အမေစု ကို မြိုင်မြို့နယ်၊ ပဲပင်တိုက်ကျေးရွာမှ ရွာလုံးကျွတ်ထွက်၍ အိုးစည်ဗုံများဖြင့်ကြိုဆိုခဲ့

Supporters shake hands with Myanmar pro-democracy leader Aung San Suu Kyi as she arrives in Bagan on her way to Pakoku in Bagan Township January 31, 2012. The United Kingdom will be hosting a visit by Suu Kyi to a Department For International Development (DFID) funded livelihood project in the dry zone near Pakoku. The project is run by a local partner which the DFID supports through multi-donor LIFT funds (Livelihoods and Food Security Trust Fund).
မြိုင်မြို့နယ်၊ ပဲပင်တိုက်ကျေးရွာမှ ရွာလုံးကျွတ်ထွက်၍ အိုးစည်ဗုံများဖြင့်ကြိုဆိုခဲ့ပြီး ယင်းတို့ကို ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးခရီးစဉ်အတွက်လာခြင်းမဟုတ်ဘဲ ဒေသခံများ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာရေး လုပ်ဆောင်ပေးရန် အတွက် လာရောက်ခြင်းဖြစ်ကြောင်း ပဲပင်တိုက်ကျေးရွာတွင် လူထုကို မိန့်ခွန့်တိုပြောဆိုခဲ့သည်။ ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသခံပြည်သူများ၏ စိုက်ခင်းများကို လေ့လာလျက်ရှိသည်။
နေ့လယ် ၁၂ နာရီ ၂၀ မိနစ်တွင် ဒ်ါအောင်ဆန်းစုကြည်လိုက်ပါသော ယာဉ်တန်းသည် မြိုင်မြို့နယ်အတွင်းသို့ စတင်ဝင်ရောက် နေပြီဖြစ်ပြီး မြိုင်အ၀င်လမ်းတွင် မြို့ခံပြည်သူများက တခဲနက် ကြိုဆိုလျက်ရှိသည်။ နိုင်ငံရေးခရီးစဉ်မဟုတ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်သောပြည်သူများက လာရောက်နှုတ်ဆက်ကြခြင်းဖြစ်သည်။
ပြည်သူများ၏ တခဲနက်ကြိုဆိုမှုများကြောင့် ဒ်ါအောင်ဆန်းစုကြည်လိုက်ပါသော ယာဉ်တန်းသည် တဖြည်းဖြည်းသာ ရွေ့လျားသွားလာရသောကြောင့် မကွေးခရီးစဉ်သည် သတ်မှတ်ထားသောခရီးစဉ်အချိန်ဇယားထက် အနည်းငယ်အပြောင်းအလဲရှိနိုင်သည်ဟု The Voice သတင်းထောက် သတင်းပေးပို့သည်။
Update: နေ့လည် ၁၂ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းသည် ကျောက်ဆောက် ရွာကို ကျော်ဖြတ်လာပြီး ကျေးရွာလူထုက ကားလမ်းဘေးမှ ကြိုဆိုနှုတ်ဆက်ကြသည်။
ဗြိတိန်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(DFID) က ဖိတ်ကြားသော ဒေါ်အောင်ဆန်းစုကြည်မကွေးခရီးစဉ် အချိန်ဇယား

-မနက် ၉ နာရီမှ ၁၁ နာရီ ---------မြိုင်၊ ပဲပင်တိုက်ကျေးရွာသွား။
-မနက် ၁၁ နာရီ ၁၅ မိနစ်မှ ၁၁ နာရီ ၃၀ ----ပဲပင်တိုက်ကျေးရွာတွင် လှည့်လှည်။
-မနက် ၁၁ နာရီ ၃၀ မိနစ်မှ ၁၂ နာရီအထိ----- ပဲပင်တိုက်ကျေးရွာရှိ စီမံကိန်းများကို ကြည့်ရှု။
ပခုက္ကူမြို့မှ ပြန်လည်ထွက်ခွာတော့မည့် ဒေါ်အောင်ဆန်းစုကြည်ကို ပခုက္ကူတစ်မြို့လုံးမှ ပြည်သူပေါင်းမြောက်မြားစွာက လာရောက်နှုတ်ဆက်နေကြပြီး “အမေစု ကျန်းမာပါစေ”ဟု အော်ဟစ်နှုတ်ဆက်နေကြသည်။
 
The Voice Weekly
အမေစု ကို မြိုင်မြို့နယ်၊ ပဲပင်တိုက်ကျေးရွာမှ ရွာလုံးကျွတ်ထွက်၍ အိုးစည်ဗုံများဖြင့်ကြိုဆိုခဲ့ အမေစု ကို မြိုင်မြို့နယ်၊ ပဲပင်တိုက်ကျေးရွာမှ ရွာလုံးကျွတ်ထွက်၍ အိုးစည်ဗုံများဖြင့်ကြိုဆိုခဲ့ Reviewed by သစ်ထူးလွင် on 16:34 Rating: 5

3 comments:

Linn said...

ပေပင်တိုက်ရွာဖြစ်ပါလိမ့်မယ်..မြိုင်နဲ့၁၁လောက်ဝေးလိမ့်မယ်
တမာပင်တံခါးရှိတဲ့ရွာဖြစ်ပါတယ်

Unknown said...

ပေပင်တိုက်ရွာဖြစ်ပါလိမ့်မယ်..၁၁မိုင်လောက်ဝေးမယ်ထင်တယ်
တမာပင်တံခါးရှိတဲ့ရွာဖြစ်ပါတယ်

Unknown said...

ပေပင်တိုက်ရွာပါ..ကျွန်တော့်တို့ရွာနဲ့ ၂မိုင်ပဲဝေးတယ်။
မြိုင် နဲ့ ၈မိုင်ဝေးပါတယ်။

Powered by Blogger.