"အဲဒီအခန်းဖြတ်" ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆု ရရှိ
လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားကို ယနေ့ (ဇန်နဝါရီလ ၄ ရက်နေ့) ညနေ ၆ နာရီက တော်ဝင်စင်တာတွင် ကျင်းပပြုလုပ်လျက် ရှိရာ ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆုကို ဒါရိုက်တာ ဝိုင်း၏ "အဲဒီအခန်းဖြတ်" ဇာတ်ကား၊ အကောင်းဆုံး မျက်နှာသစ် ဒါရိုက်တာဆုကို ဒါရိုက်တာ အောင်ဇော်မိုး (Still in Dark ဇာတ်ကား)၊ အကောင်းဆုံး Animation ဆုကို ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း (Unity & Freedom ဇာတ်ကား) တို့က ဆွတ်ခူး ရရှိသွားကြောင်း အဆိုပါပွဲသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly
သစ်ထူးလွင်
1/04/2012 07:07:00 PM
အကျဉ်းသား ထပ်လွှတ်ရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အစိုးရသစ်၏ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်သာ အကျုံးဝင်သဖြင့် ထပ်မံ လွှတ်ပေးရေးအတွက် ဆက်လက် တိုက်တွန်းကြရန် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားလိုက်သည်။
ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်သည့် ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝါရင့်နိုင်ငံရေးသမားဟောင်းများ မိတ်ဆုံစားပွဲ အခမ်းအနားတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
“လွှတ်ပေးစေချင်သလောက်၊ မြန်စေချင်သလောက် မြန်မြန် မလွှတ်ပေးတာတော့
ဟုတ်ပါတယ်၊ ဒါပေမယ့် ဒါ မလွှတ်ပေးပါဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မရောက်ပါဘူး၊
ကျမတို့ အနေနဲ့ ဒီလို လွှတ်ပေးဖို့ လိုတဲ့ဟာကိုလည်း ဆက်ပြီးတော့ ပြောရမယ်”
ဟု ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယခင် လွတ်ငြိမ်းချမ်းသာခွင့်ပေးစဉ်ကနှင့် မတူဘဲ ယမန်နေ့က ထောင်အသီးသီးမှ လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသား အရေအတွက် အနည်းငယ်သာ ပါဝင်နေသည်။
“အကျဉ်းကျနှစ်တွေကို လျှော့ပေါ့ပေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အားမရတာတွေ ကျမတို့ ကြားရပါတယ်။ ကျမတို့လည်း အားမရပါဘူး။ ဒါဟာ မလိုအပ်ဘူး ဆိုတာ ကျမတို့လည်း သိနေတာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ ရှိသော်လည်း ယခုကဲ့သို့ အကန့်အသတ်ဖြင့် လွှတ်ပေးနေခြင်းမှာ အစိုးရအဖွဲ့အတွင်းမှ သဘောထား တင်းမာသူများနှင့် သမ္မတဦးသိန်းစိန်၏အုပ်စုအကြား အားပြိုင်နေမှုကြောင့်ဖြစ်သည်ဟု သိရသည်။
“အားလုံးကို ဇန်န၀ါရီလထဲမှာ ပြန်လွှတ်ပေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု သမ္မတရုံးမှ အရာရှိတဦးက ဆိုသည်။
အကျဉ်းသားအရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် အတိုက်အခံတို့ မည်သို့ ဝေဖန်မည်ကို သမ္မတရုံးက သဘောပေါက်ပြီး တုန့်ပြန်ချက်များကို စောင့်ကြည့်လေ့လာနေသည့်အတွက် Facebook ကဲ့သို့သော မီဒီယာကွန်ရက်များအပါအ၀င် ပြည်တွင်းပြည်ပ မြန်မာပြည်သားတို့ မည်သို့ ပြောဆိုနေကြသည်ကို သိရှိနေသည်ဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး အစီအစဉ်နှင့် ပတ်သက်ပြီး ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ဆွေးနွေးပြီးမှ သမ္မတက ဆုံးဖြတ်ချက်ချခြင်း ဖြစ်ကြောင်း၊ သဘောထားတင်းမာသူတို့က နိုင်ငံရေးနှင့်ဆက်နွယ်သူများအားလုံး လွှတ်ပေးရေးကို လက်မခံကြောင်း အစိုးရ သတင်းရပ်ကွက်များထံမှ သိရသည်။
အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ဟောင်းများနှင့် မကြာသေးခင်က တွေ့ဆုံ ဆွေးနွေးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဦးသိန်းစိန်၏ လက်ရှိအနေအထားနှင့် ပတ်သက်ပြီး သဘောပေါက်သင့်သည်ဟု ယနေ့ ပြောကြားခဲ့သည်။
“ကျမ ပွင့်ပွင့်လင်းလင်း ပြောခဲ့တဲ့ အတိုင်းပဲ သမ္မတကြီး ဦးသိန်းစိန်ရဲ့ အရှိန်အ၀ါကို ကျမ ယုံကြည်တယ်။ ဒါပေမယ့် လူတဦးတယောက်တည်းနဲ့လည်း ပြောင်းလဲဖို့က ဖြစ်နိုင်မှာ မဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ၀ါရင့်နိုင်ငံရေးသမားများနှင့် တွေ့ဆုံပွဲတွင် ပြောလိုက်သည်။
ဤအတောအတွင်း ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကို နိုင်ငံရေး စိတ်ဝင်စားသူများက မကျေမနပ်ဖြစ်နေကြသည်။
“နိုင်ငံရေးသမား နည်းနည်းပဲ လွတ်တဲ့အတွက် လွတ်ငြိမ်းချမ်းသာ မခေါ်နိုင်ပါဘူး။ စိတ်ပျက်ဖို့ကောင်းတယ်” ဟု ၀ါရင့်နိုင်ငံရေးသမား ရွှေတောင် ဦးအုန်းမောင်က ယနေ့ ပြောလိုက်သည်။
၈၈ မျိုးဆက်ကျောင်း သားအဖွဲ့မှ နိုင်ငံရေး အကျဉ်းသား စာရင်း ပြုစုရေး တာဝန်ခံတဦးက သူ့နည်းတူ တုန့်ပြန်လိုက်သည်။
“နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ဦးခွန်ထွန်းဦးလို တိုင်းရင်းသား ခေါင်းဆောင်တွေ လုံးဝ မလွတ် ပါဘူး။ အရှင်ဂမ္ဘီရလည်း မလွတ်ဘူး” ဟု ၎င်းက ရှင်းပြသည်။
အစိုးရက ပြည်သူနှင့်တိုင်းပြည်အပေါ် လိမ်ညာနေသကဲ့သို့ ဖြစ်နေသည်ဟု ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီတို့ ရွေးကောက်ပွဲ ၀င်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း သမ္မတကြီးကို ယုံကြည်တယ် ဆိုပြီး ၀င်လာခဲ့ကြတာ။ အခု လုပ်ရပ်က သမ္မတကြီးက ယုံကြည်ရတဲ့သူလား၊ မယုံကြည်ရတဲ့သူလား ဆိုတာ ဝေခွဲရ ခက်ကုန်တယ်” ဟု ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။
ယမန်နေ့က အင်းစိန်ထောင်မှ ပြန်လွတ်လာသူ ဦးကြည်သန်းက “အစိုးရကလည်း အရင် စစ်အစိုးရမဟုတ်တော့ဘူး။ ကျနော်တို့အနေနဲ့ ဘာအာဃာတမှ မရှိဘူး။ အားလုံးပြန်လွှတ်ပေးပါ။ အစိုးရသစ်အနေနဲ့ အားလုံး စိတ်ပျက်မယ့်ဟာမျိုးကို ဆက်ပြီးတော့ မလုပ်စေချင်ဘူး” ဟု ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသားများနှင့် ပူးပေါင်း လှုပ်ရှားခဲ့သည့် ဦးကြည်သန်းသည် ထောင် ၉ နှစ်ကျော် ချမှတ်ခံခဲ့ ရသူဖြစ်သည်။
စီးပွားရေးသမား တချို့ကလည်း အငြင်းပွားဖွယ် ဖြစ်ရပ်ကြောင့် မြန်မာ့ စီးပွားရေး တိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေလိမ့်မည်ဟု သုံးသပ်ကြသည်။
“နိုင်ငံရေးအကျဉ်းသား မလွှတ်ရင် စီးပွားရေး ပိတ်ဆို့မှုကလည်း ရုပ်သိမ်းမှာ မဟုတ်ဘူး။ အဲဒီတော့ ၂၀၁၂ မှာ စီးပွားရေး အတွက် အကောင်းမြင်ခဲ့တာတွေ အားလျော့ကုန်တယ်။ စီးပွားရေး ပိတ်ဆို့မှု ဆက်ရှိရင် ဘဏ်လုပ်ငန်း၊ ငွေကြေးကဏ္ဍ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဘာဆို ဘာမှ ပီပြင်မှာ မဟုတ်ဘူး” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဗဟို အလုပ်အမှုဆောင် ကုန်သည်တဦးက ပြောသည်။
စီးပွားရေး စီမံခန့်ခွဲမှု ဆိုင်ရာ မဟာဘွဲ့ တက်ရောက်နေသူ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသား တဦးကလည်း “ဆန္ဒပြ၀တ်ပြုဆု တောင်းပွဲ လှုပ်ရှားမှုမျိုးတွေ ထပ်ဖြစ်လာမယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အစိုးရသစ်အပေါ် ယုံကြည်မှု ကိုလည်း ကျစေလိမ့်မယ်” ဟု ဆိုသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလ လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းသား ၆၃၅၉ ဦး လွတ်မြောက်လာပြီး ထိုအထဲတွင် ရှမ်းပြည်တပ်မတော်မှ ဗိုလ်ချုပ်ဆေထင်၊ ဇာဂနာ၊ စုစုနွေး အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၂၀ ကျော်လည်း ပါဝင်သည်။
သမ္မတဦးသိန်းစိန်၏ ၂၀၁၂ ဇန်န၀ါရီလ လွတ်ငြိမ်းချမ်းသာခွင့်
ယခင် – ယခု
သေဒဏ် – ထောင်ဒဏ်တသက် (နှစ်အကန့်အသတ်မရှိ)
ထောင်ဒဏ် နှစ် ၃၀ အထက် – ထောင်ဒဏ် နှစ် ၃၀
နှစ် ၂၀ နှင့် ၃၀ အကြား - နှစ် ၂၀
နှစ် ၂၀ အောက် – ကျခံနေရသော ထောင်ဒဏ်၏ လေးပုံတပုံအား လျှော့ပေါ့ပေးမည်
ဧရာဝတီ
ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်သည့် ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝါရင့်နိုင်ငံရေးသမားဟောင်းများ မိတ်ဆုံစားပွဲ အခမ်းအနားတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယမန်နေ့က အင်းစိန်ထောင်မှ အထွက်တွင် ထောင်ဝန်ထမ်းများနှင့်အတူ တွေ့ရသည့် ဦးကြည်သန်း (ဓာတ်ပုံ - ဧရာဝတီ)

1/04/2012 06:12:00 PM
လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်ပြီး လွှတ်တော် မှာ ဆက်လက်တင်ပြမည်
ပထမအကြိမ်
လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင်
သင်ပုန်းချေအထွေထွလွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ ဆက်လက်တင်ပြသွားရန်
အစီစဉ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
''အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကိစ္စနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးကိုယ်တိုင်က မေတ္တာရပ်ခံ ထားတဲ့ကိစ္စပါ၊ ဒီကိစ္စကို နိုင်ငံတော်အစိုးရကိုလည်း တိုက်တွန်းထားပေမယ့် အခုထိ ဘာလို့ မဆောင်ရွက်သေး တာလဲတော့ မသိဘူး၊ သမ္မတကြီးက လွှတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အချိန်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ ကျွန်တော်တို့ ညီနောင်တွေအားလုံး ပါလာလိမ့်မယ်လို့ မျှော်လင့်ထားတာပါ။ ထပ်ပြီးတော့လည်း မျှော်လင့်နေဦးမှာပဲ။ အသုတ်လိုက် လွှတ်ပေးနေတယ်ဆိုရင်လည်း မကြာခင်အချိန်မှာ ခြွင်းချက်မရှိ ယုံကြည် ချက်ကြောင့် အကျဉ်း ကျခံနေရတဲ့ ညီကိုတွေအားလုံးကို လွှတ်ပေးဖို့အတွက် သမ္မတကြီးကို ထပ်မံပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်"ဟု အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ပြောသည်။
ဇန်န၀ါရီလ(၃)ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာအရ လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် နိုင်ငံရေး အကျဉ်း သားပါဝင်မှု နည်းပါးရခြင်းနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ် အတွင်းကျင်းပမည့် ပထမအကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ဆက်လက်တင်သွားရန် အစီစဉ်ရှိကြောင်း ကိုလည်း သိရှိရသည်။
''လွှတ်တော်ထဲရောက်တဲ့အခါမှာ ဘယ်နည်းဘယ်ပုံဆောင်ရွက်ရမယ်ဆိုတာ အသေးစိတ်ကတော့ အခု အချိန်မှာ ထုတ်ပြောလို့မရသေးဘူး၊ ဒါပေမယ့် ၂၀၁၂လွှတ်တော်အတွင်းမှာ ဖြစ်နိုင်ရင် သင်ပုန်းချေ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်နိုင်ဖို့ လွတ်တော်လမ်းကြောင်းက ဆောင်ရွက်နိုင်တာမှန်သမျှ ဆောင်ရွက်ဖို့ ရှိပါတယ် "ဟု အမျိုးသားဒီမိုကရေစီပါတီသစ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ကပြောသည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်ခွင့်ပြုပေးခဲ့သော်လည်း ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများလွတ်မြောက်မှုရာနှုန်းမှာ နည်းပါးဆဲဖြစ်သည့်အတွက် လာမည့် လွတ်ငြိမ်းချမ်းသာခွင့်များတွင် နိုင်ငံရေးအကျဉ်းသားများ ယခုထက်မို ပါဝင်နိုင်ရန်အတွက် လွတ်တော် ကိုယ်စားလှယ်များမှ မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွတ်တော် တတိယပုံမှန်အစည်းအဝေးများကို ဇန်န၀ါရီလ (၂၆)ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတဆင့် သိရှိရသည်။
ကြယ်စင်(မြစ်မခ)
ဇန်န၀ါရီ ၄၊ ရန်ကုန်မြို့။

1/04/2012 06:07:00 PM
ထိုင်းနိုင်ငံ တောင်ပိုင်း ပြည်နယ်များတွင် ရေကြီးရေလျှံမှု ဒဏ်ခံစား ခဲ့ရ
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရက်ပေါင်း များစွာ မိုးသည်းထန်စွာ
ရွာသွန်းပြီး ရေကြီး ရေလျှံမှု အခြေအနေ ပိုမိုဆိုးဝါး လာခဲ့တဲ့ အတွက် ဒေသခံ
တွေကို နေအိမ်တွေ စွန့်ခွာဖို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညပိုင်းက အမိန့်
ထုတ်ပြန် ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်း
မှာရှိတဲ့ Songkla ၊ Narathiwa ၊ Phutthalung ၊ Yala စတဲ့ ပြည်နယ် တွေမှာ
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုတွေ ပိုမိုဆိုးဝါး
လာခဲ့ပါတယ်။
ထိုင်းနိုင်ငံ အတွင်း နှစ်သစ်ကူး ပွဲတော် လာရောက် ကျင်းပတဲ့ မလေးရှားနဲ့ စင်္ကာပူ လူမျိုး နိုင်ငံခြား ခရီးသည် တွေကလည်း ရေကြီး ရေလျှံမှုကြောင့် ကားလမ်း တွေနဲ့ မီးရထား လမ်းတွေ ပျက်စီးခဲ့တဲ့ အတွက် ၎င်းတို့ တည်းခိုရာ ဟိုတယ်တွေမှာ သောင်တင် နေခဲ့ပါတယ်။ အခုအခါ Narathiwa ပြည်နယ်ရှိ ဒေသ ၈ခုကို ကပ်ဘေး ဆိုက်ရာ ဒေသအဖြစ် သတ်မှတ် ခဲ့ပါတယ်။ Yala ပြည်နယ်ရှိ မိုးလေ၀သနဲ့ ဇလဗေဒ စခန်းမှ ပြောကြားချက် အရ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီ မိုးသည်းထန်စွာ ရွာသွန်းမှုဟာ ထိုင်းပင်လယ်ကွေ့ အတွင်းကို အရှေ့တောင် မုတ်သုံလေ ၀င်ရောက်ခဲ့တဲ့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။
MRTV-4

1/04/2012 06:04:00 PM
ထိုင်းတောင်ပိုင်းရှိ မြန်မာများ ရေဘေးကြုံနေ
ထိုင်းနိုင်ငံတောင်ပိုင်း၌ နှစ်သစ်ကူးကာလ ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွား၍ ထောင်နှင့်ချီ သော မြန်မာ အလုပ်သမားများလည်း ရေဘေးဒုက္ခ ကြုံတွေ့နေကြရကြောင်း သတင်းရရှိသည်။
ဆုံခလာခရိုင် ဟတ်ယိုင်မြို့နယ်ရှိ ထုံးလုံအရပ်တွင် နှစ်သစ်ကူးည ၁၂ နာရီနောက်ပိုင်းအချိန်၌ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ပေါ်မှရေလုံးကြီးများထိုးဆင်းလာသဖြင့် ကားလမ်းမများအပါအ၀င် စက်ရုံအလုပ်ရုံများလည်း ရေလျှံနစ်မြုပ်နေ၍ ပိတ်ထားရကြောင်း သိရသည်။
“အခု သတင်းမှာပါတဲ့ ထုံးလုံက မြန်မာပြည်သား အများဆုံးနေတဲ့ နေရာတဲ့၊ အဲဒီမှာ လူ ၁၀၀၀၀ ကျော်နေတယ်”ဟု အလုပ် သမားများအရေး ကူညီဆောင်ရွက်ပေးနေသော မြန်မာပြည် ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ(TACDB)မှ စေတနာ့ ၀န်ထမ်း ဦးဝင်းက ဧရာဝတီသို့ ပြောပြသည်။
ဆုံခလာ ခရိုင်တခုလုံးတွင် မြန်မာ အလုပ်သမား ၄၀၀၀၀ ခန့်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
ပိတ်ထားရသည့် စက်ရုံများတွင် မြန်မာအလုပ်သမား ၁၀၀၀ ကျော်ရှိသော ဆစ်စကင်း လက်အိပ်စက်ရုံသည် အဆိုးဝါးဆုံးဖြစ်ကြောင်း ဦးဝင်းက ဆက်ပြောသည်။
“ဆစ်စကင်း လက်အိပ်စက်ရုံ မှာဆိုရင် လူတရပ်လောက်ကို နစ်သွားတယ်၊ ဒါကြောင့် စက်ရုံပိတ်ထားလိုက်ရတယ်”ဟု ၎င်းက ဆို သည်။
ဆစ်စကင်း စက်ရုံရှိ အလုပ်သမားများ နေထိုင်သောတိုက်မှာ ၅ ထပ်ရှိပြီး အောက်ထပ်တခုလုံး ရေနစ်သွားခဲ့ကြောင်း၊ ထို့ကြောင့် သောက်သုံးရေ နှင့် လျှပ်စစ်မီးပြတ်တောက် သွားခဲ့ကြောင်း သိရသည်။
ရေဘေးကြုံရသော ဆစ်စကင်း စက်ရုံမှ မြန်မာ အလုပ်သမားများကို နီးစပ်ရာ စာသင်ကျောင်းများနှင့် ဆွေမျိုးသားချင်းများထံ ပြောင်းရွှေ့ထားကြောင်း ဆစ်စကင်း စက်ရုံအနီးရှိ ရာဘာစက်ရုံတွင်လုပ်နေသော အလုပ်သမား ကိုခိုင်စိုးက ပြောပြသည်။
သူက ဆက်လက်ပြီး“ဇန်န၀ါရီလ ၁ ရက် စတဲ့အချိန်ပေါ့၊ ဟက်ပီးနယူးရီးယား အော်နေကြတုန်းမှာပဲ မိုးစရွာလာတယ်၊ မိုးက တော် တော်ကြီးတယ်၊ မိုးလင်းဘက် ၄ နာရီလောက်ရောက်တော့ ရေလုံးကြီးတွေ မြို့ထဲကို ထိုးဆင်းလာတယ်၊ တောင်ကျရေပေါ့၊ ဒါကြောင့် အဝေးပြေးလမ်းမကြီးတွေ ရေလွှမ်းမိုးသွားတယ်၊ စက်ရုံတွေ ရေမြုပ်သွားတယ်”ဟု ပြောသည်။
ယင်း ရေဘေးဒုက္ခသည်များကို စက်ရုံတာဝန်ခံများက ကောင်းမွန်စွာကူညီကြသဖြင့် အခက်အခဲမရှိကြောင်း ဆစ်စကင်း စက်ရုံမှ မြန်မာ အလုပ်သမား ကြီးကြပ်ရေးမှူး က ဆိုသည်။
“ရေဘေးဒုက္ခသည်တွေအတွက် စက်ရုံက အားလုံးတာဝန်ယူပေးပါတယ်၊ ရေဘေးလွတ်ရာမှာ ယာယီရွှေ့ထားပြီး တနေ့ကို ထမင်း သုံးနပ်ကျွေးတယ်၊ ရေကြီးလို့ အလုပ်ပျက်ပေမယ့် အဲဒီရက်တွေအတွက် လုပ်အားခကိုလည်း ထုတ်ပေးထားပါတယ်”ဟု ၎င်းက ပြောသည်။
ရေလွှမ်းမိုးခံရသည့် ဒေသများမှာ ဟတ်ယိုင်၊ ပါတနီ၊ နာရာသီဝ၊ ရလာမြို့များ ပါဝင်ကြောင်း သိရသည်။
ထိုင်းတောင်ပိုင်း ရလာခရိုင် ၆ မြို့နယ်ရှိ လူဦးရေ ၅၂၀၀၀ နီးပါး ရေဘေးကြုံနေရကြောင်း၊ နာရာသီဝပ် ခရိုင် ၁၁ မြို့နယ်တွင် လည်း ရေဘေးကြုံနေရပြီး အစိုးရထံ အကူအညီများ တောင်းခံထားကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင်လည်း ဖော်ပြထားသည်။
ထိုင်းတောင်ပိုင်းရှိ မြန်မာအလုပ်သမား အများစုမှာ ဆောက်လုပ်ရေးလုပ်ငန်း၊ ပန်ရံလုပ်ငန်း၊ ရေလုပ်ငန်း၊ စက်ရုံ အလုပ်ရုံများနှင့် စားသောက်ဆိုင် လုပ်ငန်းများတွင် အဓိက လုပ်ကိုင်လျက် ရှိကြသည်။
ယမန်နှစ်ကလည်း ထိုင်းနိုင်ငံအလယ်ပိုင်းနှင့် ဘန်ကောက်မြို့အနီးတ၀ိုက် ဒေသများတွင် ရေလွှမ်းမိုးခဲ့သဖြင့် မြန်မာ အလုပ် သမား သိန်းနှင့်ချီပြီး ရေဘေးဒုက္ခ ကြုံခဲ့ရဖူးကြသည်။
ဘစောတင် (ဧရာဝတီ)

1/04/2012 06:01:00 PM
နိုင်ငံတော်သီချင်းကို သရော်ထားတဲ့ RepMix သီချင်း (ရုပ်/သံ)
နိုင်ငံ့ခေါင်းဆောင်တွေက နိုင်ငံတော် အလံကို ပြည်သူ့ ဆန္ဒ မခံယူဘဲ
ပြောင်းချင်သလို ပြောင်းတယ်... အဲ အနုပညာရှင်တွေက နိုင်ငံတော်
သီချင်းကိုဖျက်၊ ဒီဂျေနဲ့ နိုင်ငံတော်ကို သရော်တယ်။ ကဲ... ဘယ်လို
ဘယ်ပုံနဲ့ ဘယ်သူ့ ကို အပြစ်တင်ရမှာလည်း... စဉ်းစားကြည့်ကြဦး။
သစ်ထူးလွင်
1/04/2012 05:49:00 PM
မီးဘေးသင့် ပြည်သူတွေကို ပြန်ခိုင်းနေပြီ (ရုပ်/သံ)
ရွှေညဝါ ဆရာတော်ရဲ့ညွှန်ကြားချက်နဲ့ တပည့် သံဃာတွေက မင်္ဂလာတောင်ညွှန့်မြို့နယ် က မီးဘေးသင့် ပြည်သူတွေကို ဆန်နဲ့ အစား အသောက်တွေ
လူသုံးကုန် ပစ္စည်းတွေကို သွားရောက် လှူဒါန်း ခဲ့ကြပါတယ်။ အဲဒီလို သွားရောက် လှူဒါန်းရင်းက စာသင် ကျောင်းတွေမှာ ကူညီစောင့် ရှောက်ထားတဲ့
မီးဘေးသင့် ပြည်သူတွေကို အာဏာပိုင်တွေက ပြန်ခိုင်းလိုက်ပြီ ဆိုတာ သိခဲ့ရတယ်လို့ အလှူရှင်တွေနဲ့ အတူ သွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုကိုကြီး (စမ်းချောင်း)က ပြောပါတယ်။
ဘားမားဗီဂျေ

1/04/2012 04:27:00 PM
၆၂-၀၇ တွေ့ဆုံပွဲ
![]() |
| ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားစဉ် |
အဆိုပါတွေ့ဆုံပွဲသို့ ၁၉၆၂ခု နှစ်၊ ၁၉၆၉ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၅ ခုနှစ်၊ ၁၉၇၆ခုနှစ်၊ ၁၉၈၈ခု နှစ်၊ ၁၉၉၆ခုနှစ်၊ ၁၉၉၈ခုနှစ်နှင့် ၂၀၀၇ ခုနှစ်များ၌ ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူများအနက် တက်ရောက်နိုင်သူများ တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံ ပွဲကို တရားမျှတမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ရဲရဲရင့်ရင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အနစ်နာခံပေးဆပ်ခဲ့သူများ နွေးထွေးစွာပြန်လည် ဆုံတွေ့ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဦးကိုကိုလေးမှ ဦးဆောင်စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများ
တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဆရာဦးဝင်းတင်၊ NLD အမှုဆောင်များ
EMG
သစ်ထူးလွင်
1/04/2012 04:15:00 PM
အမျိုးသားသွေးစည်းညီညွတ်ရေး ပြည်သူလူထုအားလုံး တက်ညီလက်ညီဆောင်ရွက်ပေးရန် တိုက်တွန်း
![]() |
| (၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်ရုံးတွင် ကျင်းပစဉ် |
ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ဇန်န၀ါရီလ ၄ ရက်နေ့က ကျင်းပခဲ့သည့် (၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား၌ ဖတ်ကြားခဲ့သော ကြေညာချက်တွင် အထက်ပါအတိုင်း တိုက်တွန်း ခဲ့ခြင်း ဖြစ်သည်။
''မိမိတို့နိုင်ငံ၏ ပကတိအခြေ အနေများကို မှန်ကန်စွာ ဆန်းစစ်လေ့လာကြည့်လျှင် လွတ်လပ်ရေးကို အသက်ပေး၍ ကြိုးပမ်းခဲ့ကြသော ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ဒီမိုကရေစီအခွင့်အရေးများနှင့် နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို တိုင်းသူပြည်သားများ မခံစားကြရသေးပါ။ အဆိုပါအခွင့်အရေးများ ခံစားစံစားနိုင်ကြရန် အမျိုးသားသွေးစည်းညီညွတ်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်အောင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအားလုံးက စိတ်ဆန္ဒထက်သန်စွာ တက်ညီလက်ညီ ဆောင်ရွက်ပေးပါရန် ဤ လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်ကြီးတွင် လေးနက်စွာ တိုက်တွန်းကြောင်း ကြေညာလိုက်ပါသည်''ဟု အဆိုပါ ကြေညာချက်က ဆိုသည်။
ထို့ပြင် "အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ညီညွတ်ရေးတို့နှင့် စပ်လျဉ်း၍ 'ကျွန်မတို့ခေတ်မှာ အရင်ခေတ်အဆက်ဆက်က မရခဲ့တဲ့ ငြိမ်းချမ်းရေးကို ရအောင်လုပ်နိုင်ဖို့ အခွင့်အရေးရနေပြီဆိုတဲ့ စိတ်တွေထားပြီးတော့ ဒီအခွင့်အရေးကို လက်မလွှတ်တမ်း ဆုပ်ကိုင်ဖို့ အရေးကြီးပါတယ်။ အခွင့်အရေးဆိုတာ တစ်ခါတလေ တော်တော်နဲ့ ပြန်မလာတတ်ဘူး။ လာတဲ့အခါမှာ ရအောင်ဆုပ်ကိုင်ရမယ်။ ဒီအခွင့်အရေးကို အများအ ကျိုးအတွက် ဖြစ်အောင်လို့ သုံးစွဲသွားရမယ်။ အဲဒီလိုစိတ်နဲ့ ကျွန်မတို့ အားလုံးဆက်ပြီးတော့ သွားနိုင်လို့ရှိရင် ကျွန်မတို့ရဲ့နိုင်ငံထဲမှာ မကြာမီကာလမှာ အားလုံးလိုချင်တဲ့ ငြိမ်းချမ်းတဲ့ လူ့အခွင့်အရေးကို အပြည့်အ၀ အကာအကွယ်ပေးတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာမှာပါ'ဟု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပသော နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိခြင်း နှစ်(၂၀)ပြည့် ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြောကြားခဲ့ပြီး ဖြစ်ပါသည်။''ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
အခမ်းအနား သဘာပတိ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ''အမျိုးသားရင်ကြားစေ့ရေးဆိုတာ မရှိမဖြစ် တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် လိုအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ အမျိုးသားရေးဆိုတာ တစ်ဦးတစ်ယောက်တည်း၊ တစ်ဖွဲ့တစ်စည်းတည်း လုပ်ဆောင်၍မရဘဲ တစ်နိုင် ငံလုံးရှိ ပြည်သူအားလုံးနှင့် သက်ဆိုင်ပါတယ်''ဟု ၎င်း၏ မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် မီဒီယာများက ဒေါ်အောင်ဆန်းစုကြည်အား မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်အရ ပြန်လည်လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအရ အရေးပါသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ပါဝင်လာမှု မရှိခြင်းနှင့်ပတ်သက်၍ ၀ိုင်းဝန်းမေးမြန်းခဲ့သော်လည်း မှတ်ချက်တစ်စုံတစ်ရာ မပြောကြားခဲ့ပေ။
သို့ရာတွင် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ''နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီအင်အားစု ခေါင်းဆောင်တွေ ဒီနေ့အထိ အချို့လောက်ပဲ (လွတ်သေးတယ်) အများကြီး ကျန်နေသေးတယ်ဆိုတာ ကျွန်တော်တို့ သတိပြုရအောင်လို့ပါ။ လွှတ်တယ်ဆိုတာက လွတ်ငြိမ်းချမ်းသာခွင့်လို့ ပြောတယ်။ သူတို့ပေးတာဟာ အပြစ်လျှော့တယ်ပေးတယ်လို့ ကျွန်တော် သဘောပေါက်တယ်။ ပြစ်ဒဏ်လျှော့တာကလည်း ရက်ရက်ရောရော မဟုတ်ဘူး''ဟု နိဂုံးချုပ် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
''ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုနှင့် တိုင်းရင်းသားအားလုံးတွေရော နိုင်ငံတွင်းမှာရော၊ နိုင်ငံတကာကပါ ကျန်ရှိနေသေးတဲ့ အင်မတန်ပဲ ဆင်းရဲကြီးမားမှုခံစားနေရတဲ့ သူတို့ရဲ့မိသားစုတွေရော ကျန်တဲ့ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေရော လွတ် ကို လွတ်ရမယ်ဆိုပြီးတော့ သန္နိဋ္ဌာန်နဲ့ ကျွန်တော်တို့ ၀ိုင်းလုပ်ရမယ်လို့ ကျွန်တော်မြင်တယ်။ နယ်စပ်ကိစ္စကိုလည်း အေးချမ်းချင်ပါတယ်။ တိုင်းရင်းသားအားလုံးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အေးချမ်းသွားလို့ရှိရင် စိတ်စေတနာ သန့်သန့်လုပ်သွားမယ်ဆိုရင် အေးချမ်းမှာဖြစ်ပါတယ်။ အခု အေးချမ်းနိုင်မယ့်အလင်းရောင် မြင်နေရတယ်။ ဒီအလင်းရောင်ကို ရှေ့ဆက်ပြီးတော့ ထွန်းတောက် စေချင်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ သံတမန်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပါတီဝင်များ ရာကျော်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
EMG
သစ်ထူးလွင်
1/04/2012 04:13:00 PM
အမှိုက်သိမ်းခ နှစ်ဆတိုးမည်
![]() |
| ရန်ကုန်မြို့ မှ လမ်းဘေးအမှိုက်ပုံတခုမြင်ကွင်း (ဓါတ်ပုံ-Google Images) |
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ ရန်ကုန်တစ်မြို့လုံး၏ သန့်ရှင်းရေးဆောင်ရွက်ခများကို ယခင်ကောက်ခံသော နှုန်းထား၏ နှစ်ဆ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သတင်း ရရှိသည်။
''ရန်ကုန်တစ်မြို့လုံးရဲ့ သန့်ရှင်းရေးဆောင်ရွက်ခတွေကို ယခုနှစ် ဇန်န၀ါရီလမှစတင်ပြီး ယခင်နှုန်းထားရဲ့ နှစ်ဆ တိုးမြှင့်ကောက်ခံမှာဖြစ်ပါတယ်။ သန့်ရှင်းရေး လုပ်ငန်းလုပ်တဲ့အခါမှာ လိုအပ်တဲ့ပစ္စည်း၊ ယာဉ်၊ ၀န်ထမ်း လုပ်အားခ၊ ၀န်ထမ်းတွေအ တွက် လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေ ၀ယ်ဖို့အတွက် အရင်ကောက်နေတဲ့နှုန်းထားနဲ့ မညီမျှတဲ့အတွက် တိုးမြှင့်ကောက်ခံရတာဖြစ်ပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ရန်ကုန်မြို့၏ သန့်ရှင်းရေး ဆောင်ရွက်ခများကို ရေဖိုးရေခ၊ မြေခွန်၊ ယာပြတ်အခွန်စသည်တို့နှင့် ပေါင်းစည်း၍ သုံးလတစ်ကြိမ် ကောက်ခံခြင်းဖြစ်ကြောင်း၊ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ဥက္ကလာပ စသောမြို့နယ်များတွင် ယခင်တစ်ရက်လျှင် ငါး ကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ကျပ် ၄၅၀ အစား နှုန်းထားအသစ်ဖြင့် တစ်ရက်လျင် ၁၀ ကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ကျပ် ၉၀၀ ကောက် ခံသွားမည်ဖြစ်ကြောင်း သိရသည်။ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း စသော မြို့တွင်းဆက်စပ် မြို့နယ်များတွင် သန့်ရှင်းရေးဝန် ဆောင်ခအဖြစ် တစ်ရက်လျင် ခုနစ် ကျပ်ခွဲနှုန်းဖြင့် သုံးလတစ်ကြိမ် ၆၇၅ ကျပ်အစား နှုန်းထားအသစ်ဖြင့် တစ် ရက်လျင်ကျပ် ၁၅ ကျပ်ဖြင့် သုံးလ တစ်ကြိမ် ၁၃၅၀ နှုန်းဖြင့်ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ရှင်းရေးဆောင်ရွက်ခ တိုးမြှင့်ကောက်ခံတာနဲ့အတူ ကောင်းမွန်တဲ့ ၀န်ဆောင်မှုပေးဖို့ မျှော်လင့်ပါတယ်။ ပိုက်ဆံလည်း တိုးကောက်တယ်။ ၀န်ဆောင်မှုလည်း အခုလိုပဲဆိုရင်တော့ အဆင်မပြေနိုင်ဘူးပေါ့။ ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့ အခွန်အခပေးပြီး ထိုက်သင့်တဲ့ ၀န်ဆောင်မှုမျိုးကို ပြန်ရချင်ပါတယ် . . .
မြို့တွင်း Down Town ခြောက် မြို့နယ်တွင်မူ ယခင်တစ်ရက်လျင် ကျပ် ၁၀ နှုန်းဖြင့် သုံးလတစ်ကြိမ် ကျပ် ၉၀၀ အစား နှုန်းထားအသစ် ဖြင့် တစ်ရက်လျှင် ကျပ် ၂၀ နှုန်း ဖြင့် သုံးလတစ်ကြိမ် ၁၈၀၀ ကောက်ခံသွား မည်ဖြစ်ကြောင်း သိရှိရပါ သည်။ ရန်ကုန်မြို့တွင်းရှိ သန့်ရှင်းရေး ဆောင်ရွက်ခနှုန်းထားများကို ယခင်က ဆင်ခြေဖုံးမြို့နယ်များတွင် တစ်ရက်လျှင် ၁ ကျပ်၊ မြို့တွင်းနှင့် ဆက်စပ်မြို့နယ်များတွင် ၁ ကျပ်ခွဲ နှင့် မြို့တွင်းခြောက်မြို့နယ်တွင် ၂ ကျပ်နှုန်းဖြင့် ကောက်ခံခဲ့ရာမှ ၂၀၀၅ -၂၀၀၆ ဘဏ္ဍာရေးနှစ်တွင် ဆင်ခြေ ဖုံးမြို့နယ်များအား တစ်ရက်လျှင် ၅ ကျပ်၊ မြို့တွင်းနှင့်ဆက်စပ်မြို့နယ် များအား ခုနစ်ကျပ်ခွဲနှင့် မြို့တွင်း မြို့နယ်များတွင် ၁၀ ကျပ်နှုန်းသို့ တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။
''သန့်ရှင်းရေး ဆောင်ရွက်ခတိုး မြှင့်ကောက်ခံတာနဲ့အတူ ကောင်းမွန်တဲ့ဝန်ဆောင်မှုပေးဖို့ မျှော်လင့်ပါတယ်။ ပိုက်ဆံလည်း တိုးကောက် တယ်။ ၀န်ဆောင်မှုလည်း အခုလိုပဲဆိုရင်တော့ အဆင်မပြေနိုင်ဘူးပေါ့။ ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့အခွန်အခပေးပြီး ထိုက်သင့် တဲ့ ၀န်ဆောင်မှုမျိုးကို ပြန်ရချင်ပါတယ်'' ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပြခဲ့သည်။
EMG
သစ်ထူးလွင်
1/04/2012 04:10:00 PM
ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို ဆန့်ကျင်ဆန္ဒပြ
![]() |
ဓါတ်ပုံ(EMG) |
မကြာမီ တည်ဆောက်တော့မည့် ထားဝယ် စီမံကိန်းတွင် ပါဝင်သည့် မဂ္ဂါဝပ် ၄၀၀၀ ရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို ဆန့်ကျင်သည့် လူဦးရေ ၂၀၀ ကျော် ပါဝင်သော Green Development လှုပ်ရှားမှု တစ်ရပ်ကို ထားဝယ်ဒေသ မောင်းမကန် ကမ်းခြေနှင့် စီမံကိန်း ဧရိယာ အတွင်းရှိ ကျေးရွာများတွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) ၌ ပြုလုပ်ခဲ့ကြောင်း ယင်းလှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
The Voice Weekly
သစ်ထူးလွင်
1/04/2012 04:04:00 PM
ရခိုင် သဘာဝဓါတ်ငွေ့ ရခိုင် လျှပ်စစ်မီးသုံးရအောင် တင်ပြမည်
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ
ကူမင်းမြို့သို့ သွယ်တန်းဖောက်လုပ်နေသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ
ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့သိုက်မှထွက်ရှိသော
သဘာဝဓာတ်ငွေ့များဖြစ်ပြီး ယင်းသဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့တင်ပို့
ရောင်းချခြင်းအား ဒေသခံများအနေဖြင့် လက်ခံသော်လည်း ဒေသဖွံ့ဖြိုးရေးနှင့်
ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရေးအတွက် ထည့်သွင်းစဉ်းစားပေးရန် ပြည်ထောင်စု
အစိုးရအား တင်ပြသွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
(RNDP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၏ ပြောကြားချက်အရ သိရှိရသည်။
ယင်းသဘာဝဓာတ်ငွေ့ပိုက် လိုင်းမှာ အရှည်မိုင် ၆၉၀ ရှိသော ရေနံပိုက်လိုင်းနှင့်အပြိုင် သွယ်တန်းဖောက်လုပ်နေခြင်းဖြစ်ပြီး အဆိုပါ ရေနံပိုက်လိုင်းမှာအာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ တင်ဆောင်လာသည့် ရေနံများအား တရုတ်နိုင်ငံသို့ တင်သွင်းရန် မြန်မာနိုင်ငံ ကျောက်ဖြူမြို့မှတစ်ဆင့် တရုတ်နိုင်ငံကူမင်းမြို့သို့ မြန်မာနိုင်ငံကုန်းတွင်းပိုင်းကို ဖြတ်၍ဖောက်လုပ်သော ပိုက်လိုင်းဖြစ်သည်။ အဆိုပါရေနံပိုက်လိုင်းမှ တစ်နှစ်လျှင် ရေနံတန်ချိန် ၂၂ သန်း (တစ်နေ့လျင်စည်ပေါင်း ၄၄၀၀၀၀) တရုတ်နိုင်ငံသို့ တင်သွင်းရန်ရည်ရွယ်ထားကြောင်းလည်း သိရှိရသည်။ ယင်းသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ အရှည်မိုင် ၁၁၂၃ မိုင်ရှိကြောင်း ရခိုင်ကမ်းလွန် ဘင်္ဂလားပင်လယ်အော်ထဲရှိ ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်၏ Block A1 နှင့် A3 မှ တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာပေါင်း ၁၂ ဘီလျံထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းအား ဒေ၀ူးကုမ္ပဏီမှ ဦးဆောင်၍ပြုလုပ်နေပြီး ယူနန်ပြည်နယ်နှင့် အခြားတရုတ်နိုင်ငံ အနောက်တောင်ဒေသများသို့ပါ သွယ်တန်းသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့မည့်အထဲတွင် CNPC ၏ ရှယ်ယာ ၅၀.၉ ရာခိုင် နှုန်းဖြစ်ပြီး မြန်မာဘက်မှ MOGE ၏ ရှယ်ယာ ၄၉.၁ ရာခိုင်နှုန်းရရှိ ထားကြောင်း The National Bureau of Asian Research 2010 အရ သိရှိရသည်။ ယင်းအနေအထားတစ်ရပ်တွင် လက်ရှိအစိုးရ၏ ဖွံ့ဖြိုးရေးအစီအစဉ်များ လုပ်ဆောင်နေမှုကို ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သော ရခိုင်တိုင်းရင်းသားများအနေဖြင့် ထောက်ခံကြောင်း၊ သို့သော် ဒေသဖွံ့ဖြိုးရေးအား ပြန်လည်လုပ်ဆောင်ပေးစေလိုကြောင်း ဒေသခံများက ပြောပြခဲ့သည်။
''ကျွန်တော်တို့ ပြည်ထောင်စု စိတ်ဓာတ်ရှိပါတယ်။ ပြည်ထောင်စုရဲ့ သယံဇာတတွေအပေါ်မှာ အခြေတည်ပြီးဖြစ်လာတဲ့ အကျိုးစီးပွားကိုလည်း ဒီပြည်ထောင်စုကြီးက အကျိုးခံစားခွင့်ရှိရမှာပါ။ ဒီနေရာမှာ ပြည်သူတွေရဲ့ ဆန္ဒကိုတော့ ထည့်တွက်ဖို့ လိုပါလိမ့်မယ်။ ဒီနိုင်ငံကသယံဇာတတွေကို ဒေသဖွံ့ဖြိုးရေးနဲ့ နိုင်ငံတော်ဝင်ငွေရရှိဖို့ တခြားနိုင်ငံကို ရောင်းချတာ လက်ခံပါတယ်။ ဒါပေမယ့် လက်ရှိအစိုးရသည် ဒီမိုကရေစီ အစိုးရဖြစ်နေတဲ့ အတွက် လူထုရဲ့အမြင်ပေါ်မှာတော့ လေးစားဖို့ လိုအပ်ပါလိမ့်မယ်။ အခုက ဓာတ်ငွေ့ပိုက် လိုင်းကိစ္စကို ကန့်ကွက်နေတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာတော့ လျှပ်စစ်မီးရရှိစေချင်ပါတယ်။ ဒီဒေသတိုးတက်ဖို့ဆိုတာကလည်း မီးရရှိဖို့က အဓိကအရေးကြီးပါတယ်။ ရေရှည်သွားရမယ့်ကိစ္စတွေမှာ နိုင်ငံအတွက်ရော၊ လူထုအတွက်ပါ အကျိုးရှိဖို့ လိုအပ်ပါလိမ့် မယ်''ဟု ဒေါက်တာအေးမောင်က ပြောပြခဲ့သည်။
''အဓိကကတော့ ဒေသခံတွေ လျှပ်စစ်မီး လုံလုံလောက်လောက်ရရှိဖို့အပြင် ထိရောက်တဲ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံသူတွေက တာဝန်ယူဖို့ လိုပါတယ်။ နိုင်ငံတကာစံနှုန်းတွေမှာလည်း ဒါတွေက ပါပြီးသားပါ''ဟု ဒေသခံတစ်ဦးက ပြောပြခဲ့သည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း ကျင်းပမည်ဖြစ်သော တတိယအကြိမ်မြောက် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးဘတ်ဂျက်များကို ပြည် ထောင်စုလွှတ်တော်သို့ တင်ပြမည်ဖြစ်ရာ ရခိုင်ကမ်းလွန်ဒေသအတွင်း တူးဖော်နေသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှရရှိသော အကျိုးအမြတ် များနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးရရှိရေးအတွက် ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ အဆိုပါရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်ကို ၂၀၀၃ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များကို ပင်လယ်ရေအောက်မှ ကျောက်ဖြူသို့ သွယ်တန်းမည့်လုပ်ငန်းပိုင်းတွင်မူ ၄၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းနှင့် မဒေးကျွန်းရေနက် ဆိပ်ကမ်းမှာမူ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလုပ်ကွက်နှစ်ခုမှ ၂၀၁၃ ခုနှစ်မှစ၍ နှစ်ပေါင်း ၃၀ ခန့်အတွင်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။
''အဓိကတရုတ်နိုင်ငံအတွက်ကတော့ ရေနံပိုက်လိုင်းက အဓိက ဖြစ်နေတယ်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကရတဲ့ သဘာဝဓာတ်ငွေ့တွေကို ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် ပြန်လည်ထောက်ပံ့ပေးသွားမယ်ဆို ပြီးသူတို့ ဘက်က ပြောနေကြတာလည်း ရှိတယ်''ဟု တရုတ်-မြန်မာနယ်စပ်မှ မြန်မာလူမျိုးတစ်ဦးက ပြောပြခဲ့သည်။

1/04/2012 03:59:00 PM
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း တိုက်ပြိုမူဖြစ်ပွား
မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်၊ ၁၂၄ လမ်းအမှတ် ၂၂ ရှိ သုံးထပ်တိုက်တစ်လုံးမှာ ဇန်န၀ါရီလ
လေးရက်နေ့ နေ့လည်ပိုင်းက ပြိုကျမူဖြစ်ပွားခဲ့ကြောင်းသိရသည်.။
အဆိုပါတိုက်မှာ ၁၉၅၁ ခုနှစ်တွံင် နှစ်ထပ်တိုက် အဖြစ် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၆ ခုနှစ်တွင်
အလွှာထပ်တိုး ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ယခုပြိုကျမူမှာ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်တွင် အဆိုပါတိုက် .
သုံးလွှာ ညာဘက်ခန်း ၏ရေချိုးခန်းနှင့် အိမ်သာမှ စတင်ရ်ုပြိုကျခြင်း ဖြစ်ပြီး ၁၁ နာရီ၁၅ မိနစ်အချိန်တွင်.
ဒုတိယထပိသို့ကျွံကျသွားခဲ့ခြင်းဖြစ်ကြောင်း အခန်းပိုင်ရှင် ဒေါ်ချိုချိုကပြောသည်.။
“ကူ့းတို့ဆိပ်ရပ်ကွက်မှာ ပေါက်ကွဲမှုဖြစ်ပြီးတဲ့အချိန်ကစပြီး အိမ်မှာရှိတဲ့ အင်္ဂတေတွေက ခဏခဏ ကွဲအက်ပြီး
နည်းနည်းစီ ပြိုကျလာတဲ့အပြင် ရေချိုးခန်းနဲ့ အိမ်သာ တံခါးတွေက်လည်းပိတ်လို့မရတော့ဘူး.၊ အခုဖြစ်နေတဲ့
အချိန်မှာ ကျွန်မက အိမ်သာထဲဝင်နေတုံး မီးဖိုခန်းကအင်္ဂတေတွေ တဖြည်းဖြည်းပဲ့ကျလာတာ ပိုများလာတဲ့အတွက်
အိမ်သားတွေနဲ့ အောက်ထပ်မှာ နေကြတဲ့သူတွေကို အကြောင်းကြားပြီး အောက်ကိုပြေးဆင်းခဲ့တာ ၊
နောက်ဆယ့်ငါးမိနစ်လောက်လည်း ကြာရော နောက်ဖေးခန်းက အောက်ထပ်ကို လုံးဝပြိုကျသွားတော့တာပဲ “
ဟု၎င်းကပြောသည်။

ထိုပြိုကျမုဖြစ်စဥ်ကြောင့် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ကြောင်းနှင့် မီးသတ်ဦးစီးဌာန
စစ်ဆေးချက်အရ ယခုပြိုကျလာသော သံမံတလင်းကြမ်းခင်းနှင့် တတိယထပ်မှာ အထပ်မြင့် တည်ဆောက်
ရာတွင် အောက်ခံ သံချောင်းများပေါ် အင်္ဂတေခင်းထားခြင်းမဟုတ်ဘဲ သစ်သားလျှာထိုးပြာများပေါ်တွင်သာ
အင်္ဂတေလောင်းထားသည် ကို စစ်ဆေးတွေ့၇ှိရကြောင်းသိရသည် …။
သူရထွန်း (ပေါ်ပျူလာဂျာနယ်)

1/04/2012 03:48:00 PM
(၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်း
ယနေ့ နံနက် ၁၁း၀၀ နာရီ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး
သစ်ထူးလွင်
1/04/2012 03:32:00 PM
ဝါရင့်လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းစကားပြောကြား (ရုပ်/သံ)
ASSK's speech at 64th anniversary of Independence Day
၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝါရင့်နိုင်ငံရေးသမားဟောင်းများ
ဘားမားဗီဂျေ
သစ်ထူးလွင်
1/04/2012 03:25:00 PM
(၆၄)နှစ်မြောက် လွတ်လပ်ရေးအခမ်းအနား (ဓါတ်ပုံ)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား သတင်းဓာတ်ပုံများ
သစ်ထူးလွင်
1/04/2012 03:13:00 PM
ဒိန်းမတ်ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံမည်
ပူးပေါင်းဆောင်ရွက်မှု
လုပ်ငန်းများ အရှိန်မြှင့်တင်ရန် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ခရစ်စတီယန်းဖရစ်ဘာ့သည် ဇန်န၀ါရီလ ၆
ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။ မစ္စတာဘာ့၏
ခရီးစဉ်တွင် နေပြည်တော်၌ အစိုးရဌာန အကြီးအကဲများနှင့် လည်းကောင်း၊
ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြား
နိုင်ငံရေးခေါင်းဆောင်များနှင့် လည်းကောင်း တွေ့ဆုံမည်ဖြစ်ပြီး
ရှမ်းပြည်နယ်တွင် ဒိန်းမတ်အစိုးရ၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအား
ကြည့်ရှုရန်နှင့် အဆိုပါ လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများကိုလည်း
တွေ့ဆုံသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ဒိန်းမတ်နိုင်ငံ သံရုံးမှ
သတင်းထုတ်ပြန်ခဲ့သည်။ ဒိန်းမတ်နိုင်ငံသည် မြန်မာလူမျိုးတို့အတွက်
လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီများကို
ပေးအပ်လာသည်မှာ ဆယ်စုနှစ်များစွာကပင် ဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး
လုပ်ငန်းများတွင်လည်း အဓိက ကူညီပံ့ပိုးပေးနေသည်။ ပညာရေး၊ ကျန်းမာရေးနှင့်
အသက်မွေးဝမ်းကြောင်းမှု နယ်ပယ်များအတွက် အလှူရှင်များ၏ စုပေါင်းရံပုံငွေတွင်
ပါဝင်ထည့်သွင်းခြင်းနှင့် နိုင်ငံတကာနှင့် ပြည်တွင်းရှိ အစိုးရအဖွဲ့
မဟုတ်သော အဖွဲ့အစည်းများ၏ စီမံချက်များအား နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂
သန်းကျော် ကူညီပေးလျက်ရှိသည်ဟု ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့ထုတ်
ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။
By: သစ်ထူးလွင်
By: သစ်ထူးလွင်
သစ်ထူးလွင်
1/04/2012 06:58:00 AM
အမေရိကန် သန်းကြွယ်သူဌေး George Soros မယ်တော်ဆေးခန်း သို့ လာရောက်
အမေရိကန်နိုင်ငံမှ ပရဟိတအလှူရှင်တဦးဖြစ်သည့် သန်းကြွယ်သူဌေး
ဂျော့ဆိုးရော့စ် (George Soros) သည် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်ဒေသရှိ
လူမှုအဖွဲ့အစည်းများ၏ အခြေအနေများကို သိရှိနိုင်ရန်အတွက် မဲဆောက်မြို့ရှိ
မယ်တော်ဆေးခန်း သို့ ယနေ့နံနက်တွင် လာရောက်လေ့လာခဲ့သည်။
ဂျော့ဆိုးရော့စ်နှင့်အဖွဲ့ကို မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင် အပါအ၀င် ကျန်းမာရေး၊ ပညာရေး၊ လူမှု ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများက နယ်စပ်တွင် ၎င်းတို့ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ဒေါက်တာစင်သီယာမောင်က “ဒီနယ်စပ်ဒေသမှာရှိတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခြေအနေတွေကို သူ လာလေ့လာ တာ ဖြစ်တယ်။ သူပြောတာက ဒီနယ်စပ်ဒေသမှာ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ပြည်တွင်းမှာ ဆောင်ရွက်နေတဲ့ အနေအထားတွေနဲ့ ဘယ်လိုဆက်စပ်ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို လာရောက်လေ့လာတာလို့ ကျမတို့ကို ပြောပါတယ်။ ကျမတို့ကလည်း လက်ရှိနယ်စပ်က အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။”ဟု ပြောသည်။
ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့မှ မိခင်နှင့် ကလေး ကျန်းမာရေးအစီအစဉ် တာဝန်ခံ နော်သောသီဖောက ယနေ့ဆွေးနွေးပွဲ၌ ဂျော့ဆိုးရော့စ်က လက်ရှိနယ်စပ်တွင် မြန်မာ့အရေးအတွက် ၎င်းတို့ အကူအ ညီများ ပေးနေသည့်ကိစ္စများနှင့်ပတ်သက်၍ တစုံတရာ မှတ်ချက်ပေး ပြောဆိုမှုများမရှိဟု ဆိုသည်။
အသက် ၈၁နှစ်အရွယ်ရှိ ဂျော့ဆိုးရော့စ်သည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ရေးအတွက် အစဉ်တစိုက် ငွေကြေးအကူအညီများ ထောက်ပံ့ပေးနေသူလည်း ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီရေးနှင့် ပညာရေးအတွက် ၎င်းထူထောင်ထားသည့် Open Society Institute (OSI) အဖွဲ့က နှစ်စဉ် အမေရိ ကန်ဒေါ်လာ ၂သန်းခန့် ထောက်ပံ့ ကူညီပေးလျှက်ရှိသည်။

ဂျော့ဆိုးရော့စ်သည် မိသားစုဝင်များနှင့်အတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ရက်နေ့က မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ကာ သမတဦးသိန်းစိန် အပါအ၀င် အစိုးရထိပ်တန်း ခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့သည်။
အလားတူ ယခုလ ၂ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ သည်ဟု သိရသည်။

ဇန်န၀ါရီ ၃ရက်။ ရွှေသိုက်တော
သစ်ထူးလွင်
1/04/2012 06:23:00 AM
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျော့ဆိုးရော့စ် တွေ့ ဆုံ
အမေရိကန် အခြေစိုက် Open Society Institute (OSI) ကို ထူထောင်သူ
ဂျော့ဆိုးရော့စ် George Soros သည် ဒေါ်အောင်ဆန်းစုကြည်အား
တက္ကသိုလ်ရိပ်သာလမ်း သူမနေအိမ်တွင် တနင်္လာနေ့ ညပိုင်းက သွားရောက်
တွေ့ဆုံခဲ့ကြောင်း NLD အသိုင်းအဝိုင်းက ပြောသည်။
တနာရီကြာ တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်သဖြင့် ဆွေးနွေးချက်များကို ဗဟိုဌာနချုပ် မှ မသိရသော်လည်း ပညာရေးကိစ္စများ ပါနိုင်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ယူဆသည်။
“ဒီပုဂ္ဂိုလ်က သူ့ရဲ့အတွေးအခေါ်မှာ ဆင်းရဲတဲ့ လူတွေကို ပေးဖို့ကမ်းဖို့တို့၊ နိုင်ငံငယ်တွေကို ပေးကမ်းဖို့၊
ကျောင်းသားတွေကို ပေးဖို့ကမ်းဖို့တို့၊ ကျနော်ထင်တယ် အခု ဒေါ်စုကလည်း ပညာရေးကိစ္စကို တော်တော် စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒီကိစ္စမျိုးတွေ ဆွေးနွေးနိုင်မယ်လို့ ယူဆ တယ်ဗျ” ဟု ဦးဝင်းတင်က မဇ္ဈိမကို
ပြောသည်။
သမ္မတဦးသိန်းစိန်နှင့်လည်း ၎င်းနေ့မနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း ဂျော့ဆိုးရော့စ်နှင့် ရန်ကုန်တွင်
တွေ့ဆုံခဲ့သူ သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က ပြောသည်။
ဒီဇင်ဘာ ၂၆ ရက်နေ့ကတည်းက မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်နေသည့် ဂျော့ဆိုးရော့သည် အင်းလေးဒေသသို့ သွားရောက်လည်ပတ်ခဲ့ပြီး တနင်္လာနေ့ ညကပင် ကိုယ်ပိုင်လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာ သွားပြီ ဖြစ်သည်။
အမေရိကန်အခြေစိုက် OSI ကို ဂျော့ဆိုးရော့စ်က ၁၉၉၃ ခုတွင် ထူထောင်ခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့ရှိ နိုင်ငံ ၇ဝ ကျော်တွင် ရုံးခွဲများထားရှိပြီး လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းလွတ်လပ်ခွင့်တို့အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀၀ ကူညီခဲ့ပြီးဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်ထားသည်။
ကိုဝိုင်း -- ချင်းမိုင် (မဇ္ဈိမ)

ဂျော့ဆိုးရော့စ်
George Soros သည် ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်း သူမနေအိမ်တွင်
သွားရောက် တွေ့ဆုံ (ဓါတ်ပုံ wikipedia.org)
“ဒီပုဂ္ဂိုလ်က သူ့ရဲ့အတွေးအခေါ်မှာ ဆင်းရဲတဲ့ လူတွေကို ပေးဖို့ကမ်းဖို့တို့၊ နိုင်ငံငယ်တွေကို ပေးကမ်းဖို့၊
ကျောင်းသားတွေကို ပေးဖို့ကမ်းဖို့တို့၊ ကျနော်ထင်တယ် အခု ဒေါ်စုကလည်း ပညာရေးကိစ္စကို တော်တော် စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒီကိစ္စမျိုးတွေ ဆွေးနွေးနိုင်မယ်လို့ ယူဆ တယ်ဗျ” ဟု ဦးဝင်းတင်က မဇ္ဈိမကို
ပြောသည်။
သမ္မတဦးသိန်းစိန်နှင့်လည်း ၎င်းနေ့မနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း ဂျော့ဆိုးရော့စ်နှင့် ရန်ကုန်တွင်
တွေ့ဆုံခဲ့သူ သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က ပြောသည်။
ဒီဇင်ဘာ ၂၆ ရက်နေ့ကတည်းက မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်နေသည့် ဂျော့ဆိုးရော့သည် အင်းလေးဒေသသို့ သွားရောက်လည်ပတ်ခဲ့ပြီး တနင်္လာနေ့ ညကပင် ကိုယ်ပိုင်လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာ သွားပြီ ဖြစ်သည်။
အမေရိကန်အခြေစိုက် OSI ကို ဂျော့ဆိုးရော့စ်က ၁၉၉၃ ခုတွင် ထူထောင်ခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့ရှိ နိုင်ငံ ၇ဝ ကျော်တွင် ရုံးခွဲများထားရှိပြီး လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းလွတ်လပ်ခွင့်တို့အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀၀ ကူညီခဲ့ပြီးဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်ထားသည်။
ကိုဝိုင်း -- ချင်းမိုင် (မဇ္ဈိမ)
သစ်ထူးလွင်
1/04/2012 06:20:00 AM
နိုင်ငံရေး အကျဉ်းသား ၃၀ ကျော်သာလွတ်မြောက်၍ နိုင်ငံရေးအင်အားစုများ စိတ်ပျက်
ယမန်နေ့ ညနေက ထုတ်ပြန်ကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့် အရ
လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ၃၀ ကျော်သာ ပါဝင်သဖြင့်
မိသားစုဝင်နှင့် နိုင်ငံရေး အင်အားစု အများစုက စိတ်ပျက်လျှက်ရှိကြောင်း
ပြောဆိုကြသည်။
ယခု လွတ်ငြိမ်းချမ်းသာခွင့်အရ သေဒဏ်ချမှတ်ခံရသူများကိုကို ထောင်ဒဏ်တစ်သက်၊ ထောင်ဒဏ်တစ်သက်အထိ မဟုတ်ဘဲ နှစ် ၃ဝ အထက် ကျခံနေရသူများကို နှစ် ၃ဝ၊ နှစ် ၂ဝ ကနေ နှစ် ၃ဝ အထိ ကျခံနေရသူများကို နှစ် ၂ဝ၊ နှစ် ၂ဝ အောက် ကျခံနေရသူများကို ချမှတ်ထောင်ဒဏ်၏ လေးပုံတစ်ပုံ သာ လျှော့ပေါ့ပေးခြင်းကြောင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခြင်းခံထားရသည့် နိုင်ငံရေး အကျဉ်းသား အများစုမှာ အကျုံးဝင်ခြင်းမရှိပဲ ဆက်လက် ကျခံနေရဦးမည်ဖြစ်သည်။
အင်းစိန် အကျဉ်းထောင်မှ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ဦးကြည်သန်း (ဟင်္သာတ)
လွတ်လာသူများထဲမှ နှစ်ကြီးကျခံနေရသည့်နိုင်ငံရေးအကျဥ်းသားများ မပါဝင်သောကြောင့် စိတ်ပျက်မိကြောင်း နိုင်ငံရေးအကျဉ်းသူ မသက်သက်အောင်၏ ခင်ပွန်း ကိုချစ်ကိုလင်းကပြောသည်။
“NLDကလည်းမှတ်ပုံတင်ပြီးသွားပြီး ။ပြီးတော့သူတို့ကိုလွှတ်တ်ာကလည်း ကြိုဆိုတယ်လို့ပြောပြီးသွားပြီး။ နောက်နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ဟီလာရီကလင်တန်တို့ကလည်းလာကြတယ် နိုင်ငံတကာမျက်နှာစာမှာလည်းအခန်းကဏ္ဍ အသစ်တွေဖွင့်နေပြီး ဒီလိုအနေအထားမျိုးမှာ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့အကျဉ်းသားတွေ ယုံကြည်ချက်ကြောင့် ကျခံနေတဲ့အကျဉ်းသားတွေကို ချွင်းချက် မရှိလွတ်ပေးသင့်ပြီ”ဟု၎င်းကပြောသည်။
ယခင်သီတင်းပတ်များက ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပြန်လည် မှတ်ပုံတင်ထားသည့် အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က တော့နိုင်ငံရေးအကျဉ်းသားအများစု မလွတ်မြောက်လာခြင်းသည့် အဖြစ်နှင့် ပတ်သတ်၍ အတော်ပင်စိတ်မကောင်းဖြစ်မိသည်ဟု YPI သို့ပြောသည်။
“ဒီမနက်ကြားတဲ့ သတင်းအရ သာယာဝတီထောင်မှာ အယောက် ၈၀ ကျော်လွတ်တာ နိုင်ငံရေးအကျဉ်းသားတွေ တယောက်မှမပါဘူးဆိုတော့ အတော့်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ အဖွဲ့ချုပ်ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်စုနဲ့ဦးဝင်းတင်တို့ပြောသလို ဒါကအမျိုးသားပြန်လည်သင့်မြတ်ရေး အတွက်အတော်ကို အချက်အချာ ကျတဲ့ဟာကို ။အခုတော့ မလွတ်လာတော့ တော်တော်ကိုစိတ်ပျက်သွားတယ်”ဟု ၎င်းကဆိုသည်။
ယနေ့ညနေ၅း၃၀ အထိ စုဆောင်းရသမျှ စာရင်းအရ ဆိုလျှင် လွတ်ငြိမ်းချမ်းသာခွင့် အရ လွှတ်ပေးသူ နိုင်ငံရေးအကျဉ်းသား ၃၀ ၀န်းကျင် သာရှိသည်ဟု စာရင်းပြုစုထားသည့် အဖွဲ့ ဖြစ်သော နိုင်ငံရေးအကျဉ်းသားကူညီရေး ကွန်ရက်မှ တာဝန်ရှိသူ ကိုတိုးကျော်လှိုင်၏ ပြောဆိုချက်အရ သိရသည်။
“ဒီနေ့ပိတ်တဲ့စာရင်းအရဆို ၃၀ ၀န်းကျဉ်ရှိပြီးပေါ့ ညနေပိုင်းမှာမန္တလေးထောင်က ရမည်းသင်းရွှေဆိုင် ဓားမြတိုက်တဲ့ကိစ္စနဲ့ဆက်စပ်ပြီး လက်နက်မှုရယ်၊ မတရားသင်းဆက်သွယ်မှုရယ်နဲ့ ၁၀ နှစ်စီဆွဲထားတဲ့ ၁၀ ယောက်လွတ်လာတယ်၊နောက်တောင်ငူထောင်က ၅ယောက်လွတ်တယ် နာမည်စာရင်းတော့ မသိသေးဘူး ဟု ကိုတိုးကျော်လှိုင်က ပြောသည်။
သို့ရာတွင် လွှတ်တော်တွင်နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ဖို့အတွက် အဆိုတင်သွင်းသူ သင်္ကန်းကျွှန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်ကတော့ ယခုတကြိမ်ပေးသည့်လွတ်ငြိမ်းချမ်းသာခွင့်ကိုကြိုဆိုကြောင်း YPI သို့ပြောသည်။ ။
“နိုင်ငံရေးအကျဉ်းသားပဲဖြစ်ဖြစ်အခြားအကျဉ်းသားပဲဖြစ်ဖြစ်အကျဉ်းသားလွတ်လာဖို့မှန်သမျှကျွှန်တော်တို့ ကြိုဆိုရမှာဖြစ်တယ်။ လွတ်လာတဲ့လူအများကြီးပဲ နိုင်ငံရေးအကျဉ်းသားတွေတော့ပါလာမှာပဲ အရေအတွက် များတာနည်းတာတော့ရှိမယ်”ဟုဆိုသည်။ ။
ဇန်န၀ါရီ ၃၊ ၂၀၁၂ (YPI)
ယခု လွတ်ငြိမ်းချမ်းသာခွင့်အရ သေဒဏ်ချမှတ်ခံရသူများကိုကို ထောင်ဒဏ်တစ်သက်၊ ထောင်ဒဏ်တစ်သက်အထိ မဟုတ်ဘဲ နှစ် ၃ဝ အထက် ကျခံနေရသူများကို နှစ် ၃ဝ၊ နှစ် ၂ဝ ကနေ နှစ် ၃ဝ အထိ ကျခံနေရသူများကို နှစ် ၂ဝ၊ နှစ် ၂ဝ အောက် ကျခံနေရသူများကို ချမှတ်ထောင်ဒဏ်၏ လေးပုံတစ်ပုံ သာ လျှော့ပေါ့ပေးခြင်းကြောင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခြင်းခံထားရသည့် နိုင်ငံရေး အကျဉ်းသား အများစုမှာ အကျုံးဝင်ခြင်းမရှိပဲ ဆက်လက် ကျခံနေရဦးမည်ဖြစ်သည်။
အင်းစိန် အကျဉ်းထောင်မှ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ဦးကြည်သန်း (ဟင်္သာတ)လွတ်လာသူများထဲမှ နှစ်ကြီးကျခံနေရသည့်နိုင်ငံရေးအကျဥ်းသားများ မပါဝင်သောကြောင့် စိတ်ပျက်မိကြောင်း နိုင်ငံရေးအကျဉ်းသူ မသက်သက်အောင်၏ ခင်ပွန်း ကိုချစ်ကိုလင်းကပြောသည်။
“NLDကလည်းမှတ်ပုံတင်ပြီးသွားပြီး ။ပြီးတော့သူတို့ကိုလွှတ်တ်ာကလည်း ကြိုဆိုတယ်လို့ပြောပြီးသွားပြီး။ နောက်နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ဟီလာရီကလင်တန်တို့ကလည်းလာကြတယ် နိုင်ငံတကာမျက်နှာစာမှာလည်းအခန်းကဏ္ဍ အသစ်တွေဖွင့်နေပြီး ဒီလိုအနေအထားမျိုးမှာ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့အကျဉ်းသားတွေ ယုံကြည်ချက်ကြောင့် ကျခံနေတဲ့အကျဉ်းသားတွေကို ချွင်းချက် မရှိလွတ်ပေးသင့်ပြီ”ဟု၎င်းကပြောသည်။
ယခင်သီတင်းပတ်များက ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပြန်လည် မှတ်ပုံတင်ထားသည့် အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က တော့နိုင်ငံရေးအကျဉ်းသားအများစု မလွတ်မြောက်လာခြင်းသည့် အဖြစ်နှင့် ပတ်သတ်၍ အတော်ပင်စိတ်မကောင်းဖြစ်မိသည်ဟု YPI သို့ပြောသည်။
“ဒီမနက်ကြားတဲ့ သတင်းအရ သာယာဝတီထောင်မှာ အယောက် ၈၀ ကျော်လွတ်တာ နိုင်ငံရေးအကျဉ်းသားတွေ တယောက်မှမပါဘူးဆိုတော့ အတော့်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ အဖွဲ့ချုပ်ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်စုနဲ့ဦးဝင်းတင်တို့ပြောသလို ဒါကအမျိုးသားပြန်လည်သင့်မြတ်ရေး အတွက်အတော်ကို အချက်အချာ ကျတဲ့ဟာကို ။အခုတော့ မလွတ်လာတော့ တော်တော်ကိုစိတ်ပျက်သွားတယ်”ဟု ၎င်းကဆိုသည်။
ယနေ့ညနေ၅း၃၀ အထိ စုဆောင်းရသမျှ စာရင်းအရ ဆိုလျှင် လွတ်ငြိမ်းချမ်းသာခွင့် အရ လွှတ်ပေးသူ နိုင်ငံရေးအကျဉ်းသား ၃၀ ၀န်းကျင် သာရှိသည်ဟု စာရင်းပြုစုထားသည့် အဖွဲ့ ဖြစ်သော နိုင်ငံရေးအကျဉ်းသားကူညီရေး ကွန်ရက်မှ တာဝန်ရှိသူ ကိုတိုးကျော်လှိုင်၏ ပြောဆိုချက်အရ သိရသည်။
“ဒီနေ့ပိတ်တဲ့စာရင်းအရဆို ၃၀ ၀န်းကျဉ်ရှိပြီးပေါ့ ညနေပိုင်းမှာမန္တလေးထောင်က ရမည်းသင်းရွှေဆိုင် ဓားမြတိုက်တဲ့ကိစ္စနဲ့ဆက်စပ်ပြီး လက်နက်မှုရယ်၊ မတရားသင်းဆက်သွယ်မှုရယ်နဲ့ ၁၀ နှစ်စီဆွဲထားတဲ့ ၁၀ ယောက်လွတ်လာတယ်၊နောက်တောင်ငူထောင်က ၅ယောက်လွတ်တယ် နာမည်စာရင်းတော့ မသိသေးဘူး ဟု ကိုတိုးကျော်လှိုင်က ပြောသည်။
သို့ရာတွင် လွှတ်တော်တွင်နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ဖို့အတွက် အဆိုတင်သွင်းသူ သင်္ကန်းကျွှန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်ကတော့ ယခုတကြိမ်ပေးသည့်လွတ်ငြိမ်းချမ်းသာခွင့်ကိုကြိုဆိုကြောင်း YPI သို့ပြောသည်။ ။
“နိုင်ငံရေးအကျဉ်းသားပဲဖြစ်ဖြစ်အခြားအကျဉ်းသားပဲဖြစ်ဖြစ်အကျဉ်းသားလွတ်လာဖို့မှန်သမျှကျွှန်တော်တို့ ကြိုဆိုရမှာဖြစ်တယ်။ လွတ်လာတဲ့လူအများကြီးပဲ နိုင်ငံရေးအကျဉ်းသားတွေတော့ပါလာမှာပဲ အရေအတွက် များတာနည်းတာတော့ရှိမယ်”ဟုဆိုသည်။ ။
ဇန်န၀ါရီ ၃၊ ၂၀၁၂ (YPI)
သစ်ထူးလွင်
1/04/2012 06:11:00 AM
လူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက် လက်တွေ့နှင့်ကွာဟမှုရှိဟုဆို
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အင်းစိန်အကျဉ်းထောင်နှင့်
လှေလှော်အင်းရဲဘက်စခန်းများသို့ သွားရောက်လေ့လာပြီးနောက် ထုတ်ပြန်လိုက်သည့်
ထုတ်ပြန်ချက်သည် အကျဥ်းထောင်များအတွင်း လက်တွေ့အဖြစ်အပျက်များနှင့်
ကွာဟလျှက်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ကပြောသည်။
ဒီဇင်ဘာ ၃၀ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်သည့် ကော်မရှင်၏ ထုတ်ပြန်ချက်တွင် အင်းစိန်အကျဉ်းထောင်နှင့် လှေလှော်အင်းရဲဘက်စခန်းတို့တွင် အကျဉ်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ အနားယူမှု၊ နေ့စဉ်အစားအစာကျွေးမွေးမှု၊ ဘာသာစကားနှင့် ကွန်ပျူတာသင်တန်း၊ ကျောင်းပညာရေးသင်ကြားပေးမှုနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့် အကျဉ်းသားများ၏ အဆင်မပြေမှုများ၏ အကြောင်းရင်းခံသည် ကျဉ်းထောင်တွင်း အများဆုံးထားရှိနိုင်သည့် အရေအတွက်ထက် ပိုမိုထားရှိခြင်း ဖြစ်သည်ဟု ဖေါ်ပြပါရှိသည်။
သို့ရာတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများက “ ကျွန်တော်တို့က လက်တွေ့ခံစားလာရတဲ့သူတွေပါ၊ သူတို့ (အမျိုးသား လူ့အခွင့်အရေးကော်မရှင်) ပြောတာနဲ့ လက်တွေ့နဲ့က ကွာဟ ချက်တွေရှိပါတယ်၊ အားလုံးက သူတို့လာတုန်း အမြင်လှအောင် ပြထားတာပဲရှိတယ်၊ ခေတ်အဆက်ဆက် ဒီလိုပဲ လိမ်နေကြတာပဲ’’ အင်းစိန်အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသူ ဦးသန်းနိုင်ဦးက ဟုပြောသည်။
၎င်းကပင် “ သင်တန်းဆိုတာလည်း အကန့်အသတ်ရှိတယ်။ လူတိုင်းတက်လို့မရဘူး။ ပြီးတော့ ထိရောက်တဲ့သင်ကြားမှု မရှိဘူး။ ကျန်းမာရေးစောင့်ရှောက်မှုဆိုတဲ့နေရာမှာလည်း ထိရောက်မှုမရှိပါဘူး။ တကယ်ကို ဝေဒနာခံစားနေရလို့ ထောင်ဆေးရုံသွားပြတာကို တရုတ် ပါရာစီတမော တိုက်လွှတ်လိုက်တာတောင် ကြုံဖူးတယ်” ဟု ပြောကြားသည်။
အဆိုပါဦးသန်းနိုင်ဦးသည် မေလ ၂၂ ရက်နေ့က အင်းစိန်အကျဉ်းထောင်တွင် ပြုလုပ်ခဲ့သော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ရေးအတွက် အစာအငတ်ခံ ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။
မကြာမီ လပိုင်းက လွတ်မြောက်လာသူ နိုင်ငံရေးအကျဥ်းသားဟောင်း ကိုကိုကြီး(စမ်းချောင်း) ကလည်း အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်ကြောင်း၊ ၄င်း၏အတွေ့အကြုံအရ ရေသန့်ရရှိမှု မလုံလောက်ခြင်းနှင့် မိလ္လာစနစ် မသန့်ရှင်းခြင်းတို့သည် အကျဥ်းသားများ၏ ကျန်းမာရေးပြဿနာများနှင့် ဆက်စပ်နေကြောင်း ပြောကြားသည်။
“ ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတယ်ဆိုတာ ဒီနှစ်အတွက် အကောင်းဆုံးပျက်လုံးလို့ ပြောလို့ရတယ်။ လုံးဝမလုံလောက်တဲ့ ကိစ္စတစ်ခုပါ။ ကျွန်တော်ကိုယ်တိုင် ထောင်ကလွတ်ခါနီး တစ်ပတ်လောက်အလိုမှာ ခါးနာတာ ဆေးခန်းသွားပြတော့ ဆေးရှိပြီး ဆေးထိုးအပ်မရှိလို့ မထိုးခဲ့ရဘူး။ ပြီးတော့ ထောင်ထဲမှာ ရေသန့်ရတဲ့နှုန်းက လူ ၁၅၀၀ ကို ၅၀၀ လီတာပဲရတာ။ မလောက်ဘူး” ဟု ၎င်း ကပင် ပြောကြားသည်။
ယမန်နှစ် အောက်တိုဘာ လွတ်ငြိမ်းခွင့် ကြေညာပြီးလွှတ်ပေးစဉ် အင်းစိန်ထောင်ရှေ့ မြင်ကွင်း
အကျဉ်းထောင်များရှိ အကျဥ်းသားများအတွက် အရေးအကြီးဆုံးမှာ ကူးစက်ရောဂါဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဖြစ်ကြောင်းကို ၈၈ မျိုးဆက်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးချစ်ကိုလင်းကလည်း ဆိုသည်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ယခင်ကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်ရှိ အကျဥ်းစခန်းကို သွားရောက်လေ့လာခဲ့ဘူးသည်။ သို့သော် အင်းစိန်အကျဥ်းထောင်နှင့် လှေလှော်အင်းအကျဉ်းထောင်များနှင့်ပတ်သတ်ပြီး လူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်သည် ကော်မရှင်၏ အကျဥ်းထောင်ဆိုင်ရာ ပထမဆုံးထုတ်ပြန် ကြေညာချက်ဖြစ်သည်။
လူ့အခွင့်အရေး ကော်မရှင်ကို ယမန်နှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် အဖွဲ့ဝင် အငြိမ်းစား အစိုးရအရာရှိ ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဟု ခေါ်ဆိုသုံးနှုန်းကာ နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတထံသို့ အိတ်ဖွင့်ပေးစာ ၂ စောင်လည်း ပေးပို့ခဲ့သည်။ ။
ရန်ကုန်၊ ဇန်န၀ါရီ၊ ၃ (YPI)
ဒီဇင်ဘာ ၃၀ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်သည့် ကော်မရှင်၏ ထုတ်ပြန်ချက်တွင် အင်းစိန်အကျဉ်းထောင်နှင့် လှေလှော်အင်းရဲဘက်စခန်းတို့တွင် အကျဉ်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ အနားယူမှု၊ နေ့စဉ်အစားအစာကျွေးမွေးမှု၊ ဘာသာစကားနှင့် ကွန်ပျူတာသင်တန်း၊ ကျောင်းပညာရေးသင်ကြားပေးမှုနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့် အကျဉ်းသားများ၏ အဆင်မပြေမှုများ၏ အကြောင်းရင်းခံသည် ကျဉ်းထောင်တွင်း အများဆုံးထားရှိနိုင်သည့် အရေအတွက်ထက် ပိုမိုထားရှိခြင်း ဖြစ်သည်ဟု ဖေါ်ပြပါရှိသည်။
သို့ရာတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများက “ ကျွန်တော်တို့က လက်တွေ့ခံစားလာရတဲ့သူတွေပါ၊ သူတို့ (အမျိုးသား လူ့အခွင့်အရေးကော်မရှင်) ပြောတာနဲ့ လက်တွေ့နဲ့က ကွာဟ ချက်တွေရှိပါတယ်၊ အားလုံးက သူတို့လာတုန်း အမြင်လှအောင် ပြထားတာပဲရှိတယ်၊ ခေတ်အဆက်ဆက် ဒီလိုပဲ လိမ်နေကြတာပဲ’’ အင်းစိန်အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသူ ဦးသန်းနိုင်ဦးက ဟုပြောသည်။
၎င်းကပင် “ သင်တန်းဆိုတာလည်း အကန့်အသတ်ရှိတယ်။ လူတိုင်းတက်လို့မရဘူး။ ပြီးတော့ ထိရောက်တဲ့သင်ကြားမှု မရှိဘူး။ ကျန်းမာရေးစောင့်ရှောက်မှုဆိုတဲ့နေရာမှာလည်း ထိရောက်မှုမရှိပါဘူး။ တကယ်ကို ဝေဒနာခံစားနေရလို့ ထောင်ဆေးရုံသွားပြတာကို တရုတ် ပါရာစီတမော တိုက်လွှတ်လိုက်တာတောင် ကြုံဖူးတယ်” ဟု ပြောကြားသည်။
အဆိုပါဦးသန်းနိုင်ဦးသည် မေလ ၂၂ ရက်နေ့က အင်းစိန်အကျဉ်းထောင်တွင် ပြုလုပ်ခဲ့သော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ရေးအတွက် အစာအငတ်ခံ ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။
မကြာမီ လပိုင်းက လွတ်မြောက်လာသူ နိုင်ငံရေးအကျဥ်းသားဟောင်း ကိုကိုကြီး(စမ်းချောင်း) ကလည်း အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်ကြောင်း၊ ၄င်း၏အတွေ့အကြုံအရ ရေသန့်ရရှိမှု မလုံလောက်ခြင်းနှင့် မိလ္လာစနစ် မသန့်ရှင်းခြင်းတို့သည် အကျဥ်းသားများ၏ ကျန်းမာရေးပြဿနာများနှင့် ဆက်စပ်နေကြောင်း ပြောကြားသည်။
“ ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတယ်ဆိုတာ ဒီနှစ်အတွက် အကောင်းဆုံးပျက်လုံးလို့ ပြောလို့ရတယ်။ လုံးဝမလုံလောက်တဲ့ ကိစ္စတစ်ခုပါ။ ကျွန်တော်ကိုယ်တိုင် ထောင်ကလွတ်ခါနီး တစ်ပတ်လောက်အလိုမှာ ခါးနာတာ ဆေးခန်းသွားပြတော့ ဆေးရှိပြီး ဆေးထိုးအပ်မရှိလို့ မထိုးခဲ့ရဘူး။ ပြီးတော့ ထောင်ထဲမှာ ရေသန့်ရတဲ့နှုန်းက လူ ၁၅၀၀ ကို ၅၀၀ လီတာပဲရတာ။ မလောက်ဘူး” ဟု ၎င်း ကပင် ပြောကြားသည်။
ယမန်နှစ် အောက်တိုဘာ လွတ်ငြိမ်းခွင့် ကြေညာပြီးလွှတ်ပေးစဉ် အင်းစိန်ထောင်ရှေ့ မြင်ကွင်းအကျဉ်းထောင်များရှိ အကျဥ်းသားများအတွက် အရေးအကြီးဆုံးမှာ ကူးစက်ရောဂါဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဖြစ်ကြောင်းကို ၈၈ မျိုးဆက်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးချစ်ကိုလင်းကလည်း ဆိုသည်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ယခင်ကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်ရှိ အကျဥ်းစခန်းကို သွားရောက်လေ့လာခဲ့ဘူးသည်။ သို့သော် အင်းစိန်အကျဥ်းထောင်နှင့် လှေလှော်အင်းအကျဉ်းထောင်များနှင့်ပတ်သတ်ပြီး လူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်သည် ကော်မရှင်၏ အကျဥ်းထောင်ဆိုင်ရာ ပထမဆုံးထုတ်ပြန် ကြေညာချက်ဖြစ်သည်။
လူ့အခွင့်အရေး ကော်မရှင်ကို ယမန်နှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် အဖွဲ့ဝင် အငြိမ်းစား အစိုးရအရာရှိ ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဟု ခေါ်ဆိုသုံးနှုန်းကာ နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတထံသို့ အိတ်ဖွင့်ပေးစာ ၂ စောင်လည်း ပေးပို့ခဲ့သည်။ ။
ရန်ကုန်၊ ဇန်န၀ါရီ၊ ၃ (YPI)
သစ်ထူးလွင်
1/04/2012 06:09:00 AM
ပီပီဒီပါဝင်သည့် ဆံပင်ဆိုးဆေးများကြောင့် ကင်ဆာရောဂါများဖြစ်စေနိုင်
ပီပီဒီပါဝင်သည့်ဆံပင်ဆိုးဆေးများကြောင့် ကင်ဆာရောဂါများဖြစ်စေနိုင်ကြောင်း
FAME Pharmeceutical မှ မန်နေဂျင်းဒါရိုက်တာ ဂုဏ်ထူးဆောင်ပါမောက္ခ
ဒေါက်တာခင်မောင်လွင်က ပြောသည်။
ဆံပင်ဆိုးဆေးများတွင် ထည့်သွင်းထားသော ပီပီဒီဓာတုဗေဒပစ္စည်းသည် ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာနှင့် လည်ပင်း၊ပေါင်ခြံ စသည့်နေရာများတွင် အကျိတ်များကြီးထွားသည့် ကင် ဆာစသည့်ရောဂါများ ဖြစ်စေနိုင်ကြောင်း သိရသည်။
" ဆံပင်မှာဆေးဆိုးတာကို ဘာကြောင့် ဆီးအိမ်တို့၊ ရင်သားတို့စတဲ့နေရာတွေဖြစ်တဲ့ ကိုယ်ခန္ဓာတွင်းမှာ ဖြစ်တယ်ဆိုတာက မေးစရာဖြစ်လာပါပြီ။ ဒီနေရာတွေမှာဖြစ်တယ်ဆိုတာက ဆံပင်ဆိုတာအမျှင်လေးလို့ ထင်ရ ပေမယ့် အတွင်းမှာ အခေါင်းပေါက်ရှိတယ်။ ဆံပင်အရင်းမှာ သွေးကြောရှိတယ်။ ဒီတော့ ကိုယ့်ခေါင်းမှာဆိုး လိုက်တဲ့ ဆေးက ပီပီဒီပါတယ်ဆိုရင် ဒီဆေးတွေက ဆံပင်ကနေတစ်ဆင့် ခန္ဓာကိုယ်တွင်းကို ၀င်ရောက်သွားတဲ့ အတွက် ကင်ဆာရောဂါတွေဖြစ်စေတာပါ" ဟု ဒေါက်တာခင်မောင်လွင်က ပြောသည်။
ဆံပင်ဆိုးဆေးများနှင့် ပတ်သက်ပြီး သိရှိစေသည့်အချက်များကို ဒီဇင်ဘာ ၂၈ ရက်တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် Doori Cosmetics မှထုတ်လုပ်သည့် ဒေါင်ဂျီမိုရီခေါင်းလျှောက်ရည် မိတ်ဆက် ပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဆံပင်ဆိုးဆေးများတွင် သဘာဝနည်းပညာဖြင့် သစ်သီး၊ သစ်ပင်များထုတ်လုပ် ထားသော ကုန်ပစ္စည်းများသည် အန္တရာယ်မရှိကြောင်း သိရသည်။
ဓာတုဗေဒပစ္စည်းကို သုံးမျိုးသုံးစားထုတ်လုပ်ထားကြောင်း၊ ယင်းတို့မှာ ယာယီဆိုးဆေး၊ ကာလတိုဆိုးဆေးနှင့် ကာလရှည်ဆိုးဆေးတို့ဖြစ်ကြောင်း၊ ကာလရှည်ဆိုးဆေးများတွင် ပါဝင်သည့် ဓာတု ပစ္စည်းများကြောင့်လည်း ဓာတ်မတည့်မှုများဖြစ်စေနိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်

1/03/2012 07:22:00 PM
မော်ကျွန်းတွင် စပါးကုန်သည်မိသားစုအမျိုးသမီးနှစ်ဦး အသတ်ခံရ
မော်ကျွန်းမြို့ ၄-ရပ်ကွက်၊ မဟာဗန္ဓုလ ၁၀ လမ်းနေ စပါးကုန်သည်အိမ်မှ
အမျိုးသမီးနှစ်ဦး အ သတ်ခံရသည့်မှုခင်းတစ်ရပ် ဒီဇင်ဘာ ၃၁
ရက်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းမိသားစုသည်လွန်ခဲ့သည့် တစ်နှစ်ဝန်းကျင်ကမှ မော်ကျွန်းမြို့ပေါ်သို့ပြောင်းရွှေ့လာသည့် ဆန်စပါးကုန်သည်များဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် အိမ်ရှင်အမျိုးသားဦးကျော်ဆွေသည် စပါးသိမ်းရန်တော သို့ ပြန်နေချိန်ဖြစ်ကာ ယင်း၏ဇနီးအသက် (၅၀) ၀န်းကျင်ရှိ ဒေါ်ခင်စန်းနှင့် အသက်(၂၀)ကျော်အရွယ်ရှိ အိမ်အကူ အမျိုးသမီးတို့ အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
" အဲဒီညက ၃ နာရီလောက်မှာ အော်သံကြားတယ်။ ဒါပေမယ့် မော်ကျွန်းမှာ နှစ်ကျိပ်ရှစ်ဆူဘု ရားပွဲကျင်းပနေတော့ အသံတွေဆူညံနေတာနဲ့ ဗွီဒီယိုကားထဲက အသံလို့ပဲ ထင်ခဲ့ကြတာ။ မနက် ၉ နာရီ လောက်မှ အသတ်ခံထားရမှတ်းသိတာ။ ဆေးစစ်ချက်ကိုကြားရတာကတော့ တူနဲ့ထုသတ်သွားတာလို့ သိရ တယ်။ ခေါင်းမှာတောင် တူရာမြုပ်နေတယ်။ မီးခံသေတ္တာကို တူနဲ့ဖွင့်နေတုန်း နိုးသွားတော့ နုတ်ပိတ်တာလို့ယူ ဆနေကြတယ်" ဟု ယင်းရပ်ကွက်နေ ဦးကျော်မောင်မောင်က ပြောပြသည်။
" အိမ်ရှင်ဦးကျော်ဆွေကတော့ ခရီးထွက်နေတယ်လို့ကြားရတယ်။ သူ့အမျိုးသမီးနဲ့ အိမ်အကူ တို့အသတ်ခံရတာ။ အိမ်ရှင်အမျိုးသမီးက ခြံထဲမှာ သေနေတာ။ အိမ်ဖော်ကိုတော့ သတ်ပြီး ရေတွင်းထဲချထား တယ်" ဟု ယင်းအိမ်နှင့်ကပ်လျက် ပရိဘောကဆိုင်မှပြောပြသည်။
ယင်းအမှုနှင့်စပ်လျဉ်း၍ မော်ကျွန်းရဲစခန်းက အိမ်ပြင်နေသည့်လက်သမားအဖွဲ့အား ခေါ်ယူစစ် ဆေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်

1/03/2012 07:12:00 PM
အောင်ဘာလေထီ ကျပ်သိန်း ၁၅၀၀ ဆုအား တိုးမြှင့်ပေးအပ်သွားမည်
![]() |
| Photo (Google Images) |
ပွင့်လင်းရာသီကာလဖြစ်သောကြောင့် ထီဝယ်လိုအားမြင့်တက်လာပြီး ထီလုပ်ငန်းအပေါ်တွင် အများပြည်သူပိုမိုစိတ်ဝင်စား အကျိုးဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ကျပ်သန်း ၁၅၀၀ အထူးဆုကြီးအား တိုးမြှင့်ပေးအပ်ရခြင်းဖြစ်သည်ဟု သိရှိရသည်။
''၂၇၇ ကြိမ်မြောက်ထီနစ်ကစပြီး ထီဆုကို အထူးဆုကြီးအဖြစ် ကျပ်သိန်း ၁၅၀၀ အထိ ပေးအပ်သွားမှာဖြစ်ပါတယ်။ အဲဒီလို ပေးအပ်လိုက်တဲ့အတွက် ကျပ်သိန်း ၁၀၀၀ ဆုကတော့ ပျောက်သွားမှာ မဟုတ်ပါဘူး။ ယခင်ကျပ်သိန်း ၁၀၀၀ အမြင့်ဆုံးဆုအပြင် ကျပ်သိန်း ၁၅၀၀ ဆုကိုပါ ထပ်တိုးခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် ထီလက်မှတ်တန်ဖိုးတွေက အပြောင်းအလဲရှိမှာမဟုတ်ပါဘူး။ အခုလက်ရှိမှာက ထီထိုးတဲ့သူ အရေအတွက်ကလည်း များလာတဲ့ကြောင့် ထီလုပ်ငန်းကို ပိုပြီးစိတ်ဝင်စားလာအောင် ယခုလိုတိုးမြှင့်ပေးအပ်ခြင်းဖြစ်ပါတယ်''ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ထီဝယ်လိုအား တက်လာခြင်းကြောင့် ၂၇၇ ကြိမ်မြောက် ထီစနစ်မှစတင်၍ ယခင် ၂၇၆ ကြိမ် ထက် ထီအက္ခရာ ၃ လုံးတိုးမြှင့် ထုတ်လုပ်ခဲ့ကြောင်း၊ ထီအက္ခရာတစ်လုံးလျင် ထီအစောင်ရေကိုးသိန်းနီးပါးရှိသောကြောင့် ထီအက္ခရာသုံး လုံးတိုးသောကြောင့် ထီအစောင်ရေ ၂၇ သိန်းနီးပါးခန့် တိုးမြှင့်ထုတ်လုပ် ထားကြောင်း သိရှိရသည်။ ထီအက္ခရာတိုးထုတ်သည့်အတွက် ထီဆုငွေများကိုလည်း ၂၇၆ ကြိမ်မြောက် ထက်တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
''၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ စတင်ရောင်းချပြီး ၂၀၀၉ ခုနှစ်ဇန်န ၀ါရီလ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ ကျပ်သိန်း ၁၀၀၀ ထီစနစ်ပြောင်း လိုက်တော့ ထီလက်မှတ်ဈေးနှုန်း တွေက နှစ်ဆဖြစ်သွားတယ်။ အခု ကျတော့ ကျပ်သိန်း ၁၅၀၀ ဆုတိုး လိုက်ပေမဲ့ ထီလက်မှတ်ဈေးက အရင်အတိုင်းပဲ။ ထီထိုးသူတွေ ဆုပိုရလာတာပေါ့''ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
လစဉ်ထီရောင်းရငွေအားလုံး၏ ၆၀ ရာခိုင်နှုန်းကို ထီဆုမဲများ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကျန်ရှိသည့် ၄၀ ရာခိုင်နှုန်းကို အခွန်ငွေအဖြစ် ပေးသွင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ထီစနစ်ပြောင်းလဲမှုအချို့
| ခုနှစ် | ထီဈေးနှုန်း | အမြင့်ဆုံးဆု | အနိမ့်ဆုံးဆု |
| ၁၉၉၁(ဧပြီ) | ၁၀ ကျပ် | ၁၀ သိန်း | ၁၅၀၀ ကျပ် |
| ၁၉၉၈(ဒီဇင်ဘာ) | ၅၀ ကျပ် | ၃၀၀ သိန်း | ၁၀၀၀၀ ကျပ် |
| ၂၀၀၅(နိုဝင်ဘာ) | ၁၀၀ ကျပ် | ၅၀၀ သိန်း | ၂၀၀၀၀ ကျပ် |
| ၂၀၀၉(ဇန်န၀ါရီ) | ၂၀၀ ကျပ် | ၁၀၀၀ သိန်း | ၁ သိန်း |
သစ်ထူးလွင်
1/03/2012 05:56:00 PM
ယနေ့ ၄နာရီ ခွဲအချိန်ထိ လွတ်မြောက်လာသူများ စာရင်း
ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်ထိ မြစ်မခမီဒီယာမှ ပြုစုထားသော လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ စာရင်း
အင်းစိန်ထောင်
၁။ ဦးကြည်သန်း(၈၈-မျိုးဆက်)
၂။ ကိုသန်းနိုင်ဦး(မန္တလေး- NLD လူငယ်တာဝန်ခံ)
၃။ ဦးစောဆေးဂလယ်(KNU)
မန္တလေး(အိုးဘိုထောင်)
၁။ ကိုကျော်လွင် (ကယန်းပြည်သူ့ပါတီ)
၂။ကိုစောဝင်း(ခ) ကိုဌေးအောင် ။
၃။ ကိုအောင်မင်း ။
၎။ ကိုမြင့်လွင် ။
၅။ ကိုအီဆာကို ။
၆။ကိုစောအယ်ကလယ်ထူး ။
၇။ ဦးဘိုဖျင်း ။
၈။ ခွန်ပေါလု(ခ) မောင်ထွေး ။
၉။ ဇွဲပိုင်စိုး ။
၁၀။ခွန်ပေါလု ။
၁၁။ ဦးရဲအောင်(ကွယ်လွန်-၂၀၀၈) ။
၁၂။ကိုမြတ်ဆွေ
တောင်ငူထောင်
၁။ ကိုအောင်ဌေး
၂။ စောသာမနာစီး
၃။ စောအယ်လီးယား
၎။ ကိုတူး
၅။ ကိုတင်ဝင်း
၆။ ခင်မောင်ညွှန့်(ခ) အကြီးကောင်
ပြည်ထောင်
၁။ ကိုအောင်ကျော်(NLD-သဃန်းကျွန်း)
ပုသိမ်ထောင်
၁။ ကိုအောင်ထွန်း
၂။ ဇော်မျိုးထိုက်
စစ်တွေထောင်
၁။ နေမိုးအောင်
မြိတ်ထောင်
၁။ ဦးရဲညွှန့်
ပူတာအိုထောင်
၁။ ဦးရဲမြင့်(ခ) ဆရာရဲ
တောင်ကြီးထောင်
၁။ မောင်ဘိ(ပအိုဝ်း)
၂။ မောင်လှ(ရှမ်း)
၃။ ဦးဝိစိန်ဂျာ
ကသာထောင်
၁။ ဇော်မင်းဦး(ခ) ကျော်ကွန့်
(ဖြည့်စွက်ချက်များရှိပါက ထပ်မံဖော်ပြပေးပါမည်။)
မြစ်မခ မီဒီယာ

| လွတ်မြောက်လာသူ အချို့ နှင့်လာရောက်ကြိုဆိုကြသူများ |
![]() |
| မန္တလေး အိုးဘိုထောင်ရှေ့ မြင်ကွင်း |
![]() |
| အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ၈၈ မျိုးဆက် ဦးကြည်သန်း |
![]() |
| မန္တလေးအိုးဘိုထောင်ရှေ့ တွင် လာရောက်ဆိုကြိုနေကြသူများ |
![]() |
| အင်းစိန်ထောင်မှ လွတ်မြောက်လာသူများ |
သစ်ထူးလွင်
1/03/2012 05:42:00 PM
ဖျာပုံ NLD ပါတီ ဈေးဆိုင် ရောင်းချမှု အာဏာပိုင်များ ဟန့်တား
ဧရာဝတီတိုင်း
ဖျာပုံမြို့နယ်နဲ့ ခရိုင်အာဏာပိုင်တွေက လွတ်လပ်ရေးနေ့ ပွဲတော်မှာ
ရောင်းချတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပုံငွေဈေးဆိုင်ကို
ဆက်မရောင်းဖို့ တားမြစ်ခဲ့ပါတယ်။
တား
မြစ်မှုနဲ့ပတ်သက်လို့ ကိုသိန်းဆွေက “ဘာကြောင့် တားတယ်လို့
ထင်သလဲဆိုတော့ ကျနော်တို့မြို့နယ်က တော်တော်ကြီးကို ဆက်သွယ်ရေး
လမ်းကြောင်းတွေက ပြတ်တောက်ထားတယ်။ အခုချိန်မှာ ပြန်ပြီး
ဆင်းပြီးအားယူတဲ့အချိန်၊ ရွေးကောက်ပွဲမှာ ဖျာပုံနဲ့ ဒေးဒရဲမှာ
အမျိုးသားလွှတ်တော် တနေရာလည်း လွတ်တယ်လေ။ အဲဒီနေရာမှာ လှုပ်ရှားမှုကို
အရှိန်မကောင်းအောင် ဟန့်တားတယ်လို့ ကျနော်တော့ ဒီလိုပဲ
သုံးသပ်မိတယ်” လို့ ပြောပါတယ်။
ဖျာပုံမြို့
နယ်နဲ့ ခရိုင် အုပ်ချုပ်ရေးအာဏာပိုင်များက ဧရာဝတီတိုင်း
ဝန်ကြီးချုပ်အမိန့်နဲ့ လွတ်လပ်ရေးနေ့ ဈေးရောင်းပွဲတော်မှာ
ရောင်းချနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)
ဆိုင်ခန်းတွေကို မရောင်းချဖို့ စာထုတ်ပြန် တားမြစ်ခဲ့ပါတယ်။
ဈေးဆိုင်ခန်း
တွေကို တာဝန်ယူရောင်းချနေတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုသိန်းဆွေက “၂
ရက်နေ့ မနက်ကတည်းက စရောင်းတယ်။ မြို့နေလူထုက အုတ်အုတ်ကျက်ကျက်ကို
လာပြီးတော့ အားပေးတယ်။ နောက်တခါ ကျေးရွာအသီးသီးမှာ ရောက်နေတဲ့
အဆက်သွယ်ပြတ်နေတဲ့ လူတွေကလည်း ဒီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဈေးရောင်းပွဲလုပ်နေတဲ့အခါမှာ ပြန်ပြီးတော့ ဆက်သွယ်ကြတယ်။
ဆက်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်ကြတယ်။ အဲသလိုမျိုး
အားပေးထောက်ခံမှုတွေကို အင်နဲ့အားနဲ့ အုန်းအုန်းကျွက်ကျွက်
လုပ်နေတာကို တွေ့တဲ့အခါကျတော့ တနေကုန် ဘာမှမပြောဘဲ ည ၈ နာရီ ၁၅
လောက်ကျမှ မြို့နယ် အုပ်ချုပ်ရေးမှူးကနေ ဖုန်းဆက်ပြီး
တိုင်းဝန်ကြီးချုပ်က စာရောက်နေပါတယ်ပေါ့။ ဒါကြောင့် ၉
နာရီလောက်မှာ လာယူဖို့ အကြောင်းကြားတယ်” လို့ ပြောပါတယ်။
တား
မြစ်မှုနဲ့ပတ်သက်လို့ ကိုသိန်းဆွေက “ဘာကြောင့် တားတယ်လို့
ထင်သလဲဆိုတော့ ကျနော်တို့မြို့နယ်က တော်တော်ကြီးကို ဆက်သွယ်ရေး
လမ်းကြောင်းတွေက ပြတ်တောက်ထားတယ်။ အခုချိန်မှာ ပြန်ပြီး
ဆင်းပြီးအားယူတဲ့အချိန်၊ ရွေးကောက်ပွဲမှာ ဖျာပုံနဲ့ ဒေးဒရဲမှာ
အမျိုးသားလွှတ်တော် တနေရာလည်း လွတ်တယ်လေ။ အဲဒီနေရာမှာ လှုပ်ရှားမှုကို
အရှိန်မကောင်းအောင် ဟန့်တားတယ်လို့ ကျနော်တော့ ဒီလိုပဲ
သုံးသပ်မိတယ်” လို့ ပြောပါတယ်။
ဖျာပုံလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဈေးရောင်းပွဲကို ဇန်နဝါရီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီက
ဆိုင်ခန်းနေရာတခုကို ငွေ ၂ သောင်းခွဲနဲ့ ဆိုင်ခန်း ၄ခန်းစာ ရယူကာ
ဗိုလ်ချုပ်အောင်ဆန်းပုံ၊ အန်အယ်လ်ဒီ အထိမ်းအမှတ် အလံ၊
ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ တီရှပ်၊ ပြက္ခဒိန်များနှင့်
မုန့်ဟင်းခါးတို့ကို ရောင်းချခဲ့ပါတယ်။
ဒီရောင်း
ချမှုကို မနေ့ညနေမှာ ‘တိုင်းဝန်ကြီးချုပ်က ခွင့်မပြုရန်ဆိုတဲ့
မှတ်ချက်ပါစာကို ကိုသိန်းဆွေတို့ကိုပေးပြီး
ဆိုင်ပိတ်ခိုင်းခဲ့ပေမယ့် ဒီကနေ့ထိ ဆက်လက်ရောင်းချနေပါတယ်။
သက်ဆိုင်ရာကလည်း ဆက်မတားတော့ဘဲ မနေ့က တားမြစ်တဲ့စာကိုသာ
လာပြန်တောင်းနေတယ်လို့ ဆိုပါတယ်။
ဒေသခံတွေက
အန်အယ်လ်ဒီ ရောင်းချတဲ့ဆိုင်ကို အားပေးခဲ့တဲ့အတွက် တရက်ကို
အနည်းဆုံး ၁၀ သိန်းကျော်လောက် ရောင်းချရတယ်လို့ ဆိုပါတယ်။
လွတ်လပ်ရေး
ပွဲ မစမီ ဆိုင်ခန်းဖွင့်ဖို့ ပြင်ဆင်နေတုန်းကလည်း မြို့နယ်နဲ့
ခရိုင်အုပ်ချုပ်ရေး အာဏာပိုင်တွေက ကိုသိန်းဆွေကို ကြိုတင်ပြီး
မရောင်းဖို့ တားမြစ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက
တရားဝင်စာထုတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် စာထုတ်ပေးဖို့
ငြင်းဆိုတယ်လို့ ကိုသိန်းဆွေက ပြောပါတယ်။
ဒီဗွီဘီ
သစ်ထူးလွင်
1/03/2012 05:07:00 PM
တားမြစ်ခံရတဲ့ ဖျာပုံ NLD ပါတီ အရောင်းဆိုင် (ရုပ်/သံ)
မနေ့က
အစပြုပြီး ၄ ရက်ကြာ ပြုလုပ်တဲ့ ဖျာပုံမြို့နယ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်
ပျော်ပွဲရွှင်ပွဲမှာ NLD က ဆိုင်ခန်း ဖွင့်ပါတယ်။ ပါတီက ထုတ်ဝေတဲ့
တီရှပ်၊ ဓာတ်ပုံတွေလည်း ရောင်းပါတယ်။
မနေ့က နေ့စွဲနဲ့ပဲ ဒေသခံ အာဏာပိုင်တို့က NLD ဆိုင်ခန်း ဖွင့်ခွင့် မပေးဖို့ တိုင်းဝန်ကြီးချုပ်က အမိန့်ရှိတယ်၊ တိုင်းဝန်ကြီးချုပ်ညွှန်ကြားချက်ကို လိုက်နာပါ လို့ စာပို့ပါတယ် တဲ့။
ကိုသိန်းဆွေ (ဖျာပုံ NLD) က ဒေသခံ အာဏာပိုင်တို့ဆီသွားပြီး ဆွေးနွေးခဲ့ကြောင်း ပြောဆိုထားပုံကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
ဒီနေ့ ၃ ရက်နေ့ နေ့ခင်းဆက်သွယ်မေးမြန်းချက်အရ ဆိုင်ခန်းကို ဒီနေ့မှာလည်း ဆက်ဖွင့်တယ်လို့ ကိုသိန်းဆွေက ဧရာဝတီကို ပြောပါတယ်။ ဖျာပုံမှာ ဖြစ်ပျက်နေတာတွေကိုလည်း ရန်ကုန်မြို့ NLD ဌာနချုပ် သိရှိစေဖို့ အကြောင်းကြားထားတယ်လို့ ကိုသိန်းဆွေက ရှင်းပြပြပါတယ်။

| မြို့နယ်အုပ်ချုပ်ရေးမှူးက ဖျာပုံ NLD ကို ပေးပို့ခဲ့တဲ့စာ |
ဒေသခံအာဏာပိုင်တို့နဲ့ တွေ့ခဲ့တဲ့ ဖျာပုံ NLD ရဲ့ ရှင်းလင်းချက်
ဒါကတော့ အထက်မှာ ဖော်ပြထားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီက စာကို ဖတ်ပြနေတာပါ
ဧရာဝတီ ဘလော့ဂ်
သစ်ထူးလွင်
1/03/2012 04:50:00 PM
ဖုန်းတစ်လုံး ကျပ်ငါးထောင်ဖြင့် မကြာမီ ရောင်းချပေးတော့မည်
ငွေကျပ် ငါးထောင်နှုန်းဖြင့် အင်တာနက်ပါ သုံးစွဲနိုင်သော ဖုန်းများအား
ယခုနှစ်အတွင်း အများပြည်သူ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း
ဝန်ဆောင် မှုပေးသည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ
ဦးလွင်နိုင်ဦးက ပြောသည်။ ”နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်း
ဆောင်ရွက်ထားတာပါ။ ဒီနှုန်းနဲ့ ဖုန်းသုံးစွဲနိုင်ဖို့ အတွက် နိုင်ငံတော်
သမ္မတကြီးရဲ့ ခွင့်ပြုချက်အရ ဆောင်ရွက်ပေးတာပါ။ အဓိက ကတော့ ဝင်ငွေနည်းတဲ့
ပြည်သူ တွေနဲ့ အခြေခံလူတန်းစားတွေ ဖုန်း သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး
နိုင်ငံ တော် သမ္မတကြီးက ဆောင်ရွက် ပေးခြင်း ဖြစ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က
ပြောသည်။ အဆိုပါ ဖုန်းလိုင်းအား ၅ နှစ်အတွင်း ဖုန်းလိုင်း သန်း ၃ဝ
ထုတ်လုပ်ဖြန့်ချိပေးသွားမည် ဖြစ် ပြီး ယခုနှစ်အတွင်း ဖုန်းလိုင်း ၁ သန်း
ထုတ်လုပ်ဖြန့်ချိပေးမည် ဖြစ် ကြောင်း သိရသည်။ ”မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းနဲ့ ပတ်သက်မှု မရှိပါဘူး။ အထွက်ခေါ်ဆိုနှုန်း မြို့တွင်း ၂၅ ကျပ်၊
နယ်ဝေး ၃ဝ ကျပ်နဲ့ ကောက်ခံသွားမှာပါ။ ဖုန်းကတ် တွေကိုလည်း ဖုန်းဆိုင်တွေမှာ
မှတ်ပုံတင်ပြရုံနဲ့ ဝယ်နိုင်မှာပါ။ ဘယ် တော့ဖုန်းတွေ ချထားပေးမလဲ
ဆိုတာကတော့ လာမယ့် မတ်လ မှာ စတင် အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့
ရှိပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ ၄င်းဖုန်းများအား စတင်
သုံးစွဲခွင့်ရပါက တစ်ခါသုံးဖုန်းကတ်များ ကဲ့သို့ နံပါတ်ပြောင်းလဲသွားမည်
မဟုတ်ဘဲ နံပါတ်အသေ ဖုန်းများ ဖြစ်ကြောင်း၊ 3 G ကွန်ရက်စနစ်ဖြင့်
ပေးသွားမည်ဖြစ်ပြီး ဖုန်းဘေလ်ကြို တင်ငွေဖြည့်ကတ် စနစ်ဖြင့် အသုံး ပြုရမည်
ဖြစ်ကြောင်း နံပါတ်မှာ ဝ၉-၁ ဖြင့် စတင်သွားမည် ဖြစ် ကြောင်း၊
အင်တာနက်သုံးစွဲမှုမှာ မြန် နှုန်းအပေါ် မူတည်၍ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။
”ဖုန်းကတော့ GSM ဖုန်း အမျိုးအစားပါ။ ပြည်တွင်းခေါ်ဆိုမှု သာမက အာဆီယံနဲ့
အာရှနိုင်ငံ များကိုပါ ဖုန်းခေါ်ဆိုနိုင်မှာပါ။ နှုန်း ထားကတော့
လက်ရှိအသုံးပြုနေ တဲ့ နှုန်းအတိုင်း ကတ်ထဲက နုတ် ယူသွားမှာပါ။ ပထမနှစ် ဖုန်း
၁သန်းမှာတော့ ရန်ကုန် တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး ၂ ခုပဲ
သုံးစွဲနိုင်မှာပါ။ နောက်ပိုင်း မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည်
တော်တိုင်းဒေသကြီးတို့ အပြင် တစ်နိုင်ငံလုံး သုံးစွဲနိုင် အောင်
ဆောင်ရွက် သွားမှာပါ” ဟု ၄င်းက ဆက်လက် ပြောသည်။ အဆိုပါ ဖုန်းများအား
နိုင်ငံ တော် အစိုးရမှ ၄ဝ ရာခိုင်နှုန်း၊ ရွှေပြည်တံခွန် ကုမ္ပဏီမှ ၃ဝ
ရာခိုင်နှုန်း နှင့် သုံးစွဲသူများမှ ဝင်ရောက် ရှယ် ယာဝင်မည်ဆိုပါက ၃ဝ
ရာခိုင်နှုန်း ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ ဖုန်း လိုင်း သန်း ၃ဝ အတွက်
ဒေါ်လာ သန်း ၇၇ဝ ကုန်ကျမည်ဖြစ်ပြီး ရှယ် ယာဝင်မည်ဆိုပါက ပထမနှစ် ဖုန်းလိုင်း
၁သန်းအတွက် ငွေကျပ် အနည်းဆုံး ၂ သိန်းခန့် သတ်မှတ်သွားမည် ဖြစ်ပြီး
ရှယ်ယာဝင်ခွင့်များအား စီမံကိန်းစတင်ပြီး ၃ လနှင့် ၆ လအတွင်း
ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖုန်းများအတွက် ကြို
တင်ငွေဖြည့်ကတ်များမှာ ကျပ် ငါးထောင်တန်ကတ်၊ ကျပ်တစ်သောင်းကတ်နှင့်
ကျပ်ငါးသောင်း ကတ်များ ဟူ၍ သုံးမျိုး ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇော် (ပေါ်ပျူလာ ဂျာနယ်)
အောင်ဇော် (ပေါ်ပျူလာ ဂျာနယ်)
သစ်ထူးလွင်
1/03/2012 04:28:00 PM
နဂါးများ ဘုရားဖူးလာတဲ့ ဗုဒ္ဓခြေတော်ရာ ဗုဒ္ဓပူဇနိယပွဲ (သတင်း-ရုပ်သံ-ဓါတ်ပုံ)
| မြတ်စွာဘုရားခြေတော်ရာ အနီးကပ်... |
Source: The article first appeared on news.yatanarpon.com.mm
နဂါးများဘုရားဖူးလာတဲ့ (ရုပ်/သံ)
| တော်တော်ဝေးဝေး တစ်နေရာမှ ဆွဲရိုက်ထားတာပါ... |
| ဒါကတော့ ရောက်ခါနီးလေးမှာ ရိုက်ထားလိုက်တာပါ... |
| ဗုဒ္ဓပါဒခြေတော်ရာ (ခြေရာတော်ရွာ) ရဲ့ အ၀င်ဝ... |
| ဈေးတန်းလေး (၀ယ်စားမဲ့သူလည်းမတွေ့ပါဘူး...) |
| အ၀င်ဝနားမှာ တည်ရှိတဲ့ နဂါးရုံဘုရားတစ်ဆူ... |
| စေတီသာတစ်ဆူ... |
| နဂါးရုံဘုရားနောက်ထပ်တစ်ဆူ... |
| ဒါကတော့ ခြေတော်ရာကို သွားရာလမ်း အ၀င်ဝ... |
| တကယ်သာယာတဲ့ လမ်းလေးပါပဲ... |
| ခြေတော်ရာတောင် နောက်ခံမြင်ကွင်းနဲ့... |
| ပဉ္စ၀ဂ္ဂီငါးဦးကို တရားဦးဟောကြားနေပုံ... |
| ဒါကတော့ ခြေတော်ရာတောင်လို့ခေါ်တဲ့ တောင်ကို အနီးကပ်... |
| မြတ်စွာဘုရားခြေတော်ရာ... |
| မြတ်စွာဘုရားခြေတော်ရာ အနီးကပ်... |
| နဂါးတစ်ကောင် လာရောက်ဖူးမျှော်နေဟန်... |
| ခြေတော်ရာတည်ထားရာ... |
| ဗုဒ္ဓပါဒ ခြေတော်ရာ ရဲ့ ထူးဆန်းအံ့ဖွယ်များ... |
| ဒါကတော့ အပေါ်က စာသားနဲ့တစ်ဆက်တည်း ဗီနိုင်းပါ... |
| ဒါလည်း တစ်ဆက်တည်းပါပဲ... |
| ဒါကတော့ အဝေးကနေ ခြုံပြီးလှမ်းရိုက်လိုက်တာပါ... |
သစ်ထူးလွင်
1/03/2012 04:06:00 PM
Subscribe to:
Posts (Atom)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။