ဈေးကစားမှုကြောင့် စက်မှုဇုန်မြေကွက် ဈေးအဆမတန်တက်

အမှန်တကယ် ရင်းနှီးမြှုပ်နှံ မှုမဟုတ်သူများ၏ ဈေးကစားမှုများကြောင့် စက်မှုဇုန်မြေကွက် များနှင့် နိုင်ငံတော်၏ အနာဂတ်စီမံကိန်းများရှိ မြေနေရာ၊ အဆောက်အအုံတို့ မှာ အဆမတန် မြင့် တက်မှုများ ဖြစ်ပွားနေသည်ဟု အိမ်ခြံမြေအကျိုးဆောင်အများစုက ဆိုသည်။ရန်ကုန်မြို့ရှိ နာမည်ကြီး အိမ်၊ ခြံ၊ မြေလုပ်ငန်းရှင်တစ်ဦးက ”မီဒီ ယာကလည်း ကြိုတင်ပြီး ဖော်ပြပေး နေမှုကလည်း အဓိကပါနေတယ်။ဒါ့အပြင်ဈေးကစားလိုပြီး ရင်းနှီးမြှုပ်နှံ ကြတဲ့သူတွေကပါပါနေတဲ့အတွက်မြေ  နေရာဈေးတွေ အပါအဝင်အဆောက် အအုံဈေးတွေက အဲဒီလို မြင့်တက် သွားတာပဲ”ဟု ပြောသည်။ယခင်က စိတ်ဝင်တစား မေး မြန်းမှုမရှိခဲ့သည့် မြေနေရာများမှာ ယခုအခါတွင်   ကြောက်ခမန်းလိလိ ဈေးရှိနေပြီး အမှန်တကယ်ရင်းနှီးမြှုပ် နှံကြသူတို့ အခက်တွေ့သွားစေမှု များလည်း လက်ရှိ အိမ်၊ခြံ၊မြေဈေး ကွက်၌အမှန်တကယ်ရှိနေကြသည်။
အထည်အလိပ်ထားရှိဖို့အတွက် ဂိုဒေါင်ဆောက်လုပ်ရန် မြေနေရာ ရှာဖွေနေသူတစ်ဦးက ”အရင်က အဲဒီမြေနေရာဆို ဘယ်ဈေးမှ မရှိ ဘူး။ အခုမေးကြည့်လိုက်တော့ တစ် ဧကကို ကျပ်သိန်း ၂၅ဝဝ ခေါ်နေ တယ်။ ကိုယ်က လွန်ရော၊ ကျွံရော ဈေးပေးနိုင်မှ ကျပ်သိန်း ၁၅ဝဝ ဝန်း ကျင်ဆိုတော့ဘယ်လိုမှမလှမ်းနိုင်ဘူး။ ဒါ့ကြောင့်ဝယ်မယ့် အစီအစဉ်ကို ခဏရပ်ထားနေရတယ်” ဟု ရန် ကုန်မြို့စက်မှုဇုန်တစ်ခု၏ မြေဈေး အနေအထားကို ပြောသည်။ယခင်က ဝယ်သူပင်မရှိခဲ့၍ အတင်းခေါ်ကာ ရောင်းချနေ ကြရ သည့် စက်မှုဇုန်မြေ ဈေးကွက်မှာ မီဒီယာများကြောင့် လှုပ်ခတ်သွားပုံ ကို အိမ်၊ခြံ၊ မြေ လုပ်ငန်းလုပ်ကိုင် နေသူက ထပ်မံ၍ ”အမှန်ဆိုဒီ လောက်အထိ အရင်က မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ရေးသားဖော်ပြမှုတွေမှာက ရေရှည်မှာ အကျိုးစီးပွားဖြစ်ထွန်း စေနိုင်မယ့် အချက်အလက်တွေပါ တော့ အကုန်စိတ်ဝင်စားကုန်ကြ တာပေါ့။ ဒါ့ကြောင့် လက်ဝယ်ရှိ သူကလည်းထုတ်မရောင်းဘဲ တက် နိုးတက်နိုးနဲ့ စောင့်တယ်။ ဝယ်တဲ့ သူကလည်း ဒီအတိုင်းပဲ ခေါ်သမျှ ဈေးကိုလိုက်ပြီး ဝယ်ယူမှုအချို့တွေ ကရှိနေတော့ခက်ကုန်တော့တာပဲ” ဟု ပြောသည်။ထိုကဲ့သို့ ဈေးအဆမတန် မြင့် တက်သွားမှုရှိနေသော်လည်းပဲအများ စုမှာခေါ်ဈေးသာရှိနေပြီးအမှန်တကယ် အရောင်းအဝယ်ဖြစ်မှုမှာ နည်းပါး နေသေးကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အချို့ထံမှသိရသည်။ ”ခေါ်ဈေးတွေပဲရှိတာပါ။ ရောင်း မယ်၊ ဝယ်မယ်ဆိုပြီး လုပ်နေကြပေ မယ့် အမှန်တကယ် စုံစမ်းကြည့်ရင် တေ့တေ့ဆိုင်ဆိုင် မဖြစ်မှုကများနေ ပါတယ်။ ဒါပေမဲ့လည်း ဝယ်သူ၊ ရောင်းသူအနည်းစုက ရှိနေတော့ ပွဲစားဆိုတာကလှုပ်ရှားနေရ တာပဲ။ ငွေပမာဏ အမောင့်ကများတော့ ပွဲဖြစ်ရင် အဆင်ပြေမှာ မို့လို့ပါ”ဟု အိမ်၊ခြံ၊မြေပွဲစားတစ်ဦးကပြောသည်။လတ်တလော လှုပ်ရှားမှု အများဆုံးဖြစ်နေခဲ့ သည့်   နေရာမှာ ရန်ကုန်မြို့ရှိ သီလဝါစက်မှုဇုန် မြေ နေရာဖြစ်နေပြီး ယခင်က မြေတစ် ဧကလျှင် ကျပ်သိန်း ၈ဝဝ ရှိနေ သည့် မြေနေရာများမှာ ကျပ်သိန်း ၁၅ဝဝ မှ ၂ဝဝဝ အထိ ဖြစ်ကုန် ကြောင်းနှင့် ကျန်သောရွှေပြည်သာ၊  လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ ရွှေ ပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင် ဥက္ကလာပတို့ ရှိစက်မှုဇုန်မြေနေရာ များမှာ ယခင်ထက်အနည်းငယ်သာ မြင့်တက်သွားပြီး အဆမတန်ဖြစ် သွားမှုများ မရှိခဲ့ကြောင်းသိရသည်။        အသက် ၅၅ နှစ်ကျော်အရွယ် လမ်းမတော်မြို့နယ်တွင် ငှားရမ်းနေ ထိုင်သူအမျိုးသမီးတစ်ဦးက ”လိုက် ရင်း၊ လိုက်ရင်းနဲ့ ဈေးက မြောက် မြောက်သွားတော့ ဘယ်လိုမှ မဖြစ် နိုင်တော့ဘူး။ တဖြည်းဖြည်းနဲ့ မြို့ပြင် ထွက်ရတော့မယ်နဲ့ တူတယ်” ဟု ညီးတွားဆိုသည်။စီးပွားရေးလုပ်ငန်းတစ်ရပ် တစ် ခုအနေဖြင့် သဘောထားကာ ဝိသမ လောဘသားတို့ အလုံးအရင်းဖြင့် ဈေးကစားမှုများသာ ပြုလုပ်နေပါ လျှင် လက်ရှိနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာလူတစ်စုသာဝယ်ယူနိုင် တော့မည့် အနေအထားမျိုးရောက် သွားနိုင်ကြောင်းဖြစ်ပေါ်နေသည့်အခြေ အနေပေါ်မူတည် သုံးသပ်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်အချို့က ရှိနေ ကြသည်။
  PN-051၊တက်လူ

မျှော်လင့်ချက်မဲ့အိမ်ပြန်ချိန်

ဟိုအဝေးကိုမျှော်ကြည့်မိပြန်တော့လည်း ဟိုအဝေးကိုမျှော်ကြည့်မိပြန်သည်ပဲ ရှိမည်ထင်ဧ။်  ဘယ်သော အခါများမှ အိမ်ပြန်ခရီးရနံ့ ဆွတ်ပျံ့နိုင်မည်လဲ ။ လွယ်ပိုးထား သည့် သမီးငယ်ဧ။် ဖျော့တော့ နေသည့် အသား အရေနှင့် ကြုံလှီနေသည့် လက်ကလေးတွေအား အသာကိုင်တွယ်ရင်း မရွယ်အောင်ဘူ တစ်ယောက် တွေးနေမိသည်။ “ဖြစ်နိုင် ရင်အိမ်ကိုအရမ်းပြန်ချင်တာပဲ။ တစ်ခါတလေ စပါးတွေ မသိမ်းရသေးဘူး လို့တွေးမိ တိုင်း အိပ်မက်တောင်မက်တယ်။ အခုဆိုညတိုင်းဘုရားသခင်ထံမှာ မြန်မြန် ငြိမ်းချမ်းပါစေလို့ ဆုတောင်းမိတယ်။”ဟုအလှူရှင်တချို့လာရောက်လှူဒါန်းထားသည့် ဘီစတစ်ထုတ်ထဲမှ တစ်ချပ်အားသမီး ငယ်ကို ၀ါးခွံရင်း မရွယ်အောင်ဘူက ပြောသည်။
သူမနေထိုင်သည့် ဂါးရာယာန် ရွာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတချို့ကြောင့် ရွာနှင့်  ၁၀မိုင်ကျော် ကွာ ဝေးသည့် မြစ်ကြီးနားမြို့ပေါ်၌ ဖွင့်လှစ်ထားရှိသော  တိမ်းရှောင် လာရသူများ နေထိုင်ရာစခန်း တစ်ခုဖြစ်သည့် အင်ဂျန်ဒုံ စခန်းသို့လွန်ခဲ့သော ၄ လကျော်ခန့်ကသူမ ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။ “အခု က လေးက ၂ လကျော်ပြီ ဒီစခန်း ရောက်မှပဲမွေးဖြစ်တာ၊ ဟိုကနေမိသားစုလိုက် ပြေးလာတာ ၊ အခုရွာကိုပြန်ချင် တာ မှပြောမနေနဲ့တော့၊ဘယ်လိုမှပြန်လို့မရသေးဘူးဆိုလို့ ဒီမှာပဲ နေနေရတာ” ဟု သူမကပြောသည်။
သူမကဲ့သို့ပင် တိမ်းရှောင်လာရသူများသည် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော် မြို့နယ် များတွင် ဖွင့်လှစ်ထားရှိသည့်စခန်း ၇၀ကျော် ၌ အရေအတွက် စုစုပေါင်း ၇၀၀၀ ကျော် ရှိနေပြီး အများစုမှာ သား သည် မိခင်နှင့် မူလတန်းကျောင်းနေအရွယ်ကလေးငယ်များဖြစ်ကြသည်။ လူဦးရေအနည်းဆုံးစခန်းသည်  ၁၅၀ ကျော်ဖြစ်ပြီး အများဆုံး စခန်းသည်  ၈၀၀ နီးပါးဖြစ်သည်။ အများစုသည် ကိုယ့်ရပ်ကိုယ့်ဒေသရှိ စိုက်ပျိုး လက်စစိုက်ခင်းများ ၊ ကျွဲ ၊နွား ၊ တိရစ္ဆာန်များ၊ အိုးအိမ်များကို ပစ်ခွာပြီး တစ်ရပ်တစ်ကျေး ဒေသအစိမ်း သို့ တိမ်းရှောင်လာခဲ့ရခြင်းဖြစ်ကြသည်။ လွန်ခဲ့သည့် ၈လကျော်ခန့်က ဒေသတွင်းဖြစ်ပေါ်ခဲ့သော အခြေအနေများသည် သူမ ကဲ့သို့ပင်မိသားစု များစွာကို ယခုလို ကစင့်ကလျား ဖြစ်စေခဲ့သည်။ “အဘွားက ဒီမြေးလေးနဲ့ဒီစခန်းကိုရောက်လာခဲ့တာ သားနဲ့သူ့မိန်းမ ကတော့ ဟိုဘက် (မူဆယ်မှ တစ်ဆင့် တရုတ်ပြည်) ကိုပြေး သွားကြတယ်၊အခုထိတော့တကွဲတပြားပဲ”ဟုတာလောကြီးရွာမှမြစ်ကြီးနားမြို့ပေါ်ရှိ ရှတာ ပရူ နှစ်ခြင်းသာသနာဝင်းသို့ တိမ်းရှောင်လာခဲ့ရသည့် အဘွားကော့ဆိုင်းကဆို သည်။ ၀ိုင်းမော်မြို့ ရွှေညောင် ပင်ရွာမှ မြစ်ကြီးနားမြို့ စီတာပူတိမ်းရှောင်စခန်းသို့ တိမ်းရှောင်လာခဲ့ရသည့် မသီတာမြင့်ကလည်း“ပြောင်းလာတာ တော့ရွာလုံးကျွတ် နီးပါး ပဲ၊ ဟိုမှာနည်းနည်း ပါးပါးပဲ ကျန်ခဲ့တယ်၊ ရှိသမျှ ကျွဲ၊ နွားအကုန်ပစ်ထားခဲ့ပြီး ပြေးလာခဲ့ရတာ၊ ဒီမှာနေရတာ အဆင်တော့ ပြေတယ်ဆိုပေမယ့် ကိုယ့်ရွာမှာလိုတော့ ဘယ် ဟုတ်ပါ့မလဲ၊ ရွာကိုပြန်ချင်တာတော့ တကယ်ကိုပါပဲ၊ ကျွန်မ တို့ရွာကိုပြန်ရမယ့် အခြေအနေက ဘယ်တော့များမှဖြစ်လာမယ် မသိတော့ပါဘူး ” ဟုဆိုသည်။
တိမ်းရှောင်လာကြရာတွင် အချို့မှာရွာလုံးကျွတ်လိုက် တိမ်းရှောင် လာကြခြင်းဖြစ်ပြီး ၊ အချို့မှာ သက် ကြီးရွယ်အို ကလေးငယ်နှင့် သားသည်မိခင်များသာ တိမ်းရှောင် လာကြကာ ယောကျာ်းသားများက လုပ်လက် စတောင်ယာအလုပ်တွေကို နေ့လယ်ဘက်မှာလုပ်ကိုင်ပြီး ညဘက် လုံခြုံဘေးကင်းရာ တစ်နေရာ၌ အိပ်စက်ခြင်းဖြင့် ဘ၀ကိုနေထိုင်ဖြတ်သန်းနေရခြင်းဖြစ်သည်။ ဤသည်မှာလည်း အနည်းငယ်သာဖြစ်သည် ။ မငြိမ်သက်သော အခြေအနေကြောင့် အများစုမှာ တိမ်းရှောင်စခန်းများ၌ပင် ကူညီသူများနှင့် ပံ့ပိုးသူများဧ။် လှူဒါန်းမှု ဖြင့်သာရပ်တည်နေထိုင်နေရသည်။ “ဒီမှာနေထိုင်ရတာကြာလာတော့ သိပ်အားငယ်တာပဲ၊ လုပ်ကိုင်စားသောက်နိုင်တဲ့ အခြေ အနေလည်းမရှိ၊ အလုပ်ကလည်းခက်ခဲ ၊ ဘုရားကျောင်းသွားလို့မှ အလှူလေး တောင်မ ထည့်နိုင်ဘူး ၊ဖြစ်နိုင်ရင် ရွာပြန်ပြီးပဲကိုယ့်တောင်ယာလေး ကိုယ်လုပ်ကိုင်နေချင် တာပါပဲ ”ဟု လွန်ခဲ့သည့် ၂ လခန့်က ၀ိုင်းမော်မြို့နယ် ရင်ကွဲတောင်ရွာမှ့ ၀ိုင်းမော်မြို့လော်ဝေါ် နှစ်ခြင်း ခရစ်ယာန် အသင်းတော်စခန်းသို့ပြောင်းရွှေ့လာခဲ့ရသည့် အသက် ၄၀ အရွယ် ဦးဇဇောင်းကပြောသည်။ တိမ်းရှောင်လာကြသူများ အတွက်ဖွင့်လှစ်ထားသည့် စခန်းအများစုမှာ ခရစ်ယာန်သာသနာပြုကျောင်းများ အတွင်းဖြစ်ပြီး အားလုံး နီးပါး နေရာထိုင်ခင်း၊ အစားအသောက်နှင့် အ၀တ်အစားလုံလောက်မှု မရှိသည့် အခြေအနေဖြစ်သည်။ တချို့သောမိသားစုများသည်ကိုယ်တိုင် ချက်ပြုတ်စားကြပြီး တချို့သည် စခန်းမှချက်ပြုတ် ကျွေးမွေးသည့် ထမင်းကိုစားကြသည်။ မည်သို့ပင်စားစား တူညီသောအချက်မှာ အသားဟင်းလျာမဲ့ ထမင်းဝိုင်း ပင်ဖြစ်သည်။ ဆန်ကြမ်း ထမင်းပေါ် ပုံဆမ်းထားသည့် ပဲချက်သည် အားလုံးအတွက် နတ်သုဒ္ဓါဖြစ်သည်။ “အခုဆိုလူတွေကလျှော့သွားတယ် မရှိဘဲတိုးတိုးလာတယ်၊ လူ ၄၀၀ကျော် အတွက် တစ်နေ့ဆန် ၄ အိတ် နဲ့ အသုံးစရိတ် တစ်သိန်းရှိပါတယ်။ ဖြစ်နိုင်ရင်အားလုံးအတွက် ငြိမ်းချမ်းစေချင်တယ်။ ဆက်ပြီးဖြစ်နေမယ်ဆိုရင် ဒေသခံပြည်သူတွေ အတွက် ၊ရေရှည်အတွက် ဆိုးကျိုးတွေပဲရှိလာလိမ့်မယ်ထင်ပါတယ်။ ဟု ရှတာပရူ နှစ်ခြင်းသာသနာဝင်း သင်းအုပ်ဆရာတော် ဦးဘောက်လာကပြောသည်။
တိမ်းရှောင်စခန်းများအတွင်း နေထိုင်ကြသူများသည် ကချင် ၊ ရှမ်း ၊ လီဆူး စသည့် တိုင်းရင်းသား မျိုးနွယ်များဖြစ်ကြပြီး သေချာသည်က အားလုံးနီးပါး ကိုယ့်ရပ် ကိုယ့်ရွာကို ပြန်ချင်ကြသူများ ဖြစ်ကြောင်း တွေ့ရ သည်။ သို့ရာတွင်ယင်း၌ နှစ်မျိုးနှစ်စားကွဲပြားမှုတော့ရှိသည်။ တချို့သည် အေးချမ်းပြီဆိုလျှင် မူရင်းဒေသများသို့ ပြန်၍ လုပ်ကိုင်စားသောက်နိုင်ခြေရှိပေမယ့် အချို့သည် တောင်ယာ ၊ ကျွဲ ၊ နွား ၊ အိုးအိမ် ၊ ပြန်မရနိုင်အောင် ဆုံးရှူံးမှု ကြုံခဲ့ရပြီး တိမ်းရှောင်စခန်း၌ ရေရှည်နေထိုင်ဖို့ရန် အဆင် မပြေသလို ၊ မူရင်းဒေသပြန်လျှင်လည်း လုပ်ကိုင် စားသောက်စရာမဲ့ အခြေအနေမို့ ဝေခွဲဆုံးဖြတ်မရ အခြေအနေတွင် ရှိနေကြသည်။ “ ဒီကိုရောက်တာ ၇လကျော်ပြီ ။ ရွာမှာ လူရော တောင်ယာ ကျွဲနွား ဘာမှမကျန်တော့ဘူး ၊  ပြန်ရင်လည်း ဘာလုပ်ကိုင်စားရမလဲ မသိ ဘူး။ ဒီမှာတော့ တစ်ခါတလေ တောင်ယာအငှား လာခေါ်တာ တွေ တော့ ရှိပေမယ့် သူ့လူနဲ့ သူဆို တော့ရှားပါတယ်။ ကိုယ့်ဒေသမဟုတ်တော့ ဘာလုပ်ကိုင်စားရမှန်းလည်း မသိဘူး။ တော်တော်တော့ ခက်ခဲ ပါတယ် ” ဟု နန်စန်ယာန်ရွာမှ ၀ိုင်းမော်မြို့ မခေါယန်ရွာရှိ မြန်မာနိုင်ငံ အေဂျီ (ဧ၀ံဂေလိ) အသင်းတော် တိမ်း ရှောင်စခန်းသို့ တိမ်းရှောင်လာခဲ့ရသည့် လီးဆူးတိုင်းရင်းသူ မယော်အန်ရွယ်က ပြောသည်။
သူတို့အားလုံးကို ကိုယ့်ရပ်ကိုယ့်ဒေသသို့ပြန်ချင်လျှက် ပြန်ခွင့်မရသည့် အကြောင်းရင်းမြစ်အား မေးစမ်း ကြည့်လျှင် မငြိမ်းချမ်းမှုကြောင့်ဟု တစ်ညီတညွတ်တည်း ဖြေကြမည်မှာ အသေအချာဖြစ်သည်။ ၄င်းအပြင် လူမျိုး ၊ဓလေ့စရိုက်၊ယုံကြည်ကိုးကွယ်မှုကွဲပြားကြပေမယ့် သူတို့အားလုံးရင်ထဲ၌ရှိနေသည့်တူညီသောဆန္ဒ တစ်ခုသည် ပဋိပက္ခတွေကို အမြန်ငြိမ်းအေးစေချင်ခြင်းပင်ဖြစ်သည်။  “ဘယ်အချိန်မှာဘာဖြစ်မယ်မှန်း မသိတော့ တိုက်ပွဲ တွေ မရှိဘူးဆိုပေမယ့် ရွာကိုပြန်ဖို့ကမဖြစ်နိုင်သေးဘူး။ နှစ်ဘက်နှစ်လမ်းက နားလည်ဆောင်ရွက်ကြရင် ကိုယ့်ဒေသ ကိုယ့်ရပ်ကိုယ့်မြေကို ပြန်ရောက်မယ်လို့ တွေးမိပါတယ် ။ အခုထိတော့ ဘာမှမသေချာသေးပါဘူး။ ”ဟု  ဦးဇေဇောင်းကပြောသည်။တိမ်းရှောင်စခန်းများအတွင်း တိမ်းရှောင်နေထိုင်ကြသူများ၏  အဓိကဆုတောင်းသံ သည်လည်းငြိမ်းချမ်းရေးပင်ဖြစ်သည်။ လောလောဆယ် ဖြစ်ပွားနေသော အခြေအနေများသည် ဒေသတွင်း ရှိလူအားလုံးကို ချောက်ချားမှုများ၊ ဆွံ့အမှု များ၊ စိတ်နှလုံးမချမ်းမြေ့မှုများကိုသာယူဆောင်လာခဲ့ပြီး တကွဲတပြားဖြစ်မှု ၊ အားငယ်မှု ၊ တစ်ပိုင်းတစ်စ ဖြစ်မှု များ၊ စိတ်ဒဏ်ရာများ ဖြင့် အဆုံးသတ်စေခဲ့သည်။ အိမ်ပြန်ချိန်သည် သူတို့အားလုံး၏ တောင့်တမှု မျှော်လင့် ချက်ဖြစ်သည်။ သို့ရာတွင် ၄င်းသည် အဘယ်မှာနည်း။ သေချာသည်က ၄င်းသည် ငြိမ်းချမ်းရေး၌ရှိနေခြင်း ပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ငြိမ်းချမ်းရေးသည်အဘယ်မှာနည်း၊  ငြိမ်းချမ်းရေးသည် ပဋိပက္ခဖန်တီးသူ နှစ်ဦးနှစ်ဘက်လုံးတွင်ရှိနေသည်။
အာဟာရချို့တဲ့မှုကြောင့် ကြုံလှီနေသည့် သမီးငယ်၏ လက်ချောင်းပိန်ကလေးတွေကို ကိုင်စမ်းရင်း မရွယ်အောင်ဘူတွေးနေမိသည်က ငြိမ်းချမ်းသွားလျှင် ဖြစ်ချင် သည်များလောလောဆယ် မဖြစ်လာနိုင်သေးလျှင် တောင် တဖြည်းဖြည်း ပြေလည်သွားလိမ့်မည် ဆိုသည့်အတွေးပင်ဖြစ်ပေတော့သည်။
ဥာဏ်လင်းအောင်

လူထုခေါင်းဆောင် နိုဘယ်ဆု အထိမ်းအမှတ်ပွဲ (ဓါတ်ပုံများ)

ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရရှိတာ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် သာဓုပရိယတ္တိစာသင်တိုက် ရွှေညဝါပညာ့ဗိမာန်မှာ ကျင်းပတဲ့ အခမ်းအနားပွဲ ဓါတ်ပုံများ----


Burma VJ Media Network

နိုဘယ်ဆုအထိမ်းအမှတ်ပွဲ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း အပြည့်အစုံ (ရုပ်/သံ)

 
ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရရှိတာ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် သာဓုပရိယတ္တိစာသင်တိုက် ရွှေညဝါပညာ့ဗိမာန်မှာ ကျင်းပတဲ့ အခမ်းအနားပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းစကား အပြည့်အစုံ
 
 
Burma VJ Media Network

NDF နှင့် ကြံ့ ဖွံ့ ပူးပေါင်းလိုက်သည်ဆို


“သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါများ” မိန်းခလေးများအထူး(အထူး)သတိပြုသင့်

 အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။
အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကိုအထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာအပြုအမူတိုင်းကိုဆိုလိုပါသည်။
ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ ........................................................(အရွယ်ရောက်သူတိုင်းသိကြပြီးဖြစ်မည့် အမြင်ရိုင်းသောရှင်းလင်းချက်စာသားများကိုဖျက်ထားပါသည်-ပုံ မောင်လူအေး) ......... ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်..............................................
ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့်ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအား
ငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင်မှတ်မိနိုင်စွမ်း မရှိတော့ပေ။ ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့်အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲအချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစားအနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ -

GHB (Gamma Hydroxybutyric Acid)
Rohypnol (Flunitrazepam)
Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။

Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟုအသုံးများသော်လည်း ပညာရှင်အများစုကတော့ ဆေးဝါး အသုံးပြု၍လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း (drug-facilitated sexual assault) ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအားဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သောအခြားရာဇ၀တ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင်ပြနိုင်ပေသည်။

ဆေး၏ ပုံသဏ္ဍာန်

GHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့်ဆေးပြားဟူ၍ပုံစံအမျိုးမျိုး ရှိသည်။

Rohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။
ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါ အပြာရောင်သန်းသွားသော်လည်းအရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။

Ketamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။

ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ

ဆေးသည် လျှင်မြန်စွာ အာနိသင်ပြနိုင်သည်။ ဆေးအာနိသင်မပျယ်ခင်ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ
အသုံးပြုသည်ဆိုသည့်အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့်ရောစပ်ထားသည့်အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကိုပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။
ထို့ပြင်GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။

GHB ၏ အာနိသင်များ

အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း
အိပ်ချင်မူးတူးဖြစ်ခြင်း
မူးဝေခြင်း
မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း
အမြင်ေ၀၀ါးလာခြင်း
သတိလစ်ခြင်း
လေဖြတ်သကဲ့သို့ဖြစ်ခြင်း
ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား
မမှတ်မိခြင်း
အသက်ရှူရန် ခက်ခဲခြင်း
တုန်တုန်ယင်ယင်ဖြစ်ခြင်း
ချွေးထွက်ခြင်း
အော့အန်ခြင်း
နှလုံးခုန်နှုန်း နှေးကွေးခြင်း
အိပ်မက်ကဲ့သို့ ခံစားရခြင်း
သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း - coma)
သေဆုံးခြင်း

Rohypnol ၏ အာနိသင်များ

ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား
မမှတ်မိခြင်း
သွေးပေါင်ချိန်ကျခြင်း
အိပ်ချင်လာခြင်း
ကြွက်သားများ အားလျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား
ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း
အရက်မူးသကဲ့သို့ဖြစ်ခြင်း
မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း
စကားမပြောနိုင်တော့ခြင်း
လှုပ်ရှားရန် ခက်ခဲလာခြင်း
အသိစိတ် ပျောက်ဆုံးခြင်း
ဇဝေဇ၀ါဖြစ်ခြင်း
အမြင်ေ၀၀ါးလာခြင်း
မူးဝေခြင်း
အစာအိမ် မအီမသာဖြစ်ခြင်း

Ketamine ၏ အာနိသင်များ

စိတ်အာရုံချောက်ခြားခြင်း
အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း
အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း
မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း
လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း
အသက်ရှူရန် ခက်ခဲလာခြင်း
အူတက်အောင်ရယ်ခြင်း
အော့အန်ခြင်း
ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း
မှတ်ဉာဏ်ထိခိုက်ခြင်း
အိပ်မက်ကဲ့သို့ ခံစားရခြင်း
ထုံထိုင်းခြင်း
လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း
အမူအရာ ကြမ်းတမ်းလာခြင်း
စကားသံ ဗလုံးဗထွေးဖြစ်ခြင်း
ဒီဆေးတွေ တရားဝင်သလား?

ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟုမဆိုလိုပါ။
တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုပေးသူများ(ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏
ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။

Rohypnol သည် တရားဝင်ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့်မက္ကစီကိုတို့တွင် အိပ်မပျော်သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီးခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။

Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက်မေ့ဆေးတစ်မျိုးအဖြစ် တရားဝင်သုံးစွဲကြသည်။
တိရစ္ဆာန်များတွင် အများဆုံးအသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ
လုယက်ခံကြရကြောင်း သိရသည်။

GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက်အမေရိကတွင် မကြာသေးမီက
တရားဝင်ဆေးဝါးအဖြစ် သတ်မှတ်ခဲ့သည်။
ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ?

ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေစသည့်အရည်များအား မသောက်ပါနှင့်။
အအေးသံဗူးများအား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။
ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍အိမ်သာသွားလျှင်ပင် ယူသွားပါ။
အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punchဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံးသည့်ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။
(မိန်းကလေးတွေသင်္ကြန်လိုအချိန်မျိုး သတိထားကြဗျို့။ အဲဒီဟာတွေထဲမှာဆေးခတ်ထားနိုင်ပါတယ်။)
ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည်ကိုမျှ မသောက်ပါနှင့်။
များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။
အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်းသို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။
ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာပျယ်သွားနိုင်ပါသည်။
Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင်
ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။
တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည်မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။
အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့သည်ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။
အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာနေပါ။
သင် အပြည့်အ၀ ယုံကြည်နိုင်ခြင်းမရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှလက်မခံပါနှင့်။
သင်သောက်နေသောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲအိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။
အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့်ချောကလက်ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။ သင့်အားခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီး
အများစုသည် သောက်သုံးသည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။
ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအ၀အား သင့်လက်မဖြင့်ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်းအားစောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူကမည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။
အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်းတို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။
အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့်အတူပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှအကူအညီ ရယူပါ။ လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန်ရောက်ရှိရန် အရေးကြီးပါသည်။
သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။
ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည်

အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။
သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များအားမှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့်
မည်သည့်အချိန်တွင်မဆို အထူးဂရုပြုသင့်ပါကြောင်း။
(အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ အသေးစိတ်ကို*www.collegesafe.com* မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

khinmaungsoe11.blogspot.com/

အကျဉ်းသားတွေ လွှတ်ပေးရေး သူရ ဦးရွှေမန်းပြော

လွှတ်တော် ကော်မရှင်ရုံးခွဲ အတွက် တရုတ် သံအမတ်က ပစ္စစည်းလှူဒါန်း
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက မကြာခင် ရက်ပိုင်းမှာ သွားရောက်မယ့် သူ့ရဲ့ အိန္ဒိယ ခရီးစဉ်၊ တရုတ် မြန်မာ ဆက်ဆံရေးနဲ့ အကျဉ်းသားတွေ လွှတ်ပေး ရေး စတဲ့ ကိစ္စတွကို ဒီကနေ့ ထုတ်ဖေါ် ပြောသွားပါတယ်။ရန်ကုန်မြို့ ယုဇန တာဝါမှာ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်ရုံးခွဲ ဖွင့်ပွဲ အခမ်းအနားမှာ သူရ ဦးရွှေမန်းက အခုလို ပြောသွားတာပါ။အကျဉ်းသားတွေ လွှတ်ပေးရေး ဆိုရာမှာ နိုင်ငံရေး အကျဉ်းသားတို့ ယုံကြည်ချက် အကျဉ်းသား တို့ ဆိုတဲ့ စကားလုံး အသုံးအနှုန်းတွေကို အငြင်းပွားနေတာမျိုး မဟုတ်ပဲ နိုင်ငံ့ အရေးကို စိတ်ဝင်တစားလုပ်မယ့် သူတွေကို ဦးစားပေး လွှတ်ပေးဖို့ လုပ်ဆောင်နေတယ်လို့ သူရ ဦးရွှေမန်းက ပြောသွားပါတယ်။တခါ လာမယ့် ၁၁ရက်နေ့ကျရင် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ကို သူ ဦးဆောင်ပြီး သွားရောက်မယ့် အိန္ဒိယ နိုင်ငံ ခရီးစဉ်အတွင်းမှာ လွှတ်တော်နဲ့ အစိုးရ ဆက်ဆံရေး၊ အိန္ဒိယနိုင်ငံ အုပ်ချုပ်ရေး စနစ် စတာတွေကို လေ့လာဖို့ ရှိတယ်လို့လည်း သူရ ဦးရွှေမန်းက ပြောပါတယ်။အဲဒီ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စများ လေ့လာ ဆန်းစစ်ရေး ကော်မရှင် ရုံးခွဲ ဖွင့်ပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ကော်မရှင် ရုံးခွဲအတွက် ကွန်ပြူတာ တွေ လာရောက် လှူဒါန်းခဲ့ပါတယ်။တရုတ် မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ သူရ ဦးရွှေမန်းက အမေရိကန်နဲ့ ဆက်ဆံရေး မကောင်းတဲ့ အချိန်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်က မှန်မှန်ကန်ကန် ရပ်တည်ပေး ခဲ့တဲ့ အတွက် မြန်မာနိုင်ငံဟာ ဒီအခြေအနေ ရောက်လာတာ ဖြစ်ကြောင်းနဲ့ အခုအခါ အမေရိကန်နဲ့ ဆက်ဆံရေး တိုးတက်လာပေမယ့် တရုတ်နဲ့ ဆက်ဆံရေးကို တိုးမြှင့် သွားမယ် ဖြစ်ကြောင်း ပြောသွားပါတယ်။
BBC

ရန်ကုန်တွင် ပြုပြင်ပြောင်းလဲမှုအသံ ကျယ်လောင်လာသည်နှင့်အမျှ ကချင်ပြည်နယ်တွင် ပဋိပက္ခ ဆက်လက်ကြီးထွား

(VOA News မှ 8 Dec 2011 ရက်စွဲပါ “AS Reform lauded in Rangoon, Conflict in Kachin State” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်) ပြီးခဲ့သော ဇွန်လက တာပိန်မြစ်ပေါ်ရှိ တရုတ်-မြန်မာ ဖက်စပ်ရေလှောင်တမံ အနီးမှ ဖြစ်ရပ်ကြောင့် ကချင်ပြည်နယ်တွင် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲမှု အဆုံးသတ်သွားခဲ့လေသည်။ တိုက်ပွဲကာလ ၆ လနှင့် စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီးနောက်တွင် မြန်မာအစိုးရသစ်က ပြုပြင်ပြောင်းလဲမှုများကို ဦးတည်၍ တိုးတက်မှုများရရှိနေသော်လည်း ကချင်ပြည်နယ်ကို နောက်တွင်ချန်ထားခဲ့သည်။ ယခုလ အစောပိုင်း မြန်မာနိုင်ငံခရီးစဉ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က “သမ္မတ ဦးသိန်းစိန် ဦးဆောင်သော တစ်နှစ် သား အရပ်ဖက်အစိုးရသည် ပြုပြင်ပြောင်းလဲမှုများကိုဦးတည်၍ သိသာထင်ရှားသော တိုးတက်မှုများရရှိအောင် အမှန်တကယ် ပြုလုပ်နိုင်ခဲ့သော်လည်း ယခု ထက် ပို၍ လုပ်ဆောင်စရာများစွာ ကျန်နေသေးသည်ပာု ပြောကြားခဲ့သည်။ မြန်မာ့တပ်မတော်က နယ်စပ်ဒေသ တိုင်းရင်းသားများအား နှိပ်ကွပ်သော စီမံချက်ကို ဆက်လက်လုပ်ဆောင်နေသော မြန်မာနိုင်ငံအနောက်ပိုင်းမှ စစ်အင်အားသုံး စနစ်တကျအနိုင်ကျင့်မှုများမှာမူ အဆိုးဝါးဆုံးကိစ္စများထဲမှ တစ်ခုဖြစ်ပေသည်။ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(SSA-S)က မြန်မာအစိုးရ နှင့် အပစ်ရပ်သဘောတူညီချက် လက်မှတ်ထိုးလိုက်ပြီဖြစ်သော်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှာမူ ကံမကောင်းသေးပေ။ ပြဿနာကို နိုင်ငံရေးအဖြေရှာရန် မြန်မာတာဝန်ရှိသူများက ကမ်းလှမ်းခြင်းမရှိကြောင်း KIA ဗိုလ်ချုပ် ဂွမ်မော်၏ အကြံပေးဒူခေါင်က ပြောကြားသည်။ “သူတို့က (အစိုးရက) မြန်မာနိုင်ငံ ပြောင်းလဲနေပါပြီလို့ နိုင်ငံတကာကြေညာပါတယ်။ ပာုတ်ပါတယ် မြန်မာနိုင်ငံပာာ ပြောင်းလဲနေပါတယ်။ ဒီတိုက်ပွဲပာာလည်း အသေးအမွှားပါ။ ရက်အနည်းငယ်အတွင်း ပြီးသွားမှာပါ။ ဒါပေမယ့် နိုင်ငံရေးအရပြောရမယ်ဆိုရင် သူတို့က(အစိုးရက) နိုင်ငံရေးလှုပ်ရှား ဆန့်ကျင်တဲ့အုပ်စုအားလုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖယ်ရှားပစ်ချင်ကြတာပါ။ အစိုးရက ဒီတိုက်ပွဲကို ပြင်းပြင်းထန်ထန် အရှိန်မြှင့်လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်။ အခုကိုပဲ ကျွန်တော်တို့ ဒေသမှာ တကယ်ဖြစ်ပွားနေပါပြီ” ပာု ဒူခေါင်က ဆိုသည်။ ယခုနောက်ဆုံးအစိုးရတပ်ဖွဲ့များ၏ ဖိအားပေးမှုမှာ နယ်စပ်မြို့ မဂျရန်ကို ခြိမ်းခြောက်နေခြင်းဖြစ်ပြီး အကြောင်းရင်းမှာ ရေအားလျှပ်စစ် စီမံကိန်း များနှင့် နီးကပ်ပြီး နယ်စပ်ကုန်သွယ်ရေးအချက်အချာဖြစ်နေ၍ မပာာဗျူပာာမြောက် အရေးပါသောကြောင့်ဖြစ်သည်ပာု ဒူခေါင်က ပြောကြားသည်။ အစိုးရ က လာမည့်ရွေးကောက်ပွဲများတွင် KIA ကို ပါဝင်ယှဉ်ပြိုင်ခွင့်မပေးလိုခြင်းကြောင့် ပြဿနာပဋိပက္ခအတွက် နိုင်ငံရေးအဖြေရှာရန် မျှော်လင့်ချက် ဆက်လက် မှေးမှိန်နေသည်ပာု ယင်းက ပြောကြားသည်။ ကယ်ဆယ်ရေးအဖွဲ့အစည်းများအား တိုက်ပွဲဒဏ်ခံနယ်မြေများသို့ သွားရောက်ခွင့် ပေးထားသည်ပာုဆိုသော်လည်း လတ်တလော ကုလသမဂ္ဂ အကဲဖြတ်မှုများအရ ဒုက္ခသည်လူထုထံသွားရောက် ကူညီနိုင်ရေးမှာ ပြဿနာတစ်ရပ်ဖြစ်နေကြောင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေသော ဒုက္ခသည်အရေအတွက် ကိုပင် အတိအကျ မသိနိုင်သည်အထိ ပြဿနာရှိနေကြောင်း သိရှိရသည်။ ကုလသမဂ္ဂ အကဲဖြတ် အစီရင်ခံစာက အဓိက စိုးရိမ်စရာမှာ စားနပ်ရိက္ခာနှင့် ရေမလုံလောက်မှုဖြစ်ပြီး ထိုပြဿနာကို ကချင်ပြည်နယ်အချို့ဒေသများတွင် အရေးပေါ်ဖြေရှင်းရန် လိုအပ်နေသည်ပာု တင်ပြထားသည်။ နိုင်ငံတကာ ဖွံ့ဖြိုး ရေးအစီအစဉ်များနှင့် ဒုက္ခသည်များအကြား ဆက်သွယ်မှုလမ်းကြောင်းကို ကြီးကြပ်ထိန်းသိမ်းပေးနေသော ကချင်အဖွဲ့အစည်းတာဝန်ရှိသူ ဒါရိုက်တာ လာရစ်က ကုလအကဲဖြတ် အစီရင်ခံစာပါ အချက်များကို အတည်ပြုပြောဆိုသည်။ “ဒုက္ခသည် အရေအတွက် အတိအကျ သိရှိနိုင်ဖို့ အရမ်းကိုခက်ခဲနေပါတယ်။ လောလောဆယ်တော့ ၃ သောင်းကျော်နေပါပြီ။ နိုင်ငံတကာ ဖွံ့ဖြိုး ရေး အစီအစဉ်တွေ၊ ကယ်ဆယ်ရေးအုပ်စုတွေအတွက် လက်ရှိ ကြီးမားတဲ့ ပြဿနာအခက်အခဲကတော့ စားနပ်ရိက္ခာ ပြတ်တောက်မှုပါပဲ” ပာု ယင်းက ပြောကြားသည်။ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ဆယ်စုနှစ်များချီ၍ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သားများကို ပစ်မှတ်ထားခြင်း၊ ကလေး သူငယ်စစ်သားများ အဓမ္မစုဆောင်းခြင်း၊ အကျဉ်းသားများကို ပေါ်တာအဖြစ်ခိုင်းစေခြင်း၊ လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ်သုံးစွဲခြင်း၊ စသည်တို့ အပါအဝင် အစိုးရတပ်ဖွဲ့များ ကျုးလွန်သော စစ်ရာဇဝတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျဖြစ်ပွားနေကြောင်း အထောက်အထားဖြင့် စွပ်စွဲမှုများ တသီ တတန်း ထွက်ပေါ်လာခဲ့သည်။ ကချင်ပြည်နယ်မှ စစ်ရာဇဝတ်မှုများအကြောင်း ဖော်ထုတ်ထားသော အစီရင်ခံစာကို မကြာသေးမီက ထုတ်ပြန်ခဲ့သည့် Bryan Erykson က ယခု လပိုင်းများအတွင်း ကချင်ပြည်နယ်မှ တိုက်ပွဲကြောင့် အိမ်ပစ်ယာပစ် ထွက်ပြေးနေရသော ဒုက္ခသည်အရေအတွက် ၃၀၀၀၀ အသာလေးကျော်နေပြီ ပာု ပြောကြားသည်။ “တောထဲမှာ နေ့တိုင်းဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေကို ကျွန်တော်တို့ စောင့်ကြည့်နေတာပါ။ ပစ်ခတ်မှုအများစုက မှတ်တမ်းမှတ်ရာ မရှိပဲ ဖြစ် ပွားနေတာပါ။ ဒါကြောင့် ပြဿနာရဲ့ပမာဏကို အချိန်နဲ့ တစ်ပြေးညီ သိအောင်ကြိုးစားဖို့ ခက်ခဲပါတယ်။ ဒီတော့ နေရာတကာ မြို့တိုင်း၊ ရွာတိုင်းက အရေ အတွက် ၂၀၀ မှ ၂၀၀၀ ကြားလူတွေပာာ နေအိမ်တွေကနေ ဖယ်ပေးကြဖို့ အဓမ္မ မောင်းထုတ်ခံရတယ်ဆိုတာလောက်ပဲ ကျွန်တော်တို့ပြောနိုင်မယ် ထင်ပါ တယ်။ ကချင်ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ နေရာကအခိုင်အမာ၊ အချက်အချာ ကျတယ်ဆိုရင် မြန်မာစစ်တပ်က ဝေးဝေးကို ဖယ်ခိုင်းတော့တာပါပဲ။ ဒီနည်းနဲ့ပဲ အရပ်သားတွေ နေစရာမရှိဖြစ်နေရတာကို ကျွန်တော်တို့မြင်တွေ့နေရပါတယ်”ပာု Erykson က ဆိုသည်။ Erykson က ဆက်လက်၍ “မြန်မာအစိုးရတပ်များ ကချင်ထိန်းချုပ်နယ်မြေထဲသို့ တိုးဝင်လာသည်နှင့်အမျှ ပိုမိုထင်ရှားသော လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားများ တွေ့ရှိရသည်။ ၎င်းအထောက်အထားများတွင် ခြိမ်းခြောက်နှိပ်စက်မှုများ၊ ဥပဒေပြင်ပ ခြိမ်းခြောက်သတ်ဖြတ်မှုများ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းများ ပါဝင်သည်” ပာု ပြောကြားသည်။ မြန်မာအရပ်ဖက်အစိုးရသစ်သည် နိုင်ငံရေးအကျဉ်းသားများ ထိန်းသိမ်းထားကြောင်း ဝန်ခံခြင်းဖြင့် တိုးတက်ပြောင်းလဲမှုကို ပြသခဲ့သော်လည်း နယ်စပ် ဒေသများတွင် စစ်ရာဇဝတ်မှု ကျုးလွန်နေခြင်းကိုမူ ယခုတိုင်ဝန်ခံခြင်း မရှိသေးပေ။ **************************************************************** YC Myanmar News Now

 As Reform Is Lauded in Rangoon, Conflict Continues in Kachin State
Burma people living in Malaysia chant slogans during a protest to condemn the persecutions committed by the Burmese army towards ethnic minorities, near the Burmese Embassy in Kuala Lumpur, Malaysia, October 11, 2011.
In June, an incident at a hydropower dam on the Dabein river, a Chinese-Burmese joint venture put an end to a 17-year ceasefire in Kachin state. Six months and tens of thousands of refugees later, the new Burmese government is making progress towards reform, but has left the Kachin behind. 

During her visit to Burma earlier this month, Hillary Clinton said that the one-year civilian government had indeed made significant progress toward reform, under President Thein Sein; but that there is still great room for improvement.
Among the most pressing issues is the systematic militarization of western Burma, where the Burmese military has continued its campaign against ethnic groups in the border areas.
Although the Shan State Army South signed a ceasefire agreement with the government, the Kachin Independence Army has been less lucky. Dau Hkaung, advisor to the KIA General Gun Maw, says the Burmese officials have not offered a political solution to the problem.

"They announce to the international community that Burma is changing. Burma is changing, this fighting is a small matter, it will be finished in a few days," said Dau Hkaung. "But politically, they intentionally want to eliminate all of the political struggling groups. We assume the government will intensify their fighting seriously.  Right now it's truly happen to our area."

Dau Hkaung says the most recent push of the Burmese troops has seen them threatening the border town, Ma Ja Yang, which is of strategic importance because of its proximity to hydropower projects and is a hub for border trade. The government's unwillingness to allow the KIA to participate in upcoming elections has further dampened hope for a political solution to the conflict.

Aid groups have been allowed some access to affected areas, but, according to a recent United Nations assessment, accessing affected populations is problematic - so problematic that it is not even clear exactly how many internally displaced people there are.
The assessment found that food and water shortages are of primary concern, and becoming critical in some parts of the state. La Rip, director of a Kachin organization in charge of keeping track of refugees and IDPs, confirmed the findings of the report.

"Actually it is very difficult to get the exact number still we can get the number we have access to," said La Rip. "At the moment,  it is already more than 30,000. The main problem the difficulties for IDPs at the moment is food shortage."

Decades of armed conflict in Burma's western border lands have led to widespread allegations of war crimes perpetrated by the Burmese army, including targeting civilians, forced conscription of child soldiers, use of convict porters and using rape as a weapon of war.
Bryan Erykson recently published a report decrying war crimes in Kachin state and says there are easily more than 30,000 people displaced by the conflict.

"We're looking at skirmishes that take place daily across jungle regions.  Many of them just go undocumented, so to try to put together the scale of the conflict is difficult," said Erykson. "I think what we can say is that there are populations of civilians in villages and towns anywhere from 200 people to 2,000 people that are being relocated, forced from their homes. As positions get stronger the pushing goes farther in Kachin-controlled area, and so we're seeing more civilians displaced because of that.

Erykson says, as the Burmese troops push further into Kachin controlled areas,  more evidence of human rights violations have been found, including torture and extra-judicial killings, as well as evidence of human shielding. The new civilian government has made progress by admitting to holding political prisoners, but has yet to admit to perpetrating war crimes in its border areas.

မြန်မာနိုင်ငံတွင် တရုတ်လုပ်ငန်းများကြီးထွားလာချိန်၌ ယှဉ်ပြိုင်ရန် ဒေသခံများစိုးရိမ်


(VOA News မှ 7 Dec 2011 ရက်စွဲပါ While Burma’s Chinese Businesses Thrive, Competition Worries Locals သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်) ပြီးခဲ့သော တနှစ်လုံး မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများက သတင်းခေါင်းစဉ်များကို လွှမ်းမိုးခဲ့သလို စီးပွားရေးပြုပြင်ပြောင်းလဲမှု သတင်းများက လည်း အလားတူကြီးမားစွာနေရာယူခဲ့သည်။ ယင်းဆောင်ရွက်ချက်များသည် မြန်မာပြည်တွင်း လုပ်ငန်းရှင်များနှင့် နိုင်ငံခြားသားများအထူးသဖြင့် မြန်မာတို့ ၏ ကာလကြာရှည်ကုန်သွယ်ဖက်တရုတ်များအတွက် အခွင့်အလမ်းများ ပိုမိုထွက်ပေါ်လာစေနိုင်သည်။ သို့သော် မြန်မာလုပ်ငန်းရှင်အချို့က တရုတ်တို့၏ ပြိုင်ဆိုင်မှုကို စိုးရိမ်ပူပန်လျက်ရှိသည်။ ရန်ကုန်မြို့တော်၏ တရုတ်လူမျိုးများ တည်ဆောက်ခဲ့သော ကင်ဖူဂေါင်ဘုံကျောင်းတွင် လူတစ်ယောက်က ရွှေရေးအနားကွပ် အနီရောင်သစ်သား ဗုံကို တီးခတ်လျက်ရှိသည်။ ယခုနှစ်တွင် အဆိုပါ တရုတ်ဘုံကျောင်း၏ နှစ် ၁၅၀ ပြည့် အခမ်းအနားပြုလုပ်မည်ဖြစ်ရာ ရှိခိုးပူဇော်သူများ လျော့ပါးသွားမည့် လက္ခဏာမရှိပါ။ ဘုံကျောင်းထဲသို့ တရုတ်လူမျိုးများ တစ်ဖွဲဖွဲ ရောက်ရှိလာကာ အမွှေးတိုင်ထွန်း၍ ကျန်းမာရေးနှင့် စီးပွားရေးအတွက် ရှိခိုးဆုတောင်းမှုပြု လုပ်ကြသည်။ အမျိုးသမီးတစ်ဦးကမူ အနီရောင်နှင့် ရွှေရောင်ချယ်ဘုရားစင်ရှေ့မှ ဆလင်ဒါခွက်ထဲရှိ အနာဂတ် ဟောစာတမ်းတုတ်ချောင်းများကို လှုပ်ခါ၍ ရွေးချယ်လျက်ရှိသည်။ အဆိုပါ တရုတ်ဘုံကျောင်းသည် နှစ်နိုင်ငံအကြား ရာစုနှစ်ချီကူးသန်းရောင်းဝယ်ဆက်ဆံတွေ့ထိခဲ့ကြသော ရန်ကုန်မြို့တော် တရုတ်အသိုင်းအဝိုင်း၏ ကာလရှည်သင်္ကေတအမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့သည်။ ဘုံကျောင်းအနေဖြင့် မန်ဒရင်ဘာသာသင်ကြားခြင်း ကုသိုလ်ဖြစ်ဆေးခန်းနှင့် အသက် ၈၀ ဦးဌေးမြင့်ကဲ့သို့ ဘုံကျောင်းလူကြီးများကို ပင်စင်လစာ ပေးပြီး စသည်တို့ကို ပြုလုပ်သည်။ မျက်မှန်အဝိုင်း ခပ်ကြီးကြီးနှင့် ဘေ့စ်ဘောဦးထုပ်ကို ဆင်မြန်းထားသော ဦးဌေးမြင့်က မြန်မာနိုင်ငံတစ်ဝှမ်းမြို့ကြီး၊ မြို့ငယ်များတွင် တရုတ်အသင်းအဖွဲ့များရှိကြောင်း၊ ရန်ကုန်မြို့ရှိ တရုတ်လုပ်ငန်းရှင်များစွာမှာ ကုမ္ပဏီများနှင့် စက်ရုံများကို ထူထောင်လည်ပတ်နေကြ ကြောင်း ရှင်းလင်းပြောကြားသည်။ ရန်ကုန်မြို့လယ် ရွှေနန်းတော် ရတနာဆိုင်၏ ရှည်လျားသော မှန်ကောင်တာတစ်လျှောက် ရွှေဝယ်သူ ဖောက်သည်များ ပြည့်နှက်လျက်ရှိသည်။ ရွှေရောင်းဝယ်ရေး စီးပွားလုပ်ငန်းနယ်ပယ်ကို ကာလကြာမြင့်စွာ လွှမ်း မိုးထားသော တရုတ်ကုန်သည်များ အခြေစိုက်ရာ ရန်ကုန်မြို့တရုတ်တန်းသည် မြို့တော်၏အလယ်ခေါင်တွင် တည်ရှိသည်။ ကမ္ဘာတစ်လွှားမှ အခြားနေရာများစွာကဲ့သို့ပင် တရုတ်လျှပ်စစ်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ အဝတ်အထည် များ၊ ကလေးကစားစရာများကို ဈေးဆိုင်များတွင် ရောင်းချလျက်ရှိကြသည်။ ယခုအခါ မြန်မာအစိုးရသည် လက်ဝါးကြီးအုပ်မှုများနှင့် ချုပ်ချယ်ကန့်သတ်ချက်များကို နှေးကွေးစွာ လျော့ချပေးခြင်းဖြင့် ယခင်စီမံခန့်ခွဲမှု ညံ့ဖျင်း သော စီးပွားရေးစနစ်ကို စတင်ပြောင်းလဲပြင်ဆင်နေပြီး စီးပွားရေး အခွင့်အလမ်းများကို ဖော်ထုတ်လျက်ရှိသည်။ နေရောင်ခြည်စွမ်းအင်သုံး Solar Panels မှသည် လေထိုးအရုပ် များအထိရောင်းချမည့် ဂွမ်ဒေါင်းတရုတ်ကုန်စည်ပြပွဲကိုလည်း ရန်ကုန်မြို့တော်တွင် ယခုလအတွင်း ကျင်းပခဲ့ သည်။ တရုတ်တောင်ပိုင်းကွမ်ကျိုးအခြေစိုက် Longtron Electronics ကုမ္ပဏီမှ အရောင်းတာဝန်ခံ ယူဖန်ဖန်က မိုဘိုင်းဖုန်းနှင့် ကွန်ပြူတာများ ရောင်းချ သော သူမ၏ ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ စားသုံးသူ သန်း ၆၀ ဈေးကွက်ကို လက်လှန်းရန် စိတ်ဝင်စားနေပြီဟု ပြောကြားသည်။ သူမက ဆက်လက်၍ မြန်မာနိုင်ငံတွင် ကြီးမားသောအလားအလာရှိနေကြောင်း၊ သူမတို့၏ထုတ်ကုန်များကို အာဖရိက၊ ဥရောပနှင့် တောင်အမေရိကတိုက်များတွင် ရောင်းချနေရ သော်လည်း အရှေ့တောင်အာရှတွင်မူ ရောင်းအားနည်းပါးနေကြောင်း သို့ဖြစ်၍ ဈေးကွက်ကို သိရှိနိုင်မည့် ယခုအခွင့်အလမ်းများကို ရယူလိုကြောင်း ထို့နောက်တွင် ဈေးကွက်ထဲသို့ ဝင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ မြတ်ကျော်ကျော်မှာမူ သူ၏ အဆက်အသွယ်များကို အသုံးပြုကာ သွင်းကုန်လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ လုပ်ငန်းချော့မွေ့အောင် လိုင်စင်ရအောင် အကျိုးဆောင်ပေးနေသော မြန်မာအလယ် အလတ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ သူ့လိုလူအတွက်မူ နိုင်ငံခြားကုမ္ပဏီများ၏ စိတ်ဝင်စားမှု မြင့်တက်လာခြင်း အခွင့်အလမ်းများ ပိုမိုထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ သို့သော် ပြည်တွင်းစီးပွားရေး လုပ်ငန်းများက နောက်ရောက်လာမည့် လူသစ်များ ကို ယှဉ်နိုင်စွမ်းမရှိမည်ကို စိုးရိမ်ပူပန်နေကြသည်ဟုဆိုသည်။ အစိုးရက ယခုကဲ့သို့ မြန်မာနိုင်ငံထဲသို့ စီးပွားရေးတံခါးဖွင့်ပေးချိန်တွင် ပြည်တွင်းလုပ်ငန်းရှင်များကို ကူညီပံ့ပိုးမည့် မူဝါဒမျိုးချမှတ်ရန်လိုသည်။ ပြည်တွင်းလုပ်ငန်းရှင်များသည် စီးပွားရေး အတွေ့အကြုံဖြစ်စေ၊ နိုင်ငံခြားအခြားကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရန်ဖြစ်စေ အားနည်းကြသည်ဟု ယင်းက မှတ်ချက် ပေးသည်။ မြတ်ကျော်ကျော်က လက်ရှိတွင် အကျိုးဆောင်ပွဲစားအဖြစ်လုပ်ကိုင်နေသော်လည်း တကယ့်ဆန္ဒမှာ နောက်တစ်ချိန်တွင် ကိုယ်ပိုင်ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ရန်ဖြစ်သည်ဟုဆိုသည်။ *******************************************************
YC
Myanmar News Now
Photo: VOA - D. Schearf
Boy sells fruit on sidewalk in Rangoon, Burma, December 5, 2011
Burma’s political reforms have dominated headlines in the past year, but there is also high anticipation about a series of economic reforms.
The measures could mean more opportunities for locals businesses and foreign ones, particularly Burma’s longtime trading partner, China.  The Chinese competition worries some businessmen in Burma.

A man pounds a gold-trimmed ceremonial drum in a red wood frame at Rangoon’s Chinese-built Qing Fu Gong Temple.  This year, the Buddhist temple marks its 150th anniversary and is by no means short of worshippers.

A steady stream of ethnic Chinese enter the temple, light incense and pray for good health and success.

A woman shakes a cylinder of Chinese fortune sticks in front of a red and gold altar.

The temple has long been a symbolic anchor of Rangoon’s Chinese community, which has engaged in centuries of commerce between the two nations.


The temple provides Mandarin lessons, a free clinic and a pension for some community members, like U Htay Myint, 80.  Wearing large round glasses and a baseball cap, he says there are Chinese associations in cities and towns across Burma. He says there are many Chinese businessmen in Rangoon who are running companies and factories.

Customers crowd a long glass display counter at the Golden Palace jewelry store. Rangoon’s Chinatown is in the heart of the city where Chinese traders have long-dominated the gold industry.  And like many places around the world, Chinese-made electronics, housewares, clothes and toys fill local shops.

Burma’s government is beginning to reform its poorly managed economy by slowly reducing regulations and inefficient monopolies, expanding business opportunities. This month, Rangoon hosted a China Guangdong Commodities Fair with products ranging from solar panels to inflatable dolls.

Yu Fang Fang, sales supervisor for Longtron Electronics based in Guangzhou in southern China, says her company, which sells mobile phones and computers, is eager to reach Burma’s 60 million consumers. She says Burma has big potential and, although their products are sold in Africa, Europe, and South America, in Southeast Asia there are relatively few.  She says they want to take this opportunity to get to know the market and then enter into it.

Myat Kyaw Kyaw is one of Burma’s middlemen, using his connections to help importers and exporters navigate bureaucracy and get licenses. For him, the increased interest from foreign businesses can mean more opportunities. But there is still a worry that locals will not be able to compete with the new arrivals.

He says when there is an open economy inside Burma they will need a policy from the government to support local businessmen. They are weak in business experience and in competing with foreign investors, he adds. Although he works as a broker Myat Kyaw Kyaw says what he really wants is to one day have a company of his own.

စစ်မက်ပဋိပက္ခအတွက် အသင့်ပြင်ထားရန် တရုတ်ရေတပ်ကို ဟူဂျင်တောင်တိုက်တွန်း

 (BBC သတင်းဌာနမှ၊ 7 Dec 2011 ရက်စွဲပါ Hu Jintao tells China navy: Prepare for warfare ကို ဘာသာ ပြန်ဆိုသည်) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေတပ်အနေဖြင့် ဖွံ့ဖြိုးမှုများရှိအောင်တိုးမြှင့်လုပ်ဆောင်ပြီး စစ်မက်အတွက် အသင့်ပြင်ထားသင့်ကြောင်း သမ္မတ ဟူဂျင်တောင်က တိုက်တွန်းပြောကြားလိုက်သည်။ "ရေတပ်အနေနဲ့ စစ်မက်ပဋိပက္ခအတွက် ပြင်ဆင်ထားသင့်တယ်" ဟု သမ္မတ ဟူဂျင်တောင်က တပ်ဖွဲ့ ဝင်များကို ပြောကြားသည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်တွင်း ရေပိုင်နက်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အခြားသော နိုင်ငံများနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေလျက် ရှိသည်။ နိုင်ငံရေးတင်းမာမှုများနှင့် ရင်ဆိုင်နေရသော အမေရိကန် ပြည်ထောင်စုသည် အာရှပစိဖိတ်ဒေသတွင်း 'ကန်' တပ်ဖွဲ့များ တိုးမြှင့်ချထားနိုင်မည့် နည်းလမ်းရှာဖွေလျက် ရှိသည်။ သမ္မတ ဟူဂျင်တောင်၏ ရေတပ်နှင့်ပတ်သက်သော သုံးသပ်ပြောဆိုချက်ထွက်ပေါ်လာပြီးနောက် အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံသည် မိမိကိုယ်ကိုယ်အကာအကွယ်ပြုရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားသည်။ "ဒီနေရာကိုလာပြီး ဘယ်နိုင်ငံကမှ ရန်ဖြစ်မှာမဟုတ်ပါဘူး။ တခြားနိုင်ငံတွေရဲ့ ရေတပ်အင်အားတိုးချဲ့မယ့် အခွင့်အရေးအပေါ် အမေရိကန် ပြည်ထောင်စုက မနာလိုဝန်တိုမှုမျိုးဖြစ်နေမှာလည်းမဟုတ်ပါဘူး" ဟု ပင်တဂွန် စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် John Kirby ၏ ပြောကြားချက်ကို ကိုးကား ပြီး AFP သတင်းဌာနကပြောကြားသည်။အမေရိကန်နှင့် တရုတ်အာရာရှိကြီးများသည် လတ်တလောရက်သတ္တပတ်အတွင်းစစ်ဘက်ရေးရာကိစ္စများအပေါ် ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။ ထို့သို့သော ဆွေးနွေးမှုမျိုးသည် တစ်နှစ်လျှင်တစ်ရက်သာပြုလုပ်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား နားလည်မှုလွဲမှားခြင်းမျိုး မရှိစေရန် အဓိကရည်ရွယ်ကာပြုလုပ်ခြင်းလည်းဖြစ်သည်။ အချုပ်အခြာအာဏာဆိုင်ရာ အငြင်းအခုံ တရုတ်နိုင်ငံသည် ယခုအခါပထမဆုံးလေယာဉ်တင်သင်္ဘောကိုထုတ်လိုက်ထားနိုင်ပြီဖြစ်ပြီးရေတပ်ဦးတည်ချက်များကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောဆိုလျက်ရှိသည်။ သို့သော် တပ်မတော်မှာ အဓိကအားဖြင့် ကြည်းတပ်အင်အားကိုအခြေခံထားခြင်းဖြစ်ကာ ရေတပ်စွမ်းဆောင်မှုမှာ အမေရိကန် ပြည်ထောင်စုနှင့် နှိုင်းယှဉ်ပါက သေးငယ်နေဆဲပင်ဖြစ်သည်။ တရုတ်သမ္မတ ဟူဂျင်တောင်က စစ်ဘက်အရာရှိကြီးများနှင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် "တရုတ်ရေတပ် အနေဖြင့် အင်အားတောင့်တင်းသော ပုံစံဖြင့် ခေတ်မီသောရေတပ်အဖြစ် အသွင်ကူးပြောင်းနိုင်အောင် အရှိန်မြှင့်တင် လုပ်ဆောင်သင့်ကြောင်း၊ အမျိုးသားလုံခြုံရေးကို ကြီးမားသောအခန်းကဏ္ဍ မှ အကာကွယ်ပေးရန် အလို့ငှာ စစ်ပွဲအတွက် ပြင်ဆင်ထားသင့်ကြောင်း" တိုက်တွန်းပြောဆိုသည်။ 'စစ်မက်ပဋိပက္ခ' ဟူသော အသုံးအနှုန်းကို တရုတ် နိုင်ငံပိုင်မီဒီယာတွင် တရားဝင်ဖော်ပြသော်လည်း အခြားသော တရုတ်ဘာသာဖြင့်ထုတ်ဝေသည့်မီဒီယာများ၌မူ "စစ်မက်တိုက်ပွဲ' နှင့် 'စစ်မက်ရေးရာ တွန်းလှန်မှု' ဟု သုံးနှုန်းဖော်ပြသည်။ လေ့လာသုံးသပ်သူများကမူ ဟူဂျင်တောင်သည် မလိုလားအပ်ဘဲ ပြောင်ကျကျပြောဆိုခြင်းဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် တောင်တရုတ်ပင်လယ်တွင်းရှိ ပြိုင်ဘက်နိုင်ငံများကို ပစ်မှတ်ထားပြောဆိုဟန်ရှိကြောင်း သုံးသပ်ကြသည်။ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံ တို့က တရုတ်နိုင်ငံသည် ဒေသတွင်းရန်ပြုမှုများပြုလုပ်လျက် ရှိသည်ဟု စွပ်စွဲပြောဆိုထားကြသည်။ တောင်တရုတ်ပင်လယ်ပြင်သည် ရေနံ၊ သဘာဝဓာတ်ငွေ့များအမြောက်အမြားရှိသည်ဟု ယူဆရပြီး နိုင်ငံ အတော်များများက ယင်းပင်လယ်ပြင် အတွင်း နယ်နိမိတ်ပိုင်ဆိုင်ရေးအတွက် တောင်းဆိုမှုများပြုလုပ်ထားသည်။ အမေရိကန်သမ္မတ အိုဘားမားကလည်း အာရှပစိဖိတ်ဒေသတွင်း တပ်ဖွဲ့များ တိုးမြှင့်ချထားမည်ဖြစ်ကြောင်း၊ သြစတြေးလျမြောက်ပိုင်းဒေသတွင် အမေရိကန်မရိန်းတပ်ဖွဲ့ထားရှိမည်ဖြစ်ကြောင်း ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း ကြေညာ ခဲ့သည်။ လေ့လာသုံးသပ်သူများကမူ အမေရိကန်ပြည်ထောင်စု၏ လုပ်ရပ်သည် ဒေသတွင်းသြဇာလွှမ်းမိုးရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံကို တိုက်ရိုက် စိန်ခေါ်ရာရောက်ကြောင်းပြောဆိုသည်။ ****************************************************************************************************** YC
Myanmar News Now
China's military build up has caused concern elsewhere in the region
China's navy should speed up its development and prepare for warfare, President Hu Jintao has said.
He told military personnel they should "make extended preparations for warfare".
China is locked in territorial disputes with several other nations in the South China Sea. Political tension is also growing with the US, which is seeking to boost its presence in the region.
After Mr Hu's comments, the US said China was entitled to defend itself.
"Nobody's looking for a scrap here," said Pentagon spokesman Admiral John Kirby in quotes carried by the AFP news agency.
"Certainly we wouldn't begrudge any other nation the opportunity to develop naval forces."
Senior US and Chinese officials are currently holding talks on military issues.
The one-day meeting takes place every year, with the stated aim of ensuring there are no misunderstandings between the two nations.
'Sovereignty dispute' China has recently acquired its first aircraft carrier and has been vocal about its naval ambitions.
But its military remains primarily a land-based force, and its naval capabilities are still dwarfed by the US.
Mr Hu told a meeting of military officials that the navy should "accelerate its transformation and modernisation in a sturdy way, and make extended preparations for warfare in order to make greater contributions to safeguard national security".
The word "warfare" was used in official media, but other translations used "military combat" and "military struggle".
Analysts say Mr Hu's comments are unusually blunt, and are likely to be aimed at the US and Beijing's rivals in the South China Sea.
Both the Philippines and Vietnam have repeatedly accused China of overt aggression in the region.
They are among the nations claiming sovereignty over islands in the sea in the hope that there could be oil and gas deposits there.
And US President Barack Obama announced last month that the US was boosting its presence in the region, and will base a full Marine task force in northern Australia.
Analysts say the US move is a direct challenge to China's attempts to dominate the area, and is likely to bolster US allies in the South China Sea dispute.
Map locator

မြန်မာဟာ တရုတ် ရဲ့ မိတ်ဆွေစစ် ဖြစ်ကြောင်း သူရ ဦးရွှေမန်း ပြောဆို

မကြာသေးခင်က အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာအစိုးရတို့ရဲ့ ဆက်ဆံရေး ကဏ္ဏသစ် စတင်ခဲ့တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ အစဉ်အလာ မိတ်ဆွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ထိခိုက်မှာ မဟုတ်ကြောင်း၊ မြန်မာ၊ တရုပ်တို့ဟာ အိမ်နီးချင်းကောင်းနဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေ ဖြစ်ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က မနေ့က ပြောဆိုလိုက် ပါတယ်။
AFP
ယခင် နအဖ စစ်အစိုးရလက်ထက် တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူခဲ့သူ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း။
မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Li Junhua က မြန်မာလွှတ်တော်သစ် အတွက် ကွန်ပြူတာတွေ လာရောက် လှူဒါန်းစဉ်မှာ သူရ ဦးရွှေမန်း က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု နဲ့ မိမိတို့ မြန်မာနိုင်ငံ ပုံမှန် ဆက်ဆံရေး မစတင်မီကတည်းက တရုတ် ပြည်သူ သမ္မတ နိုင်ငံကနေ မြန်မာနိုင်ငံကို အကြံဥာဏ်တွေ အကူအညီတွေ ပေးအပ်ခဲ့ပါတယ်၊ ဒါ့အပြင် နိုင်ငံတကာ အသိုင်းအ၀န်း အတွင်းမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ ဘက်ကနေ မားမား မတ်မတ် ရပ်တည်ပေးခဲ့တယ် လို့လည်း ပြောပါတယ်။ မကြာသေးခင်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း အမေရိကန် အနေနဲ့ မြန်မာနိုင်ငံ အပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမူတွေကို ရုပ်သိမ်းပေးဖို့ တရုတ်နိုင်ငံက တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စု ကတော့ မြန်မာနိုင်ငံ အနေနဲ့ နောက်ထပ် ပြုပြင်ပြောင်းလဲရေးတွေ တိုးမြင့် မလုပ်မချင်း ပိတ်ဆို့ အရေးယူမူတွေကို ရုပ်သိမ်းဖို့ အချိန်မကျသေးဘူးလို့ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ရာမှာ - မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် Derek Mitchell အနေနဲ့ တရုပ်ပြည်ကို သွားရောက်တဲ့ ခရီးစဉ်မှာ နိုင်ငံခြားရေး ၀န်ကြီးံHillary Clinton ရဲ့ မှတ်ချက်စကားတွေကိုပဲ ပြန်ပြောလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းကောင်း ဆက်ဆံရေးတွေ ထားရှိကြတာကို မိမိတို့က လိုလားပါတယ်။ မိမိတို့ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒတွေကတော့ တရုပ်နဲ့ ဆက်ဆံရေးမှာ ပွင့်လင်းမြင်သာ ထင်ရှားမူတွေ ရှိဖို့ပဲ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

RFA

21st Annual Raoul Wallenberg Lecture: Aung San Suu Kyi

Aung San Suu Kyi, a Burmese human rights activist and Nobel Peace laureate, is the recipient of the 21st University of Michigan Wallenberg Medal. In a rare public address overseas, Suu Kyi gives her videotaped Wallenberg

The 21st Annual Raoul Wallenberg Lecture honors Aung San Suu Kyi. Because she was unable to freely travel from her native Burma, Aung San Suu Kyi delivers a prerecorded video address, followed by a live question and answer session via Skype connection.


ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရရှိတာ နှစ် ၂၀ ပြည့်တဲ့ အထိမ်းအမှတ် (ရုပ်/သံ)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရရှိတာ နှစ် ၂၀ ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းမှာရှိတဲ့ သာဓုပရိယတ္တိစာသင်တိုက် ရွှေညဝါပညာ့ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို 10/D နိုဗယ်လ်ကျောင်းသားတွေနဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။
နံနက် ၈း၃၀ ကနေ စတင်ခဲ့တဲ့ ဒီအခမ်းအနားကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
ဝါရင့်နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ တက်ရောက်လာခဲ့ကြပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိတာ နှစ် ၂၀ ပြည့်ဖြစ်တဲ့အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လည်း ဖြစ်ပါတယ်
 
Burma VJ Media Network

The Lady on the Lake - Burma (ရုပ်/သံ)




Reporter Zoe Daniel with National League for Democracy leader Aung San Suu Kyi.
Reporter Zoe Daniel with National League for Democracy leader Aung San Suu Kyi.
In a crumbling, rambling old home by a lake sits a diminutive woman thoughtfully responding to the volley of questions from a relative stranger. Aung San Suu Kyi may be small, polite and gentle but don’t be misled. Even now in her mid 60s she’s an immoveable, seemingly unshakeable force and a powerhouse of ideas and aspirations for the people of Burma.

The outsider is Foreign Correspondent’s Zoe Daniel who had spent months negotiating an interview with Burma’s most famous figure and then planning how to pull it off. Since Aung San Suu Kyi was released from house arrest she’s been under constant covert and overt surveillance by the authorities, so sealing a time and place for this exchange is one thing - getting there and getting it done is another.

Zoe has slipped into Burma posing as a tourist – if she’s caught trying to interview the Democracy League leader or filming and reporting other apsects of life in Burma then she could be arrested, deported or jailed. The final few kilometers to Aung San Suu Kyi’s house is a nailbiting flurry of phone calls, advanced scouting sorties and finally a scurry through the front gates of the home that until recently has been a prison for a decade-and-a-half.

‘I believe that in the end real change has to come inside, that the really essential work must be done by those who are in the country. I’m not frustrated by it. I’ve been under house arrest for the 15 of the last 20 years, and I have discovered that I’m not really a gadabout!’ AUNG SAN SUU KYI

The pressing question though is can she and her ageing party colleagues prevail and see genuine democratic change ushered into Burma? Her ageing party co-founder Win Tin is now in his 80s, increasingly frail but just as patient.

‘I always think that I cannot see the real change in Burma, but when she was released in November I got some spirit you see. I believe that I will see some change. But now I’m
82, maybe I will have to stay for maybe 20 years.’
WIN TIN Co-Founder Democracy League

In this extensive, candid, expansive and exclusive conversation, Aung San Suu Kyi appears as dedicated and resolute as she did when she won a landside election victory 20 years ago – a result that’s never been officially recognised by Burma’s intractable rulers.

And we get a revealing glimpse of life inside Burma. Of the struggle of those battling HIV in a Rangoon clinic and to the ebullience and optimism of youth, meeting the next wave of democracy agitators in the guise of hip-hop star Zayar Thaw, back on stage performing after three years in prison. Yep – Burma has a bubbling hip-hop scene.

By: Reporter: Zoe Daniel

ဒေါ်စု နိုဗယ်လ်ဆု ရရှိခြင်း အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနား စတင် (ဓါတ်ပုံ)

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိခြင်း အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနားနှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ပိဋကတ်စာကြည့်တိုက်ဖွင့်ပွဲကို သာဓုပရိယတ္တိ စာသင်တိုက်၊ ရွှေညဝါပညာ့ဗိမာန်၊ နတ်စင်လမ်း၊ ကြည့်မြင့်တိုင်မြို့နယ်မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈း၃၀ နာရီမှာ ကျင်းပပြုလုပ်နေပြီဖြစ်ပါတယ်။ Burma VJ Media Network

မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် နှင့် အင်တာဗျူး (ရုပ်/သံ)

အပိုင်း ၁



အပိုင်း ၂



အပိုင်း ၃



အပိုင်း ၎


မဇ္ဈိမသတင်းဌာန

မြန်မာ ဒု- နိုင်ငံခြားရေးဝန်ကြီးက 'ဒီမိုကရေစီ ခြေလှမ်းတော်တော်ရောက်နေပြီ' ဟုပြော

မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က သူ၏အစိုးရသည် “ဒီမိုကရေစီခြေလှမ်း တော်တော်ရောက်နေပြီ” ဟု မဇ္ဈိမ သတင်းဌာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသွားသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကြာသပတေးနေ့က ကျင်းပသော စတုတ္တအကြိမ် ဘာလီဒီမိုကရေစီဖိုရမ်ကို တက်ရောက်ခဲ့သည့် ဦးမောင်မြင့်ဟာ လူ့အခွင့်အရေးသည် ဒီမိုကရေစီ၏ ပင်မဒေါက်တိုင်ကြီးဖြစ်သည် ဆိုသည်ကို လက်ခံကြောင်းပြောဆိုသွားခဲ့သည်။

 ကချင်ဒေသက စစ်ဘေးရှောင်ဒုက္ခသည်အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သွားရောက်ပြီး အထောက်အပံ့များပေးရန် စီစဉ်ထားသည်ဟုလည်း ဦးမောင်မြင့်က မဇ္ဈိမကိုပြောသည်။

ဦးမောင်မြင့်က ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲသမာမှုများရှိသည်ဟူသည့် ပြောဆိုချက်များကို “မှားယွင်းတဲ့ စွပ်စွဲချက်တွေ”ဟု  ငြင်းဆန်လိုက်ပြီး  မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့် ပတ်သက်သော လုပ်ထုံးလုပ်နည်းအချို့မှာ နိုင်ငံတကာကပင် အတုယူရမည့် ကိစ္စဟု  တင်စားပြောသွားသည်။

ဦးမောင်မြင့်ကို မဇ္ဈိမအယ်ဒီတာချုပ် ဦးစိုးမြင့်က မေးမြန်းထားခြင်းဖြစ်သည်။


ဒီမိုကရေစီအသွင် အကူးအပြောင်းပေါ့နော်၊ တပ်ကလည်း စအာဏာသိမ်းကတည်းက  ဒီမိုကရေစီ အသွင် ကူးပြောင်းပြီလို့ပေါ့။ အစိုးရဘက်ကလည်း ပြောတာပေါ့နော်။ အဲဒီတော့ ဘယ်လိုမျိုးအချက်တွေက ဝန်ကြီးအနေနဲ့ ပြောပြလို့ရလဲ။ ဘယ်လို အချက်တွေက ဥပမာ သတင်းစာလွတ်လပ်ခွင့်လား။ ဒါမှမဟုတ် ဘယ်လိုမျိုးအချက်တွေက ဒီမိုကရေစီ အသွင်ကူးပြောင်းပြီလို့ ပြောလို့ရလဲ။

“ဒီလိုကြားဖြတ်ပြောတာထက်စာလို့ရှိရင်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းတော့ အရင် သွားရလိမ့် မယ်ထင်တယ်။ ကျနော်တို့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့က ပါလီမန်ဒီမိုကရေစီကို ကျင့်သုံးခဲ့တယ်။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက ပါတီတွင်း အားပြိုင်မှုတွေ၊ နောက်တခါ တိုင်းရင်းသားတွေရဲ့ ခွဲထွက်လိုတဲ့ ဖက်ဒရယ်တောင်းဆိုမှုတွေနဲ့အတူ ပြည်တွင်းရေး မငြိမ်မသက်မှုတွေ၊ သောင်းကျန်းသူတွေရဲ့
ပြည်တွင်း မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်မှုတွေနဲ့၊ အကုန်လုံး အကြောင်းပေါင်းတွေ စုံလာပြီးတော့မှ တပ်မတော်က အာဏာသိမ်းခဲ့တာဖြစ်တယ်။”
umm1
“၁၉၆၂ ခုနှစ် တပ်မတော် အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ပါလီမန်ဒီမိုကရေစီဟာ နိုင်ငံအတွက် မကောင်းမှု
တွေကို ဖြစ်စေတယ်ဆိုတဲ့ အဲဒီအချိန်တုန်းက လူကြီးတွေရဲ့ အယူအဆအရပဲ တပါတီစနစ်ကို သွားလိုက်တာ
ဖြစ်တယ်။ အဲဒါ မှားတယ် မှန်တယ်ဆိုတာကိုတော့လည်း သမိုင်းက အဆုံးဖြတ်ပေးပြီးပြီ ဖြစ်ပါတယ်။”

“အဲဒီတော့ ဒီတပါတီစနစ်ရဲ့ ဗဟိုဦးစီးတဲ့ စီးပွားရေးစနစ်ရဲ့  lag out  ဖြစ်မှုတွေ၊ နောက်တခါ ပြည်တွင်းမှာ မငြိမ်မသက်ဖြစ်မှုတွေ၊ ပြည်တွင်းမငြိမ်မသက် ဖြစ်မှုဆိုတာလည်း အဓိကကတော့ သောင်းကျန်းသူတွေကြောင့်မို့လို့
နိုင်ငံတနိုင်ငံလုံးမှာ Law Enforcement မရှိတဲ့ကိစ္စတွေ၊ Peace and Stability မတည်ဆောက်နိုင်တဲ့ကိစ္စတွေရဲ့ အကျိုးဆက်တွေအရ စီးပွားရေးပြိုလဲမှုနဲ့အတူ လူထုက လက်မခံနိုင်လောက်တဲ့ အချိန်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ပြုတ်ကျသွားတဲ့ ကိစ္စဖြစ်ပါတယ်။”

“အဲဒီတော့ တပ်မတော် အာဏာယူခဲ့တဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နောက်ပိုင်းမှာ တပ်မတော်အနေနဲ့ သွားချင်တဲ့ လမ်းကြောင်းကိုသွားဖို့အတွက် အခွင့်အရေး ရှိတယ်။ ဒါပေမယ့် နိုင်ငံတကာရဲ့ တောင်းဆိုမှုအရရော၊
ပြည်တွင်းကလူတွေရဲ့ တောင်းဆိုမှုအရရော ဒီမိုကရေစီကို သွားမယ်ဆိုပြီးတော့မှ အဲဒီအချိန်တုန်းက အခိုင်အမာ ဆုံးဖြတ်ပြီး ဖြစ်တယ်။ ဒါပေမယ့် ဥပမာအရ ပြောရမယ်ဆိုလို့ရှိရင်တော့ Rome wasn't built overnight တဲ့၊ အဲဒီတော့ ဒီမိုကရေစီနိုင်ငံကြီးကို တန်းပြီး တည်ဆောက်လို့တော့ မဖြစ်နိုင်ဘူး။ ကျနော်တို့ သိပ်နုနယ်သေးတဲ့
နိုင်ငံတွေဟာ ဒီမိုကရေစီကိုသွားရင်းနဲ့ အချိန်တိုအတွင်းမှာပဲ ပြိုကွဲသွားတာတွေကိုလည်း အာဖရိကမှာ တွေ့နေရ ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီအချိန်တုန်းကရှိတဲ့ လူကြီးတွေက ဒီမိုကရေစီကို သွားမယ် ဆိုရင်တော့ အချက် သုံးချက် အဓိက အရေးကြီးတယ်လို့ ဆုံးဖြတ်ခဲ့တယ်။ နံပတ်တစ် အချက်ကတော့ Peace and Stability၊ နံပတ်နှစ် ကတော့ Economic Development၊ နံပတ်သုံး ကတော့ Human Resources Development အဲဒီသုံးချက်ကို တည်ဆောက် ဖို့ လိုတယ်လို့ ခံယူခဲ့တယ်။”

“ဒါကြောင့်မို့လို့ အဲဒီ သုံးချက်ကို တည်ဆောက်နေရင်းနဲ့ပဲ ခိုင်မာတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရအောင် အမျိုးသား ညီလာခံခေါ်တယ်။ အမျိုးသားညီလာခံမှာ ဖွဲ့စည်းပုံအခြေခံအတွက် အခြေခံရမယ့် အချက်တွေကို ချမှတ်နိုင်ခဲ့တယ်။ အဲဒါတွေကို ဆက်လက်ပြီး လုပ်ဆောင်ရင်းနဲ့ပဲ အားလုံး သိပြီးဖြစ်တဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ၉၂.၄၈ ရာခိုင်နှုန်းသော မဲဆန္ဒပေးတဲ့ လူတွေရဲ့ တခဲနက်ထောက်ခံမှုနဲ့ အတည်ပြုနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေအရပဲ ရွေးကောက်ပွဲကို ဆက်လက်ဆောင်ရွက်တယ်။ ဒီမိုကရေစီနိုင်ငံကို သွားနေတာဖြစ်တယ်။ ဒီမိုကရေစီဆိုတာကတော့ သူက စံနှုန်းတွေကတော့ မတူနိုင်သေးပါဘူး။ ဒါပေမယ့်လည်း ကျနော်တို့က အခု အင်မတန်နုနယ်သေးတဲ့ ရှစ်လသားသာရှိတဲ့ ဒီမိုကရေစီနိုင်ငံတခု ဖြစ်တယ်။ ဒါကြောင့်မို့လို့ ရင့်ကျက်နေပြီးတဲ့ ဒီမိုကရေစီနိုင်ငံတွေ စံနှုန်းနဲ့တော့လည်း အခုချိန်မှာ ဘယ်လိုမှ မတူနိုင်ဘူး။”

“ဒါပေမယ့် ကျနော်တို့သည် ဒီနေ့ ဒီ Democracy Forum မှာ ဆူစီလိုဘန်ဘန်း ပြောကြားသွားတဲ့ အထဲမှာလည်း ပါတယ်။ ဒါကတော့ ဘာလဲ ဆိုလို့ရှိရင် Human Rights ဟာ ဒီမိုကရေစီရဲ့ Pillar ဖြစ်တယ်ဆိုတာ ကျနော် လက်ခံတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ဟာ Human Rights ကိုလည်း တည်ဆောက်ရမယ်။ Human Rights ကိုတည်ဆောက်နိုင်ဖို့ အတွက်ကိုလည်း ကျနော်တို့က National Human Rights Commission ဆိုတာကို ဦးမြ (ဦးမရ) ဦးစီးပြီးတော့မှ ဖွဲ့စည်းတည်ဆောက်ထားပြီး ဖြစ်တယ်။”

“National Human Rights Commission ကလည်း Independent အဖွဲ့အစည်းတခုဖြစ်ပြီးတော့ သူလည်း
နိုင်ငံတော် အသစ်မှာ  လုပ်ဆောင်နိုင်သမျှတွေအားလုံးကို ကြိုးစားပြီး လုပ်ဆောင်နေတာကို အားလုံးအသိပဲ
ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ဒီမိုကရေစီကို သွားမယ် ဆိုတဲ့ နေရာမှာ တကယ့် နိုင်ငံကြီးတွေရဲ့ ရင့်ကျက်ပြီးသား ဒီမိုကရေစီအတိုင်းတော့လည်း ချက်ချင်းမဖြစ်နိုင်ဘူး။ သို့သော် တဆင့်ပြီးတဆင့် လုပ်ဆောင်
နေတယ်။ ဒါကိုလည်း နိုင်ငံတကာက ကျနော်တို့ လေးစားပြီးတော့မှ အသိအမှတ်ပြုတာကိုလည်း ကြားသိရပါတယ်။”

“အထူးသဖြင့်တော့ ဒီ Democracy Forum မှာ ကျနော်တက်ရောက်တာ သုံးကြိမ်မြောက် ဖြစ်တယ်။ အရင် အခေါက်တွေတုန်းက ကျနော့်အပေါ်မှာ စိတ်ဝင်စားမှုရှိတယ်။ ဒါကတော့ ဒီမိုကရေစီကို သွားမသွားဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုရှိတယ်။ အခုတခေါက်တွေမှာတော့ ကျနော်တို့ ဒီမိုကရေစီကို သွားနေပြီ၊ ဒီမိုကရေစီကို ကျနော်တို့က ခြေလှမ်းတော်တော်ရောက်နေပြီ ဆိုတာတွေကို သိတဲ့အတွက်ကြောင့်မို့လို့ Acknowledge လုပ်တာနဲ့အတူ ကျနော်တို့ကို အားပေးတယ်လို့ သိရတဲ့အတွက် ကျနော်တို့က အများကြီး သူတို့ကိုလည်း
ကျေးဇူးတင်တယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။”


အခု ရှစ်လတာ ဒီမိုကရေစီ ပြောင်းတဲ့ ကာလဆိုတော့ နုနယ်တာတော့ ဟုတ်တယ်ပေါ့။ အဲဒီတော့ ဘယ်လိုမျိုးရှေ့ဆက်ပြီးတော့ ဒီမိုကရေစီအတွက် ဦးတည်တဲ့ အတိအကျ လှုပ်ရှားမှုတွေ လုပ်မယ်လို့ စဉ်းစားထားလဲ။ ဥပမာအားဖြင့် National Human Rights Commission လူ့အခွင့်အရေး ကော်မရှင် ဆိုရင် ပြည်သူတွေက သူတို့ကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုရင် ဘယ်လိုမျိုး တိုင်ကြားလို့ ရတယ်၊ အဲဒီလို အသေးစိတ်တွေပေါ့နော် လုပ်ဆောင်မယ့် လုပ်ငန်းတွေရှိသလား။

“National Human Rights Commission ကို ပြည်သူတွေက တဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့နဲ့သော် လည်းကောင်း၊ နစ်နာမှုတွေရှိရင် တိုင်ကြားနိုင်တယ် ဆိုပြီးတော့မှ တရားဝင်ပြောကြားထားပြီး ဖြစ်တယ်လို့ ကျနော်သိရပါတယ်။ တိုင်ကြားစာတွေလည်း တချို့ရောက်ရှိနေပြီလို့လည်း ကျနော်သိရတယ်။ သို့သော်လည်း National Human Rights Commission က ခုမှ စပြီးတော့မှ Establish လုပ်တဲ့အတွက်ကြောင့်မို့လို့ သူတို့အနေနဲ့ အင်မတန်ကို လုပ်ငန်းဆောင်တာတွေက အင်မတန်ကျယ်ပြန့်ပါတယ်။ အခု ကျနော် နားလည် သလောက်ကတော့ ဒါတွေအားလုံးကိုလည်း သူတို့ စတင်ပြီး ကိုင်တွယ်နေတယ်လို့ ကျနော်သိရတယ်။”

“အလားတူပဲ အခု မြန်မာပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ ကချင်ဒေသမှာ ရှိနေတဲ့ တချို့သော နည်းနည်း ဒုက္ခရောက်
နေတဲ့ လူထုအချို့အတွက်ကိုလည်း National Human Rights Commission ကပဲ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တချို့က
နေပြီးတော့မှ သွားရောက်ပြီးတော့မှ Assistance တွေပေးမယ်ဆိုတာလည်း ကျနော် သိရှိရပါတယ်။”


အသွင်ကူးပြောင်းရေးကာလမှာ ထုံးစံအတိုင်းပေါ့၊ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံ၊ ဒေသအတွင်းက အတွေ့အကြုံတွေက မြန်မာပြည်အတွက်တော့ တူတဲ့နေရာ သုံးလို့ရတဲ့ဟာတွေ ရှိမှာပါ။ အဲဒီတော့
မြန်မာနိုင်ငံ အစိုးရကရော
ဒေသအတွင်းက နိုင်ငံတွေကိုပဲဖြစ်ဖြစ်၊ နိုင်ငံတကာရဲ့ အတွေ့အကြုံတွေပဲ
ဖြစ်ဖြစ်၊ ထောက်ပံ့မှုတွေပဲဖြစ်ဖြစ် အဲဒီလိုမျိုး လိုအပ်ရင် တောင်းဆိုဖို့လိုဟာ ရှိသလား။ တကယ်လို့ရှိတယ် ဆိုရင် ဥပမာ ဘယ်လိုမျိုးကဏ္ဍတွေမှာ
တောင်းဆိုဖို့ စဉ်းစားထားလဲ။

“ကျနော်တို့ကတော့ ကျနော်တို့မြန်မာနိုင်ငံဟာလည်း ကျနော် ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း ဒီမိုကရေစီနဲ့ မစိမ်းပါဘူး။ ကျနော်တို့က ၁၉၄၈-၁၉၅၂ မှာ ကျနော်တို့က ပါလီမန် ဒီမိုကရေစီကို အပြည့်အဝ ကျင့်သုံးခဲ့ပြီးတဲ့
နိုင်ငံ ဖြစ်သလို၊ အဲဒီအချိန်မှာတုန်းကလည်း ကျနော်တို့က ဒေသတွင်းမှာ Leading Role ရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ ပါတယ်။”

“ဒါကြောင့်မို့လို့ အခု ဒီ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ၂ဝ၁၁ ခုနှစ် မတ်လ ၃ဝ ရက်နေ့မှာ စတင်ပြီး တည်ဆောက်ခဲ့တဲ့ Democratic Government အနေနဲ့ သော်လည်းကောင်း၊ Democratic State အနေနဲ့သော် လည်းကောင်း ကျနော်တို့ကတော့ နိုင်ငံတကာရဲ့ အတွေ့အကြုံတွေကိုတော့ ကျနော်တို့ လေ့လာနေတာ ရှိပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်း အင်မတန် အတွေ့အကြုံ ရင့်ကျက်ပြီးသား ပုဂ္ဂိုလ်တဦးဖြစ်သလို၊ သူ့မှာလည်း နိုင်ငံရေးအကြံပေးတွေ ရှိပါတယ်။ အလားတူပဲ လိုအပ်ချက်တွေ အားလုံးကိုလည်း နိုင်ငံတော် သမ္မတကြီးက သူ့ဆီကို ရေးသားတဲ့ စာတွေပဲဖြစ်ဖြစ်၊ တဦးချင်း သော်လည်းကောင်း၊ ပြောဆိုတာတွေပဲဖြစ်ဖြစ် အားလုံးကို သူက နွေးထွေးစွာနဲ့ ကြိုဆိုပြီးတော့မှ ချင့်ချိန်ပြီးတော့မှ အားလုံးဆောင်ရွက်နေတဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာ အတွေ့အကြုံတွေကိုလည်း သူ့ရဲ့ နိုင်ငံရေး အကြံပေးတွေက ဖတ်ရှုပြီးတော့မှ သူ့ကို အကြံပေးနေမှာ ဖြစ်ပါတယ်။”

“အလားတူပဲ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့လည်း နိုင်ငံတကာအတွေ့အကြုံတွေ အခုလို Democracy Forum သွားပြီးတက်ခဲ့တယ်ဆိုလို့ရှိရင်လည်း ဒီ Forum မှာရှိတဲ့ အတွေ့အကြုံတွေ အားလုံးကို ကျနော်တို့က
ပြန်လာလို့ရှိရင် လူကြီးတွေကို တင်ပြရမှာ ဖြစ်ပါတယ်။ တင်ပြချက်တွေအားလုံးဟာ သူတို့ လိုအပ်သလို စီစစ်ပြီး
တော့မှ၊ ထုတ်နုတ်ပြီးတော့မှ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ့်ဟာ အားလုံးကို သုံးစွဲသွားလိမ့်မယ်လို့ ကျနော် ဒီလိုပဲ ယုံကြည်ပါတယ်။”


လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ့နော်။ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ဆိုတယ်။ ကြားဖြတ်
ရွေးကောက်ပွဲကို ဘယ်တော့လောက်လုပ်မယ်လို့ ခန့်မှန်းသလဲ ခင်ဗျ။


“ရွေးကောက်ပွဲကော်မရှင်ပေါ့။ ဦးတင်အေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ကလည်း အခုအချိန်အထိ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့်ရက်ကို မကြေညာသေးပါဘူး။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆိုရင်တော့ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မယ်ဆိုရင်လည်း သုံးလ ကြိုတင်ပြီးတော့မှ
ကြေညာရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ နောက်ထပ် သုံးလ အတွင်း မလုပ်နိုင်သေးဘူးလို့တော့ သုံးသပ်လို့ ရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကိုလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မီဒီယာတွေနဲ့ ပြီးခဲ့တဲ့ နှစ်ပတ်
လောက်က တွေ့တဲ့အချိန်မှာ မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဒီအတိုင်းပဲ ဖြေကြားသွားတာကိုလည်း လေ့လာ မှတ်သားမိပါတယ်။”

“သို့သော်လည်း လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကတော့ဖြင့် ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့
ရွေးကောက်ပွဲထက်စာလို့ရှိရင် ပိုပြီးတော့မှ Transparent ဖြစ်အောင်၊ ပိုပြီးတော့မှ Fairness ဖြစ်အောင် ဆောင်ရွက် မယ် လို့လည်း အတိအလင်း ထုတ်ပြန်ပေးထားပြီး ဖြစ်ပါတယ်။”


ဟုတ်ကဲ့။ ဝမ်းသာပါတယ်။ ဒီ Free and Fair ပေါ့။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ဘာလို့လဲဆိုတော့ ၂ဝ၁ဝ နိုဝင်ဘာတုန်းက ရွေးကောက်ပွဲက လွတ်လပ်တဲ့အဖွဲ့အစည်းတွေ အထူးသဖြင့်
နိုင်ငံတကာက အဖွဲ့အစည်းတချို့တွေ ထောက်ပြတာက၊ အထူးသဖြင့် မဲမသမာမှုတွေ ရှိတယ်ပေါ့ ဆိုတဲ့အချက်ကို ထောက်ပြခဲ့တယ်။ ဝန်ကြီးတို့ အစိုးရအနေနဲ့ လက်ခံတာ လက်မခံတာကတော့ တပိုင်း
ပေါ့။ သူတို့ကတော့ ထောက်ပြတယ်။ အခုလုပ်မယ့် ဒီကြားဖြတ်ရွေးကောက်ပွဲမှာ အစိုးရအနေနဲ့ တရားမျှ တပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ဘယ်လိုမျိုး ဆောင်ရွက်မယ်လို့ စဉ်းစားထားလဲ ခင်ဗျ။


“နိုင်ငံတကာက တချို့သော Wrong Accusation နဲ့ပတ်သက်ပြီးတော့လည်း ကျနော် ဒီနေရာကနေ ဖြေကြား ချင်တယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ တချို့နေရာတွေမှာ Free and Fair မဖြစ်ဘူးဆိုတာနဲ့ ပတ်သက်ပြီးတော့ ဘယ်နေရာတွေလဲ ဆိုတာလည်း ကျနော်တို့က အတိအကျ မသိပါဘူး။ အဲဒီတော့ ဘယ်နေရာ
တွေလဲလို့ မေးလို့ ရှိရင်တော့လည်း အဲဒါတွေကို ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ပြီး သုံးသပ်နိုင်မယ့် အနေအထားရှိတယ်။ အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှ Procedure တွေ
ဟာ တချို့ကိစ္စတွေဟာ အင်မတန်ကို နိုင်ငံတကာကတောင် အတုယူရမယ့်ကိစ္စပဲဖြစ်တယ်။”

“ဥပမာအားဖြင့်ဆိုရင် ထိုင်းနိုင်ငံက သံရုံးကနေပြီးတော့မှ ကျနော်တို့ကို ပြောပါတယ်။ ရန်ကုန်မှာ အခြေစိုက်တဲ့ ထိုင်းနိုင်ငံသံရုံးက ကျနော်တို့ကိုပြောတယ်။ ဒါကတော့ ဘာလဲဆိုရင် မဲရုံတွေမှာ မဲပေးပြီးတဲ့အချိန်ကျလို့ရှိရင် မဲရေတွက်တာ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ ရေတွက်တာကတော့ဖြင့် သက်ဆိုင်ရာပါတီတွေက ကိုယ်စားလှယ်တွေနဲ့ အပြင် မဲရုံမှာရှိတဲ့ တာဝန်ရှိတဲ့လူတွေနဲ့ အားလုံးက witness ၁ဝ ယောက်ရဲ့ အနည်းဆုံး
ရှေ့မှာ မဲတွေကို count လုပ်ရတဲ့အတွက်ကြောင့်မို့လို့ ဒါကတော့ အင်မတန်ကို ကောင်းမွန်တဲ့ Practice ဖြစ်တယ်။ သူတို့ နိုင်ငံမှာတောင် အဲဒီစနစ်မရှိသေးဘူး ဆိုတာကိုလည်း သူတို့က ကျနော်တို့ကို acknowledge လုပ်ပြီးတော့
မှ ပြောကြားတာကိုလည်း ကျနော်မှတ်သားဖူးပါတယ်။”

“ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲဟာ Free and Fair မဖြစ်ဘူးလို့ Wrong Accusation လုပ်တာနဲ့ ပတ်သက်လို့ ရှိရင်လည်း ကျနော်က ထူးထူးခြားခြားတော့ တုန့်ပြန်စရာမရှိဘူး။ ဒါပေမယ့် တကယ့် တိကျတဲ့ နေရာ
တွေ၊ တိကျတဲ့ဒေသတွေမှာ ဘယ်လိုမျိုး မှားယွင်းခဲ့တယ်ဆိုတာကို ပြောကြားနိုင်မယ်ဆိုရင်တော့လည်း ကျနော်တို့ က ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ပြန်လည် သုံးသပ်နိုင်မယ့်အနေအထား ရှိပါတယ်။ အဲဒီလို Very in General စွပ်စွဲမှုမျိုးတွေကျတော့လည်း ကျနော်တို့က တုန့်ပြန်ပြီးတော့မှ ဆောင်ရွက်ရတာ အင်မတန် ခက်ခဲပါတယ်။”


ဒီလိုမျိုး ရွေးကောက်ပွဲတွေ လုပ်တယ်ဆိုရင် နိုင်ငံတကာပဲဖြစ်ဖြစ်။ ဒေသဆိုင်ရာပဲဖြစ်ဖြစ် သူတို့လာပြီး
လေ့လာတဲ့ Observer ၊ Election Monitor တို့ကို ခွင့်ပြုလေ့ရှိတယ်။ အင်ဒိုနီးရှားပဲဖြစ်ဖြစ်၊ သီရိလင်္ကာပဲ
ဖြစ်ဖြစ်ပေါ့နော်။ အဲဒီတော့ မြန်မာအစိုးရကရော အဲဒီလိုမျိုး အခု ကြားဖြတ် ရွေးကောက်ပွဲ လုပ်ရင် ဒေသ ဆိုင်ရာ သို့မဟုတ် နိုင်ငံတကာရဲ့ ရွေးကောက်ပွဲလေ့လာရေး ကော်မရှင်အဖွဲ့လိုဟာမျိုးတွေကို လက်ခံဖို့ ရှိသလားခင်ဗျ။


“ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ကျနော်တို့က နိုင်ငံတကာက Observer
တွေကိုတော့ ဖိတ်ကြားခဲ့ခြင်း မရှိဘူး။ ဒါပေမယ့်လည်း ကျနော်တို့က ပြည်တွင်းမှာ အခြေစိုက်တဲ့ သံရုံးတွေ၊ အဖွဲ့ရုံးတွေက ကိုယ်စားလှယ်တွေကိုတော့ ကျနော်တို့က Witness လုပ်ကြပါဆိုပြီးတော့မှ ကျနော်တို့က Observer အနေနဲ့ ဖိတ်ကြားခဲ့ပြီးတော့မှ တော်တော်များများကလည်း Participate လုပ်ကြပါတယ်။ သူတို့ကိုလည်း မြန်မာနိုင်ငံ
ပြည်နယ်တိုင်းဒေသ အနှံ့အပြားမှာရှိတဲ့ နေရာတွေကို ကျနော်တို့ကပဲ ကျနော်တို့ အစီအစဉ်နဲ့ ပို့ဆောင်ပေးပြီးတော့ မှ သူတို့ကို Observe လုပ်ခိုင်းတဲ့အတွက်ကြောင့်မို့လို့ တကယ်တမ်း ပြောရမယ်ဆိုရင်လည်း ဒီသံရုံး၊ ဒီသံတမန်
တွေဟာ နိုင်ငံတကာကို ကိုယ်စားပြုတဲ့အတွက် ကျနော်ကတော့ နိုင်ငံတကာ Observer တွေကို ဖိတ်ကြားတယ် လို့ပဲ Interpret လုပ်မယ်ဆိုလည်း ရမယ့်အနေအထားရှိတယ်လို့ ယုံကြည်ပါတယ်။ ဒီတပတ် ပြုလုပ်မယ့် ကြားဖြတ်
ရွေးကောက်ပွဲမှာတော့ ဖိတ်မယ်၊ မဖိတ်ဘူး ဆိုတာကိုတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်ပါပဲ။”


မြန်မာနိုင်ငံက အာဆီယံမှာ ၂ဝ၁၄ ခုနှစ်မှာ ဥက္ကဋ္ဌရာထူးနဲ့ တာဝန်ယူမှာပေါ့နော်။ အဲဒီတော့ ဝန်ကြီး အနေနဲ့ အစိုးရအနေနဲ့ ဘယ်လိုမြင်သလဲ ခင်ဗျ။ အဲဒီ ၂ဝ၁၄ ခုရောက်ဖို့  ၂ နှစ်ကြာတယ်။ လိုအပ်တဲ့
ပြင်ဆင်မှုတွေ လုပ်နိုင်ပြီလား။ အထူးသဖြင့်တော့ Infrastructure ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် တို့ သတင်းထောက် တချို့တွေပြောတယ်။ နေပြည်တော်မှာ သတင်းပို့ရတဲ့အခါ ခက်ခဲတဲ့ဟာမျိုးတွေ။
နိုင်ငံတကာအဆင့် သတင်းထောက်တွေ မီဒီယာတွေအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ လိုတယ်ပေါ့နော်။ ပံ့ပိုးပေးနိုင်မှုတွေ။ မြန်မာပြည်မှာ အဲဒီလိုမျိုးပေါ့ ဒါတွေက အသေးစိတ်လည်း ဟုတ်တယ်။ နောက်ပြီး
တော့ အဆင်လည်း ပိုပြေအောင်၊ ကိုယ့်ရဲ့ တာယန်ယူထားတဲ့ဟာကို အဆင်ပြေအောင်။ အဲဒီလိုမျိုး
ပြင်ဆင်မှုတွေ ၂ နှစ်အတွင်းမှာ လုပ်နိုင်မယ် ထင်သလားခင်ဗျ။


“ကျနော်တို့အနေနဲ့ အချိန်အများကြီး ရပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကျနော်တို့က နေပြည်တော်မှာ Summit ပြုလုပ်ဖို့အတွက်ကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ Infrastructure တွေကို ထဲထဲဝင်ဝင် တည်ဆောက်နေ ပါတယ်။ အထူးသဖြင့်ကတော့ ကျနော်တို့လာမယ့် နိုင်ငံခေါင်းဆောင်တွေနဲ့ Delegate တွေကို တည်းခိုနိုင်ဖို့ အတွက်နဲ့ အစည်းအဝေး ကျင်းပနိုင်ဖို့အတွက်ကို ကျနော်တို့က Government-owned ဟိုတယ်တွေ၊ အဆောက်အဦး
တွေကို ဒါတွေ အားလုံးကို ဆောက်နေပါတယ်။ ဒါကိုလည်း ပြီးခဲ့တဲ့ နှစ်လ၊ သုံးလလောက်က အင်ဒိုနီးရှား
နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါ လာတဲ့အချိန်မှာ သူ့ကို ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒီအဆောက်အဦးတွေ ကလည်း ခုချိန်မှာတော့ နေ့မီး၊ ညမီး ထွန်းပြီးတော့မှ Three shifts ခွဲပြီး တော့မှ ဆက်လက်ပြီး ဆောင်ရွက်နေ တာကိုလည်း ကျနော်တို့လည်း လေ့လာတွေ့ရှိနေရပါတယ်။”
umm2

“ဒါကြောင့်မို့လို့ Infrastructure အပိုင်းကတော့ အဆောက်အဦးအပိုင်းကတော့ စိတ်ပူပန်စရာ မလိုပါဘူး။ ကျနော် တို့ နေပြည်တော်မှာလည်း လာမယ့် သတင်းမီဒီယာတွေနဲ့အတူ ပတ်သက် ဆက်စပ်ပြီးတော့မှ တက်ရောက်လာမယ့် ပုဂ္ဂိုလ်တွေ အားလုံးအတွက် ဟိုတယ်အခန်းတွေ အလုံအလောက် တည်ဆောက်ပေးပြီး ဖြစ်ပါတယ်။ အဲဒီတော့ Telecommunication အပါအဝင် ကျန်တဲ့ Facilities တွေလည်း ကျန်တဲ့အချိန်အတောအတွင်းမှာ အချိန်မှီ ပြီးစီး
အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။”


မြန်မာအစိုးရက သမ္မတကြီးကိုယ်တိုင် အင်ဒိုနီးရှား ဘာလီမှာ ပြောသွားတဲ့အထဲမှာလည်း ပါတယ်။ ပြီးတော့ တာဝန်ရှိသူတွေ ပြောသွားတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်လို့ ဆိုလိုတယ်။  အဲဒီတော့ ဝန်ကြီးအနေနဲ့ ပြောနိုင်လို့ရလား မသိဘူး။ ဘယ်တော့ လောက် လွှတ်ပေးမယ်။ အားလုံး လွှတ်ပေးမှာလား ဒါမှမဟုတ် နဲနဲ နဲနဲစီ လွှတ်ပေးမှာလား။

“ဒီဟာနဲ့ပတ်သက်လို့ရှိရင် မနေ့က ကျနော်ရဲ့ Statement မှာ အပိုဒ်တပိုဒ်အနေနဲ့ ထည့်သွင်းပြီးတော့မှ ကျနော်
ပြောကြားလိုက်ပါတယ်။ နိုင်ငံတော် သမ္မတကြီးက သူတာဝန်ယူတဲ့ ရှစ်လတာအတွင်းမှာပဲ နှစ်ကြိမ်ခွဲပြီးတော့မှ သူက အကျဉ်းသားတွေကို လွှတ်ပေးပြီးဖြစ်ပါတယ်။ စုစုပေါင်းဆိုရင် ၂၆,ဝဝဝ ကျော်ကျော်လောက် ရှိပါတယ်။ အဲဒီအထဲမှာလည်း So-called ပေါ့နော် Prisoner of Conscience လို့ခေါ်တဲ့ ပုဂ္ဂိုလ်တွေ ရာဂဏန်းပါတယ်လို့ ဒါ အဖွဲ့အစည်းတချို့ ကတော့ ပြောဆိုမှုတွေ ရှိပါတယ်။”

“အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံတော် အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရှင်းလင်းပါတယ်။ ဒါကတော့ ဘာလဲဆိုလို့ ရှိရင် ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား သော်လည်းကောင်း၊ ယုံကြည်မှုကြောင့်ကျတဲ့ အကျဉ်းသား သော် လည်းကောင်း မရှိဘူးဆိုတဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ အဲဒီတော့ လူတယောက်ဟာ သူရဲ့ ယုံကြည် ချက်ကြောင့်ပဲဖြစ်ဖြစ်၊ သူရဲ့ နိုင်ငံရေးအရသော်လည်းကောင်း၊ သူ့မှာ ယုံကြည်ချက်ရှိကောင်း ရှိမယ်၊ ဒါပေမယ့် သူက ပြည်တွင်းမှာ ရှိနေတဲ့ တည်ဆဲဥပဒေကို ချိုးဖောက်လို့ရှိရင်တော့ တရားရုံးရဲ့ တရားစွဲဆိုပြီးတော့မှ အပြစ်ပေး
ခြင်းကို ခံရလိမ့်မယ်။ အဲဒီအချိန်မှာ သူဟာ သာမန်အကျဉ်းသားလို့ပဲ ကျနော်တို့က ဆုံးဖြတ်ထားပါတယ်။”

“အဲဒီတော့ ကျနော်တို့က သူ့ကို သာမန်အကျဉ်းသားတဦးလို့ပဲ Treat လုပ်ပြီးတော့မှ သာမန် အကျဉ်းသားတွေကို
ပေးမယ့် Pardon ကျလို့ရှိရင် Amnesty ကျလို့ရှိရင် သူ့ကို တခါတည်း ထည့်ပြီးတော့မှ ဆောင်ရွက်ပေးမှာ ဖြစ်ပါ တယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျနော့်ရဲ့ Statement မှာ အတိအလင်းပါပြီးဖြစ်ပါတယ်။ ဒါ နိုင်ငံတော်ရဲ့ Peace and Stability ကို မထိခိုက်စေဘဲနဲ့ အခါအခွင့် သင့်တဲ့အချိန်ကျရင် လာမယ့်အနာဂတ်မှာ အကျဉ်းသားတွေ လွှတ်ပေးဖို့ ရှိမှာပဲ ဆိုတာကို ကျနော်ပြောကြားပြီးဖြစ်ပါတယ်။”


မြန်မာပြည်မှာ အခု အထူးသဖြင့် ဝန်ကြီးတို့ အစိုးရအသစ်တက်လာပြီးတဲ့ နောက်ပိုင်းမှာပေါ့နော် မီဒီယာနဲ့ ပတ်သက်ပြီးတော့ လွတ်လပ်ခွင့်တချို့ ရှိလာတယ်ဆိုတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် Website တွေ ပိတ်ထားတာတွေ ပြန်ဖွင့်တာတို့၊ ပြီးတော့ Censorship မှာ လျှော့ပေးတဲ့ဟာမျိုးတွေ ရှိတယ်။ ဒါပေမယ့် ဘယ်တော့များ  မြန်မာပြည်က လွတ်လပ်တဲ့ သတင်းမီဒီယာရနိုင်တဲ့ အခြေအနေပေါ့နော် ဥပမာ အင်ဒိုနီးရှားလိုဟာမျိုး ရနိုင်မယ်လို့ ထင်သလဲ။ အဲဒီလိုမျိုးလုပ်ဖို့အတွက် အစိုးရအနေနဲ့ ပေါ့နော် လက်ရှိ တာဝန်ယူ ထားတဲ့ အစိုးရအနေနဲ့ ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ ခင်ဗျ။

“ဒီနေရာမှာတော့ ကျနော် အစိုးရကို ကိုယ်စားပြုပြီးတော့ မပြောချင်ပါဘူးခင်ဗျ။ ဘာကြောင့်လဲ ဆိုတော့ ကျနော် သည် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးတဦးသာ ဖြစ်ပြီးတော့မှ ဒီကိစ္စကတော့ အထူးသဖြင့်ကတော့ Information Ministry နဲ့ ပတ်သက်မယ်လို့ ယူဆပါတယ်။ သို့သော်လည်း ကျနော်တဦးတည်း အမြင်အရ ပြော
ကြားမယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံတော်အစိုးရ အနေနဲ့သော်လည်းကောင်း၊ ကျနော့်အနေနဲ့သော်လည်းကောင်း မီဒီယာဟာ နိုင်ငံရဲ့ fourth pillar ဆိုတာကို ကျနော် လုံးဝလက်ခံပါတယ်။

“ဒါပေမယ့် မီဒီယာတွေ ကိုယ်၌ကလည်း သူ့မှာ Ethics ရှိရမယ်။ မီဒီယာ Ethics ရှိရမယ်။ မီဒီယာကလည်း ဘက်မ လိုက်ပဲနဲ့ နိုင်ငံရဲ့ ကောင်းရာကောင်းကျိုးအတွက်ကို ထောက်ပြဝေဖန်တဲ့ Theme နဲ့သွားဖို့ လိုပါတယ်။ အဓိကအားဖြင့် ကျနော်တင်ပြချင်တာကတော့ Maturity ရှိဖို့လိုပါတယ်။ မီဒီယာတွေ Maturity ရှိတဲ့အချိန်မှာပဲ ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီဟာလည်း ရင့်ကျက်လာတဲ့အချိန်မှာပဲ အခုလို မီဒီယာ လွတ်လပ်ခွင့်ဟာ ပိုမိုပြီး
တော့မှ ရှင်သန်လာမယ်လို့ ကျနော် ဒီလိုပဲ နားလည်ပါတယ်။ မီဒီယာတွေကလည်း ဘက်လိုက်နေမယ်၊ မီဒီယာ
တွေကလည်း hot news တွေကိုပဲ အသားပေးပြီးတော့မှ ဖော်ပြနေမယ်ဆိုရင်ဖြင့် ကျနော်တို့ မျှော်မှန်းထားတဲ့ မီဒီယာ လွတ်လပ်ခွင့်ဟာ အလှမ်းဝေးနေဦးမယ်လို့ ဒီလိုပဲနားလည်ပါတယ်။”


အစိုးရတာဝန်ရှိသူတွေနဲ့ ကျနော်တို့မှာ အစက အင်တာဗျူးတွေဘာတွေ အရမ်းခက်ခဲတယ်။ မဖြစ်သ
လောက် ပဲပေါ့နော်။ ဒီလိုမျိုး အင်တာဗျူး လုပ်ခွင့်ပေးတာလည်း ကျနော် တရားဝင် ကျေးဇူးတင်ပါတယ်။ မဇ္ဈိမ သတင်းဌာန အနေနဲ့။ ပြည်ပမှာရောက်နေတဲ့ မီဒီယာတွေကို အစိုးရအနေနဲ့ ဘယ်လိုမျိုး သဘောထားသလဲဆိုတာ သူတို့ကို မြန်မာပြည်ကို ပြန်လာပြီးတော့ လုပ်စေချင်တဲ့ဆန္ဒ သဘောထား ဘယ်လိုရှိပါသလဲ။


“ဒီမိုကရေစီထူထောင်တာကတော့ မြန်မာနိုင်ငံသားတွေအားလုံး ပါဝင်လေ ကောင်းလေပါပဲ။ အဲဒီတော့ ပြည်ပကို
ရောက်နေတဲ့ မီဒီယာတွေကလည်း မြန်မာနိုင်ငံကောင်းရာကောင်းကျိုးကို လုပ်မယ်ဆိုရင်တော့ လက်မခံနိုင်စရာ မရှိဘူးလို့ ကျနော်တဦးထဲကတော့ ဒီလိုပဲ ယုံကြည်ပါတယ်။ စောစောက ကျနော် ကနဦးတင်ပြခဲ့သလိုပဲ မီဒီယာ
တွေအနေနဲ့က တကယ့်ကို နိုင်ငံအတွက် အပြုသဘောဆောင်တဲ့ Input တွေထည့်ပြီးတော့မှ ကောင်းကျိုးဆောင် ရွက်ပေးမယ် ဆိုရင်ဖြင့် ကျနော်တို့ နိုင်ငံအတွက် အားတခုဖြစ်လာမယ်လို့ ကျနော် ဒီလိုပဲ နားလည်ပါတယ်။”


အခုလတ်တလောမှာ မီဒီယာ Law လုပ်နေတယ်လို့ ကြားရပါတယ်။ ပြင်ဆင်နေတယ် ပေါ့နော်။ မီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြလို့ရမလား။ လွတ်လပ်မှုကို အခြေခံတဲ့ မီဒီယာဥပဒေ ဖြစ်ဖို့ ရည်ရွယ်တာလား ဒါမှမဟုတ် ဘယ်လိုမျိုးလဲ ခင်ဗျ။

“ဒီမေးခွန်းနဲ့ ပတ်သက်ရင်လည်း ကျနော့်ရဲ့ Out of my reach ဖြစ်နေပါတယ်။ ဒီဟာတွေက Information Ministry က Information ministry ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့က ရေးသားပြီးတော့မှ အဲဒီဟာကိုလည်း ချက်ချင်းအတည်ပြုလို့မရသေးပဲနဲ့ လွှတ်တော်မှ တင်ရပါမယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ တင်ရမယ်။ ပြီးလို့ရှိရင် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီးတဲ့ အချိန်ကျတော့မှ အဲဒီဥပဒေက ပြည်ထောင်စု လွှတ်တော်မှာ Pass ဖြစ်ပြီ ဆိုတော့မှ နိုင်ငံတော်သမ္မတကြီးဆီကို တင်ရပါမယ်။ နိုင်ငံတော်သမ္မတကြီး လက်မှတ် ထိုးတဲ့အချိန် ကျမှ ဒီဥပဒေဟာ အတည်ဖြစ်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော် နားလည်သလောက်တော့ ကျနော် သတင်းတွေ နားထောင်သလောက်ကတော့ လွှတ်တော်မှာ ဒီ Bill တွေကို တင်တာတော့ မကြားသေးပါဘူး ခင်ဗျ။”


သမ္မတကြီးက မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။ သူစပြီးတော့ တာဝန်ယူတဲ့အချိန်မှာ ပြည်ပရောက်တွေ
မြန်မာပြည် ကို ပြန်လာပါပေါ့။ ပြန်လာဖို့ ကြိုဆိုပါတယ် ဆိုတာ။ ဒါပေမယ့် ကျနော်တို့ ကြားမိသလောက်၊
လေ့လာမိသလောက် က ပြည်ပမှာ ရောက်နေတဲ့လူတွေက မြန်မာပြည်ကို ပြန်ဖို့အတွက် နံပါတ်တစ် ကတော့ သိပ်ပြီးတော့ မယုံကြည်သေး ဘူးဆိုတဲ့ သဘောပေါ့နော်၊ ဖြစ်နေတဲ့အခြေအနေတွေ။ နောက် တခုက တချို့တွေပြောတာက ပြန်မယ်ဆိုရင်တောင် ဘယ်လိုမျိုး အတိအကျပေါ့နော် Mechanism မရှိသေးဘူးပေါ့။ သက်ဆိုင်ရာ သံရုံးကို ဆက်သွယ်ပါ ဆိုတဲ့ဟာမျိုးပဲ ရှိတယ်။ ဆိုတော့ အဲဒါနဲ့ ပတ်သက် ပြီးတော့ရော ဝန်ကြီးအနေနဲ့ ဘယ်လိုမြင်သလဲ ခင်ဗျ။


“နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်ကိုက ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေလည်း ပြန်လာကြဖို့ ဆိုပြီး
တော့မှ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ အဲဒီ ဖိတ်ခေါ်ချက်ကလည်း စောစောက ပြောသလိုပါပဲ။ မြန်မာနိုင်ငံကို
ပြန်လာပြီးတော့မှ မြန်မာနိုင်ငံရဲ့ ကောင်းရာကောင်းကျိုးကို ပူးပေါင်းပြီး ဆောင်ရွက်ကြမယ် ဆိုလို့ရှိရင် ကျနော်တို့
မျှော်မှန်းထားတဲ့ Democratic State ကို ကျနော်တို့က အချိန်တိုအတွင်းမှာ ရောက်ရှိသွားမယ်ဖြစ်ပါတယ်။ အဲဒီ
တော့ ဒါဟာလည်း including media သမားတွေလည်း အပါအဝင်ဖြစ်တယ်။ အဲဒီနေရာမှာတော့ ကျနော်တို့ မှတ်သားမိသလောက်ဆိုရင် သိပ်ပြီးတော့မှ significant ဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ကျနော် point out လုပ်ပြရမယ်ဆိုရင် သီးလေးသီးအငြိမ့်လိုမျိုး ပြန်လာကြတာတွေ့ပါတယ်။ နောက်တခါ ကနေဒါ နိုင်ငံကနေပြီးတော့မှ ဦးဟန်ယောင်ရွှေ
ပြန်လာတာတွေ့တယ်။ နောက်တခါ ပီတာလင်းပင် ပြန်လာတာတွေ့တယ်။ တခြားကျနော်မမှတ်မိတဲ့ ပုဂ္ဂိုလ်တွေ လည်း ရှိပါတယ်။ အရေအတွက် အားဖြင့်လည်း ကျနော် မျှော်မှန်းတာကတော့ ရာဂဏန်းလောက် ရှိပြီလို့ထင်ပါ တယ်။”

“အဲဒီတော့ ပြန်လာကြမယ်ဆိုရင်တော့လည်း သူတို့သည် မြန်မာနိုင်ငံသား ပတ်စ်ပို့ကို ကိုင်ထားပြီးပြီ ဆိုရင်တော့ လည်း အင်မတန်လွယ်ကူပါတယ်။ သံရုံးတွေမှာ သွားဆက်သွယ်ပြီးတော့မှ ပြန်လာကြမယ်ဆိုရင် သံရုံးတွေကလည်း အချိန်တိုအတွင်းမှာ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြပြီးတော့မှ ကျနော်တို့ကလည်း ဒီဟာအပေါ်မှာ လိုအပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စီစစ်မှုတွေ ပြီးပြီဆိုလို့ရှိရင် ကျနော်တို့က ပြန်ပြီးတော့ လက်ခံနေပါတယ်။ ကျနော်တို့က Denial လုပ်ထားတဲ့ ဆိုတဲ့လူကတော့ မရှိသလောက်ပါပဲ။”


အခု မြန်မာအစိုးရကိုပေါ့နော် အတိတ်မှာပဲဖြစ်ဖြစ်၊ အခုလက်ရှိမှာပဲဖြစ်ဖြစ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုတွေ ပြုလုပ်ထားတာရှိတယ်။ မြန်မာအစိုးရကလည်း ဒါတွေက မရှိသင့်ဘူးလို့ ပြောတယ်။ ဘာကြောင့် မို့လို့ ဒီစီးပွားရေးဒဏ်ခတ်မှုတွေ အခု မရှိသင့်တော့တာလဲ ခင်ဗျ။
umm

“စီးပွားရေးဒဏ်ခတ်မှုတွေဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကတော့ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ Human Rights အပေါ်မှာ အခြေခံပြီးတော့မှ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတွေဖြစ်ပါတယ်။ ကျနော်တို့ကအခု ဒီမိုကရေစီနိုင်ငံကို သွားနေပြီ။ ကျနော်တို့က လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ရင်လည်း National Human Rights Commission ကိုတောင် တည်ထောင်ပြီးတော့မှ လွတ်လွတ်လပ်လပ် ဆောင်ရွက်ပေးခွင့်ပြုနေပြီဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီ Sanctions တွေကို ချမှတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကို ကျနော်တို့က လက်တွေ့ကိုင်တွယ် ဆောင်ရွက်ပေးနေပြီ
ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မလိုတော့ဘူးလို့ ကျနော်တို့က ပြောတာဖြစ်ပါတယ်။”

“ဒီလို Sanction ပြုလုပ်တာဟာ ကျနော်တို့ နိုင်ငံတော်အစိုးရ တခုတည်းကိုချည်းပဲ Impact ဖြစ်တာမဟုတ်ဘဲနဲ့ အပြစ်မဲ့တဲ့ တောင်သူလယ်သမားတွေ၊ လုပ်သားပြည်သူတွေအပေါ်မှာ ထိခိုက်မှုက ပိုပြင်းထန်ပါတယ်။ ဒါကြောင့် မို့လို့ ကျနော်တို့ကတော့ ဒီ Sanction တွေဟာ ရုပ်သိမ်းသင့်ပြီ၊ ရုပ်သိမ်းဖို့အတွက် အချိန်တန်ပြီလို့ ပြောဆိုနေရတာ
ဖြစ်ပါတယ်။”


ဘာလီလို Democracy Forum ပေါ့နော် လာတက်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမျိုးဟာ
တွေက လေ့လာခွင့်၊ လေ့လာလို့ရတယ်လို့ ဝန်ကြီးအနေနဲ့ထင်လဲ။


“ဒီကိုလာတဲ့နိုင်ငံအများစုကတော့ ဒီမိုကရေစီကို သူ့နည်းသူ့ဟန်နဲ့ သူ့ရှုထောင့်နဲ့ ကျနော်တို့ အဓိပ္ပါယ်တွေ ဖွင့်ဆို
နေကြတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတွေအားလုံးကတော့ ဒီမိုကရေစီကို ချစ်မြတ်နိုးတယ်ဆိုတာကိုလည်း ကျနော်တို့က လေ့လာသိရှိရပါတယ်။ ဒီမိုကရေစီကိုသွားမယ် ဆိုတာကိုလည်း လက်ခံယုံကြည်ပါတယ်။ ဒါကြောင့်မို့ လို့ သူ့တို့နည်းသူတို့ဟန်နဲ့ သူတို့နိုင်ငံကိုကောင်းအောင် ဖော်ဆောင်နေတာတွေသည် ကျနော်တို့ အတွက်က
တော့ဖြင့် ထိုက်သင့်သလို နမူနာယူစရာတွေ အတုယူစရာတွေ ဖြစ်ပြီးတော့မှ ဒီမိုကရေစီနိုင်ငံအချင်းချင်း ဒီမှာ ထိတွေ့ဆက်ဆံပြီးတော့ အတွေ့အမြင်တွေကို ဖလှယ်ကြမယ်။ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင်လည်း ကိုယ့်နိုင်ရဲ့ တည်ဆောက်နေတဲ့ Democratic process မှာ ထိုက်သင့်သလို အထောက်အကူပြုမယ်လို့ ကျနော်ယုံကြည်ပါ တယ်။”


မြန်မာပြည်မှာ ဒီလိုမျိုး Democracy Forum လိုမျိုးပေါ့ မဝေးတော့တဲ့ကာလမှာ ကျင်းပနိုင်မယ်လို့ ကျင်းပနိုင်မယ့် အခြေအနေတွေ၊ အချက်အလက်တွေ ခုနလို လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရှိမယ်လို့ မြင်မိ သလားခင်ဗျ။ ကျင်းပဖို့ရာ စဉ်းစားမိသလား။

“ကျနော်တို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က World Democracy Day ပါပဲ။ အဲဒီ World Democracy Day ကို ကျနော်တို့က မြန်မာနိုင်ငံမှာ တခါဖူးမှ မကျင်းပခဲ့ဖူးဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ လက်ရှိ အစိုးရလက်ထက်မှာ World Democracy Day 2011 ကို နိုင်ငံတကာက ရန်ကုန်မှာ အခြေပြုနေတဲ့ သံရုံးတွေကိုပါ ဖိတ်ကြားပြီးတော့မှ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အဖွဲ့အစည်းတွေ အားလုံးက Civil Society ကအဖွဲ့အစည်းတွေကိုပါ အားလုံး ဖိတ်ကြားပြီးတော့ တရားဝင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီမိုကရေစီကို လူတွေနဲ့
မြည်းစမ်းထိတွေ့ဖို့ အတွက် အခွင့်အလမ်းတွေကို ဖန်တီးပေးနေတာ ဖြစ်သလို၊ နိုင်ငံဟာ အစိုးရအနေနဲ့ မြည်ကာ မတ်တ ကျနော်တို့ အမည်တပ်ပြီးပြောတဲ့ ဒီမိုကရေစီမဟုတ်ပဲနဲ့ တကယ်ကို အနှစ်သာရရှိတဲ့ ဒီမိုကရေစီဖြစ်အောင် ကြိုးစားနေတယ်ဆိုတာကိုလည်း ကျနော်တို့က ပြည်တွင်းမှာ ပြသရသလို ပြည်ပကိုလည်းသိအောင် ကျနော်တို့က Awareness လုပ်ပေးနေတာ ဖြစ်ပါတယ်။”

“ဒီလို Democracy Forum ကြီးတွေ နိုင်ငံတကာက လာရောက် တက်ရောက်ပြီး တော့မှ ကျင်းပနိုင်ဖို့ အခွင့်အလမ်း ကတော့ဖြင့်လည်း ကျနော်တို့ ဆက်ပြီး ကြိုးစားသွားရဦးမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ ဒါနဲ့ပတ်သက်ပြီးတော့ Facility တွေလိုတယ်။ ပြီးတော့ Finance ထောက်အပံ့တွေလိုပါတယ်။ အဲဒီတော့ ဒီဟာတွေ အားလုံးကလည်း လုပ်မယ်ဆိုရင်လည်း ဆက်ပြီးတော့ ကြိုးပမ်းသွားရင် မဖြစ်နိုင်စရာအကြောင်း မရှိဘူးလို့ပဲ
မြင်ပါတယ်။”


ဟုတ်ကဲ့  ကျေးဇူးအများကြီးတင်ပါတယ်။  အခုလို မဇ္ဈိမသတင်းဌာနကို မအားတဲ့ကြားထဲ ကနေ အင်တာဗျူးပေးတဲ့အတွက်။

“ကျေးဇူးတင်ပါတယ်။ ကျနော်ကလည်း မဇ္ဈိမသတင်းဌာန အနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံတော်ရဲ့ ဒီမိုကရေစီ တည်ဆောက်ရေးကိစ္စမှာ သက်ဆိုင်ရာ ထောင့်တထောင့်ကနေပြီး တတတ်တအား ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

မဇ္ဈိမသတင်းဌာန

NLD ပညာရေးရံပုံငွေ နဲ့  ဈေးရောင်းပွဲတော် ခွင့်ပြုချက်မရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးစီးကျင်းပမည်ဖြစ်သော “ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတပွဲနှင့်ဈေးရောင်းပွဲတော်” အား ခွင့်မပြုနိုင်ကြောင်း သုဝဏ္ဍ အားကစားကွင်း တာဝန်ခံများက ပြောဆိုသည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီက ပြောသည်။

NLDက  ရန်ကုန်မြို့ သုဝဏ္ဍ အားကစားကွင်းတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့၌  ရန်ပုံငွေ ဂီတပွဲတော်ကျင်းပရန် ရန်ကုန်တိုင်းအစိုးရ ၀န်ကြီးချုပ်ရုံးထံ ပွဲခွင့်ပြုမိန့် တောင်းခံထားဆဲမှာပင် သုဝဏ္ဍကွင်း အာဏာပိုင်များက   အစီအစဉ် ပြန်လည်ရုပ်သိမ်းရန် သောကြာနေ့တွင် အကြောင်းကြားလာခြင်းဖြစ်သည်။

တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဖြစ်မြောက်ရေးကော်မတီတွင် NLDပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ဥက္ကဋ္ဌ၊ ပညာရေးကွန်ယက်တွင် ဦးဖြိုးမင်းသိန်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။

ယင်းရန်ပုံငွေ ဖျော်ဖြေပွဲကို NLD ပါတီ၊  NLD ပါတီနှင့်ချိတ်ဆက် ဆောင်ရွက်နေသော ပညာရေးကွန်ယက်အဖွဲ့များနှင့် အနုပညာရှင်များက ပူးပေါင်းစီစဉ်ကြခြင်းဖြစ်သည်။

“၁၆ ရက်နေ့မှာ အမျိုးသမီးအားကစားပွဲနဲ့ တိုက်နေလို့ ဒီရက်ကို မလုပ်ဖို့ ကျနော်တို့ကို ပြောလာပါတယ်။ အခုက နောက်ဆုတ်ခိုင်းတယ်ဆိုတာ ရက်ရွှေ့ပေးဖို့ မဟုတ်ပါဘူး။ မလုပ်ဖို့ ပြန်ရုပ်သိမ်းခိုင်တာပါ။”ဟု ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ကိုဖြိုးမင်းသိန်းက မဇ္ဈိမကိုပြောသည်။ အားကစား ၀န်ကြီးဌာန လက်အောက်ရှိ သုဝဏ္ဍအားကစားကွင်း လုံခြုံရေးတာဝန်ခံ ဒုရဲမှူးကြီး စိုးသန်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သည်ဟု ဆိုသည်။

ပွဲကျင်းပမည့်ရက်အား အားကစာကွင်း တာဝန်ရှိသူများနှင့် တိုင်ပင်ကာ သဘောတူ ရွေးချယ်ခဲ့ပြီးနောက်  ပွဲခွင့်ပြုမိန့်အတွက် လိုအပ်သော နယ်မြေဒေသခံ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာများရယူကာ  ရန်ကုန်တိုင်းအစိုးရသို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီက ပြောသည်။

ယင်းရန်ပုံငွေပွဲအား မူလအစီအစဉ်အတိုင်း ကျင်းပလိုကြောင်း  ဦးဖြိုးမင်းသိန်းက “အခက်အခဲတွေကတော့ လက်မှတ်တွေလည်း ကြိုရောင်းထားတယ်၊ အနုပညာရှင်တွေနဲ့လည်း ပြောဆိုထားတာတော့ အခက်အခဲတွေကတော့ အများကြီးပေါ့။”ဟု  ပြောသည်။ ကြိုတင်လက်မှတ် ရောင်းရငွေ ၁၅ သိန်းခန့် ရရှိနေပြီး ပွဲကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရုံးသို့ တင်ပြသွားမည်ဟုဆိုသည်။

NLD ပါတီအား ပြန်လည်မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင်များ တက္ကသိုလ်ရိပ်သာလမ်းရှိ
ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံခဲ့ကြပြီး တိုင်းရင်းသားများ ပညာရေးအတွက် ကူညီရန် ဂီတရန်ပုံငွေပွဲကို စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

ပွဲဖြစ်မြောက်ရေး ကော်မတီမှ  ဦးဝင်းတင်၊ ပညာရေးကွန်ယက် လှုပ်ရှားသူများနှင့် ဂီတ အနုပညာရှင်များက ရန်ကုန်မြို့ ဆာကူရာ တာဝါတွင် ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းစာရှင်းပွဲတရပ်ပြုလုပ်ကာ ပွဲကျင်းပရေး အစီအစဉ်များကို ကြေငြာခဲ့သည်။

ဂီတပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီမှ ည ၁၀ နာရီအထိ ပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

Emperor၊ Metalzone၊ Lazy Club၊ Big Bag၊  Plus 3၊ Spectrum၊ Reason​ ၊ Wanted ၊ Vertical Vibration, The Tree အစရှိသည့် တီဝိုင်းများ နှင့်အတူ နာမည်ကျော် ဂီတ အနုပညာရှင် ၅၀ ကျော်က မေတ္တာဖြင့် ကူညီသီဆိုကြ မည်ဖြစ်သည်။

ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏  အတ္ထုပတ္တိအား  ရုပ်ရှင်ရိုက်ကူးစေလိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်
နှင့်  မြန်မာ့ရုပ်ရှင်လောကမှ နာမည်ကျော် သရုပ်ဆောင်များ၊ အတတ်ပညာရှင်များနှင့်လည်း ဒီဇင်ဘာလ ငါး ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
By သဲသဲ --- နယူးဒေလီ(မဇ္ဈိမ)

NLD ပါတီ ပြန်လည်တည်​ထောင်ခွင့်​အဖွဲ့​ဝင်များ​ စစ်​ဆေး​ခံ​နေရ

အန်အယ်လ်ဒီပါတီ ပြန်လည်တည်​ထောင်ခွင့်​ရဖို့​အတွက် ​လျှောက်ထား​ခဲ့​တဲ့​ ၂၁ ဦး​ပါ အဖွဲ့​ဝင်​တွေကို နယ်​မြေခံသတင်း​တပ်ဖွဲ့​နဲ့​ စုံစမ်း​စစ်​ဆေး​ရေး​(စစစ) အဖွဲ့​ဝင်​တွေက စစ်​ဆေး​နေတယ်လို့​ သိရပါတယ်။
မ​​ကွေး​ တိုင်း​ သတင်း​တပ်ဖွဲ့​က လာ​ရောက် စစ်​ဆေး​သွား​တာနဲ့​ ပတ်သက်ပြီး​ ပထမ ၂၁ ဦး​ထဲမှာ ပါဝင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် မ​ကွေး​တိုင်း​က ​ဒေါ်ခင်​စော​ဌေး​က အခုလို ​ပြောပါတယ်။
“အန်တီကို စစ်တာ​တော့​ ဒီဇင်ဘာ ၁ ရက်နဲ့​ ၂ ရက်​လောက်က။ မ​ကွေး​တိုင်း​ကကို ဆင်း​လာတာ။ ရဲသတင်း​ အထူး​တပ်ဖွဲ့​လို့​ ​ခေါ်မှာ​ပေါ့​။ ​နောက်ပြီး​တော့​ စသုံး​လုံး​က သပ်သပ်။ ပြည်ထဲ​ရေး​လက်​အောက်ကလို့​ ​ပြောတယ်။ နှစ်ဖွဲ့​လာတယ်။ သူတို့​က ရဲနဲ့​ မဆိုင်ဘူး​တဲ့​။”
၂၁ ဦး​ အဖွဲ့​ဝင်​တွေရဲ့​ နိုင်ငံခြား​က အ​ထောက်အပံ့​ခံရတာ ရှိသလား​ ဆိုတာကိုလည်း​ အဓိက စစ်​ဆေး​တယ်လို့​ အစစ်​ဆေး​ခံရတဲ့​ ​ဒေါ်ခင်​စော​ဌေး​က ​ပြောပါတယ်။
“အန်တီတို့ ​ကိုလည်း​ ကိုယ်​ရေး​ရာဇဝင် လာစစ်တယ်​လေ။ အဓိက သူတို့​လိုချင်တဲ့​ အချက်က မူး​ယစ်​ဆေး​ဝါး​နဲ့​ ကင်း​လွတ်သလား​၊​ နိုင်ငံခြား​အဖွဲ့​တွေက ​ထောက်ပံ့​မှု ခံရသလား​၊​ အန်ဂျီအို (အစိုး​ရမဟုတ်​တော့​ အဖွဲ့​အစည်း​) ​တွေနဲ့​ ဆက်သွယ်သလား​၊​ ဒါ​တွေ အဓိက ထား​တာ​လေ။ ​နောက်ပြီး​ အန်တီတို့​ကို ဘာသင်တန်း​တွေ တက်​သေး​လဲ၊​ ဘာလဲ​ပေါ့​။ သူတို့​က နိုင်ငံခြား​က အသင်း​တွေကို တရား​မဝင် အဖွဲ့​အစည်း​လို့​ သတ်မှတ်တာကိုး​။ သူတို့​က ကိုယ်​ရေး​ရာဇဝင်​တွေကို ယူသွား​တာ​ပေါ့​။ ယူပြီး​တော့​ အန်တီတို့​ ဓာတ်ပုံနဲ့​ ယူသွား​တယ်။ အန်တီတို့​ကလည်း​ ရိုး​ရိုး​သား​သား​ လုပ်တဲ့​သူဆို​တော့​ ​ပေး​တယ်​လေ။”
အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ ချုပ်က​နေ ပါတီပြန်လည်တည်​ထောင်ခွင့်​ရဖို့​ ​လျှောက်ထား​ရမှာ တိုင်း​နယ် ပြည်နယ်က လူငယ်နဲ့​ အမျိုး​သား​သမီး​တွေကို အဓိကထား​ပြီး​ စုစု​ပေါင်း​ ၂၁ ဦး​နဲ့​ နိုဝင်ဘာလ ၂၄ ရက်​နေ့​က ဖွဲ့​စည်း​ခဲ့​ပါတယ်။
အဲဒီ ၂၁ ဦး​ကို ဥပဒအရ လွတ်ကင်း​မှသာ နိုင်ငံ​ရေး​တည်​ထောင်ခွင့်​ကို ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်က ခွင့်​ပြုမယ်လို့​ သိရပါတယ်။ 
DVB

တရုတ်အစိုးရကကချင်စစ်ပြေးဒုက္ခသည်များကို စတင် နှင်ထုတ်

မြန်မာပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တရုတ်ဖက်ခြမ်းရှိ ကချင်စစ်ပြေးဒုက္ခသည် အားလုံး နေရပ်ပြန်ကြရန် တရုတ်အစိုးရက ပထမအကြိမ် စတင်နှင်ထုတ်လာသည် ဟု ဒုက္ခသည်များ ပြောသည်။

ကချင်ဒုက္ခသည်များထံသို့လည်း တရုတ်အုပ်ချုပ်ရေးအရာရှိများနှင့်စစ်သားများ ရောက်ရှိလာကာ နေရပ်ပြန်ကြရန် မောင်းထုတ်သည်ဟု ဒုက္ခသည်များပြောသည်။

တရုတ်အရာရှိများက “မင်းတို့ ဒီမှာမနေကြနဲ့၊ မင်းတို့မြန်မာပြည်ကိုပြန်ကြပါ။” ဟု မနေ့က နှစ်ကြိမ် လာရောက် ပြောဆိုသွားသည်ဟု မြန်မာနယ်စပ် လွယ်ဂျယ်မြို့တဖက်ခြမ်း လာရင်း (La Ying) ရောက် စစ်ပြေးဒုက္ခသည်တစ်ဦး ပြောသည်။

ဒီဇင်ဘာ ၈ ရက်နေ့က ယူနန်ပြည်နယ်၊ ဒေဟောင် ကချင်နှင့်ရှမ်းတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုံချွမ် အစိုးရအရာရှိ ၄ ဦးသည် နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၀ူရာဘွမ် (Ura Bum)ရုံးသို့ လာရောက်၍ ဒုက္ခသည်များ နေရပ်ပြန်ကြရန် ပြောဆိုသွားသည်ဟု ဆိုသည်။

သို့သော် ဒီဇင်ဘာ ၉၊ သောကြာနေ့ ညနေပိုင်းထိ ဒုက္ခသည်များ နေရပ် မပြန်ဘဲ တင်းခံနေသည်ကို “ဘယ်သူက ဖယ်ပေးကြမှာလဲ၊ ဟိုဖက်ကမ်းက နေလို့မှ မရတာ။ တရုတ်တွေ ဘယ်လိုပဲ မောင်းထုတ်မောင်းထုတ်၊ ကျောပိုးပြီး ခေါ်ထုတ်ပေမဲ့ ပြန်ဝင်လာမှာပဲ။” ဟု ဒုက္ခသည်တစ်ဦး ကချင်သတင်းဌာန သို့ ပြောသည်။

ယင်းနှင့်ပတ်သက်၍ KIO စစ်ပြေးဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ က “မိမိတို့ ပြည်သူတွေကို တရုတ်နိုင်ငံထဲ ထွက်ပြေးဖို့ လမ်းညွှန်ခဲ့တာမဟုတ်ဘူး။ ဒါကို သဘောတူပါတယ် လို့ တရုတ်အစိုးရရှေ့မှာ ၀န်ခံမှာ မဟုတ်ဘူး။ ပြန်လို့ရတယ် မရဘူးဆိုတာ စစ်ရှောင်တဲ့ပြည်သူတွေက ဆုံးဖြတ်ပါစေ။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံမှာ နေလို့မရဘူးဆိုရင် KIO နယ်မြေမှာ လက်ခံဖို့လုပ်ထား တယ်။” ဟု ကချင်သတင်းဌာနသို့ ပြောသည်။

ကချင်ပြည်နယ်အရှေ့တောင်ဘက် KIA တပ်မဟာ ၃ ဒေသ တရုတ်နိုင်ငံဖက်ခြမ်း နယ်စပ်တစ်လျှောက် လာရင်းနှင့် နောင်တော (Nongdao) စခန်းများတွင် စစ်ပြေးဒုက္ခသည် ၆၇၀၀ ကျော် ရောက်ရှိနေသည်ဟု ယနေ့ထုတ် WPN စစ်ပြေးဒုက္ခသည်စာရင်းက ဆိုသည်။

၎င်းတို့သည် မန်မော် (ဗန်းမော်)မြို့နယ်၊ အင်မောက် (မိုးမောက်)မြို့နယ်၊ မန်ဂျေ (မံစီ)မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်(ရှမ်းမြောက်)များမှ စုစုပေါင်း ကျေးရွာ ၅၆ ခုမှဖြစ်သည်ဟု ကျေးရွာအမည်နှင့်တကွ ဖော်ပြထားသည်။

စာရင်းပြုစုသူ WPN (Wunpawng Ninghtoi) သည် KIO အရှေ့ပိုင်းတိုင်းဌာနချုပ် မိုင်ဂျာယန်အခြေစိုက် စစ်ပြေးဒုက္ခသည်များကို အကူအညီပေးနေသည့် အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ၆ လ တာကာလအတွင်း နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီများ လုံးဝ မရရှိသေးသည့်အပြင် ယခုနောက်ဆုံး တစ်လအတွင်း စစ်ပြေးဒုက္ခသည်များ ယခင်ထက် ၂ ဆ တိုးလာသည်။

ယခုအခါ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေးကြသူများသည် မြန်မာအစိုးရထိန်းချုပ်သည့်မြို့ပေါ်ဒေသများ၊ KIO ထိန်းချုပ်သည့်တရုတ်နယ်စပ်ဒေသများနှင့် တရုတ်နိုင်ငံထဲသို့ ရောက်ရှိနေသူများ ၅၀၀၀၀ ကျော်ပြီဟု ဆိုသည်။

KNG
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်