ဧရာဝတီမြစ် ပြန်လည်ထူထောင်ရေး အတွက် လေ့လာဆန်းစစ်မှုများ စတင်ပြုလုပ်ရန် လိုအပ်နေကြောင်း ပညာရှင်များပြောကြား

ဧရာဝတီမြစ် ပြန်လည်ထူထောင်ရေး အတွက် လေ့လာဆန်း စစ်မှုများ စတင်ပြုလုပ်သင့်ပြီ ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသူတို့၏ သုံးသပ်မှုများအရ သိရသည်။
ကချင်ပြည်နယ်ရှိ မြစ်ဆုံဒေသမှ စတင်စီးဆင်းလာသော ဧရာဝတီမြစ်သည် နိုင်ငံဧရိယာ၏ ၆၀ ရာခိုင်နှုန်း ၀န်းကျင်ကို လွှမ်းခြုံထားပြီး သဘာ၀၀န်းကျင် ပြောင်းလဲမှုများကြောင့် ယခုနှစ်များအတွင်း မြစ်ကြောင်း ပြောင်းလဲမှုများ သိသာလာသောမြစ်လည်း ဖြစ်သည်။
“ဧရာဝတီမြစ်ကို ပြန်လည် ထူထောင်နိုင်ဖို့အတွက်survey  လုပ်သင့်တဲ့ အချိန်ရောက်နေပါပြီ။ စပြီး လုပ်သင့်နေပါပြီ”ဟု Water, Re-search  and Training Centre  (WRTC)  မှ Founder and President  ဒေါ်ခင်နီနီသိန်းက ပြောပါသည်။
ဧရာဝတီမြစ်သည် မြစ်ဖျားပိုင်းဒေသ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှု အားနည်းလာမှု၊ ရေအရင်းအမြစ် နည်းပါးလာမှု၊ မြစ်တွင်အနည်အနှစ်ပို့ချမှု များပြားလာမှု စသည်တို့ကြောင့် မြစ်တွင်သောင်ထွန်းမှု များပြားလာခဲ့ ကာ ၂၀၀၉ ခုနှစ်မှ လက်ရှိကာလသည် အသိသာဆုံးသောနှစ်များ ဖြစ်ခဲ့သည်။
ဧရာဝတီမြစ်အစပြုသော မြစ်ဆုံဒေသတွင် တည်ဆောက်မည့် အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း ဖြစ်သော မြစ်ဆုံစီမံကိန်းအား ၂၀၁၁ ခုနှစ်  စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ကာ လက်ရှိတွင်မူ လုပ်ငန်းလည်ပတ်မှုများ ရပ်နားထားပြီးဖြစ်သည်ဟု သိရှိရသည်။
“မြစ်ဆုံက ရပ်လိုက်ပြီ။ ဒါပေမဲ့ မတည်ဆောက်မီ ကာလတွေကတည်းက မြစ်ကြောင်းထိန်းသိမ်းမှု အားနည်းခဲ့တာရယ်၊ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲခဲ့တာတွေကိုတော့ ပြန်လည်ထူထောင်ဖို့ လိုအပ် နေပါတယ်။ မြစ်ကြောင်းထိန်းသိမ်းမှုက အခုအချိန်မှာပိုပြီး လိုအပ်လာပါတယ်” ဟု မြန်မာငှက် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောကြားသည်။
“မြန်မာနိုင်ငံမှာ သဘာဝရင်း မြစ်များတယ်လို့ ပြောတယ်။ ရေလုံလောက်ပြီလား ဆိုတော့လည်း မလုံလောက်သေးဘူး။ ရန်ကုန်လို မြို့ကြီးတွေမှာတော့ ရေလုံလောက်တယ် ဆိုရမယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာတော့ ရေရဖို့ကို မိုင်များစွာ လျှောက်နေရပါတယ်”ဟု ထိုင်းနိုင်ငံရှိ UNEP, AIT Regional Resource Center for Asia Pacific မှ ဦးတင်အောင်မိုးက ဆိုပါသည်။
မြန်မာနိုင်ငံသည် ယခုနှစ်များအတွင်း ရာသီဥတု ပြောင်းလဲမှုများကြောင့် မိုးနည်းပါး၍ မြစ်များတွင် ရေနည်းပါးခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုများကြောင့် မြစ်များတိမ်ကောမှုတို့ကို ရင်ဆိုင်လာရသည်။

သတင်း---Eleven Media Group

ငှက်မျိုးစုံ ဖမ်းဆီးရောင်းချ ဒိုင်ကြီးများအား အရေးယူပေးရန် သက်ဆိုင်ရာသို့ စာတင်ထား

မြန်မာနိုင်ငံရှိ ဇီဝမျိုးကွဲများ မျိုးတုံးလာမည့်အခြေအနေသို့ ရောက်ရှိနေ၍ ထိုအန္တရာယ်မှ ကာကွယ်ရန်အတွက် ငှက်မျိုးစုံဖမ်းဆီးရောင်းချ သောဒိုင်ကြီးများအား အရေးယူ ဆောင်ရွက်ပေးရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသို့ စာတင်ထားကြောင်း မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောသည်။
”အောက်တိုဘာ ၂၇ ရက်နေ့ စွဲနဲ့ စာတင်ထားတာပါ။ လက်ကား ဒိုင်ကြီးတွေကတစ်ဆင့် အနယ်နယ်အရပ်ရပ်ကို ဖြန့်ချိရောင်းချနေတယ်။ သူတို့ဖမ်းတဲ့ငှက်တွေထဲမှာ တစ်ခါတလေ ရှားပါးငှက်တွေတောင်ပါ တယ်”ဟု ၄င်းကပြောသည်။
လက်ကားဒိုင်ကြီးများမှ ဖမ်းဆီးရောင်းချသော ငှက်များတွင် ဆောင်းခိုငှက်နှင့် ဌာနေငှက်များပါဝင်ပြီး အနယ်နယ်အရပ်ရပ်မှ ဖမ်းဆီးပေးပို့ရာတွင် ငှက်များအားလှောင် အိမ်အဆင့်ဆင့် ပြောင်းရွှေ့ခြင်း၊ လမ်းခရီးရှည်လျားခြင်းနှင့် အစာရေ စာငတ်ပြတ်ခြင်းဒဏ်ကြောင့် ပြန်လွှတ်ပေးသော်လည်း သေဆုံးမှုမှာ ၅ဝ ရာခိုင်နှုန်းရှိကြောင်း၊ ထို သို့ ငှက်များပျက်စီးဆုံးရှုံးနေခြင်းကြောင့် အရေးယူဆောင်ရွက်ပေးရန် သက်သေအထောက်အထား များနှင့်တကွ တိုင်ကြားခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနသို့ ပေးပို့သော စာအရသိရသည်။
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ကမ်းနားလမ်း တရုတ်ဘုံကျောင်းရှေ့တွင် ဖွင့်လှစ်ထားသော ငှက်မျိုးစုံဖြန့်ချိသည့်  လက်ကားဒိုင်ကြီးနှစ်ခုမှာ အနယ်နယ် အရပ်ရပ်မှ ဖမ်းဆီးပေးပို့သော ငှက်မျိုးစုံကို နံနက်ပိုင်း၌ လက်လီ ငှက်ရောင်းသမားများအား တစ်ဆင့်ရောင်းချ ပေးနေကြောင်း တိုင်ကြားချက်အရ ထပ်မံသိရသည်။
မေမြန်မာ

မြပုဏ္ဍမာအငြိမ့်ကို ဒုတိယအကြိမ် အဖြစ် အမေရိကန် ပြည်ထောင်စုရှိ မေရီလန်းတွင် ကပြဖျော်ဖြေရန် အစီအစဉ်ရှိ

ရုပ်ရှင်သရုပ်ဆောင် ကိုသူရ(ခေါ်) ဇာဂနာသည် နိုင်ငံကူးလက်မှတ် ပတ်ပို့စ်ပြုလုပ်ရာတွင် အဆင်ပြေပါက ဒီဇင်ဘာလအတွင်းတွင် အမေရိကန်နိုင်ငံ မေရီလန်း၌ မြပုဏ္ဍမာ အဖွဲ့သူအဖွဲ့သားများနှင့်အတူ အငြိမ့် သွားရောက်ကပြ ဖျော်ဖြေရန်အစီအစဉ်ရှိကြောင်း အဆိုပါ အငြိမ့်အဖွဲ့သူအဖွဲ့သားများထံမှ သိရှိရသည်။

“အခုလောလောဆယ်တော့ ဘယ်နေ့ဘာဆိုတာတော့ သေချာမသိသေးဘူး ကိုဇာဂနာလုပ်တာဆိုတော့လေ သူပတ်ပို့စ်ရရင်တော့ မေရီလန်းမှာ ကဖြစ်မှာပါ ကျွန်တော်တို့ကဖြစ်ရင်လည်း မြပုဏ္ဍမာ အမည်နဲ့ပါဘဲ”ဟု မြပုဏ္ဍမာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုကင်းကောင်က ပြောသည်။

အမေရိကန်နိုင်ငံ မေရီလန်းတွင် ကပြဖျော်ဖြေမည့် မြပုဏ္ဍမာအငြိမ့်ကို ရံပုံငွေအတွက်ရှာခြင်း မဟုတ် သောကြောင့် လာရောက်ကြည့်ရှု့သူ မြန်မာပရိတ်သတ်အပါအ၀င်များကိုလည်း ၀င်ကြေးအခမဲ့ဖြင့် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

အမေရိကန်နိုင်ငံတွင် သွားရောက်ဖျော်ဖြေရခြင်းသည် ပြည်သူအတွက် အများကောင်းကျိုးအတွက် ပြုလုပ်ရခြင်းဖြစ်သောကြောင့် သွားရောက်ဖျောဖြေခွင့်ရခြင်းကို ၀မ်းမြောက်ဝမ်းသာဖြစ်ရကြောင်း မြပုဏ္ဍမာ အဖွဲ့ဝင်များထံမှ သိရသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ အခုလို ပြည်ပမှာ သွားရောက်ဖျော်ဖြေခွင့်ရတာ ၀မ်းသာပါတယ် ဒါကလည်း ပြည်သူအတွက် အများအတွက် တိုင်းပြည်အတွက်လုပ်တာဆိုတော့ ကောင်းတဲ့အလုပ်မို့လို့ လုပ်တာပါ”ဟု မြပုဏ္ဍမာ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုအရိုင်းက ပြောသည်။

ဒုတိယအကြိမ်ကပြမည့် မြပုဏ္ဍမာအမည်ဖြင့် အငြိမ့်အဖွဲ့ကို ကိုဇာဂနာမှ ဦးဆောင်ပြီး အဆိုပါအငြိမ့်အတွက် ပျက်လုံးများကိုလည်း ကိုဇာဂနာမှ ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရှိရသည်။

ကိုသူရ(ခေါ်) ဇာဂနာဦးဆောင်သော မြပုဏ္ဍမာအငြိမ့်သည် ၁၉၈၆ခုနှစ်တွင် မြန်မာ့အသံ၌ ပထမဆုံး စတင်ကပြဖျော်ဖြေခဲ့ပြီး ၂၅ နှစ်ကြာမှ ဒုတိယအကြိမ်ကို အမေရိကန်ပြည်ထောင်စု၌ ဒီဇင်ဘာလအတွင်းတွင် ကပြဖျော်ဖြေမည့် အငြိမ့်ပွဲဖြစ်သည်။

မြပုဏ္ဍမာ အငြိမ့်ကို တတိယအကြိမ်တွင်တော့ မြန်မာနိုင်ငံရှိ အောင်ဆန်းကွင်း သို့မဟုတ် သုဝဏ္ဍမိုးလုံ လေလုံတွင် ဇန်န၀ါရီလ ၄ရက်နေ့တွင် ကပြဖျော်ဖြေရန် အစီအစဉ်ရှိကြောင်းကိုလည်း မြပုဏ္ဍမာ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုကင်းကောင်ထံမှ သိရှိရသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)   
နိုဝင်ဘာ ၉၊ ရန်ကုန်မြို့။     

လမ်းပြင်ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဆန္ဒပြ

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ထဲမှာရှိတဲ့ ယာဉ်လိုင်းတွေပြေးဆွဲနေတဲ့ အဓိကလမ်းမကြီးလေးခုဟာ ပျက်စီးယိုယွင်းနေတဲ့အတွက် ပြန်လည်ပြုပြင်ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှုးထံ ဆန္ဒပြ တောင်းဆိုမှု တခု ဖြစ်ပွားခဲ့ပါတယ်။ အမှတ် ၂၉၂၊ ခွာညိုလမ်း၊ ၁၈/က ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦး ဖြစ်တဲ့ ဦးစိုးကြွယ်က တောင်းဆိုချက် ၅ ချက်နဲ့အတူ ငြိမ်းချမ်းစွာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခွင့်ပြုဖို့ အာဏာပိုင်တွေထံ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဦးစိုးကြွယ်ရဲ့တောင်းဆိုမှုတွေကို တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှုးက လက်ခံလိုက်ပြီး ပြင်ဆင် ဆောင်ရွက်မှုတွေ ပြုလုပ်ပေးမယ့် အကြောင်း ပြောဆိုလိုက်တဲ့အတွက် ၂၀၁၁ ဒီဇင်ဘာလအထိ နောက်ဆုံးထား စောင့်ကြည့်မှာဖြစ်ပြီး မဆောင်ရွက်ပေးပါက ထပ်မံ ဆန္ဒပြ တောင်းဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ တောင်ဒဂုံ မြို့နယ်အတွင်းမှာ ရှိတဲ့ လမ်းတွေဟာ လမ်းအကျယ်အဝန်းနဲ့ ကားစီးရေ မမျှတတဲ့အပြင် ရှောင်တိမ်းဖို့ မလွယ်ကူတာကြောင့် ခရီးသည်တင်ယာဉ်လိုင်း အချို့အနေနဲ့ လမ်းကြောင်းပြောင်း ပြေးဆွဲနေရတာလဲ ဖြစိပါတယ်။ အခုလို လမ်းတွေ ပျက်စီးနေတာတွေကို ပြန်လည် ပြင်ဆင်ပေးဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနတွေထံ အကြောင်းကြားစာ ပေးပို့သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မီးဖွားရာမှာ ကူညီပေးတဲ့ ရှေ့နေ ကိုဖိုးဖြူ ကို ဖမ်းဝရမ်းထုတ်

မြန်မာ Grocon ကုမ္မဏီမှာ အလုပ်လုပ်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မီးဖွားရာမှာ အလုပ်သမားခံစားခွင့် ရရှိရေးအတွက် ပါဝင်ကူညီခဲ့တဲ့ကိုဖိုးဖြူကို တရားရုံးက ဖမ်းဝရမ်းထုတ်ထား တယ်လို့သိရပါတယ်။ သူဟာ တရားရုံးက ချိန်းဆိုတဲ့ရုံးချိန်းကို မလာရောက်ခဲ့တာကြောင့် အခုလို ဖမ်းဝရမ်းထုတ်ခြင်း ကိုခံခဲ့ရတာပါ။ ဒီအမှုမှာ Grocon ကုမ္မဏီက ကိုဖိုးဖြူကို ပြန်လည်တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကုမ္မဏီရဲ့ မန်နေဂျာကိုယ်တိုင်ဒီအမှုကို ကျေအေးလွှာတင်ခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ဒီအမှုအတွက် ရုံးချိန်းခေါ်ဆိုရာမှာလည်း တရားရုံးရဲ့လုပ်ထုံးလုပ်နည်းနဲ့မညီဘူးလို့ ရှေ့နေကိုဖိုးဖြူက ပြောဆိုလိုက်ပါတယ်။ ကိုဖိုးဖြူဟာ ဖမ်းဝရမ်းမထုတ်မှီ အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း အိုးအိမ်ဦးစီးဌာနရှေ့ လယ်သမားအရေး ဆန္ဒပြမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက် အာဏာပိုင်တွေက တရားစွဲဆိုထားပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ရုံးချိန်းခေါ်ဆိုထားပါသေးတယ်ခင်ဗျာ။

ဦးမောင်ကို ကွယ်လွန်ခြင်း (၂၁) နှစ်ပြည့် ကြေကွဲလွမ်းဆွတ် အမှတ်တရ အလှူဒါ လူထုခေါင်းဆောင်ဒေါ်စု နှင့် NLD ခေါင်းဆောင်များတက်ရောက်

ဦးမောင်ကို ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့် အထိမ်းအမှတ် ဆွမ်းကျွေးပွဲ

ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ အင်းယားကန်ဖျား ကျောင်းတိုက်တွင် ဦးမောင်ကို ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့် အထိမ်းအမှတ် ဆွမ်းကျွေးပွဲကို ပြုလုပ်ရာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးမောင်ကိုမှာ အာဏာပိုင်ဆီးခံရပြီး ၁၇ ရက်အကြာတွင် ကွယ်လွန်သွားခဲ့သည်။ ရေကြည်အိုင် စစ်ကြောရေးတွင် နှိပ်စက်ခံရမှုကြောင့် သေဆုံးသွားသည်ဟု ကျန်ရစ်သူမိသားစုများက ပြောသည်။


လွတ်လပ်ရေးနေ့တွင် သီးလေးသီး စုံညီစွာကပြမည်

သီးလေးသီးအဖွဲ့သားများ ပါဝင်သော ဆေးရောင်စုံအငြိမ့်ကို ၂ဝ၁၂ ခုနှစ် လွတ်လပ်ရေးနေ့တွင် မြပုဏ္ဏမာနှင့် သီးလေးသီးဟူ၍ နှစ်ပိုင်းခွဲ ကပြသွားရန်ရှိကြောင်း လူရွှင်တော်ဂေါ်ဇီလာကပြောသည်။ ”သီးလေးသီးအဖွဲ့ စုံစုံညီညီ နဲ့ ကပြတာကို ပရိသတ်အားရ ကျေနပ်မှုရှိဖို့ အခုစီစဉ်နေပါတယ်။ ပြည်တော်ပြန်လာတုန်းက မျှော် စင်ကျွန်းမှာလုပ်ခဲ့တာကို သီးလေး သီးစလုံးမစုံလို့ ကြည့်ရတာတစ်မျိုး လိုနေသလိုပဲဆိုပြီး ပြောသံကြား တယ်”ဟု ၄င်းကပြောသည်။   သီးလေးသီးအဖွဲ့များ   ပြည်တော်   ပြန်လာသည့် အထိမ်းအ မှတ်အဖြစ် လူရွှင်တော် စိန်သီး၊ ဇီးသီး၊ ဂေါ်ဇီလာတို့က အရိုင်း၊ ကင်းကောင်၊ ကျော်ထူးတို့နှင့်အတူ တကွ ကန်တော်ကြီး   မျှော်စင်ကျွန်း တွင် ပြီးခဲ့သည့်အောက်တိုဘာ ၂၉ ရက်က အငြိမ့်ကပြခဲ့ရာ ပရိသတ် တစ်သောင်းကျော် လာရောက်အား ပေးခဲ့ကြောင်း သိရသည်။ ပထမဆုံး အကြိမ်ပြုလုပ်မည့် လွတ် လပ်ခြင်း အနုပညာပွဲတော် နောက်ဆုံးညတွင် သီးလေးသီး အဖွဲ့သားများဖြင့် ဆေး ရောင်စုံအငြိမ့် ကပြမည် ဖြစ်သော် လည်း နေရာအတိအကျ မသတ်မှတ် ရသေး   ကြောင်း သိရသည်။
မေမြန်မာ

ဒေါ်အောင်ဆန်းစုကြည်၏ တစ်နှစ်တာ ပုံရိပ်အချို့

၂ဝ၁ဝ ပြည့်နှစ်နိုဝင်ဘာ ၁၃ရက်နေ့။ ပြည်သူတို့၏ တစ်ထစ်ချ ယုံကြည်မှုတွင် ဒေါ်အောင်ဆန်းစုကြည် သည် လွတ်လာမည်။ ညနေ ၄ နာရီ ကျော်ကျော် ခန့်တွင် တက္က သိုလ်ရိပ်သာလမ်းရှိ  သံဆူကြိုး အကာအရံများ ဖြုတ်ပစ်လိုက်ပြီ ဆိုသောသတင်းက မျှော်လင့် ချက်တို့ကို ရင်ခုန်လှုပ်ရှားသွား စေခဲ့သည်။ ထိုအချိန်အထိ ရွှေဂုံတိုင် တွင်ရှိနေသောလူစုက ဒေါ်အောင်ဆန်း စုကြည် ရောက်လာမည်ကို ယုံကြည် ၍ ဆက်လက် စောင့်ကြိုနေခဲ့သည်။ သံဆူးကြိုးများ ဖယ်လိုက်ခြင်း နှင့်အတူ တက္ကသိုလ် ရိပ်သာလမ်းရှိ ခြံဝင်းအတွင်းမှ သွက်လက်လှုပ်ရှား သောခြေလှမ်းများဖြင့်ဒေါ်အောင်ဆန်း စုကြည် ထွက်ပေါ်လာသည်။ ကျန်းမာပါစေ … ကျန်းမာပါစေ။ ယင်းသို့ ဟစ်ကြွေးသံများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ခြံဝတံခါး ထက်ရောက်ရှိလာသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာ၊ ပြည်သူ၏ မေတ္တာတွေ ပေါင်းကူးကာ   မျှော်လင့်ချက်တို့ ဖြေဆည်ခဲ့ ကြသည်။ ဒေါ်အောင်ဆန်းစုကြည်တကယ် လွတ်လာပြီ။ သို့သော် မချင့်မရဲ စိတ်ရှိသူတို့က တကယ်မှ ဟုတ်ရဲ့ လား။ အိပ်မက်လေလား။ တချို့က ပြန်သော်လည်း အများစုက မပြန် လို ကြသေး။ သူတို့ ရင်ခုန်နေသည်။ ပျော်ရွှင်နေသည်။ ဝမ်းသာ မျက် ရည်ဖြင့် ခံစားချက်တွေ ဖလှယ် ကြသည်။ ၂ဝ၁ဝ  ခုနှစ်   နိုဝင်ဘာ ၁၄ ရက် နေ့ ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းက သူမ ယနေ့ ၁၂ နာရီ တွင် ရွှေဂုံတိုင်၌ ပြည်သူလူထုနှင့် တွေ့မည်ဟု ပြောကြားလိုက်သဖြင့် နံနက် ၇ နာရီခန့်ကတည်းက တဖွဲဖွဲ ရောက်လာသည်။ သူမ မိန့်ခွန်း စပြောချိန်တွင် သောင်းနှင့်ချီသော လူအုပ်ကြီးက ရွှေဂုံတိုင် လမ်းမကြီး ပေါ်၌ ကြက်ပျံမကျ စည်ကား ၍ နေသည်။ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၂၃ ရက်။ ဒေါ်အောင်ဆန်းစုကြည်၏ သားကြီး ကင်မ်အဲရစ်(ခ)ကိုထိန်လင်း မိခင်ထံရောက်လာသည်။ နှစ်ပတ်ကြာ မိခင်နှင့် နေထိုင် သွားသည်ဟု သိရသည်မှအပ အခြားသတင်း အစအနမှ မရ။ ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာ၊ ဒီဇင်ဘာ။ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေ၊   ဒေါ်အောင်ဆန်း စုကြည် လှုပ်ရှားမှု တို့ကို ပြည်သူတွေ ဆက်တိုက် နားစွင့်လို့ နေသည်။ ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်း စုကြည်၏ မွေးနေ့။ သူမ၏ သားကြီး ကင်မ်အဲရစ် (ခ) ကိုထိန်လင်း ဒုတိယအကြိမ် ရောက်ရှိလာသည်။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ သား နှင့်အတူ ချစ်သောသူများ သမိုင်းဝင် ပုဂံသို့ ဘုရားဖူးသွားကြသည်။ ထိုလ အတွင်း ဘာသာရေး အလေးထား သော ဒေါ်အောင်ဆန်းစုကြည်၊ သီတဂူ ဆရာတော်နှင့်ပါ တွေ့ဆုံ၍ ဖူးမြော်ကန်တော့ အဆုံးအမ နာယူခဲ့သည်။ ထိုနှစ် ဇူလိုင်လ ၁၉ ရက် အားလုံးက မမေ့နိုင်သော အာဇာ နည် ခေါင်းဆောင်ကြီးများ။ ယင်း အကြောင်းအရာနှင့်အတူ ဒေါ်အောင် ဆန်းစုကြည်၏ ပုံရိပ်တို့ ပြည်သူနှင့် အနီးကပ်ပြန်လည် ထိတွေ့မိပြန်သည်။ ၉ နှစ်တာကာလအတွင်း အာဇာနည် ကုန်းသို့တက်၍ ကွယ်လွန်သူ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်များအား ဂါရဝပြု လွမ်းသူ့ ပန်းခွေ ချသည်။ ဇူလိုင်လ ၂၅ ရက်နေ့။နေအိမ် အကျယ်ချုပ် လွတ်မြောက်ပြီးနောက် အစိုးရသစ်၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ပထမဆုံးအကြိမ်   ပြန်လည်   တွေ့ဆုံခဲ့မှုသည် ထင်မှတ် မထား သော ပထဆုံး ဆုံချက်။ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ဒုတိယအကြိမ် ဝန်ကြီး ဦးအောင်ကြည်နှင့် ပြန်လည် တွေ့ဆုံ သည်။ သြဂုတ်လ ၁၄ ရက်နေ့တွင် ပဲခူးမြို့သို့ ခရီးသွား၊ စာကြည့်တိုက် ဖွင့်ပွဲတက်၊ ရေဘေး ဒုက္ခသည် စခန်းသို့သွား၊ ထို့နောက် ဘုရားဖူး သည်။ သြဂုတ်လ ၁၉ ရက်နေ့ အား လုံး မျှော်လင့်မထား မှင်တက် သွားစေသောအကြောင်းအရာတစ်ခု ပေါ်လာသည်။ ဒေါ်အောင်ဆန်းစု ကြည်နှင့် အစိုးရသစ်၏ သမ္မတ ဦးသိန်းစိန်တို့   နေပြည်တော် တွင် တွေ့ဆုံသည်။ တိုင်းပြည်တစ်ခုထဲမှာ အမိုးတစ်ခုရဲ့အောက်မှာ ယင်းသို့ အဓိပ္ပာယ် ကောက်ယူရနိုင်သော မြင်ကွင်းမျိုး။ မယုံတစ်ဝက်ယုံ တစ်ဝက်။ အိပ်တစ်ဝက်   နိုးတစ်ဝက် အိပ်မက်လေလား။ နေပြည်တော်၌ ရှိနေစဉ် ပထမဆုံးအကြိမ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲပါ တက်ရောက်ခဲ့သည်။ သြဂုတ်လ  ၂၄ ရက်နေ့တွင် ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စ တာကွင်တားနားနှင့်တွေ့ဆုံမှုအပါအ ဝင် ယခုလအတွင်း သံတမန်အချို့  နှင့်တွေ့ဆုံမှု များသည် ပိုမိုပွင့်လင်း လာပြန်သည်။ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ။ လွတ်လပ်ပွင့်လင်းမှုတို့၏ အရိပ် အယောင်တစ်စတစ်စ ပိုမိုထင်သာ လာသည်။ အချို့က တွေ့ဆုံ   ဆွေးနွေးမှုများကို မြန်ဆန်၍ စိုးရိမ်ရ သည်ဆိုသည်။ အချို့က တွေ့ဆုံ ဆွေးနွေးမှုပြုသည်များ နှေးကွေး သည်ဆိုပြန်သည်။ ဘာပဲဖြစ်ဖြစ်   ပြည်သူလူထုက   ဒေါ်အောင် ဆန်း စုကြည်အား မီဒီယာမှတစ်ဆင့် သူမ ၏ ခံယူချက်၊ လုပ်ဆောင်မှု ထင် သာမြင်သာရှိလာခြင်းကို ပို၍ပို၍ မျှော်လင့်လာကြပြီး အနောက်အုပ်စု အပါ အဝင် နိုင်ငံတကာ အသိုင်း အဝိုင်းနှင့် ထိတွေ့ဆက်ဆံမှုသည်  များသထက် များလာသည်။ စက် တင်ဘာ ၉ ရက်နေ့မှ ၁၄ ရက် အထိ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ လာရောက်သော အမေရိကန်အထူး ကိုယ်စားလှယ် ဒဲရစ်မစ်ချယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ပြီး ယခုလအတွင်း ပြည်သူတစ်ရပ်လုံးက စိုးရိမ်ကြောင့်ကြနေ သော ဧရာဝတီ   မြစ်ဆုံစီမံကိန်းအား ရပ်တန့်ပေး ရန် ပြည်သူနှင့်တစ်သားတည်း တောင်းဆိုခဲ့သည်။ ထူးထူးခြားခြား ဧရာဝတီနှင့်ပတ်သက်သော ပြပွဲနှင့် ဆွေးနွေးပွဲ ၈ ပွဲပြုလုပ်ရာ ဖိတ် ကြားသမျှပွဲတိုင်း ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ခဲ့သည်။ မီဒီယာစာမျက်နှာများပေါ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာ ဗျူးများဝေဝေ ဆာဆာဖော်ပြ လာသည်။ ထိုကာလတွေ့ဆုံဆွေးနွေးမှုများနှင့် နိုင်ငံရေးအခင်းအကျင်းပေါ် ဒေါ် အောင်ဆန်းစုကြည်၏ မှတ်ချက်က ”တိုင်းပြည်အတွက်အသုံးချတယ် ဆိုရင်လည်း အသုံးချပေါ့၊ ရပါတယ်” ဟု အရိုးသားဆုံး ခံယူချက်။ စက်တင်ဘာ ၃ဝ ရက် နံနက်ပိုင်း ကတည်းက ကြားရသော ဧရာဝတီ မြစ်ဆုံ စီမံကိန်း ရပ်နားသတင်းနှင့် အတူ   ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဦးအောင်ကြည်တို့၏ တတိယ အကြိမ်မြောက် တွေ့ဆုံမှု။ ယင်းနေ့ သည် မင်္ဂလာရှိသော ပြည်သူတို့ စိတ်နှလုံးအေးချမ်းခဲ့သော   နေ့ တစ်နေ့ ဖြစ်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်အောက်တိုဘာလ ၃ဝ ရက်နေ့ စတုတ္ထအကြိမ်မြောက် ဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ ပြီ။   တွေ့ဆုံ   ဆွေးနွေးမှုတို့၏ ထုတ် ပြန်ချက်များ ထင်သာမြင်သာမရှိ သည့်တိုင် ယခုကာလ ဒေါ်အောင် ဆန်းစုကြည်၏ လှုပ်ရှားမှုတို့က လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သဘာဝ ပတ်ဝန်းကျင်ရေး။ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားတို့အပြင် မလေးရှားဝန် ကြီးချုပ်   ဟောင်း တွန်ဒေါက်တာ မဟာသီယာမိုဟာမက်။ နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အတွင်း လာရောက် သည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရစ်မစ် ချယ်နှင့် အမေရိကန် ဒီမိုကရေစီ လူ့အခွင့် အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်အိုစနာတို့နှင့်ပါ တွေ့ဆုံခဲ့ သည်။  ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၁၃ ရက် နေ့ထိုနေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက် ခြင်း တစ်နှစ်တင်းတင်း ပြည့်မည် ဖြစ်သည်။ တစ်နှစ်တာ ကာလ အတွင်း လွတ်မြောက်ပြီးချိန်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင် လစာ များ တိုးမြှင့်ရရှိမှု ၂ဝ၁၁ ခုနှစ် မေလ ၁၇ ရက်နေ့၌ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄ဝ ကျော်နှင့် အလုပ်စခန်း ၁ဝဝ ကျော်မှ အကျဉ်း သား ၁၄၆ဝဝ လွှတ်ပေးမှု၊ သေဒဏ် ကျ အကျဉ်းသား ၃၄၈ ဦးအား ထောင်ဒဏ်တစ်သက် လျှော့ပေါ့မှု နှင့် အကျဉ်းသားအားလုံးကို အပြစ်ဒဏ် တစ်နှစ်လျှော့ချပေးမှု၊ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှု၊ အောက်တိုဘာ ၁၂ ရက်နေ့တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူ ၃ဝဝ ခန့်အပါအဝင် ကျန်းမာရေးမကောင်းသူ အကျဉ်း သားများ လွတ်ငြိမ်းခွင့်ရရှိခဲ့သည်။ ယုံကြည်ချက်နှင့်အတူ အ ကြောင်း ကြောင်းကြောင့် တိုင်းတစ်ပါးရောက်   နေသူများအား   ပြန်ဝင် ခွင့်ပေးခဲ့သလို နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က ကြိုးနီစနစ်ကိုင်ဆွဲသူနှင့် အဂတိ လိုက်စားသူများအား အရေးယူရန် မိန့်ခွန်း၊ အစိုးရသစ်လက်ထက် ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်များ လျှော့ချပေးမှု၊ ဘဏ်လုပ်ငန်းဆိုင်ရာ များနှင့် နိုင်ငံတကာ ငွေကြေးလဲလှယ် ပုံ ပြောင်းလဲမှု၊ အသေးအဖွဲဟု ထင်ရသော နိုင်ငံတကာ ကြက်ခြေနီ ICRC အဖွဲ့ ၂ဝဝ၅ နောက်ပိုင်း ယခု နှစ် ဇူလိုင်လတွင် အကျဉ်းထောင်များ အတွင်း ပြန်လည်ဝင်ရောက်ခွင့်ရှိမှု၊ အရာအားလုံးသည် သမ္မတဦးသိန်းစိန် ၏ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရမိန့်ခွန်းမှစ၍ ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှု တို့က မဏ္ဍိုင်ဖြစ်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက် ဒေါ်အောင်ဆန်း စုကြည်လွတ်မြောက် ပြီး တစ်နှစ်တင်းတင်းပြည့် ပြီးရက် ပထမဆုံးနေ့ရက်။ ဆက်လက် မျှော်လင့်နေကြသည်ဟု ယုံကြည်သည်။
မိုးမြင့်မြတ်

ဥရောပသမဂ္ဂအဆင့်မြင့်ဝန်ကြီးတစ်ဦး မြန်မာနိုင်ငံသို့ လာရောက်မည်

ရန်ကုန်၊ နိုဝင်ဘာ - ၉

ဥရောပသမဂ္ဂအဆင့်မြင့်ဝန်ကြီးတစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID)၏ ၀န်ကြီး(အတွင်းဝန်)ဖြစ်သူ အယ်(န်)ဒြူးမစ်ချယ်(လ်) ယခုလ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် ဗြိတိသျှသံရုံးမှသတင်း ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာမြင့်မည့် အယ်(န်)ဒြူးမစ်ချယ်(လ်)၏ ခရီးစဉ်ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများအတွက် ဗြိတိန်နိုင်ငံ၏ ထောက်ပံ့မှုအစီအစဉ်ကို လေ့လာသုံးသပ်ရန်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မှ အဆင့် မြင့်ဝန်ကြီးများအပြင် နိုင်ငံရေးအရ ထင်ရှားသူများနှင့်တွေ့ဆုံရန်စီစဉ်ထားကြောင်း သတင်းထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် အယ်(န်)ဒြူးမစ်ချယ်(လ်)သည် မန္တလေးနှင့် မန္တလေးအနီးတစ်ဝိုက်ရှိ စီမံကိန်းများကိုလည်း သွားရောက်လေ့လာမည်ဖြစ်သည်။ ၀န်ကြီးနှင့်အတူ ဒေးလီးတယ်ရီဂရပ်သတင်းစာနှင့် ဘီဘီစီတို့မှ သတင်းထောက်တစ်ဦးစီ လိုက်ပါလာမည်ဖြစ်သည်။
အယ်(န်)ဒြူးမစ်ချယ်(လ်)သည် ခရီးစဉ်၏ အပြီးသတ် သတင်းစာရှင်းလင်းပွဲအဖြစ် နိုဝင်ဘာလ ၁၇ ရက် (ကြာသပတေးနေ့ )ညနေပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ကြံ့ဓနသဟာယစစ်သချိုင်္င်း၌ ကျင်းပမည်ဖြစ်ပြီး ပြည်တွင်းသတင်းထောက်များကိုလည်း ဖိတ်ကြားနေပြီဖြစ်သည်။

အသက် ၅၆ နှစ်အရွယ်ရှိ အယ်(န်)ဒြူးမစ်ချယ်(လ်)သည် ဗြိတိန်နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်တစ် ဦးဖြစ်ပြီး၊ ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID)၏ ၀န်ကြီးလည်းဖြစ်သည်။ (DFID) မှာ ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုအား ဆန့်ကျင်တိုက်ဖျက်ရာတွင် ဦးဆောင်ရန် တာဝန်ရှိသောဌာနဖြစ်သည်။ မြန်မာနိုင်ငံအား အကြီးအကျယ်တိုးမြှင့်ထောက်ပံ့သွားမည်ဖြစ်ပြီး လာမည့် လေးနှစ်တာကာလအတွင်းတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းသုံးရာ ပေးအပ်သွားမည်ဟု ဗြိတိန်နိုင်ငံက ၂၀၁၁ ခုနှစ် မတ်လတွင် ကြေညာခဲ့သည်။

 7Day News Journal

အကိုက်အခဲပျောက်ဆေး ပါရာစီတမောလ် လိုအပ်သည်ထက် ပိုသောက်လျှင် အဆိပ်သင့် သေဆုံးနိုင်

ပါရာစီတမောလ်ဆေး ၅ဝဝ မီလီဂရမ်ဆေးပြားအား လိုအပ်သည်ထက် ပိုမိုသောက်သုံးမိပါက အဆိပ်သင့်သေဆုံးနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်ဦးစန်းထွေး က ပြောကြားသည်။
”အခြားဆေးတွေထက် ပါရာစီတမောလ်ဆေးကို လူတွေက အလွယ်တကူ ဝယ်သောက်လေ့ရှိကြတယ်။ ဒီဆေးရဲ့ အဓိကဘေးထွက်ဆိုးကျိုးက အသည်းရဲ့လုပ်ဆောင်မှု ကို တိုက်ခိုက်တာပဲ။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာ ဆေးတစ်ခါသောက်ရင် ပါရာစီတမောလ် ၅ဝဝ မီလီဂရမ် ၂ ပြားထက် ပိုမသောက်သင့်ပါဘူး”ဟု ၄င်းက ထပ်မံပြောကြားသည်။
ပါရာစီတမောလ် လွန်ကဲသည့်လက္ခဏာများမှာ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ မစားချင် မသောက်ချင်ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်တတ်ပြီး အဆိုးဆုံးလက္ခဏာများအဖြစ် မျက်လုံးဝါခြင်း၊ ဆီးမည်းမည်းသွားခြင်း၊ အစာအိမ်အပေါ်ပိုင်း၌ နာကျင်ခြင်းစသည့် ဝေဒနာများ ဖြစ်ပွားတတ်ပြီး နောက် ဆုံးအခြေအနေအဖြစ် အသက်ဆုံးရှုံးသည်အထိပင် ဖြစ်နိုင်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ရောင်းချနေသည့် ပါရာစီတမောလ်ဆေးများမှာ နိုင်ငံစုံမှဝင်ရောက်ပြီး ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေကာ ဆေးတောင့်၊ ဆေးပြား၊ ဆေးရည်၊ စအိုတွင်းထည့်ဆေး တောင့် စသည်ဖြင့် ဆေးဝါးပုံစံအမျိုးမျိုးရှိကြောင်း သိရသည်။
”ဒီဆေးကို ပုံမှန်သောက်မယ်၊ စနစ်တကျသာသောက်မယ်ဆိုရင် ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်ကိုက်ခဲတာ၊ အဆစ်အမြစ်ရောင်၊ ခါးနာ၊ သွားကိုက်၊ အအေးမိဖျား နာတာတွေ ပျောက်ကင်းစေနိုင်ပေမယ့် ဆေးလွန်ရင်တော့ သေနိုင်ပါတယ်။ နောက်တစ်ခုက ဒီဆေးနဲ့မတည့်ဘဲ ခန္ဓာကိုယ်မှာ အနီကွက်တွေ ပေါ်လာတာ၊ အသက်ရှူရ တာခက်တာ၊ မျက်နှာ၊ လျှာနဲ့လည် ချောင်းစတဲ့ အစိတ်အပိုင်းတွေ ရောင်ရမ်းတတ်တာမျိုးလည်း တချို့ လာပြတဲ့လူနာတွေမှာ တွေ့ရတယ်”ဟု အထက်ပါဆရာဝန်က ပြောကြားသည်။
မြန်မာနိုင်ငံအတွင်းရှိ အသက်အရွယ်ကြီးသည့် လူတချို့သည် ခန္ဓာကိုယ် နာကျင်ကိုက်ခဲ၍ ပါရာစီတမောလ်ဆေးစားရင်း ဆေးစွဲသွားကာ ပဲလှော်စားသကဲ့သို့ စားနေကြ ခြင်းများကို ရှောင်ရှားသင့်ပြီး အထက်ဖော်ပြပါလက္ခဏာများ ပေါ်လာပါက မိမိသဘောနှင့် မိမိဘာသာ ဆေးသုံးစွဲနေမှုကိုရပ်ပြီး ဆရာဝန်နှင့်အမြန်ဆုံးပြသကာ ကုသမှု ခံယူသင့်ကြောင်း အထက်ပါပုဂ္ဂိုလ်က အကြံပြုပြောကြားသည်။
ချစ်ဆုဆွေ

ယမန်နှစ် စပါးချော ဈေးကွက်အပိတ်တွင် မိုးထိထောင်

ယခင်နှစ်မိုးစပါးအချော တင်း တစ်ရာလျှင် ငွေကျပ်ကိုးသိန်းခွဲဈေး နှုန်းဖြင့် ဆယ်စုနှစ်တာကာလအတွင်း စံချိန်တင်မြင့်တက်ကာ အရောင်း အဝယ်ရပ်တန့်သွားပြီး ဝယ်လှောင် သူများနှင့် ကုန်သည်ကြီးတို့သာ အကြီးအကျယ် အမြတ်အစွန်းရရှိ သွားခဲ့သည်ဟု ဧရာဝတီတိုင်းဒေသ ကြီးရှိမြို့နယ်အချို့မှ တောင်သူငယ် များနှင့် ရန်ကုန် တိုင်းဒေသကြီးရှိ ဆန်စပါးပွဲစားအချို့ထံမှ နိုဝင်ဘာ ၈ ရက်နေ့က သိရသည်။ ”ဆယ်စုနှစ်တစ်စုမပြောနဲ့၊ တစ်သက်နဲ့တစ်ကိုယ် ဒီဈေးနှုန်း ကြားကို မကြားဖူးဘူး” ဟု ဧရာဝတီ တိုင်းဒေသကြီး ဒေးဒရဲမြို့နယ်အ တွင်းရှိ အသက် ၅ဝ ကျော် တောင် သူကြီးတစ်ဦးက ပြောသည်။၂ဝဝ၉ ခုနှစ်က အမြင့်ဆုံး ဈေး ကျပ် ၇ သိန်းခွဲနှင့် ၈ သိန်း   ကျော်  အထိသာရောက်ခဲ့ပြီး ဈေးပိတ် ခဲ့သော်လည်း ၂ဝ၁ဝ မိုးစပါးအချော ဈေးမှာမူ စံချိန်တင်နီးပါးဈေးအထိ ရောက်ခဲ့ရခြင်းမှာ တစ်သက်နှင့် တစ်ကိုယ် ဆန်စ ပါး ဈေးကွက် အတွင်းသို့ တစ်ကြိမ်တစ်ခါမှ ဝင် ရောက်ခဲ့ဖူးခြင်းမရှိသည့် တခြား စီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင် ကြီးများကြောင့် ဖြစ်ကြောင်း ဆန် စပါးဈေးကွက်မှ အကျိုးဆောင် တချို့က သုံးသပ်ကြသည်။  ”အချောဈေးကွက်ထဲကို ပိုဝင် ကြတယ်။ ဒီတော့ကာ စပါးဈေးက တရိပ်ရိပ်တက်လာတာပေါ့၊ ဒါပေမဲ့ တစ်ခုရှိတာက လှိုင် လှိုင်ပေါ်ချိန်မှာ ဈေးမရှိဘူး၊ တောင်သူငယ်လက် ထဲကလွတ်ပြီး သူတို့လက်ထဲလည်း ရောက်ရော တက်လိုက်တာမဆင်း တော့ဘူး”ဟု အကျိုးဆောင်တစ်ဦး ကပြော သည်။ အချောစပါး ဈေးမြင့်ခဲ့သော် လည်း မိုးစပါးအကြမ်းနှင့် နွေစပါး အကြမ်းဈေးမှာ ဖိနှိမ်ထားသကဲ့ သို့ ဖြစ်နေပြီး တင်းတစ်ရာလျှင် အမြင့် ဆုံး ကျပ် ၄ သိန်းအထိ ကို ခေတ္တ သာရောက်ရှိခဲ့သဖြင့် တောင်သူငယ် အချို့မှာ ဟက်တက်ကွဲခဲ့ရသည်ဟု ဒေးဒရဲမြို့နယ်မှ တောင်သူကြီးတစ် ဦးက ထပ်လောင်းရှင်းပြသည်။အကြမ်း စပါးဈေး အနိမ့်ဆုံးမှ ဈေးဆက်မတက်ခဲ့ခြင်းမှာ တစ်ရိပ်ရိပ် ထိုးကျနေသည့် ပို့ကုန်ရငွေတန်ဖိုး ကြောင့်ဖြစ်သည်ဟု ပြည်ပသို့ဆန် တင်ပို့နေသည့် ကုမ္ပဏီအများစုက ပြောသည်။
”ကိုယ်တောင်ရှုံးနေမှတော့ စပါးအကြမ်းဈေးကို တိုးမြှင့်ပြီးပေး မဝယ်နိုင်ဘူး၊ အချောစပါးဈေးမဆင်း တာက ပြည်ပမပို့ဘူး။ ဒီတော့ ဈေး အတက်၊ အကျမြန် ဆန်မှု ဒဏ်ကို အချောစပါးထက် အကြမ်းစပါးက ပိုခံရတာပါ”ဟု ဆန်စပါးစီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။၂ဝ၁၁ ခုနှစ် မိုးစပါးစိုက်ပျိုး  ရာသီအစပိုင်း၌   ရေကြီး ဒဏ်ကို ခံ ခဲ့ရသော်လည်း နောက်ပိုင်းအချိန်မှ စကာ ရိတ်သိမ်းချိန်အထိ ရာသီ ဥတုဖောက်ပြန်မှုနှင့် သီနှံပျက်စီးမှု ကို မကြုံခဲ့ရကြောင်း၊ သို့သော် လည်း ပေါ်ဦး၊   ပေါ် ဖျားဖြစ်သည့် လက်ရှိစပါးဈေးမှာ ပြည်တွင်း၌ ဆန်ဈေးများကျဆင်းနေမှုကြောင့် တာထွက်၌ မျက်နှာပန်းမလှခဲ့ရခြင်း များရှိနေသည်ဟု ရန်ကုန်နှင့် ဧရာ ဝတီတိုင်းေ ဒသကြီးတို့ရှိ စပါးပွဲစား အချို့က သုံးသပ်ကြသည်။ ”ပေါ်ဦး စပါးအချောကိုကြိတ် ပြီး ရန်ကုန်ကုန်စည်ဒိုင်ကိုလာရောင်း တယ်။ အောက်တိုဘာ နောက်ဆုံး အပတ်မှာ ၁ အိတ်ကို ကျပ်နှစ် သောင်းခြောက်ထောင့်ငါးရာရတယ်။ အခု နိုဝင်ဘာပထမအပတ်မှာ လာ ရောင်းတော့ ၁ အိတ်ကို ကျပ်နှစ် သောင်းလေးထောင့်ငါးရာပဲရှိတော့ တယ်။ ဒီတော့ ကျွန်တော်တို့ ပေါ်ဦးစပါးဈေးကို လျှော့မှ ရတော့ မှာပေါ့။ ဒါတောင် အရင်ဝယ်ထား တဲ့စပါးဈေးကို လက်ရှိဆန်ဈေးနဲ့ ယှဉ်ထိုးရင် သိပ်မကိုက်တော့ဘူး” ဟု ရန်ကုန် ဝါးတန်း-ကီလီဆန်ဒိုင်မှ ဆန်ကုန်သည်တစ်ဦးကရှင်းပြသည်။ နိုဝင်ဘာ ပထမအပတ်မှ စကာ ကန်ဒေါ်လာပေါက်ဈေးမှာ မြန်မာငွေ ကျပ် ၈ဝဝ အောက်ကျ ဆင်းခဲ့သဖြင့် အဓိက ပြည်ပပို့ကုန် တစ်မျိုးဖြစ်သည့် စပါးအကြမ်းဈေး မှာ လက်ရှိပေါက်ဈေးထက် ထပ် တက်ဖွယ်မရှိနိုင်သည့်အပြင်တွက် ခြေမကိုက်ပါက လက်ရှိေ ဈးနှုန်း ထက်ကျဆင်းသွားနိုင်ဖွယ်ရှိသည်ဟု ဆန်စပါး လုပ်ငန်းရှင်ကြီးတစ်ဦးက သုံးသပ်သည်။ ပေါ်ဦးပေါ်ဖျား အချောစပါးဈေး မှာ လက်ရှိ၌ ကျပ် ခြောက်သိန်း ဝန်းကျင်သာရှိသဖြင့် လှိုင်လှိုင်ပေါ် ချိန်၌ ယခုထက်ဈေးကျဆင်းသွား တတ်ခြင်းမှာဆန်စပါးလောက၌ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ကြောင်း၊ တောင်သူငယ်အများစုလက်ထဲ၌ မရှိတော့သည့် အချိန်၌သာ ဈေး တက်လေ့ရှိသဖြင့် တောင်သူငယ် တို့တိုက်ရိုက်အကျိုးရှိစေရန် တောင် သူ၊ ပွဲစားနှင့် ကုန်သည်တို့ အာမခံ သဘောမျိုး စနစ်ထူေ ထာင်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း ခေတ်ပညာ တတ်တောင်သူအချို့က ထောက်ပြ ကြသည်။ ”ဒီလိုအချိန် ဒီလိုလမျိုးတွေမှာ တွက်ချက်ပြီး ပြည်ပတင်ပို့မှုကို တိုးမြှင့် သင့်တယ်။ ဒါမှ စပါးက အဝယ်လိုက်မယ်။ ဒီတော့ဈေးမြင့် မှာပဲ။ ဒီလိုမှမဟုတ်ဘဲ တောင်သူ ကြီးနဲ့ ကုန်သည်လက်ထဲရောက်မှ အဝယ်လိုက်တယ်ဆိုရင် သူတို့တွေ ပဲ အကျိုးခံစားရသွားမှာပေါ့၊ ဒီစပါးရ ဖို့ကို တောင်သူကလနဲ့ချီပြီး ရင်းနှီး ထားရတာ၊ ဈေးကောင်းတယ် ဆိုလည်း ကိုယ့်လယ်ကထွက်တဲ့ စပါးအပေါ်ကိုပဲရတယ်။ ကုန်သည် ဆိုတာက ငွေရင်းနိုင်တော့ ရင်းနိုင် သလောက်ကျန်တတ်တယ်လေ”ဟု ဆန်ကုန်သည်ငယ်တစ်ဦးက ဆို သည်။
မင်းသုအောင်

ဓါတ်ဆီ ကို နိုင်ငံတကာပေါက်ဈေးနဲ့ ရောင်းချတော့မယ်

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် ပြန်လည်ရောင်းချရန်အတွက် ဆီတန်းစီမှုများလျော့နည်းလာစေရန် ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် တစ်ဂါလန် ကျပ် ၂၅၀၀ နှုန်းဖြင့် ရောင်းချနေသော ဓာတ်ဆီဈေးနှုန်းကို အစိုးရမှ အရှုံးခံရောင်းချပေး တော့မည်မဟုတ်ဘဲ နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးဖြင့် ပြောင်းလဲ ရောင်းချနိုင်ရန်စီစဉ်သွားမည်ဖြစ်ကြောင်း ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး တွင် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ပုဂ္ဂလိက စက်သုံးဆီဆိုင်များကို စက်သုံးဆီရောင်းချခွင့်ပြုရာ၌ ဒီဇယ်ဆီကို ပြည်ပမှ လွတ်လပ်စွာ တင်သွင်းရောင်းချခွင့်ပြုထားသော်လည်း ဓာတ်ဆီကိုမူ ပြည်တွင်း၌သာ ချက်လုပ်ကာ သက်ဆိုင်ရာခွဲတမ်းများအလိုက် သတ်မှတ်ပေးကာ တစ်ဂါလန်လျင် ကျပ် ၂၅၀၀ နှုန်းဖြင့် သက်ဆိုင်ရာမှ ဈေးနှုန်းထိန်းချုပ် ရောင်းချပေးလျှက်ရှိရာ ယခုအခါတွင် အဆိုပါသတ်မှတ်ဈေးနှုန်းများကို နိုင်ငံတကာဈေးနှုန်းများနည်းတူ ပြောင်းလဲရောင်းချမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ''နိုင်ငံတော်ကနေ ပုဂ္ဂလိက စက်သုံးဆိုင်တွေကို ပြည်တွင်းထုတ်ဓာတ်ဆီ တစ်ဂါလန်ကို ကျပ် ၂၅၀၀ နှုန်းနဲ့ ရောင်းချနေတာကြောင့် ၂၀၁၀ ပြည့်နှစ် ဇွန်ကနေ ၂၀၁၁ ခုနှစ် သြဂုတ်လ အထိ ၂၆ ဘီလျံကျော် အရှုံးခံခဲ့ရပါတယ်။ ဒါပေမယ့် ပြည်သူများအနေဖြင့် အမှန်တကယ်အကျိုးခံစားရမှု မရှိဘဲ လူတစ်စုတစ်ဖွဲ့ပဲ အကျိုးဖြစ်ထွန်းနေကာ တန်းစီဝယ်ယူနေရခြင်း၊ အကျင့်စာရိတ္တ ပျက်ပြားခြင်း၊ တန်းစီ မ၀ယ်ယူနိုင်သည့်အခါတွင် ပြင်ပ၌ ရောနှောရောင်းချနေသည့် ဓာတ်ဆီကို ၀ယ်ယူသုံးစွဲနေရခြင်းတို့ကြောင့် ပြည်တွင်းထုတ် ဓာတ်ဆီကိုအရှုံးခံ ရောင်းချတော့မှာမဟုတ်ဘဲ ပြင်ဆင် သတ်မှတ်ရောင်းချ သင့်ပြီလို့ ယူဆပါတယ်။ ပြည်တွင်းထုတ်ဓာတ်ဆီတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ပြင်ဆင်ရောင်းချနိုင်ဖို့ သင့်လျှော်တဲ့ အချိန်မှာ ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ သုံးစွဲသူပြည်သူတွေကို ကြို တင်အသိပေးပြီးမှဆောင်ရွက်သွားဖို့ ရှိပါတယ်''ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် နယ်မြို့များ၌ ဆီဆိုင်များနည်းပါးသောကြောင့် နယ်မြို့များရှိ ဆီဈေးနှုန်းမှာ ရန်ကုန် ဆီဈေးနှုန်းများထက် နှစ်ဆနီးပါး ကွာဟမှုရှိနေသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပုဂ္ဂလိကဆီဆိုင်များမှ ဆီခွဲ တမ်းများကို နယ်မြို့များသို့ ပြန်လည်ရောင်းချခြင်းမရှိစေရန်၊ ထိုသို့ရန်ကုန်မှ ဆီခွဲတမ်းများကို နယ်မြို့များသို့ ပြန်လည်ရောင်းချနေမှုမျာရှိပါက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆီပေးဝေမှုကို ထိခိုက်နိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်များ အမှန်တကယ်အသုံးပြုမည့် ပမာဏကို တန်းစီစောင့်ဆိုင်းရန်မလိုဘဲ အလွယ်တကူဝယ်ယူနိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
''အခုဆို ရန်ကုန်မှာတောင် ဓာတ်ဆီဈေးက အပြင်ဈေးနဲ့ ဆိုင်ပေါက်ဈေးမတူတော့ဘူး။ ဒါကြောင့် ရန်ကုန်မှာ အရင်တုန်းက ပုံစံမျိုးဖြစ်တဲ့ဆီဆိုင်ကနေဆီဝယ်ပြီး ပြင်ပဆီဆိုင်အချို့မှာ ဆီပြန်ရောင်းတဲ့ပုံစံ မျိုးတွေပြန်ရှိလာ တယ်'' ဟု မော် တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြော ကြားခဲ့သည်။
ပုဂ္ဂလိကစက်သုံးဆီဆိုင်များကို စက်သုံးဆီ ရောင်းချခွင့်ပြုရာ၌ ဒီဇယ်ဆီကို ပြည်ပမှ လွတ်လပ်စွာ တင်သွင်းရောင်းချခွင့်ပြုထားသော်လည်း ဓာတ်ဆီကိုမူ ပြည်တွင်း၌သာ ချက်လုပ်ကာ သက်ဆိုင်ရာခွဲ တမ်းများဖြင့် ရောင်းချခွင့်ပြုနေကြောင်း သိရှိရသည်။      ပုဂ္ဂလိကစက်သုံးဆီဆိုင်များအတွက် ရောင်းချရန်သတ်မှတ်ပေးထားသည့် ဓာတ်ဆီခွဲတမ်းများကို အမှန်တကယ် အကုန်ရောင်းချခြင်း ရှိ၊ မရှိကို နေပြည်တော်မှ တာဝန်ရှိသူ အချို့ပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့များထားရှိကာ စစ်ဆေးအရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ 

သတင်း---Eleven Media Group

ရာထူးတက်ဖို့ ငွေလိမ်တဲ့ ဗိုလ်ကြီးသန်းတိုးအောင်




အလင်းတန်း ဂျာနယ် အမှတ်စဉ် ၆၇၉

အစာငတ်ခံဆန္ဒပြ နိုင်ငံရေး အကျဉ်းသားတွေ အခြေအနေ ကုလ စိုးရိမ်

မြန်မာနိုင်ငံအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားအချို့ အစာငတ်ခံဆန္ဒပြနေတယ်ဆိုတဲ့ သတင်းကြောင့် စိုးရိမ်ပူပင်မှုဖြစ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ် စားလှယ်က ပြောလိုက်ပါတယ်။ အကျဉ်းထောင်တွင်း အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အကာအကွယ် ပေးဖို့နဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကို ထောင်တွင်းကို သွားရောက် ကူညီခွင့်ပြုဖို့ လည်း မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ကိုသားညွန့်ဦးက  အကြောင်းစုံ တင်ပြထား ပါတယ်။
ရန်ကုန်၊ အင်းစိန်ထောင်အတွင်းမှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ထောင် အာဏာပိုင်တွေဘက်က သောက်သုံးရေပါ ဖြတ်ပြီး တန်ပြန်ညှင်းပမ်းနှိပ်စက်နေတယ်ဆိုတဲ့ သတင်း တွေကြောင့် ဒီအခြေအနေအပေါ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အနေနဲ့ အင်မတန် စိုးရိမ်မိတဲ့အကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့တာပါ။
အစာငတ်ခံဆန္ဒပြသူ ၁၅ ဦးထဲ ၈ ဦးကို အင်းစိန်ထောင်ထဲက အပြစ်ပေးတဲ့ စစ်ခွေးတိုက်ကို ပြောင်းရွှေ့ ထားလိုက်တယ်လို့လည်း မစ္စတာကင်တာနားရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီလူတွေရဲ့ ကျန်းမာရေး အခြေအနေအတွက် စိုးရိမ်တာကြောင့် အခုလို အများသိအောင် ထုတ်ပြန် ရတာလို့ မစ္စတာကင်တာနားက ဗွီအိုအေကို ပြောပါတယ်။
“ရရှိထားတဲ့သတင်းအချက်အလက်တွေအရတော့ အဲဒီ အစာငတ်ခံ ဆန္ဒပြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းထောင် အာဏာပိုင်တွေဘက်က တုံ့ပြန် အရေးယူတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်ပူပင်တယ်ဆိုတာကို အများသိအောင် ထုတ်ပြန်ရတာပါ။ မြန်မာအစိုးရအနေနဲ့ ဒီအကျဉ်းသားတွေကို အကာအကွယ်ပေးဖို့နဲ့ သူတို့ တဦးချင်းစီရဲ့ ကျန်းမာရေး အခြေအနေတွေကို စောင့်ရှောက်ပေးဖို့ လိုမယ်ဆိုတာ သဘောပေါက်ရပါလိမ့်မယ်”
အကျဉ်းသားတွေအပေါ် ဆက်ဆံရမယ့် နိုင်ငံတကာစံနှုန်း စာချုပ်တွေအတိုင်း မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ မစ္စတာကင်တာနားက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုမှာ အဓိက ဦးဆောင်ပါဝင်လို့ အဖမ်းခံရတဲ့ အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေးကို စိုးရိမ်တဲ့အကြောင်း ဖော်ပြပါတယ်။ အရှင်ဂမ္ဘီရအပါအ၀င် အကျဉ်းသားတွေရဲ့ ကျန်းမာရေးအတွက် IAEA ကို မြန်မာနိုင်ငံ အကျဉ်းထောင်တွေအတွင်း အမြန် ၀င်ရောက် ကူညီခွင့်ပေးဖို့ကိုလည်း မစ္စတာ ကင်တာနားက မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။
“IAEA အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့နဲ့ ပြန်လည် ဆက်သွယ် အလုပ်လုပ်ဖို့ အစိုးရကို အကြံပေး ထားပါတယ်။ IAEA အနေနဲ့ ဒီအကျဉ်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာအပြင် ဒီ အကျဉ်းသားတွေအပေါ်မတရားညှင်းပမ်းနေတာမျိုးတွေကိုလည်း အကာအကွယ်ပေးနိုင်ဖို့ လိုပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တာဝန်ယူခဲ့တဲ့အချိန်ကစလို့ဆိုရင် အကျဉ်းထောင်တွင်း အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေဟာ လူ့အခွင့်အရေးထောင့်ကနေကြည့်ရင် လုံးဝ လက်ခံလို့မရတာ တွေ့ရပါတယ်”
မြန်မာအစိုးရအနေနဲ့က နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးရုံမကဘဲ အကျဉ်းထောင် စနစ် ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်သွားဖို့ အချိန်ကျနေပြီလို့ မစ္စတာကင်တာနားက သတိပေး ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့ ပြည်တွင်းပြည်ပ တောင်းဆိုမှုတွေ ရှိနေ ပေမယ့်လည်း မြန်မာအစိုးရက ပြီးခဲ့တဲ့အခေါက် လွှတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပဲ ပါဝင်တာကြောင့် လူ့အခွင့်အရေး အဖွဲ့တွေက မြန်မာ အစိုးရကို ဝေဖန်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ အင်းစိန် အကျဉ်းထောင် အတွင်းမှာ နိုင်ငံရေး အကျဉ်းသားအချို့ အစာငတ်ခံဆန္ဒပြတယ်ဆိုတဲ့ သတင်း ဖြစ်လာတာပါ။ ဘာကြောင့် ဆန္ဒပြကြသလဲဆိုတာကတော့ အကျဉ်းသား အခွင့်အရေးအတွက် ဖြစ်တယ်လို့ပဲ သိရပြီး အသေးစိတ်ကို မသိသေးဘူးလို့ မစ္စတာကင်တာနားက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မနေ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ လက်ရှိ မြန်မာပြည်က ဖြစ်ပေါ်တိုးတက်မှုတွေကို စောင့်ကြည့်အကဲဖြတ်နေပြီး တိုးတက်မှု တခုအလိုက် တုံ့ပြန်သွားမယ်လို့ ပြောထားပါတယ်။
“တိုးတက်လာတဲ့အခြေအနေတွေကို ဆက်ပြီး စောင့်ကြည့် အကဲဖြတ်နေပါတယ်။ တချိန်တည်းမှာလည်း လိုအပ်တဲ့ တိုးတက်မှုတွေဖြစ်လာဖို့အတွက် မြန်မာအာဏာပိုင်တွေကို ဆက်ပြီး တိုက်တွန်း ပြောသွားမှာပါ”
နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victorial Nuland ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား ဒါမှမဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ အရေအတွက်နဲ့ ပတ်သက်လို့တော့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အစိုးရအကြားမှာ ကွဲလွဲမှုတော့ရှိနေပါတယ်။ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ နီးပါး ရှိနေသေးတယ်လို့ အတိုက်အခံတွေက ပြောပေမယ့် အစိုးရကတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဖမ်းဆီး ခံထားရသူ ဒီအရေအတွက်လောက် မရှိဘူးလို့ ပြောသလို နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူးလို့လည်း ငြင်းဆန်နေဆဲပါ။
သတင်း---VOA

မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှု တစ်ခုချင်း အလိုက် အမေရိကန် တုံ့ပြန်မည်

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်း တစ်လှမ်းချင်း အလိုက် တုံ့ပြန်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ms. Victoria Nuland က မနေ့က ထပ်ပြီး ပြောကြားလိုက်ပါတယ်။
US Department of State
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်များကို ရှင်းလင်းတင်ပြနေစဉ်။
အမေရိကန် အထူးကိုယ်စားလှယ်နဲ့ လက်ထောက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတို့ မြန်မာနိုင်ငံ ခရီးစဉ်အပြီး မြန်မာအစိုးရ ပြုပြင်ပြောင်းလဲရေး ထပ်ပြီး လုပ်ဆောင်လာအောင် အမေရိကန် အစိုးရဘက်က ပြင်ဆင်ထားမှု ရှိမရှိ သတင်းထောက် တစ်ဦးက မေးမြန်းရာမှာ အခုလို တုံ့ပြန် ပြောကြားလိုက်တာပါ။အမေရိကန် အစိုးရ ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ ခရီးစဉ်အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ပြန်လည် စိစစ် သုံးသပ်နေကြောင်း၊ ဌာနတွင်း ဆွေးနွေးတာတွေလည်း ရှိနေကြောင်း၊ ဘာလီကျွန်းမှာ မြန်မာကိစ္စ ပေါ်လာစရာရှိပြီး ဖြစ်ပေါ် တိုးတက်မှုတွေကို ဆက်ပြီး စိစစ် အကဲဖြတ်သွားမှာ ဖြစ်သလို ဖြေရှင်း ဆောင်ရွက်ဖို့ လိုအပ်တာတွေကိုလည်း အမေရိကန် အစိုးရအနေနဲ့ ဆက်ပြီး တိုက်တွန်းသွားမှာ ဖြစ်ကြောင်း Ms. Nuland က ပြောပါတယ်။အမေရိကန် အထူးကိုယ်စားလှယ် Mr. Derek Mitchell နဲ့ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Mr. Michael Posner တို့ရဲ့ မြန်မာ ခရီးစဉ်အဆုံး မြန်မာနိုင်ငံမှာ အသေးစား ချေးငွေ ကူညီမဲ့အကြောင်းနဲ့ ခရီးသွားလာရေး ကန့်သတ်ချက် တချို့ လျှော့ပေါ့မဲ့အကြောင်း ကြေညာခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အာဆီယံ ထိပ်သီး ညီလာခံ ကာလမှာ အမေရိကန် သမ္မတ အိုဘားမား တက်ရောက်ဖို့ ရှိပြီး ညီလာခံကာလ အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမဲ့ အလားအလာ ရှိကြောင်း သတင်းမီဒီယာတွေက ရေးသား ပြောဆိုနေကြပါတယ်။ဘာလီညီလာခံ ကာလအတွင်း အမေရိကန်ဘက်က မူဝါဒနဲ့ အညီ နောက်ထပ် တုံ့ပြန် ဆောင်ရွက်ဖို့ ရှိမရှိ ဆိုတာကိုတော့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Ms. Nuland က လောလောဆယ် ကြေညာဖို့ရာ မရှိသေးကြောင်း ဖြေဆိုခဲ့ပါတယ်။
 
သတင်း---RFA

ရုပ်ရှင်ကားအတွက် ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြော

The Lady ရုပ်ရှင်ဇာတ်ကားကြောင့် မြန်မာနိုင်ငံအကြောင်းကို ပိုမို နားလည်လာကြမှာ ဖြစ်တဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ လုဘင်ဆင် (Luc Benson) ကို ပြောဆိုလိုက်ပါတယ်။

Toronto International Film Festival
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝနှင့် နိုင်ငံရေး လှုပ်ရှားမှုအကြောင်း ပြင်သစ်လူမျိုးဒါရိုက်တာ Luc Basson ရိုက်ကူးသည့် The Lady ရုပ်ရှင်ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်သူ မင်းသမီး Michelle Yeoh ။ (Toronto International Film Festival)
ဒေါ်အောင်ဆန်းစုကြည်ကို စာတစ်စောင် ရေးသားပေးပို့ခဲ့တဲ့ ဒါရိုက်တာ Luc Benson က ဒီကနေ့ ပြင်သစ်တက္ကသိုလ် ကျောင်းသားတစ်စုနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြန်ကြားချက်ကို အခုလို ပြောပြခဲ့တာပါ။ ဒါ့အပြင် ဒီရုပ်ရှင်ဇာတ်ကား မိတ္တူကို သူ့ဆီ ပို့နိုင်မပို့နိုင် ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့တယ်လို့လည်း ဆိုပါတယ်။The Lady ရုပ်ရှင် ရိုက်ကူးခဲ့ပုံနဲ့ ပတ်သက်ပြီး ဒါရိုက်တာ Luc Benson က ပြန်ပြောပြရာမှာ ဒီရုပ်ရှင်အတွက် နောက်ခံ ဇာတ်ဝင်ခန်းတချို့ကို မြန်မာနိုင်ငံတွင်းမှာ ခရီးဆောင် ကင်မရာအသေးစား တစ်ခုနဲ့ ရိုက်ကူးခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာ စုစုပေါင်း ၁၇ နာရီကြာ လျှို့ဝှက် ရိုက်ကူးခဲ့ပြီး တစ်ကြိမ်မှာဆိုရင် မြန်မာစစ်သား တစ်ယောက်နဲ့ ၁ဝ ပေလောက် အကွာကနေ ရိုက်ကူးခဲ့တယ် လို့လည်း ပြောပါတယ်။ဒီရုပ်ရှင်ထဲမှာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ပုံအကြောင်း၊ ခင်ပွန်းသည် မိုက်ကယ်အဲရစ် ကွယ်လွန်ပုံ အကြောင်း ရိုက်ကူးထားတဲ့ အခန်းတွေကို သူ့အနေနဲ့ အတော် အားတင်း ကြိုးစား ကြည့်ရှုရမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့လည်း ဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်အနက် တစ်ယောက်ကတော့ ဒီရုပ်ရှင်ကို ကြည့်ပြီး အလွန် စိတ်လှုပ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။
သတင်း---RFA

အလွမ်းမပြေတဲ့ ကမ်းခြေဇေယျာဦး

ကြည်နူးမှုရဲ့အရိပ်ဝယ် နှစ်သိမ့်စရာစကားတွေနဲ့ ဖေါင်ဖွဲ့ကာပဲ ကမ်းခြေဇေယျာဦးဝယ် အလွမ်းတွေမပြေပါဘူးကွယ်” ကမ်းခြေဇေယျာဦး၊ ကိုလှမိုး မူလတေးသံရှင် ကိုခင်လတ် အလွမ်တွေမပြေတဲ့ ကမ်းခြေဇေယျာဦးကို တသက်တာ မမေ့နိုင်တော့ပါလေပြီ။ တန်ဆောင်မုန်းလ ရောက်ပြန်ပြီဆိုမှဖြင့် စစ်ကိုင်းတောင်နဲ့ ကမ်းခြေဇေယျာဦးကို ပိုလို့ သတိရ လွမ်းဆွတ်ရပြန်တော့တယ်။ Kanchay Zeyar Oo- Yan Win-Taung Da Gar မြန်မာပြည် ရဲ့  ယဉ်ကျေးအမွေအနှစ်တွေကို ဖော်ထုတ်တင်ပြပေးနေတဲ့ ရန်ဝင်း(တောင်တံခါး) အား MNN မှ အထူးကျေးဇူးတင်ပါသည်

သတင်းစာဆရာတွေ သတိထားရေးဖို့ ရန်ကုန် ဝန်ကြီးချုပ်ပြော

သတင်းစာဆရာများအနေဖြင့် လွှတ်တော်တွင်း သတင်းများ ရေးသားရာတွင် သတိထား
ရေးသားကြရန်  ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်မြင့်ဆွေက သတင်းယူနေသည့် သတင်းထောက်များအား သတိပေး ပြောဆို လိုက်သည်။

“ရေးတဲ့ဟာလေးကိုတော့ သတိနည်းနည်းထား၊ လိုတာကို ဖြုတ်ယူရေးရင် ကျနော်တို့ အစိုးရအဖွဲ့ကပဲ၊ မြို့တော်ဝန် ပဲ ရေတောင်းတာကို မပေးချင်လို့ လွှတ်တော်မှာ ပယ်ချ ပစ်တယ်ဆိုတာ မြင်သွားတယ်။ လူထုက အဲဒီလိုမြင်သွား ရင် အစိုးရအဖွဲ့အနေနဲ့ မကောင်းဘူးပေါ့” ဟု ဦးမြင့်ဆွေက သတင်းထောက်များကို ပြောသည်။

အင်္ဂါနေ့တွင် ပြုလုပ်သည့် စတုတ္ထမြောက် လွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့တွင်း ဦးမြင့်ဆွေက အစည်း အဝေး မစတင်မီ သတင်းထောက်များကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်ခဲ့သော သတင်းထောက်များထံမှ သိရသည်။

myintshwe
လွှတ်တော်တွင်း သတင်းများ ရေးသားရာတွင် သတိထားရေးသားကြရန် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်မြင့်ဆွေက သတင်းယူနေသည့် သတင်းထောက်များအား သတိပေး ပြောဆို (ဓါတ်ပုံ မဇ္ဈိမ)
အမျိုးသား ဒီမိုကရေစီသစ် ပါတီသစ်မှ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော် တင်သွင်းခဲ့သည့် “သင်္ဃန်းကျွန်း အပါအဝင် ရန်ကုန်မြို့ ဆင်ခြေဖုန်းမြို့နယ်များတွင် စည်ပင်သာယာရေး ကော်မတီ
မှပေးဝေနေသည့် သောက်သုံးရေ မလုံလောက်မှုကြောင့် လုံလောက်စွာ
ဖြန့်ဖြူပေးရန်” အဆိုအား လွှတ်တော်တွင်း မဲခွဲ၍ ဆုံးဖြတ်ခဲ့၌ ရှုံးနိမ့်ခဲ့မှု အပေါ် ရေးသားမှုနှင့် ပတ်သက်၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပြောဆိုခဲ့သည့် စကားများကို မဇ္ဈိမမှ လက်ခံ ရရှိသည်မှာ “ရေရရှိရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဟိုနေ့က လွှတ်တော်
ရဲ့ အဆုံးအဖြတ်ကို ယူမယ်ဆိုတဲ့ အခါကျတော့ မဲခွဲရတယ်။ ဦးကျော်က ရှုံးသွားတယ် အဲဒါကို ဘယ်လိုရေးလဲဆိုတော့ ဂျာနယ်ထဲမှာ
ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ကပဲ ပေါင်းပြီးတော့ မြို့ရေရရှိရေး အဆိုကို ကန့်ကွယ်တယ်၊ မလုပ်ပေး ချင်လို့ ကန့်ကွက်လိုက်တယ် ဆိုပြီးတော့။ ဒါက အမှန်မဟုတ်ဘူး” ဟု ဖြစ်သည်။

ယင်းအပြင် “ဒီဟာကို ဦးကျော်က လွှတ်တော်မှာ နိုင်သွားရင် သူ့သင်္ဃန်းကျွန်း တခုတည်းကိုပဲ ဖိဖိစီးစီး လုပ်ရတော့ မယ်။ ကျန်တဲ့ ဒဂုံ တောင်/မြောက်၊ မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်းမှာ ရေမရဘူး။ ဆိုလိုတာက ခုလုပ်နေတာ မျှမျှတတလုပ်နေတာ။ လက်ရှိလည်း မြို့တော်ဝန်က လုပ်နေပါတယ်။ ဘက်ဂျက်အပေါ် မူတည်ပြီးတော့ လုပ်သင့် တာကို လုပ်ရမယ်။ ဒါလေး နားလည်ပေးပါ။ သူတခုတည်းပဲ လုပ်လို့မရဘူး။ ဦးကျော်နိုင်ရင် ရှိသမျှဘက်ဂျက်ကို သင်္ဃန်းကျွန်းတခုတည်းကို ပုံအောပြီးတော့ လုပ်ရမယ့်အနေအထား” ဟုလည်း ပြောဆိုခဲ့သည်။

သို့သော် ဝန်ကြီးချုပ်ဦးမြင့်ဆွေ၏ ပြောကြားမှုမှာ မမှန်ကန်ကြောင်းနှင့် ဦးကျော် တင်သွင်းသည့် အဆိုမှာ သင်္ဃန်းကျွန်းမြို့နယ် တခုတည်းသာ ရေရရှိရေးအတွက် မဟုတ်ဘဲ ရန်ကုန်မြို့တော် တခုလုံးအား ခြုံငုံ ပြောဆိုခဲ့
ခြင်း ဖြစ်သည်။

“လွှတ်တော်စတဲ့နေ့မှာပဲ ဦးကျော်က အဆိုတင်တာ။ သင်္ဃန်းကျွန်းတခုတည်း မဟုတ်ဘူး” ဟု တက်ရောက် သတင်းယူနေသူ တဦးက ပြောသည်။

မိမိတို့အစိုးရအနေဖြင့် ဘက်ဂျက် အတိုင်းအတာအရ  မြို့နယ်အားလုံး ရေရရှိရန် အတွက် လုပ်ဆောင်ပေးနေ
ကြောင်း၊ လုပ်ဆောင်ပေးရာတွင်လည်း မြို့နယ်တိုင်း မျှမျှတတဖြစ်စေရန် ဆောင်ရွက်နေကြောင်းလည်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျန်တဲ့ဟာ ဘာဖြစ်ဖြစ် ငွေက ဒီလောက်ပဲ ရှိတယ်ဆိုတော့။ ဒါကြောင့်မို့လို့ ကျနော်တို့က လွှတ်တော်ထဲမှာ
ခုလည်း လုပ်ပေးနေတယ် မေးကြည့်။ သင်္ဃန်းကျွန်းမှာ လုပ်ပေးနေတယ်။ နောက် ရေမရတဲ့ ဒဂုံတောင်/မြောက်၊
 မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်းတွေကိုလည်း ခုလုပ်နေတာ၊ မျှမျှတတ လုပ်နေတာ။ မြို့တွေကိုလည်း ဘက်ဂျက်နဲ့ လုပ်ပေးနေတာ။ သူ့ကို သပ်သပ် တယောက်တည်း လုပ်ပေးနေတယ်ဆိုရင် ခင်ဗျားတို့က ဒဂုံဆိပ်ကမ်းမှာနေတယ်၊ ခင်ဗျားတို့ကလည်း တောင်းမှာပဲ။ ရေးတဲ့ဟာလေးကိုတော့ သတိနည်းနည်းထား၊ လိုတာကို ဖြတ်ယူရင် ကျနော်တို့ အစိုးရအဖွဲ့ကပဲ၊ မြို့တော်ဝန်ကပဲ ရေတောင်းတာကို မပေးချင်လို့ လွှတ်တော်မှာ ပယ်ချပစ်တယ်ဆိုတာ မြင်သွား တယ်။ လူထုက အဲဒီလို မြင်သွားရင် အစိုးရအဖွဲ့အနေနဲ့ မကောင်းဘူးပေါ” ဟု ဝန်ကြီးချုပ်၏ ပြောစကားတွင် ပါရှိသည်။

လွှတ်တော် စတင်သော နိုဝင်ဘာလ ၂ ရက်နေ့က တင်သွင်းခဲ့သော ဦးကျော်၏ အဆိုကို နိုဝင်ဘာလ ၃ ရက်နေ့က
ဆွေးနွေးကြရာ ယင်းအဆိုကို ကိုယ်စားလှယ်သုံးဦးက ထပ်မံ အဆိုပြု ဆွေးနွေကြကြောင်း၊ လွှတ်တော်တွင် မှတ်တမ်းတင်ထားရေးထက် လွှတ်တော်ဆန္ဒခံယူရန် ပြောဆိုကြသောကြောင့် မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်သူ ၉၈ ဦးရှိနေပြီး ထောက်ခံသူ ၂၄ ဦးသာ ရှိခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က “ကျနော်တင်တဲ့ အဆိုဟာ မြို့တော်အတွင်း သောက်သုံးရေ ဖူလုံအောင်
ဖြန့်ဖြူးပေးရေး ဖြစ်ပါတယ်” ဟု ပြောသည်။

လွှတ်တော် ကိုယ်စားလှယ် ဦးကျော် တင်သွင်းသော အဆိုကို အားလုံးက တညီတညွတ်တည်း သဘောတူ
ထောက်ခံကြမည်ဟု တက်ရောက် သတင်းယူနေသူများ အားလုံးက ထင်ကြေး ပေးထားကြသည်။

“ရေရဖို့ ကိစ္စပဲဗျာ ဒါ ကန့်ကွက်စရာမှ မဟုတ်တာ။ ထင်သလို မဟုတ်ဘူး” ဟု သတင်းထောက်တဦးက ပြောသည်။

ရန်ကုန်မြို့ရှိ မြို့နယ် ၃၃ မြို့နယ်တအတွက် သောက်သုံးရေကို ချိုးဖြူ၊ လှော်ကား၊ ဖူးကြီး နှင့် ငမိုးရိပ် ရေလှောင် တမံ စီမံကိန်းများမှ ရေများကို ရေတွန်းစက် ၁၁ ရုံမှတဆင့် တမြို့လုံး ဖြန့်ဖြူးခြင်းဖြစ်ကာ၊ မြေအောက်ရေကိုမူ စက်ရေတွင်းများမှ တဆင့် ဖြန့်ဖြူးပေးခြင်း ဖြစ်သည်။

ရန်ကုန်တွင် လက်ရှိ ဖြန့်ဖြူးပေးနေသော ရေပမာဏာမှာ နေ့စဉ် ဂါလသန်း ၁၆ဝ ခန့်ရှိကြောင်း၊ ဆက်လက် ရေပေး
ဝေနိုင်ရန် စီမံကိန်းများ ဆောင်ရွက်နေကြောင်း မြို့တော်ဝန်ဦးလှမြင့်က နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြောကြား ခဲ့သည်။

သတင်း---ရန်ကုန် (မဇ္ဈိမ)

မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ်ကြီးနှင့် The Messenger ဂျာနယ်မှ သီးသန့်တွေ့ဆုံမေးမြန်းခန်း

မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ်ကြီး
ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂတို့ ကျင်းပပြုလုပ်သော ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ်ကြီးနှင့် The Messenger ဂျာနယ်မှ သီးသန့်တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

EU ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံကိုလာခဲ့တဲ့ ခရီးစဉ်တွေတိုင်းမှာ ထင်သာမြင်သာရှိတဲ့ တိုးတက်ပြောင်းလဲမှုတွေကို မြန်မာအစိုးရဆီက ရခဲ့ပါသလား။
 ဒါပေါ့ ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာတစ်နှစ်တောင်ပြည့်ပြီ။ နောက်ပြီး ရွေးကောက် ပွဲ ဥပဒေကို ပြင်ဆင်ခဲ့တဲ့အပေါ် သမ္မတက လက်မှတ်ရေးထိုးခဲ့တယ်။ ကချင်ပြည်နယ် မြစ်ဆုံကိစ္စလည်းပါပါတယ်။ အခု ခင်ဗျားတို့ ကျွန်တော့်ကို ၀ိုင်းပြီးသတင်းမေးနိုင်တယ်၊ ဒါက ပြောင်းလဲတယ်ဆိုတာကို ပြတာပါ။ အစိုးရက အပြောင်းအလဲလုပ်တိုင်း ကျွန်တော်တို့ဘက်က ပြောင်းလဲမှာပါ။

မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးခဲ့ရင် EU က Sanction ကို ချက်ချင်းပယ်ဖျက်ပေးမယ် လို့ ပြောခဲ့ဖူးပါတယ်။ တကယ်လို့ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့ရင် EU အနေနဲ့ Sanction ကို ချက်ချင်းရုပ်သိမ်းပေးမှာလား သိချင်ပါတယ်။
        ဟုတ်ကဲ့ ပြောခဲ့ဖူးပါတယ်။ တကယ်လို့ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးခဲ့ရင် ကျွန်တော်တို့ Sanction ကိစ္စကို review ပြန်လုပ်မှာပါ။ ချက်ချင်းတော့ မရုပ်သိမ်းပါဘူး။ EU မှာ မြန်မာနဲ့ပတ်သက်ပြီးတော့ ပေါ်လစီ သုံးခုရှိပါတယ်။ (၁) ညှိနှိုင်းဆွေးနွေးခြင်း၊ (၂) ပြန်လည်စဉ်းစားခြင်း၊ (၃) ပိတ်ဆို့အရေးယူခြင်းတို့ ဖြစ်ပါတယ်။

မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သံအမက်ကြီး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်အကြောင်းအရာ ကို အဓိကဆွေးနွေးခဲ့ပါသလဲ။
        ကျွန်တော် ဒါကို အခုအချိန် မပြောချင်သေးပါဘူး။ သူမကိုယ်တိုင် ပြောတာပဲ ကောင်းပါတယ်။

မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေရေးကြေးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေအပေါ် မှတ်ချက်ပေးစရာများ ရှိပါသ လား။
        မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက ကျေးလက်မှာပါ။ ကျေးလက်ဒေသအများစုကလည်း ဆင်းရဲ ကြပါတယ်။ ဒါတွေကို အဓိကဖြေရှင်းဖို့အတွက် ငွေရေးကြေးရေးကဏ္ဍကို အရင်ပြုပြင်ရမှာပါ။ ဒါကြောင့် ဒီပွဲကို  ကူညီရတာပါ။ ကျွန်တော်တို့ ကဏ္ဍတိုင်းကို ပြောင်းလဲစေချင်ပါတယ်။ ဒီ ငွေရေးကြေးရေးကဏ္ဍမှ မဟုတ်ပါဘူး။ အဓိက ကတော့ ပွင့်လင်းမြင်သာမှုတွေကို နေရာတိုင်းမှာ ရှိစေချင်ပါတယ်။

မန္တလေးဗေဒါသင်တန်းကျောင်းခွဲ ဖွင့်ပွဲ သို့ ပေးပို့ ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်စု မိန့် ခွန်း (ရုပ်/သံ)

နိုဝင်ဘာလ ၇ ရက်နေ့က အထက်မြန်မာပြည် မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ဗေဒါသင်တန်းကျောင်းခွဲတခုကို မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းအဖွဲ့ဝင် ဦးကိုကြီးရဲ့နေအိမ်မှာ ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းဗီဒီယိုဖိုင် ပေးပို့ခဲ့ပါတယ်။
Burma VJ Media Network

မန္တလေးဗေဒါသင်တန်းကျောင်းခွဲ ဖွင့်ပွဲ သို့ ပေးပို့ ခဲ့တဲ့ NLDဒုဥက္ကဌဦးတင်ဦး မိန့် ခွန်း (ရုပ်/သံ)

နိုဝင်ဘာလ ၇ ရက်နေ့က အထက်မြန်မာပြည် မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ဗေဒါသင်တန်းကျောင်းခွဲတခုကို မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းအဖွဲ့ဝင် ဦးကိုကြီးရဲ့နေအိမ်မှာ ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးက မိန့်ခွန်းဗီဒီယိုဖိုင် ပေးပို့ခဲ့ပါတယ်။ အပိုင်း ၁ အပိုင်း ၂
Burma VJ Media Network

ကြား​ဖြတ်​ရွေး​ကောက်ပွဲ တစည ကိုယ်စား​လှယ် ၂၀ ဝင်မည်

အဓိကပါတီကြီး​ တခုဖြစ်တဲ့​ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ပါတီ (တစည) က လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ကိုယ်စား​လှယ်​လောင်း​ ၂၀ ဝင်​ရောက် ယှဉ်ပြိုင်မယ်လို့​ ပါတီ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​ဟန်​ရွှေက ​ပြောပါတယ်။
“ဘယ်တိုင်း​ နဲ့​ပြည်နယ်​တွေမှာ၊​ ဘယ်မြို့​နယ်​တွေမှာ ​နေရာအလွတ်​တွေရှိလဲဆိုတာ ကြည့်​ပါတယ်။ ပြီး​တော့​ အဲဒီနယ်​မြေအ​နေအထား​အရ ကျ​နော်တို့​ပါတီရဲ့​ စည်း​ရုံး​ရေး​အင်အား​အရ အ​ခြေအ​နေဘယ်လိုရှိလဲ၊​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​က ကျ​နော်တို့​ ဝင်ပြိုင်တဲ့​ကိုယ်စား​လှယ်​တွေ မဲအ​ရေအတွက် ဘယ်​လောက်ရသလဲ။ ​နောက်တခါ ကျ​နော်တို့​နဲ့​ ယှဉ်ပြိုင်မယ့်​ ပြိုင်ဘက်ပါတီ​တွေရဲ့​ အ​နေအထား​ သူတို့​ရဲ့​ စည်း​ရုံး​ရေး​ အ​ခြေအ​နေ ဘယ်လိုရှိသလဲ၊​ ​နောက် ကျ​နော်တို့​ ပြည်သူ​တွေရဲ့​ သ​ဘောထား​အ​ခြေအ​နေ ဘယ်လိုရှိသလဲဆိုတာ ဆန်း​စစ်မှု​လေး​တွေ လုပ်ပြီး​တဲ့​အခါကျ​တော့​ ​လော​လောဆယ် အကြမ်း​ဖျဉ်း​တော့​ ​နေရာ ၂၀ ​လောက် ဝင်ပြိုင်မယ်လို့​ ပြင်ဆင်ထား​ပါတယ်။ ရည်ရွယ်ထား​တယ်။”
ကြား​ဖြတ်​ရွေး​ကောက်ပွဲကို​တော့​ ဘယ်အချိန်မှာ ကျင်း​ပမလဲဆိုတာ​တော့​ တရား​ဝင် ထုတ်ပြန်ထား​တာ မရှိ​သေး​ပါဘူး​။
ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ​ဟောင်း​ ဦး​သိန်း​စိုး​က ၂၀၁၁ နိုဝင်ဘာလမှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို ကျင်း​ပမယ်လို့​ ​ပြော​ပေမယ့်​ ဒီနှစ်အတွင်း​ ကျင်း​ပနိုင်မှာ မဟုတ်ဘူး​လို့​လည်း​ ဦး​ဟန်​ရွှေက ​ပြောဆိုပါတယ်။
“နိုဝင်ဘာလထဲလည်း ​ရောက်လာပြီ၊​ နိုဝင်ဘာလထဲ ကျင်း​ပမယ်ဆိုတာ​တော့​ မဖြစ်နိုင်​တော့​ဘူး​ဆိုတာ တွက်လို့​ရပါတယ်။ ​နောက်တခုက အခုပါတီအသစ်​တွေကလည်း​ တချို့​ မှတ်ပုံတင်တာ​တွေ ရှိလာ​တော့​ ဒီနှစ်အတွင်း​မှာ ကျင်း​ပဖို့​ ရှိချင်မှ ရှိလိမ့်​မယ်လို့​ ကျ​နော်တို့​ ဒီလိုလည်း​တွက်ပါတယ်။ သို့​သော်ဘယ်လိုအ​ခြေပဲဖြစ်ဖြစ် အချိန်​ပေး​ပြီး​ ​ကြေညာချက်ထုတ်ပြီး​ ကျင်း​ပမယ်ဆိုရင်​တော့​ ကျ​နော်တို့​ပါတီအ​နေနဲ့​က ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ပါဝင်ပြီး​တော့​ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။”
၂၀၁၀ ​ရွေး​ကောက်ပွဲအပြီး​မှာ လစ်လပ်သွား​တဲ့​ မဲဆန္ဒနယ်​တွေအတွက် ကိုယ်စာလှယ်​လောင်း​တွေ ​ရွေး​ချယ်ဖို့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပဖို့​ ရှိ​နေတာပါ။
ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​တင်​အေး​က လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ​နေရာလွတ် ၄၈ ​နေရာရှိမယ်လို့​ တစည ပါတီကို ​ပြောထား​တဲ့​အ​ကြောင်း​ ဦး​ဟန်​ရွှေက​ပြောပါတယ်။
တိုင်း​ရင်း​ သား​စည်း​လုံး​ညီညွတ်​ရေး​ပါတီဟာ မြန်မာဆိုရှယ်လစ်လမ်း​စဉ် ပါတီက​နေ ၁၉၈၈ ခုနှစ်မှာ ​ပြောင်း​လဲလာခဲ့​တဲ့​ ပါတီဖြစ်ပြီး​တော့​ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ ကိုယ်စား​လှယ်​ပေါင်း​ တ​ထောင်​ကျော် ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​ပြီး​ ၆၀ ​ကျော် အနိုင်ရရှိခဲ့​ပါတယ်။ 

သတင်း---ဒီဗွီဘီ

ဆရာ၊ ဆ၇ာမ နည်းပါးနေခြင်းကြောင့် ပညာရေးအတွက် အခက်အခဲများဖြင့် ကြုံနေ (ရုပ်/သံ)

ရန်ကုန်တိုင်း ဒလမြို့နယ် ခနောင်အထက် ကျေးရွာ စာသင်ကျောင်းမှာ ဆရာ၊ ဆ၇ာမ နည်းပါးနေခြင်းကြောင့် ကျောင်းသားကလေးငယ်များရဲ့ ပညာရေးအတွက် အခက်အခဲများဖြင့် ကြုံနေရပါတယ်
Burma VJ Media Network
 

SNLD ပါတီ​ခေါင်း​ဆောင်​တွေ​ ​ထောင်တွင်း​ အကျဉ်းချခံ​နေရတဲ့​အတွက် ပါတီမှတ်ပုံတင်ဖို့​ အဆင်သင့်​မဖြစ်​သေး

ရှမ်း​တိုင်း​ ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် (အက်စ်အန်အယ်လ်ဒီ) အ​နေနဲ့​ မကြာခင်ကျင်း​ပ​တော့​မယ့်​ ကြား​ဖြတ်​ရွေး​ ​ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာမဟုတ်သလို ပါတီမှတ်ပုံတင်ဖို့​လည်း​ အစီစဉ်မရှိ​သေး​ဘူး​လို့​ ပါတီ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။

ဓာတ်ပုံ - S.H.A.N
အခုတက်လာတဲ့​ အရပ်သား​အစိုး​ရသစ်က ​ရွေး​ကောက်ပွဲဆိုင်ရာ ဥပ​ဒေတချို့​ကို ပြင်ဆင်လိုက်တာရှိ​ပေမယ့်​လည်း​ ပြီး​ပြည့်​စုံတဲ့​ ပြင်ဆင်မှု​တွေ မရှိ​သေး​တဲ့​အတွက် လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်ပြိုင်ဖို့​ အစီအစဉ်မရှိသလို ပါတီ​ခေါင်း​ဆောင်​တွေလည်း​ ​ထောင်တွင်း​ အကျဉ်း​ချခံ​နေရတဲ့​အတွက် ပါတီမှတ်ပုံတင်ဖို့​ အဆင်သင့်​မဖြစ်​သေး​ဘူး​လို့​ ​ပြောပါတယ်။
“အဓိက အချက်က ကျ​နော်တို့​ ဥက္ကဋ္ဌ၊​ အတွင်း​ရေး​မှူး​နဲ့​ တခြား​စီအီး​စီ​တွေကို အကုန်လုံး​ပြန်လွှတ်​ပေး​ပြီး​တော့​မှ သုံး​ပွင့်​ဆိုင်​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ကို ​ဖော်​ဆောင်နိုင်မယ့်​ အ​နေအထား​၊​ ဥပမာ ​ကျောင်း​သား​တွေလည်း​ အကုန်လွှတ်ပြီ။ ​ထောင်ထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​လည်း​ မရှိ​တော့​ဘူး​။ ပြီး​ပြည့်​စုံတာမဟုတ်​တောင်မှ ပြင်သင့်​ပြင်ထိုက်တဲ့​ အ​ခြေခံဥပ​ဒေ​တွေကို ထပ်မံပြီး​တော့​ ပြင်​ပေး​တယ်ဆိုရင်​တော့​ ကျ​နော်တို့​ စဉ်း​စား​မှာပါ။”
ရှမ်း​တိုင်း​ ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၉ဝပြည့်​ ​ရွေး​ကောက်ပွဲတုန်း​က တပြည်လုံး​မှာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ပြီး​ရင် ဒုတိယ အမတ်​နေရာအများ​ဆုံး​ အနိုင်ရခဲ့​တဲ့​ ပါတီတခုဖြစ်ပြီး​ ပါတီဥက္ကဋ္ဌ ဦး​ခွန်ထွန်း​ဦး​၊​ အတွင်း​ရေး​မှူး​ ဦး​စိုင်း​ညွန့်​လွင်နဲ့​ အခြား​အဖွဲ့​ဝင်​တွေဟာ နှစ်ရှည်​ထောင်သွင်း​ အကျဉ်း​ကျခံ​နေရဆဲဖြစ်ပါတယ်။
၂၀၁၀ ​ရွေး​ကောက်ပွဲမှာ​တော့​ ၂၀၀၈ ဖွဲ့​စည်း​အုပ်ချုပ်ပုံ အ​ခြေခံဥပ​ဒေနဲ့​ရွေး​ကောက်ပွဲကို ဆန့်​ကျင်တဲ့​အ​နေနဲ့​ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​ခြင်း​မရှိပါဘူး​။
လက်ရှိမြန်မာအစိုး ​ရဟာ ​ထောင်ဒဏ်ကျခံ​နေသူ​တွေ နိုင်ငံ​ရေး​ပါတီဝင် မဖြစ်ရဆိုတဲ့​ ကန့်​သတ်ချက်များ​ပယ်ဖျက်ခြင်း​ အပါအဝင် နိုင်ငံ​ရေး​ပါတီများ​ မှတ်ပုံတင်ခြင်း​ဥပ​ဒေကို ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​မှာ ပြင်ဆင်မှုတချို့​ ပြုလုပ်ခဲ့​ရာ ၂၀၁၀ ​ရွေး​ကောက်ပွဲကို​ကျောခိုင်း​ခဲ့​တဲ့​ နိုင်ငံ​ရေး​ပါတီ​တွေ မှတ်ပုံတင်​ရေး​ မတင်​ရေး​ကိစ္စ ​ရှေ့​တန်း​ရောက်လာပါတယ်။
အန်အယ်လ်ဒီပါတီ မှတ်ပုံတင်​ရေး​ မတင်​ရေး​ကိစ္စအ​ပေါ်မှာ​တော့​ အက်စ်အန်အယ်လ်ဒီအ​နေနဲ့​ ထင်မြင်ချက်မ​ပေး​လို​ကြောင်း​၊​ ​ဒေါ်​အောင်ဆန်း​စုကြည် အကျယ်ချုပ်က လွတ်​မြောက်လာစတုန်း​က ​ပေး​ခဲ့​တဲ့​ ကတိအတိုင်း​ ​ဆောင်ရွက်လိမ့်​မယ်လို့​ ​မျှော်လင့်​ကြောင်း​ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။
“အခုလုပ်မယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲနဲ့​ ပတ်သက်လို့​ အန်အယ်လ်ဒီအ​နေနဲ့​ မှတ်ပုံတင်တယ်။ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဝင်တယ်ဆိုရင်လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည် လွတ်​မြောက်လာစတုန်း​က ပြည်သူအား​လုံး​ကို မိန့်​ကြား​ထား​တဲ့​အတိုင်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အကုန်လုံး​လွတ်​မြောက်ဖို့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ရဖို့​၊​ တရား​ဥပ​ဒေစိုး​မိုး​မှု ရရှိဖို့​၊​ သုံး​ပွင့်​ဆိုင် ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ ​တွေမှာ တိုင်း​ရင်း​သား​တွေ ပါဝင်လာဖို့​ ဆိုတဲ့​အချက်​တွေကို မ​မေ့​မ​လျော့​ဘဲ ဆက်လက်လုပ်​ဆောင်သွား​လိမ့်​မယ် လုပ်​ဆောင်သွား​စေချင်တယ် ဆိုတာ​လေး​ကို​တော့​ ဖြည့်​စွက်​ပြောကြား​ချင်ပါတယ်။”
သတင်း---ဒီဗွီဘီ

၂၀၁၁ နိုဝင်ဘာပန်းချီပြပွဲ (ရုပ်/သံ)

2011 November Art Exhibition လို့ အမည်ပေးထားတဲ့ ၂၀၁၁ နိုဝင်ဘာပန်းချီပြပွဲကို ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းလမ်းမှာရှိ ရန်ကုန်ပန်းချီပန်းပုကျောင်းဟောင်း(ရေခဲဆိုင်) မှာ ဒီကနေ့ ခင်းကျင်းပြသထားပါတယ်။
ပန်းချီ မွန်သက်၊ ခင်မောင်ကျော်ဦး၊ လှထွန်း၊ သန့်ဇင်၊ မင်းရီ၊ မျိုးကျော်၊ အောင်ဆင့်၊ မြင့်အောင်၊ မြင့်မောင်၊ ဝင်းတင့်၊ ဝင်းဇော်ဇော်နဲ့ နန္ဒ စတဲ့ ပန်းချီဆရာ ၁၂ ဦး စုပေါင်းရေးဆွဲထားတာဖြစ်ပါတယ်။
(ပန်းချီဆရာ အင်တာဗျူး)
အဲ့ဒီပန်းချီပြပွဲမှာ ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ် စတဲ့ ပန်းချီကား စုစုပေါင်း ၇၃ ကား ပြသထားပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၆ ရက်ကြာ ခင်းကျင်းပြသမှာဖြစ်ပြီး မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ ပြသထားမှာပါ။
အဲ့ဒီပန်းချီပြပွဲကို စိတ်ပါဝင်စားတဲ့သူ မည်သူမဆို လာရောက်ကြည့်ရှုနိုင်တယ်လို့ သိရှိရပါတယ်။
 
Burma VJ Media Network
 

၃ ပေခွဲကျော်ရှိ တောက်တဲ့တစ်ကောင် ကျပ်သိန်းပေါင်း တစ်သောင်းခုနစ်ထောင်ဖြင့် ၀ယ်ယူ

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်ဆည်ကျေးရွာတွင် တောက် တဲ့ တစ်ကောင်ကိုကျပ်သိန်းပေါင်း တစ်သောင်းခုနစ်ထောင်ဖြင့် အောက်တိုဘာ ၃၀ရက်က အရောင်းအ၀ယ်ဖြစ်သွား ကြောင်း သတင်းရရှိသည်။

““ကျောက်ဆည်ရွာက တောက်တဲ့တော့ မဟုတ်ဘူး။ အဲဒီရွာကိုယူပြီး အရောင်းအ၀ယ်ဖြစ်တာ တောက်တဲ့အ ရှည်က ၃ ပေခွဲရှိတယ်။ အလေးချိန်ကတစ်ပိဿာလေးဆယ်ကျပ်သားရှိတယ်”” ဟု မျက်မြင်သက်သေတစ်ဦးကဆိုသည်။

အဆိုပါ တောက်တဲ့အား မန္တလေးဒေသခံကုန်သည်တစ်ဦး က ကျပ်သိန်းပေါင်းတစ်သောင်းဖြင့် ၀ယ်ယူရန် ကနဦးကမ်းလှမ်းခဲ့သည်ဟု မန္တလေးဒေသခံတောက်တဲ့ကုန်သည်တစ်ဦးကဆိုသည်။

““ကျပ်သိန်းပေါင်း တစ်သောင်းပေးတာ မရောင်းလို့ သိန်း ငါးသောင်းပေးမယ်သွားကမ်းလှမ်းတော့ ရောင်းပြီးကြောင်း သိလိုက်ရတယ်”” ဟုအဆိုပါ ဒေသခံ ကုန်သည်ကဆိုသည်။

အဆိုပါ တောက်တဲ့အား မန္တလေးဒေသခံ တရုတ်ကုန်သည်များက ၀ယ်ယူခြင်းဖြစ်ပြီး တောက်တဲ့၏ ၃ ရက်တစ်ကြိမ် အန်ထုတ်သော အန်ဖတ်အား ဆေးဖော်ရာတွင် အသုံးပြုကြောင်း သိရသည်။

ဈေးကွက်တွင် ၂၅ ကျပ်သားအထက် အလေးချိန်ရှိသော တောက်တဲ့များကို မန္တလေးမြို့၌ အခြေစိုက်၍ လိုက်လံဝယ်ယူနေကြောင်း  သတင်း ရရှိသည်။
သတင်း---by 7Day News Journal

ရွှေတိဂုံဘုရားမှာ မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနား

ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တိုင်း ကျင်းပနေကျဖြစ်တဲ့ ၂၇ ကြိမ်မြောက် မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနားကို ရွှေတိဂုံဘုရားရင်ပြင်ပေါ်မှာ နိုဝင်လာလ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမလို့သိရပါတယ်
၁၀ ရက်နေ့မှာ ကပ်လှူပူဇော်မယ့် မသိုးသင်္ကန်းတော်တွေကို ၉ ရက်နေ့ ညနေမှာ ပြိုင်ပွဲ ကျင်းပပြီး ရက်လုပ်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
မသိုးသင်္ကန်းရက်လုပ်မဲ့ ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ၉ ဖွဲ့ ပါရှိမှာဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့ညနေ ၅ နာရီကနေ ည ၁၀ နာရီအထိ ပြိုင်ပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ဒီမသိုးသင်္ကန်းတော်ကို ၀ိနည်းတော်နဲ့အညီ ညတွင်းချင်းရက်လုပ်ကြပြီး လပြည့်နေ့အရုဏ်တက် မတိုင်မီအချိန်အတွင်း သက်မှတ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော် ကိုးဆူမှာ ကပ်လှူပူဇော်မှာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်တွေအတွက် ဆုရရှိသူတွေကို မနက် ၁ နာရီမှာကြေငြာသွားမှာဖြစ်ပြီး ပထမဆုအတွက်ကျပ်ငွေ သုံးသိန်း ၊ ဒုတိယဆုအတွက် နှစ်သိန်းခွဲ ၊ တတိယဆုအတွက် နှစ်သိန်းနဲ့ စတုတ္တဆုအတွက် တစ်သိန်းခွဲ့စီကို အသီးသီး ချီးမြင့်သွားမှာဖြစ်ပါတယ်။
ယမန်နှစ်က ရွှေတိဂုံဘုရားရင်ပြင်မှာ ကျင်းပပြုလုပ်တဲ့မသိုးသင်္ကန်းရက်ပြိုင်ပွဲမှာတော့ တနင်္ဂနွေညနေသန့်ရှင်းရေးအသင်း သနပ်ခါးပန်းစင်တော်က ပထမရရှိခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့မှာ ပြုလုပ်မယ့် မသိုးသင်္ကန်းရက် ပြိုင်ပွဲနဲ့အတူ ရွှေတိဂုံသမိုင်း ရုပ်သေပြဇာတ်ကိုပါ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။
Burma VJ Media Network

အောင်ပွဲသို့ ဒို့ကျောင်းလေး (ရုပ်/သံ)

“အောင်ပွဲသို့ ဒို့ကျောင်းလေး“အခမဲ့ ပညာဒါန စာသင်ဝိုင်းနဲ့ မြန်မာနိုင်ငံ အမျိုးသား အလုပ်သမား၊ လယ်သမား သမဂ္ဂ ပေါ်ပေါက်ရေးကြိုးပမ်းသူများ (MNTU) တို့မှ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းပွဲနဲ့ ဆဌမအကြိမ်မြောက် ဘုံကထိန်ပွဲကို နိုဝင်ဘာလ (၅)ရက်နေ့က ကျင်းပပြုလုပ်သွားခဲ့ပါတယ်။
 

အမေရိကန်၏ မြန်မာအစိုးရအပေါ် ချမှတ်ထားသော ကန့်သတ်ချက်အချို့ စတင်လျှော့

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများတွင် အလွန်ပင်အ ပြုသဘောဆောင်သောခြေလှမ်း များ ကို မြင်တွေ့နေရသောကြောင့် အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် လိုက်လျောညီထွေစွာ ဆက်ဆံနိုင်ရေးအတွက် စတင်စဉ်းစား နေပြီဖြစ်ကြောင်း အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အ ထူးကိုယ်စားလှယ်ဒဲရက်မစ်ရှဲလ် ကပြောကြားသည်။
““အခုအချိန်ထိတော့ အလွန် အပြုသဘောဆန်တဲ့ခြေလှမ်းတွေ (Very Positive Step)၊ အပြုသ ဘောဆောင်တဲ့လက္ခဏာ (Posi-tive Gesture)တွေ မြင်တွေ့နေ ရပါပြီ။ ဒါ့ကြောင့်မို့ ကျွန်တော် တို့(အမေရိကန်အစိုးရ)က ဘယ် လိုဆက်လက်ဆောင်ရွက်ရမယ် ဆိုတာကို စတင်စဉ်းစားနေပါပြီ။ စီးပွားရေးပိတ်ဆို့မှုတွေကိုရုပ်သိမ်းဖို့ ပိုမိုခိုင်မာတဲ့ခြေလှမ်းတွေကို မြင်တွေ့ရဖို့လိုပါတယ်။ မြန်မာနိုင်ငံအပေါ် ကန့်သတ်ချက်တွေကိုလည်း အခုကတည်းက စတင်လျှော့ချလာခဲ့ပါပြီ။ ဥပမာ ခရီးသွား လာမှုမျိုးပေါ့။ အဲဒီ့တော့ ကျွန်တော်တို့ဘက်ကလည်း စတင်လှုပ်ရှားနေပါပြီ””ဟု မြန်မာနိုင်ငံဆိုင် ရာ အထူးကိုယ်စားလှယ်က အမေ ရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို ပယ်ဖျက်ပေးရန်အ တွက်မည်ကဲ့သို့သောလိုအပ်ချက် များရှိနေပါသလဲဟု နိုဝင်ဘာ ၄ ရက်ညနေပိုင်းက 7Day News ၏မေးမြန်းမှုကိုဖြေကြားစဉ် ထည့် သွင်းပြောကြားခဲ့သည်။
အမေရိကန်အစိုးရက ယခင် မြန်မာအစိုးရအရာရှိများ အမေရိ ကန်ပြည်ထောင်စုသို့ ရောက်ရှိပါ က ကုလသမဂဌာနချုပ်၏ ကန့်သတ်မိုင်အတွင်းသာ ခရီးသွားလာ ခွင့်ပြုခဲ့သည်။ ယခုအခါ ထိုကန့် သတ်ချက်ကို ဖြေလျှော့လိုက်ပြီ ဖြစ်သည်။ ဆက်လက်၍ မြန်မာ နိုင်ငံအပေါ် ပေးအပ်နေသော အကူအညီများကို တိုးမြှင့်ပေးရန် အတွက်လည်း ဆွေးနွေးနေပြီဖြစ်သည်။
ထို့အပြင် မြန်မာအစိုးရအ နေဖြင့် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုကို အာရုံမထားဘဲ စစ်မှန်သောပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ပါက အမေရိကန်အစိုးရမှ ပူးပေါင်းကူညီမည်ဖြစ်ကြောင်း ၎င်းင်းကပြောသည်။ ထို့အပြင် မြန် မာနိုင်ငံတွင် စစ်မှန်သောပြုပြင် ပြောင်းလဲမှုများဖြစ်ပေါ်နေသည် ကို အမေရိကန်လွှတ်တော်အမတ် များသိရှိရန် သက်သေပြနိုင်ရန် လိုပြီး၊ မြန်မာအစိုးရ၏ ဆောင်ရွက်
ချက်များကို အမေရိကန်အစိုးရက အနီးကပ်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ဒဲရက်မစ်ရှဲလ်က ဆက်လက်ပြောသည်။
အမေရိကန်က မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် အနီးကပ်စောင့်ကြည့်ရာတွင် မြန် မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှု များအတွက် ပြည်သူများ၏ တုံ့ ပြန်မှုများကိုလည်း စောင့်ကြည့် သွားမည်ဖြစ်ပြီး မြန်မာပြည်သူ များ၏ အစိုးရအပေါ် အမြင်နှင့် တုံ့ပြန်မှုများမှာလည်း အရေးပါ ကြောင်း ၎င်းင်းကပြောသည်။
““စီးပွားရေးအရ ပိတ်ဆို့မှု တွေက ဘာလဲဆိုတာ စားပွဲပေါ် မှာချပြထားပါတယ်။ ကျွန်တော် တို့ကလည်း ပြုပြင်ပြောင်းလဲမှု တွေကိုမြင်တွေ့နေပါတယ်။ ပိတ် ဆို့အရေးယူမှုက အမေရိကန်ဥပ ဒေသဖြစ်ပါတယ်။ ကျွန်တော်တို့ က ကွန်ဂရက်လွှတ်တော်မှာဆွေး နွေးကြပါမယ်။ သူတို့(အမေရိကန် လွှတ်တော်အမတ်များ)ကလည်းဒီပြုပြင်ပြောင်းလဲမှုတွေကိုမြင်တွေ့ဖို့လိုပါတယ်။ သူတို့က စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ( Reform၊ Evidence of  Genuine Reform)ကို မြင်တွေ့ဖို့လိုပါတယ်။ ခံစားနိုင်ဖို့လည်း လိုပါတယ်။ ကျွန်
တော်တို့ ဒီအဆင့်တွေကို ကျော် လွှားသွားနိုင်ဖို့လိုပါတယ်။ ဒါ့ ကြောင့် ကျွန်တော်တို့က မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အနီးကပ်စောင့်ကြည့်သွားမှာပါ။ အစိုးရရဲ့ ပြုမူချက်တွေကိုပြည် သူတွေကတုံ့ပြန်မယ်။  ပြည်သူတွေက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို လည်း ကျွန်တော်တို့စောင့်ကြည့် သွားမယ်””ဟု ဒဲရက်မစ်ရှဲလ်က ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိ ကန်အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂ ရက်မှ ၄ ရက်အထိ တတိယအကြိမ် မြောက် လာရောက်ခဲ့သည်။  ပြီး ခဲ့သော စက်တင်ဘာလကုန်ပိုင်း တွင် ပထမအကြိမ်၊ အောက် တိုဘာ ၂၄၊ ၂၅ ရက်တွင် ဒုတိယ အကြိမ်လာရောက်ခဲ့သည်။
အမေရိကန်အစိုးရက မြန် မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုကို ၁၉၉၇ ခုနှစ်မှ စတင်ချမှတ်လာပြီး ၂၀၀၃ခုနှစ်တွင် ထပ်မံတိုးမြှင့် အရေးယူခဲ့သည်။ အိုဘားမား အစိုးရလက်ထက်တွင် အမေရိကန်၏ မြန်မာနိုင်ငံအပေါ်ကျင့်သုံးသောမူဝါဒ အနည်းငယ်ပြောင်းလဲခဲ့သည်။ စီးပွားရေးအရ ပိတ် ဆို့မှုများကို ဆက်လက်ထားရှိပြီး တစ်ဖက်တွင်လည်း မြန်မာအစိုး ရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံ လာခြင်းဖြစ်သည်။
သတင်း--- 7Day News
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်