ဦးဂမ္ဘီရသတင်းနှင့်ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထား ထုတ်ပြန်ချက်

၁၉.၂.၂၀၁၂-ရက်စွဲပါ နိုင်ငံတော်ပိုင် သတင်းစာများ၌ပါရှိသောဦးဂမ္ဘီရသတင်းနှင့်ပတ်သက်၍

       အရှင်ဝီရသူ၏ သဘောထား ထုတ်ပြန်ချက်။ (၂၀.၂.၂၀၁၂) ၁၃၇၃-ခု၊ တပိုတွဲလဆုတ်(၁၃)ရက်။

(က)    ဦးဂမ္ဘီရသည် သံဃာ့အဖွဲ့အစည်းများနှင့် သံဃာ့အဖွဲ့အစည်းများ ချမှတ်ထားသော ကျင့်ဝတ်ဥပဒေ များကို လျစ်လျူရှုခဲ့ပါသည်။
          တရားဝင်လျှောက်ထားတင်ပြ၍ ခွင့်ပြုချက်ကို ရယူနိုင်ပါလျက် ဥပဒေမဲ့ ပြုမူခဲ့ပါသည်။ သင်္ကန်းပြန်ဝတ် သည်ကို နားလည်ပေးနိုင်သော်လည်း ချိပ်ပိတ်ထားသည့် ကျောင်းများကို သော့ဖျက်ဝင်ရောက်ခြင်းသည် ဘုရားသားတော်တို့၏ အပြုအမူ မဟုတ်သလို၊ ဒီမိုကရေစီ နည်းလမ်းလည်း မကျပါ။ ဒီမိုကရေစီကို လိုလားသူ၊ ဒီမိုကရေစီကို ချစ်မြတ်နိုးသူတိုင်းသည် ဒီမိုကရေစီ နည်းလမ်းကျ ဆောင်ရွက်ဖို့ လွန်စွာလိုအပ်ပါသည်။ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်မျိုးကို ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။
          သုံးကြိမ်တိုင် စာဆင့်ခေါ်ပါလျက် ရုံးတော်သို့ မသွားရောက်ခြင်းသည် သံဃာ့အဖွဲ့အစည်းကို မလေးစားရာ ကျသလို မထီမဲ့မြင်ပြုမူရာလည်း ရောက်ပါသည်။ တာဝန်မကျေသည့် မိဘပင်ဖြစ်သော်လည်း သားသမီးဟူသည် မိဘခေါ်လျှင် လာရမည်သာ ဖြစ်ပါသည်။
          ပို၍ဆိုးသည်မှာ-နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက အနူးအညွတ် မေတ္တာရပ် ခံပါလျက် “မိမိလိုသံဃာတစ်ပါးအတွက် လိုအပ်မည်မထင်ကြောင်းနှင့် သင်္ကန်းဝတ်ခွင့်ပြုရန် လျှောက်ထားသွား မည်မဟုတ်ကြောင်း’’တင်းခံငြင်းဆန်ခြင်းပင် ဖြစ်ပါသည်။ ထိုသို့ငြင်းဆန်ခြင်းဖြင့် ဦးဂမ္ဘီရသည် စစ်အာဏာရှင်နည်းတူ ဥပဒေအထက်သို့ ရောက်ရှိသွားပါတော့သည်။
(ခ)     ဦးဂမ္ဘီရ လျှောက်ထားသည့် အချက်(၁၀)ချက်ပါ လျှောက်ထားချက်ကို လျှောက်ထားခွင့်ပြုသည့် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများအား လေးစားကြည့်ညိုမိပါသည်။
          ဦးဂမ္ဘီရ လျှောက်ထားသည့် အချက်များတွင် ရွှေည၀ါဆရာတော် ဦးပညာသီဟအား သာဓုဗုဒ္ဓ တက္ကသိုလ်ကျောင်းတိုက်မှ တစ်လအတွင်းထွက်ခွာရန် နှင်ထုတ်ခြင်းကို ကန့်ကွက်ကြောင်း၊ အကျဉ်းသား(၄၁၅)ဦးတွင် ပါဝင်သော ရဟန်း(၄၃)ပါးအား အကျဉ်းထောင်မှလွတ်မြောက်ရန် နိုင်ငံတော်သံဃာ့ မဟာနာယကက ဆောင်ရွက်ပေးခြင်းမရှိသဖြင့် အလေးနက်ရှုတ်ချကြာင်းတို့ ပါဝင်သည်ကို တွေ့ရပါသည်။
(၂)
ကန့်ကွက်ထိုက်သည်ကိုကန့်ကွက်ခြင်း၊ရှုတ်ချထိုက်သည်ကို ရှုတ်ချခြင်း ဖြစ်သောကြောင့် ဦးဂမ္ဘီရ၏ လျှောက်ထားချက် အပြည့်အ၀ မှန်ကန်ပါသည်။ မြတ်စွာဘုရားက “ချစ်သားတို့ ငါဘုရားမှာ အပြစ်ရှိ လျှင်လည်းထောက်ပြကြ’’ ဟုမိန့်တော်မူဖူးပါသည်။  ဟန္ဒ ဒါနိ ဘိက္ခဝေ ပ၀ါရေမိ ဝေါ နစမေ ကိဉ္စိ ဂရဟထ ကာယိကံ ၀ါ ၀ါစသိကံ ၀ါ ။ (သဂါထာဝဂ္ဂ ပါဠိ၊ ပ၀ါရဏာသုတ်) “ရဟန်းတို့ ယခုအခါ၌ ငါဘုရားသည် သင်တို့အား ဖိတ်ကြား၏။ ငါ၏ တစ်စုံတစ်ခုသော ကိုယ်အမူရာ နှုတ်အမူရာကို သင်တို့မကဲ့ရဲ့ဘဲ ရှိကြ ကုန်၏လော။’’ (၎င်းသုတ်မြန်မာပြန်)
          န စ ကိဉ္စီတိ ပုစ္ဆနတ္ထေ နကာရော။ ကိံ မေ ကိဉ္စိ ဂရဟထ?
          ယဒိ ဂရဟထ, ၀ဒထ, ဣစ္ဆာပေမိ ဝေါ ၀တ္တုန္တိ အတ္ထော။ (၎င်း၊ဋ္ဌ။၂၅၃)
          ရွှေည၀ါဆရာတော်အား နှင်ဒဏ်ပေးခြင်းသည် ပြစ်မှု့နှင့်၊ပြစ်ဒဏ် လုံးဝမျှတသည့် အမိန့် အမှန်ပင်ဖြစ်ပါသည်။ အကျဉ်းကျသံဃာများနှင့်ပတ်သက်၍ သံယာ့မဟာနာယက အဖွဲ့စည်းအဆင့်ဆင့်က သက်သာအောင်၊ လွတ်မြောက်အောင်၊ ဘာတစ်ခုမျှ ဆောင်ရွက်ချက်မရှိပါ။ ဖမ်းဖို့သာ လုပ်တတ်ပြီး၊ လွတ်ရေးကို လုံးဝ စိတ်မ၀င်စားသည့် စစ်အာဏာရှင်အကျင့်ဆိုးကြီးကို အမွေခံကျင့်သုံးနေသည့် လက်နက်မကိုင်သည့် အာဏာရှင် အဖွဲ့အစည်းကြီးဖြစ်နေသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ဦးဂမ္ဘီရ၏ ကန့်ကွက်ခြင်း၊ အလေးအနက်ရှုတ်ချချင်းကို အပြည့်အ၀ ထောက်ခံကြောင်း အတိအလင်း ကြေငြာ ပါသည်။ သို့သော် ဦးဂမ္ဘီရသည် ဂုဏ၀ုဍ္ဎိ၊ ၀ယ၀ုဍ္ဎိဂုဏ်ကို မလေးစားမလိုက်နာဘဲ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား နိုင်ငံရေးအရ ထိုးနှက်နှိပ်နယ်သည့် သဘောသက်ရောက်သွားပါသည်။ ဓမ္မကို မြတ်နိုးသူဖြစ်လျှင် မေတ္တာရပ်ခံ တောင်းပန်လျှောက်ထားရမည် ဖြစ်ပါသည်။ ဥပမာ - ရွှေည၀ါဆရာတော် အပေါ် ချမှတ်ထားသော ပြစ်ဒဏ်ကို ပြန်လည် စဉ်းစားသုံးသပ်၍ လျှော့ပေါ့ပေးစေလိုပါသည်ဘုရား။ (၀ါ)လျှော့ပေါ့ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံ တောင်းပန်လျှောက်ထားအပ်ပါသည်ဘုရား-ဟူ၍ ဖြစ်ပါသည်။
          ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်းဝေါဟာရများသည် နိုင်ငံရေးလောက၌ တွင်ကျယ်နေသော ဝေါဟာရများ ဖြစ်ပါသည်။ နိုင်ငံရေးလုပ်လိုက မီဒီယာများမှ တစ်ဆင့် ကန့်ကွက်နိုင်ပါသည်။ ရှုတ်ချနိုင်ပါသည်။ ကမ္ဘာအေးရုံး ထဲဝင်၍ ဆရာတော်ကြီးများအား တိုက်ရိုက် မလျှောက်ထားသင့်ပါ။ မရိုသေ မလေးစားရာ၊
(၃)
စော်ကားမော်ကားပြုရာ ရောက်နေပါသည်။ မိမိအပြု အမူကို အကြောင်းပြု၍ ရဟန်း၊ ရှင်၊ လူအပေါင်း အကုသိုလ်များ မတိုးပွားစေသင့်ပါ။
(ဂ)     ဒီမိုကရေစီစနစ်ကို အမှန်တကယ် ကျင့်သုံးလိုပါလျှင် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း၊ ချီးကျူးခြင်း၊ ရှုတ်ချခြင်းတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးရမည်သာ ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတော်များ၌ သမ္မတလည်း အဝေဖန်ခံရပါသည်။ တရားစွဲခံရပါသည်။ ပုပ်ရဟန်းမင်းကြီးလည်း အဝေဖန်ခံရပါသည်။ တရားစွဲခံရပါသည်။ အဝေဖန်မခံနိုင်၊ တရားစွဲမခံနိုင်လျှင် ကုလားထိုင်ပေါ်မထိုင်သင့်ပါ။
          ယခုကိစ္စ၌ ဦးဂမ္ဘီရ၏ ကန့်ကွက်ရှုတ်ချမှုကို မခံမရပ်ဖြစ်နေသော ပုဂ္ဂိုလ်တစ်စုက ဦးဂမ္ဘီရကို ဖမ်းဆီးချုပ် နှောင်လိုခြင်းဖြစ်ပါသည်။ သို့သော် ထိုသို့ အကြောင်းပြနိုင်လောက်အောင် လုံလောက်သော ဆင်ခြေမရှိ သောကြောင့် ဥပဒေမဲ့ လုပ်ရပ်ကို အပြစ်ပုံချနေခြင်းဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သံဃာတော်များအနေဖြင့် တရားဝင် ရပ်တည်နိုင်သည့် ဥပဒေလမ်းကြောင်းမှ သိမ်မွေ့ငြင် သာစွာ လျှောက်လှမ်းခြင်းဖြင့် သူတစ်ပါး၏ ထောက်ကွက်မရအောင် ပြုမူဆောင်ရွက်သင့်ပါသည်။ သံဃာထု အပေါ် အုပ်မိုးချုပ်နှောင်ထားသော တရားမမျှတသည့် မည်သည့်ကန့်သတ်ချက် မျိုးကိုမဆို ငြိမ်းချမ်းသော နည်းဖြင့် စည်းလုံးညီညွတ်စွာ ဖယ်ရှားရှင်းလင်းသင့်ပါသည်။
          သမ္မောဒမာန ဇာတ်တော်အတိုင်းပင်
          ပြိုင်တူ-မ-လျှင်-လွတ်နိုင်ပါသည်။
          ပြိုင်တူ-မ-လျှင်-ငြိမ်းနိုင်ပါသည်။
          ပြိုင်တူ-မ-လျှင်-ချမ်းသာနိုင်ပါသည်။
မေတ္တာရှေ့ထား ၊မရငြားသော်၊ ကျားနှင့်ဆိတ်မ၊ စိတြဂီဝါ၊
များစွာခိုသင်း၊ ငုံးခပင်းတို့၊ မကြွင်းကိုယ်စီ၊ ပိုက်ကိုချီသို့၊
ညီညီညာညာ၊ သက်စွန့်ရာ၏။(မဃ။၂၂၁)
ငြိမ်းချမ်းရေးပန်းတိုင်သို့ ဦးတည်လျှက်

                                                ၀ီရသူ(မစိုးရိမ်)
                                      ဘဒ္ဒန္တ ၀ိစိတ္တာဘိဝံသ၊ ဓမ္မသဟာယကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။
 by Ashin Vicittabhivamsa
ဦးဂမ္ဘီရသတင်းနှင့်ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထား ထုတ်ပြန်ချက် ဦးဂမ္ဘီရသတင်းနှင့်ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထား ထုတ်ပြန်ချက် Reviewed by သစ်ထူးလွင် on 10:09 Rating: 5

38 comments:

Anonymous said...

သာဓု သာဓု သာဓု ပါဘုရား။

Anonymous said...

ကောင်းမြတ်သောသဘောထားထုတ်ပြန်ချက်ဖြစ်ပါသည်ဘုရား..
နှစ်ဘက်မျှတအောင်ပြထားသော.ထုပ်ပြန်ချက်ဖြစ်ပါသည်..

Thet said...

တရားမျှတသော သမာသမတ်ရှိသော ထုတ်ပြန်ချက်ဖြစ်၍ ကျေးဇူးတင်ပါသည် အရှင်ဘုရား

tharaper said...

မှန်ကန်သင့်မြတ်ပါတယ် ဘုရား..

reeferminnzaw said...

လေးစားမိပါသည်ဘုရား ဘာသာသာသနာအကျိုး တိုင်းပြည်နှင်.လူမျိုး
အကျိုးအတွက် အရှင်ဘုရား မားမားမတ်မတ်ဆက်လက်ရပ်တည်ပါရန်လေးစားစွာလျွှောက်ထားတောင်းပန်
အပ်ပါသည်ဘုရား။

myochit said...

ဆရာတော်ဝီရသူသည် သတ်တိ၊ ဗျတ်တိနှင့်ပြည့်စုံသော ထေရ်အရှင်ဖြစ်ပါသည်။ မြန်မာပြည်ရဲ့ ၂၁ရာစု သူရဲကောင်း အရှင်ဖြစ်ပါသည်။ အချို့ကား ဒုတိယအောင်ဆန်းဟုပင် ထင်မှတ်၏။ ကျနော်တို့ပြည်သူ အနေဖြင့် ဆရာတော်ဝီရသူအား ၀န်းရံပေးကြပါ။ ဆရာတော်သည် ထောင်အတွင်း ၈နှစ်ကြာသီတင်းသုံးခဲ့၏။ အမျိုးသားရေးအတွက် အသက်ပေးလှူထားသော၊ လိုအပ်လျှင် ထောင်အတွင်းသို့ ပြန်ဝင်မည်ဟု အဓိဋ္ဌာန်ထားသော၊ သစ်စာ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော၊ ဆရာတော်သည် ထောင်နန်းစံစဉ် သတင်းမီဒီယာနှင့် ကင်းကွာခဲ့သော၊ လောကဓံအမျိုးမျိုးကို ဖြတ်ကျော်ကာ ဆက်လျှောက်လှမ်းမည့် အမိမြန်မာပြည်ရဲ့ သူရဲကောင်း ထေရ်အရှင်အား ရိုသေဦးခိုက် ဂါရ၀ပြုလိုက်ပါသည်ဘုရား။ မှတ်ချက်/ ဆရာတော်ရေးသားထားသော ကျမ်းစာပေနှင့်ဟောပြောခွေများကို ဖတ်ရှု နားဆင်ကြည့်လျှင် လေးစားကြည်ညိုဖွယ်ဂုဏ်တွေ ပေါ်လွင်လာပါလိမ့်မည်။အဝေးနေ- တပည့်

Unknown said...

ကျေးဇူးပါဘုန်း၂...
အရမ်းကောင်းတဲ့ သဘောထားပါ...
***အကျဉ်းကျသံဃာများနှင့်ပတ်သက်၍ သံယာ့မဟာနာယက အဖွဲ့စည်းအဆင့်ဆင့်က သက်သာအောင်၊ လွတ်မြောက်အောင်၊ ဘာတစ်ခုမျှ ဆောင်ရွက်ချက်မရှိပါ။ ဖမ်းဖို့သာ လုပ်တတ်ပြီး၊ လွတ်ရေးကို လုံးဝ စိတ်မ၀င်စားသည့် စစ်အာဏာရှင်အကျင့်ဆိုးကြီးကို အမွေခံကျင့်သုံးနေသည့် လက်နက်မကိုင်သည့် အာဏာရှင် အဖွဲ့အစည်းကြီးဖြစ်နေသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ******

aprilaung444@gmail.com said...

ဆရာတော်အရှင်သူမြတ်တို့ဘုရား....
တပည့်တော်ရိုသေစွာလျောက်ထားအပ်ပါသည် ဘုရား..
ယခုဖြစ်ပျက်နေသမျှမှာ
ဆရာတော်များ၏မကင်းတတ်သောအမှားအယွင်းအနည်းငယ်ကို
အခြေပြုပြီး အာဏာရှင်အစိုးရမှသံဃာသင်းခွဲနေသောကိစ္စဖြစ်ပါတယ်ဘုရား။
ဆရာတော်များမှစည်းလုံးစွာတွန်းလှန်နိုင်ပါစေဘုရား။
၇ိုသေစွာဖြင့်
တပည့်

Synergy said...

အော် သာသနာတော်တော့ ညစ်နွမ်းပြီ၊ သာသနာ့အကျိုးသယ်ပိုးချင်လျင် ဘုရားစကားကို အရင်နားထောင်ပါ။ ၀ိနည်းတော်တွေတောင် လုံအောင် မစောင့်နိုင်လျှင် အဘယ်သို့ သာသနာပြုမည်နည်း၊ ရဟန်းဖြစ်ပြီး ရဟန်းကျင့်ဝတ်တောင်မသိလျှင် အမျိုးသားရေးအား ဘယ်လိုဘယ်နည်းဖြင့် ဆောင်ရွက်မည်နည်း။ အမျိုးသားရေးဆောင်ရွက်လိုလျင် လူဝတ်လဲပါ၊ အမေစုတို့လို၊ ဦးမင်းကိုနိုင်တို့လို လေးစားစွာ ထောက်ခံပါမည်။

Once Myanmar said...

We respectfully agreed such a balanced, brave and righteous declaration.

မောင်မှန် said...

အရှင်ဘုရားလို အမြင်ကျယ်ကျယ်နဲ့ထောက်ပြမည့် ပုဂ္ဂိုလ်မျိုးမျှော်နေတာ ကြာပြီဘုရား၊ တပည့်တော်တို့ လူမျိုးက သူများဖြူရင် ဖြူကြတာ၊ မဲတယ်ပြောရင်ဝိုင်းမဲကုန်ကြတာအတော်ခက်တယ်ဘုရား၊ တပါတည်း ရွှေည၀ါဆရာတော်အနေနှင့် ကိုယ်လုပ်မည့် သာသနာပြုလုပ်ငန်းတွေကို စေတနာရှင်းရှင်းနှင့် လုပ်သင့်ပြီလို့ထင်ပါသည်၊ မီဒီယာကနေ ဆရာတော်ကြီးများကို သွယ်ဝိုက်သောနည်းများဖြင့် ပုတ်ခက်ပြောဆိုမှုတွေကြောင့် မဟာနာယကဆရာတော်ကြီးတွေကို ရစရာမရှိအောင် စော်ကားကြတာတွေ မြင်ရ တွေ့ရတာ အင်မတန်စိတ်မကောင်းဖြစ်ရပါတယ်ဘုရား၊ ဆရာတော်ဝီရသူ မိန့်သလို ဘုရားသားတော်တို့ ပြုမူရမည့် အပြုအမူ၊ အပြောအဆို ယဉ်ကျေးသိမ်မွေ့ကြမှ လူဒကာ၊ ဒကာမများ သိမ်မွေ့ကြမှာဖြစ်ပါတယ်ဘုရား၊ ခေါင်းဆောင်လုပ်မည့် မည်သူမဆို သူများထက်ပိုပြီး နူးညံ့သိမ်မွေ့ကြရမှာဖြစ်သလို ဒါတွေဟာ လူတိုင်းမှာရှိသင့်သည့် တန်ဖိုးတွေဖြစ်ပါတယ်ဘုရား..

Anonymous said...

a monk ,, trying to save a country ,, beaten in jail ,, stand for people ,, but now ? ? ?

ကျော်ထိုက် said...

မှန်ပါတယ် ဘုရား...အရှင် ဘုရား ရှင်းပြ တာ သဘာဝ ကျပြီး သင့်လျော်ပါသည် ဘုရား..တပည့်တော်တို့လည်း ပိုပြီး သိရတာပေါ့ ဘုရား...

ဘုန်းဘုန်း said...

ဦးဝီရသူရေ-
အရှင်ဘုရားနဲ့ တပည့်တော်က လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော် တိုက်သစ်မှာ အတူနေခဲ့ကြစဉ်က ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပါတယ်။
အခု ဦးဂမ္ဘီရရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ အရှင်ဘုရားနဲ့ တပည့်တော် ယေဘုယျအားဖြင့်တော့ သဘောတူတယ်-လို့ ပြောနိုင်ပါတယ်။
မတူတာတွေကို ပြောရရင် ဦးဂမ္ဘီရရဲ့ “ကန့်ကွက်တယ်” “ရှုပ်ချတယ်” ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ပတ်သက်လို့ အရှင်ဘုရားက “ကန့်ကွက်ထိုက်သည်ကို ကန့်ကွက်ခြင်း၊ ရှုပ်ချထိုက်သည်ကို ရှုပ်ချခြင်း ဖြစ်သောကြောင့် ဦးဂမ္ဘီရ၏ လျှောက်ထားချက် အပြည့်အ၀ မှန်ကန်ပါသည်” ဆိုပြီး ထောက်ခံချက်ပေးထားပါတယ်။
သာမန်အားဖြင့် ကြည့်ရင် ကန့်ကွက်ထိုက်လို့ ကန့်ကွက်တာ၊ ရှုပ်ချထိုက်လို့ ရှုပ်ချတာဟာ မှန်တယ်လို့ ပြောနိုင်သည့်တိုင်အောင် တကယ်တန်း ကန့်ကွက်ထိုက်သလား ရှုပ်ချထိုက်သလား-ဆိုတာကိုတော့ စိစစ်ဖို့လိုမယ်နော်။ အတ္တနောမတိနဲ့ ဆုံးဖြတ်တာမျိုးတော့ မဖြစ်သင့်ဘူး။ အရှင်ဘုရားပြောတဲ့ “ရွှေည၀ါဆရာတော်အား နှင်ဒဏ်ပေးခြင်းသည် ပြစ်မှုနှင့်ပြစ်ဒဏ် မမျှတသည့် အမိန့် အမှန်ပင် ဖြစ်ပါသည်” ဆိုတဲ့ အကြောင်းပြချက်လောက်နဲ့တော့ မလုံလောက်ပါဘူး။ ရွှေည၀ါ နေတဲ့ သာဓုကျောင်း ပိုင်ဆိုင်မှုက အစ၊ မဟနရဲ့ တရားဟောခွင့်ပိတ်တာ အလယ်၊ ရန်ကုန်က ဆရာတော်တွေရဲ့ တုပ်တုပ်မှ မလှုပ်ဘဲ ငြိမ်နေတာအဆုံး အားလုံးကို လေ့လာသုံးသပ်ပြီးမှ ကောက်ချက်ဆွဲသင့်တယ်။ ရွှေည၀ါနဲ့ ပတ်သက်လို့ မဟနရဲ့ ထုတ်ပြန်ချက်တွေထဲမှာ အရှင်ဘုရားနဲ့လဲ သိကျွမ်းတဲ့ သူဋ္ဌေးတန်းဆရာတော် (ဘဒ္ဒန္တမာနိတသိရီဘိဝံသ) ကိုယ်တိုင် အကျိုးတော်ဆောင်ဆရာတော်အနေနဲ့ လက်မှတ်ထိုးထားပါတယ်နော်။ ဒီဆရာတော်ဟာ မဟုတ်မတရား လုပ်မယ့်ဆရာတော်မျိုးလား။ အရှင်ဘုရား မေးမြန်းလျှောက်ထားကြည့်ပါဦး။
နောက်ပြီး ပြစ်မှုနဲ့ ပြစ်ဒဏ်ဆိုတာကို အရှင်ဘုရားက ပြောလာတော့ နည်းနည်းတော့ ပြန်ပြောလိုက်ဦးမယ်။ ဖြစ်ရပ်အားလုံးမှာ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှရမယ်လို့ ဘယ်လိုလုပ် သတ်မှတ်နိုင်မှာလဲဘုရား။ ပါရာဇိကဏ်ပါဠိတော်ထဲမှာ အိမ်ရှင်တစ်ယောက် ဧည့်သည်လာလည်ခိုက်မို့လို အိမ်မှာ မွေးထားတဲ့ ဆိတ်တစ်ကောင်ကို သတ်ပြီး ဧည့်ဝတ်ပြုခဲ့တာ ဆိတ်သတ်တဲ့အကုသိုလ်ကံ အကျိုးပေးတဲ့အခါ ဆိတ်မွေးနဲ့ အမျှ ခံစားရတယ်-လို့ ဆိုတယ်မို့လားဘုရား။ ဒါကို ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတလိုက်လေခြင်း-လို့ ပြောဦမှာလား။
အရှင်ဘုရားတို့ မစိုးရိမ်တိုက်သစ်မှာဘဲ စာအံကျောင်းမတက်လို့ ဘုရားဝတ်တက် မလိုက်လို့ ဆိုပြီး ကျောင်းကနေ နှင်ထုတ်ရတာမျိုးတွေ ရှိနေတုန်းပဲမို့လားဘုရား။ ဒါကိုရော ဘယ်လို ပြောမလဲ။

ဘုန်းဘုန်း said...

“အကျဉ်းကျသံဃာတော်များနှင့်ပတ်သက်၍ သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်က သက်သာအောင် လွတ်မြောက်အောင် ဘာတစ်ခုမျှ ဆောင်ရွက်ချက် မရှိပါ။ ဖမ်းဖို့သာ လုပ်တတ်ပြီး လွတ်ရေးကို လုံးဝ စိတ်မ၀င်စားသည့် စစ်အာဏာရှင်အကျင့်ဆိုးကြီးကို အမွေးခံကျင့်သုံးနေသည့် လက်နက်မကိုင်သည့် အာဏာရှင်အဖွဲ့အစည်းကြီး ဖြစ်နေသည်မှာလည်း အမှန်ပင် ဖြစ်ပါသည်။” ဆိုတာကတော့ အရှင်ဘုရားအနေနဲ့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ရဲ့ လုပ်ပိုင်ခွင့်အတိုင်းအတာကို မသိလို့ ဆိုမိတာ ဖြစ်မယ်လို့ပဲ ယူဆပါတယ်။
နိုင်ငံရေးမှုနဲ့ ထောင်ကျသွားတဲ့ သံဃာတွေအားလုံးကို ဒီနေ့ ဒီအချိန်အထိ အာဏာပိုင်တွေက နိုင်ငံရေးမှုလို့ မပြောသေးပါဘူး။ အားလုံးကို အပြစ်ရှိလို့ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ အရေးယူတာပါဆိုတဲ့ စကားက မကြားချင်မှ အဆုံးပါ။ သံဃာ့အဖွဲ့အစည်းရဲ့ လုပ်ထုံးတွေမှာလဲ ပြစ်မှုဆိုင်ရာနဲ့ အရေးယူခံရရင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်က ၀င်ရောက်စွက်ဖက်ခွင့် မရှိဘူး-ဆိုတာ အတိအကျ ပြဋ္ဌာန်းထားပါတယ်။ ဒီတော့ ဘယ်လိုလုပ်မလဲဘုရား။ မဟနအပါအ၀င် သံဃာ့အဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်အဖွဲ့အစည်းဝင် သံဃာတွေအတွက် အကူအညီပေးချင်သည့်တိုင်အောင် ပေးလို့ မရနိုင်ပါဘူး။ ဒါကိုမှ မဖြစ်မနေ အကူအညီပေးရမယ်၊ အစိုးရကို ဆရာတော်ကြီးတွေအနေနဲ့ ပြောပေးရမယ်-လို့ ဆိုလာရင်တော့ ဒါဟာ ဆရာတော်ကြီးတွေကို မြစ်ကြီးနားတို့ ပူတာအိုတို့ရောက်အောင် တွန်းပို့ပေးသလို ဖြစ်နေမှာဘဲ။
“ကန့်ကွက်ခြင်း၊ ရှုပ်ချခြင်း” ဟူသော ဝေါဟာရများသည် နိုင်ငံရေးလောက၌ တွင်ကျယ်နေသော ဝေါဟာရများ ဖြစ်ပါသည်။ နိုင်ငံရေးလုပ်လိုက မီဒီယာများမှ တဆင့် ကန့်ကွက်နိုင်ပါသည်၊ ရှုပ်ချနိုင်ပါသည်။ ကမ္ဘာအေးရုံးထဲဝင်၍ ဆရာတော်ကြီးများအား တိုက်ရိုက် မလျှောက်ထားသင့်ပါ” ဆိုတဲ့ အရှင်ဘုရားရဲ့ အယူအဆကို တပည့်တော်နားလည်တာကတော့ အရှင်ဘုရားလိုပဲ မီဒီယာကနေ “သမိုင်း၏ တရားခံ” လို စာမျိုးတွေရေးပြီး သံဃာ့အဖွဲ့အစည်းကို ကြိုက်သလို ကန့်ကွက်၊ ကြိုက်သလို ရှုပ်ချ။ ဒါပေမဲ့ သံဃာ့အဖွဲ့အစည်းရှေ့ ရောက်ရင်တော့ မခုတ်တတ်တဲ့ကြောင်လိုနေပေတော့- လို့ ပြောတာဖြစ်မယ်လို့ တပည့်တော် နားလည်မိပါတယ်ဘုရား။
တပည့်တော်တို့ ဒီလိုမျိုးရော လုပ်သင့်ပါသလား။ တပည့်တော်တို့ ဆရာသမားများကတော့ “ မိဘဆရာသမားများနဲ့ ပတ်သက်လို့ မကျေနပ်တာရှိရင် ကွယ်ရာမှာ ပြောရဲသလို ရှေ့တင်မှာလဲ ပြောရဲရမယ်။ ရှေ့တင်မှာ မပြောရဲဘဲနဲ့တော့ ကွယ်ရာမှာ မပြောပါနဲ့” လို့ ဆုံးမပါတယ်ဘုရား။
ဒါမှလဲ “ဥဇု၊ သုဟုဇု” ဆိုတာ ဖြစ်တော့မယ်ပေါ့။ ဒီလိုမှ မဟုတ်လို့ကတော့ ရှေ့တင်တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့ ဘယ်လို ယုံကြည်စိတ်ချရတဲ့သူ ဖြစ်နိုင်ပါမလဲ။
အရှင်ဘုရားပြောတဲ့ “ငြိမ်းချမ်းရေးပန်းတိုင်သို့ ဦးတည်လျက်” ဆိုတာကို အရှင်ဘုရားရဲ့ အယူအဆဖြစ်တဲ့ “နောက်ကွယ်မီဒီယာကနေ ကြိုက်သလို ကန့်ကွက် ရှုပ်ချ၊ ရှေ့ရောက်ရင်တော့ ရိုသေလေးစားပြ”ဆိုတဲ့ ဒဿနနဲ့ လှမ်းသွားလို့ကတော့ အလှမ်းဝေးနေဦးမှာပါဘဲဆိုတာ တပည့်တော် ခင်မင်လေးစားစွာ လျှောက်ထားလိုက်ပါရစေ။

zy said...

အလွန်ကို သမာသမတ်ကျပါသည်ဘုရား။ သာဓု၊ သာဓု၊ သာဓု ပါဘုရား။ အရှင်ဘုရား သာသနာ့အကျိုးကို ဆထက်တပိုး တိုးပြီးဆောင်ရွက်နိုင်ပါစေဘုရား။

momo said...

ရွှေည၀ါ ဆ၇ာတော် အကြောင်းနဲ့ ပတ်သက်တာကိုတော့လက်မခံပါ
တ၇ားဟောခွင့်ပိတ်ထားချိန်မှာ တ၇ားဟောလို့ ဆိုတဲ့ အကြောင်းပြချက်ဟာ လိုချင်တာကို ဆွဲယူပြောထားတာ ပေါ်လွင်ပါတယ်
တ၇ားဟောခွင့် ပိတ်တာ တနှစ်ပြည့်ပြီးချိန်မှာ ထပ်ပြီး ပိတ်တာဟာ ဆ၇ာတော်ကြီးတွေ၇ဲ့ နာယက ဂုဏ်နဲ့ မစီလျှော်တဲ့လုပ်၇ပ်ပါ
ဆ၇ာတော်ကြီးတွေကို ဝေဖန်တာဟာ အပစ်မဟုတ်ပါ ဆ၇ာတော်ကြီး၇ဲ့ဂုဏ်ဆိုတာကိုပြောမယ်ဆို၇င် ဆ၇ာတော်ကြီးတွေ၇ဲ့ လုပ်၇ပ်က သူတို့ဂုဏ်နဲ့ညီအောင် လုပ်နေကြတာမျိုး၇ှိဖို့ အ၇င်လိုအပ်ပါတယ် နိင်ငံတော် မဟာနာယက ဆိုတဲ့ ပညတ်အတတ်ခံ၇တာနဲ့ အဲဒီဂုဏ်ပုဒ်ကြီးပါ တခါတည်း ၇သွားတာမဟုတ်ပဲ ဘယ်လိုကျင့်ကြံတယ်ဆိုတာ ပေါ်မူတည်ပြီးမှ ဂုဏ်မြောက်မမြောက် ဆုံးဖြတ်သင့်ပါတယ်

myochit said...

Synergy ဆိုတဲ့ကောင် မင်းကဘုရား ၀ိနည်းတော်၊ တရားတော်တွေကို ဘယ်လောက်လေ့လာထား သင်ယူထားလို့ လူဝတ်လဲပါ၊ သာသနာတော် ညစ်နွမ်းပြီးဆိုတဲ့စကားကို သုံးရတာလဲ။ အပေါ်ယံသိရုံနဲ့တော့ ဒူးမနှံ့နဲ့လေ၊ ရွှေဝါရောင်တော်လှန်ရေးက ဘယ်သူတွေ ဖန်းတီးပြီး ဘယ်သူတွေ ဦးဆောင်တာလဲ? ပြောင်းလဲမှုအတွက် ကမ်ဘာသိအောင် ဘယ်သူတွေအားစိုက်ခဲ့တာလဲ? မင်း အိပ်ပျော်နေတယ် ထင်တယ် ကောင်လေး။ မျက်နှာသစ်လိုက်ပါ၊ တာဝန်သိသူတိုင်းမှာ တာဝန်ရှိတယ်၊ တာဝန်ရှိသူတိုင်းမှာ ကျေပြွန်အောင် ဆောင်ရွက်ကြရမှာဘဲ။ အင်္ဂလိပ်လက်အောက်ကျစဉ်က ဆရာတော်ဦးဝိစာရ၊ ဆရာတော်ဦးဥတ်တမတို့ မင်းမကြာဘူး မလေ့လာခဲ့ဘူးလား?ကောင်လေး မင်းမူကြိုတန်းကို ပြန်ဆင်းလိုက်အုံး၊ အောက်သက် မကျေသေးဘူး။ မင်းရဲ့အရေပြားပေါ်က အယားပြေ အသိလေးနဲ့ ဟိုရမ်းဒီရမ်း မရမ်းနဲ့ ခေါင်းလေးကို သဘာဝကျကျ တွေးတတ် မြင်တတ်အောင် လေ့လာသင်ယူလိုက်ပါအုံး။ ပညာရှင်တွေက ယုတ်တိရှိရှိ သဘာဝကျကျ ကျမ်းကိုးကျမ်းကား ထောက်ရှုပြတာကို အရူးချီးပမ်း ထ မရမ်းနဲ့လေ။

momo said...

မဟန ၇ုံးတည်၇ှိ၇ာအထိသွားေ၇ာက်ပြီး ကန့်ကွက်လွှာ ဆယ်ချက် တင်တာကို ထောက်ခံပါတယ် ကာယကံ၇ှင်ဆီ ကန့်ကွက်ကြောင်း လျှောက်တင်တာဟာ စော်ကားမူ့မဟုတ်ပါ

Unknown said...

အရှင်ဝီရသူအား လက်လှမ်းမီသူတို့မှ လျှောက်ထားပေးပါခင်ဗျာ
အရှင်ဘုရား ရွှေည၀ါဆရာတော်အား နှင်ဒဏ်ပေးခြင်းသည် ပြစ်မှု့နှင့်၊ပြစ်ဒဏ် လုံးဝမျှတသည့် အမိန့် အမှန်ပင်ဖြစ်ပါသည်။ ဟူရာတွင် ဘုရားတပြည့်တော်များအား သွန်သင်သောအားဖြင့် အသေးစိတ်ဝေဖန်ပြတော်မူပါအရှင်ဘုရား၊ မဟနဆရာတော်ဘုရားများတွင် အဂတိတရား ကင်းရှင်းစွာဆုံးဖြတ်တော်မူသည်ဖြစ်ကြောင်း ဓမကြောင်းအရ ထင်ရှားစွာ သိမြင်ခွင့်ရအောင် အဆုံးအမပေးတော်မူပါအရှင်ဘုရား

zzmyoe said...

ကျေးဇူးတင်ပါတယ် အရှင်ဘုရား မှန်ကန်သင့်မြတ်လှပါတယ် ဘုရား..တပည့်တော်တို့အပြည့်အ၀ထောက်ခံပါတယ်။

ko pwa said...

သကျသီဟဘွဲ့ရမှာသာ ဘိဝံသ ဆိုတဲ့ဘွဲ့ရတာပါ။ အဲဒီဘွဲ့ဟာ စာတော်ရုံနဲ့မရပါဘူး။ ကြည်ညိုဖွယ်အဆင်းရှိရပါတယ်။ သိက္ခာသမာဓိနဲ့ ပြည့်ဝရပါတယ်။ အဲဒီလို အဆင့်ဆင့် သေချာမှ ရတဲ့ဘွဲ့မျိုးပါ။ အဲဒီလိုဆရာတော်မျိုးရဲ့ ဆုံးဖြတ်ချက်ကို ၀င်ေ၇ာက်ကန့်ကွက် ပြောဆိုမယ်ဆိုရင်တော့ ပြသာနာကို ခရေစေ့တွင်းကျ သိရမှသာ ပြောသင့်တယ်ထင်ပါတယ်။ ကျွန်တော်တို့ကတော့ တန်းမညီတာမှ စကားဝိုင်းအပြင်ကနေ ထိုင်ကြည့်သင့်တဲ့အထဲမှာ နောက်ဆုံးကပါ။

Anonymous said...

"ရွှေည၀ါဆရာတော်အား နှင်ဒဏ်ပေးခြင်းသည် ပြစ်မှု့နှင့်၊ပြစ်ဒဏ် လုံးဝမျှတသည့် အမိန့် အမှန်ပင်ဖြစ်ပါသည်" ဆိုသည်ကို အဘယ့်ကြောင့် ဟု ရှင်းပြသူလည်း မတွေ့ရသမို့ ရှင်းပြ ပေးစေလိုပါသည်....

zinmyohtet47 said...

ကိုယ်အလုပ်ကိုယ်လုပ်ရင် တိုင်းပြည်တိုးတတ်ပါသည် သာသနာတိုးတက်ပါသည် ကိုယ်အလုပ်ကိုယ်မလုပ် မလုပ်ဘူးဆိုရင်တော့ တိုင်းပြည်လည်းတိုးတက်မှုမရှိ ပြည်သူလည်းဆင်းရဲ သာသနာတော်လည်း ဂုဏ်ရောင် မှေးမှိန်းစေပါတယ်ဘုရား ဆရာတော် ရေးသားချက်တွေကို အရမ်းလေးစားမိပါတယ်ဘုရား ဘုရားရှင်ရဲ့ မဂ္ဂင်ရှစ်ပါး သာသနာ မပျောက်စေဖို့ ကူညီဆောင်ရွက်ပေးဖို့ တောင်းပန်လျှောက်ထားအပ်ပါသည်ဘုရား

မျိုးစင်ဆွေဆက် said...

.... ဒီမိုကရေစီ အမှန်မရသေးလို့ ပေါ့...ဗျာ...အဲ့ဒါအရှင်းဆုံးပဲ........အခုရနေသယောင် လုပ်ပြနေကြတာက ရွှေရည်စိမ် ဒီမိုကရေစီလေဗျာ.....အာဏာရှင်တွေပဲ အာဏာ ဆက်လက်ချုပ်ကိုင်ထားကြတုံးပဲလေ......အဲဒါကြောင့် အဲ့ဒီလိုတွေပဲဖြစ်နေအုံးမှာ.....

soekoko said...

အဲဒါ အာဏာရှင်တွေအုပ်ချုပ်နေတဲ့နိုင်ငံဟာ ဒီလိုပဲ အကွဲကွဲ အပြဲပြဲ တွေနဲ့ ရဟန်းအချင်းချင်း ပြည်သူအချင်းချင်းတွေ အဖွဲ့အစည်းတွေအမျိုးမျိုးဖွဲ့စည်းပြီး အချင်းချင်း တွေအထင်လွဲအမြင်လွဲဖြစ်အောင် ပြိုကွဲသွားအောင် အမျိုးမျိုးလုပ်ကြံဖန်တီးပြီး သူတို့အာဏာတည်တံ့ခိုင်မာအောင် ဖော်ဆောင်ထားတဲ့နည်းဗျူဟာတစ်ခုပါ.......နောက်ဆုံးတော့ ရဟန်းရှင်လူပြည်သူအများဟာ သူတို့တွေရဲ့အသုံးချခံဘ၀မှာ ရုန်းမထွက်နိုင်ပဲ နွံနစ်ပြီး အသက်ရှင်လျက်နဲ့ သေနေကျတဲ့သူတွေဖြစ်နေကြရတာပါ.........အခုချိန်မှာ အမှားအမှန်တွေကို ငြင်းခုန်မနေကြတော့ပဲ အမျိုး ဘာသာ သာသနာတော်အတွက် စည်းစည်းလုံးလု့းနဲ့ ဆောင်ရွက်ပေးကြပါရန် အကျိုးမြှော်ပြီး တိုက်တွန်းနှိုးဆော်အပ်ပါသည် ခင်ဗျား.....၊၊ ၊၊

Unknown said...

ဦးဝီရသူရေ-
အရှင်ဘုရားနဲ့ တပည့်တော်က လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော် တိုက်သစ်မှာ အတူနေခဲ့ကြစဉ်က ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပါတယ်။ လို့ အစချီထားတဲ့ ဆရာတော်အရှင်သူမြတ်ဘုရား။ မဟနဆရာတော် ရန်ကုန်တိုင်း သံဃမဟာနာယက ဆရာတော်များသည် အဂတိတရား လုံးဝ ကင်းစင်စွာဖြင့် တရားပွဲများအား သာသနာတော်အကျိုး ရည်မျှော်ကိုးပြီး ပိတ်ပင်ခြင်းဖြစ်ပါသည်၊ ရွေည၀ါဆရာတော်ဆရားတော်အား အပြစ်ဒါဏ်ခတ်မှုသည်လည်း အဂတိတရား လုံးဝကင်းစင်စွာဖြင့် သာသနာတော်အကျိုးအတွက် ရည်မျှော်ကိုးပြီး လုပ်ဆောင်ခြင်းဖြစ်ပါသည်၊ ဆိုသည်ကို အရှင်ဘုရား သစ္ဏာဆိုပြီး မိန့်ဆိုနိုင်ပါသလား အရှင်မြတ်ဘုရား၊

Fighting Peacock said...

To PHONE PHONE (unknown monk title),

You recalled with SAYADAW U WIYATHU by saying that you are friends when 20 years ago and asked him to face with THUHTAYTANG SAYADAW for some decision by MA-HA-NA. It seems that you are still a monk but unknown to us and we wondered that SAYADAW U WIYATHU knows who you are as well.

As such we believed that you would not mind to provide us YOUR MONK TITLE if you are not AN EX-MONK (LUPYANDAW) those were supported by REGIME and benefiting from a position in The Religious Affairs Ministry. Then we can decide to appreciate your teaching and discussions if you are purely a monk at present and not a beneficiary of REGIME.

We expect you would not ignore our request and keep your title in the dark if you are truly the same level as SAYADAW U WIYATHU and THUHTAYTANG SAYADAW as you mentioned above and still practicing Buddha's teaching as a monk.

Please forget our request if you are not a monk for now and want to keep yourself as PHONE PHONE only. If that so, we also want you not to involve in MONKS' DISCUSSION if you are JUST AN EX-MONK (LUPYANDAW) and JUST KNOW HOW TO WRITE ARGUMENTS WITH MONKS.

Fighting Peacock said...

Hi UNKNOWN & MALTAPYAR,

I think it was a typing error with missing "MA" and SAYADAW U WIYATHU actually want to say that "It is NOT fair for SHWENYAWAH SAYADAW on what he did and what he have been punished for".

He later declared about fully support to U Gambeya's;
1) OBJECTION (refer to SHWENYAWAH SAYADAW) and 2) DEEPLY CONDEMNATION (referred to jailed monks)

What do you think?

အမေစုကို ချစ်တဲ့သား said...

ဆရာတော်ဘုရားပြောတာ အမှန်းတရားတွေပါဘဲဘုရား
တပည့်တော်လက်ခံပါတယ်ဘုရား
နောက်တစ်ခါ အဲသလိုထပ်ပြိးလျှောက်ထားမယ်ဆိုရင်
တရားဟောခွင့် ပိတ်ပင်ခံထားရတဲ့ ဆရာတော်များအတွက်ပါ
ထည့်ပြီးတော့လျှောက်ထားပေးစေချင်ပါတယ်ဘုရား
မြန်မာနိုင်ငံမှာနယ်လည့်ပြီးသာသနာ့အကြိုးကိုသယ်ပိုးနေသော ဆရာတော်များတွက် ဘာကြောင့်တရားဟေားခွင့်ပိတ်ထားတားလဲ
ဆိုတာသိချင်ပါတယ်ဘုရား

ဘုန်းဘုန်း said...

Fighting Peacock ရေ-
ဘုန်းဘုန်း ကို ရဟန်းတစ်ပါး ဟုတ်မှ ဟုတ်ပါ့မလား၊ သာသနာရေးဋ္ဌာနက လူပြန်တော်တစ်ယောက်လား ဆိုပြီး သံသယဖြစ်နေတဲ့ကိစ္စအတွက် ဒီနေရာမှာ ဘုန်းဘုန်းဘက်က ပြောနိုင်တာက ဘုန်းဘုန်းဟာ ယခုအချိန်အထိ စွမ်းနိုင်သမျှ သာသနာရေးဆိုင်ရာကို လုပ်ဆောင်နေတဲ့ ရဟန်းတစ်ပါးဖြစ်တယ်။ သံဃာ့အဖွဲ့အစည်းထဲမှာ အဆင့်တစ်ခုအနေနဲ့ ပါဝင်ခြင်း မရှိသလို အစိုးရအဖွဲ့အစည်း ပါတီအဖွဲ့အစည်း မည်သို့သော အဖွဲ့အစည်းတွေနဲ့မှ ပတ်သက်ဆက်နွယ်ခြင်း မရှိပါဘူး-ဆိုတာလောက်ပဲ ပြောနိုင်ပါလိမ့်မယ်။
ဒီထက်ပိုပြီး ဘုန်းဘုန်းအကြောင်းကို သိချင်ရင်ပဲဖြစ်ဖြစ်၊ ဘုန်းဘုန်းနဲ့ ဆက်သွယ်ချင်ရင်ပဲ ဖြစ်ဖြစ် ဒီနေရာမှာ ပြန်လည် မှတ်ချက်ပေးတဲ့အခါ Fihting Peacock ရဲ့ ဂျီမေးအကောင့်ကိုပါ ဖော်ပြထားစေချင်ပါတယ်။
ဘုန်းဘုန်း မေးလ်နဲ့ ပြန်လည်ဆက်သွယ်ပါမယ်။
ဘုန်းဘုန်းက ရဟန်းတစ်ပါးဖြစ်တဲ့အတွက် ရဟန်းသံဃာနဲ့ဆိုင်တဲ့ အကြောင်းအရာတစ်ရပ် အွန်လိုင်းပေါ် ရောက်လာတဲ့အခါ ဘုန်းဘုန်း-ဆိုတဲ့အမည်ကို သုံးပြီး မှတ်ချက်ပေးတာ ဒီတစ်နေရာတည်းမဟုတ်ပါဘူး၊ တခြား ဧရာဝတီဆိုက်မှာရော ဘလော့မှာရော ပေးခဲ့ပါတယ်။
ဘုန်းဘုန်းရဲ့ မှတ်ချက် (သို့) ဝေဖန်ချက်အပေါ် သဘောမကျလို့ ပြန်လည်ထောက်ပြဝေဖန်တာကို ကျေနပ်စွာလက်ခံပါတယ်။ ဒါပေမဲ့ ဝေဖန်မှုဘောင်ကို ကျော်ပြီး “ဘုန်းဘုန်း(အတု)” လို့ စွပ်စွဲကြတဲ့ တချို့သောသူများရဲ့ စွပ်စွဲချက်ကတော့ မဖြစ်သင့်ဘူး လို့ ထင်ပါတယ်။

Anonymous said...

If make a new election for MA HAA NAA by all monks in the country,voting independently , ma haa naa group (now) will be elected or not ? If elected again,they are respectful.If not elected, they are --------------?/?/?--please-- comments--WILL BE ELECTED OR NOT.?

Fighting Peacock said...

To Phone Phone,
Thank you for your kind response, clarification of your current status and kind understanding on my suspect.
As you may aware many ex-monks (LUPYANDAWS), but not all, supported by REGIME in The Religious Ministry are;
1) Benefiting from their position (considered corruption in some way) rather than their decent salary income. (LUPYANDAW U Ant Maung, a current parliament member, is the most famous person in the past for such cases)
2) Even taking writing or advisory fees from both sides whenever come to the cases/arguments between monks or monk & people.
3) Controlling many MA-HA-NA's important decisions by giving leading comments to The MA-HA-NA Senior Sayadaws based on the followings factors;
a) Most of MA-HA-NA SENIOR SAYADAWS were, of course, concentrating on teaching from Buddha as a monk rather than spending times on public matters.
b) REGIME purposely practiced MA-HA-NA member positions on a rotational basic after specify period and thus most SAYADAWS do not have enough time to study on related rules & regulations created by REGIME when become a member.
c) On the other hand, LUPYANDAWS were permanent staff in The Religious Ministry and very familiar with those regulations and hence they took it as opportunity on SAYADAWS.
d) LUPYADAWS received strong support from The Regime and they also followed REGIME's order no matter RIGHT or Wrong for the monks or public.
e) Every important decision made by MA-HA-NA have to send to NAPYIDAW REGIME and need to get approval before official released and REGIME have the right to veto those decisions. e.g. MA-HA-NA SAYADAWS made a decision, signed and tried to release a statement to the public during RAFFRON REVOLUTION by requesting "To demand possible things" to the monks & public and "To accept whatever possible demands" to The REGIME. But that statement had been rejected by U Ant Maung and The REGIME and did not allow to release to the public. As a consequence, the worst situation happened for MYANMAR RAFFRON REVOLUTION.
As above, we sincerely cannot consider a LUPYANDAW as same as monk level and do not want them to involve in SAYADAW U WIYATHU's statement and thus I wrote directly to you.
We understand some of Phone Phone's comments were based on or referred to the current rules and regulations for monks and the public. But kindly allowed me to remind that those regulations were not the universal truth and that is the reason we are asking for DEMOCRACY due to unfairness of the current rules & regulations by REGIME.
I hope that Phone Phone would understand our viewpoint and forgive me in case of I opposed to the monk, Buddha's son, in anyway.
Kindly you can reach me at if you have any guidance for me and I will be more than happy to hear it. Also, kindly understand me for not using Myanmar Font since I am not familiar with and not able to type it.

ဘုန်းဘုန်း said...

Fighting Peacock ရေ-
Fighting Peacock ပြောထားတဲ့ အကြောင်းအချက်တွေ အားလုံးဟာ အမှန်တကယ် ဖြစ်နေတာတွေ ဖြစ်လို့ ဘုန်းဘုန်း အပြည့်အ၀ သဘောတူပါတယ်။
“those regulations were not the universal truth and that is the reason we are asking for DEMOCRACY due to unfairness of the current rules & regulations by REGIME.”
ဆိုတာလဲ အမှန်ပါဘဲ။ ဘုန်းဘုန်း နည်းနည်းလောက် ဖြည့်စွက် ဆွေးနွေးပါမယ်။
၈၀-ပြည့်နှစ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးက ချမှတ်ခဲ့ပါတယ်-ဆိုတဲ့ သံဃာ့အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်း စည်းကမ်း စတာတွေဟာ ဘုရားတရားတော်တွေ မဟုတ်တဲ့အတွက် အချိန်အခါ အခြေအနေအရ ပြင်ဖို့ လိုလာရင် ပြင်ရမှာ ဖြစ်ပါတယ်။
ဒါတွေပြင်နိုင်ဖို့အတွက် ဒီမိုကရေစီ ပီပီပြင်ပြင် ဖြစ်လာသည့်တိုင်အောင် အစိုးရနဲ့ လူပုဂ္ဂိုလ်တွေက ပြင်လို့ မရပါဘူး။ သံဃာတော်တွေရဲ့ ဆန္ဒအတိုင်း သံဃာတော်တွေကသာ ပြင်ရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ တချို့အချက်တွေဟာ ပြင်လဲ ပြင်သင့်ပါတယ်။
ဒီလို မပြင်နိုင်သေးတဲ့အချိန်မှာ တည်ဆဲအနေနဲ့ ရှိနေတဲ့ သံဃာ့အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်း စည်းကမ်း စတာတွေကို သံဃာ့အဖွဲ့အစည်းမှာ တာဝန်ယူထားတဲ့ ဆရာတော်များအနေနဲ့ ကျေကျေညက်ညက် လေ့လာ ဖတ်ရှုပြီး အာဏာပိုင်တွေက သူတို့ဖြစ်လိုရာကို လျှောက်ထားလာတဲ့အခါမျိုးမှာ “ တို့ ဒီထဲမှာ အကျူံးဝင်တဲ့ကိစ္စကိုပဲ လုပ်ပေးနိုင်မယ်၊ တခြားတော့ တို့ လုပ်မပေးနိုင်ဘူး” ဆိုပြီး ခုခံချေပ ပေးကြမယ်ဆိုရင်လဲ လက်ရှိအနေအထားအရ မဆိုးဘူး-လို့ ပြောရမယ်ထင်ပါတယ်။ ဘုန်းဘုန်း ကိုယ်တွေ့ ပြောပြချင်တာလေးတွေလဲ ရှိပါသေးတယ်။ ဒါပေမဲ့ တခြား စာဖတ်သူတွေကို အားနားလို့ ဒီမှာဘဲ ရပ်နားပါရစေ။

Fighting Peacock said...

To Phone Phone,

Thank you very much for your righteous and bi-lateral thinking.
I provided my gmail account in the earlier reply but unfortunately, it was missing.

htooburma@gmail.com

BN said...

အတိတ်က မှားခဲ့သော လူတစ်စုတွေကြောင့် ယခုလို မြန်မာတမျိုးသားလုံးရဲ့ သာသနားရေး၊ ပညာရေး၊ ကျန်မာရေး၊ စီးပွားရေး စသော အခန်းကဏ္ဍတွေ မရူမလှ ဖြစ်ပျက်နေကြတာ…………
အော်….မြန်မာအပေါင်းတို့ အသင်တို့ အတိတ်ကို ဘယ်တော့မှ မမေ့ကြပါနဲ့……….ရှေ့ဆက်ပြီး Freedom, Freedom, Freedom လို့ တိုက်ပွဲဝင်ကြပါ…………….

aye said...

ဘုန်းဘုန်း အရှင်ဝီရသူကို လေးစားတယ် ။ လုပ်ဆောင်ချက်ရော အရည်အချင်းရော စိတ်ဓါတ်ရော တစ်ခေတ်မှာ တစ်ပါးလို့သာ ဆိုလောက်တယ် ။ သမာသမတ် ရှိသော ဘုန်းဘုန်းဝီရသူရဲ့ တင်ပြချက်ကို အပြည့်အ၀ ထောက်ခံပါတယ်။ မဟန အဖွဲ့ လပ်စားတာ ဘုန်းဘုန်း တော်တော်များများ ပြောလို့ သိနေတယ်။ ဘုန်းကြီးကျောင်းလုတာကအစ အခွင့်အရေးပိုင်း ဆိုင်ရာတွေမှာပေါ့။ ဘုန်းကြီးတွေ ကိစ္စ သိပ်တော့မသိပါဘူး..ဒါပေမဲ့ မတရားတာလုပ်ရင် ငရဲကြီးမယ်..ထပ်လိမ်ရင် အပြစ်ပိုကြီးမယ်လို့သာပြောချင်ပါတယ် ။ ..အမှားကို ဆင်ခြင်မိခဲ့ရင် အချိန်မှီ ကိုယ့်လူမျိုး သာသနာ အကျိုးကို သယ်ပိုးပေးပါလို့သာ တောင်းဆိုပါရစေ။

အောင် said...

ရိုသေစွာ လျောက်ထားအပ်ပါသည် အရှင်မြတ်တို့ဘုရား........
တပည့်တော်များ သာသနာတော်တွင် ယခုအချိန်တွင်ခေတ်စားနေသော စကားလုံး တစ်ခုနှင့်ဆက်စပ်ပြီးတော့ တင်ပြလိုပါသည်။ ထိုစကားမှာ သာသနာပြု ဆိုသောစကားပင်ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ အဆုံးအမ သြ၀ါဒတရားများ မိမိကိုယ်တိုင် လိုက်နာကျင့်သုံးခြင်း၊ သူတစ်ပါးတို့အားလိုက်နာကျင့်သုံးစေခြင်း ကို သာသနာပြုခြင်းဟု နားလည်မိသောကြောင့်ဖြစ်ပါသည်။ မိမိတို့လုပ်ဆောင်ချက်များသည် သာသနာတော်ကို အဓွန့်ရှည်စေကြောင်းကောင်းမြတ်သော ဆန္ဒ တော်များနှင့်အညီလုပ်ဆောင်ကြခြင်းဖြစ်သည်ကို နားလည်နိုင်ပါသည်ဘုရား။ တပည့်တော်၏ ကိုယ်တွေ့အဖြစ်ကလေးတစ်ခုကတော့ဘုရား ရွှေဝါရောင်လှုပ်ရှားမှု ပခုက္ကူ တွင် စတင်ခဲ့သော ဆရာတော် တစ်ပါးထောင်ကျစဉ်ကဖြစ်ပါသည်။ ထိုဆရာတော်မှာ ၂၀၀၉ နှစ်စပိုင်းမှာပင် ထိုထောင်မှလွတ်ခဲ့ပြီး နီးစပ်ရာများ၏ထောက်ပံ့မှု သူ၏ဆိုင်ရာ အဖွဲ့အစည်းများမှတစ်ဆင့် ကောင်းမွန်စွာလွတ်မြောက်ခဲ့ပါသည်။ သို့သော်...နှစ်ပေါင်းများစွာ ပရိယတ်စာပေသင်ကြားမှုများပြုလုပ်နေခဲ့ကြသော သံဃာငယ်အချို့မှာမူ ယခုအချိန်အထိအချို့မှာ ဘယ်ရောက်နေမှန်းပင်မသိကြရသေးကြ ဟု ကြားသိရပါသည်။ တပည့်တော်တင်ပြလိုသည်မှာ ဘာသာရေးခုတုံးလုပ် အတုအယောင်များကြောင့်လည်း ဓမ္မလမ်းကြောင်းကောင်းမွန်စွာ လျောက်လှမ်းနေကြသူများ အတိဒုက္ခရောက်တတ်ကြပါသည်။ မည်သို့ ပြုမူ ဆောင်ရွတ်သင့်သည်ကိုကား အရှင်မြတ်တို့ အဆုံးအဖြတ်မျှသာပါတည်း။ မိမိတို့ဘာသာတွင် အပြင်ရန်များ အတွင်းရန်များဝိုင်းရံထားခြင်းခံထားရသည်ကိုလည်း သတိပြုစေလိုပါသည်။ မိမိတို့ရင်ထဲတွင် ဘာသာ သာသနာမြတ်နိုးသည်ဆိုသော စိတ် နိုင်ငံကို ချစ်မြတ်နိုးသည်ဟူသော စကားများပြောနေစဉ် မိမိရင်တွင်း စင်ကြယ်ခြင်းကို ကိုယ်တိုင်ရှာဖွေနိုင်ကြပါစေ။။။။။

Powered by Blogger.