို့ အတိတ် (သမိုင်း) ကိုကြည့်တယ်
အတိတ်က ဆိုးခဲ့သူအတွက် ပစ္စုပန်မှာ နေရာမရှိဘူး...
အဲဒါဘာကြောင့်လည်း မယုံရဲလို့ပေါ့...
လူဆိုတာ အသိဥာဏ်ရှိသူဖြစ်လို့ ကိုယ့်အပေါ်ဆိုးခဲ့သူကို သေရာပါသည်အထိ တေးထားတတ်ကြတယ်..
သင်... အတိတ်ကကောင်းတာလုပ်ဘူးလား
ဒါဆို ... ယခု သင် အကောင်းဆုံးတွေလုပ်ဆောင်ပေးဖို့ သင့်ကို လူထုက စောင့်မျှော်ကြိုဆိုနေမှာပါ..
သင် .. အတိတ်က ဆိုးသွမ်းရက်စက်ဘူးလား...
ဒါဆို... သင့်ကို လူထုက ရွံရှာစက်ဆုပ်ပြီး သင်လုပ်သမျှ အဆိုးမြင်နေဦးမှာပါ... တကယ်တော့ အမှားပြင်ဆင်ချက်ဆိုတာ စာအုပ်/စာစောင်ထဲမှာလောက်တော့ မလွယ်သေးဘူး... အချိန်ကာလတွေ ရင်းပြီး သက်သေပြပေးရဦးမှာပါ...
ဒီအတွက် သင် သူတပါးကို အပြစ်မတင်/မနှောက်ယှက်ပါနှင့်...
သင်လုပ်ခဲ့သော အလုပ်အတွက် သင် စံစားနေရသည်ဟုသာ သဘောပိုက်ပါလေ။

Anonymous said...

ကိုသစ်ထူးလွင်ရေ ကွန့်မန့်လေး တစ်ခုကို ကြိုက်လို့ ကူးယူပြီး ဖော်ပြဖို့အတွက် ကူးယူသွားပါတယ်။ ခွင့်မပြုနိုင်ပါလျှင် ပြန်လည် ဖျက်ပေးသွားပါမည် ကိုသစ်ထူးလွင်။

နတ်မိုက်

tertee said...

အော်
ဒါဆို ၁၉၉၀ ရွေးကောက်ပွဲ မှာ ရှုးံလို.ပြသနာရှာပြီး စစ်တပ်ကိုခုတုးံလုပ် လွတ်တော်မခေါ် အစိုးရဖွဲ. မပေး တာ ဘယ် ပါတီ ဘယ်အဖွဲ.အစည်းပါလိမ့် မမေ.သေးဘူးနော်....
ခင်ဗျားတို.ရဲ. အကြမ်းဖက်တတ်တဲ.စိတ်...အချောင်သမားစိတ်.......ကလိမ်ကကျစ်စိတ်တွေကို ပြည်သူအားလုးံ က သဘောပေါက် နေပြီမို. ...ခုမှလာပြီး အနီးကပ်စည်းရုးံလို.လဲ ထူးမထင်ပါဘူး

June Zaw said...

အားလုံးသိတဲ့လျှို့ဝှက်စာကြီးပါလား

Arakanbrand said...

သူတို့ရဲ့ ဆောင်ပုဒ်၊ တာဝန်၊ အမျိုးသားရေး အခြေခံ၊ တွေက အထပ်ထပ် မခါခါ မေးခဲ့သလို ပြန်မေးပါရစေ..."တကယ်လားဟင်...?"
စာမျက်နှာ ၅ မှာပါတဲ့ ဖိအားပေးပြီး စည်းရုံးရန်... ဆိုတာကို တန်ပြန်စောင့်ကြည့်ပေးကြပါရန်....
တင်ပေးခြင်းကို ကျေးဇူးတင်ပါတယ်.....

the` maung said...

အဆင့်အတန်းမရှိတဲ့ လျို့ဝက်စာကြီးပါ၊၊ အောက်လမ်းနည်းတွေသုံးတော့မယ် ထင်ပါရဲ့။ ဟဟဟ

pink rose said...

ဘယ်လိုလဲ ကိုကိုဖွတ်ရယ်
စာမျက်နှာ ၆ မှာ ပြည်သူကို သခင်အဖြစ်ထားမည်တဲ့။
၇ မှာဖတ်မိတော့ ပြည်သူကို သခင် ၂ ယောက်ရဲ့ကျွန်အဖြစ်က ကာကွယ်ရမည်တဲ့။ ကပြောင်းကပြန်၊ တတ်လည်းတတ်နိုင်ကြပါတယ်။ ဒေသဖွံ့ဖြိုးရေးကော်မတီတွေမှာလည်း သက်ဆိုင်ရာ ၀ံကြီးချုပ်တွေ ဦးစီးလို့နော်။ ပြီးတော့ပြောသေးတယ် အဲဒါ အောင်နိုင်ရေးကော်မတီတွေတဲ့။ ရထားတဲ့အာဏာကို အလွဲသုံးပြီး မလှိမ့်တပတ် လုပ်ပုံက။

Toe Gyi said...

အမွဲတကထွဋ်ခေါင် ဖွတ်မင်းနောင် ရေ မင်းတို့ရဲ့ စိတ်ဓာတ် စစ်ဆင်ရေးကြီးက မပြီး သေးဘူးလားကွာ လျှို့ဝှက်စား ဆိုပြီး တမင်ဖန်တီး ချပြပြီးစည်းရုံးနေတာ မသိဘူးများ မှတ်နေလား? မင်းတို့ နိုင်ငံတော်ကို လေလံပစ္စည်း တစ်ခုလိုများ သဘောထားနေ ကြလားကွာ- ဈေးပြိုင်စနစ်နဲ့ ၀ယ်ခိုင်း နေတာ မဟုတ်ဖူး၊ ပြည်သူတွေက တကယ်အားကိုချင်တာ၊ မင်းတို့ အနာယကဂုဏ်နဲ့ ညီနေတော့ ဘယ်ကအားကိုး ချင်မှာလဲ မင်းတို့ ကို့ကိုယ်ကို မကြည်ညိုရင် သွားရမှာ တစ်နေရာထဲနော် နိုင်ငံတော် ကို အရောင်းအ၀ယ် ပစ္စည်းလို သဘောမထားကြပါနဲ့ ပြည်သူတွေက အရန်ကိုခံစားခဲ့ကြရ ခံစားနေရပါပြီကွာ ပြည်သူတွေကို တကယ့်စေတနာနဲ့ တိုးတက်ပျော်ရွင်စေချင်ရင် မင်းတို့ နောက်ဆုတ်နေလိုက်ပါ၊ အတင်းဆုတ်စရာ မလိုဘူးနော်၊ အလိုလိုရောက်သွားမယ့်နောက်မှာ ငြိမ်ငြိမ်လေး ရပ်နေပေးရုံပါပဲ၊ ပြောချင်တာတွေက အများကြီးပါ၊ နောက်ကွန်မန်း အတွက် ချန်ထားတာနော်။

ဒီမိုအောင် said...

သတင်းများလတ်ဆတ်၍အထူးကျေးဇူးတင်ပါတယ်
အန်တီစုသတင်းတွေအပြင်ကြံ့ဖွံ့၏လှုပ်ရှားမှု/စည်းရုံးရေးဆင်းနေမှုများကိုလဲမီဒီယာများမှလိုက်လံစုံစမ်း၍တင်ပေးစေလိုပါတယ်
ဒါမှသာသူတို့ရဲ့ယုတ်မာမှု/မဲမသမာမှုလုပ်ရန်စည်းရုံးနေမှုတွေကို
သိရှိရမှာဖြစ်ပါတယ်

Unknown said...

ဟိုဘက်က ဘာလုပ်နေတယ်
ဒီဘက်က ဘာလုပ်နေတယ်
နောက်ဆုံးဘယ်သူ ဘာဖြစ်သွားတယ် ဆိုတာတွေ သိနိုင်ကြဘို့
သတင်းတွေ တင်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်

Myanmar said...

ဒါဟာ လျှို့ဝှက်စာပါ။ ဒီစာအသွားအလာအ၇ အာဏာကို၇ေ၇းကိုသာ ဦးစားပေးထားပီး။ ၇ိုးသားမှုအလျှင်းမတွေ့၇။ ပြည်သူကို အမိအဖလို့ေ၇းထားတာတွေ့၇။ သို့သော် ၇ွတ်လို့ကောင်းသော ကဗျာလိုလို စာလိုလို ဆောင်ပုဒ်တွေကို ၀ါဒဖြန့်၇ုံဘဲသုံးပီး။ ဘယ်တော့မှ လက်တွေ့ကျင့်သုံးခဲ့ဘူးသည်မ၇ှိ။ ဖိအားပေး စည်း၇ုံး၇န်ဟုတွေ့၇။ မတ၇ားသဖြင့် အတင်းအကျပ်လုပ်မည်လို့ဘဲ နားလည်ပါသည်။ လူနည်းစုကောင်းစားေ၇းကို ဆက်လုပ်သွားမည်။ ပြည်သူကို မျက်စိပိတ်နားပိတ်ဆက်ထားနိုင်ေ၇းကြိုးစားသွားမည်လို့ဘဲ နားလည်၇ပါသည်။ တနည်းအားဖြင့် ကိုယ်ကျိုး၇ှာသမားတွေက ပြည်သူလည်မျိုကို တက်နင်းပီး ဆီဦးထောပတ်တွေ ဆက်စားနေချင်သေးသည်လို့သာ နားလည်၇ပါသည်ခင်ဗျာ။ ။

myolay793 said...

အင်း ...
အစ်ကိုတို့ပြောသွားသလိုပဲ၊ ပိုက်ဆံတစ်ခုအတွက်နဲ့တော့ နောက်ထပ်နှစ်နှစ်ဆယ်ထပ်မနေပါရစေနဲ့တော့ ပြည်သူ၊ပြည်သားတွေ အတော်များများ သူတောင်းစားဖြစ်နေကြပြီ နောက်ထပ်နှစ်နှစ်ဆယ်ဆိုရင် ဗမာပြည်ဟာ ထမင်းငတ်ပြီးသေကုန်တော့မယ်...
မေတ္တာတရားလေးထားပေးကြပါဦးဗျာ ....
ကျေးဇူးတင်ပါတယ်...

Yee Yint Aung said...

ကျောင်းဆရာ တစ်ယောက်ရဲ့ အရည်အချင်းဘယ်လောက် ကောင်းတယ်ဆိုတာ သူ့ကျောင်းသား ဘယ်လောက်တော်တယ် ဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ထင်ပါတယ်ဗျ ရပ်ရွာ အုပ်ချုပ်ရေးမှူး ဘယ်လေက်တော်တယ်ဆိုတာ အဲ့ရပ်ရွာ ဘယ်လောက်ဖွင့်ဖြိုးတိုးတက် တယ်ဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ထင်ပါတယ်ဗျ
တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူ ဘယ်လောက်တောတယ်ဆိုတာ ဘယ်အရာကို ကြည့်သင့်ပါသလဲဗျ ............ကျွန်တော်က ၂၅အိမ်သာ ရှိတဲ လျှပ်စစ်မီးမရှိတဲ့ ခေါင်လွန်းလှတဲ့ ရွာက ရွာသားလေးမို့ မသိလို့ဖြေပေးကြပါအုံး တိုင်းတာပေးကြပါအုံး အစ်ကိုတို့ အစ်မတို့ ရေ...........................

Anonymous said...

ပြည်သူတွေကိုငတ်အောင်လုပ်ထားမှ အာဏာကိုဆက်ထိန်းထားနိုင်မယ်ဆိုတဲ.-- ကြံ.ဖွတ်ဗျူဟာ ပါလား ၊ .... သစ်ထူးလွင် ... ဒါကိုတင်ပေးတာ ... good တယ်ဗျာ ၊

Powered by Blogger.