အရှင်ဂမ္ဘီရ၊ ဦးညီပု နှင့် ကိုသူရိန်အောင်တို့အား ရန်ကုန်အင်းစိန်ထောင်သို့ ပြောင်းရွှေ့

နယ်အကျဉ်းထောင်များတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ သုံးဦးတို့အား နိုဝင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက အဆိုပါ အကျဉ်းထောင်များမှ ရန်ကုန် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရှိရသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အရှင်ဂမ္ဘီရ (ခ) ဦးစန္ဒောဘာသ (ခ) ဦးညီညီလွင် နှင့် ဦးညီပု တို့မှာ ကလေး အကျဉ်းထောင်မှ ၆ နာရီ ၁၀ မိနစ်အချိန်တွင် မြန်မာ့လေကြောင်း UB 655 လေယာဉ်၊ ဦးသူရိန်အောင် မှာ ကျောက်ဖြူ အကျဉ်းထောင်မှ ညနေ ၅ နာရီအချိန်တွင် မြန်မာ့လေကြောင်း UB 430 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်းတွေ့ရှိခဲ့သည်။

အဆိုပါ နယ်အကျဉ်းထောင်များတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူသုံးဦးအား အင်းစိန်ထောင်သို့ ပြောင်းရွှေ့ရန်အတွက် ညနေ ၅ နာရီ ၂၅ မိနစ် အချိန်တွင် အကျဉ်းဦးစီးဌာနမှ ကားနှစ်စီးမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်းဆိုက်ရောက် ဘက်ရှိ တပ်မြေသီးသန့်ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်ကို တွေ့ရသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ သုံးဦးပါရှိသည့်ကားများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ည ၆ နာရီခွဲအချိန်တွင် အင်းစိန်ထောင်သို့ ထွက်ခွာခဲ့ပြီး ည ၆ နာရီ ၄၅ မိနစ်အချိန်တွင် အောက်မင်္ဂလာဒုံလမ်းမရှိ အင်းစိန်ထောင် အနောက်ပေါက်ဂိတ်သို့ ၀င်ရောက်သွားခဲ့သည်ကို တွေ့ရသည်။

အလားတူ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသည့် ဦးခွန်ထွန်းဦးမှာ ပူတာအိုအကျဉ်းထောင်မှ မွန်လွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် မြစ်ကြီးနားအကျဉ်းထောင်သို့ လွဲပြောင်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်းဆိုက်ရောက်ဘက်ရှိ တပ်မြေသီးသန့်ဝင်ပေါက်မှ အင်စိန်ထောင်သို့ ထွက်ခွာလာစဉ်
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ရန်ကုန်လေဆိပ်မှတစ်ဆင့် အင်းစိန်ထောင်သို့ ကားဖြင့် ခေါ်ဆောင်လာသည်ကို တွေ့ရစဉ်
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအား တင်ဆောင်လာသည့်ကား အင်းစိန်ထောင် အနောက်ပေါက်ဂိတ်သို့ ၀င်ရောက်သွားသည်ကို တွေ့ရစဉ်

သတင်း---Eleven Media Group

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒပြ သတင်းများ ဆင်ဆာထိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲသတင်းကို စာပေစိစစ်ရေးက အကန့်အသတ်ဖြင့် ဖော်ပြခွင့်ပြုခဲ့ပြီး ယမန်နေ့က ဖြစ်ပွားခဲ့သော မန္တလေးသံဃာဆန္ဒပြပွဲ သတင်းကိုလည်း ပိတ်ပင်ကြောင်း ပြည်တွင်း သတင်းဂျာနယ် အသိုင်းအ၀ိုင်းက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့ အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့တိုက်ရိုက် ပြောစကား တွေကို ဖြုတ်တာ”ဟု သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ တဦးက ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်က သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်(ဓာတ်ပုံ - ဧရာဝတီ) နိုဝင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ကျင်းပသည့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခြင်း တနှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော“တရား ဥပဒေ စိုးမိုးတဲ့နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာမရှိဘူး” ၊ “အာဆီယံဥက္ကဋ္ဌ ဖြစ်ဖို့ မဖြစ်ဖို့ထက် ပြည်သူတွေရဲ့ဘ၀တွေတိုးတက်သာယာ ဖို့အရေးကြီးတယ်” “အခုတရားရေး မဏ္ဍိုင်က သန့်ရှင်းလွတ်လပ်မှု မရှိဘူးဆိုတာ အားလုံး သိတဲ့ အတိုင်း” ဟူသည့် စကားများကို စိစစ်ရေးက ဖြုတ် ပယ် ခြင်းဖြစ်သည် ဟုလည်း ၎င်းက ဆိုသည်။ ထို့အပြင် မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားတွင် ယမန်နေ့က သံဃာတော် ၅ပါး ဆန္ဒပြသည့်သတင်းနှင့် ရှေ့နေ ကိုဖိုးဖြူ ဦးဆောင် သော ရန်ကုန်မြို့ အိုးအိမ် ဦးစီးဌာနရှေ့တွင် အောက်တိုဘာလကုန်ပိုင်းက လယ်သမားများ ဆန္ဒပြသည့် သတင်းများကိုလည်း စိစစ်ရေးက ဂျာနယ်များတွင် ဖော်ပြခွင့်မပေးကြောင်း သတင်းထောက်များက ပြောသည်။ “ဂျာနယ်နောက်ဆက်တွဲအချပ်ပိုအနေနဲ့ မန္တလေးမှာ သံဃာတော် ၅ ပါး ဆန္ဒပြတဲ့သတင်းကို ခွင့်ပြု၊ မပြု စာပေစိစစ်ရေးကို မေး တယ်။ ခွင့်မပြုဘူး။ အရင်တုန်းကလည်း ကိုဖိုးဖြူနဲ့ လယ်သမားတွေ ဆန္ဒပြကြတဲ့သတင်းလည်း စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့ တယ်”ဟု ရန်ကုန်မြို့မှ သတင်းထောက်တဦးက ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်က ၎င်း ပြည်သူ့ခေတ်ဂျာနယ်တွင် ရေးသည့် ခရီးသွားဆောင်းပါးအမှတ် ၃ တွင် NLD ဥပဒေ အထောက် အကူပြုအဖွဲ့အကြောင်း ထည့်သွင်းရေးသားထားသည့် အတွက် စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုဘဲ ပိတ်ပင်ခံရသောကြောင့် ပညာရေး၊ နိုင်ငံရေး ဆောင်းပါးများ ဆက်လက်ရေးသားရန်မဖြစ်နိုင်သေးကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ စီးပွားရေးဂျာနယ် ထုတ်ဝေခွင့်ဖြင့် ထုတ်လုပ်လျက်ရှိသော ဂျာနယ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည် နှင့် ဆက်စပ်နေသော နိုင်ငံရေးသတင်းများကို စိစစ်ရေးက ဖော်ပြခွင့်မပြုကြောင်း စီးပွားရေးသတင်းဂျာနယ် တာဝန်ခံအယ်ဒီတာတဦးက ပြောသည်။ “စီးပွားရေးဂျာနယ်ကတ်နဲ့ထုတ်တဲ့ သတင်းဂျာနယ်တွေမှာ စီးပွားရေးသတင်းပဲအကျုံးဝင်တယ် ဆိုပြီး နိုင်ငံရေးသတင်းတွေအဖြုတ် ခံရတယ်။ စာပေစိစစ်ရေးကို မနာခံဘဲ ဒေါ်အောင်ဆန်းစုကြည် သတင်း၊ နိုင်ငံရေးပါတီ သတင်းတွေထည့်ရင်လည်း ခေါ်သတိပေး တယ်။ နောက်ဆက်တွဲ တင်ပြခွင့် ပိတ်ပင်တာမျိုး အရေးယူခံရတယ်”ဟု ၎င်းက ဆိုသည်။ လာမည့် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းခေါ်ယူမည့် လွှတ်တော်အစည်းအဝေးများတွင် သတင်းမီဒီယာဥပဒေကို ရေးဆွဲတင်ပြအတည်ပြုပြီး ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်ပြုကာ စိစစ်ရေး၏အခန်းကဏ္ဍကို လျှော့ချမည်ဟု စာပေစိစစ်ရေးဌာန ၀န် ထမ်း တဦးက ပြောဆိုသည်။ ပြည်တွင်းသတင်းထောက်များကမူ သတင်းမီဒီယာဥပဒေမှာ မီဒီယာသမားများ ကိုယ်တိုင် ရေးဆွဲခွင့်ရမည် မဟုတ်ဘဲ ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့စသည်တို့က ရေးဆွဲကြမည်ဖြစ်သည့်အတွက် သတင်း လွတ်လပ်ခွင့် ရရှိရေး အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ပြောဆိုကြသည်။ သတင်း---ဧရာဝတီ

ပထမဆုံးရင်ချင်ဆက်အမွှာယောင်္ကျားလေး ရန်ရှင်းနှင့် ရန်ကင်းကို အောင်မြင်စွာခွဲစိတ်ခဲ့သည့် မြင်ကွင်းဓာတ်ပုံများ

မြန်မာနိုင်ငံ၏ ပထမဆုံးရင်ချင်ဆက်အမွှာယောင်္ကျားလေး ရန်ရှင်းနှင့်ရန်ကင်းကို ရန်ကုန်တိုင်းဒေသကြီး ကလေးအထူးကုဆေးရုံကြီးတွင် ယနေ့(၁၆၊၁၁၊၂၀၁၁)နံနက် ၇ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၃၄ မိနစ်ထိ အချိန် ၃ နာရီကျော်ကြာ အောင်မြင်စွာခွဲစိတ်ခဲ့သည့် မြင်ကွင်းဓာတ်ပုံများ။ ယခုခွဲစိတ်မှု့ အတွက်အစိုရမှ ကုန်ကျငွေကျပ် သိန်း ၂၀၀ ကျော်ကျခံသုံးစွဲထားသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပါတီအချို့ ပြင်ဆင်ကြပြီ သို့သော် ဘယ်နေ့ကျင်းပမည်မသိသေး

ကြားဖြတ်ရွေးကောက်ပွဲအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်အဖွဲ့များသို့ တိကျမှန်ကန်သည့် မဲစာရင်းများကို ကြိုတင်ပြုစုထားရန် အကြောင်းကြားစာ များ ပေးပို့ထားပြီးဖြစ်၍ လစ်လပ်မဲဆန္ဒနယ်အသီးသီးရှိ ပါတီများမှ ပါတီဝင်များ သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံရန် ကြိုတင် စီစဉ်ေ နကြပြီ ဖြစ်သည်။ပါတီစုံ အထွေထွေ ရွေး ကောက်ပွဲတွင် ရွေးကောက် တင် မြှောက်လိုက်သည့် လွှတ်တော် ကိုယ် စားလှယ်များအနက် ပြည်သူ့ လွှတ်တော်တွင် နေရာ ၄ဝ၊ အမျိုး သားလွှတ်တော်တွင် ၆ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်တွင် ၂ နေရာ၊ လစ်လပ် လျက်ရှိနေသည်။ ထို လစ်လပ် နေရာများတွင် လွှတ်တော်ေ ရွး ကောက်ပွဲဥပဒေပုဒ်မ ၈၉ အရ ဥပဒေနှင့်အညီ အစားထိုးရွေး ကောက်တင်မြှောက်နိုင်ရန် ပြည် ထောင်စုလွှတ်တော်မှ ယင်းကဲ့သို့ စီစဉ်လိုက်ခြင်းဖြစ်ကြောင်း၊ လစ် လပ်နေရာတွင် အရွေးချယ်ခံမည့် ပါတီအချို့မှ ကိုယ်စားလှယ်လောင်း များနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။လက်ရှိတွင် ယင်းကဲ့ သို့ ကြား ဖြတ်ေ ရွးကောက်ပွဲကျင်းပရန်အကြောင်း ကြားစာများ ပေးပို့ထားသော်လည်း ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို မကြေညာရသေးပေ။”ပါတီကတော့ သူ့ရဲ့ လှုပ် ရှားမှုအတိုင်း လုပ်လို့ရတာ ဆိုတော့ အခုလည်း ပါတီစည်းရုံးရေးတွေ လုပ်နေပါပြီ။ လက်ကမ်းစာစောင် လေးတွေကိုလည်း ပြီးခဲ့တဲ့လက တစ်ကြိမ်၊ ပြီးခဲ့တဲ့ တစ်ပတ်က တစ် ကြိမ် ဝေဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရွေး ကောက်ပွဲမှာတုန်းကြ>ွခင်းချက်တွေ ရှိလို့ ၁ဝ ပါတီပေါင်းပြီး အစိုးရကို တင်ပြတာလည်းရှိတယ်။ လာမယ့် အခုရွေးကောက်ပွဲ တရားမျှတ ပါ့မယ်လို့လည်း ပြန်ပြောထားပါ တယ်။ လက်တွေ့မှာဘယ်လောက် ဖြစ်လာမလဲဆိုတာတော့ မသိသေး ဘူး။ ပိုကောင်းလာလိမ့်မယ်လို့ မျှော် လင့်ထားသလို ပိုပြီး အားစိုက်မှုတွေ ရှိနေပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီးရှိ လစ်လပ်မဲဆန္ဒနယ်ဖြစ် သော မင်္ဂလာတောင်ညွန့်မြို့နယ် တွင် ပြည်သူ့လွှတ်တော်၌ ဝင် ရောက် ယှဉ်ပြိုင် အရွေးခံမည့် အမျိုး သားဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေက နိုဝင်ဘာလ ၁၂ ရက်တွင် ပြောသည်။အမျိုးသားဒီမိုကရက်တစ် ပါတီ (မြန်မာ) အပါအဝင် ၁ဝ ပါတီ ပူးပေါင်းထားသောအဖွဲ့သည် လစ် လပ် မဲဆန္ဒနယ်နေရာများ၌ တစ်ဦး တစ်ယောက်သာဝင်ရောက်ယှဉ်ပြိုင် ရန်နှင့် ဝင်ရောက်ယှဉ်ပြိုင်သူအား ဝိုင်းဝန်းကူညီပေးရန် အဆိုပါအဖွဲ့ဝင် ကော်မတီမှ သဘောတူညီမှု ရရှိ ထားကြောင်း အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂ဝ၁ဝ ရွေး ကောက်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇမ္ဗူသီရိ (နေပြည် တော်)တွင် ယှဉ်ပြိုင်အရွေးချယ် ခံခဲ့သော တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တ.စ.ည) မှ ဦးကျော်အေးက ”နေအိမ်ကို တစ်ခါ နှစ်ခါ ပြောင်းရွှေ့လိုက်လို့ ပိုက်ဆံတော့ မရှိဘူး။ ဒါပေမဲ့ အားမလျှော့ပါဘူး။ ပါတီအဖွဲ့ အစည်းကလည်း ပြိုင်စေချင် သလို၊ ဒေသခံပြည်သူတွေကလည်း အား ပေးနေပါတယ်။ ရွေးကောက်ပွဲ ဝင် မယ့် ငွေကိစ္စအဆင်ပြေသွားရင် အဆင်သင့်ဖြစ်အောင်လုပ်နေပါတယ်။ ပထမရွေးေ ကာက်ပွဲတုန်းက ဦးသိန်း စိန်နဲ့မဲအရေအတွက် ၂၁ဝဝ လောက် ကွာသွားပါတယ်။ ပြိုင်ရင်လည်း လယ်ဝေးမြို့နယ်ထဲက နယ်မြေငါးခု ထဲက တစ်ခုကိုရွေးပြီး အရွေးချယ်ခံ သွားမှာပါ” ဟု နိုဝင်ဘာလ ၈ ရက်နေ့တွင် တယ်လီဖုန်းမှ ပြော ကြားခဲ့သည်။ လက်ရှိတွင် ကြားဖြတ်ရွေး ကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ   ပြည်သူ့လွှတ် တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည့် အမျိုးသားဒီမိုကရေ စီ ပါတီသစ်မှ အဆိုတော် ရသက ”ဒီမြို့နယ်မှာ ဝင်ပြိုင်မယ့်သူတွေ အား လုံးကို လည်း လေးစားပါတယ်။ ကျွန်တော်အပါအဝင် လေးငါး ယောက်တော့ ရှိတယ်။ တရားဝင် ထုတ်ပြန်ထားတာ မရှိသေးတော့ အတိအကျတော့ မပြောနိုင်သေးပါ ဘူး။ ကွင်းဆင်းလေ့လာနေတာ မျိုးတော့ လုပ်နေပါပြီ။ ကျွန်တော့် အနေနဲ့ ယှဉ်ပြိုင်မယ့်သူတွေ အားလုံး ကိုလည်း ယုတ်မာ၊ ပုတ်ခတ်တဲ့ စိတ်တွေ မထားပါဘူး။ ပြည်သူ့ လိုအပ်ချက်အသံတွေကို နားနဲ့ နာပြီး လွှတ်တော်ထဲမှာ ပြန် ပြောပြနိုင်အောင် ပါးစပ်ရှိတဲ့ သူ ဖြစ်ချင်လို့ပါ။ နိုင်ငံရေးလုပ်တယ် လို့ မပြောနိုင်သေးပါဘူး။ လေ့လာ ဆဲ   ကျောင်းသားလို့ ပြောရမှာပါ” ဟု ၄င်းက ပြောသည်။လစ်လပ်ဆဲ မဲဆန္ဒနယ်များ အလိုက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် သက်ဆိုင် ရာ ရွေးကောက် ပွဲ ဥပဒေ ပုဒ်မအရ မူလမဲစာရင်းကို အခြေခံ၍ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီ သော တိကျမှန်ကန်သည့် မဲစာရင်း များကို ကြိုတင်ပြုစုထားကြရန်နှင့် မဲရုံနေရာများ လျာထားသတ်မှတ် ခြင်း၊ မဲပုံးနှင့် ဆန္ဒပြုခန်းများ ကောင်းမွန်မှု ရှိမရှိ စိစစ်ကြပ်မတ် ထားရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ သက်ဆိုင်ရာ တိုင်း  ဒေသကြီးနှ င့်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ သို့ အကြောင်းကြားထားကြောင်း သိရသည်။လာမည့် ကြားဖြတ်ရွေးကောက် ပွဲတွင် ပါတီအသီးသီးမှ လစ်လပ်မဲ ဆန္ဒနယ်များသို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သော်လည်း တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်များရှိလာနိုင်မည်မဟုတ်ကြောင်း ၂ဝ၁ဝ ကော်မရှင်တွင်ပုဇွန်တောင် မြို့နယ် ပြည် သူ့လွှတ်တော်ကိုယ် စားလှယ်ေ နရာ၌ ဝင်ရောက်ယှဉ် ပြိုင်ပြီး ရှုံးနိမ့်ခဲ့သော ဦးရန်ကျော်က သုံးသပ်ပြောကြားခဲ့သည်။  ”ကျွန်တော့်အနေနဲ့ တစ်သီး ပုဂ္ဂလ မိတ်ဆွေတွေ ကိုတွေ့ဆုံဖို့ရှိပါ တယ်။ သူ့ပါတီ သူ့အင်အားလည်း ရှိနေပြီဆိုတော့ လစ်လပ်မဲဆန္ဒနယ် တွေမှာတစ်သီးပုဂ္ဂလကိုယ်စားလှယ် တွေ ဝင်ပြိုင်ဖို့တော့ မလွယ်ပါဘူး။ နယ်မြေခံ တစ်သီးပုဂ္ဂလဆိုရင်တော့ ပြိုင်မပြိုင်အတိအကျပြောလို့မရဘူး” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်း ပမည့် မဲဆန္ဒနယ်များမှာ ဧရာဝတီ တိုင်းဒေသကြီးတွင် ပြည်သူ့ လွှတ် တော် ငါးနေရာဖြစ်သော၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ဝါးခယ်မ၊ မြန် အောင်မြို့၊ အမျိုးသားလွှတ်တော် နေရာ တစ်နေရာဖြစ်သော (ဖျာပုံ၊ ဒေးဒရဲ)နှင့် တိုင်းဒေသ ကြီး လွှတ် တော်တစ်နေရာဖြစ်သော ရေကြည် မဲဆန္ဒနယ် (၂)၊ ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော်တစ်နေရာ ဖြစ် သော  ကလောမြို့၊ အမျိုးသားလွှတ် တော် တစ်နေ ရာဖြစ်သော (လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ)၊ ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့ လွှတ်တော် ခြောက်နေရာဖြစ်သော   ကော့မှူး၊ သုံးခွ၊ ဒဂုံ (ဆိပ်ကမ်း)၊ မင်္ဂလာတောင်ညွန့်၊ လှည်းကူးနှင့် မရမ်းကုန်းမြို့နယ်၊ မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ မော်လမြိုင်၊ မန္တလေးတိုင်းဒေ သကြီး ရှိ ပြည်သူ့လွှတ်တော် ၁ဝ နေရာ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ မဟာအောင်မြေ၊ တံတားဦး၊ မိတ္ထီ လာ၊ ပြင်ဦးလွင်။ မကွေးတိုင်းဒေသ ကြီးရှိ ပြည်သူ့ လွှတ်တော် ငါးနေရာ တွင် မကွေး၊ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပွင့်ဖြူနှင့် အမျိုးသားလွှတ်တော် တစ်နေရာတွင် တောင်တွင်းကြီး၊ ပဲခူး တိုင်းဒေသကြီးရှိ ပြည်သူ့လွှတ်   တော်လေးနေရာတွင် တောင်ငူ၊ ထန်းတပင်၊ သနပ်ပင်၊ လက်ပံတန်း၊ အမျိုးသားလွှတ်တော် တစ်နေရာ တွင် (အုတ်တွင်း၊ ထန်းတပင်) နှင့် တိုင်းဒေသကြီးလွှတ်တော် တစ် နေရာတွင် (ကစ-၂)၊ တနင်္သာရီ တိုင်းဒေသကြီးရှိပြည်သူ့လွှတ်တော် နှစ်နေရာတွင် ကျွန်းစု၊ လောင်းလုံ၊ စစ်ကိုင်းတိုင်းဒေသကြီး ရှိ ပြည်သူ့ လွှတ်တော်သုံးနေရာ တွင် စစ်ကိုင်း၊ ပုလဲ၊ မင်းကင်းနှင့် အမျိုးသားလွှတ် တော် နှစ်နေရာတွင် (ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်)၊ (ဗန်း မောက်၊   ကော လင်း၊ ဝန်းသို၊ ပင် လည်ဘူး)နှင့် ကချင်ပြည်နယ်ရှိ ပြည် သူ့လွှတ်တော်သုံးနေရာတွင်ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်တို့ ဖြစ်ကြောင်း သိရသည်။
အောင်ထက် (NYK)

လွှတ်တော်အစည်းအဝေး ပြီးသော်လည်း ဘတ်ဂျက်ကိစ္စ အတည်မပြုနိုင်ခဲ့

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပြီးဆုံးသွားသော်လည်း လွှတ်တော်ပထမနေ့၌ တင်သွင်းခဲ့သည့် ဘတ်ဂျက်ကိစ္စကို အတည်မပြုနိုင် ခဲ့ကြောင်း သိရသည်။ ”ဘတ်ဂျက်ကိစ္စက အတည် မဖြစ်သေးလို့ တရားဝင်ထုတ်ပြော လို့မရသေးပါဘူး။ အတိအကျသတ် မှတ်ပြီးသွားရင် ကျွန်တော်တို့ ပြော မှာပါ” ဟု သတင်းထောက်များမှ ဘတ်ဂျက်ကိစ္စ သိလိုပါကြောင်း မေးမြန်းစဉ်လွှတ်တော်ဥက္ကဋ္ဌက ဖြေကြားခဲ့သည်။မန္တလေးတိုင်းဒေသကြီး၏ ၂ဝ၁၁ – ၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေး   နှစ်အတွက် သုံးစွဲရန် ဘတ်ဂျက် လျာထားခြင်းနှင့် ၂ဝ၁၂-၂ဝ၁၃ ခုနှစ်အတွက် ဘဏ္ဍာငွေအသုံးဆိုင် ရာ လျာထားခြင်းကို ဘဏ္ဍာအခွန် ဝန်ကြီးမှလွှတ်တော်ဒုတိယ အကြိမ် ပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့ကြောင်း၊ ယင်းနှင့် ပတ် သက်၍ ငါန်းဇွန် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးမြတ်သူ၊ မတ္တရာမဲဆန္ဒ နယ်အမှတ်(၂)မှ ဦးကိုလေး၊ မလှိုင် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးရွှေနန်း နှင့် ရမည်းသင်းမဲဆန္ဒနယ် အမှတ် (၂)မှ ဦးကျော်မြင့်တို့က ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။”၂ဝ၁၁-၂ဝ၁၂  ခုနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေ ကျပ်သန်းပေါင်း လေးသောင်းကျော်လောက်တော့ ရှိ မယ်။ လိုငွေပြနေမယ်ထင်ပါတယ်” ဟု ဘတ်ဂျက်ကိစ္စဆွေးနွေးစဉ် တက်ရောက် ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကပြောသည်။ဘတ်ဂျက်လျာထားမှုအား မည်သည့်အချိန် အတည်ပြုနိုင်မည် ဆိုသည်ကိုမူအတိအကျမသိရှိကြောင်း နှင့် လာမည့်တတိယအကြိမ် ပုံမှန် အစည်းအဝေးမှပင် ဖြစ်နိုင်ဖွယ်ရှိ ကြောင်း ၄င်းကပြောသည်။ ”အမှန်တကယ်ဆိုရင် ဆွေး နွေးမှုကို နားထောင်ခွင့်မပြုဘူးဆို တာ လက်ခံ ပါတယ်။ ဒါပေမဲ့ ဆွေး နွေးမှုရဲ့ အခြေအနေတစ်ရပ်ရပ်ကို တော့ ထုတ်ပြန်ပေးသင့်တယ်ထင် ပါတယ်။ ရန်ကုန်မှာလည်း သတင်း ထုတ်ပြန်ပေးလို့ ဂျာနယ်တွေ မှာ ဖော်ြ ပနေတာ တွေ့နေရတာပဲ။ ဒီလိုကိစ္စတွေကအရင်လို ထိမ်ချန် ထားလို့ရတော့မှာမဟုတ်ဘူး။ တစ် နည်းနည်းတော့ သိလာမှာပဲ” ဟု လွှတ်တော်ဆိုင်ရာလေ့လာသူတစ်ဦး က ပြောသည်။လွှတ်တော်တွင်း ဘတ်ဂျက် ကိစ္စဆွေးနွေးစဉ်တွင် လွှတ်တော်သို့ တက်ရောက် သတင်းယူကြသည့် သတင်းထောက်များ ဝင်ရောက်နား ထောင်ခွင့် မရရှိခဲ့ပေ။
ဥာဏ်လင်းအောင်

ဥရောပသမဂ္ဂ အဆင့်မြင့်ဝန်ကြီး ထောက်ကြန့်စစ်သင်္ချိုင်း၌ သတင်းစာရှင်းလင်းပွဲလုပ်မည်

မစ္စတာ မစ်ချဲလ်
အင်န်ဒရူးမီရှယ်လ်သည် ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး၏ အတွင်းဝန် (ဝန်ကြီး) ဖြစ်သည်။ ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဌာနသည် ကမ္ဘာ့ ဆင်းရဲနွမ်းပါးမှု အား ဆန့်ကျင်တိုက်ဖျက်ရာတွင် ဦးဆောင်ရန် တာဝန်ရှိသော ဌာနဖြစ်သည်။ ဗြိတိန်သည် လာ မည့်လေး နှစ်တာကာလအတွင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၃ဝဝ ပေးအပ်သွားမည်ဟု ဗြိတိန်မှ ၂ဝ၁၁ မတ်လတွင်ကြေညာခဲ့သည်။ဥရောပသမဂ္ဂ အဆင့်မြင့်ဝန် ကြီးတစ်ဦး၏ ခရီးစဉ်မှာ မြန်မာနိုင်ငံ သားများအတွက် ဗြိတိန်နိုင်ငံ၏ ထောက်ပံ့မှု အစီအစဉ်ကို လေ့လာ သုံးသပ်ရန်ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် နေပြည်တော်မှ အဆင့်မြင့်ဝန်ကြီးများနှင့်လည်း တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း နှင့် မန္တလေးနှင့် ရန်ကုန်အနီးတစ် ဝိုက်ရှိ စီမံကိန်းများကိုလည်း သွား ရောက်လေ့လာမည်ဖြစ်ကြောင်း မီဒီယာများသို့ သတင်းစာရှင်း လင်းပွဲဖိတ် ကြားစာတွင် ဖော်ပြ ထားသည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် ဒေးလီး တယ်လီဂရပ်ဖ်သတင်းစာနှင့်ဘီဘီစီ မှစာနယ် ဇင်းသည်တို့လည်း တက် ရောက်မည်ဟုသိရသည်။
PN-018

အလင်းတန်း ဂျာနယ် အမှတ်စဉ် ၆၈၀


ကျွန်မတို့ဟာ ယုံကြည်ချက်ပေါ်မှာ အခြေခံပြီးတော့ စွန့်စားသင့်တဲ့အချိန်မှာ စွန့်စားရမယ်

ပြည်တွင်းပြည်ပ သတင်းထောက်များက ရွှေဂုံတိုင်ရှိ မှတ်ပုံမတင်ရသေးသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ တဖွဲဖွဲရောက်ရှိလာကြသည်။ ထိုနေ့သည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တစ်နှစ်ပြည့်။ ထိုတစ်နှစ်ပြည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။ သတင်းစာရှင်းလင်း ပွဲမလုပ်မီ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောသည်။ ထိုမိန့်ခွန်း၏ အနှစ်ချုပ်က ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးရေး … သတင်းထောက်များက NLD မှတ်ပုံတင်၊ မတင်ကိစ္စ အထူးပြုသိချင်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းများအားမဖြေမီ မှတ်ပုံတင်၊ မတင်ကိစ္စ နိုဝင်ဘာ ၁၈ ရက်နေ့မှသာ ပြောမည်။ ယနေ့ မဖြေဟုဆိုခဲ့သည်။ ထိုသို့ ပြောထားသည့်ကြား မှတ်ပုံတင်၊မတင် ကိစ္စဝေ့ကာဝိုက်ကာ မေးကြသေးသည်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြောထားသည့်အတိုင်းမဖြေ။ အခြားသော မေးခွန်းများကိုသာ ဖြေဆိုသည်။ ထိုနေ့က ဒေါ်အောင်ဆန်းစုကြည်၏ တစ်နှစ်ပြည့်မိန့်ခွန်းနှင့် စိတ်ဝင်စားဖွယ်ရာ အမေးအဖြေတချို့ကို Popular News ပရိသတ်များဖတ်ရှုလေ့လာကာ အနာဂတ်ကို မှန်းဆနိုင်ရန်အတွက် တင်ဆက်လိုက်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှ အမေးအဖြေတချို့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က လွှတ်တော်ဥက္ကဋ္ဌက ဂျာနယ်တစ်စောင်နဲ့ အင်တာဗျူးမှာ ပြောသွားတာ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုပါတယ် ဆိုပြီး။ အဲဒီ အပေါ် မှာဘယ်လို သဘောထား ပါလဲ။ ကျွန်မတို့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရဲ့ တရားဝင်မှု၊ တရား မဝင်မှု ဆိုတာကတော့ နိုင်ငံတော် ပြန်တမ်းထဲ ထည့်ပြီးသားဆိုတော့ ဒါကဘယ်လိုမှ မေးခွန်းထုတ်စရာ မရှိပါဘူး။ သို့သော် အခုလွှတ်တော်ရဲ့ ဥက္ကဋ္ဌ တစ်ယောက်က နေပြီးဒီလို ၁၉၉ဝ ခုနှစ် ရွေးကောက် ပွဲဟာ NLD နိုင်ခဲ့တာ အသိ အမှတ်ပြုတယ် ဆိုတာဟာ ဒါက ကောင်း တဲ့ လက္ခဏာလို့ ကျွန်မ မြင်ပါတယ်။ ဒီဟာက နိုင်ငံရေး လုပ်တဲ့အခါမှာ အားလုံးပါဝင်မှုကို ဦးတည်ပြီး ပြောတယ်လို့ပဲ သုံးသပ်ပါတယ်။ အဲဒီပြောတဲ့ စကားအရ ဒီ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို သမိုင်းမှာထားခဲ့ဖို့ လုံလောက်တဲ့ အကြောင်းအရင်းဖြစ်သွားပြီလား။ သမိုင်းမှာ ထားခဲ့ဖို့ ဆိုတာ ဘာလဲ။ သမိုင်းမှာ ဝင်တာပဲရှိတာ။ ထားခဲ့တယ်ဆိုတာ မရှိပါဘူး။ အဲဒီတော့ ကျွန်မတို့ရဲ့ ၁၉၉ဝ ခုနှစ်ရလဒ်ဟာ သမိုင်းဝင် ရလဒ် ဖြစ်ပါတယ်။ အခုနက ပြောသွားတာ ရှိပါတယ်။ ဒီမိုကရေစီ လမ်းပွင့်နေ ပြီလို့ အများက လက်ခံနိုင်လောက်တဲ့ အခြေအနေမရောက် သေးဘူးလို့ ပြောပါတယ်။ အဲဒီ အခြေအနေ ရောက်ဖို့ ဘာတွေ လိုနေပါသေးလဲ။ ဒါတစ်ခုပါ။ နောက်တစ်ခုက တိုင်းရင်းသား ငြိမ်းချမ်းရေး။ ပထမမေးခွန်းကို ဖြေရရင် ပြည်သူတွေဟာ တကယ်ပဲ သူတို့ ရဲ့ ဘဝတွေဟာ စံနှုန်းထားတွေနဲ့ ညီအောင်လို့ ဖြစ်နိုင်တယ်ဆိုတာ ယုံကြည်လာလို့ရှိရင် ဒါဟာ လမ်း ပွင့်တယ်လို့ ဆိုရမှာပေါ့။ ပိုပြီး တိတိ ကျကျ ပြောရရင် ကျွန်မအမြင်မှာ ဥပဒေစိုးမိုးရေး ရှိတယ်လို့ ပြည်သူ တွေ ယုံကြည်ရင် ဒီမိုကရေစီ လမ်း ကြောင်းကြီးကောင်းကောင်း ပွင့် သွားပြီလို့ ပြောလို့ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေးနဲ့ ပြောရရင် ငြိမ်းချမ်းဖို့ ဆိုတာက တန်းတူ ညီတူရေး ဆိုတာ ရှိရမယ်။ အပြန်အလှန် လေးစားရေးနဲ့ အပြန် အလှန် ယုံကြည်မှုဆိုတာ ရှိရမယ်။ ဒါတွေ က နေ့ချင်းညချင်း ဖြစ်နိုင်တဲ့ ကိစ္စ တွေ မဟုတ်ပါဘူး။ ကျွန်မတို့ ဒီ တိုင်းရင်းသားတွေအားလုံးပေါ့။ တိုင်းရင်းသားတွေထဲမှာ ဗမာကို ထည့် ထည့်ပြောပါတယ်။ တိုင်းရင်းသား တွေအားလုံး ငြိမ်းချမ်းဖို့ဆိုတဲ့ နေရာ မှာ ဗမာတွေကလည်း အခြား တိုင်း ရင်းသားတွေနဲ့ အတူတူပဲ။ အားလုံးဟာ အင်မ တန်ကြိုးကြိုးစားစား လုပ် နိုင်ရမယ်။ လွယ်လွယ်နဲ့တော့ ဖြစ် မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆို တော့ သမိုင်းအစဉ်အလာအရကို တစ်ယောက်နဲ့တစ်ယောက် မယုံကြည် တဲ့စိတ်တွေ၊ သံသယနဲ့ မြင် တဲ့ အလေ့အထတွေ ရှိနေတယ် ဆိုတော့ ဒါတွေ ပေါက်မြောက် အောင်ဆိုရင် ကျွန်မတို့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးမူအရ ပြောရမယ်ဆိုရင် ပထမ ဆုံးစလုပ်ရမှာတော့ တွေ့ဆုံ ဆွေးနွေးရေးပဲ။ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်းအမြင်ချင်း ဖလှယ် တာ အရေးအကြီးဆုံးဖြစ်ပါတယ်။ အဲဒီတော့ တွေ့ဆုံ ဆွေးနွေး ရေး ဖြစ်ဖို့ဆိုတာ တစ်ယောက်နဲ့ တစ် ယောက် ပစ်နေလို့တော့ မရဘူး။ အပစ်အခတ် ရပ်စဲရမှာပေါ့။ တစ်နှစ်အတွင်းမှာ UN အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်မှုနဲ့ ပတ် သက်ပြီးတော့ အန်တီ့ အနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေ နဲ့ ပတ်သက်လို့ရှိရင် ဒီနှစ်အတွင်းမှာ ဆိုရင် အထူးသဖြင့် ဖွံ့ဖြိုးရေး အစီအစဉ်အပြင် ဖွံ့ဖြိုးရေး ဘာတွေ လုပ်သင့်တယ် ဆိုတာကို ဆွေးနွေး တာရှိပါတယ်။ အဲဒီဆွေးနွေးတဲ့ ရလဒ်တွေအရ ကျွန်မတို့အနေနဲ့ ဒီနိုင်ငံက အဆင်းရဲဆုံး အသိုင်းအဝိုင်းကို တောနေမြို့နေ လူတန်းစားတွေကို အနည်းဆုံး ရေတို ကာလအတွင်း အခြေအနေကောင်း လာအောင်လို့ အဓိကထား ကူညီရ မယ်ဆိုတာ ဆွေးနွေးတာတွေ ရှိ ပါတယ်။ ဆွေးနွေးတဲ့ ရလဒ် အကျိုး ဆက်အရ ကျွန်မတို့ တိုးတက်မှု တစ်စုံတစ်ရာကို ရလိမ့်မယ်လို့ ထင် ပါတယ်။ ဥပဒေစိုးမိုးရေးဟာ လူမှု ရေး၊ စီးပွားရေး အကုန်လုံး အရေးကြီးတယ်လို့ ပြောသွား ပါတယ်။ တရားရေးမဏ္ဍိုင်က လည်း အခုနက အန်တီပြော သွားသလို အခြေအနေ ဆိုတော့ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ရင် အဆင်အပြေဆုံးနဲ့ အထိရောက် ဆုံး နည်းလမ်းဖြစ်မလဲ သိချင် ပါတယ်။ နောက်တစ်ခုက FDI တွေမြန်မာနိုင်ငံလာဖို့ အဲဒါလာ ဖို့မှာ အန်တီပြောခဲ့တဲ့ အချက် တွေ လိုသလို နောက်တစ်ခုက Sanction ပေါ့။ ဘဏ်တွေနဲ့ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံ လိုသူတွေက လတ်တလော အခြေအနေ မှာ မလာနိုင်သေးဘူး။ စောင့်နေပါတယ်လို့ ပြောပါ တယ်။ အဲဒီအတွက် NLD က မှတ်ပုံတင်တာနဲ့ မဆိုင်ဘူးပေါ့။ အန်တီ့အနေနဲ့ရော မှတ်ပုံတင်၊ မတင်အပေါ်မှာ Sanction ကို ဘယ်လိုမျိုး ဖြုတ်ဖို့အတွက် တိုက်တွန်းဖို့ ရှိပါသလဲ။ ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ နောက်ပြီး လွတ်လပ်ပြီး တရား မျှတတဲ့ တရားရေးမဏ္ဍိုင်ရှိဖို့ဆိုတာ လူတိုင်းက ကြိုးစားရမှာပဲ။ အန်တီတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ကြိုးစားပုံတစ်ခုကတော့ ဥပဒေ အထောက်အကူအဖွဲ့ ထူထောင် ထားခြင်း ဖြစ်ပါတယ်။ ဥပဒေ အထောက်အကူ အဖွဲ့ဟာ အန်တီ တို့ရဲ့ ပြည်သူတွေကို ဒါနိုင်ငံရေး နဲ့ ပတ်သက်သူတွေ မဟုတ်ပါဘူး။ အန်တီတို့က ပြည်သူတွေအားလုံး ဟာ တရားဥပဒေရှေ့မှောက်မှာ မျှမျှ တတအစီရင်ခံချက်တွေရဖို့ အဲဒီလို နည်းနဲ့ တရားရေးမဏ္ဍိုင် ခိုင်မာ အောင် ကြိုးစားပါတယ်။ ပြည်သူ တွေဘက်ကလည်းထောက်ပြရမယ်။ ဒီလို ထောက်ပြခြင်းအားဖြင့်သာ ဒီကိစ္စတွေကို အစိုးရကနေ ကွက်ကွက်ကွင်းကွင်းမြင် လာမှာဖြစ်တယ်။ Sanction နဲ့ ပတ်သက်လို့ ကတော့ Sanction ဘာဖြစ်လို့ လုပ်ရသလဲဆိုတာ Sanction လုပ်ထားတဲ့ အမေရိကန် ပြည်ထောင်စုကဆိုရင် ပြတ်ပြတ် သားသား ပြော ထားတာပဲ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ လွှတ်ပေး ရမယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြန်လည်ပြီး နိုင်ငံ ရေးပါတီအဖြစ် လွတ်လွတ်လပ်လပ် လှုပ်ရှားရမယ်။ ပြီးတော့ ဒီစစ်မက် ဖြစ်ပွားနေတဲ့ နေရာတွေကို လူသား ချင်းစာနာမှုဆိုင်ရာ အထောက် အကူတွေ ရောက်နိုင်ဖို့ အခြေအနေ ရှိရမယ် စသည်ဖြင့် တောင်းဆိုထားတာ ရှိတယ်။ အဲဒီတော့ ဒီလို တောင်းဆိုချက်တွေ ပြည့်စုံလို့ရှိရင် Sanction တွေ ဖယ်ရှားဖို့ဆိုရင် သတ်မှတ်ထားတဲ့ နိုင်ငံက ဖယ်ရှား ရမှာ ဖြစ်ပါတယ်။ အန်တီ လွန်ခဲ့တဲ့ တစ်နှစ် နိုဝင်ဘာ ၁၄ ရက်နေ့က ပြောခဲ့တာ ရှိပါတယ်။ ဒီမိုကရေစီ ကွန်ရက်တွေ ဖွဲ့မယ်လို့။ အဲဒီ ကွန်ရက်က ဘယ်နှခုဖွဲ့ပြီးပြီလဲ။ ဘာတွေ လုပ်ဆောင်နေလဲ။ လုပ်ဆောင်တဲ့ အတိုင်းအတာ ကရော ဘယ်အခြေအနေရှိပြီ လဲ။ ဒုတိယမေးခွန်းက လောလောဆယ်မှာ အစိုးရအနေနဲ့ အာဆီယံဥက္ကဋ္ဌဖြစ်ရေး လုံးပန်း နေတယ်လို့ သဘောရပါတယ်။ အဲဒီ အပေါ်မှာ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌဖြစ်ခြင်း၊ မဖြစ်ခြင်းက တိုင်းပြည်အတွက် ဘယ်လောက် အကျိုးသက်ရောက်မှုရှိ မလဲ။ အဲဒါ သိချင်ပါတယ်။ ကွန်ရက်ဆိုတာတော့ တစ်နည်းအားဖြင့် ပြောရရင် တစ်ခုတည်းပေါ့။ ကွန်ရက်ထဲမှာ ချိတ်ဆက်ထားတဲ့ လုပ်ငန်းတွေကတော့ အမျိုးမျိုးရှိတာပေါ့။ အဲဒီအထဲမှာ အန်တီ တို့ အရမ်းအလေးထားတာ တော့ ဥပဒေပြု လုပ်ငန်းတွေ၊ ပညာရေးလုပ်ငန်းတွေ၊ ကျန်းမာရေး လုပ်ငန်းတွေ၊ နောက် လူသားချင်း ဆိုင်ရာ အထောက်အကူပေါ့။ အဓိက ကတော့ ဥပဒေပြုနဲ့ ပတ် သက်တဲ့ ကိစ္စရယ်၊ ပညာရေးကိစ္စ တွေကိုတော့ အန်တီတို့ အရမ်း အလေးထားပါတယ်။ ကျန်းမာရေး ကိစ္စကတော့ အရေးမကြီးလို့တော့ မဟုတ် ဘူး။ ဒါပေမဲ့ လုပ်ရတာ နည်းနည်းပိုခက်ပါတယ်။ ဥပမာ ဆိုရင် အခမဲ့ ကျောင်းတွေ ထောင်ရ တာက အခမဲ့ဆေးခန်းတွေ ထောင် ရတာထက် ပိုပြီး လွယ်ပါတယ်။ ဒါအန်တီ ရိုးရိုးသားသား ပြော တာပါ။ အဲဒီတော့ ငွေကြေး အကန့်အသတ်ကလည်း ရှိတယ် ဆိုတော့ တတ်နိုင်သလောက် လုပ် ရတာ ဖြစ်ပါတယ်။ အခမဲ့ ကျောင်း တွေနဲ့ ပတ်သက် လို့ တိုးတက်မှုကို တော့ အားရတယ်။ အလှူငွေ ထည့်ချင်တဲ့သူရှိရင်လည်း ရက်ရက် ရောရော ထည့်ကြပါလို့၊ အခမဲ့ ကျောင်းစတာ ဧပြီလမှာ စခဲ့တာ၊ အခု တစ်ပြည်လုံးမှာ ၁၉ ကျောင်း ရှိသွားပြီ၊ အချို့ ကျောင်းသား ၂ဝ၊ ၃ဝ နဲ့ စခဲ့တဲ့ ကျောင်းက အခု ကျောင်းသား ၃ဝဝ၊ ၄ဝဝ လောက် ရှိနေပြီ။ ဒါကြောင့် ဒါက ကိုယ်က ဘယ်လောက် လိုအပ် နေသလဲပေါ့။ ဒီတိုင်းပြည်မှာ ပညာရေးဘက်က နေ ပံ့ပိုးဖို့ ဘယ်လောက်လိုအပ်နေသလဲ ဆိုတာ ထင်ထင်ရှားရှား ပြနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီဘက်မှာ အန်တီ က ဝါသနာလည်း ပါတယ်။ ပညာရေးကို အရမ်း အားပေးချင်တာကိုး။ ဒီ့အတွက် အားလည်း တက်မိ တယ်။ ပြီးတော့ ရှေ့နေကွန်ရက် တွေ ဖွဲ့နိုင်တာလည်း အားတက် တယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ လုပ်နေတဲ့ သူတွေကို အများကြီး လေးစားတယ်။ အန်တီတို့ ငွေရေး ကြေးရေး ဘက်မှာ နည်းနည်း အခက်အခဲ ရှိပါတယ်။ ကျန်းမာရေး ရန်ပုံငွေ ထည့်ချင်တယ်ဆိုလည်း ထည့်လို့ ရပါတယ်။ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ခြင်းအား ဖြင့် မြန်မာနိုင်ငံအတွက် ဘာအကျိုး ရှိနိုင်လဲ မေးခွန်းကတော့ အန်တီ့ အနေနဲ့  မြန်မာနိုင်ငံအတွက် တကယ်အကျိုးရှိနိုင်တဲ့ ကိစ္စဟာ အာဆီယံ ဥက္ကဋ္ဌဖြစ်ရေး၊ မဖြစ်ရေး မဟုတ်ဘူး။ ပြည်သူတွေက ကျေနပ်ရေး၊ မကျေနပ်ရေးပဲ ဖြစ်တယ်။ ပြည်သူတွေက ငါတို့ရဲ့ နိုင်ငံဟာ တိုးတက်လာတယ်။ ငါတို့ရဲ့ ဘဝတွေဟာ ကောင်းမွန်လာတယ် ဆိုတာကို ခံစားရပြီဆိုရင် ဘယ် ဥက္ကဋ္ဌရာထူးနဲ့မှ နှိုင်းလို့ မရတဲ့ ဆုလာဘ်ကြီးလို့ အန်တီက ဒီလိုပဲ မြင်ပါတယ်။ မိုးမြင့်မြတ်

မြို့ မငြိမ်း၏ အလှပြိုင်ပွဲ

တခါတုန်းက၊ ဂင်္ဂါ နဲ့ ယမုံနာ မြစ်တွေမှာနေကြတဲ့ ငါးတွေထဲက ဂင်္ဂါငါး နဲ့ ယမုံနာငါး ငါးနှစ်ကောင်ဟာ  ကိုယ့်ကိုယ်ကို ကိုယ်ပဲ အလှဆုံးလို့ထင်ကြသတဲ့။ အဲဒီလိုပဲ မြစ်ပြင်တကြောမှာ ကြွားဝါ သတင်းလွှင့်နေကြတယ်ဆိုပဲ။ ငါးသတင်း ငါးချင်းဆောင် ဆိုသလို တဦးဆီကို တဦးရဲ့ သတင်းတွေပြန့်လာပြီး၊ နောက်ဆုံးမှာတော့ မျက်နှာချင်းဆိုင် တွေ့ကြပါလေရော။ 12. ahla pyaing pwe ရန်ဝင်း(တောင်တံခါး) Myanmar News Now

နိုင်ငံရေးအကျဉ်းသားတချို့ မိသားစုနီးရာထောင်ရွေ့

မြန်မာနိုင်ငံထဲက နိုင်ငံရေးအကျဉ်းသားတချို့ကို ဝေးလှံခေါင်သီတဲ့ ထောင်တွေကနေ မိသားစုနဲ့ နီးရာဒေသတွေမှာ ရှိတဲ့ အကျဉ်းထောင်တွေကို စတင်ပြောင်းရွေ့နေပါတယ်။ နိုင်ငံရေး အကျဉ်းသားများနဲ့ ပတ်သက်တဲ့ မိသားစုဝင်တွေ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းတွေနဲ့အတူ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတချို့လည်း  နို်င်ငံရေးအကျဉ်းသားများထောင်ပြောင်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြောပြ ထားပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။ 

သရက်ထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက်ကျောင်းသူမနီလာသိန်းကို မိသားစုနဲ့ နီးတဲ့ သာယာဝတီထောင်ကို ဒီကနေ့ ရွေ့လိုက်ပါတယ်။ အာဏာပိုင်တွေက မိသားစုဆီကို တရားဝင် အကြောင်းကြားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရက်တွေထဲ လွတ်ငြိမ်းချမ်းသာခွင့်တွေကြေငြာနိုင်တယ် ၊ ထောင်ရွေ့ထောင်ပြောင်းတာတွေ လုပ်နိုင်တယ်ဆိုတဲ့  သတင်းတွေကြောင့် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ ဟာ သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေ ဆီ စုံစမ်းမေးမြန်းကြရင်း မနီလာသိန်းကတော့ 
ဒီကနေ့ မနက် ၁၀ နာရီက သာယာဝတီထောင်ကို ရောက်နေပြီလို့ မနီလာသိန်းရဲ့ ခင်ပွန်း ဖြစ်သူ ကိုဂျင်မီခေါ် ကိုကျော်မင်းယုရဲ့အကို ကိုမျိုးမင်းယုက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းရဲ့ခင်ပွန်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီဟာလည်း တောင်ကြီးထောင်မှာ နှစ်ရှည်အကျဉ်းချခံထားရတာ ဖြစ်ပေမယ့် ကိုဂျင်မီနဲ့ ပတ်သက်လို့တော့ ဒီနေ့ထိ အပြောင်းအရွေ့ သတင်းမသိရသေးဘူလို့ အကို ဖြစ်သူ ကိုမျိုးမင်းယုက ပြောပါတယ်။

တခါ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ခွန်ထွန်းဦးကိုလည်း ဒီကနေ့ နေ့လည်က ပူတာအို လေယဉ်ကွင်းကနေ ခေါ်ဆောင်သွားပြီး သူ့ကို လက်ရှိ ပူတာအိုကနေ တောင်ငူထောင်ကို ရွေ့ဖို့ ဖြစ်တယ်လို့ SNLD ပါတီရဲ့ ပြောခွင့်ရသူ  ဦးစိုင်းလိတ်က ပြောပါတယ်။ သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေက အကြောင်းကြားတာမရှိပေမယ့် အပြောင်းအရွေ့ ရှိနိုင်တယ်ဆိုလို့ စောင့်ကြည့်နေတာမို့ အခုလို သိရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့တဲ့ အရှင်ဂမ္ဘီရကိုလည်း ကလေးမြို့ အကျဉ်းထောင်ကနေ ဒီကနေ့ ရန်ကုန်သွားတဲ့ လေယာဉ်နဲ့ ခေါ်ဆောင်သွားတာကို တွေ့ရတယ်လို့လည်း SNLD ပါတီက ဦးစိုင်းလိတ်က ပြောပါတယ်။ အရှင်ဂမ္ဘီရနဲ့အတူ NLD ပါတီက ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညီပုလည်း ပါသွားတယ်လို့ သိရပါတယ်။

အလားတူ SNLD ပါတီရဲ့ အတွင်းရေးမှူး စိုင်းညွန့်လွင်ကလည်း ကလေးထောင်မှာ အကျဉ်းကနေတာ ဖြစ်ပြီး သူကိုလည်း အရွေ့ အပြောင်း ရှိမရှိစုံစမ်းနေတယ်လို့ ပြောပါတယ်။  

ဒီလိုအခြေအနေတွေအပြင်  ကျိုင်းတုံထောင်မှာ နှစ်ရှည်အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ ဒီကနေ့ ညနေထိ ကျိုင်းတုံထောင်မှာ ရှိနေပါသေးတယ်။ 

အထက်အရာရှိတွေရဲ့ ညွန်ကြားချက် တစုံတရာမရှိသေးပေမယ့်  ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးမှုတွေနဲ့ အကျဉ်းကျနေတဲ့  ကိုမျိုးဟန်၊ ကိုညီညီဇော်နဲ့ မောင်သိန်းဇော်တို့ ၄ ဦးရဲ့ ဆေးမှတ်တမ်းတွေကို အထက် အရာရှိတွေဆီကို ပေးရသလို ကိုမင်းကိုနိုင်ထောင်ထဲမှာ ဆွဲတဲ့ ပန်းချီကားတွေကိုလည်း သိမ်းဆည်း ထုတ်ပိုးတာတွေ လုပ်နေတာရှိတယ်လို့ ကျိုင်းတုံထောင် အရာရှိတဦးက VOA မြန်မာပိုင်းကို ပြောပါတယ်။

7Day News Journal အတွဲ (၁၀)၊ အမှတ် (၃၅) ( Novenber 17 )

10-35

အမျိုးသမီးနိုင်ငံရေးအလုပ်ရုံဆွေးနွေးပွဲ (ရုပ်/သံ)


ဦးဂမ္ဘီရ အပါအ၀င် နယ်ထောင်တွေက အကျဉ်းသားတချို့  အင်းစိန်ထောင်ကိုပြောင်းရွှေ့ 

ဦးဂမ္ဘီရ
ဦးဂမ္ဘီရ အားကလေးမြို့မှ လေယာဉ်ဖြင့်ခေါ်ဆောင်သွားပြီဟု မိခင်ဖြစ်သူက အတည်ပြု
ညနေ ၅း၃၈ နာရီ

ယနေ့ညနေ ၄ နာရီဝန်းကျင် ကလေးမြို့လေဆိပ်မှ ဦးဂမ္ဘီရအား ခေါ်ဆောင်သွားသည့် လေယာဉ် ရန်ကုန်သို့ထွက်ခွာသွားပြီဟု ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ရေးက အတည်ပြုပြောကြားသည်။

“ပါတာတော့ သေချာပါတယ်။ ဘာလို့ဆို သူ့ရဲ့ ပစ္စည်းတွေတင်လာတဲ့ ကားတစီးက ထောင်ဝန်ထမ်းတွေနဲ့ လေဆိပ်ကိုဝင်လာတယ်။ အဲဒီကားမှာ သူမပါဘူး၊ နောက် သူပါတဲ့ကားက အမေဒီဘက်မှာ ရှိနေတယ်ဆိုတော့ တခြားဝင်ပေါက်ကနေ ၀င်သွားတာ၊ လှမ်းလည်း မမြင်လိုက်ရဘူး။ ပုန်းရှိုးကွယ်ရှိုးနဲ့ ခေါ်သွားတာ၊ အမေက တွေ့ရမလားလို့သွားတာ၊ လေဆိပ်မှာ မှတ်ပုံတင်ပြပြီးဝင်တာ မ၀င်ရဘူး။ ဒီနေ့ ၀င်ခွင့်မပြုပါဘူးတဲ့ လုံခြုံရေးကြောင့်ပါတဲ့” ဟု YPI သို့ပြောသည်။

ဦးဂမ္ဘီရအားတင်ဆောင်လာသည့် လေယာဉ်မှာ ရန်ကုန်လေဆိပ်သို့ ညနေ ၅နာရီခွဲတွင် ဆိုက်ရောက်မည်ဟု စုံစမ်းသိရှိရပြီး လေဆိပ်တွင် ရဲကားများ၊ လုံချြုံရေးများချထားသည်ဟု လေဆိပ်မှ သတင်းထောက်က သတင်းပေးပို့သည်။
ရခိုင်နှင့် ကလေးမှ ပြောင်းရွှေ့လာသော နိုင်ငံရေး အကျဉ်းသားများအား အင်းစိန်သို့ သယ်ဆောင်ရန် T-2000 ကားတစီးနှင့် လိုက်ထရပ် တစီး စီစဉ်ထားသည်ကိုလည်း တွေ့ရသည်။
သို့သော် ကိုမင်းကိုနိုင်မှာ ကျိုင်းတုံထောင်တွင်ပင် ရှိနေသေးသည်ဟုလည်း သိရှိရပါသည်
YPI
 

နိုင်ငံတော်သမ္မတရုံးဧည့်ဂေဟာ နိုင်ငံတကာအဆင့်မီဟိုတယ် ဖွင့်မည်

 နိုင်ငံတော်သမ္မတရုံး
 နိုင်ငံတော်သမ္မတရုံး အစိုးရဧည့်ဂေဟာအပါအဝင် အဆောက်အအုံဟောင်း ၁ဝ လုံးကို နိုင်ငံတကာအဆင့်မီ ဟိုတယ်စီမံကိန်းအဖြစ် အကောင်အထည်ဖော်သွားမည်ြ ဖစ်သောကြောင့် နိုင်ငံခြားသားဧည့်သည်များအား ပိုမိုဆွဲဆောင်မှုရရှိသွားမည်ဖြစ်ကြောင်း ဟိုတယ်ဇုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။”နိုင်ငံတော် သမ္မတရုံးကို အဆင့်မီဟိုတယ် လုပ်မယ်ဆိုရင် ဆွဲဆောင်မှု အရမ်းကောင်းပါတယ်။ တည်နေရာကလည်း အချက်အချာ ကျတယ်။ အထင်အရှားဆုံးဖြစ်တဲ့ ရွှေတိဂုံဘုရားကိုလည်း နီးနီးလေး မြင်ရမယ်။ ပြီးတော့ နိုင်ငံခြားဧည့် တွေက ကိုလိုနီခေတ်၊ အင်္ဂလိပ် ခေတ်၊  လမ်းစဉ်ပါတီခေတ်က အ ဆောက်အအုံပုံစံတွေကို ပိုသဘော ကျတဲ့သဘောရှိ တယ်။ အစိုးရသစ် တက်လာပြီးတဲ့နောက်မှာ နိုင်ငံခြား ဧည့်တွေပိုအဝင်များလာတော့ အခု လိုလုပ်သင့်ပါတယ်”ဟု ၄င်းက အ တည်ပြုပြောသည်။လက်ရှိတွင်   အဆိုပါ အဆောက် အအုံဟောင်းများအား အထပ်မြင့် ထပ်မံတည်ဆောက်ခြင်း၊ ဖြိုဖျက် ခြင်းနှင့် မူလပုံသဏ္ဌာန်ပျက်သွား အောင် မပြုလုပ်သင့်ကြောင်းကို အ ထက်ပါပုဂ္ဂိုလ်က ”အတွင်းပိုင်းတွေ ပြုပြင်တာတွေက မဖြစ်မနေလုပ်ရ မယ့်သဘောပါ။ ဒါပေမဲ့ အပြင်ပုံစံ တွေကိုတော့ လက်ရှိအတိုင်းပဲထား သင့်တယ်။ သဘောဝရော ပတ်ဝန်း ကျင်ကိုေ ရာထိခိုက်စေမယ့်အရာတွေ ကိုတော့ရှောင်သင့်တယ်”ဟုဆိုသည်။လျာထားသော အဆောက် အအုံများမှာ ဗိုလ်တထောင်မြို့နယ် ရှိ ယခင်ပို့ဆောင်ရေး၊ မီးရထားနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဌာနစုပေါင်းရုံး၊ ပြည်ထဲရေးဝန် ကြီးဌာန၏ City Mart ကုန်တိုက်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန၏ အဆောက်အအုံ အမှတ် ၅၆၉/၅၇၇ ကျောက်တံ တား၊ ရှေ့နေချုပ်ရုံး၏ အဆောက် အအုံအမှတ် ၁၉၁/၁၉၃ ပန်းဘဲ တန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ စီးပွားေ ရးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ အဆောက် အအုံအမှတ် ၁၆၉၊နိုင်ငံတော်သမ္မတ ရုံးအစိုးရဧည့်ဂေဟာ အဆောက်အ အုံအမှတ် ၂၅ဝ/ ၂၅၆/၂၆၈ ဒဂုံမြို့ နယ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၏ ဒူးယားဆောင်နှင့် ¤င်းထမင်းစား ဆောင်၊ ပုပ္ပါးဆောင်နှင့် ၄င်း ထမင်းစားဆောင် လှိုင်မြို့နယ်၊ နိုင်ငံ တော်ကာကွယ်ရေး တက္က သိုလ် မြေနေရာ မင်္ဂလာဒုံမြို့ နယ်နှင့် ထောက်ကြံ့ ဧရိယာတစ်ဝိုက်ရှိ နိုင်ငံပိုင်မြေနေရာ များဖြစ်ကြောင်း သိရသည်။”ဒီအစိုးရ လက်ထက်မှာ ထပ် တိုးချဲ့တာတွေ ၊လေလံ ပစ်တာတွေ များလာပြီလို့ ယူဆရတယ်။ ရှေး ဟောင်း အဆောက်အအုံတွေရဲ့ ပြယုဂ်တွေကိုတော့ မထိခိုက်စေချင် ဘူး။ နိုင်ငံတကာနဲ့ယှဉ်ပြီး တည် ဆောက် သွားမယ် ဆိုရင် တိုးတက် လာမယ့်လမ်းစလို့ ဆိုရမှာပေါ့။ နိုင်ငံ တကာ စံချိန်မီဆိုရင် ပြည်ပဧည့်တွေ အားလုံးကို ပိုဆွဲဆောင်တဲ့ အပိုင်း တစ်ခုပါ”ဟု ဧည့်လမ်းညွှန် လုပ်င န်း ကို ၁ဝ နှစ်နီးပါး ပြုလုပ်လာခဲ့သော အမျိုးသားတစ်ဦးက ပြောသည်။လက်ရှိ၌ ရန်ကုန်မြို့၏ ဧရိ ယာတွင် ဟိုတယ်နှင့် တည်းခိုရိပ် သာ ၁၈၁ ယူနစ်သာရှိကြောင်း ဟို တယ်နှင့် ခရီးသွားဝန်ကြီးဌာန၏  မှတ်တမ်းများအရ သိရသည်။
အောင်ထက် (NYK)

လေးနိုင်ငံ ပူးပေါင်း၍ ရန်ကုန်၌ ဂျက်ဇ် ဂီတပွဲတော် ၅ ရက် ကျင်းပမည်

ရန်ကုန် နိုဝင်ဘာ ၁၄
မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး၏ ဦးဆောင်မှုဖြင့် မြန်မာ၊ ဂျာမနီ၊ အစ္စရေးနှင့် ပြင်သစ်သံရုံးတို့ ပူးပေါင်းကာ နိုင်ငံတကာ ဂျက်ဇ် (Jazz Bliss) ဂီတပွဲတော်ကို ရန်ကုန်မြို့၌ နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ကျင်းပ ဖျော်ဖြေသွားမည်ဟု ဂျာမနီ သံအမတ်ကြီး Christian – ludwing Weber – Lortsch  ကပြောသည်။
ထိုပွဲနှင့်ပတ်သက်၍ စာနယ် ဇင်းရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ဂျာမနီ သံအမတ်ကြီး၏ နေအိမ်၌ ကျင်းပခဲ့ရာ ဂျာမနီ သံအမတ်ကြီးက ဂျက်ဇ် ဂီတပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး၏ ဦးဆောင်မှုဖြင့် ယမန်နှစ်က ပထမအကြိမ် ကျင်းပခဲ့ပြီး ထိုစဉ်က ပြင်သစ်၊ ဗြိတိသျှ၊  အမေရိကန်နှင့် ရုရှား သံရုံး တို့၏ ပူးပေါင်းပါဝင် ကူညီမှုဖြင့် အဆိုပါ နိုင်ငံများမှ ဂျက်ဇ် ဂီတပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက် ၍ မြန်မာ့ဆိုင်းဝိုင်းနှင့် မြန်မာ့ဂီတ ပညာရှင်များနှင့်တွဲဖက် ဖျော်ဖြေခဲ့ သည့်အပြင် ဂျက်ဇ်ဂီတနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲများကို လည်း ကျင်းပခဲ့ကြောင်း၊ ယခုနှစ် တွင်မူ ပြင်သစ်၊ အစ္စရေးနှင့် ဂျာမနီ နိုင်ငံတို့မှ ဂီတပညာရှင်များက မြန်မာနိုင်ငံမှ ဦးဟိန်းတင့် ဆိုင်းဝိုင်းနှင့် ဂီတ မိတ်ဆက် သင်တန်းကျောင်းမှ ဂီတပညာရှင် များနှင့် တွဲဖက်ကာ ဖျော်ဖြေသွားမည် ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း ပြောသည်။
”ဒီပွဲကို စီစဉ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာ ပရိတ်သတ်တွေကို Jazz ဂီတနဲ့ ရင်းနှီးစေချင်တဲ့ အပြင် မြန်မာဂီတ ပညာရှင်တွေကိုလည်း Jazz ဂီတ ပုံစံ တီးခတ် စေချင်တဲ့ အတွက်ပါ။ မနှစ်က ဂျာမနီမှာ မြန်မာဆိုင်းဝိုင်း နဲ့ Jazz ဂီတပေါင်းစပ်ပြီး ဖျော်ဖြေတဲ့အခါ ကျွန်တော်တို့ဆီက ပရိတ်သတ်က တော်တော်လေး အားပေးကြသလို မြန်မာဆိုင်းဝိုင်း က Jazz ဂီတကို လိုက်တီးနိုင်တာ တွေ့ရလို့ တော်တော် အံ့အားသင့်ကြတယ်။ နောက်ပြီး Jazz ဂီတက ဘယ်လိုဂီတ အမျိုးအစား နဲ့မဆို ပေါင်းစပ်လို့ရတယ်”ဟု၎င်း ကပြောသည်။
ထိုပွဲသို့ တက်ရောက်ခဲ့သည့် အစ္စရေးနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး Mr. Abigail Oz က ”ဂီတဆိုတာ က နိုင်ငံတကာ ဘာသာစကား ဖြစ်တဲ့အပြင် အားလုံးကလည်း နှစ်သက် သဘောကျကြတယ်။ အားလုံးက ကြိုက်ဖို့ဆိုတာက ဂီတ အမျိုးအစားနဲ့လည်း ဆိုင်တယ်။ မြန်မာနိုင်ငံဆိုင်းဝိုင်းနဲ့ အနောက်တိုင်း ဂီတ ပေါင်းစပ်ဖို့ ဆိုတာက အခြားMusic နဲ့ ဂန္ထဝင်တေးတွေ တီးရင်တောင် ဒီလိုပေါင်းစပ်လို့ ရချင်မှရပေမယ့် Jazz ဂီတ ကတော့ရတယ်”ဟုဆိုသည်။
ဂီတမိတ် သင်တန်းကျောင်းမှ ကိုမိုးနိုင်က ယခု Jazz ဂီတဖျော်ဖြေပွဲသို့ အမေရိကန်နိုင်ငံမှ Jazz ဂီတပညာရှင်များ လာရောက် ဖျော်ဖြေနိုင်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံရောက် အမေရိကန် နိုင်ငံသား Jazz ဂီတပညာရှင်နှစ်ဦးက ဂီတမိတ် အဖွဲ့သားများနှင့်အတူ တွဲဖက်ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း၊ ၄င်းပွဲ၏ နောက်ဆုံးနေ့ ပွဲစဉ်အား စိမ်းလန်းစိုပြေ ဥယျာဉ်၌ ကျင်းပမည်ဖြစ်သည့် အတွက် ထိုနေ့ပွဲ၏ ပွဲဝင်ခွင့် လက်မှတ်များကို ဂျာမနီ၊ အစ္စရေး၊ ပြင်သစ်သံရုံးများနှင့် ဂီတမိတ် သင်တန်း ကျောင်း တို့တွင် အခမဲ့လာရောက် ထုတ်ယူနိုင်ကြောင်း ပြောသည်။ နိုဝင်ဘာလ ၂၉ ရက်နေ့ မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ဦးဝိစာရလမ်းပေါ်ရှိ  House of Memories, Chatritum ဟိုတယ် နှင့် ပြင်သစ် ယဉ်ကျေးမှု ဌာနများ၌ ကျင်းပမည့် ပွဲများကို မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှု နိုင်ကြောင်းလည်း ၄င်းထံမှ သိရ သည်။
ထို Jazz ဂီတပွဲတော်သို့ ပြင်သစ်နိုင်ငံမှ Jazz ဂီတပညာရှင် သုံးဦး၊ အစ္စရေးနိုင်ငံမှ Jazz ဂီတ ပညာရှင် နှစ်ဦး၊ ဂျာမနီနိုင်ငံမှ ဂီတ ပညာရှင် နှစ်ဦး၊ မြန်မာနိုင်ငံရောက် အမေရိကန် ဂီတပညာရှင် နှစ်ဦး၊ မြန်မာဂီတ ပညာရှင်ကိုးဦးနှင့် ဆိုင်းပညာရှင် ခြောက်ဦးတို့ဖြင့် ဖျော်ဖြေ တင်ဆက်သွားမည်ဟု သိရသည်။
သူရထွန်း

မြန်မာ့ရေသယံဇာတမှ တစ်နှစ်လျှင် အမြတ် ကန်ဒေါ်လာသန်း ၈ဝဝခန့် ထိုင်းရနေ

ရနောင်းမြို့ ငါးဈေး
ရန်ကုန်၊ နိုဝင်ဘာ ၁၄
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ ပိုင်ရေသယံဇာတမှ တစ်နှစ်လျှင် ကန်ဒေါ်လာသန်း ၇ဝဝ မှ ၈ဝဝ ကြား အမြတ်ရနေသည်ဟု MFIIV LTD မှ ဥက္ကဋ္ဌဖြစ်သူ ပြင်သစ်နိုင်ငံသား Mr. Jean PICHONက ပြောသည်။
ထိုင်းနိုင်ငံသည် ၁၉၆ဝ-၆၁ ခုနှစ်ကတည်းက ၄င်းတို့တွင် ငါးသယံဇာတမရှိတော့ကြောင်း ကမ္ဘာကသိအောင် ကြေညာထားသည့် နိုင်ငံဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် ငါး သယံဇာတ ပေါကြွယ်ဝပြီး ကမ္ဘာပေါ်တွင် နံပါတ်တစ် အိတ်စပို့လုပ်နိုင်သည့် နိုင်ငံဖြစ်နေကြောင်း၊ ထိုင်းနိုင်ငံမှ ငါးအားလုံးသည် မြန်မာနိုင်ငံမှ လာရောင်းသည့် ငါးများ ဖြစ်ပြီး မြန်မာနိုင်ငံ၏ အလုပ်သမားငါးသိန်းခန့်သည် ထိုင်းနိုင်ငံ၏ ငါးစက်ရုံများတွင် အလုပ်လုပ်နေကြသည်ဟု Mr. Jean PICHONက ဆက်လက်ပြောသည်။
”ရနောင်းမြို့က လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကဆိုရင် သေးသေးလေးပဲ။ အားမနာတမ်းပြောရရင် မြန်မာနိုင်ငံကြောင့် အခုဆိုရင် အရမ်းဖွံ့ဖြိုးတိုးတက်သွားတာ။ သူတို့တွေ မှာ အမြတ်အစွန်းတွေ အများကြီးရပေမယ့် မြန်မာနိုင်ငံမှာကျတော့ အအေးခန်းစက်ရုံတွေ ပိတ်ထားရတယ်”ဟု ၄င်းကပြောသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းရင်းသားအမည်ခံ ထိုင်းငါးဖမ်းသင်္ဘော ၅ဝဝ ခန့်သည် တရားမဝင် စည်းကမ်းမဲ့ ငါးဖမ်းယူမှုများကြောင့် မြန်မာနိုင်ငံသယံဇာတများ တဖြည်းဖြည်းရှားပါးလာပြီး ငါးမရှိ တော့ကြောင်း၊ ကမ္ဘာသိအောင် ကြေညာထားရသည့်ထိုင်း နိုင်ငံတွင် ငါးများပေါနေကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့် အတန်းမီ ငါးလေလံဈေးနှင့် အအေးခန်းစက်ရုံများ ပိတ်ထားရသည့် အခြေအနေမျိုးဖြစ်နေကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
”လူတွေက ကျွန်းသစ်တွေ နိုင်ငံမှာမရှိတော့ဘူး၊ သယံဇာတ တွင်းထွက်ပစ္စည်းတွေ မရှိတော့ဘူးလို့သာ ပြောနေကြတာ ငါးကိုအာရုံမစိုက်ကြဘူး။ အခုလို ငါးတွေကို တရားမဝင် ရောင်းနေတာတွေ၊ အမည်ခံလှေတွေ မြန်မာပြည်မှာ ဝင်ဖမ်းနေတာ မြစ်ဆုံကိစ္စတမျှ အရေးကြီးပါတယ်။ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ အသည်းနှလုံး ဖြစ်သလို မြန်မာ့ပင်လယ်ပြင်ကြီး ဟာလည်း မြန်မာ့အသည်းနှလုံး ဖြစ်ပါတယ်။ ဒါကို သေသေချာချာ မကိုင်တွယ်ဘဲ ဒီအတိုင်းဆက်သွားမယ်ဆို နောက်ဆိုရင်ရေငန်ငါး ပျောက်တော့မယ်။ ဒီကိစ္စတွေကို သက်ဆိုင်ရာ အကြီးအကဲတွေ အာရုံစိုက်ဖို့လိုပါတယ်။ ပင်လယ် ပြင်ကြီးထဲက တရားမဝင်ငါးဖမ်းမှု၊ အမည်ခံငါးဖမ်းမှုတွေကို အဖြစ် လောက်ပဲ စစ်ဆေးတာတွေကို မျက်ကွယ်ပြုထားရင် အရမ်းအန္တရာယ်ရှိပါတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။
တနင်္သာရီတိုင်း ဒေသကြီးတွင် မြန်မာအမည်ခံ ငါးဖမ်းသင်္ဘောများအပြင် နိုင်ငံခြားပိုင်ငါးဖမ်း သင်္ဘောများကိုလည်း ပုတ်ပြတ်စနစ်ဖြင့် မြန်မာ့ပင်လယ်ပြင်တွင် ငါးဝင်ဖမ်း ခွင့်ပြုထားကြောင်း၊ အဆိုပါ ငါးဖမ်းသင်္ဘောများသည် မြန်မာ့ပင်လယ်ပြင်တွင် ရက်အကန့်အသတ်ဖြင့် ပိုက်ဆံပေးကာ ငါးဖမ်းပြီး ၄င်းတို့ နိုင်ငံများတွင် ပြန်ရောင်းကြ ကြောင်း၊ ထိုကဲ့သို့ မိမိနိုင်ငံ၏ ကုန်ကြမ်းလိုအပ်ချက်ကို တခြားနိုင်ငံမှ ကုန်ကြမ်းဖြင့် တိုက်ရိုက်ဖြည့်ဆည်းခြင်းသည် ကမ္ဘာပေါ်တွင်မည်သည့် နိုင်ငံတွင်မှ မရှိတော့သော် လည်း မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်သဖြင့် စဉ်းစားရန်လိုအပ်ကြောင်း ၄င်းကပြောသည်။
ထိုင်းနိုင်ငံရနောင်းသို့ တနင်္သာရီတိုင်း ဒေသကြီးမှငါးတန်ချိန် ၁၅ဝဝ မှ ၂ဝဝဝ အကြားရောင်းချလျက်ရှိနေကြောင်း Mr. Jean PICHONက ပြောသည်။
မင်းချစ်နိုင်

ရန်ကုန်၌ အမှိုက်ခွန် နှစ်ဆတိုးမြှင့်ကောက်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၄
ရန်ကုန်မြို့တွင်း လက်ရှိကောက်ခံလျက်ရှိသော မီးဖိုချောင်ထွက် အမှိုက်သန့်ရှင်းရေး ဆောင်ရွက်ပေးခ အခွန်နှုန်းထားများအား ယခုနှစ်ကုန်မှစ၍ နှစ်ဆတိုးမြှင့် ကောက်ခံ သွားမည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ လက်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
”အခု သန့်ရှင်းရေးခွန်ကောက် ခံတဲ့နေရာမှာ ရတဲ့ဝင်ငွေက ဝန် ဆောင်မှုအတွက်တိုးလာတဲ့ ကုန်ကျစရိတ်နဲ့ နှိုင်းယှဉ်ရင် မျှတမှုမရှိဘဲ ခြောက်ဆလောက်ကွာနေတယ်။ ဒါကြောင့် ကုန်ကျစရိတ်ကာမိစေဖို့ အတွက် လက်ရှိကောက်ခံနေတဲ့ အခွန်ကို နှစ်ဆတိုးပြီးကောက်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုတင်ပြခဲ့တယ်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ အစည်းအ ဝေး အမှတ်စဉ် (၂ဝ/၂ဝ၁၁)ရဲ့ ဆုံး ဖြတ်ချက်အရ ၂ဝ၁၁-၁၂ ဘဏ္ဍာ ရေးနှစ် ရဲ့ စတုတ္ထသုံးလပတ်ကစပြီး တိုးမြှင့်နှုန်းထားနဲ့ပဲ ကောက်ခံသွားမယ်”ဟု မြို့တော်စည်ပင်၊ ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ ကောက်ခံရာတွင် မြို့ နယ်အလိုက် မီးဖိုချောင်သုံးအမှိုက် ထွက်ရှိမှုနှုန်းအပေါ်မူတည်၍ အခွန်နှုန်းထားများအား တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ပြီး အမှိုက်ထွက်ရှိမှု အများဆုံးဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ဗိုလ်တထောင်၊ ပုဇွန်တောင် မြို့နယ်များအား ဇန်နဝါရီလမှ မတ်လအထိ သုံးလတာအတွက် တစ်အိမ်ထောင်လျှင် ကျပ် ၉ဝဝ ကောက်ခံနေရာမှ ကျပ် ၁၈ဝဝ သို့ တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။ အလုံ၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ စမ်းချောင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင် ညွန့်၊ ရန်ကင်း၊ ကမာရွတ်မြို့နယ်များအား သုံးလတာအတွက် ၆၇၅ ကျပ် မှကျပ် ၁၃၅ဝ အထိ လည်းကောင်း၊ ကျန် ၁၇ မြို့နယ်အား သုံးလတာ အတွက် ကျပ် ၄၅ဝ မှ  ကျပ် ၉ဝဝ အထိတိုးမြှင့် ကောက်ခံသွားမည်ဟု ၄င်းကဆိုသည်။
အမှိုက်သိမ်းခများ တိုးမြှင့်ကောက်ခံမှုကိစ္စနှင့် ပတ်သက်၍ စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတစ်ဦးက ”အမှိုက်သိမ်းခကို တိုးပြီးကောက်တာကတော့ ပြဿနာ သိပ်မရှိပေမယ့် အမှိုက်လာသိမ်းတဲ့သူမရှိတာ၊ အမှိုက်ကား မလာတာနဲ့ အမှိုက်စွန့်ပစ်ရမယ့် နေရာက အခုအချိန်ထိမရှိတာ ပြဿနာရှိတယ်။ အခွန်တိုးကောက်ပြီး ဝန် ဆောင်မှုလည်းကောင်း ကောင်းပေးဖို့လိုတယ်။ အခုကျတော့ ကျွန်မတို့ဆီမှာ အမှိုက်ကားမလာတော့ ပုဂ္ဂလိက အမှိုက်သိမ်းတဲ့သူတွေကိုပဲ လပေးနဲ့ငှားပြီး အမှိုက်ပစ်နေ ရတယ်”ဟု ဆိုသည်။
PN- 020

အိန္ဒိယ လယ်ယာသုံး စက်ကိရိယာ အရောင်းပြခန်း မြန်မာ၌ ဖွင့်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၅   
အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီမှ မြန်မာ့လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများ စတင်ရောင်းချမည့် စာနယ်ဇင်း ရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့ရှိPark Royal Hotel၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လယ်ထွန်စက်များမှာ မြင်းကောင်ရေ ၂၅ ကောင်မှ ၁၁ဝ ကောင်အထိ အမျိုးအစား စုံလင်စွာပါဝင်သည့် စက်များအပြင် လယ်ထွန်စက်နှင့် တွဲဖက် အသုံးပြု နိုင်သော ဆက်စပ် ပစ္စည်းများ ဖြစ်ပြီး နှစ်နှစ် အာမခံဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
Escort ကုမ္ပဏီမှ ထုတ်လုပ်သော ပစ္စည်းများမှာ မြန်မာနိုင်ငံအပြင် အမေရိကန်၊ သြစတြေးလျနှင့် တူရကီ၊ ပိုလန်နိုင်ငံတို့မှ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ပေါင်း ၈၅ နိုင်ငံတွင် လက်ရှိ ရောင်းချနေသော စက်များ ဖြစ်ကြောင်း သိရသည်။
ဧပြီဦး

ဗြိတိသျှဝန်ကြီး မစ္စတာ မစ်ချဲလ် နေပြည်တော်မှာ အစိုးရအဖွဲ့နဲ့တွေ့ဆုံဆွေးနွေး

နိုဝင်ဘာလ(၁၅)ရက်နေ့ က ဗြိတိသျှပါလီမန်အမတ် အစိုးရအဖွဲ့ဝင် ၀န်ကြီး H.E.Mr Andrew Jone Bower Mitchell ဟာ ဒုသမ္မတဦးတင်အောင်မြင့်ဦး နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ ပူးပေါင်း   ဆောင်ရွက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


ဗြိတိသျှဝန်ကြီးဟာ ပြည်သူ့လွှတ်တော်ဥက္ကဌဦးရွှေမန် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ ဦးရွှေမန် က ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး နဲ့ လွှတ်တော်ဥပဒေကြမ်းများရေးဆွဲနေမှုတို့ကို ရှင်းပြခဲ့တယ် လို့ ဆိုပါတယ်။

ဗြိတသျှဝန်ကြီးဟာ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးသိန်းဌေး နဲ့ လည်းတွေ့ပါတယ်။ ဒုဗိုလ်ချုပ်ကြီး သိန်းဌေး ကတော့ နိုင်ငံရေးပြောင်းလဲမှု နဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းဆွေးနွေးမှု အခြေအနေ တွေကိုရှင်းပြခဲ့တယ်လို့သိပါတယ်။

အဆိုပါတွေ့ဆုံမှုတွေဟာ တဖွဲ့ချင်းအလိုက်သီခြားစီတွေ့ဆုံခဲ့တာပါ။

ဝန်ကြီး မစ္စတာ မစ်ချဲလ် ဟာ နိုဝင်ဘာလာ(၁၇)ရက်နေ့ မှာတော့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားရောက်တွေ့ဆုံဖို့ရှိကြောင်းသိပါတယ်။

သစ်ထူးလွင်


ယခုနှစ်တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သို့  လူတစ်သိန်းကျော်လာရောက်

b33_02
၂၀၁၁ ခုနှစ် တောင်ကြီးမြို့ မဟာဘုံကထိန် တန်ဆောင်တိုင်မီး ပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၃ ရက် နေ့မှ ၁၁ ရက်နေ့အထိ ကိုးရက်တိုင် တိုင်ကျင်းပပြီးစီးခဲ့ကြောင်းနှင့် ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့ညနေ ၆ နာရီက တောင်ကြီးမြို့ အဝေယျာ မီးပုံးပျံကွင်းတွင် ကျင်းပပြီးစီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ပွဲတော်သို့ ပြည်တွင်းရပ်ဝေးရပ်နီး ဧည့်သည်ဦးရေ တစ်သိန်းခန့် လာရောက်ခဲ့ပြီး နိုင်ငံခြားသားဧည့်သည် ထောင်ချီလာရောက်ခဲ့ကြောင်း၊ ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်း ဌာနဆိုင်ရာ ဧည့်ရိပ်သာများ၊ လူမှုရေးခန်းမ များ ပြည့်လျှံရုံသာမက၊ ဘုန်းတော်ကြီးကျောင်းများတွင်ပါ ဧည့်သည်ပြည့်လျံခဲ့ပြီး ဧည့်သည်အချို့မှာ မိမိတို့စီးနင်းလာသည့် ကားပေါ်တွင်ပါအိပ်စက်ရသည်အထိ ဖြစ်ခဲ့ကြောင်း ဒေသခံအချို့ကပြောပြ သည်။
b33_02_1
ပွဲတော်ကိုးရက်တွင် တစ်ရက် နှစ်ရက်ခန့်သာ မိုးဖွဲဖွဲရွာသွန်း၍ လေအနည်းငယ်တိုက်ခတ်ခဲ့ပြီး ကျန်ရက်များတွင် နေ့ည ရာသီဥတုသာယာခဲ့သဖြင့် နေ့လွှတ်၊ ညလွှတ်မီးပုံးပျံများကို အောင်မြင်စွာ လွှတ်တင်ပြိုင်ပွဲ ၀င်နိုင်ခဲ့ ကြောင်း၊ မြို့လုံးကျွတ် ဘုံကထိန်လှည့်လည်ပွဲလည်း မိုးလွတ်ခဲ့ကြောင်း သိရသည်။
မြို့လုံးကျွတ်ဘုံကထိန်ကို နို ၀င်ဘာလ ၉ ရက်အဖိတ်နေ့ နံနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီအထိကျင်းပခဲ့ပြီး ပဒေသာပင်စုစုပေါင်း ၂၀၇ ပင်ကို အိုးစည်ဗုံမောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့် ဗိုလ်ချုပ်အောင် ဆန်းလမ်းမ တစ်လျှောက်လှည့်လည်ခဲ့ပြီး မြို့လယ်ဓမ္မာရုံသို့ ပို့ဆောင် လှူဒါန်းခဲ့ကြောင်း၊ ပဒေသာပင်နှင့် အလှူငွေ စုစုပေါင်း ကျပ် ၄၇၄ ၄၄၆၆၀ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ခွဲဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
နေ့လွှတ်၊ ညလွှတ်မီးပုံးပျံပြိုင် ပွဲကို နိုဝင်ဘာ ၃ ရက်နေ့မှ ၁၀ ရက် နေ့အထိ ကျင်းပခဲ့ပြီး ညမီးကျည်ပြိုင်ပွဲ ပထမ နဂါးမီး၊ ဒုတိယ ပုတုမီး၊ တတိယ ဂရင်းရွိုင်ရယ်မီး၊ စိန်နားပန်ပြိုင်ပွဲ ပထမ တောင်ကြီး တက္ကသိုလ်မီး၊ ဒုတိယ ရွှေဓနုမီး၊ တတိယ ချယ်ရီအက်ဖ်အန်မီး၊ နေ့လွှတ်အရုပ် ပြိုင်ပွဲခြေနှစ်ချောင်း ပထမ မာစတာမီး၊  ဒုတိယ ကောင်တာမီး၊ တတိယ မြူနှင်းမီး၊ ခြေလေးချောင်း ပထမ  ပုညမီး၊ ဒုတိယ ပြိုင်ဖက်မီး၊တတိယ ကိုယ်ပွားမီး၊ အုပ်စု ပထမ ဖိုးသားမီး ဒုတိယ နတ်သူငယ်မီး၊ တတိယ အာမိုမီးတို့ ဆုအသီးသီးရရှိသွားကြပြီး လပြည့်ညတွင် ကျင်းပသော မီးပဒေသာပြိုင်ပွဲတွင် ပထမချမ်းမြ(မြို့မ၊ ကန်အောက်အဖွဲ့၊ ဒုတိယရွှေတောင်၊ စိန်ပန်း၊ကန်ရှေ့အဖွဲ့၊ တတိယ ကန်ကြီး၊ ကျောင်းကြီးစု အဖွဲ့တို့ ရရှိ သွားကြောင်း သိရသည်။
ဆုရရှိသော အဖွဲ့များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာ အရာရှိများက ငွေသားဆုနှင့် ဆုဖလားများပေးအပ်ချီးမြှင့်ခဲ့ပြီး တက္ကသိုလ်၊ ကောလိပ်၊သင်တန်း ကျောင်းမှ ကျောင်းသူများ၊ အထက၊ အလက ကျောင်းသားသူများ စုစုပေါင်း ငါးထောင်ကျော်က စုပေါင်း အကများဖြင့် ဖျော်ဖြေခဲ့ကြပြီး မီးပုံးပျံ အလုံးတစ်ထောင်၊ ဆုရမီးအဖွဲ့များ ၏ မီးပုံးပျံအကြီးများ လွှတ်တင်၍ မီးကျည်၊ မီးရှုး၊မီးပန်းများပစ်ဖောက်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သတင်း---Eleven Media Group

NLD မှတ်ပုံတင်ရေး ကိစ္စနှင့်ပတ်သတ်ပြီး ဗကပ က သဘောထား ထုတ်ပြန်။

ဗကပ ပြောခွင့်ရသူ ရဲဘော်ဖိုးသံချောင်း
နိုဝင်ဘာ ၁၅- ၂၀၁၁

NLD ပါတီ မှတ်ပုံတင်ရေးနှင့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်၊ မ၀င် ကိစ္စ နှင့် ပတ်သတ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ ( ဗကပ ) က ယနေ့ရက်စွဲဖြင့် သဘောထားကြေငြာချက် တစ်ရပ်ထုတ်ပြန်လိုက်သည်။

NLD ပါတီအနေဖြင့် မှတ်ပုံတင်သည်ဖြစ်စေ၊ ကြားဖြတ်ရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ ပြည်သူအနေဖြင့် အကြောင်းပြချက် တစ်ရပ်ကို သိသင့်ကြောင်း ၎င်းကြေငြာချက်တွင် ဖော်ပြထားသည်။

"ထိုကိစ္စသည် ဗမာပြည်၏ နိုင်ငံရေးကိစ္စလည်း ဖြစ်နေသည်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ကို ပြည်သူ တစ်ရပ်လုံးက ပုံအောပြီး မဲပေးလိုက်တာ ဖြစ်လို့ ပြည်သူ့ ကိစ္စလည်း ဖြစ်သည်" ဟု လည်း ရေးသားထားသည်။

ထို့အပြင် ၂၀၀၈ အခြေခံဥပဒေကို လွတ်တော် နိုင်ငံရေးနည်းလမ်းဖြင့် ပြုပြင်ပြောင်းလဲရန် ရည်ရွယ်ချက်ရှိမရှိနှင့် ၂၀၁၅၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲများထိ မျှော်မှန်းထားခြင်းမရှိ ပြည်သူထံ တင်ပြရန်လိုအပ်ကြောင်း တောင်းဆိုထားပြီး  NLD က လွတ်တော် နိုင်ငံရေးတွင် ၀င်ရောက်လှုပ်ရှားခြင်းဖြင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ လွတ်မြောက်လာနိုင်ခြင်းရှိမရှိနှင့် လက်ရှိ အစိုးရနှင့် နှုတ်ကတိနားလည်မှု ရရှိထားမထားကိုလည်း မေးခွန်းထုတ်ထားသည်။

ဗကပ အနေဖြင့် ယခု တပ်မတော်အရာရှိကြီးများဖြင့် ဖွဲ့စည်းထားသည့် အစိုးရသစ် လုပ်ဆောင်နေသော အပြောင်းအလဲတချို့သည် ယခင် အမြင်အတွေးဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သုံးသပ်ကြောင်း ဖော်ပြထားသည်။

Myanmar News Now

ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကာတွန်းပြပွဲ ကျင်းပမည်

ကာတွန်း ပညာရှင်ပေါင်း ၃၀ ကျော်၏ လက်ရာ ကာတွန်း ၁၀၀ ကျော် ပါဝင်ပြသမည့် " ကာတွန်းမြစ် " အမည်ရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကာတွန်းပြပွဲတစ်ခုကို နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ သုံးရက်တိုင်တိုင် နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအတွင်း ရန်ကုန်မြို့၊ ယောမင်းကြီးလမ်း၊ အမှတ် (၆၅) ရှိ Gallery 65 တွင် ခင်းကျင် ပြသ သွားမည် ဖြစ်ကြောင်း အဆိုပါ ကာတွန်းပြပွဲ ဖြစ်မြောက်ရေး စီစဉ်ကြသူများထံမှ သိရသည်။
The Voice Weekly

ယုဇနကုမ္ပဏီမှ လုပ်အားခများကိုထုပ်ပေးခြင်းမရှိသောကြောင့် လုပ်သမားရာချီ၍ ကုမ္ပဏီမှ စွန့်ခွာ


 ၁၅ နိုဝင်ဘာ ၂၀၁၁ ကော့သောင်း
                       တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ ယုဇနဆီအုန်းကုမ္ပဏီတွင် လုပ်အားခများ ပုံမှန်မပေးခြင်း၊ အလုပ်ခေါ်စဉ် စာချုပ်ပါအချက်များအား ချိုးဖောက်ခြင်း၊ ကျမ်းမာရေးခံစားခွင့်များ လုံလောက်စွာမပေးခြင်းစသည့် အခြေနေများကြောင့်ဇုံပေါင်း(၄၈)ခုမှအလုပ်သမားရာနှင့် ချီပြီး ထွက်ပြေးမှုများဆက်တိုက်ဖြစ်ပေါ်လျှက်ရှိပါသည်။
          
                       ကော့သောင်းမြို့မှ (၁၄)မိုင်ခန့်သွားရသောယုဇနကုမ္ပဏီသည် ဇုံများခွဲ၍ ဆီအုန်းပင်များစိုက် ပျိုးလျှက်ရှိပြီ်း ဇုံတစ်ဇုံတွင်အလုပ်သမား(၆၀) ကျော်ရှိပါတယ်၊ estate.a.devision 0.3 ဇုံမ ပထ၀ီဖြင့်ကျောင်းပြီးခဲ့ သောဝန်ထမ်းကိုစိုးမှသူကြုံတွေရသောအခြေနေများကိုယခုလိုပြောပြပါတယ်“ကျွန်တော်ကရန်ကုန်တိုင်း  ကော့မှူး
မြို့နယ်ကပါ ယုဇနကုမ္ပဏီက (၂၀၀၉) မှသတင်းစာကနေ လက်ထောက်မန်နေဂျာ အဖြစ်အလုပ်ခေါ်တော့ ရွှေဂုံတိုင်မှာရှိတယ့် ယုဇနကုမ္ပဏီရုးံချုပ်မှာ အတွင်းရေးမူးအစ်မကြီး မစပယ်ထံမှာအင်တာဗျူးပြီး အဲဒီရာထူးကို လစာ ၂ သိန်းနဲ့ခန့်ခဲ့ပါတယ”်။

                         ရန်ကုန်မှ ကော့သောင်းသို့ ထွက်လာတဲ့အခြေနေကို ကိုစိုးကပဲ“ ကျွန်တော်တို့ကို ကုမ္ပဏီ  ပိုင် ဆီအုန်တင်သင်္ဘောဖြစ် (၃.၁၀.၂၀၁၁) တွင်အလုပ်သမား (၅၀၀)ကျော်တင်ဆောင်ကာ ကော့သောင်းသို့  ထွက်ခွာပြီး (၅.၁၀.၂၀၁၁) တွင်တော်ဝင်ဆိပ်ကမ်းကို ရောက်ရှိပါတယ် ဆိပ်ကမ်းကနေ ဘေးတစ်ဖက်တစ်ချပ်ကို မမြင်ရတယ့် တာလပတ်အုပ်ထားတဲ့ ဆယ်ဘီးတပ် ဆီသီးတင်ကားကြီးတွေနဲ့ ကျွန်တော်အပါဝင် အလုပ်သမား
များကိုတင်ဆောင်ကာ ကားပေါ်ပါကုမ္ပဏီတာဝန်ရှိသူမှ တာလပတ်တွေကိုမဖွင့်ရန် ဖွင်ရင်တော့ နာမယ်လို့ခြိမ်း ခြောက်ပြီး ခေါ်လာခြင်းခံခဲ့ရပါတယ် ကျွန်တော်အဲဒီကော့သောင်းဆိပ်ကမ်းမှာ ကြုံတွေ့တဲ့အချိန်ကစပြီး ရန်ကုန်မှာ အလုပ်ခေါ်စဉ်က အခြေနေနဲ့ကွာခြားနေသည်ကို စတင်ခံစားရမိပါတယ် ကော့သောင်းမြို့တော်ဝင်  ဆိပ်ကမ်းမှ (၃၈)မိုင် သွားရတယ့် ယုဇနကုမ္ပဏီ ကော့သောင်းရုးံကို လမ်းတွင် အတက်အဆင်းမရှိ (၁)နာရီခန့် မောင်းနှင်း ရောက်ရှိခဲ့ပါတယ်”

                           (၃၈)မိုင် ယုဇနကုမ္ပဏီရုးံတွင် ခတ္တ နေရာချထားပေးပြီး ၄င်းမှ (၇)မိုင်ခန့်ဝေးသော  D.2 ခြံ တွင် အလုပ်သမားတန်းရမ်းတွင် နေထိုင်ရကာ ဧက(၁၀၀၀)ရှိသော လုပ်ကွက်တွင် ရန်ကုန်မှ လက်ထောက်ခြံမန် နေဂျာရာထူးဖြင့် ခေါ်ယူခဲ့သော်လည်း လက်တွေ့တွင်ခြံတာဝန်ခံအဖြစ် စတင်လုပ်ကိုင်ခဲ့ရပါတယ် အလုပ်ချိန်ကို နံနက် (၆.၀၀) နာရီမှ နံနက်(၁၁.၀၀) နာရီ ၊နေ့လည် (၁.၀၀) နာရီမှ ညနေ(၅.၀၀) နာရီထိ စုစုပေါင်း (၉.၀၀) နာရီကြာလုပ်ကိုင်ခဲ့ရပါတယ်၊ ရန်ကုန်မှ စရိတ်ငြိမ်းဟုအလုပ်ခေါ်စဉ်က ပြောခဲ့သောလည်း ဒီရောက်တော့ တစ်လ စာအတွက် ဆီ(၅၀) သား၊ ကြက်သွန် (၁၀)သား ငရုတ်သီး(၅)ကျပ်သား ပဲ(၁) ထုတ် ပေးပေမဲ့ ဘယ်လိုမှလောက် ငှခြင်းမရှိပါဘူး စရိတ်ငြိမ်းဆိုတာ အမည်ခံသက်သက်ပါပဲလို့” အလုပ်သမားတစ်ဦး၏ ခံစားခွင့်နဲပက်သက်ပြီး ကုမ္ပဏီ၏ အပြောနဲ့အလုပ်ဆန့်ကျင်ဘက်ဖြစ်နေပုံကို ကိုစိုးက ပြောပါတယ်။

                           ဒါက လုပ်သမားတာဝန်ခံတစ်ယောက်ပေါ်မှာ လက်တွေ့ဆက်ဆံကြုံတွေ့ရတာပါ “ ကျွန်တော် တို့ ရန်ကုန်မှာ အလုပ်သွားလျှောက်တော့ ကုမ္ပဏီက လုပ်ခလာစာကို တစ်ဦးလျှင် (၆၀၀၀၀)ကျပ်နုန်းနဲ့ အနည်း ဆုးံ (၆)လစာချုပ်နဲ့ ကော့သောင်းကိုလိုက်ခဲ့တာပါ ရန်ကုန်တွင်အလုပ်ခေါ်စဉ် အထက်ပါလစာအပြင် တလကို ဆန် (၁၂)ပြည်ပေးမည်ဟု ဆိုသောလည်း ဆန်တော့ပေးပြီး ဆန်ဖိုးဖြတ်တာကို တွေ့ရှိရပါတယ် ကုမ္ပဏီမှ (၆)လ ကျော်လျှင် ထွက်လိုကထွက်နိုင်တယ့်လို့ဆိုသော်လည်း လုပ်ခလစာရှင်းမပေးသောနည်းနဲ့ အလုပ်သမားစာချုပ်ပါ အချက်များကို ချိုးဖောက်ခြင်းဖြစ်တယ်လို့” ကိုစိုးနှင့်အတူ တစ်ဇုံတည်းတွင်လုပ်ကိုင်သူ အခြေခံအလုပ်သမား ဦးအောင်မြင့်က ပြောပါတယ်။

                ရန်ကုန်တွင်အလုပ်ခေါ်စဉ် လတ်ထောက်မန်နေဂျာအဖြစ် သတင်းစာတွင် ခေါ်ယူစဉ်က ကုမ္ပဏီအင်တာဗျူးတာဝန်ခံ မစပယ်က ၄င်းရာထူးအတွက် ငွေကျပ်(၂) သိန်းသတ်မှတ်ကာ လတိုင်းရှင်း စနစ်ဖြစ် ခေါ်ယူခဲ့သော်လည်း ကော့သောင်းခြံတွင် လစာနှင့်ပက်သက်ပြီး ရန်ကုန်တွင်ပြောသည့်ပုံစံ မဟုတ်တော့ဘဲအ   လုပ်ထွက်မှ လစာရှင်းမည်ဟု ကော့သောင်းတာဝန်ခံစီမံကိန်းဒါရိုက်ဆိုသူ ဦးဇော်လွင်မှ ပြောကြားခဲ့ပါတယ် လစာ ကိုရန်ကုန်တွင် အလုပ်ခန့်စဉ်က (၂)သိန်းကျပ်သတ်မှတ်ခဲ့သောလည်း ကော့သောင်းအရောက်တွင် (၁သိန်း ၂ သောင်း) သာ ပြောင်းလှဲသတ်မှတ်ပေးပြီး (၃) လကြာလျှင် လစာတိုးမြင့်ပေးမည်ဟု ဆိုသောလည်း မိမိအပြင် မိမိနှင့်ရာထူးတူ ၀န်ထမ်းများလည်း တိုးမြင့်လစာ ခံစားခွင့် မရရှိကြကြောင်း ကိုစိုးက ပြောကြားပါတယ်။

                            အလုပ်သမားများကို ခေါ်ယူစဉ် ရန်ကုန်၌ ကျမ်းမာရေးအတွက် ကုမ္ပဏီမှ တာဝန်ယူမည် ဟုဆိုသော်လည်း လုပ်ကွက်မှ (၂၄) မိုင်ဝေးသော ဆေးရုံတွင် သွားရောက်ကုသခံရန်အတွက် အလွန်ဝေးသော ကြောင့် အများအားဖြင့် မိမိစရိတ်ဖြင့်သာ လုပ်ကွက်၌ အခကြေးငွေဖြင့် ကုသကြတယ်ဟု ခြံတာဝန်ခံအဖြစ်လုပ် ကိုင်နေသူ ကိုစိုးမှ ပြောပါတယ် ဒီအခြေနေတွေကြောင့် အလုပ်ခွင်တွင်မပျော်တော့သောကြောင့် (၆)လပြည့်၍ လုပ်အားခထုတ်ပြီး အလုပ်မှထွက်ကာ သီးခြားခြံတွင်လုပ်ကိုင်ရန် လစာထုတ်ပေမယ့် မထုတ်ပေးနိုင်ဘူး ကြိုတ်တဲ့ နေရာမှာသွားတိုင်နိုင်တယ် သူဌေးက အမတ်ဖြစ်တယ် စသဖြင့် ရိုင်းပြအနိုင်ကျင့်ခြင်းခံ ရတယ်လို့ သူတို့(၂) ဦးလုးံက ပြောပါတယ်။

            ယုဇနဆီအုန်းကုမ္ပဏီသည်ကာလကြာရှည်ကတည်းကအလုပ်သမားများအခွင့်ရေးနှင့်ပက်သက်
ပြီးအလုပ်သမားများအပေါ်ဆက်ဆံရာတွင် နာမည်ပျက်နှင့်ကျော်ကြားသော ကုမ္ပဏီဖြစ်တယ်ကော့သောင်းမြို့ တွင် တခြားဆီအုန်းကုမ္ပဏီများဖြစ်သည့် ရွှေဆီအုန်း၊ ပိုကောင်း၊ စူပါဝမ်း စသောကုမ္ပဏီ များအနက် ဆီအုန်းစိုက်ပျိုးမြေ အများဆုးံရရှိသောကုမ္ပဏီဖြစ်ပြီး အလုပ်သမားအများဆုးံ ကုမ္ပဏီ လည်းဖြစ်ပါတယ်၊အထက် မြန်မာပြည်မှ လာရောက်လုပ်ကိုင်သောအလုပ်သမားများ ၄င်းကဲ့သို့သောအခက်ခဲများကြောင့် မှတ်ပုံတင်ကို  လည်းယင်းကုမ္ပဏီမှပြန်လည်ထုတ်ပေးခြင်းမရှိသောကြောင့်အလုပ်မှထွက်ပြေးကာနေရပ်ကိုပြန်ရန်အခက်ခဲဖြစ်ပြီးကော့သောင်းမြို့အတွင်းတွင် ခိုကိုးရာမဲ့ ဘ၀ဖြစ် ရေစုံမြောနေသူတွေ အများကြီးပဲလို့ မြို့ခံ ကိုသန်းရွှေမှ ပြောပါတယ်။





Myanmar News Now

မရှင်းမရှင်း သဘောတူညီချက်(၃)ချက် နဲ့ ဆန္ဒပြသံဃာတော်တွေ

မန္တလေးတိုင်းဒေသကြီးရှိ မဟာဗုဒ္ဓ၀င်ပြတိုက်အတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြသော ဦးဇဉ်းငါးပါးနှင့် နိုင်ငံတော်သံဃာနာရယအဖွဲ့ ၊ တိုင်းသံဃာနာရက အဖွဲ့တို့ ညနေ၆နာရီဝန်းကျင်တွင် တွေ့ဆုံညှို့နှိုင်းခဲ့ရာ ဦးဇဉ်းငါးပါးတောင်းဆိုခဲ့သော အချက်များကို လက်ခံသဘောတူခဲ့သော်လည်း မဟာဗုဒ္ဓ၀င်ပြတိုက်မှ မစိုးရိမ်ကျောင်းတိုက်သို့ ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။
မစိုးရိမ်ကျောင်းတိုက်သို့ ပြောင်းရွှေ့ခိုင်းခဲ့ကြောင်းသိရသည်။

 “ညနေပိုင်းလောက်က နိုင်ငံတော်သံဃာနာယက အဖွဲ့ရယ် တိုင်းသံဃာနာယက အဖွဲ့ရယ်လာပြီး ကျောင်းထဲဝင်သွားတယ် ဆွေးနွေးတယ်ပေါ့ဗျာ နောက်အဲ့က ဦးဇဉ်းပြောတယ် သူတို့တောင်းဆိုထားတဲ့ အချက်သုံးချက်ကို သဘောတူပါတယ် လက်ခံတယ်ပေါ့ ဒါကြောင့် တရားဟောခွင့်သုံးရက်ပေးမယ်တဲ့ တစ်ရက်ကို တစ်နာရီပေးမယ်ဆိုတာ ရတဲ့အကြောင်းပေါ့” ဟု မန္တလေးမြို့ရှိ မန္တလေးတိုင်းဒေသကြီးအတွင်း၊ ဆန္ဒဖော်ထုတ်ခဲ့သော သံင်္ယာများနှင့် နီးစပ်သော ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံတော်သံဃာနာယက အဖွဲ့နှင့် တိုင်းသံဃာနာယက အဖွဲ့တို့၏ သဘောတူလက်ခံချက်ကြောင့် မဟာဗုဒ္ဓ၀င်ဗိမ္မာန်တော်အတွင်းတွင် ဆန္ဒထုတ်ဖော်ပြခဲ့သော ဦးဇဉ်းငါးပါးမှ နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွှတ်ပေးရန်နှင့် ပြည်တွင်းစစ်ချက်ချင်းရပ်ပေးရန်ဟူသော ကိစ္စများနှင့်ပတ်သက်၍ တရားဟော ပြောမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအတွင်း၊ ဆန္ဒဖော်ထုတ်ခဲ့သော သံင်္ယာများနှင့် နီးစပ်သော ဒေသခံများအား ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။

နိုင်ငံတော်သံဃာနာရကအဖွဲ့ ၊ တိုင်းသံဃာနာရက အဖွဲ့တို့နှင့် မဟာဗုဒ္ဓ၀င်ဗိမ္မာန်တော်ကြီးအတွင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသော ဦးဇဉ်းငါးပါးတို့တွေ့ဆုံဆွေးနွေးပြီးနောက် ၃၆ လမ်းနှင့် ၃၇ လမ်းကြား၊ မစိုးရိမ်တိုက်ဟောင်းတွင် တရားဟောခွင့် သုံးရက် ခွင့်ပြုလိုက်ကြောင်းသိရှိရသည်။

နဂိုဆန္ဒပြရာနေရာဖြစ်သော မဟာဗုဒ္ဓ၀င်ဗိမ္မာန်တော်သည် လူအများရှိနေသောကြောင့် ပြည်သူများသွားရာတွင် အခက်အခဲရှိနိုင်ကြောင်းကို ကျောင်းထိုင်ဘုန်းကြီးမှ မိန့်တော်မူသောကြောင့် ဦးဇဉ်းငါးပါးအား နေ၇ာပြောင်းရွေ့ခိုင်းကြောင်း သိရှိရသည်။

“ မစိုးရိမ်တိုက်ဟောင်းကို ညနေ ၆နာရီဝန်းကျင်လောက်ကတည်းက အပြီးပြောင်းခိုင်းတာ အသံချဲ့စက်တွေလည်း ဦးဇဉ်းတွေယူသွားကြတယ် သုံးရက် တရားဟောခွင့်ပေးမယ်ဆိုတော့လေ မနက်ဖြန်ကို နေ့လည် ၁နာရီကနေ ၂နာရီအထိ အဲ့နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တရားဟောမယ်လို့ကြားတယ် သုံးရက်ရတယ်ဆိုတော့ မနက်ဖြန်မှာ စာရွက်တွေကမ်းဖို့လည်း တစ်ချို့လူတွေ ပြင်ဆင်နေကြပြီ “ ဟု ချမ်းအေးသာစံရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

တရားဟောခွင့် သုံးရက်ပေးခဲ့သော်လည်း အဆိုပါ သုံးရက်အတွင်း ဖြေရှင်းပေးခြင်း တစ်စုံတစ်ရာမျှ မရှိပါက ဆက်လက် ဆန္ဒထုတ်ဖော်သွားရန် အစီအစဉ်ရှိကြောင်းကိုလည်း ယနေ့ညနေအချိန်တွင် အဆိုပါဦးဇဉ်းများမှ ကြေငြာခဲ့ကြောင်းသိရှိရသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
နိုဝင်ဘာ ၁၅၊ ရန်ကုန်မြို့။

NLD ပါတီကို ၈၉ရာခိုင်နှုန်းက ပြန်လည်မှတ်ပုံတင်စေလိုကြောင်း လူထုသဘောထားစစ်တမ်းကောက်ယူရာမှာဖော်ပြ

7Day News ဂျာနယ်က သာမန် ပြည်သူ ၁၀၀ ဦးအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အင်န် အယ်လ် ဒီ)ပါတီကိုပြန်လည်မှတ်ပုံတင်စေ လိုခြင်း၊ မတင်စေလိုခြင်းအပေါ် ယင်းတို့၏ သဘောထားဆနကို ကျပန်းတွေ့ဆုံမေးမြန်းခဲ့ရာ ဖြေဆိုသူအားလုံး၏ ၈၉ရာခိုင်နှုန်းက ပြန်လည်မှတ်ပုံတင်စေလိုကြောင်းဖြေဆိုခဲ့သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည် တော်၊ မုံရွာမြို့များ နေထိုင်သူများ နှင့် ပြည်ပနှင့်ကျေးလက်ဒေသ များတွင် နေထိုင်သူစုစုပေါင်း၁၀၀ ဦးကို ကျပန်းလူတွေ့မေးမြန်းခြင်း၊ တယ်လီဖုန်းနှင့် အွန်လိုင်းမှတစ် ဆင့် မေးမြန်းခြင်းပြုခဲ့ပါသည်။ ဖြေဆိုသူများမှာ အလွှာပေါင်းစုံမှ အလုပ်အကိုင်မျိုးစုံ လုပ်ကိုင်နေသူများဖြစ်သည်။ လူ ၁၀၀ တွင် ၈၄ ဦး က အင်န်အယ်လ်ဒီပါတီကို ပြန် လည်မှတ်ပုံတင်စေလိုသည်ဟု ဖြေ ပြီး၊ ၈ဦးက မှတ်ပုံမတင်စေလို ပါဟုဖြေသည်။  ၃ဦးကမူ မည် သည့်မှတ်ချက်မျှ မပေးပေ။

လူ ၁၀၀ ဦးအားကျပန်းတွေ့ ဆုံမေးမြန်းရာ-
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြန်လည်မှတ်ပုံတင်စေလိုသည်ဟု ဖြေဆိုသူများကို ဘာကြောင့်ပါလဲဟု အမေးတွင် ““တရားဝင်ပါတီအနေ နဲ့ လှုပ်ရှားစေချင်လို့ပါ”” ဟု အ သက် ၃၀ နှစ်အရွယ် ဈေးဆိုင်ပိုင် ရှင်တစ်ဦးက ပြောသည်။

အသက်  ၅၃ နှစ်အရွယ် အရောင်းအ၀ယ် နှင့် ဗေဒင်ဆရာလုပ်ကိုင်သူ တစ် ဦးက အင်န်အယ်လ်ဒီပါတီ မှတ် ပုံတင်စေလိုခြင်း၏ အကြောင်း ရင်းကို ““ပူးပေါင်းလုပ်တာ အ ကောင်းဆုံးပါ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့မ တည့်လို့ ဆူဆူပူပူဖြစ်ရင် နောက် ဆုံးပြည်သူလူထုပဲ ထိတာလေ”” ဟု ဖြေသည်။

အသက် ၂၄ နှစ်အရွယ် စာ ရင်းကိုင် အမျိုးသမီးတစ်ဦးက ““မှတ်ပုံတင်မှသာ ရွေးကောက်ပွဲမှာ တရားဝင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး အနိုင်ရရှိဖို့ အလားအလာရှိလာလို့ပါ”” ဟု ဖြေသည်။

(စတုတ္ထတန်းအောင် ပညာအရည်အချင်းရှိသော) အသက် ၇၅ နှစ်အရွယ် အဘွားတစ်ဦးက ““မှတ်ပုံတင်ထားရင် ရွေးကောက်
ပွဲဝင်သင့်တဲ့အချိန် ၀င်နိုင်ရန်ဖြစ်ပါတယ်””ဟုဖြေသည်။

““တိုင်းပြည်ကောင်းအောင်လုပ်မယ်ဆိုတာ ကိုယုံကြည်လို့ပါ””ဟု  အသက် ၅၂ နှစ်အရွယ် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသော အမျိုးသား တစ်ဦးကဖြေသည်။

အသက် ၂၅ နှစ်အရွယ် အိုင်တီလုပ်ငန်းများလုပ်ကိုင်နေသူ တစ်ဦးက ““တင်မှ တရားဝင်ရပ် တည်နိုင်မယ်ထင်လို့ပါ။ အပြောင်း အလဲတစ်ခုဖြစ်လာမယ်လို့ မြင်ပါ တယ်”” ဟု ပြောသည်။

 အသက် ၃၂ နှစ်အရွယ် ရှေ့နေတစ်ဦးက ““အင်န်အယ်လ်  ဒီပါတီ မှတ်ပုံတင်လိုက်ခြင်းအား ဖြင့် ပါတီတရားဝင်ပြီဖြစ်ကြောင်း ပြည်သူမှသိရှိလာ၍ ပါတီနှင့်ဒေါ် အောင်ဆန်းစုကြည်အား ယုံကြည် ကြသဖြင့် မိမိတို့၏အမှန်တကယ် ဆနအား ထုတ်ဖော်ရဲကြမည်ဖြစ် ပါသည်”” ဟု ဖြေသည်။

အသက် ၆၅ နှစ်အရွယ် အထက်တန်းအောင် ဈေးသည်တစ် ဦးက ““လက်ရှိအစိုးရသည်အတိုက်  အခံအင်အားစု အလွန်နည်းပါးပါ သည်။ အင်န်အယ်လ်ဒီပါတီ ရွေး ကောက်ပွဲဝင်ခြင်းဖြင့် ထိုက်သင့် သော အတိုက်အခံအင်အားစုရရှိ လာမည်ထင်ပါသည်။ လက်ရှိ အ စိုးရနှင့်အတိုက်အခံ အပြန်အလှန် ထိန်းကျောင်းမှုရှိမှ ပိုမိုကောင်းမွန် သော ဆုံးဖြတ်ချက်များဖြစ်ပေါ် လာနိုင်ပါသည်”” ဟု ဖြေသည်။
နေပြည်တော် ပျဉ်းမနားမြို့မှ အသက်၄၆နှစ်အရွယ် ယာဉ်မောင်းတစ်ဦးက ““လွှတ်တော်အရပ်ရပ် တွင် ကိုယ်တိုင်ပါဝင်ပြီး အမှန်တ ရားများအတွက် ရပ်တည်မှုပေးနိုင် ရန်””ဟု ဖြေသည်။

အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသားတစ်ဦးက အင်န်အယ်လ်ဒီပါတီမှတ် ပုံတင်စေလိုခြင်း၏အကြောင်းရင်းကို အောက်ပါအတိုင်းဖြေသည်။
““အမေစု ပါတဲ့အတွက်ကြောင့်ပါ””

       အင်န်အယ်လ်ဒီပါတီကိုမှတ် ပုံမတင်စေလိုပါဟု ဖြေဆိုသူများ က မှတ်ပုံမတင်စေလိုသော အ ကြောင်းရင်းကို ““ဖွဲ့စည်းပုံအခြေခံ ဥပဒေ အားနည်းချက်ရှိသည်ဟု ထင်ပါသည်”” ဟု အသက် ၃၂နှစ် အရွယ် အိုင်တီလုပ်ငန်းလုပ်ကိုင် သူတစ်ဦးကဖြေပြီး  အသက် ၃၄
နှစ်အရွယ်   အမျိုးသားတစ်ဦးကလည်း ““၀င်ပြိုင်လည်း အလွန်ဆုံးရနိုင်တာ    ၀န်ကြီးတစ်နေရာစာ လောက်ပဲ။ ဒီအတိုင်းပဲနေတာက အကောင်းဆုံးပါ””ဟုဖြေသည်။

““အင်န်အယ်လ်ဒီပါတီ ပြန် လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်ပါက မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လိုသက်ရောက်မယ်လို့ ထင် ပါသလဲ”” ဟု အမေးကို  ပါတီပြန် လည် မှတ်ပုံတင်စေလိုသည်ဟု ဖြေဆိုသူများက ““အဘက်ဘက်က ကောင်းမွန်ပြည့်စုံလာမယ်လို့ ထင် ပါတယ်””၊ ““နိုင်ငံတကာ ဆက်ဆံ ရေး၊ ပြည်တွင်းစီးပွားရေး၊ တရား စီရင်ရေး၊ လူမှုရေး အစစအရာရာ တွင် ပြောင်းလဲတိုးတက်မှုရှိမည် ဟု ယုံကြည်၍””၊ ““အများကြီး ကောင်းလာနိုင်ပါတယ်””၊ ““သိပ် တော့နားမလည်ဘူး၊ဒေါ်စုကို အားကိုးတယ်”” ဟူ၍ ဖြေကြသည်။

အသက် ၃၂ နှစ်အရွယ်ရှေ့ နေက ““အင်န်အယ်လ်ဒီပါတီ မှတ် ပုံတင်ပြီး ရွေးကောက်ပွဲဝင်ပါက မြန်မာ့နိုင်ငံရေးသည် နိုင်ငံတကာ မှ အာရုံပိုမိုစိုက်လာပြီး အာဏာ ပိုင်များဘက်မှ အတတ်နိုင်ဆုံး တရားမျှတသော ရွေးကောက်ပွဲ များ ကျင်းပပေးလာနိုင်ကာ ထိုသို့ ကျင်းပခြင်းဖြင့် အနာဂတ်ဒီမိုက ရေစီရေးရာသည်တိုးတက်စေလာ  နိုင်ပါသည်”” ဟု ဖြေသည်။

အသက် ၃၄ နှစ်အရွယ် အင်တာနက်ဆိုင်တွင်  အလုပ်လုပ်ကိုင်နေသူတစ်ဦးက ““အနောက်
နိုင်ငံများနဲ့ ဆက်ဆံရေးပိုမို ကောင်းမွန် လာပြီး စီးပွားရေးတိုးတက်လာ မည်ဟုထင်ပါသည်””ဟုဖြေသည်။

အင်န်အယ်လ်ဒီပါတီကို ရွေး ကောက်ပွဲဝင်စေလိုပါက လာမည့် ကြားဖြတ်ရွေးကောက်ပွဲ (သို့မဟုတ်)  ၂၀၁၅ ရွေးကောက်ပွဲတို့
ထဲမှ  မည်သည့်ရွေးကောက်ပွဲတွင် ၀င်ပြိုင်စေလိုပါသလဲဟု အမေးကို ၅၅ ဦးက လာမည့်ကြားဖြတ်ရွေး ကောက်ပွဲကို ၀င်ပြိုင်စေလိုသည် ဟုဖြေသည်။ ၂၆ ဦးက ၂၀၁၅ ရွေး ကောက်ပွဲတွင်မှယှဉ်ပြိုင်သင့်သည်ဟု ဖြေသည်။ ရှစ်ဦးက မည် သည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် စေလိုသည်ဟု  မဖော်ပြဘဲ၊ ရွေး ကောက်ပွဲနှစ်ခုစလုံးတွင် ၀င်ပြိုင် စေလိုသူ ခြောက်ဦးရှိသည်။

လူ ၁၀၀ ကို မေးမြန်းခဲ့သော အဓိကမေးခွန်းတစ်ခုဖြစ်သည့်
““ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်း ဆောင်မှုအပေါ် သင်ယုံကြည်မှု ရှိပါသလား (သို့မဟုတ်)ယုံကြည်မှု မရှိဘူးလား”” ဟု အမေးကို ၈၅ ရာခိုင်နှုန်းဖြစ်သော ၈၅ဦးက ““ယုံ ကြည်မှုရှိသည်”” ဟုဖြေကြသည်။  သုံးဦးကမူ ““ယုံကြည်မှုမရှိပါ”” ဟု  ဖြေပြီး၊ ၁၂ဦးကမူ ထိုအဖြေကိုဖြေ ရန် စောသေးသည်၊ စောင့်ကြည့် လိုသေးသည်ဟုဖြေသည်။
ယုံကြည်သည်ဟု ဖြေသူများ ကို ဘာကြောင့်လဲဟု အမေးတွင် ““ယုံကြည်အားကိုးထိုက်သော ခေါင်းဆောင်ကောင်းတစ်ယောက်
ရဲ့အရည်အချင်းနဲ့ပြည့်စုံနေလို့ပါ””၊   ““အန်တီစုရဲ့ ခိုင်မာသောယုံကြည်ချက်ကို  လေးစားသော ကြောင့်ဖြစ်သည်””၊ ““အများကြီး
စွန့်လွှတ်ပြီးလုပ်ခဲ့တာ၊ နိုင်ငံခြားမှာ အေးအေးဆေးဆေးနေရင်ရ တယ်။ ဒါပေမဲ့ ဒီကိုပြန်လာတယ်။ မိသားစုနဲ့  တကွဲတပြားနေပြီး သူယုံကြည်ရာကို   လုပ်တယ်။ ဒါကြောင့် ယုံကြည်ပါတယ်၊ အားလည်းကိုးပါတယ်”” ဟု ဖြေကြ သည်။

အသက် ၃၅ နှစ်အရွယ် သာသနာ့ဝန်ထမ်းတစ်ဦးက လည်း
““ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ယုံကြည်ပါတယ်။ သူမဟာ စိတ်ဓာတ်ခိုင်မာပြီး ရဲရင့် တဲ့နှလုံးသားပိုင်ရှင်တစ်ယောက်မို့
ယုံကြည်ပါတယ်”” ဟု ဖြေသည်။ အသက် ၆၆ နှစ်အရွယ် အငြိမ်း စားဝန်ထမ်းတစ်ဦးက ““ယုံကြည်မှု ရှိပါသည်။ ကမ္ဘာ့နိုင်ငံရေးခေါင်း ဆောင်ကြီးများမှာရှိတဲ့ အရည်အ ချင်း၊ အကျင့်စာရိတ္တ ဒေါ်အောင် ဆန်းစုကြည်မှာရှိလို့ဖြစ်ပါသည်”” ဟု ဖြေသည်။
မုံရွာမြို့မှ အသက် ၂၅နှစ်အ
ရွယ်ရှိ တက္ကသိုလ်ကျောင်းသား တစ်ဦးကလည်း ““နိုင်ငံရဲ့ ပြောင်း လဲတိုးတက်မှုကို ဖော်ဆောင်နိုင် မယ့်သူအဖြစ် ယုံကြည်ပါတယ်”” ဟု ဖြေသည်။
ယုံကြည်မှုမရှိပါဟု ဖြေဆို သူတစ်ဦးက ““ဒေါ်အောင်ဆန်းစု ကြည်သည် ၈၈ အရေးအခင်းမ တိုင်မီ ကာလထိ မြန်မာနိုင်ငံနှင့် ပတ်သက်၍ လုပ်ဆောင်မှုတစ်စုံ တစ်ရာမရှိသေး၍ပါ”” ဟု ဖြေ သည်။
လက်ရှိမြန်မာနိုင်ငံ၏ အခြေ အနေမှာ ပြုပြင်ပြောင်းလဲမှုများ ဖြစ်နေသည်ဟု ထင်ပါသလားဟု အမေးကို ဖြေဆိုသူအားလုံး၏ ၇၈ ရာခိုင်နှုန်းကျော်က ပြုပြင်ပြောင်း လဲမှုများဖြစ်ပေါ်နေသည်ဟု ဖြေ ပြီး အများစုက အနည်းငယ်သာ ပြောင်းလဲသေးသည်ဟုဆိုသည်။
၁၃ ရာခိုင်နှုန်းက မထင်ဟုဖြေပြီး  ၉ ရာခိုင်နှုန်းက မည်သည့်မှတ်ချက် မျှ မပေးပေ။
မှတ်ချက်-လူ၁၀၀ဦးကို ကျပန်းတွေ့ဆုံ မေးမြန်း၍ ရေးသားမှုဖြစ်ပြီး ပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံအောင် လူဦးရေထောင်ချီ၍ မေး
မြန်းစစ်တမ်းကောက်ယူခြင်း မဟုတ် သည့်အတွက်  လူထုတစ်ရပ်လုံး ကိုယ်စားပြု၊မပြု မသေချာသည်ကို သတိချပ်စေလိုပါသည်။

သတင်း---- 7Day News

အနှိပ်ခန်းမှာရောင်းစားခံထားရတဲ့ မြန်မာအမျိုးသမီး ၇၀ ကို ထိုင်း ကယ်တယ်

မြန်မာ အမျိုးသမီးများကို ကယ်တယ်ခဲ့တဲ့ အနှိပ်ခန်းရှေ့မြင်ကွင်း
ထိုင်းနိုင်ငံ Chanthaburi ခရိုင်မှာ ဖွင့်ထားတဲ့ အနှိပ်ခန်း တစ်ခုက မြန်မာ အမျိုးသမီး ၇၀ နီးပါးကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က ကယ်တင်လိုက်ကြောင်း သိရပါတယ်။
ကယ်တင်လိုက်တဲ့သူတွေထဲက တစ်ဝက်ခန့်ဟာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်တွေ ဖြစ်ကြောင်းနဲ့ သူတို့အားလုံးကို လူမှုဝန်ထမ်းဌာနက စောင့်ရှောက်ထားကြောင်း အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ DSI လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး Komvich Pathanarat က ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအပြီး အားလုံးကို မြန်မာနိုင်ငံဘက် ပြန်ပို့ပေးမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုက နှစ်လ သုံးလလောက် ကြာနိုင်တယ်လို့ သိရပါတယ်။ ဒီအမျိုးသမီးတွေထဲက တချို့ဟာ ပြည့်တန်ဆာအလုပ်လုပ်ဖို့ ထိုင်းနိုင်ငံကို တရားမ၀င် ရောက်လာခဲ့ကြတာဖြစ်ပြီး တချို့ကတော့ တရားဝင်အလုပ် လုပ်ရမယ်ဆိုပြီးမှ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေခံရသူတွေလို့ ဆိုပါတယ်။ သူတို့ထဲမှာ ပြည့်တန်ဆာအဖြစ် အတင်းခိုင်းစေခံရတာ ဘယ်နှယောက်ရှိတယ်ဆိုတာ စုံစမ်း စစ်ဆေးနေပြီး ဘယ်သူခိုင်းစေခဲ့တယ်ဆိုတာ ရှာဖွေဖော်ထုတ်သွားမယ်လို့လည်း သူက ပြောပါတယ်။ ပြီးခဲ့တဲ့လက Khon ဆိုတဲ့ ၁၆ နှစ်ရွယ် မြန်မာအမျိုးသမီးငယ်တစ်ဦး လူကုန်ကူးခံရတာကို စုံစမ်းစစ်ဆေးပေးဖို့ အမျိုးသမီးများလူကုန်ကူးခံရမှု တိုက်ဖျက်ရေးအဖွဲ့က DSI ကို မေတ္တာရပ်ခံခဲ့ရာက ဒီအမှုကို ဖော်ထုတ်နိုင်ခဲ့တာလို့ ဒီကနေ့ထုတ် Bangkok Post သတင်းစာမှာ ရေးသားထားပါတယ်။ အဲဒီအမျိုးသမီးငယ်က သူ့ကို လူကုန်ကူးဂိုဏ်းတခုက Chanthaburi ခရိုင် အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်ဖို့ သိမ်းသွင်းခေါ်ဆောင်သွားကြောင်း၊ အဲဒီအနှိပ်ခန်းမှာ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေခံနေရတာ ၂ လ ရှိပြီဖြစ်ကြောင်း၊ အခကြေးငွေ တစ်ပြားမှ မရတဲ့အကြောင်း အဒေါ်ဖြစ်သူကို ဆက်သွယ်ပြောဆိုခဲ့ရာက အဒေါ်ဖြစ်သူက အမျိုးသမီးများလူကုန်ကူးခံရမှု တိုက်ဖျက်ရေးအဖွဲ့ကို အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ ဒီအမျိုးသမီးငယ်ကို ရှာဖို့အတွက် DSI အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး Komvich Pathanarat ကိုယ်တိုင် အနှိပ်ခန်းကို ဧည့်သည်ဟန်ဆောင် သွားရောက် စုံစမ်းခဲ့ပြီးမှ ခရိုင်တရားရုံးက ရှာဖွေဝရမ်းနဲ့ ၀င်ရောက်စီးနင်းခဲ့ရာက ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတွေကို ကယ်ဆယ်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ 
 

တောက်တဲ့ ရှင်းတမ်း

7Day News  ဂျာနယ်၊ အတွဲ(၁၀)၊ အမှတ်(၃၄)မျက်နှာဖုံးမှ “သုံးပေခွဲကျော်ရှိ တောက်တဲ့ တစ်ကောင် ကျပ်သိန်းပေါင်း တစ်သောင်းခုနစ်ထောင်ဖြင့်ဝယ်ယူ”သတင်းနှင့်ဓာတ်ပုံကိုဖော်ပြခဲ့ပါသည်။ အဆိုပါဓာတ်ပုံမှာ မှားယွင်းနေပြီး၊ သတင်းပါအချက်အလက်အများစု မှားယွင်းခဲ့သည့်အတွက် စာဖတ်ပရိသတ်အားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါသည်။
ဖြစ်စဉ်မှာ ကျောက်ဆည်မြို့အခြေစိုက် တောက်တဲ့ဝယ်လက်(အ၀ယ်တော်) တစ်ဦးက ၎င်းင်းကိုတောက်တဲ့ဝယ်ခိုင်းသော မန္တလေးမြို့မှ တောက်တဲ့ကုန်သည်လုပ်ငန်းရှင်ကြီးတစ်ဦးအား သတင်းပါတောက်တဲ့အကြောင်းကို လိမ်လည်ပြောဆိုရာမှ  အဆိုပါသတင်းစတင်ခဲ့ခြင်းဖြစ်ပါသည်။ တောက်တဲ့ အ၀ယ်တော်က တကယ်မရှိသော တောက်တဲ့အကြောင်းကို ကုန်သည်သို့ပြောပြီး ယုံကြည်စေရန် အင်တာနက်မှထိုင်းနိုင်ငံရှိ တောက်တဲ့ဓာတ်ပုံကို ကူးယူ၍အရှည် သုံးပေခွဲရှိပြီး၊ အလေးချိန် တစ်ပိဿာ လေးဆယ်ကျပ်သားရှိသည်ဟုဆိုကာ   ဈေးမည်မျှပေးမည်ကို  မေးသည်။ မန္တလေးမြို့မှ တောက်တဲ့ ကုန်သည်ကလည်း ထိုတောက်တဲ့မှာ တကယ်ရှိသည်ဟုယုံကြည်ကာ ကျပ်သိန်းပေါင်း တစ်သောင်းစတင်ဈေးပေးသည်။ ထိုဈေးဖြင့် မရဟု ၀ယ်လက်ကဆိုသောအခါ အောက်တိုဘာ ၃၀ရက်တွင် ကျပ်သိန်းပေါင်း ငါးသောင်းအထိ ဈေးပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ၀ယ်
လက်က တောက်တဲ့မှာ တကယ်မရှိသည့်အတွက် အခြားကုန်သည်တစ်ဦးက ကျပ်သိန်းပေါင်း တစ်သောင်းခုနစ်ထောင်ဖြင့် အရောင်း
အ၀ယ်ဖြစ်သွားသည်ဟု လိမ်လည်ပြောဆိုခဲ့သည်။
ထိုဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သော မန္တလေးမြို့မှ တောက်တဲ့ကုန်သည်လုပ်ငန်းရှင်ကြီးမှာ  7Day News ကို နှစ်ရှည်လများ သတင်းပေးကူညီခဲ့သော၊ ယုံကြည်ရသည့် သတင်းရင်းမြစ်ဖြစ်သည့်အတွက် ၎င်းက  စေတနာဖြင့်ပြောပြသည့်အချက်အလက်များကို ကိုးကား၍ သတင်းအဖြစ်ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် ထိုသတင်းပါတောက်တဲ့မှာ တောက်တဲ့အ၀ယ်တော်၏ လုပ်ကြံပြောဆိုမှုမှတစ်ဆင့် ကုန်သည်၊ ကုန်သည်မှ တစ်ဆင့်   7Day News   ၊ ထိုမှတစ်ဆင့် စာဖတ်ပရိသတ်အားလုံးထံသို့ အချက်အလက် အမှားများရောက်ရှိခဲ့သည့်အတွက် စာဖတ်ပရိသတ်အားလုံးကို တောင်းပန်အပ်ပါသည်။
သို့သော် အဆိုပါသတင်းနှင့်ပတ်သက်၍ လုံးဝသေချာသည်မှာ  7Day News က ထိုသတင်းကို လုပ်ကြံရေးသားထားခြင်း မဟုတ်ခဲ့ပါ။ သတင်းရင်းမြစ်ကိုယုံကြည်မှုလွန်ကဲပြီး သတင်းဓာတ်ပုံကိုတွေ့ရစဉ် အမှန်ဟု ယုံကြည်ဖော်ပြမိခဲ့ခြင်းဖြစ်ပါသည်။ ဖြစ်ရပ်
မှ သတင်းဓာတ်ပုံအစစ် ဟုတ်၊ မဟုတ် စစ်ဆေးရန်ပေါ့လျော့မှုများနှင့် သတင်းကို ပိုမိုခိုင်မာရန်ကွင်းဆင်း၍ ဘက်ပေါင်းစုံမှ အချက်အ
လက်များ စုစည်းဖော်ပြရန် ပေါ့လျော့ခဲ့မှုတို့အတွက် 7Day News  စာဖတ်ပရိသတ်အား တောင်းပန်ပါသည်။
သို့သော် အဆိုပါဖြစ်ရပ်တွင် ထိုအလေးချိန်နှင့် ထိုမျှရှိသော တောက်တဲ့ကို မန္တလေးမြို့မှ ကုန်သည်က ပထမအကြိမ် ကျပ်သိန်း
တစ်သောင်း၊ ဒုတိယအကြိမ်ကျပ်သိန်းငါးသောင်း ပေးအပ်ခြင်းမှာ အမှန်တကယ်ဖြစ်ခဲ့ကြောင်း စာဖတ်ပရိသတ်အားလုံးအား သိစေအပ်ပါသည်။

7Day News

လောဘအိုကြီးခင်ရွှေ အတွင်းဝန်ရုံး ဟော်တယ်မလုပ်ရလို့ မီဒီယာများကို ရှုံချ

အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ဝန်ကြီးများရုံးအား ဟိုတယ်အဖြစ် ငှားရမ်းမည်ကို ကန့်ကွက် ရေးသားခဲ့ကြသည့် ပြည်တွင်းမီဒီယာများအား အဆိုးမြင်ရေးသားကြသည်ဟု မြန်မာ့ခရီးသွား လုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ရွှေမှ  ပြစ်တင် ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်တွင် အင်္ဂါနေ့က ပြုလုပ်သည့် မြန်မာ့ခရီးသွား လုပ်ငန်းအကြောင်း သတင်းစာ ရှင်းလင်းပွဲ အဖွင့်အမှာစကား၌ ပြည်တွင်း မီဒီယာများသည် ပြည်ပမီဒီယာများကဲ့သို့ပင် မကောင်းသည့်ဘက်မှ ရှု့မြင်ရေးသားကြသည်ဟု ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေမှ ပြစ်တင်ပြောသွားခြင်း ဖြစ်သည်။

“မဟုတ်က ဟုတ်ကတွေ ရေးတယ်ဆိုကတည်းက တော်တော်လေးကို စိတ်ဓါတ်ကျဖို့ ကောင်းပါတယ်။ ကောင်းတာ မမြင်တဲ့သဘော ဖြစ်နေတယ်။ နိုင်ငံတော်က သွားနေတဲ့ လမ်းကြောင်း ကောင်းနေတာကိုလဲ အသိအမှတ်မပြုတဲ့ သဘောမျိုး ဖြစ်နေတယ်။”ဟု ဦးခင်ရွှေက ပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်အမတ် တဦးလည်းဖြစ်သည့် ဦးခင်ရွှေက ဝန်ကြီးများ ရုံးကိစ္စအပေါ် ကာကွယ်ပြောဆိုသူများကိုပါ သတင်းစာ ရှင်းလင်းပွဲတွင် တုန့်ပြန်ပြောဆို သွားခဲ့သေးသည်။

“တချို့ပြောတာလဲ ကြားတယ်။ ဒါကြီးကို အသက်ပေးပြီး ကာကွယ်မယ်တဲ့။ အသက်ပေးစရာ မလိုပါဘူး တယောက် တသိန်းထည့်ပြီး ဒါကြီးကို ထိန်းသိမ်းမယ်ဆိုရင် အဲ့လူတွေ ထည့်မှာမဟုတ်ဘူး။ အသက်သာ ပေးကြမှာ။” ဟု သူက ဆိုသည်။

“ပြည်တွင်းဂျာနယ်တွေက နုပါတယ်။” ဟု သုံးနှုန်းပြောဆိုခဲ့သည့် ဦးခင်ရွှေက အဆိုပါ ဝန်ကြီးကြီးများရုံးနှင့် ပတ်သက်သည့် မော်နီတာ ဂျာနယ်တွင် ပါရှိသော “ဘယ်ပေတံနဲ့ တိုင်းမှာလဲ” အမည်ရှိ ဆောင်းပါး တပုဒ်ကိုမူ ကွဲလွဲသည့် အမြင်ရှိသည်ဟု ချီးကျူးပြောဆိုခဲ့ပြီး ယင်းဆောင်းပါးကို သတင်းစာ ရှင်းလင်းပွဲတွင် ဝေငှခဲ့သည်။

ဆောင်းပါးတွင် “ ဝန်ကြီးများရုံးသည် အင်္ဂလိပ် အမွေအနှစ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း လပိုင်းသာ ရုံးထိုင်ခဲ့ကြောင်းနှင့်  မြန်မာလူမျိုးများထက် မြန်မာနိုင်ငံအား ကျွန်အဖြစ် ပြုလုပ်ခဲ့သည့် အင်္ဂလိပ်လူမျိုးများသာ ထိန်းသိမ်းသင့်ကြောင်း၊ နိုင်ငံတော်မှ ထိန်းသိမ်းပါက စာရိတ်များစွာ ကုန်ကျမည် ဖြစ်ကြောင်း” ရေးသား ထားသည်။

ဦးခင်ရွှေက မိမိအနေဖြင့် စင်ကာပူ၊ အမေရိကား စသောနိုင်ငံများတွင် ငွေကုန်ကြေးကျခံ သွားရောက် သုံးဖြုန်းနိုင်ကြောင်း၊ နိုင်ငံခြားတွင် မီလျံနာဟူသည့် ဂုဏ်ပုဒ်ခံယူပြီး သွားရောက်နေနိုင်သည့် အခြေအနေတွင် ရှိနေသော် လည်း တိုင်းပြည်အတွက် အလုပ်လုပ်နေခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောသွားသည်။

သူ့နည်းတူ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှာ ခြောက်လအတွင်း ကိုယ်ပိုင်ငွေ ကျပ်သိန်းတသောင်းကျော် အကုန်အကျခံ သုံးစွဲခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

သတင်း--- မျိုးသိဏ်း

ရန်ကုန် (မဇ္ဈိမ)

ဆန္ဒပြသံဃာတော်အဖွဲ့ခေါင်းဆောင် ဆရာတော်ဦးသောပါက မှ လူထုကို ဟောပြောနေပုံ (ဗွီဒီယို/ဓါတ်ပုံ)

ဦးဆောင်ဆရာတော်အမည်မှာ (အထက်ပါ Photo & Video ထဲက ဟောပြောသည့် ဆရာတော်အမည်မှာ) ဦးသောပါက ဖြစ်ပါသည်။ ဆရာတော်ဦးသောပါက သည် ဂျာမဏီနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင်ရယူထားပြီး မြန်မာ့ဒီမိုကရေစီအရေး အတွက် ဂျာမနီနိုင်ငံနဲ့ထိုင်းနိုင်ငံ တို့မှာ လှမ်းလျှောက် ဆန္ဒပြပွဲများကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဆရာတော်တပါးဖြစ်ပါသည်။ ဗွီဒီယို/ဓါတ်ပုံ -- ညိုကြီး
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်