ဘွဲ့လိုချင်ပါသလား၊ တနှစ်ကို ကျပ် ၃ သိန်းသာ ယူခဲ့ပါ


အရာရှိရာထူး မရနိုင်သော်ငြားလည်း၊ ပညာစစ်၊ ပညာမှန်လည်း မရနိုင်သော်ငြားလည်း ဧည့်ခန်းတွင် ဂုဏ်ယူဝင့်ကြွားစွာ ချိတ်ဆွဲရန် အတွက်လည်းကောင်း၊ မင်္ဂလာဆောင် ဖိတ်စာတွင် အမြီးရှည်ရှည် ထည့်နိုင်ရန်လည်းကောင်း၊
နာရေးကြော်ငြာတွင် တက္ကသိုလ်ဘွဲ့ ရခဲ့ဖူးကြောင်း မသိသေးသူများ သိသာစေရန် အတွက်လည်းကောင်း ယခုလ ၂၇ ရက်နေ့တွင် အဝေးသင် ဘွဲ့များကို အခကြေးငွေဖြင့် ရယူကြမည်ဖြစ်ကြောင်း မောက္ခက သတင်းရရှိပါသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (တာဝ) တွင် အောက်တိုဘာလ ၂၇ ရက်နေ့၌ စာမေးပွဲ ဖြေဆိုမည့် အဝေးသင် ကျောင်းသားများမှာ ဆရာများထံမှ ကျူရှင်မယူနိုင်ပါက စာမေးပွဲအောင်ရန် အခက်အခဲရှိသည်ဟု ကျောင်းသူကျောင်းသားများက ပြောဆိုနေကြသည်။
ဒုတိယနှစ် အင်္ဂလိပ်စာမေဂျာ ကျောင်းသားတစ်ဦးက “အဝေးသင်တက်ရင် ကျူရှင်ယူရတယ်။ ယူတဲ့သူတွေကို ခုံနံပါတ်ပါ တောင်းတယ်။ ကျူရှင်တက်တဲ့သူတွေကို စာစစ်ရင် သေချာဂရုစိုက်ပေးတယ်။ အားလုံးအောင်အောင်ပေါ့။ တနှစ်လုံး ကျောင်း ကလည်း ၁၀ရက်ပဲ တက်ရတော့ ဘာမှန်းမသိပါဘူး။”ဟု ကေအိုင်စီကိုပြောသည်။
အချိန် ၇ရက်သာ ဖြေဆိုရသည့် ၎င်းအဝေးသင် စာမေးပွဲအတွက် ကျူရှင်များကို ပါမောက္ခများကိုယ်တိုင် သင်ကြားပေးနေပြီး ကျူရှင်မယူသည့် အဝေးသင် တက္ကသိုလ်ကျောင်းသူကျောင်းသားများကို ကောင်းကောင်းမွန်မွန် စာသင်ကြားပေးခြင်း မရှိသ ဖြင့် အဝေးသင်တက္ကသိုလ်လည်း မရှိသင့်တော့ကြောင်း အဆိုပါ အင်္ဂလိပ်စာမေဂျာ ကျောင်းသားက ပြောသည်။
ကျပ် သုံးသိန်းပေးဆောင်ခြင်းဖြင့် ဘွဲ့တက်ယူနိုင်သည့် နေရာ
ကျပ် သုံးသိန်းပေးဆောင်ခြင်းဖြင့် ဘွဲ့တက်ယူနိုင်သည့် နေရာ

တက္ကသိုလ်များတွင်သာမက ပြင်ပသင်တန်းကျောင်းများ၌ တက်ရောက်သူများမှာလည်း သင်တန်းပြီးပါက ကျူရှင်တက်နေရ သေးကြောင်းနှင့် ကျူရှင်တက်ပါက စာစဉ် (Assignment) ပေးပြီး ထိုစာစဉ်မှတဆင့် ဂုဏ်ထူးထွက်နိုင်ရေး လုပ်ဆောင်ပေး ကြောင်းကိုလည်း ကွန်ပြူတာသင်တန်းကျောင်း (KMD) မှ သင်တန်းသားတစ်ဦးက ပြောသည်။
ကျူရှင်ယူခြင်း မယူခြင်းကိစ္စနှင့် ပတ်သက်၍ ကျူရှင်သင်ကြားပို့ချနေသည့် ဆရာမတစ်ဦးထံသို့ မောက္ခက ဆက်သွယ်မေးမြန်းရာ ယခုလို ဖြေကြားခဲ့သည်။
"အားလုံးလိုလို အပိုဝင်ငွေ ရှိမှ ရပ်တည်နိုင်တာလေ။ အခြားဝင်ငွေရလမ်းလည်း မရှိဘူး။ လစာကလည်း မဖြစ်စလောက်၊ စားဝတ်နေရေး မလောက်ငဘူး။ ပါမောက္ခတွေကိုယ်တိုင် ကျူရှင်ပြနေတဲ့ ခေတ်ဆိုးကြီးမှာ ကျမတို့ ကထိကတွေအားလုံးလိုလိုလည်း ကျူရှင်ပြစားကြပါတယ်။"
ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ၊ ပညာရေးသုတေသီတစ်ဦးမှ  မြန်မာပြည် ပညာရေး၏ အဂတိ လိုက်စားမှုများမှာ မျိုးဆက်များဆီ လက်ဆင့်ကမ်းလာသည့်အတွက် အရည်အသွေးများစွာ ကျဆင်းလာကြောင်း မောက္ခသို့ ယခုလို ဝေဖန် ထောက်ပြခဲ့သည်။
“လက်ရှိ မြန်မာ့ပညာရေးဟာ ပညာရဖို့ တော်တော်ခက်တဲ့ အခြေအနေပါ။ အာဏာပိုင်နဲ့ ဆရာ ဆရာမတွေကိုယ်တိုင်က ဖြစ် နေတော့ စိုးရိမ်စရာ ကောင်းပါတယ်။ ဒီစနစ်ဆိုးကြီးကို တိုက်ထုတ်ဖို့လိုပါတယ်။ တက္ကသိုလ်ကျောင်းတွေတင်မက ပြင်ပမှာ လည်း အခကြေးငွေ ပေးနေရတယ်ဆိုတာ မလိုလားအပ်တဲ့ အဂတိအမွေပါ။ ကုရခက်ပါတယ်။ ကြိုးကြိုးစားစားနဲ့ ပညာရှာလို တဲ့စိတ်ကို ဖျက်ဆီးနေတယ်။”ဟု ပြောသည်။
၎င်းအပြင် ဂျပန်နိုင်ငံ Kyoto Notredame Woman University တွင် Social Welfare ဘာသာရပ် သင်ယူနေသူ မြန်မာ ကျောင်းသူတစ်ဦးကလည်း “ကျမဆိုရင် မြန်မာပြည်မှာ သင်္ချာနဲ့ ကျောင်းပြီးခဲ့တာပါ။ ကျမတို့တုန်းကလည်း ကျူရှင်ယူခဲ့ရ တယ်။ ငွေသာကုန်ပြီး ဒီပညာနဲ့ ဘာမှအသုံးမချရပါဘူး။ အမြင်ပြောရရင် မြန်မာပြည် ပညာရေးကတော့ တက္ကသိုလ် မဟုတ် ဘူး။ မူကြိုကနေ စပြင်ရမှာပါ။”ဟု ပြောသည်။
မန္တလေးက အဝေးသင် နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသူ တစ်ဦးဖြစ်သူ မေသဇင်မျိုးက မောက္ခကို ယခုကဲ့သို့ ရှင်းပြခဲ့သည်။
"ကထိကတွေ၊ ပါမောက္ခတွေဆီမှာ ကျူရှင်တက်နေတဲ့ ကျောင်းသူကျောင်းသားတွေက ခုံနံပါတ်ပေးလိုက်ရုံပါပဲ။ အောင်ဖို့ သေချာပြီ။ ဘာသာစုံအတွက် ၃ သိန်းအထိ ပေးရတယ်လေ။ အောင်မှတ် မသေချာဘူးဆိုရင်လည်း လက်ဆောင်ပစ္စည်းနဲ့ သွားကန်တော့ရုံ"
"သမီးက ကိုယ်ပိုင်အလုပ်ရှိတယ်လေ။ အိမ်ကအတင်းယူခိုင်းလို့သာ ဘွဲ့ယူတာပါ။ အနည်းဆုံးတော့ ဧည့်ခန်းမှာ ချိတ်ဆွဲထားလို့ရတယ်လေ... အဟီး"
မောက္ခ ပြည်တွင်းပညာရေးသတင်း
သျှင်အနုရောဓိ
Source: Interview, KIC and higher education research

အစာငတ်ခံဆန္ဒပြ နိုင်ငံရေးအကျဉ်းသားများ ပါဆယ်ပေးခွင့်နှင့် ထောင်ဝင်စာ တွေ့ခွင့် ပိတ်ခံရ


အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ဆယ်လောက်​ ​ထပ်​တိုး​လာ​ပြီး​ထောင်အာဏာပိုင်က ထောင်ဝင်စာတွေ့ခွင့်နဲ့ ပါဆယ်ပေးခွင့်တို့ ပိတ်လိုက်တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီကတည်းက အစာငတ်ခံ ဆန္ဒပြနေကြတဲ့ အင်းစိန်ထောင်တွင်းက  နိုင်ငံရေးအကျဉ်းသား အရေအတွက် ထပ်တိုးလာနေသလို ထောင်အာဏာပိုင်တွေက ကန့်သတ်ချုပ်ချယ်တာတွေ ပိုလုပ်လိုက်တဲ့အတွက် အကျဉ်းသား မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေ  တိုးလာနေပါတယ်။
အထက်က ညွှန်ကြားချက်အရ ထောင်ဝင်စာတွေ့ခွင့် ပိတ်လိုက်တယ်လို့ပဲ ထောင်တာဝန်ရှိသူတွေက ပြောပြီး ဘာကြောင့် ထောင်ဝင်စာ တွေ့ခွင့်ပိတ်တယ်၊ ဘယ်နေ့ဘယ်အချိန်အထိ ပိတ်တယ်ဆိုတာလဲ အသိပေးပြောတာ မရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ရက်က ကိုအောင်ဇော်ထွန်းက ပြောပါတယ်။
“ဆန္ဒပြမှု မတိုင်ခင်ကတည်းက နှစ်ရှည် အကျဉ်းသားတွေ ဖြစ်တဲ့အတွက် ကျန်းမာရေးက ချို့တဲ့နေကြတယ်။ နာရီ ၄၈ နာရီကျော် ကြာအထိကို အာဏာပိုင်တွေဘက်က ဘာမှ မလိုက်လျောဘဲနဲ့ အချိန်ဆွဲထားပြီးတော့ ထောင်ဝင်စာတွေလည်း ပိတ်တယ်။ နောက်ဆုံး ရေသောက်ခွင့်ပါ ပိတ်ထားပြီး ပါဆယ်ပေးခွင့်ပါ မပေးတော့ဘူးဆိုရင် သူတို့ရဲ့ ကျန်းမာရေး အခြေအနေက အတော်လေး အသက်အန္တရာယ်ကို စိုးရိမ်ရနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အဲ့တော့ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားမိသားစု အကျိုးဆောင်ကွန်ရက် အပါအ၀င် တခြား ဒီမိုကရေစီအင်အားစု တော်တော်များများက စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတယ်။ ဒီကိစ္စကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ဆိုတဲ့ တောင်းဆို လက်မှတ်ထိုးပွဲတွေလည်း လုပ်နေတယ်။”
မနေ့ကတည်းက ဆန္ဒပြနေတဲ့ အကျဉ်းသားတွေအဆောင်ကို ရေဖြတ်ထားလိုက်ပြီး ဒီနေ့ ပါဆယ်ပို့ခွင့်နဲ့ ထောင်ဝင်စာတွေ့ခွင့်ပါ ပိတ်လိုက်တာပါ။
နိုင်ငံရေးအကျဉ်းသားတွေ လျှော့ရက်ပိတ်ထားတဲ့အပေါ် မကျေနပ်လို့ အစာငတ်ခံဆန္ဒပြနေတဲ့သူတွေကို အခုလိုပြုမူတာ မဖြစ်သင့်ဘူးလို့ မကြာခင်က ထောင်ကလွတ်လာတဲ့ စမ်းချောင်းကိုကိုကြီးက ပြောပါတယ်။
“တခြား အကျဉ်းသားတွေကျတော့ လျှော့ရက်ခံစားခွင့်ရပြီး ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေကို မပေးဘူးဆိုတာကတော့။ ပြစ်ဒဏ်ကျလို့ ၁၀ နှစ် ချလိုက်ပြီပဲထား၊ ထပ်ပြီးလျှော့ရက်ကို နုတ်တယ်ဆိုတာ ဒီပြစ်ဒဏ်တခုကိုပဲ နောက်ထပ် ထပ်ဆင့်ချမှတ်သလို ဖြစ်နေပြီ။ ဒါက မဖြစ်သင့်ဘူးလေ။ အခုဆိုရင် သမ္မတကရော၊ ၀န်ကြီးကရော လျှော့ရက်တွေကို ရပါစေလို့ ပြောထားလျက်သားနဲ့ အကျဉ်းဦးစီးဌာနက မပေးတဲ့အပြင် ထောင်ဝင်စာပိတ်တယ်။ ရေပါ ဖြတ်တယ်လို့ ပြောသံကြားနေရတယ်။ ဒါက မကောင်းတဲ့ အနေအထားဗျ။ အရမ်းစိုးရိမ်တယ်ဗျ။ သူတို့အတွက်ကိုလည်း အရမ်း ကိုယ်ချင်းစာတယ်။ ကျနော်တို့ အပြင်ကလည်း တတ်နိုင်သလောက် ၀ိုင်းကူညီမယ်လို့ စဉ်းစားထားပါတယ်။”
သီတင်းကျွတ်လပြည့်နေ့ကမှ ထောင်ကလွတ်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ စုပြီး ကန့်ကွက်ကြောင်း သမ္မတ အပါအ၀င် သက်ဆိုင်ရာကို လက်မှတ်ရေးထိုး ပေးပို့ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်ပိုင်ဆီ ဖုန်းဆက်မေးကြည့်တော့ ထောင်ပိုင် အစည်းအဝေး သွားတယ်လို့ပဲ ပြောပါတယ်။
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ပြည်တွင်းပြည်ပက ၀ိုင်းဝန်းတောင်းဆိုနေကြချိန်မှာ အခုလို နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြပွဲ ဖြစ်ပွားနေတာပါ။

သတင်း---DVB

(DVB) ရဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဦးဟန်ယောင်ဝေ ပြန်ပြီ

အောက်တိုဘာ ၂၀ ရက်နေ့ ညနေက Air Asia Flight နဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ရဲ့ ဦးဆောင်ညွှန်ကြားရေးမှုးအဖြစ် ယာယီတာဝန်ယူထားတဲ့ ဦးဟန်ယောင်ဝေနှင့် သူ့သမီးတို့နှစ်ဦး ဒီကနေ့ အောက်တိုဘာ ၂၈ ရက်နေ့ မနက် Air Asia Flight FD3771 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားစဉ်။
Burma VJ Media Network facebook

အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေတဲ့အပေါ် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ သဘောထားအမြင်များ (အသံဖိုင်)

အင်းစိန်ထောင်ထဲမှာ အကျဉ်းသားရပိုင်ခွင့်အတွက် နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်က ၂၆/၁၀/၂၀၁၁ ရက်နေ့မှစတင်၍ အစာငတ်ခံဆန္ဒပြ တောင်းဆိုနေကြတဲ့အပေါ် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် သရက်ထောင်မှ လွတ်မြောက်လာတဲ့ မင်းဟန်(ခ)ဗမင်းသစ်ရဲ့ အမြင်သဘောထား KoMinnHan say about Hunger strike in Insein prison by Zar Ne အင်းစိန်ထောင်ထဲမှာ အကျဉ်းသားရပိုင်ခွင့်အတွက် နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်က ၂၆/၁၀/၂၀၁၁ ရက်နေ့မှစတင်၍ အစာငတ်ခံဆန္ဒပြ တောင်းဆိုနေကြတဲ့အပေါ် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပခုက္ကူထောင်က လွတ်မြောက်လာတဲ့ ကိုချစ်ကိုလင်းရဲ့  အမြင်သဘောထား Ko Chit Ko Lin say about Hunger strike in Insein prison by Zar Ne အင်းစိန်ထောင်ထဲမှာ အကျဉ်းသားရပိုင်ခွင့်အတွက် နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်က ၂၆/၁၀/၂၀၁၁ ရက်နေ့မှစတင်၍ အစာငတ်ခံဆန္ဒပြ တောင်းဆိုနေကြတဲ့အပေါ် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ဘူးသီးတောင်ထောင်က လွတ်မြောက်လာတဲ့ စမ်းချောင်းကိုကိုကြီးရဲ့  အမြင်သဘောထား Ko Ko Gyi say about Hunger strike in Insein prison by Zar Ne
Burma VJ Media Network

ဘာလို့ ပြည်တော် ပြန်မလာကြတာလဲ

လောလောဆယ် ပြည်တွင်း​ နိုင်ငံရေး​ အသိုင်းအဝိုင်းမှာ မေးနေကြတဲ့ မေးခွန်းတခုကတော့ သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်နေတာတောင် ပြည်ပရောက် မြန်မာတွေ ဘာလို့ ပြန်မလာကြသေးတာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းကို အဖြေပေးဖို့ ပြည်တွင်းနိုင်ငံရေးသမားတွေကလည်း အမျိုးမျိုး အဖြေရှာနေကြပါတယ်။
ဒီမေးခွန်းကို ဖြေဖို့အတွက် ပြည်ပရောက် မြန်မာ ဘယ်နှမျိုးလောက် ရှိသလဲဆိုတာ အရင် ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ပြောရရင် နိုင်ငံရေးသမားတွေ၊ အာဏာရအစိုးရ အဆက်ဆက်ကို လက်နက်ကိုင် တိုက်ခိုက်ခဲ့သူတွေ၊ မီဒီယာသမားတွေ၊ စီးပွားရေးအရ ရေကြည်ရာ မြက်နုရာ ထွက်ခွာသွားကြသူတွေ၊ ပညာနဲ့ အသက်မွေးဝမ်းကျောင်းမှု​ ​ပြုနေသူတွေ၊ ဒုက္ခသည်တွေနဲ့ ပြစ်မှုတခုခုကြောင့် တိမ်းရှောင်ထွက်ပြေးနေရသူတွေရယ်လို့ ခွဲခြားနိုင်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ရည်ညွှန်းချက်ထဲမှာ အဓိက ပါသူတွေကတော့ နိုင်ငံရေးသမားတွေ ဖြစ်ပါတယ်။ နိုင်ငံရေးအကြောင်း​ ကိစ္စကြောင့် ပြည်ပ ရောက်နေသူတွေ ဖြစ်ပါတယ်။ ဒီလူတွေ ပြန်လာရင် နိုင်ငံရေး လုပ်ခဲ့တာတွေအတွက် အရေးယူ မခံရဘူးလို့ သမ္မတ အကြံပေးတွေ အပါအဝင် အစိုးရတာဝန်ရှိသူတွေက ပြောကြပါတယ်။ ဒါပေမယ့် အခြားတဖက်ကို ကြည့်လိုက်ရင် အရင် စစ်အစိုးရနဲ့ စစ်အစိုးရကို အမွေဆက်ခံတဲ့ ဦးသိန်းစိန်အစိုးရဟာ ပြည်တွင်းမှာ နိုင်ငံရေးအကျဉ်းသား ရှိတယ်လို့တောင် လုံးဝ အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ သူတို့ အုပ်ချုပ်ခဲ့စဉ်ကာလ တလျှောက်လုံး နိုင်ငံရေးသမားတွေကို မတရားဖမ်းဆီး၊ အခြား ပြစ်မှုဆိုင်ရာ ပုဒ်မအမျိုးမျိုးတပ်ပြီး အလွန်ရက်စက်တဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။ ထောင်ချပြီးတာတောင် အားမရသေးဘဲ မိသားစုဆွေမျိုးတွေနဲ့ ဝေတဲ့ နယ်ဝေးထောင်တွေဆီ ပို့တာ၊ သီးသန့်ထားတာ၊ လျှော့ရက်မပေးတာ စသဖြင့် ရက်စက်တဲ့ လုပ်ရပ်တွေကို ဆက်ပြီး လုပ်ကိုင်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးလုပ်ပြီး ပြည်ပရောက်နေသူတွေ ပြန်လာရင် အဲဒီအတွက်တော့ ဖမ်းမှာ ဆီးမှာ ထောင်ချမှာ မစိုးရိမ်ရပါဘူး။ ဒါပေမယ့် သူတို့ ဖမ်းချင်ပြီဆိုရင်တော့ နိုင်ငံရေး လုပ်လုပ် မလုပ်လုပ်၊ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချခံရမယ့် အန္တရာယ် အမြဲရှိနေမှာ ဖြစ်ပါတယ်။ ဒီလို မလုပ်ပါဘူးလို့ ဘယ်သမ္မတရဲ့ အကြံပေးကမှ အာမခံပေးထားတာ မရှိသေးပါဘူး။ ဒီတချက်တည်းကို ကြည့်ရင်ပဲ နိုင်ငံရေးသမားတွေ ပြန်လာဖို့ စိတ်ကူးမရှိတာ ဖြစ်နိုင်ပါတယ်။ နောက် အခြား​ အကြောင်းအချက်ကို ကြည့်လိုက်ရင်လည်း ပြည်တွင်းမှာ လက်ရှိ ရှိနေသူတွေတောင် နိုင်ငံရေးကို လွတ်လွတ်လပ်လပ် လုပ်နိုင်ကြတာ မဟုတ်သေးပါဘူး။ နိုင်ငံရေးလုပ်ဖို့ နိုင်ငံရေးပါတီ ထောင်ဖို့ ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို လက်ခံရမှာ ဖြစ်သလို တရားမျှတမှု လုံးဝ မရှိတဲ့ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ဥပဒေတွေ ရွေးကောက်ပွဲကော်မရှင် ဥပဒေတွေကို လိုက်နာရမှာလည်း ဖြစ်ပါတယ်။ အဲဒါတွေကို လက်မခံနိုင်လို့ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင် ဒီနေ့ထက်ထိ ပါတီ မှတ်ပုံမတင်နိုင်သေးသလို နိုင်ငံရေးကိုလည်း လွတ်လွတ်လပ်လပ် လုပ်နိုင်တာ မဟုတ်သေးပါဘူး။ နိုင်ငံခြားကနေ ပြန်ရောက်လာမယ့် နိုင်ငံရေးသမားတွေဟာလည်း ဒါတွေကို ရင်ဆိုင်ရမှာမို့ တော်ရုံတန်ရုံ တွေးတတ်သူတိုင်း ပြန်လာချင်ကြမှာ မဟုတ်ပါဘူး။
နောက်တခုကတော့ အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ခဲ့ပြီးမှ ပြည်ပနိုင်ငံတွေကို ရောက်ရှိသွားသူတွေပါ။ နိုင်ငံရေးသမားတွေတောင် ပြန်လာဖို့ မသေချာရင် သူတို့တွေအတွက်ကျတော့ ပိုဆိုးပါတယ်။ တကယ်တော့ တိုင်းပြည်မှာ အုပ်ချုပ်သူ ပြောင်းသေးတာ မဟုတ်ပါဘူး။ စစ်ဗိုလ်ချုပ်တွေကပဲ သမ္မတ၊ ဝန်ကြီး၊ လွှတ်တော်အကြီးအကဲ၊ ပြည်နယ်ဝန်ကြီးချုပ် စသဖြင့် နေရာအားလုံးကို ဖြန့်ကြက် ရယူထားဆဲ ဖြစ်တာကြောင့် စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်ခဲ့သူတွေအတွက် ဘာအာမခံချက်မှ မရှိတာ မဆန်းပါဘူး။
မီဒီယာသမားတွေကလည်း သူတို့ ပြန်လာဖို့ သင့်မသင့် ပြည်တွင်းမီဒီယာသမားတွေရဲ့ အခြေအနေကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒီမိုကရေစီကိုသွားမယ် ဆိုတဲ့ ဒီကနေ့အချိန်အထိ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက အနေနဲ့ ရုပ်သံမီဒီယာ ထုတ်လုပ်ခွင့်၊ ထုတ်လွှင့်ခွင့်၊ ရေဒီယို ထုတ်လွှင့်ခွင့်၊ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် စတာတွေ လုံးဝ မရှိသေးပါဘူး။ အပတ်စဉ် ထုတ်ခွင့်ရထားတဲ့ သတင်းဂျာနယ်တွေတောင် သတ်မှတ်ချက်အတိုင်း တင်ပြရ၊ ဖြုတ်ဆိုတာတွေဖြုတ်၊ ဖြတ်ဆိုတာတွေ ဖြတ်ပြီးမှ ထုတ်ဝေခွင့်ရကြတာပါ။ တကြိမ်ခွင့်ပြုထားပြီးသားကို နောက်တကြိမ် ထုတ်ချင်ရင်လည်း ပြန်ပြီး တင်ပြရတာမျိုး လုပ်နေရတုန်းပါ။ ဒီဂျာနယ်ဖော်ပြခွင့်ပေးပြီး ဟိုဂျာနယ်မှာ ပိတ်ပင်တဲ့ မျက်နှာလိုက်တာမျိုးလည်း ရှိနေတုန်းပါ။ ဒီတကြိမ် ခွင့်ပြုပေမယ့် ဟိုတကြိမ် ပိတ်ပင်တာမျိုးလည်း လုပ်နေဆဲပါ။ ဒါတင်မက ပြင်ပမီဒီယာတွေကို သတင်းပို့လို့ဆိုပြီး နှစ်ရှည်ထောင်ချထားသူတွေလည်း ထောင်တွေထဲမှာ ရှိနေဆဲပါ။ ဒါတွေကြောင့်လည်း မီဒီယာသမားတွေ အလုပ် ပြန်လာလုပ်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။
နောက်တမျိုးကတော့ စီးပွားရေးအတွက် ရေကြည်ရာမြက်နုရာ ထွက်ခွာသွားကြသူတွေပါ။ လက်ရှိ မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေတာ အနှစ် ၂ဝ ကျော်ပြီဖြစ်ပေမယ့် ဈေးကွက်စီးပွားရေးပုံစံ လုံးဝ မဟုတ်သေးပါဘူး။ အမိန့်ပေးစီးပွားရေးစနစ်အောက်မှာ အရင်စစ်အာဏာပိုင် ဒါမှမဟုတ် လက်ရှိ အစိုးရထိပ်ပိုင်း ခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ အခွင့်ထူးခံတွေလောက်သာ အဆင်ပြေနေကြတဲ့ စီးပွားရေးစနစ်ပါ။ ပွင့်လင်းမြင်သာမှုလည်းမရှိ စစ်မှန်တဲ့ ပြိုင်ဆိုင်မှုလည်းမရှိတဲ့ စနစ်ပါ။ စီးပွားရေးဆိုင်ရာ ဥပဒေတွေကလည်း ဘာမှ ခိုင်ခိုင်မာမာ ရှိနေတာ မဟုတ်ပါဘူး။ ဒါကြောင့် ပြည်ပရောက်နေတဲ့ စီးပွားရေးသမားတွေ ပြည်တွင်းပြန်လာပြီး စီးပွားရှာဖို့ ဆိုတာဟာ သိပ်ပြီးဖြစ်နိုင်တဲ့ အခြေအနေ ရှိမနေပါဘူး။
နောက်တမျိုးက နိုင်ငံခြားမှာ ပညာရှင်တွေအဖြစ် ရပ်တည် လုပ်ကိုင်နေသူတွေပါ။ ဒီလိုလူတွေအတွက်လည်း မြန်မာပြည် ပြန်လာရင် ဘာလုပ်နိုင်မှာလဲလို့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ပညာရှင်တွေကို နေရာပေးလေ့ မရှိတဲ့၊ ဒီနေ့အထိလည်း တန်ဖိုးမထားသေးတဲ့ မြန်မာပြည်ကို နိုင်ငံတကာအဆင့် အဲဒီပညာရှင်တွေ ပြန်လာဖို့ ဆိုတာကလည်း ဝေးနေဦးမယ် ဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတာတခုက ဒုက္ခသည်တွေ ပြန်လာနိုင်ရေးပါ။ သမ္မတ ဦးသိန်းစိန်ကသာ တကယ် ​စေတနာ​ ရှိမယ်ဆိုရင် အခြားပြည်ပရောက် မြန်မာတွေ ပြန်လာမပြန်လာ ဆိုတာထက် ဒုက္ခသည်တွေ နေရပ်ပြန်လာရေး စနစ်တကျ စီစဉ်ပေးသင့်ပါတယ်။ ဒီလို ဖြစ်လာဖို့အတွက် နယ်စပ်တိုင်းရင်းသားဒေသတွေမှာ အတိုက်အခိုက်တွေ ရပ်စဲပေးဖို့ လိုပါတယ်။ တိုင်းရင်းသား ဒုက္ခသည်တွေ သူတို့ ရပ်ရွာပြန်လာပြီး အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် သူတို့တွေကိုယ်တိုင် စိတ်ချယုံကြည်လောက်တဲ့ စောင့်ကြည့်စနစ်တွေ ထားခွင့်ပြုသင့်ပါတယ်။ ဒီလို ပြည့်ပြည့်စုံစုံ စီစဉ်ပေးရင် သန်းနဲ့ချီရှိတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေ ပြည်တော်ပြန်လာကြမှာပါ။
ဒီအတွက် သမ္မတ ဦးသိန်းစိန်ဟာ ပြည်တော်ပြန်လာကြပါ ဆိုပြီး စကားတခွန်းလောက်ပဲ ပြောရုံနဲ့ မပြီးပါဘူး။ ကိုယ့်တိုင်းသူပြည်သားတွေ စိတ်ချလက်ချ ပြန်လာနိုင်အောင် ပြည်တွင်းမှာ နမူနာကောင်းတွေ အရင်ပြရပါမယ်။ ပြည်ပက လူတွေ ပြန်လာနိုင်ဖို့ လုံလောက်တဲ့ ဥပဒေ အကာအကွယ်တွေ ပေးရပါမယ်။ ဒုက္ခသည်လိုမျိုးတွေ ပြန်လာနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး ကောင်းမွန်တဲ့ အစီအမံတွေ ချမှတ်လုပ်ဆောင်ပေးရမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ 

တိုင်းကျော် (ဒီဗွီဘီ)

ပခုက္ကူ ရေကြီးမှု သတင်း ဓါတ်ပုံရိုက်ခွင့်ပိတ်လိုက်ပြီ

ပခုက္ကူမြို့ရေကြီးမှုနှင့်ပတ်သက်၍ သတင်းရယူနေသောပြည်တွင်းသတင်းမီဒီယာများမှ
သတင်းထောက်များကို သတင်းဓာတ်ပုံရိုက်ခွင့်ပိတ်လိုက်ကြောင်း ပခုက္ကူမြို့တွင်
သတင်းသွားရောက်ယူနေသော ပြည်တွင်းသတင်းဂျာနယ်တစ်ခုမှ အလွတ်တမ်းသတင်းသမားတစ်ဦးက The Messenger ဂျာနယ်သို့အတည်ပြုပြောကြားသည်။ " သတင်းထောက်ကတ်မပြနိုင်ရင် ကင်မရာ SD ကတ်ကိုသိမ်းတယ်၊သတင်းထောက်ကတ်ပြနိုင်ရင်တော့ ကင်မရာထဲကပုံတွေကိုအတင်းဖျက်ခိုင်းတယ်။ဘယ်အဖွဲ့အစည်းလဲလို့မေးတော့လည်းမပြောဘူး။
ဘယ်ကညွှန်ကြားချက်နဲ့အခုလိုဆောင်ရွက်တာလဲဆိုတာကိုလည်းမပြောဘူး။ ကျွန်တော်တို့မီဒီယာသမားတွေက ဒုက္ခသည်တွေအတွက် လိုအပ်တဲ့အကူအညီတွေအမြန်ဆုံးရအောင် သတင်းအချက်အလက်တွေကိုထုတ်ပြန်ပေးနိုင်ဖို့ ၀ိုင်းဝန်းဆောင်ရွက်နေတာပါ။
အခုလိုပြုမူဆောင်ရွက်တာမျိုးကတော့နိုင်ငံတော်သမ္မတနဲ့အစိုးရသစ်ရဲ့ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသွားနေတဲ့လမ်းကြောင်းကိုအနှောင့်အယှက်ပေးနေသလိုဖြစ်နေပါတယ်" ဟု၎င်းကဆက်လက်ပြောပြသည်။


သတင်း---Messenger News Journal Facebook



အင်းသားဆုံဆည်းရာနေ့ပွဲကို လူပေါင်း ၁ သောင်းကျော်တက်ရောက်


အင်းသား နေ့
ပထမဆုံးအကြိမ် အင်းသား​ ဆုံဆည်းရာနေ့ ပွဲတော်ကို အင်းသူအင်းသားပေါင်း တသောင်းကျော်​ တက်ရောက်ပြီး  စည်စည်​ကားကား​နဲ့ ပြီးဆုံးသွားပါတယ်။
photo-facebook
ညောင်ရွှေမြို့နယ်ထဲက အင်းလေးကန်​ ​ရေပြင်ကျယ် အလယ်ခေါင်ကျတဲ့ ဘိုတဲမှာ ဒီကနေ့ မနက် ၈ နာရီကနေ မွန်းလွဲ ၁ နာရီကျော်ထိ ကျင်းပခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီ နာယကဖြစ်တဲ့  အင်းတိုင်းရင်းသား ​ရေးရာ​ ၀န်ကြီး​ ဦးဝင်းမြင့်​က​ ​ပြောပါတယ်။
“နှစ်ထောင်းအား ​ရ ဖြစ်မိတာက ကျနော်တို့ ဆွဲလှေကြီးကို လာဆွဲတဲ့ အင်းသူအင်းသား​တွေကို ကျနော်တို့ ပိုက်ဆံ တပြားမှလည်း မပေးရဘူး။ သူတို့ကို အာဏာလည်း မပေးရဘူး၊ သူတို့ကနေမှ မျိုးချစ်စိတ်ဓာတ် အပြည့်နဲ့ ကိုယ့်စရိတ်​ ကိုယ်စားပြီးတော့မှ မျိုးချစ်စိတ်ဓာတ်အပြည့်နဲ့ လာပြိုင်ပေးတဲ့ဟာကို အဖိုးမဖြတ်နိုင်တဲ့ ပီတိပေါ့လေ။ အင်းသူ အင်းသားတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကို အသိအမှတ် ပြုခံရတယ်ပေါ့လေ။”
ပွဲတော်မှာ လှေအစီးပေါင်း ၅၀ လောက် အလှပြ လှော်ခတ်ပြသလို အင်းသား​ လူငယ်အဖွဲ့တွေကလည်း တေးဂီတ အကပဒေသာတွေနဲ့ တင်ဆက်ဖျော်ဖြေခဲ့တယ်။
စင်ကာပူ နိုင်ငံရောက်နေတဲ့ အင်းသားလူငယ်အဖွဲ့ကလည်း ဂုဏ်ပြုသ၀ဏ်လွှာ ပေးပို့လာပြီး အင်းလေး ဒေသခံတွေနဲ့အတူ ရှမ်း၊ ပအိုဝ်း စတဲ့ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တွေလည်း တက်ရောက်ခဲ့ပါတယ်။
နောင်နှစ်မှာ ဈေးရောင်းပွဲတော်တွေ၊ အင်းလေးရိုးရာထွက်ကုန် ကုန်စည်ပြပွဲ၊ ပြခန်းတွေနဲ့ တိုးချဲ့ကျင်းပသွားမယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။
ညောင်ရွှေဒေသခံတဦးက     “ဒီပွဲမျိုးဆိုတာကတော့ ကျနော်တို့ အင်းသူအင်းသားတွေ အင်းရေပြင်ကြီးမှာ ညီညီညာညာနဲ့ စုံစည်းခွင့်ရတယ်ဆိုတာ ကျနော်တို့အတွက်တော့ တကယ်ဝမ်းသာ စရာကောင်းတဲ့၊ ပြီးတော့ အင်းသူအင်းသားတွေက ရိုးရာကို ထိန်းသိမ်းတတ်လာမယ်။ နောက် စည်းလုံးညီညွတ်တဲ့ စိတ်တွေ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်တယ်ဗျ”  လို့ ပြောပါတယ်။
အင်းလေးဒေသမှာ နေထိုင်တဲ့ အင်းသူအင်းသားအချင်းချင်း စည်းလုံးချစ်ကြည်ရေး၊ ကိုယ့်ဇာတိရပ်မြေကို ၀ိုင်းဝန်းစောင့်ရှောက်ရေး၊ အင်းရိုးရာဓလေ့ ထိန်းသိမ်း မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ အင်းသားဆုံဆည်းရာနေ့ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အင်းသားဆုံဆည်းရာနေ့ကို  အင်းလေးဒေသက သံဃာတော်တွေ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက လွှတ်တော် အမတ်တွေ၊ အင်းအမျိုးသားရေးရာဝန်ကြီး၊ အင်းစာပေနဲ့ ယဉ်ကျေးမှုအသင်းနဲ့ ဒေသခံ ရပ်မိရပ်ဖတွေက အောက်တိုဘာလ ၈ ရက်နေ့မှာ  စုဝေးတိုင်ပင်ပြီး အင်းသားဆုံဆည်းရာနေ့ကို သတ်မှတ်ခဲ့ကြတာပါ။

သတင်း---ဒီဗွီဘီ

လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲတော် ကျင်းပမည်


လာမယ့် ၂၀၁၂ ခု ဇန်နဝါရီလ ၄ ရက်ေန့မှာ လွတ်လပ်ြခင်း​​ အနုပညာရုပ်ရှင်ပွဲေတာ်လို့ အမည်ေပးထားတဲ့ မှတ်တမ်းရုပ်ရှင်ြပိုင်ပွဲတခု ကျင်းပဖို့ စီစဉ်ေနြကပါတယ်။
ြမန်မာ့ဒီမိုကေရစီ​ ​ေခါင်းေဆာင် ေဒါ်ေအာင်ဆန်းစုြကည်၊ ဒါရိုက်တာ မင်ထင်ကိုကိုြကီး၊ ရုပ်ရှင်သရုပ်ေဆာင် ေကျာ်သူနဲ့ လူရွှင်ေတာ် ဇာဂနာတို့က ဒီပွဲကို စီစဉ်ေနတာပါ။
လာမယ့် ၂၀၁၂ ခု ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ခြင်း​​ အနုပညာရုပ်ရှင်ပွဲတော်လို့ အမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲတခု ကျင်းပဖို့ စီစဉ်နေကြပါတယ်။
မြန်မာ့ဒီမိုကရေစီ ​ ​ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒါရိုက်တာ မင်ထင်ကိုကိုကြီး၊ ရုပ်ရှင်သရုပ်ဆောင် ကျော်သူနဲ့ လူရွှင်တော် ဇာဂနာတို့က ဒီပွဲကို စီစဉ်နေတာပါ။
လူရွှင်တော်ဇာဂနာက “ကျနော်တို့လုပ်မယ့် ရုပ်ရှင်ပွဲတော်မှာ မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်း ရုပ်ရှင်ပေါ့နော်။ ဇာတ်လမ်းကလည်း အတိုပဲ ၁၅ မိနစ် နာရီဝက်ပေါ့နော်။ အဲဒီလိုပဲ မှတ်တမ်းကလည်း ၁၅ မိနစ် နာရီဝက်ပေါ့။  အဲဒါလေးတွေ ပွဲတော်လုပ်မှာ ဆုလည်းပေးမှာ အန်တီကိုယ်တိုင် ချီးမြှင့်တဲ့ ဆုပေါ့။ လုပ်မယ့် ရက်ကတော့ ဇန်နဝါရီ ၁ ရက်နေ့ကနေပြီးတော့ ၄ ရက်နေ့အထိ လုပ်မှာ။ ၄ ရက်နေ့ညမှာ ဆုပေးမှာပေါ့။ နာမည်ကတော့ ဘယ်လိုပေးထားလဲဆိုတော့ The art of freedom film festival လို့ပေးထားတယ်။ လွတ်လပ်​သော​ အနုပညာရုပ်ရှင်ပွဲတော် အဲဒီလိုမျိုး နာမည်ပေးရမှာပေါ့နော်။”
ဒီပြိုင်ပွဲမှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ပညာရှင်အဆင့်ကော၊ ဝါသနာရှင်အဆင့် အနုပညာရှင်တွေကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမှာလို့လည်း လူရွှင်တော် ဇာဂနာက ပြောပါတယ်။
“အဓိကအချက်ကတော့ အနုပညာဆိုတာ လွတ်လပ်မှုရှိမှ ဖန်တီးလို့ရမယ် ဆိုတဲ့ဟာ နံပါတ်တစ်အချက်အနေနဲ့ ကျနော်တို့ ထားချင်တာပေါ့လေ။ နံပါတ် နှစ်အချက်အနေနဲ့ကတော့ ရုပ်ရှင်ဖန်တီးတဲ့လူတွေက သူ့ရဲ့အနုပညာနဲ့ပေါ့ ဒီဇာတ်ကားမှာ ပါဝင်ဖန်တီးမယ့်လူတွေက လွတ်လပ်မှုဆိုတာကို သူ့ ရုပ်ရှင်ဇာတ်ကားမှာ အဓိပ္ပာယ်တခုခုနဲ့ ဖွင့်ဆိုပေးရမယ်။ သူကြိုက်သလိုဖွင့်ပေါ့။ လွတ်လပ်မှုကို သူဘယ်လိုမြင်သလဲပေါ့။ သို့သော် ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေး သမိုင်းနဲ့ ပတ်သက်ပြီးတော့ ဒီထဲမှာ သမိုင်းကြောင်း အကြောင်းကို ပြချင်တယ် ဆိုရင်လည်း ဖော်ပြပါ။ သမိုင်းကြောင်းကို မဖော်ပြချင်ရင်လည်း ရပါတယ်။ တချို့ကလည်း လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ လွတ်လပ်ရေးနေ့အကြောင်းတို့ ဘာတို့ ရိုက်ချင်ရင်လည်း ရတယ် ခွင့်ပြုတယ်။ အဓိကကတော့ ကျနော်တို့က လွတ်လပ်မှု ရှိဖို့ဆိုတဲ့ဟာကိုသာ အဓိက ဦးတည်တာ ဖြစ်တဲ့အတွက် သမိုင်းကြောင်း အကြောင်း မပါလည်းရတယ်ဆိုတာကို ကြိုပြောထားတာ။ တချို့က နားမလည်မှာ စိုးလို့ပါ။”
ဒီပွဲမှာ ပြိုင်ပွဲဝင်မယ့်ကားနဲ့ ပြိုင်ပွဲမဝင်မယ့်ကားဆိုပြီး ၂ မျိုးခွဲထားကာ ပြိုင်ပွဲဝင်ကားတွေထဲက ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ် ဆုချီးမြှင့်မှာဖြစ်ပြီး ပြိုင်ပွဲမဝင်မယ့် ကားတွေကိုတော့ ဂုဏ်ပြုမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမဝင်မယ့်ကားတွေထဲ လူရွှင်တော် ဇာဂနာ ရိုက်ကူးမယ့် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး သီရိသုဓမ္မ ဒေါ်ခင်ကြည်အကြောင်း မှတ်တမ်းရုပ်ရှင်လည်း ပါဝင်မှာပါ။
ရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး လူအများ ကြည့်ရှူနိုင်မယ့်နေရာကို စီစဉ်နေကြပါတယ်။ ဆုပေးပွဲကိုတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ကျင်းပဖို့ ယာယီသတ်မှတ်ထားပါတယ်။
သတင်း---ဒီဗွီဘီ

ထိုင်းရေဘေးသင့် မြန်မာတွေ အိမ်ပြန်နေ

ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်ကနေ မြန်မာတွေ ထောင်နဲ့ချီပြီး နေ့စဉ် ထွက်ခွာနေ
ထိုင်းနိုင်ငံမှာ ရေးဘေးသင့်နေကြတဲ့ မြန်မာ အလုပ်သမားတွေ မြန်မာနိုင်ငံကို ပြန်နေကြရာ၊ ဘန်ကောက်မြို့ မြောက်ဘက် မော်ချစ်ကားဂိတ်ကနေ ထောင်နဲ့ချီတဲ့ မြန်မာတွေ နေ့စဉ် ထွက်ခွာ နေတယ်လို့ သိရပါတယ်။နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး အလုပ် လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ ထိုင်းနိုင်ငံမှာ အရေးပေါ် အစိုးရ ရုံးပိတ်ရက် ကြေညာထားတာကြောင့် လိုအပ်တဲ့ ကိစ0x081စရပ်တွေအတွက် ထိုင်း လဝက ရုံးရှိရာ နေရာတိုင်းမှာ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်သိန်းက ဘီဘီစီကို ပြောပါတယ်။နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး အလုပ် လုပ်နေကြတဲ့ မြန်မာတွေဟာ ထိုင်း လဝက ရုံးမှာ သုံးလတကြိမ် အကြောင်းကြားရတာ ဖြစ်လို့၊ ရေကြီးနေတဲ့အတွက် အခက်အခဲဖြစ်နေ ကြရတာ ဖြစ်ပါတယ်။အလုပ်သမားတွေ နိုင်ငံကူးလက်မှတ် သက်တန်းတိုးတဲ့ အခါမှာလည်း ကုန်ကျစရိတ်အတွက် အရင် ဘတ်ငွေ ၄၅၀ ရှိရာကနေ အခုတော့ ၁၅၀ အထိ လျှော့ချပေးထား ကြောင်း ကိုလည်း ပြောပါတယ်။ဘန်ကောက်မြို့ ပတ်ဝန်းကျင် ရေကြီးတဲ့ နေရာတွေက မြန်မာအလုပ်သမားတွေ အတွက် နခွန်ပဒုံမှာ သီးခြား ကယ်ဆယ်ရေး စခန်ဖွင့်ပြီး ကူညီပေးနေတယ်လို့ လည်း သံအမတ်က ပြောပါတယ်။သံအမတ်ဦးအောင်သိန်းက အဲဒီနေရာကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ပြီး၊ လောလော ဆယ် မြန်မာ ရေဘေးဒုက0x081ခသည် တရာကျော် လောက်ရှိတယ်လို့လည်း သူကပြောပါတယ်။ဒုက0x081ခသည်တွေအနေနဲ့ အရေးပေါ် အကူအညီရယူနိုင်ဖို့ သံရုံးဖုန်းနံပါတ်တွေ ပေးထားပြီး အချိန် မရွေး ဆက်သွယ်နိုင်ကြောင်း ဦးအောင်သိန်းက ပြောပါတယ်။
သတင်း---ဘီဘီစီ

ဦးဟန်ယောင်ဝေ ပြည်တွင်း ငါးပါတီ နဲ့တွေ့

 မြန်မာပြည် လည်ပတ်မှု ခရီးမှာ ငြိမ်းချမ်းရေး အတွက်သာ ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ ငါးပါတီနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည့် ဦးဟန်ယောင်ဟွေ (ဓါတ်ပုံ မဇ္ဈိမ) 
ဦးဟန်ယောင်ဟွေ၏ မြန်မာပြည် လည်ပတ်မှု ခရီးမှာ ငြိမ်းချမ်းရေး အတွက်သာ ဖြစ် ကြောင်း ဒီမိုကရက်တစ်ပါတီ ငါးပါတီနှင့် ကြာသပတေးနေ့ တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်ဟု သိရသည်။ တွေ့ဆုံမှုကို ရန်ကုန်ရှိ NDF ပါတီရုံးတွင် နံနက် ၉ နာရီမှ ၁၁ နာရီခန့်အထိ ပြုလုပ်ခြင်းဖြစ်ကာ ဒီမိုကရက်ငါးပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ - NDF ၊ ဒီမိုကရက်တစ်ပါတီ- မြန်မာ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ဝံသာနု NLD ပါတီနှင့် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ UDP တို့လည်း ပါဝင်သည်။ “သူက အဓိက သူလာတာကတော့ ငြိမ်းချမ်းရေး လုပ်ဖို့။ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေး ရအောင် ကြိုးစားဖို့ လာတယ်လို့တော့ သူပြောပါတယ်” ဟု ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဒေါ်နေရီဗဆွေက မဇ္ဈိမကို ပြောသည်။ သူက ဆက်ပြီး “ပထမတော့ Cease-fire ပေါ့။ Cease-fire ကို ကြိုးစားမယ်ပေါ့။ Cease-fire လုပ်ပြီးမှသာ ဟိုဘက် ဒီဘက် ဖြစ်နိုင်ဆုံး အခြေအနေ ကနေပြီး ညှိနှိုင်းဆွေးနွေးလို့ ရှိရင် တဖြည်းဖြည်း၊ တဖြည်းဖြည်းတော့ အချိန်ကတော့ ယူရမှာပေါ့လေ။ နည်းလမ်းတော့ ရှာလို့တွေ့မယ်လို့တော့ သူ ကြိုးစားသွားမယ်လို့တော့ ပြောတာပဲ” ဟု ဆိုသည်။ သို့သော် မည်သို့မည်ပုံ ကြိုးစားသွားမည်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသော်လည်း လာမည့် နိုဝင်ဘာလ အတွင်း မြန်မာပြည်သို့ ပြန်လာဦးမည် ဖြစ်ကြောင်း သိရသည်။ ဦးဟန်ယောင်ဟွေမှာ မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၏ သားအငယ်ဆုံးဖြစ်ကာ ၁၉၆၃ ခုနှစ်မှ စ၍ မြန်မာပြည်မှ ထွက်ကာ ဘယ်လ်ဂျီယံနိုင်ငံတွင် အခြေချ နေထိုင်နေသူ ဖြစ်သည်။ ၁၉၉၇ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ပြည်ပအခြေစိုက် မြန်မာ့ဒီမိုကရေစီ တိုးတက်ရေး ဥရောပရုံး Euro-Burma Office ၏ ညွှန်ကြားရေးမှူးလည်းဖြစ်ကာ တိုင်းရင်းသား လူမျိုးစုများ ကောင်စီ -ENC ၏ အကြံပေးလည်း ဖြစ်သည်။ ထို့အပြင် နော်ဝေးအခြေစိုက် အတိုက်အခံ သတင်းဌာနဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ- DVB တွင်လည်း ယာယီ ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူထားသည်။ ဘယ်လ်ဂျီယံ အခြေစိုက် ဥရောပ-မြန်မာရုံးမှာ ဥရောပသမဂ္ဂ၊ ဂျာမနီ နိုင်ငံ Friedrich Ebert ဖောင်ဒေးရှင်း၊ ဆွီဒင်၊ နော်ဝေ၊ ကနေဒါနိုင်ငံ တို့၏ ကူညီ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရတရပ် ပေါ်ပေါက်ရန် လှုပ်ရှားနေသည့် အဖွဲ့အစည်းများအား ပံ့ပိုးပေးသည်။ နှစ်ဖက် တွေ့ဆုံမှုအတွင်း လွှတ်တော်နိုင်ငံရေးနှင့် ပတ်သက်၍ သီးခြား မှတ်ချက်ပေးခြင်း မရှိခဲ့သော်လည်း လွှတ်တော် နိုင်ငံရေး တည်မြဲရေး အတွက် ငြိမ်းချမ်းရေး အပေါ်တွင် အခြေခံသည်ဟု ပြောဆိုခဲ့ပြီး ယင်းမှ သာ အာဏာဖြင့် အုပ်ချုပ်သည့်စနစ် ပပျောက်မည်ဖြစ်ကြောင်း အပြန် အလှန် ဆွေးနွေးခဲ့သည်။ လွှတ်တော် နိုင်ငံရေးဖြင့်သာ ဒီမိုကရေစီ ပြောင်းလဲမှုကို ဖော်ဆောင် နိုင်မည် ဖြစ်ကြောင်း ယုံကြည်ကြသော်လည်း ကျန်သည့် ငြိမ်းချမ်းရေး နှင့် စီးပွားရေး ကိစ္စများတွင်မူ အမြင် ကွဲပြားလေ့ရှိသည်ဟု သိရသည်။ “လွှတ်တော် နိုင်ငံရေးနဲ့ပဲ ဆက်လုပ်သွားရမယ် ဆိုတဲ့ အခြေခံအချက် ကြီးကိုတော့ အားလုံးက သဘောတူ ပါတယ်။” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ- NDF မှ ဦးခင်မောင်ဆွေက ပြောသည်။ “ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ နေရာမျိုးတွေ၊ စီးပွားရေး ဖွံ့ဖြိုးဖို့ ကိစ္စတွေ၊ ဒီထက်ပိုပြီးတော့ လျင်လျင်မြန်မြန်နဲ့ ဒီမိုကရက်တစ် အပြောင်းအလဲတွေ ဖြစ်ဖို့ဆိုတဲ့ နေရာမှာတော့ ပြည်တွင်းက လူတွေနဲ့ ပြည်ပက လူတွေနဲ့ သိတဲ့ အချက်တွေ မူတည်ပြီးတော့ ကွာတာပေါ့။ နည်းနည်းလေး လွဲသွားတာပေါ့။ ဒါ ပြန်ပြီးတော့ ဆွေးနွေးလိုက်တဲ့ အခါ ကျတော့လည်း သြော် ဒီလို ရှိပါလားပေါ့ဗျာ” ဟု သူက ဆက်ပြောသည်။ တွေ့ဆုံမှုအတွင်း DVB သတင်းဌာနတွင်လည်း ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၏ သဘောထားအမြင်များ၊ ဒီမိုကရေစီ လှုပ်ရှားမှု တခုလုံးအား စာနယ်ဇင်း ကျင့်ဝတ်နှင့် အညီ တင်ပြသင့်ကြောင်း NDF မှ အကြံပြုခဲ့သည်။ မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေခြင်း၊ တန်းတူ အခွင့်အရေး မရှိခြင်းများကို လက်ခံကြောင်းနှင့် လူတစုလက်ဝါးကြီးအုပ် စီးပွားရေး မဖြစ်စေရန် လိုအပ်နေကြောင်း ဦးဟန်ယောင်ဟွေက တင်ပြခဲ့သည်။ ဦးဟန်ယောင်ဟွေမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ညနေပိုင်းတွင် တွေ့ဆုံရန်ရှိကာ တိုင်းရင်းသား ပါတီများနှင့် လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း ဦးခင်မောင်ဆွေ အဆိုအရ သိရသည်။ သို့သော် “ကျနော်တို့ ရုံးထုံးစံ လာရမယ့် လမ်းကြောင်းမှာတော့ မတွေ့ဘူး။ ကျန်တဲ့ တိုက်ရိုက် ဆက်သွယ်ရင်တော့ ကျနော် မသိဘူး ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။ ဦးဟန်ယောင်ဟွေမှာ မြန်မာပြည်ခရီးစဉ်အတွင်း မွေးရပ်ဇာတိ ရှမ်းပြည် ညောင်ရွှေနှင့် အခြားနေရာများသို့လည်း သွားရောက် လည်ပတ်မည် ဖြစ်ကာ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ပြန်မည် ဖြစ်သည်။

သတင်း---မဇ္ဈိမ



7Day News Journal ( October 27 )

10-32

တရုတ် ရုပ်သံလိုင်း ၃ လိုင်း မြန်မာရုပ်သံ ပလက်ဖောင်းမှ စတင်ထုတ်လွှင့်

CCTV
မြန်မာနိုင်ငံ လက်ရှိ အရပ်သား အစိုးရနှင့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ယခုနှစ်အတွင်း စတင် တိုးမြှင့်ခဲ့သည့် တရုတ် ပြည်သူ့သမ0x081မတနိုင်ငံ အစိုးရပိုင် CCTV ရုပ်သံလိုင်း ၃ လိုင်းသည် မြန်မာနိုင်ငံရှိ အခပေး ရုပ်သံထုတ်လွင့်မှုများ လုပ်ကိုင်နေသည့် ပုဂ0x081ဂလိက ကုမ0x081ပဏီ ၂ ခုနှင့် ပူးပေါင်းကာ အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံ ပြည်တွင်း ရုပ်သံလိုင်းများ မှတဆင့် တိုက်ရိုက်ထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။ရန်ကုန် မြို့တော်ရှိ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသည့် တရုတ် ပြည်သူ့သမ0x081မတ နိုင်ငံ ရုပ်သံလိုင်း CCTV နှင့် မြန်မာနိုင်ငံမှ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးတွဲလုပ်ကိုင် နေသော Forever Group ကုမ0x081ပဏီ၊ ရွှေသံလွင် ကုမ0x081ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင်း CCTV ရုပ်သံလိုင်း တိုက်ရိုက် စတင် လွှင့်ထုတ်သည့် အခမ်းအနားတွင် ဦးစိုးဝင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ဒစ်ဂျစ်တယ် နည်းပညာဖြင့် မြန်မာနိုင်ငံတွင် ထုတ်လွှင့်နေသော Forever Group ကုမ0x081ပဏီ ရုပ်သံလိုင်းများမှ လည်းကောင်း၊ ဂြိုဟ်တု မှတစ်ဆင့် ရုပ်သံ ထုတ်လွင့်နေသော ရွှေသံလွင် ကုမ0x081ပဏီ၏ ရုပ်သံလိုင်းများ မှတဆင့် လည်းကောင်း တရုတ် ပြည်သူ့သမ0x081မတ နိုင်ငံမှ CCTV ရုပ်သံလိုင်း ၃ လိုင်းကို မြန်မာနိုင်ငံ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ယနေ့နံနက် ၁၁နာရီ ၅ မိနစ်က စက်ခလုပ် နှိပ်၍ တရားဝင် ဖွင့်လှစ်ပေး ခဲ့သည်။ရန်ကုန်မြို့တော်ရှိ Forever Group ကုမ0x081ပဏီက ဒစ်ဂျစ်တယ် နည်းပညာဖြင့် ထုတ်လွှင့်သည့် အခပေး ရုပ်သံလိုင်း ဝယ်ယူထားသူ တစ်ဦးက တရုတ်နိုင်ငံမှ အဂင်0x081လိပ် ဘာသာဖြင့် ထုတ်လွင့်နေသည့် လိုင်းကို စိတ်ဝင်စားကြောင်း တိုက်ရိုက် ကြည့်ရှုနိုင်ပါက ကမ0x081ဘာနှင့်အဝှမ်း သတင်း အချက်အလက်များကို အချိန်နှင့် တပြေးညီ သိရှိနိုင်ခွင့် ရရှိခြင်း ဖြစ်ကြောင်း The Voice Weekly သို့ မှတ်ချက်ပြု ပြောကြားသည်။မြန်မာ့ရုပ်သံ ပလက်ဖောင်းမှ CCTV - 4၊ CCTV news၊ CCT-V 9 တို့ စတင်ထုတ်လွှင့်လျှက် ရှိပြီး ထိုသုံးလိုင်းအနက် ၂ လိုင်းမှာ အဂင်0x081လိပ် ဘာသာဖြင့် ထုတ်လွှင့်နေသော လိုင်းများဖြစ်ပြီး CCTV 4 မှာ တရုတ်ဘာသာဖြင့် ထုတ်လွှင့်သော ရုပ်သံလိုင်း ဖြစ်သည်။ရွှေသံလွင် ကုမ0x081ပဏီ၏ အကြီးအကဲ ဦးကျော်ဝင်းက တရုတ် ပြည်သူ့သမ0x081မတ နိုင်ငံ၏ CCTV ရုပ်သံလိုင်း ၃ လိုင်းကို မြန်မာရုပ်သံ ပလက်ဖောင်းမှ စတင် ထုတ်လွှင့်နိုင်သည့်အတွက် များစွာ ဂုဏ်ယူကြောင်း ဖွင့်ပွဲအခမ်းနားတွင် တရားဝင် ထုတ်ဖော်ချီးကျူး ပြောကြားခဲ့သည်ကို တွေ့ရသည်။တရုတ် ပြည်သူ့သမ0x081မတ နိုင်ငံ၏ ရုပ်မြင်သံကြား ဌာနသည် ယခုအခါ ကမ0x081ဘာနှင့်အဝှမ်း တရုတ်၊ ပြင်သစ်၊ အဂင်0x081လိပ်၊ အာရပ်၊ ရုရှား၊ စပိန်ဘာသာများဖြင့် ရုပ်သံထုတ်လွှင့်လျှက် ရှိပြီး နိုင်ငံပေါင်း ၁၄ဝ မှ ကြည့်ရှုသူ သန်း ၁၅ဝ ကျော်အထိ ရှိနေပြီ ဖြစ်ကြောင်း၊ ၂၀၁ဝ ခုနှစ်မှ စတင်၍ အဂင်0x081လိပ် ဘာသာဖြင့် ထုတ်လွှင့်နေသော CCTV news ကို တိုးချဲ့ရန် ပြင်ဆင်လျှက် ရှိကြောင်း သတင်းထုတ်ပြန် ထားသည်။ယခုအခါ CCTV အပါအဝင် မြန်မာနိုင်ငံတွင် ထုတ်လွင့်နေသော အခပေး၊ အခမဲ့ ရုပ်သံလိုင်းပေါင်း ၁၀ဝ ကျော် ရှိနေပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ တရားဝင် စာရင်းများအရ သိရှိရသည်။

သတင်း--The Voice Weekly


The Lady ရုပ်ရှင် ရောမပွဲတော်မှာပြ


The Lady
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘ၀အကြောင်း ရိုက်ကူးထားတဲ့ The Lady ဆိုတဲ့ ရုပ်ရှင်ဇတ်ကားကို အီတလီနိုင်ငံ၊ ရောမမြို့တော်က နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသနေပါပြီ။ ဒီဇာတ်ကားရဲ့ ဖွင့်ပွဲအခမ်းအနားကို ပြင်သစ် ဒါရိုက်တာ Luc Besson နဲ့ သရုပ်ဆောင် မစ်ရှဲယိုတို့ လည်း တက်ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီပွဲကို မတက်ပါဘူး။ ဒါပေမဲ့လည်း ဒီပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်တစောင် ပေးပို့ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အမှန်တရား၊ တရားမျှတမှုနဲ့ သွေးစည်းခိုင်မာမှုတွေကိုအခြေခံတဲ့ အတွေးအခေါ်တွေဟာ ပြည်သူတွေနဲ့ ရက်စက်တဲ့အာဏာရှင်တွေအကြား ကာရံပေးထားတဲ့ ခံတပ်ကြီးတွေလိုဖြစ်နေတာကြောင့် ဒီအတွေးအခေါ်တွေကို အမြဲပဲလက်ကိုင်ထားရမယ်လို့ ဖေါ်ပြထားပါတယ်။
ဒီရုပ်ရှင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးဘ၀ ဆိုတာထက် သူ့ရဲ့ပုဂ္ဂိုလ်ရေး ဘ၀အကြောင်းကို ဦးစားပေးပြီး ဒါရိုက်တာ Luc Besson က ရိုက်ကူးထားတာပါ။ မင်းသမီး မစ်ရှဲယိုကတော့ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ပါတယ်။ ဒီကနေ့စပြီး နိုဝင်ဘာလ ၄ ရက်နေ့အထိ ရောမမြို့ ရုပ်ရှင်ပွဲတော်မှာ The Lady ရုပ်ရှင်ဇာတ်ကားကို ပြသသွားမှာပါ။ မကြာခင်တုန်းကလည်း ကနေဒါနိုင်ငံတိုရွန်တိုမြို့က ရုပ်ရှင်ပွဲတော်မှာ ဒီဇာတ်ကားကို ပြသခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။
သတင်း---VOA

ဘန်ကောက်မြို့ ရေလျှံ


ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကတော့ အစိုးရအာဏာပိုင်တွေအနေနဲ့ အပျက်အစီး အနည်းဆုံးဖြစ်နိုင်သမျှဖြစ်အောင် ကြိုးစားနေပေမယ့် သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ အားလျော့နေတယ်လို့ ကြာသာပတေးနေ့က သတိပေးလိုက်ပါတယ်။
ရေဘေးအန္တရာယ်ကို သတိပေးနေတဲ့ဝန်ကြီးချုပ် မျက်ရည်ဝဲနေတာကိုလည်း တွေ့ရပါတယ်။ ရေလွှမ်းနေတဲ့ဒေသ ၂ ခုက ဒေသခံတွေကို သူတို့ရဲ့နေအိမ်တွေကနေ စွန့်ခွာပြီး ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေမှာ သွားခိုကြဖို့ အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။ ဘန်ကောက်မြို့ပြင် ထွက်တဲ့ လမ်းမတွေမှာလည်း ကုန်းမြင့်ရာအရပ်တွေကို သွားရောက်ဖို့ ကြိုးစားကြတဲ့ ယာဉ်တွေနဲ့ ပိတ်မိနေပါတယ်။
ဘန်ကောက်မှာအခုလို ရေကြီးတာမျိုး သူ နေခဲ့တဲ့ နှစ်ပေါင်း ၅၄ နှစ်အတွင်း အခုလို ရေကြီးတာမျိုး တခါမှ မကြုံဖူးဘူးလို့ ဘန်ကောက်မြို့ခံတဦးက ပြောပါတယ်။

ထိုင်းရေကြီး မှုနဲ့ မြန်မာအလုပ်သမား (ရုပ်/သံ)





တရုတ်ဘက်ပို့မည့် ကျောက်စိမ်းနှင့် သစ်တောထွက်ပစ္စည်းများဖမ်းမိ

ကျောက်စိမ်း တုံးများ
တရုတ်နယ်စပ်ဘက် တင်ပို့မည့် ကျောက်စိမ်းနှင့် သစ်တောထွက်ပစ္စည်းများသယ်ဆောင်လာသည့် စိတ် ကြိုက် မော်တော် ယာဉ်လိုင်းပိုင်မှန်လုံယာဉ် တစ်စီးကို မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ အောက်တိုဘာ ၂၄ ရက်နေ့ က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ မှန်လုံယာဉ်ပေါ်တွင် ကျောက်စိမ်း အလေးချိန်ကီလို ၉၀၀ ခန့် နှင့် သင်းခွေချပ်အပါအဝင်သစ်တော ထွက်ပစ္စည်း တချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းယာဉ်အား ထိန်းသိမ်းထားကြောင်း ၁၀၅ မိုင် ၀န်ထမ်းအသိုင်း အဝိုင်းမှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကျောက်စိမ်းက ကီလို ၉၀၀ ပေါ့  တစ်တန်လောက်ရှိတယ် သင်းခွေချပ်နဲ့ သစ်တောထွက်ပစ္စည်းတွေပါ တယ်။ လောလောဆယ်နှစ်ဘက်ညှိနေတုန်းပဲ၊ ယာယီထိန်းသိမ်းထားတာပေါ့၊ ကားသိမ်းတဲ့ အဆင့်တော့ မရှိသေးဘူး ” ဟု ၀န်ထမ်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

မူစယ်နှင့် မန္တလေး အကြား လိုင်းပြေးဆွဲနေသည့် စိတ်ကြိုက်မော်တော်ယာဉ်လိုင်းကို ယခင် ရမခတိုင်းမှူးမှ ကစထမှူးဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၏ ညီတော်သူ ဗိုလ်မှူးအောင်လင်းထွဋ် ပိုင်ဆိုင် ကြောင်း သိရသည်။

သတင်း--- သျှမ်းသံတော်ဆင့်

ဘန်ကောက်လူထု ကယ်ဆယ်ရေးစခန်းခိုလှုံဖို့ မြို့တော်ဝန်အမိန့်ထုတ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ထဲက ရေကြီးနေတဲ့ မြေနိမ့်ပိုင်းနေရာ ၂ ခုမှာနေကြသူတွေကို အိမ်မှာမနေဘဲ အနီးအနားက ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းနေကြဖို့ သက်ဆိုင်ရာက တိုက်တွန်းနေပါတယ်။ အဆောက်အဦးတွေ ရေအောက်ရောက်လုဖြစ်နေတဲ့ Don Muang နဲ့ Bang Phalad အရပ်မှာ နေကြသူတွေကို ဘေးလွတ်ရာ ပြောင်းနေကြဖို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူး ဆူခွန်ဘန် ပရာဘတ် (Sukhumbhand Paribatra) က ဗုဒ္ဒဟူးနေ့ နှောင်းပိုင်းထဲက သတိပေးထားပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ ဒုတိယအကြီးဆုံး Don Muang လေဆိပ်ကိုလဲ ပိတ်ထားပါတယ်။ ဒီသီတင်းပတ်မကုန်ခင် ဘန်ကောက်တမြို့လုံး ရေတွေကြီးနိုင်တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ပြေးနိုင်ကြဖို့လည်း အစိုးရက ၅ ရက် ရုံးပိတ်တယ်လို့ ကြေညာထားပါတယ်။ Bus ကားဂိတ်တွေနဲ့ အဓိက နိုင်ငံတကာလေဆိပ်မှာ လူပေါင်း ထောင်ပေါင်းများစွာနဲ့ အပြည့်ဖြစ်နေပါတယ်။ မြို့ပြင်ထွက်တဲ့ အဝေးပြေးလမ်းမတွေပေါ်မှာလည်း စိုးရိမ်နေကြတဲ့ ခရီးသည်တွေနဲ့ ထောင်နဲ့ချီတဲ့ ကားတွေ ပြည့်ကြပ်နေပါတယ်။ ဒီရေကလည်း တက်နေတဲ့အတွက် ကျောက်ဖရားမြစ်ရေဟာ ကမ်းပါးကို ကျော်လုဆဲဆဲ ဖြစ်နေပါတယ်။ ဒီသတင်းပတ်မကုန်ခင်မှာ ဘန်ကောက်မြို့ထဲက ရေချိန်ဟာ ၅ ပေလောက်ရှိလိမ့်မယ်လို့ ဝန်ကြီးချုပ် Yingluck Shinawatra က ပြောပါတယ်၊ အရင်နှစ်တွေနဲ့ မတူအောင် မုတ်သုန်မိုးတွေရွာခဲ့လို့ ထိုင်းနိုင်ငံမှာ July လလယ်ထဲကစ ရေကြီးနေတာ ဖြစ်ပြီး သေဆုံးသူ ၃၇၃ ယောက် ကျော်သွားပါပြီ။

သတင်း---VOA

ပါတီမှတ်ပုံတင်ဥပဒေပြင်ဆင်ချက် လွှတ်တော် နှစ်ရပ်လုံး အတည်ပြု

ထောင်ဒဏ်ကျခံနေသူတွေကို ပါတီဝင်အဖြစ် မသတ်မှတ်ရဆိုတဲ့အချက် အပါအ၀င် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းတရပ်ကို ဒီကနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ ဒီဥပဒေမူကြမ်းကို လွန်ခဲ့တဲ့အပတ်က အမျိုးသားလွှတ်တော်က အတည်ပြုထားတာလည်း ဖြစ်ပါ တယ်။ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြန်ပြီးတော့ မှတ်ပုံမတင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်ကတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အမှန် တကယ်သွားနေတယ်ဆိုရင် တင်းကျပ်တဲ့ ဥပဒေစည်းမျဉ်းတွေကို ပြုပြင်ဖို့လိုအပ်တယ်လို့ သုံးသပ် ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။ ပြင်ဆင်ချက် ၃ ချက်ပါဝင်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော် အတည်ပြုကြောင်းဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒီလို အတည်ပြုဆုံးဖြတ်လိုက်တဲ့ ဥပဒေမူကြမ်းဟာ အရင် ဥပဒေထက်စာရင် တစုံတရာ တိုးတက်လာတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးသိန်းညွန့်က ပြောပါတယ်။ “ဒီပြင်ဆင်ချက် ၃ ချက်လုံးက အရင် ဥပဒေထက်စာရင် တစုံတရာ တိုးတက်လာတာပေါ့။ အရင်တုံးက ပုဒ်မ ၆ (ဂ) မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး ဆို ရေးထားတယ်။ အခုတော့ လေးစားလိုက်နာရေးဆိုပြီးတော့ ပြင်ဆင်လိုက်တာပေါ့။ အဲလိုပဲ အရင်တုန်းက နိုင်ငံရေးပါတီထဲမှာ ပါတီဝင်တွေဟာ ထောင်ဒဏ်ကျခံနေသူမဟုတ်ရဘူးလို့ ပုဒ်မ ၁၀ (င) မှာ သတ်မှတ်ထား တယ်။ အခုတော့ ဒီ၁၀ (င) ကို ပယ်ဖျက်လိုက်ပြီ။ နိုင်ငံသားအခွင့်အရေးကို ရဖို့အတွက် မူလပြဌာန်းချက်ကို ပယ်ဖျက်တာ။ ဒါကလည်း တိုးတက်လာတာပေါ့” နောက် ပြင်ဆင်တဲ့အချက်တခုကတော့ ပုဒ်မ ၁၂ (က)/၁ ကို ရှင်းလင်းချက် ထပ်ထည့်တာ ဖြစ်ပါတယ်။ ဒီအချက်ကတော့ လွှတ်တော်သက်တမ်းတခုအတွင်းမှာ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် မှတ်ပုံတင်တဲ့ ပါတီတွေဟာ ဒီလွှတ်တော်သက်တမ်းအတွင်း မဲဆန္ဒနယ် ၃၀ ထက်မနည်း ကျင်းပ ကြားဖြတ် ရွေးကောက်ပွဲမှာ အနည်းဆုံး မဲဆန္ဒနယ် ၃ နယ် ၀င်ရောက်ယှဉ်ပြိုင်ရမယ် ဆိုတဲ့အချက် ဖြစ်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။ အရင်ဥပဒေမှာ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၃ နေရာမယှဉ်ပြိုင်နိုင်တဲ့ပါတီတွေကို ပါတီ အဖြစ် ဆက်လက် ရပ်တည်ခွင့် မရှိ ဆိုတဲ့အချက်ကို ရှင်းလင်းချက် ထပ်မံ ဖြည့်စွက်တာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်က ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးအောင်သိန်းကတော့ ထောင်ဒဏ် ကျခံနေသူတွေကို ပါတီဝင်အဖြစ် မသတ်မှတ်ရဆိုတဲ့အချက်ကို ပြင်ဆင်တဲ့အပေါ်မှာ သူ့အမြင်ကို အခုလို ပြောပါတယ်။ “အဲဒီဟာကတော့ တကယ်ကို ပြင်သင့်တဲ့အချက်ပါ။ ပါတီဝင်ရဲဘော်တွေဟာ အကြောင်းအမျိုးမျိုး ကြောင့် ထောင်ထဲမှာ ထောင်ဒဏ်ကျခံနေရတဲ့ အနေအထားမျိုးတွေ ရှိတယ်ဗျာ။ ဒီလူတွေကို ပါတီဝင် စာရင်းထဲတောင် တို့ထားခွင့် မရှိဘူးဆိုရင် သူတို့ရဲ့ နိုင်ငံရေးလုပ်ကိုင်ခဲ့ပြီးတော့ ထောင်ဒဏ်ကျသွား တာတွေကို အပြင်မှာ ရှိနေတဲ့ ရဲဘော်တွေက အသိအမှတ်မပြုတဲ့သဘောမျိုး၊ ပါတီကပါ အသိအမှတ် မပြုအောင်လုပ်တဲ့ တင်းကျပ်တဲ့ အဲဒီဟာကြီး ပယ်ဖျက်လိုက်တာတော့ ကျနော်တို့က ဘာပဲပြောပြော သဘောတူပါတယ်။ ဒါ-ဖျက်လည်း ဖျက်သင့်ပါတယ်။ အဲဒီတင်းကျပ်တဲ့ဟာကြီးနဲ့ သူတို့ ပထမ ရွေးကောက်ပွဲကြီးကို လုပ်ခဲ့သွားတာကိုးဗျ” ဒီ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ထုတ်ပြန်စဉ်က NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ်ချမှတ်ခံရပြီး နေအိမ်အကျယ်ချုပ်ကျခံနေရတာဖြစ်ပါတယ်။ NLD ပါတီကတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ နည်းဥပဒေတွေကို လက်မခံတာကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မှတ်ပုံမတင်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေမူကြမ်း အတည်ပြုကြောင်း ဆုံးဖြတ်တဲ့အပေါ်မှာတော့ ဦးအောင်သိန်းက အခုလို သုံးသပ်ပါတယ်။ “လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးကို ဆောင်ရွက်ဖို့ အားလုံး နိုင်ငံသားတွေမှာ တာဝန်ရှိသလို ကျနော်တို့ ပါတီတွေမှာလည်း တာဝန်ရှိပါတယ်။ ဒါပေမဲ့ တင်းကျပ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ် စည်းကမ်း ဥပဒေတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေဟာ ပါတီ တရပ် ရပ်တည်ပိုင်ခွင့်ကို ပိတ်ပင်တားဆီးနိုင်တဲ့ဟာတွေကို မလျှော့ပေးဘူး၊ ဆက်သွားမယ် ဆိုရင်တော့ ကျနော်တို့ ဒီကနေ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေပါတယ်ဆိုတဲ့ ဖွဲ့စည်းပုံကြီးဟာ အဟောသိကံ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ပြုသာပြင်သာမှန်သမျှကို ပြုသာပြင်သာဖြစ်အောင် လုပ်ကိုလုပ်ရမယ့် တာဝန်တွေဟာ ကျနော်တို့နိုင်ငံသူ နိုင်ငံသားတွေမှာရှိသလို ပါတီတွေမှာလည်း ရှိတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီလို ပြင်ဆင်ပြောင်းလဲတာကြောင့် ပါတီမှတ်ပုံပြန်တင် မတင်ဆိုတာ ကတော့ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်တွေ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အောက်တိုဘာလ ၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီလ ၁၈ ရက်နေ့က အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ဒီကနေ့မှာ ပြည်ထောင်စုလွှတ်တော်က ထပ်မံ အတည်ပြုလိုက်တာဖြစ်ပါတယ်။ သတင်း---VOA

လယ်သမား ဆန္ဒပြပွဲမှာ ၄ ဦး ထိန်းသိမ်းခံရ

လယ်သမားများ ဆန္ဒပြ (ရုပ်သံ) DVB အဲဒီ ဆန္ဒပြပွဲမှာ ၄ ဦး ထိန်းသိမ်းခံရ ထွန်းနေအောင်(မြစ်မခ) အောက်တိုဘာလ(၂၇)ရက်နေ့ နံနက်ပိုင်း၊ ၉နာရီမိနစ် ၃၀ ကျော်ခန့်အချိန်တွင် ဗိုလ်တထောင်မြို့နယ် အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် လူ(၅၆)ဦးပါ ၀င်သည့် ဆန္ဒပြပွဲတခုဖြစ်ပွားခဲ့ကြောင်းသတင်း ရရှိသည်။ အဆိုပါဆန္ဒပြပွဲအား ရှေ့နေရန်နိုင်အောင်(ခ)ဖိုးဖြူမှ ဦးဆောင်၍လူ ၅၆ ဦးပါဝင်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်တွင် လယ်ယာမြေဥပဒေလ/န(၃၉)အားပြင်ဆင်ရန်ကြန့် ကြာနေ ခြင်းကြောင့် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ကြားသိရသည်။ ဆန္ဒပြချိန်တွင် တာဝန် ကျရဲမှူးနှင့်ဦးဆောင်သူရှေ့နေတို့မှ အပြန်အလှန်အချင်းများခဲ့ကြောင်း၊ ထို့ပြင် လုံထိန်းများမှ ဆန္ဒပြသူများထဲမှ အမျိုးသား လေးဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

နေပြည်တော်၌ မိုးကြိုးများ ဆက်တိုက်ပစ်


နေပြည်တော်ပျဉ်းမနားမြို့တွင် ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းပြီးမိုးကြိုး ဆက်တိုက်ပစ်ချခဲ့ကြောင်း ပျဉ်းမနားဒေသခံများက ပြောသည်။
”မိုးကြိုးပစ်တာ ကြုံဖူးပါတယ်။ ဒါပေမဲ့ဒီလောက်ကြီးငါးကြိမ်ဆက်တိုက် ပစ်တာမျိုး တစ်သက်မှာဒါပထမဆုံး ပါပဲ”ဟု ဒေသခံတစ်ဦးကဆိုသည်။
၎င်းကဆက်လက်၍ ”ထူးခြားလို့ အိမ်မှာ မှောင်ထဲထိုင်ပြီး လျှပ်စီးလက်တာကို ထိုင်ရေတာ တစ်နာရီအတွင်းမှာတင် အကြိမ်နှစ်ရာနဲ့သုံးဆယ်ကျော်ရှိတယ်”ဟုပြောသည်။
အဆိုပါ မိုးကြိုးပစ်ခတ်မှုကြောင့် ပျဉ်းမနားမြို့ရန်အောင် ၂၂ ရပ်ကွက်၌ အုန်းပင်သုံးပင် ပျက်စီးခဲ့ပြီး တာဝန်ရှိသူများမှ လာရောက် စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။ ယင်းနေ့၌  ကျွဲဆည်ကန်ကျိုးသည့် သတင်းများထွက်ပေါ်ခဲ့ရာ အမှန်မှာ ငလိုက်ဆည် ကန်ပေါင်ပေါ်သို့ ရေ ကျော်ခြင်းသာဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စွမ်းရဲထွဋ်




ချိုကျိုးနွားလား ဒွန်းစဏ္ဍားနဲ့ ခေတ်သစ် လောက်ဖျားများ


(၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က ဖေါ်ပြခဲ့တဲ့ ဆောင်းပါးကို ပြန်လည်းတင်ဆက်ခြင်း ဖြစ်ပါတယ်)
လောက်ဖျားဆိုလို့ မွန်ရာဇဝင်လာ မြောင်းမြစား လောက်ဖျားအကြောင်း ပြောမလို့ မဟုတ်ပါ။ သစ္စာဖောက် လောက် ကောင်လို့ တင်စားခဲ့ရတဲ့ လောက်တွေတောင် ကြားရင်ဖြုံသွား၊ ဖျားသွားလောက်တဲ့ ကျုပ်တို့ တော်လှန်ရေးထဲက ဖောက်ပြန်နိုင်လွန်း၊ စားဝါးနိုင်လွန်း၊ ကိုယ်မှီခိုရာကို ကိုယ် ဖျက်ဆီးနိုင်လွန်းတဲ့ လောက်ဖျားတွေအကြောင်း ပြောမလို့ပါ။
ဗမာစကားမှာ “ငါးပိနဲ့ လောက်၊ စိန်နဲ့ ကျောက်” လို့ ဆိုရိုးစကားတခုရှိတယ်။ အကောင်းထဲမှာ အဆိုး၊ အဆိုးထဲမှာ အ ကောင်းရှိတတ်တာကို ရည်ညွန်းပြီး ဆိုတာပါ။ အဆိုးနဲ့အကောင်း ဒွန်တွဲရှိတတ်တဲ့ လောကဓမ္မ သဘာဝကို ဖော်ပြတာ လို့လည်း ပြောနိုင်ပါတယ်။
ငါးပိဆိုတာကတော့ မြေပြန့်နေ ဗမာတိုင်းရင်းသားအားလုံးအတွက် အကောင်းဆုံး ခံတွင်းမိန် စားဖွယ်အာဟာရ ပါပဲ။ အဲ ဒီလောက်ကောင်းတဲ့ ငါးပိထဲမှာ စက်ဆုတ်ရွံရှာ မသတီဖွယ်ရာလောက်တွေ ပေါက်ဖွား ကိန်းအောင်းနေလေ့ရှိတယ်။ ဇီ ဝဗေဒသဘောအရတော့ လောက်လန်းဆိုတာ အတောင်ပါ ပျံသန်းနိုင်တဲ့ ယင်လို ပျားလို အင်းဆက်ပိုးမွှားတွေရဲ့ သန္ဓေ သားလောင်းတွေ။ ဒီလောက်လန်းတွေဟာ ငါးပိအပြင် သစ်သီးသစ်ဥတို့၊ မစင် အညစ်အကြေး၊ အပုပ်အစပ်များ၊ သတ္တဝါ အသေကောင်တွေ၊ ထိခိုက်ဒဏ်ရာတွေကတဆင့် ဝင်ရောက်ပြီး သက်ရှင်နေတဲ့ သတ္တဝါတွေရဲ့ ခန္ဓာကိုယ်တွေမှာ မှီခိုကြီး ပွားကြတယ်။
ဒီလောက်တွေရဲ့ သဘာဝကိုက သူတို့ မှီခိုကျင်လည်ရာကို စားသောက်ဖျက်ဆီးပြီး ရှင်သန်ကြရတယ်။ လောက်တွေဟာ ခိုလှုံရာ အဆောက်အဦရဲ့ အတွင်းကျကျ အချက်အချာတွေမှာ စွဲမှီတတ်တော့ တော်ရုံနဲ့တော့ မထင်သာ မမြင်သာပေ ဘူး။ ထင်သာမြင်သာ ဖြစ်ပြီဆိုရင်တော့ အဲဒီခန္ဓာ၊ အဲဒီသတ္တဝါ အတော်အခြေအနေဆိုးသွားပြီ။ ဒီတော့ လောက်တွယ် ရင်ပဲ အဲဒီသတ္တဝါ သေမယ်သာ ပြင်ပေတော့။
ကျုပ်တို့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ထူထောင်ရေး၊ တော်လှန်ရေးဆိုတဲ့ အပုပ်နံ့တထောင်း ထောင်းနဲ့ ငါး ပိအိုးကြီးလည်း အနှစ် (၂၀) ကြာ အတွင်းကြိတ် လှိုက်စားလာခဲ့တာ အခုတော့ ကိုယ်မှီခိုရာကိုဖျက်တဲ့ မသတီစရာ လောက်ကောင်တွေ ဖုံးဖိမရ ပေါ်လာကြပြီ။ တချို့လောက်ကောင်တွေဆို ကြောက်ခမန်းလိလိ အစွယ်ပြူးပြူးနဲ့ အမွှေး တွေတောင် ထောင်ထလို့။ တော်လှန်ရေးရဲ့ ထိပ်တန်းနေရာတွေမှာ အနှစ် (၂၀) ကျော် မှိန်းနေပြီး ရသမျှအခွင့်အရေး တွေကို သုံးစားကြီးထွားလာကြတာပေါ့။ ဒီတော့ တော်လှန်ရေး ဒီရေ ရှေ့မရောက် နောက်ပြန်လျှောကျတာ အဆန်းတ ကြယ်မဟုတ်ပါဘူး။ ကျုပ်တို့ကိုယ်ကလည်း ညံ့ပါတယ်။ တံဆိပ်ကောင်းတာနဲ့ ခေါင်းဆောင်တင်မိတာကိုး။ ကုလားဖြူ စကားလည်းတတ်၊ နာမည်လည်းကျော်တယ်ဆို တကယ်တော်တယ် ထင်မိတာပဲ။ ပစ္စည်းကောင်းဖို့မလို ကြော်ငြာ ကောင်းရင် နာမည်ကျော် လူကြိုက်များနိုင်တာ အနှစ် (၂၀) ကြာမှပဲ သိတော့တယ်။ ဒီတော့ ကျုပ်တို့အဖြစ်က အရပ် ပျက်တွေနဲ့ ဇာတ်ထွက်ခဲ့သလို၊ အခုတော့ ပြည်တည်မရ ဇာတ်ပျက်ခဲ့ပြီ။
အနှီ ပုဂ္ဂိုလ်အားလုံးဟာ တော်လှန်ရေး ဒီရေမြင့်စဉ်ကတော့ မိုးအောက်မြေပြင်မှာ သူတို့အပြင် မရှိသလောက် ရဲရဲ တောက် ခေါင်းဆောင်ကြီးတွေပေါ့။ အခုတော့ အချိန်ကလည်းကြာ တဘက်မှာကလည်း စစ်ကျွန်ခလောက်နဲ့ အမတ် လောက်တော့ ဖြစ်နိုင်တဲ့ အခွင့်အရေးလေးတွေလည်း မြင်လာ၊ တခြားတဘက်မှာလည်း ဗမာပြည်ထဲ ဝင်ချင်လွန်းလှဖြစ် နေတဲ့ အန်ဂျီအိုတွေရဲ့ ငွေထုတ်တွေကိုလည်း မြင်လာတော့ တချို့က ပြောင်ပြောင်တင်းတင်း၊ တချို့က မသိမသာ၊ တ ချို့က ခိုးကြောင်ခိုးဝှက်နဲ့ စစ်ကျွန်ရွေးကောက်ပွဲကို ထောက်ခံလာကြပြီ။ စစ်မိစ္ဆာတွေကို မျက်နှာချိုသွေးနေကြပြီ။ “ချို ကျိုးနွားလား ဒွန်းစဏ္ဍား” လို စစ်ဖိနပ်ကို လျှာနဲ့ လျက်ကုန်ကြပြီ။
အဲဒီအထဲက ပြည်တွင်းမှာ လုပ်နေရတဲ့ လူတွေကတော့ ထားပါတော့။ သူ့အခြေအနေနဲ့သူ ကိုယ်လည်းမသိနိုင်တဲ့ အခြေ အနေ။ ဒါပေမယ့် အော့နှလုံးနာစရာ ကောင်းတာကတော့ ပြည်ပက ဆရာကြီးတွေ၊ လူတတ်တွေနဲ့ သတင်းသမားတချို့ ပါပဲ။ သူတို့ခင်ဗျာ တလျှောက်လုံး ခံစားလာတဲ့ လေယာဉ်ပျံလေး စီးလိုက်၊ အစည်းအဝေးလေး တက်လိုက်၊ ဝီစကီလေး စုပ်လိုက်၊ ချီးလေး ကိုက်လိုက်၊ အလံရှူးသတင်းသမားတွေနဲ့ ပင်းပြီး နိုင်ငံရေးဟောကိန်းတွေ ထင်မြင်ချက်တွေပေး လိုက်နဲ့ ယစ်နေတဲ့ စည်းစိမ်လေးတွေ လက်လွတ် မခံနိုင်တာနဲ့ဘဲ အထက်ဆရာ့ဆရာကြီးတွေရဲ့ လေသံအတိုင်း ဒီမို ကရေစီ သင်းကွပ်မဲ့ စစ်ကျွန်ရွေးကောက်ပွဲကို ထောက်ခံအားပေးလာကြတာပဲ။ ရွေးကောက်ပွဲဝင်မှပဲ လက်တွေ့ကျတဲ့ နိုင်ငံရေးလိုလို အထဲက စစ်ကျွန် ကူလီခေါင်း မောင်စူးစမ်းတို့ သခင်တင်မြတို့ရဲ့လေကို အပြင်မှာ တာဝန်ခံဖြန့်ကြတယ်။
အကောင်ကြီးမို့ အထင်အရှားဆုံးက ဟန်ညောင်ရွှေပါ။ ပြည်တွင်းတိုင်းရင်းသား စောင့်ကြည့်ရေးအဖွဲ့က စားဖား အချောင် သမားလို့ ထိပ်ဆုံးမှာ စာရင်းတင်ထားပါတယ်။ သွားလေသူ သမ္မတကြီးကို အားတုံ့အားနာ ၀န္ဒနာလို့ ညောင်ရွှေဆိုတာ ဖြတ်ပြီး “ဟန်” လို့ပဲ သုံးချင်ပါတယ်။ ဟန်ဆိုတာ ရှစ်လေးလုံးမတိုင်ခင်ထဲက ပြည်ပရောက်ပြီး မိဘဂုဏ်သရေကို အသုံး ချပြီး အဖွဲ့အစည်းပေါင်းစုံမှာ လှုပ်ရှားလုပ်စားခဲ့သူပါ။ လူဖြူတွေနဲ့ ဆက်ဆံရေးကျွမ်းကျင်ပြီး အရည်အသွေးလည်းရှိလို့ အများက မျှော်လင့်အားကိုးခဲ့ရသူပါ။ သို့သော် စေတနာကောင်း မကောင်းကတော့ မေးခွန်းထုတ်စရာ၊ သံသယဖြစ်စရာ သက်သေအများကြီးပါ။ တဖွဲ့မချောင် တဖွဲ့ထောင်နဲ့ အခုနောက်ဆုံး ဥရောပ EBO အဖွဲ့ပါ။
ဟိုတုန်းကတော့ ဗမာပြည်ပြဿနာ အဖြေရှာဖို့ဆိုတာ သုံးပွင့်ဆိုင်မှ သုံးပွင့်ဆိုင်၊ သုံးပွင့်မဆိုင်ရင် လူနည်းစု တိုင်းရင်း သားတွေမှာ ဘဝနစ်နာ ဆုံးရှုံးရချေရဲ့လို့ ပြင်းထန်တဲ့ သဘောထားတွေနဲ့ လက်ရှိဗမာပြည် ပြဿနာဟာ ဖွဲ့စည်းပုံပြဿ နာလို့ ပြောခဲ့ပြီးကာမှ အခုတော့ စစ်ကျွန်ဖွဲ့စည်းပုံအတိုင်းလုပ်မယ့် ရွေးကောက်ပွဲ၊ စစ်ကျွန်ဖွဲ့စည်းပုံကို အတည်ပြုမယ့် ရွေးကောက်ပွဲကို ပကတိအခြေအနေမှန်လို့ မြင်ပြီးသကာလ ရွေးကောက်ပွဲဟာ အခွင့်အရေးဖြစ်လို့ ဝင်ရမည်လို့ ဆိုလာ ပြန်ပြီ။
ဒီလောက် ရှေ့စကား၊ နောက်စကား ဖီလာတရားတွေ ဘယ်လိုကြောင့် ပေါ်လာသလဲ။ အခွင့်အရေးကြောင့်လား၊ နေရာ ကြောင့်လား၊ အထက်ဆရာ့ဆရာကြီးတွေ အမိန့်ကြောင့်လား၊ ဘာကြောင့် ပြောင်းသွားသလဲ စဉ်းစားရ အတော်ခက် လှ တယ်။ အခုကိုပဲ နိုင်ငံတကာ ကူငွေတွေနဲ့ ဟန်တို့ အစီအစဉ်အတိုင်း ရန်ကုန်၊ မန္တလေးတွေမှာ ရွေးကောက်ပွဲပညာပေး ဟောပြောပွဲတွေ၊ သင်တန်းတွေ စလုပ်နေပြီ ကြားရတယ်။ အတွင်းအပြင်က ချိုကျိုးနွားလား ဒွန်းစဏ္ဍားတွေ ချိတ်ဆက် မိနေကြပြီ ဆိုတဲ့သဘောပေါ့။ နအဖ စစ်ထောက်လှမ်းရေးတွေနဲ့ကော ဘယ်လောက်ထိ နားလည်မူယူထားတယ် ဆိုတာ ဟာလည်း ဆက်စဉ်းစားရမယ့်အချက် ဖြစ်ပါတယ်။
ဟန်ဟာEBO နာမည်နဲ့ ဗမာပြည်သူတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာအလှူရှင်တွေရဲ့ သန်းပေါင်းများစွာသော ယူရိုငွေတွေ ကို ဆယ်နှစ်ကျော် တကိုယ်တော် ထင်ရာကြဲခဲ့သူပါ။ အခုတော့ အပုပ်နံ့တထောင်းထောင်းနဲ့ လူပြောသူ ပြောများလာလို့ ဆယ်နှစ်စာ အစီရင်ခံစာတခု ထွက်လာပါတယ်။ မဟုတ်မဟတ် လုပ်ဇာတ်တွေနဲ့ စီရင်ထားတဲ့ အစီရင် ခံစာထဲမှာတောင် မတော်မတရား အလွဲသုံး စားမှုတွေ၊ မရိုးသားမှုတွေက ဘူးပေါ်သလို ပေါ်နေတုန်းပဲ။
သူ့အစီရင်ခံစာအတိုင်းဆိုရင် ဒီအဖွဲ့ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေက ခိုးကြောင်ခိုးဝှက် နိုင်လှ တယ်။ ၁၉၉၇ မှာ ဒီအဖွဲ့ကို ကနေဒါက အဖွဲ့လေးတခုကို အခြေခံဖွဲ့တယ်လို့ဆိုတယ်။ အဲဒီအချိန်က ဟန် ဟာ NCGUB လို့ခေါ်တဲ့ နဂုတ်မှာ အကြံပေးလုပ်နေပြီး NCUB နကပ်မှာလည်း လုပ်နေချိန်ပေါ့။ ဒီလိုအဖွဲ့အစည်းကြီးတွေ ရှိနေပြီးသား၊ သူကိုယ်တိုင်လည်း ပါနေပြီးသား အခြေအနေမှာ နိုင်ငံတကာ အလှူငွေတွေကို ဗမာပြည်ကိုယ်စားပြု လက်ခံအသုံးပြု မယ့် ဒီ EBO အဖွဲ့က မထင်မရှား ကနေဒါက အဖွဲ့လေးကို အခြေခံဖွဲ့ထားတယ်ဆိုတာ တော်တော်စဉ်းစားရကျပ်ပါတယ်။ ဘာကြောင့်ဘယ်လိုဆိုတာ သက်ဆိုင်သူ ကာယကံရှင်တွေသာ သိနိုင်ပါတယ်။
အဆိုးဆုံးကတော့ အဲဒီအဖွဲ့ကို ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့တယ်ဆိုတာ သိသာရှင်းလင်းခြင်း မရှိတာဘဲ။ ဗမာပြည်သူတွေ လွတ်မြောက် ရေးအတွက် ရည်စူးတဲ့ နိုင်ငံတကာအလှူရှင်တွေရဲ့ ငွေကို လက်ခံသုံးစွဲမယ့် အဖွဲ့အစည်းရဲ့ ပေါ်ပေါက် လာပုံ၊ ဖွဲ့စည်းပုံက ခါးပိုက်နှိုက် ဂိုဏ်းလိုလို၊ စောရဖောက်ထွင်းဂိုဏ်းလိုလို ပါပဲ။
အလှူငွေ ယူရိုသန်းပေါင်းများစွာ ပြုန်းတီးသွားခဲ့ရပေမယ့် ဗမာပြည်လွတ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့တာ၊ လုပ်နိုင် ခဲ့တာ ဘာတခုမှ လောက်လောက်လားလား ပြစရာမရှိပါဘူး။ အရေးတော်ပုံနဲ့ မပတ်သက်တဲ့ နှုတ်ပိတ်ခေါင်းညိတ်တွေ ကို ဝန်ထမ်းခန့်၊ ကိုယ့်ကိုယ်ကိုယ် မတန်တဆ လုပ်ခလစာတွေပေးနဲ့ ခိုးခြင်း (၂၅) ပါးနဲ့အညီ စောရဇာတ်ထုတ်ခင်းလာ လိုက်တာ (၁၀) နှစ်ကျော်ကြာလာ တော့ မျိုးဖျက်မိစ္ဆာ နအဖ သန်းရွှေတို့ရဲ့ ရာသက်ပန် စစ်အာဏာရှင် တည်မြဲရေးလုပ် ငန်းတွေကို ပြောင်ပြောင်တင်းတင်း ထောက်ခံလာတဲ့အထိ အတင့်ရဲလာတယ်။
သူ့အစီရင်ခံစာထဲက ကိုယ့်အနီးက ဒေလီအီးယူရုံးဆိုတာ ၂၀၀၄ လောက်ကမှ စဖွင့်တယ်။ နှုတ်ပိတ်ခေါင်းညိတ် အိန္ဒိယ နိုင်ငံသားတွေနဲ့ ဖွဲ့တယ်။ ABSL စည်းရုံးတည်ဆောက်ထားတဲ့ နိုင်ငံရေးဂွင်ထဲက လူပုဂ္ဂိုလ်အဖွဲ့ အစည်းတွေကြားမှာပဲ မရိုးမသား ထိုးဖောက် ချဉ်းကပ်ပြီး စားရင်တင် ဓာတ်ပုံရိုက် နှမ်းဖြူးပြီး ကိုယ်လုပ်သလိုလို ဟိတ်ထုတ်တယ်။ အစီရင်ခံ စာထဲမှာ ဖော်ပြထားတဲ့ ဒေလီအီးယူရဲ့ လုပ်ငန်းဆောင်ရွက်ချက်များဆိုတာ အဲဒါပါပဲ။ ငွေအမြောက်အမြား ဖြုန်းတီးခဲ့ ပေမယ့် ABSL တည်ဆောက်ခဲ့တဲ့ နိုင်ငံရေးထက် ထူးကဲသာလွန် ဆောင်ရွက်နိုင်ခဲ့တာ ဘာမှမရှိပါဘူး။ ဒီနေ့ အိန္ဒိယ ရောက် မြန်မာ့ဒီမိုကရေစီအင်းစုများရဲ့လှုပ်ရှားမှုဆိုတာ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်အထိ သန်သန်မာမာ လှုပ်ရှားခဲ့တဲ့ ABSL ရဲ့ ထိုးဖောက်တည်ဆောက်ခဲ့တဲ့ လှုပ်ရှားဂွင်ထဲမှာပဲ တဝဲလည်လည် လှုပ်ရှားမှုတွေ ဖြစ်တယ်။
တခြားမြင်မိတဲ့ EBO ရဲ့ လှုပ်ရှားမှုကတော့ လွန်ခဲ့တဲ့ လေးငါးနှစ်ကစလို့ နအဖစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဆန့် ကျင်ရေး၊ ရွေးကောက်ပွဲထောက်ခံရေး (မသိမသာ) ဆွေးနွေးပွဲတွေ၊ ညီလာခံတွေကို ဥရောပမှာ အသွင်တူ ပုလင်းတူဗူး ဆို့ အမြီးပြတ်တွေ၊ ဒေါက်တာခင်ဇော်ဝင်းတို့၊ ဒေါက်တာဇာနည်တို့၊ နေဝင်းမောင်တို့လို နအဖ အလိုတော်ရိတွေနဲ့ တ ခြိမ်းခြိမ်း ပွဲခံခဲ့တယ်။ ပြီးတော့ ဒူးထောက်ရေးလမ်းစဉ်ကို နယ်စပ်အခြေစိုက်အဖွဲ့ အစည်းတွေကပဲ ထောက်ခံနေသ ယောင် မျက်လှည့်ပြဖို့ ခေါင်းဆောင်တချို့ကို ဖဲ့စည်းရုံးတယ်။ စစ်ကျွန်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လူ မျိုးများကောင်စီရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှုးတို့ တယောက်က ဆန့်ကျင်၊ တယောက်က ကန့်ကွက်နဲ့ ဖီလာဆန့်ကျင် ကြေ ငြာချက်တွေ ထုတ်ခဲ့ကြတာကို မှတ်မိကြအုံးမှာပါ။ ဒါဟာ ဟန်ရဲ့ လုပ်စားရိုက်ချက်ဆိုတာ လူတိုင်းသိပါတယ်။
တိုင်းပြည်ထဲမှာ ဒီမိုကရေစီ စာလုံးပါတဲ့ စာတစောင် မိရင်တောင် ထောင်အနှစ် (၂၀) ကြမ်းခင်း ဈေးပေါက်နေချိန်မှာ ခင်ဇော်ဝင်း၊ ဇာနည်တို့ နေဝင်းမောင်တို့လိုလူတွေ ပြည်ပကို ဝင်ချီထွက်ချီ လုပ်နေနိုင်တာ၊ ဟန်တို့လို ပြည်ပအတိုက်ခံ ခေါင်းဆောင်ဆိုသူတွေနဲ့ ဒူးတိုက်တွေ့ဆုံဆွေးနွေး ညီလာခံနိုင်နေတာဟာ စစ်အုပ်စုရဲ့ သဘောထားကြီးမှုလည်း မဟုတ် သလို၊ ညံ့ဖျင်းမှုလည်း မဟုတ်တာ သေချာပါတယ်။ နောက်ပိုသေချာတာကတော့ ဟန်တို့ နေဝင်းမောင်တို့ လုပ်သမျှကို စစ်မိစ္ဆာတွေက သဘောကျ အားရတယ်ဆိုတာ ပါပဲ။
ကောင်းခြင်းဆိုးခြင်း၊ လက်ခံလိုခြင်း လက်မခံလိုခြင်း၊ ကြိုက်ခြင်း မကြိုက်ခြင်းများနဲ့ ဒွန်တွဲနေတဲ့ အမှန်တရားဆိုတာ ကိုယ့်သီလ ကိုယ် စိတ်ချယုံကြည်သူတွေမှ ရဲရဲရှုမြင်ခြင်း၊ လက်ခံခြင်း၊ တုံ့ပြန်ခြင်းအမှုတွေကို တတ်နိုင်ပါတယ်။ မှန်ကန် ခြင်းနဲ့ ရဲရင့်ခြင်းဆိုတာ တိုက်ရိုက်အချိုးနဲ့ ဆက်စပ်နေတယ်။ ရဲရင့်မှုက မှန်ကန်မှုကို ဖြစ်ပေါ်စေသလို၊ မှန်ကန်ခြင်းက ယုံကြည်မှုနဲ့ ရဲရင့်ခြင်းကို ဖြစ်ပေါ်စေတယ်။ မှန်ကန်မှ ရဲရင့်တယ်။
ဗိုလ်ချုပ်အောင်ဆန်းကတော့ “ကိုယ့်ကိုယ်ကိုယ် မယုံတဲ့သူဟာ ဘယ်အခါမှ တခြားသူကို မယုံဘူး။ တိုင်းသူ ပြည်သား ကိုလည်း မယုံဘူး။ ခေါင်းဆောင်တွေဟာ သူယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ်၊ ရှင်းပြရဲရမယ်၊ ရှင်းပြနိုင်ရမယ်။ အသက်စွန့်သင့်တယ်ထင်တဲ့ နေရာမယ် စွန့်ရမယ်၊ ပရိယာယ်သုံးသင့်တဲ့ နေရာမယ် သုံးရမယ်၊ ဘယ် ကိစ္စမဆို လုပ်ရင်မှားတယ်၊ မှန်တယ်ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်” လို့ ဆိုခဲ့ပါတယ်။ အခု ဟန်တို့ရဲ့ လုပ်ရပ်တွေ ကတော့ မမှန်လို့ မရဲလေသလား၊ မရဲလို့ မမှန် လေသလားမသိ။ ခိုး ကြောင်ခိုးဝှက် နိုင်လွန်းလှတယ်။
ဒီလောက်ဖောက်ပြန်တဲ့ ဟန်ရဲ့ လုပ်ရပ်တွေကို အများတကာ ခေါင်းဆောင်အမည်ခံတို့ ရေငုံနှုတ်ပိတ်နေနိုင် ကြတာကို အစီရင်ခံပါ (၂၀၀) ကျော် စာရင်းပေါက်တဲ့ ဟန်ရဲ့ လက်ဝေခံ အဖွဲ့အစည်းစာရင်းကိုတွေ့မှ သဘောပေါက်မိတယ်။ အသံ မထွက်နိုင်တဲ့ ပိတ်ဆို့မှုတွေ ပါးစပ်ပေါက်မှာ ရှိနေပြီကိုး။ ဒီတော့ ကျုပ်တို့ရဲ့ ပြည်ပတော်လှန်ရေး၊ နယ်ခြားတော်လှန်ရေး နှစ် (၂၀) ခရီးဆိုတာလည်း အထက်မှာပြောခဲ့သလို လောက်ကျပျက်စ်ီး ဇာတ်ပျက်ခဲ့ပြီ။ ရေငုံနှုတ်ပိတ်နေတတ်တဲ့ တပ် ပေါင်းစုခေါင်းဆောင်တွေရဲ့ သူခိုး နွားကောင်းမသိ ဉာဉ်ဆိုးကြောင့် အသက်အသွေးချွေးများနဲ့ ရင်းနှီးခဲ့ရတဲ့ ကျုပ်တို့ တော်လှန်ရေးကြီး ဂုဏ်သရေညစ်နွမ်း ဆုံးခန်းတိုင်ခဲ့ပြီ။
တောသား တောင်သူလယ်သမားတွေအတွက်တော့ နွားဆိုတာ အဖိုးတန်ရတနာတပါးပါပဲ။တောသားမှန်ရင် နွားကောင်း နွားဆိုး ခွဲခြားတတ်တယ်။ နွားကောင်းကို တန်ဘိုးထားတတ်တယ်။သူခိုးဆိုတာကတော့ နွားမြင်ရင် အသားပဲထင်တယ်။ အဆိုးအကောင်းမသိ စားဖို့ပဲသိ၊ တန်ဘိုးမထားဖြစ်တာ သဘာဝပေါ့။ ဒီတော့ ကျုပ်တို့ခေါင်းဆောင်တွေဆိုတာ နွားနဲ့ သပိတ်ထဲက ညိုမြအပြောနဲ့ “မျိုးချစ် စိတ်ရှိကြောင်း ဟစ်ကြ၏၊ ညီညာမှ ပြည်သာမည်ဟု အော်ကြ၏၊ ဤသို့ ပြောဆို ကြွေးကြော် ဟစ်အော်သူတို့အား မြင့်မြတ်သည့် ပုဂ္ဂိုလ်တွေဟု ထင်စရာအကြောင်းရှိသော်လည်း အများအားဖြင့် စဖြီး များသာ ဖြစ်ကုန်၏။” လို့ ဆိုရမယ့် ခေါင်းဆောင်တွေပေါ့။
ဟန်ရဲ့လက်ဝေခံ အဖွဲ့အစည်းစာရင်းအရ ကြားတောင်မကြားမိဘူးတဲ့ ထူးထူးဆန်းဆန်း အဖွဲ့အစည်းတွေကြားမှာ ထိပ် တန်းအဖွဲ့ အစည်းကြီးတွေလည်း ပါနေတာတွေ့ရတယ်။ သစ္စာဖောက်ခံလိုက်ရတဲ့ ရောမအင်ပါယာရှင် ဂျုးလီးယက်ဆီဇာ ရဲ့ သေခါနီးစကားကိုပဲ သံယောင် ရေရွတ်နိုင်ပါတော့တယ်။
ဆီဇာက “သြော် ဘရုတပ် မင်းလည်း ပါသကိုး (Et tu, Brute) တဲ့။ ”
ရဲဘော်ကျော်သန်း
Kyaw_than2004@yahoo.com
စာကြွင်း… ဘရုတပ်ဆိုတာ ဂျူးလီးယက်ဆီဇာအား ပုန်ကန်သူ မြို့စားတဦးကို တိုက်ခိုက်အနိုင်ယူ အသက်ကယ်ပြီး ဆီး နိတ်တာအထိ ချီးမြှောက်ခံခဲ့ရတဲ့ သူတယောက်ပါ။ ဂျူးလီးယက်ဆီဇာက အကြွင်းမဲ့ ယုံကြည်ခံထားရပြီး လုပ်ကြံမူမှာ ဘရုတပ် ကိုယ်တိုင်ပါနေတာကို သိတဲ့အချိန်မှာ ဆီဇာက တအံ့တသြနဲ့ အထက်ပါအတိုင်း ရေရွက်ပြီးတော့ သေဆုံး သွားခဲ့ရပါတယ်။
မှတ်ချက် … EBO အစီရင်ခံစာအား ရယူလိုသူများအား မျှဝေနိုင်ပါသည်။ တိုက်ရိုက်ပို့ပေးပါမည်။

လေပြင်းတိုက်၍ အိန္ဒိယသို့မျောပါသွားသည့် ဖျာပုံရေလုပ်သား ၁၃၅ ဦး လေယာဉ်အခက်အခဲကြောင့် ပြန်မလာနိုင်သေး

အိန္ဒိယနိုင်ငံ၊ ပို့ဗလဲမြို့ရောက် ဖျာပုံမြို့မှ ကျန်ရှိသူရေလုပ်သား ၁၃၅ ဦး လေယာဉ်အပြောင်းအလဲ ကြောင့် ပြန်ရောက်ချိန်ကြန့်ကြာနေ ရကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
ပြန်ရောက်ချိန် ကြန့်ကြာနေသော ရေလုပ်သားများနှင့် ပတ်သက်၍ ၄င်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်က ”ရေလုပ်သား ၁၃၅ ဦးကို အဲပုဂံစင်းလုံး ငှားပြီး ပြန်ခေါ်မယ်လုပ်ထားတာ၊ဒါပေမဲ့အိန္ဒိယ၊ ပို့ဗလဲမြို့မှာက အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတိုင်း ဆင်းသက်လို့မရဘူး၊ အိန္ဒိယစစ်တပ်ဖြစ်နေ တဲ့အတွက် ကြောင့်ပါ၊ အခုပြန်ခေါ် မယ်ဆိုရင် မြန်မာ့လေကြောင်းလိုင်း နဲ့ခေါ်မယ်၊ အဲဒီအတွက် နှစ်နိုင်ငံ အစိုးရချင်းပြန်ပြီးညှိနှိုင်းနေပါတယ်” ဟု ပြောသည်။
အဆိုပါ ရေလုပ်သားများကို စက်တင်ဘာလလယ်တွင် အဲပုဂံလေယာဉ်ဖြင့် ပြန်ခေါ်မည်ဟု ပြင်ဆင်ထားခဲ့သော်လည်း လိုင်းပြန်လည် ပြင်ဆင်ပြောင်းလဲလိုက်ခြင်း ကြောင့် နှစ်နိုင်ငံ အစိုးရချင်း ပြန်လည်ဆွေးနွေးနေရ၍ ယခုကဲ့သို့ကြာမြင့်နေခြင်း ဖြစ်ကြောင်း အထက်ပါ အဖွဲ့ချုပ်မှ သိရသည်။
မြန်မာ့လေကြောင်းလိုင်းနှင့် ပြန်လည်ခေါ်ယူမည့် ကိစ္စနှင့် ပတ်သက်၍ ဝါရင့်လေယာဉ်မှူး တစ်ဦးက အိန္ဒိယနိုင်ငံရောက် ရေလုပ်သား၎ဝဝကျော်ကိုအောက်တို ဘာ ၂၄ ရက်တွင် ပြန်ခေါ်ရန်စီစဉ် ခဲ့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ပြန်နောက်ဆုတ်လိုက် ကြောင်း ပြောသည်။
ဆက်လက်၍ ဦးဝင်းကြိုင်ကလည်း ”ရေလုပ်သားတွေ ဘယ်နေ့ ပြန်ရောက်မယ်ဆိုတာတော့ ရက်ကို အတိကျ မသိသေးပါဘူး၊ ဒါပေမဲ့ နိုဝင်ဘာလလောက်မှာတော့ ပြန် ရောက်မယ်ထင်ပါတယ်”ဟု ထပ်လောင်းပြောသည်။
၂ဝ၁၁ ခုနှစ် မတ်လလယ်က တိုက်ခတ်ခဲ့သောလေပြင်းကြောင့် ဖျာပုံမှ မျောပါသွားသော ကျားဖောင်ရေလုပ်သား ၁၃၅ ဦးသည် ၈ လကျော်ကြာမှ အိန္ဒိယနိုင်ငံ ပို့ဗလဲမြို့ ရောက်ရှိနေပြီး ပြန်မလာနိုင်သေးဘဲ ယင်းလေပြင်းကြောင့်ပင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိသွားသည့်ရေလုပ်သား ၁၄ ဦးမှာ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကာ ၁၁ နှစ် ခန့်ကြာမြင့်ခဲ့သည်။ အိန္ဒိယရောက် ရေလုပ်သား ၃ ဦးကိုလည်း သြဂုတ် ၁၅ ရက်က ပြန်လည်ခေါ် ယူခဲ့ ကြောင်း သိရသည်။ အိန္ဒိယမှ ပြန် လည်ခေါ်ယူရန် ကျန်ရှိသည့် ရေလုပ်သား ၄ဝဝ ကျော်တွင် မတ်လလယ်မှ တိုက်ခတ်ခဲ့သော လေပြင်းကြောင့်ရောက်ရှိ သွားသာ ရေလုပ်သားများနှင့် တခြားကိစ္စ ရပ်များကြောင့် ရောက်ရှိသွားသော ရေလုပ်သားများလည်းပါဝင်ကြောင်း သိရသည်။
ထက်ထက်မိုးမြင့်၊ ဝေယံမိုးမြင့်

ဦးဟန်ညောင်ဝေ လာရောက်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ဟု DVB တာဝန်ရှိသူတဦးကပြော

ဒီမိုကရက်တစ် မြန်မာ့အသံ၏ ယာယီညွှန်ကြားရေးမှူး တာဝန်ယူထားသည့် ဦးဟန်ညောင်ဝေ မြန်မာနိုင်ငံသို့ အလည်အပတ် ပြန်ရောက်လာခြင်းသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ကြောင်း ၄င်းနှင့် နီးစပ်သော အသိုင်းအဝိုင်း မှ သိရသည်။
”ဦးဟန်အခုသွားတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး”ဟု နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်၏ Online
ဆက်သွယ်မေးမြန်းချက်ကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အကြိမ် အရေအတွက် အားဖြင့် အတိအကျမ သိရသော်လည်း မြန်မာနိုင်ငံသို့ နိုင်ငံရေး သဘော မဟုတ်သည့် လာရောက် လည်ပတ်မှုများရှိခဲ့ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
အောက်တိုဘာ ၁၉ ရက်နေ့ က Air  Asiaလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသော ဦးဟန်ညောင်ဝေနှင့်၎င်း၏သမီးဖြစ်သူတို့အား ပြည်တွင်းမီဒီယာ အချို့က တွေ့ဆုံရာတွင် ယခုမြန်မာနိုင်ငံကို ပြန်လာခြင်းသည် မည်သည့်ရည် ရွယ်ချက်မှ မရှိပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ ပြည်တော်ပြန်ခွင့်အမိန့် အရ လာရောက်ခြင်း ဖြစ်ပြီး ပြောင်းလဲနေသည့် အခြေအနေများကို လေ့လာလိုခြင်းသက်သက်သာ ဖြစ်ကြောင်း
ဦးဟန်ညောင်ဝေက ပြောကြားသည်။
ဒီမိုကရက်တစ်မြန်မာ့အသံ၏ တာဝန်ချပေးချက်အရ မည်သည့်တာဝန်ရှိသူမှ မြန်မာနိုင်ငံသို့ သွားရောက်မည်မဟုတ်သကဲ့သို့ ယင်းဌာန၏အလုပ်ကိစ္စဖြင့်လည်း မည်သူမျှ မြန်မာအစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်းမှုမရှိခဲ့ကြောင်း ယင်းသတင်းဌာန သတင်းအယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ပေါ်ပြူလာနယူးစ် ၏ Online ဆက်သွယ်မေးမြန်း ခန်းတစ်ခုတွင် ပြောကြားခဲ့သည်။
ဦးဟန်ညောင်ဝေသည် မြန်မာ နိုင်ငံ၏ ပထမဆုံးသမ္မတ စစ်ရွှေ သိုက်၏ သားအကြီးဆုံးဖြစ်ပြီး နှစ်ပေါင်းငါးဆယ်ကျော်ကြာ ပြည်ပ တွင် နေထိုင်ခဲ့သူဖြစ်ကာ လက်ရှိ တွင် အသက် ၆၃ နှစ်ရှိပြီဖြစ်ပြီး ပြည်ပအခြေစိုက်ဒီမိုကရေစီအင်အား စုများအား ကူညီနေသူတစ်ဦးဖြစ် ကြောင်း ¤င်းနှင့်နီးစပ်သောအသိုင်း အဝိုင်းမှ သိရသည်။ ¤င်းမြန်မာ နိုင်ငံလာရောက်ခြင်းကြောင့် မြန်မာ နိုင်ငံရေး ဖြစ်စဉ်များပြောင်းလဲ နေပြီဟု ရှုမြင်ကြသကဲ့သို့ ဒီမို ကရက်တစ် မြန်မာ့အသံအနေဖြင့် ပြည်တွင်းတွင် အခြေစိုက်ရန် စတင် ကြိုးစားနေပြီဟူသော ရှုမြင်သုံးသပ် ချက်များလည်း ထွက်ပေါ်နေ ကြောင်း နိုင်ငံရေးလေ့လာသူများ ထံမှ သိရသည်။
နိုင်လင်း







ဒဂုံဆိပ်ကမ်း တောင်သူလယ်သမား ၄ဝကျော် အိုးအိမ်ဦးစီးဌာနရှေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်


ဒဂုံဆိပ်ကမ်း တောင်သူများ အောက်တိုဘာလ ၂၇ ရက်(ယခု မနက်ပိုင်း) နံနက် ၉ နာရီခွဲခန့်က အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် ငြိမ်းချမ်း စွာ ဆန္ဒထုတ်ဖော်မှုကို ၁ဝ မိနစ် ခန့်ကြာ ပြုလုပ်ခဲ့သည်။  တောင်သူလယ်သမား အခွင့် အရေး၊ လန-၃၉ အမိန့်ဖျက်သိမ်း ပေးရေး၊ ကမ္ဘာ့စားနပ်ရိက္ခာပြည့်စုံ ရေး စသည့်ဆန္ဒထုတ်ဖော်မှု ဆိုင်းဘုတ် များကို ကိုင်ဆောင်ကာ လယ် သမား ၄ဝ ကျော်ခန့်သည် အိုး အိမ်ဦးစီးဌာနရုံးရှေ့ရှိ ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ ပလက်ဖောင်းပေါ်ထိုင်ကာ ဆန္ဒထုတ်ဖော်ပြ ခဲ့ခြင်းဖြစ် သည်။ ”သူတို့က ဘာမှ အော်ဟစ် ဆူညံတာမလုပ်ပါဘူး။ ကိုဖိုးဖြူ ကတော့ မီဒီယာကို သူတို့လာရောက် ဆန္ဒထုတ်ဖော်ပြသခြင်း နဲ့ပတ်သက်ပြီး ရှင်းပြနေတယ်။   နောက် သိပ်မကြဘူး၊ ထွေအုပ်ရုံးနဲ့ ရဲမှူးတွေရယ်၊ လုံခြုံရေးရဲကား ၇ စီးလောက်ရောက်လာပြီး လူစုခွဲ လိုက်တယ်။ ကိုဖိုးဖြူက တောင်သူ တွေအားလုံးကို စီးလာတဲ့ကားပေါ်   ပြန်လွှတ်ပြီး သူတို့ထဲက ၁၁ ဦးက အိုးအိမ်မှတွေ့ပြီး တောင်းဆိုစရာရှိ လို့ နေခဲ့မယ်ပြောတယ်။ ရဲတွေ ဘက်က လက်မခံဘူး အတင်းပြန် လွှတ်လိုက်တယ်”ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သူတစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောကြားသည်။  ဒဂုံဆိပ်ကမ်း လယ်ယာမြေများ အား ယခင်တပ်မတော် အစိုးရ လက်ထက်ကတည်းက အထူးစီးပွား   ရေးဇုန် ပြုလုပ်ရန် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ၄င်းလယ် သမားတို့က လျော်ကြေးမလို လယ်သမားစိုက်ပျိုးခွင့် သာလိုသည်။ ဓာတုမြေသြဇာ ဆန့်ကျင်ရေး၊    တောင် သူလယ်သမားနှင့် လယ်ယာမြေ ခွဲဝေပေးလျှင် ဓာတုကင်းလွတ် စိုက် ပျိုးရေးဇုတ်လုပ်မည် အပါအဝင် လယ်စိုက်ဧကမလျော့ပါးရေး လန-၃၉ အမိန့် ဖျက် သိမ်းပေး စသည့် ဆန္ဒပြုဆိုင်းဘုတ်များကိုင်ဆောင်၍ ယခုကဲ့သို့ လာရောက်ဆန္ဒဖော်ထုတ် ခြင်းဖြစ်သည်။
မိုးမြင့်မြတ်၊ ထက်ထက်မိုးမြင့်

နေပြည်တော်၌ ဝန်ထမ်းများ ဆိုင်ကယ် ကယ်ရီဖြင့် ပြင်ပသွားခြင်း တားမြစ်ထား


နေပြည်တော် မြို့မဈေး အနီးမှ ဆိုင်ကယ်ကယ်ရီများ
နေပြည်တော်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ရုံးကိစ္စဖြင့် ပြင်ပ သွားရာတွင် ဆိုင်ကယ် ကယ်ရီဖြင့် သွားရောက်ခြင်းအား တားမြစ်ထားကြောင်း ဝန်ထမ်းများ၏ ပြောပြ ချက်အရ သိရသည်။
”ဝန်ထမ်းတွေ ကယ်ရီနဲ့ သွားရာမှာ အန္တရာယ် အများကြီးရှိတယ်။ လုယက်မှု တွေကလည်း ခဏခဏ ဖြစ်နေပြီး ဆိုင်ကယ် တိုက်မှုတွေ မဖြစ်အောင် တားမြစ်လိုက် တာပါ။ လိုင်စင်မဲ့ ဆိုင်ကယ်တွေနဲ့ လုယက်တဲ့ ဒုစရိုက်သားတွေ ရန်က ကာကွယ်လိုက်ခြင်း ဖြစ်တယ်”ဟု မော်တော်ယာဉ် ကော်မတီမှ တာဝန်ရှိသူ ကဆိုသည်။
ရုံးကိစ္စဖြင့် ပြင်ပ သွားရောက်ပါက မော်တော်ယာဉ် ကော်မတီမှ အငှားကား တောင်းခံ၍ သွားရောက်ရန် စက်တင်ဘာ ၃ဝ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။
”ရုံးချိန် အတွင်း သွားလာရေး အဆင်ပြေစေဖို့ လူရှစ်ဦးဆံ့ လျှပ်စစ်ဘတ်ထရီ ကားငယ်ကို ထုတ် ပေးထားတယ်။ သွားလာစရာ ရှိတဲ့ ဝန်ထမ်းအားလုံး အခမဲ့ သွားပါ တယ် ”  မော်တော်ယာဉ် ကော်မတီမှ တာဝန်ရှိသူက ပြောသည်။
အဆောင်နေသူ အများအနေဖြင့် ရုံးချိန် ပြင်ပတွင် သွားလာလိုပါက လူတစ်ဦးလျှင် အသွားအပြန် ၂ဝဝ ကျပ် သတ်မှတ်ထားပြီး မိမိ တစ်ဦးတည်းသာ သွားရောက် လိုပါက အသွားအပြန် ၁၅ဝဝ ကျပ် သတ်မှတ်ထားကြောင်း ထပ်မံသိရသည်။
ထိုသို့ ဆိုင်ကယ်ကယ်ရီ အစား ရုံးကားများ စီစဉ်ပေးသည့် အပေါ် ဝန်ကြီးဌာ ရုံးတစ်ရုံးမှ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ”ရုံးကိစ္စနဲ့ အပြင်သွားရတာ အရင်ကဆို ဆိုင်ကယ် ကယ်ရီ နဲ့သွားလို့ အဆင်မပြေဘူး။ ဒီလိုဌာနက စနစ်တကျ ပို့ဆောင်ပေးတာ ကောင်းပါတယ်။ လိုအပ်တာ မှန်သမျှ ဈေးနေ့ စောင့်ပြီး အဲဒီနေ့မှ ဝယ်ရတယ်” ဟု ၄င်းက ဆိုသည်။
နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးများ အားလုံးတွင် ဝယ်ယူစားသောက်ရေး အဆင်ပြေစေရန် အတွက် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ ရက်များ၌ ညနေ ရုံးဆင်းချိန်တွင် နေပြည်တော် မြို့မဈေးသို့ ပို့ဆောင်ပေးကြောင်း ဌာနဆိုင်ရာ ဝန်ထမ်းများ ထံမှ ထပ်မံသိရသည်။
မေမြန်မာ
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်