ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်ခရီးစဉ် အချိန်ဇယား

ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)

နက်ဖြန် နံနက် ၉ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် ကလောမြို့သို့ အဲမန္တလေးလေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန် မတ်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ် စည်းရုံးရေး ခရီးစဉ် အတွင်း အောင်ပန်း ဟိုင်ဒရိုကွင်းတွင် နံနက် ၁၀ နာရီ ၁၂ နာရီထိ လူထုအား ဟောပြောမည်ဖြစ်သည်။

ထို့နောက် မွန်းတည့် ၁၂ နာရီမှ ၂ နာရီတွင် ကလောမြို့ ဒီချုပ်ရုံးတွင် ဟောပြောမည်ဖြစ်သည်။
မွန်းလွဲပိုင်း၌ အောင်ပန်း၊ ကလော၊ ဟဲဟိုးသို့သွားရောက်ကာ ၂ နာရီမှ ၄ နာရီအကြား ကျောက်တိုင်ကွင်း၌ ဟောပြောမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ညနေပိုင်း မြန်မာ့လေကြောင်း လေယာဉ်ဖြင့် မန္တလေးသို့ သွားရောက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အောင်ပန်း၊ ကလောခရီးစဉ်များအတွင်း သရုပ်ဆောင်ရဲတိုက်က လိုက်ပါကူညီမည်ဟုလည်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁ရက်နေ့နှင့် ၂ ရက်နေ့ ညကို မန္တလေးမြို့တွင် ညအိပ်တည်းခိုကာ ၃ ရက်နေ့တွင် မန္တလေးမြို့၌ လူထုဟောပြောပွဲပြုလုပ်မည် ဖြစ်သည်။ ၄ ရက်နေ့၌ စစ်ကိုင်းမြို့သို့ စည်းရုံးရေး သွားရောက်မည်ဖြစ်ကာ လူထုဟောပြောပွဲပြုလုပ်ရန် ဘောလုံးကွင်း နေရာမရသဖြင့် ဧရာဝတီမြစ်ကမ်းနဘေး သဲသောင်ပြင်တွင် ပြုလုပ်မည်ဟု အန်အယ်လ်ဒီပါတီ စည်းရုံးရေး ကော်မတီဝင်တဦးကပြောသည်။ ။
YPI
ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်ခရီးစဉ် အချိန်ဇယား ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်ခရီးစဉ် အချိန်ဇယား Reviewed by သစ်ထူးလွင် on 18:23 Rating: 5

4 comments:

မြန်မာပြည်သား said...

မန်းလေးဘယ်အချိန်ရာက်မလဲ။ကြိုမလို့ပါ

kokhent said...

အမေရယ်..
ဓါတ်ပုံတွေကိုကြည့်ပြီး
ကားကူရှင်ပေါ်မှာ ထိုင်ရချိန် နဲ့  အမေ့ ရဲ့ သားသမီးတွေကို မတ်တပ်ရပ်ပြီး လက်ဆွဲ နှုတ်ဆက်နေချိန် ဘယ်အချိန်ပိုများမလဲတွေးကြည့်ပါတယ်...
အမေ့ ကျန်းမာရေးလည်း ဂရုစိုက်ပါ..
သတင်းထူးတွေ သတင်းဦးအနေနဲ့ တင်ပေးနိုင်တဲ့ ကိုသစ် နဲ့ အဖွဲ့ ရဲ့ဝန်ဆောင်မှု့(24 hrs service) ကိုလည်းချီးကျူးလေးစားပါတယ်..
၂၀၀၄ခုနှစ်က ရေးးခဲ့တဲ့ အမေပင်ပန်းနေမှာ သီချင်းစာသားလေးကို မျှဝေ လိုက်ပါတယ်..

အမေပင်ပန်းနေမှာ

အေးမြတဲ့နေ၇ာဆီ မရောက် အရောက် ပို့ဆောင်ပေးတာ

နွေးထွေးတဲ့အမေ့ စေတနာပါ......

သားတစ်ယောက်မှ မကျန်လေအောင် တကယ်ုကိုးစားနေတဲ့အမေ... အမေပင်ပန်းနေလှပေါ့

( အမေပင်ပန်းနေမှာ တွေးကြည့်ပြီး ပူပန်ပါ

ကူညီပါအုံးသား ဘယ်တော့မှ အမေ မပြောဘူး

ငွေရှာသွားတဲ့သား.....ဇနီးမယားနဲပျော်တဲ့သား......

အမေ့ရဲ့ အပါးမှာ သားတို့ မရှိချိန် အမေလွမ်း...

ဒီခရီုးကမ်းလမ်းထဲ မျက်ရည်ဝဲ သွေးထွက်ကာနာကျဉ်နေလည်း

အမေက မနားနိုင်သေးပြီ အမေ့ စေတနာ နားလည်ပါလား

သားသမီးတွေ စုံစုံညီညီ ပျော်ရမယ့် ဒီရက်ဆီ အမေ အပင်ပန်ခံလှမ်းဆဲ) ၂

ကုံကမ္မာကောင်းတွေ့ဖို့ ခက်တဲ့အချိန်များမှာ

ထိုးထွက်ဖို့ ထိုးနှက်မှူ့တွေကြား

တစ်ယောက်တပေါက် ရန်ဖြစ်ယင်း စိတ်ဝမ်းကွဲနေကြယင်

အမေ့စိတ် ထပ်ပင်ပန်းစေမယ်....

အောင်မြင်ရအောင်လို့ တွတ်ထိုးလို့ အမေဆူယင်း

မပြည့်စုံတဲ့သားအတွက် အမေ့မှာ ပိုကိုးစား

အဆင်ပြေသွားတဲ့သား အမေ့အပါးတစ်ခေါက် ပြန်နိုင်ခဲ

ခလုပ်တိုက်မိချိန် အေးတဲ့အမေ့အိမ်ပြန်လည်း မျှော်လင့်မဲ့ပြုစုရှာယင်း.........

ကျွေးပါရစေ အမေဆိုယင်တောင် သားသမီးတို့ ဆီကနေ

ဘယ်အမေမှ မစားချင်ပါဘူး

အမေ့မေတ္မာဒီစံအိမ်မှာ တို့များနားခိုဖို့ရာ အမေကို
ဝိုင်းကူုကစို့  .အမေမပင်ပန်းစေသင့်ဘူး....

အမေပင်ပန်းနေမှာ တွေးကြည့်ပြီး ပူပန်ပါ

ကူညီပါအုံးသား ဘယ်တော့မှ အမေ မပြောဘူး

ငွေရှာသွားတဲ့သား.....ဇနီးမယားနဲပျော်တဲ့သား......

အမေ့ရဲ့ အပါးမှာ သားတို့ မရှိချိန် အမေလွမ်း...

ဒီခရီုးကမ်းလမ်းထဲ မျက်ရည်ဝဲ သွေးထွက်ကာနာကျဉ်နေလည်း

အမေက မနားနိုင်သေးပြီ အမေ့ စေတနာ နားလည်ပါလား

သားသမီးတွေ စုံစုံညီညီ ပျော်ရမယ့် ဒီရက်ဆီ အမေ အပင်ပန်ခံလှမ်းဆဲ......

အမေ့ ကိုချစ်တဲ့သားများနဲ့အတူ
ကိုခန့် 

true said...

be healthy and safety

yein said...

မြန်မာတနိုင်ငံလုံးအတွက်တိုက်တွန်းချက်
လာမည့်ဧပြီလရွေးကောက်ပွဲတွင်
မဲထည့်ချင်ချင် မဲမထည့်ချင်ချင်
အမေဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောNLDပါတီကို
မဲထည့်ဖြစ်အောင်ထည့်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Powered by Blogger.