မှောက်သွားတဲ့ နယူးမန္တလာထွန်းကား (ဓါတ်ပုံ-13-11-2011)

မှောက်သွားတဲ့ နယူးမန္တလာထွန်းကား (ဓါတ်ပုံ)
နိုဝင်ဘာလ(၁၃)ရက်နေ့  နံနက် ၅နာရီဝန်းကျင်အချိန်တွင် ရန်ကုန်ကနေလာတဲ့ နယူးမန္တလာထွန်းကား  ကျောက်ဆည်နှင့်တံတာဦးမြို့ကြား  မြင်စိုင်းရွာအနီး မိုင်တိုင် ၃၃၅/၁ နဲ့ ၃၃၅/၂ အကြား ကွန်ကရစ်လမ်းသစ်ကြီးမှာ အရှိန်လွန် လမ်းဘေးချောက်သို့ကျ ကားမှောက်၊ ၉ ဦးသေ ၂၇ ဦးဒဏ်ရာရ ရှိကြောင်း နောက်ဆုံးရရှိတဲ့ သတင်းအရသိရပါတယ်။

Facebook


ဆိုမာလီပင်လယ်ဓားပြများလက်တွင် တစ်နှစ်ကျော်ကြာ ဖမ်းဆီးခံမြန်မာသင်္ဘောသားများ ပြန်လည်ရောက်ရှိ

အာဟာရပြတ်၊ ရေပြတ်ဒုက္ခနှင့် ရင်ဆိုင်ခဲ့ရသည့် မြန်မာသင်္ဘောသားများ
ဓာတ်ပုံ-အေးဇော်မျိုး
ဆိုမာလီပင်လယ်ဓားပြများလက်တွင် တစ်နှစ်ကျော်ခန့် ပြန်ပေးဆွဲ ခံခဲ့ရသော ထိုင်းနိုင်ငံ PT INTERFISHERY ကုမ္ပဏီပိုင် P.V Prantalay12 ငါးဖမ်း ရေယာဉ်မှ ရေလုပ်သား ၁၃ ဦးသည် မြန်မာ နိုင်ငံသို့ အောက်တိုဘာလ ၁ ရက် နေ့တွင် ပြန်လည်ရောက်ရှိ လာခဲ့ကြသည်။
"ဓားပြတွေလက်ထဲမှာ တစ်နှစ်နဲ့ သုံးလနေခဲ့ရတယ်။ ၂၀၁၀ ဧပြီလ
၁၈ ရက်နေ့မှာ ရနောင်းကနေ ဂျာဘူတစ် နိုင်ငံကိုအသွား အိန္ဒိယရေပိုင်နက်ထဲမှာ ပြန်ပေးဆွဲခံရတာ။ ပြောက်ကျားဝတ်စုံ ၀တ်ထားတဲ့ ဓားပြ ၂၅ ယောက်လောက် ပါတဲ့ စပိဘုတ်နှစ်စင်းက လက်နက်ကြီးတွေနဲ့ချိန်ပြီး သင်္ဘောတွေကို ရပ်ခိုင်းတယ်။ ပထမတော့ ကင်းလှည့်တပ်တွေပဲ ထင်ပြီး လှေပေါ်ရောက်မှ ဓားပြတွေမှန်း သိရတယ်။ သူတို့က လက်နက်တွေနဲ့ဆိုတော့ ဘာမှ မတတ်နိုင် တော့ဘူး။ကုမ္ပဏီပိုင် သင်္ဘောနံပါတ် ၁၁၊ ၁၂ နဲ့ ၁၄ သုံးစင်း စလုံးကို တစ်ပြိုင်နက် ပြန်ပေးဆွဲခဲ့တာ"ဟု ဖမ်းဆီးမှုမှ ပြန်လည်လွတ်မြောက်လာခဲ့သော အလုပ်သမားခေါင်းဆောင် ကိုပန်းအောင်က ၎င်းတို့ဖမ်းဆီးခံခဲ့ရသည့် အခြေအနေကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၄ ရက်နေ့ တွေ့ဆုံစဉ် ပြန်လည်ပြောပြခဲ့သည်။
ဖမ်းဆီးခံခဲ့ရသည့် ၎င်းတို့၏ နံပါတ် ၁၂ လှေတွင် မြန်မာ၂၀ နှင့် ထိုင်းငါးဦး ပါဝင်ကာ လှေသုံးစင်းတွင် မြန်မာနိုင်ငံသားဦးရေ ၆၀ ခန့်ပါဝင်ကြောင်း ၎င်းက ပြောသည်။
"ခုပြန်လာတာ မြန်မာ ၁၃ ယောက် ပြန်လာတယ်။ တစ်ယောက်ကတော့ ဆိုမာလီယာမှာ ကျန်ခဲ့တယ်။ တစ်ယောက်ကတော့ ဓားပြတွေဖမ်းထားတုန်းမှာ စစ်သင်္ဘောတစ်စင်းနဲ့တွေ့တော့ သူတို့ အလစ်မှာ ရေထဲခုန်ချပြီး စစ်သင်္ဘောက ကယ်သွားတယ်။ ကျန်တဲ့ငါးယောက်ကတော့ ဖမ်းဆီးခံထားရချိန်မှာ အာဟာရ ပြတ်တာရော၊ သောက်သုံးရေ ကောင်းကောင်းမွန်မွန် မရတာရော၊ ကြုံသလို နေရင်းစားရင်း နေမကောင်းဖြစ်လာပြီး ဆုံးကုန်ကြတယ်။ နေမကောင်းဖြစ်တဲ့ ပုံစံတွေကတော့ ဖောရောင်၊ အသက်ရှူ ကျပ်ပြီး ဆုံးကြတာ။ သူတို့ပေးတဲ့ရေတွေ က ငန်လည်းငန်၊ နံလည်းနံတယ်။ ဒါပေမယ့် ဒါပဲသောက်စရာမရှိတော့ ဘာမှ မတတ်နိုင်ဘဲ သောက်ရတာပဲ။ လူတိုင်းလိုပဲ ဖောရောင်တာမျိုး ခံစားရတယ်။ဟင်းသီးဟင်းရွက်ဆိုတာ လုံးဝမမြင်ခဲ့ရဘူး။ သူတို့စားတဲ့ ဂျုံကို မီးဖုတ်ထားတာတို့၊ ခေါက်ဆွဲတွေကို ခရမ်းချဉ်သီးဆော့နဲ့ နယ်ထားတာမျိုးတွေ စားကြရတယ်။ တစ်ခါတလေ တစ်နေ့လုံး တစ်နပ်ပဲ စား ရတာလည်းရှိတယ်"ဟု ကိုပန်းအောင် က ၎င်းတို့ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ပြောသည်။
ဖမ်းဆီးခံခဲ့ရစဉ် နေ့ရက်များအတွင်း ကြုံတွေ့ခဲ့ရမှုများသည် ၎င်းတို့၏ တစ်သက်တာ မမေ့နိုင်စရာအဖြစ် အပျက်များ ဖြစ်ခဲ့ရသည်။
"ဖမ်းပြီးလှေတွေကို ဆိုမာလီယာနိုင်ငံ ရေပြင်ထဲမှာ၂၀၁၀၊ ဧပြီလ ၂၅ ရက်နေ့ ကစပြီး ကျောက်ချထားတယ်။ လှေ သုံးစင်းကို ဒေါ်လာကိုးသန်းနဲ့ ရွေးဖို့တောင်းတယ်။ သူတို့တောင်းတဲ့ငွေက သိပ်များတော့ သူဌေးကလည်း မရွေးနိုင်ဘူး။ ကြာလာတော့ စားစရာတွေလည်း ပြတ်၊ လူတွေလည်း မကျန်းမမာဖြစ်လာတယ်။ သေတဲ့သူတွေရှိလာတယ်။ ၁၁ လပိုင်းမှာ ဓားပြတွေက ကျွန်တော်တို့ လှေတွေနဲ့ ဓားပြထပ်တိုက်ပြီး သီရိလင်္ကာ ငါးဖမ်းလှေလေးတစ်စင်းကို ထပ် ဖမ်းလိုက်ကြတယ်။ နောက်အဲဒီလှေနဲ့ ဓားပြ ၁၃ ယောက်က ဓားပြတိုက်ဖို့ ထပ်ထွက်သွားကြတယ်။ နောက် အဲဒီ သင်္ဘောက ဘင်္ဂလားဒေ့ရှ် သင်္ဘော တစ်စင်းကို ဖမ်းမိပြီလို့အကြောင်းပြန်တယ်။ နောက် ကျွန်တော်တို့သင်္ဘောက ဆိုမာလီယာနိုင်ငံက ကဒါအတ်ဆိုတဲ့ ရွာမှာ ကမ်းကပ်ဖို့ပြန်လာ တယ်။အဲဒီမှာ ဓားပြတိုက်ဖို့ထွက်သွားတဲ့ သီရိလင်္ကာ သင်္ဘောကလည်း ကမ်းကပ်ထားပြီ။အဲဒီမှာ သူတို့အချင်းချင်း စကားများပြီး သင်္ဘောကို အကပ်မခံဘဲ အပြန်အလှန် ပစ်ကြတာ ကျွန်တော်တို့ထဲက တစ်ယောက်ကို သေနတ် ရှပ်မှန်သွား တယ်။ အဲဒီတော့မှ သူတို့ပစ်တာတွေ ကို ရပ်လိုက်ကြတယ်။ ဓားပြတစ်ယောက်က လှေကိုဝင်မောင်းရင်းနဲ့ ဂီယာမှားထိုးပြီး ဖမ်းလာတဲ့ ဘင်္ဂလားဒေ့ရှ် သင်္ဘောနဲ့ တိုက်မိတာ လှေဦးကွဲသွားတယ်။ ဒါနဲ့ ဆိုမာလီနိုင်ငံ ဒီနူးဒါးရွာနားမှာ ကျောက် ချထားရင်းနဲ့ တစ်နေ့မှာ လေပြင်းတိုက်လို့ ကျောက်ကြိုးပြတ်ပြီး ကမ်းခြေက ကျောက်ဆောင်နဲ့တိုက်ပြီး လှေကမြုပ်သွားတယ်။ အဲဒီမှာ နောက်တစ်ဖွဲ့က ရောက်လာပြီး သူတို့ အချင်းချင်း တစ်ညလုံး ပစ်ပြန်ရော။ ကျွန်တော်တို့လည်း သဲထဲမှာ တိုးနေရတာပေါ့။ မိုးလင်းတော့ ကျွန်တော်တို့ကိုစောင့်တဲ့ ဓားပြ အဖွဲ့က သူတို့အဖွဲ့ကိုဆက်သွယ်ပြီး ကျွန်တော်တို့ ၁၈ ယောက်ကို ကားသုံးစီးနဲ့ သူတို့ စခန်းချတဲ့ ကန္တာရထဲကို ခေါ်သွားတယ်။ အဲဒီမှာ ခြောက်ရက်လောက်နေရပြီး နောက်ကန္တာရထဲက နေရာသစ်တစ်ခုကို ခေါ်သွားပြန်တယ်။ သူတို့ကို (သင်္ဘော) သူဌေးက မရွေးရင်တော့ ငါတို့မှာ ပေးစရာ ပိုက်ဆံလည်းမရှိဘူးဆိုတာ ပြောထားတော့ ကျွန်တော်တို့ကို ဖမ်းထားလည်း အပိုပဲဆိုတာသိပြီး ကုလသမဂ္ဂနဲ့ ဆက်သွယ်ပြီး ပြန်လွှတ်လိုက်တယ်။ ထိုင်းလေးယောက်ကိုတော့ ခေါ်ထားလိုက်တယ်။ ကန္တာရနေရာသစ်မှာ ခြောက် ရက်လောက်နေပြီး သူတို့ကို သပ်သပ်ခေါ်သွားတယ်။ ကျွန်တော်တို့ ၁၄ ယောက်ကိုတော့ နောက်နှစ်ရက်လောက်မှာ ဆိုမာလီယာ ငါးယောက်က နှစ်ရက်လောက် လမ်းလျှောက်ခရီးသွားရတဲ့ ကဒါကတ်ရွာနားက ချုံတော ထဲမှာထားပြီး ပြန်သွားတယ်။ အဲဒီမှာ နှစ်ရက်လောက်ထပ်နေရပြီး ကားနဲ့ ဆိုမာလီယာနိုင်ငံ ကဒဝေးမြို့ကို ခေါ်လာတယ်။ ဩဂုတ်လ၊ ၂၀၁၁ မှာ ကဒဝေးမြို့က ဂလိုဘယ်ဟိုတယ်ကို ရောက်ပြီး ယူအင်န်က အဖွဲ့တွေနဲ့တွေ့ပြီး ပြန်ဖို့ စီစဉ်ပေးကြတယ်"ဟု ၎င်းက ပြောသည်။
ဆိုမာလီယာဓားပြများနှင့် ကြုံတွေ့ ခဲ့ရသော အဖြစ်အပျက်သည် ၎င်းတို့၏ လုပ်ငန်းသက်တမ်းအတွင်း ပထမဆုံး ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ရေလုပ်သားများက ပြောသည်။
"ဓားပြတိုက်တယ်ဆိုတာ ရုပ်ရှင်ထဲမှာသာ ကြည့်ဖူးတာ။ သူတို့က လူကိုနှိပ်စက်တာမျိုးတော့မရှိဘူး။ အဖိုးတန်ပစ္စည်း၊ သူတို့ကြိုက်တဲ့ ပစ္စည်းမှန်သမျှတော့ အကုန်ဆွဲသွားတာပဲ။ ဆေးတွေလည်း အကုန်ယူသွားတယ်။ သဲကန္တာရ ဆိုတာလည်း ရုပ်ရှင်မှာပဲမြင်ဖူးတာ။ ခုတော့ သဲကန္တာရထဲမှာလည်း ရက်အတော်ကြာ နေခဲ့ရတယ်။ သဲတွေက တစ်ချိန်လုံးလွင့်နေလို့ မျက်စိတောင် ကောင်းကောင်း ဖွင့်လို့မရဘူး။ ညအိပ်ရင် မျက်နှာကိုအုပ်ပြီး အိပ်ရတယ်။ မနက် မိုးလင်းလို့ ထရင် တစ်ကိုယ်လုံး သဲတွေချည်းပဲ။ ပူလည်း တအားပူ တယ်"ဟု ကိုပန်းအောင်က ပြောသည်။
ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် ဓားပြတိုက်ခံရသောဇာတ်လမ်းဇာတ်ကွက်များကိုပင် မကြည့်ချင် လောက်အောင်ဖြစ် ရကြောင်း သင်္ဘောသားတစ်ဦးက ဆိုသည်။
သင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကောင်စစ်ဝန်အရာရှိ တစ်ဦးအား အထူးတာ ၀န်ပေးအပ်ကာ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီ မြို့အထိ သွားရောက်ခေါ်ဆောင်စေခဲ့ ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြသည်။
"ကျွန်တော်တို့ကို စင်းလုံးငှား လေယာဉ်နဲ့ နိုင်ရိုဘီကနေ ဘန်ကောက်၊ နောက် ရန်ကုန်ကို ခေါ်ဆောင်ခဲ့ကြတယ်။ သံရုံးတာဝန်ရှိ သူတွေ လာတွေ့ပြီး အားပေးစကားတွေလည်း ပြောကြပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်အားခ၊ လစာတွေအတွက်လည်း ညှိနှိုင်းဆောင် ရွက်ပေးမယ်လို့ ပြောပါတယ်" ဟု ၎င်းက ပြောသည်။
ပြန်လည်ရောက်ရှိလာသော ရေလုပ်သားများသည် နိုဝင်ဘာလ ၄ ရက်နေ့ တွင် ရန်ကုန်မြို့မှ ၎င်းတို့၏ နေရပ်အသီးသီးသို့ ထွက်ခွာ သွားကြပြီဖြစ်သည်။

 အေးစပယ်ဖြူ

ပန်းချီမောင်မောင်သိုက် အမှတ်တရပန်းချီပြပွဲ ကျင်းပမည်

ကွယ်လွန်သူ ပန်းချီမောင် မောင်သိုက် အမှတ်တရပန်းချီပြပွဲ ကို ဒီဇင်ဘာ ၂ဝ ရက်မှ ၂၅ ရက်အထိ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး ပန်းချီပြခန်း၌ ကျင်းပမည်ဟု သိရသည်။    အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီ မောင်မောင်သိုက်သည် သရုပ်ဖော် ပန်းချီဆရာတစ်ဦးဖြစ်သည့်အတွက် နှင့် နေရာအခက်အခဲကြောင့် သရုပ် ဖော်ပန်းချီရေးဆွဲဖူးသော ပန်းချီ ပညာရှင်များ၊ ပန်းချီမောင်မောင် သိုက်ကို ရင်းနှီးခဲ့သော ပန်းချီပညာ ရှင်များသာ ပြသကြရန် မေတ္တာရပ် ခံထားကြောင်း သိရသည်။  ပါဝင်ပြသလိုသူများသည် နိုဝင် ဘာ ၁၅ ရက်နေ့နောက်ဆုံးထား၍ လှထွဏ်းအောင် ဝ၉-၅၄ဝ၂၂၇ဝ၊ နီပိုဦး-ဝ၉-၇၃ဝ၂၇၉၃၆၊ မောင်နေကြည် ဝ၁-၅၉၃၅၅၉ နှင့်မမွှေး ဝ၉-၇၃ဝ၉၇၄ဝ၆ သို့ ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။

 သတင်း---ပေါ်ပျူလာဂျာနယ်

တရုတ်မီလျံနာများ အမေရိကကို ပြောင်းရွှေ့ဖို့ကြိုးစား

တရုတ်ပြည်မှာ သန်းကြွယ်သူဌေး မြောက်များစွာကို မကြုံဖူးအောင် ထုတ်လုပ်နေပေမဲ့၊ ၄င်းသူကြွယ်တွေက သူတို့ကို ချမ်းသာအောင် လုပ်ပေးတဲ့ တိုင်းပြည်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြသည်။
 မကြာခင်ကပြုလုပ်တဲ့ တရုတ်ဘဏ်ရဲ့ စစ်တမ်းနဲ့ Hurun Report ဖော်ပြချက်အရ၊ တရုတ်ပြည်မှ မီလျံနာ ၉၈၀ ဦး (ဒေါ်လာ ၁.၆ သန်း အထက် ချမ်းသာသူများ) မှာ နိုင်ငံရပ်ခြားကို ပြောင်းရွှေ့ဖို့ ကြိုးစားနေသည်ဟု ဆိုသည်။ ၄င်းတို့ထဲမှ ၁၅ ရာခိုင်နှုန်းက နိုင်ငံသစ်တွေမှာ အခြေချဖို့ အားလုံးစီစဉ်ဆောင်ရွက်ပြီး ဖြစ်ပြီး၊ အများစုက အမေရိကန်ပြည်ထောင်စုကို ဦးစားပေး ရွေးချယ်ကြသည်။ အချို့က ကနေဒါနှင့် စင်္ကာပူကို ရွေးချယ်ကြသည်။
တရုတ် အပတ်စဉ်ထုတ်စာစောင် the Economic Obsever က စင်ဝှာတက္ကသိုလ်မှ ပညာရှင် Cai Jiming ကို မေးမြန်းကြည့်ရာ၊ တရုတ်မီလျံနာတွေ နိုင်ငံရွှေ့ပြောင်းလိုတဲ့ အဓိကအချက်နှစ်ချက်မှာ 'သားသမီးတွေရဲ့ ပညာရေးအတွက်နှင့် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို စိုးရိမ်သောကြောင့်' ဖြစ်သည်ဟု ဆိုသည်။ အခြားအသေးအဖွဲ အကြောင်းပြချက်များကတော့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ညံဖျင်းမှုတို့ကြောင့်ဟု သုံးသပ်သည်။
Cai Jiming ရဲ့ ပြောဆိုချက်အရ ချမ်းသာတဲ့ တရုတ်မိဘတိုင်းက သူတို့ကလေးတွေကို အနောက်နိုင်ငံတွေက မူလတန်းကျောင်းတွေမှာ ထားချင်ကြသည်။ နောက် တက္ကသိုလ်ကောလိပ် အတွေ့အကြုံ ရရှိစေချင်သည်။ "အဲဒီ နှစ်ချက်လုံးကိုကြည့်ရင် ကျနော်တို့ ပညာရေး ဘာဖြစ်နေလဲဆိုတာ လေးလေးနက်နက် ပြန်စဉ်းစားဖို့ လို့ရပါတယ်" ဟု ပြောခဲ့သည်။
နောက် တရုတ်မှာ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် (property rights) အသေချာ မရှိသေးကြောင်း၊ တရုတ်အစိုးရက တစ်ဦးချင်းရဲ့ ပိုင်ဆိုင်မှုနဲ့ ဓနကို မသိမ်းပါဘူးလို့ အာမခံထားပေမဲ့၊ မီလျံနာလက်သစ်တွေက အမြဲ စိုးရိမ်နေကြောင်း ပြောဆိုသည်။
"လက်တွေ့အားဖြင့် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို အကာအကွယ်ပေးမှု အားနည်းပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကို ကြည့်ရင် ကော်ပိုရေးရှင်းတွေက အစိုးရနဲ့ပေါင်းပြီး မြေတွေ လယ်တွေ သိမ်း၊ လူနေအိမ်တွေကို မတရား ဖြိုချခဲ့တာတွေ မြင်ကြရတယ်။ ဒါတွေက ဥပဒေကို မလေးစားရာ ပြနေတယ်။ နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို အာမခံချက် မပေးနိုင်သေးတာပဲ။ ဒီတော့ ချမ်းသာတဲ့လူဆိုတာလည်း အစိုးရနဲ့ အဆင်မပြေတဲ့တစ်နေ့ သူ့ပိုင်ဆိုင်တာတွေ အသိမ်းခံရနိုင်တယ်လေ"
ယခုနှစ်မှာ တရုတ်သူဌေး ၉၃၀ ဦးက ရွှေ့ပြောင်းနေထိုင်ခွင့်ဗီဇာရဖို့ အမေရိကန်သံရုံးကို လျှောက်ထားခဲ့သည်။ ၄င်းတို့မှာ အမေရိကန်လုပ်ငန်းများတွင် တစ်ဦးကို အနည်းဆုံး ဒေါ်လာ ၅၀၀,၀၀၀ ရင်းနှီးမြှုပ်နှံထားသည်ဟု အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန Wealth Report က ဖော်ပြခဲ့သည်။
ဝင့်ထန်း
Source: Time & the Wall Street Journal

New appeal for clemency for Myanmar political prisoners may foreshadow release

YANGON, Myanmar — A government-appointed human rights body on Sunday urged Myanmar’s president to release political prisoners or transfer them to prisons close to their families, signaling such action may be imminent.
Speculation is considerable that a new amnesty covering some of an estimated 2,000 political prisoners will be issued this week, perhaps as early as Monday.
88-Generation Students and Youth Organisation

A comprehensive release of political detainees would boost Myanmar’s already active diplomatic efforts to improve relations with the United States, which shunned the previous military regime because of its poor human rights record and failure to allow free and democratic politics.
Myanmar’s three state-owned newspapers published an open letter Sunday from National Human Rights Commission chairman Win Mra calling on President Thein Sein to grant amnesty “as a reflection of magnanimity,” or to transfer political prisoners in remote prisons to facilities with easy access for their family members.
The letter’s publication is significant because the tightly controlled newspapers closely reflect government positions. An amnesty of 6,359 prisoners in October happened the same day state-run newspapers published a similar appeal.
A prisoner release in the next few days is also anticipated because a meeting of the Association of Southeast Asian Nations, or ASEAN, begins Thursday in Bali, Indonesia. Myanmar is seeking to chair ASEAN in 2014, and the release of political prisoners would be seen as a positive development favoring its bid, which is likely to be decided at this week’s summit. U.S. Secretary of State Hillary Clinton will also be there to meet regional leaders.
“It appears there are real changes taking place on the ground, and we support these early efforts at reform,” Clinton told reporters Friday on the sidelines of an annual Pacific Rim summit. “We want to see the people of Burma able to participate fully in the political life of their own country.” The military changed the country’s name to Myanmar in 1989, but supporters of the country’s pro-democracy movement prefer to use the old name.
Myanmar’s nominally civilian government, which took power in March, has declared its intention to liberalize the hard-line polices of the junta that preceded it. It has taken some fledgling steps, such as easing censorship, legalizing labor unions, suspending an unpopular, China-backed dam project and beginning talks with Nobel peace laureate Aung San Suu Kyi and her pro-democracy movement.
In his open letter, Win Mra requested that the president grant amnesty “to those prisoners convicted for breach of existing laws, who do not pose a threat to the stability of the state and public tranquility.”
The appeal clearly referred to political prisoners, although the term was not used. The government asserts that it holds no political prisoners, only people convicted under criminal law.
“If for reasons of maintaining peace and stability, certain prisoners cannot as yet be included in the amnesty, the commission would like to respectfully submit that consideration be made for transferring them to prisons with easy access for their family members,” the letter said.
In recent years, political detainees who in the past would have been held at Insein Prison in the main city of Yangon have instead been sent to jails in remote parts of the country in an apparent effort to make it difficult for them to communicate with the outside.
The actual number of prisoners is disputed by the Human Rights Commission, which says that while the U.N. Secretary-General and a number of countries claim there are nearly 2,000 prisoners of conscience, the actual figure is only 500, of which at least 200 had been released under October’s amnesty.
About 70 political prisoners were also released under a large-scale amnesty for convicts in May. Myanmar has more than 60,000 prisoners in 42 prisons and 109 labor camps.
Ohn Kyaing, a spokesman for Suu Kyi’s National League for Democracy and a leader of its humanitarian support group, said it was difficult to arrive at a precise figure, because the numbers “vary according to criteria used to define the status of prisoners of conscience.”
He added, however that his network is aiding the families of more than 700 political prisoners, and that there could be families of other prisoners who had not contacted the NLD.
Long-term detainees who remain behind bars include prominent student activists, such as Min Ko Naing, who are serving 65-year prison sentences and politicians from ethnic minority parties, such as Shan leader Hkun Htun Oo, who have sentences of more than 80 years.
“The authorities have not contacted us but we heard that another round of amnesty is coming soon. Our hopes are high again but nothing is certain here,” one of Min Ko Naing’s sisters told The Associated Press by phone.

New plea made to free Myanmar political prisoners

Yangon, Myanmar: A government-appointed human rights body today urged Myanmar’s president to release political prisoners or transfer them to prisons close to their families, signaling that such action may be imminent.
The appeal comes amid intense speculation about a new amnesty covering some of the country’s estimated 2,000 political prisoners. A comprehensive release of political detainees would boost the already active diplomatic efforts to improve relations with the United States, which shunned the previous military regime because of its poor human rights record and failure to allow free and democratic politics.
Myanmar pro-democracy leader Aung San Suu Kyi. AP

Myanmar’s three state-owned newspapers published an open letter Sunday from National Human Rights Commission chairman Win Mra calling on President Thein Sein to grant amnesty “as a reflection of magnanimity”, or to transfer political prisoners in remote prisons to facilities with easy access for their family members. The letter’s publication is significant because the tightly controlled newspapers closely reflect government positions. In October, the government announced an amnesty of 6,359 prisoners on the same day a similar appeal was carried in state-run newspapers.
A prisoner release in the next few days is also anticipated because it would take place just before a meeting of the Association of Southeast Asian Nations, or Asean, begins on Thursday in Bali, Indonesia. Myanmar is seeking to chair Asean in 2014, and the release of political prisoners would be seen as a positive development favoring its bid, which is likely to be decided at this week’s summit.
Myanmar’s nominally civilian government, which took power in March, has declared its intention to liberalize the hard-line polices of the junta that preceded it.
“It appears there are real changes taking place on the ground, and we support these early efforts at reform,” US secretary of state Hillary Rodham Clinton told reporters on Friday on the sidelines of an annual Pacific Rim summit. “We want to see the people of Burma able to participate fully in the political life of their own country.” The military changed Burma’s name to Myanmar in 1989, but Washington and other backers of the country’s pro-democracy movement prefer to use the old name.
In his open letter, Win Mra requested that the president grant amnesty “to those prisoners convicted for breach of existing laws, who do not pose a threat to the stability of the state and public tranquility”.
The appeal clearly referred to political prisoners, although the term was not used. The government asserts that it holds no political prisoners, only people convicted under criminal law.
“If for reasons of maintaining peace and stability, certain prisoners cannot as yet be included in the amnesty, the commission would like to respectfully submit that consideration be made for transferring them to prisons with easy access for their family members,” the letter said.
In recent years, political detainees who in the past would have been held at Insein Prison in the main city of Yangon have instead been sent to jails in remote parts of the country in an apparent effort to make it difficult for them to communicate with the outside.
AP

ယခင် မက်သဒစ်ကျောင်းသား-သူဟောင်းများ မိတ်ဆုံစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ (ရုပ်/သံ)

M3 စားသောက်ဆိုင်တွင်ကျင်းပသော ယခင် မက်သဒစ်ကျောင်းသား-သူဟောင်းများ မိတ်ဆုံစားပွဲသို့ ယနေ့ နံနက် ၁၀း၀၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
Burma VJ Media Network

မြန်မာများ စင်ကာပူ အမြဲတမ်းနေထိုင်ခွင့် ရရန် ပိုမိုခက်ခဲလာ

စင်္ကာပူ
၂၀၁၀ ပြည့်နှစ်မှ စတင်ကာ စင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့်ရရန် လျှောက်ထားခဲ့သည့် မြန်မာများ ပယ်ချခံခဲ့ရမှု များလာသည့်အပြင် လျှောက်ထားရာတွင် ပိုမိုခက်ခဲလာခဲ့သည်ဟု စင်ကာပူရောက် မြန်မာများ ထံမှ စုံစမ်းသိရှိရပါသည်။
အကြောင်းမှာ စင်ကာပူအစိုးရ၏ အလုပ်သမားရေးရာနှင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မူဝါဒ အပြောင်းအလဲများကြောင့် အစိုးရကျောင်းဆင်းများသည်ပင် စင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့်(PR) ရရှိရန်ပိုမို ခက်ခဲလာခဲ့သည်ဟု သိရှိရသည်။
“ကျွန်တော်ဆို Spass နဲ့ စင်ကာပူမှာနေတာ သုံးနှစ်လောက်ရှိပြီ။ လွန်ခဲ့တဲ့နှစ်က PR ရလိုရငြားလျှောက် ခဲ့တယ်။ ပယ်ချခံခဲ့ရတယ်” ဟု စင်ကာပူရှိ ဘွန်လေးတွင် နေထိုင်သည့် မြန်မာအင်ဂျင်နီယာ တစ်ဦးက ပြောပြခဲ့သည်။

PR ကိုတော့ မလျှောက်ဖြစ်ဘူး။ အခုအချိန်မှာ ကိုယ်ရတဲ့လစာ အနေအထားက မြင့်နေတယ်။ PR ဆို အခွန်ဆောင်ရတာတွေက အစ နည်းနည်းမြင့်တယ်။ ဒါ့ကြောင့် PR မလျှောက်ဘူး . . .
“အခုအချိန်မှာ PR လျှောက်တဲ့ နိုင်ငံသားတိုင်းကို အရေအတွက်ပေါ် မူတည်ပြီး ထိန်းချုပ်မှု၊ ကန့်သတ်မှု အမြောက်အမြား လုပ်ခဲ့တယ်။ စင်ကာပူ သတင်းစာတွေထဲမှာလည်း အမြောက်အမြား ဖော်ပြထားပြီးခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်ပိုင်းလောက် ကတည်းက PR ပေးတာတွေ လျှော့ချခဲ့ကြတယ်။ အစိုးရကျောင်း ပြီးထားတဲ့သူတွေထဲမှာတောင် အခုအချိန်မှာ PR လျှောက်ထားရင် အရမ်းကိုကန့်သတ်ချက် များနေပါသေးတယ်။ ဒါပေမယ့် အစိုးရကျောင်းတက်ပြီး လို့ ဘွဲ့ရတဲ့အခါ သုံးနှစ်စာချုပ်နဲ့ စင်ကာပူမှာ အလုပ်ပြန်လုပ်ပြီးရင် သူ့ရဲ့အရည်အသွေး၊ လုပ်ဆောင်ချက်ပေါ် မူတည်ကာ PR လျှောက်ထားမှု ပြုနိုင်ကြတယ်”ဟု အစိုးရတက္ကသိုလ် SMU   ၏ Assistant Director  Mr. Andrew Low Kim Khoon က ရှင်းပြခဲ့သည်။
ထို့ပြင် အချို့မှာလည်း နေထိုင်ခွင့်အမျိုးအစားနှင့် လစာကောင်း ရရှိထားမှုပေါ် မူတည်ကာ စင်ကာပူ PR ကို လျှောက်ထားခြင်း မပြုသူများလည်း ရှိနေကြသည်။
“ကျွန်မဆို ဒီက အစိုးရတက္ကသိုလ်ကြီး တစ်ခုမှာတက်ပြီး အခု ပရောဂျက်တစ်ခု စ၀င်နေပြီ။ PR ကို တော့ မလျှောက်ဖြစ်ဘူး။ အခုအချိန် မှာ ကိုယ်ရတဲ့လစာ အနေအထားက မြင့်နေတယ်။ PR ဆို အခွန်ဆောင် ရတာတွေကအစ နည်းနည်းမြင့်တယ်။ ဒါကြောင့် PR မလျှောက်ဘူး”ဟု NTU တွင် မာစတာပြီးထားသည့် ကျောင်းသူတစ်ဦးက ပြောပြခဲ့သည်။
အောက်တိုဘာလ ၁၃ ရက်နေ့ စင်ကာပူရှိ ပညာရေးဝန်ကြီးဌာန တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲ ကောက်နုတ်ချက်များ အရ နောင်တွင် စင်ကာပူကျောင်း တက်ရောက်မည့် အလယ်တန်းအဆင့် မြန်မာအပါအ၀င် နိုင်ငံစုံမှလူငယ်များမှာ စင်ကာပူအစိုးရ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာနေထိုင်မည်ဆိုပါက နိုင်ငံသားအဖြစ် ခံယူခွင့်ကိုလည်း တိုးမြင့်ကူညီသွားမည်ဖြစ်ကြောင်းကို MSI ပညာရေးဝန်ဆောင်မှု လုပ်ငန်း မန်နေဂျင်း ဒါရိုက်တာက ဖော်ပြထားခဲ့သည်။
မြန်မာကျောင်းသားများ စင်ကာပူ PR အား ၂၀၀၇ ခုနှစ်မတိုင်ခင်အထိ လွယ်ကူစွာ လျှောက်ထားရ ရှိခဲ့ကြသည့်အပြင် မြန်မာနိုင်ငံမှ ဘွဲ့ရများမှာ စင်ကာပူတွင် အလုပ်ရရပြီး S passဖြင့် နေထိုင်ကာ PR လျှောက်ခြင်း၊ ပေါ်လီတက်ရောက်ပြီးသူများမှ PR လျှောက်ခြင်းများကို အများဆုံး ပြုလုပ်ခဲ့ကြသည်။
စင်ကာပူတွင် ဇွန်လကုန် လူဦးရေစာရင်း ထုတ်ပြန်ချက်များအရ စင်ကာပူနိုင်ငံသား ဦးရေ ၃ ဒသမ ၇၉ သန်း၊ နိုင်ငံခြားသား ၁ ဒသမ ၃၉ သန်းရှိပြီး ယင်းတို့ထဲမှ ၃ ဒသမ ၂၆ သန်းမှာ စင်ကာပူ နိုင်ငံသားများ ဖြစ်ပြီး ကျန်သည့် ၀ ဒသမ ၅၃ ဦးရေမှာ စင်ကာပူတွင် အမြဲတမ်း နေထိုင်ခွင့်  ရထားသည့်လူများ ဖြစ်ကြောင်း ကောက်နုတ်ချက်အချို့ကို Myanmar Search International ပညာရေး ၀န်ဆောင်မှုမှ သိရှိရပါသည်။

သတင်း----Eleven Media Group

လယ်မြေ၁၀၇ဧကအတွက် လျော်ကြေးရလို ကြောင်း ကျေးရွာ သားများ အသနားခံ

ကျောက်ဖြူမြို့နယ် စစ်တော ကျေးရွာမှရွာသား များက ဓည၀တီ ရေတပ်စခန်းအတွက် သိမ်းယူ သွားသော လယ်မြေ ၁၀၇ ဧက အတွက်လျာ် ကြေး ရလိုကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံ အောက်တိုဘာလ ၂၆ ရက်နေ့က စာရေးပြီး မေတ္တာရပ်ခံလိုက်ကြောင်း သတင်း ရရှိသည်။
 











ကျောက်ဖြူ ဓည၀တီ ရေတပ် ဌာနချုပ်အတွက် လယ်မြေများ အသိမ်းခံခဲ့ရသည်။ (ဓါတ်ပုံ- နိရဉ္စရာ)

" စုစုပေါင်း အသိမ်းခံရတဲ့ လယ်မြေက ၁၀၇ ဒဿမ ၅၀ ဧက ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်ကတည်းက လျော်ကြေး တပြား တချပ်မှ မပေးဘဲ သိမ်းယူသွားတာ ဖြစ်ပါတယ်။ အခု အဲဒီ လယ်မြေတွေ အတွက် လျော်ကြေး ရလိုကြောင်း ပြည်နယ် ၀န်ကြီးချုပ်ကို ရွာသား ၄၃ ဦးကို စာရေးပြီး မေတ္တာရပ်ခံထားပါတယ်။ အကြောင်းပြန်ကြားချက်တော့ မရသေးပါဘူး" ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

ယခုကဲ့သို့ လျော်ကြေး ရလိုကြောင်း လျှောက်ထားရခြင်းမှာ ကျေးရွာသားများ အနေဖြင့် လယ်သိမ်းခံ ရသဖြင့် လုပ်ကိုင်စားသောက်စရာ မရှိဘဲ အခက်အခဲ ဖြစ်ကြရ၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" ရေတပ် ဌာနချုပ် အတွက်ဆိုတော့ လယ်တွေကို ပြန်ရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် လယ်မြေ တွေဟာ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာတဲ့ လယ်မြေတွေ ဖြစ်တဲ့ အတွက် ပိုင်ဆိုင်တဲ့ လယ်သမားတွေ အနေနဲ့ တန်ရာ တန်ကြေးကို လျော်ကြေး ရသင့်တယ်လို့ ယူဆတဲ့ အတွက် အခုလို စာရေးပြီး အသနား ခံတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

စစ်တော ကျေးရွာမှ လယ်သမားများမှာ လယ်မြေများ အသိမ်းခံရပြီးနောက် အလုပ်လက်မဲ့ ဖြစ်သွားကာ အများစု ကျေးရွာသားများမှာ စားဝတ်နေရေး အထူး ဒုက္ခ ဖြစ်နေကြောင်း သိရသည်။

ကျေးရွာသားများ လယ်မြေများ ပြန်ရလိုကြောင်း အသနားခံစာ မိတ္တူအား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ် ရုံးသို့ ပို့ပေးထားကြောင်း ကျောက်ဖြူပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေ ကလည်း အတည်ပြု ပြောကြားသည်။

" စုစုပေါင်း တိုင်ကြားတာက ၄၃ ဦး ဖြစ်ပါတယ်။ စာထဲမှာရေးထားတာကို ပြောရရင် အထက်ပါ အကြောင်း အရာနဲ့ ပတ်သက်၍ ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာအုပ်စုမှ လယ်မြေဧက ၁၀၇ ဒဿမ ၅၀ ကို ၁၉၉၇ -ခုနှစ်က ဓည၀တီ ရေတပ်စခန်းအတွက် သိမ်းပိုက်ခဲ့ရာ မည်သည့် လျော်ကြေးမှ မရရှိဘဲ အသိမ်း ခံခဲ့ရပါသည်။ ဤလယ်မြေများသည် ကျွန်တော်များ၏ မိဖဘိုးဘွားလက်ကပင် လုပ်ကိုင်စား သောက်လာ သော လယ်မြေများဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဤလယ်မြေများ အတွက်နစ်နာကြေးရပါလို ကြောင်းလျှောက် ထား အပ်ပါသည်ဆိုပြီး ပါရှိပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ စာရေးပြီး အသနားခံထားသော်လည်း ရခိုင်ပြည်နယ် အစိုးရထံမှ တစုံတရာအကြောင်းပြန်ကြား ခြင်း မရှိသေးကြောင်း ကျေးရွာသားများက ပြောသည်။
သတင်း---နိရဉ္စရာ

နယူးမန္တလာထွန်းကားမှောက် ခရီးသည် ၉ဦး သေဆုံး၊ ၂၆ ဦးပြင်းထန်စွာ ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေး အဝေးပြေးကား တစီးရဲ့ပုံပါ
ယနေ့နံနက် ၅နာရီဝန်းကျင်အချိန်တွင် နယူးမန္တလာထွန်းယာဉ်လိုင်းမှ ရန်ကုန်-မန္တလေးအသွားခရီးသည်တင် ကားမှာ ကျောက်ဆည်နှင့်တံတာဦးမြို့ကြား  မြင်စိုင်းရွာအနီးတွင် တိမ်းမှောက်သွားခဲ့ပြီး ခရီးသည် ၉ ဦး ပွဲချင်းပြီး သေဆုံးကာ ခရီးသည် ၂၆ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

`ကားမောင်းတဲ့သူက အိပ်ငိုက်ပြီး ဖြစ်သွားတာလို့သိရပါတယ်။ ကားက လမ်းလယ်ကျွန်းကိုကျော်ပြီး ဘေးက ချောက်ထဲပြုတ်ကျသွားခဲ့တာပါ၊ လူတွေကလည်း တော်တော်လေး ပြင်းပြင်းထန်ထန် ဒဏ်ရာရပါတယ်။ ကျိုးပဲ့ကြပါတယ်။ ခုအားလုံးပဲ တံတားဦး ဆေးရုံပေါ်မှာပါ`ဟု တံတားဦးမြို့ခံတဦးက ပြောသည်။

ပြင်းထန်စွာ ဒဏ်ရာရရှိသူများမှာ ၂၆ ဦးရှိပြီး အရေးပေါ်အခြေအနေဖြင့် တံတားဦးဆေးရုံသို့ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသွားသူများထဲတွင် အသက် ၈ နှစ်အရွယ် မိန်းကလေးတဦးလည်း ပါဝင်ခဲ့ကြောင်း တံတားဦးမြို့ခံများထံမှ သိရှိရသည်။

`ခုမနက် ၁၁ နာရီထိုးခါနီးထိ နယူးမန္တလာထွန်းက တာဝန်ရှိသူတွေ တယောက်မှ ရောက်မလာသေးဘူး၊ ဒီက မြို့ခံတွေက  ၀ိုင်းပြီးတော့ လုပ်စရာရှိတာ လုပ်ပေးနေရတယ်၊ ယာဉ်လိုင်းက တာဝန်ရှိသူတွေ လာရောက်ပြီးဆောင်ရွက်ပေးသင့်တာ လုပ်ပေးရမှာပေါ့ဗျာ။ လူတွေ သေတာရော ဒဏ်ရာရတာကော နည်းမှ မနည်းတာ`ဟု တံတားဦးမြို့ခံတဦးက ပြောသည်။


ငြိမ်းဆက်လင်း(မြစ်မခ)
နိုဝင်ဘာ ၁၃၊ ရန်ကုန်မြို့။

အမျိုးသားလူ့အခွင့်ရေးကော်မရှင်၏ ဒုတိယအကြိမ် သမ္မတထံ အိတ်ဖွင့်စာ (ပထမ အကြိမ် အိတ်ဖွင့်စာ ပေးပြီး မကြာခင် နိုင်ငံရေးအကျဉ်းသားတချို့ လွှတ်ပေးခဲ့သည်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင်ရေးကော်မရှင် က မေတ္တာရပ်ခံတင်ပြတဲ့ အိတ်ဖွင့်ပေးစာ တစောင် နိုဝင်ဘာလ(၁၂)ရပ်နေ့ က ပေးပို့လိုက်တယ်လို့သိရပါတယ်။ ပထမအကြိမ် အိတ်ဖွင့်ပေးစာ ပေးပြီးမကြာခင်မှာပဲ အကျဉ်းသား (၆၀၀၀)ကျော်လွတ်မြောက်လာပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား(၂၀၀)ကျော်ပါဝင်ပါတယ်။ အခု ဒုတိယအကြိမ် အိတ်ဖွင့်ပေးစာမှာတော့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား (၅၀၀)ကျော်လွှတ်ပေးဖို့ တောင်းဆိုထားတာတွေ့ရပါတယ်။ ဒီအိတ်ဖွင့်ပေးစာပါ အချက်အလက်တွေ ကိုကြည့်ခြင်းအားဖြင့် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မကြာခင်လွတ်မြောက်လာလိမ့်မယ်လို့ ယူဆရပါတယ်။
နိုဝင်ဘာ (၁၃) မြန်မာ့အလင်း သတင်းစာဖြတ်စ




Myanmar News Now

ကြားဖြတ်ရွေးကောက်ပွဲ အတွက်ပြင်ထားဖို့ ရွေးကောက်ပွဲ ကော်မရှင်အကြောင်းကြား

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေး
လစ်လပ်မဲဆန္ဒနယ် ၄၈ ခု အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီး/ပြည်နယ် ကော်မရှင် အဖွဲ့ခွဲများသို့ နိုဝင်ဘာလ ဒုတိယပတ်က အကြောင်းကြား ထားကြောင်း သတင်းရရှိပါသည်။
၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက် လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များအနက် ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသား လွှတ်တော်တွင် ခြောက် နေရာ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွင် နှစ်နေရာ စုစုပေါင်း ၄၈ နေရာတွင် လွှတ်တော်ကိုယ်စား လှယ်များ လစ်လပ်လျက်ရှိသည်။

မူလမဲစာရင်းကို အခြေခံ၍ နောက်ဆုံး အခြေအနေနှင့် ကိုက်ညီသော တိကျမှန်ကန်သည့် မဲစာရင်းများကို ကြိုတင်ပြုစုထားရန်နှင့် မဲရုံနေရာများ လျာထားသတ်မှတ်ခြင်း၊ မဲပုံးနှင့် ဆန္ဒပြုခန်းများ ပြည့်စုံ ကောင်းမွန်မှု ရှိ၊ မရှိ စိစစ်ခြင်းတို့ကို ကြိုတင်ဆောင်ရွက်ထားရန် အကြောင်းကြားထားခြင်း ဖြစ်ကြောင်း . . .
ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်သည့် မဲဆန္ဒနယ် အသီးသီးတွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈၉ အရ ဥပဒေနှင့်အညီ အစားထိုး ရွေးကောက်တင်မြှောက်နိုင်ရန် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန် ရှိနေရာ လစ်လပ်မဲဆန္ဒနယ်များ အလိုက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၀ အရ မူလ မဲစာရင်းကို အခြေခံ၍ နောက်ဆုံး အခြေအနေနှင့် ကိုက်ညီသော တိကျ မှန်ကန်သည့် မဲစာရင်းများကို ကြိုတင်ပြုစုထားရန်နှင့် မဲရုံနေရာများ လျာထားသတ်မှတ်ခြင်း၊ မဲပုံးနှင့် ဆန္ဒပြုခန်းများ ပြည့်စုံကောင်းမွန်မှု ရှိ၊ မရှိ စိစစ်ခြင်းတို့ကို ကြိုတင် ဆောင်ရွက်ထားရန် အကြောင်းကြားထားခြင်း ဖြစ်ကြောင်း သိရသည်။
လစ်လပ် မဲဆန္ဒနယ်များအလိုက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရမည့် မဲဆန္ဒနယ်များမှာ ကချင် ပြည်နယ်တွင် ပြည်သူ့လွှတ်တော် သုံးနေရာ (ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်)၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် သုံးနေရာ (စစ်ကိုင်း၊ ပုလဲ၊ မင်းကင်း)၊ အမျိုးသားလွှတ်တော် နှစ်နေရာ (ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) နှင့် (ဗန်းမောက်၊ ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး)၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ပြည်သူ့လွှတ်တော် နှစ်နေရာ (ကျွန်းစု၊ လောင်းလုံ)၊ ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူ့ လွှတ်တော် လေးနေရာ (တောင်ငူ၊ ထန်းတပင်၊ သနပ်ပင်၊ လက်ပံ တန်း)၊ အမျိုးသားလွှတ်တော် တစ်နေရာ(အုတ်တွင်း၊ ထန်းတပင်)၊ တိုင်းဒေသကြီး လွှတ်တော်တစ်နေရာ (က၀မြို့နယ် မဲဆန္ဒနယ်အမှတ် ၂) တို့ ဖြစ်ကြသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် ငါးနေရာ (မကွေး၊ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပွင့်ဖြူ)၊ အမျိုးသားလွှတ်တော် တစ်နေရာ (တောင်တွင်းကြီး)၊ မန္တလေးတိုင်းဒေသကြီးတွင် ပြည်သူ့ လွှတ်တော် ၁၀ နေရာ (ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ မဟာအောင်မြေ၊ တံတားဦး၊ မိတ္ထီလာ၊ ပြင်ဦးလွင်)၊ မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ(မော်လမြိုင်)၊ ရန်ကုန်တိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် ခြောက်နေရာ (ကော့မှူး၊ သုံးခွ၊ ဒဂုံဆိပ် ကမ်း၊ မင်္ဂလာတောင်ညွန့်၊ လှည်း ကူး၊ မရမ်းကုန်း)၊ ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ (ကလော)၊ အမျိုးသားလွှတ်တော် တစ်နေရာ (လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ)၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ် တော် ငါးနေရာ(ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ၀ါးခယ်မ၊ မြန်အောင်)၊ အမျိုးသားလွှတ်တော် တစ်နေရာ (ဖျာပုံ၊ ဒေးဒရဲ)၊ တိုင်းဒေသကြီး လွှတ်တော်တစ်နေရာ (ရေကြည် မြို့နယ်-မဲဆန္ဒနယ်အမှတ် ၂) တို့ ဖြစ်ကြသည်။

သတင်း---Eleven Media Group

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်ပုံရှိ

NLD ပြောခွင့်ရသူ ဦးဥာဏ်ဝင်း
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပါတီ မှတ်ပုံတင်ဖို့ အလားအလာ ရှိပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လည်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာ ဝင်ပြိုင်မယ့်ပုံ ရှိတယ်လို့ NLD ဗဟို အလုပ်အမှုဆောင်လည်း ဖြစ် NLD ပြောခွင့်ရသူလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။NLD ပါတီ မှတ်ပုံတင်ရေး မတင်ရေးကို ပါတီတွင်း ဆွေးနွေးဖို့ ရက်ပိုင်း အလိုမှာပဲ ဦးဉာဏ်ဝင်းက အခုလို ထုတ်ဖေါ်ပြောဆိုလိုက်တာပါ။မြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် ကိစ္စတွမှာ အားလုံး ပါဝင်သင့်တယ်လို့ မြင်တာကြောင့် NLD အနေနဲ့ရော၊ ဒေါ်အောင်ဆန်း စုကြည်ပါ ပါဝင်သွားဖို့ ရှိကြောင်း ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။ပြုပြင် ပြောင်းလဲမှု ရနိုင်မယ့် အခြေအနေ ရောက်မှ ရွေးကောက်ပွဲ ဝင်မယ်လို့ ဆုံးဖြတ်ခဲ့ရင် ဘယ်တော့မှ ဝင်ဖြစ်မယ် ဆိုတာ မသေချာကြောင်း၊ ဒါ့ကြောင့် လုပ်နိုင်တဲ့ နေရာကနေ စလုပ်မှာ ဖြစ်ကြောင်း ပြောပါတယ်။ရွေးကောက်ပွဲ ဝင်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ် မဲဆန္ဒနယ်မြေကနေ ဝင်ပြိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကသာ စဉ်းစား ဆုံးဖြတ်မယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။လက်ရှိအခြေအနေအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ က လွှတ်တော်မှာ အများစုနေရာ ရထားပြီးသား ဖြစ်တာမို့ NLD အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင် လွှတ်တော်မှာ လုပ်ပိုင်ခွင့် သိပ်မရနိုင်မယ့် အခြေအနေနဲ့ ပတ်သက်လို့ ဦးဉာဏ်ဝင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအနေနဲ့ မြန်မာပြည်သား တိုင်းရင်းသား တွေပဲ ဖြစ်ပြီး မြန်မာပြည်ကောင်းစားရေးကို ဦးတည် သလို NLD ကလည်း မြန်မာပြည် ကောင်းစားရေးကို ဦးတည်နေတာမို့ ဦးတည်ချက်ချင်းတူတဲ့ အရေးကြီးတဲ့ အချက်တွေကို ဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ထိုင်း ရေဘေးကြောင့် လှေပေါ်မှာ ကလေးမီးဖွားတဲ့ မြင်ကွင်းပါ (ရုပ်/သံ)

ထိုင်း ရေဘေးဒုက္ခသည်တဦး လှေပေါ်မှာ ကလေးမွေးဖွားနေတဲ့ ရုပ်/သံ မှာ ဆရာဝန်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ စေတနာ ထားကြပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့ မြို့မဈေး မီးလောင်မှုကြောင့် ဆိုင်ခန်း ၅၀၀ ကျော်ရှိတဲ့ ဈေးတခုလုံး မီးထဲပါသွား (အသံဖိုင်)

နိုဝင်ဘာလ (၁၂)ရက်နေ့ ဒီကနေ့ည ၇ နာရီကျော်လောက်ကနေ အခုချိန်ထိ တောက်လောင်ခဲ့တဲ့ မီးလောင်မှုကြောင့် ရခိုင်ပြည်နယ် မင်းပြားမြို့ မြို့မဈေးတစ်ခုလုံး မီးထဲပါသွားတယ်လို့သိရပါတယ်... R5 by minhtun
မုံရွာမြို့ ချင်းတွင်းဈေး မီးလောင်စဉ်က ပုံပါ။
Burma VJ Media Network

တခေတ်တခါက တေးအရသာ

စန္ဒယားတင်ဝင်းလှိုင်နှင့် အဆိုတော်ကိုမြသိန်း

မကြာသေးမီ၊ လအနည်းငယ်ခန့်က အမှတ် မထင် မိတ်ဆွေတဦး ဂျပန်နိုင်ငံမှ ဆက်သွယ် လာပါသည်။ ”ကျွန်တော် ကိုမြသိန်းပါ” ဟု ဆိုသည်။ ဂျပန်နိုင်ငံ တွင် သမီးမိသားစု အလုပ် လုပ်ကိုင်နေရာ၊ မြေးထိန်းဖို့ ခေတ္တ ရောက်တုန်း နှုတ်ဆက်ခြင်း ဖြစ်သည်။

ကျွန်တော် ချက်ခြင်းသိလိုက်ပါသည်။ ရေဒီယို အဆိုတော် ကိုမြသိန်း၊ ကျွန်တော် လမ်းမတော် ဆေးကျောင်း တက်စဉ်က ကိုဇော်မိုးခိုင်တို့၊ ကိုကျော်ရှင်တို့နှင့် ပါတ်သက်၍ ခင်မင်ခဲ့ဘူး သော မိတ်ဆွေကြီး၊ သူက ရန်ကုန်တက္ကသိုလ် တွင် မြန်မာစာဂုဏ်ထူးတန်းတက်နေသည်။ ယ္ခု တော့ မြန်မာစာ ပါမောက္ခတာဝန်မှ အငြိမ်းစား ယူပြီးပြီဟု ဆိုသည်။

ကျွန်တော့် အတွေးများ ၁၉၆၆ခုနှစ် ၀န်းကျင်သို့ အပြေးရောက်သွားသည်။ ပျှော်ရွှင်ဖွယ်ရာ စိတ် ခံစားမှုတရပ် ရုပ်ချည်း ပေါက်ဖွားလာရာမှ၊ ရှေးဟောင်းနှောင်းဖြစ်များ ပြောရင်းဆိုရင်း၊ “ခင်ဗျားနှင့် စကားပြောရတာ အလွမ်းပြေ သွားတာပဲဗျာ” ဟု ကျွန်တော် ဆိုလိုက်မိသည်။ ကျွန်တော် သြစတြေးလျတွင် နေထိုင် အလုပ် လုပ်ကိုင်နေသည်မှာ ၃၂နှစ် ရှိပြီမဟုတ်ပါလော။ မိမိ၏ မွေးရပ် မြေမှ ခွဲခွါလျက်၊ ရေခြားမြေခြား၊ ဝေးရာဒေသတွင် နေထိုင်ရသူများ၏ မိခင်မြေကို တမ်းတ လွမ်းဆွတ်ခြင်း ဟူသည်မှာ မည်သည့်အခါမှ မှေးမိန်သွားလေ့ မရှိရိုးပါ။

စိတ်ပညာ အလိုအရ၊ စိတ်၏ခံစားမှု (Feeling) နှင့် ဆက်နွယ်နေသော အမှတ်သညာတို့သည် မသိစိတ် အတွင်း နှစ်လကြာရှည် ခိုအောင်းနေသော်လည်း၊ ယ္ခင်ကကဲ့သို့ အလားတူ ဘဝ အတွေ့အကြုံတခု၏ ခံစားမှုတရပ် လှုံဆော် ခဲ့ပါလျှင် ပြန်လည်ပေါက်ဖွား ရှင်သန်လာလေ့ ရှိသည် ဟု လေ့လာမှတ်ယူခဲ့ရပါသည်။

စိတ်စိစစ်အထူးကုသမှုဆိုင်ရာ ကုထုံးတွင်လည်း၊ ကုသမှုခံယူနေသူ ဝေဒနာရှင်တဦး၏ ခံစားမှု ရသ (Feeling) များကို စနစ်တကျ၊ ဆင့်ကဲဆင့်ကဲ ဖေါ်ထုတ်စမ်းစစ်ပေးခြင်းအားဖြင့် အတိတ်မှ ပုံရိပ်တို့ထံ လွယ်ကူစွာ ချဉ်းကပ်နိုင်ကြောင်းနှင့်၊ ၎င်းတို့နှင့် ဆက်နွယ်နေသော စိတ်ဝေဒနာမှ ပြေပျောက်ရန် အထောက်အကူပေးနိုင်ကြောင်း ကျမ်းကိုးကျမ်းကားဖြင့် ဆိုပါသည်။ ဤနေရာတွင် ခံစားမှုဆိုရာ၌ အာရုဏ်ငါးပါးအသိအမြင် (အနံ၊ အရသာ၊ အထိ အတွေ့၊ အကြား၊ အမြင်) တို့မှ ပေါက်ဖွားလာသော ခံစားမှုများ အားလုံးအကြုံးဝင်ပါသည်။

တခါက စိတ်စိစစ်ကုသမှု (Psychoanalytic Psychotherapy) ခံယူနေသော အရွယ်လတ်လတ် အမျိုးသမီး တဦးသည် consulting room ထဲတွင် အလှဆင်ထားသော နှင်းဆီပွင့် ပန်းရနံ တို့ကြောင့် နှစ်ပေါင်းကြာရှည် မေ့ပျောက်နေခဲ့သော အဖြစ်အပျက် (ဘဝအတွေ့အကြုံ) တခုကို ရုတ်ချည်း ပြန်လည် အမှတ်ရသွားမိသည်။ ဤသည် ကို သတိချပ်မိသော Therapist က၊ သူမ၏ စိတ်လှုပ်ရှားခံစားမှု ထုတ်ဖေါ် ပြောကြားချက်တို့ကို အထူးအာရုဏ်စိုက် နားထောင် (Attentive listening) ပေးခြင်း အားဖြင့်သော်၎င်း၊ သူငယ်မလေး၏ စိတ်ဝေဒနာကို ထပ်ထူမျှဝေ ခံစားနိုင် ကြောင်း ပြသပေးခြင်း (Empathic Attunement) အားဖြင့်သော်၎င်း၊ ၎င်းစိတ်စေရာအတိုင်း တင်ပြ ဖေါ်ထုတ်မှုကို
အတားအဆီးမရှိ လွတ်လွတ်လပ်လပ် ပြောဆိုခွင့် (Non-intrusive Approach) ပေးခြင်း ဖြင့်သော်၎င်း၊ အားပေး ထောက်ကူမှု ပြုခဲ့သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ၊ ဤအမျိုးသမီးလေး မေ့ပြစ်ချင်သော၊ မေ့ခဲ့ပြီဖြစ်သော၊ ပြန်လည် သတိရရန် ခက်ခဲ သော အတိတ်မှ ဘဝအတွေ့အကြုံတခုနှင့် ပတ်သက်သည့် စိတ်ဒါဏ်ရာကို ပြန်ပြောင်းသတိရရှိသွားပြီး၊ Therapist ၏ အကူအညီနှင့် ၎င်း၏ စိတ်ဝေဒနာကို ဖြေရှင်းပြေလည် စေနိုင်ခဲ့သည်။ ဤသို့ အလားတူပင် တေးဂီတဖြင့် ကုသနည်း (Music Therapy) သည်လည်း၊ ဝမ်းသာကြည်နူးခြင်း၊ လွမ်းဆွတ်တသခြင်း၊ အောက်မေ့သတိရခြင်း၊ စသော နှလုံးသားခံစားမှုများ အပေါ် မူတည်၍ အတိတ်၏ ဝေဒနာတို့ကို ဖေါ်ထုတ်ပေးနိုင်စွမ်း ရှိပါသည်။ ထို့အပြင် လတ်တလော စိတ်ညစ်ညူးမှု၊ စိတ်ပင်ပမ်းနွမ်းနယ်မှုတို့မှလည်း သက်သာစေ၍ စိတ်ဝမ်းချမ်းမြေ့ စေပါသည်။

ကျွန်တော် ကိုမြသိန်းနှင့် စကားပြောစဉ်က အမှတ်မထင် ပြောခဲ့မိသည်။ “ခင်ဗျားရဲ့ ဝါးယပ်တောင် သီချင်းလေး ပြန်ကြားချင်သေးတယ်ဗျာ”။ နောင်လူကြုံကောင်း ပေါ်သည်နှင့် ကျွန်တော့်ထံ မြန်မာ့အသံမှ တလတခါ ထုတ်လွှင့် သော စန္ဒယားတင်ဝင်းလှိုင်၏ “ခြေခြေမြစ်မြစ်၊ နှစ်နှစ်ကာကာ၊ ချစ်တဲ့ကာလပေါ်တေးအရသာ” series အချို့ DVD ဖြင့် ကူး၍ ပေးပို့ခဲ့ပါသည်။ ၎င်းတေးသီချင်းများသည် ၁၉၆၀နှင့် ၁၉၇၀ ဝန်းကျင်၊ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘဝ တခေတ်ကို ဖေါ်ကျူးပြနေပါသည်။ ဟိုတချိန်က တရှိန်ထိုး နံမည်ကျော်ကြားခဲ့သော အဆိုတော်များ ယ္ခုအခါ လူသိနည်းပါး သွားပါပြီ။

ကိုမြသိန်း ပေးပို့သော DVD များကို ကြည့်ရှု့နားထောင်ရင်း ကျွန်တော်စဉ်းစားမိပါသည်။ တေးဂီတ အနုစာပေ သမိုင်းဟူသည် ခေတ်တခေတ်ကို ရောင်ပြန်ဟပ်ခြင်း မည်ပါသည်။ ကျွန်တော်တို့ ခေတ်က ဂီတနှင့် စာပေသည် ကါလပေါ် တေးများအဖြစ် ကျော်ကြား ခဲ့သော်လည်း ခေတ်ဟောင်း သီချင်းများသာမက၊ မဟာဂီတဝင် သီချင်းကြီး များ၏ အရှိန်အဝါ များစွာလွှမ်းမိုးဆဲ ဖြစ်သည်။ မြန်မာ့အနုစာပေ နယ်ပယ်နှင့်လည်း အကြွမ်းတဝင် ရှိမြဲဖြစ်သည်ကို တက္ကသိုလ် သန်းလှိုင်၊ စန္ဒယားချစ်ဆွေ၊ စန္ဒယားလှထွတ်တို့၏ တေးရေးစာသားများက သက်သေပြခဲ့သည်။

ကိုသန်းလှိုင်၏ “တဆောင်းသစ်ပြန်ပြီ” သီချင်းထဲမှ စာသားများသည် နူးညံ့လှသည်။ မဟာဂီတကို ထုံးလိုမွှေ၊ ရေလို နှောက်နိုင်သော ကိုသန်းလှိုင်ရေးပြီး၊ ညွန့်ညွန့်စိန် သီဆိုခဲ့သော “အမိုက်မလေး ရှာပုံတော်” တွင်ပါသည့် “မြင်စမ်း၊ မြင်စေချင်...” စာပိုဒ်သည်၊ မဟာဂီတမှ “ရွှေပြည်တော်သည်” ပတ်ပျိုး၏ တေးသွား စာပိုဒ်တခုဖြစ် သည့်”မြင်စမ်းပါလှည့်မယ်...” ကို တမျိုးတဖုံ ဖန်တီးရာမှ ပေါက်ဖွားလာကြောင်း၊ ကိုတင်ဝင်းလှိုင် ရှင်းပြ၍ မှတ်သား ရပါသည်။ အမျိုးသားဂီတဖြစ်သည့် မဟာဂီတမှ အဆီအနှစ်တို့ကို “ဆူရာရွေးနှုတ်၊ သည်းခြေထုတ်” ခဲ့ကြောင်းလည်း သိရှိရပါသည်။

အထက်ပါ တေးစီးရီး DVD များကို ဆစ်ဒနီမှာ ကြည့်လျက် မြန်မာပြည်မှ စန္ဒယားတင်ဝင်းလှိုင်ကို အထူးလေးစား သွားမိပါသည်။ အဓိကအကြောင်းမှာ ယ္ခုခေတ်တွင် မထင်မရှား ဖြစ်နေပြီဖြစ်သော ကျွန်တော်တို့ခေတ်က နံမည်ကျော် အဆိုတော်၊ ဂီတပညာရှင်ကြီးများကို ဂုဏ်ပြု ဖေါ်ထုတ်လျက်၊ ယ္ခုခေတ်လူငယ်များနှင့် မိတ်ဆက်ပေးခြင်းကြောင့် ဖြစ်ပါသည်။

ကိုတင်ဝင်းလှိုင်မှ အဆိုတော် တဦးချင်း၏ နောက်ခံ သမိုင်းနှင့် ဆိုနည်းဆိုဟန်၊ တေးဂီတ၏ အနက် အဓိပ္ပါယ်၊ ဂီတမှူး၊ တူရိယာ အဖွဲ့တို့၏ စွမ်းရည် တို့အပြင် အချို့နေရာ တွင် မဟာဂီတနှင့် သော် လည်းကောင်း၊ တေးဂီတ အနုစာပေနှင့် သော်လည်း ကောင်း၊ မည်သို့ ဆက်နွှယ်နေကြောင်း ဝေဖန် သုံးသပ် ပေးခြင်းအားဖြင့် ယ္ခုခေတ် ဂီတဝါသနာရှင်များအတွက် ဗဟုသုတ ကြွယ်ဝစေပါသည်။ ကိုတင်ဝင်းလှိုင်သည် ရှင်ပေါလု ကျောင်းထွက်ဖြစ်၍ ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည့်အပြင် စန္ဒယား ပညာကို အသက် ၅နှစ်သားမှစ၍ တစိုက်မတ်မတ် ဆရာကောင်းများထံမှ လက်ထပ်သင်ယူ ခဲ့သူဖြစ်၍ မြန်မာ့တေးဂီတနယ်ပါယ်တွင် အထူးထင်ရှားသောပညာရှင်
ဂီတလုင် မောင်ကိုကို မရှိသည့်နောက် ရှားပါးသော ပညာရှင်တွေထဲမှ တဦးဖြစ်နေကြောင်း မိတ်ဆွေကြီး ဂီတမှူး ဦးပန်တျာထံမှ သိရသည်။

ကျွန်တော် တက္ကသိုလ်ဝင်တန်းတက်စဉ် (၁၉၆၀-၆၁) ကာလက နံမည်ကြီးခဲ့သော ရောင်းတန်း ဓါတ်ပြားတခေတ်မှ ဟင်္သာတစိန်လင်း၏ “တံခွန် တိုင်မလေး မကြေးမုံ” ကို ပြန်လည် နားဆင်ရ သည်။ ကိုမင်းသူ၏ “ပုံပမာ” သီချင်းမှာ ကိန္နရီ မောင်နှံ၏ မုန်တိုင်းဒဏ်ကြောင့် တရက်ခွဲခဲ့ ရသည် ကို ရက်ပေါင်း ၇၀၀ ဆွေးရကြောင်း ဖွဲ့ဆိုခဲ့ခြင်းဖြစ်သည်။ “မိုးတွေညို့ရင်၊ မျက်ရည်စို့ တယ်” ဆိုသော တေးသွားသည် ထိုတခေတ်က ရေဒီယို ပရိသတ်၏ရင်မှာ စွဲ၍ကျန်ရစ် စေခဲ့သည် ဆိုသည်မှာ မှန်ပါသည်။ တချို့သော တေးသံရှင် များကို လူမတွေ့ဖူးခဲ့ပါ။ ကိုတင်လှိုင်ကို သူ၏ ထူးကဲသော ဆိုဟန်ဖြင့်တွေ့ရပြီး၊ အခြား အဆိုတော်များ၊ မြသက်မူ၊ အေဝမ်းတင်တင်လှ၊ ညွန့်ညွန့်စိန်၊ မြင့်မြင့်စိန်၊ ကိုခင်မောင်လွင်၊ မောင်သိန်းဝင်း၊ နုနုလွင် စသည် စသည်တို့ကို တေးသံရှင်၊ ပညာရှင်များအဖြစ် တွေ့မြင်ရပြီ။ ကိုတင်ဝင်းလှိုင်၏ချစ်ဇနီး “ဘူတာခင်နှင့်ဘူတာစဉ်” သီဆိုခဲ့သော တေးသံရှင် ကြည်ကြည်ဝင်းမှာ ကျန်းမာရေး အခြေအနေကြောင့် ကိုယ်တိုင်ပါဝင် မဆိုနိုင်တော့ပါ။

ကျွန်တော်ငယ်စဉ်က နှစ်ခြိုက်ခဲ့သော ညီအစ်ကို အဆိုတော် (၃)ဦး (ပျဉ်းမနား ကိုမြင့်၊ ကိုစိန်ဝင်း၊ ကိုတင်ထွတ်) တို့ ထဲမှ ကိုစိန်ဝင်း၏ ဆိုဟန်ကို “မေတ္တာ စကါးထာဝှက်သူ” သီချင်းဖြင့် ကြားတွေ့ ရ၍ ဝမ်းသာမဆုံးပါ။ ကိုခင်မောင်ကြီး ၏ “တက္ကသိုလ်မှာဝေတဲ့နှင်း”၊ အေဝမ်းတင်တင်လှ၏ “နေ့စဉ်ပိတောက်ပွင့်ပါစေ”၊ မြင့်မြင့်စိန်၏ “မှန်ကြိုက်သူ”၊ ကိုစိန်ဝင်း၏ “အသည်းစကား”၊ ပျဉ်းမနားကိုမြင့်၏ “သံသရာတကွေ့ဝယ်”၊ ဓနုဖြူစိုးသိန်း၏ “မေတ္တာစကား”၊ သန်းဖေလေး၏ “လောင်းရိပ်မိသောပန်းကလေး” တို့သည် အဆိုပါခေတ်၏ မှတ်တိုင်များပါပင်။ ကျွန်တော့် သူငယ်ချင်း ကိုမြသိန်း၏ “ငယ်ချစ်ဦးနှင့် တွေ့ဆုံခြင်း” သီချင်းသည် ယ္ခုအချိန်အထိ နားထောင် မဆုံး ဖြစ်နေမိသည်။

ကျွန်တော်တို့ တချိန်တခါက အသည်းစွဲခဲ့သော သီချင်းများမှာမူ၊ သူ့ခေတ်နှင့်တော့သူ တွင်ကျယ် ခဲ့ငြားလည်း ယ္ခု အချိန်တွင် တိမ်ကောရှာချေပြီ။ ယ္ခုခေတ်လူငယ်များသည်လည်း ထိုခေတ်၏ တေးသံများနှင့် မယဉ်ပါးတော့ပါချေ။ သူတို့ခေတ် သူတို့အခါနှင့် လိုက်ဖက် တင့်မောသော တေးသံသာတို့ နေရာဝင်ယူခဲ့ပြီ ဖြစ်လျက် သူတို့ခေတ် သူတို့အခါနှင့် အံဝင်ခွင်ကျ ဖြစ်လျက် ရှိနေသည်။ သို့ရာတွင် တေးဂီတ အနုပညာ ဟူသည်မှာ ခေတ်အဆက်ဆက် တွင် ဤလောကကို အလှဆင်လျက် လူသားတို့ကို အကျိုးပြုမြဲ ပြုနေပါဦးမည်။

ယ္ခင်က ကျွန်တော်တို့၏ အသည်းစွဲ သီချင်းများနှင့် တေးသံများကို ကျွန်တော့် သားနှင့်သမီးတို့ ကြားတွင် ကြာရှည် နားထောင်ခံစားရန် အခွင့်မသာပါချေ။ ကျွန်တော်ထီးထီးသာ နားဆင်ခံစားရင်း ဖြင့် အတိတ်မှ ပုံရိပ်များကို ဆက်လက် လိုက်လံ ဖမ်းဆီးနေရပါဦးမည်တမုံ့။ ။

မောင်လူအေး၊ ဆေးတက္ကသိုလ် (၁) (၁၉၆၈)
MYANMAR SECTION AMIM 2010 Alumni Myanmar Institutes of Medicine | e-magazine 88

မောင်လူအေး (ဆစ်ဒနီ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖက်ကို မျှားဦး လှည့်ချင်သူများ

ဒေါ်အောင်ဆန်းစုကြည်ကို မျှားဦး လှည့်ပြီး တိုက်ခိုက် ဝေဖန်ဖို. စတင် ခြေလှမ်းတွေ ပြင်ဆင်နေပါပြီ။။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို မျှားဦးလှည့်ပြီး ဝေဖန် တိုက်ခိုက်မည့်သူတွေဟာ လူတချို. ထောက်ပြနေသည့် သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ.ထဲက သဘောထား တင်းမှာတဲ့ Hard Liners အုပ်စုတွေတွေ စစ်ဗိုလ်ချုပ်တွေ မဟုတ်ပဲ ဒေါ်စုကို တချိန်က ပွဲထုတ်ပြီး ရှေ.တန်းတင်ကာ လုပ်စားခဲ့သည့် အတိုက်အခံ အုပ်စုတွေဖက်က ဖြစ်ပါသည်။ အများစုကတော့ ပြည်ပ အခြေအစိုက် အဖွဲ.အစည်းတွေနဲ. သတင်း မီဒီယာတွေက များပါမည်။

ရန်ကုန်မှာ လုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တာဟာ “ ဟန်ပြသက်သက် လုပ်တာ မဟုတ်လားလို.” BBC မြန်မာပိုင်း သတင်းထောင် ကိုချိုက မေးခွန်း ထုတ်လာပါသည်။
ဒီမေးခွန်းကို ခင်မောင်ညို( ဘောဂဗေဒ)ကို မမေးသင့်ပဲ သတင်းထောက်အနေဖြင့် သတ္တရှိရင် ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ.က ထိပ်ပိုင်း ခေါင်းဆောင်တွေကို မေးကြည့်ပါလား။ ဟန်ပြသက်သက်လုပ်တာလား။ ဘာလားဆိုတာ သူများကို တဆင့်ခံပြီး စကားလုံးနဲ. ထောက်မည့်အစား။

ပြည်ပ အခြေစိုက် Mizzima သတင်းဌာနကလဲ  “The Fall of a Symbol, The Rise of the Politician” ဆိုတဲ့ ခေါင်းစဉ်တခုနဲ. နိုင်ငံခြားသူ ဒိန်းမတ် ကျောင်းသူတဦး- Lea Friedberg ရေးတဲ့ ဒေါ်စု၏ အနာဂတ်ကို ခပ် ဖွဖွလေးနဲ. စကားလုံးတွေနဲ. ခြေထိုးလိုက်ပြန်ပါသည်။ တကယ်လို. လက်၇ှိ အစိုးရနဲ. ပူပေါင်းဆောင်ရွက်ပြီး လုပ်မယ်ဆိုရင် ရွေးကောက်ပွဲတွေ ၀င်မယ်။ အစိုးရ ၀န်ကြီးတာဝန်တွေ ယူလာမယ်ဆိုရင် နိုင်ငံရေးသမားတဦးအနေဖြင့်တော့ မြင့်တက်လာနိုင်ပေမယ့် တချိန်းတည်းမှာ ဒေါ်စုဟာ တိုင်းပြည်အတွက် သင်္ကေတ တခုအဖြစ်ကနေ ကျဆုံးသွားမယ်လို. သုံးသပ်လာတာပါ။ ဒါဟာလဲ ဒေါ်စုကို Democracy Icon & Freedom Icom အဖြစ် တင်စားပြီး နိုင်ငံတကာ ဈေးကွက်မှာ ပြစား လုပ်စားခဲ့သူတွေအတွက် တကယ်လို.သာ ဒေါ်စုက ဦးသိန်းစိန် အစိုးရနဲ. လက်တွဲပြီး ပူးပေါင်းသွားမယ်ဆိုရင် အခုလိုမျိုးနဲ. ဆွဲချဖို. Icon တခုအဖြစ် ဆက်မထားချင်တဲ့ မမြင်လိုတဲ့သူတွေရဲ့ ခပ်ပါးပါး လမ်းကြောင်းပေး ပြောဆိုရေးသားချက်တွေပါ။ ဒီအထဲမှာ နိုင်ငံခြားသားတွေ မြန်မာ့အရေး လုပ်နေပါတယ်ဆိုတဲ့အဖွဲ.တွေ NGOs တွေဟာလဲ ဒေါ်စုကို လက်ရှိ အစိုးရနဲ. တစားထဲ ထားပြီး တန်းညိကာ အိုက်ကွမ်-ICOM စံပြ သင်္ကေတာ-Symbolic Leader နေရာကနေ ဖယ်ရှားလိုတဲ့ သဘောထားတွေကို ထင်ဟတ်နေပါသည်။

“မြန်မာနိုင်ငံအနေဖြင့် ပုဂ္ဂိုလ်ရေးကို အခြေခံတဲ့ နိုင်ငံရေးကနေ ပေါ်လစီ မူဝါဒကို အခြေခံတဲ့ နိုင်ငံရေးကို ပြောင်းလဲဖို. လိုတယ်” လို. NCGUB ပြည်ပရောက် အစိုးရအဖွဲ.၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဆိုတဲ့ ဒေါက်တာ သောင်းထွန်းကလဲ ပြည်ပ သံလွင့်ဌာနတခုကနေ စတင်ပြီး ဒေါ်စုကို ဗဟိုပြုတဲ့ နိုင်ငံရေးကို ဝေဖန်လာပါပြီ။ သူကိုယ်တိုင်ကတော့ ပြည်ပ အစိုးရအဖွဲ.၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဆိုတဲ့ ရာထူးကို ရာသက်ပံ ရယူထားတဲ့အပြင် တကယ်ဆိုရင် UN အထွေထွေ အတွင်းရေးမှူးချုပ်တွေသာ ပြောင်းသွားတယ် သူကတော့ ဒီရာထူး UN Shadod Ambassador နေရာကို NCGUB အစိုးရအဖွဲ. စပြီး ဖွဲ.ကတည်းက ယူထားသူပါ။

ဒီထက် စိတ်ဝင်စားဖို.ကတော့ လက်ရှိ NGGUB အစိုးရအဖွဲ.၏ ၀န်ကြီးချုပ်ရာထူးကို ဒေါက်တာ စိန်ဝင်းဟာ စပြီးဖွဲ.စည်းခဲ့တဲ့ ၁၉ ၉ ၀ ကနေ ၂၀၁၁ ခုနှစ်အထိ ပေးထားခဲ့ ယူထားခဲ့ ခန်.ထားခဲ့တာကရော ဒေါက်တာ စိန်ဝင်းက ထွက်သွားတဲ့ အမတ်တွေထဲမှာ အတော်ဆုံး အရည်အချင်း အရှိဆုံးမို. NCGUB ၀န်ကြီးချုပ်ရာထူးကို ရာသက်ပံ ပေးထားတာလား ဒေါက်တာ သောင်းထွန်းတို. ပြောသလို လူပုဂ္ဂိုလ်အရ ပေးထားတာလား ရှင်းပြဖို. လိုပါမည်။ ဒေါက်တာ စိန်ဝင်းဟာ ဗိုလ်ချုပ် အောင်ဆန်း၏ တူ၊ အာဇနည် ဦးဘ၀င်း၏ သား၊ ဒေါ်အောင်ဆန်းစုကြည်၏ မောင်ဝမ်းကွဲတော်သူ ဖြစ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေး အစဉ်အလာ ကြီးမားမှုကြောင့် ပုဂ္ဂိုလ်ရေးကို အခြေခံပြီး နေရာ ပေးထားခြင်း မဟုတ်ပါလား။ တကယ်လို. ဒေါက်တာ သောင်းထွန်းအနေဖြင့် မြန်မာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေး အခြေခံတဲ့ နိုင်ငံရေးကနေ ပေါ်လစီ မူဝါဒကို အခြေခံတဲ့ နိုင်ငံရေး လုပ်သင့်တယ်လို. တကယ် ယုံကြည်လိုက်ခံနေရင် တခြားသူတွေကို ထောက်ပြတာထက် ကိုယ့်အဖွဲ.အစည်း ကိုယ် ကိုယ်တိုင် ကိုယ်စားပြုနေတဲ့ အဖွဲ.အစည်းကို ဒီအတိုင်းဖြစ်အောင် အရင် လုပ်ပြလိုက်ပါ။

မြန်မာနိုင်ငံရှေ.နေများကောင်စီ-BLC အဖွဲ.က ခေါင်းဆောင်ဆိုတဲ့ ဦးအောင်ထူးက လက်ရှိ အစိုးရ အဖွဲ.ကနေ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရေး ပြင်ဆင်ချက်တွေနဲ. ပတ်သက်ပြီး ဝေဖန် ထောက်ပြရာမှာလဲ  “ဥပဒေမှာ မပါတဲ့အချက်အလက်တွေကို ပြောဆိုရာ ရောက်တယ်”လို. NLD အဖွဲ.၏ ပြောရေးဆိုခွင့်ရှိသူ ရှေ.နေ ဦးဥာဏ်ဝင်းက ပြည်ပ သတင်းဌာနတခု၏ အပြန်အလှန် ဆွေးနွေးမှုမှာ ထောက်ပြခဲ့ပါသည်။ BLC  ဦးအောင်ထူးရဲ့ အဆိုရ ပြောရင်တော့ အခု ပြောင်းလဲ ပေးလိုက်တဲ့ အချက်တွေဟာ ဘာမှ မထူးခြားတဲ့အပြင် ၂၀၀၈ ကို လေးစားလိုက်နာမယ်လို. ခံဝန် လက်မှတ်ထိုးလိုက်တာကြောင့် မြန်မာပြည်၏ ဒီမိုကရေစီ လူ.အခွင့်အရေးနဲ. တရားဥပဒေ စိုးမိုးရေးတွေကို ဥက္ခာပြုလိုက်ရာရောက်တယ် ဆိုပြီး နိုင်ငံရေးအရ ကြည့်ကာ ဥပဒေကြောင်းအရ မသုံးသပ်ဖဲ ကိုယ်လိုရာကို ဆွဲပြောသွားပြန်ပါတယ်။

ဒါကြောင့် NLD အဖွဲ.နှင့် ဒေါ်အောင်ဆန်းစုကြည်တို. ပါတီ တရားဝင် မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ၀င်မယ်လို. ဆုံးဖြတ်လိုက်ရင်ဖြင့် ဒေါ်စုကို မျှားဦးလှည့် ပြီး ဝေဖန် တိုက်ခိုက်ကာ နိုင်ငံရေး နယ်ပယ်ကနေ စွန်.ခွာအောင် လုပ်မည့်သူတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန်.ကျင်ခဲ့ပြီး အစိုးရ လုပ်သမျှ NO NO NO လုပ်ခဲ့တဲ့ ပြည်ပ အခြေစိုက် အတိုက်အခံ အဖွဲ.တွေက ခေါင်းဆောင်တွေက ပိုများမည် ဖြစ်ပါသည်။ လူတွေ ပြောတဲ့ ဦးသိန်းစိန်အစိုးရ အဖွဲ.ထဲက သဘောထား တင်းမာသူတွေရဲ့ ထိုးနက်ချက် ဝေဖန် တိုက်ခိုက်မှုတွေထက် ဒေါ်စုကို အကြောင်းပြုပြီး လုပ်စားခဲ့သူ လုပ်စားနေသူ လုပ်စားဖို. ဆက် ကျိုးစားနေသူ နေရာ ရရှိနေတဲ့ Status Quote ဖြစ်နေသူတွေသာ ဖြစ်ပါမည်။ မကြာခင် စောင့်သာ ကြည့်ပါ ဒီ ခန်.မှန်း ပြောဆိုချက်တွေ မှန် မမှန်ကိုပေါ့။
ဒါကြောင့် ဒေါ်စုကို မျှားဦးလှည့်ပြီး ဝေဖန် တိုက်ခိုက်မည့် နိုင်ငံရေး ပြိုင်ဖက်တွေဟာ အစိုးရအဖွဲ.အတွင်းက သဘောထား တင်းမာသူ စစ်ဗိုလ်ချုပ်တွေ စစ်ဗိုလ်ချုပ်ဟောင်းတွေ မဟုတ်တော့ပဲ ဒေါ်စုကို တချိန်က ခေါင်းပေါ်တင်ခဲ့ပြီး ကမ္ဘာ ပတ် လုပ်စားသူတွေ ဒေါ်စု မျက်နှာ စွပ်ပြီး နိုင်ငံတကာမှာ အကူအညီတွေ အထောက်အပံ့တွေ ယူခဲ့သူတွေဟာ ဒေါ်စုနဲ. အဖွဲ.ချုပ်ကို ပစ်မတ်တွေထားပြီး ဖယ်ရှားဖို. စတင် ခြေလှမ်းလာခြင်း ဖြစ်ပါသည်။

အဲဒီ အုပ်စုတွေထဲမှာ သေခြာပေါက် ပါလာမည့်သူတွေကတော့ အစိုးရ လုပ်သမျှကို NO  လုပ်တာပဲ သိတဲ့ NO အုပ်စုက သဘောထား တင်းမားသူတွေ၊ လက်ရှိ ပြည်ပ နိုင်ငံရေးကို အနှစ် ၂၀ ကျော် ဦးဆောင်မှု ခေါင်းဆောင်ပိုင်းနေရာကို ရရှိထားတဲ့ နယ်စပ်နဲ. ပြည်ပ အခြေအစိုက် မြန်မာအတိုက်အခံ အဖွဲ. တချို.နဲ. အဲဒီ အဖွဲ.တွေက ခေါင်းဆောင်ဆိုသူတွေ။ NDDP ဒေါ်ခင်ဥမ္မာတိုလို၊ အမျိုးသမီးအဖွဲ.ချုပ်က ဒေါ်သင်းသင်းအောင်တို.လို၊ နောက်တခုကတော့ တိုင်းရင်းသား လက်မှတ် ကိုင်ပြီး ကမ္ဘာပတ်နေသူတချို. ဇိုရာဖန်တို. နမ်း ချန်ထောင်းတို. အုပ်စုတွေ၊ မြန်မာ့အရေး လုပ်နေတယ်ဆိုတဲ့ နိုင်ငံခြားသား အဖွဲတွေ=AlterAsean က မလေးရှားသူ ဒေဗီစတောဟတ်တို.အုပ်စု၊ Burma Campaign For UK က Mark Fermanar Anna Robertတို.၊ US Campaign For Burma က နိုင်ငံခြားသား ၀န်းထမ်းတချို.၊ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ပညာရှင်လို. ဆိုတဲ့ ဒေါက်တာ ဇာဏီတို. လို မကြက် တကြက် ပေါင်မှုံ. အုပ်စုတွေ၊ ပြည်ပ သတင်းဌာနနဲ. အသံလွင့်ဌာနက လခစား ဖားတပိုင်း ငါးတပိုင်း သတင်းထောက် လိုလိုနဲ. နိုင်ငံရေး လုပ်နေတဲ့ အုပ်စုတွေ ဖြစ်ပါမည်။

ဒီလူတွေက တချိန်က ပြောခဲ့သလိုပဲ ဒေါ်စုဟာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလဲ ဖြစ် ကိုယ်တိုင်လဲ အရည်အချင်းရှိတဲ့ နိုင်ငံတကာနဲ. ပြည်သူတွေ၏ ထောက်ခံမှုကို ရရှိထားတဲ့ အမျိုးသမီးဖြစ်လို. ဦးနေ၀င်းတို. ဦးသန်းရွှေတို.ဟာ ဒေါ်စုကို ပုဂ္ဂိုလ်ရေးကို မနာလိုဖြစ်ပြီး အခုလို နေရာ မပေးပဲ ဖယ်ရှားထားတာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသား မြန်မာပြည်က ပြသာနာတွေ အမျိုးသား စည်းလုံးညွတ်ညွတ်ရေးတွေကို ဖြေရှင်းပေးနိုင်မည့် တိုင်းရင်းသားတွေပြည်သူတွေ၏ ယုံကြည်မှုကို ရရှိထားတဲ့ Burma Trusted Icon Leader ဆိုပြီး ချီးမြှောက်ခဲ့ ဂုဏ်ပြုခဲ့သူတွေပါ။  အခုတော့ အဲဒီ လူတွေပဲ ဒေါ်စုကို ဆွဲချဖို. အရောင် ဆိုးဖို. ဘေးခြောင်ထိုးဖို. ကျိုးစားမည့်သူ ဝေဖန် တိုက်ခိုက် ထိုးနက်မည့်သူတွေ ဖြစ်ပါသည်။ 2010 ရွေးကောက်ပွဲတုန်းက အဖွဲ.ချုပ်က NO လုပ်ခဲ့လို. သဘောကျပြီး အားပေး လက်ခုတ် တီးခဲ့သော်လဲ အခု တချိန် ပါတီ ပြန်ပြီး မှတ်ပုံတင်မယ် ကြားဖြတ် ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ဒေါ်စုနဲ. အဖွဲ.ချုပ်ကို အရင်ဆုံး အပစ်တင်ပြီး ဆဲချင်သူတွေကတော့ သဘောထား တင်းမာတဲ့ ထိပ်ပိုင်း အတိုက်အခံ ခေါင်းဆောင်တွေပဲ ဖြစ်ပါသည်။

ထိပ်ပိုင်းလောက်သာ နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်ယုံနဲ. မရဖူး။ ဒေါ်စုတို. အဖွဲ.ချုပ် NLD  တို.လောက်နဲ. အစိုးရတို.အကြား ရင်ကြားစေ့ ပူးပေါင်းဆောင်ရွက်ယုံဖြင့် မပြီးဘူး ဆိုတဲ့ အရာတွေနဲ. ထောက်ပြကာ ဒေါ်စုကို ကြပ်ဖို. အဖွဲ.ချုပ်ကို မီးကင်မည့်သူတွေသာ ဖြစ်လာမည်။  နောက်တခုကတော့ လူအခွင့်အရေးဆိုတဲ့ အချက်တွေနဲ. ဘင်္ဂါလီကိစ္စတို. အမျိုးသမီးအရေးတို. ပြည်တွင်း စစ်ရပ်စဲရေး စတဲ့ ပြောဆိုချက်တွေနဲ.ပဲ ဒေါ်စုတို. အစိုးရနဲ. အတူတူ လက်တွဲ လုပ်သွားပေမည့် အဖွဲ.ချုပ် NLD တို. ပါလီမန်ထဲသာ ရောက်သွားပေမည့် မြန်မာပြည် ပြသာနာတွေ လူ.အခွင့်အရေးတွေ ဒီမိုကရေစီနဲ. ငြိမ်းချမ်းတွေက ဘာမှ မတိုးတက်လာဖူး မပြောင်းလဲ လာဖူး။ သာမန် ပြည်သူတွေ၏ လူနေမှုဘ၀ ဆင်းရဲ မွဲတွေမှုတွေ ၀န်ထမ်းတွေ၏ အဂတိလိုက်စားမှုတွေက အရင်အတိုင်းပဲ ရှိနေသေးတယ်ဆိုတဲ့ အချက်တွေကို ကိုင်ပြီး ဒေါ်စုကို ချိုင်ဖို. ခြေလှမ်း စတင်နေပါပြီ။ ပါတီအတွင်းမှာ ဒီမိုကရေစီ မရှိဘူး။ ဒေါ်စု ဘေးမှာ အနီးကပ် ၀ိုင်းရံနေသူတွေဟာ အောက်ခြေ လူထု၏ အသံတွေကို နားမထောင်ဘူး စတဲ့ စွပ်စွဲချက်တွေ ဝေဖန်ချက်တွေ မကြာခင် ဒီထက် ပိုပြီး ညံလာတော့မည် ဖြစ်ပါသည်။

 ဒေါ်စုနဲ. အဖွဲ.ချုပ်ကို သူတို.အတွက် ဈေကွက်ဝင်ပြိုင်မည့် ဈေးကွက် ၀င်လုမည့် သူတွေလို. ယူဆလာမည် ဖြစ်ပါသည်။ အစိုးရအနေဖြင့် နိုင်ငံတကာ Market ကို လက်ရှိ ပြည်ပ အဖွဲ.အစည်းတွေ ခေါင်းဆောင်တွေ ချုပ်ကိုင်ထားတာတွေကို ၀င်ပြိုင်ဖို. ၀င်ပြိုင်နိုင်စွမ်း မရှိပါ။ သို.သော် ဒေါ်စုနဲ. အဖွဲ.ချုပ်သာလျင် နိုင်ငံတကာ ဈေးကွက်ကို လက်တွေ. ထိုးဖေါက်လာမယ် နေရာယူလာမယ် ပြည်တွင်းကနေ တိုက်ရိုက် လူငယ်တွေ ကိုယ်စားလှယ်တွေ စေလွတ်ပြီး နိုင်ငံတကာ စင်ကို ၀င်လာနိုင်တာမို.လဲ ဒီလို ဖြစ်လာမှာကို သိနေတဲ့ ကြောင်ပါးတွေက စားကျက် ပျောက်မယ်ထင်ပြီး ကန်.ကွက်တာလဲ ဖြစ်နိုင်ပါသည်။ ဒေါ်စုအရှိန် အဖွဲ.ချုပ် အရှိန်နဲ. ပြည်တွင်းမှာ တရားဝင် နေထိုင်ပြီး တရားဝင် ရပ်တည်နိုင်တဲ့ ပါတီလဲ ဖြစ်မယ် အစိုးရကလဲ နှောက်ယှက်တာ ဟန်.တားတာတွေ မလုပ်ဖူးဆိုရင် အခုအခါ ပြည်ပမှာ မင်းမူနေတဲ့ ကြက်ဆူပင် ခေါင်းဆောင်များဟာ ပြည်တွင်းက လာမည့် ဒေါ်စုနဲ. အဖွဲ.ချုပ်ကို ဘယ်လို လုပ်ပြီး နိုင်အောင် လုပ်နိုင်မှာလဲ။ ဒီတော့ ထိပ်တိုက် တွေ.ပြီပေါ။ ဒါကြောင့်လဲ လက်ဦးမှု ရအောင် စကားတွေ လမ်းကြောင်းပေးပြီး ခပ် ပါးပါးလေးနဲ. ထိုးစစ် ဆင်လာတဲ့သဘောပါ။

ဒါကြောင့် ဒေါ်စုကို မျှားဦးလှည့်ပြီး နိုင်ငံရေးအရ စင်ပေါ်ကနေ ဆွဲချဖို. လုပ်နေတဲ့ ပြည်ပ အခြေစိုက် အင်အားစု တချို.နဲ. ခေါင်းဆောင်တချို.၏ သံစဉ်တီးဝိုင်းရဲ့ ဖျော်ဖြေမှုတွေ မကြာခင် ဆူဆူညံညံ အသံဗလံတွေ ပေးပြီး တီးခတ်လာတောမည်မှာ မုတ်ချအမှန် ဧကန် မြင်ရတော့မည့် အခြေအနေ ဖြစ်ပါကြောင်း နိုင်ငံရေး ဗေဒင် ဟောလိုပါသည်။

UDP MYANMAR

ရန်ကုန်မြို့လယ်၌ ရုပ်ရှင်ဒါရိုက်တာတစ်ဦး အက်ရှင်ဇာတ်လမ်းဆန်ဆန် အသတ်ခံရ

ရန်ကုန် ည မြင်ကွင်း
MTV ခေတ်ဦးကာလကတည်းပင် ရုပ်ရှင်ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သော အသက် ၄၀ ခန့်အရွယ် အနုပညာရှင်တစ်ဦးကို ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် အက်ရှင်ကားမှ ဇာတ်ဝင်ခန်းဆန်ဆန်ကားဖြင့် တရွတ်တိုက်ဆွဲခေါ်ကာ ရက်စက်စွာ သတ်ခဲ့သော လူသတ်မှုတစ်ခု နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီခွဲခန့်၌ ဖြစ်ပွားခဲ့ကြောင်း အသတ်ခံခဲ့ရသော ဒါရိုက်တာ၏ မိသားစုများနှင့် မျက်မြင်တွေ့ကြုံခဲ့သူများက ပြောကြားသည်။

ယင်းသို့ဖြစ်ခြင်းသည် ယခုလ ၂ ရက်နေ့တွင် သိမ်ကြီးဈေးရှိ စားသောက်ဆိုင်တစ်ခုတွင် အချင်းများရာမှ နောက်ဆက်တွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင် ဦးဇင်ဝေလတ်က ပြောကြားသည်။

ရန်ကုန်မြို့ သိမ်ကြီးဈေးရှိ 369 စားသောက်ဆိုင်တွင် သေဆုံးသူဦးသန့်ဇင်လတ် (ခ) ဦးဇင်မင်းသည် သူငယ်ချင်းတစ်စုနှင့် အတူ ညစာစားသောက်နေစဉ် ည ၁၀ နာရီဝန်းကျင်၌ အနီးဝိုင်းရှိ အိန္ဒိယနွယ်ဖွား အမျိုးသားနှစ်ဦးနှင့် ဦးသန့်ဇင်လတ်တို့ဝိုင်းမှ သူငယ်ချင်းတို့ စကားများရန်ဖြစ်ခဲ့ကြောင်း၊ ၎င်း၏ သူငယ်ချင်းဖြစ်သူ ဦးသန်းထိုက်ကို ထိုးကြိတ်ကန်ကြောက်ခဲ့ပြီး အိန္ဒိယနွယ်ဖွား အမျိုးသားနှစ်ဦးမှာ ထွက်ပြေးခဲ့ကြောင်း၊ ဦးသန်းထိုက်မှာ ယင်းဆိုင်၌ပင် ဒဏ်ရာများနှင့် ကျန်ရှိခဲ့ပြီး ဦးသန့်ဇင်လတ် (ခ) ဦးဇင်မင်းသည် ၎င်းတို့နောက်သို့ လိုက်ရန်အတွက် သူငယ်ချင်းဦးနိုင်မိုးစီးလာသော အငှားယာဉ်ဖြင့် နောက်မှ လိုက်ပါခဲ့ရာ ဗိုလ်ချုပ်လမ်းနှင့် ၄၅ လမ်းထောင့်၌ ထွက်ပြေးသူနှစ်ဦး စီးသွားသော Super Custom ၈ဈ/၄၄၃၅ ကို မီလာသဖြင့် ဦးသန့်ဇင်လတ် (ခ) ဦးဇင်မင်းက အငှားယာဉ်ပေါ်မှ ဆင်းကာ ယာဉ်မောင်းဘက်ခြမ်းသို့ သွားရောက်ပြောဆိုမေးမြန်းစဉ် ၎င်းကို ယာဉ်မောင်းနှင်သူက လည်ပင်းမှချုပ်သိုင်းကာ ကားဖြင့် ဗိုလ်ချုပ်လမ်းနှင့် ၄၅ လမ်းထောင့်မှ ဗိုလ်ချုပ်လမ်းအတိုင်း ၄၅ လမ်း၊ ၄၆ လမ်းကို ကျော်လွန်ကာ ၄၈ လမ်းထိပ်အထိ တရွက်တိုက်ဆွဲခေါ်သွားရာ လမ်းမ၌ ရပ်နားထားသော ယာဉ်နှစ်စီးနှင့် တိုက်မိကာ ဖြုတ်ချခဲ့ပြီးထွက်ပြေးသွားကြောင်း အသတ်ခံရသူ ဦးသန့်ဇင်လတ်၏ ညီဖြစ်သူ ဦးဇင်ဝေလတ်က ပုဇွန်တောင်ရဲတပ်ဖွဲ့စခန်း၌ အမှုဖွင့်တိုင်ကြားစာပါ အချက်အလက်များကို ပြောကြားသည်။

'သူဆုံးတာ ၁၀ နာရီ ၄၅ မိနစ်၊ ဆေးရုံရောက်မှသိတာ။ ရင်ခွဲစစ်ဆေးချက်အရတော့ နံရိုးတွေကျိုးပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကလီစာတွေကိုစိုက်ပြီး ဆုံးတယ်လို့ပြောတယ်။ နံရိုးအကောင်းတစ်ချောင်းပဲကျန်တယ်' ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပုဇွန်တောင်ရဲတပ်ဖွဲ့ စခန်းက (ပ)၂၃၃/ ၂၀၁၁၊ ပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း၊ ယခုလ ၃ ရက်နေ့တွင် အမှုဖွင့်ထားပြီး အငှားယာဉ်ပေါ်လိုက်ပါလာသော သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ ဦးနိုင်မိုး၏ ပြောဆိုချက်ကို ကိုးကားပြီး ဦးဇင်ဝေလတ်က ပြောကြားသည်။

"သူတို့ဘက်က ငွေအား၊ လူအားနဲ့ လာမယ်လို့သိရတယ်။ နောက်လူစားထိုးမယ်လို့လည်း ကြားတယ်။ ကျွန်တော်တို့ အနေနဲ့ တကယ့်တရားခံကို တရားဥပဒေအရ အရေးယူစေချင်တယ်" ဟု သေဆုံးသူ ဦးသန့်ဇင်လတ် (ခ) ဦးဇင်မောင်၏ ညီ ဦးဇင်ဝေလတ်နှင့် မိသားစုကဲ့သို့ ရင်းနှီးသူ တေးသံရှင်ဦးလင်းလင်းက ကဆိုသည်။

ယင်းနေ့က ထွက်ပြေးခဲ့သော ယာဉ်ကို ပြန်လည်တွေ့ရှိသိမ်းဆည်းရမိပြီး ယင်းကားနှင့် အတူလိုက်ပါသူတစ်ဦးကိုလည်း ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ပုဇွန်တောင်ရဲတပ်ဖွဲ့စခန်း၏ အသိပေးချက်ကို ကိုးကားပြီး ဦးဇင်ဝေလတ်နှင့် တေးသံရှင် ဦးလင်းလင်းက The Voice Weekly သို့ ယခုလ ၈ ရက်နေ့တွင် ပြောကြားသည်။

တနင်္သာရီတောတန်းဒေသကို ကမ္ဘာပေါ်တွင် သဘာဝ ကျား ကောင်ရေ ဒုတိယအများဆုံးတွေ့ရသော ဒေသအဖြစ် သတ်မှတ်

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတောတန်းဒေသကို ကမ္ဘာပေါ်တွင် သဘာဝကျားကောင်ရေ ဒုတိယအများဆုံးတွေ့ရှိရသော ဒေသအဖြစ်သတ်မှတ်ထားကြောင်း သတင်းရရှိပါသည်။
တနင်္သာရီ တောတန်းဒေသသည် မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်တွင်တည်ရှိပြီး သဘာဝကျားများ နေထိုင်ကျက်စားမှုအတွက် အဆိုပါနေရာကို ကမ္ဘာက အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ ''တနင်္သာရီ တောတန်းဖြစ်တဲ့ မြန်မာနဲ့ထိုင်းနယ်စပ် တစ်လျှောက်မှာ ကျားကောင်ရေ ၁၅၀ က ၂၀၀ အထိလို့တောင် ခန့်မှန်းထားတယ်။ လွန်ခဲ့တဲ့ ဇန်န၀ါရီ၊ ဖေဖော်ဝါရီမှာ သွားကြည့်တဲ့အခါ တနင်္သာရီ တောထဲကို ၀င်ကြည့်တဲ့အခါမှာ ကျားတွေ့တဲ့နေရာ ရှစ်နေရာလောက် တွေ့ခဲ့တယ်။ အဲဒီတစ်နေရာတော့ ကမ္ဘာကလည်း အသိအမှတ်ပြုတယ်။ ကမ္ဘာမှာ ကျားဟာ တနင်္သာရီတောတန်း ဒေသမှာရှိနေတဲ့ သဘာဝတောရိုင်းကျားဟာ ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံးနေရာဒေသ ဖြစ်ပါတယ်။ ပထမအများဆုံးကတော့ ရုရှားအရှေ့ဘက်မှာရှိတယ်။ သူက တော်တော်များတယ်။ သူက တစ်နေရာတည်းမှာ အကောင် ၃၀၀ ကျော်လောက် ရှိနေတယ်။ ဒါကြောင့် သူ့ကို first priority ၊ second priority  က တနင်္သာရီတောတန်း'' ဟု WWF International Greater Mekong Programme မှ စီမံကိန်းအရာရှိ ဦးတင်သန်းက ပြောကြားသည်။
ကချင်ပြည်နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်းသည် အကြီးဆုံးကျားထိန်း သိမ်းရေးနယ်မြေဖြစ်သော်လည်း လက်ရှိတွင်မူ ဧရိယာအကျယ်အ၀န်း အကျယ်ဝန်းဆုံးဖြစ်ခြင်းမှလွဲ၍ ကျားအကောင်ရေလျော့နည်းကျဆင်းခြင်းကို ရင်ဆိုင် နေရကြောင်းနှင့် ကျန်ရှိသည့်ကျားကောင်ရေမှာ ၁၀ ဂဏန်းအောက်တွင်သာ ရှိနိုင်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် အင်ဒိုချိုင်းနား ကျားနှင့် ဘင်္ဂလားကျားနှစ်မျိုးကို တွေ့ရှိနိုင်ပြီး ကျားကောင်ရေအများစုကို ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ထမံသီဘေးမဲ့တောနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် တွေ့ရှိရသည်။ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံတို့တွင်  ၂၀၁၀ ပြည့်နှစ်တွင် အကောင်ရေ ၃၅၀ ခန့်သာ ကျန်ရှိတော့သည်။

သတင်း---Eleven Media Group

NLD ရွေးကောက်ပွဲဝင်ရေးအပေါ် ဦးဝင်းတင်အမြင်

Myanmar Opposition Leader Win Tin, a senior leader of the detained pro-democracy leader Aung San Suu Kyi's National League for Democracy Party, talks to the family of Khun Tun Oo, a senior leader of the party, who is still serving the 93-year jail sentence, to comfort them at the house of Khun Tun Oo in Yangon, Myanmar, Tuesday, Aug. 3, 2010. (AP Photo/Khin Maung Win) AP2010
ဓာတ်ပုံ ASSOCIATED PRESS


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ ပါတီ မှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ ဘာမှ ပြောစရာမရှိပေမဲ့ ရွေးကောက်ပွဲဝင်ရေး ကိစ္စကိုတော့ အများကြီး စဉ်းစားရလိမ့်မယ်လို့ NLD ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။ ရွေးကောက်ပွဲဝင်ရေး ကိစ္စဟာ ၂၀၀၈ အခြေခံဥပဒေအပေါ် သဘောထားနဲ့ သက်ဆိုင်တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

NLD ပါတီ မှတ်ပုံတင်ရေးကိစ္စနဲ့ တပါတည်း ပါတီရွေးကောက်ပွဲ ၀င်သင့်မ၀င်သင့် ဆိုတဲ့ အကြောင်းအရာတွေက မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ အခုတလော အတော်လေး လူပြောများလာနေတဲ့ ကိစ္စပါ။ ဒီကိစ္စကို NLD ဗဟိုကော်မီတီဝင်တွေ စည်းဝေးထိုင်ပြီးမှ ဆုံးဖြတ်မှာဖြစ်ပေမဲ့ ပါတီမှတ်ပုံတင်ရေး ကိစ္စအတွက် ဘာမှ အငြင်းပွားစရာ မရှိပေမဲ့ မှတ်ပုံတင်ပြီး နောက်ဆက်တွဲဖြစ်လာမယ့် ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဆိုတဲ့ကိစ္စကတော့ အများကြီး စဉ်စားကြရမယ်လို့ ဗဟိုကော်မီတီဝင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က သူ့သဘောထားကို အခုလို ထုတ်ဖော် ပြောဆိုလာတာပါ။

“ဒီကိစ္စက အပိုင်းနှစ်ပိုင်းရှိတယ်လို့ ကျနော် ယူဆတယ်။ တစ်ပိုင်းက မှတ်ပုံတင်ရေးကိစ္စ၊ တစ်ပိုင်းက ရွေးကောက်ပွဲဝင်ရေးကိစ္စပေါ့။ ရွေးကောက်ပွဲဝင်ရေးကိစ္စနဲ့ ပတ်သက်လာပြီဆိုရင်တော့ အတော်ကို စဉ်းစားရမယ့်ကိစ္စတွေ၊ စဉ်းစားစရာတွေ၊ မေးခွန်းထုတ်စရာတွေ၊ ဒွိဟ သံသယတွေ တော်တော်များများ ပေါ်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲဝင်တဲ့ကိစ္စက ကျနော်တို့က ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကျနော်တို့ လက်ခံသလား၊ လက်မခံဘူးလား ဆိုတဲ့ဟာနဲ့ စဉ်းစားရမယ့်ဟာကိုး။ ဒါကတစ်ချက်။ နောက်တစ်ချက်က ကျနော်တို့တွေ ၀င်သွားမယ့်လွှတ်တော်ဆိုတော့ နေရာဒေသကလည်း ဘာပဲပြောပြော ၂၀၀၈  အခြေခံဥပဒေလွှမ်းမိုးနေတဲ့ နေရာဒေသဖြစ်တဲ့အခါကျတော့ ကျနော်တို့ အဲဒီလွှတ်တော်ထဲကို ၀င်သွားဖို့အတွက် ရွေးကောက်ပွဲ ၀င်ကြမယ်ဆိုတဲ့ကိစ္စမှာ ကျနော်တို့ ပါတီဝင်ထုကြားထဲမှာ အများကြီး စဉ်းစားတဲ့သူတွေ ဒွိဟ သံသယတွေ ပေါ်နိုင်တယ်လို့ ကျနော်ထင်တယ်။”

ရွေးကောက်ပွဲဝင်ရေးကိစ္စအတွက် ပါတီတွင်းမှာ ကွဲလွဲတဲ့ အယူအဆတွေ ရှိနိုင်တာကြောင့် သူ့အနေနဲ့ အခုလို ပြောတာဖြစ်တယ်လို့ ဦးဝင်းတင်က ဆက်ပြောပါတယ်။

“ကျနော် ပြောနိုင်တာတစ်ခုကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီ မှတ်ပုံတင်ကိစ္စရော၊ ရွေးကောက်ပွဲဝင်ရေး ကိစ္စရောမှာ သေချာတာတစ်ခုကတော့ ကျနော်တို့မှာ ကွဲလွဲတဲ့အယူအဆတွေ၊ ကွဲလွဲတဲ့ အမြင်တွေ၊ သဘောထားတွေ၊ ရပ်တည်ချက်တွေ၊ တောင်းဆိုချက်တွေ စသည်ဖြင့် အများကြီး ကွဲလွဲမှုတွေ ရှိနိုင်တယ်။ ဒါ သေချာတယ်။ ဒါကို ကျနော်တို့ ဘာမှငြင်းစရာမလိုဘူး။ သို့သော် အဲဒီကွဲလွဲမှုတွေ အားလုံးကို ကျနော်တို့ ပါတီရဲ့ အစဉ်အလာရှိတဲ့အတိုင်းပဲ ဆုံးဖြတ်ချက်မှာတော့ ကျနော်တို့ပါတီဟာ တညီတညွတ်တည်း ဆုံးဖြတ်နိုင်တဲ့အစဉ်အလာအတိုင်းပဲ ဆုံးဖြတ်လိမ့်မယ်လို့ ကျနော်ကတော့ ထင်မြင်တယ်ဗျာ။”
ပါတီမှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ မကြာခင်ရက်ပိုင်းအတွင်း ဗဟိုကော်မီတီ စည်းဝေးထိုင်ပြီး ဆုံးဖြတ်ဖို့ရှိတယ်ဆိုတာ သိရပေမဲ့ ဘယ်နေ့ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီများ မှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေစဉ်းမျဉ်းတွေအပေါ် သဘောမတူတဲ့အတွက် NLD က မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပေမဲ့ အခု အဲဒီဥပဒေတွေကို ပြီးခဲ့တဲ့လကုန်ပိုင်းအတွင်း ပြင်ဆင်ဖို့ လွှတ်တော်က ဆုံးဖြတ်ပြီး သမ္မတက လက်မှတ်ထိုးလိုက်ပြီ ဖြစ်တာကြောင့် ပါတီမှတ်ပုံတင်ရေး ကိစ္စအတွက်တော့ အလွယ်တကူ ဆုံးဖြတ်ချက် ကျနိုင်လိမ့်မယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

“မှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ကတော့ ကျနော်တို့တွေ အရင်တုန်းက ၂၀၁၀ တုန်းက ငြင်းဆန်ခဲ့တဲ့ ပါတီမှတ်ပုံတင်ခြင်း ဆိုတဲ့နေရာမှာ ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ထားတဲ့ စည်းကမ်းတွေပေါ့ဗျာ၊ စကားလုံးတွေ သက်သာအောင်လုပ်ပေးတဲ့ သက်သာပျော့ပြောင်းတဲ့ ပေါ့ဗျာ စည်းကမ်းချက်များ ဖြစ်တဲ့အတွက် ကျနော် ထင်တယ်၊ ကျနော်တို့ ပါတီဝင်ထုတွေကြားထဲမှာ ဒီကိစ္စက သိပ်ပြီးတော့ ပြဿနာရှိလိမ့်မယ်လို့ ကျနော် သိပ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တွေက ဒီမိုကရေစီပါတီ ဖြစ်တယ်၊ တောခိုမယ့်ပါတီလည်း မဟုတ်ဘူးဗျာ၊ မြေသျှိုးမယ့်ပါတီလည်း မဟုတ်ဘူးဆိုတဲ့အခါကျတော့ ကျနော်တို့ဟာ ဒီမိုကရေစီပါတီပီပီ ဥပဒေဘောင်အတွင်းမှာ နေချင်ကြတာပေါ့။”

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် ပြောပြခဲ့တာပါ။
ပြည်နယ်တိုင်းတွေမှာရှိတဲ့ NLD အဖွဲ့ဝင်တွေက လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဗွီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တဲ့ သဘောထားတွေအရကတော့ မှတ်ပုံတင်ရေးကိစ္စအတွက် ပါတီဝင်အများစုက ယေဘုယျအားဖြင့် သဘောတူကြပေမဲ့ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဆိုတဲ့ကိစ္စအပေါ်မှာ သဘောထားကွဲပြားမှုတွေ ရှိနေတယ် ဆိုတာကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

ကိုဇော်ဝင်းလှိုင်
VOA
စနေ, 12 နိုဝင်ဘာ 2011

http://www.voanews.com/burmese/news/NLD-11-12-11-133739748.html

ရန်ကုန်က British Council ရုံးရှေ.မှာ စုရုံးမှုတွေကျတော့ ပြည်ပသတင်းဌာန တချို့  နှားစေးနေ

ဘီဘီစီ ပြဿနာများနဲ့မြေပုံ
ပြည်ပ သတင်းဌာနတချို.အတွက် ဟင်္သာတက ကျူရှင်ဆရာ တစ်ကိုယ်တော် ဆန္ဒပြတာ၊ ဘတ်စ်ကားတွေပေါ်မှာ လူမသိ သူမသိ စာရွက်စာတမ်း နဲနဲ ဖြန်.တာမျိုးကျတော့ သတင်းထူးအဖြင့် အာဘော်အာရင်း သံသံနဲ. ကျယ်ကျယ်လှောင်လှောင် အော်ကြ ရေးကြပေမယ့် ဘီဘီစီကို ကွန်.ကွက်ဆန္ဒပြဖို. ရန်ကုန်က British Council ရုံးရှေ.မှာ စုရုံးမှုတွေကျတော့ မသိချင်ဟန်ဆောင်ပြီး ရေးသား ထုတ်လွင့်တာ မရှိပါ။ ပြည်ပ သတင်းဌာနထဲမှာ RFA & VOA က လွဲလို. ကျန်တဲ့ BBC-DVB, MIZZIMA, IRRAWADDY သတင်းဌာနတွေ အားလုံးကတော့ ယုန်ကလေး နှာစေးနေကာ ရေငုံနှုတ်ပိတ်နေပါသည်။ သတင်းလွတ်လပ်ခွင့်လို. အော်နေသော်လည်း တကယ့်တော့ သူတို.အတွက် သတင်းဆိုတာ သူတို.ပြောရင် ရေးချင် ထုတ်လွှင့်ချင်တာကိုပဲ သတင်းလို ယူဆ ထားပုံရပါတယ်။ အစိုးရပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကိုတော့ သတင်းမှန်တွေကို ဖော်ထုတ်ဖို. ဖုံးကွယ်နေပြီး မီဒီယာကို မီဒီယာနဲ. တိုက်ဖို. လုပ်နေသူလို. စွပ်စွဲခဲ့သော်လည်း ကိုယ်တိုင်ကျတော့ အမှန်တရားကို အမှန်အတိုင်း မမြင်ရဲ မပြောရဲ မရေးရဲခြင်းဟာ စာပေစီစစ်ရေးနဲ. ဆိုင်ပါသလား။ ကိုယ့်ရဲ့ စာနယ်ဇင်းကျင့်ဝတ်တို. Professional Media Personel ဖြစ်မှုနဲ. ဆိုင်ပါသလား မေးစရာပါ။ ရုရှက မြန်မာပညာတော်သင် ကျောင်းသားတွေ၏ သန်.ရှင်းရေးနဲ. ပတ်သက်တဲ့အကြောင်း အင်တာနက်မှာ စာတစ်စောင် ပြန်.လာတာကိုတော့ သတင်းလို. ရေးခဲ့ပေမည့် ဘီဘီစီကို ကန်.ကွတ်တဲ့အကြောင်းတွေ ဟိုလေးတကျော် ရေးကျ ပြောကျ ထောက်ပြကျတဲ့ အရာတွေကျတော့ သတင်းဌာနတွေ မမြင်တာကို စိတ် ၀င်စားစရာပါ။ ဒါကြောင့် ပြည်ပက သတင်းဌာနတွေအတွက် စတုတ္ထုမဏ္ဍိုင်တွေကို လေ့လာစောင့်ကြည့်ဖို. ပဉ္စမ မဏ္ဍိုင်တခုတောင် မြန်မာပြည်မှာ ထောင်ရတော့မလို ဖြစ်နေပါသည်။ မဟုတ်ရင်လဲ အင်္ဂလန် ပါလီမန်မှာ News Corporation သတင်းဌာန၏ သတင်းရယူမှု ကျင့်ဝတ်တွေနဲ. ပတ်သက်ပြီး ပါလီမန်ကော်မတီဖွဲ.ပြီး ရုံးတော်ကို ဆင့်ခေါ်ပြီး စစ်ဆေးမေးမြန်းနေသလိုမျိုး ပြည်ပ သတင်းဌာနတွေ၏ သတင်းရယူမှု ကျင့်ဝတ်နှင့် သတင်းတန်ဘိုး စံသတ်မှတ်ချက်တွေ သတင်း ကို ဘယ်လို ခွဲခြားသတ်မှတ် စီစစ်ပါသလဲဆိုတဲ့ မေးခွန်းတွေကို ခေါ်ပြီး မေးမြန်းစီစစ်ဖို. ပါလီမန်ဆိုင်ရာ ကော်မတီတခုတောင် နောင်မှာဆို လိုမယ် ထင်ပါသည်။ လေးစာ တန်ဘိုးထား အားကိုးလောက်ပါပေမည့် ငါးတပိုင်း ဖားတပိုင်း သတင်းဌာနတွေရယ်။
 သတင်း----Udp Myanmar
ဆန္ဒထုတ်ဖော်ပွဲကို တက်ခဲ့တဲ့ ရခိုင်လူငယ်တွေ
နိုဝင်ဘာလ ၉ ရက်နေ့ နေ့ လည် ၁ နာရီက ဗြိတိသျှသံရုံးရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ဘီဘီစီ အင်္ဂလိပ် ဆောင်းပါးပါ အချက် များကို ကန့် ကွက် ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို တက်ခဲ့တဲ့ ရခိုင်လူငယ် တဦးဖြစ်တဲ့ စစ်ငြိမ်းအေးက ပြည်တွင်းသတင်းထောက်တဦးကို လာရောက်ခဲ့ရခြင်း အကြောင်းကို အခုလို ပြောခဲ့ပါတယ်။
"ဘီဘီစီကနေပြီးတော့ မြန်မာနိုင်ငံမြေပုံကိုတင်တဲ့အချိန်မှာ
ကျွန်တော်တို့ရခိုင်နေရာတို့ ဒီရှမ်းနေရာ၊ဧရာဝတီတိုင်းနေရာတို့မှားနေတယ်။
မှားနေတဲ့နေရာမှာ အဓိကအရေးကြီးတာက ကျွန်တော်တို့ရခိုင်နေရာမှာ
ရိုင်ဟင်ဂျာ ကုလားတွေကိုဗလီတက်နေတဲ့ပုံကို
ထည့်ထားတယ်။ ဒါကျွန်တော်တို့တိုင်းရင်းသားတစ်ခုလုံးကို ဖုံးကွယ်တာပဲ။
ဒီသတင်းကိုလုပ်တဲ့ ဘီဘီစီသတင်းထောက်အင်တာဂျုန်းလုပ်တာ
မှားတာကိုတောင်ပန်ခိုင်းတယ်။ အဲဒါအတွက်ကြောင့်ပြောတာပါ။
ရိုဟင်ဂျာဆိုတာကတော့ ရခိုင်မှာ
ရာစုနှစ်ပေါင်းများစွာထောင်နဲ့ချီပြီးနေလာတာဖြစ်တယ် ဆိုပြီးခုမှ နာမည်တစ်လုံးပေါ်လာတာ။ ရိုဟင်ဂျာဆိုတာမရှိပါဘူး။
ဘင်ဂါလီဆိုတဲ့ကုလားပဲရှိတယ်။ ဒီကုလားတွေကမူဆလင်တွေဖြစ်တယ်
လူဦးရေများလာတယ်။ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယဘက်ကဝင်လာတာဖြစ်တယ်။
ဒါကိုလူသားချင်းစာနာထောက်ထားပြီး ကျွန်တော်တို့နေရာမှာပေးနေခြင်းဖြစ်တယ်။
ဒါသူတို့နယ်မြေမဟုတ်ဘူး ရခိုင်တိုင်းရင်းသားတွေ ရာစုနှစ်ပေါင်းများစွာ
ကိုယ့်ထီးကိုယ်နန်းနဲ့  နေခဲ့တာ ဒါကို ကမ္ဘာကလည်းလဲသိတယ်။
ရှေးဟောင်းအမွေအနှစ်တွေကိုကြည့်ရင်အားလုံးသိတယ်။
ကျွန်တော်တို့နိုင်ငံကလူတွေကတခြားနိုင်ငံတွေမှာရှိတယ်။ ထိုင်းမှာ
ကျွန်တော်မြန်မာနိုင်ငံသားလူဦးရေသန်းပေါင်းရှိတယ်။ ထိုင်းကိုသွားပြီးတော့
နယ်မြေတောင်းရင် ကျွန်တော်တို့လက်မခံဘူး။ အဲဒါကိုလက်ရှိအစိုးရအနေနဲ့လည်း
ဖြေရှင်းပေးရမယ်။ သူတို့မှာတာဝန်ရှိတယ်။ ဘာလို့လဲဆိုတော့
ဒီမြေတွေကိုသူတို့စောင့်ရှောက်ထားတာဖြစ်တယ်။
တခြားနိုင်ငံတွေမှာလဲပြတာရှိတယ်။ ဘဂါလီတွေကိုလူသားချင်းမစာနာတာမဟုတ်ဘူး။
လူမျိုးတစ်ခုကိုဖျောက်ပစ်လိုက်တာ လက်ခံနိုင်တဲ့ကိစ္စမဟုတ်ဘူး။ ဘီဘီစီက
ကျွန်တော်တို့  နိုင်ငံသားတွေကိုတောင်းပန်ရမယ်။အဲသတင်းထောက်တွေကိုလဲ
လုံးဝအလုပ်ဖြုတ်ပေးပါ။ဒါသတင်းထောက်တစ်ယောက်အရည်အချင်း
မပြည့်ပဲလုပ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့လူမျိုးနဲ့ နိုင်ငံအတွက်နစ်နာတယ်။ "

မြန်မာနိုင်ငံမြေပုံအတွင်းရခိုင်ပြည်နယ် နေရာတွင် ရိုဟင်ဂျာအဖြစ် တိုင်းရင်းသားလူမျိုးအခွင့်အရေးကို တောင်းဆို နေသည့် မွတ်စလင်ဘာသာဝင်များ၏ ၀တ်ပြုနေသည့်ပုံကို ဖော်ပြခဲ့ပြီး ရခိုင်လူမျိုးများကို ဖော်ပြခဲ့ခြင်း မရှိသည့် အချက်နှင့်ဘီဘီစီ အင်္ဂလိပ် ဆောင်းပါးပါ အခြားအချက်များကို ကန့် ကွက်သည့် လှုပ်ရှားမှုများ မြန်မာ့အရေးစိတ်ဝင်စားသူများနှင့် ရခိုင်လူမျိုးများ အကြားတွင် လွန်ခဲ့သည့် လမှ စတင်ပြီး ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်ပါတယ်။ 
သတင်း---ဘားမားဗွီးဂျေ
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်