ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးပွဲမှာလည်း လူမနည်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
ဖြုတ်ခွဲကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးပွဲသို့ ပရိသတ်အင်အား ၂၅ဝဝ ဝန်းကျင် တက်ရောက်ခဲ့သည်ဟု သတင်းရရှိခဲ့သည်။
ယင်းပွဲကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ နံနက် ၁ဝ နာရီ ဝန်းကျင်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပွဲသို့ ဖြုတ် ခွဲကျေးရွာအုပ်စု အပါအဝင် ပုဗ္ဗသီရိ မြို့နယ်တွင်းမှ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါပွဲ၌ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဝဏ္ဏကျော်ထင်စည်သူ ဦးသာဌေးအပါအဝင် တက်ရောက်သူသုံးဦးက ၄င်းတို့၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့် နိုင်ငံအပေါ် ထားရှိသည့် ခံယူချက်များကို ပရိသတ်ရှေ့မှောက် ဖွင့်ဟပြောဆိုခဲ့ကြသည်ဟု သိရသည်။
တက်ရောက် ပြောကြားသူများအတွင်းမှ ဒေါ်ကြည်ခင်က ”ကျွန်မက လာအပ်ပေးတာပါ။ ဦးသာဌေးကို ကောင်းကောင်း အသုံးချကြပါလို့ ပြောချင်ပါတယ်။ သူက အင်ဂျင်နီယာ တစ်ယောက်ပါ။ ဒါပေမဲ့သူက အောက်ခြေထိဆင်းပြီး အလုပ်လုပ်လေ့ရှိပါတယ်။ ဒါကြောင့် ပြည်သူ့ခံစားချက်ကို သူသိတယ်။ ပြည်သူတွေ ဘာလိုအပ်နေလဲ သူသိတယ်။ ဒီတော့ပြည်သူက သူ့ကိုကောင်းကောင်း အသုံးချကြပါလို့ ကျွန်မပြောချင်တာပါပဲ” ဟု ပြောဆိုကြေညာကာ ပရိသတ်၏ အားပေးလက်ခုပ်သံများ ရယူခဲ့ သည်ဟု သိရသည်။
”ဒါ တတိယအကြိမ်ပါပဲ။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်က ဝဲကြီးကျေးရွာနဲ့ ကိုးရွာ သပြေကုန်း ကျေးရွာတွေပါ။ ထိုင်ခုံပေါင်း ၁၆ဝဝ ချထားပေးတယ်။ ထိုင်ခုံ အားလုံး ပြည့်ရုံတင်မဟုတ်ဘူး မတ်တတ် ရပ်နေတဲ့လူတွေပါ အများကြီးရှိခဲ့တယ်။ စုစုပေါင်းဦးရေ ၂၅ဝဝကျော်လောက် ကိုရှိတယ်။ အားလုံးက စနစ်တကျနေရာယူပြီး နားထောင်ကြပါတယ်။ သူတို့ သဘောကျတဲ့စကား ပါလာတိုင်း သူတို့လိုချင်တဲ့ အခွင့်အရေးကို ပြောတိုင်း လက်ခုပ်တီးကြတယ်။ မွန်းတည့် ၁၂ နာရီလောက်မှာ ပြီးသွားပါတယ်”ဟု ယင်းပါတီဝင် တစ်ဦးက ပြောသည်။
ပေါ်ပြူလာဂျာနယ်

ဒိက္ခိဏသီရိမြို့နယ် ကိုယ်စလှယ်လောင်း ဦးနိုင်ငံလင်းက ဒီလှိုင်းစာစောင်ကနေ တဆင့် ပြောကြားတာကတော့
 အစိုးရအဖွဲ့ ခေါင်းဆောင်တွေ အပါအ၀င် ကြံ့ခိုင်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲဥပဒေတွေ ချိုးဖေါက် နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော် ဒိက္ခိဏသီရိမြို့နယ် ကိုယ်စလှယ်လောင်း ဦးနိုင်ငံလင်းက ဒီလှိုင်းစာစောင်ကနေ တဆင့် ပြောကြားလိုက်ပါတယ်။ နေပြည်တော် တစ်ချို့ မြို့ နယ်တွေမှာ ကြံ့ခိုင်ရေးက လူထုဆန္ဒမပါဘဲ ပါတီဝင်ကဒ်ပြားတွေ လုပ်ပေးနေပြိး ကြံ့ခိုင်ရေးကိုဘဲ မဲပေးဖို့ ခြိမ်းခြောက်နေတယ်လို့ ဦးနိုင်ငံလင်းက ဆိုပါတယ်။ အစိုးရအဖွဲ့ဝင်တွေကလည်း စီမံကိန်းဆိုတာတွေ လုပ်ပြပြီး ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ပေးတာမျိုး လုပ်နေကြောင်း ဦးနိုင်ငံလင်းက ဒီလှိုင်း စာစောင်ကို ပြောကြားသွားပါတယ်။

ဇေယျာသော် ၀င်ပြိုင်မယ့် ဆန္ဒနယ်မြေရဲ့ ဖေ့စ်ဘုတ်သတင်းနဲ့ ဓါတ်ပုံလေးတွေကို
လက်ဆက်လေ့လာကြည့်ပါဦး။

ဇေယျာသော် တကယ် ရှုံးပြီဗျ ၊ ဒီမှာသာကြည့်ကြပေတော့ဗျာ

ဇေယာသော် ရှုံးသွားပြီတဲ့ ၊ ဟုတ်မှဟုတ်ရဲ့လားတဲ့ ၊ ပွဲတောင် မစရသေးဘူးတဲ့ ၊ ဟုတ်ကဲ့ တချို့ပွဲတွေက မစ ခင်ကတည်းက အဖြေထွက်နေတတ်ပါတယ်။ ဒီ က ဓါတ်ပုံတွေကိုကြည့်ပါ ၊ အဲဒီ ပုဗ္ဗသီရိမြို့က ဓါတ်ပုံတွေချည်းပါပဲ ၊ အမြန်ရိုက်ခဲ့ရတာမို့ အဲဒီ ပုဗ္ဗသီရိမြို့ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရိုက်ခဲ့နိုင်တယ်လို့ ဓါတ်ပုံပို့လာသူက ပြောပါတယ်။ ပုဗ္ဗသီရိမြို့ အ၀င် ကုန်းပေါ်ကရိုက်ခဲ့တာပါတဲ့ ၊ အဲဒီမြို့ကြီးက လူမနေသေးတဲ့ အမိုးသွပ်တွေ ပြောင်ပြောင်နဲ့ ကမန်းကတမ်းဆောင်ထားတဲ့ အိမ်တွေ ၊ အိမ်တွေမှာ အိမ်သာတွေတောင်မရှိသေးဘူးတဲ့ ၊ လမ်းတွေကလည်း မြေကြီးခုမ စုပုံထားတာ အသားမသေသေးဘုးတဲ့ ၊ ည ည ဆိုရင်တော့ မီးတွေ ထိန်လင်းနေတာပဲတဲ့ ၊ လမ်းကြုံရင် ဘယ်သူမဆို လာကြည့်လို့ ရပါတယ် တဲ့၊ ရှုံးသွားတဲ့ဇေယျာသော်ကိုတော့ စိတ်မကောင်းပါဘူးတဲ့ ရွာတွေမှာလည်း ဇေယျာသော်ကို မဲထည့်ရင် အဲဒီလူတွေကိုနောက်က တိတ်တိတ်လေး မှတ်ထားမယ် လို့ ပြောနေကြတယ်တဲ့။ ဇေယျာသော်နဲ့ သူငယ်ချင်းများ ရန်ကုန်က လှမ်းပြီး လုပ်နေမယ့်အစား ပုဗ္ဗသီရိမှာ တစ်ပတ်လောက်ဖြစ်ဖြစ် လာနေစေချင်ပါတယ်တဲ့ ရွာတွေကို လျှောက်သွားပြီး လူတွေကြားကို သွားစေချင်ပါတယ်တဲ့ နေပြည်တော်က ကျန်တဲ့နေရာတွေလည်း ဇေယျာသော်လိုပဲ ရှုံးမှာပဲတဲ့ ကဲ ပြောနေတာကြာတယ် ၊ သွားကြည့်ကြရအောင်လားဗျာ။





ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးပွဲမှာလည်း လူမနည်း ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးပွဲမှာလည်း လူမနည်း Reviewed by သစ်ထူးလွင် on 17:56 Rating: 5

11 comments:

Show said...

ဖြစ်နိုင်ပါတယ်ဗျာ.ရွေးကောက်ပွဲကမျှတမှုရှိမှာမဟုတ်ဘူးလို့ထင်သားပြီးသားပါ
လက်ရှိအာဏာရပါတီနဲ့ပြိုင်ရမှာလေ.သူတို့နောက်မှာကအစိုးရရှိပြီးသား
ပြည်သူတွေကိုအခွင့်အရေးတွေ.မက်လုံးတွေနဲ့ဆွယ်ရင်ဆင်းရဲတဲ့သူတွေကတော့ထောက်ခံအုံးမှာပဲလေ
ဘယ်နိုင်ငံမှာမှသူတို့ပါတီလောက်ချမ်းသာတဲ့ပါတီရှိမှာမဟုတ်ဘူး
တခြားပါတီတွေကငွေသုံးဖို့ရန်ပုံငွေရှာနေရတဲ့အချိန်မှာ..လမ်းခင်း.အိမ်ဆောက်.တံတားဆောက်ပေးအုန်းမယ်တဲ့
အဲဒါတွေကအစိုးရကလုပ်ရမှာလေ
ကြာလေရွံလေပဲ..တကယ်
သူတို့လုပ်လေNLDကိုပိုကြိုက်လေပဲ
နေပြည်တော်မှာကတော့NLDရှုံးဖို့သေချာပါတယ်ဗျာ.စိတ်မကောင်းစရာပဲ
ကျွန်တော်ကဇေယျာသော်ပရိတ်သတ်ပါ


ၽြ

AUSTIN said...

ပြည်သူလူထုကြီးခင်ဗျာ....ဘဘဦးတင်ဦး ပြောသလိုကြံ့ဖွတ်ပေးသမျှအကုန်
သာယူပစ်လိုက်ပါ....ဒါပေမယ့် မဲပေးတဲ့အခါကျရင် ကိုယ့်ရင်ထဲအသည်းထဲ
ကဖြစ်ပေါ်လာတဲ့ဆန္ဒ၊ပြည်သူတွေအတွက်ရဲရဲဝံ့ဝံ့ဦးဆောင်ပေးနိုင်မဲ့ပါတီကိုမဲပေး
ကြပါလို့နိုးဆော်လိုက်ပါတယ်ခင်ဗျာ......

Arakanbrand said...

Radio လိုင်းတွေနန့် ဘဘဦးတင်ဦး ပြောတဲ့အတိုင်း သူတို့နားကို ရောက်စေချင်ပါတယ်..... ဝိုင်းကူပေးကြပါ...

ewhainnshwe said...

တခြားပါတီတွေက မဲလာဆွယ် ရင်လည်း ပေးတာယူ၊ ကြွေးတာစား၊ မော်တော်ကားနဲ့ခေါ်ရင် လည်း တက်စီးလိုက် ပြီးရင်သာ ဖဆပလ မဲပုံးထဲကို မဲထည့်လိုက်ကြပါ။
(ဗိုလ်ချုပ်၏ ၁၉၄၇ ရွေးကောက်ပွဲ မဲဆွယ်မိန့်ခွန်းမှ)

thurakyaw(မန္တလေး)) said...

ပေးတာကိုယူကြွေးတာကိုစားခိုင်းတာကိုလုပ်တယ်ဆိုရင်
ဘာဖြစ်သွားပြီလဲဆိုတာသိထားဖို့ တော့ လိုပါတယ် လူဆိုတာ
အသိညဏ်ရှိတဲ့ သူပါ ထာဝရမြန်မာနိုင်ငံအတွက် ဘာလုပ်သင့် 
သလဲဆိုတာကိုသေချာစဉ်းစားဖို့ တော့ လိုပါတယ် ဒီလိုပေးတာ
တွေကဒီတခါနဲ့ တင်ပြီးပါပြီ နောက်နောင်တွေ သားစဉ်မြေးဆက်
ဒုက္ခပင်လည်ဝေထဲမှာနစ်မွန်းကြရမဲ့  ၂၀၀၈ရဲ့ အချေခံမူတွေကို
မပြုပြင်ပဲနဲ့ တော့  ဘယ်တော့ မှပြီးပြည့် စုံတဲ့ ဘ၀ ကိုပိုင်ဆိုင်
ရမှာတော့ မဟုတ်ပါဘူးလတ်တလော အနိုင်ရဖိုကိုသာရှေ့ တန်း
တင်ပြီးစည်းရုံးနေတဲ့ ကြံခိုင်ရေးရဲ့ မူဝါဒတွေကိုသေချာမြင်
အောင်ကြည့် ပါ သူတို့ တကယ်ပြည်သူကိုချစ်တယ်မြတ်နိုးတယ်
လေးစားတယ်ဆိုရင် ပြည်သူနဲ့ ဒီမိုကရေစီမူနဲ့ မအပ်စပ်တော့ 
တဲ့ ဥပဒေတွေကိုဘာလို့ လက်ကိုင်ထားနေပါသလည်း။

weihein said...

zayar thaw is only kids,, "first" ,, he need to know himself,,
crazy,, ""Look"" his photo,,has have anyone respect, that is too
funny,

sawkofan said...

ဆန္ဒမပါရင်သွားမကြည်.နေနဲ. ပေးတာလည်းယူစရာလည်းမလိုဘူး အဖြေကတော့ အေပရယ်ပြီးမှ သိကြလိမ့်မယ် ကိုယ့်ကိုအထင်ကြီးနေတဲ.သူတွေပဲနိုင်မလား နောက်ဆုံးတော့ ရွှေဘဆိုတဲ. ငနဲ.ပဲနိုင်သွားမလား နောက်လထဲ နိုင်ငံတကာ စောင့်ကြည်.ရေးအဖွဲ.ကို လက်ခံဖို. ကြေငြာမယ်တဲ.

Ashin Vicitta Sara said...

ကိုယ့်မှတ်ချက်က မျှတမှု ရှိမရှိ သုံးသပ်ပြီးမှ POST တင်သင့်တယ်လိုယူဆပါတယ်။

Ashin Vicitta Sara said...

ဒီမိုနဲ့ယှဉ်ပြိုင်ခြင်းဟာခွဲမရဘူးဆိုတာကောင်းကောင်းနားလည်ရင် တစ်ဖက်စောင်းနင်းမှတ်ချက်တွေ ရေးမိလောက်မှာမဟုတ်ပါဘူး။

ko pwa said...

ကိုယ်အရွေးခံရမယ့်နေရာမှာ သူက မနေဘူးပဲနဲ့ ဘယ်လိုများ ၀င်ပြိုင်ကြမှာလဲ။ ရွေးကောက်ပွဲ ကို ရင်လေးတယ်ဗျာ။

ရာရာ said...

ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ ကံ ကံ၏ အကျိုးအရ သူတစ်ထူးဟာ ဤအကြောင်းကိုပြုခဲ့လို့ ဤအကျိုးကိုခံစားရတာဖြစ်တယ်...ပြုခဲတဲ့အကြောင်းအတိမ်အနက်ဘယ်လောက်ရှိတယ်ဆိုတာ ကိုထောက်ချင့်ရင် ခံစားရတဲ့အကျိုးဘယ်လောက်ရှိမယ်ဆိုတာကို တွက်ကြည့်လို့ရမယ်။ ဒါကြောင့် တစ်ဖက်စောင်းနင်းဖြစ်သလားမဖြစ်ဘူးလား မျှတမှုရှိရဲ့လားမရှိဘူးလားဆိုတာ တွေးကြည့်ရုံနဲ့သိနိုင်တယ်...။ ဒီလိုလုပ်ခဲ့လိုဒီလိုပြောဆိုရေးသားခံရတာပါလားဆိုခြင်းအား ကံကံ၏အကျိုးကိုတကယ်ပဲ သက်ဝင်ယုံကြည်ရင် မြင်နိုင်ပါတယ်..။

Powered by Blogger.