လွတ်ငြိမ်းချမ်းသာခွင့်ထပ်မံကြေညာ လွှတ်မည့်ထဲ နိုင်ငံရေးအကျဉ်းသားများပါဝင်နိုင်

ဇန်န၀ါရီ (၂)ရက်နေ က လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာပုံ
အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသူ အကျဉ်းသား ၆၅၁ ဦးကို ဇန်န၀ါရီ ၁၃ ရက်မှ စတင်၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ယနေ့ညနေ ၆ နာရီတွင် နိုင်ငံပိုင် ရုပ်သံ သတင်းဌာနများမှ ကြေညာလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ လူသားခြင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသော နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသူ ၆၅၁ ဦးအား ဇန်နဝါရီလ ၁၃ ရက်နေ့မှ စကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်ပါသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သူများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများ ပါဝင်ကြောင်း
အကျဉ်းဦးစီးဌာန(နေပြည်တော်) မှ စုံစမ်းသိရှိရသည်။
By: သစ်ထူးလွင်
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်