အစောဆုံးလွတ်မြောက်လာမည့်နိုင်ငံရေးအကျဉ်းသားများ

ဇန်န၀ါရီ ၁၃ ရက် နံနက် သိရှိရသမျှ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်မှု စာရင်း ကျောက်ဖြူထောင်မှ နိုင်ငံရေး အကျဉ်းသား ၉ ဦးနှင့် စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်တို့ လွတ်မြောက်သည်ဟု အကျဉ်းဦးစီးမှ အတည်ပြုပြောဆိုသည်။ မြင်းခြံထောင်မှ နိုင်ငံရေး အကျဉ်းသား ကျား၁၁၊ မ ၂ဦး တို့လွတ်မြောက်သည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၆၅ နှစ်ခွဲချမှတ်ခံထားရသူ မသက်သက်အောင် လည်းယင်းတို့အနက်ပါဝင်သည်ဟု အကျဉ်းဦးစီးဋ္ဌာနကိုလှမ်းမေးမြန်းသည့် မသက်သက်အောင် ခင်ပွန်း ကိုချစ်ကိုလင်းက အတည်ပြုပြောဆိုသည်။ လွတ်မြောက်သည့် စာရင်းထဲ မပါဝင်သူအချို့စာရင်းလည်း ရရှိထားရာ ရှမ်းတိုင်းရင်းသား ၆ ဦး ကရင် ၂ ဦး ၊ သရက်ထောင်မှ ကိုသန်းဇော် တွင်ပါဝင်သည်။ 
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု စာရင်း နံနက် ၇နာရီ ၃၀ မိနစ်
News Update: More political prisoners name were confirmed

တောင်ကြီးအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများအနက် ဦးရွှေထူး မှလွဲ၍ အားလုံးလွတ်မြောက်မည်၊ သာယာဝတီမှ ၁၀ ဦးလွတ်မြောက်မည်။ ဘူးသီးတောင် အကျဉ်းထောင်တွင် မလွတ်မြောက်ပဲ ကျန်ရှိသူမှာ ကိုအေးမင်းစိုးဖြစ်သည်ဟုလည်း သိရှိရသည်။ ကျန်ရှိသူများမှာ ဖောက်ခွဲမှုများဖြင့် စွဲဆို ပြစ်ဒဏ်ချမှတ်ခံရသူများဖြစ်သည် ဟုသိရှိရသည်။

 YPI
အစောဆုံးလွတ်မြောက်လာမည့်နိုင်ငံရေးအကျဉ်းသားများ အစောဆုံးလွတ်မြောက်လာမည့်နိုင်ငံရေးအကျဉ်းသားများ Reviewed by သစ်ထူးလွင် on 06:43 Rating: 5

No comments:

Powered by Blogger.