ဦးခင်ညွှန့်ကိုဒေါ်လာ ၅၀၀၀ စား၊ နာယကခန့်မည့်ကိစ္စ၊ ဦးခင်ညွှန့် ၏ပြောခွင့်ရပုဂ္ဂိုလ် က ငြင်းဆို


Favorite News Journal — နိုင်ငံတော်သမ္မတ၏ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ (၄၀၁) ပုဒ်မခွဲ(၁)အရ၊ လွတ်ငြိမ်းချမ်းသာခွင့်နှင့် နေအိမ် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာသူ ဦးခင်ညွှန့်( ယခင်ဝန်ကြီးချုပ်)သည် ဇေကမ္ဘာဦးခင်ရွှေထူထောင်သော မြရိပ်ညိုဖောင်ဒေးရှင်းတွင် နာယကအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဟူသော အင်တာနက်သတင်းများ ဇန်န၀ါရီ ၂၁ ရက်၌ ထွက်ပေါ်လာခြင်းကြောင့် ရန်ကုန်မြို့တွင်း တစ်မုဟုတ်ချင်း သတင်းပျံနှံသွားခါ နိုင်ငံရေးနှင့်စီးပွားရေးထိပ်လွှာပိုင်းသို့ ဂယက်များရိုက်ခတ်ဖြစ်ပေါ်ခဲ့သည်။

အင်တာနက်သတင်း

အင်တာနက်သတင်းသည်၊ မြရိပ်ညိုနှင့်နီးစပ်သူများကို ကိုးကား၍ ဖော်ပြရာတွင် “မြရိပ်ညိုဖောင်ရေးရှင်း၏ နာယကအဖြစ် ဦးခင်ညွန့်အားတင်မြှောက်၍
နယကချီးမြှင့်ငွေ ဒေါ်လာ ၅၀၀၀ပေးမည်” ဟု ဆိုထားသည်။

အတည်ပြုဖို့သွား

ယင်းသတင်းဂယက်ကို ဖေးဗရိတ်သတင်းဂျာနယ်က အတည်ပြုချက်ရယူရန် မြရိပ်ညိုဖောင်ရေးရှင်းဥက္ကဌ ဦးခင်ရွှေနှင့်ဆက်သွယ်၍ မရခဲ့သော်လည်း
ဇန်န၀ါရီ ၂၅ ရက်နံနက် ၁၁နာရီခွဲခန့်တွင် ဦးခင်ညွှန့်နေအိမ်(မရမ်းကုန်ြး
မို့နယ်၊ န၀ဒေးလမ်းသွယ်) သို့ သွားရောက်၍မေးမြန်းခွင့်တောင်းခံခဲ့သည်။ ဦးခင်ညွှန့်၏ နေအိမ်ခြံဝင်းတံခါး၌ ဦးကျော်ဝင်းဆိုသူကလက်ခံ၍ ၄င်းသတင်းဖြစ်နိုင်ခြေမရှိကြောင်းနှင့် ဦးခင်ညွှ့န့်အားသွားရောက်မေးမြန်းပေးမည် ဆိုကာ ဦးခင်ညွှန့်၏အိမ်အတွင်းသို့ ၀င်သွားခဲ့ပြီ်းနောက် ပြန်လည်ရောက်ရှိလာကာ ၄င်းသတင်းနဲ့ပတ်သက်၍ အတည်ပြုချက်ရရှိရန် ဖုန်းနံပါတ်———- ကိုပြောသည်။

၎င်းဖုန်းနံပါတ်၌——– ဆိုသူရှိပြီး ဆက်သွယ်ရန်ပြောသည်။ ဦးကျော်ဝင်း၏ ညွှန်ပြချက်အတိုင်းယင်းဖုန်းနံပါတ်သို့ဆက်သွယ်၍ အတည်ပြု ချက်တောင်းခံသောအခါ ယင်းနေ့ညနေ ၆နာရီခန့်၌ ပြန်လည်ဆက်သွယ်မည်ဖြစ်ကြောင်း ကောင်းစွာပြန်ကြားပေးခဲ့သည်။

မှားတယ်

ဇန်န၀ါရီ ၂၅ ရက်ညနေ၆နာရီတွင် ယင်းဖုန်းနံပါတ်မှ ပုဂ္ဂိုလ်နှင့် တယ်လီဖုန်းဖြင့် ပြန်လည်အဆက်သွယ်ရရှိသောအခါ၎င်းပုဂ္ဂိုလ်က—–ဖြစ်ကြောင်း ပြော ဆိုပြီး´´ ၄င်းသတင်းနှင့်ပတ်သက်၍ လောလောဆယ်၌ ဘယ်မီဒီယာနှင့်မျှ ပြောဆိုဆက်ဆံခြင်းမရှိခဲ့ကြောင်း မြရိပ်ညိုဖောင်ဒေးရှင်းမှာ´နာယက´အဖြစ် တာဝန်ယူဆောင်ရွက်မည်ဆိုခြင်းမှာ ´အမှား´ဖြစ်လိမ့်မည် ဖြစ်ပါကြောင်း၊ ၄င်းသတင်းမှာ လုံးဝ မဟုတ်၊မမှန်ပါကြောင်း၊ သတင်း မှားနေကြောင်း၊´´ဦးခင်ညွှ့န့်၏ ညွှန်ကြားချက်အရ၊ ၄င်းပုဂ္ဂိုလ်က ဖေးဗရိတ်သတင်ဂျာနယ်သို့ ပြန်လည်ဖြေကြားရှင်းလင်းခဲ့သည်။

ယင်းသတင်းနှင့်ပတ်သက်သော ´´မြရိပ်ညိုဖောင်းဒေးရှင်း´´၏ Website ဖြစ်သည့် http;/www.myayeiknyo.org ကိုဇန်န၀ါရီ ၂၆ရက် နံနက်၁၁ နာရီခွဲတွင် ဖွင့်ကြည့်ရာ Error ပြနေခဲ့ပြီး၊ Face book ရှိ မြရိပ်ညို ဖောင်ဒေးရှင်း account  တွင်မူ ထိုသတင်းနှင့်ပတ်သက်သောအကြောင်းအရာကိုမတွေ့ရဘဲ၊ ဖော်ပြပါပုံကိုသာတွေ့ခဲ့ရသည်။
MTK, WW,ACM(26-1-2012)
ဦးခင်ညွှန့်ကိုဒေါ်လာ ၅၀၀၀ စား၊ နာယကခန့်မည့်ကိစ္စ၊ ဦးခင်ညွှန့် ၏ပြောခွင့်ရပုဂ္ဂိုလ် က ငြင်းဆို ဦးခင်ညွှန့်ကိုဒေါ်လာ ၅၀၀၀ စား၊ နာယကခန့်မည့်ကိစ္စ၊ ဦးခင်ညွှန့် ၏ပြောခွင့်ရပုဂ္ဂိုလ် က ငြင်းဆို Reviewed by သစ်ထူးလွင် on 10:23 Rating: 5

11 comments:

saiarkarmin said...

whatever you do .we don't care about what you do ..but don't kill again people...but ..you seems like no regard..

saiarkarmin said...

seems like no regard..for what you did..

ahphyulay said...

ဟေ့ ..
အဖက်လုပ်မနေကြပါနဲ့ တော့ ဗျာ..။

Anonymous said...

နဲလို့လား၊ များလို့လား။ မူနေတာလား ။ မတန်လို့လား။ ဘာအတွက်လဲ။
ပုလင်းတူ ဘူးစို့က သစ်ခိုင်းလွတ်ဖြစ်နေမှာစိုးလို့လေ။ တခြားအကြံအစည်တွေလည်း ရှိနိုင်သေးတယ်လေ။ သိပ်မစဉ်းစားနဲ့။ အရင်လိုဘဲ အတုံးလိုက်စား။

mrpeople said...

ပြည်သူတွေအပေါ် လူလည်လုပ်သွားတဲ့၊
အတွင်းအပြင် ရိုးသားမူ့ မမြင်ရတဲ့ အဲဒီလူ
အကြောင်း ယခုအချိန်မှာ ခဏခဏ မဖော်ပြစေချင်ပါဘူး။
ပြည်သူအများအတွက် အနှောက်အယှက်ဖြစ်စေသလို
အသိညာဏ်နည်းသူတွေအတွက် ထွေပြားယုံမှား
စေနိုင်ပါတယ်။ ပြောင်းလဲတိုးတက်ဖို့ ရိုးသားစွာ ကြိုးစား
လုပ်ကိုင်နေသူတွေရှိသလို နှောက်ယှက်ဖျတ်ဆီးမည့်သူတွေ
လည်း ရှိနေနိုင်ပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ မျိုး
ဆက်သစ်ပေါင်းများစွာ နိုင်ငံတကာအလယ်မှာ
မျက်နှာမငယ်ရစ်စေဖို့အတွက် ရိုးသားစွာ ကြိုးစားနေသူများကို ထောက်ခံရင်း
ကူညီတည်ထောင်ကြပါစို့။

ywarthar said...

ခုထိတောင် ပြောခွင့်ရပုဂ္ဂိုလ် အဆင့်ဆင့်က နေ ဆက်သွယ်နေရလေတော့
သူလည်း သိပ်မခေသေးသူပါလားလို့ သိစေလိုတာထင်ပါရဲ့။
ခင်ညွန့် နဲ့ ခင်ရွှေ တို့ကတော့ ဂေါဏေန ဂေါဏော ဆိုတော့ သိပ် အရေးစိုက်
စရာလိုမယ်မထင်ပါဘူး။ ဘာရာထူးခန့်ခန့် မခန့်ခန့် ၊ ခင်ရွှေကကော ဒီလိုအခြေ အနေရောက်လာအောင် ဘယ်လိုရခဲ့လဲဆိုတာ သိပ်မေးနေစရာမလိုပါဘူး။
သို့သော် ဘယ်ခြေလှမ်းမယ်ဆိုတာကိုတော့ စောင့်ကြည့်ဖို့လိုအုံးမယ်ထင်ပါတယ်။
ရာဇ၀င် မကောင်းခဲ့တဲ့သူတွေဆိုတော့ မျက်ခြေပြတ်ခံလို့တော့ မဖြစ်ဘူး။

haymann said...

တစ်ခုတင်ပြချင်တာက အလုပ်တစ်ခုကို ကောင်းတာ/မကောင်းတာက ခံယူတဲ့လူတွေချင်းအယူဆမတူတာလဲပါတယ်။ မည်သူမဆိုပါ မှားမှန်းသိယင် ပြင်တတ်ပြိးနားလည်းတယ်ဆိုယင် အဲဒိလိုမျိုးလူက ပိုကောင်းလာတတ်တယ် ။ပြုမှုတဲ့အခါမှာ ပေါ်တင်ပြုမှုတာက ခံရမခက်ဘူး ။အမှောင်ထဲကနေ အလုပ်လုပ်ပြီးအလင်းမှာနေတဲ့ပြည်သူကို စစ်အာဏာနဲ့ အချုပ်ထဲသွင်းတဲ့ စစ်ဥမဒေချုပ် ဦးရာပြည့် လောက်ယုတ်မာမှုပြုမှုတာလောက် မဆိုးဘူုးလို့ထင်တာပဲ ။မှားတာကို မှားပါတယ်လို့ ၀န်ခံ၇ဲဖို့ကလိုတယ် အဓိကကျတယ် ။

KoTOE said...

ဟ....ထောင်ကျတဲ့အမှုလဲကြည့်ကြပါအုံး.....အဂတိလိုက်စားမှုလဲပါတယ်လေ....စာရိတ္တမကောင်းမှတော့...
သူ့ ဘာသာလဲသိနေမှာပါ။

thetnaung said...

တိုင်းသိပြည်သိ ခြစားခဲ့ပြီး အခုမှ မုန်လာဥလုပ်ချင်လို့တော့ဘယ်ရမလဲဗျ...ဒီမှာ ဘဲကြီး ဒေါ်လာ၅၀၀၀ ဆိုတာလဲ ခင်ဗျားတို့လို စီပွားရေးသမား လက်ဆွဲတွေအတွက် မက်လောက်စရာပါလေ မူမနေပါနဲ့ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းထောက်ခံချက်တွေက ခင်ဗျားတို့လိုအာဏာပိုင်တွေအတွက် နောက်နေသလိုပဲ့....

momo said...

s

momo said...

သတိထားကြ ကိုဇာဂနာ နဲ့ တခြားသူတချို့က ခင်ညွှန့်ကို တွေ့တာကို အကြောင်းပြုပြီး လက်၇ှိ စစ်တပ်က ခင်ရွှေ ကို ကြားကနေ နာမည်ခံခိုင်းနေတာ ၇ှင်းနေတာပဲ

Powered by Blogger.