လူကြီးမင်္ဂလာဆောင်အတွက်ဆရာဆရာမတွေအားလုံးကိုတယောက် ကျပ် ၃၀၀၀ နူန်းကောက်ခံနေ (ပေးစာ)

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မှ ပါမောက္ခက လူကြီးမင်္ဂလာဆောင်အတွက်နိုင်ငံတကာဆက်ဆံရေးဆရာဆရာမတွေအားလုံးကိုတယောက် ၃၀၀၀ နူန်းကောက်ခံနေတယ်။


ကျွန်မပြောတောမပြောခြင်ပါဘူး။ ဒါပေမဲ့ နိုင်ငံတော်သမတ ဦးသိန်းစိန်က Good
Governance and Clean Government အကောင်အထည်ဖေါ်မည်လိုပြောခဲ့ေ
ပမယ့်
အောက်ခြေမှရှိတဲ့ တစ်ချို့သောအရာရှိတွေကြောင့်
ဆွမ်းဆန်ထဲမှာကြက်ချေးရောသလိုဖြစ်တဲ့အတွက်ကြောင့်ဒီစာကိုပို့
လိုက်တာပါ။
တစ်ခါမှလည်းမပို့ဘူးပါဘူး။ အဲ့သည့်အတွက်အမှားပါရင်ခွင့်လွှ
တ်ပါ။
ဖြစ်စဉ်က ရန်ကုန်အရှေ့ပိုင်းတကက်သိုလ်မှာ
ဖြစ်ခဲ့တာပါ။ ပါမောက်ခချုပ်
ဦးကျော်ရဲထွန်းရဲ့လုပ်ပုံကိုန
ိုင်ငံတော်သမတကြီး ဦးသိန်းစိန်
သိအောင်တင်ပြခြင်တာပါ။ 30-1-2012 ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းမှာရှိတဲ့
ဘာသာရပ်ဆိုင်ရာဌာနအသီးသီးကိုမင်္ဂ
လာဖိတ်စာ တွေရောက်လာတယ်။ ဖိတ်စာက ပညာရေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးရဲ့သမီး (ရတနာပုံ၊ ဓာတုဗေဒဌာနမှာ
သရုပ်ပြလုပ်နေတဲ့ သူ) ရဲ့ မင်္ဂလာဆောင်ပါ။ ကထိက ရာထူးနဲ့အထက်ကိုပို့တာပါ။
ကထိကအားလုံးကိုပေါင်းပြီးတော့ဖိ
တ်စာတစ်စောင်နှင့် တွဲဖက်ပါမောက်ခ၊
ပါမောက်ခများ၊ ဌာနမှူးများကိုတော့ ဖိတ်စာတစ်စောင်စီ ပို့ပြီး
ဖိတ်စာအိတ်မှာလည်း အဲ့သည့်တွဲဖက်ပါမောက်ခ၊ ပါမောက်ခများ၊
ဌာနမှူးများရဲ့နာမည်ကို ကွန်ပျူတာနဲ့ အသေအချာရိုက်ထားပါတယ်။
အဲ့သည့်ဖိတ်စာတွေနဲ့ ပါမောက်ခချုပ် ဦးကျော်ရဲထွန်းရဲ နှုတ်မိန့်အရ
ကထိကတစ်ဦးကို 3000 ကျပ်၊ တွဲဖက်ပါမောက်ခတစ်ဦးကို 5000 ကျပ်၊
ပါမောက်ခများနဲ့ ဌာနမှူးများကို တစ်ဦးလျှင် အနည်းဆုံး 10000
ကျပ်စီထည့်ရမည်ဟု ဆပ်ကြေးကောက်သလို အတင်းအကြပ်ကောက်ခံခဲ့ပါတယ်။
ဆရာ/ဆရာမများကလည်း ပါမောက်ခချုပ်ရဲ့အမိန့်ကိုမလွန်
ဆန်ရဲတာကြောင့်ရော၊
အခြားသော အကြောင်းကြောင်းတွေကြောင့် ရော စိတ်စေတနာမပါဘဲ
အောင့်သက်သက်နဲ့ထည့်ခဲ့ရပါတယ်။ ဆရာဆရာမအများစုက လုံးဝမကျေနပ်ပေမဲ့လည်း
ဘာမှပြန်မပြောရဲခဲ့ကြဘူး။ အဲ့သည်လိုကောက်ခံတာ ပညာရေးဝန်ကြီးဒေါက်တာမြအေးက
ကောက်ခိုင်းတာလား။ ဒါမှမဟုတ် ပါမောက်ခချုပ် ဦးကျော်ရဲထွန်းကဘဲ
ဖော်လံဖားချင်တာနဲ့ဘဲ ကောက်တာလာတော့မသိဘူး။ ဒါပေမယ့်
ပိုဖြစ်နိုင်ခြေတစ်ခုကတော့ ဦးကျော်ရဲထွန်းကဖော်လံဖားချင်
တာနဲ့ဘဲ
ဆရာဆရာမတွေရဲ့ လည်မျိုကိုတက်နင်တာဘဲဖြစ်လိမ့်
မယ်။ ဘာကြောင့်လဲဆိုတော့
အခြားကျောင်းတွေကိုစုံစမ်းကြည့်
တော့
မည့္သည့္ဆရာဆရာမမွ်ထိုကဲ့သိုအေ
တာင်းမခံရကြောင်း။
ဒီဖြစ်စဉ်ကိုကြည့်ရင် နိုင်ငံတော်အစိုးရကမှန်ကန်တဲ့
လမ်းစဉ်တွေချပြီး
ဒီမိုကရေစီနိုင်ငံတော်သစ်ဖြစ်ေ
အာင်ကြိုးပမ်းနေတဲ့အတွက် ဆရာဆရာမတွေအပါအ၀င်
ပြည်သူတစ်ရပ်လုံးက ၀မ်းမြောက် ၀မ်းသာဖြစ်နေချိန်မှာ
ဦးကျော်ရဲထွန်းရဲ့လုပ်ရပ်က အလွန်အရုပ်ဆိုးလွန်းလှပါတယ်။
သမတကြီးလက်နဲ့ခက်ခက်ခဲခဲရေးထား
ကို ခြေနဲ့အလွယ်တကူဖျက်လိုက်တာနဲ့တူပါတယ်။
အစိုရရဲ့ချမှတ်အကောင်အထည်ဖော်ေ
နတဲ့Good Governance and Clean Government
လုပ်ငန်းစဉ်ကိုဆန်ကျင်တိုက်ခို
က်တဲ့သဘောလည်းဆောင်နေပါတယ်။ သူ
ဦးကျော်ရဲထွန်းရဲ့လုပ်ရပ်ကတော့ ယခင်အမိန့်ခေတ်၊
ဖော်လံဖားခေတ်ကိုပြန်သွားချင်တဲ
့ပုံပါဘဲ။ ၀န်ကြီးဒေါက်တာမြအေးလည်း
မိမိလက်အောက်မှာ အဲ့သည်လိုဖော်လံဖား ပါမောက်ခချုပ်တစ်ယောက် ရှိနေခြင်းဟာ
မိမိကို အထောက်အကူမပြုပါဘူးဆိုတာသတိပြုေ
စချင်တယ်။
မိမိကိုကုလားထိုင်ပေါ်ကဆွဲချနို
င်တဲ့သူဆိုတာ စေတနာရှေ့ထားပြီးသတိပေးပါရစေ။
အဲ့သည်လို ပါမောက်ခချုပ် ဦးကျော်ရဲထွန်း က မိမိ၏မျက်နှာရရေးအတွက်
ဆရာဆရာမတွေကို မိမိ၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုပြီး
ပညာရေးဝန်ကြီးဒေါက်တာမြအေးသမီး
ဆိုသူမင်္ဂဆောင်လက်ဖွဲ့အတွက်ဟုဆိုကာ
ဆရာဆရာမတွေကို အနိုင်အထက်ပြုတရားမ၀င်ငွေကြေးေ
ကာက်ခံနေမှုများကို
အရေးယူပေးပါရန် လေးစားစွာဖြင့် သမတကြီးအားတင်ပြအပ်ပါသည်။

အရှေ့ပိုင်းမှ သင်ကြားရေးဝန်ထမ်းတစ်ဦး
လူကြီးမင်္ဂလာဆောင်အတွက်ဆရာဆရာမတွေအားလုံးကိုတယောက် ကျပ် ၃၀၀၀ နူန်းကောက်ခံနေ (ပေးစာ) လူကြီးမင်္ဂလာဆောင်အတွက်ဆရာဆရာမတွေအားလုံးကိုတယောက် ကျပ် ၃၀၀၀ နူန်းကောက်ခံနေ (ပေးစာ) Reviewed by သစ်ထူးလွင် on 17:01 Rating: 5

24 comments:

Alfie said...

တိုင်းပြည်တိုးတက်ဖို ဆိုရင် ဒီလိုလူကို ထားခဲ့ရမယ်
ဒါတွေလည်းကျန်နေသေးတယ် ဟိုရှေ့ကလုပ်ခဲ့တာတွေ ကို ထားခဲ့တော့လေဗျာ အခုက Good Governance and Clean Government
ပညာရေးစနစ် ကို အမေစုရေ သေသေချာချာလေး ပြန်လည်လုပ်ဆောင်ပေးပါ အမေ။ နောင်တစ်ခေတ်အတွက် အနာဂတ်လေးတွေ နစ်နာမှာမို့လိုပြောတာပါ အမေ
အမေ ကျန်းမာပါစေ

Unknown said...

juz wanna know how much the teacher's salary??
..

Nyan Win Bo said...

ဒီလိုခေတ်မှာ...အရှေ့တောင် အာရှ မှာ နိမ့်ကျနေတဲ့အဆင့်ကနေ ပြန်လည် မြှင့်တင်နေချိန်မှာ ဒီလို အတွေးအခေါ်ရှိတဲ့ ဆရာမျိုးကို ဖေါ်ထုတ်ပေးတာ
ချီးကျူးပါတယ်ဗျား.....
ဒီလိုခေတ်မှာ ဒီလို အတွေးမျိုးမရှိသင့်တော့ပါ။။။သည်လို ဖေါ်လံဖားတဲ့ ဆရာမျိုး
ကို ဓါတ်ပုံနဲ့ တကွ အားပေးရမှာပါ.....
အင်တာနက် ခေတ်မှာ....မြန်မာပြည်သားတိုင်းကို ဒီလိုလူဟေ့ လို့ ကြော်ငြာရမှာ

htoominlet said...

ဒီလူကြီးက ဟိုးအရင် (1)နှစ်လောက်ကတည်းက နားနေဆောင်တွေပြင်ရာမှာလည်းတော်တော်ထောသွားတယ်ကြားတယ်၊ အခြောက်ကြီးနဲ့လည်းတူတယ်လို့ပြောကြတယ်လေ၊ ဆိုတော့ကာ ဒီလိုစရိုက်တွေရှိတဲ့သူကို ခန့်ထားမှတော့ ဒီလိုပြသာနာဖြစ်တာမဆန်းပါဘူး။

paukhlange said...

the teacher's salary
ူlecturer - 100,000+20000=120,000kyats
assistant professor- 130,000+20000 kyats
professor -150,000 +20000 kyats

Show said...

အဲဒီအကျင့်တွေကခုထိရှိတုန်းပဲလား
ဖားတတ်တဲ့လူတွေကိုသိပ်သောက်မြင်ကပ်တယ်
ပညာမတတ်လို့ဆိုတော်သေးတယ်
ခက်တာကအောက်ကလူတွေကိုကကိုယ်မှန်လဲပြန်မပြောရဲသေးတာပဲ
အဲဒီတော့....ခံလိုက်အုန်းပေါ့

fujiman said...

ပြင်သင့်တာကြာပါပြီ ကိုယ့်ကျိုးအတွက်ပဲကြည့်ပြီး တောင်းခံတာဆိုရင် လုံးဝမသင့်တော်ပါဘူး ပညာရေးဌာနအတွက်ရော သိက္ခာအရမ်းကျပါတယ်

phyo1980 said...

ဟုတ်တယ်အဲ့ဒီ့သန်လျင်က ပါမောက္ခက တစ်ကယ့်လူ့အတ္တကြီး။အထက်ဖါးအောက်ဖိတဲ့လူကြီး။ကျွန်တော်တို့ကျောင်းတက်တုန်းကကောင်းကောင်းခံရတယ်။ကျောင်းက ပြတင်းပေါက်တံခါးတွေကိုလေ
တိုက်ရင်ကွဲမှာစိုးလို့ဆိုပြီး သွပ်နန်းကြိုး တွေနဲ့ချည်ထားတာ ကျောင်းသားတွေ
က ပူရတဲ့ကြားထဲ လေမ၀င်တော့ တော်တော်ဒုက္ခရောက်တယ်။ကျောင်းသားတွေကော်ဆရာမတွေကိုကောအင်မတန်ဖိနှိပ်တဲ့ပါမောက္ခ။ပညာရေးဝန်ကြီးဖြစ်
ချင်လို့လိုက်ဖားနေတာ..

philosophermgmyathar said...

ဆရာမဆိုသူရေ ..မပြောတော့မပြောချင်တော့ပါဘူးဆိုရင်လည်း မပြောဘဲနေ
လိုက်တာကောင်းပါတယ်၊ လူထုခေါင်းဆောင်အန်တီစုက လူထုနဲ့ထိတွေ့မှုဖြစ်
တိုင်း အမြဲပြောနေတာက ...အမှန်တရားကို ဖေါ်ထုတ်ပါ၊မိမိရဲ့အခွင့်အရေး
ကိုတောင်းဆိုရယူပါ. အထူးသဖြင့်..မတရားတဲ့အနိုင်အထက်ကျင့်ပြီးလုပ်
ဆောင်တာတွေကိုဖေါ်ထုတ်တင်ပြပါ..သို့မဟုတ်..အင်အယ်ဒီကိုအကြောင်း
ကြားပါ..သတင်းပေးပါ..ပြောထားရက်နဲ့..အန်တီစုရဲ့ပြောစကားတွေကို
ဂရုမစိုက်လို့ မသိတာဖြစ်မယ်..ဆရာမရေ ..အလုပ်ပြုတ်မှာတခုတည်း
ကိုကြည့်ပြီးမတွေးပါနဲ့...မိမိကသာမှန်နေပါစေ..ရဲရဲသာသာလုပ်ပါ..အခု
အချိန်အခါမှာ ၈၈ ကျောင်းသားခေါင်းဆောင်အားလုံးလည်းအပြင်မှာရောက်
နေပါပြီ၊ ပြည်သူတွေအတွက် အန်တီစုနဲ့ တွဲပြီး တိုင်းပြည်အတွက်လူထုအ
တွက်တကယ်အလုပ်လုပ်မဲ့ သူတွေမို့ ..အဲဒီသူတွေရဲ့ပြောစကားများ..
လှုပ်ရှားမှုများကို အခါအားလျှော်စွာ နားထောင်ပါ။ မှတ်သားပါလို့တိုက်
တွန်းပါရစေ ..

Nyan Win Bo said...

ဒီလို ဆိုးတဲ့ ဖားတဲ့ ပါချုပ်တွေ အလုပ်ပြုတ်လို့ ဖြစ်ဖြစ် ပင်စင်သွားလို့ဖြစ်ဖြစ် ငယ်ငယ်က အကျင့်က မဖျောက်နိုင်တော့ ဆက်ဆံရေးကောင်းတဲ့ ဆရာတွေကို
ပြန်စု ဆရာကန်တော့ပွဲဆို လုပ်ကြပြန်ရော။
တပည့်တွေ ပြေလည်လား မပြေလည်လားမသိဘူး။ငွေအလှူခံတယ်။အလှူခံတာ
မှ နိုင်ငံခြားရောက်အောင် အလှူခံကြတာ။ထည့်ချင်လား မထည့်ချင်လားမသိဘူး။
အတင်းကောက် စားသောက်ဆိုင်လို နေရာမျိုးမှာ ဆရာကန်တော့ပွဲလုပ် ကာရာအိုကေ ဆိုကြ။ပျော်ကြ ပါးကြ။။ကြာတော့ တပည့် တွေ ဆရာတွေကို မြင်
ယင် ကြောက်အားကြီးလို့။

Unchange in Manner said...

ရန်ကုန်အရှေ့ပိုင်းက ဆရာဆရာမတွေကလည်း 2011 နိုဝင်္ဘာလမှာ နိုင်ငံတော်သမတက လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းခြင်းဥပဒေအရ ရန်ကုန်အရှေ့ပိုင်း တကသိုလ်ဆရာဆရာမများသမဂကိုဖွဲ့စည်းဖို့စောင့်နေကြတယ်။ အဲ့သည့်ဥပဒေနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲနည်းဥပဒေထွက်လာတာကိုစောင့်နေတာ။ သမဂကိုအကြမ်းအားဖြင့်ဖွဲ့စည်းပြီးပါပြီ။ အဲ့သည့်အဖွဲ့ထဲမှာပါဝင်တဲ့ ဆရာဆရာမတွေကလည်း ဦးကျော်ရဲထွန်းရဲယခုလုပ်ရပ်ကို လက်မခံနိုင်ခြင်း၊ ၄င်းမျက်နှာရရေးအတွက် ဆရာဆရာမများအပေါ် ခေါင်းပုံဖြတ်ဂုတ်သွေစုပ်ကာ ၄င်းရဲ့လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်တယ်လို့ယူဆပြီး အဲ့သည့် ဦး ကျော်ရဲထွန်းဆိုတဲ့ လူကြီးကို ထိရောက်တဲ့အရေးယူမှုရှိမရှိစောင့်ကြည့်နေတယ်လို့ အဲ့သည့်သမဂ(မူကြမ်း) ထဲမှာပါတဲ့ ဆရာဆရာမတွေက ပြောကြားခဲ့ပါတယ်။ အဲ့သည့်လူကြီးကနည်းမျိုးစုံနဲ့ ဆရာဆရာမတွေနဲ့ကျောင်းသားကျောင်းသူတွေအပေါ် ဖိနှိပ်အနိုင်ကျင့်ခဲ့တာ ကြာပါပြီ။ ယခုခေတ်ပြောင်းသွားတာကို ဂရုမစိုက်တဲ့သဘောနဲ့လုပ်ခဲ့တဲ့ ကျော်ရဲထွန်းကြီးရေ ဌာနဆိုင်ရာအရေးယူမှုကို ပျော်ပျော်ကြီး စောင့်လိုက်အုံး။ ခင်းဗျာသာ အကပ်ကောင်းပြီးအရေးမယူခံရပါက သမဂအဖွဲ့ထဲမှာပါတဲ့ ဆရာဆရာမတွေက် နောက်တစ်လှမ်းထပ်တိုးအုံးမှာ မပူနဲ့ဗျို့။ စောင့်သာကြည့်လိုက်။ တောင်ငူမှာ တာဝန်ကျတုန်းကလည်း ခင်ဗျားရဲ့ ဆရာတစ်ယောက်ရဲ့အမူအကျင့်နဲ့မညီလို့ ကားသမားတွေအပါအ၀င် ကျောင်းသားတွေက ခင်ဗျားကိုဝိုင်းရိုက်ဖို့လုပ်တာ ခင်ဗျားသိသွားလို့ တောင်ငူမြို့ထဲမှာ ခင်ဗျားတစ်ယောက်ထဲမသွားရဲခဲ့ဘူးမဟုတ်လား။ ခင်ဗျားကတော့နော် ရောက်တဲ့နေရာတိုင်းမှာ အပုပ်နံကိုလှိုင်နေတာဘဲ။ အဲ့ဒါ ခင်ဗျားရဲ့ အရည်အချင်းလား။ သမိုင်းကောင်းအောင် ကျန်တဲ့အချိန် လေးမှာကြိုးစားလိုက်ပါလို့ စေတနာရှေ့ထားပြီးသတိပေးလိုက်ပါရစေ။ သည်နေရာမှာချီးကျူရမှာက မတရားတာကို မိမိရဲ့အလုပ်ရာထူးကိုရင်းပြီး ဖေါ်ထုတ်ရဲတဲ့ သည်ဆရာမကို လုံးဝလေးစားဦးညွှတ်ပါတယ်။ ခေါင်းဆောင်နေရာနဲ့ထိုက်တန်တဲ့ ဆရာမတစ်ဦးပါ။ သည်လိုဆရာဆရာမမျိုးများများပေါ်လာလေ ဒိုနိုင်ငံရဲ့အနာဂတ်ကောင်းလေပါဘဲ။
တဆက်တည်းဘဲ အရှေ့ပိုင်းက သူငယ်ချင်းရောင်းရင်းများရေ ဆရာဆရာမတွေကတော့ သူတို့သမဂတွေဖွဲ့ဖို့ကြိုးစားနေကြပြီ။ ဒို့ ကျောင်းသားကျောင်းသူတွေကရော ဒို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား။ မြန်မာနိုင်ငံရဲ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ကျောင်းသားတွေသာ နိုင်ငံသမိုင်းရဲ့အချိုးအကွေ့အလှည့်အပြောင်းကိုဆောင်ရွက်နိုင်ခဲ့တာပါ။ ဒိုနောင်တော်တွေရဲ့ ကြီးကျယ်ခမ်းနားတဲ့အစဉ်အလာတွေကို ဒို့လက်ထက်မှာ ဆက်လက်ဆောင်ရွက်ရမယ်ဆိုတာ ဒို့ရဲမွေးရာပါ သမိုင်းပေးတာဝန်ဘဲ။ ဒို့တစ်တွေလည်း ဒို့တတ်နိုင်တဲ့အားလေးနဲ့ ဒို့အရှေ့ပိုင်းမှာ ဒို့ကျောင်းသားတွေရဲ့အခွင့်အရေးကို ကာကွယ်ဖို့အတွက် ရန်ကုန်အရှေ့ပိုင်းကျောင်းသားသမဂကို ဖွဲ့ဖို့အခြေအနေတွေက တောင်းဆိုလာပြီဆိုတာ အခုအဖြစ်အပျက် မီးမောင်းထိုးပြနေပြီနော်။ ကဲ သူငယ်ချင်းတို့ရေ၊ ဒို့ရှိတဲ့အားလေးနဲ့စလိုက်ကြစို့။

UEY ကျောင်းသားတစ်ဦး

Unchange in Manner said...

ူ့သည်ဆရာကို အဲ့အခြောက်ကြီး ကျော်ရဲထွန်း ကဲငြိုးမှာစိုးတယ်။ သတိထားပါဆရာမ။ တော်တော်ယုတ်မာတဲ့လူကြီးပါ။ တစ်ခုခုဆရာမကို ယုတ်မာတယ်ဆိုရင် ချက်ချင်းဒီဆိုက်မှာတင်လိုက်ပါ။ ဆရာမဘက်က အပြည့်အ၀ရပ်တည်ပေးမယ်။

KO KO said...
This comment has been removed by a blog administrator.
maung gyi said...

အခုလို ခေတ်ပြောင်းစနစ်ပြောင်းအချိန်မှာ ခေတ်ဟောင်းစနစ်ဟောင်းက ဗျူရိုကရက်အကျင့်ဆိုးတွေကို ဖျောက်ပစ်ဖို့ အချိန်တန်ပါပြီ။ ပညာရေးလောကအတွက်၊ မိမိတက္ကသိုလ်အတွက် အကျိုးရှိမယ့် ကိစ္စရပ်တွေကို အားတက်သရောလုပ်ဆောင်ကြရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ။
ဒါတွေဟာ“ ကျောင်းတွင်းဒီမိုကရေစီ“ ဆိတ်သုန်းနေတာကိုပြတာပဲ။
ကျောင်းတွင်းဒီမိုကရေစီရအောင် ၀ိုင်းဝန်ဖော်ဆောင်ကြပါစို့။

Lin Htet Aung said...

ကြိုဆိုပါတယ် ဆရာ၊ ဆရာမများသမဂ္ဂ…
ရှေ့ဆက်ပြီးတော့လည်း မတရားမှု၊ မညီမျှမှုနဲ့ အဖိနှိပ်ခံကိစ္စတွေအတွက် အတူတကွရပ်တည်ကြစို့…

နိုင်မင်းကို said...

အရှေ့ပိုင်းတကသိုလ်မှမိတ်ဆွေသူရဲကောင်းများခင်ဗျား ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုဖော်ဆောင်တဲ့နေရာမှာ လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝံ့ဝံ့နဲ့လုပ်ဆောင်ပြီး ဖော်ဆောင်ရမှာဖြစ်သလို မလုပ်သင့် မလုပ်ထိုက်တာကိုလည်း သတိရှိရှိ ရှောင်ကြဉ်ပြီး ထိန်းသိမ်းရမယ်လို့ ဒေါ်စုပြောဖူးတာလေးကို အမှတ်ရကြစေချင်ပါတယ်
နိုင်မင်းကို

john said...

တက္ကသိုလ်ကောလိပ်က (၄၄) ခုရှိတယ်။ အဲဒီကျောင်းတွေကို
အဆင့်မြင့်ပညာဦးစီးဌာန အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် တို့က အုပ်ချုပ်တယ်။ တက္ကသိုလ်တိုင်းကို
မင်္ဂလာဖိတ်စာရောက်တယ် လက်ဖွဲ့အတွက် ကောက်ခံနှုန်းကလဲ
တူတယ် ဘယ်သူအမိန့်ပေးတာလဲ? ကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ်
နှင့် သန့်ရှင်းတဲ့အစိုးရ အဖွဲ့ရဲ့ သမိုင်းဝင်မှတ်တမ်းဖြစ်သွားပြီ။
ဒီကိစ္စကို ဘုန်းကြီးကြောင့် သပိတ်ကွဲတာဖြစ်တဲ့အတွက်
ဘာမှဖြစ်မှာမဟုတ်ပါဘူး။ ညွှန်ချုပ်ကြီးများနှင့် ရုံးအဖွဲ့မှူးတို့က
အပြုံးမပျက်ပါဘူး။

john said...

ိမင်္ဂလာဆောင်က ၁၁.၂.၂၀၁၂ ရက်နေ့ဆောင်မှာဖြစ်တယ်...
အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်/အောက်မြန်မာ
ပြည်)တို့က ဆရာ/ဆရာမ စာရင်းနှင့်အတိအကျ တက္ကသိုလ်များသို့ ပေးပို့တယ်.မန္တလေးမှာဆိုရင် အဆင့်မြင့်ပညာ
ဦးစီးဌာန အထက်မြန်မာပြည်ကနေပြီးတော့ ဖိတ်စာအရေအတွက်(၆၀၀၀)ပေးပို့တယ်အဲဌာနမှာပဲ ကွန်ပျူတာနှင့်ဆရာ/ဆရာမ နာမည်တွေရိုက်တယ်.မင်္ဂလာဆောင်နေ့မှာ ပျက်ကွက်/လက်ဖွဲ့ စာရင်းပြုစုမယ်ထင်တယ်.မလာရင်တော့ ပြဿနာရှာမယ်ထင်တယ်..အဲဒီဌာနက ဆရာ/ဆရာမတွေအပေါ် မတရားအပြောင်းအရွှေ့လုပ်တယ်..
ကြောက်ရတယ်ဗျို့.ဒီခေတ်ကြီးမှာ ဒီလူတွေကျန်သေးတယ်ဆို
တာအစိုးရအသစ်သိစေချင်တယ်.အစိုးရအသစ်ဘယ်လောက်
ကောင်းအောင်လုပ်လုပ်ဒီဌာနက အမိန့်စာတစ်ခုနှင့် ဘဝပျက်သွားတဲ့ဆရာ/ဆရာမတွေ အများကြီးပဲ..လာတ်ပေးရင်တော့ ပြဿနာမရှိဘူး/မပေးရင်
တော့ ညွှန်ချုပ်ကြီးက အရေးယူမှာပဲ ဒါတွေကို အစိုးရအသစ်အဖွဲ့အလိမ်ခံနေရတာ စိတ်မကောင်းပါဘူး.သိစေချင်လို့ပါ

Dr.Shwebo said...

ရွှေဘိုတက္ကသိုလ်က ၀န်ကြီးသမီးမင်္ဂလာပွဲအတွက် ကောက်တာလေးတင်ပြပါရစေ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ထက်ပိုတယ်ဗျာ ကထိကတစ်ဦးကို (5000)ကျပ်ကောက်တယ်၊ ကုန်ဈေးနှုန်းတွေလိုတက်နေတယ်၊ တာဝန်ခံပါမောက္ခချုပ် ဦးရဲမြင့်အောင်ကပြောတယ်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ချုပ် ဒေါက်တာစိုးဝင်း၊ဒုညွှန်ချုပ် ဒေါက်တာသိန်းဝင်း တို့က ကောက်ခိုင်းတာဆိုပြီး ညွှန်ကြားရေးမှူး(စီမံ-၁)က တယ်လီဖုန်းဆက်ပြီး အကြောင်းကြားတယ်၊ မဖြစ်မနေ လက်ထောက်ကထိကတွေလဲ (3000)ကျပ် ထည့်ရမယ်၊ နည်းပြသရုပ်ပြတွေလည်း (2000)ကျပ် ထည့်ရမယ်၊ အနိမ့်ဆုံးဝန်ထမ်း တွေလည်း အကုန်ထည့်ရမယ်၊ တက္ကသိုလ် တစ်ခုလုံးသင်ကြားရေးနဲ့ စီမံဝန်ထမ်းအားလုံးရဲ့ အမည်စာရင်းတွေ အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်)ညွှန်ကြားရေးမှူး(စီမံ-၁) လက်ထဲမှာ ရှိတယ်ဆိုပြီး အတင်းအဓမ္မ ဆပ်ကြေးကောက်သလို လုပ်နေတယ်၊ ဒီလိုလူမှုရေးကိစ္စတွေကို တရားဝင် အမိန့် နှင့် ပြုလုပ်တာ ကတော့ သမ္မတကြီး ဘယ်လိုလုပ်မလဲ၊ ဦးရဲမြင့်အောင်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ ပညာရေးဝန်ကြီးဌာန တစ်ခုလုံးမှာ လူစွမ်းကောင်းကြီးပါ၊ ဘာလို့လဲဆိုတော့ ၀န်ကြီးဌာနရဲ့ ရာထူးတိုးမူဝါဒမှာ ကထိကနှင့် အထက် ရာထူးများကို ပါရဂူဘွဲ့ ရရှိမှ ရာထူးတိုးမြှင့်ပေးပါတယ်၊ အဲဒီကိစ္စကို ဒေါက်တာချမ်းငြိမ်း(ယခု ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဌ) ၀န်ကြီးတာဝန် ထမ်းဆောင်စဉ်ကာလက စခဲ့တာပါ၊ ၄င်းဦးရဲမြင့်အောင် ပါရဂူဘွဲ့ မရဘဲ ယခု ဒေါက်တာ မြအေး ပညာရေးဝန်ကြီး ဖြစ်တော့ အခြားဆရာ၊မများကိုတော့ ယခင်ဒေါက်တာ ချမ်းငြိမ်းမူဝါဒကို ကျင့်သုံးပြီး ဦးရဲမြင့်အောင် တစ်ဦးတည်း ဒုတိယပါမောက္ခချုပ် ရာထူး တိုးမြှင့်ပေးခဲ့တယ်၊ ယခုလည်း အသက်(60)နှစ်ပြည့်ပြီ၊ ပင်စင်ကျပြီ၊အဲဒါကို Extension နောက်ထပ် ဆက်လုပ် ရအုံးမယ်၊ ဒေါက်တာစိုးဝင်း၊ ညွှန်ချုပ် ကိုလည်း ပိုင်တယ်၊ ၀န်ကြီးကိုလည်း ပိုင်တယ်၊ သူများတွေ Extension မရပေမယ့် သူတစ်ယောက်တည်း ရအောင် ကြံဆောင်နေတယ်၊ သမိုင်းကြောင်းကတော့ အထက်ဖားတယ်၊ အောက်ဖိတယ်၊ မိန်းမရှုပ်တယ်၊ အရက်သောက်တယ်၊ ငွေကြေး မသမာမှုလုပ်တယ်၊ ခုံရုံးအဖွဲ့ တွေ အကြိမ်ကြိမ်စစ်ပေမယ့် ငွေပေးလိုက်တော့ ဘာမှမဖြစ်ဘူး၊ ကဲဒေါက်တာ ချမ်းငြိမ်းရေ၊ ခင်ဗျားချခဲ့တဲ့ မူက မကိုက်ညီဘူး၊ သမ္မတကြီး ဒီမိုကရေစီနည်းလမ်းကျကျ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ သန့်ရှင်းသောအစိုးရ၊ စနစ်ဆိုတာ အကောင်အထည်ဖော်ဖို့ ကြိုးစားနေချိန်မှာ ဗျူရိုကရက်တွေကတော့ အလွန်ဆိုးဝါးနေပြီ၊ လက်ဖွဲ့ တော့ အောင့်သက်သက်နဲ့ ထည့်လိုက်ပါတယ်၊ မတရား ပြောင်းရွှေ့ခံရမှာကြောက်လို့ပါ၊ မကြာသေးခင်ကလည်း ၀န်ကြီးဌာနတစ်ခုလုံး ပုံမှန် အပြောင်းအရွှေ့ ရာထူးတိုး အမိန့်များ ထွက်တာ ပညာရေးမှာ တစ်ခါမှ မကြုံဘူးပါ၊ မမျှတမှု၊မတရားမှု၊ အနိုင်ကျင့်မှုတွေ အများကြီးပါတယ်၊ ဒါတွေဆက်လက် တင်ပြပါအုံးမယ်၊ အရေးယူမယ်ဆိုရင်တော့ ကောင်းတာပေါ့၊ တက္ကသိုလ်ဆရာ/မတွေ စာမေးပွဲ အောင်စာရင်း မှားရင် အရေးယူခံရတယ်၊ အမှတ်စာရင်းတွေ ပြုစုရာမှာ မှားရင် အရေးယူခံရတယ်၊ အခု အဆင့်မြင့် ပညာဦးစီးဌာနက မှားတော့ ဘယ်သူကမှ အရေးယူမခံရဘူး၊ အဲဒီပုဂ္ဂိုလ်တွေကိုတော့ ၀န်ထမ်းတွေ ဖြစ်ပြီး စုံစမ်းရေးခုံရုံးနဲ့ အရေးယူမှု မရှိတော့ဘူးလား၊ ဒုတိယကမ္ဘာစစ်တုန်းက ကြီးသုံးကြီး ဆိုတာ အင်မတန် ဆိုးသွမ်းရက်စက်ကြမ်းကြုပ် ခဲ့တယ်၊ ဒုတိယကမ္ကာစစ်ကြီးဖြစ်ခဲ့တယ်၊ အခုလည်း ၀င်းသုံးဝင်း ဆိုပြီးတော့ပေါ်နေပါပြီ ၁-ဒေါက်တာစိုးဝင်း၊ညွှန်ချုပ်
၂-ဒေါက်တာသိန်းဝင်း၊ဒုညွှန်ချုပ်
၃-ဒေါက်တာ အောင်မင်းဝင်း၊ ဒုပါမောက္ခချုပ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊မန္တလေးတို့ဖြစ်ပါတယ်၊ ပညာရေးလောကမှာ ဒုတိယကမ္ဘာစစ်လို ဖြစ်ဖို့ အကြောင်းအရာတွေစုံနေပါပြီ၊ သမ္မတကြီးထံ သက်ဆိုင်ရာမှ ပေးပို့ပေးစေလိုပါသည်။

ရွှေဘိုသားလေး

Unchange in Manner said...

ဒေါက်တာအောင်မင်းဝင်း အကြောင်းကိုလည်းကောင်းကောင်းသိပါတယ်။ သူကလည် အာဏာရူးပါ။ သူကိုယ်သူ ၀န်းကြီး မှန်းနေ့တဲ့သူပါ။ သူက MUFL မှာဒုချုပ်မနေ့တစ်နေ့ကဖြစ်လာတာပါ။ တစ်နွယ်ငင် တစ်စဉ်ပါဆိုသလို ပညာရေးလောကမှာ သန့်ရှင်းပြစ် (purge) ရမည့်လူတွေအများကြီးရှိသေးတယ်။ ဒီလူတွေကိုသန့်ပြစ်မှ ပညာရေးလောက ကောင်းလာမယ်။

Unknown said...

thnx alot paukhlange,,
how can the teachers stand the whole month with this salary???
**sigh**
what a pity educated teachers,,,,!!!

seazinyaw said...

ဒေါ်စု လည်းဒါတွေ တတ်နိုင်မယ် မ ထင် ပါ ဘူး၊ အာဏာမက် တာ ဖေါ်လန်ဖား တာ ၊ ညစ်တာ၊ အကောက်ကြံ တာ၊ လက်သီးပုန်း ထိုးတာ၊ ချွှန် တွန်းလုပ် တာ၊မာန်တက် တာ၊ ငါ့ လောက် မ တတ်ထင်တာ၊ အညှိးထား တာ၊ လစ် ရင် တွယ်တာ၊ ကွယ်ရာမှာ အတင်းပြော တာ တို့ မြန်မာ တွေ ရဲ့ စရိုက် ဘဲ၊ ဘယ်သူတက်တက် ဒါတွေက ရှိနေ ဦးမှာဘဲ ဒါတွေ ဟာ တိုင်းပြည် တိုးတက်ရေး လုပ် ဆောင် ရာမှာ အဟန့် အတားတွေ ဘဲ၊ ဗျူရိုကရေစီ ဆို တာ ဒီ စိတ်ဓါတ် တွေ ကြောင့် ဖြစ်လာတာ၊ အာဏာရှိတဲ့သူ တွေမှ ဒါမျိုးတွေရှိနေ ရင် သွားပြီ။ ငါ့ မြင်းငါဆိုင်း စစ်ကိုင်း ရောက်ရောက် ဘဲ၊ သာဒင် ကို ဘာထင်သလဲ တို့၊ မင်း က ဘာကောင်မို့ လို့ လဲ လို ကြားဘူးကြမှာ ပါ

Dr.ko ko said...

ဦးဇော်ဌေး ညွှန်ချုပ်အောက်မြန်မာပြည် (8-2-2012)နေ့တွင်
အစိုးရကားကြီးနှင့် မြို့ထဲကို shopping ဒေါ်နှင်းမူနဲ့ထွက်တာ ယာဉ်တိုက်မှု
ဖြစ်တာ ဘာမှမဖြစ်ဘူးနော် ကံကောင်းတယ်ဗျာ။ ခင်ဗျားနဲ့ဒေါ်နှင်းမူ ဓါတ်ပုံကြီး မြန်မာ့အလင်းသတင်းစားထဲမှာ ပါလာတာတွေ့လိုက်ရတယ်
ခင်ဗျား အစိုးရကားတော့ ပျက်စီးပြီး ခင်ဗျားကတော့ တည်ဆဲဥပဒေအရ
အေ၇းယူမခံရဘူးနော် ခင်ဗျားဥပဒေအထက်ကိုရောက်နေပြီ။ခင်ဗျားညွှန်ကြားလို့
ဆရာဆရာမတွေ မင်္ဂလာဆောင်အတွက် ပိုက်ဆံအကောက်ခံ၇တယ်
ဒဂုံတက္ကသိုလ်မှာဆိုရင် ပါမောက္ခဌာနမှူးတွေ တစ်ယောက်နှစ်သောင်းကြီး
များတောင် ကောက်တယ်။ကြောက်တော့ထည့်ရတာပေါ့ဗျာ၊ကျွန်တော်တို့ကျတော့
စစ်တွေတက္ကသိုလ်ကို အစီအစဉ်မကျပဲ ကျွန်တော်နဲ့စီနီယာကျတဲ့
သူတွေကို မပြောင်းပဲနဲ့ ကျွန်တော်ဂျူနီယာလေးကို ပြောင်းပစ်လိုက်တယ်
ဒါမူဝါဒလား ခင်ဗျားလဲတက္ကသိုလ်မှာ ငွေစာရေးမှူးကနေပြီးတော့
ညွှန်ချုပ်ဖြစ်လာတော့ ခင်ဗျားရာထူးနဲ့တန်တယ်ထင်လား၊ ခေတ်တွေပြောင်းသွားပြီ။ ဦးမျိုးညွှန့်လဲ မရှိတော့ဘူး သိပ်ပြီးတော့
ဆရာ၊ဆရာမတွေအပေါ် မတရားမလုပ်နဲ့ လုပ်ခဲ့တဲ့မတရားမှုအတွက်
မကြာခင် ခင်ဗျားမုချ တူသောအကျိုးပေးတော့မယ် ဗေဒင်မေး၊ယတြာချေလဲ မရတော့ဘူး။
မှတ်ချက်။ ။ဒေါက်တာအောင်မင်းဝင်း အားဏာရူးရုံတင်မကပါဘူး
အတွန်းအတိုက်လဲပါပါတယ်။ ကောင်းတဲ့လူဆိုရင် သူတဲ့သာရင် သူ့မကောင်းကြောင်းကိုသိတဲ့သူဆိုရင် သူ့ရဲ့ရန်သူပေါ့ အခုလည်း ကိုစိုး(ဒေါက်တာစိုးဝင်း ညွှန်ချုပ်အထက်မြန်မာပြည်)နှင့် အိပ်ချိန်ကလွဲရင်
အမြဲတမ်းအတူနေတယ်၊အရက်တူသောက်တယ်၊ ကာရာအိုကေအတူဆိုတယ် ကျောင်းဆရာလုပ်ရမဲ့အလုပ်ကလွဲရင်
မကောင်းတာအကုန်လုပ်တယ် အထူးသဖြင့် ဇာတ်တူသားလဲစားပါတယ်ဗျာ။
အဲဒါပညာရေးရဲ့အနာဂတ်ပေါ့။

Dun Ngan Lunn said...

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းဆရာများသမဂ္ဂ ပေါ်ပေါက်လာခြင်းကို ကြိုဆိုဂုဏ်ပြုရင်း… မြန်မာတစ်နိုင်ငံလုံး ကျောင်းသား၊ ကျောင်းဆရာ၊ အလုပ်သမား၊ လယ်သမား သမဂ္ဂ အားလုံး ပေါ်ပေါက်လာရေးကို ရည်မှန်းလိုက်ပါသည်။ လွတ်လပ်ခြင်း ညီမျှခြင်း ငြိမ်းချမ်းခြင်း တရားများထွန်းကား နိုင်ပါစေ… မတရားပြုမူနှိပ်စက်ခြင်းမှ ကင်းဝေးကြပါစေ…
ဒွန်ငံလွန်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်

Powered by Blogger.