ဒေါ်အောင်ဆန်းစုကြည်အား ဝေါလ်စထရိဂျာနယ်က တွေ့ဆုံမေးမြန်းခြင်း ( အပိုင်း ၁ )
ဘယ်တုန်းကနဲ့မှ မတူအောင်ကို ရှေ့ကို ကောင်းကောင်းမြင်ရတဲ့ အခြေအနေတစ်ခုကို ရောက်နေပါပြီ။
            မြန်မာ့နိုင်ငံရေးတွင် အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အား ဝေါလ်စထရိဂျာနယ်က နိုဝင်ဘာ ၂၁ ရက်နေ့တွင် တွေ့ဆုံမေးမြန်းထားသည်များကို ဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။
ဝေါလ်စထရိ ။                   ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အစစ်အမှန်တွေလို့ ခံစားရပါသလား။ ခံစားရတယ်ဆို ဘယ်ဟာတွေကို အစစ်အမှန်လို့ ခံစားရပါပြီလဲ၊ သိချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ။    ။ အားရစရာတွေကို ပြောရမယ်ဆိုရင်တော့ အခု အစိုးရသစ်တက်ပြီးနောက်ပိုင်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရတဲ့ကိစ္စတွေ၊ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေးရတဲ့ ကိစ္စတွေကို အားရပါတယ်၊ အရင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တုန်းက တွေ့ဆုံဆွေးနွေးခဲ့ရတဲ့အခြေအနေတွေထက် အများကြီး အားရစရာ ကောင်းလာတယ်လို့ ခံစားရပါတယ်။ ပိုပြီးလည်း စစ်မှန်လာတယ်လို့ ခံစားရပါတယ်။ ခုဆို သတင်းမီဒီယာတွေအနေနဲ့လည်း အရင်ကထက်ပိုပြီး အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာ ပါဝင်ခွင့်ရလာတာ တွေ့ရပါတယ်။ ဒါလည်း အားရစရာကောင်းတဲ့ တစ်ချက်ပါ။ သတင်းလွတ်လပ်ခွင့်လည်း အရင်ကထက် ရလာတာ တွေ့နိုင်ပါတယ်။ ယေဘုယျ ခြုံပြောရရင် လူတွေဟာ နိုင်ငံရေးမှာ အရင်ကထက် စိတ်ပေါ့ပေါ့ပါးပါးနဲ့ ဝင်လုပ်ကိုင်ရဲလာတာ အားလုံးအမြင်ပါပဲ။ ခုအချိန်ဟာ နိုင်ငံရေးလုပ်ဖို့ဆို လန့်နေရတဲ့ အရင်ကလို အခြေအနေမျိုး မဟုတ်တော့ပါဘူး။ တော်တော် ပြောင်းလဲလာတာတွေ့ရပါတယ်။ ဒီအပြောင်းအလဲဟာ အားရစရာ အပြောင်းအလဲ၊ အရေးကြီးတဲ့ အပြောင်းအလဲလို့ ပြောနိုင်ပါတယ်။ ခုလို လူတွေ နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ် ပူးပေါင်းပါဝင်နိုင်ဖို့ဟာ နိုင်ငံတစ်နိုင်ငံအတွက် တစ်ကယ့်ကို အရေးကြီးပါတယ်။
ဝေါလ်စထရိ ။                   ။ အခုအခြေအနေတွေဟာ အရင်တစ်ခေါက် ရွေးကောက်ပွဲတုန်းကနဲ့ ဘယ်လို ကွာခြားမှုရှိပါသလဲ။
ဒေါ်အောင်ဆန်းစုကြည် ။    ။ အခုအခြေအနေလောက် ပွင့်ပွင့်လင်းလင်း ရှိလာတဲ့အခြေအနေကို မကြုံဖူးသေးပါဘူး။ လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးပေမယ့် ပန်းတိုင် သွားရမယ့် လမ်းကိုတော့ ဘယ်တုန်းကနဲ့မှ မတူအောင်ကို ရှင်းရှင်းလင်းလင်း ပိုမြင်လာရပါပြီ။
ဝေါလ်စထရိ ။                   ။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စအပါအဝင် အကြောင်းအရာ အတော်များများကို အစိုးရနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်လောက လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက် ပါလာတာလည်း တွေ့ရပါတယ်။ ဒီလိုပါလာတာ ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် အထဲမှာ ကျန်နေသေးတဲ့လူတွေနဲ့စာရင် လွတ်လာတာက နည်းလွန်းနေပါသေးတယ်။ အထဲမှာ ကျန်နေတဲ့လူတွေရဲ့ ရှေ့ရေးကရော ဘယ်လိုရှိပါသလဲ။
ဒေါ်အောင်ဆန်းစုကြည် ။    ။ ဟုတ်ပါတယ်၊ အမြန်ဆုံး ပြန်လွှတ်ပေးသင့်တဲ့ အဓိက နိုင်ငံရေးအကျဉ်းသား အတော်များများ အထဲမှာ ကျန်နေပါသေးတယ်။
ဝေါလ်စထရိ ။                   ။ နောက်ထပ်လွှတ်မယ့် အရိပ်အယောင် ရှိပါသလား။
ဒေါ်အောင်ဆန်းစုကြည် ။    ။ ဖြစ်နိုင်ချေရှိပါတယ်။
ဝေါလ်စထရိ ။                   ။ နောက်ထပ်လွှတ်ပေးမယ့် အရိပ်အယောင်မျိုး အစိုးရဆီမှာ တွေ့ရပါသလား။
ဒေါ်အောင်ဆန်းစုကြည် ။    ။ အစိုးရအကြံပေးပုဂ္ဂိုလ်တွေနဲ့ အခြား ပုဂ္ဂိုလ်တွေဆီက ကြားရသလောက်တော့ မကြာခင် ထပ်လွှတ်ပေးနိုင်ချေရှိတယ်လို့ သိရပါတယ်။
ဝေါလ်စထရိ ။                   ။ အခုအချိန်မှာ မြန်မာနိုင်ငံ ရင်ဆိုင်ကျော်လွှားရမယ့် အရေးအကြီးဆုံး ပြဿနာက ဘာလဲ။
ဒေါ်အောင်ဆန်းစုကြည် ။    ။ ပြည်သူအားလုံး အားထား ယုံကြည်နိုင်တဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ရှိဖို့ပါ။ နိုင်ငံရေးနယ်ပယ်မှာတင် မဟုတ်ပါဘူး။ စီးပွားရေး နယ်ပယ်မျိုးမှာလည်း တိကျပြီး အားလုံး အားကိုး ယုံကြည်နိုင်တဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ပြဌာန်းပေးနိုင်ဖို့ လိုပါတယ်။ ဥပမာ ဆိုကြပါစို့၊ ပြည်ပကနေ ပြည်တွင်းမှာ လာပြီး ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေ ဆိုပါစို့။ သူတို့ကို အိမ်ရှင်နိုင်ငံက ဘယ်လို အခြေအနေတစ်ခု သတ်မှတ်ပေးမယ်ဆိုတာ တိတိကျကျ မသိရဘဲနဲ့ ဒီမှာ လာပြီး ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါဘူး။ သူတို့နဲ့ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်တွေအတိုင်း တိတိကျကျ လုပ်ပေးဖို့ အာမခံချက်ပေးနိုင်တဲ့ ဥပဒေမျိုး မရှိဘူးဆိုရင် သူတို့ ဘယ်လာလုပ်ချင်မှာလဲ၊ အဲ့လိုပဲ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ ဖောက်ဖျက်ရင် တိုင်စရာ တရားရုံး၊ အရေးယူနိုင်စရာ ဥပဒေ တိတိကျကျ မရှိရင် ဘယ်လာလုပ်ချင်မှာလဲ။ ဒါ ဥပမာအနေနဲ့ ပြောတာပါ။ အဓိက ပြောချင်တာက လူတိုင်း ယုံကြည်ကိုးစားနိုင်မယ့် ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ နယ်ပယ်တိုင်းမှာ ရှိနေအောင် လုပ်ထားဖို့ လိုအပ်နေတဲ့အကြောင်း ပြောချင်တာပါ။
ဝေါလ်စထရိ ။                   ။ ဒီနေ့ မြန်မာနိုင်ငံကို အဓိက မောင်းနှင်နေတာ ဘယ်သူလဲ။
ဒေါ်အောင်ဆန်းစုကြည် ။    ။ သမ္မတဟာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ပါ။ တစ်ခုပြောစရာရှိတာက သမ္မတကို ဘယ်သူတွေက ဘယ်လောက် ထောက်ခံ သဘောကျကြလဲဆိုတာကိုတော့ လူတွေက မေးခွန်းထုတ်နေကြပါတယ်။ အရပ်သား အစိုးရတွင်းကရော သမ္မတကို ဘယ်လောက်ထောက်ခံကြလဲ၊ စစ်တပ်ကရော သမ္မတကို ဘယ်လောက်ထောက်ခံကြလဲဆိုတာတော့ လူတွေက မေးခွန်းထုတ်နေကြပါတယ်။ ဘယ်နိုင်ငံသမ္မတဖြစ်ဖြစ် စစ်တပ်ရဲ့ ထောက်ခံမှုကို ရထားဖို့ လိုတယ်ဆိုတာ ကျွန်မလည်း မငြင်းပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတအဖို့ ရထားဖို့ လိုအပ်တဲ့ ထောက်ခံမှုတစ်ခုပါ။ ဦးသိန်းစိန်ဟာ အပြည့်မဟုတ်တောင် မြန်မာနိုင်ငံကို အဓိက မောင်းနှင်နေတဲ့ လူတစ်ယောက်လို့ ပြောရမှာပါပဲ။
ဝေါလ်စထရိ ။                   ။ အငြိမ်းစာယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်ရောက်နေတယ် ကြားမိပါသလဲ၊ ဗိုလ်ချုပ်မှူးကြီးနဲ့ကော အဆက်အသွယ်ရှိပါသလား။
ဒေါ်အောင်ဆန်းစုကြည် ။    ။ အဆက်အသွယ်မရှိပါဘူး။ ကောလဟာလတွေကတော့ ပေါင်းစုံအောင် ထွက်နေတာပေါ့လေ။ လုံးဝ အနားယူသွားပြီ၊ နိုင်ငံရေးလောကနဲ့ လုံးဝ မပက်သက်တော့ဘူးလို့ ပြောတဲ့လူတွေလည်း ရှိတယ်၊ နိုင်ငံရေးလောကကို တစ်ကျော့ပြန် ဝင်လာဦးမယ်လို့ ပြောတဲ့လူတွေလည်း ရှိတယ်။ ကျွန်မကတော့ ဒါတွေအားလုံးကို ကောလဟာလအနေနဲ့ပဲ သက်မှတ်ထားပါတယ်။ မြန်မာပြည်ရောက်တဲ့ နိုင်ငံခြား သတင်းသမားတစ်ယောက် အကျင့်ရအောင် လုပ်ထားရမယ့်ထဲမှာ ကောလဟာလတွေလည်း ပါပါတယ်။ ကောလဟာလနောက်ကို မလိုက်မိအောင် ကျင့်ထားဖို့ လိုပါမယ်။ ခုကိစ္စနဲ့ပက်သက်ပြီး ထင်သာမြင်သာ အားကိုးထိုက်တဲ့ သတင်းထုတ်ပြန်ချက် မရှိပါဘူး။ ဒီတော့ လူတွေဟာ ကိုယ်ထင်ရာ ကိုယ်ပြောပြီး ကောလဟာလတွေ အမျိုးမျိုး ဖြစ်နေတာပါပဲ။
ဝေါလ်စထရိ ။                   ။ မြန်မာနိုင်ငံမှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ဟုတ်ပါသလား။
ဒုတိယပိုင်း ဆက်လက်ဖော်ပြပါမည်--
by မက်စင်ဂျာ ဂျာနယ်
Shell မြန်မာပြည်ပြန်လာချင်
ဘန်ကောက်အခြေစိုက် နေးရှင်းသတင်းစာ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေမှုကို ၁၈ နှစ်ကျော် ရပ်ဆိုင်းထားခဲ့သည့် အင်္ဂလန်-ဒတ်ခ်ျ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးဖြစ်သည့် Shell က  ပြန်လည်ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေသည်ဟု သိရှိရသည်။ Shell က ထိုင်းနိုင်ငံပိုင် ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့်  PTTEP နှင့် အကျိုးတူပူးပေါင်းရန် စဉ်းစားလျက်ရှိနေပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးလာသော ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု နေးရှင်း သတင်းစာက ရေးသားခဲ့ခြင်း ဖြစ်သည်။ PTTEP အနေဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် မြန်မာနိုင်ငံအတွင်းရှိ ရေနက်ကမ်းလွန်လုပ်ကွက် M11 တွင် Shell ကုမ္ပဏီက ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေကြောင်း သိရသည်။ လွန်ခဲ့သည့် သြဂုတ်လက PTTEP ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ Anon Sirisaengtaksin က ဘန်ကောက်ပို့ သတင်းစာသို့ ပြောကြားရာ တွင် M11 လုပ်ကွက် အနေအထားအရ ရှာဖွေရန်ခက်ခဲသည့် နေရာတွင် ရှိသဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီတစ်ခု အလိုရှိနေသည်ဟု ဆိုခဲ့သည်။ “လုပ်ကွက်က ပင်လယ်ရေအောက် (၁) ကီလိုမီတာ အနက်မှာ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ မိတ်ဖက်လိုအပ်ပါတယ်” ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ M11 လုပ်ကွက်သည် (၇၂၇၈) စတုရန်း ကီလိုမီတာရှိပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်တောင်ဘက် မုတ္တမပင်လယ်ကွေ့တွင် တည်ရှိသည်။ Shell ကုမ္ပဏီသည် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးတွင် ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံသို့ ၁၉၈၉ ခုနှစ် အောက်တိုဘာလတွင် လာရောက်ခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ရှာဖွေခဲ့သည်။ ၁၉၉၃ ခုနှစ် မတ်လတွင် Shell ၏ မြန်မာနိုင်ငံ ကုမ္ပဏီခွဲဖြစ်သည့် Myanmar Shell B.V ကုမ္ပဏီသည် ပဲခူးရိုးမဒေသရှိ ကုန်းတွင်း ရေနံရှာဖွေရေးလုပ်ငန်းမှ ရလဒ်မကောင်းသည့် တူးဖော်တွေ့ရှိမှုများကြောင့် ရှာဖွေတူးဖော်ခြင်းများ ရပ်ဆိုင်းခဲ့သည်။ Shell ကုမ္ပဏီသည် ၁၉၉၃ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားချိန်၌ နိုင်ငံခြား ရေနံကုမ္ပဏီ (၉) ခုတို့သည် မြန်မာနိုင်ငံတွင် ရှာဖွေတူးဖော်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ယခုအခါ ကမ္ဘာပေါ်တွင် ထင်ရှားသည့် အင်္ဂလန်-ဒတ်ခ်ျ နိုင်ငံတကာ ရေနံကုမ္ပဏီကြီး Shell သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေပြီဖြစ်ကြောင်း သိရသည်။
အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုပေါ်ပြီ
အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုပေါ်ပြီ
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး မူဝါဒအရ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက ရန်ကုန် ဆိပ်ကမ်းများ၌ ဖြစ်ပွားခဲ့သော တရားမဝင် ကား ၃၃ စီး တင်သွင်းမှုကို စုံစမ်း စစ်ဆေးခဲ့ရာ အကောက်ခွန်ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုတွင် ပါဝင် ပတ်သက်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သက်ဆိုင်ရာမှ စုံစမ်း သိရှိရသည်။
အေးရှားဝေါလ် ဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်းတို့တွင် ယခုနှစ်အတွင်း Super Custom ကားများနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ ကားများ အစီးလိုက် သော်လည်းကောင်း၊ ပစ္စည်းများ တစ်စစီ ဖြုတ်၍ သော်လည်းကောင်း တင်သွင်းခဲ့ ကြရာ တရားမဝင် လိုင်စင်မဲ့ ကား ၃၃ စီး တင်သွင်းခဲ့မှု ပေါ်ပေါက်ခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပွားသည်နှင့် ဘဏ္ဏာရေးနှင့် အခွန် ဝန်ကြီးဌာနက အဖွဲ့ဝင် သုံးဦး ပါဝင်သော အထူး စုံစမ်းစစ်ဆေးရေး ခုံသမာဓိ အဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည့် အပြင် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာနကလည်း တရားဝင် စစ်ဆေးခဲ့ကာ အကောက်ခွန် ဝန်ဆောင်မှု ဆိုင်ရာ အေဂျင်စီများ ကိုလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးချက် ဆိုင်ရာ အစီရင်ခံစာကို ဘဏ္ဏာရေးနှင့် အခွန် ဝန်ကြီးဌာန အပါအဝင် အကြီးအကဲများထံ တင်ပြထားပြီး ဖြစ်ကြောင်း၊ အဆိုပါ အစီရင်ခံစာတွင် အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုတွင် ပါဝင်သည်ကို သိရှိရကြောင်း သက်ဆိုင်ရာမှ တာဝန်ရှိသူများက The Voice Weekly သို့ တရားဝင် ပြောဆိုသည်။
" စသုံးလုံးက အပြင်က အကောက်ခွန် ဝန်ဆောင်မှု အေဂျင်စီတွေ ကိုလည်း လိုအပ်တာတွေ ခေါ်ယူ မေးမြန်းတယ် " ဟု ရန်ကုန် မြို့တော် အခြေစိုက် အကောက်ခွန် ဝန်ဆောင်မှု အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်မည်ဟု မကြာခဏ ဆိုသလို မိန့်ခွန်းများတွင် ထည့်သွင်း ပြောကြားခဲ့ပြီး နိုင်ငံ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးရန် လာဘ်ပေး လာဘ်ယူစနစ် ပပျောက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်၊ ဘဏ္ဏာရေးနှင့် အခွန် ဝန်ကြီးဌာန အကြံပေး အဖွဲ့ဝင် ရန်ကုန် စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း အပါအဝင် စီးပွားရေး ပညာရှင်များက တညီတညွတ်တည်း ထောက်ပြပြောဆို ကြသည်။
The Voice
ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများကို အထူးကိစ္စတစ်ရပ်အနေနဲ့ ဆောင်ရွက်သွားရမှာဖြစ်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း
နိုဝင်ဘာ ၂၅ - ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့အစည်းအဝေးအပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက နိုဝင်ဘာ ၂၅ ရက်နေ့မွန်းလွဲပိုင်းတွင် မီဒီယာများနှင့်တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ် ပြောကြားချက်များမှ ကောက်နှုတ်ချက်များကို ဖေါ်ပြလိုက်ပါသည်။
-       NLD ကြားဖြတ်ရွေးကောက်ပွဲဝင်လာလျှင် ၀မ်းမြောက်ဝမ်းသာကြိုဆိုရမှာဖြစ်
-       ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများတွင် ဆူပူမှုတွင်မပါဝင်ဘဲ အမှန်တကယ် နိုင်ငံရေးကိစ္စသာ ဆောင်ရွက်ခဲ့သူများကို အထူးကိစ္စတစ်ရပ်အနေနဲ့ ဆောင်ရွက်သွားရမှာဖြစ်
-       ဗိုလ်ချုပ်မှုးကြီးသန်းရွှေ(အငြိမ်းစား)မှာ အမှန်တကယ်အနားယူသွားပြီဖြစ်။
တပ်မတော်ကရော ပြည်ထောင်စုကြံ့ခိုင်ရေးနာယကအဖြစ်ကပါ အနားယူသွားပြီဖြစ်။
-       အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းသည် အမေရိကန်ပြည်ထောင်စု၏ အရေးပါအရာရောက်တဲ့သူ လာရောက်မှာဖြစ်တဲ့အတွက် ၀မ်းမြောက်ဝမ်းသာကြိုဆို
-       မြန်မာ-အမေရိကန်ဆက်ဆံရေးသည် ယခင်က ပုံမှန်ဆက်ဆံရေးပင်မရှိခဲ့။ အခုဆိုရင် ပုံမှန်ဆက်ဆံရေးမှာ အလွန့်အလွန်ကောင်းသွားပြီဖြစ်။ အရင်ကဆို နှစ်နိုင်ငံသံအမတ်ပင် မရှိခဲ့။ အခု ဟီလာရီကလင်တန်လာမယ်ဆိုရင် မြန်မာ-အမေရိကန်ဆက်ဆံရေး ပုံမှန်ဖြစ်ဖို့ လမ်းပွင့်သွားခဲ့။ နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးတိုးမြှင့်မယ်လို့ ထင်မြင်ယူဆ။
-       Sanction ကိစ္စကတော့ သူတို့(အမေရိကန်)ပြောလာရင်တော့ ပြောဖို့အစီအစဉ်ရှိ
ဒီSanction က မြန်မာပြည်သူတွေကို ထိခိုက်တဲ့အရာဖြစ်တယ်လို့ ပြောရမှာဖြစ်
-       ပုဂ္ဂလိကသတင်းစာများ မကြာမီပေါ်လာဖို့ရှိ
-       ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်လျှင် (၃) လကြိုတင်ထုတ်ပြန်ရ။ ယခုအချိန်ထိ မထုတ်ပြန်ရသေး၍ နောက် (၃)လအတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်သေး။
-       မြန်မာ-အမေရိကန်ဆက်ဆံရေးကြောင့် တရုတ်နှင့်ဆက်ဆံရေးမှာ ကျဆင်းသွားမည်မဟုတ်ဘဲ ပုံမှန်အတိုင်းဆက်ရှိနေမှာဖြစ်
ရန်ကုန်မီဒီယာအုပ်စု
Myanmar News Now
ယတြာ အားကိုးခဲ့ပေးမဲ့ အနားပေးခံရတဲ့ ၀န်ကြီးချုပ်ဦးခင်ဇော်
တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးခင်ဇော်
နေပြည်တော် နိုဝင်ဘာ ၂၅။
တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးခင်ဇော်အား တာဝန်မှအနားပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ယင်းသတင်းနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးက မှန်ကန်ကြောင်းအတည်ပြုပြောကြားခဲ့သည်။
ဦးခင်ဇော်အား မည်သည့်ကိစ္စဖြင့်အနားပေးလိုက်သည်ကိုမူရှင်းရှင်းလင်းလင်းမသိရပေ။သို့သော် ပြည်ပမီဒီယာများက ဦးခင်ဇော်အား ဆန်တင်ပို့ခွင့်ကိစ္စနှင့်ပတ်သက်သော အရှုပ်အထွေးများရှိကြောင်း မကြာမီကရေးသားခဲ့သည်။
ဦးခင်ဇော်သည် ယခင်အစိုးရလက်ထက်က ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် ကစထမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ရန်ကုန်မီဒီယာအုပ်စု သတင်းအရသိရပါတယ်။
 အခုလို တာဝန်က အနားမပေးခင်မှာ--
                             ဘုရာ…..တရား မြဲနေတဲ့ ၀န်ကြီးချုပ်ဦးခင်ဇော်
   ကုန်းပေါ်မှာ လည်းဝန်ကြီးချုပ်ရဲ့သစ္စာခံစားဖားသစ်သူခိုးတွေ ခိုးခုတ်နေလို့ တောထဲကရုက္ခစိုးတွေတောင်ဘုံ   ပျောက်နေပါပြီ၊ ဘယ်လိုစီမံခန့်ခွဲမှု၊ဘယ်လိုစေတနာတွေနဲ့အုပ်ချုပ်နေပါသလဲ….“၀“ တစ်လုံးစီမံခန့်ခွဲပညာပါလား၊ ဂေါ်ဇီလာကြီးခင်ဗျား…တိုင်းဒေသကြီးအစိုးရအဖွဲ့ထဲမှာလည်း ရွေးကောက်ပွဲ အနိုင်ရ၀န်ကြီးတွေကို နေရာမပေး..လုပ် ပိုင်ခွင့်မပေးဘဲ…ပညာပေးထားတာ….၀န်ကြီးတွေလဲပညာအပေးခံရလွန်းလို့မကြာခင် ပညာရှိတွေဖြစ်တော့မယ်၊
          …ကြောက်လို့ရှောင်ပြေးတာလား?
          …နေပြည်တောကလာမယ့်(၃)ဦး    စုံခုံ   ကိုကြောက်လို့လား?
          …မကြာခင်ကျင်းပမဲ့ကြားဖြတ်ရွေးကောက်ပွဲကိုတာဝန်ယူရမှာကြောက်လို့လားဆိုတာကတော့ဝန်ကြီးချုပ်  ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။
          ဂေါ်ဇီလာကြီးမရှိတော့  ဗိုလ်မှူးကြီးဇော်လွင်(ပြောင်ကြီး)သိပ်ပြီးတော့သောင်းကျန်းမနေနဲ့အုံးနော်…တော်ကြာ ပထွေးနောက်ပါသွားအုံးမယ်………..
          မြို့တော်ထားဝယ်ကမြို့သူမြို့သားများကတော့(ရှင်ကိုးရှင်)ဘုရားမှာ ၀န်ကြီးချုပ်အမြန်ဆုံးပြုတ်ပါစေလို့၊ပန်း သပြေညောင်ရေလောင်းရင်းတောင်းဆုပန်ချွေကာ၊ ၀န်ကြီးချုပ်ဘေးမသီရန်မခ ထားဝယ်ကိုပြန်ရောက်လာရင်သံပုံး  တီးတောထုတ်ဖို့ စောင့်ကြိုနေကြပါတယ်လို့ကြားရပါတယ်၊
          အာဏာလုပ်ပိုင်ခွင့်နဲ့စည်းစိမ်ယစ်မှုးပြီး မလုပ်သင့်တာ၊မပြောသင့်တာ၊မစီမံသင့်တာ၊တွေကိုတလွဲလုပ်တတ်တဲ့ ၀န်ကြီးချုပ်ဂေါ်ဇီလာဖတ်ဖို့ ဒီကဗျာတိုလေးတစ်ပုဒ်လက်ဆောင်ပေးလိုက်ပါတယ်၊ဖတ်ပြီးဆင်ခြင်နိုင်ပါစေ……….
                                                   သိလျက်နှင့်ပင်
                                         ရွှေညဏ်ရှင်မဝေခွဲနိုင်ဘု
                                                ပွဲတွေ့အမှား
 Myanmar News Now
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အနုပညာရှင်(၅၀)ကျော်တွေ့ ဆုံဆွေးနွေးပွဲ (ရုပ်/သံ)
25-11-2011ညနေ၃း၀၀နာရီတက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဂီတအနူပညာရှင်များ ရင်းနှီးခင်မင်စွာတွေ့ဆုံ..
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအတွက် သီချင်းထုတ်မယ် လာမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အင်န်အယ်လ်ဒီက အသုံးပြုမယ့်
တေးသီချင်းအသစ် ရေးစပ် သီဆိုရေးနဲ့ ပတ်သက်လို့ ဂီတ အနုပညာရှင်တွေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
Burma VJ Media Network
Myanmar News Now
တရုတ်က မြန်မာနိုင်ငံတွင် စွယ်တော် ဒစ်ပလိုမေစီကို စမ်းသပ် အသုံးပြု
(The Wall street Journal မှ 24, Nov 2011 ရက်စွဲပါ "China tests Buddha Tooth diplomacy in Myanmar" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)
တရုတ်နိုင်ငံသည် အခြားနိုင်ငံတစ်ခု၏ နွေးထွေး ချစ်ခင်မှုကို အပြည့်အဝ လိုချင်သည့် အချိန်မျိုးတွင် ပန်ဒါဝက်ဝံကို လက်ဆောင် ပေးပို့လေ့ ရှိသည်။ သို့သော် မြန်မာတို့ အတွက်မူ ဗုဒ္ဓမြတ်စွယ်တော် ကို အထူးတလည် ပို့ဆောင်လိုက်သည်။
ဗုဒ္ဓဘုရား၏ သွားဟု အများသိကြသော တရုတ်နိုင်ငံမှ စွယ်တော်သည် ၁၉၅၀ နောက်ပိုင်း ၄ကြိမ်မြောက် အဖြစ် မြန်မာနိုင်ငံသို့ ယခုလ အစောပိုင်းက ရောက်ရှိလာခဲ့ပြီး၊ ရောက်သည့် အခေါက်တိုင်း ကြီးမားသော ဘုရားဖူး ပရိတ်သတ်ကို ဆွဲဆောင်ခဲ့သည်။ လတ်တလော မြန်မာနိုင်ငံရောက် ဗုဒ္ဓ စွယ်တော်မြတ်ကို အဓိက မြို့တော် ရန်ကုန်သို့ မထွက်ခွာမှီ နေပြည်တော် အတွင်း ဆင်ဖြူတော်၊ ရတနာ ဖောင်တော်၊ စည်တော်များဖြင့် ဖြတ်သန်း၍ အပူဇော်ခံရာတွင် အရေအတွက် ကြီးမားသော ပရိတ်သတ်များက တန်းစီစောင်းဆိုင်း၍ ဖူးမျှော်ခဲ့ကြသည်။
စွယ်တော်မြတ်၏ ဒေသစာရီ ကြွချီမှုသည် နှစ်နိုင်ငံအကြား ဆက်ဆံရေး ကောင်းခြင်းကို ထိန်းသိမ်းလိုကြသော ခေါင်းဆောင်များအတွက် အချိန်ကိုက် ထွက်ပေါ်လာသော အခွင့်အလမ်းပင် ဖြစ်လေသည်။ တရုတ်တို့ ငွေကြေး စိုက်ထုတ်သော ၃.၆ ဘီလျံ ဒေါ်လာတန် မြစ်ဆုံတမံ တည်ဆောက်မှုကို ရပ်ဆိုင်းရန် မြန်မာနိုင်ငံက စက်တင်ဘာလအတွင်း ဆုံးဖြတ်လိုက်ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ရာ အရှေ့မြောက် အိမ်နီးခြင်း အင်အားကြီး နိုင်ငံအဖို့ မျှော်လင့်မထားသော စုံကန် ခံရမှုဟု ဆိုကြသည်။
ထိုအချိန်မှစ၍ နှစ်ဖက်စလုံးက ပျက်ပြားသွားသော ဆက်ဆံရေးကို အသည်းအသန် မွမ်းမံ ပြင်ဆင်ခဲ့ကြပြီး အခြေအနေ အားလုံး ကောင်းပါသည်ဟု ပြင်ပ ကမ္ဘာသို့ ပြသရန် ကြိုးစားခဲ့ကြလေသည်။ မြန်မာအာဏာပိုင်များ အနေဖြင့် ယင်းတို့၏ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကြောင့် အနောက်နိုင်ငံများက ချမှတ်ထားသော စီးပွားရေး ဒဏ်ခတ် အရေးယူမှု Sanctions များ၏ အကျိုးဆက်ကို တောင့်ခံနိုင်အောင် တရုတ် ရင်းနှီးမြှုပ်နှံမှုကို မဖြစ်မနေ လိုအပ်ခဲ့ချိန်တွင် တရုတ်တို့ကလည်း ကြွယ်ဝသော မြန်မာ့ သဘာဝ သယံဇာတများကို ပိုမို နှိုက်ယူရန် အာသာ ပြင်းပြခဲ့ကြသည်။ နှစ်နိုင်ငံ စလုံးက ဆက်ဆံရေး ခိုင်မာနေဆဲဟု အခိုင်အမာ ပြောဆိုကြသည့် တိုင်အောင် အကဲခတ် လေ့လာသူ အနည်းငယ်ကသာ သူတို့ အပြောကို ယုံကြည်ခဲ့သည်။
ယခု စွယ်တော်အကြောင်း ပြန်သွားကြရအောင်။ တရုတ်အစိုးရ အာဘော် Xinhua သတင်းဌာန၏ အဆိုအရ ဗုဒ္ဓစွယ်တော်သည် နိုဝင်ဘာ ၆ ရက်တွင် အထူး လေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး မြို့တော်ကို မိုး၍ တည်ထားသော ဥပါတသန္တိ စေတီတော် ဆီသို့ မပင့်ဆောင်မှီ လေဆိပ်တွင် ဘာသာရေး ဝတ်အသင်း အဖွဲ့ဝင် ၂၀၀၀ ခန့်က ကြီးမား ခမ်းနားစွာ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။
၄၈ ရက် ကြာမည်ဟု မျှော်လင့်ရသော စွယ်တော်မြတ်၏ ဒေသစာရီ ကြွချီမှုသည် ဗုဒ္ဓဘာသာဝင်တို့ အတွက် အဓိက ဖြစ်စဉ် တစ်ခု အဖြစ်သာမကပဲ တရုတ် - မြန်မာ ချစ်ကြည်ရေး၏ မှတ်တမ်းကောင်း တစ်ခု အဖြစ် ကိုယ်စားပြု နေသည်ဟု Xinhua က ဆိုသည်။ ထို့အပြင် နှစ်နိုင်ငံ ပြည်သူများ အကြား နားလည်မှု မြှင့်တင်ရေး၊ အပြန်အလှန် ယုံကြည်ရေးတွင် အရေးကြီးသော အပိုင်းမှ ပါဝင် လိမ့်မည်ဟု မျှော်လင့်ရကြောင်း Xinhua က သတင်း ထုတ်ပြန်သည်။ အင်္ဂါနေ့က သမ္မတ ဦးသိန်းစိန် နှင့် တရုတ် တာဝန်ရှိသူများ တက်ရောက်ကြသည့် ပူဇော် လှူဒါန်းပွဲအပြီးတွင် စွယ်တော်ကို ရန်ကုန်သို့ ပင့်ဆောင်သွားပြီ ဖြစ်၍ ထိုမှတဆင့် မန္တလေးသို့ ကြွချီမည်ဟု New Light of Myanmar သတင်းစာက သတင်း ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၌ စွယ်တော်သည် အလွန်ပင် ရေပန်းစား ကျော်ကြားလျက် ရှိသည်။ Wall Street Journal သတင်းထောက်၏ နိုဝင်ဘာ ၁၅ ရက် နေပြည်တော် ခရီးစဉ်တွင် အလွန် ကြီးမားသော ဥပါတ သန္တိ စေတီတော် လှေကားထစ်များပေါ်သို့ တက်နေကြသော အလွန်ကြီးမားသော လူထု ပရိတ်သတ်ကို မြင်တွေ့ခဲ့ရပေရာ Ghost Town ဟု ကျော်ကြားသော နေပြည်တော်၏ သတင်းမွှေးမှုကိုပင် ယုံရခက်ခက် ဖြစ်ခဲ့ရသည်။ စွယ်တော်အား လာရောက် ဖူးမျှော်သော လူထု ပရိတ်သတ် အရေအတွက်နှင့် လက်ခံ ရရှိသော လှူဒါန်းငွေများ၏ နောက်ဆုံး သတင်းများကို New Light of Myanmar သတင်းစာက အဆက်မပြတ် ထုတ်ပြန် ဖော်ပြခဲ့သည်။
တစ်ချိန်က သက်ဦးဆံပိုင် ပဒေသရာဇ် သဖွယ် အုပ်ချုပ်ခဲ့သော အာဏာရှင်ဟောင်း ဦးသန်းရွှေ သည်ပင် စွယ်တော် ဖူးရန်အတွက် နေပြည်တော် စေတီတော်တွင် ရှားရှားပါးပါး ပေါ်ထွက်လာခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦးကို ကိုးကား၍ ပြည်ပ အခြေစိုက် ဧရာဝတီ သတင်းဌာနက ဖော်ပြခဲ့သည်။ "နေ့ခင်းကြောင်တောင်ကြီးမှာ ရောက်လာတာဗျ" ဟု အခြား မျက်မြင် သက်သေ တစ်ဦးက ဆိုသည်။
တရုတ်တို့ အနေဖြင့် သူတို့၏ ရက်ရောမှု စေတနာအတွက် ဘာပြန်ရမလဲ ဆိုသည်ကိုမူ သဲကွဲစွာ မသိရသေးပါ။ မြန်မာ အစိုးရကမူ နိုင်ငံအတွင်း တရုတ်တို့ လွှမ်းမိုးလာမှု အတွက် ဟန်ချက် ထိန်းရန် ပြိုင်ဖက်အဖြစ် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး တိုးမြှင့်ရန် လတ်တလော ခြေသွက်လျက် ရှိလေသည်။ ထို့အပြင် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး လာရောက် လည်ပတ်မည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် နောက်လဆန်းတွင် ရောက်ရှိလာမည့် ဟီလာရီ ကလင်တန်ကို ကြိုဆိုရန် မျှော်မှန်းနေကြပြီ ဖြစ်သည်။
ယခုအခါ အနောက်နိုင်ငံ များထံမှ သတိထား ချီးကျူးမှုကို ဆွဲဆောင် နိုင်ခဲ့သော ပြုပြင်ပြောင်းလဲမှု အတော်များများကို ပြုလုပ် ပြသခဲ့ပြီ ဖြစ်သော်လည်း မြန်မာအစိုးရ အဓိက လိုလားနေသော Sanctions များ ရုတ်သိမ်းရေးကိစ္စကို အာမခံရန် အမေရိကန် တာဝန်ရှိသူများ ရည်ရွယ်ထားခြင်း မရှိသေးဟု သိရှိရသည်။
အကယ်၍ ဟီလာရီ ကလင်တန် အနေဖြင့် တရုတ်တို့၏ စွယ်တော် အသုံးချ ဒစ်ပလိုမေစီကို ကျော်လွှားရန် စီစဉ်ထားသည် ဆိုပါက ပိုမို ထူးခြား ပြောင်မြောက်သော အစီအစဉ်ကို ဖန်တီးရလိမ့်မည်ဟု အထက်ပါ အကြောင်းအရာ အားလုံးက ပြသလျက် ရှိသည်။
yangonchronicle
*****************************************************************************
China Tests Buddha-Tooth Diplomacy in Myanmar
Reuters
People parade with a rare white elephant and a vehicle carrying a sacred Buddha tooth relic from China in Yangon, Myanmar on Nov. 22.
When China wants another country to feel all warm and fuzzy, it sends a panda. But Myanmar gets something special: A sacred Buddha tooth.
The Chinese relic, reputed to be a tooth of the Buddha, arrived in Myanmar earlier this month for its fourth tour of the country since the 1950s, and it’s drawing big crowds wherever it goes. On Tuesday, the tooth was conveyed through parts of the capital city of Naypyitaw with a palanquin and a rare white elephant, as well as a decorated float and drum troupes, before departing for Yangon, Myanmar’s main commercial city, for another round of viewing. Large groups of pilgrims turned out to pay obeisance as the tooth made its rounds.
The hoopla comes at an opportune time for leaders who want to preserve goodwill between the two countries. Relations between the two neighbors hit rock bottom in recent months, after Myanmar decided to suspend construction of a $3.6 billion China-backed hydroelectric dam in September, in an unexpected snub of the giant power to Myanmar’s northeast.
Since then, both sides have scrambled to do damage control, assuring the outside world that all is well. Myanmar needs Chinese investment to help mitigate the impact of Western economic sanctions imposed since the late 1990s because of its poor human rights record, while China is eager to develop more of Myanmar’s vast natural resources. Both countries have insisted the relationship remains strong – but few analysts believe them.
Cue the Buddha tooth. According to Chinese accounts of the tour published by Xinhua, it arrived in Naypyitaw in a “special plane” on Nov. 6 and was met by about 2,000 pilgrims, who celebrated a grand ceremony before sending it off to the Uppatasanti Pagoda that towers over the city.
The temporary gift of the tooth – expected to last 48 days – “represents not only a major event of the Buddhist believers but also a fine story of China-Myanmar friendship,” Xinhua reported. It was expected to play an important part in “enhancing the understanding and mutual trust between the two peoples,” it said. The tooth moved on to Yangon Tuesday after a consecration ceremony attended by Myanmar President Thein Sein and Chinese dignitaries, according to the official New Light of Myanmar, and is scheduled to move on to Mandalay next.
The tooth clearly is popular in Myanmar. During a visit by a Wall Street Journal reporter to Naypitaw Nov. 15, giant crowds were mounting the steps of the massive Uppatasanti Pagoda, belying Naypyitaw’s reputation as something of a ghost town. The New Light of Myanmar carried repeated updates on the turnout, and on the sizable donations left behind by pilgrims in honor of the sacred relic.
Even Myanmar’s one-time paramount leader, former strongman Than Shwe, made a rare brief appearance at the Naypyitaw pagoda to pay homage, according to witnesses quoted in The Irrawaddy, a closely-watched exile news publication. “He just appeared in broad daylight,” one of the witnesses said.
It’s unclear, though, if China will get anything in return for its generosity. Myanmar is currently moving to boost its relations with the U.S., a potential rival for Chinese influence in the country, and is expecting a visit from U.S. Secretary of State Hillary Clinton early next month – the first trip by a U.S. secretary of state in more than 50 years.
That said, U.S. officials have made clear they don’t intend to grant Myanmar’s main wish – an easing of sanctions – just yet, despite a series of recent reforms in the country that have drawn measured praise from the West. All that means Ms. Clinton may have to do some creative planning if she plans to top the Buddha tooth.
မြန်မာ့နျူကလီးယားစိုးရိမ်ချက် ဆွေးနွေးဖို့ ကလင်တန်ကို အမတ် Lugar တိုက်တွန်း
မြောက်ကိုရီးယား အကူအညီနဲ့ မြန်မာနိုင်ငံက နျူကလီယား လက်နက်ထုတ်ဖို့ ကြိုးစားနေတဲ့ကိစ္စကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို (Hillary Clinton) မြန်မာနိုင်ငံကို သွားတဲ့အခါမှာ သေသေချာချာ ဆွေးနွေးဖို့ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ထိပ်တန်းအမတ် တစ်ဦးဖြစ်တဲ့ အင်ဒီယားနားပြည်နယ် အထက်လွှတ်တော်အမတ် ရစ်ချက်လူဂါ (Richard Luger) က တောင်းဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား အကူအညီနဲ့ မြန်မာအစိုးရက နျူကလီယား လက်နက်ထုတ်ဖို့ ရည်ရွယ်တယ်ဆိုတဲ့ သတင်းကို အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ရခဲ့ပြီး အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို အသေးစိပ် တင်ပြခဲ့တယ်လို့ နိုင်ငံခြားရေးရာကော်မတီက ၀န်ထမ်း ကိသ်လု(စ်) (Keith Luse) ရဲ့ ပြောကြားချက်ကို ၀ါရှင်တန်ပိုစ့် သတင်းမှာ ဖော်ပြထားပါတယ်။ သီးခြားရပ်တည်ခဲတဲ့ အာဏာရှင်စနစ်ကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော်အတွင်း နိုင်ငံခြားရေး ၀န်ကြီး အဆင့်နဲ့ ပထမဆုံး သွားရောက်မယ့် ၀န်ကြီး ကလင်တန်ရဲ့ မြန်မာနိုင်ငံခရီး မစတင်ခင်မှာ အထက်လွှတ်တော်အမတ် မစ္စတာလူဂါက ကြေညာချက် ထုတ်ပြန်တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) မြန်မာနိုင်ငံကို သွားရောက်စဉ်က မြန်မာနိုင်ငံက နျူကလီယား လက်နက်ကိစ္စ လုပ်နိုင်လောက်အောင် မချမ်းသာပါဘူးလို့ မြန်မာအစိုးရဘက်က ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အချိုးဖောက်ဆုံး၊ ပိတ်ဆို့ အရေးယူဒဏ်ခတ်မှု အခံရဆုံး မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံရဲ့ ဆက်ဆံရေးကို အမေရိကန်နိုင်ငံက အနီးကပ် စောင့်ကြည့်နေတာ ကြာပြီဖြစ်ပါတယ်။ မကြာသေးခင် နှစ်ထဲမှာပဲ မြန်မာနိုင်ငံကို မသင်္ကာစရာ လက်နက်တွေ သယ်လာတယ်လို့ သံသယရှိခဲ့တဲ့ မြောက်ကိုရီးယား သင်္ဘောတွေကို အမေရိကန်ရေတပ်က လမ်းခုလတ်ကနေ ပြန်လှည့်ခိုင်းခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေးတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်မယ်လို့ ကတိပေးထားတာကို မြန်မာအစိုးရအနေနဲ့ တကယ်လက်တွေ့ လုပ်ပြနိုင်မနိုင် ဆိုတဲ့ အချက်ကိုကြည့်ပြီး မြန်မာဘက်က ဖြောင့်မှန်မှုကို တိုင်းတာ နိုင်တယ်လို့လည်း ရစ်ချက်လူဂါရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါ့ပြင် အမေရိကန်က မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံလာမှုကို တုံ့ပြန်တဲ့ အနေနဲ့ မြန်မာဘက်က ဒီနျူကလီယား လက်နက်အစီအစဉ်၊ အတိုင်းအတာနဲ့ ရည်ရွယ်ချက်ကို မချွင်းမချန်ပြောဆိုသင့်တယ်လို့လည်း ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို ကြိုဆိုကြောင်းနဲ့ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာဖို့ လိုလားကြောင်း သောကြာနေ့မှာပဲ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒါဟာ တရုတ်နဲ့ ဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။
သတင်း---VOA
ဟီလာရီ ကလင်တန် တောင်ဒဂုံရှိ HIV ပြုစု စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်မည်
မြန်မာနိုင်ငံသို့ နှစ် ၅ဝ အတွင်း ပထမဦးဆုံး လာရောက်မည့် အမေရိကန် ပြည်ထောင်စု၏ အဆင့်အမြင့်ဆုံး အစိုးရ အရာရှိ ဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ရန်ကုန် မြို့တော်သို့ ရောက်ရှိခိုက် ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ် HIV ပိုး ကူးစက်ခံ လူနာများကို ပြုစုစောင့်ရှောက် ပေးနေသော ဂေဟာသို့ လာရောက်ရန် အစီအစဉ် ရှိကြောင်း အဆိုပါ ဂေဟာမှ တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းက The Voice Weekly သို့ ပြောကြားသည်။" မစ်စ် ကလင်တန်က ကျွန်မတို့ ဂေဟာကို လာဖို့အတွက် သူတို့ သက်ဆိုင်ရာက နေရာတွေ ဘေးပတ်ဝန်းကျင် တွေကိုတော့ လာကြည့်သွားတယ်။ ဒါပေမယ့် လာ မလာတော့ သေသေချာချာ သူတို့အကြောင်း မပြန်သေးဘူး " ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။ယင်း ပြုစုစောင့်ရှောက်ရေး ဂေဟာက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်သော World AIDS Day အတွက် ရွေဂုံတိုင်ရှိ NLD ရုံးချုပ်၌ အထိမ်းအမှတ်ပွဲ ကျင်းပမည် ဖြစ်ပြီး ယင်းနေ့ အတွက်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် လာရောက်ရန် ရှိကြောင်း ၄င်းက ရှင်းပြသည်။World AIDS Day ကို ဗဟန်း မြို့နယ်၊ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် စတင်မည် ဖြစ်ပြီး အနယ်နယ် အရပ်ရပ်ရှိ NLD ရုံးခွဲများ ထံသို့ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးပို့မည် ဖြစ်ကြောင်း အဆိုပါ ဂေဟာမှ စေတနာ့ဝန်ထမ်း လုပ်အားပေး ကိုလှမျိုးအောင်က ပြောကြားသည်။" ကျွန်တော်တို့က အမှတ်တရ လက်ဆောင်တွေကို သော့ချိပ်တို့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဝေါလ်ရှိ တို့ကို အောင်လံ၊ တောင်တွင်းကြီး၊ ရေနံချောင်း၊ ချောက်၊ ကျောက်ပန်းတောင်းနဲ့ မိတီ0x081တလာတို့ကို နှစ်စဉ် ပို့ပေးတဲ့အတိုင်း ပို့မှာပါ " ဟု ၄င်းက ရှင်းပြသည်။အဆိုပါ ပြုစုစောင့်ရှောက်ရေး ဂေဟာသည် အမှတ် ၃၇၆၊ ကမ္ဘောဇ ၂ လမ်း၊ ၁၈ / B၊ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်တွင် တည်ရှိသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ခရီးစဉ်နှင့် နတ်ရုပ် တူးဖေါ်မှု အရှုပ်တော်ပုံ
မြန်မာ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ကော့စ်ဘဇားသို့ လာရောက် လည်ပတ်မည့် ခရီးစဉ် တစ်ရက် အလို ယမန် နေ့က ဗိုလ်ချုပ်ကြီး အဓိကထား လာရောက် လည်ပတ်မည့် မဟာသိမ်တော်ကြီး ပရ၀ုဏ်အတွင်း ရှိ ရှေးဟောင်း နတ်ရုပ်ထု တစ်ခုအား တူးဖေါ်မူ ပေါ်ပေါက်ခဲ့သည်။
Coxsbazar-Soe-win-visited-temple
ဖလောင်းချိတ် မဟာသိမ်တော်ကြီးရှိ ဘုရားပရ၀ုဏ်ရှိ နတ်ရုပ်။
ထိုကဲ့သို့ တူးဖေါ်ခဲ့သော်လည်း အဆိုပါ နတ်ရုပ် အောက်ခြေ ကျောက်တိုင်မှာ မြေအောက်တွင် အနက်ပေ မြောက်များစွာ မြုပ်ထားသဖြင့် တူးဖေါ်၍ ရရှိခဲ့ခြင်း မရှိကြောင်းနှင့် ယခုအခါ ဒေသခံ ပြည်သူများ အကြားတွင် အဆိုပါ တူးဖေါ်မူကြောင့် ပြဿနာများ တိုးပွားနေကြောင်း သိရသည်။
" နတ်ရုပ်ကို တူးဖေါ်တယ်။ ဒါပေမယ့် တူးဖေါ်လို့ ရမသွားပါဘူး။ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းက ဒီကနေ့ နိုဝင်္ဘာလ ၂၅ ရက်နေ့မှာ ဖလောင်းချိတ်က မဟာသိမ်တော်ကြီး လာတယ်ဆိုတော့ မနေ့က တူးတာပါ။ ဘာကြောင့် တူးတယ်။ ဘယ်သူတွေက တူးတယ် ဆိုတာကိုတော့ ဒီနေ့ စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်" ဟု ၈၈ မျိုးဆက် ကိုနိုင်နိုင်က ပြောသည်။
ဖလောင်းချိတ်မှာ ကော့စ်ဘဇားမြို့ကို ရခိုင်လို ခေါ်ဆိုခြင်းဖြစ်ပြီး အဆိုပါ မြို့ရှိ မဟာသိမ်တော်ကြီး ပရ၀ုဏ် အတွင်း လူဝင်ပေါက်ကို နောက်ခိုင်းပြီး ဘုရားကို မျက်နာပြုထားသော ထိုင်နေဟန်ပြုလုပ် ထားသော နတ်ရုပ်မ ရုပ်ထု တစ်ရုပ် ရှိသည်။
" ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ဖလောင်းချိတ် ခရီးစဉ် အတွင်း မဟာသိမ်တော်ကြီးမှာ ထူးခြားမူ နှစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။။ တစ်ခုကတော့ နှစ်ပေါင်းရာနဲ့ ချီပြီး ရှိနေတဲ့ မဟာသိမ်ကျောင်းထဲမှာရှိတဲ့ နတ်ရုပ်ကို တူးဖေါ်မှုရယ်။ နောက်တစ်ခုက သိမ်ကွင်း ထဲမှာရှိတဲ့ ဇရပ်ဟောင်း တဆောင်ကို ဖြိုဖျက်မူတွေ ဖြစ်ပါတယ်" ဟု ကိုနိုင်နိုင်က ဆက်ပြောသည်။
ထိုသို့ ဖြစ်ပျက်မူများ ပေါ်ပေါက်ခဲ့သော်လည်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ကော့စ်ဘဇား မြို့သို့ ရောက်ရှိလာပြီး ယနေ့ နံနက် ၉ နာရီခွဲတွင် မဟာသိမ်တော်ကြီးသို့ လာရောက် လည်ပတ်ခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် မဟာသိမ်တော်ကြီး ရင်ပြင်တော်သို့ လာရောက် လည်ပတ်စဉ် မဟာသိမ်တော်ကြီး အတွင်းရှိ ဘုရားများကို ဖူးမျှော်ခြင်း၊ ပင့်ဖိတ် ထားသော သင်္ဃာ ၉ ပါးအား ပစ္စည်းများလှူဒါန်း ဆက်ကပ်ခြင်း၊ အမျှဝေ ရေစက်ချပြီးနောက် နံနက် ၁၀ နာရီခွဲတွင် ပြန်လည် ထွက်ခွာ သွားခဲ့သည်။
Soe-win-visited-Cosxbazar-temple
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းလာရောက်လည်ပတ်စဉ်။
ကော့စ်ဘဇား မဟာသိမ်တော်ကြီးမှာ အထိကရိများ ရှိသည်ဟု ဒေသခံ ပြည်သူများက ယုံကြည် နေကြပြီး အဆိုပါ ယုံကြည်မူမှာ သိမ်တော်ကြီးသို့ လာရောက်လည်ပတ်သူ တိုင်းပြည်၏ ထိပ်တန်း အရာရှိကြီးများ အနေဖြင့် သိမ်တော်ကြီးမှ ပြန်လျှင် အလုပ်ပြုတ်သွားလေ့ရှိသည် ဆိုသော ယုံကြည်မူ ဖြစ်သည်။
မြန်မာနိုင်ငံမှ အလုပ်မှ ဖြုတ်ထုတ်ခံလိုက်ရသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်နှင့် ကုန်သွယ်ရေး ၀န်ကြီး ဖြစ်ခဲ့သူ ဗိုလ်ချုပ်ဟောင်း ထွန်းကြည်တို့မှာလည်း ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ ချစ်ကြည်ခရီး လာရောက်စဉ် ကော့စ်ဘဇားမြို့ မဟာ သိမ်တော်ကြီးသို့ လာရောက် လည်ပတ်ပြီး များးမကြာမှီက အလုပ်က ပြုတ်သွားခဲ့ကြောင်း သိရသည်။ ဘင်္ဂလာဒေခ်ျ့ သမ္မတ မူဟာမတ် အာရှတ်မှာလည်း သိမ်တော်ကြီးသို့ လာရောက်လည်ပတ်ပြီး များမကြာမှီ သမ္မတ ရာထူးမှ ပြုတ်သွားခဲ့ဟု ဒေသခံများက ပြောသည်။
ထိုသို့ ဖြစ်ပျက်မူများ ရှိသဖြင့် သိမ်တော်ကြီး ပရ၀ုဏ်အတွင်းရှိ နတ်ရုပ်ကြောင့်ဟု ယူဆကာ အဆိုပါ နတ်ရုပ်ကို ဖယ်ရှားရန် ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မြို့သူ မြို့သားများက ပြောဆိုနေကြကြောင်း သိရသည်။
ယနေ့ မဟာ သိမ်တော်ကြီးရင်ပြင် ဧရိယာတစ်ခုလုံးတွင် ဘင်္ဂလားဒေ့ခ်ျ စစ်သားများနှင့် ထောက် လှမ်းရေး အများအပြားကို တင်းကျပ်စွာ ချထားခဲ့သည်။ ဒေသခံများ ရာနှင့်ချီ၍ ဗိုလ်ချုပ်ကြီး စိုးဝင်းအား လာရောက်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
သူတို့ လာရောက်လည်ပတ်စဉ် ၈၈ မျိုးဆက်သစ် အမျိုးသားရေးကိုနိုင်နိုင်က မြန်မာ့ စစ် ခေါင်းဆောင်သို့ မြန်မာ နှင့် ဘင်္ဂလီ နှစ်ဘာသာဖြင့် ရေးသားထားသော အိတ်ဖွင့်ပေးစာများကို လူစည်ကားသည့်နေရာများ တွင် ကပ်ထားခြင်း၊ ဒေသတင်းထောက်များသို့ ဖြန့်ဝေပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်း သတင်း - နိရဉ္စရာ သတင်းဌာန
NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းများအတွက် အနုပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေး (ဓါတ်ပုံ)
ကြားဖြတ်ရွေးကောက်ပွဲ၌ အောင်နိုင်ရေးအစီအစဉ်၏ခြေလှမ်းတစ်ခုအဖြစ် ပါတီမဲဆွယ်ရေးသီချင်းများသီဆိုရန်ယနေ့နေ့လည်၃နာရီခန့်က  ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌
ဒေါ်စုနှင့်အနုပညာရှင်အချို့တိုင်ပင်ဆွေးနွေးခဲ့ကြသည်။
NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းများအတွက် တိုင်ပင်ဆွေးနွေး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတတေးသံရှင် ၅၀ ကျော်တို့ သောကြာနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၃ နာရီက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်း တွေ့ဆုံစဉ်။
ပြည်ထောင်စု ဝန်ကြီးများ အပြောင်းအလဲ သမ္မတဦးသိန်းစိန် သ၀ဏ်လွှာပေးပို့ 
 ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ သ၀ဏ်လွှာပေးပို့ ၊
သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူမည်
ယနေ့တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိသော ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့ အစည်းအဝေးသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်သတင်းရယူလျက်ရှိသည့် Eleven Media Group သတင်းထောက်များ၏ တိုက်ရိုက် သတင်းပေးပို့ချက်အရ သိရပါသည်။
အဆိုပါသ၀ဏ်လွှာအရ သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူမည်ဖြစ်ကြောင်း၊ ယခင်က မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ကိုင်တွယ်ခဲ့ပြီး ယခုအခါ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတစ်ခုတည်းကိုသာ တာဝန်ယူတော့မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တရားဝင်ကြေညာပြီး ခန့်အပ်ခဲ့ကြောင်းနှင့် ခေတ်နဲ့အညီ ပြောင်းလဲလာသည့်အတွက် ယခုကဲ့သို့ ပြောင်းလဲရခြင်းဖြစ်ကြောင်း သိရပါသည်။
Eleven Media Group
ဒီသတင်း နဲ့ ပါတ်သတ်လို့ The Voice - Facebook စာမျက်နှာမှာတော့---
အရပ်သား အစိုးရအဖွဲ့၏ အကြီးအကဲ ဖြစ်သူ နိုင်ငံတော် သမ္မတက ပြည်ထောင်စု အဆင့် ဝန်ကြီးနှစ်ဦးကို ပြောင်းလဲ တာဝန် ပေးအပ်ခြင်းနှင့် ဝန်ကြီးဌာန နှစ်ခု ပြင်ဆင် ဖွဲ့စည်းခြင်းကို ပြည်ထောင်စု လွှတ်တော်သို့ အသိပေး တင်ပြခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။
" သမဝါယမ ဝန်ကြီး ဦးအုန်းမြင့်ကို မွေး/ ရေ ဝန်ကြီးတာဝန် ထပ်ပေးလိုက်တယ်။ ဦးတင်နိုင်သိန်း ကတော့ National Planning တစ်ခုပဲ ကိုင်မယ်။ စက်မှု (၁) နဲ့ (၂) ကို စက်မှု ဝန်ကြီးဌာန ဆိုပြီး ပေါင်းလိုက်တယ် " ဟု အမျိုးသား ဒီမိုကရေ စီ အင်အားစု ပါတီမှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။
လွှတ်တော်နှစ်ရပ်ကြား သဘောထား ကွဲလွဲခဲ့သော ကျေးရွာ အုပ်စုနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
Myanmar News Now
NLD အတွက် အနုပညာရှင်များ အကူအညီပေးသွားမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အသစ်ပြန်လည်ဖွဲ့စည်းတော့မည်ဖြစ်ရာ ပထမဆုံး အသုတ်အဖြစ် ပါတီဝင် ၁၀ သိန်း လက်ခံရန် ပြင်ဆင်ထားသည်ဟု NLD ဖွဲ့စည်းထူထောင်သူများက ပြောသည်။
ပါတီဝင် လျှောက်လွှာပုံစံများကို ပုံနှိပ်ရန် ပြင်ဆင်နေပြီဖြစ်ကာ လာမည့်အပတ်အတွင်း တိုင်းနှင့် ပြည်နယ် အားလုံးသို့ ဖြန့်ဝေသွားရန်ရှိသည်ဟု ပါတီထူထောင်ရာတွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်မေဝင်းမြင့်က ပြောသည်။ လက်ရှိ ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်မှအစ ပါတီဝင်လိုသူများအားလုံး လျှောက်လွှာတင်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဒေါ်မေဝင်းမြင့်က ပြောသည်။
"လျှောက်လွှာတင်တယ်ဆိုတာ အန်တီတို့က အဟောင်းကို လုပ်တာမဟုတ်ဘူး၊ အန်တီတို့ကအစ ဒေါ်စုတို့က အစ ပါတီ လျှောက်လွှာအသစ်ကို ပြန်တင်ပြီးတော့ အန်တီတို့လျှောက်ရမှာ။" ဟု မဇ္ဈိမကိုပြောသည်။
dhome4
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတတေးသံရှင် ၅၀ ကျော်တို့ NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းများ ရေးစပ် သီကုံးသွားနိုင်ရေး တိုင်ပင်ဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
ပါတီဝင်လျှောက်လွှာပုံစံတွင် အသက်၊ ပညာအရည်အချင်း လူမျိုး၊ ဘာသာနှင့် နေရပ်လိပ်စာ တို့ပါဝင်မည်ဟုလည်း ပါတီထူထောင်သူတဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက ပြောသည်။ NLD ၏ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီနေသူ တဦးဖြစ်သည့် ကဗျာဆရာ ကိုငြိမ်းသစ်က ပါတီဝင်များ၏ အရည်အချင်းသည် ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့်ပင် လုံလောက်သည်ဟု သုံးသပ်သည်။
"သတ်မှတ်ထားတဲ့ အရည်အချင်းတော့ မရှိပါဘူး၊ တက်ကြွစွာ ရိုးသားစွာ ဒီမိုကရေစီအရေးမှ ပူးပေါင်းပါဝင်မယ် ဆိုရင်ပဲ လုံလောက်ပါပြီ။ အဲဒီလောက်ဆိုရင်တော့ မည်သူမဆို ဝင်ခွင့်ရမှာပါပဲ။" ဟု ကိုငြိမ်းသစ်က မဇ္ဈိမကို
ပြောသည်။
ပါတီဝင်လိုသူများအနေဖြင့် လျှောက်လွှာပြန်တင်ရမည် ဖြစ်သော်လည်း ပါတီဝင်ဟောင်းနှင့် ပါတီဝင်သစ် ခွဲခြားမည် မဟုတ်ဘဲ ပါတီဝင်အသစ်များသည်လည်း သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပါက လာမည့် ကြားဖြတ်
ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဖြစ်ခွင့်ရှိသည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို
ပြောသည်။
ကိုယ်စားလှယ်လောင်းများကို ဒေသံခံ၊ တိုင်းရင်းသားနှင့် အမျိုးသမီး ပညာအရည်အချင်းတို့ကိုကြည့်က ဦးစားပေး
ရွေးချယ်မည်ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။
NLD အနေဖြင့် လက်ရှိအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေပြီဖြစ်ကာ ပြည်နယ်နှင့်တိုင်း
ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မရှင်များ ဖွဲ့စည်းရန်ပြင်ဆင်နေပြီဟု NLD တည်ထောင်သူများက ပြောသည်။
သောကြာနေ့တွင်လည်း NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သီချင်းများစပ်ဆိုရေးသားသွားနိုင်ရန် အနုပညာရှင် ၅ဝ ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသေးသည်။ တေးရေးဆရာတဦးဖြစ်သည့်
ကိုရဲလွင်က NLD အတွက် အကူအညီပေးသွားမည်ဟုလည်း မဇ္ဈိမကိုပြောသည်။
"ကျနော်ကတော့ NLD ပါတီဝင်မဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော်ကတော့ အမေစုကို ကူညီမှာပဲလေ၊ သူ့ကိုတော့ ကျနော်က ယုံကြည်တာပဲ၊ သူကိုယ်တိုင်က လုပ်ပေးပါဆိုရင်တော့ ကျနော်ကတော့ ဖြစ်အောင်လုပ်ပေးမှာပဲ။" ဟု ကိုရဲလွင်က ပြောသည်။
မျိုးသန့်  --- ချင်းမိုင် (မဇ္ဈိမ)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အစိုးရအဖွဲ့ နဲ့ လုံးဝပါတ်သတ်မှု မရှိတော့ဘူးလို့ သူရဦးရွှေမန်း သတင်းစာရှင်းလင်းပွဲမှာပြောကြား
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း
မြန်မာနိုင်ငံမှာကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ဒီနှစ်အတွင်း ကျင်းပနိုင်စရာမရှိဘူးလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာမယ်လို့ ကြေညာပြီးတဲ့နောက် ၃ လကြာမှ ကျင်းပမှာဖြစ်တယ်လို့ သတင်းထောက်တွေကို ဒီကနေ့ ပြောကြားသွားတာပါ။ ဒီအကြောင်းကိုတော့ မသင်းသီရီက အပြည့်စုံ တင်ပြထားပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၂၅ ရက် သောကြာနေ့ နေ့လယ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဟာ  သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု  ပြုလုပ်ခဲ့ပါတယ်။ ပြည်တွင်းက သတင်းနဲ့စာနယ်ဇင်းတွေက သတင်းထောက်တွေနဲ့  သတင်းအယ်ဒီတာတွေအပြင်  နိုင်ငံခြားသတင်းဌာနတွေ အတွက် အလုပ်လုပ်နေကြတဲ့  ပြည်တွင်း သတင်းထောက် အယောက် ၃၀ လောက်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ တွေ့ဆုံစဉ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲတွေကို ဒီနှစ်မကုန်ခင် ကျင်းပမှာမဟုတ်ဘူးဆိုတာကို ပြောခဲ့တယ်လို့  ဒီသတင်းစာရှင်းလင်းပွဲကို  ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။
“ဥပဒေတွေအရပေါ့နော် ရွေးကောက်ပွဲမလုပ်ခင် သုံးလကြိုပြီး အကြောင်းကြားရမယ်လို့ ပြောထားတဲ့ ဥပဒေကို ထောက်ပြ ကိုးကားပြီးတော့ ကျနော်တို့ ဒီအတိုင်းဆိုရင်တော့ သုံးလအတွင်းမှာ ရွေးကောက်ပွဲ မရှိနိုင်သေးဘူးလို့ သူ ပြောသွားတယ်။ သုံးလကြိုပြီး ကြေညာရမယ် ပြောတဲ့အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။”
ဒါ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ  ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်နေရာက ပြိုင်မယ်ဆိုတာ မသိသေးပေမဲ့ ပြည်သူ့လွှတ်တော်အနေနဲ့  ၀မ်းမြောက်ဝမ်းသာ ကြိုဆိုတယ်ဆိုတာကိုလည်း ပြောခဲ့ပါတယ်။
“နောက်တစ်ချက်က ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကိုရောက်လာရင် ကြိုဆိုမလားလို့ ဂျာနယ်တစ်ခုက မေးပါတယ်။ အဲဒီမှာတော့ ဦးသူရရွှေမန်းကနေပြီးတော့ သူတို့အနေနဲ့ ခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားလွှတ်တော်က ၀င်မှာလား၊ ပြည်သူ့လွှတ်တော်က ၀င်မှာလား ဆိုတာ မသိဘူးတဲ့။ အကယ်၍ ပြည်သူ့လွှတ်တော်က ၀င်မယ်ဆိုရင်တော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ကော၊ ပြည်သူ့လွှတ်တော် အနေနဲ့ကော ၀မ်းမြောက်ဝမ်းသာ ကြိုဆိုမှာဖြစ်တယ်လို့ ပြောပါတယ်။”
ဒီကိစ္စအပြင် စကားလုံးအသုံးအနှုန်းအရ အငြင်းပွားနေတဲ့ နိုင်ငံရေး အကျဉ်းသားကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာလည်း နိုင်ငံတော်က ဒီကိစ္စကို အလေးအနက် စဉ်းစားနေတာ ရှိတယ်လို့ ဖြေသလို သူ့အဖြေအရဆိုရင်တော့ မကြာခင်မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ရှိလာဦးမယ်ဆိုတာကို တွက်လို့ရတယ်လို့လည်း သတင်းထောက်က ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေ ဘယ်တော့ လွတ်မလဲဆိုတဲ့ကိစ္စကို အထူးသဖြင့် စကားလုံး အသုံးအနှုန်းအပေါ်မှာ တဘက်နဲ့တဘက် အငြင်းပွားနေတဲ့ ကိစ္စကို သူက ပြောပါတယ်။ ဒီဟာ ဘယ်လိုပဲ အငြင်းပွားသည်ဖြစ်စေ တကယ်ပဲ နိုင်ငံရေးလုပ်လို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့တာမှန်ရင်၊ တကယ်ပဲ နိုင်ငံရေးကြောင့်ပဲ ကျခဲ့တယ်ဆိုရင် ဒီလိုလူတွေကို လွှတ်ဖို့အတွက်ကို နိုင်ငံတော်က အထူးကိစ္စအနေနဲ့ စဉ်းစားပါလိမ့်မယ်တဲ့ ဆိုပြီးတော့ ပြောတယ်။ နောက်တစ်ခုက လွှတ်တော်အနေနဲ့ကတော့ ပြီးခဲ့တဲ့အစည်းအဝေးက လွတ်ငြိမ်းချမ်းသာခွင့်ကို ပြောထားပြီးသားဖြစ်တယ်တဲ့။ ဆိုတော့ သူက ဒီကိစ္စတွေ ဖြစ်လာနိုင်တယ်လို့တော့ အရိပ်အမြွက် ပြောတဲ့သဘောတော့ ရှိတယ်။ ဒါကတစ်ချက်ပေါ့နော်။ လွှတ်လာဖို့ ခက်ခဲတဲ့ အနေအထားတွေကို ရွေးချယ်ပြီး ပြောမသွားဘူးပေါ့နော်။ ဖြစ်နိုင်ချေရှိတဲ့ဟာကိုပဲ သူတို့ လွှတ်တော် အနေနဲ့လည်း ထောက်ခံထားပြီးသား။ အဲဒီ အစိုးရအနေနဲ့ကလည်း ချွင်းချက်အနေနဲ့ အထူးကိစ္စအနေနဲ့ စဉ်းစားပေးနိုင်တဲ့ ဘောင်ထဲမှာရှိတယ်ဆိုတာကို ပြောတယ်ဆိုတာက သူက အကောင်းဘက်ကို ပိုရောက်တာပေါ့။”
ဒီလို မြန်မာ့နိုင်ငံရေး အခြေအနေတွေအပြင် ဒီဇင်ဘာလဆန်းမှာ မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာမယ့်ခရီးစဉ်နဲ့ပတ်သက်လို့ အမေရိကန်နဲ့ မြန်မာနိုင်ငံတိုရဲ့ ရှေ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။
“သူက ဒီကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေး အားရပါးရ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်နိုင်ငံ ဆက်ဆံရေးက မကောင်းခဲ့ဘူးပေါ့နော်။ ကျနော်တို့ နှစ်ဘက် သံတမန်တွေ မထားဘူး၊ နှစ်ပေါင်း တော်တော်ကြာကြာ ဆက်ဆံရေးမကောင်းဘူးတဲ့။ သံအမတ်တွေ မရှိကြဘူးပေါ့နော်။ ဆိုတော့ ဒီကိစ္စမှာ သူက အထူးသဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်ရလာဖို့ သူက မျှော်လင့်တယ်။ နောက်တစ်ခုက ဒီကနေစပြီး လမ်းပွင့်သွားမယ်၊ ကျန်တဲ့ကိစ္စတွေရောပေါ့နော်။ အဲဒီအခါမှာ သူက ဘာပြောလဲဆိုတော့ နှစ်နိုင်ငံ အစိုးရတွေတင်မဟုတ်ဘဲ နှစ်နိုင်ငံ ပြည်သူတွေရော၊ ကျန်တဲ့ နိုင်ငံတကာက တခြားနိုင်ငံတွေပေါ့နော်။ တကမ္ဘာလုံးပေါ့နော် အကျိုးရှိမယ့်ကိစ္စတွေ ဖြစ်လာမယ့်သဘောတွေ သူ ပြောသွားတယ်။”
ဒါကတော့  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို  ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ သတင်းထောက်တစ်ဦး ပြောပြခဲ့တာပါ။ ဒီလိုအချက်တွေအပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ရော၊ အစိုးရအဖွဲ့အပြင် လွှတ်တော်နဲ့ တရားစီရင်ရေး စနစ်တွေမှာ လုံးဝပတ်သက်မှုမရှိတော့ဘူးလို့  သတင်းထောက်တစ်ဦးရဲ့အမေးကို ပြန်ဖြေခဲ့သလို မြန်မာ့နိုင်ငံရေးဟာ နောက်ကြောင်းပြန်လှည့်လို့ မရတော့တဲ့ တိုးတက်မှုအခြေအနေမှာ ရှိနေပြီးတော့ ရှေ့မှာ ပါလီမန်စနစ်ဟာ ပိုပြီး အားကောင်းပီပြင်လာလိမ့်မယ်လို့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
By မသင်းသီရိ --- VOA
စစ်ပွဲတွေရပ်ပစ် - ကျော်သူ
ငြိမ်းချမ်းရေးချစ်တဲ့ ကျော်သူ
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ကချင်ပြည်နယ်၏ ထူးခြားလှသော အလှတရားများပျက်စီးမှုကို ကာကွယ်ရေး အတွက်၎င်း၊ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးတို့၏ အသက်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးအတွက်၎င်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် ရေးအတွက်၎င်း ရည်ရွယ်ပြီး ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်းအား ကန့်ကွက်မှုကို အင်တိုက် အားတိုက် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီး ဖြစ်ပါသည်။
       ယခုဒုတိယအကြိမ်မြောက် ကချင်ပြည်နယ်တွင် ငြိမ်းချမ်းမှုပျောက်ဆုံးနေမှု၊ စစ်ဘေးသင့်၍ စစ်ဘေးရှောင်ရှားနေရသော တိုင်းရင်းသား ဒုက္ခသည် မိဘဆွေမျိုးညီအစ်ကိုမောင်နှမများတို့အားလူသားချင်းစာနာထောက်ထားမှုဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ကူညီဖေးမပေးရန်အတွက် သမိုင်း ပေးတာဝန်တစ်ရပ် ဖြစ်ပေါ်လာခဲ့ပြန်တော့သည်။
       ထို့ကြောင့် လူသားချင်းစာနာသောအားဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကျွန်တော်တို့ အနေဖြင့် စစ်ဘေးသင့်  ရှောင်ရှားနေရသော တိုင်းရင်းသားဒုက္ခသည် ညီအစ်ကိုမောင်နှမများအားပထမအကြိမ်မြောက်မတည်လှူဒါန်းငွေအဖြစ် အလှူငွေ သိန်း (၂၀၀) ကျပ်တိတိအားလှူဒါန်းရန် ဆုံးဖြတ်ချက်ချမှတ် လိုက်ပါတော့သည်။
       ကျွန်တော်သည် တစ်ချိန်တုန်းကကချင်ပြည်နယ်၊ ဖားကန့်၊ လုံးခင်း၊ မြစ်ကြီးနား၊ မြစ်ဆုံများတွင် “တိန်ကော့နော်ဂျာ” ရုပ်ရှင် ဇာတ်ကား လာရောက်၍ ရိုက်ကူးစဉ်ကခရစ်စမတ်(စ်) ပွဲတော်နှင့် ကြုံကြိုက် ကာခရစ်စမတ်(စ်) ပွဲတော်တွင် သီဆိုမေတ္တာပို့ကြသော “`ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာရောက်စေသော်” ဟူသောစာပိုဒ်အား ခရစ်စမတ်(စ်)ပွဲတော် အကြိုအဖြစ် “ကချင်ပြည်နယ် တွင် ကောင်းချီးမင်္ဂလာရောက်စေသော်” ဟူ၍သီဆိုကာဘုရားသခင်ထံဆုတောင်းမေတ္တာပို့လိုက်ပါသည်။
  •        တိုင်းရင်းသားညီအစ်ကိုမောင်နှမများဒုက္ခအပေါင်းမှ လွတ်ကင်းကြပါစေ။
  •        လက်နက်ကိုင်အဖွဲ့များအမြန်ဆုံး ငြိမ်းချမ်းမှုရကြပါစေ။
စစ်ပွဲတွေရပ်ပစ်!
ငြိမ်းချမ်းမှုကိုလိုလားသူ - ကျော်သူ (တိန်ကော့နော်ဂျာ)
နာရေးကူညီမှုအသင်း(ရန်ကုန်)
ငြိမ်းချမ်းရေးချစ်တဲ့ ကျော်သူ
အင်တာနက်ကြောင့် ဘ၀ပျက်ရတဲ့ မုံရွာမြို့ မှ မိန်းကလေး
အင်တာနက်မှအသိဖြစ်ခဲ့သူ အမျိုးသားတစ်ဦးကို ယုံကြည်မိသော မိန်းကလေးငယ်တစ်ဦးသားမယားအဖြစ် လိမ်လည်ပေါင်းသင်းခံရကာ လက်ဝတ်လက်စားများလိမ် လည်ယူဆောင်ခံခဲ့ရကြောင်းသတင်းရရှိသည်။
    မုံရွာမြို့နေ မ-- (၁၉ နှစ်) သည် နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီက မိဘများအား အင်တာနက်ဆိုင်သို့ သွားရောက်လေ့ကျင့်မည်ဟု ပြောဆိုကာ နေအိမ်ရှိ
၈ယ/---- လော်ဂျာဆိုင်ကယ်နှင့် ထွက်ခွာသွားရာ အချိန်လွန်သည်အထိ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးခဲ့သည်။ မ--၏ ဖခင်ဖြစ်သူက မုံရွာမြို့တွင် လိုက် လံရှာဖွေသော်လည်း မတွေ့ရှိ၍ ရန်ကုန်မြို့ရှိ ဆွေမျိုးများထံ တွေ့ရှိပါက အကြောင်းကြားရန် ဆက်သွယ်မှာကြားခဲ့သည်။
    နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့နေ ဆွေမျိုးတော်စပ်သူများက မ-- အား မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခု၌ တွေ့ရှိ၍ နေအိမ် သို့ပြန်လည်ခေါ်ယူထားခဲ့သည်။ မ-- ၏ ပြောပြချက်အရ လွန်ခဲ့သောသုံးလခန့်က အင်တာနက်ဆိုင်တွင် ၁၅ ကြိမ်ခန့် ဆက်သွယ်ပြောဆိုသိကျွမ်းခဲ့သူ ရန်ကုန်မြို့နေ ကို -- သည် နိုဝင်ဘာ ၆ ရက်က မုံရွာမြို့သို့ ရောက်ရှိလာ ပြီး မ--အား ရန်ကုန်မြို့သို့ သွေးဆောင်ဖြားယောင်းခေါ်ဆောင်သွားကာ မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ တည်းခိုခန်းတစ်ခု၌ သား မယားအဖြစ် ပေါင်းသင်းနေထိုင် ပြီး ပါရှိသည့် ဆွဲကြိုး၊ ဆွဲသီး၊ လက်ကောက်၊ နားကပ်နှင့် ဆိုင်ကယ်တို့ကို လိမ်လည်ရယူသွားခဲ့သဖြင့်ဆိုင်ရာသို့တိုင်တန်းခဲ့ရာ မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှ ကို --အား (ပ) အမှတ် ၆၃၇/၂၀၁၁ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၆၆/ ၄၂၀ အရ အမှုဖွင့် စုံစမ်းဖော်ထုတ်လျက်ရှိသည်။
    မိန်းကလေးငယ်ထံမှ လိမ် လည်ရယူသွားသော လက်ဝတ် လက်စားနှင့် ဆိုင်ကယ်မှာ စုစု ပေါင်းတန်ဖိုး ကျပ် ၁၇ သိန်းခန့်ရှိသည်ဟုဆိုသည်။
    “ဒီနေ့ အသက်အရွယ်ငယ် တဲ့ကလေးငယ်တွေလည်း အင် တာနက်သုံးတာ ပိုများလာတယ်။ ငယ်ရွယ်သူတွေအနေနဲ့ အင်တာနက်ကို အသုံးပြုတဲ့အခါ လမ်းမှား မရောက်အောင်တော့ မိဘတွေ စောင့်ကြည့်သင့်တယ်လို့ထင်တယ်။ ကလေးက အင်တာနက်အသုံးပြု တတ်တာ တိုးတက်တဲ့လက္ခဏာ ဆိုပေမယ့် အခုလိုအဖြစ်ဆိုးတွေ မကြုံရအောင် ကလေးငယ်တွေကို အင်တာနက်အသုံးပြုချိန်မှာ စောင့်ကြည့်သင့်တယ်”ဟု မုံရွာမြို့ ဒေသခံ မိဘအုပ်ထိန်းသူတစ်ဦး ကပြောသည်။
မျိုးမင်းဦး---မုံရွာ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတည်ထောင်ခွင့် လျှောက်ထားပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်ပြီး တပတ်အကြာတွင် ပါတီတည်ထောင်ခွင့်လျှောက်ထားပြီဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
ပါတီတည်ထောင်ခွင့်ကို ယနေ့နံနက် ၁၀နာရီခွဲက နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီတည်ထောင်လိုသူ  ၂၁ ဦးပါ စာရင်းဖြင့် လျှောက်ထားခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဒီနေ့မနက်ပဲ တည်ထောင်ခွင့် လျှောက်ထားခဲ့ပါပြီ၊ ပါတီ မှတ်ပုံတင်တာက တည်ထောင်ခွင့်ပြုပြီးမှ နောက်တဆင့်မှပါ။ တခြား လိုဂိုကိစ္စတွေက အခုဘာမှ မပါသေးပါဘူး” ဟု ပါတီတည်ထောင်ခွင့် နှင့်ပတ်သက်၍ ရှင်းလင်းပြောပြသည်။
ပါတီတည်ထောင်လိုသူ ၂၁ ဦးစာရင်းတွင် ပြည်နယ်နှင့် တိုင်းများအား ကိုယ်စားပြုသူ ၁၄ ဦးနှင့် ယခင် ဗဟိုအလုပ်မှုဆောင်ဟောင်း ၃ ဦး တိုးချဲ့ အလုပ်အမှုဆောင် ၃ ဦးနှင့် အန်အယ်ဒီလူငယ်မှ ဦးမျိုးညွန့်တို့ စုစုပေါင်း ၂၁ ဦးဖြစ်သည်။
ပါတီတည်ထောင်ခွင့် လျှောက်ထားရန် ဦးဉာဏ်ဝင်းနှင့် ဦးဝင်းမြင့်တို့ ယမန်နေ့က နေပြည်တော်သို့ သွားရောက်ခဲ့ပြီး ယနေ့နံနက်တွင် လျှောက်ထားပြီးနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာသည်ဟု သိရသည်။
ဦးသိန်းစိန် အစိုးရက ပါတီ မှတ်ပုံတင်ခြင်း ဥပဒေပါ အပိုဒ် ၃ ပိုဒ်ကို မကြာမီက ပြင်ဆင်ပေးလိုက်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပါတီ မှတ်ပုံပြန်တင်ရန် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဆုံးဖြတ်ပြီးနောက် ယခုကဲ့သို့ ပါတီတည်ထောင်ရန် လျှောက်ထားလိုက်ခြင်းဖြစ်သည်။       ။
နိုဝင်ဘာ ၂၅၊ ၂၀၁၁ (YPI)
ချောင်းသာတွင် ဆင်သတ်၊ အစွယ်ဖြတ်သည်ဟု ယူဆရသူများ ဖမ်းဆီးမိ
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကျေးရွာအုပ်စုအတွင်းရှိ ဥတိုချောင်းဖျားတစ်ဝိုက်တွင် ဆင်ရိုင်းများကို သတ်ဖြတ်ကာ ဆင်စွယ်ခိုးယူနေသည်ဟု ယူဆရသောလူတစ်စုအား သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့သည်။
ယခုလ ၂၀ ရက်က ဒေသခံများ၏ သတင်းပေးမှုအရ ဥတိုချောင်းဖျား၊ သစ်ပုတ်တံခါးတဲစုရှိ တဲတစ်လုံးအား သစ်တောဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့ပါဝင်သော သက်ဆိုင်ရာ ပေါင်းစည်းအဖွဲ့မှ ၀င်ရောက်ရှာဖွေရာ လူလေးဦးနှင့်အတူ ယမ်းထည့်၍ပစ်ရသော တူမီးသေနတ်တစ်လက်၊ သံဖြင့်ပြုလုပ်ထားသော မြားတံနှစ်ချောင်းနှင့် မြားခေါင်းသုံးချောင်း၊ အဆိပ်ရည်ဟုယူဆရသော အရည်များထည့်ထားသောပုလင်းငယ် ၂၄ လုံးနှင့် အရှည်နှစ်ပေ၊ လုံးပတ်ရှစ်လက်မရှိသော ဆင်စွယ်နှစ်ချောင်းတို့ကိုတွေ့ရှိခဲ့သည်။
"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စုံးစမ်းစစ်ဆေးဖမ်းဆီးဖို့အဖွဲ့တွေဖွဲ့ထားပါတယ်။ ဒီအဖွဲ့မှာ သစ်တော၊ ရဲနဲ့ဒေသခံ အာဏာပိုင်တို့ပါဝင်ပါတယ်။ အခုကိစ္စမှာတော့ သေနတ်တွေပါတယ်ဆိုတာ စုံစမ်းသိရှိရတော့ တပ်မတော်ပါ ပါဝင်ပြီးခုလိုဖမ်းဆီးခဲ့တာပါ" ဟု တိုင်းသစ်တော ညွှန်ကြားရေးမှူးက ရှင်းပြသည်။
ဆင်စွယ်ခိုးသည်ဟုယူဆရသူများကို ဖမ်းဆီးစဉ် ဥတိုချောင်းဖျားအနီးတွေ့ရသောခေါင်းဖြတ်ခံထားရသည့် ဆင်သေ
ဆင်စွယ်ဖြတ်ယူသည့် အဖွဲ့သည် ယခုလ ၁၇ ရက်က ဥတိုကျေးရွာအပိုင်၊ ဥတိုချောင်းဖျား၊ အလယ်ချောင်းကွင်းအတွင်း၌ တောဆင်ရိုင်းတစ်ကောင်ကို သတ်ဖြတ်ကာ အစွယ်ဖြတ်ယူခဲ့ကြောင်း အာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဒေသခံရဲအရာရှိတစ်ဦးကပြောသည်။
တဲထဲတွင် ရှာဖွေတွေ့ရှိသည့် ဆင်စွယ်နှစ်ချောင်းမှာ ၎င်းဆင်ထံမှ ဖြတ်ယူထားသော ဆင်စွယ်များဖြစ်သည်ဟု အာဏာပိုင်များက စွပ်စွဲထားသည်။
၎င်းဒေသသည် ရခိုင်ရိုးမနှင့်တစ်ဆက်တည်းဖြစ်ပြီး လွန်ခဲ့သော ရက်သတ္တသုံးပတ်ခန့်က ချောင်းသာတောင်ဘက်ရှိ ငွေဆောင်ဒေသမှ ဆင်ဖြူတစ်ကောင်ကို ဖမ်းဆီးရမိခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးတွင် ဆင်ကောင်ရေ ငါးထောင်ကျော်ခန့်သာရှိတော့ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့များ၏ မကြာသေးမီကပြုစုထားသော သုတေသနပြုစာတမ်းများကဆိုသည်။
"တိရိစ္ဆာန်တွေကသူ့စည်းကမ်းနဲ့သူရှိတယ်။ လူတွေကသာစည်းကမ်းမရှိတာ။ ဆင်နင်းခံရလို့သေတဲ့လူတွေကလည်း ဆင်တွေနေတဲ့နေရာကိုရောက်သွားလို့နင်းခံရတာ။ ဆင်တွေကရွာထဲအထိဝင်လာတာမျိုးဒီနားမှာမကြုံဘူးပါဘူး"ဟု အလယ်ချောင်းကွင်းအနီးနေထိုင်သူ ဦးထွန်းငွေမှ ၎င်းအတွေ့အကြုံကိုပြောပြသည်။      
ဆင်သတ်ပြီး ဆင်စွယ်ခိုးသည်ဟုယူဆရသူများအား ချောင်းသာရဲစခန်းမှ (ပ)၄၂/၁၁ တောရိုင်းတိရစ္ဆာန်၊ သဘာဝအပင်များနှင့် သဘာဝနယ်မြေထိန်းသိမ်းမှုဥပဒေပုဒ်မ ၃၇ ဖြင့်လည်းကောင်း၊ (ပ)၄၃/၁၁ လက်နက်ပုဒ်မ ၁၉(ခ) ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားသည်။
ရရှိသောဆင်စွယ်များကို မည်သည့်ဒေသသို့တန်ဖိုးမည်မျှဖြင့်ရောင်းချသည်နှင့် ကောင်ရေမည်မျှဖမ်းဆီးပြီးခဲ့သည်ကိုမူ အတိအကျမသိရသေးပေ။
နိုဝင်ဘာ  ၂၅ ၊ ၂၀၁၁ (YPI) -
ပြည်ထောင်စုဝန်ကြီး အချို့ နေရာ ထပ်မံပြောင်းလဲ
ဓါတ်ပုံ (Google Images)
ရန်ကုန်၊ နိုဝင်ဘာ ၂၄
၈လသက်တမ်းရှိ အစိုးရသစ် လက်ထက် ပြည်ထောင်စု ဝန်ကြီးများအား ဌာနပြောင်းရွှေ့ မှုတစ်ခု ဒုတိယအကြိမ် ထပ်မံ ပြုလုပ်ခဲ့ကြောင်း ဗဟိုအစိုးရအ ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။  ”လက်ရှိ သမဝါယမပြည် ထောင်စုဝန်ကြီးကို မွေး/ရေဝန်ကြီး ဌာနပူးတွဲ တာဝန်ယူရမယ်လို့ သိထားပါတယ်”ဟု ဝန်ကြီးဌာနများ နှင့် နီးစပ်သည့် အမည်မဖော်လိုသူ တစ်ဦးက အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဆိုသည်။  ထို မွေး/ရေဝန်ကြီးဌာနကို ယခင်က စီမံ/စီးပွားပြည်ထောင်စု ဝန် ကြီးဦးတင်နိုင်သိန်းမှ ပူးတွဲတာဝန်ယူ ခဲ့ဖူးပြီး ယခုပြောင်းလဲချက်ကြောင့် သမဝါယမ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ထံသို့ ဦးတင်နိုင်သိန်းမှ တာဝန်ယူလွှဲပြောင်း   ပေးရ  တော့မည်ဖြစ် ကြောင်း သိရသည်။  လက်ရှိ ဗဟိုအစိုးရအဖွဲ့သည် ဝန်ကြီးဌာန ၃၃ ခုကို ပြည်ထောင်စု ဝန်ကြီး ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ယခင်က အမှတ်(၁) စက်မှုဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးအပြောင်း အလဲကိုလည်း ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။ ”အဲဒီတုန်းက အမှတ်(၁)စက် မှုဝန်ကြီးက ဦးကျော်စွာခိုင်ပဲ။ သူ့ နေရာကို အရင်ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီးဟောင်း ဦး စိုးသိန်းကို တာဝန်ယူခိုင်းတယ်။ ကြည့်ရတာတော့ ဒီအစိုးရအဖွဲ့က သူ့လိုင်းနဲ့သူ ကျွမ်းကျင်တာ ကို တာဝန်ယူ  စေတဲ့သဘောလုပ် ဆောင်နေတာ ဖြစ်မယ်”ဟု ဝန်ကြီး ဌာနများနှင့် နီးစပ်သူက ထပ်မံဆိုသည်။ မွေး/ရေဝန်ကြီးဌာနအား တာဝန်ယူခဲ့သည့်   ပြည်ထောင် စုဝန်ကြီး ဦးတင်နိုင်သိန်းမှာ စီမံ/စီးပွားဝန်ကြီး  ဌာနတစ်ခုထဲကိုသာ တာဝန်ယူရ မည်ဖြစ်ပြီး ၄င်းမှာ ပြည်ထောင်စု ဝန်ကြီးအသိုင်းအဝိုင်း၌ ပြုပြင်ပြောင်း လဲမှုကိုလိုလား သူ၊ စီးပွားရေးအမြင် ရှိသူတစ်ဦးဟု နာမည်ထွက်သူတစ် ဦးဖြစ်ကြောင်း သိရသည်။
PN-051
တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးခင်ဇော် ရာထူးမှ အနားပေးခံရ
တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးခင်ဇော် (ဓါတ်ပုံ-Myanmar News Now)
ရန်ကုန်၊ နိုဝင်ဘာ ၂၄   
သမ္မတကြီး ဦးသိန်းစိန် အစိုးရ တက်ပြီးနောက်ပိုင်း ၈ လအကြာ၌ တိုင်းဒေသကြီး ဝန် ကြီးချုပ် အဖြစ် တာဝန်ထမ်း ဆောင်နေသည့် ဦးခင်ဇော်မှာ ယမန်နေ့က ရာထူးမှ အနားပေး ခြင်း ခံလိုက်ရကြောင်း ဗဟို အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။  ”ဒီနေ့ ရန်ကုန်ကို ဦးခင်ဇော် ရောက်လာပြီး အထုတ် အပိုးတွေ အများကြီးနဲ့၊ ဒီတော့ ကြည့်ရတာ ရာထူးက အနားပေးခံရတာ သေချာ သလောက်ရှိသွားပြီ” ဟု အမည် မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။   ယခင် အစိုးရ လက်ထက်၌ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် စစ် ဘက်ဆိုင်ရာ တာဝန်များကို ထမ်း ဆောင်ခဲ့ဖူးပြီး ယခု အစိုးရသစ် လက်ထက်၌ တနင်္သာရီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဦးခင်ဇော်မှာ မည်သည့် အချက်ကြောင့် ယခုကဲ့သို့ ရာထူးမှ အနားပေးခံရသည်ကို မည်သူမှ တိကျစွာ ထုတ်ဖော်ပြောဆို   နိုင်ခြင်း မရှိသည်ကိုလည်း ပေါ်ပြူလာ နယူးစ်မှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်လပိုင်း အတွင်းက လည်း ရှမ်းပြည်နယ်အဆင့်ရှိ ဝန် ကြီးတစ်ဦး၏  တရားဝင်နှုတ်ထွက် သွားခဲ့မှုလည်း ရှိခဲ့ကြောင်း အစိုးရ မှ ထုတ်ပြန်သည့် စာရင်းများအရ သိရှိခဲ့ရသည်။
Posted by Popular News in ပြည်တွင်းသတင်း
Myanmar News Now မှ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ ဦးခင်ဇော် ရဲ့  သတင်းကို အောက်ပါလင့် မှာ ဆက်လက်ဖတ်ရှု နိုင်ပါတယ်။
http://www.thithtoolwin.com/2011/11/blog-post_9589.html
ငမိုးရိပ်ချောင်းအတွင်း ဒုတိယအကြိမ် မိကျောင်းတစ်ကောင်ကို ထပ်မံတွေ့ရှိ
ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မိကျောင်းကို နိုဝင်ဘာ၂၄ရက် ညနေ ၄နာရီခွဲ အချိန်တွင် တွေ့ရစဉ်
cd2
ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မိကျောင်းကို နိုဝင်ဘာ၂၄ရက် ညနေ ၄နာရီခွဲ အချိန်တွင် တွေ့ရစဉ်
cd3
ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မိကျောင်းကို လာရောက်ကြည့်ရှု့နေသူများအား တွေ့ရစဉ်
ငမိုးရိပ်ချောင်းအတွင်း အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းက မိကျောင်းတစ်ကောင်အား ဖမ်းဆီးရမိပြီးနောက် တစ်လနီးပါးအကြာ  နိုဝင်ဘာလ ၂၄ ရက်နေ့က မိကျောင်းတစ်ကောင်အား အဆိုပါ ချောင်းအတွင်း၌ ထပ်မံတွေ့ရှိနေရကြောင်း သတင်းရရှိသည်။
ပထမအကြိမ် ဖမ်းဆီးမိခဲ့သည့် မိကျောင်းမှာ ၁၀ ပေခန့် အရွယ်ရှိပြီး ယခုထပ်မံတွေ့ရှိရသည့် မိကျောင်းမှာလည်း ပထမအကြိမ်ထက် အရွယ်အစားပိုကြီးကြောင်း  တွေ့ရှိရသည်။
ယခုဒုတိယအကြိမ် တွေ့ရှိနေရသည့် မိကျောင်းမှာ ငမိုးရိပ်တံတား ဒဂုံမြို့သစ် (တောင်ပိုင်း) အတွင်းရှိ ငမိုးရိပ်ချောင်းအနီး ပတ်ဝန်းကျင်တွင် သွားလာနေသည်ကို တွေ့ရှိရသည်။
ငမိုးရိပ်တံတား(တောင်ဒဂုံ) ဘက်ခြမ်းတွင် တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးကလည်း "ကျွန်တော် အဲဒီ မိကျောင်းကို တွေ့နေရတာ ၄ ရက် ရှိပါပြီ။ ချောင်းထဲမှာ မိကျောင်းနှစ်ကောင်ရှိတယ်လို့ ထင်ပါတယ်။ တစ်ကောင်က တော်တော်ကြီးတယ်။ တစ်ကောင်ကတော့ လေးပေလောက်ဘဲရှိတဲ့ မိကျောင်းကိုတွေ့ရပါတယ်" ဟု ၄င်း၏မြင်တွေ့မှုအပေါ်ကို ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါချောင်းအနီးတွင် နေထိုင်သူအမျိုးသမီးတစ်ဦးကလည်း  "ကျွန်မက နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက ကန်စွန်းစိုက်ခင်းကနေ ပြန်အလာမှာ ငမိုးရိပ်ချောင်း ကမ်းနားမှာ အဲဒီမိကျောင်းကြီး တစ်ကောင်ကို တွေ့ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။
ယခုအကြိမ် ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော အဆိုပါ မိကျောင်းအား ဖမ်းဆီးရမိရန်အတွက် ၄င်းချောင်းအနီးတွင် နေထိုင်သူအချို့မှ နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွှဲပိုင်း၁နာရီအချိန်မှ ညပိုင်းအချိန်အထိ ဖမ်းဆီးမိရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။
ပထမအကြိမ် ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော ၁၀ ပေ အရွယ်ရှိ မိကျောင်းကိုလည်း အောက်တိုဘာလ ၃ ရက်နေ့က စတင်တွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်နေ့ညပိုင်းက ရေယာဉ်လုပ်သား သုံးဦးက
ဖမ်းဆီးမိခဲ့ကြောင်း သိရှိရသည်။ ယခုအကြိမ်တွင်လည်း မိကျောင်းကို ဖမ်းဆီးရမိရန်အတွက် ချောင်းအနီးအနားတွင် နေထိုင်သည့် ပြည်သူအချို့က ဖမ်းမိရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရှိရသည်။
ငမိုးရိပ်ချောင်းအတွင်း ထပ်မံတွေ့ရှိနေရသည့် မိကျောင်းကို လာရောက်ကြည့်ရှုနေသူ များပြားလျက်ရှိကြောင်း သိရှိရသည်။
Eleven Media Group
Gmail, Gtalk ဘယ်အစိုးရကမှ ကြားကနေ ဖောက်မဖတ်နိုင်ဘူးဗျို့........
Gmail ကို အစိုးရရှဲ့ဆာဗာတွေကနေ ဖောက်လို့ရသတဲ့၊ Gtalk ကြီးကိုလည်း  အစိုးရက အလွယ်တကူ ၀င်ကြည့်လို့ရသတဲ့နဲ့ မနက်မိုးလင်းလို့ ဆောင်းပါးတစ်ခု ဖတ်လိုက်ရတော့ မှားနေတာ တန်းသိတာနဲ့ မှတ်ချက်တစ်ချို့ပေးလိုက်ပါတယ်..... သူ့စာကို ဖတ်ကြည့်ရသလောက်တော့ ရန်းတုတ်တာ တော်တော်များနေပေမဲ့ ကိုယ်နဲ့ မဆိုင်တော့ သိတ်မပြောချင်သေးဘူး..... နောက်မှ ဘယ်ဟုတ်မလဲ အဲ့ဒိသတင်းက မဇ္ဇိမ ၀ဘ်ဆိုဒ်မှာ တင်ထားပါတယ်ဆိုမှ အော် သောက်ရမ်း ရမ်းတုတ်တွေပဲဆိုပီး ရေးခဲ့သမျှ မှတ်ချက်ကို ပြန်စုလိုက်ပါတယ်... ပထမဆုံးက မြန်မာပြည်မှာ အင်တာနက်ကိုသုံးရာမှာ Gateway အဆင့်ဆင့်ခံပါတယ်။ မြန်မာပြည်တွင် မဟုတ်ပါဘူး နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ရှိပါတယ်။ Gateway ဆိုတဲ့သဘောတရားဟာ Network ကြီးတွေ ကြီးလာတဲ့ အခါမှာ၊ Sub Net တွေများလာတဲ့အခါမှာ Network တစ်ခုနဲ့ တစ်ခု Route လုပ်ဖို့အတွက် သုံးရတာဖြစ်ပါတယ်။ သူ့နက်ဝါ့ ကိုယ့်နက်ဝါ့တွေ ခွဲခြားသုံးတဲ့အခါမှာလည်း Gateway ကို ခံသုံးပါတယ်။ Gateway ဆိုတာ အကြမ်းမျဉ်းအားဖြင့် Router / NAT Devices တွေဖြစ်ပါတယ်။ Hardware / Software နှစ်မျိုးရှိပါတယ်။ အိမ်တွေရုံးတွေမှာလည်း အင်တာနက်လိုင်းကို ခွဲသုံးမယ်ဆိုရင် Router အသေးစားလေးတွေနဲ့ အင်တာနက်ကို ပြန်ခွဲသုံးတာကို အားလုံးလည်း သိကြတာပါပဲ။ နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ကနေ သွားပါတယ်....
မြန်မာပြည်က အင်တာနက်ကော်နက်ရှင်အများစုဟာ National Gateway ကနေဖြတ်ရတာလည်း ဟုတ်ပါတယ်။ အဲ့ဒိမှာ အင်တာနက်ကို သုံးဖို့အတွက် Proxy ဆာဗာတွေကို ဖြတ်ရပါတယ်။ MPT Connection မှာ Proxy Server ခံရပြီး Yatanarpon Connection မှာ Proxy မထည့်ရပဲ Auto နဲ့ သုံးရပါတယ်။ Technical အခေါ်အဝေါ်အနေနဲ့ကတော့ WPAD (Web Proxy Auto Discovery) ဖြစ်ပါတယ်။ Proxy Server များခံရခြင်းရဲ့ အဓိကကတော့ ဖွင့်ပေးခြင်တဲ့ Website တွေ ပိတ်ခြင်တဲ့ Website တွေကို ထိမ်းချုပ်ရန်အတွက် အဓိကဖြစ်ပါတယ်။ အဲ့ဒိမှာ Gmail နဲ့ Gtalk သုံးတဲ့ စနစ်ကို ကြည့်လျင် https ဆိုတာကို တွေ့ရမှာပါ။ https ဆိုတာ Secure Channel ဖြစ်ပါတယ်။ SSL Certificate ဆိုတဲ့ Encryption တစ်မျိုးနဲ့ ဒေတာတွေကို အပို့အယူ လုပ်ပါတယ်။ Encryption ဆိုတာဟာ a လို့ရိုက်လိုက်တဲ့စာကို Encrypt လုပ်လိုက်တဲ့အချိန်မှာ Method ပေါ်မူတည်ပြီး  019275&6%#%@*! ဆိုတဲ့ စာတွေအဖြစ်ကို ပြောင်းသွားပါတယ်။ ဟိုဘက်ကို ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့ Decrypt လုပ်ဖို့ ကုဒ်နဲ့ ပြန်ဖြည်မှ မူလစာ a ကိုမြင်ရတာဖြစ်ပါတယ်။ ဒီပုံထဲက SSL Encryption အလုပ်လုပ်ပုံကိုကြည့်ရင်သိနိုင်ပါတယ်။
ပုံမှန် ကျွန်တော်တို့ www.google.com လို့ရိုက်ထည့်လိုက်ရင် http://www.google.com နဲ့ပြောင်းသွားပါတယ်။ ဒါဟာ Pure HTML ပါ၊ ကြားကနေ ဖြတ်ယူကြည့်လို့ရပါတယ်။ အဲ့ဒိအချိန်မှာ mail.google.com ဆိုပီး ရိုက်ထည့်လိုက်ရင် https://mail.google.com ဆိုပီးပြောင်းသွားတာကို တွေ့ရပါမယ်။ အဲ့ဒါဟာ ပုံထဲမှာဆိုရင် အသုံးပြုသူရဲ့ ကွန်ပျူတာကနေ ဂျီမေးလ်ဆာဗာကို Secure Channel သုံးဖို့ Request လုပ်လိုက်ပါတယ်။ အဲ့ဒိအချိန်မှာ Gmail Server ဟာ Encryption လုပ်မဲ့ အဓိက Certificate ကိုထုတ်ပေးလိုက်ပါတယ်။ အဲ့ဒိအခါမှာ အသုံးပြုမယ့်သူက အပြန်အလှန် Encrypt/Decrypt လုပ်မဲ့ Key ကိုပေးလိုက်ပါတယ်။ နှစ်ဖက် သဘောတူညီမှု ရသွားတဲ့အချိန်မှာ Encrypted လုပ်ထားတဲ့ စာတွေကိုပဲ အပို့/အယူ လုပ်ပါတော့တယ်။ Encrypt လုပ်ထားတဲ့ စာတွေကို ပြန်ဖြည်တာကတော့ ခုဏက ပို့ထားတဲ့ Key နဲ့ပဲ ပြန်ဖြည်ရပါတယ်။ အဲ့ဒိ Key ဟာ မူလထုတ်ပေးတဲ့ Certificate ကနေလည်း အခြေခံပါတယ်၊ သုံးတဲ့သူရဲ့ ကွန်ပျူတာက နာမည်၊ အချိန်၊ နာရီ စတာတွေကိုလည်း ယူပါတယ်။ အဲ့ဒါကြောင့် Encrypt လုပ်တဲ့ကီးဟာ တစ်ကြိမ်နဲ့ တစ်ကြိမ်မတူပါဘူး။
အဲ့ဒိအတွက် https သုံးထားတဲ့ ဆိုဒ်တွေဟာ ကြားကဖြတ်ယူလို့ရပေမဲ့ မူလစာတွေကို အဓိပ္ပါယ်ပေါ်အောင် လုပ်လို့မရပါဘူး။ ဆိုလိုချင်တာကတော့ ကြားကဖြတ်ခိုးလို့မရပါဘူး။ ဘယ် ISP (Internet Service Provider) မှလည်း ဖြတ်ခိုးလို့ မရပါဘူး။ အဲ့ဒါတွေကြောင့် မူရင်းဆာဗာတွေကိုပဲ အဓိက ပစ်မှတ်ထားပြီး Hack လုပ်ကြတာဖြစ်ပါတယ်။ မူရင်း Server Hack လုပ်ခံရမှ အဲ့ Server ထဲမှာ သိမ်းထားတဲ့ အချက်အလက်တွေကို ခိုးယူလို့ရမှာ ဖြစ်ပါတယ်။ https သုံးထားတဲ့ Connection ကို ကြားကဖြတ်ခိုးလို့မရပါဘူး။ အထူးသဖြင့် Google ကဟာက ပိုဆိုးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ Google's https နဲ့ အခြားသော Business Application တွေကိုပါ Provide လုပ်ထားတဲ့ အတွက် ဖြစ်ပါတယ်။ Google Business Application တွေကိုသုံးထားတဲ့ နာမည်ကြီး အဖွဲ့အစည်းတွေကတော့ Motorola, Konica/Minolta, Land Rover, Virgin America, EPS, Brown University, National Geographic, တို့ဖြစ်ပါတယ်။ အတိအကျစာရင်းကို http://www.google.com/apps/intl/en/customers/ မှာသွားကြည့်နိုင်ပါတယ်။ အဲ့ဒိအတွက် Google ရဲ့ https ဟာ စိတ်မချရလျင် အဆိုပါအဖွဲ့အစည်းများ တရားစွဲတာနဲ့တင် Google ဟာ နာမည်ပျက်သွားမှာ ဖြစ်ပါတယ်။
https ရဲ့ Security Algorithm တွေကို ဖြည်ဖို့က တော်တော့ကို ခဲယင်းပါတယ်။ Super Computer တွေနဲ့ ဖြည်ထုတ်ရမှာပါ.... ဖတ်ဖူးတဲ့ စာစုတစ်ခုအရ အနည်းဆုံး နှစ် ၁၀၀ ကျော် အချိန်ပေးရမယ်လို့ ဆိုပါတယ်... အဲ့ဒါကြောင့် CA ကုမ္ပဏီတွေဟာ ယပ်ခတ်ပီး နေနိုင်ပါတယ်.... အဲ့လိုပဲ Certificate တွေမှာလည်း သက်တန်းရှိပါတယ်... သက်တန်း ကြာတဲ့ Certificate တွေကတော့ ဖောက်ဖို့ လွယ်ပါတယ်.... အခု Google Certificate ကတော့ ၂ နှစ်တစ်ခါ လဲတာကို သတိထားမိပါတယ်...
https ကိုပိတ်လို့မရတဲ့အတွက်ကြောင့် နိုင်ငံရေး တစ်ခုခု လှုပ်လှုပ် လှုပ်လှုပ် ဖြစ်ခဲ့ရင် အရင် အစိုးရဟာ https ကို ထိမ်းချုပ်ဖို့ ကြိုးစားပါတယ်... မရလျင် လုံးဝကို ပိတ်ပစ်လိုက်ပါတယ်... မြန်မာပြည်တွင်းက အင်တာနက်သုံးသူတွေ အကုန်ခဏခဏ ကြုံဖူးမှာပါ.... အင်တာနက်သုံးလို့ရပီး ဂျီမေးလ် ဂျီတော့ သုံးမရဘူးဆိုတာ https ကို ပိတ်ထားတဲ့ အတွက်ပါ.... အဲ့ဒါကြောင့် ကျော်ခွသုံးရပါတယ်... အခု Facebook ဟာ Login အတွက်ကိုပဲ https သုံးပီး ကျန်တာတွေကို Encryption မပါတဲ့ http သုံးတဲ့အတွက် သူတို့ နည်းပေါင်းစုံနဲ့ ကလိဖို့ ကြိုးစားနေပါတယ်.... အခုလက်ရှိ MPT ဟာ သူတို့ရဲ့ Primary DNS Server ကို 203.81.64.18 ဆိုပီး ထပ်တိုးပါတယ်.... DNS ဆိုတာ Naming Resolution (ဥပမာ www.google.com လို့ရိုက်ရင် google ကိုသွားရှာရန်) အတွက် သုံးတာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လိပ်စာတွေကို Resolve လုပ်နိုင်ရမှာ ဖြစ်ပါတယ်... ဒါပေမဲ့ အဲ့ဒိ Primary DNS Server မှာ Record ဖျက်ထားတဲ့အတွက် www.facebook.com လို့ရှာလိုက်ရင် Record Not Found ဆိုပီး ဖြစ်နေလို့ ပြည်တွင်းမှာ ခုရက်ပိုင်း Facebook သုံးတာ အဆင်မပြေဖြစ်တာပါ... အရင်တုန်းကတော့ mail.google.com ဆိုပီးရှာလိုက်ရင် Record Not Found ဖြစ်တယ်။ တစ်ခါတစ်လေမှာ www.google.com ကိုခေါ်ကြည့်ရင်ကို Access Denied ဖြစ်တာတွေ ပြည်တွင်းက အင်တာနက်သုံးသူများ အထူးအဆန်းမဟုတ်တော့ပါဘူး။
စာထဲမှာ ရေးထားတဲ့ DNS Poisoning နဲ့ အစိုးရက ခိုးတယ်လို့ ရေးထားပါတယ်။ အဲ့ဒါလည်း တက်တက်စင်အောင် လွဲပါတယ်။ DNS Poisoning ဆိုတာ တကယ့် Record အစစ်အမှန်တွေနေရာမှာ အတုအယောင်တွေနဲ့ အစားထိုးတာပါ။ မျက်စိထဲမှာ ထင်သာမြင်သာအောင် ပြောရမယ်ဆိုရင် မောင်ဖြူနေရာမှာ မောင်နီကို အစားထိုးလိုက်တာပါ။ အောက်ကပုံကိုကြည့်ရင် DNS Poisoning အလုပ်လုပ်ပုံကို တွေ့ရမှာ ဖြစ်ပါတယ်။
အသုံးပြုသူဟာ www.nicebank.com ကိုခေါ်လိုက်တဲ့အချိန်မှာ Poisoning အလုပ်ခံရတဲ့ DNS Server ဟာ တကယ့်နာမည်အစစ်ဖြစ်တဲ့ www.nicebank.com ကိုပေးမဲ့အစား www.n1cebank.com ကိုပြောင်းပလိုက်ပါတယ်။ အဲ့ဒိ www.n1cebank.com မှာမှ အသုံးပြုသူ User ရဲ့ပါစ၀ါ့တွေကို ခိုးဖို့ Fake Form တွေ အဆင်သင့်စောင့်နေပါတယ်။ ဖောင်တွေကို ဖြည့်ပီး Submit လုပ်လိုက်ချိန်မှာတော့ ကိုယ့်အကောင့်ဟာ ပါသွားပီဖြစ်ပါတယ်။ ပြန်ယူချင်လို့ မရတော့ပါဘူး။ ဘဏ့်အကောင့်ဆို ငွေအကုန်၊ အီးမေးလ်အကောင့်ဆို ပါ့စ၀ါ့ကိုအပြောင်းခံလိုက်ရပီး Account Hijacked ဖြစ်သွားပါပီ။ ဒါဟာ DNS Poisoning နဲ့ Fake Website ကိုအသုံးပြုပြီး ခိုးတာဖြစ်ပါတယ်။ ကိုယ် Login ၀င်နေတာ Google ရဲ့ Website ဟုတ်မဟုတ်ကို Internet Browser ရဲ့ Address Bar ကနေ စစ်ကြည့်လို့ရပါတယ်။
အဲ့ဒိမှာ သူပြထားတဲ့ ပုံထဲက ဆာဗာတစ်လုံးဟာ Checking and Capturing the Login Credential ဆိုပြီးပြထားပါတယ် မှားပါတယ်။ https နဲ့သွားတဲ့ Login Credential တွေကို ဖြတ်ပီးခိုးဖမ်းဖို့ မဖြစ်နိုင်ပါဘူး။ အခုလက်ရှိ အစိုးရမှ သုံးထားတာတွေဟာ Proxy Server တွေဖြစ်ပြီး Website အဖွင့်အပိတ်ကို ပြုလုပ်ရန်၊ တနည်းအားဖြင့် URL Filtering အတွက်ဖြစ်ပါတယ်။ သူတို့ ပေါ်လစီနဲ့ ညိရင် ပိတ်ထားပါတယ်၊ တနည်းအားဖြင့် ဘန်းတယ်ပေါ့။ အဲ့ဒါကြောင့် မြန်မာတွေ ကျော်ခွသုံးတာကို ဘန်းကျော်တယ်လို့ သုံးကြပါတယ်။ User သွားကြည့်တဲ့ Website တွေကိုတော့ Trace လိုက်လို့ရပါတယ်။ ဒါကလည်း သူသုံးတဲ့ အင်တာနက် Service ပေါ်မူတည်ပြီး ချပေးထားတဲ့ IP Address ကိုနောက်ယောင်ခံ လိုက်ကြည့်တာပါ။ အဲ့ဒါလည်း ဘယ် Website ကိုသွားတာပဲ သိရတာဖြစ်ပါတယ်။ အဲ့ဒိ Website ဟာ https သုံးထားလျင် အထဲမှာ ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ တနည်းအားဖြင့် သူတို့ဟာ ဒီလူ ဒီအဆောက်အဦးထဲ ၀င်သွားတာကို သိပါတယ်။ အဆောက်အဦးထဲမှာ ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဓိက Decrypt လုပ်ရန် Key မရှိခြင်းကြောင့် ဖြစ်ပါတယ်။
အဲ့ဒိလို သွားကြည့်တဲ့ Website တွေကို Trace လိုက်တယ်ဆိုတဲ့နေရာမှာလည်း Proxy Bypass Software တွေသုံးထားရင် လိုက်စစ်လို့ မရပြန်ပါဘူး။ ထို့အတူ Proxy Bypass Site တွေကနေ တစ်ဆင့်သွားလျင်လည်း မသိနိုင်ပါဘူး။ လူသိများကြတဲ့ Proxy Bypass Software တွေကတော့ Your Freedom, Freegate, Ultrasurf, Hopster အစရှိသဖြင့် အများကြီး ရှိပါတယ်။ ဥာဏ်ရှိသလို သုံးနိုင်ပါတယ်။ နိုင်ငံတကာကို သွားဖို့ Ports တွေကတော့ အကုန်ပိတ်ထားပြီး ဖွင့်တာဆိုလို့ http, https ပဲရှိတယ်၊ ဘယ်ဝက်ဆိုဒ်တွေတော့ ပေးကြည့်မယ် ဘယ်ဟာတော့ ပိတ်မယ်ဆိုတာ URL Filtering ပါ၊ DNS Poisoning တောင်မလုပ်ဘူး NS Record ကို ဖျက်ပစ်တဲ့ အလုပ်မျိုးကိုပဲ လုပ်ကြတယ်။ အဲ့ဒိဆောင်းပါးပါ အချက်အလက်တွေ တော်တော်လေးလွဲနေပါတယ်။ DNS Port ကိုတော့ ဖွင့်ပေးထားပေမဲ့ MPT Connection ဟာ Proxy နဲ့ ထိမ်းထားတာ ဖြစ်တဲ့အတွက် သူ့ Proxy Server ဟာ သူ့ရဲ့ DNS ကိုပဲ သွားစစ်တာဖြစ်တဲ့အတွက် ကိုယ်ပိုင် DNS Server သုံးပီး ကျော်ခွလည်း မရပါဘူး။
FTP Port ကတော့ စိတ်ကူးပေါက်ရင် ဖွင့်ပါတယ်၊ တစ်ခါတစ်လေမှာ ပိတ်ပါတယ်၊ တစ်ချို့ အဖွဲ့အစည်းတွေကတော့ သူတို့ နိုင်ငံခြားမှာ ရှိတဲ့ ဆာဗာတွေကိုသုံးဖို့အတွက်တော့ Port Request တင်ရပါတယ်။ Messaging Port တွေဖြစ်တဲ့ (POP, SMTP, IMAP, Exchange) တွေကိုတော့ လုံးဝပေးမဖွင့်ပါလို့ အရင်ကတရားဝင် ပြောပါတယ်။ အဲ့လိုပဲ VPN ကိုလည်း လုံးဝပေးသုံးပါလို့ အရင်က ပြောပါတယ်။ Port Request မှာ Source IP ပေးရပါတယ်၊ Target URL & Target Port ကိုပေးရပါတယ်။ ဖွင့်မပေးခင်း နည်းလမ်းပေါင်းစုံ စစ်ပါတယ် ဒါက အရင်ကပါ။ (အခုတော့ မသိဘူး ကျွန်တော့လာမမေးနဲ့ သူတို့သွားမေး.... :D)
လက်ရှိ မြန်မာပြည်က ရတာနာပုံ ကသုံးထားတဲ့ Proxy Server တွေဟာ Blue Coat System ဖြစ်ပါတယ်။ Blue Coat က ကမ္ဘာ့အကောင်းဆုံးလို့တော့ ပြောကြတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံက လုပ်ချင်တဲ့ System နဲ့ Control လုပ်ချင်တဲ့ပုံစံက တကယ့်ကို တလွဲပါ။ ကမ္ဘာမှာလည်း မရှိပါဘူး.... အဲ့ဒါကြောင့် သူတို့တွေ Proxy ကို တစ်မျိုးပြီး တစ်မျိုးပြောင်းသုံးနေပေမဲ့လည်း ခုထိသူတို့ လိုချင်တဲ့ပုံစံနဲ့ ထိမ်းချုပ်မရသေးတဲ့အတွက် နည်းပညာပိုင်း မနိုင်သေးတဲ့အတွက် ကမောက်ကမ ဖြစ်တာ များခဲ့ပါတယ်။ ဒီနေရာမှာ Proxy Server တွေဟာ https အတုတွေကို ကြားဖြတ် ဖျက်ချဖို့ System တွေပါဝင်လာပါတယ်။ ကျွန်တော် Blue Coat နဲ့ အကျွမ်းတ၀င်မရှိတဲ့အတွက် Microsoft TMG နဲ့ပဲ နှိုင်းယှဉ်ရေးပြပါ့မယ်။ သဘောတရားခြင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ (Co-operate Proxy & Firewall မှာတော့ Microsoft TMG ဟာ နာမည်ကြီးပါတယ်။ Blue Coat ကတော့ ISP တွေ အကြိုက်ဖြစ်ပါတယ်။)
Microsoft TMG မှာအဲ့ဒိ စနစ်ကို SSL Inspection လို့ ခေါ်ပါတယ်။ Fake SSL Certificate တွေကို သုံးမှာကို တားတာပါ။ ဒါပေမဲ့ Technology အရ Un-trusted Certificate တွေနဲ့ Fake Certificate တွေကို သုံးထားတဲ့ Website တွေကို Users တွေ Access လုပ်မိခြင်းမှ ကာကွယ်ရန် ဖြစ်သလို၊ Proxy Bypass သုံးတဲ့ Software တွေရဲ့ Fake Certificate နဲ့ ကျော်ခွခြင်းကို ကာကွယ်ရန်ဖြစ်ပါတယ်။ ဒါပေမဲ့ Public ISP လိုမျိုးတွေမှာ အဲ့ဒိ Function ဟာ သုံးလို့မရပဲ Co-operate တွေမှာပဲ သုံးရတာ အဆင်ပြေပါတယ်။ Public မှာသွားသုံးလိုက်ရင် Client Authentication မှာတင် အဆင်မပြေဖြစ်ပီး https ကို Access လုပ်မရပဲ ဒေါင်းကုန်လို့ဖြစ်ပါတယ်။
ယခင် အစိုးရက အင်တာနက်ကို ကြားက ဖြတ်စစ်လို့ မရမှန်းသိလာတော့ သိတ်ပေးမသုံးချင်ခဲ့ဘူး။ ဒါပေမဲ့လည်း အင်တာနက် အခွင့်အရေး အပြည့်အ၀ ပေးထားတယ်ဆိုတာ ပြချင်တော့ ပေးသုံးတယ်၊ သို့သော် သူတို့ အခုလက်ရှိ လုပ်ထားတာ Bandwidth Control ဖြစ်ပါတယ်။ ပြောရရင်တော့ နှေးအောင်လုပ်ထားတာပေါ့ဗျာ။ အဲ့ဒါကြောင့် တစ်ခုခုဖြစ်လို့ မသင်္ကာရင် သတင်းတပ်ဖွဲ့က ကွန်ပျူတာကို အကုန်စစ်တာဖြစ်ပါတယ်။ ကိုဇာဂနာကြီးရဲ့ ဘာ့ကြောင့်ထောင်ကြသလဲ အင်တာဗျူးတွေ ပြန်ကြည့်ရင် သိနိုင်ပါတယ်။ နိုင်ငံတကာမှာ၊ အထူးသဖြင့် အမေရိကန်မှာ တစ်ခုခု National Security နဲ့ပါတ်သက်လို့ သိချင်လာလျင် Public Server တွေကို ဖွင့်ပီး စစ်ဆေးပိုင်ခွင့် အမိန့်ဒီကရီကို တရားရုံးမှာတောင်းပါတယ်။ ဒီကရီ ရတာနဲ့ သက်ဆိုင်တဲ့ Server တွေက ဒေတာတွေကို မွှေပါတော့တယ်။ ဟိုတလောလေးကပဲ အမတ်တစ်ယောက်ကို Wikileak နဲ့ အဆက်အသွယ်ရှိလို့ဆိုပီး သူ့ရဲ့ Twitter အကောင့်အပါဝင် တော်တော်များများကို ၀င်မွှေခွင့်ပေးလိုက်ပါတယ်။ အဲ့ဒိနေရာမှာသတိထားကြည့်ပါ၊ ISP ကိုမမွှေပဲ မူရင်း Source ကိုပဲ မွှေတာကို တွေ့မှာပါ။ ISP ကနေ စစ်လို့ရလျင် CIA ဟာ လူသိရှင်ကြားတောင် လုပ်မနေပါဘူး တိတ်တိတ်ဖြတ်ခိုးနေမှာပါ။
ဂျီမေးလ်အကောင့်အသစ် ဖွင့်ပီး မြန်မာပြည်တွင်းမှာ (မြန်မာပြည်ရဲ့ IP နဲ့ဆို ပိုမှန်ပါတယ်..) သုံးရင် သိတ်မကြာဘူး လော့ကျသွားပီး ဖုန်းနံပါတ်နဲ့ ဖြည်ရပါတယ်.... ဘာ့ကြောင့်လည်းဆိုတော့ မြန်မာပြည်ကို အကောင့်အသစ်ဖွင့်ခွင့် ပိတ်ထားတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်.... အဲ့ဒိ လော့ကျသွားတဲ့ အကောင့်ကို ဖုန်းနံပါတ်ထည့်ပြီး ပြန်ဖွင့်လို့ရပါတယ်.... အစိုးရ လုပ်တာမဟုတ်ပါဘူး... Google ရဲ့ Restriction တစ်ခုပါ.... ဒါတွေကိုဖတ်ကြည့်ရင်တော့ အဖြေရှင်းလောက်ပီ ထင်ပါတယ်။ အဲ့ဒိဆောင်းပါးပါတဲ့ အချက်တွေဟာ တော်တော်လေးကို လွဲမှားနေပါတယ်။ အဲ့ဒိအထဲက ကွန်ပျူတာ ပညာရှင်ဆိုတာ လူရွှင်တော်လား မသိပါဘူး။ ကွန်ပျူတာ ပညာကို သေသေခြာခြာ တတ်တဲ့သူတိုင်း၊ https ရဲ့ အလုပ်လုပ်ပုံကို သိသူတိုင်းဟာ ဘယ်လိုမှ https ကိုကြားကနေ ဖြတ်ခိုးယူလို့ မရဘူးဆိုတာ အလိုလို သဘောပေါက်နားလည်ပီးသား ဖြစ်ပါတယ်။ အဲ့ဒိအတွက် ဘာမှ စိုးရိမ်စရာမလိုပဲ https နဲ့ စစ်မှန်တဲ့ URL (DNS Poisoning) လုပ်ထားတဲ့ လိပ်စာမဟုတ်ရင် စိတ်ချ လက်ချ သုံးနိုင်တာကို အာမခံပါတယ်။ အဲ တစ်ခုပဲ ရှိတယ် Cyber Cafe မှာသွားသုံးလို့ Key Logger နဲ့ ခိုးခံရရင်တော့ မပြောတတ်ဘူးဗျိုး.....
by James Mmt
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်