အိမ်တစ်အိမ်ရှိဘုရားသောက်တော်ရေခွက်ထဲ ဗုဒ္ဓစွယ်တော် ပေါ်တယ်ဆိုတဲ့ သတင်းကြောင်း လူတစ်သောင်းကျော် ရောက်လာ




မင်္ဂလာဒုံမြို့နယ်(၁၀)ရပ်ကွက်မဥူလမ်းနေအိမ်တစ်အိမ်ရှိဘုရားသောက်တော်ရေခွက်ထဲတွင်အဖြူရောင်အဆင်းရှိအလုံးသဏ္ဍန်တစ်ခုပေါ်ပေါက်ရာမှ ဗုဒ္ဓစွယ်တော်ဟုယူဆပြီးလာရောက်ဖူးမြှော်သူဦးရေတစ်သောင်းကျော်ထိရှိလာကြောင်းThe Messenger သတင်း အရသိရသည်။
yangonchronicle ရဲ့  သတင်းမှာတော့--
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြတ်စွယ်တော် ရန်ကုန်သို့ ကြွရောက်နေချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်ရှိ နေအိမ်တစ်အိမ်၏ သောက်တော်ရေခွက်မှ စွယ်တော်အရိပ်တစ်ဆူ ပေါ်လာကြောင်း သိရသည်။
ရန်ကုန်သို့စွယ်တော် ကြွရောက်လာသည်ကို ယင်းမိသားစုမှ ဖူးမြော်နေစဉ် ဘုရားသောက်တော် ရေခွက်ထဲတွင် စွယ်တော်နှင့်သဏ္ဍန်တူသည့် အရာဝတ္တုတစ်ခုပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ပေါက်ကုန်းရပ်ကွက်တွင် နေထိုင်သူ ဒေါ်တင်လှက ပြောကြားသည်။
“မနေ့က ည ၁၁ နာရီကျော်ကတည်းက ဘုရားဖူးတွေလာနေတာ အခုထက်ထိပဲ။ လုံခြုံရေးတွေတောင် မနိုင်ဘူး။ တန်းစီပြီး ဘုရားဖူးနေရ တယ်”ဟု ယင်းက ဆက်လက်ပြောဆိုသည်။
နိုဝင်ဘာ ၂၂ ရက်နေ့ည ရှစ်နာရီကျော်အချိန်မှ စတင်ကာ စွယ်တော်နှင့်တူသည့်အရာဝတ္ထု စတင်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါ အရာဝတ္ထုအား သက်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက်စစ်ဆေးပြီး ဖြစ်ကြောင်း သိရသည်။
“သူတို့စစ်ဆေးသွားတာပဲ၊ ဘာကြောင့်ဆိုတာ ထုတ်မပြောသွားဘူး”ယင်း အိမ်ပိုင်ရှင် ဦးသိန်းလှက ပြောကြားသည်။
သက်ဆိုင်ရာတာဝန်ရှိသူများက စွယ်တော်နှင့်ဆင်တူသည့် အရာဝတ္ထပေါ်နေသည့် ဖန်ခွက်ထဲမှရေများအား သွန်ပစ်ခြင်း၊ လက်နှင့်မွှေနှောက် ရှာဖွေခြင်းများ ပြုလုပ်သော်လည်း ယင်းအရာမှာပေါ်နေကြောင်း ဦးသိန်းလှက ဆက်လက် ပြောကြားသည်။
“နောက်တော့ သူတို့လက်လျော့သွားတယ်။ လုံခြုံရေးလည်း ချပေးထားတယ်။ ဘုရားဖူးတွေလည်း မစဲဘူး”ဟု ယင်းက ပြောကြားသည်။
နေပြည်တော်တွင် ၁၆ ရက်ကျော် အဖူးမြော်ခံသည့် ဗုဒ္ဓမြတ်စွယ်တော်သည် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကမ္ဘာအေးလိုဏ်ဂူသို့ ရောက်ရှိလာပြီး ဒီဇင်ဘာ ၇ ရက်နေ့အထိ အများပြည်သူတို့၏ ဖူးမြော်မှုကို ခံယူမည် ဖြစ်ကာ၊ မန္တလေးမြို့သို့ ဆက်လက်ကြွရောက် မည်ဖြစ်သည်။
YC(KS)
 

မြောက်ဥက္ကလာပမှာ နောက်ထပ်လူသတ်မှုတခုထပ်ဖြစ် ဒီတခါ အသတ်ခံရတာ ကျူရှင်ဆရာမ

ရန်ကုန်တိုင်း​ ​မြောက်ဥက္ကလာပမြို့​နယ်မှာ ​ဘောလုံး​ပွဲ ​လောင်း​ကစား​တာကို အ​ကြောင်း​ပြုပြီး​ လူသတ်မှုတခု ဖြစ်ပွား​ခဲ့​ပါတယ်။
မြောက်ဥက္ကလာပမြို့ ​နယ် အမှတ် ၂ ရပ်ကွက် ဘုန်း​ကြီး​လမ်း​မှာ​နေတဲ့​ အသက် ၂၅ နှစ်အရွယ် ကျူရှင်ဆရာမ မထက်ထက်​အေး​ကျော်ဟာ ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​က အသတ်ခံခဲ့​ရတာပါ။
ခင်ပွန်း​သည်က ​ဘောလုံး​ပွဲ​လောင်း​ရာ ရှုံး​ပြီး​ ​ငွေ​တောင်း​လို့​မရတာ​ကြောင့်​ ဇနီး​ဖြစ်သူ မထက်ထက်​အေး​ကျော်ကို သတ်တာလို့​ အမှတ် ၂ ရပ်ကွက်​နေသူ တဦး​က ​ပြောပါတယ်။
“ဘယ်လိုဖြစ်တာလဲဆို ​တော့ အသတ်ခံရတဲ့​ ​ကောင်မ​လေး​ရဲ့​ ​ယောက်ျား​က ​​ဘောပွဲရှုံး​လို့​ ဆိုပြီး​တော့​ အဲဒီ ​ဘောပွဲဖိုး​ ပိုက်ဆံ သိန်း​ ၂၀ ဆိုလား​ မသိဘူး​ အဲဒါ ရှုံး​တာ။ သူ့​မိန်း​မဆီမှာ​တောင်း​တာ။ သူ့​မိန်း​မက ငါ့​မှာ အဲဒီ​လောက် သိန်း​ ၂၀ ​တော့​ မရှိဘူး​ ဆိုပြီး​။ ​ကောင်မ​လေး​က စာသင်တယ်​လေ ကျူရှင်မှာ။ အဲဒီမှာ စာသင်​တော့​ ​ကျောင်း​သား​တွေ​ရှေ့​မှာ သူ့​ကို အဲဒီလိုမျိုး​ ​အော်လိုက်လို့​တဲ့​ ​ကောင်မ​လေး​ကို အိမ်ခန်း​ထဲ​ခေါ်ပြီး​တော့​ အဲဒီမှာ ပုလင်း​ကွဲ အရက်ပုလင်း​နဲ့​ အခန်း​ထဲမှာ ပိတ်ပြီး​တော့​ ထိုး​တာတဲ့​။ သူ့​မိဘ​တွေ လာတာ​တောင်မှ မိဘ​တွေကို မလာနဲ့​လို့​ ​ပြောတယ်တဲ့​။ လာရင် မိဘ​တွေပါ ထိုး​မယ်လို့​ ​ပြောလို့​။”
ဒီလူသတ်မှုနဲ့​ ပတ်သက်လို့​ အ​သေး​စိတ်သိရဖို့​ ​မြောက်ဥက္ကလာပ မြို့​နယ်ရဲစခန်း​ကို ဆက်သွယ်လို့​ မရ​သေး​ပါဘူး​။
မထက်ထက်​အေး​ ကျော်ရဲ့​ ခင်ပွန်း​သည်ကို​တော့​ အခင်း​ဖြစ်တဲ့​ညမှာ ရဲကဖမ်း​ဆီး​ပြီး​ စစ်​ဆေး​နေတယ်လို့​ အိမ်နီး​နား​ချင်း​တဦး​က ​ပြောပါတယ်။
“၂ ရပ်ကွက် ရဲ​တွေ အဲဒီညတွင်း​ချင်း​ ၁၀ နာရီမှာ ဖမ်း​သွား​တာ။ အဲဒီရဲက သူ့​ကို စစ်တယ်တဲ့။ စစ်တဲ့​အခါကျ​တော့​ ​ကောင်​လေး​က အကုန်လုံး​ဖွင့်​ပြောတယ်။ ဖွင့်​ပြောလို့​ ရဲကလူ​တွေနဲ့​ သွား​ပြီး​ အိမ်မှာ ရှာကြ​ဖွေကြ​တော့​ ​တွေ့​တယ်။ ချွန်ထက်တဲ့​ အရာဝတ္ထုနဲ့​ ​ကောင်မ​လေး​ကို ထိုး​ပြီး​တော့​ အဲဒီ အိမ်သာထဲတည့်​တာ။ အဲဒါ ရဲ​တွေက အကုန်လုံး​ပေါ့​နော် လူ​တွေများ​များ​နဲ့​ ရှာတာ ရှာလို့​ ​တွေ့​တယ်။ ​ကောင်​လေး​က အကုန် အစအဆုံး​ ထုတ်​ဖော်​ပြောတယ်တဲ့​။”
သေဆုံး​သူ မထက်ထက်​အေး​ကျော်ဟာ ကိုယ်ပိုင်လိုင်စင်နဲ့​ ကျူရှင်ဖွင့်​ သင်ကြား​ပေး​တဲ့​ ​ကျောင်း​ဆရာမဖြစ်ပြီး​ သား​သမီး​မရှိ​သေး​ဘူး​လို့​ သိရပါတယ်။
မထက်ထက်​အေး​ကျော်ရဲ့​ ရုပ်အ​လောင်း​ကို ဒီ​နေ့​ ည​နေ ၃ နာရီမှာ သင်္ဂြီုဟ်ခဲ့​ပါတယ်။ 
ဒီဗွီဘီ

NLD ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဖွဲ့စည်း

၂၀၁၁ခုနှစ် နိုဝင်ဘာလ ၂၃ရက်နေ့က  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)တွင် ပြည်နယ်နှင့်တိုင်း ဗဟိုအလုပ်မှုဆောင်များကိုခေါ်ကာ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည့် လူငယ်များ၏ အရည်အချင်းများကို သတ်မှတ်၍ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အန်အယ်လ်ဒီအဖွဲ့ချုပ်မှ  ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် သူများသည် ဒေသခံ တိုင်းရင်းသားများဖြစ်ရမည် ၊ လူငယ်ဖြစ်ရမည် ၊ အမျိုးသမီး ဦးစားပေးမည်၊ ခေတ်ပညာတတ် ဖြစ်ရမည်ဟု အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

 “ဒေါ်အောင်ဆန်းစုကြည် ခေါ်ပြီးပြောတာက နံပါတ်တစ် ဒေသခံတိုင်းရင်းသားကို ဦးစားပေးရမယ် ၊ နံပါတ်နှစ် လူငယ်ဖြစ်ရမယ် ၊ နံပါတ်သုံး အမျိုးသမီးတွေ ပါဝင်ရမယ် ၊ နံပါတ်လေး ခေတ်ပညာတတ်တဲ့လူငယ်တွေကို ပိုလို ချင်တယ် လို့သူပြောသွားတယ် ၊ အဲ့ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေကို ဦးစားပေး စဉ်းစားပေးတဲ့သဘောပေါ့ နောက်လူငယ်လေးတွေကို ဦးစားပေးလာတာပါ” ဟု မန္တလေးတိုင်းဒေသကြီးမှ အန်အယ်လ်ဒီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးအေးကြူက ပြောသည်။

အဆိုပါ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဥက္ကဌ ဦးတင်ဦးတို့အပါအ၀င် အဖွဲ့ဝင်၂၁ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အန်အယ်လ်ဒီပါတီမှ  ကြားဖြတ်ရွေးကောက်ပွဲဝင်မည့်သူများသည် လူငယ်များဖြစ်ရမည်ဟု ပြောဆိုရခြင်းမှာ လူငယ်များအနေဖြင့် နောင်တစ်ချိန်တွင် တိုင်းပြည်ကို ဦးဆောင်မည့်သူများ ဖြစ်စေချင်သောကြောင့် ဦးစားပေး ရွေးချယ်ရခြင်းဖြစ်ကြောင်း အဖွဲ့ချုပ်အဖွဲ့ဝင်များထံမှ သိရသည်။
 “အန်တီစု အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကအဖွဲ့ဝင် ၂၁ဦး နဲ့ ပါတီသစ်လျှောက်လွှာတွေအတွက် အန်တီတို့ လက်မှတ်ထိုးကြရတယ် ဒီရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဦးဆောင်မှာက အထွေထွေအတွင်း ရေးမှူးဒေါ်အောင်ဆန်းစုကြည် ၊ ဘဘဦးတင်ဦး ၊ ဦးဟန်သာမြင့် နောက် ဦးဥာဏ်ဝင်းတို့က  ဦးဆောင်မှာပါ၊ အားလုံးပေါင်း (၂၁)ဦးပေါ့ ကျန်တဲ့လူက ဗဟိုအမျိုးသမီးအဖွဲ့ပါတယ် ၊ ဗဟိုလူငယ်က တစ်ယောက်ပါမယ် တိုင်းနဲ့ပြည်နယ်က ကိုယ်စားလှယ်တွေလည်းပါတယ် အဲ့ဒီလူတွေကနေမှ နိုင်ငံရေးပါတီအဖြစ်နဲ့ မှတ်ပုံတင်ဖို့ ဒီနေ့ လုပ်ဆောင်ကြတာပါ” ဟု ရှမ်းပြည်နယ်ကိုယ်စားပြု ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ဖွဲ့စည်းရာတွင် ပါဝင်သူ ဒေါ်ခင်မိုးမိုးက ပြောသည်။

ဗဟိုအလုပ်မှုဆောင်များနှင့် တွေ့ဆုံရာတွင် ပြည်နယ်နှင့်တိုင်းမှ စီစီ ပါတီသစ်မှတ်ပုံတင်ခြင်း ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗဟိုအဖွဲ့ဖွဲ့စည်းခြင်း နှင့် တိုင်းနှင့်ပြည်နယ်များမှ အောင်နိုင်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း တို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဝင့်သင်ဇာကျော်၊ ထွန်းနေအောင် (မြစ်မခ)
နိုဝင်ဘာ ၂၃ ၊ ရန်ကုန်မြို့။

ဆင်းရဲချို့တဲ့သူများအတွက်အခမဲ့ဆေးခန်းတစ်ခုဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ကျီစုကျေးရွာအတွင်း အနောက်ကျောင်း သဇ္ဇနရာမ ကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေး ကွန်ယက် အမည်ရှိ အခမဲ့ဆေးခန်းတစ်ခုကို  ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

အဆိုပါဆေးခန်းအား နာမကျန်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ဆင်းရဲနွမ်းပါး သူများ အတွက် အဓိကရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

ဆေးခန်းဖွင့်လှစ်ထားသော ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ကျီစု ကျေးရွာတွင် အိမ်ခြေ တစ်ထောင်(၁၀၀၀) ကျော်ရှိပြီး သွားရေးလာရေးခက်ခဲခြင်း၊ အနီးတဝိုက်တွင် ဆေးရုံ၊ ဆေးခန်းများမရှိခြင်း၊ လက်လုပ်လက်စား အခြေခံ လူတန်းစားများ များပြားခြင်းအစရှိသည့် လိုအပ်ချက်များကြောင့် ယခုကဲ့သို့ အခမဲ့ဆေးခန်း လာရောက် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေး ကွန်ယက် တာဝန်ခံ ကိုမျိုးသန့်ကျော် ကပြောသည်။

“ဒီနေရာက အခြေခံလူတန်းစားတွေများတယ်။ ပြီတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့အတွက် နာမကျမ်းဖြစ်ရင် ကားဝင်လို့မရဘူး။ အထမ်းနဲ့ထုတ်ရတယ်။ အဲလိုမျိုးလေးတွေရှိတာပေါ့၊ နွမ်းပါးသူတွေ အတွက် တကယ်လိုအပ်နေလို့ ဖွင့်တာပါ ” ဟု တာဝန်ခံ ကိုမျိုးသန့်ကျော်ကပြောသည်။

ဆေးခန်းစတင်ဖွင့်လှစ်ခဲ့သည့်နေ့မှာပင် လာရောက်ဆေးကုသသူ လူနာဦးရေ (၁၁၆) ဦးရှိပြီး လက်ရှိအချိန်တွင် ဆေးခန်းအား ဆရာဝန်အခက်အခဲကြောင့် တစ်ပတ်လျှင် ကြာသပတေး နှင့် တနင်္ဂနွေ (၂) ရက်သာ ဖွင့်လှစ်၍ ကုသနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကြာသပတေးနေ့တွင် အင်္ဂလိပ်ဆေး ဆရာဝန်နှင့် ကုသပေးမည်ဖြစ်ပြီး၊ တနင်္ဂနွေနေ့တွင် လေဖြတ်သူများ၊
အညောင်းအညာမိနေသူများအတွက် တိုင်းရင်းဆေးဆရာဖြင့် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုက စဖွင့်ခါစဆိုတော့ ဆရာဝန်တွေက မစုံသေးဘူး။ အဲဒါကြောင့် တစ်ပတ် (၂) ရက်ပဲဖွင့်နိုင်သေးတာပါ။ နောက်ပိုင်း ဆရာဝန်တွေရောက်လာရင်တော့ တစ်ပတ်လုံးဖွင့်ပေးသွားမှာပါ။ တိုင်းရင်းဆေးဆရာထားတာက တစ်ချို့ကျတော့ တိုင်းရင်းဆေးနဲ့ပဲ ကုချင်တဲ့သူတွေရှိတယ်လေ။ ”ဟု အဖွဲ့ဝင်လူငယ်တစ်ဦးကပြောသည်။

ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေးကွန်ယက်ကို လူဦးရေ (၄၀) ခန့်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူငယ်များအများဆုံးပါဝင်ကြောင်း သိရသည်။ ဆေးခန်းဖွင့်လှစ်နိုင်ရန် အဖွဲ့အတွင်းရှိ လူငယ်များနှင့် ပြင်ပ အလှူရှင်များမှ လာရောက်လှူဒ္ဒါန်းသော အလှူငွေများဖြင့် ယခုကဲ့သို့ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇင်မန်း(မြစ်မခ)
နိုဝင်ဘာလ ၂၃၊ ရန်ကုန်မြို့။

7Day News Journal အတွဲ (၁၀)၊ အမှတ် (၃၆) နိုဝင်ဘာ ၂၄

10-36

ဆင်းရဲချို့တဲ့အကူအညီမဲ့နာမကျန်းသူများအား ကူညီစောင့်ရှောက်သူများကို ရွာခံ ကြံဖွံ့ အဖွဲ့ ကခြိမ်းခြောက်



ကျွန်တော်တို့NLD ပါတီဝင်အများစုဖြင့်စုစည်းထားသည့် Health Care for Helpless Patients (ဆင်းရဲချို့တဲ့အကူအညီမဲ့နာမကျန်းသူများအား ကူညီစောင့်ရှောက်သူများ)မှ အမေဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုကို ခံယူလျက် ဆင်းရဲနွမ်းပါးနေရာများတွင် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းများ ဖွင့်ပေးရန် ရည်ရွယ်ချက်ထားရာ ကျီစုကျေးရွာအုပ်စုတွင် 21-11-2011 ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ကျီစု အနောက်ကျေးရွာအုပ်စု သဇ္ဇနာရာမရွှေကျင်ကျောင်းတိုက်ဆရာတော် ဦးဝီရာနန္ဒ၏ သြ၀ါဒကိုခံယူလျက် ဆရာတော်၏ဆွမ်းစားရုံတွင် ယာယီဆေးခန်းကိုဖွင့်လှစ်ပေးခဲ့ပါသည်။ ၄င်းနေ့တွင်ပင် လူမမာမျိုးစုံ 104 ဦးခန့်ကုသပေးနိုင်ခဲ့ပါသည်။ ကျွန်တော်တို့ပါတီသည် 18-11-2011 ရက်နေ့တွင် တရားဝင်မှတ်ပုံတင်ရန် ဆုံးဖြတ်ချက်ချထားပြီးလည်းဖြစ်ပါသည်။ သို့ပါသော်လည်း ဆေးကုသသည့် နေ့ရက်မှာပင် SB ကိုကျော်သူရနှင့် ကိုမြင့်ဆွေ၊ (ရပ်ကွက်အုပ်ချုပ်ရေးမှူး)ဦးသန်းစိုး တို့သည်လာရောက်ပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ် ပါသည်။

ကြံခိုင်ရေးမှဒုစည်းရုံးရေးမှူး တုတ်ကြီး(ခ)မြင့်စိုးနှင့် ရဲကင်းမှူးထွန်းလင်းကျော်တို့သည်ဘုန်းကြီးကျောင်း အနီးမုဆိုးမတစ်ယောက်၏အိမ်သို့ ၀င်ရောက်ကျူးကျော်ကာ ခိုးကြောင်ခိုးဝှက်ဖြင့် ဓါတ်ပုံများရိုက်ယူ ပါသည်။ ကျွန်တော်တို့ဆေးကုသမှုများပြီး၍ ပြန်လည်ထွက်ခွာပြီးနောက် ကြံ့ခိုင်ရေးစည်းရုံးရေးမှူး ဦးသောင်းတင်နှင့် ဒုစည်းရုံးရေးမှူးတို့သည် ရွာထဲသို့ဝင်ကာ ဆေးကုသခဲ့သောရွာသားများကိုထိန့်လန့်အောင် စုံစမ်းမေးမြန်း ခြိမ်ခြောက် မှုများကိုပြုလုပ်ပါသည်။ ည(၇း၀၀)အချိန်တွင် ဆေးကုသခဲ့ရာတွင် ၀ိုင်းဝန်းကူညီ ခဲ့သော ရွာသားကိုရွှေသန်း အား အုပ်ချုပ်ရေးမှူးကိုသန်းစိုးမှ စာဖြင့်ဆင့်ခေါ်ခဲ့ပါသည်။ ကိုရွှေသန်းမှ ရုံးသို့သွားရောက်သောအချိန်တွင် ကြံခိုင်ရေး စည်းမှူး ဦးသောင်းတင်မှ ထပ်မံခြိမ်းခြောက်သတိပေးမှုများပြုလုပ် ခဲ့ပါသည်။

ထို့နောက် NLD ပါတီဝင်တစ်ဦးဖြစ်သော ကျွန်တော်တို့ H.C.H.P မှ ရွာခံ ကိုမောင်မောင်အားလည်း အုပ်ချုပ်ရေးမှူး ကိုသန်းစိုးမှ လူနာစာရင်းမှတ်တမ်းစာအုပ်အတိအကျကို သူ့အားပြရန် ပြောဆိုခြိမ်းခြောက် ပါသည်။ ရွာထဲတွင်လည်း ဆေးခန်းအားဖွင့်လို့မရအောင်လုပ်ဆောင်မည်ဟု ကြံခိုင်ရေးမှ လိုက်လံဝါဒဖြန့် ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိပါသည်။

အထက်ပါအချက်အလက်များကြောင့် အများအကျိုး၊ ပြည်သူ့အကျိုး၊ ဖော်ဆောင်ရေးလုပ်ငန်းများတွင် စိတ်အနှောက်အယှက်၊ အတားအဆီးများ၊ ပိတ်ပင်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှု များ အောက်ခြေတွင် ပြည့်နှက် နေဆဲဖြစ်ပါသည်။ ဆင်းရဲနွမ်းပါ၍ အသိပညာနည်းပါးသောနေရာများတွင် အဆိုပါကိစ္စများကြောင့် ရွာသားများ၏ဖွံ့ဖြိုးတိုးတက်မှုများနှောင့်နှေးနေ ရခြင်းလည်းဖြစ်ပါသည်။ အများပြည်သူနှင့်တကွ သမ္မတကြီး ဦးသိန်းစိန်၊ တာဝန်ရှိသူများ၊ သိသာစေရန် တင်ပြအပ်ပါသည်။



မြတ်လေးငုံ ဘလော့ဂ် မှ

ပြင်သစ်ဝန်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ NLDရုံးမှာတွေ့ဆုံ

ပြင်သစ်လူ့အခွင့်အရေးဝန်ကြီး မစ္စတာ ဖရန်စွာ ဒင်မာရေး နဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး တို့အဖွဲ့ဟာ မကြာသေးမီက လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အယောက် ၂၀ ကျော်ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ နိုဝင်ဘာလ ၂၂ ရက်နေ့ကတွေ့ဆုံသွားခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ ပြင်သစ်လူ့အခွင့်အရေးဝန်ကြီးက နိုင်ငံရေးအကျဉ်းသားတွေရဲ့ဖြစ်စဉ်တွေ ထောင်တွင်းအခြေအနေတွေကို မေးမြန်းသွားခဲ့တာဖြစ်ပါတယ်။ မနက် ၁၀ နာရီကနေ နေ့လည် ၁၂ နာရီခွဲအထိဆွေးနွေးခဲ့တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ကိုညီညီဦးနဲ့လည်း သီးသန့်တွေ့ဆုံသွားခဲ့တယ်လို့သိရပါတယ်။ မစ္စတာ ဖရန်စွာ ဒင်မာရေးဟာ ဒီကနေ့မှာလည်း အစိုးရအာဏာပိုင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိတယ်လို့သိရပြီး ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမြန်မာအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကလည်း ပြင်းပြင်းထန်ထန်သတိပေးလိုက်သလို နိုင်ငံရေးနဲ့ဆက်နွယ်နေသူတွေကို ဖမ်းဆီးအကျဉ်းချမှုတွေမလုပ်ဖို့ ၊ အကျဉ်းထောင်တွေရဲ့အခြေအနေဆိုးဝါးမှုတွေကိုပြုပြင်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်ခင်ဗျာ။
video

မစုစုနွေး ရဲ့ ပညာဒါန (ရုပ်/သံ)

နိုဝင်ဘာလ ၂၂ ရက်နေ့မှာ လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူ မစုစုနွေးက ပညာဒါနသင်ကြားပေးနေတဲ့ BG သွေးကူညီရေးအဖွဲ့နဲ့ ဆင်းရဲချို့တဲ့နာမကျန်းသူများကူညီစောင့်ရှောက်ရေးကွန်ယက်တို့ကို ငွေကြေးနဲ့ အစားအသောက်တွေ လှုဒါန်းခဲ့ပါတယ်။
video

ဟီလာရီ ခရီးစဉ် ပိတ်ဆို့မှုရုပ်သိမ်းရေးမဟုတ်

ဟီလာရီ ကလင်တန်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာပြည် ခရီးစဉ်တွင် စီးပွားရေး ပိတ်ဆို့ အရေးယူထားမှု ပြန်လည်ရုပ်သိမ်းရေး အစီအစဉ် မပါဝင်ကြောင်း သိရသည်။ လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေး Ben Rhodes က အမေရိကန် သမ္မတအိမ်ဖြူတော်၌ နိုင်ငံခြားသတင်းထောက်များနှင့် ယနေ့တွေ့ဆုံရာတွင် ထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။ ပြီးခဲ့သည့် သောကြာ နေ့ကလည်း ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှုကို အဆုံးသတ်ရန်မရှိသေးကြောင်း Fox news သို့ ပြောဆိုထားသည်။ မစ္စ ဟီလာရီသည် လာမည့် ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။ ယင်း ခရီးစဉ်နှင့် ပတ်သက်ပြီး သမ္မတ အိုဘားမားက ၎င်း၏ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ယခု ခရီးစဉ် သည် နှစ်ပေါင်း ၅၀ ကျော် ကြာပြီးနောက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တဦး၏ ပထမဆုံးအကြိမ် ခရီးစဉ်လည်း ဖြစ်သည်။

ဥပဒေ စိုးမိုးမှုကို ဗြောင်ကျကျ စိန်ခေါ်သွားသော မြောက်ဥက္ကလာ လူသတ်မှု


အခင်းဖြစ်ပွားသည့် ည နွယ်သာကီ လမ်းမပေါ် စုဝေးရောက်ရှိလာသည့် ရက်ကွက်နေ ပြည်သူများ
ရန်ကုန်၊ နိုဝင်ဘာ ၂ဝ
မြောက်ဥက္ကာလာပမြို့၊ နွယ်သာကီ ၆ လမ်းသို့၊ နိုဝင်ဘာ ၁၇ ရက်ညအချိန် ကားများဖြင့် ဝင်ရောက်ပြီး လူတစ်ဦးအား ဓားရှည်များဖြင့် ခုတ်သတ်ခဲ့သည့် မျက်နှာဖုံးစွပ် လူသတ် သမားများ နှင့် ပတ်သက်၍ သံသယ ရှိသူများအား စစ်ဆေးလျက်ရှိကြောင်း ဝေဘာဂီမြို့သစ်ရဲစခန်းမှ တာဝန်ရှိသူများက ဆိုသည်။
ယင်းနေ့ည ၈ နာရီ ၃ဝ မိနစ် ခန့်တွင် နွယ်သာကီ လမ်းမကြီးအတွင်းသို့ ဝေဘာဂီမြို့သစ်ဘက်မှ လိုက်ထရပ်ကား တစ်စီးအပါအဝင် ကား၃ စီး ဝင်ရောက်လာကာ ၆ လမ်း ထိပ်တွင် ရပ်တန့်ခဲ့သည်။ ယင်းနောက် အဆိုပါ လမ်းသွယ် ထိပ်ရှိ 6th Star အရက်ဆိုင် အတွင်း သို့ လိုက်ထရပ်ပေါ်မှ ဆင်းလာသည့် ဓားရှည်ကိုင် မျက်နှာဖုံး စွပ်လူ ၆ ဦး ဝင်ရောက်သွားပြီး သေဆုံးသူ ကိုကျော်မင်း၊ အသက် (၃ဝ) နှစ် အား ခုတ်ခဲ့ကြောင်း ကိုယ်တွေ့မြင်ခဲ့ သူများက ဆိုသည်။
၎င်း လူသတ်သမား ၆ ဦး အနက် ဆိုင်အတွင်းသို့ ၃ ဦိးဝင် ရောက် ခုတ်ခဲ့ခြင်း ဖြစ်ကာ ကျန် ၃ ဦးမှာ အဝ၌ စောင့်နေခဲ့ပြီး ကိုကျော်မင်း ပြေးထွက်လာစဉ်၌ ၄င်း တို့က ထပ်မံ ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း နွယ်သာကီ ၅ လမ်းမှ ကိုယ်တွေ့မြင်ခဲ့သူ တစ်ဦးက ဆို သည်။
”ဘာဖြစ်မှန်းတော့ အစက မသိဘူး။ ရုတ်ရုတ်သဲသဲနဲ့ ဆိုင်ထဲ က ကိုကျော်မင်း ပြေးထွက်လာတော့ တစ်ယောက်ကဓားနဲ့ ခုတ်တယ်။ ပြီးတော့ ရင်ဘတ်ကို ဓားနဲ့ ထိုးပြီး တစ်ချက် မွှေလိုက်သေးတယ်။ ဒီလောက်ဆို ရပြီလို့လည်း ပြောလိုက်သေးတယ်”ဟု ၄င်းက ပြန်ပြောင်းဖြေသည်။
ယင်းသို့ ဖြစ်ပွားစဉ် ဆိုင်အတွင်း၌ ကိုကျော်မင်းနှင့် ခုံချင်း ကပ်လျက်ရှိနေသော သူ၏ သူငယ်ချင်း တစ်ဦးကလည်း ”မင်တက် မိနေတာဗျာ။ ရုတ်တရက်ဝင် လာပြီး ကျော်မင်းကို ဓားတွေနဲ့ ခုတ်တာ။ အကုန်လုံး ကြောင်ပြီး ဘာမှ မလုပ်နိုင်ခဲ့ဘူး။ သူ ပြေးထွက်တော့မှ သတိဝင်ပြီး နောက်က လိုက်မိတော့တယ်”ဟု ပြောသည်။
လူသတ်သမားများ လိုက်ပါလာသည့် ကားများ၏ နံပါတ်များကို စတစ်ကာများဖြင့် အုပ်ထားပြီး ကားအနီး၌ ဓားရှည်ကိုင် လူများရပ်နေကာ အနားမကပ်ရန် ခြိမ်း ခြောက် ခဲ့ကြကြောင်း ယင်းအချိန် လမ်းမပေါ် ရှိနေခဲ့သည့် ရပ်ကွက် ပြည်သူများက ဆိုသည်။
”လူတစ်ယောက်ကို သတ်တာ အခုလို ဗြောင်မကျလည်း ရပါတယ်။ အခုဟာက အားလုံး ရှေ့မှာ ဗြောင်ပဲ သတ်သွားတာ။ ကိုကျော်မင်း အရက်ဆိုင်ထဲမှာ ရှိတာ။ သူတို့ ကြိုသိပြီးသားလို့ ထင်တယ်။ သေချာကြိုတင် ကြံစည်၊ စနစ်တကျ ပြင်ဆင်ပြီး သတ်တာပါ။ လူသတ်သမားတွေက ဗြောင်ကျလွန်းတော့ ကိုကျော်မင်းကို သတ်ရုံ တင် မကဘူး။ ကျွန်တော်တို့ ရပ်ကွက်ကိုပါ ခြိမ်းခြောက် လိုက်သလို ခံစားရတယ်။ တရားဥပဒေကိုလည်း ဗြောင်ကျကျ စိန်ခေါ်လိုက်တာပဲ” ဟု (က) ရပ်ကွက်သား တစ်ဦးက နိုဝင်ဘာ ၁၇ ရက် ည ၁၁ နာရီခွဲ ခန့် တွင် ပြောသည်။
အဆိုပါ ကားများပြန်လည် ထွက်ခွာသွားပြီး စတင် ဖြစ်ပွားချိန်မှ  ကိုကျော်မင်းအား ဆေးရုံသို့ ပို့ဆောင် သေဆုံးခဲ့ချိန်အထိ ရပ်ကွက် ပြည်သူများကသာ တာဝန်ယူ ဆောင်ရွက်ခဲ့ရပြီး ၄င်း အဖြစ်အပျက် အတွက် ၆ လမ်းအနီးတွင်ပင် ရှိသော ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး သို့ ရပ်ကွက်ပြည်သူများစုရုံးကာ အရေး ဆိုခဲ့ကြသည်။
”အဖြစ်အပျက်က အရမ်းမြန်တော့ ဖြစ်ပြီးမှပဲ ကျွန်တော်တို့လည်း သိတော့တယ်” ဟု (က) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းဒင် က နိုဝင်ဘာ ၁၇ ရက်နေ့ ည ၁၂  နာရီ ဝန်းကျင်ခန့်တွင် ပြောသည်။
အသက် ၄၅ နှစ် ဝန်းကျင် ရပ်ကွက်သား တစ်ဦးက သူ၏တစ်သက် ရန်ကုန်တွင် ယခုလို လူသတ်ခြင်းမျိုး တစ်ခါမှ မကြုံခဲ့ရ ဟု ပြောပြသည်။
”တိုင်းပြည် ဖွံ့ဖြိုးရေးအတွက်  အရှိန်ယူနေတဲ့ အချိန်မှာ အခုလို ဂိုဏ်းဖွဲ့ပြီး ဗြောင်လူသတ်ရဲတာ အံ့သြမိတယ်” ဟု အသက် ၃၅ နှစ်အရွယ်ရှိ ရပ်ကွက်သား တစ်ဦး ကလည်း ဆိုသည်။
ယင်းည၌ သေဆုံးသူ ကိုကျော်မင်း ၏မိခင်အား မေးမြန်းကြည့်ရာ ဝေဘာဂီမြို့သစ် ၁ ရပ်ကွက်မှ ရေလုပ်ငန်း လုပ်ကိုင်ပြီး ငွေကြေး ချမ်းသာသူ ကိုသက်ဦးနှင့် သူ၏ သားတို့နှင့် တန်ဆောင်တိုင် လပြည့်နေ့ မတိုင်မီကတည်းက ခိုက်ရန် ဖြစ်ပွားခဲ့ဖူးသည်ဟု ဆိုသည်။
”အဲဒီတုန်းက ကျော်မင်း ခေါင်းကွဲသွားတယ်။ ကျော်မင်းရဲ့ သူငယ်ချင်းလည်း မျက်နှာမှာ တော်တော် ထိသွားတယ်။ ပြီးတော့ ရပ်ကွက်ရုံးမှာပဲ သူတို့ဘက်က လျော်ကြေး ပေးပြီး ကျေအေးလိုက်တယ်” ဟု ကိုကျော်မင်း မိခင်က ဆိုသည်။
ထို့နောက် တန်ဆောင်တိုင် လပြည့်နေ့ ညနေ ၃ နာရီဝန်းကျင် ခန့်တွင် နွယ်သာကီ ၈ လမ်းထိပ်၌ ကိုကျော်မင်း လမ်းလျှောက်လာစဉ် ဆိုင်ကယ်စီးလာသူ ၂ ဦးက ဆိုင်ကယ် ပေါ်မှနေ၍ ဓါးဖြင့်ခုတ်ရာ ကိုကျော်မင်းက ရှောင်လိုက်သဖြင့် မထိ။
”အဲဒီမှာ ကျော်မင်းက ဆိုင်ကယ်နောက်မှာ ထိုင်တဲ့လူကို  ဆွဲပြီး ထိုးလိုက်တယ်။ သူတို့ပြန်ပြေးချိန် မှာ ကျော်မင်းကို ဓါးနဲ့ ပစ်ပေါက်တယ်။ မထိဘူး။ အဲဒီဓါးကို ရပ် ကွက် လူငယ်တွေက သိမ်းထားသေးတယ်။ အဲဒီ ဆိုင်ကယ်ပေါ်က လူတစ်ယောက်က သက်ဦးနဲ့ သား ချင်းထဲက မျိုးကြီးလို့ သိရတယ်” ဟု ၄င်းက ထပ်ပြောသည်။
ထိုသို့ဖြစ်ပွားပြီး မကြာမီ ရပ်ကွက် ဥက္ကဋ္ဌ ဦးမင်းဒင်နှင့် ဒုရဲမှူး ထွန်းတင်ဦးတို့ ကိုကျော်မင်း၏ အိမ်ရှေ့ ရောက်ရှိ ခေါ်ဆောင်ရာ  ရာနဲ့ချီသော ရပ်ကွက်သားများက ထိုသို့ မလုပ်ရန် ကန့်ကွက်သဖြင့် ပြန်သွားသည်ဟု ကိုကျော်မင်း၏ မိခင်က ပြောသည်။
အဆိုပါ အဖြစ်အပျက်နှင့် ပတ်သက်၍ ၈ လမ်းနှင့် ၇ လမ်းထိပ်မှ ရပ်ကွက်သား များအား မေးမြန်း ကြည့်ရာ အထက်ပါ အတိုင်း မှန်ကန်ကြောင်း အတည်ပြု ပြောကြား ကြသည်။
”စဉ်းစားကြည့်ဗျာ။ ဓားနဲ့ ပေါက်တဲ့သူကို မဖမ်းဘဲ၊ ပြန်ခုခံသူကို ဖမ်းမယ်ဆိုတော့” ဟု ၇ လမ်းထိပ်မှ လူငယ်တစ်ဦးက ပြောသည်။
ဝေဘာဂီရဲစခန်းမှ ဒုရဲအုပ် ဇင်မင်းထွန်းက ”ကိုကျော်မင်းဘက် ကရော၊ ကိုသက်ဦး ဘက်ကပါ အရင် ဖြစ်တဲ့အကြိမ်တွေမှာ လာရောက်တိုင်တာ မလုပ်ခဲ့ကြဘူး။ ကိုကျော်မင်းကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေ သွားဖမ်းတယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဒါတွေဟာ သေပြီးမှထွက်လာတဲ့ သတင်းတွေပါ” ဟု နိုဝင်ဘာ ၁၈ရက် တွင် ငြင်းဆိုသည်။
ကိုကျော်မင်း အသတ်ခံရခြင်း ကိစ္စ၊ ရန်ငြိုး ရှိခဲ့သော ကိုသက်ဦး နှင့် ပတ်သက်မှု ရှိနိုင်သလားဟု ပေါ်ပြူလာနယူးစ် မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းဒင်အား နိုဝင်ဘာ ၁၇ ရက်နေ့ ည ၁၂ နာရီဝန်းကျင် တွင် မေးမြန်းခဲ့ရာ ”ဆက်စက်မှု ရှိနိုင်ပါတယ်” ဟုဆိုသည်။
ကိုယ်တွေ့ မြင်ခဲ့သူ အချို့က လူ သတ်သမား တစ်ဦး၏ အတွင်း အင်္ကျီ ရင်ဘတ်တွင် ဗဟိုစံပြငါးဈေး စာတမ်းကို တွေ့ခဲ့ရသည်ဟု ဆိုသည်။
အဆိုပါ အမှုအား ယင်းနေ့ည ၄င်းရပ်ကွက် အတွင်း တာဝန်ကျသော ရဲကင်းမှူးမှ တရားလို ပြုလုပ်ကာ ပ/၅၂၂(၂ဝ၁၁)၊ အမှုအမှတ် ၃ဝ၂/ ၁၁၄ဖြင့် အမှု ဖွင့်ထား ကြောင်း သိရသည်။
အောင်ခွန်းဆက်၊ မိုးမြင့်မြတ်

အခင်းဖြစ်ပွားရာ အရက်ဆိုင်

မြောက်ဥက္ကလာပ လူသတ်မှု အမှန် ပေါ်ပေါက်ရေး လွှတ်တော် ကိုယ်စားလှယ် အချို့ ဆောင်ရွက်ပေးမည်

ရန်ကုန်၊ နိုဝင်ဘာ
ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် နွယ်သာကီ (၆) လမ်း လူသတ်မှုအား အမှုမှန် ပေါ်ပေါက်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောသည်။
နိုဝင်ဘာ ၁၉ ရက်နေ့က သေဆုံးသူ ကိုကျော်မင်း၏ မိသားစုဝင် များနှင့် သွားရောက် တွေ့ဆုံစဉ် ဦးကျော်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
”ဥပဒေမဲ့ ဖြစ်တာတွေက တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေတဲ့ အတွက်ကြောင့်မို့ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးတယ်။ ဥပဒေ စိုးမိုးရေးအတွက် ဥပဒေနဲ့ အညီ ဆောင်ရွက်မှသာ တရား ဥပဒေ စိုးမိုးရေးဟာ ထိရောက်ဖို့ ရှိတယ်။ ဒါ့အပြင် ကျွန်တော်တို့က ဥပဒေစိုးမိုးရေး အထောက်အကူပြု ဖို့အတွက် အမှုမှန် ပေါ်ပေါက်ရေး နဲ့ ဥပဒေ နဲ့အညီ ဆောင်ရွက်ဖို့ ကျွန်တော်တို့ ဘက်က ကြိုးစားပေးတဲ့ သဘောပါ” ဟု ဦးကျော်က ပြောသည်။
နိုဝင်ဘာ ၁၇ ရက်နေ့ည ၈ နာရီကျော်ခန့်က အသက် ၃ဝ အရွယ် ကိုကျော်မင်းမှာ နွယ်သာကီ (၆) လမ်းရှိ 6th Star အရက်ဆိုင် တွင် အရက်သောက်နေစဉ် အမည် မသိ လူအုပ်စု တစ်စုက ဓါးရှည်များဖြင့် လာရောက် ခုတ်သတ်ခဲ့ရာ ယင်း ကို ပြည်သူ့ကိုယ်စားလှယ်ပြု လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ကူညီလုပ်ဆောင်ပေးရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
”ကျွန်တော်တို့ နစ်နာသူဘက်က လုပ်ချင်တဲ့ အပေါ် မူတည်ပြီး ဝန်ကြီးချုပ်ထံ တင်ပြသွားပါ မယ်” ဟု ၄င်းက ဆက်လက်ပြော သည်။
ယခုအခါ ယင်းလူသတ်မှုအား ပ/၅၂၂ (၂ဝ၁၁)၊ အမှုအမှတ် ၃ဝ၂/၁၁၄ ဖြင့် တရားခံဟု ယူဆရသော ကိုသက်ဦး မိသားစုဝင် အားလုံး နှင့် မျိုးကြီး ဆိုသူအား စစ် ဆေး လျက်ရှိကြောင်း သိရသည်။
”အခု လောလောဆယ် သက်ဦးနဲ့ ပတ်သက်တဲ့ မိသားစု အားလုံး စစ်ဆေးနေပါတယ်” ဟု နွယ်သာကီ ရဲစခန်းမှ ဒုရဲအုပ် ထွန်းတင်ဦးက နိုဝင်ဘာ ၂၂ ရက် နေ့တွင် ပေါ်ပြူလာ နယူးစ်၏ ဆက်သွယ် မေးမြန်းချက်ကို ပြန်လည် ပြောကြားသည်။
မိုးမြင့်မြတ်

မွေးကင်းစကလေး စွန့်ပစ်မှုဖြစ်စဉ်များ များပြားလာ

ယခုနောက်ပိုင်းတွင် မွေးကင်းစ ကလေးငယ် စွန့်ပစ်မှု ဖြစ်စဉ်များ များပြားလာပြီး ၂၀၁၁ ခုနှစ် ဇူလိုင်လမှ နိုဝင်ဘာလအတွင်း မွေးကင်းစ ကလေးစွန့်ပစ်မှုဖြစ်စဉ် အနည်းဆုံး ခြောက်ခုရှိခဲ့ကြောင်း သိရသည်။ ထိုသို့ မွေးကင်းစကလေးငယ်များစွန့်ပစ်မှုကို အမှိုက်ပုံများ၊ လူနေ အိမ်နောက်ဖေးလမ်းကြားများ၊ ရေမြောင်းများနှင့် သုသာန်များတွင် တွေ့ရှိရလေ့ရှိကြောင်း သိရသည်။
၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ဗဟန်းမြို့နယ် ငါးထပ်ကြီး (တောင်)ရပ်ကွက် သဇင်လမ်းအတွင်း လူနေအိမ်များကြားရှိ ရေမြောင်းတစ်ခုအတွင်းတွင် ချက်ကြိုးတန်းလန်းဖြင့် မွေးကင်းစကလေးငယ်တစ်ဦး စွန့်ပစ်မှု ဖြစ်ပွားခဲ့သည်။ ဇူလိုင်လအတွင်း၌ပင် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းရှိ ပုဂံမင်းသားကားဂိတ်အနီးတွင် မွေးကင်းစ စွန့်ပစ်ကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့သည်။ ထို့အတူ စက်တင်ဘာလ ၅ ရက်နေ့ကလည်း ဗဟန်းမြို့နယ် ဆရာစံ(တောင်)ရပ်ကွက် မင်းလမ်း မှတ်တိုင်အနီး ဦးချစ်မောင်လမ်းနှင့် နိဗ္ဗာန်ကျောင်းလမ်းကြား အိမ်နောက် ဖေးလမ်းကြားတစ်ခုတွင် ခြောက်လအရွယ် သန္ဓေသားတစ်ခုအား စွန့်ပစ်သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ စွန့်ပစ်ခံရသည့် သန္ဓေသားလောင်းမှာ မိန်းကလေးဖြစ်ပြီး ခြောက်လအရွယ်ရှိကြောင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပီပြင်စွာပေါ်လွင်နေပြီဖြစ်ကြောင်း စွန့်ပစ်ခံရသည့် နေရာအနီးတွင် နေထိုင်သူများက ဆိုပါသည်။၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း၌ပင် နိုဝင်ဘာလ ၉ ရက်နေ့တွင် မင်္ဂလာဒုံစက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခုရှေ့ အမျိုးသမီးအိမ်သာရှေ့ အမှိုက်ပုံတစ်ခုအတွင်း၌ မွေးကင်းစကလေး အလောင်း တစ်လောင်း စွန့်ပစ်မှုနှင့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် လှည်းကူးမြို့နယ် တောင်သူကုန်း သုသာန်တွင် မွေးကင်းစကလေး အလောင်းတစ်လောင်း စွန့်ပစ်မှုဖြစ်စဉ်နှစ်ခု ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်များကို သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မန္တလေးမြို့တွင်လည်း ကျုံးတောင်ဘက်အခြမ်း မင်္ဂလာတံတားအနီးရေပြင်တွင် မွေးကင်းစကလေးငယ်အလောင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။

''မွေးကင်းစကလေး စွန့်ပစ်မှုတွေကို ဆေးရုံတွေမှာလည်း တွေ့ရတယ်။ မွေးပြီးစွန့်ပစ်ခဲ့တာမျိုး။ အဓိကကတော့ အကြောင်းအမျိုးမျိုးကြောင့် မလိုချင်ဘဲ ကိုယ်ဝန်ရသွားကြလို့ပါ'' ဟု  အငြိမ်းစား ရဲဝန်ထမ်းတစ်ဦးက ပြောပါ သည်။

မိဘက(သို့မဟုတ်)ထိန်းသိမ်းသူက အသက်၁၂နှစ်အောက် ကလေးကို လုံးဝစွန့်ပစ်ရန် အကြံဖြင့်စွန့်ပစ်လျှင် ပြစ်မှုဆိုင်ရာဥပဒေအရ ထောင်ဒဏ် ခုနစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူ ခံရနိုင်ကြောင်း သိရှိရသည်။
Eleven Media Group

မျိုးချစ်စာဆိုတော် အချုပ်တန်းဆရာဖေ

တွံတေးမှ ကျုရှင်ဆရာဦးအောင်ဖေ တစ်ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့

ကျုရှင်ဆရာဦးအောင်ဖေ
၉၁ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့မှာ ရန်ကုန်တိုင်း တွံတေးမြို့ နယ်က ကျုရှင်ဆရာဦးအောင်ဖေ တစ်ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ ဆရာဦးအောင်ဖေကို ဘားမားဗီဂျေမှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး - တွံတေးမြို့နယ်မှာ ဆန္ဒပြတာတွေဖြစ်တယ်လို့ကြားတယ်ခင်ဗျ ဆရာပြောပြပေးပါ။

ဖြေ - ဟုတ်ကဲ့ပါ။ ဒီနေ့မနက်ရှစ်နာရီမှာ ကျနော်ရဲ့ဆန္ဒကို ကျနော်ထုတ်ဖော်တာပါ။ ဒီလိုထုတ်ဖော်တာက ဘယ်လိုလဲဆိုရင် ကျနော့်ရဲ့ နှစ်ပေတစ်ပေခွဲခန့် စာရွက်ပေါ်မှာ စစ်မှန်သော တွေ့ဆုံဆွေးနွေးခြင်းကသာ စစ်မှန်သောဒီမိုကရေစီကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ဆိုတဲ့ စာတန်းကို ဆော့ပင်နဲ့ ရေးတယ်။ ကျနော်ရဲ့ ရှပ်အင်္ကျီအဖြူကျောကုန်းမှာလဲ အဲဒီစာတန်းမျိုး ရေးတယ်။ ပြီးတော့တခါ အဲဒီစာတန်းမျိုးကို စာရွက်ရေ ၂၀၀ နဲ့ရေးပြီးတော့ အဲဒီစာရွက်တွေကို လက္ဘရည်ဆိုင်တွေ၊ ဈေးအပါအ၀င် ပြည်သူပြည်သားတွေကို လိုက်ဝေတယ်။ ရပ်ကွက်တော်တော်များများ ပတ်တဲ့အခါ တစ်နာရီကျော်ကျော်ကြာသွားပါတယ်။

မေး - အခုလိုဆန္ဒပြတဲ့ရည်ရွယ်ချက်လေးပြောပြပေးပါ။

ဖြေ - ဟုတ်ကဲ့ပါခင်ဗျ ဒီလိုပါ ကျနော်တို့တွေက ကျနော်အရင်ကတည်းက ကျနော့်ဆန္ဒတွေကို လွတ်လပ်စွာထုတ်ဖော်ဖူးပါတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျဉ်းချုပ်ကျနေတုန်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကိုရော အကျဉ်းသားများလွတ်မြောက်ရေးများအပါအ၀င် ပေါ့နော် ။ အဓိက ဒေါ်စုနဲ့ ဒီတည်ဆဲအစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ကို ကျနော်အများကြီးတောင်းဆိုဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အခါမှာလဲ ဒီတွေ့ဆုံဆွေးနွေးရေးဖြစ်တဲ့အခါမှာ တမျိုးပေါ့နော် အတိုင်းအတာတစ်ခုထိ ၀မ်းသာပါတယ်။ ဒါပေမယ့် စောင့်ကြည့်နေရတဲ့ အခြေအနေတော့ ရှိတာပေါ့။ ဘာကြောင့်လဲဆိုတော့ တည်ဆဲအစိုးရက ဒေါ်အောင်ဆန်းစုကြည်က ရိုးသားတယ် ပွင့်လင်းတယ် ပြည်သူ့ဘက်ကနေပြီးတော့ ရပ်တည်တယ်။ ဒါပေမယ့် တည်ဆဲအစိုးရက စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးခြင်းမျိုးကို မလုပ်ဘူးလို့ ကျနော်ယူဆတယ်။ ဒါကြောင့်မို့လို့လဲ အခုချိန်ထိကို ကျနော်တို့ဘက်ကို ထင်သာမြင်သာရှိတဲ့ ပွင့်လင်းမှုကြီးက သိပ်မရှိသေးဘဲနဲ့ သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တစ်ဖက်စောင်းနင်းလုပ်ထားတဲ့ ဥပဒေအရ ရေးဆွဲထားတဲ့ကျနော်တို့ ဒီရွေးကောက်ပွဲဝင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မှတ်ပုံတင်ဖို့အဆင့်ထိ ရောက်သွားတာ ဆိုရင် ဒီတည်ဆဲအစိုးရအနေနဲ့စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေး မလုပ်လိုတာလို့ ကျနော်သုံးသပ်တယ်။ အဲဒီလိုသုံးသပ်လို့ကျနော့်ဆန္ဒကို ကျနော်ထုတ်ဖော်တာပါ။ အဲဒါတော်တော်စိတ်မကောင်းစရာ ဖြစ်ပါတယ်။ အဖွဲ့ချုပ်နေနဲ့လဲ အခုလိုမျိုးပေါ့နော် ပြည်သူ့ရဲ့ အကုန်လုံးပေါ့နော် ကိုးဆယ်ခုနှစ် ရွေးကောက် ပွဲကနေ ပြည်သူတွေက တောက်လျှောက်ကြီးပေါ့နော် ထောက်ခံလာခဲ့ကြတယ်။ အကုန်လုံး အဖွဲ့ချုပ်နဲ့အတူပဲပေါ့နော် ကျနော်တို့ရပ်တည်ခဲ့ကြတယ်။ ထောင်ကျတဲ့သူကလည်းကျတယ်။ သေဆုံးတဲ့သူလဲရှိတယ်။ ပြည်ပရောက်တဲ့သူလဲ ရှိတယ်ပေါ့နော်။ အဲဒီအတောအတွင်းမှာ အဖွဲ့ချုပ်က ဖြစ်သွားခဲ့တာ အများကြီးကျနော်လဲစိတ်မကောင်းဖြစ်တယ်။ ကျနော်လဲထပ်တူထပ်မျှစိတ်မကောင်းဖြစ်တယ်။ ဒါကြောင့်မို့လို့လဲ ဒီနေ့ကျနော်ဆန္ဒပြတဲ့အခါမှာလဲ စစ်မှန်တဲ့ ဒေါ်စုကတော့ဒီလိုပေါ့နော် ပါတီလိုင်းနဲ့ လူထုလိုင်းရှိမယ်။ ဒေါ်စုကတစ်ဖက်မှာ ပါတီခေါင်းဆောင်ဖြစ်သလို တစ်ဖက်မှာလဲ ကျနော်တို့အင်မတန်လေးစားရတဲ့လူထုခေါင်းဆောင်ပါ။ အဲဒီတော့ ကျနော် ဒီပါတီကနေပြီးတော့ အခုလိုမျိုးဝင်ပြီးသွားတဲ့ ကျနော်တို့လွှတ်တော်ပေါ့နော် ဒီလွှတ်တော်ကနေပြီးတော့ဘာမှမလုပ်နိုင်ဘူးလို့ ယုံကြည်မှုမရှိဘူး၊ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေး ကသာလျင် စစ်မှန်တဲ့ဒီမိုကရေစီရေးကိုဖော်ဆောင်နိုင်မယ်ဖြစ်တယ်ဆိုတာ ကျနော်ယုံကြည်တယ်။ တွေ့ဆုံဆွေးနွေးရေးတောင်မှပဲ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးခြင်းမျိုးနဲ့ ဆွေးနွေးမှသာလျှင် ရနိုင်မယ်လို့ကျနော်ထင်တယ်၊ အဲဒါကြောင့် ကျနော့်ရဲ့ကဆန္ဒကိုထုတ်ဖော်ပြသရခြင်းဖြစ်ပါတယ်။

မေး - ဘာကြောင့်မို့လို့ ဒီနေ့မှ ရွေးပြီးတော့ ဆန္ဒပြတာလဲခင်ဗျ

ဖြေ - ဟုတ်ကဲ့ ဒီနေ့ကတော့ အမျိုးသားနေ့အထိမ်းအမှတ်ပေါ့ခင်ဗျ။ အမျိုးသားနေ့အထိမ်းအမှတ်လေးနဲ့မို့လို့ ကျနော်ရွေးလိုက်တာပါပဲ။ အမျိုးသားနေ့နဲ့လဲ သွားတိုက်ဆိုင်တယ်။ လွန်ခဲ့တဲ့ တစ်နေ့ကပေါ့ တစ်ရက်ကျော်လောက်လဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလဲ အဲဒါမျိုးဆုံးဖြတ်သွားတာနဲ့လဲ တိုက်ဆိုင်တယ်၊ နောက် ဒီအမျိုးသားနေ့ကို အမှတ်တရဖြစ်စေချင်တာလဲပါတယ် ။ ဒါကြောင့်ဒီနေ့မှာ ကျနော်လုပ်လိုက်တာဖြစ်ပါတယ်။ အနောက်မှာတော့ ထုံးစံအတိုင်း ရဲတို့ အက်စ်ပီတို့ပါတယ် နောက်ကနေ ဓါတ်ပုံလိုက်ရိုက်တာတို့တော့ရှိတယ်၊ မော်တော်ဆိုင်ကယ်နဲ့လိုက် ကြတယ်၊ နှောက်ယှက်ခြင်းတော့မရှိပါဘူး၊ဓါတ်ပုံရိုက်တာပဲရှိတယ်။

မေး - အခုအခြေနေကရော ဘယ်လိုမျိုးရှိလဲ

ဖြေ - အခုလဲ အေးဆေးပါပဲ ဘာမှတော့မရှိပါဘူး။ မေး - ဆရာ့အနေနဲ့ ဒီတစ်ခါဆန္ဒပြတာနဲ့ဆို ဘယ်နှခါမြောက်လဲခင်ဗျ ဖြေ - ကျနော်အကြိမ်မနဲတော့ဘူးဗျ။ ကျနော်ထင်တယ်။ အကြိမ်သုံးဆယ်ထက်မနဲရှိမယ်။ တစ်ကိုယ်ရေ ဆန္ဒပြတာတော်တော်များတယ်ခင်ဗျ။

မေး - ဆရာ့အနေနဲ့ ဖြည့်စွက်ြပီးပြောပေးချင်တာ ရှိရင်ပြောပေးပါခင်ဗျာ

ဖြေ - ကျနော် ပြောစရာရှိတာကတော့ဗျာ အခုတည်ဆဲအစိုးရကို ပြောချင်တယ်ခင်ဗျ။ တည်ဆဲအစိုးရအနေနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးတဲ့အခါမှာ အမှန်တကယ် သူတို့ရဲ့ဖွဲ့စည်းပုံအခြေဥပဒေထဲပါသွားအောင် မဆွေးနွေးဘဲနဲ့ အမှန်တကယ်မျိုး ပြည်သူ ကလိုလားနေတဲ့ ပြည်သူ့ရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ပြည်သူ့ခေါင်းဆောင်ကို တကယ်တမ်း တန်းတူညီတူ တန်ဖိုးထားပြီးတော့ အသေအချာ ဆွေးနွေးစေချင်တယ်။ အခုလိုမျိုး တစ်ဖက်စောင်းနင်းဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေါ်ပေါက်လာတဲ့ တစ်ဖက်စောင်းနင်း ရွေးကောက်ပွဲကြီးထဲကို ထည့်ပြီး အန်အယ်ဒီကို ဘာမှလုပ်လို့မရအောင် လုပ်တာမျိုးကို ကျနော်တို့မကြိုက်ဘူး။ တစ်ကယ်တမ်းပဲ စစ်မှန်တဲ့ဒီမိုကရေစီကို လွှတ်တော်ထဲမှာ မဖန်တီးနိုင်ဘူးလို့ ကျနော်အပါအ၀င် တော်တော်များများကလဲ ယုံကြည်ကြတယ်။ ပြင်ပမှာပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပွင့်လင်းတဲ့တွေ့ဆုံဆွေးနွေးရေးကို လုပ်စေချင်တယ် ဒီထက်ပိုပြီးတော့ မှန်မှန်ကန်ကန်လေးပေါ့ဗျာ။
By ဇာဏီ (Burma VJ Media Network) 

NLD ပါတီသစ် ကို ဦးဆောင်မဲ့သူ အမည်စရင်း ရွေးကောက်ပွဲကော်မရှင်ကို တင်ပြမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပြန်လည်မှတ်ပုံတင်ခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီ အသစ်အဖြစ် တရားဝင် လျှောက်ထားမည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့အပါအဝင် ပြည်နယ်၊ တိုင်း ၁၄ ခုမှ တိုင်းရင်းသားနှင့် လူငယ် စုစုပေါင်း ၂၀ ကို ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဦးဆောင်အဖွဲ့အဖြစ် တင်ပြမည်ဟု သိရသည်။

ပါတီသစ်အဖြစ် ပြန်လည် မှတ်ပုံတင်တော့မည့် NLD ၏ ပညာရေးကွန်ရက် ၁ နှစ်ပြည့် အခန်းအနားမစမီ ဤသို့ တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
NLD ကို ပါတီသစ်အဖြစ် မှတ်ပုံတင်ရန် လာမည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တရားဝင် သွားရောက် လျှောက်ထားမည်ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
“ကြာသပတေးနေ့မှာ ကျနော်ရယ်၊ ဦးဝင်းမြင့်ရယ် နှစ်ယောက် နေပြည်တော်ကို သွားဖို့ရှိတယ်။ သောကြာနေ့မှာ ပါတီအဖြစ် မှတ်ပုံတင်ဖို့ ကော်မရှင်ကို တရားဝင် စလျှောက်ပါမယ်” ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် မျှော်မှန်း ထားသော်လည်း ယခုအချိန်တွင် မည်သည့် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ကို ထုတ်ဖော်မပြောနိုင်သေးဘဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန် ကြေညာမည့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်အချိန် လစ်လပ်မဲဆန္ဒ နယ်မြေများ စာရင်း ရရှိမှသာ အတိအကျ ထုတ်ပြန် နိုင်မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။
NLD မှတ်ပုံတင်ခွင့် ရရှိသည်နှင့် ယခင်ပါတီဝင် ဟောင်းများနှင့် ပါတီဝင်အဖြစ် ၀င်ရောက် လိုသူများအားလုံးသည် ပါတီသို့ လျှောက်လွှာဖြင့် တရားဝင် ပြန်လည် လျှောက်ထား ရမည်ဖြစ်ကြောင်း၊ ၎င်းပါတီအနေဖြင့် ခမောက်တံဆိပ်ကို ပြန်လည် အသုံးပြုတော့မည် မဟုတ်ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်ကဆိုသည်။
“ခမောက်တံဆိပ်အစား အားလုံးသဘောတူမယ့် တခြားတံဆိပ် တခုကို အများဆန္ဒနဲ့ အညီ သုံးဖို့ ဆုံးဖြတ်မှာပါ” ဟု သူက ပြောသည်။
NLD သည် လစ်လပ် မဲဆန္ဒနယ်များ အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ ပညာအရည်အချင်း ကိုလည်း ဦးစားပေးမည် ဖြစ်သည့် အပြင် တိုင်းရင်းသားလူငယ်များ၊ အမျိုးသမီး များကို လွှတ်တော်ကိုယ်စားလှယ် လောင်းများအဖြစ် ရွေးချယ်သွားရန် ရှိကြောင်း ဦးဉာဏ်ဝင်း၏ ပြောဆိုချက်အရ သိရသည်။
ပါတီသစ်အဖြစ် ပြန်လည်မှတ်ပုံတင်ရန် NLD က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အစည်းအဝေးခေါ်ယူ ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်အပေါ် ပြည်သူလူထု၏ ထောက်ခံမှု လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပသည့် ပညာရေးကွန်ရက် တနှစ်ပြည့်အခမ်းအနား၌ ပြည်သူလူထုသို့ ပန်ကြားခဲ့သည်။

ဧရာဝတီ

ဆင်ဖြူတော်နှင့်အတူ ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်လာ


4341
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဗုဒ္ဓမြတ်စွယ်တော်အား ပင့်ဆောင်နေစဉ်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဗုဒ္စမြတ်စွယ်တော်အား နေပြည်တော် မှ ရန်ကုန်တိုင်းဒေသကြီးသို့ ပင့်ဆောင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်း အနားကို နိုဝင်ဘာလ ၂၂ ရက်နေ့က မဟာပါသာဏ လိုဏ်ဂူတော်ကြီးအတွင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဗုဒ္စမြတ်စွယ်တော်အား နေပြည်တော် မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာလ ၂၂ ရက်နေ့က နံ နက် ၁၁ နာရီ ၄၅ မိနစ်အချိန်၌ လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ကြောင်း၊ လေဆိပ်မှတဆင့် ဗုဒ္ဓမြတ်စွယ်တော်အား ပင့်ဆောင်လာသည့် ပင့်ဆောင်ရေး ယာဉ်တန်းမှာ ကမ္ဘာအေးကုန်မြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးအတွင်းသို့ မွန်းလွှဲ၁ နာရီခွဲအချိန်၌ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
4341a
ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်ရေး ယာဉ်တန်းအား ကမ္ဘာအေးဘုရားလမ်းပေါ်၌ တွေ့ရစဉ်
ထိုသို့ပင့်ဆောင်ရာ လမ်းများဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်လမ်း(လေဆိပ်လမ်း ဆုံမှ ရှစ်မိုင်လမ်းဆုံအထိ)ကမ္ဘာအေး ဘုရားလမ်း(ရှစ်မိုင်လမ်းဆုံမှ ပါရမီ လမ်းဆုံအထိ) စောင့်ကြိုဖူးမြော်ကြသည့် ပြည်သူများ အများအပြားရှိခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဌဆရာတော် အမှုးပြုသည့် သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသူကျောင်းသားများနှင့် အသင်းအဖွဲ့များ စုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
4341b
ဗုဒ္ဓမြတ်စွယ်တော်အား ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်း၌ ကိန်းဝပ်စံပယ်ရန် ပင့်ဆောင်နေစဉ်
မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် ပင့်ဆောင်ခြင်းဖြစ်သည့် တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တော်တွင် ၁၅ ရက် ရန်ကုန်မြို့ကမ္ဘာအေးကုန်မြေ မဟာပါသာဏ လိုဏ်ဂူတော်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ မှ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ပူ ဇော်ခံထားမည်ဖြစ်ကြောင်း သိရှိရ သည်။ ထိုမှတဆင့် မန္တလေးမြို့ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးတွင် ၁၅ ရက်အပူဇော်ခံ ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။
အများပြည်သူများ ဖူးမြော်ရန်အတွက် ရန်ကုန်မြို့ရှိ ကမ္ဘာအေးကုန်မြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီးအတွင်း၌ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်မှစ၍ ၀င်ရောက်ဖူးမျှော်ခွင့် ပြုခဲ့ကြောင်း သိရှိရသည်။
4341c
ဗုဒ္ဓမြတ်စွယ်တော်အား ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်း၌ ကိန်းဝပ်စံပယ်ရန် ပင့်ဆောင်နေစဉ်
4341d
ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်းသို့ ဆင်ဖြူတော်နှင့်အတူ ဗုဒ္ဓမြတ်စွယ်တော်
ပင့်ဆောင်လာသည့် ယာဉ်အားတွေ့ရစဉ်
Eleven Media Group

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ မူဝါဒကို ပြန်လည်သုံးသပ်နေ

ဥရောပသမဂ္ဂ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကို နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်မည်၊ နောင်လာမည့်ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်အရွေး ခံမည်ဟု နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ ပြီးနောက် ဥရောပသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ ၎င်းတို့ ၏မူဝါဒကို ပြန်လည်သုံးသပ်နေကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။
''နိုင်ငံတွင်းဖြစ်ပေါ်သည့် အပြုသဘောဆောင်သော ဖြစ်ရပ်များကို ဥရောပသမဂ္ဂအနေဖြင့် တုံ့ပြန်ဆောင်ရွက်သွားမည်ဆိုသည်ကို အမြဲတစေ ပြောကြားခဲ့ပါကြောင်း၊ တားဆီးပိတ်ဆို့မှုအချို့ကို ယခုနှစ်တွင် ဖြေလျော့မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း နှင့် ဥရောပသမဂ္ဂ၏ မူဝါဒကို ပြန်လည်သုံးသပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေပါကြောင်း'' ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ်တန်က ကြေညာချက်တွင် ပြောကြားခဲ့သည်။
''မြန်မာနိုင်ငံတွင်း အပြုသဘောဆောင်သည့် တိုးတက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းသည် မျှော်လင့်မှုနှင့် အားတက်မှုများအတွက် ရင်းမြစ်ဖြစ်ပါကြောင်းနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဆက်လက် လွှတ်ပေးမှုများ အပါအ၀င် တိုးတက်မှုများ ဆက်လက် ဖြစ်ပေါ်နေမည်ကို မျှော်လင့်စောင့်စားနေပါကြောင်း'' ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ်တန်က ပြောကြားခဲ့သည်။
မြန်မာအစိုးရနှင့် ပတ်သက်၍ ပိတ်ဆို့မှုအချို့ကို ဥရောပသမဂ္ဂက  ယခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ဖြေလျော့ခဲ့ရာ၌ ဥရောပသမဂ္ဂ (အီးယူ) သည် မြန်မာအစိုးရ၏ အရပ်သားဝန်ကြီးအချို့အား ဗီဇာပိတ်ပင်ထားမှုနှင့် ပိုင်ဆိုင်မှု ထိန်းချုပ်ခြင်းတို့ကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
Eleven Media Group

အမှိုက်ပုံ ကနေ လျှပ်စစ်ထုတ်တော့မယ်

ရန်ကုန်မြို့ ဆင်ခြေဖုံးက အမှိုက်ပုံ
ရန်ကုန်မြို့၏ နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ပြည်ပနိုင်ငံများမှ ဆက်တိုက် လာရောက်ဆွေးနွေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
၂၀၁၁ ခုနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း ပြည်ပနိုင်ငံခြောက်ခုမှ ကုမ္ပဏီများမှ လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဂျပန်၊ ပြင်သစ်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားစသည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။
''ရန်ကုန်မြို့ရဲ့ နေ့စဉ်ထွက်ရှိတဲ့ အမှိုက်တွေထဲကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် ပြည်ပနိုင်ငံကကုမ္ပဏီတွေ လာရောက်ဆွေးနွေးသွားတာ ရှိပါတယ်။ အဲဒီထဲမှာ ဂျပန်၊ ထိုင်း၊ ပြင်သစ်နိုင်ငံဆိုရင် တရားရေးဝန် ဦးစီးတဲ့ ကုမ္ပဏီက လာတယ်။ ပြီးတော့ ဗီယက်နမ်။ နောက်ဆုံးလာဆွေးနွေးသွားတာတော့ မလေးရှားနိုင်ငံကပါ။  သူတို့က ရန်ကုန်မြို့ရဲ့ တစ်နေ့အမှိုက်တန်ချိန် ဘယ်လောက်ထွက်တယ်၊ ဘယ်အမှိုက်တွေ အများဆုံး ပါဝင်တယ် စသဖြင့် အမှိုက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ယူတယ်။ သူတို့ကိုယ်တိုင်မြေပြင်ကို လေ့လာတယ်။ Servey လုပ်တယ်။ ပြီးတော့ ပြန်သွားကြတယ်။ ရရှိသွားတဲ့ အချက်အလက်တွေအပေါ် ပြန် သုံးသပ်ပြီး လုပ်နိုင်တဲ့ အခြေအနေတွေရှိရင်တော့ လုပ်ဖြစ်မယ်လိုတော့ ပြောသွားတယ်'' ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
ယခင်ကလည်း ပြည်ပနိုင်ငံများမှ အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် လာရောက်ဆွေးနွေးခဲ့ဖူးသော်လည်း ကန့်သတ်ချက်များရှိခဲ့ခြင်းကြောင့် မလုပ်ဖြစ်ခဲ့ကြောင်း၊ အထူးသဖြင့် မြေအသုံးချမှုအပိုင်းတွင် အဓိက ကန့်သတ်ချက်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
''ဒီလုပ်ငန်းအတွက်ကို အရင်ကလည်း ပြည်ပနိုင်ငံတွေက လာရောက်ဆွေးနွေးခဲ့ဖူးတာ ရှိပါတယ်။ ဒါပေမယ့် ဒီဘက်မှာ ကန့်သတ်ချက်တွေများနေတော့ ပြန်သွားကြတယ်။  ရင်းနှီးမြှုပ်နှံမှုလည်းများတယ်လေ။ အခုတော့ ကုမ္ပဏီတွေက ဒီမှာလာ လုပ်ချင်ကြတယ်။ ဒီဘက်ကသာ အဆင့်သင့်ဖြစ်မယ်ဆိုရင် ၀င်လာမှာ။ လုပ်ဖြစ်သွားရင်တော့ သူတို့ဆီ က နည်းပညာရမယ်။ လျှပ်စစ်ဓာတ်အားရမယ်။ လျှပ်စစ်ဓာတ်အားဆိုတဲ့ နေရာမှာလည်း ၀ယ်သုံးရမှာပေါ့။ ပြီးတော့ ကိုယ့်နိုင်ငံကလူတွေလည်း အလုပ်ရမယ်။ ပြီးတော့ အမှိုက်ကနေ ထုတ်မှာဖြစ်တဲ့အတွက် အမှိုက်ပုံတွေကနေထွက်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ၊ မီးသိန်းဓာတ်ငွေ့တွေ လေထုထဲကို ရောက်တာ နည်းသွားမှာဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုနည်းသွားမယ်'' ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောပြခဲ့သည်။
၂၀၀၉ ခုနှစ်က နောက်ဆုံး ကောက်ယူခဲ့သော အမှိုက်စစ်တမ်းအရ ရန်ကုန်မြို့၏ အမှိုက်ထွက်ရှိမှုနှုန်းမှာ တစ်နေ့လျှင် တန် ၁၅၄၀ ဖြစ်ပြီး  မြို့နယ် ၂၆ ခု တွင် ခေါင်းလောင်းတီး အမှိုက်သိမ်းစနစ်ဖြင့် အမှိုက်သိမ်းဆည်း ပေးလျှက်ရှိပြီး ကျန်ရှိသည့်မြို့နယ်များတွင်မူ သတ် မှတ်ထားသည့်နေရာတွင် အမှိုက်စွန့်ပစ်ရန် အုတ်ကန်များထားရှိ သတ်မှတ်ပေးထားကာ အမှိုက်စွန့်ပစ်စေသည်ဟု သိရသည်။ ယင်းအမှိုက်များကို သိမ်းဆည်းစုစည်းကာ နောက်ဆုံးအမှိုက်ပုံဖြစ်သော ထိန်ပင် သုသာန်တွင် သွားရောက်စွန့်ပစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
Eleven Media Group

တရုတ် ပြဿနာ မြန်မာ ငါးလုပ်ငန်းပါ ရိုက်ခတ်

မြိတ်မြို့ဆိပ်ကမ်းတွင် ရပ်နားထားသော ငါးဖမ်းလှေများကို တွေ့ရစဉ်
တရုတ်ကျွမ်းကျင်သူများ လိုက်ပါခွင့်မရ၍ ငါးဖမ်းလုပ်ငန်းများ ရပ်ဆိုင်းထားသဖြင့် မြန်မာရေလုပ်သားများ အလုပ်လက်မဲ့ဖြစ်နေပြီဟု အကြောင်းပြကာ ဘုံကျောင်း(ကျားပိုက်) ငါးဖမ်းရေယာဉ်များပေါ်တွင် တရုတ် ကျွမ်းကျင်သူများ ပြန်လည်လိုက်ပါခွင့်ပြုရန် ကုမ္ပဏီ ၁၁ ခုက တင်ပြထားကြောင်းနှင့် နိုင်ငံခြားသားက နိုင်ငံသားအမည်ခံ လုပ်ဆောင်မှုများ ရှိနေခြင်း၊ တရုတ်ကျွမ်းကျင်ပညာရှင်/ရေလုပ်သားများနှင့် ပတ်သက်၍ အမှုအခင်းများ ရှိခဲ့ဖူး၍ တင်ပြမှုအပေါ် စဉ်းစားရန်လိုအပ်ကြောင်း တာဝန်ရှိသူများ၊ ရေလုပ်ငန်းပညာ ရှင်များက သုံးသပ်ပြောကြားခဲ့သည်။
''တရုတ်နိုင်ငံက ၀ယ်ယူတင်သွင်းတဲ့ နိုင်ငံသားပိုင် ငါးဖမ်းရေယာဉ်တွေမှာ တရုတ်ကျွမ်းကျင်သူတွေကို နှစ်နိုင်ငံနည်းပညာပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ၁၉၉၈ ကတည်းက ငါးဖမ်းရေယာဉ်တွေပေါ်မှာ လိုက်ပါခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လကုန်မှာ လိုက်ပါခွင့် မပြုခဲ့တော့ပါဘူး။ ဒါပေမယ့် ကုမ္ပဏီအချို့ရဲ့တင်ပြချက်အရ နှစ်လထပ်တိုးပေးခဲ့တဲ့အတွက် စက်တင်ဘာလကုန်အထိ တရုတ်ကျွမ်းကျင်သူတွေ လိုက်ပါခွင့် ရခဲ့ပါတယ်။ အောက်တိုဘာကစပြီး တရုတ်ကျွမ်းကျင်သူတွေ လိုက်ပါခွင့် ရပ်ဆိုင်းခဲ့ပြီး ဖြစ်ပါတယ်။ တရုတ်ကျွမ်းကျင်သူတွေ လိုက်ပါခွင့် ရပ်ဆိုင်းတာဖြစ်ပြီး ငါးဖမ်းရေယာဉ် ငါးဖမ်းခွင့်ကို ရပ်ဆိုင်းတာမဟုတ်ပါဘူး။ဆက်လက် ဖမ်းဆီးခွင့်ပြုထားပါတယ်။ ဒါပေမယ့် ကုမ္ပဏီ ၁၁ ခုကနေ တရုတ်ကျွမ်းကျင်သူတွေ လိုက်ပါခွင့်မရတဲ့အတွက် လုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်း၊ ဒီလိုရပ်ဆိုင်းတဲ့အတွက် နိုင်ငံတော်ရဲ့ ရေလုပ်ငန်းကဏ္ဍ ကျဆင်းကြောင်း ပြည်ပတင်ပို့မှု ကျဆင်းသဖြင့် နိုင်ငံခြားဝင်ငွေကျဆင်းကြောင်း စတဲ့အကြောင်းပြချက်အပြင် မြန်မာရေလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ခြင်း၊ စားဝတ်နေရေး အခက်အခဲ ကြုံနေရပါတယ်ဆိုပြီး နိုင်ငံခြား သားပညာရှင်တွေကို အတိုင်းအတာတစ်ခုအထိ လိုက်ပါခွင့်ပြုပေးဖို့ တင်ပြလာခြင်းဖြစ်ပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။
''ဒီကိစ္စမှာ ၁၉၉၈ ကတည်းက ခွင့်ပြုလာတာ အခုဆို ၂၀၁၁ ရောက် တဲ့အထိ ၁၂ နှစ်ကျော်ကာလမှာ တရုတ်ကျွမ်းကျင် ပညာရှင်တွေဆီကနေ နည်းပညာလွှဲပြောင်းယူဖို့ လုံလောက်တဲ့ အနေအထားပါ။ ဒီလိုနိုင်ငံခြားသား လိုက်ပါခွင့်မပြုရခြင်းဟာလည်း ဌာနက ကိုယ့်ဘာသာလုပ်ဆောင်ခြင်းမဟုတ်ဘဲနဲ့ ရေလုပ်ငန်း နယ်ပယ်အသီးသီးက ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ပြီး အဲဒီကထွက်လာတဲ့ ရလဒ်တွေအရရော ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်အချို့ရဲ့ တင်ပြမှုအရရော စဉ်းစားသုံးသပ်ပြီး လိုက်ပါ ခွင့်မပြုခဲ့တာပါ''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံခြားသားက နိုင်ငံသားအမည်ခံ လုပ်ဆောင်နေမှုကြောင့် မိမိတို့တိုင်းရင်းသားများ အကျိုးခံစားရမှုထက် ဘေးပတ်ဝန်းကျင်နိုင်ငံမှ အကျိုးပိုမိုခံစားရခြင်းများလည်း ရှိနေကြောင်း သိရသည်။
''အခုကိစ္စဖြစ်တဲ့ တရုတ်ငါးဖမ်းလှေတွေက ဘုံကျောင်းလို့ ခေါ်ပါတယ်။ ဘုံကျောင်းငါးဖမ်းစနစ်က မြန်မာမှာရှိခဲ့တဲ့ ငါးဖမ်းစနစ်မဟုတ်ပါဘူး။ တရုတ်ပြည်က၀င်လာတဲ့ စနစ်ပါ။ တရုတ်မှာတောင် ဒီလိုပုံစံနဲ့ မဖမ်းရဘူးလို့ တားမြစ်ထားတဲ့စနစ်ဆိုတာ သိရပါတယ်။ အဲဒါကြောင့် ဒီမှာစပြီးဖမ်းကတည်းက ပင်လယ်ငါးဖမ်းအသင်းက ကန့်ကွက်ပါတယ်။ ဒီစနစ်နဲ့ဖမ်းရင် ငါးမျိုးပြုန်းတီးနိုင်လို့ ဖြစ်ပါတယ်။ အခုကိစ္စမှာ ဒီငါးဖမ်းလှေတွေဟာ တိုင်းရင်းသားပိုင်ဆိုရင် သူသည် ဒီလုပ်ငန်းကို ဆက်လုပ်ရမှာဖြစ်ပါတယ်။ ပြည်ပကျွမ်းကျင်ပညာရှင် လိုက်ခွင့်မရှိတော့လို့ လုပ်ငန်းရပ်တယ်ဆိုတာကတော့ စဉ်းစားရမှာပါ။သူသည်သူရဲ့လူယုံ မျက်နှာလွှဲမလိုက်ရလို့ ငါးဖမ်းလှေမထွက်တာလို့ ယူဆပါတယ်'' ဟု ရန်ကုန်တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ငါးလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် စာရင်းအရ တိုင်းရင်းသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်  ၂၀၄၇ စင်းနှင့် နိုင်ငံခြားကမ်းဝေး ငါးဖမ်းလှေ ၃၉၆ စင်းရှိကြောင်း သိရှိရပါသည်။
Eleven Media Group

စစ်တွေ- ကျောက်ဖြူ-တောင်ကုတ် ပြေးဆွဲသည့် အောင်တံခွန် (၂) သင်္ဘော ကျောက်ဆောင်နှင့်တိုက်မိပြီး နစ်မြုပ်

ယမန်နေ့ညနေပိုင်းက စစ်တွေ- ကျောက်ဖြူ-တောင်ကုတ် ပြေးဆွဲသည့် အောင်တံခွန် (၂) သင်္ဘော နောင်တော်လေးမြစ် အတွင်း ကျောက်ဆောင်နှင့် ခြစ်မိပြီးနောက် သောင်ခုံပေါ်တင်သွားကာ ယနေ့နေ့လည်တွင် လုံးဝနစ်မြုပ် သွားသည်ဟု ရေယာဉ်ဝန်ထမ်းတဦးက YPI သို့ပြောသည်။

ယမန်နေ့ ညနေပိုင်းက ကျောက်ဆောင်နှင့် ခြစ်မိချိန်တွင် သင်္ဘောချက်ခြင်း နစ်မြုပ်သွားခြင်းမရှိပဲ ရေ၀င်ရောက်ရာမှ ယနေ့ နေ့ခင်း ၁၂ နာရီဝန်းကျင်တွင် လုံးဝနစ်မြုပ်သွားခဲ့သည်ဟုလည်း သိရှိရသည်။

ယခုအဖြစ်အပျက်ကြောင့် ခရီးသည် တဦးတလေမျှ အသက်ဆုံးရှုံး ဒဏ်ရာရခြင်းမရှိပဲ သဘောင်္သောင်ခုံပေါ် တင်သွားချိန်တွင် အနီးအနားရှိ မော်တော် ၄၊ ၅စီးအား အကူအညီတောင်းကာ ခရီးသည်များကို ကျောက်ဖြူသို့ ပို့ဆောင်ပေးလိုက်နိုင်သည်ဟုလည်း ၎င်းဝန်ထမ်းကပြောသည်။

သို့ရာတွင် သင်္ဘောပေါ်ပါ ကုန်ပစ္စည်းများ အားလုံးနီးပါး ဆုံးရှုံးသွားသည်ဟုလည်း  ကုန်ပစ္စည်းတင်ပို့သူ စစ်တွေမှကုန်သည်များ၏ ပြောဆိုချက်အရ သိရသည်။

ယခု အောင်တံခွန် (၂) သင်္ဘောတွင် ခရီးသည် ၂၀၀ ၀န်းကျင် လိုက်ပါသွားပြီး ခရီးသည် အပြည့်ဆိုပါက ခရီးသည် ၄၀၀ ခန့်တင်ဆောင်နိုင်သည်ဟု သိရသည်။ ယခုသင်္ဘောပိုင်ရှင်မှာ ရခိုင်ပြည်နယ်တွင် ထင်ရှားသည့် လုပ်ငန်းရှင် ဦးကျောက်တောင် ပိုင်ဆိုင်သည့် သင်္ဘောဖြစ်သည်။    

အဆိုပါ စစ်တွေ-ကျောက်ဖြူ-တောင်ကုတ် သွားသင်္ဘော နစ်မြုပ်မှုကြောင့် တင်ဆောင်လာသည့် ကုန်ပစ္စည်း တန်ဖိုး သိန်း ၆၀၀ ကျော်ဆုံးရှုံးသွားသည်ဟု ရေယာဉ်ဝန်ထမ်းတဦးက YPI သို့ပြောသည်။
သင်္ဘောဖြင့် တင်ဆောင်လာသည့် ပစ္စည်းများတွင် ရွှေပုဇွန် အိတ် ၁၀၀၊ နွားသားရေ နှင့် အခြား ရေထွက်ပစ္စည်းများဖြစ်သည် ဟုလည်းယင်း ၀န်ထမ်းကပြောသည်။ သင်္ဘော ကျောက်ဆောင်ဖြင့် ခြစ်မိပြီး နံဘေး  ပေါက်သွားသည့်နောက် သဲသောင်တွင် တင်နေရာ ၎င်းသင်္ဘောအား ကူညီရန် ကုန်ချိန်တန် တစ်ရာဆန့် သင်္ဘောများ အနီးတွင် စောင့်ကြည့်နေသော်လည်း ကျောက်ဆောင်များရှိနေသဖြင့် အနားသို့ မကပ်နိုင်ဟုလည်း သိရှိရသည်။

အခင်းဖြစ်ပွားသည့် နေရာမှာ ကျောက်ဖြူနှင့် ၁၀ မိုင်အ ကွာ  နောင်တော်လေး ဟုခေါ်ဆိုသည့် နေရာဖြစ်သည်။ ဖြစ်ပွားရာနေရာသို့ အောင်တံခွန် သင်္ဘော ကုမ္ပဏီပိုင် အောင်တံခွန် ၃  သင်္ဘောဖြင့် ရေကြောင်း နှင့် ဆိပ်ကမ်း တာဝန်ရှိသူများ သွားရောက်ကြည့်ရှုလျှက်ရှိသည်ဟုလည်း ရေယာဉ်ဝန်ထမ်းကပြောသည်။

သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၃၀၀ ၀န်းကျင် အနက် လူ ၂၀၀ ကျော်မှာ သင်္ဘောပိုင်ရှင် ရခိုင်ပြည်နယ်တွင် ထင်ရှားသည့် သူဋ္ဌေး  ဦးကျောက်တောင်က ဇီဝီတဒါန မျက်စေ့ကုသရန် တာဝန်ယူ ခေါ်ဆောင်လာသူများဖြစ်ကြောင်း YPI သတင်းအရသိသည်။
 စစ်တွေ၊ နိုဝင်ဘာ ၂၂၊ ၂၀၁၁ (YPI)
Myanmar News Now

အရှင်ဂမ္ဘီရကို ထောင်ပြောင်းရွှေ့ပြီး ပထမဆုံးအကြိမ် မိသားစု တွေ့ဆုံ

နိုဝင်ဘာ ၂၂၊ ၂၀၁၁ (YPI) ယခင် သီတင်းပတ် ကလေးမြို့ ထောင်မှ မြောင်းမြထောင်သို့ ပြောင်းရွှေ့ပြီးနောက် မိသားစုမှ အရှင်ဂမ္ဘီရကို ပထမဆုံးအကြိမ် သွားရောက် တွေ့ဆုံသည်။ “လူကတော့ ရုပ်ပိုင်းဆိုင်ရာ တောင့်တောင့်တင်းတင်း ရှိပေမဲ့ အာရုံကြောအားနည်းနေပုံရတယ်။ အရင်ကဆို ဖော်ဖော်ရွေရွေ နှုတ်ဆက်ပေမဲ့ ခုတော့ မေးတခွန်း ဖြေတခွန်းပဲ ”လို့ သွားရောက်တွေ့ဆုံခဲ့သူ မခင်သူဋ္ဌေးက YPI သို့ပြောသည်။ ယခင်သီတင်းပတ် ဗုဒ္ဓဟူးနေ့တွင် ကလေးမြို့မှ ရန်ကုန်အင်းစိန်ထောင်တွင် တထောက်နားကာ ကြာသာပတေးနေ့တွင် မြောင်းမြထောင်သို့ ပြောင်းရွှေ့လိုက်သည်ကို အရှင်ဂမ္ဘီရ၏ အစ်မဖြစ်သူ မခင်သူဋ္ဌေးက သိရပြီးနောက် တနင်္လနေ့တွင် မြောင်းမြထောင်သို့ သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ အရှင်ဂမ္ဘီရသည် လက်ရှိကျန်းမာရေး အခြေအနေမှာ သွားကိုက်ဝေဒနာကို ခံစားနေရသဖြင့် အကျဉ်းထောင် ဆရာဝန်က သုံးရက်စာဆေးပေးထားကြောင်းနှင့် ပြင်ပမှ သွားဆရာဝန်နှင့် ပြသခွင့်မရသေးကြောင်း ကို မခင်သူဋ္ဌေးက ပြောသည်။ ယမန်နေ့က အရှင်ဂမ္ဘီရနှင့် တွေ့ဆုံခွင့်ရပြီးဖြစ်သဖြင့် ယနေ့တွင် လူချင်းထပ်တွေ့ခွင့်မရှိတော့ပဲ လိုအပ်သည့် ပစ္စည်းများ ထောင်ဝင်စာ ပါဆယ်ပို့ပြီး ရန်ကုန်သို့ ပြန်လာမည်ဟု လည်းသိရှိရသည်။ အရှင်ဂမ္ဘီရနှင့်အတူ ကလေးထောင်မှ ပြောင်းရွှေ့လာသော ဦးညီပုကို မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်ဟု သတင်းကြားသည်ဟု မခင်သူဋ္ဌေးက YPI သို့ပြောပြသည်။ မြောင်းမြထောင်တွင် အမျိုးသားနိုင်ငံရေး အကျဉ်းသား လေးယောက်နှင့် သံဃာတပါးရှိသည်။ အမျိုးသမီးဘက်တွင် ၈၈ မျိုးဆက် ကျောင်းသား အင်အားစုမှ ရွှီး(ခ) မစန္ဒာမင်း ရှိကြောင်းသိရသည်။

ဗုဒ္ဓမြတ်စွယ်တော် ရန်ကုန်မြို့  ကို ပင့်ဆောင်လာစဉ် (ဓါတ်ပုံ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို နေပြည်တော်မှ ရန်ကုန်မြို့၊ ကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူတော်သို့ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက ပင့်ဆောင်လာစဉ် မြင်ကွင်းဓာတ်ပုံများ

ဦးသန်းရွှေ မြတ်စွယ်တော်ကို တိတ်တဆိတ်ဖူးမြော်

ဦးသန်းရွှေ
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည်  နေပြည်တော်တွင် ကိန်းဝပ်စံပယ်နေသည့် တရုတ်နိုင်ငံမှ ပင့်ဆောင်လာသော ဗုဒ္ဒမြတ်စွယ်တော်ကို သောကြာနေ့ နေ့လယ်တွင်ဖူးမြော်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ နှင့် ဒေသခံတချို့က ပြောသည်။

ဦးသန်းရွှေသည် ယခုလ ၆ ရက်နေ့က တရုတ်ပြည်မှ နေပြည်တော်သို့ ကြွချီလာသော စွယ်တော်ကို ထိုနေ့ည သန်းခေါင်ယံ အချိန်တွင် တကြိမ် ဖူးမြော်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

“ပထမအကြိမ်က ဘယ်လိုလာတယ်ဆိုတာ မသိဘူး။ အခု အကြိမ်ကတော့ အရပ်ဝတ်နဲ့ပဲ” ဟု စွယ်တော် ကိန်းဝပ်စံပယ်ရာ ဥပ္ပါတသန္တိစေတီတွင် တာဝန်ကျသူ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ အရာရှိတဦးက ပြောသည်။

သူ၏ နေအိမ်နှင့် များစွာဝေးကွာခြင်းမရှိသည့် ဥပ္ပါတသန္တိစေတီသို့ ရောက်လာသည့် ဦးသန်းရွှေ၏ လုံခြုံရေးအတွက် ထူးထူးခြားခြား စီစဉ်ထားခြင်း ရှိပုံမရကြောင်း ရဲတပ်သားတဦးက ပြောသည်။

“နေ့လယ်ကြီးကို လာလိုက်တာ။ ဘာမှလည်း မသိရဘူး။ အစောင့်ကားတစီးပဲ ပါတယ်” ဟု ထိုရဲတပ်သားက ပြောသည်။

ကားတံခါးဖွင့်ပေး သူ ရဲအရာရှိအား ဦးသန်းရွှေက ကျေးဇူးတင်ကြောင်း ပြောဆိုသည်ဟု သိရသည်။

အသက် ၈၀ ပြည့်တော့မည့် ဦးသန်းရွှေအား သူ၏ ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ယူခဲ့သူ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်  ဗိုလ်ချုပ် စိုးရှိန်က ဘေးမှ တွဲပြီး ဓာတ်လှေကားမှ တဆင့် ဘုရားပေါ်သို့ ပို့ဆောင်ကြောင်း ဘုရားဖူးများက ပြောသည်။

“အရပ်ဝတ်နဲ့ဆိုတော့ တော်ရုံလူက မမှတ်မိဘူး။ ကျနော်တောင် မြင်ဖူးပါတယ် ထင်ပြီး သေချာကြည့်မှ (ဦးသန်းရွှေမှန်း) သိတာ” ဟု အသက် ၄၀ ကျော်အရွယ် ဒေသခံ ဘုရားဖူး အမျိုးသားတဦးက ပြောသည်။

ဦးသန်းရွှေသည် ပြီးခဲ့သည့် နှစ်လနီးပါးက ခရီးတခုမှ ပြန်လာပြီးနောက် ဥပ္ပါတသန္တိ အနီးရှိ စေတီတဆူကို ထီးတော်တင်လှူခဲ့ကြောင်း စရဖ အရာရှိများထံမှ သိရသည်။

ဦးသန်းရွှေသည် ယခင် စစ်အစိုးရ လက်ထက်တွင် ကာကွယ်ရေးဦးစီးချုပ် နှင့် စစ်ကောင်စီ ဥက္ကဋ္ဌအဖြစ် အနှစ် ၂၀ ခန့် တာဝန်ယူပြီး နိုင်ငံကို အုပ်ချုပ်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရအဖွဲ့ထံ အာဏာလွှဲအပ်ခဲ့သည်။

သို့သော်လည်း အာဏာရှင်အဖြစ် နှစ်ပေါင်းများစွာ အရှိန်အ၀ါ ကြီးမားခဲ့သူ ဦးသန်းရွှေသည် စစ်ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အရပ်သားအစိုးရအပေါ် သြဇာလွှမ်းမိုးဆဲဖြစ်သည်ဟု အများအပြားက ယုံကြည်နေကြသည်။

ဤအတောအတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသည့် သမ္မတဦးသိန်းစိန်၏ လုပ်ရပ်တချို့ကို မကျေနပ်သော အရပ်သားအစိုးရအဖွဲ့အတွင်း သဘောထားတင်းမာသူများက ဦးသန်းရွှေအား ပြန်လည် ချည်းကပ်နေကြပြီး သမ္မတ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အနှောင့်အယှက်ပြုနေကြသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

အနောက်တိုင်း သတင်းဌာနတခုဖြစ်သည့် Wall Street Journal က ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် မကြာသေးမီက တွေ့ဆုံစဉ် ဦးသန်းရွှေ မြန်မာ့နိုင်ငံရေးလောကမှ အမှန်တကယ် အနားယူသွားခြင်း ရှိမရှိ မေးမြန်းရာ ၀န်ကြီးက တိတိကျကျ အဖြေပေးခြင်း မရှိဘဲ ဦးသန်းရွှေ စာဖတ်နေသည်ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။

မြန်မာ့လေကြောင်း ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ရပ်တည်ရတော့မည်

မြန်မာ့လေကြောင်း MAI
လာမည့်ဘဏ္ဍာရေးစနစ်သစ်အရ မြန်မာ့လေကြောင်းအနေဖြင့် မိမိလေကြောင်းလိုင်းမှ ရရှိသော ဘတ်ဂျက်ဖြင့် ကိုယ်တိုင်ရပ်တည်ရတော့မည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားခဲ့ကြောင်း သိရသည်။

အရင်းအနှီးကြီးမားသော စီးပွားရေးလုပ်ငန်းများတွင် မြန်မာ့လေကြောင်းသည်လည်း အပါအဝင်ဖြစ်ပြီး လေယာဉ်ပြင်ဆင်စရိတ်နှင့် အာမခံလုပ်ငန်းများကို နိုင်ငံတော်ကစိုက်ထုတ်သုံးစွဲပေးရကြောင်း၊ လာမည့်နှစ်မှစ၍ ဘဏ္ဍာရေးစနစ်အရ မြန်မာ့လေကြောင်းအနေဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြရတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ယင်းသို့ ဝင်ငွေကို ကိုယ်တိုင်အသုံးပြုတော့မည်ဆိုလျှင် လေကြောင်းစီးပွားဆိုင်ရာ ဥပဒေကို ဦးစွာဖော်ဆောင်နိုင်ရန် လိုအပ်ကြောင်း မြန်မာ့လေကြောင်းမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးဖြစ်သူ ဦးထွန်းတင့်အေးက ပြောသည်။

"နိုင်ငံပိုင်လေကြောင်းလိုင်းဆိုတာကလဲ အစိုးရဌာနလိုပါပဲ။ ကုမ္ပဏီပုံစံမျိုးသွားလို့မရဘူး၊ ဝန်ထမ်းတွေကို လစာပေးတာ၊ ပင်စင်ပေးတာစတဲ့ အစိုးရဌာနတွေမှာ လုပ်ဆောင်တဲ့ လုပ်ထုံးလုပ်နည်းတွေ အတိုင်းသွားရတာ။ လက်ရှိဒီမှာက နိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခု လုပ်ကိုင်ရမယ့် လုပ်ငန်းတွေကို လုပ်ကိုင်လို့မရသေးပါဘူး။ ဒီလုပ်ငန်းတွေ လုပ်ကိုင်နိုင်ပြီဆိုရင်တော့ အဲဒီကရရှိတဲ့ ကိုယ့်ဘတ်ဂျက်ငွေကို ကိုယ်သုံးပြီး လုပ်ငန်းတစ်ခုလုံးကို ကိုင်တွယ်နိုင်မှာဖြစ်ပေမယ့် လောလောဆယ် အခြေအနေအရတော့ ကိုယ့်ဘတ်ဂျက်ငွေကို ကိုယ်အသုံပြုဖို့ အခက်အခဲရှိနိုင်ပါတယ်" ဟု ဦးထွန်းတင့်အေးက ဆိုသည်။

အဆိုပါ ဥပဒေအရ နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သော မြန်မာ့လေကြောင်းအနေဖြင့် အမျိုးသားအလံတင် လေကြောင်းဖြစ်ခွင့်အပြင် လေယာဉ်စီးပွားရေးလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော လေယာဉ်လက်မှတ်အရောင်းအေးဂျင့်များ လုပ်ကိုင်ခွင့်၊ လေဆိပ်အတွင်း မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင်လေကြောင်းနှင့် ဆက်စပ်လုပ်ငန်းများအားလုံးကို လုပ်ကိုင်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့လေကြောင်း၏ ကုန်ကျစရိတ်များအားလုံးကို နိုင်ငံတော်မှ ကျခံသုံးစွဲပေးလျက်ရှိကာ အဆိုပါဘဏ္ဍာရေးစနစ်သစ်အရ လေယာဉ်ဝယ်ယူခြင်း၊ ပြင်ဆင်ခြင်း၊ ဝန်ထမ်းများအတွက် စရိတ်ကုန်ကျခြင်းအစရှိသည်တို့အတွက် မြန်မာ့လေကြောင်းမှပင် ကုန်ကျသုံးစွဲရတော့မည်ဖြစ်သည်။

"မြန်မာ့လေကြောင်းမှာက ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ရှိတယ်။ နောက်ပြီး ပင်စင်သမားတွေလဲ ရှိသေးတယ်။ အခုတောင် တခြားလေကြောင်းလိုင်းတွေက မပျံတဲ့ဒေသတွေကို အရှုံးခံပြီး ပျံသန်းပေးနေရတာဆိုတော့ ပြောခဲ့တဲ့အတိုင်း လေကြောင်းလုပ်ငန်းအပြင် လေကြောင်းနဲ့ အခြားဆက်စပ်လုပ်ငန်းတွေကိုပါ နိုင်ငံပိုင်လေကြောင်းလိုင်းက လုပ်ကိုင်ခွင့်ရမှသာ အဆင်ပြေနိုင်မှာဖြစ်ပါတယ်" ဟု ယင်းကထပ်မံပြောသည်။

မြန်မာ့လေကြောင်းလိုင်းကို ၁၉၆၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး စတင်တည်ထောင်ခဲ့စဉ်က လေကြောင်းသယ်ယူပို့ဆောင်ရေး ဥပဒေအသက်ဝင်သည့် အတွက် ယင်းသို့ မိမိဘတ်ဂျက်ကို ကိုယ်တိုင်သုံးစွဲခဲ့သည့် အခြေအနေမှာ အဆင်ပြေခဲ့ကြောင်း၊ သို့ရာတွင် လက်ရှိအခြေအနေကဲ့သို့ ပြိုင်ဆိုင်မှုများပြားလာသည့် အခြေအနေတွင် ခက်ခဲနိုင်မည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ ဝါရင့်လေယာဉ်မှူးကြီးတစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာ့လေကြောင်းလိုင်းအနေဖြင့် ATR 72, ATR 42, MA 60 နှင့် F 28 လေယာဉ်အမျိုးအစား အစင်းရေကိုးစင်းတို့ဖြင့် မြို့ပေါင်း ၂၅ မြို့သို့ ခရီးသည်ပေါင်း လေးသိန်းကျော်အထိ ပျံသန်းပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။


အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီး ဦးခင်ရွှေသို့ အိတ်ဖွင့်ပေးစာ

မီဒီယာများကို စော်ကားနေတဲ့ အစည်းအဝေးမှ ဓါတ်ပုံ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီး ဦးခင်ရွှေခင်ဗျား
လူကြီးမင်းသည် နိုဝင်ဘာ ၁၅ရက်နေ့က ကျင်းပခဲ့တဲ့ မဟာမဲခေါင်ခရီးသွားလုပ်ငန်း အစည်းအဝေးတွင် မီဒီယာများသည် အဆိုးမြင် သဘောဖြင့် ရေးသားနေကြပြီး ကြောက်မက်ဖွယ်ကောင်းသည်ဟု စွပ်စွဲပြောဆိုခဲ့ပါသည်။ ထိုသို့ စွပ်စွဲပြောဆိုရခြင်းမှာ လူကြီးမင်း တာဝန်ယူထားသည့် ခရီးသွားလုပ်ငန်းမှ မြန်မာနိုင်ငံ၏ သမိုင်းဝင် အမွေအနှစ်တစ်ခုဖြစ်သည့် ဝန်ကြီးများရုံးကို အမဲဖျက်သလိုဖျက်၍ ဟိုတယ်အဖြစ်ဖန်တီးပြီး စီးပွားရှာခွင့် မရလိုက်မှုကြောင့်ဟုလည်း ထပ်မံသိရှိရပါသည်။ အဆိုပါပွဲတွင်ပင် ဝန်ကြီးများရုံးနှင့် ပတ်သက်၍ အသက်ပေးကာကွယ်မည်ဟု ဆိုကြသူများကို အသက်ပေးစရာမလိုဘဲ တစ်ဦးလျှင် တစ်သိန်းသာ ထည့်ဝင်ကြပါဟုလည်း ငွေဂုဏ်မောက်စွာ ပြောဆိုခဲ့ကြောင်း သိရပါသေးသည်။
လူကြီးမင်းခင်ဗျား၊ ပိုက်ဆံရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ တိုင်းပြည်ကို ချစ်ကြတဲ့နေရာမှာတော့ အတူတူပါပဲခင်ဗျာ။ ကျွန်တော့်အမြင်တော့ ပိုက်ဆံ မရှိတဲ့သူကတောင် တိုင်းပြည်အတွက် ပိုပြီးစွန့်လွှတ်အနစ်နာခံနိုင်တယ်လို့ ထင်မိပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့မှာက မက်မောတွယ်တာစရာ ဥစ္စာ ပစ္စည်းမရှိလေတော့ တိုင်းပြည်အတွက် ပိုပြီး ကိုယ်ကျိုးစွန့်နိုင်စွမ်းများတာပေါ့ခင်ဗျာ။ ဒါကို အငြင်းမပွားလိုပါဘူး။ လူကြီးမင်းအနေနဲ့လည်း မြန်မာနိုင်ငံ သားတစ်ဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံကိုချစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ဒါပေမယ့် လူကြီးမင်းရဲ့ ငွေဂုဏ်မောက်တဲ့ စကားအရတော့ တိုင်းပြည်နဲ့ ငွေနဲ့ ယှဉ်ရင် ငွေကသာ လူကြီးမင်းအတွက် အဓိကဖြစ်ပါလိမ့်မယ်။ နိုင်ငံချစ်စိတ်ကို ငွေနဲ့တိုင်းလို့ မရနိုင်တာကို လူကြီးမင်း သဘောမပေါက်နိုင်တာ ဖြစ်ပါလိမ့်မယ်။
လူကြီးမင်းအနေနဲ့ ပြည်ပမှာထွက်ပြီး မီလျံနာလို နေနိုင်တယ်၊ နိုင်ငံချစ်လို့သာ ဒီမှာဆက်နေတာလို့ ဆိုတဲ့စကားကတော့ ရယ်စရာ ကောင်းပါတယ်၊ လူကြီးမင်းအနေနဲ့ အခုအချိန် ပြည်ပမှာထွက်ပြီး မီလျံနာလုပ်နိုင်ပေမယ့် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒါမှမဟုတ် အရင်းအနှီးလေး အနည်းငယ်လောက်နဲ့ ပြည်ပမှာ ကြီးပွားနိုင်မယ်လို့ ယုံကြည်ပါသလား၊ လူကြီးအခုလို မီလျံနာဖြစ်နိုင်အောင် ပြည်တွင်းမှာပဲ ရှာဖွေရရှိခဲ့တာပါ။ ပြည်တွင်းမှာ ရှာဖွေရရှိတဲ့ ငွေတွေဟာလည်း ကိုယ့်အရည်အချင်းကြောင့်လား စိန်နားကပ်ရောင်နဲ့ ပါးပြောင်ခဲ့တာလား လူကြီးမင်းပဲ အသိဆုံးဖြစ်မှာပါ။ လုပ်ငန်းရှင်တစ်ယောက် အောင်မြင်တယ်ဆိုတာ အဲ့ဒီလုပ်ငန်းရှင်ရဲ့ အလုပ်ဘယ်လောက်အောင်မြင်လဲဆိုတာနဲ့ပဲ ဆုံးဖြတ်ပါတယ်။ စတိဂျော့တို့၊ ဘီလ်ဂိတ်တို့ ကိုယ်ဒူးကိုယ်ချွန်အောင်မြင်ခဲ့တာ လူကြီမင်းတို့ စာဖတ်တတ်ရင် သိမှာပါ။ လူကြီးမင်းရဲ့ ဇေကမ္ဘာကုမ္ပဏီကနေ ကမ္ဘာတလွှားကို ဖြန့်နေတဲ့ ကုန်ပစ္စည်း ဘယ်နှစ်မျိုးရှိပါသလဲခင်ဗျာ။ ဇေကမ္ဘာတံဆိပ်နဲ့  ကမ္ဘာကို ဖြန့်နေတာ ငပိတို့ ပုဇွန်ခြောက်တို့တောင် မရှိပါလားခင်ဗျာ။ လူကြီးမင်းအပါအဝင် ခေတ်ပျက်သူဌေးလို့ခေါ်ရမယ့် ခရိုနီအများစုဟာ တိုင်းပြည်က သယံဇာတတွေကို အာဏာရှင်နဲ့ပေါင်းပြီး ရောင်းစားခဲ့လို့သာ ဒီနေ့အခြေအနေ ရောက်လာခဲ့တာပါ။ လူကြီးမင်းတို့ အနေအထားနဲ့ဆိုရင် ဒေဝါလီခံရတာ ကြာပြီပေါ့ခင်ဗျာ။ လုပ်ပိုင်ခွင့်တွေယူလိုက်၊ သူများတွေ စိုက်လို့ပျိုးလို့ အဆင် ပြေတယ်ဆိုရင် အာဏာရှင်နဲ့ပေါင်းပြီး လက်ဝါးကြီးအုပ်သိမ်းလိုက်နဲ့ သမာအာဇီဝနဲ့ ကိုယ်ပိုင်လုံ့လ တစ်စက်မှကိုမပါဘူးလို့ပဲ ဆိုရမှာပါ။ ဒါကြောင့် လူကြီးမင်းတို့ဟာ ငွေကို လွယ်လွယ်ရတယ်၊ လွယ်လွယ်ရတဲ့အတွက် ငွေစကားကို ပဲ ပြောတတ်တော့တာဖြစ်မှာပါ။
လူကြီးမင်းကို စီးပွားရေးမလုပ်တတ်ဘူး၊ အရည်အချင်းမရှိဘူးလို့ ပြောရတာက အကြောင်းရှိပါတယ်၊ စီးပွားရေးသမားဆိုတာ အကွက်မြင် တတ်ရတယ်ဆိုပေမယ့် ရေရှည်အကျိုးကိုလည်း တွက်ဆတတ်ရပါတယ်။ ကျွန်တော်ဟာ တစ်နေ့ဝင်ငွေ ငါးထောင်တောင် မပြည့်တဲ့ သာမန်အောက်ခြေ လူတန်းစားပါ။ ဒါပေမယ့် နိုင်ငံတကာမှာ ရှေးဟောင်းအဆောက်အအုံတွေရဲ့ တန်ဖိုးကို ဘယ်လောက်အထိ ထားကြတယ်ဆိုတာကိုတော့ တီးမိခေါက်မိ ရှိပါတယ်ခင်ဗျ။ အဲ့လို အဆောက်အဦးကြီးတွေကို ဟိုတယ်ဆောက်ရင်တောင် ပုဂ္ဂလိကပိုင် အဆောက်အဦကြီးတွေ ဖြစ်လေ့ရှိပါတယ်။ ဥပမာ ရိုမေးနီးယားက မြို့စားကြီး ဒရက်ကူလာရဲ့ ရဲတိုက်လိုမျိုးပေါ့ခင်ဗျာ။ ပိုင်ရှင်ကရောင်းတယ်၊ ဝယ်သူကဝယ်တယ်။ ဒီထိပြဿနာမရှိပါဘူး။ ဒါပေမယ့် ပြည်သူပိုင်၊ နိုင်ငံပိုင် ပစ္စည်းတွေကိုတော့ ရောင်းလို့လည်းမရသလို လက်ဝါးကြီးအုပ်ခွင့်လည်း မရှိပါဘူးခင်ဗျား လူကြီးမင်းကတော့ လိုချင်တာကို လက်ညှိုးထိုးတာနဲ့ ရခဲ့တဲ့ ကလေးလို ဖြစ်ခဲ့ဖူးတော့ နိုင်ငံပိုင်ပစ္စည်းကြီးကို လက်ဝါးကြီး အုပ်ဖို့ကြံမိတာ မဆန်းဘူးပေါခင်ဗျာ။
ဟုတ်ကဲ့ ဝန်ကြီးများရုံးကို ဟိုတယ်ဆောက်မှ ကျွန်တော်တို့နိုင်ငံချမ်းသာမှာလားခင်ဗျာ။ ပြတိုက်ဖွင့်စားရင်ရော အဆင်မပြေဘူးလား လို့ပါ၊ ဒီနေရာဟာ သမိုင်းဝင်နေရာဖြစ်တယ်၊ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင် ကြီးတွေ ကျဆုံးခဲ့တဲ့နေရာကြီးဖြစ်တယ်။ ကမ္ဘာလှည့် ခရီးသွား တွေလည်း စိတ်ဝင်စားစရာဖြစ်တယ်။ ဟိုတယ်ဆောက်လို့ ရမယ့်ငွေက ရေရှည်မှာ များနိုင်တယ်ဆိုပေမယ့် ကျွန်တော်တို့နိုင်ငံမှာ ဟိုတယ်ဆောက်လို့ရမယ့် မြေ နေရာတွေ မရှားပါဘူးခင်ဗျာ။ သမိုင်းဝင်အဆောက်အဦးကတော့ ရှားပါးသွားနိုင်ပါတယ်။ နောက်ပြီး ဒီဟိုတယ်က ရတဲ့ငွေက နိုင်ငံရဲ့ဂျီဒီပီထက် လူကြီးမင်းရဲ့ဂျီဒီပီကိုပဲ ပိုတက်စေပါလိမ့်မယ်။ ပြတိုက်ကတော့ နိုင်ငံပိုင်ဖြစ်တဲ့အတွက် နိုင်ငံတော်က ပိုပြီးအကျိုးရှိမှာပါ။ ခရီးသွားလုပ်ငန်း ပွင့်လန်း လာတာနဲ့အမျှ ဟိုတယ်တွေလဲ ပေါများလာမှာပါ၊ ဟိုတယ်တွေပေါပြီး လေ့လာလည်ပတ်စရာ မရှိရင် ဘယ်ခရီးသွားက ရန်ကုန်မြို့ကြီးကို တကူးတက လာလည်မှာလဲခင်ဗျာ။ အင်္ဂလိပ်တွေဟာ သူတို့အင်ပါယာကြီး တန်ခိုးထွားစဉ်တုန်းက အခြေအနေတွေနဲ့ ကမ္ဘာတလွှားက ခရီးသည်တွေဟာလည်း သူတို့ငယ်ငယ်က သင်ခန်းစာမှာ သင်ခဲ့ရတဲ့ ရန်ကုန်မြို့ကြီးရဲ့ ပုံရိပ်တွေကို ပြန်လည်ခံစားချင်ကြမှာ သေချာပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံကြီးတွေက ကမ္ဘာလှည့်တွေဟာ ရန်ကုန်မြို့ကြီးက နယူးယောက် လောက်ခေတ်မှီနေရင်တောင် သူတို့အတွက် အထူးအဆန်း ဘယ်ဖြစ်တော့မလဲ ခင်ဗျာ။ ဒီလို စီးပွားရေးအရ ရွေးချယ်တတ်မှုဆိုတာကိုတောင် ကောင်းကောင်းနားမလည်တဲ့ လူကြီးမင်းကို စီးပွားရေး မလုပ်တတ်ဘဲ အချောင်ကြီးပွား လာတာလို့ ပြောရင် ကျွန်တော်မလွန်ဘူးလို့ ထင်မိပါတယ်။
ပြီးတော့ မီဒီယာတွေကို စော်ကားတဲ့ကိစ္စပါ။ တိုင်းပြည်ရဲ့ဥသျှောင် သမ္မတကြီး၊ အဓိကမဏ္ဍိုင်ကြီးနှစ်ရပ်ဖြစ်တဲ့ လွှတ်တော်ကြီးနှစ်ရပ်ကို ဦးစီးနေရတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးတွေ၊ ဒီမိုကရေစီမှာ ပြည်သူသာ အဓိကလို့ ခံယူထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေတောင် မီဒီယာရဲ့ အခန်းကဏ္ဍကို အလေးအနက်ထား ဆက်ဆံနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကြီးကိုတောင်မှ အင်အားကြီးတရုတ်နိုင်ငံကို ရဲဝံ့စွာဆန့်ကျင်ပြီး သမ္မတကြီးကိုယ်တိုင် ရပ်တန့်ပေးခဲ့တဲ့ ကိစ္စကိုကြည့်ရင် မီဒီယာဆိုတာ ပြည်သူ့အသံ ပြည်သူ့အသံကို အစိုးရနဲ့ လွှတ်တော်က ဆောင်ရွက်ပေးရမယ် ဆိုတာကို နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင် သဘောတူလက်ခံထားတယ်ဆိုတာကို သိသာနိုင်ပါတယ်။ ဒါကြောင့် မီဒီယာဟာ ပြည်သူကို ကိုယ်စားပြုပြီး မီဒီယာကို စော်ကားတဲ့ လူကြီးမင်းဟာ ပြည်သူကိုလည်း စော်ကားလိုက်တာနဲ့ အတူတူပါပဲခင်ဗျား။
လူကြီးမင်းခင်ဗျား ကျွန်တော်ရေးတာလဲ တော်တော်များသွားပါတယ်။ ကျွန်တော့်အနေနဲ့ ရိုးသားစွာ ပြောရရင် လူကြီးမင်းအပါအဝင် တိုင်းပြည်ရဲ့ သူဌေးကြီးများကို အခုထက်ပိုပြီး ချမ်းသာစေချင်ပါတယ်။ ရေမြင့်ရင် ကြာတင့်တယ်ဆိုတဲ့အတိုင်းပဲ သူဌေးကြီးတွေများလာတာနဲ့ တိုင်းပြည် လည်း ချမ်းသာလာမယ်။ သူတို့လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတဲ့ ပြည်သူတွေချောင်လည်မယ်၊ လူမှုရေးကဏ္ဍတွေမှာ ပိုပြီးအား ကောင်းလာမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် လူကြီးမင်းကို ဒီထက်ပိုပြီး ချမ်းသာစေချင်တာ ကျွန်တော့်ရဲ့ ဆန္ဒအမှန်ပါ။ ဒါပေမယ့် သူခိုးနွားကောင်းမှန်းမသိ အသား ပေါ်ရောင်းဖို့လောက်သာ စဉ်းစားထားတဲ့ ချမ်းသာမှုမျိုးမဖြစ်စေချင်ဘဲ ဘီလ်ဂိတ်တို့လို၊ လီကာရှင်းတို့လို ကိုယ့်အရည်အချင်းနဲ့ ကြီးပွားနေတဲ့ ငါတို့ မြန်မာနိုင်ငံက သူဌေးကြီးတွေလို့ လက်မထောင်ချင်တဲ့ စေတနာသာ အမှန်ဖြစ်ပါတယ်ခင်ဗျား။

by Pyi Chit Thar


yangonchronicle2011

KIO နဲ့ ရထားဝန်ကြီးဦးအောင်မင်း တွေ့ဆုံ


တိုင်း ​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေနဲ့​ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေ ထိုင်း​ – မြန်မာနယ်စပ်မှာ အခုရက်ပိုင်း​အတွင်း​မှာ တဖွဲ့​ချင်း​ သီး​ခြား​ ​တွေ့​ဆုံ ​ဆွေး​နွေး​မှု​တွေ ပြုလုပ်ခဲ့​ကြပါတယ်။
မြန်မာအစိုး​ရ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ကချင်ပြည်လွတ်​မြောက်​ရေး​ (​ကေအိုင်အို) ကိုယ်စား​လှယ်တချို့​ ထိုင်း​နိုင်ငံ ချင်း​ရိုင်ခရိုင်မှာ နိုဝင်ဘာ ၁၉ ရက်​နေ့​က ​တွေ့​ဆုံခဲ့​တာပါ။
ကေအိုင်အိုဘက်က အတွင်း​ရေး​မှူး​ ​ဒေါက်တာလား​ဂျာ၊​ ဗိုလ်မှူး​ကြီး​ လဖိုင်လာ၊​ ဗိုလ်မှူး​ကြီး​ လာ​အောင်တို့​ပါဝင်​ဆွေး​နွေး​ကြပြီး​ ဒီ​ဆွေး​နွေး​ပွဲမှာ နှစ်ဘက် သ​ဘောတူညီချက်​တွေ ရရှိတယ်လို့​ မကြား​သိရ​သေး​ပါဘူး​။
ဒီ​တွေ့​ဆုံမှု ​ဆွေး​နွေး​မှုအ​ခြေအ​နေနဲ့​ပတ်သက်လို့​ နှစ်ဘက်စလုံး​က ထုတ်​ပြောဆိုတာ မရှိ​သေး​ဘဲ ​တွေ့​ဆုံမှုမှာပါဝင်တဲ့​ ​ဒေါက်တာလား​ဂျာကို ​မေး​မြန်း​ရာမှာလည်း​ ထုတ်​ပြောဖို့​ အချိန်မတန်​သေး​ဘူး​လို့​ ​ပြောပါတယ်။
ဒါ​ပေမယ့်​ ​ကေအိုင်အို ​ပြောခွင့်​ရသူ ဦး​လနန်း​က​တော့​ ​ယေဘုယျအား​ဖြင့်​ ငြိမ်း​ချမ်း​ရေး​နဲ့​ပတ်သက်တဲ့​ ​ကေအိုင်​အေသ​ဘောထား​ကို သွား​ရောက်​ပြောဆိုတာလို့​ ဆိုပါတယ်။
“ဘာ​တွေ​ ပြောဆိုတယ်ဆိုတာက​တော့​ ကျ​နော်တို့​ ခါတိုင်း​ပြော​နေတဲ့​ အချက်ကို သွား​ပြီး​တော့​ အသိ​ပေး​တဲ့​သ​ဘောလို့​ အဲလိုပဲနား​လည်ထား​တယ်။ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ဆိုတဲ့​နေရာမှာ နိုင်ငံ​ရေး​တွေ့​ဆုံ​ဆွေး​နွေး​မှုသာ အဓိကအ​ရေး​ကြီး​တဲ့​အ​ကြောင်း​တွေ ဒီအချက်​တွေကိုပဲ ​ပြောမှာပါ။ ဦး​အောင်မင်း​နဲ့​တွေ့​ဖို့​ ကမ်း​လှမ်း​လာတဲ့​နေရာမှာ​တော့​ အခုကချင်ပြည်နယ်မှာ ဖြစ်​နေတဲ့​ကိစ္စကို အ​သေး​စိတ် သမ္မတကြီး​က မသိဘူး​။ ဒါ​ကြောင့်​မို့​ သမ္မတဘက်ကို ဘာ​တွေအသိ​ပေး​စေချင်သလဲ၊​ သူက ပြန်​ပြောပြ​ပေး​မယ်။ သမ္မတက အ​သေး​စိတ် ဘာမှမသိရဘူး​ဆိုပြီး​တော့​ ကမ်း​လှမ်း​လာတဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​အဖွဲ့​လည်း​ သွား​တွေ့​ဖို့​ အစီအစဉ်လုပ်တာပါ။ သွား​တွေ့​တဲ့​အခါမှာလည်း​ ဒီမှာဖြစ်​နေတဲ့​ဖြစ်စဉ်​တွေအလိုက် ပြီး​တော့​ ဒီပြည်နယ်အဆင့်​နဲ့​ ကျ​နော်တို့​ စာနဲ့​အ​ပေး​အယူလုပ်တဲ့​ကိစ္စ​တွေ။ ​နောက် ဇွန် ၃၀ ရယ်၊​ ဩဂုတ် ၁ ရက်၊​ ၂ ရက်​နေ့​တွေမှာ အဲဒီမှာ​တွေ့​ကြတဲ့​ ဗွီဒီယိုမှတ်တမ်း​တွေ​ပေါ့​။ အား​လုံး​ပြန်ပို့​လိုက်တယ်။ သမ္မတမသိဘူး​ဆိုလို့​ ပြန်ပို့​ပေး​မယ်ဆိုတဲ့​ သ​ဘောပါပဲခင်ဗျာ။”
ကချင်လွတ်လပ်​ ရေး​တပ်မ​တော် ကိုယ်စား​လှယ်နဲ့​တွေ့​ဆုံတဲ့​နေရာမှာ​တော့​ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ပတ်သက်ပြီး​ ​ဆွေး​နွေး​တာမရှိဘူး​လို့​ ​ကေအိုင်အို ​ပြောခွင့်​ရ ဦး​လနန်း​က ​ပြောပါတယ်။
အစိုး​ရတပ်ဟာ ကချင်တပ်မ​တော်ကို လာ​ရောက်ထိုး​စစ်ဆင်တာဖြစ်တဲ့​ အပစ်အခတ်ရပ်​ရေး​ မရပ်​ရေး​ဟာ အစိုး​ရအ​ပေါ်မှာသာ မူတည်​ကြောင်း​ ဦး​လနန်း​က ​ပြောပါတယ်။
“အပစ်အခတ်ရပ်​ ရေး​ မရပ်​ရေး​က အစိုး​ရဘက်မှာပဲ မူတည်တယ်။ အခုဟာက ကျ​နော်တို့​ ​ကေအိုင်အိုက​နေပြီး​တော့​ ထိုး​စစ်လုပ်တဲ့​ကိစ္စမဟုတ်ဘူး​။ သူတို့​အစိုး​ရ စစ်တပ်​တွေက အလုံး​အရင်း​နဲ့​ ဝင်လာပြီး​တော့​ ထိုး​စစ်ဆင်တဲ့​ စစ်ဆင်​ရေး​လုပ်တဲ့​ လုပ်ငန်း​ဖြစ်​တော့​ သူတို့​ဘက်မှာပဲ မူတည်ပါတယ်။ ကျ​နော်တို့​က​တော့​ အပစ်အခတ် ရပ်​ရေး​၊​ မရပ်​ရေး​ ကိစ္စကို သိပ်အဓိကမထား​ဘူး​။ နိုင်ငံ​ရေး​ဆွေး​နွေး​မှု ဖြစ်​ပေါ်မှုလမ်း​ကြောင်း​ကို တွန်း​ပို့​သွား​မယ်ဆိုတဲ့​ ဟာမျိုး​ကိုပဲ ကျ​နော်တို့​ ​ကေအိုင်အိုက အဲလိုသ​ဘောမျိုး​ ရှိတယ်ခင်ဗျ။”
ကေအိုင်အိုဟာ ၁၉၉၄ ခုနှစ်ကစပြီး​ စစ်အစိုး​ရနဲ့​ အပစ်အခတ် ရပ်စဲထား​သော တိုင်း​ရင်း​သား​ လက်နက်ကိုင်တပ်ဖွဲ့​ ဖြစ်ပြီး​ နယ်ခြား​စောင့်​တပ်အသွင်​ပြောင်း​ဖို့​ ငြင်း​ဆိုခဲ့​တဲ့​အတွက် ပြီး​ခဲ့​တဲ့​ ဇွန်လကစပြီး​ အစိုး​ရနဲ့​ တိုက်ပွဲ ပြန်လည် ဖြစ်ပွား​ခဲ့​ပါတယ်။
တိုက်ပွဲဖြစ်ပွား ​မှုအတွင်း​ အစိုး​ရပြည်နယ်ကိုယ်စား​လှယ်နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေ လုပ်ခဲ့​ပေမယ့်​ နှစ်ဘက်သ​ဘောတူညီမှုမရရှိဘဲ ဒီ​နေ့​အထိ ​နေ့​စဉ်ဆိုသလို တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား​နေဆဲ ဖြစ်ပါတယ်။
ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ အစိုး​ရကိုယ်စား​လှယ်အဖွဲ့​ဟာ ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​က ​ကေအိုင်အို ကိုယ်စား​လှယ်အဖွဲ့​သာမက ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ)၊​ ကရင်နီအမျိုး​သား​တိုး​တက်​ရေး​ပါတီ (​ကေအန်ပီပီ)၊​ ရှမ်း​ပြည်တပ်မ​တော် ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ (အက်စ်အက်စ်​အေ- အာစီအက်စ်အက်စ်)၊​ ချင်း​အမျိုး​သား​တပ်ဦး​ (စီအန်အက်ဖ်) တို့​နဲ့​လည်း​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။
ရှမ်း​ ပြည်တပ်မ​တော်နဲ့​ ချင်း​အမျိုး​သား​တပ်ဦး​တို့​နဲ့​ ​တွေ့​ဆုံရာမှုအတွင်း​ နှစ်ဘက်အပစ်အခတ် ရပ်စဲဖို့​ မူအား​ဖြင့်​ သ​ဘောတူခဲ့​ပြီး​ ​နေပြည်​တော်မှာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ​တွေ ပြုလုပ်နိုင်​အောင် ပဏာမအဆင့်​ ညှိနှိုင်း​ဆွေး​နွေး​မှု​တွေ ပြုလုပ်ခဲ့​ပါတယ်။ 

သတင်း---ဒီဗွီဘီ

KNPP နဲ့ ရထားဝန်ကြီးဦးအောင်မင်း တွေ့ဆုံ

မြန်မာအစိုး​ ရကို နှစ်​ပေါင်း​များ​စွာလက်နက်ကိုင်တိုက်​နေတဲ့​ ကရင်နီအမျိုး​သား​ တိုး​တက်​ရေး​ပါတီ် (​ကေအန်ပီပီ) နဲ့​ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေ ​တွေ့​ဆုံခဲ့​ကြတယ်လို့​သိရပါတယ်။

ခူး ဦး ရယ်
နိုဝင်ဘာလ ၁၉ ရက်​နေ့​က ထိုင်း​နိုင်ငံ မယ်ဆိုင်မြို့​မှာ ​ကေအန်ပီပီနဲ့​ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေ လက်ရှိ အစိုး​ရ လက်ထက်မှာ ပထမဆုံး​အကြိမ်အဖြစ် ​တွေ့​ဆုံခဲ့​ကြတာပါ။
ဒီ​တွေ့​ဆုံမှုဟာ အလွတ်သ​ဘော မိတ်ဆက်ပွဲသာဖြစ်တယ်လို့​ ​ကေအန်ပီပီ အတွင်း​ရေး​မှူး​ချုပ် ခူး​ဦး​ရယ်က ​ပြောပါတယ်။
“ခုမှစ​တွေ့​ ကြတာဆို​တော့​ လူချင်း​သိကြဖို့​အတွက်​တွေ့​ကြတာပဲ။ တဖက်ကလည်း​ သူတို့​ ကျ​နော်တို့​ကို တရား​ဝင်သ​ဘောမျိုး​ လာပြီး​တွေ့​ကြဆုံကြဖို့​သတင်း​ပါး​တယ်။ လူချင်း​တွေ့​ရင်း​နဲ့​ ဖိတ်ကြား​တယ်ဆိုတဲ့​ သ​ဘောပဲရှိ​သေး​တော့​ ကျ​နော်တို့​ဘာအ​ကြောင်း​အရာမှ ​ဆွေး​နွေး​တာမျိုး​တော့​ မလုပ်​သေး​ဘူး​ခင်ဗျ။”
ဒီ​တွေ့​ ဆုံပွဲမှာ နှစ်ဖက်အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက်ချနိုင်မယ့်​ ​ဆွေး​နွေး​ပွဲလုပ်ဖို့​ကိစ္စ၊​ အဆက်အသွယ်မပြတ်သွား​ဖို့​ဆက်သွယ်​ရေး​ရုံး​တွေ ဖွင့်​လှစ်ထား​ရှိဖို့​ ကိစ္စနဲ့​ တဖွဲ့​က ထိန်း​ချုပ်ထား​တဲ့​ နယ်​မြေ​တွေကို ကြိုတင်အ​ကြောင်း​ကြား​ပြီး​ လက်နက်မဲ့​ဖြတ်သန်း​သွား​လာခွင့်​ ​ပေး​ဖို့​ကိစ္စ​တွေအတွက် ဆုံး​ဖြတ်ချက်ချနိုင်မယ့်​ ​ဆွေး​နွေး​ပွဲ​တွေ ကျင်း​ပလိုတဲ့​အ​ကြောင်း​ အစိုး​ရကိုယ်စား​လှယ်​တွေက တင်ပြခဲ့​ကြတယ်လို့​သိရပါတယ်။
ဒီပဏာမ​တွေ့​ ဆုံပွဲကို ​ကေအန်ပီပီဘက်က စစ်ဦး​စီး​ချုပ် ဗိုလ်ချုပ်ဘီထူး​က ဦး​ဆောင်ပြီး​ မြန်မာအစိုး​ရဘက်က​တော့​ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်ပါတယ်။
ကေအန်ပီပီဟာ ယူအန်အက်ဖ်စီ ​ခေါ် ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ရယ်​ကောင်စီအဖွဲ့​ဝင်ဖြစ်ပြီး​ ယူအန်အက်ဖ်စီခွင့်​ပြုချက်နဲ့​ ခုလိုတဖွဲ့​ခြင်း​ ​ဆွေး​နွေး​တာလို့​ ခူး​ဦး​ရယ်က ​ပြောပါတယ်။
“အပစ်ရပ် သ​ဘောတူညီမှု​တွေ ရတဲ့​အခါမှာ ယူအန်အက်ဖ်စီအ​နေနဲ့​ စုဖွဲ့​ပြီး​တော့​ သွား​ရမယ်ဆိုတဲ့​ သ​ဘောထား​တွေရှိ​တော့​ ကျ​နော်တို့​ အဲဒီ့​ အ​ခြေခံစဉ်း​စား​ချက် ​အောက်မှာပဲ ကျ​နော်တို့​ ရှိမြဲရှိ​နေ​သေး​တယ် ဆိုတာကို​တော့​ ကျ​နော်​ပြောချင်ပါတယ်။”
ကေအန်ပီပီနဲ့​ မြန်မာအစိုး​ရအကြား​ အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​ပွဲ​တွေ ​တွေ့​ဆုံပွဲ​တွေ ၁၉၉၃၊​ ၁၉၉၄၊​ ၁၉၉၅နဲ့​၂၀၀၇ ခုနှစ်​တွေမှာ နဝတ၊​ နအဖစစ်အစိုး​ရ လက်ထက်ကလည်း​ အကြိမ်ကြိမ် ပြုလုပ်ခဲ့​ဖူး​ပါတယ်။ 

သတင်း---ဒီဗွီဘီ

ဥုးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ကို သတိပေးရန်ရှိ

မြန်မာတနိုင်ငံလုံးရှိ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသည့် အသင်း၊ အဖွဲ့များမှ ကိုယ်စားလှယ်များကို ခေါ်ယူကာ “ပရဟိတ နှီးနှောဖလှယ်ပွဲ” ကျင်းပခဲ့သည့် ရန်ကုန်တိုင်း မှော်ဘီမင်္ဂလာတိုက်မှ
ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလကို သတိပေးရန် ဗုဒ္ဓဟူးနေ့တွင် ပင့်ဆောင်ထားသည်ဟု ရန်ကုန်တိုင်း သံဃာ့ နာယကရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

“အာဏာပိုင် အဖွဲ့အစည်းတခုခုကနေပြီးတော့ မဟန (သံဃာ့ မဟာနာယက) ဆရာတော်တွေကို တိုင်ပုံရပါတယ်။ မဟန ဆရာတော်တွေကိုတိုင်တော့ တိုင်းသံဃာ့နာယက ဆရာတော်တွေက ခေါ်ပြီးတော့ သတိပေးမယ့် သဘောပါ။ ဆရာတော်ကို ခေါ်ယူပြီးတော့ သြဝါဒပေးမယ့် သဘော။” ဟု အမည်မဖော်လိုသူက ပြောသည်။

စက်တင်ဘာလအတွင်း မှော်ဘီမင်္ဂလာတိုက်တွင် “ပရဟိတ နှီးနှောဖလှယ်ပွဲ” ကျင်းပသည်ကို အာဏာပိုင်များနှင့် မြို့နယ်သံဃာ့ နာယကသို့ ကြိုတင်အကြောင်းကြား ခွင့်ပြုချက် မယူခြင်းကြောင့် ခေါ်ယူသတိပေးရခြင်း ဖြစ်သည်ဟု ဆိုသည်။
uthumingala1
ဦးကျော်သူနှင့် ဇနီး “ပရဟိတ နှီးနှောဖလှယ်ပွဲ” သို့ ကြွရောက်လာသည့် ဆရာတော်များကိုဖူးမြော်နေစဉ်
ယင်းအပြင် တရားဟော ဓမ္မကထိကများ အနေဖြင့် တရားပွဲများကို အကြောင်းပြကာ နိုင်ငံရေး တရားပွဲများ ပြုလုပ်လာနိုင်သည်ဟု ဆိုလိုက်ပြီး သံဃာတော်များနှင့် မသင့်တော်သည့် ကိစ္စများဟုလည်း မဇ္ဈိမကို ပြောသည်။

“တချို့ကျတော့ စုန်းပြူးတွေရှိတယ်။ ပဲလှော်ကြား ဆားညှပ်တာတွေရှိတယ်။ အဲဒါမျိုးတွေ ကြိုကြား ကြိုကြားပေါ်လာ တဲ့ အခါကျတော့ ဌာနဆိုင်ရာတွေ၊ သူ့ဒေသအလိုက်ရှိတဲ့ ရပ်ကျေးတွေကို အသိပေး အကြောင်းကြားပြီး ထောက်ခံချက်ယူရတယ်။” ဟု ထိုပုဂ္ဂိုလ်က ပြောသည်။

ဒယ်အိုးဆရာတော်ဟု လူသိများသည့် ဆရာတော်ဦးသုမင်္ဂလ
uthumingala
ဒယ်အိုးဆရာတော်ဟု လူသိများသည့် ဆရာတော်ဦးသုမင်္ဂလ
ဦးစီး ကျင်းပသည့် “ စုံနံ့သာမြိုင် ပရဟိတ အသင်းအဖွဲ့ များ နှီးနှော
ဖလှယ်ပွဲ” ကို စက်တင်ဘာလ တရက်နေ့နှင့် နှစ်ရက်နေ့များတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ပြည်နယ်နှင့်တိုင်း ၁ဝ ခုမှ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ပရဟိတလုပ်ငန်း လုပ်ဆောင်နေသူ လူပုဂ္ဂိုလ်နှင့် သံဃာတော်များ
လေ့လာသူများ စုစုပေါင်း ၂,၅ဝဝ ကျော် တက်ရောက်သည်ခဲ့သည်
ဟု ဆရာတော် ဦးသုမင်္ဂလ၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြ ထားသည်။

သက်တော် ၄၄ နှစ်ရှိ ဆရာတော်ဦးသုမင်္ဂလသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ပြုပြင်ပြောင်းလဲရေး တရားများကို ဘာသာရေးနှင့် ဆက်နွယ်ကာ ဟောကြားလေ့ရှိသည်။ ဆရာတော်၏ တရားပွဲများ ၂ဝဝ၈ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်များအတွင်း ပိတ်ပင်ခံခဲ့ရဖူးသည်။
မျိုးသန့်  --- ချင်းမိုင် (မဇ္ဈိမ)

အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၄၆ မိနစ် ၅၆ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၂၁၀ ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်း မြို့၏ အရှေ့-အရှေ့မြောက်ဘက် မိုင် ၂၀ခန့်အကွာ) နေရာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာကေး ၅ ဒသမ ၉ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု တိုင်းထွာရရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
တာလေ ငလျှင်

Aung San Suu Kyi congratulates the 2011 Freedom to Create Imprisoned Artist Prize winner Win Maw


Aung San Suu Kyi congratulates Win Maw 

Aung San Suu Kyi congratulates the 2011 Freedom to Create Imprisoned Artist Prize winner Win Maw

A specially recorded congratulatory message for Win Maw from Burma's pro-democracy leader and Nobel Peace Prize Laureate, Aung San Suu Kyi, that was shared with the audience at the 2011 Freedom to Create Prize Concert in Cape Town.

Win Maw

Imprisoned Prize - Winner 2011
Win Maw has been an inspirational guitarist and songwriter in Myanmar (formerly Burma) for decades, continuing to make music even in the prison cell to which he was sentenced for 10 years in 2009. He expresses the political views of the Burmese people with his music which provides a rallying point for the masses during the numerous political upheavals in Myanmar. He is a leading exponent of artists giving voice to democratic movements for social change. Earlier this year, three of his new songs were smuggled out of prison to be used for International Music Freedom Day.

Win was already 18 months into a seven-year sentence on charges of breaching the Immigration Act when the additional 10 years were added in 2009. This is his second jail sentence, having already served time for composing pro-democracy songs in 2002. Win was beaten and tortured during the early stages of his detention, accused of being the mastermind behind the in-country news coverage of the September 2007 monk-led uprising. His jail term was extended under the Electronics Act, which allows for harsh prison sentences for using electronic media to send information outside of the country without prior government approval.

Win’s arrest has brought pain and struggle to his family, wife and children. His wife now shoulders the responsibility for the children’s education and the family’s survival. The cultural community in Myanmar acutely feel the loss of an important voice of freedom.

Win continues to inspire young artists with his music and his courage, and even from prison, continues to strive for democracy and the freedom to create for all imprisoned artists around the world.

ဂီတသမား ကိုဝင်းမော် အကျဉ်းကျအနုပညာဖန်တီးရှင်ဆု( Freedom to Create Imprisoned Artist Prize) ရရှိ

ကျောက်ဖြူထောင်တွင် ထောင်ဒဏ်၁၇နှစ်ကျခံနေရသည့် တေးရေးနှင့် ဂီတာတီးသူ ကိုဝင်းမော်ကို အကျဉ်းကျအနုပညာဖန်တီးရှင်ဆု (Imprisoned Artist Prize) ကို FREEDOM TO CREATE အဖွဲ့ က တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့ တွင် နိုဝင်ဘာလ ၁၉ရက်နေ့ ချီးမြှင့်ခဲ့ သည်။ ကိုဝင်းမော်ကို ၂၀၀၇ ရွေဝါရောင်လှုပ်ရှားမှုအပြီး နိုဝင်ဘာလအတွင်း စစ်ထောက်လှမ်းရေးအဖွဲ့ (စရဖ) မှ ဖမ်းဆီးခဲ့ပြီး အီလက်ထရောနစ်ဆက်သွယ်မှုဥပဒေ၊တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု စသည့် ဆွဲချက် များဖြင့် ထောင်ဒဏ်နှစ်ရှည် ထောင်ဒဏ် ချမှတ် ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်က အလားတူ ဆုရရှိခဲ့ဖူးသော လူရွင်တော် ကိုဇာဂနာ ကလည်း ကိုဝင်းမော်အတွက် ဗွီဒီယို အမှာစကားပေးပို့ ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း ဗွီဒီယို အမှာစကားပေးပို့ ခဲ့သည်။

အခုလို ကိုဝင်းမော်ဆုရရှိ သည်ကို သိရှိရသည့် အတွက် ၀မ်းသာစရာ ဖြစ်သော်လည်း၊အနုပညာရှင်ကိုယ်တိုင်မှာ ထောင်ထဲတွင်ရှိနေ သဖြင့် ၀မ်းနည်းစရာဖြစ်ရကြောင်း၊ သာမန်လူများမတွေ့ မမြင်နိုင်သည့် ရှုထောင့်မှ နေပြီး အနုပညာရှင်များမှာ ကမ္ဘာကြီးကို ပိုမိုလှပစေရန် ဖန်တီးနေခြင်းဖြစ်ကြောင်း၊ ယုံကြည်ချက်၊ အတွေးအခေါ်တို့ ကြောင့် လူများကို ထောင်သွင်းအကျဉ်းချ သည့်အလုပ်မှာ ကျဉ်းမြောင်းသည့် အလုပ်ဖြစ်ကြောင်း၊ ကိုဝင်းမော်နဲ့ လည်းလူချင်းသိရှိပြီး အနုပညာအပေါ်ထားသည့် သူ့ ယုံကြည်ချက်ကို နှစ်သက်ကြောင်း၊ ယခုလို ကာလတွင် ဆုချီးမြင့်ပေးသည့် Freedom to create အဖွဲ့ ကို ကိုဝင်းမော် ကိုယ်တိုင် လာရောက်ပြီး ကျေးဇူးတင်စကားပြောနိုင်မည့် အချိန်ကာလမှာ မဝေးတော့ပြီဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က အမှာစကားထဲတွင် ထည့်ပြောသွားသည်။

ကိုဇာဂနာ ကလည်း သူဆုရစဉ်က ခံစားမှုဖြင့် နှိုင်းယှဉ်ပြီး ကိုဝင်းမော် ဆုရရှိသည့် အတွက်ဝမ်းမြောက် ကြောင်း၊ ကိုဝင်းမော်မှာ ရွေဝါရောင်တော်လှန်ရေးအတွင်း ဒီဗွီဘီ သို့ သတင်းပေးပို့ မှုဖြင့် အကျဉ်းချခံနေရ သော်လည်း ထောင်တွင်းတွင် အနုပညာများဆက်လက်ဖန်တီးနိုင်နေဆဲဖြစ်ကြောင်း၊သူ မကြာခင် လက်မြောက်လာပြီး  အနုပညာများကိုလွတ်လပ်စွာဖန်တီးသွားနိုင်ရန် မျှော်လင့်ပါကြောင်း ပြောခဲ့သည်။

ရွေသံစဉ်တေးဂီတအဖွဲ့ ထူထောင်သူ၊တေးရေးနှင့်လိဒ်ဂစ်တာတီးသူ ကိုဝင်းမော်မှာ အနုပညာသမား အဖြစ်သာ မက ရွေဝါရောင်သံဃာလှုပ်ရှားမှု တွင်လည်း ပြည်သူကြားမှ သတင်းသမားတယောက်အနေ ဖြင့် ဗီဒီယိုရုပ်ပုံများ ကို တက်ကြွလှုပ်ရှားသူများဖြင့် ပူးပေါင်းပြီး မီဒီယာသို့ ဖြန့် ဝေ နိုင်ခဲ့သဖြင့် ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှုကို ကမ္ဘာက ပိုမို သိရှိခဲ့ရခြင်းဖြစ်သည်။ ကိုဝင်းမော် ၏ ခံယူချက် နှင့် ဘ၀ တစိတ် တပိုင်းကို အော်စကာဆုပေးပွဲ နောက်ဆုံးအဆင့်သို့ ရောက်ခဲ့သည့် ဘားမားဗွီဂျေ မှတ်တမ်းရှပ်ရှင် ထဲတွင် တစိတ်တဒေသ ဖော်ကျူးထားသည်။

ဆုပေးပွဲကို ကိုဝင်းမော်နှင့် အတူလက်တွဲလုပ်ကိုင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ကြီးက တက်ရောက်လက်ခံ ယူခဲ့ပြီး ကိုဝင်းမော်အား စစ်အစိုးရမှ ၂၀၀၇ စက်တင်ဘာလှုပ်ရှားမှု အတွင်း သတင်းများ ပေးပို့ ရာတွင်အဓိက ကြိုးကိုင်အဖြစ် စွပ်စွဲ ပြီး  နှိပ်စက်ညှင်းပန်းခဲ့ကြောင်း၊ကိုဝင်းမော် မှာ ယုံကြည်ချက်အတိုင်း လုပ်နေသူသာ ဖြစ်ကြောင်း၊ယခုကဲ့သို့ ဆုရရှိခြင်းဖြင့် ကလေးများနှင့် အိမ်ထောင်တာဝန် ကို ထမ်းနေရသူ ဇနီးသည်အတွက် တဖက်တလမ်း အထောက်အကူဖြစ် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု ၂၀၁၁ ခုနှစ် ဆုပေးပွဲတွင် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာ မောင်ကိုလည်း Freedom to create leadership ဆု ကို ချီးမြင့်ခဲ့သည်။

FREEDOM TO CREATE ဆုသည် လူမူရေးအပြောင်းအလဲ၊ နိုင်ငံရေး အ ပြောင်းအလဲဖြစ် အောင် ကြိုးစားနေသည့် ကမ္ဘာအနှံ့ ကအနုပညာသမားများ၊လူမှုရေးလုပ်ဆောင်သူ များ အား ပေးအပ် ချီးမြှင့်သည့် ဆုဖြစ်သည်။

http://www.freedomtocreate.com/win-maw
http://www.freedomtocreate.com/aung-san-suu-kyi












Burma VJ Media Network
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်