နိုင်ငံ့ကိစ္စများကို အမျိုးသမီး နှင့် လူငယ်များ ဦးဆောင်ပြီး လုပ်ဆောင်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့

၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၉ရက်နေ့ နံနက် ၉နာရီဝန်းကျင် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ၌ ကျင်းပသော Shoe Gallery အလှူငွေ သိန်း၁၀၀ လှူဒါန်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ့ကိစ္စများကို အမျိုးသမီးများ လူငယ်များ ဦးဆောင် လုပ်စေချင်ကြောင်း ပြောကြားခဲ့သည်။
ဒီလိုလုပ်ငန်းတွေကို ကျွန်မအားပေးချင်ပါတယ်။ အထူးသဖြင့် ကျွန်မ အင်မတန်မှ သဘောကျသွားတာက ဦးဆောင်ပြီးလုပ်တဲ့ဟာက လူငယ်လဲဖြစ်တယ် အမျိုးသမီးလဲဖြစ်တယ် ဒီလိုအမျိုးသမီးတွေ လူငယ်တွေကနေပြီးတော့ ကျွန်မတို့နိုင်ငံရဲ့ကိစ္စတွေကို ဦးဆောင်ပြီးလုပ်သွားတာ မြင်ချင်တယ် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
 Shoe  Galleryမှ  အလှူငွေ သိန်း ၁၀၀ ကျပ် လှူဒါန်းပွဲ ကျင်းပရသည့် ရည်ရွယ်ချက်မှာ နှစ်သစ်တွင် အလှူဒါနပြုလုပ်လိုခြင်းနှင့် လိုအပ်သော နေရာများကို ထောက်ပံ့လိုခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။
လှူရတဲ့ရည်ရွယ်ချက်က လူတိုင်းလူတိုင်း လိုအပ်တဲ့နေရာတွေကို  လှူစေချင်တဲ့ဆန္ဒနဲ့ပဲလုပ်တာပါ။ နှစ်သစ်ကို အလှူလေးနဲ့ကြိုဆိုမဲ့ အစီအစဉ်လေးလဲရှိတယ် ဒါပေမဲ့လဲ နှစ်စဉ်နှစ်တိုင်းလဲ လုပ်ဖို့အစီအစဉ်ရှိတယ် ဒါပေမဲ့ ကျွန်မတို့လုပ်တဲ့အလှူတိုင်းဟာ ခမ်းခမ်းနားနားဖြစ်ချင်မှ ဖြစ်မယ် ဒါပေမဲ့ လိုအပ်တဲ့နေရာတွေမှာ လှူသွားမှာပါ။ဟု Shoe Gallery မှမန်နေဂျင်း ဒါရိုက်တာ မမေမျိုးသူက ပြောသည်။
Shoe Gallery ၀န်းထမ်းများနှင့်  customer များစုပေါင်း၍ ပြုလုပ်သော အလှူငွေ သိန်း ၁၀၀ ကျပ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပညာရေးရံပုံငွေအတွက် သိန်း (၅၀) ကျပ် သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးအတွက် သိန်း ၃၀ ကျပ် လပြည့်ဝန်းဖောင်ဒေးရှင်း မိဘမဲ့ဂေဟာအတွက် ၁၀ သိန်း ကျပ် ဗန်းမော်ကက်သလစ် သာသနာအဖွဲ့(ကချင်ဒုက္ခသည်များ ကူညီထောက်ပံ့ပေးရေးအဖွဲ့)အတွက် ၁၀သိန်း လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဦးကျော်စိုး ဒေါ်ယမင်းအေးမောင် မိသားစုမှ ငါးသိန်းကျပ် ဦးစိုးဝင်း ဒေါ်အေးအေးသင်းမိသားစုမှ တစ်သိန်းကျပ် မဂျွန်ဝင့်ခန့်မှ သုံးသောင်းကျပ် စုစုပေါင်း ခြောက်သိန်းသုံးသောင်းကျပ်ကို  အန်အယ်လ်ဒီပါတီ ရံပုံငွေအဖြစ် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
 ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စိတ်ကျန်းမာရေးဆေးရုံ နှင့် မဖြူဖြူသင်း၏ သုခရိပ်မြုံသို့ သိန်း ၂၀ ကျော် လှူဒါန်းခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ၂၀၁၁ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့တွင် စိတ်ကျန်းမာရေး ဆေးရုံ ဂီရိလေဘေးဒဏ်သင့်ပြည်သူများ နှင့် အိတ်ခ်ျအိုင်ဗွီလူနာများအား ကာကွယ် စောင့်ရှောက်ရေးဂေဟာသို့ သိန်း ၅၀ခန့် လှူဒါန်းခြင်းသည် ဒုတိယအကြိမ် ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ ကျင်းပပြုလုပ်သော Shoe Galleryမှ လှူဒါန်းငွေ သိန်း ၁၀၀ ကို အလှူငွေ လိုအပ်နေသော သက်ဆိုင်ရာ ဌာနများကို ပေးအပ်ခြင်းသည် တတိယအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

ဝင့်သင်ဇာကျော်(ရွှေမြစ်မခ)
နိုင်ငံ့ကိစ္စများကို အမျိုးသမီး နှင့် လူငယ်များ ဦးဆောင်ပြီး လုပ်ဆောင်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ နိုင်ငံ့ကိစ္စများကို အမျိုးသမီး နှင့် လူငယ်များ ဦးဆောင်ပြီး လုပ်ဆောင်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ Reviewed by သစ်ထူးလွင် on 19:49 Rating: 5

No comments:

Powered by Blogger.