ထိုင်းဝန်ကြီးချုပ် ရဲ့ မြန်မာပြည်ခရီး လေ့လာသူတွေ သံသယရှိ

ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာရဲ့ မြန်မာပြည် ခရီးစဉ်မှာ စီးပွားရေး မသမာမှုတွေ ပေါ်ပေါက်နိုင်တာကြောင့် အနီးကပ် စောင့်ကြည့်ကြဖို့ ပညာရှင်တွေနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ထိုင်းလူထုကို တိုက်တွန်းလိုက် ပါတယ်။
AFP
ထိုင်းနိုင်ငံ ရွေးကောက်ပွဲအတွက် ၂၀၁၁ ခုနှစ် ဇူလိုင်လက ပါတီမဲဆွယ်ပွဲအတွင်းသတင်းစာ ရှင်းလင်းပွဲတခုတွင် ယင်းလပ် ရှင်နာဝပ်ကို တွေ့ရပုံ။
လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရဲ့ အစ်ကို ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က နီပေါ နိုင်ငံကို အသွား၊ မြန်မာပြည်ကို ၀င်ရောက်ခဲ့တာကြောင့် ဝေဖန်သူတွေ စိုးရိမ်မကင်း ဖြစ်နေကြကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။ သက်ဆင် မြန်မာပြည်ကို သွားတာဟာ သူ့ရဲ့ ဖွေထိုင်းပါတီ ဦးဆောင်တဲ့ ထိုင်းအစိုးရ အနေနဲ့ မြန်မာ အစိုးရနဲ့ အတူ ပူးပေါင်း ဆောင်ရွက်ရာမှာ အဆင်ပြေအောင်၊ နှမဖြစ်သူ ယင်လပ်ရဲ့ မြန်မာပြည် ခရီးစဉ် ချောမွေ့အောင် ဖြစ်တယ်လို့ ဖွေထိုင်း ပါတီက လွှတ်တော် အမတ် တစ်ဦးကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ရေးသားပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်လပ်ဟာ နေပြည်တော်မှာ ကျင်းပမယ့် စတုတ္ထမြောက် မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံများ ဆွေးနွေးပွဲကို တက်ရောက်ဖို့ မြန်မာပြည်ကို ဒီကနေ့ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ် အတွင်း ထိုင်း အစိုးရ အဖွဲ့ဟာ မြန်မာ အစိုးရနဲ့ သီးခြား တွေ့ဆုံပြီး လမ်းပန်း ဆက်သွယ်ရေး နဲ့ စွမ်းအင်ကိစ္စ၊ မြန်မာ့ သဘာဝ ဓါတ်ငွေ့ ၀ယ်ယူရေး နဲ့ ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ချူလာလောင်ကွန် တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာန ကထိက ပါနီတန် ကတော့ ယင်လပ် အစိုးရရဲ့ မြန်မာပြည် ဆိုင်ရာ စီမံကိန်းတွေ ကနေ ရရှိလာမယ့် အကျိုးအမြတ်တွေကို ပြည်သူတွေ မခံစားရဘဲ၊ သက်ဆင်ရဲ့ စီးပွားရေး အပေါင်းပါတွေ ကသာ လက်ဝါးကြီးအုပ် ရယူသွားမှာကို စိုးရိမ်ကြောင်း ပြောဆိုပါတယ်။ သက်ဆင် ၀န်ကြီးချုပ် ဖြစ်ခဲ့စဉ် ၂၀၀၁ နဲ့ ၂၀၀၄ ခုနှစ်တွေတုန်း ကလည်း လမ်းပန်း ဆက်သွယ်ရေး၊ စွမ်းအင်နဲ့ သတင်း ဆက်သွယ်ရေး လုပ်ငန်းတွေ ကနေ အကျိုးအမြတ်တွေ ဖန်တီးခဲ့ကြောင်း၊ သူပိုင်ဆိုင်တဲ့ ဆက်သွယ်ရေး ကုမ္ပဏီက ပစ္စည်း တွေကို မြန်မာ စစ်အစိုးရ ၀ယ်ယူနိုင်အောင် ထိုင်း ဘတ်ငွေ သန်းပေါင်း တစ်ထောင် ချေးငှားဖို့ ထိုင်း သွင်းကုန် ထုတ်ကုန်ဘဏ် ကို အမိန့်ထုတ်ခဲ့ကြောင်း ကထိက ပါနီတန်က ပြောပါတယ်။ ဒါ့ပြင် လူ့အခွင့်အရေး အဖွဲ့တွေ ကလည်း မြန်မာ ကနေ ထိုင်း ကို ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်း ဖေါက်လုပ်ရာမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ပေါ်ပေါက်လာနိုင်တာမို့ အထူး စောင့်ကြည့်ဖို့ လိုအပ်ကြောင်း တိုက်တွန်း လိုက်ပါတယ်။
RFA

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သွားမည်

အဖွဲ့ချုပ်ရုံးအတွင်းမှ ပြန်လည် ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  တည်ထောင်သူ ၂၁ ဦးအစည်းအဝေးအပြီး အဖွဲ့ချုပ်ရုံးအတွင်းမှ ပြန်လည် ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာလ ၁၉ ရက်၊ ၂ဝ၁၁ ခုနှစ် နေ့လည်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) ) ပါတီမှတ်ပုံတင်ရေး အတွက် ပြုလုပ်သည့် ၂၁ ဦး အစည်းအဝေးတွင် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပါတီ ပထမခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်အဖြစ် အမည်စာရင်းတင်သွင်း မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ - ၁၉

ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ ယခုတစ်ပတ်အတွင်း သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။
ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ယနေ့ ကျင်းပခဲ့သော အစည်းအဝေးတွင် အင်န်အယ်လ်ဒီပါတီ ပြန်လည်မှတ်ပုံတင်ရေးအတွက် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့ကို ရွေးချယ်ခဲ့ရာ ဦးတင်ဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ရွေးချယ်ခံခဲ့ရသည်။ ထို့ကြောင့် ပါတီပြန်လည်မှတ်ပုံတင်ရေးအ တွက် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာမည့် ဒီဇင်ဘာ ၂၃ ရက် (သောကြာနေ့)တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးအပါအ၀င် ပါတီမှ တာဝန်ရှိသူများ သွားရောက်မှတ်ပုံတင်မည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောသည်။
ပါတီမှတ်ပုံတင်ရေးအတွက် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်ရွေးချယ်ခြင်းမှာ မှတ်ပုံတင်ပြီး နောက် ပါတီကို ပြန်လည်ဖွဲ့စည်းပါက ၄င်းတို့မှာ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်ဖြစ်ရမည်ဟု ဆိုလိုရင်းမဟုတ်ဘဲ၊ ပါတီမှတ်ပုံတင်ရေးအတွက်သာ ရွေးချယ်တာဝန်ပေးခြင်းဖြစ်ကြောင်းလည်း ယနေ့ ပြုလုပ်သောအစည်းအဝေးသို့တက်ရောက်ခဲ့သော ဦးဥာဏ်ဝင်းနှင့် ဦးဝင်းတင်တို့ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အတွက် ယခုအကြိမ် နေပြည်တော်သွားရောက်ခြင်းမှာ ဒုတိယအကြိမ်ဖြစ် သည်။ ပထမအကြိမ်မှာ သြဂုတ်လ ၁၉ နှင့် ၂၀ ရက်တို့တွင်  နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံ ရန်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့စဉ်က ဖြစ်သည်။
အင်န်အယ်လ်ဒီပါတီမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုဝင်ဘာ ၂၅ ရက်တွင် ပါတီတည် ထောင်ရန် လျှောက်ထားပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ပါတီတည်ထောင်ခွင့်ရခဲ့သည်။
 by 7Day News Journal

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်ယင်လပ်ခ် ဒီဇင်ဘာ ၂၀ တွင်တွေ့ဆုံမည်

ဘုရင့်သမီးတော် ရှေ့မှောက်အခစားဝင်ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ်ယင်လတ် ကို တွေ့ ရစဉ် (ဓါတ်ပုံ-ဖေ့စ်ဘုတ်)
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝါထရာ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲကချုပ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောကြားသည်။
သို့သော် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်သော မစ္စယင်လပ်ခ်ရှင်နာဝါထရာနှင့် ငြိမ်းချမ်းရေး  နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာ ၂၀ ရက်တွင် မည်သည့်အချိန်၊ မည်သည့်နေရာ၌ တွေ့ဆုံမည်ကိုမူ မသိရှိရသေးကြောင်း  ဦးဥာဏ်ဝင်းက ဆက်လက်ပြောသည်။ ဒေါ်အောင်ဆန်းစု ကြည်နှင့် ထိုင်းဝန်ကြီးချုပ်တို့မှာ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ထိုနေ့ညနေပိုင်း၌ တွေ့ဆုံမည်ဖြစ် ကြောင်းလည်း သတင်းထွက်ပေါ်နေသည်။
မစ္စယင်လပ်ခ်မှာ နေပြည်တော်သို့ စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲနိုင်ငံများ ထိပ်သီးအစည်း အဝေးပွဲသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရောက်ရှိလာမည်ဖြစ်ပြီး၊ ဒီဇင်ဘာ ၂၀ ရက်တွင် အဆိုပါအစည်းအဝေးသို့တက်ရောက်မည်ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့ကလည်း ထိုင်းဝန်ကြီးချုပ်မှာ ပထမဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ နေ့ချင်းပြန်ခရီးလာရောက်ခဲ့ တာဖြစ်ကြောင်း7Day News Journal Facebook စာမျက်နှာမှာရေးသားဖော်ပြထားပါသည်။
By: သစ်ထူးလွင်
by 7Day News Journal

လျှပ်စစ်မီတာခများ နှစ်ဆတိုးမြှင့် ကောက်ခံမည်မဟုတ်

လျှပ်စစ်မီတာခများအား မူလက နှစ်ဆအထိတိုးမြှင့်ကောက်ခံရန် တွက်ချက်ထားသော်လည်း ယခုအခါတွင် အဆိုပါနှုန်းဖြင့် ကောက်ခံမည် မဟုတ်တော့ကြောင်း၊ အများပြည်သူအတွက် မျှတစွာကောက်ခံနိုင်ရန် ပြန်လည်ပြင်ဆင် တွက်ချက်နေပြီဖြစ်ကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

မူလက အိမ်သုံးဆိုပါက ယခင် တစ်ယူနစ် ၂၅ ကျပ်မှ ကျပ် ၅၀ သို့လည်းကောင်း၊ စီးပွားရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းသုံးဆိုပါက တစ်ယူနစ် ၅၀ ကျပ်မှ ၁၀၀ ကျပ်သို့လည်းကောင်း တိုးမြှင့်ကောက်ခံရန် တွက်ချက်ထားသော်လည်း ယခုအခါ အိမ်သုံးဆိုပါက တစ်ယူနစ်လျှင် ၃၅ ကျပ်၊ စီးပွားရေးလုပ်ငန်းသုံးနှင့် စက်မှုသုံးဆိုပါက ကျပ် ၇၀ သို့သာ တိုးမြှင့်ကောက်ခံရန် ပြင်ဆင်တွက်ချက်လျှက်ရှိကြောင်း သိရသည်။

"ပြန်ပြင်တွက်ချက်နေပါပြီ။ အိမ်သုံးက ၃၅ ကျပ်၊ စက်မှုသုံးက ၇၀ ကျပ်ကောက်ဖို့ပါ။ အခုကတော့ ဒီလိုကောက်ခံရင် ဘယ်လောက် ရှုံးမလဲ၊ ဘယ်လောက်ခံသာမလဲ ဒီအပေါ်မှာ မူတည်တွက်ချက်ထားပါတယ်။ ဒီနှုန်းနဲ့ကောက်မယ်လို့ အတိအကျ စာမထုတ်ပြန်ရသေးပေမယ့် ဒီနှုန်းနဲ့ကောက်ခံရင် အများပြည်သူအတွက် ဘယ်လောက်ပဲ ကုန်ကျတော့မယ်၊ ၀န်ကြီးဌာနအတွက် ဘယ်လောက်ခံသာသွားမယ် ဆိုတာကို တင်ပြသတ်မှတ်သွားဖို့ လုပ်နေပါတယ်"ဟု နေပြည်တော်ရှိ အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့မှစတင်၍ ဓါတ်အားခနှုန်းထားများကို အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၂၅ ကျပ်၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး မီတာတစ်ယူနစ်လျှင် ၅၀ ကျပ်ကောက်ခံခဲ့ရာမှ လာမည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှစတင်၍ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၅၀ ကျပ်၊ လုပ်ငန်း သုံးမီတာတစ်ယူနစ်လျှင် ၁၀၀ ကျပ် သို့ ပြောင်းလဲတိုးမြှင့်ကောက်ခံသွား ရန် မူလက စီစဉ်ထားခြင်းဖြစ်သည်။

လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး အတွက် အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ ရေအားလျှပ်စစ်တစ်ယူနစ်လျှင် ၂၀ ကျပ်နှုန်း၊ ဓါတ်ငွေ့တာဘိုင်များ အသုံးပြုဖြန့်ဖြူးခြင်းအတွက် တစ်ယူနစ်လျှင် ၁၂၇ ကျပ် အကုန်အကျခံကာ ဖြန့်ဖြူးပေးနေရခြင်းကြောင့် အ ရှုံးပေါ်လျက်ရှိ၍ နိုင်ငံတော်မှ စိုက်ထုတ်ပေးနေရလျက်ရှိကြောင်း၊ ဓါတ်အားခနှုန်းထားများ ပြောင်းလဲကောက်ခံခြင်းဖြင့် ရသုံးငွေမျှခြေသို့ ရောက်ရှိကာ ဓါတ်အားပုံမှန်ဖြန့်ဖြူးရေးအတွက် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများနှင့် တိုးချဲ့တပ်ဆင်နိုင်ရေးတို့ကို ပိုမိုလုပ်ဆောင်နိုင်ရန် ရည်ရွယ်သည်ဟုလည်း သိရသည်။

"မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့် တွက်ချက်ဖော်ပြပြီးတဲ့နောက်မှာ နိုင်ငံတော်သမ္မတကြီးက ပြည်သူတွေထိမှာစိုးလို့ ပြန်လည်ပြင်ဆင် တွက်ချက်ဖို့ ညွှန်ကြားတဲ့အတွက် ပြန်ပြင်ဆင်တွက်ချက်တာလို့တော့ ကြားရပါတယ်။ အဓိကအချက်ကတော့ ပြည်သူတွေထိမှာစိုးလို့ မထိအောင်ပြန်ပြင်ဆင် တွက်ချက်တာပေါ့။ အခု ဒီနှုန်းနဲ့ကောက်ခံပြီးနောက် ပြည်သူတွေ ၀င်ငွေတိုးလာတဲ့အခါ တိုးလာတဲ့အပေါ် မူတည်ပြီး တစ်ဖြည်းဖြည်းချင်း ပြောင်းမယ့်သဘောပါ"ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
EMG

ကင်မ်ဂျုံအီလ်၏ အရိုက်အရာကို ဆက်ခံဖွယ်ရှိသည့် တတိမြောက်သားဖြစ်သူ ကင်မ်ဂျွန်အန်း

ကင်မ်သည် မြို့တော်ပြင်ပသို့ထွက်ကာ လေ့လာမှု ခရီးစဉ်တစ်ခုအတွင်း ရထားပေါ်တွင် ကွယ်လွန်သွားခြင်းဟု သတင်းဌာန၏ အဆိုအရ သိရှိရ




မြောက်ကိုရီးယား အာဏာရှင် စစ်ခေါင်းဆောင် ကင်မ်ဂျုံအီလ် သေဆုံးကြောင်း သတင်းနှင့်အတူ တောင်ကိုရီးယားတွင် စစ်တပ်များကို အရေးပေါ် အခြေအနေ ကြေညာထားလိုက်ကြောင်း သိရသည်။ မြောက်ကိုရီးယား သတင်းမီဒီယာများက စနေနေ့တွင် ခေါင်းဆောင်ကြီးကင်မ်သည် ရုတ်တရက် ဖျားနာမှုကြောင့် သေဆုံးခဲ့ကြောင်း တနင်္လာနေ့ အစောပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။


(ကင်မ်ဂျုံအီလ်၏ အရိုက်အရာကို ဆက်ခံဖွယ်ရှိသည့် တတိမြောက်သားဖြစ်သူ ကင်မ်ဂျွန်အန်း[ယာ])

တောင်ကိုရီးယား သမ္မတ အိမ်တော်သည် ထိုသတင်း ထွက်ပေါ်လာပြီးနောက် အမျိုးသား လုံခြုံရေး ကောင်စီ အစည်းအဝေး ချက်ချင်းခေါ်ယူခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ဆိုသည်။ ပြုံယမ်းအခြေစိုက် အစိုးရပိုင် KCNA သတင်းဌာနက ကင်မ်သေဆုံးကြောင်း အတည်ပြုခဲ့သည်။ ကင်မ်သည် မြို့တော်ပြင်ပသို့ထွက်ကာ လေ့လာမှု ခရီးစဉ်တစ်ခုအတွင်း ရထားပေါ်တွင် ကွယ်လွန်သွားခြင်းဟု သတင်းဌာန၏ အဆိုအရ သိရှိရသည်။


(၂၀၀၇ ခုနှစ်က ပြုံယမ်းတွင် အတူတွေ့ရသည့် တောင်ကိုရီးယားသမ္မတ ရိုမိုဟွန်းနှင့် ကင်မ်ဂျုံအီလ်)

မြောက်ကိုရီးယား၏ နာမည်ဆိုးဖြင့် ကျော်ကြားသော အာဏာရှင် စစ်ခေါင်းဆောင်သည် (၂၀၀၈)ခုနှစ် ကတည်းက လေဖြတ်ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရဖူးသော်လည်း ပြန်လည် သက်သာလာကာ တရုတ်၊ ရုရှားတို့နှင့် ဆက်ဆံရေး တိုးမြှင့်မှုများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သေးသည်။


(မြောက်ကိုရီးယားစစ်ဖက်ခေါင်းဆောင်းများနှင့် ကင်မ်ဂျုံအီလ်)

(၁၉၉၄) ခုနှစ်က မြောက်ကိုရီးယားနိုင်ငံ ထူထောင်သူ ဖခင် ကင်မ်အီလ်ဆန်ထံမှ အာဏာလက်လွှဲ ရယူခဲ့သည့် ကင်မ်၏ အရိုက်အရာကို တတိယမြောက် သားဖြစ်သူ ကင်မ်ဂျွန်အန်းက ဆက်ခံဖွယ် ရှိနေကြောင်းလည်း သိရသည်။ ကင်မ်သည် အသက် (၂၀) ကျော်မျှသာ ရှိဦးမည်ဟု ယုံကြည်ရသော သားဖြစ်သူကို (၂၀၁၀) ပြည့်နှစ်ကတည်းက ၎င်း၏အရိုက်အရာ ဆက်ခံသူအဖြစ် ခန့်အပ်ပေးထားခဲ့ပြီး ဖြစ်သည်။


(၂၀၀၂ ခုနှစ်က လက်ရှိရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင်အတူတွေ့ရသည့် ကင်မ်ဂျုံအီလ်)

By: သစ်ထူးလွင်

NLD ပါတီကို ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မည်

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမခေါင်းဆောင်အဖြစ် ဦးတင်ဦး၊ ဒုတိယ ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမည်စာရင်း တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

တနင်္လာနေ့ နံနက်ပိုင်းက ပြုလုပ်သည့် အန်အယ်လ်ဒီပါတီ တည်ထောင်သူ ၂၁ ဦး အစည်းအဝေးတွင် ဦးတင်ဦးနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့ကို ခေါင်းဆောင်များအဖြစ် ရွေးချယ်ခဲ့ပြီး ယင်းတို့နှစ်ဦး မကြာမီ နေပြည်တော်သို့ သွားရောက်၍ ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီမှတ်ပုံတင်ခြင်း ပြုလုပ်မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။


NLDpartyremark
အန်အယ်လ်ဒီပါတီ တည်ထောင်သူ ၂၁ ဦး အစည်းအဝေးတွင် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ခေါင်းဆောင်များ အဖြစ် ရွေးချယ်ခဲ့ပြီး ယင်းတို့နှစ်ဦး မကြာမီ နေပြည်တော်သို့ သွားရောက်၍ ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီမှတ်ပုံတင်ခြင်း ပြုလုပ်မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြော (ဓါတ်ပုံ မဇ္ဈိမ)

အဖွဲ့ချုပ်ရုံးအတွင်းမှ ပြန်လည် ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည် :: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူ ၂၁ ဦးအစည်းအဝေး အပြီး အဖွဲ့ချုပ်ရုံးအတွင်းမှ ပြန်လည် ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာလ ၁၉ ရက်၊ ၂ဝ၁၁ ခုနှစ် နေ့လည်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) ) ပါတီမှတ်ပုံတင်ရေး အတွက် ပြုလုပ်သည့် ၂၁ ဦး အစည်းအဝေးတွင် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပါတီ ပထမခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် အဖြစ် အမည်စာရင်းတင်သွင်း မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့သည်။

“၂၁ ဦး အစည်းအဝေးမှာ နေပြည်တော်ကိုသွားပြီး ကော်မရှင်မှာ NLD ပါတီကို မှတ်ပုံတင်ဖို့ ပထမခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင် ရွေးတယ်။ ပထမခေါင်းဆောင်က ဦးတင်ဦး၊ ဒုတိယ ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်။ သူတို့က မကြာခင်မှာ နေပြည်တော်ကို သွားပြီးတော့ ကော်မရှင်နဲ့ တွေ့ဆုံပြီးတော့ NLD ကို တရားဝင် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်လိမ့်မယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ သွားရောက် မှတ်ပုံတင်မည့်ရက်ကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို ကော်မရှင်က ထုတ်ပြန်ခြင်း မရှိသေးသည့် အတွက် မဲဆန္ဒနယ်များနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ထားခြင်း မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“ကော်မရှင်ကတောင်မှ ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ်ဆိုတာ မပြောသေးတဲ့ အတွက်။ သူဘယ်နေ့ပြောမလဲ ဆိုတာ စောင့်ရမှာပေါ့။ ဒါပေမဲ့ မဲတော့ ဆွယ်ကြလို့ ပြောတယ်။ တို့မှာ ဘယ်နေရာမှာ ဘယ်သူ ဝင်ပြိုင်မယ်ဆိုတာ တိတိကျကျ ဆုံးဖြတ်ထားတာ မရှိသေးဘူး”ဟု NLD ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

မဲဆွယ်မှုလုပ်ငန်းများ မစသေးသော်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လိုအပ်သည့် ဖွဲ့စည်းမှုများ ပြုလုပ်
ပြင်ဆင်ထားကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။


မျိုးသိဏ်း
ရန်ကုန် (မဇ္ဈိမ)

ဆင်ဆာဖြတ်ကြမယ်--နင်လာဟဲ့ဆင်ဆာ (ရုပ်/သံ)


ရုပ်ရှင်ဆင်ဆာအဖွဲ့ ကို သရော်ထားတဲ့ ဟာသဇာတ်လမ်းတို့ လေးပါ။

NLD ခေါင်းဆောင်သစ် ရွေးချယ်ပြီး

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့က တရားဝင် ပါတီအဖြစ် တည်ထောင်ခွင့် ပြန်လည် ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမခေါင်းဆောင် အဖြစ် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးက ဆောင်ရွက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပါတီ၏ ဒုတိယ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ရန် ယနေ့ NLD ဗဟို အလုပ်အမှုဆောင် အစည်းအဝေးတွင် တရားဝင် ဆုံးဖြတ် လိုက်ကြောင်းသိရသည်။
By: သစ်ထူးလွင်

နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွင့်လှစ်

နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့် တရုတ် ဗဟိုကော်မတီဝင် တို့ ယနေ့ နေ့လည် တစ်နာရီတွင်ဖွင့်လှစ်ပေးခဲ့သည်။ယင်းလေဆိပ်အသစ်သည် တစ်နှစ်လျှင်ခရီးသည် သုံးသန်းကျော် ကိုဝန်ဆောင် မူပေးနိုင်ဟု အေးရှားဝေါ ကုမ္မဏီ ၏ ဒါရိုက်တာတစ်ဦးမှ ပြောကြားသည်။
မက်ဆင်ဂျာ ဂျာနယ်

ကြားဖြတ်ရွေးကောက်ပွဲမှာ မရမ်းကုန်း မြို့နယ်ကနေ ဝင်ရောက်အရွေးခံမယ့် ရသ

ရသ (Hip Hop အဆိုတော်)
ရသက လတ်တလောမှာတော့ အမျိုးသားရေးနဲ့သက်ဆိုင်တဲ့ သီချင်းကိုရေးနေပြီး အကြမ်းတော့ပြီးသွားပြီလို့သိရပါတယ်။ ခေါင်းစဉ်တောင်ပေးပြီးပြီလို့လည်း ပြောပါ တယ်။ ပြည်သူတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပါတဲ့ သီချင်းမျိုးပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာကတည်းက အမျိုးသားဒီမိုကရေစီ ပါတီသစ်ကနေ ပြီး နိုင်ငံရေးကိစ္စတွေမှာ ကူညီခဲ့သူရသက လူငယ်တွေအနေနဲ့လည်း နိုင်ငံ့အရေးမှာထဲထဲဝင်ဝင် မပါဝင်နိုင်ရင်တောင် တစ်ဖက်တစ်လမ်းကနေပြီး ဝင်ကူညီစေချင်တယ် လို့ပြောပါတယ်။
ဟစ်ဟော့ပ်ကိုခုံမင်တဲ့ လူငယ်တော်တော်များများကလည်း ရသကို အကြိုက်တွေ့ကြပြီး လေးစားမှုရှိတာလည်း တွေ့ရပါတယ်။ အဲဒါကကော ဘယ်လိုအ ချက်တွေကြောင့်ဖြစ်မယ်ထင်မိလဲလို့မေးတော့..
”ကျွန်တော်တတ်သမျှ မှတ်သမျှ ကူညီနိုင်မယ်ထင်သမျှကူညီပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကျွန်တော်အသုံးချပါတယ်။ သူတစ်ပါးကောင်းစားဖို့အတွက်လည်း အသုံး ချခံပါတယ်။ ကိုယ့်ဟာကိုယ် အသုံးကျဖို့အတွက်လည်း ကျွန်တော်တစ်ခု လေ့လာနေပါတယ်”လို့ရသကပြောပါတယ်။
ဟစ်ဟော့ပ်သီချင်းတွေက ဒီဘက်ခေတ်မှာ ပိုကောင်းလာပြီလို့ ပြောတဲ့ရသကို  နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဟစ်ဟော့ပ်သီချင်းမျိုးတွေကော လုပ်ဖို့ရှိမလားဆိုတော့ ”ကမ္ဘာပေါ်မှာလည်း နိုင်ငံရေး ဟစ်ဟော့ပ်သီချင်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့လည်း အဲဒါတွေနားထောင်ပါ တယ်။ ဟစ်ဟော့ပ်ဆိုတာ လွတ်လပ်စွာ ပြောရေး ဆိုခွင့်ရှိပါတယ်။အဲဒီလိုသီချင်းမျိုး တွေလုပ်ဖို့လည်းကြိုးစားရမှာပါ။ လေ့လည်း လေ့လာနေပါတယ်”လို့ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာလည်း  အမျိုးသားဒီမိုကရေစီပါတီသစ်၊ မရမ်းကုန်း မြို့နယ်ကနေ ဝင်ရောက်အရွေးခံမယ့်ရသက ပါတီအတွက် စည်းရုံးရေးသီချင်းကိုလည်း သူကိုယ်တိုင်ပဲရေးမယ်ပြောပြီး ပါတီသီချင်းဆိုတာထက် တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အမျိုးသားရေးသီချင်းမျိုး ရေးချင်ကြောင်းလည်း ပြောပါတယ်၊၊လတ်တလောမှာတော့ ဘယ်နယ်မြေကနေ အရွေးခံမယ်ဆိုတာ မသေချာသေးဘဲ လူကြီးတွေချပေးတဲ့ နယ်မြေက ဝင်ပြိုင်မှာပါလို့ ပြောပြီး ဘယ်ရက်ဆိုတာအတိအကျ မသိသေးတဲ့အတွက် စည်းရုံးရေးကိစ္စတွေလည်း မလုပ်ရသေးဘူးလို့ ပြောတဲ့ရသက ဇန်နဝါရီလထဲမှာတော့ ယုန်လေးတို့နဲ့အတူ ချောင်းသာမှာ ကားရိုက်ဖို့ရှိတယ်လို့သိရပါတယ်။
ရဲရဲ
ပေါ်ပျူလာ

အရက်သေစာကြောင့် မှုခင်းများ အများဆုံး ဖြစ်ပွားခဲ့ရ

မှုခင်း ကျဆင်းရေး ပညာပေး ဟောပြောပွဲ
လက်ရှိ ပြည်တွင်းမှာ ဖြစ်ပွားလျက် ရှိခဲ့တဲ့ အမှုခင်းများဟာ အရက်သေစာ သောက်စားမှုများကြောင့် အများဆုံး ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၇ ရက် နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ စက်ဆန်း ကျေးရွာ စက္ကလေး ရပ်ကွက်မှာ ပြုလုပ်ခဲ့တဲ့ မှုခင်း ကျဆင်းရေး ပညာပေး ဟောပြောပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက် အရ သိရပါတယ်။

ဒီလို အရက်သေစာ သောက်စားမှုကြောင့် လူသတ်မှု ၊ မုဒိမ်းမှုတို့ အများဆုံး ဖြစ်တာ ဖြစ်ပါတယ်။ အခုလို လူသတ်မှုတွေ ဖြစ်ပွား ရခြင်း ဟာ လက်စား ချေလိုစိတ် ၊ မနာလိုစိတ် ၊ လောဘ စိတ်တို့ေ ကာင့် သတ်မှု ၊ ရုတ်တရက် ဒေါသကြောင့် သတ်မှု ၊ စိတ်ရော ဂါကြောင့် သတ်မှုနဲ့ မုဒိမ်းမှုတွေ ဖြစ်ပွား ရခြင်းဟာလည်း အ ရက်မူးပြီး စိတ်ကြွ ပြုလုပ်ခြင်း ၊ ကလေးများအား မုန့် ၊ ငွေေ ကြးပေးပြီး မြူဆွယ်ခြင်း ၊ ၀တ်စားဆင်ယင်မှု မလုံခြုံခြင်း ၊ သမီးရည်စား ချိန်းတွေ့ခြင်းတို့မှ ဖြစ်ပွားလေ့ ရှိတယ်လို့ သိရ ပါတယ်။

အဆိုပါ လူသတ်မှု ၊ မုဒိမ်းမှုတွေကို ဖြစ်ပေါ် လာစေခြင်းဟာ လိုင်စင်မဲ့ အရက်ရောင်းခြင်း ၊ လောင်းကစားခြင်း ၊ ဘာသာ တရား ကိုင်းရှိုင်းမှု မရှိခြင်း ၊ အသိပညာ ၊ အခြေခံ အသိတရား နည်းပါးခြင်း ၊ သည်းခံစိတ်နည်းကာ ခိုက်ရန် ဖြစ်ပွားခြင်းတို့ဟာ လူသတ်မှုကို ဖြစ်ပေါ်စေဖို့ တွန်းအားပေးတဲ့ အချက်တွေ ဖြစ်ပြီး အနောက်တိုင်း ယဉ်ကျေးမှုကို အတုခိုးခြင်း ၊ ကာမရာဂ စိတ်ြ ကွဆေးများ သုံးစွဲခြင်း၊ ငွေကြေး လိုလားခြင်း ၊ လူသူကင်းမဲ့ အချိန်မတော် သွားလာခြင်းတို့ဟာ မုဒိန်းမှုကို ဖြစ်ပေါ်စေဖို့ တွန်းအားပေးတဲ့ အချက်တွေ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို မှုခင်းတွေ ဖြစ်ပွားမှုတွေကို ကျဆင်းစေရန် အတွက် စာများများဖတ်ရန် လိုအပ်ကြောင်း ၊ အသိပညာ တိုးတက်ရန် လိုအပ်ကြောင်းနဲ့ ဘာသာတရားနဲ့ ယဉ်တွဲ နေထိုင်ပါက အဆိုပါ မှုခင်းတွေ ဖြစ်ပွားမှုကို ကျဆင်း စေတယ်လို့ သိရပါတယ်။
Mrtv-4

ယူရေနီယံ ထုတ်လုပ်မှုကို မြောက်ကိုရီးယားတို့ ဆိုင်းငံ့ထားမည်

မြောက်ကိုရီးယား နိုင်ငံအနေဖြင့် နှုကလိယ လက်နက်ထုတ်လုပ်ရာတွင် သုံးစွဲသည့် ယူရေနီယံ သန့်စင်နေမှုများကို ဆိုင်းငံ့ထားရန် သဘောတူညီလိုက်ပြီ ဖြစ်သည်ဟု အတည်မပြုနိုင် သည့် တောင် ကိုရီးယား သတင်းများ တွင်ဖော်ပြခဲ့သည်။ အဆိုပါ သတင်း အရင်းအမြစ်နှစ်ခုတွင် ဖော်ပြရာ၌ မြောက်ကိုရီးယားမှာ မကြာတော့မည်ကာလအတွင်း ၎င်းတို့၏ နှုကလိ ယ အစီအစဉ်များတွင် သုံးစွဲနေသည့် ယူရေနီယံ သန့်စင်နေမှုများကို ဆိုင်းငံ့ထားတော့မည် ဖြစ်သည် ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အသေးစိတ်အချက်အလက်များကိုမူ ရေးသားခဲ့ခြင်းမရှိပေ။ အမေရိကန်နိုင်ငံမှာ မြောက်ကိုရီးယား၏ ယူရေနီယံကိစ္စနှင့် ပတ်သက်ပြီး ရပ်နားထားရန် တောင်းဆိုခဲ့ကာ စစ်လက်နက် ဆက်လက်မတပ်ဆင်ရေး အတွက်ဆွေးနွေးပွဲ မပြုလုပ်မီအတွင်း အပြီးသတ် ရပ်နားထားရန် တောင်းဆို ထားခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံမှာ အဆိုပါဆွေးနွေးပွဲမှ လွန်ခဲ့သည့် နှစ်နှစ် က နုတ်ထွက် ခဲ့ခြင်းဖြစ်သည်။ ယခုလို သတင်းအတွက် ဝါရှင်တန်မှ မြောက်ကိုရီးယားသို့ အစားအသောက် တန်ချိန်၂၄၀၀၀၀ ပေးလှု သွားမည် ဖြစ်ေ ကြာင်းပြောခဲ့သည်။ မြောက်ကိုရီး ယားနိုင်ငံမှာ အစားအစာ မလောက်ငှသည့် ပြဿနာကို နှစ်ပေါင်းများစွာ ခံစားနေရပြီး ကုလသမ္မဂ္ဂ၏ ခန့်မှန်းချက်အရ  လာမည့်နှစ်အတွင်း လူ၃ သန်းမှာ အစားအစာလိုအပ်မည် ဖြစ်ကြောင်း ပြောခဲ့သည်။


source : euronews

ကင်ဂျုံအီ သေဆုံးအပြီး အာရှစတော့ရှယ်ယာ ဈေးများကျဆင်းနေ

တနင်္လာနေ့က မြောက်ကိုရီးယားနိုင်ငံမှ ခေါင်းဆောင် ကင်ဂျုံအီ သေဆုံးအပြီးတွင် အာရှတိုက်ရှိ စတော့ရှယ်ယာ ဈေးများကျဆင်းခဲ့ရကာ ဒေါ်လာဈေး မြင့်တက်ခဲ့ပြီး ဝမ်ငွေဈေးမှာလည်း နှစ်လအတွင်း အနိမ်ဆုံးသို့ ကျဆင်းခဲ့ရကြောင်း သိရသည်။ အလားတူပင် ဥရောပနိုင်ငံများအနေဖြင့်လည်း စီးပွားရေးအကြပ်အတည်းများနှင့် နပမ်း လုံးနေရကြောင်း သိရသည်။ တိုကျိုရှိ MSCI Asia Pacific ၏ အညွန်းကိန်းမှာ ၁.၉ ရာနှုန်းသို့ ကျဆင်းခဲ့ရပြီး တောင်ကိုရီးယား ရှိ Kospi အညွန်းကိန်းမှာလည်း ၃.၄ ရာနှုန်းနိမ့်ကျခဲ့ရကာ Standard & Poor ၏ 500 အညွန်းကိန်းမှာလည်း ၀.၅ ရာနှုန်း ကျဆင်းခဲ့ရသည်။

အလားတူပင် Euro Stoxx 50 ၏ စတော့အညွန်းကိန်းမှာ၁.၁ ရာနှုန်းကျဆင်းခဲ့ရသည်။ ဒေါ်လာတန်ဖိုးမှာ ယူရိုငွေကြေးထက်စာပါ က မြင့်တက်ခဲ့ရပြီး ၁.၃၀၁၄ သို့ ရောက်ရှိခဲ့ကာ တောင်ကိုရီးယား ဝမ်ငွေထက်စာပါက ၁.၄ ရာနှုန်း မြင့်တက်ခဲ့ကြောင်း သိရ သည်။ မြောက်ကိုရီးယား ခေါင်းဆောင် ကြီး သေဆုံးရမှုနှင့်အတူ ဥရောပနိုင်ငံများအတွင်း အကြွေပြဿနာများ ဖြစ်ပွားနေရ မှုနှင့် ပြင်သစ်မှာလည်း ယူရို ၇ ဘီလီယံ ပမာဏရှိသည့် အစိုးရငွေချေး စာချုပ်များကိုရောင်းချနိုင်ရန် ကြိုးစားနေရမှုစသည့် အခြေအနေသုံးရပ် တစ်ပြိုင်နက်ပေါင်းဆုံနေသဖြင့် ယခုလို ဖြစ်ရခြင်းဖြစ်ကြောင်း လည်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
source : Bloomberg.com

ကင်ဂျုံအီ သေဆုံးပြီဖြစ်ကြောင်း မြောက်ကိုရီးယားကြေငြာလိုက်ပြီ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီမှာ သေဆုံးသွားခဲ့ ရပြီ ဖြစ်ကြောင်း ပြုံးယမ်းရှိ အစိုးရပိုင် သတင်းဌာနမှ တနင်္လာနေ့က ထုတ်ပြန်ကြေငြာလိုက်ပြီ ဖြစ်သည်။ အဆိုပါ ခေါင်းဆောင်ကြီး  ကင်ဂျုံအီမှာ လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ အချိန်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သတင်းကြေငြာသူမှ ငိုရှိုက်သံဖြင့် ပြောကြားသွားခဲ့သည်။

အဆိုပါ သတင်းကြေငြာသူမှာ အနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားခဲ့ပြီး ခေါင်းဆောင်ကြီးအနေဖြင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာကို ထိ ခိုက်လောက်အောင်ပင် အလုပ်ကြိုးစားခဲ့သဖြင့် ယခုလို သေဆုံးသွားရခြင်းဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။ ယခုလို သေဆုံးခဲ့ ရခြင်းကြောင့် မြောက်ကိုရီးယား နိုင်ငံရှိပြည်သူများမှာ မင်သက်ခဲ့ရကြောင်းလည်း သိရသည်။ ကင်ဂျုံအီမှာ မြောက်ကိုရီးယားနိုင်ငံကို လွန်ခဲ့သည့် ၁၉၉၄ ခုနှစ်တွင် ၎င်း၏ ဖခင် ကင်အီဆွန်း သေဆုံးအပြီးတွင် အုပ်ချုပ်ခဲ့ခြင်းဖြစ်ကာ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က လေဖြန်းမှု ခံစားရအပြီးတွင် လူထုမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သူလည်း ဖြစ်သည်။ ယခုလိုသေဆုံးမှုကြောင့် ၎င်း၏ အနေရာတွင် တတိယမြောက် သားဖြစ်သူ ကင်ဂျုံဝန်းကို လက်လွှဲခဲ့ဖွယ်ရှိကြောင်းလည်း BBC သတင်းတွင် ပြောကြားလိုက်သည်။
By: သစ်ထူးလွင်


N Korean leader Kim Jong-il dies

The announcer, wearing black, made the emotional announcement on state-run television

North Korean leader Kim Jong-il has died at the age of 69, state-run television has announced.
Mr Kim, who has led the communist nation since the death of his father in 1994, died on a train while visiting an area outside the capital, the announcement said.
He suffered a stroke in 2008 and was absent from public view for months.
His designated successor is believed to be his third son, Kim Jong-un, who is thought to be in his late 20s.
North Korea's state-run news agency, KCNA, urged people to unite behind the younger Kim.
"All party members, military men and the public should faithfully follow the leadership of comrade Kim Jong-un and protect and further strengthen the unified front of the party, military and the public," the news agency said.
A funeral for Kim Jong-il will be held in Pyongyang on 28 December and Kim Jong-un will head the funeral committee, KCNA said.
Kim Jong-il (file image) North Korean leader Kim Jong-il had suffered from poor health since his stroke in 2008
The BBC's Lucy Williamson in Seoul says Mr Kim's death will cause huge shock waves across North Korea, an impoverished, nuclear-armed nation with few allies.
The announcement came in an emotional statement read out on national television.
The announcer, wearing black, said he had died of physical and mental over-work. A later report from KCNA said Mr Kim had had a heart attack.
South Korea's military has been put on alert following the announcement and its National Security Council is convening for an emergency meeting, Yonhap news agency reports.
Asian stock markets fell after the news was announced.

ကြံ့ခိုင်ရေးအမတ်တချို့ ပါတီပြောင်းရန်စီစဉ်

          ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီမှဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်ထဲသို့ ရောက်ရှိလာသည့် တိုင်းရင်းသားလူမျိုးဖြစ်သည့် ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ တိုင်းရင်းသားပါတီများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သို့ ပြောင်းရွှေ့ရန် စီစဉ်နေပြီဖြစ်ကြောင်း NLD သို့ ပြောင်းရွှေ့ရန် စီစဉ်နေသည့် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
“ပါတီပြောင်းကြမဲ့ကိစ္စကို ကျွန်တော်တို့အချင်းချင်း တိုးတိုးတိတ်တိတ် စီစဉ်နေကြတယ်။” ဟု အထက်ပါ ကိုယ်စားလှယ်က ပြောကြားသည်။
ပါတီပြောင်းချင်ကြသည့် ကိုယ်စားလှယ်အများစုသည် လူငယ်များဖြစ်ကြပြီး အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ဒီမိုကရေစီအင်အားစုများကို တစုတစည်း တည်း ဖြစ်စေလိုသူများဖြစ်ကြောင်း သိရသည်။
လူငယ်များမှာ ပါတီစွဲကင်းရှင်းကြပြီး ပါတီကူးပြောင်းရန် အခက်ခဲမရှိသော်လည်း နိုင်ငံရေးသမားဝါရင့်ကြီးများမှာမူ ကူးပြောင်းရာတွင် လူမှုရေးပြဿနာ၊ ရာထူးပြဿနာ စသည့်ပြသနာများကြောင့် ပါတီတစ်ခုမှတစ်ခုသို့ ကူးပြောင်းရန် အခက်အခဲများ ရှိနေကြမည် ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တစ်ဦးက သုံးသပ်ပြောဆိုသည်။
“ဘယ်ပါတီဝင်ဘဲ ဖြစ်နေဖြစ်နေ နှုတ်ထွက်ပြီးသွားရင်တော့ အန်ကယ်တို့ပါတီက လက်ခံဖို့အဆင်သင့်ပါပဲ” ဟု NLD မှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုသည်။
ယင်းကဲ့သို့ NLD ပါတီ၏ ဖိတ်ခေါ်ကမ်းလှမ်းမှုကို အလွန်ပင်ဝမ်းမြောက်မိပါကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF မှ နှုတ်ထွက်ပြီး NLD ပါတီသို့ ကူးပြောင်းတော့မည့် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ မြတ်ဥာဏစိုးက ပြောကြားသည်။
မိခင်ပါတီ NLD မှခွဲထွက်လာသော NDF ပါတီသည် ပါတီတစ်ခုလုံး ပြောင်းလဲကူးပြောင်းသွားအောင် မစွမ်းဆောင်နိုင်သည့်အတွက် တစ်ဦး တစ်ယောက်ချင်းအနေဖြစ်သာ ကူးပြောင်းရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
NDF ပါတီမှ ပါတီဝင်များသည် အစုလိုက်အပြုံလိုက် နှုတ်ထွက်နေကြသည်ဟူသော သတင်းနှင့်ပတ်သက်၍ NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက “နှုတ်ထွက်စာ လာတင်ထားတာကတော့ အခုအချိန်ထိ နှစ်ယောက်ပဲရှိသေးတယ်။ ပါတီဝင်အသစ်တွေတောင် အခုတလော တော်တော်များလာသေးတယ်” ဟု ဆိုသည်။
NDF ပါတီမှ ခွဲထွက်သွားသော အမျိုးသားဒီမိုကရေစီပါတီသစ် NNDP သည် မိခင်ပါတီဖြစ်သော NLD ပါတီနှင့် ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက် နိုင်ရန် ကြိုးစားသွားမည်ဟု NNDP ဥက္ကဋ္ဌ ဦးသိန်းညွှန့်၏ ပြောကြားချက်ကို ယင်းပါတီမှ အမတ်များနှင့် ပါတီဝင်များက စောင့်ကြည့်လျက်ရှိပြီး အခြေအနေပေါ် မူတည်ကာ မိခင်ပါတီသို့ ကူးပြောင်းမည်ဟု NNDP ပါတီဝင်အမတ်တစ်ဦးက ပြောကြားသည်။
NNDP ပါတီသည် မိခင်ပါတီ NLD ပြန်လည်မှတ်ပုံတင်ပါက NNDP ကိုဖျက်သိမ်းပြီး ပြန်လည်ပူးပြောင်း လုပ်ဆောင်သွားမည်ဟု NLD ပါတီ တရားမဝင် ရပ်တည်နေသည့် အချိန်ကအတည်အလင်း ကြေငြာထားသည့် ပါတီဖြစ်သည်။
Peace Press

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် သမိုင်းကြောင်းကောင်းသူများကိုသာဦးဆောင်စေသင့်

ဝန်ကြီးဦးအောင်သောင်း
မြန်မာနိုင်ငံတွင် အမြန် လိုအပ်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရဘက်မှ သမိုင်းကြောင်း ကောင်းသူများကို ဦးဆောင်စေသင့်ကြောင်း မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းက တစ်ညီတစ်ညွတ်တည်း ဆိုကြသည်။

ငြိမ်းချမ်းရေးတည်ဆောက်ရန် နှစ်ဦးနှစ်ဖက် ဆွေးနွေးရာတွင် နားလည်မှုအရင်းခံကာ ဆွေးနွေးရသည့်အတွက် သမိုင်းကြောင်းကောင်းသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ နာမည်ပျက် မရှိသူများကို ဦးစားပေးရွေးချယ်သင့်ပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောကြားသည်။

“ငြိမ်းချမ်းရေးဆွေးနွေးတဲ့သူတွေဟာ ရိုးသားမှု မရှိဘူးဆိုရင် ရလဒ်ကောင်းတွေ မပေါ်လာနိုင်ဘူး”ဟု ယင်းက ဆက်လက် ပြာကြားသည်။

လက်ရှိအချိန်တွင် အစိုးရသစ်အနေဖြင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်များအဖြစ် တောင်သာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းနှင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့အား တာဝန်ပေးထားသည်။

ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်များအဖြစ် တာဝန်ယူထားသည့် ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့သည် တပ်မတော်အစိုးရ လက်ထက်တွင် အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းအား တိုက်ခိုက်မှုနှင့် အကျင့်ပျက် လာဘ်စားမှုတို့တွင် အကြီးအကျယ်ပါဝင် ပတ်သက်နေသူများ ဖြစ်သည်ကို တွေ့ရှိရကြောင်း ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လေ့လာသုံးသပ်နေသူ တစ်ဦးက ဆိုသည်။

“အရင်အစိုးရအဖွဲ့ဝင်တွေထဲမှာ လာဘ်စားတဲ့နေရာမှာ နာမည်ကြီးတဲ့သူတွေက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတော့ အစိုးရဖက်ကကို တစ်ဖက်နိမ့်နေပြီ။ ဆက်ပြောရရင် ဒီလိုလူတွေက နိုင်ငံအဆင့်ကိစ္စရပ်တွေ ကိုင်တွယ်နေတာက သမ္မတကြီးပြောပြောနေတဲ့ သန့်ရှင်းတဲ့အစိုးရ ဆိုတာကို ပြည်သူတွေ တစ်မျိုးထင်စရာ ဖြစ်နေတယ်” ဟု ယင်း၏အမြင်ကို ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ရန်ပုံငွေများကို ထိန်းချုပ်ခွင့်ရထားသူ ဦးအောင်သောင်းသည် လတ်တလောဖြစ်ပွားနေသည့် ရွှေညဝါဆရာတော်ကို မန္တလေးတိုင်း NLD ရုံးတွင် ငြိမ်းချမ်းရေးတရားဟောမှုကိစ္စနဲ့ပက်သက်ပြီး ကျောင်းတိုက်မှ နှင်ထုတ်ရာတွင် နောက်ကွယ်မှ အဓိကပါဝင် ပတ်သက်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်က သာသနာရေးဝန်ကြီးဌာနတွင် ညွှန်ချုပ်အဖြစ်တာဝန်ယူခဲ့သူ ရဟန်းလူထွက် ဦးအံ့မောင်နှင့် မဟနဆရာတော်တစ်ချို့ ပူးပေါင်းဆောင်ရွက်သည့် ယင်းကိစ္စရပ်တွင် ဦးအောင်သောင်းမှ လိုအပ်သည်များကို ပံ့ပိုးကူညီကြောင်း ယင်းတို့နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းက ထုတ်ဖော် ပြောကြားသည်။

“ဆရာတော်ကို NLD မှာ တရားဟောလို့ဆိုပြီး ကျောင်းတိုက်ကနှင်ထုတ်တာဟာ ဦးအောင်သောင်းရဲ့ မရိုးသားမှုနဲ့ နိုင်ငံရေး အကောက်ကြံမှုကို ဖော်ပြ နေတာပါ။ ဒီကိစ္စရပ်ကို ဦးဇင်းတို့တတွေ ပြေလည်စွာဖြေရှင်းဖို့ ကြိုးစားရမှာပါ။ သူဆင်တဲ့ အကွက်ထဲကိုတော့ အရောက်မခံပါဘူး”ဟု ကြည့်မြင်တိုင်မြို့နယ်၊ သာဓု ကျောင်းတိုက်အတွင်းမှ သံဃာတစ်ပါးက မိန့်တော်မူသည်။

အစိုးရအဖွဲ့အတွင်း သမ္မတကြီး၊ စက်မှုဝန်ကြီးနှင့် ရထားပို့ဆောင်ရေးဝန်ကြီးတို့ ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးသမားများ နေရာရနေသော်လည်း ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ကဲ့သို့ ခေတ်နောက်ပြန်ဆွဲလိုသူများ၏ အန္တာရာယ်ကိုလည်း သတိပြုမိရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။

“သူ ဒီအကွက်ကိုဆင်တာက ရွေးကောက်ပွဲဝင်ဖို့ ပြင်နေတဲ့ NLD ကို အကျပ်ရိုက်စေနိုင်တယ်။ ဘုန်းကြီးကို ကျောင်းတိုက်က ဖယ်ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘုန်းကြီးတပည့်တွေ၊ နိုင်ငံရေးသမားတွေ ဆူဆူပူပူလုပ်ရင် ဖမ်းမယ်။ သူတို့တွေ အဖမ်းခံရရင် NLD ရဲ့ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်လည်း ပြောင်းသွားမယ်။ ဒီအထိ ရည်ရွယ်ပြီး လုပ်တာ”ဟု ယင်း နိုင်ငံရေးလေ့လာသူက သုံးသပ်ပြသည်။

ပြည်တွင်းငြိမ်းချမ်းရေးကို အမြဲဂရုပြုတတ်သူ ရွှေညဝါဆရာတော်က ကျောင်းတိုက်မှ နှင်ထုတ်ခံရသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် မီဒီယာများအား သတင်းထုတ်ပြန်ပြီး၊ နိုင်ငံတော်သံဃာ မဟာနာယက အဖွဲ့သို့လည်း ဒီဇင်ဘာ ၁၅ ရက်နေ့စွဲဖြင့် လျှောက်ထားလွှာတစ်စောင် ပေးပို့လိုက်သည်။

ရွှေညဝါဆရာတော်နှင့်ပက်သက်သည့် ဦးအောင်သောင်း၏ လုပ်ဆောင်ချက်သည် သမ္မတကြီး ဖော်ဆောင်နေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစဉ်ကို ကြီးစွာအနှောင့် အယှက်ဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီတစ်ခု၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဆက်လက် ပြောကြားသည်။

“NLD ဝင်လာရင် သူနေရာပျောက်တော့မယ်လေ။ဒါကြောင့် သူကလွှတ်တော်ထဲကို NLD မဝင်လာရအောင်ရယ်၊ သူ့ကိုယ်ကျိုးစီးပွား တိုးတက်အောင် ရယ်ကို လုပ်တာ၊ ဒီလို မရိုးသားမှုတွေလုပ်လေ၊ သူလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ပျက်ပြားလေပဲ”ဟု ယင်းက ဆိုသည်။၏

ဦးအောင်သောင်းသည် ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုတွင် အဓိကပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်လည်း သိသာသည့် အကျိုးရလဒ်များ ရရှိခဲ့သည်ကို မတွေ့ရသည့်အတွက် ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပေးသင့်ကြောင်း ပြည်သူအများစုက ဆိုသည်။

“သူတို့လည်းဗျာ ဆယ်သက်စားမကုန်အောင် ချမ်းသာနေတာ၊ ဘာကြောင့် အေးအေးဆေးဆေးမနေဘဲ ပြည်သူတွေကို ဒုက္ခဆက်ပေးနေတာလဲ မသိဘူး”ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

YC(KS)

လစ်ဗျားလူထုတော်လှန်ရေးရဲ့  သူရဲကောင်းများ (ရုပ်/သံ)

ဂဒါဖီလက်အောက်ကနေ ရုန်းထွက်ပြီး လူထုနဲ့ပူးပေါင်းခဲ့တဲ့ ဗိုလ်ချူပ် တဦး …ဂဒါဖီလက်ချက်နဲ့ မကျဆုံးပဲ တော်လှန်ရေးသမား အချင်းချင်း လုပ်ကြံသတ်ဖြတ်လို့ ကျဆုံးခဲ့ရတာဟာ လစ်ဗျားလူထုတော်လှန်ရေးရဲ့  မဟာ သင်ခန်းစာလို့ ယူဆပါတယ်။ ….. လူထုကို ဗုံးကြဲတို်က်ခိုက်ဖို့ ဂဒါဖီရဲ့ အမိန့်ကို မနာခံ ဖီဆန်ခဲ့တဲ့ လစ်ဗျားလေတပ် အရာရှိတွေ ကတော့ တခြားအာဏာရှင်နိုင်ငံတွေက တပ်မတော်သားတွေ စံနမူနာယူစရာသင်ခန်းစာလို့ သုံးသပ်ကြပါတယ်။ ဂဒါဖီတပ်သားတွေရဲ့  ယုတ်မာမူတွေကို ဖွင့်ချပြရဲခဲ့တဲ့ အီမန် အယ် အိုဗာဒီ အပါအ၀င် လစ်ဗျားအမျိုးသမီးထုရဲ့  သတ္တိကလဲ တခြား အာဏာရှင်လက်အောက်က အမျိုးသမီးထုတွေ အတုယူစရာလို့ ယူဆကြပါတယ်။ ဒါပေမဲ့ အာဏာရှင်အောက်က လူငယ်တွေရော ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကလူငယ်မျိုးဆက်သစ်တွေရော စံနမူနာယူ အတုယူစရာ သူရဲကောင်း အာဇာနည် လူငယ် တယောက်ဖြစ်ရပ်က ပိုပြီး လေ့လာ အတုယူစရာတခုပါလို့ အများစုက တညီတညွတ်ထဲ ကောက်ချက် ချထားပါတယ်။ အဲဒီလူငယ်ကတော့ ဂဒါဖီလက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ လွတ်လပ်တဲ့ လစ်ဗျားသတင်းဌာန ထူထောင်နိုင်ခဲ့သူ မိုဟာမက် နာဘုစ် ဆိုတဲ့ လူငယ်တဦးပါ။ ချမ်းသာတဲ့ မိသားစုက မွေးဖွါးကြီးပြင်းလာတဲ့ ပညာတတ်လူငယ်… ပူပင်ကြောင့်ကြစရာမရှိတဲ့ ဘ၀တခုကို ပိုင်ဆိုင်ထားသူ… အာဏာရှင်စနစ်ဆိုးကြောင့် မိသားစုဘ၀မှာ တစုံတရာ ပြသနာမရှိခဲ့သူ…ဒါပေမဲ့ အများစု ခံစားနေရတဲ့ အခြေအနေကို မကြည့်ရက်တဲ့အတွက် ဆန္ဒပြလူုထုနဲ့ပူးပေါင်း နိုင်ငံတကာသိအောင် သူပိုင်ဆိုင်သမျှကို ပုံအော သုံးခဲ့ရင်း ကျဆုံးခဲ့ရတဲ့ လစ်ဗျားရဲ့  လူငယ်သူရဲကောင်း အာဇာနည် မိုဟာမက်နာဘုစ် ရဲ့ နောက်ဆက်တွဲလေးပါ။ ဒီတပါတ် အစီအစဉ်ဖြစ်ပါတယ်။ 

မိုးအေး (တင်ဆက်သည်)
ဒီဗွီဘီ 

ချက်သမ္မတဟောင်း ဗားဆလပ်ဗ် ဟာဗဲလ် ကွယ်လွန်


FILE - in this Dec. 10 2011 file photo Tibetan spiritual leader the Dalai Lama, left, hands a present to Czech ex-president Vaclav Havel, right, during their meeting in Prague, Saturday, Dec. 10, 2011.
ဓာတ်ပုံ AP
ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ် မကွယ်လွန်ခင် ချက်သမ္မတနိုင်ငံကို လာရောက်ခဲ့တဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား (၀ဲ) က မစ္စတာ ဟာဗဲလ်ကို လက်ဆောင်ပစ္စည်း ပေးအပ်နေစဉ်။ (ဒီဖင်ဘာလ ၁၀၊ ၂၀၁၁)
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနဲ့ လူ့အခွင့်ရေး တိုးတက်ရေးအတွက် အစဉ်တစိုက် အားပေးထောက်ခံလာခဲ့တဲ့ ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ် (Vaclav Havel) ဟာ ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက် တနင်္ဂနွေနေ့က ကွယ်လွန်သွားပါတယ်။ ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဘဲလ်ဆုအတွက် အဆိုပြုထောက်ခံခဲ့သူ တစ်ဦးဖြစ်သလို သူ မကွယ်လွန်ခင် နောက်ဆုံးအချိန်ထိ မြန်မာ့အရေးကို အလေးထားစောင့်ကြည့်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သမ္မတဟောင်း ဟာဗဲလ်ရဲ့ မြန်မာ့အရေးပေါ် အားပေးခဲ့တဲ့ အခြေအနေတချို့နဲ့အတူ သူရဲ့ဘ၀အကြောင်း တစေ့တစောင်းကိုတော့ မသင်းသီရိက အစီရင်ခံထားပါတယ်။
ချက်ကိုစလိုဗက်ကီးယား ကွန်မြူနစ်အစိုးရ အုပ်ချုပ်စဉ်ကာလအတွင်း ချက်သမ္မတ နိုင်ငံအဖြစ် ထူထောင်ကာ ဒီမိုကရေစီရေးကို သွေးထွက်သံယိုမှုမရှိ ကတ္တီပါတော်လှန်ရေးရယ်လို့ အောင်မြင်စွာ ဦးဆောင်ခဲ့သူ အသက် ၇၅ နှစ်အရွယ် ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ်ဟာ ဒီဇင်ဘာလ ၁၈ ရက် တနင်္ဂနွေနေ့မှာ ကွယ်လွန်သွားပါပြီ။ ချက်နိုင်ငံမြို့တော် ပရပ်ဂ်မြို့အပြင်မှာရှိတဲ့ သူရဲ့နေအိမ်မှာပဲ သူခံစားနေရတဲ့ အဆုတ်ကင်ဆာ ဝေဒနာနဲ့ပဲ ကွယ်လွန်သွားတာဖြစ်သလို အခုအချိန် ချက်တနိုင်ငံလုံးရဲ့ သတင်းမီဒီယာတွေမှာ သူကွယ်လွန်တဲ့ သတင်းတွေကိုပဲ ထိပ်တန်းက ထုတ်လွင့်ပြသနေတယ်လို့ ချက်နိုင်ငံမှာ မြန်မာ့အရေး လှုပ်ရှားနေသူတစ်ဦးဖြစ်တဲ့ မစပယ်စိုးက ပြောပါတယ်။
“သူ နေမကောင်းဖြစ်နေတာ၊ သူ ကင်ဆာဖြစ်ခဲ့တာ၊ ၁၉၉၀ ခုနှစ်နောက်ပိုင်းထဲမှာ ရောဂါ ခဏခဏ ဖြစ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာလည်း သူ့ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတဲ့အတွက်ကြောင့် မိုလို့ ကျန်းမာရေးက တော်တော်ကြီးကို ဂရုစိုက်ခဲ့ရပါတယ်။ ဒီနေ့ သူ ဆုံးတဲ့အချိန်မှာတော့ သူ့ရဲ့ အမျိုးသမီး Dagmar Havel နဲ့ သူ့ကို ပြုစုစောင့်ရှောက်တဲ့ သီလရှင်တစ်ယောက် အနားမှာပဲ သူ ဆုံးသွားတယ်လို့ ပြောပါတယ်။ ချက်နိုင်ငံရဲ့ သတင်းတွေအားလုံး နေရာမှာတော့ ဒီအကြောင်းကိုပဲ အဓိက ဦးစားပေးပြီး တင်ပြနေပါတယ်။”
မစ္စတာ ဟာဗဲလ်ဟာ ၁၉၉၁ ခုနှစ်မှာ  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဘဲယ်ဆုအတွက် အဆိုပြုတင်သွင်းခဲ့သူတစ်ဦး ဖြစ်သလို မြန်မာ့အရေးအတွက် အစဉ်တစိုက် ပြောဆို အားပေးခဲ့တဲ့ ချက်သမ္မတဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူတာဝန် ထမ်းဆောင်စဉ် ကာလအတွင်းမှာရော၊ သမ္မတအဖြစ်က အနားယူပြီးနောက်ပိုင်းတွေမှာပါ မြန်မာ့အရေးကို ချက်နိုင်ငံမှာ ထိပ်တန်းနေရာကရှိအောင် ပြောဆိုစည်းရုံးခဲ့သူလည်း ဖြစ်ပြီး နောက်ဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည်ကိုသွားတဲ့ ကိစ္စတွေအထိ မြန်မာ့အရေးအပေါ်မှာ ပြောဆိုသုံးသပ်သွားသူ တစ်ဦးလည်း ဖြစ်ပါတယ်။
“မြန်မာပြည်အကြောင်းနဲ့ပတ်သက်လို့ကတော့ နှစ်တိုင်းလိုလို ချက်နိုင်ငံမှာ နံမည်ကြီး Forum 2000 ဆိုတဲ့ အစည်းအဝေးမှာ အမြဲတမ်း မြန်မာပြည်အကြောင်းကို တင်ပြခဲ့ပါတယ်။ ဒီ့အပြင်ကိုလည်း လူ့အခွင့်အရေးကို ဦးစားပေးပါဆိုပြီးတော့ ဒီနိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေးသမားတွေကိုလည်း အားပေးခဲ့ပါတယ်။ ဒါကြောင့်မိုလို့လဲ မြန်မာနိုင်ငံက ချက်နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီထဲမှာ အရေးပါတဲ့နိုင်ငံထဲမှာ ပါပါတယ်။”
ချက်နိုင်ငံမှာ မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Center Prague အဖွဲ့က ဒါရိုက်တာ မစပယ်စိုးက ပြောပြခဲ့တာပါ။ မစ္စတာဟာဗဲလ်ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အီးယူ ဥရောပသမဂ္ဂ အဖွဲ့တွေအပြင် ကုလသမဂ္ဂလို အဖွဲ့ကြီးတွေထိ တင်ပြခဲ့သူတစ်ဦး ဖြစ်သလို ပြည်ပအခြေစိုက်ပြီး မြန်မာ့အရေး လှုပ်ရှားနေတဲ့အဖွဲ့တွေကိုလည်း ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေးကူညီခဲ့သူတစ်ဦး ဖြစ်တယ်လို့  အခု ချက်နိုင်ငံကို ခေတ္တရောက်နေတဲ့  AAPPB အဖွဲ့က တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
“ကျနော်တို့ ပြည်ပရောက် အတိုက်အခံတွေနဲ့ ပတ်သက်ပြီးတော့ ဗားဆလပ်ဟာဗဲလ် သမ္မတ လက်ထက်မှာပဲ ဖြစ်ဖြစ်၊ သူ အနားယူပြီးနောက်မှာပဲဖြစ်ဖြစ် သူက ပြည်ပရောက် အတိုက်အခံတွေကို အင်မတန်မှ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုတာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ ဖြစ်နိုင်သမျှ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်ပြီး ရှယ်ယာလုပ်ပေးတယ်။ နောက်… တချို့ပွဲတွေမှာဆိုရင် ဥပမာ ကျနော်ဆိုရင် ၂၀၀၁ ခုနှစ်က ဒီချက်နိုင်ငံရဲ့ ပရပ်ဂ် ဆိုတဲ့မြို့တော်မှာ သူနဲ့ကျနော်နဲ့အတူတူ သတင်းစာရှင်းလင်းပွဲတစ်ခုကို အတူတူ လုပ်ခွင့်ရတယ်။ ဆိုတော့ အဲဒီလိုမျိုးအထိ ကျနော်တို့ အတိုက်အခံတွေကိုလည်း အင်မတန်မှ အားပေးတယ်။ စိတ်ဓါတ်မကျအောင် သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီးတော့ ကျနော်တို့ကို ရှင်းပြတာရှိတယ်။”
မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့ (AAPP) က ကိုဘိုကြည် ဖြစ်ပါတယ်။ သမ္မတဟောင်း ဟာဗဲလ်ဟာ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး (Desmond Tu Tu) နှင့်အတူ ‘ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေခြင်း’ (Threat to Peace) ဆိုတဲ့ အစီရင်ခံစာတစ်စောင်ကို ပူးတွဲရေးသားပြီး ၂ဝဝ၅ ခုနှစ် စက်တင်ဘာလက ထုတ်ဝေ ဖြန့်ချိခဲ့တာရှိသလို မြန်မာအစိုးရအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တစ်ရပ် ချမှတ် အရေးယူပေးဖို့ကိုလည်း တောင်းဆိုခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ပြဇာတ်ရေးဆရာဘ၀ကနေ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ၊ အဲဒီကနေ နာမည်ကျော် နိုင်ငံရေးသမား တစ်ဦးဖြစ်ခဲ့တဲ့ ဗားဆလပ်ဗ် ဟာဗဲလ်ဟာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံကို ကွန်မြူနစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ကာလအတွင်း ထောင်ဒဏ် လေးနှစ်ခွဲ ကျခံခဲ့ရပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဒီမိုကရေစီရေး တောင်းဆိုအုံကြွတဲ့ ကတ္တီပါတော်လှန်ရေးကို အောင်မြင်မှုရတဲ့အထိ ခေါင်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ကတ္တီပါတော်လှန်ရေးပြီးတဲ့နောက် ချက်ကိုစလိုဗက်ကီးယားနိုင်ငံရဲ့ သမ္မတဖြစ်ခဲ့ပြီး ၁၉၉၂ ခုနှစ် ကုန်ပိုင်းမှာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ အဖြစ်ကနေ ချက်သမ္မတနိုင်ငံနဲ့ စလိုဗက်သမ္မတနိုင်ငံတွေအဖြစ် ကွဲထွက်သွားပြီးတဲ့နောက် ချက်သမ္မတနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။
နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းခံခဲ့ရဖူးပေမဲ့ နိုဘဲလ်ဆုကိုတော့ မရသွားခဲ့ပါဘူး။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတ၀န်းက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ကွယ်လွန်ချိန်အထိ တက်တက်ကြွကြွ ထောက်ခံအားပေးသွားခဲ့သူ ဖြစ်ပါတယ်။
VOA

ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နေရာလည်း သရုပ်ဆောင်သစ်သုံးမည်

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးပြုလုပ်
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေး ဆပ်ကော်မတီအဖွဲ့က ဒီဇင်ဘာ၁၃ရက်၊ မနက် ၉နာရီ က Sule Gallery houseမှာ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲလေး လုပ်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲကို ဦးမိုးသူ၊ဦးဇာဂနာ၊ဦးစိမ်းနီ၊ဦးမော်လင်း၊ ဦးဇင်ဝိုင်း၊ ဒါရိုက် တာမောင်မောင်ဦး (စနှိုးဝှိုက်)၊ လူမင်း၊ဝေဠုကျော်၊ထွန်းအိန္ဒြာဗို၊ အရိုင်းတို့ တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ ဥက္ကဋ္ဌ ဦးမိုးသူ၊ ဒုဥက္ကဋ္ဌ ဦးအောင်လွင်၊ အတွင်းရေး မှူး ဦးဇာဂနာ၊ တွဲဖက်အတွင်းရေးမှူး(၁)ဦးဇင်ဝိုင်း၊တွဲဖက်အတွင်းရေးမှူး(၂) ဒါရိုက်တာ ကြည်ဖြူသျှင်ဆိုပြီး အတည်ပြုခဲ့ကြပြန်ပါတယ်။ ဆက်လက်ပြီး သမိုင်းဆိုင်ရာပြု လုပ်ဖို့ ဆပ်ကော်မတီ၊ဇာတ်ညွှန်း ကော်မတီ၊ သရုပ်ဆောင်ရွေးချယ်ရေး ကော်မတီ၊ ဘဏ္ဍာငွေ ရှာဖွေရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ အယ်နီမေးရှင်းနဲ့ ပတ်သက်တဲ့ ကော်မတီစတဲ့ ကော်မတီဖွဲ့စည်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံကာ ကော်မတီအဖွဲ့များ အတည်ဖွဲ့တော့မှာ ဖြစ်ပါတယ်။ ဆပ်ကော်မတီအဖွဲ့ဝင် များအတွက် ရုံးခန်းကိုတော့ တော်ဝင်စင်တာမှာ အခန်းတစ်ခန်းယူပြီး ရုံးထိုင်တော့မှာဖြစ်ပြီး၊ နောက်ပိုင်းတွေ့ဆုံဆွေးနွေးပွဲတွေကိုလည်း အဆိုပါရုံးခန်းမှာပဲ လုပ်တော့ မှာဖြစ်ပါတယ်။ ရုံးဖွင့်ပြီဆိုတာနဲ့ ဆပ်ကော်မတီအဖွဲ့တွေအပြင်၊ ရုံးအဖွဲ့သီးသန့်လည်း ထပ်ဖွဲ့မှာဖြစ်ပါတယ်။ မကြာခင်မှာလည်း ဆပ်ကော်မတီအဖွဲ့ ဝင်တွေက ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားအတွက် စင်ကာပူမှာရှိတဲ့ စတူဒီယို တွေကို လေ့လာရေးခရီးထွက်ကြဖို့ စီစဉ်ထားကြောင်း၊ ဒီဇင်ဘာ ၂ဝ ရက်နေ့မှာ ကော်မတီ အဖွဲ့ဝင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့ရှိကြောင်း၊ ရုံးဖွင့်ပြီဆိုတာနဲ့ ဗိုလ်ချုပ်ဇာတ်ရုပ်အတွက် သရုပ်ဆောင်အသစ်များကို အနယ်နယ်အရပ်ရပ်ကနေ လျှောက်လွှာ များခေါ်ယူတော့မှာ ဖြစ်ကြောင်း၊ ဒေါ်ခင်ကြည်နေရာကိုလည်း သရုပ်ဆောင်သစ် ရှာမှာဖြစ်ကြောင်း ကော်မတီအဖွဲ့မှပြန်ကြားရေး တာဝန်ယူထားသူ ဒါရိုက်တာ ကြည်ဖြူ သျှင်ကပြောပါတယ်။
လင်းအက္ခရာ
ပေါ်ပျူလာဂျာနယ်

ကြိုတင်မဲကို ဥပဒေနှင့် အညီ ဆောင်ရွက်မည်ဆို

ကြိုတင်မဲထုတ်များ
လာမည့်ကြားဖြတ်ရွေးကောက်ပွဲမှာ ကြိုတင်မဲကို ဥပဒေနှင့်အညီ ဆောင်ရွက်မှာဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အားနည်းချက်များကို သင်ခန်းစာယူကာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောကြားခဲ့ပါတယ်။

"၂၀၁၀ ရွေးကောက်ပွဲမှာ အားနည်းချက်တွေရှိခဲ့ပါတယ်။ ဒီအားနည်းချက်ကို သင်ခန်းစာယူပြီး အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ။ ကြိုတင်မဲကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားပါမယ်" ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ကြိုတင်မဲတွေ ဆာလာအိတ်နဲ့ လိုသလောက်ထုတ်ယူပြီး အနိုင်ယူခဲ့တာကို ပြည်သူအများက ယုံကြည်လက်ခံထားတာပါ။
ကြိုတင်မဲများမှာ တစ်ချို့မဲရုံမှုးလက်မှတ်များ ထည့်ထားတယ်။ ကော်မရှင်ဥက္ကဋ္ဌတံဆိပ်မပါတဲ့ မဲများကိုလည်း တွေ့ ခဲ့ရပါတယ်။ ချိပ်မကပ်ထားတဲ့မဲတွေလည်းပါပါတယ်။ ချိတ်မကပ်တဲ့ကြိုတင်မဲတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမဲများဖြစ်နေပါတယ်လို့  ၂၀၁၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးက Myanmar News Now ကိုပြောပြခဲ့ပါတယ်။

By: သစ်ထူးလွင်

၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီတည်ထောင်ခွင့်မပြုခဲ့သော နိုင်ငံရေးပါတီများ အသစ်ပြန်လည်လျှောက်ထားနိုင်

ဒေါက်တာတူးဂျာ ကချင်တိုးတက်ရေးပါတီ
တည်ထောင်ခွင့်မပြုခဲ့သော နိုင်ငံရေးပါတီများ အသစ်ပြန်လည်လျှောက်ထားနိုင်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ပြောကြားတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီတည်ထောင်ခွင့်မပြုခဲ့တဲ့ ပါတီများရှိပေမဲ့လည်း အရင်အမည်နဲ့  ပြန်လည်လျှောက်ထားနိုင်ပြီး ခွင့်ပြုနိုင်က ပါတီတည်ထောင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရတယ်။

"ပါတီမှတ်ပုံတင်တာကို ကြိုဆိုပါတယ်။ တည်ထောင်ခွင့်လဲပေးလျက်ရှိပါတယ်။ ၂၀၁၀ တုန်းက တည်ထောင်ခွင့်မရခဲ့တဲ့ ပါတီတွေလဲ အသစ်ပြန်လည်လျှောက်ထားနိုင်ပါတယ်" ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌဦးတင်အေးက ပြောကြားခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီတည်ထောင်ခွင့်ကို ၄၅ ပါတီက လျှောက်ထားခဲ့ပြီး ငါးပါတီမှာ မဲဆန္ဒနယ် အပြည့်ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ သုံးပါတီမှာ တည်ထောင်ခွင့်မရခဲ့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲမှာ ၃၇ ပါတီသာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ပါတီသစ်လေးပါတီမှတ်ပုံတင်ပြီးဖြစ်ပါတယ်။ လက်ရှိမှာ တရားဝင်ပါတီ ၄၁ ပါတီရှိပြီး မှတ်ပုံတင်ရန် ကျန်နေသော ပါတီသစ်ခြောက်ပါတီ ရှိနေသေးကြောင်း သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီထောင်ခွင့်မပြုခဲ့တဲ့ ပါတီတွေဟာ ဘာအကြောင်းပြချက်ခိုင်းခိုင်းလုံလုံမှ မပြနိုင်ဘဲ  ငြင်းပါယ်ခံခဲ့ရတာပါ။ ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ ကချင်တိုးတက်ရေးပါတီဆိုရင် အစောဆုံး မှတ်ပုံတင်ခဲ့တဲ့ ပါတီတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီတည်ထောင်ခွင့် မပေးခဲ့ပါဘူး။ ဘာ့ကြောင့် ပါတီတည်ထောင်ခွင့် မပေးသလဲ ဆိုတာကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြချက် မပေးခဲ့ဘူး။ 
ပါတီ တည်ထောင်ခွင့် မပေးတဲ့အတွက် တသီးပုဂ္ဂ္ဂလ အနေနဲ့ ဝင်ပြိုင်ကြမယ်ဆိုပြီး ဒေါက်တာတူးဂျာ အပါအဝင် ကချင်အမျိုးသား ၁၂ ဦးဟာ ကချင်ပြည်နယ်ထဲက လွှတ်တော် မဲဆန္ဒနယ်မြေများမှာ တသီးပုဂ္ဂလကိုယ်စားလှယ်များအဖြစ် အမည်စာရင်း တင်သွင်း လိုက်ကြတယ်။ 

ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ (၁) ရက်ကနေ (၁ဝ) ရက်နေ့အထိ စီစစ်ပါတယ်။ စီစစ်ပြီးတဲ့ အခါမှာတော့ ဒေါက်တာတူးဂျာ အပါအဝင် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း (၁၂) ဦးလုံးကို ရွေးကောက်ပွဲဝင်ခွင့် ငြင်းပယ်လိုက်ပါတယ်။ ဘာ့ကြောင့်လဲ။ ဘယ်ဥပဒေနဲ့ ညိစွန်းလို့ပါလဲ။ ထုံးစံအတိုင်း ဘာအကြောင်းပြချက်မှ မပေးပါ။ ဘာအကြောင်းပြချက်မှလည်း မပေးနိုင်ပါ။ အဲဒီတုန်းက ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးသိန်းစိုး ဖြစ်ပါတယ်။

By: သစ်ထူးလွင်

ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် ဒေသများတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမည်

ဒေသမတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် ဒေသများတွင် လာမည့်ကြား
ဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပန်းသတင်းဂျာနယ်မှ ရေးသားဖော်ပြထားသည်။

၂၀၁၀ ရွေးကောက်ပွဲ ကာလက ဒေသတည်ငြိမ်မှုမရှိခဲ့သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့၏ ဒေသအချို့တွင် မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများကို ပြန်လည်ကျင်းပပေး သွားမည်ဖြစ် ကြောင်း ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် အင်ဂျန်းယန် ၂ နှင့် ဆွန်ပရာဘွမ်-၂ တို့တွင် ပြည်သူ့လွှတ်တော်နှစ်နေရာ လစ်လပ်လျက်ရှိနေသလို ရှမ်းပြည်နယ်မိုင်းလား၊ နားဖန်း၊ ပန်ဝိုင်း၊ မိုင်းမောနှင့် ပန်ဆန်းတို့တွင်လည်း ပြည်သူ့လွှတ်တော်ငါးရာနေရာ လစ်လပ်လျက်ရှိနေကြောင်း သိရသည်။

" ဒေသတည်ငြိမ်ခဲ့တဲ့ အဲဒီနေရာတွေမှာ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးသွား မယ်။ မိုင်းလားဒေသပွဲကို ကျင်းပပေးသွားမယ်။ မိုင်းလားဒေသအနေနဲ့ကတော့ ၀င်ရောက်အရွေးခံဖို့ ကိုယ်စား လှယ်မရှိသေးပါဘူး။ အကယ်၍ ကိုယ်စားလှယ်ရှိလာရင်တော့ မိုင်းလားမှာလဲ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်း ပပေးသွားပါမယ်" ဟု ရွေးကောက်ပွဲကျင်းပရေးကော်မတီရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ရှမ်းပြည်နယ်ပန်ဆန်း (၁-၂)၊ နားဖန်(၁-၂)၊ပန်ဝိုင် (၁-၂)၊ မိုင်းမော (၁-၂) နှင့်မိုင်းလား (၁-၂) တို့၏ ပြည်နယ်လွှတ်တော် ၁၀ နေရာအတွက်လည်း ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၆ ရက်က နေပြည်တော်ရှိ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ရုံး အစည်းအဝေး ခန်းမတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက သတင်းထောက်များ၏ မေးမြန်းချက်ကို ယင်းသို့ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

By: သစ်ထူးလွင်

ကြားဖြတ်ရွေးကောက်ပွဲတွင် တစညပါတီ ၄၅ နေရာ ဝင်ပြိုင်မည်

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသည် ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်မဲနေရာ ၄၅ နေရာ၌ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ်ရှိ (တ.စ.ည) ရုံး မှ ဦးကျော်အေးက ယခုလ ၉ ရက်နေ့တွင် ပြောသည်။  “လစ်လပ် မဲဆန္ဒနယ်တွေထဲက ၃ နေရာကိုတော့ မရေရာသေးဘူး။ ၄၅ နေရာကိုတော့ တိတိကျကျ ပြိုင်သွားမယ်လို့ ပြောလို့ ရပါတယ်။ စည်းရုံးရေးတွေကိုလည်း ထိထိရောက်ရောက် လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။ ဇမ္ဗူသီရိမြို့နယ် တ.စ.ည ရုံး၏ နာယက ဦးကျော်အေးသည် ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ယခုနိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် အရွေးချယ် ခံခဲ့ကာ ရှုံးနိမ့်ခဲ့ပြီး လက်ရှိတွင် ကြားဖြတ် ရွေးကောက်ပွဲ၌ ဝင်ရောက် အရွေးချယ် ခံတော့မည် မဟုတ်ကြောင်း သိရသည်။ “အသက်ကလည်း ၇၄ နှစ် ရှိနေပြီ။ ကျန်တဲ့သားသမီး ၃ ယောက်ကလည်း တက္ကသိုလ် ကျောင်းစရိတ်နဲ့ စားဝတ်နေရေး အဆင်မပြေပါဘူး။ အသိမ်းခံရတဲ့ လတ်တလော မြေတွေကလည်း လျော်ကြေး မရတော့ ပိုဆိုးတယ်။ ရုံးချုပ်က ဝင်ပြိုင်စေချင်ပေမယ့် နောက်ဆက်တွဲ ကုန်မယ့် ကုန်ကျစရိတ်ကို မတတ်နိုင်တော့ဘူး။ ဒါကြောင့် ဒီကြားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် အနေနဲ့ မပြိုင်တော့ဘူး။ ဇမ္ဗူသီရိရုံးရဲ့ နာယက နေရာကိုပဲ ယူထားပါတယ်” ဟု ၎င်းက ဖွင့်ဟပြောသည်။



ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အတိအလင်း မကြေညာသေးသော်လည်း လစ်လပ် မဲဆန္ဒနယ်များကို ပါတီအသီးသီးသို့ အသိပေးခဲ့ပြီး ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၅ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် ၁ နေရာ၊ ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၆ နေရာ၊ မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၁ နေရာ၊ မန္တလေးတိုင်းဒေသကြီးရှိ (နေပြည်တော် အပါအဝင်) ပြည်သူ့လွှတ်တော် ၁၀ နေရာ၊ မကွေးတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၅ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ။ ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁ နေရာ၊ တိုင်းဒေသကြီး လွှတ်တော်တွင် ၁ နေရာ၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၂ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၃ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၂ နေရာနှင့် ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၃ နေရာ ဟူ၍ ထုတ်ပြန်သည့် စာရင်းဇယားများ အရ သိရသည်။ ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် တ.စ.ည ပါတီသည် တစ်နိုင်ငံလုံး အနေဖြင့် မဲဆန္ဒနယ် ၅၄ နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အောင်ထက်(NYK)၊ စွမ်းရဲထွဋ်

NLD ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေဖျော်ဖြေပွဲ MCC တွင်ဒီဇင်ဘာ ၃ဝ ရက်နေ့ ကျင်းပမည်

ဓါတ်ပုံ Facebook
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒီမိုကရေစီကွန်ရက်တွင် တစ်ခုအပါအဝင်ဖြစ်တဲ့ ပညာရေးကွန်ရက်အဖွဲ့က ပြုလုပ်မယ့် ပြည်ထောင်စုတိုင်းရင်းသားများ ရန်ပုံငွေဂီတဖျော်   ဖြေပွဲနဲ့ ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်၊ ညနေ ၃နာရီမှ ည ၁ဝနာရီအထိ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ကျင်းပမှာဖြစ်ကြောင်း ကြော်ငြာထားပေမယ့် အကြောင်းကြောင်းတွေကြောင့် ဒီဇင်ဘာ ၃ဝ ရက်နေ့ကို ရက်ရွှေ့သွားကြောင်း ပွဲကျင်းပရေးကော်မတီမှ ဆောင်းဦးလှိုင်က ပြောပါတယ်။ အဆိုပါရက်ရွှေ့ဆိုင်းမှုနဲ့ ပတ်သက်ပြီး ဆောင်ဦးလှိုင်က” ပွဲကိုရွှေ့ဆိုင်း လိုက်ရတာ အကြောင်းကြောင်းတွေ ကြောင့်လို့ပဲ ပြောပါရစေ။ သုဝဏ္ဏမှာ မဟုတ်တော့ပါဘူး။ MCC ခန်းမမှာ  ဖြစ်သွား ပါပြီ။လက်မှတ် ဈေးနှုန်းတွေလည်း သတ်မှတ်ပြီးသွားပါပြီ။ ပွဲကျရင်တော့ ပရိသတ်တွေ လာအားပေးကြပါလို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။ ဒီရန်ပုံငွေ  ဖျော်ဖြေပွဲ ကျင်းပရခြင်းကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အကျိုးအတွက် လုပ်တဲ့ပွဲမဟုတ်ဘဲ တိုင်းရင်းသားတွေရဲ့ပညာရေး ရန်ပုံငွေ ရရှိရေးအတွက် လုပ်ကြတဲ့ပွဲဖြစ် ပါတယ်။
ပေါ်ပျူလာ ဂျာနယ်

The VOICE Monday, December 19-25

The Voice Weekly Vol.8/ No.1 The Voice 8-1 Supplement)

လိမ်လည်မှု၊ အလွဲ သုံးစားမှု၊ ခိုးမှုနှင့် လူပျောက်တိုင်တန်းသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေ

၂၀၁၁ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း လိမ်လည်မှု၊ အလွဲသုံးစားမှု၊ ခိုးမှုနှင့် လူပျောက် တိုင်တန်းသည့်ဖြစ်စဉ် အမှုများ မကြာခဏဖြစ်ပွားနေကြောင်း စုံစမ်းသိရှိ ရသည်။
ယခုလပိုင်းတွင်း လူပျောက် တိုင်တန်းခဲ့သည့် ဖြစ်စဉ်အချို့မှာ  ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဒေါ်ရူပ၀တီ(၃၂)နှစ်၊ သီလရှင်၊ ကေသရ၀တီ သီလရှင်ပညာရေးကျောင်း၊ မြို့ဟောင်းအရှေ့ရပ်ကွက် သန်လျင် မြို့နယ်နေသူ၏ မောင်မင်းဦး(ခ) အညော (၉)နှစ်၊ သူငယ်တန်း၊ ပလောင်/ဗုဒ္ဓ  (ဘ)ဦးကျော်အေး (လိပ်စာတူ)သည် ခါးဝတ်ခါးစားဖြင့် ကျောင်းမှထွက်သွားရာမှ ပြန်မလာ ပျောက်ဆုံးနေမှုကြောင့် ကူညီစုံစမ်းရှာဖွေပေးရန် ဒေါ်ရူပ၀တီမှ လူပျောက်တိုင်တန်းမှုအား သန်လျင်ရဲစခန်း လူပျောက်အမှတ်စဉ် ၂၇/၁၁ ဖြင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း သိရသည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဒေါ်ခင်နှင်းဦး(၅၉)နှစ်  မရမ်းကုန်းမြို့နယ်နေသူ၏ တူဖြစ်သူ မောင်ကွန်း (၁၀)နှစ်သည် နေအိမ်မှ ခါးဝတ်ခါးစားဖြင့် လူကြီးများမသိအောင် ထွက်သွားရာမှ ပြန်မလာ ပျောက်ဆုံးနေသဖြင့် ကူညီစုံစမ်းရှာဖွေ ပေးရန်ဒေါ်ခင်နှင်းဦးမှ တရားလိုပြု ၍ လူပျောက်တိုင်တန်းမှုအား မရမ်း ကုန်းရဲစခန်း လူပျောက်အမှတ်စဉ် ၁၅/၁၁ ဖြင့် ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် အမှုဖွင့်ပြီး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အခု ဒီမှာဖြစ်နေတာက ခိုးတာထက်ပိုတဲ့ ဓားပြအဆင့်လို့ ပြောရမလိုပါပဲ။ ငမိုးရိပ်ချောင်းထဲကနေ လှေနဲ့တစ်ဆင့် တက်လာကြတာပါ။ တစ်ခါလာရင် လူလေး၊ ငါး၊ ခြောက်ယောက်ပါတယ်။ သူတို့မှာ တုတ်၊ ဓားအစရှိတဲ့ လက်နက် တွေပါတယ်။ မဆိုင်တဲ့သူတွေ မကပ်နဲ့ဆိုပြီး ခြိမ်းခြောက် ပြောတာတောင် ရှိတယ်။
ဒဂုံမြောက်မြို့နယ်နေသူ ဒေါ်ခင်နှင်းရီမှ ညီမဖြစ်သူ မတင်တင်လှ ပျောက်ဆုံးနေသဖြင့် ၎င်းမှတရားလို ပြု၍ လူပျောက်တိုင်တန်းမှုအား  ကျောက်တံတားရဲစခန်း လူပျောက် အမှတ်စဉ် ၁၉/၁၁ ဖြင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လိမ်လည်၊ အလွဲသုံးစားမှုနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် ဗဟန်းမြို့နယ် အနောက် ရွှေဂုံတိုင်ရပ်ကွက် ယုဇနတာဝါ၊ အာရုဏ်ဦးဆောက်လုပ်ရေး ကုမ္ပဏီ ၏ လုပ်ငန်းခွဲ(၁)၊ သင်္ဘောပြုပြင် ရေးလုပ်ငန်း၏ငွေစာရင်းများအား ကုမ္ပဏီ၏ငွေစာရင်းစစ်ဆေးရေးအဖွဲ့ မှ စစ်ဆေးရာမှ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့အထိ ငွေစာရင်းစာရေး ၀န်ထမ်း ဦးစံအေးသည် လုပ်ငန်းခွင် ရှိ စီမံကိန်းတာဝန်ခံ အထက်အကြီးအကဲများ၏ လက်မှတ်များကို အတုပြုလုပ်၍ ငွေကျပ် ၉၄၉၀၂၅၀ အား ထုတ်ယူကာ ကိုယ်ကျိုးအတွက် သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းအပေါ် အရေးယူပေးရန် တိုင်တန်းမှုအား ဗဟန်းရဲစခန်း (ပ)၅၆၂/၂၀၁၁၊ ပုဒ်မ ၄၂၀/၄၆၈/၄၀၈ ဖြင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အမှုဖွင့် ထားကြောင်း သိရသည်။
ထို့အတူ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင်ွGreen String Manufacturing Co., Ltd ၊ တာဝန်ရှိသူတစ်ဦးသည်  ကုမ္ပဏီမှ စာရင်းများအား စစ်ဆေးခဲ့ရာ ကုမ္ပဏီ၏ ဈေးကွက်တာဝန်ခံဖြစ်သူက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂၄ ရက်နေ့အထိ ကုမ္ပဏီမှရောင်းချခဲ့ သော ပလတ်စတစ်ပိတ်စလိပ်များ ရောင်းချရာငွေ ကျပ် ၃၅၄၇၀၅၀ အားကုမ္ပဏီသို့ပြန်လည်ပေးသွင်းခြင်း မရှိဘဲကိုယ်ကျိုးအတွက် အလွဲသုံးစား ပြုလုပ်ကာ တိမ်းရှောင်နေသဖြင့် ၎င်းကို အရေးယူပေးရန် တိုင်တန်းမှုအား မင်္ဂလာတောင်ညွန့်ရဲစခန်း  (ပ) ၇၄၁/၂၀၁၁၊ ပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အလားတူ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းဈေး အနောက်(စီ)ရုံ၊ ဆိုင်အမှတ် ၁/၆၃ ရှိ အမေ့သားပုလဲ ရတနာဆိုင်တွင်ကို အောင်ဇော်ထက်ဦးသည် ကိုဆန်းဝင်း၊ ကိုရွှေကိုတို့နှင့် အတူရှိနေစဉ် မေရတနာကျောက်စိမ်း ဆိုင်ပိုင်ရှင် ဦးဖွေးအာမက်၏ သား ဖြစ်သူ စိုးတင့်မှရောက်ရှိလာပြီး ပတ္တမြားစိန်လက်စွပ်တစ်ကွင်းတန်ဖိုး ကျပ် ၁၁ သိန်းတန်အား ကြည့်လိုကြောင်းပြော၍ ပြသခဲ့ရာ စိုးတင့်မှ လက်စွပ်အား သေချာစွာစစ်ကြည့်ပြီး ၎င်းင်း၏လက်တွင်ဝတ်ဆင်ကာ ကွမ်း ယာ ၀ယ်မလိုဟန်ဆောင် ထွက်သွားရာမှ ပြန်မလာတော့သဖြင့် ပတ္တမြား စိန်လက်စွပ်အားလိမ်လည်ရယူသွား သူ ဦးစိုးတင့်အပေါ် အရေးယူရန် တိုင်ကြားလာသဖြင့် ပန်းဘဲတန်း ရဲစခန်း (ပ)၃၉၄/၂၀၁၁၊ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့ပြင် တာမွေမြို့နယ် နေအိမ်တွင် မြင့်မြတ်သူအမည်ဖြင့် ဖိနပ်အရောင်း ဆိုင်ဖွင့်လှစ်ထားရှိရာ ၀န်ထမ်းဖြစ်သူ မျိုးကျော်သက်(ယာဉ်မောင်း) ဒဂုံ ဆိပ်ကမ်းမြို့နယ်နေသူအား ယာဉ်မောင်းအဖြစ် ခိုင်းစေ၍ ဖိနပ်များအား ရန်ကုန်မြို့အတွင်းရှိ ဆိုင်များသို့ ပို့ခိုင်းခဲ့ရာ နိုဝင်ဘာလ ၂၃ ရက်နေ့ တွင် အဆိုပါ ယာဉ်မောင်းမှာ အလုပ် မဆင်းတော့သဖြင့် စုံစမ်းခဲ့ရာ ရန်ကုန်မြို့အတွင်းရှိ ဖိနပ်ဆိုင် ၂၂ ဆိုင်မှ ရောင်းချထားသော ဖိနပ်တန်ဖိုး ငွေ ကျပ် ၃၆၃၀၂၀၀ အား ၎င်းမှ ယူခိုင်းသည်ဟုဆိုကာ လိမ်လည်ရယူ သွားကြောင်း စုံစမ်းသိရှိရပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ မျိုး ကျော်သက်မှ ဖိနပ်တန်ဖိုးငွေအား အပ်နှံခြင်းမရှိဘဲ လိမ်လည်ရယူတိမ်း ရှောင်နေသဖြင့် ၎င်းအပေါ်အရေးယူရန်အတွက် တာမွေမြို့နယ်ရဲစခန်း (ပ)၇၉၉/၁၁၊ ပုဒ်မ ၄၂၀ ဖြင့် အမှု ဖွင့်ပြီး ဖမ်းဆီးရမိရေး စုံစမ်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
၎င်းင်းဖြစ်စဉ်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခိုးမှုဖြစ် စဉ်အချို့မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကမာရွတ်မြို့နယ် နေသူဦးနီမိုးအောင်က နေအိမ်တံခါး များအား သော့ခတ်ပြီး မန္တလေးသို့ ခရီးထွက်ခဲ့ရာ ဒီဇင်ဘာလ ၉ ရက် နေ့တွင် ပြန်လည်ရောက်ရှိစဉ်နေအိမ် တံခါးသော့များမပျက်ဘဲ ပွင့်နေသည်ကိုတွေ့ရ၍ နေအိမ်အတွင်း စစ် ဆေးခဲ့ရာတွင် အိမ်ခန်းဗီဒိုအတွင်း ထည့်ထားသည့် အလေးချိန်တစ်မတ်သားခန့်ရှိ ပတ္တမြားလက်စွပ်တစ်ကွင်း၊ တန်ဖိုးကျပ် ၁၃၀၀၀၀ အလေးချိန် တစ်မတ်သားခန့်ရှိ ကျောက်ဖြူလက် စွပ်တစ်ကွင်း၊ တန်ဖိုး ၁၈၀၀၀၀၊ အလေးချိန် တစ်ပဲသားခန့်ရှိ ရွှေ ဆွဲသီးတစ်ခု၊ တန်ဖိုး ၄၀၀၀၀၊ ငွေ စက္ကူရောရာ ၃၀၀၀၀  စသည်တို့ ပျောက်ဆုံးနေသဖြင့် ခိုးယူသူအား စုံစမ်းပေးရန်အတွက် ကမာရွတ် ရဲစခန်း (ပ)၃၈၀/၁၁၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ ၉ ရက်နေ့တွင် အလုံမြို့နယ်တွင် နေထိုင်သူသည် နေအိမ်အောက်ထပ်ရှိ ရေချိုးခန်း အတွင်းရေ၀င်ချိုးစဉ် လက်၌၀တ်ထားသော ၁၅ ပဲရည် စက်ဆောက်ဖြတ် အမ်စီပြားပုံရွှေဟန်းချိန် နှစ် ကျပ်သားခန့်ရှိ (တန်ဖိုး ၁၂ သိန်း) ကို တန်းပေါ်တွင် ခေတ္တတင်ထားပြီး အပေါ်သို့တက်၍သနပ်ခါးလိမ်းကာ ပြန်ဆင်းပြီး ဟန်းချိန်အားကြည့်ရာ မတွေ့ရှိတော့ဘဲ ပျောက်ဆုံးနေသဖြင့် အိမ်ဖော်ဖြစ်သူအား မေးမြန်းရာ မယူကြောင်းပြောဆိုသဖြင့် စောင့် ကြည့်ခဲ့ရာ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွှန်းလွှဲ ၂ နာရီခွဲတွင် နေအိမ်မှ ထွက်ပြေးသွားကြောင်းသိရ၍ အရေးယူပေးရန် အလုံရဲစခန်း (ပ)၁၉၁/၂၀၁၁၊ ပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်ပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့ သာကေတ စက်မှုဇုန်တွင်လည်း ယခုရက်ပိုင်းအတွင်း ပစ္စည်းပျောက်ဆုံးမှုများ အတွက်လုံခြုံရေး အစီအစဉ်များ လုပ်ဆောင်နေရခြင်းနှင့်ပတ်သက်၍ သာကေတစက်မှုဇုန်တွင် နေထိုင်သူ တစ်ဦးက “အခု ဒီမှာဖြစ်နေတာက ခိုးတာထက်ပိုတဲ့ ဓားပြအဆင့်လို့ ပြောရမလိုပါပဲ။ ငမိုးရိပ်ချောင်းထဲ ကနေ လှေနဲ့တစ်ဆင့် တက်လာကြ တာပါ။ တစ်ခါလာရင် လူလေး၊ ငါး၊ ခြောက်ယောက်ပါတယ်။ သူတို့မှာ  တုတ်၊ ဓား အစရှိတဲ့ လက်နက်တွေ ပါတယ်။ မဆိုင်တဲ့သူတွေ မကပ်နဲ့  ဆိုပြီး ခြိမ်းခြောက်ပြောတာတောင် ရှိတယ်။ အခု စက်မှုဇုန်ထဲမှာရှိတဲ့သူတွေက ကိုယ့်နေရာကိုယ် လုံခြုံရေးအတွက် သတိထားနေကြတယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကလည်း လိုအပ်တဲ့ လုံခြုံရေးအစီအမံတွေ လုပ်မယ်လို့ သိရတယ်။ ဖြစ်နိုင်ရင် သူခိုး မက ဓားပြမကျတွေကို နှိမ်နင်းဖို့ ဆိုရင်သက်ဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲ့ ၀င်တွေမှာလိုအပ်ရင်အသုံးပြုနိုင်မယ့် လက်နက်တွေပါရင် ပိုကောင်းမယ် ထင်တယ်”ဟု ပြောပါသည်။
ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း လိမ်လည်မှု၊ အလွဲသုံး စားမှု၊ ခိုးမှုနှင့် လူပျောက်တိုင်တန်း သည့်ဖြစ်စဉ်အမှုများ ဆက်တိုက် ဖြစ်ပွားလာခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဦးထွန်း မင်းက “ဒီရက်ပိုင်းမှာဖြစ်ခဲ့တဲ့ လူပျောက်မှုဖြစ်စဉ်တစ်ခုဆိုရင် ညီမ နှစ်ဦးက စိန်ဂေဟာစူပါမားကတ်တစ်ခုမှာ ဈေးဝယ်နေရင်းနဲ့ စိတ်ဝေဒနာရှင်တစ်ဦးက ပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်ဖြစ်တယ်။ စိတ်ဝေဒနာခံစား နေတဲ့သူကို လူအများအပြားရှိတဲ့နေရာ ခေါ်ဆောင်သွားမယ်ဆိုရင် သတိထားရမယ်။ သူ့ရဲ့ကိုယ်ပေါ်မှာလည်း တန်ဖိုးကြီးပစ္စည်းတွေကို ၀တ်ဆင်ထားတယ်လို့ သိရတယ်။ လိမ်ခံရတဲ့ အဓိကအကြောင်းအရင်းတွေက လူတစ်ဖက်သားကို ယုံကြည်မှုလွန်ကဲတာတွေ၊ လေ့လာစူးစမ်းမှု အားနည်းတာတွေ၊ လိမ်ခံရသူရဲ့လောဘအပေါ် အမြတ်ထုတ်ခံရတာတွေ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
EMG

အတိတ်က ဟာတွေကို မေ့လိုက်ပါ အခုကြားဖြတ် ရွေးကောက်ပွဲမှာ မီဒီယာတွေကို သတင်းယူခွင့်ပြုမှာပါ

ကော်မရှင်ဥက္ကဌ ဦးတင်အေး (ဓါတ်ပုံ-မက်ဆင်ဂျာ ဂျာနယ်)
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးနောက် ထပ်မံကျင်းပမည့် နောက်ထပ် ကြားဖြတ်ရွေးကောက်ပွဲတွင် မီဒီယာများအား ဥပဒေနှင့်အညီ လွပ်လပ်စွာ သတင်းယူခွင့် ပြုသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကျင်းပသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့ပါသည်။
ဦးတင်အေးက “အခုကြားဖြတ် ရွေးကောက်ပွဲမှာ မီဒီယာတွေကို ဥပဒေနဲ့အညီ လွပ်လပ်စွာ သတင်းယူခွင့်ပြုမှာပါ။ မီဒီယာတွေဘက် ကလည်း နားလည်ပေးပါ။ အတိတ် က ဟာတွေကို မေ့လိုက်ပါ။ လာမယ့် ရွေးကောက်ပွဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ပါမယ်။ ပြင်ပကလာတဲ့ မီဒီယာတွေကို ဖိတ်ကြားဖို့၊ မဖိတ်ကြားဖို့ကို တိတိကျကျဖြေနိုင်တဲ့ အခြေအနေ မရှိသေးပါဘူ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သံရုံးက ပုဂ္ဂိုလ် တွေကို ဖိတ်ခဲ့ပါတယ်”ဟု ပြောကြား ခဲ့သည်။
ထို့အပြင် “၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်တယ်လို့ ကျွန်တော် အနေနဲ့ ယူဆပါတယ်။ ၂၀၁၀ ရွေး ကောက်ပွဲက အားနည်းချက်တချို့ ရှိကောင်းရှိပါလိမ့်မယ်။ ၂၀၁၀ ရွေး ကောက်ပွဲက အားနည်းချက်တွေကို သင်ခန်းစာယူပြီး နောင်ရွေးကောက်ပွဲတွေမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားပါမယ်။ လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်အောင်လည်း ကြိုးစားသွားပါ မယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ တက် ရောက်လာသော သတင်းသမားတစ် ဦးက “၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲတွင် သတင်းမီဒီယာများ လွတ်လပ်စွာ သတင်းရယူခွင့် မရခဲ့ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ် လပ်စွာသတင်းရယူခွင့်နှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်ပေးပါမည်နည်း”  ဟုမေးမြန်းချက်အပေါ် “ဥပဒေနှင့် အညီ လွတ်လပ်စွာ သတင်းရယူခွင့် ပြုမည်ဖြစ်ကြောင်း “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းသတင်းရယူ လိုပါက ဦးဝင်းကို(ညွှန်ကြားရေးမှူးချုပ်)၊ ဖုန်း-၀၆၇-၄၀၄၄၇၅ သို့ လည်းကောင်း၊ ဦးသောင်းလှိုင် (ညွှန်ကြားရေးမှူး)၊ဖုန်း-၀၆၇-၄၀၄၂၁၄ သို့လည်းကောင်း၊ ဦးလှမောင်ချို (ဒု တိယညွှန်ကြားရေးမှူး)ဖုန်း-၀၆၇-၄၀၄၂၁၉ သို့လည်းကောင်း ဆက်သွယ်မေးမြန်း သတင်းရယူနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ပြောကြားခဲ့သည်။
EMG

ပြည်ပသို့ ပညာသင်သွားမည့် ကျောင်းသားများ နိုင်ငံခြားငွေ ကိုင်ခွင့်ရပြီ

ပြည်ပနိုင်ငံများသို့ ပညာသင်သွားမည့် ကျောင်းသားများ နိုင်ငံခြား ငွေကြေးကို တရားဝင်ကိုင်ဆောင် လဲလှယ်ခွင့်ရပြီး မိမိတို့၏ကျောင်းလခများကို ကိုယ်တိုင်ကျောင်းများဆီသို့ တိုက်ရိုက်ပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း သိရှိရပါသည်။
ယခင်က ကျောင်းသားအများစုမှာ ပြည်ပနိုင်ငံရှိ ကျောင်းများသို့ ကျောင်းလခ ပေးသွင်းကြရာတွင် တရားမ၀င်လမ်းကြောင်းများမှ ငွေကြေးလဲလှယ် ပေးသွင်းကြရကာ ကြားခံပွဲစားအချို့၏ လိမ်လည်မှု ဖြစ်ရပ်များကြောင့် မလိုလားအပ်သော ငွေကြေးနစ်နာ ဆုံးရှုံးမှုများ ရှိခဲ့ကြသည်။
နိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များအား Money Changer လိုင်စင်များ ချထားပေးခဲ့ ပြီးပြည်ပထွက်ခွာမည့် ကျောင်းသား၊ ကျောင်းသူများ လိုအပ်သည့် နိုင်ငံခြားငွေကို ၎င်းတို့ဆီမှတရားဝင် ၀ယ်ယူနိုင်ပြီဖြစ်ခြင်းကြောင့် ယခင်ကကဲ့သို့ ကြားခံများမှ တစ်ဆင့် တရားမ၀င်လမ်းကြောင်းမှ ငွေလွှဲသည့်အခါ နစ်နာဆုံးရှုံးမှုများကို လျှော့ချသွားနိုင်မည် ဖြစ်သည်ဟုCrown Education ပညာရေးဝန်ဆောင်မှု လုပ်ငန်းမှ အကြံပေးအရာရှိ ဦးအောင်ကျော်ဆန်းက ပြောကြားခဲ့ပါသည်။
“နိုင်ငံခြား ကျောင်းသွားတက်မယ့်သူတွေမှာ အမြဲလိုလိုကြုံရတဲ့ ပြဿနာက ငွေလဲရတဲ့ကိစ္စပဲ။ အခုလို ပုဂ္ဂလိကဘဏ်တွေမှာ နိုင်ငံခြားငွေ ကို ကိုယ်တိုင်လဲပြီး ကျောင်းတွေဆီ ကိုယ်တိုင်တိုက်ရိုက် ငွေသွင်းခွင့်ရတော့ ငွေလိမ်တဲ့ကိစ္စတွေလည်း လျော့ကျသွားစေတာပေါ့”ဟု ကျောင်းသားမိဘ တစ်ဦးက ပြောပြခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ AGD ဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်ထားတယ်။ ဘဏ်ငွေလဲကောင်တာတွေ ရှိတဲ့နေရာတွေမှာ ကျောင်းသားတွေဟာ ကျောင်းရဲ့ offer letter  တွေ၊ ပတ်စ်ပို့မိတ္တူတို့ အေးဂျင့်ရဲ့ ထောက်ခံချက်နဲ့ လဲလှယ်ခွင့်ရနေပါပြီ”ဟု  Crown Education  ပညာရေးဝန် ဆောင်မှုလုပ်ငန်းမှ အကြံပေးအရာရှိ ဦးအောင်ကျော်ဆန်းက ဆက်လက် ပြောပြခဲ့ပါသည်။
EMG

မြစ်ဆုံ စီမံကိန်း CPI ကုမ္ပဏီမှ ၀န်ထမ်းအချို့ ကျန်ရှိနေသေး

ကချင်ပြည်နယ်ရှိ ဧရာဝတီ မြစ်ဆုံဒေသ တစ်နေရာကို ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်
မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းထားပြီး ဖြစ်သော်လည်း CPI ကုမ္ပဏီမှ ၀န်ထမ်းအချို့ ကျန်ရှိနေသေးကြောင်း ကချင်ပြည်နယ်အစိုး ရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်ရှိ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ယခုအစိုးရလက်ထက်၌ ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတမှ ညွှန်ကြားထားပြီး ဖြစ်သည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “မြစ်ဆုံရေကာတာ စီမံကိန်းကို အောက်တိုဘာလ ၁ ရက်နေ့မှာ ယခုအစိုးရ လက်ထက်မှာတော့ ရပ်ဆိုင်းထားပြီးလို့တော့ ပြောကြားထားပြီး ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကနေ သ၀ဏ်လွှာနဲ့လွှတ်တော်တွေမှာ ကြေညာပြီး တစ်နိုင်ငံလုံး သိရှိပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ယခု အချိန်မှာ အဲဒီမှာရှိနေတဲ့ CPI ကုမ္ပဏီ ကပုဂ္ဂိုလ်တွေကတော့ သူတို့လက်ရှိ ကုန်ကျသွားတဲ့ ကုန်ကျစရိတ်တွေကို တွက်ချက်နေခြင်းနဲ့ တခြားစီမံကိန်းတွေဖြစ်တဲ့ လမ်းဖောက်တဲ့ စီမံကိန်း စတဲ့ တခြားစီမံကိန်းတွေကို ရွှေ့သွားဖို့နဲ့ တချို့စက်ပစ္စည်းတွေကို ပြန်လည်စွန့်ခွာဖို့ စနစ်တကျနဲ့ အခု အချိန်မှာ အစည်းအဝေးတွေ နေ့စဉ် နေ့တိုင်းဆောင်ရွက်ပြီးမှ စနစ်တကျ စွန့်ခွာနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ဆက်စပ်စီမံကိန်းများ ရွှေ့ပြောင်းခြင်းနှင့် စက်ပစ္စည်းများ ပြန်လည်စွန့် ခွာမှုများကို လာမည့် တရုတ်နှစ်ကူး (ဇန်န၀ါရီလအတွင်း) မတိုင်မီ အပြီးသတ်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း အဆိုပါကုမ္ပဏီနှင့်နီးစပ် သည့် အသိုင်းအ၀ိုင်းမှ သိရသည်။ မြစ်ဆုံဒေသခံတစ်ဦးက “မြစ်ဆုံစီမံကိန်းကတော့ ဆက်လုပ်နေတာ မတွေ့ရတော့ပါဘူး။ ဒါပေမယ့် စီမံကိန်းနေရာတွေမှာ တရုတ်ကုမ္ပဏီက တရုတ်နိုင်ငံသား ၀န်ထမ်းတချို့ ကျန်ရှိနေတာ တွေ့ရတယ်။ လုပ်ငန်း လည်ပတ်မှုကိုတော့ မတွေ့ရဘူး”ဟု ဆိုသည်။
EMG

ယုန်နှစ်မှ နဂါးနှစ်သို့

တရုတ်ရိုးရာပြက္ခဒိန်အရ လာမည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၃  ရက်နေ့မှစ၍ ယုန်နှစ်မှ နဂါးနှစ်သို့ ကူးပြောင်းရောက်ရှိမည်ဖြစ်၍ နိုင်ငံတကာ၌ စီးပွားရေးအခြေအနေများ ပြောင်းလဲလာနိုင်ကြောင်း ဗေဒင် ပညာရပ်ဆိုင်ရာ ပညာရှင်များထံမှ သတင်းရရှိပါသည်။
တရုတ်ရိုးရာ ပြက္ခဒိန်နှစ်တွင် ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေးနှင့် ၀က်ဟူသော သတ္တ၀ါ ၁၂ ကောင်တို့ဖြင့် တစ်ကောင်လျှင် နှစ် တစ်နှစ်အဖြစ် သက်မှတ်မှုကြောင့် ၂၀၁၂ ခုနှစ်တွင် ကျရောက်မည့်နဂါးနှစ်မှာမူ အဆိုပါနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၄ ရက်နေ့အထိ ကျရောက်မည် ဖြစ်သည်။

နဂါးနှစ်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်နှစ်အရ ထူးခြားတဲ့ နှစ် တစ်နှစ် ဖြစ်တာကြောင့် ပစ္စည်းဥစ္စာတိုးတက်မှုတွေကြုံနိုင်ပြီး နိုင်ငံတကာမှာ စီးပွားရေးအခြေအနေ ပြောင်းလဲမှုတွေ ကြုံနိုင်ပါတယ်။ တိုင်းပြည်ကြီးတွေမှာလည်း မင်းပြောင်းမင်းလဲတွေ ဖြစ်ပေါ်နိုင်ပြီး . . .
''နဂါးနှစ်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်နှစ်အရ ထူးခြားတဲ့ နှစ် တစ်နှစ်ဖြစ်တာကြောင့် ပစ္စည်းဥစ္စာတိုးတက်မှုတွေ ကြုံနိုင်ပြီး နိုင်ငံတကာမှာ စီးပွားရေးအခြေအနေ ပြောင်းလဲမှုတွေ ကြုံနိုင်ပါတယ်။ တိုင်းပြည်ကြီးတွေမှာလည်း မင်းပြောင်းမင်းလဲတွေ ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံအသီးသီးမှာ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ လာမယ့်နှစ်က မြန်မာပြက္ခဒိန်အရ ၀ါထပ်မယ့်နှစ်ဖြစ်သလို တရုတ်နှစ်မှာလည်း ၀ါထပ်တာ ကြောင့် ရေဘေးဥပဒ်ကို ဂရုပြုသင့်ပြီး မြန်မာနိုင်ငံကတော့ ကပ်ဆိုးကနေ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ သရေခေတ္တရာခေတ် BC  ၃၀၁ ခုနှစ် ရန်ပေါင်မင်းလက်ထက်တုန်းက ကောင်းကင်မှာ နေနှစ်စင်း ထွက်ခဲ့ဖူးတာရှိသလို AD  ၅၂၃ မှာ ဆိုရင်လည်း မိုးကောင်းကင်ကနေ လောင်မီးတွေ ခုနစ်ရက်တိုင်တိုင် ကျခဲ့ဖူးတာကို မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရဖူးတယ်ဆိုတာ သမိုင်းအထောက်အထားတွေမှာ ပါရှိထားပါတယ်။ ဒါကြောင့် မထင်မှတ်ထားတဲ့ အပြောင်းအလဲကြီးတစ်ခု ဖြစ်မယ်ဆိုရင်တောင် ကမ္ဘာကြီးတစ်ခုလုံး ပင်လယ်ရေနဲ့ ဆေးချလိုက်သလို လုံးဝပျက်သွားမှာမဟုတ်ဘဲ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုကိုပဲ အခိုက်အတန့် ကြုံရမှာပါ'' ဟု ဗေဒင်ပညာရှင် ဆရာစံဇာဏီဘိုက သုံးသပ်ပြောကြားပါသည်။
အလားတူ တိရစ္ဆာန်များအနေဖြင့်လည်း ကပ်ဆိုးအန္တရာယ်ဖြစ်သော နွားရူး၊ ကြက်တုပ်ကွေး၊ ၀က်နားရွက်ပြာရောဂါ စသည်တို့ ရုတ် တရက်ဖြစ်ပေါ်နိုင်ပြီး ကာကွယ်တားဆီးနိုင်မှုနည်းပါးသည့် အခြေအနေနှင့် ကြုံတွေ့နိုင်ကြောင်း သိရှိရပါသည်။
EMG

နှစ်ပေါင်းတစ်ရာကျော်ရှိဘုန်းကြီးကျောင်း ပြာဿဒ်ကြီး ၊ ရှေးဟောင်း ဘုရားများ၊ ပေပုရပိုက်များ

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွာတည်နှစ် ခြောက်ရာစုခန့်ရှိပြီဟု ခန့်မှန်းကြသော မောင်းခမ်းကျေးရွာတွင် နှစ်ပေါင်းတစ်ရာကျော်ရှိ ဘုန်းကြီးကျောင်းပြာဿဒ်ကြီးကို ထိန်းသိမ်းထားလျက်ရှိသည်ဟု သိရှိရသည်။
''ကျွန်တော်တို့ မောင်းခမ်းကျေးရွာက ယခင်ကမြို့အနေနဲ့ရှိခဲ့တာပါ။ နောက်ပိုင်း ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ရက်စွဲနဲ့ မောင်းခမ်းကိုမြို့အဖြစ်မှ ပယ်ဖျက်ပြီး မောင်းခမ်းကျေးရွာအုပ်စုနဲ့ ပေပင်ကျေးရွာဟု အစုခွဲခြားကာ ကျေးရွာအဆင့်ကို လျော့ကျခဲ့တယ်လို့ ရှေးဟောင်းစာတစ်ခုမှ ကူးယူထားတဲ့မှတ်တမ်းတစ်ခုကို တွေ့ခဲ့ဖူးပါတယ်'' ဟု အဆိုပါကျေးရွာမှ ရှမ်းတိုင်းရင်းသား ဦးသန်းအောင်က ပြောကြားခဲ့သည်။
''ဒီကျောင်းမကြီးကတော့ ပြန်ဆောက်ထားတာပါ။ ဒါပေမယ့် ကျောင်းရဲ့ပြာဿဒ်ကြီးနဲ့ ကျောင်းဟောင်းရဲ့ အခန်းတစ်ခန်းကိုမဖျက်ဘဲ ချန်ထားခဲ့ပြီး ကျောင်းသစ်ကို ဆောက်ခဲ့တယ်။ ကျောင်းရဲ့တိုင်ကြီးတွေကို ကျွန်းလုံးတိုင်ကြီးတွေနဲ့ ဆောက်ထားတာ။ လူတစ်ဖက်လောက်ရှိတဲ့ ကျွန်းလုံးကြီးတွေနဲ့ပါ။ ပြာဿဒ်ဆောင်အတွင်းမှာ ရှေးဟောင်းပေမူ၊ ပရပိုက်မူတွေကို ရှေးဟောင်းရွှေချထားတဲ့ ကျွန်းသေတ္တာကြီးတွေနဲ့ ထည့်သိမ်းထားပါတယ်'' ဟု မောင်းခမ်းကျေးရွာမှ စိုင်းအိုက်ဟန်းက ပြောကြားသည်။
''ကျွန်တော်တို့ မောင်းခမ်းကျေးရွာက ယခင်ကမြို့အနေနဲ့ ရှိခဲ့တာပါ။ နောက်ပိုင်း ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ရက်စွဲနဲ့ မောင်းခမ်းကိုမြို့အဖြစ်မှ ပယ်ဖျက်ပြီး မောင်းခမ်းကျေးရွာအုပ်စုနဲ့ ပေပင်ကျေးရွာဟု အစုခွဲခြားကာ ကျေးရွာအဆင့်ကို လျော့ကျခဲ့တယ်လို့ ရှေးဟောင်းစာတစ်ခုမှ ကူးယူထားတဲ့မှတ်တမ်းတစ်ခုကို တွေ့ခဲ့ဖူးပါတယ်''ဟု အဆိုပါကျေးရွာမှ ရှမ်းတိုင်းရင်းသား ဦးသန်းအောင်က ပြောကြားခဲ့သည်။  အဆိုပါ ဘုန်းတော်ကြီးကျောင်းမှာ မြန်မာသက္ကရာဇ် ၁၂၃၄ ခုနှစ်တွင် ခန္တီးစော်ဘွားကြီးပူစပ်လီမှ သူကိုးကွယ်သော နန်းဦးဆရာတော် အရှင်ကေ၀လအတွက် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအထိဆရာတော် အရှင်ကေ၀လ၊ အရှင်တိက္ခ၊ အရှင်ဇယန္တ၊ အရှင်အာလောက၊ အရှင်ကောဝိဒတို့က ကျောင်းထိုင်ခဲ့ပြီး ကျောင်းထိုင်ဆရာတော် ငါးဆက်ရှိကာ အချိန်ကာလအားဖြင့် နှစ်ပေါင်း ၁၃၉နှစ် ကြာမြင့်ပြီဖြစ်ကြောင်း သိရှိရသည်။
EMG

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပမည်

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။
အဆိုပါ လေဆိပ်ဖွင့်ပွဲနေ့သည် (၄)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးထိပ်သီး ဆွေးနွေးပွဲ ကျင်းပမည့်နေ့ဖြစ်ပြီး ယင်းအစည်းအဝေးသို့ တက်ရောက်ရန် လာရောက်သူများကို နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ကြိုဆိုပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွင့်ပွဲ အခမ်းအနားသို့ တရုတ်နိုင်ငံ ၀န်ကြီးချုပ် ၀မ်ကျားပေါင် တက်ရောက်ဖွယ်ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် ဖွင့်လှစ်ပြီးနောက်ပိုင်းတွင်လည်း တည်ဆောက်ရန် ကျန်ရှိနေသေးသည့် တည်ဆောက်မှုအပိုင်းများကို ဆက်လက် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရပါသည်။
ယခုအခါ နေပြည်တော်အတွင်း တွင် နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းကြီးအဖြစ် ရောက်ရှိလာစေရန် ယခင် ဖောက်လုပ်ပြီးစီးခဲ့သည့် လေယာဉ်ပြေးလမ်းအပြင် နိုင်ငံတကာ အဆင့်မီသည့် လေယာဉ်ပြေးလမ်း များကိုလည်း ထပ်မံတိုးချဲ့ တည်ဆောက်နေပြီဖြစ်ပြီး မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ပြီး ပြည်တွင်း လေကြောင်းလိုင်းများ အပြင် နိုင်ငံတကာ လေကြောင်းလိုင်းများလည်း ဆင်းသက်နိုင်တော့မည် ဖြစ်သည်။
လက်ရှိကာလတွင် ပြည်တွင်းရှိမြို့များသို့ ပျံသန်းနေသည့် လေကြောင်းခရီးစဉ်များသာ ဆင်းသက် လျက်ရှိနေသေးသည်။ နေပြည်တော် နှင့်လေကြောင်း ဆက်သွယ်မှုများတွင်မူ လမ်းပန်းဆက်သွယ်ရေး ဝေးလံ သည့် ပြည်နယ်များရှိ ဒေသများ (ဥပမာ ကျိုင်းတုံ၊ တာချီလိတ်၊ အမ်း၊ ကျောက်ဖြူ၊ ကော့သောင်း၊ စစ်တွေ၊ ဟဲဟိုး၊ ပူတာအို)နှင့် ဆက်သွယ်ရာတွင်မူ အရေးပါလျက်ရှိနေသည်။ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွင့်လှစ်ပြီးပါက ခရီးသည် သုံးသန်းကျော်ကို ၀န်ဆောင်မှု ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂၀၀၈ ခုနှစ် မေလခန့်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် ပထမအဆင့်အနေဖြင့် ပြည်တွင်းလေယာဉ်များ ဆင်းတက်ခြင်းကို ပြုလုပ်ခဲ့ပြီး လေဆိပ်၏ အကျယ်အ၀န်းမှာ ဧက ၅၅၀၀ ကျော်ခန့် ကျယ်ဝန်းကြောင်း သိရသည်။
EMG

ကချင်ပြည်နယ်မှ ပန်ဒါ(နီ)တစ်စုံအား တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၌ ထားရှိပြသမည်

မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ် ချီဘွေမြို့နယ် ပန်ဝါဒေသရှိ တောအတွင်းမှ ရှားပါးပျောက်ကွယ်လု နီးပါးဖြစ်နေသည့် ပန်ဒါ(နီ) တစ်စုံအား ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ ပန်ဒါ(နီ) အထီးအမ တစ်စုံသည် မြန်မာနိုင်ငံမျိုးရင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ် လုနီးပါးဖြစ်နေသည့်အတွက် စနစ်တကျ ထိန်းသိမ်းမွေးမြူသွားမည် ဖြစ်ကြောင်း သိရသည်။
“ပန်ဒါနီတွေဟာ ပင်လယ်ရေ မျက်နှာပြင်မှ အမြင့်ပေ ၆၀၀၀မှ ၁၆၀၀၀ အကြားရှိ အေးမြတဲ့ ဟိမ၀န္တာ သမပိုင်းတောတွေမှာ နေထိုင်လေ့ရှိ ပါတယ်။ အဲဒါကြောင့် သူတို့ရဲ့ သဘာဝနဲ့ကိုက်ညီအောင် အအေးခန်းနဲ့ ထားရှိသွားမှာပါ”ဟု တိရစ္ဆာန်များဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပန်ဒါ(နီ)များသည် နီညိုရောင် အမွှေးပွများဖြင့် ဖုံးလွှမ်းနေသည့် အတွက် လှပနူးညံ့ပြီး ကိုယ်ခန္ဓာမှာ အလျား နှစ်ပေခန့်ရှိပြီး အ၀ါရောင် အစင်းကျားများ ပါဝင်သည့်အမြီးမှာ တစ်ပေခွဲခန့် ရှည်လျားကာ သစ်ပင်များပေါ်တွင်သာ နေထိုင်သွားလာ စားသောက်လေ့ရှိကြောင်း သိရသည်။
ယခုအခါတွင် သဘာဝတော အတွင်းရှိ ပန်ဒါနီအရေအတွက် ကျဆင်းလာနေပြီးမျိုးသုဉ်းရန် အန္တရာယ် ရှိနေသဖြင့် သစ်တောဦးစီးဌာနမှ ၁၉၉၄ ခုနှစ်တွင်ပန်ဒါ(နီ)များအား လုံးဝကာကွယ်ထားသည့် တိရစ္ဆာန် အဖြစ် သတ်မှတ်ထားသည်။
EMG

ပုဂံရှေးဟောင်း ဒေသအတွင်း ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ညစာစားပွဲများနှင့် ပါတီပွဲများ ပြုလုပ်ခြင်း စစ်ဆေးသွားမည်

ပုဂံရှေးဟောင်းဒေသအတွင်း သို့ သုံးနှစ်ကာလအတွင်း ယခုနှစ် ခရီးသွားရာသီ ခရီးသွားဧည့်သည်များ ၀င်ရောက်မှုစံချိန်တင် များပြား ခဲ့ကြောင်း ပုဂံဟိုတယ်ဇုန် လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။
ယင်းကဲ့သို့ ယခုနှစ်ခရီးသွား ရာသီအတွင်း ပြည်ပခရီးသွားဧည့် သည်များ အများအပြားဝင်ရောက် ခြင်းနှင့်အတူ ပုဂံရှေးဟောင်းဒေသ အတွင်း၌ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသည့် ညစာစားပွဲများ နှင့်ပါတီပွဲများကို ပြုလုပ်ခြင်းမရှိရန် ဖွဲ့စည်းထားသော လုံခြုံရေးအဖွဲ့မှ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပုဂံဟိုတယ်ဇုန် လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးဇော်ဝိတ် က “အခုနှစ် ခရီးသွားရာသီမှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ ပြီးခဲ့တဲ့သုံးနှစ်ကာလနဲ့ ယှဉ်မယ်ဆိုရင် စံချိန်တင်ခဲ့တဲ့နှစ်ဖြစ်ပါတယ်။ အခု လိုခရီးသွားတွေ များတဲ့ရာသီမှာ ပုဂံ ရှေးဟောင်းဒေသအတွင်း မည်သည့် နေရာတွေမှာ ညစာစားပွဲတွေ ပါတီပွဲ တွေကို လုံးဝပြုလုပ်ခွင့်မပေးပါဘူး။ ကျွန်တော်တို့ဒေသမှာ ပြီးခဲ့တဲ့လက စပြီးတော့ဖွဲ့စည်းခဲ့တဲ့ လုံခြုံရေးအဖွဲ့ ကနေပြီးတော့ ၂၄ နာရီလုံးလှည့်ပတ် ပြီးတော့ စစ်ဆေးသွားပါမယ်။ လုံခြုံရေးတာ ၀န်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေအားလုံးက နယ်မြေကျွမ်း ကျင်တဲ့သူတွေဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် ခရီးသွားရာသီ အစတွင်ပင် ပုဂံနယ်မြေရှိဟိုတယ် အများစုမှာ ကြိုတင်ဘိုကင် ဖြင့် အခန်းများ ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်အချို့၏ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။
ဟိုတယ်အခန်းအများစုကြိုတင် ဘိုကင်များနှင့်ပြည့်နေသည်နှင့် ပတ်သက်၍ ပုဂံဟိုတယ်မှ HR မန်နေဂျာ မခွာညိုက “ကျွန်မတို့ ဟိုတယ်အနေနဲ့ကတော့ နိုင်ငံခြားခရီးသွား ဧည့်သည်တွေလာဖို့အတွက် ကြိုတင်ဘိုကင် လုပ်ထားတာ နိုဝင်ဘာလကနေ ဇန်န၀ါရီလကုန်အထိ အခန်းတွေ အကုန် ပြည့်နေပါပြီ။ အခန်းအရေအတွက် ၁၀၇ ခန်း ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က အခုရာသီနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အခုနှစ်က ခရီးသွားတွေ ပိုလာဖို့ရှိပါတယ်”ဟု ပြောကြားခဲ့သည်။
မြန်မာ့ရှေးဟောင်း အမွေအနှစ် ဒေသတစ်ခုဖြစ်သည့် ပုဂံတွင် ဟိုတယ်အလုံးအရေ ၇၂ လုံးရှိကြောင်း ပုဂံဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ သိရှိရသည်။
EMG

ထားဝယ် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ လူထုကို ထိခိုက်နိုင်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် အကောင်အထည်ဖော်လျက် ရှိသည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတု အခြေပြုလုပ်ငန်းနှင့် အခြားသော အလားတူလုပ်ငန်းများ ပါဝင်မည် ဖြစ်သည့်အတွက် ဒေသခံတို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် အပေါ် သက်ရောက်နိုင်ခြေများ ရှိနေကြောင်း သတင်းရရှိပါသည်။
အဆိုပါစီမံကိန်းကို ထိုင်းနိုင်ငံ ရှိ Italian-Thai Development Public Co.,Ltd  မှလုပ်ဆောင်နေပြီး ဧရိယာသည် စတုရန်း ကီလိုမီတာ ၂၅၀ ရှိကာ နှစ်ပေါင်း ၇၅ နှစ် ၀န်းကျင် လုပ်ကိုင်မည်ဖြစ်သည်။
ဓာတုအခြေပြုလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူတို့၏ ကျန်းမာရေး ထိခိုက်မှုတို့ကို ဖြစ်ပေါ်စေသည့် လုပ်ငန်းများပါဝင်နေကာ ယင်းအနက် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံလည်း ပါဝင်မည်ဖြစ်သည်။
“ဒေသကလူတွေကတော့ ကောင်းကျိုးဆိုးကျိုးကို သိပ်မသိကြပါဘူး။ အခု ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံပါတယ်။ လူထုကို ထိခိုက်နိုင်တယ်။ ဟောပြောပွဲတွေ ပြောစေချင်တယ်၊ သိစေချင်ပါတယ်”ဟု ထားဝယ်မြို့မှဒေသခံ ဦးစိုးသိန်းက ပြောကြားသည်။
7123
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတစ်နေရာကို တွေ့ရစဉ်

ထားဝယ်အထူးစီးပွားရေးဇုန် သည် မြန်မာအထူးစီးပွားရေး ဇုန်ဥပဒေအမှတ် (၈/၂၀၁၁)၊ ပုဒ်မ (၄) အရ အစိုးရအဖွဲ့က သတ်မှတ်ထားသောဇုန် ဖြစ်သည်။ ယင်းဥပဒေအရ ထားဝယ် အထူးစီးပွားရေးဇုန်တွင် အဆင့်မြင့်နည်းပညာဇုန်များ၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဇုန်များ၊ ပို့ကုန်ပစ္စည်း ထုတ်လုပ်မှုဇုန်များ၊ ဆိပ်ကမ်းနယ် မြေဇုန်များ၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်များ၊ သိပ္ပံနှင့် နည်းပညာသုတေသနဖွံ့ဖြိုးတိုးတက် ရေးဇုန်များ၊ ၀န်ဆောင်မှုလုပ်ငန်းဇုန်များ၊ တစ်ဆင့်ခံ ကုန်သွယ်မှုဇုန်များ နှင့်အစိုးရအဖွဲ့ကအခါအားလျော်စွာ သတ်မှတ်သည့်ဇုန်များ ပါဝင်သည်။
“ထိုင်းနိုင်ငံက Mat Ta Phut  မှာ ရပ်နားလိုက်ရတဲ့စက်ရုံတွေ မြန်မာနိုင်ငံကို ရွှေ့လာတာပါ။ အဲဒီစက်မှုဇုန်ရှိတဲ့ဒေသမှာ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုတွေ ကြုံခဲ့ရတယ်။ တခြားဒေသထက် ကင်ဆာဖြစ်ပွားမှု သုံးဆ၊ သွေးကင်ဆာဖြစ်ပွားမှု ငါးဆရှိခဲ့ပါတယ်”ဟု လေ့လာသိရှိ ထားသူ ထားဝယ်ဒေသခံ ကိုသန့်ဇင်က ပြောကြားသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန်အတွင်း တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ရှိ ကျေးရွာ ၂၉ ရွာ ပါဝင်နေသည်။
“ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံက မဂ္ဂါဝပ် ၄၀၀၀ ထုတ်မယ်လို့ သိရပါတယ်။ စက်မှုဇုန်မှာသုံးရင် ကုန်မှာမဟုတ်ဘူး။ ထိုင်းကို ၃၀၀၀ လောက် ရောင်းမယ်လို့ သိရပါတယ်”ဟု ကိုသန့်ဇင်က ပြောကြားသည်။
ထားဝယ် အထူးစီးပွားရေးဇုန် အတွင်းဓာတုဗေဒစက်မှုလုပ်ငန်း များ၊ ရေနံဓာတုလုပ်ငန်းများ၊ အိမ် သုတ်ဆေးလုပ်ငန်းများ၊ ရော်ဘာ လုပ်ငန်းများ၊ စားသောက်ကုန်လုပ် ငန်းများ စသည်တို့ပါဝင်လုပ်ကိုင် မည်ဖြစ်ရာ ထိုလုပ်ငန်းများသည် ဓာတုပစ္စည်းများကို ပမာဏမြောက် မြားစွာ အသုံးပြုရသော စက်ရုံ၊ လုပ် ငန်းများဖြစ်သည်။ ယင်းလုပ်ငန်းများမှ ဓာတုဘေးပစ္စည်းမြောက်မြား စွာထွက်ရှိသည့်အပြင် ပတ်ဝန်းကျင် ရှိ လေထု၊ ရေထု၊ မြေထုကို ညစ်ညမ်းစေနိုင်သည့်အတွက် စနစ်တကျ စွန့်ပစ်မှုလိုအပ်နေသည်ဟု သိရသည်။
ထိုင်းနိုင်ငံအတွင်းတွင်လည်း Man Ta Phut Area ၌ ရေနံဓာတု စက်ရုံကဲ့သို့သော စက်မှုဇုန်များကြောင့် ဖြစ်ပွားနေသော ကျန်းမာရေး၊ ပတ်ဝန်းကျင်ရေးရာ ပြဿနာများ၊ ရသင့် ရထိုက်သော အခွင့်အရေးများကို တောင်းဆိုခြင်းများ၊ စက်မှုလုပ်ငန်းများကို တရားစွဲဆိုခြင်း စသော ပြဿနာများ ၂၀၁၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
EMG

ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများအတွင်း ပင်လယ်ရေများ ရောထား

စားအုန်းဆီသင်္ဘော

စားအုန်းဆီကယ့်ယူနေပုံ
ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများအတွင်း ပင်လယ်ရေများ ရောထားကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန FDA မှ စစ်ဆေးချက် အရတွေ့ရှိရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပ သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက”ဆီနဲ့ပတ်သက်လို့ တင်သွင်းလာတဲ့ဆီတွေကို FDA ကစစ်ရတယ်။ စစ်လိုက်တော့ ဆီထဲမှာ ပင်လယ်ရေတွေ ရောထားတာတွေ့ရတယ်။ သင်္ဘောကဆီကိုခိုးပြီး ဆီထဲကို ပင်လယ်ရေပြန်ထည့်တာ။ ဆီက အနံ့တွေ ထွက်နေတယ်။ ကျောက်တန်းဘက်မှာ ဆီသွားဝယ်ရင် တစ်ပိဿာကို ကျပ် ၁၁၀၀ လောက်ပဲ ရှိတယ်။ အရင်းက တကယ်ဆို ကျပ် ၁၆၀၀ လောက်ရှိတာလေ။ ဒီလို မမှန်မကန်တွေလည်း ရှိတယ်”ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံဆီနှင့်ဆီ လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးကလည်း ”ဆီတင်လာတဲ့ သင်္ဘောက ရန်ကုန်ဆိပ်ကမ်းကို မကပ်ခင် ပင်လယ်ဝမှာ ရပ်ထားပြီး စောင့်ဆိုင်းရသေးတယ်။ သင်္ဘောကပဲ ပြန်ခိုးတာ။ သင်္ဘောပေါ်မှာ ဖြစ်တဲ့အတွက် သင်္ဘောလိုင်းက တာဝန်ယူရမှာပေါ့။ သင်္ဘောလိုင်းကိုလည်း ပြောထားပြီးပြီ။ ဆီကို အပြင်ရောင်းပြီး သင်္ဘောပေါ်ကဆီထဲကို ရေပြန်ထည့်ထားတဲ့ သဘောဖြစ်နေတယ်” ဟု ပြောကြားခဲ့ပါသည်။
သွင်းကုန်လုပ်ငန်းရှင် တစ်ဦးကလည်း “ဒီဈေးကွက်ဖြစ်နေတာတော့ မကောင်းဘူး။ သင်္ဘောက ခိုးပြီးထုတ် ပြန်ရောင်းလုပ်တာ။ သေချာတာကတော့ သင်္ဘောပေါ်ကို အပြင်လူတက်ခိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အခုပုံစံအရ ဆိုရင် သွင်းကုန်လုပ်တဲ့သူတွေ သတိထားရတော့မယ်။ ဒါက များသွားလို့၊ ဆီက အနံ့ထွက်လို့၊ စစ်ဆေးကြည့်လို့ သိရတာ။ ကောင်းပါတယ်။ ပင်လယ်ဝမှာ ဒါမျိုးဈေးကွက်ဖြစ်နေ တာ လုပ်ငန်းရှင်တွေ သတိထားဖို့ အတွက် သိသွားတာပေါ့”ဟု ပြောပြခဲ့သည်။ ယခု၂၀၁၁-၂၀၁၂ဘဏ္ဍာ နှစ်တွင်သွင်းကုန် ကဏ္ဍ၌ စားအုန်းဆီတင်သွင်းမှုမှာ အများဆုံးတင်သွင်းသည့် ကုန်စည်သုံးမျိုးအတွင်း ပါဝင်နေကြောင်းလည်း သိရသည်။
EMG

နာမည်ကြီးကျောင်းက အော်ကြောလန် ကျောင်းအုပ်ဆရာမကြီး


ကျွန်တော်ဟာ ကမာရွတ်မြို့နယ်အတွင်းက ရန်ကုန်မြို့မှာ အကြီးဆုံး အခြေခံပညာကျောင်းက ပညာရေးဝန်ထမ်း တစ်ဦးပါ။ နာမည်ကြီးကျောင်း ဖြစ်တဲ့အတွက် သိပ်ထောတယ်လို့ အများကမြင်ကြပါတယ်။
တကယ်တမ်းအတွင်းမှာ သပွတ်အူဖြစ်နေတာကိုတော့ ဘယ်သူမှမသိကြပါဘူး။ အလုပ်စ၀င်တဲ့အချိန်ကနေ အခုအထိ ကျောင်းအုပ်ကြီးတွေ ပြောင်းတာ အဆက်ဆက်ရှိပါပြီ။ အခု နောက်ဆုံးရောက်တဲ့ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်စန်း ဆိုးသလိုမျိုးတော့ ဘယ်ကျောင်းမှာမှ ရှိမယ်မထင်ပါဘူး။
ကျောင်းကိုပြောင်းလာတဲ့ ၃လလောက်အတွင်းမှာတင် ၃နှစ်လောက်ကြာသလို ထင်နေရတာပါ။ ဘယ့်နဲ့ဗျာ သူများကျောင်းတွေမှာ သင်တဲ့ဘာသာကိုပဲ ၀ိုင်းကြီးချုပ်စနစ်နဲ့ အမှတ်ခြစ်ရတာပါ။ သူကတော့ သင်သင် မသင်သင် အတန်းရှိ လူအင်အားကုန် တစ်ဘာသာပြီးမှ တစ်ဘာသာအမှတ်ခြစ်ရမယ်ဆိုပြီး လုပ်လိုက်တာ ကျွန်တော်တို့ ညမိုးချုပ်မှ အိမ်ပြန်ကြရပါရော။ ဆရာမတွေဆို စိုးတထိတ်ထိတ်နဲ့ အိမ်ပြန်ကြရတာဗျာ လမ်းမှာများ လူဆိုးသူခိုးနဲ့ တွေ့ရင်မလွယ်ဘူးဗျို့။
အဆင်မပြေကြောင်း တင်ပြတဲ့သူကိုလည်း လက်ညှိုးငေါက်ငေါက်ထိုးပြီး လုံချည်မ ပြန်အော်သေးတယ်ဗျာ၊ စကားပြောတိုင်း 'ညည်းတို့ ကျုပ်တို့' နဲ့.. အဆင်မပြေပုံများဗျာ၊ ဒါ ကျောင်းအုပ်ဆရာမကြီးတဲ့လား။ တခါမှမမြင်ဖူးပါဘူး။ စကားမဆုံးသေးဘဲနဲ့ အရင်ဦးအောင်လှည့်ထွက်သွားတတ်လို့ ပြောလက်စတန်းလန်းနဲ့ ကျန်တဲ့သူတွေ ဘာဆက်လုပ်ရမှန်း မသိတာ အကြိမ်ပေါင်းများစွာပါပဲ။
ကျောင်းကလူတွေနဲ့သာ မတည့်တာ၊ အသက်၄၇နှစ်မှ အိမ်ထောင်ပြုပြီး သူ့ယောက်ျားကိုတော့ လူရှေ့မရှောင် သူရှေ့ မရှောင် 'မောင်' ချင်းထပ်နေတာဗျို့။ ရေခဲသေတ္တာတို့ အ၀တ်လျှော်စက်တို့ သူ့ကို ပေးထားတဲ့လူများကျတော့ တည့်သဗျ။
ကွန်တော်တို့ထက် ပိုပြီးဆိုးတာက သန့်ရှင်းရေးဝန်ထမ်းတွေပေါ့ဗျာ။ ထမင်းဟင်းချက်ခိုင်း အခန်းသန့်ရှင်းရေး (ကျောင်းရုံးခန်း မဟုတ်ဘူးနော်) လုပ်ခိုင်း လုံချည်အညစ်အပေတွေ လျှော်ခိုင်းနဲ့ ခိုင်းသာခိုင်းတတ်တာ တပြားမှတော့ မပေးဘူးဗျ။ သူ့တစ်ကိုယ်စာတောင် မသန့်ရှင်းနိုင်မှတော့ ကျောင်းအလုပ်တွေကတော့ ပြောဖွယ်ရာမရှိဘူးပေါ့ဗျာ။
နဂိုရှိပြီးသား ဆရာ ဆရာမကြီးတွေကို မတိုင်ပင်မဆွေးနွေးဘဲနဲ့ လူတွေကော မူတွေကောပြောင်းတာမှ တလွဲတွေချည်းပါပဲ။
အဆိုးဆုံးကတော့ ကျွန်တော်တို့ကျောင်းကို ရောက်ရောက်ချင်း ဒီကျောင်းကို သူများတွေပြောကြတာကတော့
ဒီကျောင်းက ကျောင်းအုပ်ကြီးသင်္ချိုင်းတဲ့ဗျာ၊ ကျွန်တော်တို့တစ်ကျောင်းလုံးကတော့ သူပြောတဲ့အတိုင်း သူ့စကားနဲ့သူ မြန်မြန်ဖြစ်ပါစေပဲ ဆုတောင်းမိပါရဲ့ မောက္ခစာဖတ်သူအပေါင်း မယုံမရှိကြပါနဲ့။
ကွန်တော်လည်း မခံစားနိုင်တော့လို့ မျှဝေခံစားကြပါအုံးဗျို့။ သူ့အရင် အဆင့်မှီ အရည်အချင်းရှိတဲ့ ကျောင်းအုပ်ကြီးတွေနဲ့ ဖြတ်သန်းလာတဲ့ ဒီကျောင်းကို ဒီလို အရည်အချင်းမရှိတဲ့ စွာလန်ကြဲ ငါးစိမ်းတန်းက ဟာမျိုးကို ကျောင်းအုပ်အဖြစ် မထားသင့်ကြောင်းပါ ခင်ဗျား။
ရန်ကုန်သား ကျောင်းဆရာ
 maukkha
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်