၁၅
နိုဝင်ဘာ ၂၀၁၁ ကော့သောင်း
တနင်္သာရီတိုင်း၊
ကော့သောင်းမြို့ရှိ ယုဇနဆီအုန်းကုမ္ပဏီတွင် လုပ်အားခများ ပုံမှန်မပေးခြင်း၊
အလုပ်ခေါ်စဉ် စာချုပ်ပါအချက်များအား ချိုးဖောက်ခြင်း၊ ကျမ်းမာရေးခံစားခွင့်များ
လုံလောက်စွာမပေးခြင်းစသည့် အခြေနေများကြောင့်ဇုံပေါင်း(၄၈)ခုမှအလုပ်သမားရာနှင့်
ချီပြီး ထွက်ပြေးမှုများဆက်တိုက်ဖြစ်ပေါ်လျှက်ရှိပါသည်။
ကော့သောင်းမြို့မှ
(၁၄)မိုင်ခန့်သွားရသောယုဇနကုမ္ပဏီသည် ဇုံများခွဲ၍ ဆီအုန်းပင်များစိုက် ပျိုးလျှက်ရှိပြီ်း
ဇုံတစ်ဇုံတွင်အလုပ်သမား(၆၀) ကျော်ရှိပါတယ်၊ estate.a.devision 0.3 ဇုံမ
ပထ၀ီဖြင့်ကျောင်းပြီးခဲ့
သောဝန်ထမ်းကိုစိုးမှသူကြုံတွေရသောအခြေနေများကိုယခုလိုပြောပြပါတယ်“ကျွန်တော်ကရန်ကုန်တိုင်း ကော့မှူး
မြို့နယ်ကပါ ယုဇနကုမ္ပဏီက (၂၀၀၉)
မှသတင်းစာကနေ လက်ထောက်မန်နေဂျာ အဖြစ်အလုပ်ခေါ်တော့ ရွှေဂုံတိုင်မှာရှိတယ့်
ယုဇနကုမ္ပဏီရုးံချုပ်မှာ အတွင်းရေးမူးအစ်မကြီး မစပယ်ထံမှာအင်တာဗျူးပြီး
အဲဒီရာထူးကို လစာ ၂ သိန်းနဲ့ခန့်ခဲ့ပါတယ”်။
ရန်ကုန်မှ
ကော့သောင်းသို့ ထွက်လာတဲ့အခြေနေကို ကိုစိုးကပဲ“ ကျွန်တော်တို့ကို ကုမ္ပဏီ ပိုင် ဆီအုန်တင်သင်္ဘောဖြစ် (၃.၁၀.၂၀၁၁)
တွင်အလုပ်သမား (၅၀၀)ကျော်တင်ဆောင်ကာ ကော့သောင်းသို့ ထွက်ခွာပြီး (၅.၁၀.၂၀၁၁) တွင်တော်ဝင်ဆိပ်ကမ်းကို
ရောက်ရှိပါတယ် ဆိပ်ကမ်းကနေ ဘေးတစ်ဖက်တစ်ချပ်ကို မမြင်ရတယ့် တာလပတ်အုပ်ထားတဲ့ ဆယ်ဘီးတပ်
ဆီသီးတင်ကားကြီးတွေနဲ့ ကျွန်တော်အပါဝင် အလုပ်သမား
များကိုတင်ဆောင်ကာ
ကားပေါ်ပါကုမ္ပဏီတာဝန်ရှိသူမှ တာလပတ်တွေကိုမဖွင့်ရန် ဖွင်ရင်တော့ နာမယ်လို့ခြိမ်း
ခြောက်ပြီး ခေါ်လာခြင်းခံခဲ့ရပါတယ် ကျွန်တော်အဲဒီကော့သောင်းဆိပ်ကမ်းမှာ
ကြုံတွေ့တဲ့အချိန်ကစပြီး ရန်ကုန်မှာ အလုပ်ခေါ်စဉ်က အခြေနေနဲ့ကွာခြားနေသည်ကို
စတင်ခံစားရမိပါတယ် ကော့သောင်းမြို့တော်ဝင်
ဆိပ်ကမ်းမှ (၃၈)မိုင် သွားရတယ့် ယုဇနကုမ္ပဏီ ကော့သောင်းရုးံကို လမ်းတွင်
အတက်အဆင်းမရှိ (၁)နာရီခန့် မောင်းနှင်း ရောက်ရှိခဲ့ပါတယ်”
(၃၈)မိုင် ယုဇနကုမ္ပဏီရုးံတွင်
ခတ္တ နေရာချထားပေးပြီး ၄င်းမှ (၇)မိုင်ခန့်ဝေးသော
D.2 ခြံ တွင် အလုပ်သမားတန်းရမ်းတွင် နေထိုင်ရကာ ဧက(၁၀၀၀)ရှိသော
လုပ်ကွက်တွင် ရန်ကုန်မှ လက်ထောက်ခြံမန် နေဂျာရာထူးဖြင့် ခေါ်ယူခဲ့သော်လည်း
လက်တွေ့တွင်ခြံတာဝန်ခံအဖြစ် စတင်လုပ်ကိုင်ခဲ့ရပါတယ် အလုပ်ချိန်ကို နံနက် (၆.၀၀)
နာရီမှ နံနက်(၁၁.၀၀) နာရီ ၊နေ့လည် (၁.၀၀) နာရီမှ ညနေ(၅.၀၀) နာရီထိ စုစုပေါင်း
(၉.၀၀) နာရီကြာလုပ်ကိုင်ခဲ့ရပါတယ်၊ ရန်ကုန်မှ စရိတ်ငြိမ်းဟုအလုပ်ခေါ်စဉ်က ပြောခဲ့သောလည်း
ဒီရောက်တော့ တစ်လ စာအတွက် ဆီ(၅၀) သား၊ ကြက်သွန် (၁၀)သား ငရုတ်သီး(၅)ကျပ်သား ပဲ(၁) ထုတ်
ပေးပေမဲ့ ဘယ်လိုမှလောက် ငှခြင်းမရှိပါဘူး စရိတ်ငြိမ်းဆိုတာ အမည်ခံသက်သက်ပါပဲလို့”
အလုပ်သမားတစ်ဦး၏ ခံစားခွင့်နဲပက်သက်ပြီး ကုမ္ပဏီ၏
အပြောနဲ့အလုပ်ဆန့်ကျင်ဘက်ဖြစ်နေပုံကို ကိုစိုးက ပြောပါတယ်။
ဒါက
လုပ်သမားတာဝန်ခံတစ်ယောက်ပေါ်မှာ လက်တွေ့ဆက်ဆံကြုံတွေ့ရတာပါ “ ကျွန်တော် တို့
ရန်ကုန်မှာ အလုပ်သွားလျှောက်တော့ ကုမ္ပဏီက လုပ်ခလာစာကို တစ်ဦးလျှင်
(၆၀၀၀၀)ကျပ်နုန်းနဲ့ အနည်း ဆုးံ (၆)လစာချုပ်နဲ့ ကော့သောင်းကိုလိုက်ခဲ့တာပါ
ရန်ကုန်တွင်အလုပ်ခေါ်စဉ် အထက်ပါလစာအပြင် တလကို ဆန် (၁၂)ပြည်ပေးမည်ဟု ဆိုသောလည်း ဆန်တော့ပေးပြီး
ဆန်ဖိုးဖြတ်တာကို တွေ့ရှိရပါတယ် ကုမ္ပဏီမှ (၆)လ ကျော်လျှင်
ထွက်လိုကထွက်နိုင်တယ့်လို့ဆိုသော်လည်း လုပ်ခလစာရှင်းမပေးသောနည်းနဲ့
အလုပ်သမားစာချုပ်ပါ အချက်များကို ချိုးဖောက်ခြင်းဖြစ်တယ်လို့” ကိုစိုးနှင့်အတူ
တစ်ဇုံတည်းတွင်လုပ်ကိုင်သူ အခြေခံအလုပ်သမား ဦးအောင်မြင့်က ပြောပါတယ်။
ရန်ကုန်တွင်အလုပ်ခေါ်စဉ် လတ်ထောက်မန်နေဂျာအဖြစ် သတင်းစာတွင် ခေါ်ယူစဉ်က
ကုမ္ပဏီအင်တာဗျူးတာဝန်ခံ မစပယ်က ၄င်းရာထူးအတွက် ငွေကျပ်(၂) သိန်းသတ်မှတ်ကာ
လတိုင်းရှင်း စနစ်ဖြစ် ခေါ်ယူခဲ့သော်လည်း ကော့သောင်းခြံတွင် လစာနှင့်ပက်သက်ပြီး
ရန်ကုန်တွင်ပြောသည့်ပုံစံ မဟုတ်တော့ဘဲအ
လုပ်ထွက်မှ လစာရှင်းမည်ဟု ကော့သောင်းတာဝန်ခံစီမံကိန်းဒါရိုက်ဆိုသူ
ဦးဇော်လွင်မှ ပြောကြားခဲ့ပါတယ် လစာ ကိုရန်ကုန်တွင် အလုပ်ခန့်စဉ်က
(၂)သိန်းကျပ်သတ်မှတ်ခဲ့သောလည်း ကော့သောင်းအရောက်တွင် (၁သိန်း ၂ သောင်း) သာ ပြောင်းလှဲသတ်မှတ်ပေးပြီး
(၃) လကြာလျှင် လစာတိုးမြင့်ပေးမည်ဟု ဆိုသောလည်း မိမိအပြင် မိမိနှင့်ရာထူးတူ
ဝန်ထမ်းများလည်း တိုးမြင့်လစာ ခံစားခွင့် မရရှိကြကြောင်း ကိုစိုးက ပြောကြားပါတယ်။
အလုပ်သမားများကို
ခေါ်ယူစဉ် ရန်ကုန်၌ ကျမ်းမာရေးအတွက် ကုမ္ပဏီမှ တာဝန်ယူမည် ဟုဆိုသော်လည်း လုပ်ကွက်မှ
(၂၄) မိုင်ဝေးသော ဆေးရုံတွင် သွားရောက်ကုသခံရန်အတွက် အလွန်ဝေးသော ကြောင့်
အများအားဖြင့် မိမိစရိတ်ဖြင့်သာ လုပ်ကွက်၌ အခကြေးငွေဖြင့် ကုသကြတယ်ဟု
ခြံတာဝန်ခံအဖြစ်လုပ် ကိုင်နေသူ ကိုစိုးမှ ပြောပါတယ် ဒီအခြေနေတွေကြောင့် အလုပ်ခွင်တွင်မပျော်တော့သောကြောင့်
(၆)လပြည့်၍ လုပ်အားခထုတ်ပြီး အလုပ်မှထွက်ကာ သီးခြားခြံတွင်လုပ်ကိုင်ရန်
လစာထုတ်ပေမယ့် မထုတ်ပေးနိုင်ဘူး ကြိုတ်တဲ့ နေရာမှာသွားတိုင်နိုင်တယ် သူဌေးက
အမတ်ဖြစ်တယ် စသဖြင့် ရိုင်းပြအနိုင်ကျင့်ခြင်းခံ ရတယ်လို့ သူတို့(၂) ဦးလုးံက
ပြောပါတယ်။
ယုဇနဆီအုန်းကုမ္ပဏီသည်ကာလကြာရှည်ကတည်းကအလုပ်သမားများအခွင့်ရေးနှင့်ပက်သက်
ပြီးအလုပ်သမားများအပေါ်ဆက်ဆံရာတွင် နာမည်ပျက်နှင့်ကျော်ကြားသော
ကုမ္ပဏီဖြစ်တယ်ကော့သောင်းမြို့ တွင် တခြားဆီအုန်းကုမ္ပဏီများဖြစ်သည့် ရွှေဆီအုန်း၊
ပိုကောင်း၊ စူပါဝမ်း စသောကုမ္ပဏီ များအနက် ဆီအုန်းစိုက်ပျိုးမြေ
အများဆုးံရရှိသောကုမ္ပဏီဖြစ်ပြီး အလုပ်သမားအများဆုးံ ကုမ္ပဏီ လည်းဖြစ်ပါတယ်၊အထက်
မြန်မာပြည်မှ လာရောက်လုပ်ကိုင်သောအလုပ်သမားများ ၄င်းကဲ့သို့သောအခက်ခဲများကြောင့်
မှတ်ပုံတင်ကို လည်းယင်းကုမ္ပဏီမှပြန်လည်ထုတ်ပေးခြင်းမရှိသောကြောင့်အလုပ်မှထွက်ပြေးကာနေရပ်ကိုပြန်ရန်အခက်ခဲဖြစ်ပြီးကော့သောင်းမြို့အတွင်းတွင်
ခိုကိုးရာမဲ့ ဘ၀ဖြစ် ရေစုံမြောနေသူတွေ အများကြီးပဲလို့ မြို့ခံ ကိုသန်းရွှေမှ
ပြောပါတယ်။
Myanmar News Now









































