မြန်မာနိုင်ငံသား အားလုံး အဂတိတရား လေးပါး ကင်းကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံသား အားလုံး ညီညီညွတ်ညွတ်ဖြင့် အဂတိတရား လေးပါးကို ကင်းလွတ်ကြရန် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကျင်းပသည့် မွေးနေ့ အခမ်းအနား တစ်ခုတွင် တိုက်တွန်း ပြောကြားခဲ့သည်။" အဂတိတရား လေးပါးကို လွတ်ကင်းရင် ထောင်ထဲမှာလည်း လွတ်ရမယ်။ အပြင်မှာလည်း လွတ်ရမယ်။ ကိုယ်တွင်း အနှောင်အဖွဲ့တွေ ကိုယ့်ဟာ ကိုယ်လွတ်ပြီလားလို့ သုံးသပ်ဖို့ လိုပါတယ် " ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။နိုင်ငံတော် အစိုးရသစ်အနေဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော်လည်း အခိျု့ အကျဉ်းသားများ ကျန်ရှိနေသေးသည့် အတွက် ဆက်လက် လွတ်မြောက်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ 0x158င်းတို့ကို လွတ်မြောက် စေလိုသည်မှာ မြန်မာ နိုင်ငံသည် အဂတိ တရားလေးပါး ကင်းလွတ်သည့် နိုင်ငံ ဖြစ်သောကြောင့် လူ တစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကို ရသင့်ကြောင်း 0x158င်းက ပြောကြားသည်။" လွတ်လပ်ခွင့်ကို တောင်းဆိုတဲ့အခါ တာဝန်ယူစိတ်၊ တာဝန်ယူရဲတဲ့ စိတ်ရှိမှ တောင်းနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ယူဆပါတယ် " ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောဆိုသည်။ဂတိတရား လေးပါးမှာ ဆန0x081ဒဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိတို့ ဖြစ်ကြောင်း သုတသန0x081နိစယ ကျမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

သတင်း---The Voice Weekly


အားလုံးကိုလွတ်စေချင်တဲ့ စုစုနွေး နဲ့ အင်တာဗျူး

စုစုနွေးအင်တာဗျူးကို မန္တလေးအလင်းဂျာနယ်ကိုပေးပါမယ်လို့ ပြီးခဲ့တဲ့အပတ်ကတည်းက အယ်ဒီတာကို ကျွန်မ ကတိပေးခဲ့ပါတယ်။ခန္တီးထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး အိမ်ပြန်ခွင့်ရခဲ့တဲ့ စုစုနွေးကို ကိုမင်းကိုနိုင်မွေးနေ့အခမ်းအနားမှာလည်း မေးမြန်းခွင့်ရဖို့ ကြိုးစားခဲ့သေးပါတယ်။ထောင်သောင်းမက များပြားလှတဲ့ လူအုပ်ကြီး ထဲမှာ အဖြူရောင်လက်ရှည်အင်္ကျီာမြန်မာဝတ်စုံနဲ့ ဖြူဖြူဖျော့ဖျော့ မစုစုနွေးကို ဟိုဟိုဒီဒီနိုင်ငံရေးမိသားစုဝင်တွေက နှုတ်ဆက်နေကြတာ မစုစုနွေးကလည်း ပြန်နှုတ်ဆက်နေတာနဲ့ ပင်ပန်းနွမ်းနယ်နေပုံရတဲ့အတွက် နောက်နေ့မှ တွေ့ခွင့်တောင်းပြီး မေးမြန်းတော့မယ်လို့ စိတ်ဆုံးဖြတ်ခဲ့တာပါ။ပန်းတွေပန်ထားပြီးအဖြူရောင်ဝတ်စုံလေးနဲ့သိမ်သိမ်မွေ့မွေ့လေးကြည့်ကောင်းနေတဲ့ စုစုနွေးကို ငေးကြည့်ရင်း ဒီလိုခပ်ဖြူဖြူခပ်ဖျော့ဖျော့ မိန်းကလေးတယောက်က မြန်မာပြည်ဖျားက ခန္တီးထောင်မှာ ဘယ်လိုနေထိုင်ရှင်သန် ခဲ့ပါလိမ့်လို့လည်း တွေးမိလာပါတယ်။နြှစ်ရှည်ထောင်ဒဏ်ကျမှတ်လိုက်တဲ့နေ့က စုစုနွေးက ပန်းပန်လျက်ပဲ၊ ကတောင် နေလိုက်သေးတယ်ဆြိုတဲ့ စုစုနွေးနဲ့ပတ်သက်တဲ့ မှတ်ချက်စကားကိုလည်း ပြန်သတိရလာမိပါတယ်။နှလုံးရောဂါရှိတဲ့ စုစုနွေးဟာ တကယ်တော့ အပြင်ဘန်းကြည့်မယ်ဆိုရင်  ဖြူဖြူနုနု ပိန်သွယ်သွယ်နဲ့ တကယ့်ကို သိမ်သိမ်မွေ့မွေ့၊ မြန်မာ ဆန်ဆန် မိန်းကလေးတယောက်ပါပဲ။ ဒါပေမဲ့သူမရဲ့ စိတ်ဓါတ်က မာပုံရပါတယ်။၂၀၀၇ခုနှစ်၊ ဩဂုတ်လတုန်းက လှည်းတန်းလမ်းဆုံအလွန်မှာ မစုစုနွေးနဲ့အဖွဲ့ကို စွမ်းအားရှင်လို့အမည်တပ်ထားတဲ့  အမျိုးသားတွေ ၀ိုင်းဆွဲကြတာ၊ ရိုက်နှက်ခဲ့ကြတာကို ကျမ ပြန်မြင်ယောင်မိလာမိတယ်။အဲဒီတုန်းက ကျမက လှည်းတန်းက ရာပြည့်စာအုပ်ဆိုင်မှာ စာအုပ်ဝယ်နေခဲ့တယ်။ နေ့လည် ၁နာရီ ၀န်းကျင်လောက်မှာ စုစုနွေးတို့ အဖွဲ့ လက်ခုပ်တွေ တီးပြီး လှည်းတန်းမီးပွိုင့်အနီး ပြည်မြန်မာကုန်တိုက်ဘက်ကနေ အင်းစိန်လမ်းမကြီးအတိုင်း လမ်းလျှောက်လာကြတာတွေ့လိုက်ရတယ်။မစုစုနွေးက အင်္ကျီာအဖြူရောင်ပေါ်မှာ ရျင်းအင်္ကျီာအပြာရောင်လေးဝတ်ထားတယ်၊ ခုလိုပဲ ပန်းတွေလည်း ဝေနေအောင်ပန်ထားပါတယ်။ သူ့ဘေးမှာ သူ့နောက်မှာတော့ ပင်နီအင်္ကျီာဝတ်ထားတဲ့ လူငယ်လူရွယ် အမျိုသမီးအမျိုးသား ၁၀ ဦးလောက် လိုက်ပါလာကြတာ တွေ့ရပါတယ်။ခဏကြာတော့ ဇေယျာသီရိလမ်းထိတ်မှာ စုစုနွေးတို့ကို အားကောင်မောင်းသန်ဟန်ရှိတဲ့လည်ကတုံးအင်္ကျီာအဖြူရောင်ဝတ် အမျိုးသား အယောက် ၁၀ဦးလောက်က တားတယ်။ သူတို့နောက်မှာတော့ ၀ါးရင်တုတ်တွေကို ကိုင်ထား၊ ခါးကြားထိုးထားတဲ့ အမျိုးသား အယောက် ၃၀လောက်က ၀ိုင်းကာပြီး ရပ်နေကြတယ်။လူငယ်အမျိုးသားအမျိုးသမီး စုစုပေါင်း ၁၀ ကျော်ကျော်ဦးလောက်ပဲ ပါတဲ့ သူတို့အဖွဲ့ကို ၀ါးရင်းတုတ်ကိုင်ထားတဲ့ အမျိုးသားအချို့က အတင်းဝင်ဖမ်းတော့မဲ့ပုံ  အကြမ်းဖက်မဲ့ပုံနဲ့ ကြည့်ပြီး ရပ်နေကြတယ်။နောက်တော့ စုစုနွေးတို့အဖွဲ့ကို ယောကျီားကြီးတွေက အတင်းဝင်ဆွဲပြီး ဇေယျာသီရိလမ်းထဲကို အတင်းဆွဲခေါ်တယ်။ စုစုနွေးတို့အဖွဲထဲမှာပါတဲ့ ယောင်္ကျားလေးတွေကိုတော့ ၀ါးရင်းတုပ်နဲ့ ၇ိုက်တယ်၊ အဲလို ရုန်းရင်းဆန်ခေတ်တွေဖြစ်လာတာတွေ့ရတယ်။ ၀ါးရင်းတုတ်ကိုင်းထားတဲ့သူတွေက မစုစုနွေးနဲ့ပါလာတဲ့ လူငယ်လေးတွေကို ရိုက်နှက်ပြီး ဘေးနားမှာ ရပ်ထားတဲ့ ဒိုင်ယာနာကားတွေပေါ်ကို ပစ်တင်ပြီးခေါ်ဆောင်သွားခဲ့ကြတယ်၊ စုစုနွေးကိုတော့ သူမရဲ့အကိုတွေက စွမ်းအားရှင်တွေရဲ့ လက်ထဲကနေ အတင်းလုပြီး ကားတစီးပေါ် ဆွဲတင်သွားကြတယ်။အဲဒီလို ဖြစ်ပျက်နေတဲ့ မြင်ကွင်းကို ၀ိုင်းကြည့်နေတဲ့ သူတွေက အယောက် ၅၀ ကျော် ၁၀၀နီးပါးလောက်ကို ရှိပါတယ်။ မီဒီယာသမားတွေလည်းရှိတယ်။ ဒါပေမဲ့ ဘယ်သူကမှ ခုလို မိန်းမသားတွေကို ရုန်းရင်းကြမ်းတမ်းစွာနဲ့ဝိုင်းဆွဲနေကြတာကို ၀င်ပြီးမဟန့်ရဲ၊ မပြောရဲခဲ့ကြဘူး။ ကျမကိုယ်တိုင်လည်း နှုတ်ခမ်းနာနာကိုက်ပြီး ငြိမ်ကြည့်နေခဲ့ပါတယ်။အဲဒီမြင်ကွင်းကို ကျမတော်တော်နဲ့ကို မမေ့တော့ပါဘူး။ ဒိုင်နာကားပေါ်ကို လူငယ်လေးတွေကို တိရိစ္တာတွေလို ရိုက်နှက်ပစ်တင်ပြီး ခေါ်သွားခဲ့တာ၊ ပြီးတော့ မိန်းမသားတွေကို အိနြေ္ဒပျက်လောက်အောင် အကြမ်းဖက်ပြီး အတင်းဝိုင်းဆွဲကြတာ။စာအုပ်ဝယ်ပြီး အိမ်ရောက်တော့ ကျမ ငိုမိတယ်။ ဘာမှကို မလုပ်နိုင်လို့ ငိုရတာပါပဲ။ကျမက နိုင်ငံရေးသမားမဟုတ်တဲ့အတွက် နိုင်ငံရေး ကိစ္စတွေမှာ ၀င်မပါပါဘူး။ဒါပေမဲ့ မြင်တာ၊ တွေ့တာ၊ ကြားတာ တွေကိုတော့ မှတ်ထားလေ့ရှိပါတယ်။ ခုလည်း စုစုနွေးနဲ့ပတ်သက်ပြီး ကျမမြင်ခဲ့ရတဲ့ မှတ်မှတ်ရရရှိခဲ့တဲ့ အတိတ်ကိုပြန်သတိရမိသွားခဲ့တာပါ။နောက်တော့ စုစုနွေးသတင်းတွေ ဆက်တိုက်ကြားခဲ့ရပါတယ်။ ရွှေဝါရောင်တော်လှန်ရေးလို့ ခေါ်တဲ့ သံင်္ယာတော်များ လမ်းလျှောက်ဆုတောင်းပွဲတွေကိုလည်း လိုက်အားပေးတယ်ဆိုတဲ့ သတင်းတွေကြားတယ်။ နောက်တော့ ကျမပြည်ပ ခရီးထွက်နေတုန်း စုစုနွေး ဖမ်းခံရပြီး ထောင်ဒဏ်နှစ်ရှည်လများ ကျသွားတယ်ဆိုတဲ့ သတင်းကိုလည်း စိတ်မကောင်းစွာနဲ့ ကြားခဲ့ပါတယ်။နောက်ဆုံး ထောင်ဒဏ်နှစ်ရှည်ကျတဲ့နေ့ကလည်း တချက်မညည်းဘူး အပြုံးမပျက်ဘူးဆိုတဲ့ စုစုနွေးကို လေးစားမိခဲ့တာပါပဲ။စုစုနွေးနဲ့ ကျမတွေ့တော့ သူက ကျမကို ဖေဖေ့သမီးတယောက်အနေနဲ့ ကောင်းကောင်းမှတ်မိနေပါတယ်။ ကျမ ဖေဖေက အန်အယ်ဒီအဖွဲ့ဝင်တဦးပါ။မစုစုနွေးက ထောင်ထဲမှာ အခြားသူတွေကျန်နေသေးတဲ့အတွက် ထွက်လာရပေမဲစိတ်မကောင်းတဲ့အကြောင်းကို စပြောပါတယ်။ြ ၁၁ ယောက်ကျန်သေးတယ်။ ကျွန်မတို့အားလုံး ၁၇ ယောက် အခု ၁၁ ယောက်ကျန်ခသေးတယ်။၈၈ ကဆို တင်ထူးအောင်ရှိတယ်။ ကျန်တဲ့သူတွေတော့ြီူ တွေ တိုင်းရင်းသားတွေလည်းရှိတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေလဲရှိတယ်။ ပြီးတော့ ထောက်လှမ်းရေးက လူတွေလည်း ရှိတယ်လြို့ စုစုနွေးက ခန္တီးထောင်ထဲမှာ ရှိနေတဲ့၊ ကျန်ခဲ့တဲ့သူတွေနဲ့ပတ်သက်ပြီး ပြောပါတယ်။အြရင်က စုစုနွေးကတော့ အကြောက်အလန့်မရှိတဲ့ စုစုနွေးလို့ နာမည်ကြီးခဲ့တယ်၊ ခုကော မစုစုနွေး ပြောင်းလဲသွားပြီလားလြို့ ကျမ ခပ်ပြုံးပြုံးနဲ့ သူမကို မေးလိုက်မိပါတယ်။ဟြာ လုပ်ပြီး ကျမလား ကျွန်မမှာလည်းကြောက်စိတ်ရှိပါတယ်။ ဒါပေမယ့်ကြောက်ကြောက်နဲ့ပေါ့နော် ကျွန်မတို့လိုချင်တဲ့အခွင့်အရေးကို ကျွန်မတို့တောင်းဆိုတယ်။ ကျွန်မတို့ကြောက်ကြောက်နဲ့လုပ်ကြတာပေါ့။ မိန်းကလေးပဲရှင် သေနတ်တွေကြားထဲမှာ သေမှာကိုသိလျက်နဲ့ ဒီလမ်းကိုသွားရင်သေမယ်၊ ပစ်မယ်ဆိုတာသိတယ်။ သေမယ်ဆိုတာသိပြီး ကျွန်မတို့ မသွားလို့ရှိရင် ကျွန်မတို့လိုချင်တဲ့ အခွင့်အရေးရမှာမဟုတ်ဘူး။ ဖြစ်ချင်တာတွေဖြစ်လာမှာမဟုတ်ဘူး။ ကျွန်မတို့က လုပ်သင့်တာကိုလုပ်ရမယ်။ ကြောက်ကြောက်နဲ့ပဲ လုပ်သင့်လို့ လုပ်ခဲ့တာတွေပါ၊ ကျွန်မလည်း ကြောက်တတ်တာပါပဲလြို့ ပြောတယ်။အဲဒီနောက်တော့ သူမက ထောင်ထဲက အကြောင်းတွေကို စကားမစပ်ပြောမိကြတယ်။ထြောင်ထဲမှာ ကျွန်မတို့ဆုတောင်းပွဲတွေလုပ်ခဲ့တာပဲ လွတ်လပ်ရေးနေ့တွေ၊ အာဇာနည်နေ့တွေ၊ ရွှေဝါရောင်နေ့တွေ ဒီမှာ အဝါတွေဝတ်ပြီးလုပ်တယ်ဆိုတာ ကျွန်မမသိဘူး။ ကျွန်မလဲထောင်ထဲမှာ ကောတွေတင်ပြီးလုပ်တာပဲ။ အပြင်မှာဆို ကောတင်တာပေါ့။ ထောင်ထဲမှာဆိုအော်တာပေါ့။ စက်တင်ဘာ ၂၆ ရက်နေ့ မနက်၆ နာရီထိုးမှာ ကျွန်မ တစ်ထောင်လုံးကြားအောင် အုတ်တံတိုင်းပေါ်တက်အော်လိုက်တယ်။ ဒီနေ့ဟာပေါ့ ကျွန်မတို့ စက်တင်ဘာနှစ်ပတ်လည်နေ့ဖြစ်ပါတယ်ပေါ့။ သံဃာတော်အရှင်သူမြတ်တွေကပေါ့ မေတ္တာပို့ပြီးစီတန်းလမ်းလျှောက်တဲ့အပေါ်မှာ နိုင်ငံတော်အစိုးရကနေ ပစ်ခတ်နှိမ်နင်းတဲ့အတွက် သံဃာတော်ရှင်မြတ်တွေ သွေးထွက်သံယိုဖြစ်ခဲ့ရတယ်၊ လူဝတ်တွေအတင်းပဲလဲခံရတယ်၊ လက်ပြန်ကြိုးတွေတုတ်ပြီးတော့ ဖမ်းဆီးခြင်းခံခဲ့ရတယ်။ သံဃာတော်တွေ သွေးမြေကြပြီးသေဆုံးခဲ့ရတာတွေရှိတယ်။ အဲတော့ ကျွန်မတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကနေပြီးတော့ ဒီနေ့ဟာ သံဃာတောအရှင်မြတ်တွေ၊ သံဃာအာဇာနည်တွေကို ဝမ်းနည်းသောအထိမ်းအမှတ်အနေနဲ့ ကျွန်မတို့ ဗုဒ္ဓဘာသာရဲ့ ဘာသာရေးအရောင်ဟာ အဝါရောင်ဖြစ်ပါတယ်။ ဘာသာသာသနာကြီးမငြိုးနွမ်းအောင် ဘာသာသာသနာရှိရင် ကျွန်မတို့မခံဘူးဟဲ့ဆိုပြီးတော့ အဝါရောင်လေးတွေဝတ်ကြမယ်ပေါ့နော်။ ထောင်ထဲမှာအဝါရောင်အင်္ကျီလေးတွေရှိရင် ဝတ်ပေးကြပါလို့။ လုံချည်လေးတွေရှိရင်လုံချည်လေးတွေဝတ်ပေးကြပါလို့အြဲလို ပြောပြီးတော့ သူမက ခဏနားတယ်။ ပြီးမှာ ဆက်ပြောပါတယ်။အြကျဉ်းသူတွေကလှမ်းအော်တယ်။ ကျွန်မတို့မှာအဝါရောင်မရှိပါဘူးပေါ့နော်။ အဝါရောင်မရှိဘူးဆိုရင်ကျွန်မပြောမယ် ထောင်ထဲမှာကြွပ်ကြွပ်အိတ်အဝါရောင်လေးတွေရှိပါမယ်ရှင်လို့ သစ်ရွက်အဝါလေးတွေရှိပါမယ်ရှင်လို့ အဲတော့ ကျွန်မတို့ ၂၆၊ ၂၇၊ ၂၈ သုံးရက်မှာပေါ့ အဝါရောင်နဲ့ပတ်သတ်တာလေးတွေကိုင်ကြမယ်ဆိုပြီး ကျွန်မတို့လုပ်ခဲ့ပါတယ်။ အာဇာနည်နေ့ဆိုရင်လဲ ဘယ်နှစ်မြောက်ဖြစ်တယ် အာဇာနည်ခေါင်းဆောင်ကြီးတွေကိုဝမ်နည်းသောအနေနဲ့ ကျွန်မတို့ ကျဆုံးသွားတဲ့အချိန်မှာ အလေးပြုမယ်။ အနက်ရောင်လေးတွေကျွန်မတို့ဝတ်မယ် ဆိုပြီး။ ဝတ်ရဲတဲ့သူကဝတ်ကြတယ်တြက်တက်ကြွကြွနဲ့ စကားပြောနေတဲ့ စုစုနွေးကို ငေးကြည့်ရင်း ကျမခေါင်းထဲမှာ အတွေးတချက်ပေါ်လာခဲ့တယ်။ ရည်ရွယ်ချက်ရှိတဲ့သူ၊ ဦးတည်ချက် ရှိတဲ့သူဟာ ဘယ်နေရာမှာ၊ ဘာကြောင့်ပဲ နေရနေရ သည်းခံနိုင်တယ် စတဲ့ စာသားလေးကို သွားအမှတ်ရလိုက်မိလို့ပါ။သူမကတော့ ထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့သံယ်ာတော်တွေနဲ့ပတ်သတ်ပြီး ဆက်ပြောနေပါတယ်။သြံဃာတော်တွေကို မစုကတော့ လွတ်စေချင်တယ်ပေါ့နော်။ ဘုန်းဘုန်းတွေက ညနေစာမစား ဘာမစားနဲ့ဆိုတော့လေ အရမ်းစိုးရိမ်တယ်။ အဲဒီ့ထောင်မှာဆို ၈၄ နှစ်နဲ့ကျတဲ့ဆရာတော် တစ်ပါးရှိတယ်။ ကိုယ်နေ့ခဲ့ရတဲ့ထောင်ဆိုတော့ ကျန်တဲ့သူတွေအတွက်စိုးရိမ်တယ်။ သူတို့တွေကတော့ ဝမ်းမနည်းပါနဲ့တဲ့ သူတို့အတွက်မစိုးရိမ်ပါနဲ့တဲ့။ ကျွန်မကတော့ အကုန်လုံးမလွှတ်လို့ရှိရင် ငိုမှာလို့ပြောထားတယ်။ ကျမကတော့ ဘုန်းဘုန်းတို့ရော မောင်နှမတွေအကုန်လုံးလက်တွဲပြီးတော့ ပြန်ချင်တယ်ပေါ့နော်။ သူတို့ကပြောလိုက်တယ်။ မစုစုနွေးပေါ့နော် ပြန်ရင် အပြုံးလေးနဲ့ပြန်တာပဲမြင်ချင်တယ်ပေါ့နော်။ အပြုံးလေးနဲ့ပြန်တာကို ကျွန်တော်တို့ထွက်ကြည့်မယ်ဆိုပြီးတော့ ထွက်ပြီးနှုတ်ဆက်ကြတယ်။ ကျွန်မအပြင်ရောက်သွားလို့ရှိရင် ကျန်တဲ့သူတွေအားလုံးလွတ်မြောက်ရေးအတွက်ဆက်ပြီးကြိုးစားသွားမှာပါ လို့တော့ ဂတိပေးထားခဲ့တဲ့။ ကျန်နေခဲ့တဲ့သူတွေကတော့ အကုန်လုံးပြုံးပြုံးပါပဲအြဲလို ပြောပြီး စုစုနွေးက ငိုချင်လာဟန်ရှိတယ်။ ဒါမေပဲ မငိုပါဘူး။ သူ့ကို ကျမက ဘာတွေဆက်တောင်းဆိုမလဲလို့ မေးလိုက်ပါတယ်။ြ အခုချိန်မှာကျွန်မက နိုင်ငံရေးအကျဉ်းသားတွေအတွက်သာမက ထောက်လှမ်းရေးတပ်တွေအတွက်လည်းတောင်းဆိုပေးစေချင်တယ်။ အားလုံးကို လွတ်စေချင်တယ်။ ကျွန်မတို့က ဘယ်လိုခေါ်မလဲဆိုတော့ အရင်တုန်းကမှားခဲ့တာပဲဖြစ်ဖြစ် သူတို့ကြောင့်ကျွန်မတို့ နိုင်ငံရေးသမားတွေ သေခဲ့ရတာပဲ၊ ဒုက္ခရောက်ကြတာပဲ လေ။ ဒါပေမယ့်အခုအချိန်မှာ ကျွန်မတို့မြင်တွေ့ခဲ့ရတာတွေက သူတို့တွေအရမ်းကိုအခြေအနေဆိုးတယ်။ အန်တီ့ကိုလည်းအရမ်းအားကိုးကြတယ်ပေါ့။ ကျွန်မတို့အနေနဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို အမြန်ဆုံးလွတ်ပါစေလို့ တောင်းဆိုလို့ရှိရင် သူတို့တွေကိုလည်းထည့်ပြီးတော့ တောင်းဆိုပေးစေချင်တယ်လြို့ စုစုနွေးက ပြောတယ်။မစုစုနွေး မတိုင်ခင်တွေ့ခဲ့ရတဲ့ ကိုဇာဂနာနဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုချစ်ကိုလင်းတို့ကလည်း အားလုံးသောအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်တောင်းခဲ့တယ်။ ခုလည်း စုစုနွေးက အားလုံးအတွက် တောင်းဆိုပါတယ်။ ဖြူစင်တဲ့ စိတ်နှလုံးတွေနဲ့ တောင်းဆိုကြတယ်ဆိုတာကို ကျမယုံကြည်လက်ခံမိတယ်။ကျမဖေဖေ နိုင်ငံရေးသမားကို ထောက်လှမ်းရေးတွေ လာခေါ်တိုင်း အထုတ်ပြင်ပြီး ထည့်ပေးလိုက်ရတိုင်း ကျမတို့မိသားစု ခံစားခဲ့ကြရပါတယ်။ ရင်ထဲက ငိုခဲ့မိတာ အကြိမ်ကြိမ်ပါ၊ ညမိုးချုပ် သန်းခေါင်မှာ အိမ်ရှေ့တံခါးလာခေါက်တိုင်း အဖေ့ကို လာခေါ်ပြန်ပြီ ဆိုတဲ့ နာကျင်ကြေကွဲမှုက ခုချိန်မှာ ပြန်ခံစားကြည့်ရင် မျက်ရည်ဝဲတုံးပါပဲ။ဒါပေမဲ့ ၂၀၀၄ခုနှစ် ဩဂုတ်လတွင်းမှာ ထောက်လှမ်းရေးအဖွဲ့ဝင်တွေအားလုံး ဖမ်းင်္ဆီးထိန်းသိမ်းခံခဲ့ရတာတွေအားလုံး နှစ်ရှည်ထောင်ဒဏ်တွေကျကြတော့ ကျမတို့တွေ ၀မ်းမသာခဲ့ပါဘူး။ကိုယ်ချင်းစာပြီး သူတို့မိသားစုဝင်တွေရဲ့ ဒုက္ခတွေကို မကြည့်ရက်၊ မမြင်ရက်နိုင်ခဲ့ကြပါဘူး။ ကျမ မေမေဆို ထောက်လှမ်းရေးမိသားစုတွေကို သွားပြီးတော့တောင် အားပေးစကားပြောခဲ့ပါသေးတယ်။သူတို့တချိန်တုန်းက ငါတို့ကို လုပ်ခဲ့တာပဲ။ သူတို့အလှည့်မှာ ခံပါစေ ဆိုတဲ့ စိတ်ကို ကျမတို့ ထားလို့မရနိုင်ခဲ့ကြပါဘူး။ခုလည်း နိုင်ငံရေးအကျဉ်းသားတွေအားလုံးက သူတို့နဲ့အတူ ထောက်လှမ်းရေးတွေကိုလည်း လွှတ်ပေးဖို့ တောင်းဆိုနေကြတာ တသံတည်း ထွက်ပေါ်လာပါတယ်။ ဘယ်လို နှလုံးသားမျိုးတွေရှိခဲ့သလဲ ဆိုတာ ကျမ ပြောမပြတတ်တော့ပါဘူး။တကယ့်ကို လေးစားစိတ်နဲ့ အဲဒီ စိတ်ဓါတ်နဲ့ နှလုံးသားကို ဦးညွှတ်လိုက်ပါတယ်။

မေသင်္ကြန်ဟိန်း ( မြစ်မခ)

ပြည်တော်ပြန် အတိုက်အခံများ

စပ်ဟန်ယောင်ဝေ ၊ သီးလေးသီး ၊ ဦးတင်မောင်သန်း ၊ ဦးပီတာလင်းပင် ၊ ဒေါက်တာဇော်ဦး
ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရရှိပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ0x081မတအဖြစ် တာဝန်ယူခဲ့သူ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၏ အငယ်ဆုံးသား ဖြစ်ပြီး ၁၉၆၃ ခုနှစ်ကပင် ပြည်ပသို့ ထွက်ခွာသွားခဲ့သူ ဦးဟန်ညောင်ဝေသည် သမီးဖြစ်သူ နှင့်အတူ နှစ် ၅၀ ခန့်အတွင်း 0x158င်း၏ ပထမဦးဆုံး အကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ယနေ့ ညနေပိုင်းက Air Asia လေကြောင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှတစ်ဆင့် ရန်ကုန် မြို့တော်သို့ အလည်အပတ် ရောက်ရှိလာသည်ကို တွေ့ရသည်။ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ၏ အကြံပေးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည့် ဦးဟန်ညောင်ဝေသည် နိုင်ငံတော် သမ0x081မတကြီး ဦးသိန်းစိန်က ပြည်ပရောက် မြန်မာ နိုင်ငံသားများကို မြန်မာ နိုင်ငံသို့ ပြန်လာပြီး တူညီသော ကိစ0x081စရပ်များတွင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတူတကွ ပူးပေါင်းဆောင်ရွက် ကြရန် ဖိတ်ခေါ်ခဲ့ပြီးနောက် လူသိရှင်ကြား ပြည်တော်ဝင် လာခဲ့သူ ပြည်ပရောက် မြန်မာများအနက် ပဉ0x081စမမြောက် မြန်မာနိုင်ငံသားဖြစ်ပြီး 0x158င်းနှင့် နီးစပ်သော သတင်းရပ်ကွက်ထံ The Voice Weekly၏ ဆက်သွယ် မေးမြန်းချက်အရ အလည်အပတ် လာရောက်ခြင်းသာ ဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့တော်သို့ မရောက်ခင် နာရီပိုင်းအလို 0x158င်းကိုယ်တိုင် ထုတ်ဖော် ပြောကြားချက်အရ 0x158င်း၏ ယခုခရီးစဉ်သည် နိုင်ငံတော် သမ0x081မတကြီး ဦးသိန်းစိန်၏ ကြေညာချက်ကြောင့် အဓိက လာရောက်ခြင်း ဖြစ်ကြောင်း၊ မည်သည့် လူပုဂ0x081ဂိုလ်၊ အဖွဲ့အစည်းကိုမျှ အဖွဲ့အစည်း တစ်ခုခု ကိုယ်စား စေ့စပ်ညှိနှိုင်းရန် သော်လည်းကောင်း၊ နိုင်ငံရေး ရည်ရွယ်ချက် တစ်ခုခု သော်လည်းကောင်း၊ အခြား ကြိုတင်ချိန်းဆို စီစဉ်ထားသည့် အကြောင်းကိစ0x081စ သော်လည်းကောင်း လုံးဝမရှိဘဲ မိမိ မွေးဖွားရာ ရန်ကုန်မြို့နှင့် မိဘ၊ ဇာတိမြေ ရှမ်းပြည်နယ် ညောင်ရွှေမြို့နှင့် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အပန်းဖြေ အလည်အပတ် ခရီးသက်သက် လာရောက်ခြင်းသာ ဖြစ်ပြီး မိမိနှင့် တွေ့ဆုံရန် ဆန0x081ဒရှိသူ မည်သူနှင့်မဆို လိုလိုလားလား တွေ့ဆုံရန် အသင့်ရှိကြောင်း သိရသည်။ဦးဟန်ညောင်ဝေနှင့် သူ၏သမီး ဖြစ်သူတို့သည် ရန်ကုန် မြို့တော်တွင် နှစ်ရက်ကြာ နေထိုင်ကာ ရှမ်းပြည်နယ် ညောင်ရွှေမြို့နှင့် အခြားဒေသ အခိျု့သို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး လာမည့် အောက်တိုဘာလ ၂၈ ရက် (သောကြာနေ့) နံနက်ပိုင်းတွင် အဲအေးရှား လေကြောင်းလိုင်းဖြင့် ဘန်ကောက် မြို့ တော်သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း 0x158င်းနှင့်နီးစပ်သော မိတ်ဆွေများက The Voice Weekly သို့ ပြောကြားသည်။၁၉၄၈ ဧပြီလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သော ဦးဟန်ညောင်ဝေသည် ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက0x081ကသိုလ်တွင် အင်ဂျင်နီယာ ဘာသာရပ်ကို ၁၉၆၆ ၌ တက်ရောက်ခဲ့ပြီး ကနေဒါနိုင်ငံ McGill University တွင် သတ0x081တုနှင့် တွင်းထွက်ဆိုင်ရာ ဘောဂဗေဒ ဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့ကို ၁၉၇၃ တွင် လည်းကောင်း၊ နိုင်ငံတကာ စီးပွားရေးနှင့် ဘဏ0x081ဍာရေးဆိုင်ရာ မဟာ သိပ0x081ပံဘွဲ့ကို ၁၉၇၆ တွင်လည်းကောင်း အသီးသီး ရရှိခဲ့သည်။ထို့နောက် ဒေါက်တာစိန်ဝင်း ဦးဆောင်သော ပြည်ပရောက် အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ (NCGUB) ၏ အကြံပေး အဖြစ် ၁၉၉၁ ခုနှစ်တွင် စတင် တာဝန်ယူခဲ့ပြီး ၁၉၉၆ ခုနှစ်၌ နော်ဝေနိုင်ငံ အော်စလို အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ အကြံပေး အရာရှိအဖြစ် တာဝန်ယူခဲ့သည်။၁၉၉၇ တွင် ဥရောပ - မြန်မာရုံး (Euro Burma Office) ၏ ဦးဆောင် ညွှန်ကြားရေးမှူး ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အသွင်ကူးပြောင်းမှုဆိုင်ရာ ကူညီ ထောက်ပံ့ရေးအတွက် ဥရောပသမဂ0x081ဂနှင့် ဂျာမနီ Friedich Ebert Foundation တို့နှင့်အတူ လက်တွဲ လုပ်ဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ဒီမိုကရက်တစ် မြန်မာ့အသံ၌ ဘဏ0x081ဍာရေး ဆိုင်ရာအရှုပ်တော်ပုံ တစ်ရပ် ပေါ်ပေါက်လာသည့် အချိန်တွင် ထိုသတင်းဌာန၏ ယာယီ အမှုဆောင် ညွှန်ကြားရေးမှူး အဖြစ် တာဝန်လွှဲပြောင်း ယူလိုက်သည်။နိုင်ငံတော် သမ0x081မတကြီး၏ ဖိတ်ခေါ်ချက်ကြောင့် ဦးဟန်ညောင်ဝေ အပါအဝင် သီးလေးသီး အငြိမ့်အဖွဲ့သားများ ဖြစ်ကြသည့် ဂေါ်ဇီလာ (မောင်မောင်ဇင်)၊ စိန်သီး (သန်းထွန်း)၊ ဇီးသီး(ဇော်နိုင်ထွေး)၊ ချောစုမျိုးနှင့် ဦးပီတာလင်းပင်တို့ ပြည်တော်ပြန်ဝင် လာခဲ့ကြပြီး စီးပွားရေး သုတေသီ ဒေါက်တာ ဇော်ဦးနှင့် ဒေါက်တာတင်မောင်သန်းတို့လည်း အလုပ်သဘော/ အလည်အပတ် လာရောက်ခဲ့ကြပြီး ဖြစ်သည်။

နိုင်ငံရေးသမား ဂီတပညာရှင် ကိုရဲလွင်နှင့် အင်တာဗျူး

အောင်မြင်သောဂီတအဖွဲ့တစ်ခုဖြစ်သည့်မဇ္ဖျိမလိုင်းအဖွဲ့အားတည်ထောင်စဉ်ပါဝင်ခဲ့သူတစ်ယောက်
တေးသီချင်းကောင်းများစွာကိုဖန်တီးခဲ့သလိုနိုင်ငံရေးအားစိတ်ပါဝင်စားပြီးအင်းစိန်မီိးရထား အလုပ်သမားအရေးအခင်း၊ဦးသန့်အရေးအခင်း၊၈၈အရေးအခင်း၂၀၀၇ခုနှစ်သံဃာအရေးအခင်းများ၌ ပါဝင်လှုပ်ရှားခဲ့ပြီးယခုအချိန်ထိနိုင်ငံရေးအားလုပ်ကိုင်လျှက်ရှိသူအနုပညာရှင်နိုင်ငံရေးသမားကိုရဲလွင်နှင့် တွေ့ဆုံမေးမြန်းမှုအား ဖော်ပြလိုက်ပါသည်။

မေး။    ။ ထောင်ထဲမှာကျန်ခဲ့တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေ
အတွက်ရောဘယ်လိုလုပ်ပေးဖို့ ဆန္ဒရှိပါသလဲ

ဖြေ။    ။ သူတို့ကို ကူညီပေးဖို့ပြင်ဆင်ထားတယ်။ ယုံကြည်ချက်ကြောင့်
အကျဉ်းကျခံနေရသူတွေ လွတ်ပေးဖို့တောင်းဆိုရမယ်။
အဲဒီလိုတောင်းဆိုတဲ့နေရာမှာ လူငယ်တွေက မှားတဲ့လမ်းကနေသွားရင်
တားသင့်ရင်တားရမယ်။ ကိုယ်တိုင်ဦးဆောင်ပြီး လာရောက်ပူးပေါင်းပါဝင်ဖို့
ဖိတ်ခေါ်သင့်ရင် ဖိတ်ခေါ်ရမယ်။

မေး။    ။ နိုင်ငံရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်သွားဖို့ရှိပါသလား။
ဖြေ။    ။ ကျွန်တော်အခုလုပ်နေတာလည်း နိုင်ငံရေးပါပဲ။
တော်လှန်ရေးလမ်းကြောင်းပေါ်လျှောက်ခဲ့တော့     ။ နိုင်ငံရေးက
ဆက်လုပ်သွားဖို့ရှိပါတယ်။

မေး။    ။ နိုင်ငံရေးနဲ့ပတ်သက်ခဲ့တဲ့အတွက် အနုပညာလုပ်တဲ့နေရာမှာ
ထိခိုက်မူတွေရှိခဲ့သလား။

ဖြေ။    ။ ကျွန်တော်အတွက်ကတော့ ထွေထွေထူးထူးထိခိုက်တာမရှိပါဘူး။
မေး။    ။ တပ်မတော်အစိုးရကနေ အရပ်သားအစိုးရပြောင်းတဲ့အတွက် လူအခွင့်ရေးနဲ့
ပတ်သက်ပြီး ပြောင်းလဲလာတာတွေရှိခဲ့တယ်လို့ထင်ပါသလား

ဖြေ။    ။ လူအခွင့်ရေးနဲ့ပတ်သက်ပြီးပြောရရင် နိုင်ငံတော်သမ္မတက
သော့ပဲဖွင့်ပေးတာ။
တံခါးမဖွင့်ပေးသေးဘူး။တံခါးကိုဖွင့်ဖို့အတွက်ကတော့တိုးဝင်ကြရမှာပဲ။အဲဒီတံကားကိုဖွင့်ဖို့အတွက် အင်အားလိုပါတယ်။အစိုးရအနေနဲ့လည်းလုပ်စရာတွေအများကြီးကျန်နေသေးတယ်။

မေး။   ။ဆရာရဲတို့မဇ္ဖျိမလှိုင်းစတင်ဖွဲ့ဖြစ်ပုံပြောပြပေးပါ။
ဖြေ။   ။မဇ္ဇျိမလှိုင်းကို ကျွန်တော်ရယ်၊ကိုမောင်မောင်ရယ်၊ခင်မောင်တိုးရယ်၊
ကိုနေဝင်းရယ်၊ တွဲပြီးတော့ ဂီတာတီကြတယ်။ညဘက်ဆိုအဆောင်တွေ
သွားပြီးတော့သီချင်းဆိုကြတယ်။ အဲဒီနောက်ပြဿနာအုပ်စုဆိုပြီး
အဖွဲ့စဖြစ်ခဲ့တယ်။အဲဒီတုန်းကအတွေ့အကြုံအားနည်းတော့နာမည်မထွက်လာဘူး။ မအောင်မြင်ဘူး။သုံးလေးခွေထွက်ပြီးလိစ္ဆဝီညဆိုပြီးနာမည်နဲ့ခွေသွင်းတယ်အဲဒီတုန်းက ဝိုင်းရဲ့ဆည်းဆာသီချင်းလိုသီချင်းကောင်းတွေပါလိုနာမည်နည်းနည်းထွက်လာသည်။ လူလည်းနည်းနည်းအပြောင်းအလဲဖြစ်လာတယ်။အခြေခံကတော့ကျွန်တော်တို့လေးယောက်ပါပဲ။ Leedဇော်မျိုးထွဋ်တို့ Keyboadမျိုးခင်ပါလာတဲ့နောက်
မဇ္ဖျိမလိုင်းနာမည်နဲ့မဟာဆန်သူခွေစထွက်တယ်။မဇ္ဖျိမလိုင်းမှာလူတွေအများကြီးပဲကိုခင်ဝမ်းတို့၊ မွန်းအောင်၊တို့ပါလာတဲ့အတွက်မဇ္ဖျိမလှိုင်းကတီးဝိုင်းသက်သက်မဟုတ်တော့ဘူး။ သီချင်တွေပါရေးကြတယ်။

မေး။     ။ဆရာသီးချင်းဘယ်နှပုဒ်လောက်ရေးခဲ့ပါသလဲ။ဘယ်သီးချင်းကိုအကြိုက်ဆုံးလဲ
ဖြေ။     ။သီးချင်းရေးခဲ့တာတွေက
အများကြီးဆိုတော့သိပ်တော့မမှတ်မိတော့ဘူး။တသက်လုံးသီးချင်းရေးလာတာ။ဒွိဟစိတ်နဲ့သုည
သီးချင်းကတော့ကျွန်တော်နှစ်သတ်ပါတယ်။

မေး။  နိုင်ငံရေးနဲ့ပတ်သတ်ပြီးလက်ရှိဘာတွေဆက်လုပ်သွားဖို့စိတ်ကူးရှိလဲ
ဖြေ။။မင်းကိုနိုင်အပါအ၀င်နိုင်ငံရေးသမားတွေအမြန်ဆုံးလွတ်မြောက်ဖို့အတွက်ပြည်သူတစ်ယောက် အနေနဲ့တောင်းဆိုသွားမယ်။အနုပညာသမားတစ်ယောက်အနေနဲ့ စာပေစိစစ်ရဲ့ မလိုအပ်ဘဲဖြတ်တောက်နေတာတွေမရှိတော့အာင်တောင်းဆိုသွားပါမယ်။

မေး။`။ ကျေးဇူးတင်ပါတယ်။
ဖြေ။ ကျေးဇူးတင်ပါတယ်ဗျာ။

ကိုစိုး (မြစ်မခ)

ထိုင်း​နိုင်ငံက မြန်မာ​ရေ​ဘေး​ဒုက္ခသည်များ​ကို မြန်မာသံရုံး​ အကူအညီ​ပေး​နေ


ဘန် ​ကောက်အ​ခြေစိုက် ထိုင်း​နိုင်ငံဆိုင်ရာ မြန်မာသံရုံး​က ​ရေ​ဘေး​ဒုက္ခသင့်​ပြီး​ မြန်မာပြည်ပြန်ချင်တဲ့​ မြန်မာ​လေး​ဆယ်ခန့်​ကို စရိတ်ကုန်ကျခံပြီး​ မြန်မာနိုင်ငံကို ပြန်ပို့​ပေး​ခဲ့​ပါတယ်။
ဘန်​ ကောက်မြို့​အထက် နွံထဘူရီခရိုင် အစား​အ​သောက် လုပ်ငန်း​စက်ရုံက မြန်မာအလုပ်သမား​ ၄၁ ဦး​ကို မြန်မာပြည်ပြန်နိုင်ဖို့​ မ​နေ့​က သံရုံး​ကို​ခေါ်ယူပြီး​ လိုအပ်တဲ့​ အကူအညီ​တွေကို ​ပေး​ခဲ့​တယ်လို့​ ကိုယ်တိုင်ဆက်သွယ် ​ဆောင်ရွက်​ပေး​ခဲ့​တဲ့​ ထိုင်း​ – မြန်မာအသင်း​ BAT တာဝန်ခံတဦး​က ​ပြောပါတယ်။
“​ရေ​တွေကြီး​ နေတာလည်း​ တပတ်​လောက်ရှိပြီ။ ပတိုနမ်း​မှာရှိတဲ့​ မြန်မာ​တွေ ကူညီ​စောင့်​ရှောက်တဲ့​အဖွဲ့​က ​ရေကြီး​တဲ့​သူ​တွေကို ကယ်ထုတ်လာတယ်။ လပ်​ဖောင်း​ အမျိုး​သမီး​ဖောင်​ဒေး​ရှင်း​ ဌာနဝင်း​ထဲမှာ သူတို့​ကို ထား​တယ်။ ကျ​နော်တို့​အဖွဲ့​နဲ့​ မြန်မာသံရုံး​ကို သူတို့​အ​ကြောင်း​ကြား​လာတယ်။ သံရုံး​ကလူ​တွေလည်း​ ​ရောက်​နေတယ်။ သူတို့​အခက်အခဲ​တွေ​မေး​တယ်။ ​နောက်​တော့​ မဲ​ဆောက်ကို ကား​တစီး​စာနဲ့​ သူတို့​ကို မ​နေ့​က ပြန်ပို့​ပေး​လိုက်တယ်။”
ဘန်​ကောက် – မဲ​ဆောက် လမ်း​ခရီး​တ​လျှောက်က စစ်​ဆေး​ရေး​ ဂိတ်​တွေက​နေပြီး​ ဖမ်း​ဆီး​အ​ရေး​ယူတာ​တွေ မလုပ်ဖို့​ကိုလည်း​ သက်ဆိုင်ရာ ထိုင်း​အာဏာပိုင်​တွေရဲ့​စည်း​တံဆိပ် လက်မှတ်​ထောက်ခံစာ​တွေကို မြန်မာသံရုံး​က ထုတ်​ပေး​တယ်လို့​ ဆိုပါတယ်။
ကျသင့်​တဲ့​ ကား​ခနဲ့​စား​စရိတ်​တွေကိုလည်း​ သံရုံး​က အား​လုံး​စီစဉ်​ပေး​ပြီး​ အလုပ်သမား​တဦး​ကို ဘတ်​ငွေ ၂၀၀ ဆီ မြန်မာသံမှူး​ ဦး​နိုင်ထွန်း​ကိုယ်တိုင် ​ပေး​အပ်ခဲ့​ပါတယ်။
မြန်မာသံရုံး​က​နေ ​ရေ​ဘေး​ဒုက္ခသည်​တွေကို ကူညီတာဟာ ပထမဆုံး​အကြိမ် ဖြစ်တယ်လို့​သိရပါတယ်။
ဘန်​ကောက်မှာ ​နေထိုင်တဲ့​ မြန်မာ​စေတနာရှင်​တွေကလည်း​ သံရုံး​က စီစဉ်ပို့​ဆောင်​ပေး​တဲ့​ မြန်မာအလုပ်သမား​တွေအတွက် ဘတ်တ​သောင်း​လေး​ထောင် အကူအညီ​ပေး​လိုက်ပါတယ်။
မြန်မာပြည်ကိုပြန်ချင်တဲ့ ​ မြန်မာအလုပ်သမား​တွေဟာ ဝပ်လပ်ခင် ဘုန်း​ကြီး​ကျောင်း​ကို လာ​ရောက်ဆက်သွယ်နိုင်တယ်လို့​မြန်မာသံရုံး​က မြန်မာအလုပ်သမား​ ကူညီ​ရေး​အဖွဲ့​တွေကတဆင့်​ ​ကြေညာထား​ပါတယ်။
ထိုင်း​အစိုး​ ရအလုပ်သမား​ ဝန်ကြီး​ဌာနကလည်း​ မြန်မာသံရုံး​၊​ မြန်မာ အလုပ်သမား​ ကူညီ​ရေး​အဖွဲ့​တွေနဲ့​ ညှိနှိုင်း​ပြီး​ မြန်မာ​ရေ​ဘေး​သင့်​ အလုပ်သမား​များ​အတွက် ဝပ်လပ်ခင်ဘုန်း​ကြီး​ကျောင်း​မှာ ယာယီခိုလှုံ​ရေး​စခန်း​ကို ဖွင့်​လှစ်ထား​ကြောင်း​ ဘန်​ကောက်အ​ခြေစိုက် HRDF ​ခေါ် လူ့​အခွင့်​အ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ဖောင်​ဒေး​ရှင်း​က တာဝန်ခံ ဦး​စိန်​ဌေး​က ​ပြောပါတယ်။
“​လော​လောဆယ် အ​ယောက် ၅၀၀ ​ယောက် ​လောက်ရှိ​နေပြီ။ ​နောက်ထပ်လည်း​ အလုပ်သမား​တွေကို သီး​သန့်​ လက်ခံနိုင်ဖို့​အတွက် ထပ်ပြီး​တိုး​ချဲ့​ ဖွင့်​လှစ်နိုင်ဖို့​ ​ဆွေး​နွေး​နေကြတယ်။”
ဘန်​ ကောက်မြို့​အ​ရှေ့​နဲ့​ အ​နောက်ဘက်အခြမ်း​က​နေ ​ရေလမ်း​လွှဲ​ပေး​နေ​ပေမယ့်​ ဘန်​ကောက်မြို့​ ​မြောက်ပိုင်း​ ရပ်ကွက်ဇုန်​တွေမှာ ​ရေလွှမ်း​မိုး​မှုကို မရပ်တန့်​နိုင်​သေး​တဲ့​အ​ကြောင်း​ ​နောက်ထပ် တလခွဲခန့်​ ဘန်​ကောက်မှာ ​ရေဆက်လက်လွှမ်း​နေမယ်လို့​ ထိုင်း​အစိုး​ရ ဒီက​နေ့​ ထုတ်ပြန်ထား​ပါတယ်။
ဒီက​နေ့​ ထုတ်ပြန်ချက်အရ ​ရေ​ဘေး​ကြောင့်​ လူ ၃၅၀ ​ကျော် ​သေဆုံး​ခဲ့​ရပြီလို့​ သိရပါတယ်။ 

အမေရိကန် ကိုယ်စားလှယ် ထပ်မံရောက်ရှိ



အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell သည် ၎င်း၏ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရန်ကုန်မြို့သို့ တနင်္လာနေ့ က ရောက်ရှိနေသည်။

မကြာမီ နေပြည်တော်ရှိ အစိုးရ အရာရှိများနှင့် တွေ့ဆုံနိုင်ရန် သွားရောက်မည်ပြီး ခရီးစဉ် အတွင်း နိုင်ငံရေး
အကျဉ်းသားများ ထပ်မံလွှတ်ပေးရေး ဖိအားပေးသွားရန်နှင့် လူမျိုးစု ဒေသများ အတွင်း စစ်မက်ဖြစ်ပွားမှု ကိစ္စများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း AP သတင်းတပုဒ်တွင် ရေးသားထားသည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် တွေ့ဆုံ နိုင်လိမ့်မည်ဟု
ပြောခွင့်ရ ဦးအုန်းကြိုင်က မျှော်လင့်သည်။

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell ရန်ကုန်မြို့သို့ ရောက်ရှိ (ဓါတ်ပုံ မဇ္ဈိမ)

“ ဘယ်တော့တွေ့မယ် ဆိုတာတော့ မပြောတတ်သေးဘူး။ ခုချိန်ထိတော့ ဘာမှမသိသေးဘူးဗျ” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ယခုခရီးစဉ်သည် Derek Mitchell ၏ ဒုတိယအကြိမ် ဖြစ်ပြီး စက်တင်္ဘာလအတွင်းက လာရောက်စဉ် နေပြည်တော်
အစိုးရ အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံခဲ့ပြီး မြန်မာ့ နိုင်ငံရေးတွင် ပြောင်းလဲ တိုးတက်မှု ရှိကြောင်း ပြောဆိုခဲ့သည်။

မစ္စတာမစ်ချဲလ်သည် သံအမတ်ကြီး အဆင့်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ကြေငြာထား သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် မြန်မာ စစ်တပ်က အာဏာသိမ်းသည့်နောက် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံရှိ သံအမတ် ကို ပြန်လည်ခေါ်ယူပြီး သံတမန် ဆက်ဆံရေးကို အဆင့် လျှော့ချ ထားခဲ့သည်။

မစ္စတာ မစ်ချဲလ်အား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ရန် လွှတ်တော်၌ စာရင်းသွင်းစဉ်က
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုခဲ့ပြီး မြန်မာ့ဒီမိုကရေစီရေး အတွက်စစ်မှန်သည့် ကူညီမှုမျိုးရနိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

မစ္စတာ မစ်ချဲလ်သည် အာရှနှင့် ပစိဖိတ်ဒေသ လုံခြုံရေးရာ ကာကွယ်ရေး ဝန်ကြီးဌာန၏ ဒု-လက်ထောက် ကာကွယ်ရေး ဝန်ကြီးတာဝန်ကို ၂ဝဝ၉ ခုနှစ် ဧပြီလ မှ ၂ဝ၁၁ ခုနှစ် သြဂုတ်လအထိ ထမ်းဆောင်ခဲ့သည်။

ထိုသို့ အာရှ အတွေ့အကြုံနှင့် တရုတ်နိုင်ငံ အတွေ့အကြုံများရှိသူ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ကို မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး အဖြစ် ခန့်ထားရန် အမေရိကန်သမ္မတ ဘားရက် အိုဘားမား၏ အဆိုပြုခဲ့ပြီး၊ အမေရိကန် အထက်လွှတ်တော်မှ သြဂုတ်လ ၁၅ ရက်နေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။


သတင်း---နယူးဒေလီ (မဇ္ဈိမ)

မြန်မာ့ရိုးရာ ညင်း တူရိယာ

43. Myanmar Hnyinn Oct 06-11


ဆောင်းပါး ပေးပို့လာတဲ့ ရန်ဝင်း ( တောင်တံခါး) အား Myanmar News Now မှ ကျေးဇူးတင်ရှိပါသည်


မြို့မငြိမ်း ၏ တောင်သမန်သို့ တမ်းချင်း


   ရန်ဝင်း (တောင်တံခါး)
စက်တင်ဘာ ၁၂၊ ၂၀၁၁
“တောင်သမန်
ကြည်အင်းရေ လှိုင်းငွေ မြူးကာနေ
ညင်းလေယဉ် ပြေပြေ”
တောင်သမန်
မြို့မငြိမ်း (၁၉ဝ၉-၁၉၅၅)
ဂီတစာဆိုကြီး ဆရာမြို့မငြိမ်း ရေးဖွဲ့တဲ့ ‘တောင်သမန်’ သီချင်းကို အမရပူရမြို့ A.M.B.A မော်တော်ယာဉ် ရေသဘင်အဖွဲ့ကြီးက မြန်မာသက္ကရာဇ် ၁၃၁၁ ခုနှစ်၊ ခရစ်နှစ် ၁၉၄၉ ခုနှစ် ပြည်ထောင်စု သင်္ကြန်ပွဲကြီးမှာ တီးမှုတ်ခဲ့တယ်။
မန္တလေးမြို့ ပြည်ထောင်စုသင်္ကြန်ပွဲကြီးမှာ သင်္ကြန်ယာဉ်ကို စောင်းကောက်ပုံသဏ္ဍန် ဆင်ယင်ထားတဲ့ အမရပူရမြို့ မြို့ခံဇာတိ A.M.B.A မော်တော်ယာဉ် ရေသဘင်အဖွဲ့ကြီးကလည်း ပါဝင် ဆင်နွှဲခဲ့တယ်။ အဲဒီ သင်္ကြန်ယာဉ်ကြီးပေါ်က တီးဝိုင်းသမားတွေ တီးမှုတ်လာကြတဲ့ တီးလုံးကို ကြားလိုက်ကြရတဲ့အခါ အနောက်တိုင်းဖြစ် လေမှုတ်တူရိယာတွေနဲ့ အနောက်တိုင်းက တေးသွားကို တီးမှုတ်လာတယ်လို့ မှန်းဆကြရတယ်။
အနားကို သင်္ကြန်ယာဉ်ရောက်လာတဲ့အခါမှ တီဝိုင်းသမားတွေ တီးမှုတ်လာကြတဲ့ တူရိယာတွေက အရွယ်အမျိုးမျိုးရှိတဲ့ ဝါးပလွေတွေ၊ သားရေကျက်ထားတဲ့ သံစည်ပိုင်းပြတ်တလုံး၊ မန်ကျည်းစေ့တွေ ထည့်ထားတဲ့ ဘူးသီးခြောက်တလုံး၊ ထန်းသီးမှုတ်တလုံးနဲ့ နိုင်ငံခြားဖြစ်ဆိုလို့ ကလယ်ရီနက် တလက်သာပါတာကို အံ့သြစရာ တွေ့ကြရလေတယ်။
အဲဒီ ‘အေ အမ် ဘီ အေ’ ရေသဘင်အဖွဲ့ကြီးကို ဆရာမြို့မငြိမ်းက ဦးစီး စီစဉ်ခဲ့တယ်။ လက်ပေါက် ခြောက်ပေါက် ဝါးပလွေတွေကိုလည်း ဆရာမြို့မငြိမ်းနဲ့ အမရပူရမြို့က နှဲဆရာကြီး ဆရာထပ် တို့ တိုင်ပင် ဖန်တီးခဲ့ကြတယ်။
ပလွေသမားတွေကို အမှတ် ၁၊ ၂၊ ၃ လို့ နာမည်ပေးထားတဲ့ အုပ်စုသုံးစု ခွဲထားပြီး၊ သီချင်းတီးလုံးမှာ ကိုယ့်အစုနှင့်ကိုယ် ဝင်ရောက်မှုတ်ကြဖို့ ဆရာမြို့မငြိမ်းက စီမံခန့်ခွဲပေးထားပါတယ်။
တီးမှုတ်သူတွေကလည်း တူရိယာ ပညာရှင်တွေမဟုတ်ကြဘဲ ‘အေ အမ် ဘီ အေ’ မော်တော်ယာဉ် အသင်းသား သာမန်အရပ်သားများသာ ဖြစ်ကြတယ်။ ဆရာမြို့မငြိမ်းက ဂီတပညာဆိုလို့ ဘာတခုမှ သင်ကြားမထားကြတဲ့ အဲဒီ အရပ်သားတွေကို သီချင်းတပိုဒ်ချင်း အလွတ်ချပေးပြီး ပလွေမှုတ်ဖို့ လေ့ကျင့်ပေးခဲ့တယ်။ ဆရာမြို့မငြိမ်းရဲ့ မိတ်ဆွေဖြစ်ပြီး တပည့်လည်းဖြစ်တယ်လို့ ဆိုရမယ့် အမရပူရမြို့ ဇာတိ မြို့မ ဦးကိုလေး က ဦးဆောင်ပြီးမှုတ်တဲ့ ကလယ်ရီနက်နဲ့အတူ သီချင်းအလိုက်ကို ပလွေသမား ငါးဦးလောက်ကသာ သံပြိုင်မှုတ်ကြပြီး ကျန်တဲ့သူတွေက ကိုယ့်အလှည့်နဲ့ကိုယ် ဝင်ရောက်မှုတ်ကြတော့ အသံထုထည်ကို အခြေခံပြီး ဖွဲ့စည်းတဲ့ အနောက်တိုင်း ဂီတသံမျိုးဖြစ်လာတော့တယ်။
အနောက်တိုင်းဂီတ တီးဝိုင်းတခုမှာ ပါဝင်တဲ့ တူရိယာအားလုံးက မယ်လိုဒီ တခုလုံးကို သံပြိုင် တီးမှုတ်ကြတာတော့ မဟုတ်ပါ။ ဖန်တီးရှင် ဂီတစာဆိုက ဂီတ ဥပဒေတွေနဲ့အညီ သူ့ခံစားချက်တွေကိုပါ ပေါင်းစပ်ပြီး တူရိယာ တခုချင်းစီရဲ့ အဝင် အထွက်၊ အရပ် အနား၊ အတိုး အကျယ် သင်္ကေတတွေ အမျိုးမျိုးနဲ့ ဖွဲ့စည်းတာပါပဲ။
အကြမ်းဖျဉ်းဆိုရရင်တော့ အနောက်တိုင်းဂီတမှာ အသံထုထည်ကို ရဖို့အတွက် အခြေခံ အသံစဉ်တခုမှာပါတဲ့ မိတ်ဖက်သံတွေနဲ့ ဖွဲ့စည်းရပါတယ်။ ဥပမာအားဖြင့် စီ-မေဂျာ အသံစဉ်မှာ စီ၊ ဒီ၊ အီး၊ အက်ဖ်၊ ဂျီ၊ အေ၊ ဘီ ရယ်လို့ အသံ ၇ မျိုး ပါရှိတဲ့အထဲမှာ စီ-မေဂျာ အသံတွဲ ကော့ (ဒ်) (chord) ရဲ့ အဓိက ပါဝင်တဲ့ မိတ်ဖက်သံတွေက စီ၊ အီး နဲ့ ဂျီ ဖြစ်ပါတယ်။
မူလအခြေခံ (Fundamental) မေဂျာ အသံစဉ်တွေအတိုင်း လုပ်ထားတဲ့ စီ၊ အီး၊ ဂျီ ပလွေ သုံးလက်ကို တပြိုင်နက်ထဲ မှုတ်လိုက်တယ်ဆိုပါတော့။ အသံထုထည်ပါတဲ့ စီ-မေဂျာ ကော့ (ဒ်) အသံထုထည်ကို ကြားရပါမယ်။ 
 စီ၊ အီး၊ ဂျီ မေဂျာသံစဉ် ခြောက်ပေါက် ဝါးပလွေ သုံးလက်
အဲဒီ ‘တောင်သမန်’ သီချင်းရဲ့ မူရင်း မယ်လိုဒီ က ‘လက်တင်-အမေရိက’ နိုင်ငံခြားသံ စစ်စစ်ပါ။ မူရင်း သီချင်းက ၁၉၂၉ ခုနှစ်အတွင်းမှာ Ernesto Lecuona ရေးခဲ့တဲ့ ‘ဆီဘိုနေး’ (Siboney) လို့ခေါ်တဲ့ ကျူဘင် (Cuban) သီချင်းဖြစ်ပါတယ်။ 
 
Ernesto Lecuona
1895-1963 
 
‘ဆီဘိုနေး’ ဓာတ်ပြား က တံဆိပ်
‘ဆီဘိုနေး’ ဆိုတာက ကျူးဘား (Cuba) ကျွန်းနိုင်ငံက မြို့ကလေးတမြို့ရဲ့ နာမည်ပါ။ နောက်ပိုင်းခေတ်မှာတော့ ကျူးဘားနိုင်ငံတခုလုံးကို ကိုယ်စားပြုတဲ့ ဝေါဟာရ အဖြစ် အဓိပ္ပာယ်က ကျယ်ဝန်းသွားခဲ့ပါတယ်။ 
 
Alfredo Brito
၁၉၃၁ ခုနှစ်မှာ အယ်(လ်)ဖရက်ဒို ဘရစ်တို (Alfredo Brito) က စပိန်ဘာသာနဲ့ သီဆိုလိုက်ပြီးတဲ့နောက် ‘ဆီဘိုနေး’ သီချင်း နာမည်ကြီးသွားခဲ့ပါတယ်။ အဲဒီနောက်တော့ Caterina Valente, Xiomara Alfaro, Dizzy Gillespie, Percy Faith တို့က သီဆိုကြပြန်တယ်။
Connie Francis နဲ့ Bing Crosby တို့က အင်္ဂလိပ်ဘာသာနဲ့ သီဆိုကြပါတယ်။ ‘ဆီဘိုနေး’ လို့ နာမည်တပ်ထားပေမယ့် မူရင်း ‘ဆီဘိုနေး’ သီချင်းစာသားရဲ့ အဓိပ္ပာယ်ကို ကိုယ်စားမပြုတဲ့ အင်္ဂလိပ်ဘာသာနဲ့ မူကွဲသီချင်းတွေလည်းရှိပါသေးတယ်။ 
‘ဆီဘိုနေး’ သီချင်းရဲ့ မူရင်း အသံစဉ်က စီ-မေဂျာ အသံစဉ်ပါ။ အခြေခံ စည်းချက်က ‘ကလစ်ဆို’ စည်းချက် (Calypso Beat) ဖြစ်ပါတယ်။ ‘ကလစ်ဆို’ စည်းချက်ဆိုတာ ထရီနီဒက်နဲ့ တိုဘာဂိုနိုင်ငံတွေက အာဖရိက နဲ့ ဥရောပ ဇာတိဖွားတွေရဲ့ အေဖရို-ကရစ်ဘီယံ (Afro-Caribbean) ဂီတဝင် စည်းချက် ဖြစ်ပါတယ်။ ‘ကလစ်ဆို’ စည်းချက် အထဲက ရိုက်ချက်တွေကို နှေးနှေးပဲ တီးတီး၊ မြန်မြန်ပဲ တီးတီး အင်မတန်မှ မြိုင်မြိုင် ဆိုင်ဆိုင်ရှိလှပါတယ်။
‘ကလစ်ဆို’ စည်းချက် မူကွဲများ (Calypso Beat and Variations)
 တူရိယာများ Cowbell, Snare Drum, Bass Dram

အဲဒီ ‘ဆီဘိုနေး’ သီချင်းရဲ့ အနှစ်သာရက မွေးရပ်မြေနဲ့ အိမ်ကိုတမ်းတပြီး လွမ်းရတဲ့ ‘အိမ်ပြန်ချင်တဲ့ အလွမ်း’ လို့ ဆိုရပါမယ်။ စာဆိုရှင်က သူချစ်တဲ့ ‘ဆီဘိုနေး’ မြို့ကလေးကို သက်ရှိတဦးအဖြစ် သူ့ရဲ့ ချစ်သူပမာ တင်စားပြီး အချစ်နဲ့ အလွမ်းကို ဖွဲ့သွားပါတယ်။
SIBONEY
Ernesto Lecuona
(English Translation from Spanish)
“Siboney, I love you, I’m dying for your love
Siboney, I think of you while I fell asleep to the quiet song of the palm trees
I dream of how I love you, and how precious you are to me
Siboney, I dream of you while I fell asleep to the quiet song of the palm trees
Soboney of my dreams, if you don’t hear the complaint in my voice
Siboney, if I don’t see you soon. I’ll die of love
Soboney of my dreams, I stay at home and anxiously await you
Siboney, if I don’t see you soon. I’ll die of love
Hear the echo of my song resonating in the glass
Please, don’t get lost in dark wilderness”
‘ဆီဘိုနေး’ ရေ၊ မင်းကို ငါ ချစ်ပါတယ်ကွယ်။ မင်းရဲ့အချစ်ကို သေမတတ်လောက် စွဲလမ်းနေပါတယ်။
ထန်းပင်ကလေးတွေက တသိမ့်သိမ့်နဲ့ ငါ့ကို ချော့ပြီး သိပ်လို့ အိပ်မောကျနေရင်းတောင်မှ
မင်း အကြောင်းကို ငါ တွေးမိနေသေးတယ်။
‘ဆီဘိုနေး’ ရေ၊ မင်း ကို ငါက ဘယ်လောက် ချစ်တဲ့အကြောင်းနဲ့
မင်းကို ငါက ဘယ်လောက် တန်ဖိုးထားရကြောင်း ငါ အိပ်မက် မက်နေတယ်လေ။
‘ဆီဘိုနေး’ ရေ ငါ့ရဲ့ ညည်းတွားနေသံကလေးတွေကို မင်း မကြားရော့လေသလားကွယ်။
ငါ့အိပ်မက်ထဲက ‘ဆီဘိုနေး’ ရေ အလွမ်းဌာနေ အိမ်ကလေးဆီက
တမ်းတမ်းတတနဲ့ ငါ မင်းကို စောင့်နေပါတယ်ကွယ်။
မင်းနဲ့ မြန်မြန်သာ မတွေ့ရရင်တော့လေ အချစ်အတွက်နဲ့ပဲ ငါ့ အသက်ဆုံးရပါတော့မယ်ကွယ်။
ဖန်ခွက်ကလေးထဲမှာ လှုပ်ခါနေတဲ့ ငါ့ တေးသံရဲ့ ပဲ့တင်သံကလေးတွေကို မင်း ကြားပါစေတော့ကွယ်။
မှော်ရုံတောရဲ့အလယ်မှာ လမ်းမပျောက်ပါစေနဲ့ကွယ်။
 
ကျူဘင် တီးဝိုင်းက တူရိယာပညာရှင်တွေ
၁၉၄၉ ခုနှစ် အချိန်လောက်တုန်းက မြန်မာတွေ နားသိပ်မယဉ်လှသေးတဲ့ ‘ကလစ်ဆို’ စည်းချက်ကို ‘ဆီဘိုနေး’ သီချင်းရဲ့အလိုက် ‘တောင်သမန်’ သီချင်းနဲ့အတူ ဆရာမြို့မငြိမ်း က မြန်မာတွေရဲ့ နားတွေဆီအရောက် ပထမဆုံး ပို့ဆောင်ပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ 
တောင်သမန်
“တောင်သမန်၊ ကြည်အင်း ရေလှိုင်းငွေ မြူးကာနေ၊ ညင်းလေယဉ် ပြေပြေ။
ထောင်ရောင်နေ၊ ရဝေနန်း အမရ ဘုန်းရောင်ရွှန်း ထွန်းခဲ့ပေ။
မော်တော်ယာဉ်၊ အေအမ်ဘီ ခေါ် အသင်းတော်သားများက မာပါစေ။
နိုင်ငံတော်၊ ညီရင်းအကိုများ တို့တိုင်းရင်းသားတွေ တအူတုံဆင်း ချစ်ခင်ရင်းနှီးကြတယ်လေ။
ထာဝစဉ် မေတ္တာဓာတ်တိုးစေ ဖြန်းဆွတ်သော သင်္ကြန်ရေ။”
 
မြို့မငြိမ်း
(၁၉ဝ၉-၁၉၅၅)
မူရင်း တီးလုံးမှာ ပါဝင်တဲ့ ဆက်ဆိုဖုံးတွေအစား ဆရာမြို့မငြိမ်းက ဝါးပလွေတွေကို သုံးခဲ့တာပါ။ ဘေ့(စ်)ဒရမ် (Bass Dram) အစား သံစည်ပိုင်းပြတ်နဲ့လုပ်တဲ့ ဗုံကြီးကို သုံးခဲ့လိမ့်မယ်လို့ မှန်းဆရပါတယ်။ ကောင်းဘဲလ် (Cowbell) အတွက် ထန်းစေ့မှုတ်၊ ရှိတ်ကာ (Shaker) အဖြစ် မန်ကျည်းစေ့တွေ ထည့်ထားတဲ့ ဘူးသီးခြောက်ကို အစားထိုးပြီး ဒိုးဆရာ မြို့မ ဦးထွန်းရင် က ‘ကလစ်ဆို’ စည်းချက်တွေနဲ့ တောင်သမန်သီချင်း ကို အသက်သွင်းခဲ့တာပါပဲ။
ဆရာမြို့မငြိမ်းက မူရင်း ‘ဆီဘိုနေး’ သီချင်းတီးလုံးရဲ့ မယ်လိုဒီ ကိုပဲယူခဲ့ပါတယ်။ ‘ဆီဘိုနေး’ သီချင်းမှာ အလွမ်း ဝေဒနာတွေက လွှမ်းခြုံနေပေမယ့် ‘တောင်သမန်’ သီချင်းထဲမှာတော့ ငွေရောင် လှိုင်းကြက်ခွပ်ကလေးတွေ လူးကာ လှိမ့်ကာ မြူးထူးလို့ ကြည်ကြည်လင်လင် တောင်သမန် အင်းရေပြင် အပေါ်မှာ ပြေးလွှား ဆော့ကစားနေတဲ့ လေပြေ လေညင်းကလေးတွေနဲ့အတူ မြူးမြူးကြွကြွ သင်္ကြန်ကာလရဲ့ အေးအေးမြမြ မေတ္တာဓာတ်တွေ က ထုံမွမ်းလို့ နေပါတယ်။ 
တွေ့မြင် နားဆင်နိုင်ခွင့် မကြုံကြိုက်လိုက်ရတဲ့ အတိတ်ကာလ အချိန်တုန်းက ဆရာမြို့မငြိမ်း ရဲ့ ‘တောင်သမန်’ ကို မှန်းဆ တမ်းတလို့သာ လွမ်းရပါတော့တယ်။ လွမ်းလို့ရေးဖြစ်တဲ့ ဒီ စာတို ပေစကလေးကိုတော့ ‘တောင်သမန် သို့ တမ်းချင်း’ ကလေးတခုပါပဲလို့ ဆိုကြပါစို့။
ကိုးကားခြင်း နဲ့ ကျေးဇူး အထူးတင်ရှိခြင်း
(၁) Siboney/ youtube ဆီသို့ လမ်းညွှန်ပေးသော ဘိုဘိုလန်းစင်
(၂) ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ၊ ၁၉၆၄
(၃) မြို့မငြိမ်းနှင့်သူ့အနုပညာ၊ သန်းအောင်ခိုင်၊ ဒီဇင်ဘာလ၊ ၁၉၉၇
(၄) ဝင်းဖေလွယ်အိတ်၊ မြို့မငြိမ်း အနုပညာ၊ ပန်းချီ၊ ဒါရိုက်တာ-ဦးဝင်းဖေ၊ ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန
http://www.bbc.co.uk/burmese/burma/2011/07/110716_winpe_bag.shtml
(၅) www.wikipedia.com
(၆) www.studydrums.com

ဆောင်းပါး--- မိုးမခမီဒီယာ

လက်ဖျားသံနှော မြန်မာတယော – အပိုင်း (၂)


ရန်ဝင်း (တောင်တံခါး)
စက်တင်ဘာ ၂၆၊ ၂၀၁၁

၁၇ လက္မ ဗီယိုလာ (17 inches Viola)
ဗိုင်အိုလင်၊ ဗီယိုလာ တို့နဲ့နှိုင်းယှဉ်ကြည့်ပြီးကြည့်လိုက်မယ်ဆိုရင် အချိုးအစားအနေနဲ့ မြန်မာတယောရဲ့ လက်နှိပ်ကွက် လက်တံက ပိုပြီး တိုပါတယ်။ အဲဒါကြောင့် မြန်မာတယောက ကမ္ဘာသုံးတယောတွေရဲ့ပုံစံကို အတိအကျကူးယူထားတဲ့ မူပွားမျိုးမဟုတ်ဘူးလို့ဆိုချင်ပါတယ်။ တည်ဆောက်တဲ့ပုံစံကို မှီငြမ်းရုံသာမှီငြမ်းပြီး မြန်မာ့ဂီတအတွက် မြန်မာ့အသံစဉ်ကိုတီးဖို့ အသစ်တီထွင်လိုက်တဲ့ မြန်မာ့တူရိယာပါပဲ။ မွန်ရိုးရာတူရိယာဝိုင်းတွေမှာ ‘ထောင်တယော’ ဆိုတဲ့ ကြိုး ၃ ချောင်းတယော ပါဝင်ပါတယ်။ ဒီကနေ့ မွန်ရိုးရာတီးဝိုင်းတွေမှာ ‘လခြမ်းကြေး နောင်’၊ ‘မိကျောင်း’ တူရိယာတွေနဲ့အတူ ‘ထောင်တယော’ ကို သုံးစွဲနေပါသေးတယ်။ အဲဒီထောင်တယောက မြန်မာတယောနဲ့ ပုံစံချင်း အင်မတန်တူပါတယ်။
မြန်မာတယော (၁၉ ရာစု)


ရှေးမြန်မာတယောက ကြိုး ၃ ချောင်းရဲ့ အသံညှိပုံစနစ်ကို တပ်အပ်မပြောနိုင်ပေမယ့် ‘ထောင် တယော’ နဲ့ တူညီနိုင်စရာအကြောင်းရှိပါတယ်။ ‘ထောင်တယော’မှာ ပါတဲ့ ဘယ်သံ ကနေ ညာသံ ကြိုးသုံးချောင်းကို အက်ဖ်၊ စီ နဲ့ ဂျီ သံတွေညှိထားပါတယ်။ မြန်မာ့သံစဉ်ရဲ့ ၅ ပေါက်၊ ၁ ပေါက်သံမှန် နဲ့ ၄ ပေါက်သံတွေဖြစ်ပါတယ်။
ကမ္ဘာသုံး ဗိုင်အိုလင်ရဲ့ ဘယ်သံကနေ ညာသံ ကြိုး ၄ ချောင်းကို ဂျီ၊ ဒီ၊ အေ နဲ့ အီး အတိုင်း ညှိထားပါတယ်။ မြန်မာ့သံစဉ်ရဲ့ ၄ ပေါက်၊ ၇ ပေါက်၊ ၃ ပေါက် နဲ့ ၆ ပေါက်သံတွေ ဖြစ်ကြတယ်။ ဗီယိုလာရဲ့ ဘယ်သံ ကနေ ညာသံ ကြိုး ၄ ချောင်းကိုတော့ စီ၊ ဂျီ၊ ဒီ နဲ့ အေ အတိုင်း ညှိထားပါတယ်။ ၁ ပေါက် သံမှန်၊ ၄ ပေါက်၊ ၇ ပေါက် နဲ့ ၃ ပေါက်သံတွေ ဖြစ်ပါတယ်။
ဒီကနေ့ မြန်မာသံတီးကြတဲ့ ဗိုင်အိုလင်ကိုလည်း ဘယ်သံကနေ ညာသံ ကြိုး ၄ ချောင်းကို ၄ ပေါက်၊ ၁ ပေါက် သံမှန်၊ ၄ ပေါက်၊ ၁ ပေါက် သံမှန်ထားပြီး တီးကြပါတယ်။
ရှေးမြန်မာတယောက ကြိုးသုံးချောင်းကို မြန်မာ့သံစဉ်ရဲ့ ၅ ပေါက်၊ ၁ ပေါက် သံမှန် နဲ့ ၄ ပေါက်သံတွေအတိုင်း ညှိထားတာဆိုရင်တော့ မြန်မာတယောရဲ့ကြိုးညှိပုံက ကမ္ဘာသုံးတယော ဗိုင်အိုလင်၊ ဗီယိုလာတို့နဲ့ လုံးဝခြားနားတယ်လို့ဆိုရပါမယ်။
မြန်မာရှေးသီချင်းတွေကိုတီးဖို့ရာ မြန်မာ့သံစဉ်အမျိုးမျိုးအတွက် အဆင်ပြေလှပါလိမ့်မယ်။ အဲဒါကြောင့် မြန်မာတယောတွေကို တလက် မကပဲ အတော်တော်များများလုပ်ခဲ့ကြလိမ့်မယ်လို့လည်း မှန်းဆကြည့်မိပါတယ်။
မြန်မာတယောက လက်နှိပ်ကွက် လက်တံနဲ့ တယောကြိုးတွေ

တယောကြိုးတွေက မြန်မာစောင်းကောက်ရဲ့ စောင်းကြိုးတွေလိုပဲ ကျစ်ထားတဲ့ပိုးကြိုးတွေနဲ့လုပ်ပါတယ်။ တယောဘိုးတံက ကြိုးတွေကို လည်း ပိုးကြိုးနဲ့လုပ်တာပါပဲ။ သော့သီးတွေနဲ့ သော့သီးအိမ်ကတော့ ကမ္ဘာသုံးတယောတွေနဲ့ဆင်တူပါတယ်။ တယောခေါင်းကတော့ ကနေတဲ့ဟန်နဲ့ မကိုဋ်ဆောင်း ကိန္နရာရုပ် ဖြစ်နိုင်ပါတယ်။

မြန်မာတယောက တယောခေါင်း နဲ့ သော့သီးတွေ

ပွတ်လုံးထိုးထားတဲ့ ထောက်တံက ထူးခြားပါတယ်။ ထောက်တံအပေါ်မှာ တယောကို လှည့်ပြီးကစားနိုင်တော့ တယောကြိုး သုံးချောင်းစလုံး အစွက် အဖက် လက်ကွက်တွေကို ဖန်တီးနိုင်ပါတယ်။

မြန်မာတယောက ထောက်တံ

တယောကြိုးတင်ခုံကလည်း ထူးခြားပါတယ်။ တယောကြိုးတွေကို နေရာမရွေ့အောင်ဖန်တီးထားပုံက အင်မတန်ပညာသားပါပါတယ်။

မြန်မာတယော က တယောကြိုးတွေနဲ့ ကြိုးတင်ခုံ


ကမ္ဘာသုံးတယောက တယောကြိုးတွေနဲ့ ကြိုးတင်ခုံ (Bridge)


မြန်မာတယော ပညာရှင် နဲ့ မြန်မာတယော
တယော၊ ပတ္တလား၊ ပလွေ ပညာရှင်တွေနဲ့ ရှေးက မြန်မာ့ရိုးရာ တီးဝိုင်း

ဒုတိယ ကမ္ဘာစစ်ကြီးပြီးခါစ ၁၉၄၆ ခုနှစ် ပတ်ဝန်းကျင်လောက်တုန်းက မန္တလေးမြို့ လမ်းဘေးမှာ မြန်မာတယောကြီးကိုထိုးပြီး သီချင်းဆို လေ့ရှိတဲ့ တယောပညာရှင်ကြီး ‘ဘိုးကျန်’ ဆိုတာ ရှိခဲ့ပါတယ်။ ၁၉၅၆-၅၇ လောက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ ဘိုးကျန်ကို ကိုယ်တိုင်ကိုယ် ကျတွေ့လိုက်ရဖူးတဲ့ ပန်းချီ၊ ဒါရိုက်တာဦးဝင်းဖေက ဘီဘီစီ အသံလွှင့်ဌာန မြန်မာပိုင်းအစီအစဉ်၊ ၀င်းဖေလွယ်အိတ်ကဏ္ဍမှာ ပြောပါတယ်။

အဲဒီအချိန်တုန်းက အသက် ၈ဝ လောက်ရှိနေပြီဖြစ်တဲ့ ဘိုးကျန်က မျက်စိလည်း မမြင်ရှာတော့ပါ။ နားဆင်သူပရိသတ်က ပေးကမ်း ထောက်ပံ့တဲ့ငွေကြေးကလေးတွေကို လက်ခံပြီး စားရရှာတဲ့ဘိုးကျန်ကို မန္တလေးမြို့ အာဠ၀ီ၊ စီလမ်းအတိုင်းဆင်းသွားရတဲ့ သင်္ချိုင်းတော်တံ တား အနောက်ပိုင်းက ကျူးကျော်ရပ်ကွက်ကလေးတခုမှာ မြေးမိန်းကလေးတွေက စောင့်ရှောက်ထားခဲ့ကြတယ်။
ဘိုးကျန်က အသက်ကလည်းကြီး၊ ဒုက္ခိတလည်းဖြစ်နေရှာတာသက်သက်ကြောင့်တော့ လမ်းဘေးမှာ တီးမှုတ်နေခဲ့ရတာ မဟုတ်နိုင်ပါ။ ပန်းရံ ကံကျွေး လုပ်ကိုင်စားကြတဲ့ မြေးမိန်းကလေးတွေရဲ့အထောက်အပံ့နဲ့ နေနိုင်ခဲ့ပေမယ်လို့ ဂီတကို စွဲစွဲလမ်းလမ်းဖြစ်နေတာကြောင့် အဆို၊ အတီးဝါသနာကို မစွန့်လွှတ်နိုင်ပဲ လမ်းဘေးမှာ တီးမှုတ်နေခဲ့တဲ့ပုံပါ။ ဂီတ၀ါသနာရှင်တွေက အိမ်မှာခေါ်ထားပြီး ပြုစုရင်လည်း မနေနိုင်၊ မပျော်နိုင်ဘူးလို့ကြားရဖူးပါတယ်။
ဘိုးကျန် ရဲ့ လက်စွဲတူရိယာတွေက မြန်မာတယော၊ ပလွေ၊ စည်းနဲ့ဝါးတို့ဖြစ်ကြတယ်။ စည်းနဲ့ဝါး ကိုတော့ ခြေဖျားနှစ်ဖက်နဲ့ တီးလို့ရအောင် တီထွင်ထားပါတယ်။ ညာဘက်ခြေထောက်က စည်း၊ ဘယ်ခြေက ၀ါးကိုတီးပါတယ်။ သီချင်းဆိုရင်း၊ တီးမှုတ်ရင်းနဲ့ စည်းချက်တွေကို အမျိုးမျိုးကစားပြီး တီးပါသတဲ့။ မြိုင်ထ၊ ရှစ်ဆယ်ပေါ် တေးထပ်၊ ဇော်ဂျီတီးလုံး၊ မြန်မာဇာတ်သဘင်သံဆန်းတွေ ပလွေနဲ့မှုတ်တော့ ပလွေကို ပါးစပ်နဲ့ရော နှာခေါင်းနဲ့ပါ မှုတ်ပါတယ်။ တယောထိုးတဲ့အခါမှာတော့ ယမုံနာ၊ သောင်းသောင်းညံ စတဲ့ မြန်မာရှေးသီချင်းကြီးတွေ ကို ဆိုတီး တီးလေ့ရှိပါတယ်။ တဦးထည်းနဲ့ ဂီတသံလေးမျိုးကို ဖန်တီးနိုင်တဲ့ တကယ့်ပညာရှင်ကြီးပါပဲ။
၁၉၅ဝ ခုနှစ် စောစောပိုင်းမှာ အထက်မြန်မာနိုင်ငံ ဓါတ်ပုံအသင်း ဓါတ်ပုံဆရာတွေက ဘိုးကျန်ရဲ့ပုံကို ဓါတ်ပုံအမျိုးအမျိုး ရိုက်ပြီး ဓါတ်ပုံပြပွဲ ပြိုင်ပွဲတွေ လုပ်ခဲ့ကြသေးတယ်။ ရုပ်ရှင်ပိုစတာ ပန်းချီဆရာကြီး ဦးဘကြင်ကလည်း ဘိုးကျန်ရဲ့ပုံတူပိုစတာပုံကြီးကိုဆွဲပြီး ပြပွဲမှာ ပြခဲ့ပါသေး တယ်။ အဲဒါကြောင့် ဘိုးကျန်နဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေ အများကြီးကျန်ခဲ့နိုင်စရာရှိပါတယ်။
ဒါရိုက်တာကြီး ရှုမ၀ ဦးကျော် ရိုက်ကူးသွားခဲ့တဲ့ ‘အပယ်ရတနာ’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဇာတ်ပို့သရုပ်ဆောင်ကြီး ဦးကြည်မောင်က ပုဂံမြို့ အပယ်ရတနာ ဘုရားရှေ့မှာ တောင်းရမ်းစားသောက်ရရှာတဲ့ တယောဦးကျန်အဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်သွားခဲ့ပါတယ်။ သရုပ်ဆောင် ရှုမ၀ စမ်းစမ်းအေး ကလည်း မြေးမကလေး မိအေး အဖြစ် ပီပြင်လှပါတယ်။ ဘယ်လောက် ပီပြင်သလဲဆိုရင် ‘အပယ်ရတနာ’ နဲ့အတူ တယောထိုးနေတဲ့ ဦးကျန်၊ သီချင်းဆိုနေတဲ့ မိအေးတို့ရဲ့ပုံရိပ်တွေက ဒီကနေ့အထိ ရင်ထဲမှာစွဲပြီး ကျန်နေရစ်ခဲ့ပါသေးတယ်။ တကယ်ရှိခဲ့တဲ့ ဘိုးကျန်နဲ့ သူ့ရဲ့ မြန်မာတယောကြီးကို ရှုမ၀ ဦးကျော်က ပုံတူကူးယူပြီး အပယ်ရတနာ ရုပ်ရှင်ကားထဲက ဇာတ်ရုပ်တယော ဦးကျန်အဖြစ် ဖန်တီးခဲ့တယ်လို့တွေးဆမိပါတယ်။
ဘိုးကျန်ကွယ်လွန်တော့ မန္တလေး ပန်တျာနဲ့ အကကျောင်း ကျောင်းအုပ်ကြီး ဦးစိန်ညွန့်က ဘိုးကျန်ရဲ့ မြန်မာတယောကြီးကို မြန်မာအနု ပညာပြတိုက်အတွက် အစိုးရကိုယ်စားဝယ်ယူသွားခဲ့ပါတယ်။ ဒီကနေ့အထိ မြန်မာ့အနုပညာပြတိုက်ထဲမှာ ဘိုးကျန်ရဲ့ မြန်မာ တယော ကြီးကို နောက်ခံသမိုင်းကြောင်းနဲ့အတူ ဆက်လက်ထိန်းသိမ်းထားရှိနေဆဲပဲလို့ ယုံကြည်ရပါတယ်။
လက်ဖျားသံနှော မြန်မာတယောပညာရှင်ကြီး ဘိုးကျန်ရဲ့ မြန်မာတယောကြီးကို လေ့လာဖို့နဲ့ ဘိုးကျန်ရဲ့ဓါတ်ပုံတွေကို ရရှိနိုင်ဖို့တောင်မှ ဒီစာရေးနေချိန်မှာ လက်လှမ်းမမီနိုင်သေးပါ။ ဓါတ်ပုံဆရာကြီး Peter Adolphe Kliner က ၁၈၇၅ ခုနှစ် နဲ့ ၁၈၉ဝ ခုနှစ်တွေအတွင်းလောက်မှာ ရိုက်ခဲ့တယ်လို့ယုံကြည်ရတဲ့ ရှေးခေတ် ဓါတ်ပုံဟောင်းနှစ်ပုံထဲမှာ မြန်မာတယောရှင်တဦး ပါဝင်နေပါတယ်။ ဘိုးကျန် ငယ်ငယ်တုန်းကပုံများ ဖြစ်လေရော့သလားလို့ တွေးမိချင်စရာပါ။
လက်ဖျားသံနှော မြန်မာတယောရှင်

အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

  • (၁) မြန်မာစာပေသမိုင်း (ဦးဘေမောင်တင်၊ မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်)
  • (၂) မြန်မာ့မဟာဂီတ (လူထုဒေါ်အမာ၊ ဇွန်လ၊ ၁၉၈၉)
  • (၃) တယော၊ ပလွေ ဘိုးကျန် (၀င်းဖေလွယ်အိတ်၊ ပန်းချီ၊ ဒါရိုက်တာ-ဦးဝင်းဖေ၊ ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန)
  • http://www.bbc.co.uk/burmese/programmes/2011/01/110122_winpe_123.shtml
  • http://www.bbc.co.uk/burmese/programmes/2011/01/110129_winpe_124.shtml
  • (၄) http://orgs.usd.edu/nmm/EasternAsia
  • (၅) http://www.museumfire.com/mon.pdf
  • (၆) www.wikipedia.com
ဆောင်းပါး--- မိုးမခမီဒီယာ

လက်ဖျားသံနှော မြန်မာတယော – အပိုင်း (၁)


ရန်ဝင်း (တောင်တံခါး)
စက်တင်ဘာ ၂၄၊ ၂၀၁၁

“စောင်း ညင်း မိချောင်း
အောင်းကလေး တခြား ပတ္တလား နှင့်
လက်ဖျားသံနှော တယော ဟူသည်
ခြောက်မည် ငြိမ့်မျိုး ”
နာရဒပျို့
မုံရွေးဆရာတော်
(မြန်မာ သက္ကရာဇ် ၁၁၂၈-၁၁၉၆ )

လက်ထိပ်ဖျားနဲ့ ကြိုးကလေးတွေ ဖိနှိပ် ပွတ်ဆွဲ တီးခတ်ရာက ဖြစ်ပေါ်လာတဲ့ ဂီတသံကို တေးသီချင်းမှာ ရောနှောဖွဲ့ဆိုနိုင်စရာ မြန်မာ့ကြိုးတပ်တူရိယာ ‘တယော’ ကို ပျူခေတ်၊ ပုဂံခေတ်၊ စစ်ကိုင်း၊ ပင်းယ၊ မြင်စိုင်း၊ အင်းဝ၊ ကုန်းဘောင်ခေတ် ပထမပိုင်း နဲ့ ညောင်ရမ်းခေတ် အထိ ရှေးဟောင်းပစ္စည်း၊ ကျောက်စာ၊ နံရံဆေးရေးပန်းချီ၊ ပေစာ၊ ပုရပိုက်တွေမှာ မှတ်တမ်း မှတ်ရာ တစုံတခုကိုမှ မတွေ့ကြရပါ။

စာပေကျမ်းဂန်တွေထဲမှာ ‘တယော’ ဆိုတဲ့ ဝေါဟာရကို တွေ့ရတာက ကုန်းဘောင်ခေတ် ဒုတိယပိုင်း ဘကြီးတော်ဘုရား ခေါ် စစ်ကိုင်းမင်း လက်ထက်၊ မုံရွေးဆရာတော် (မြန်မာ သက္ကရာဇ် ၁၁၂၈-၁၁၉၆) ရေးခဲ့တဲ့ နာရဒပျို့ထဲမှာဖြစ်ပါတယ်။ မုံရွေးဆရာတော် က မြ၀တီမင်းကြီး ဦးစ နဲ့ ခေတ်ပြိုင်စာဆိုလည်းဖြစ်ပါတယ်။ တယောတူရိယာကို အငြိမ့် တူရိယာ ၆ မျိုး အနက် တမျိုးအဖြစ် ထည့်သွင်းထားပါတယ်။
မင်းတုန်းမင်းကြီးလက်ထက် (နန်းစံသက်၊ ခရစ် သက္ကရာဇ် ၁၈၅၂-၁၈၇၈) ရှေ့တော်ပြေး တီးဝိုင်းအဖွဲ့မှာ အဆို က ဦးပေ၊ စောင်း မောင်မောင်သိုက်၊ မိကျောင်း ကို မောင်မောင်ကြီး တို့က တီးကြတယ်။ နောက်ပိုင်းမှာ ဒေ၀ဣန္ဒာ မောင်မောင်ကြီး က မိကျောင်း အစား စောင်းကို ပြောင်းတီးတဲ့အခါ ကွမ်းဖိုးထိန်း ဦးမှို က တယော ထိုးတယ်လို့ အမှတ်အသားရှိပါတယ်။
၁၉၁၇ ခုနှစ် လင်းပင်မင်းသားကြီး အိန္ဒိယပြည်ကိုမသွားခင် သူစုဆောင်းထားတဲ့ တူရိယာတွေကို ပေးကမ်းခဲ့တုန်းက စောင်း၊ ညှင်း နဲ့ တယော တို့ပါဝင်ကြောင်းကို လူထုဒေါ်အမာရေးတဲ့ မြန်မာ့မဟာဂီတ စာအုပ်မှာ ဖတ်ရပါတယ်။ မြန်မာတယောကို တွင်တွင်ကျယ်ကျယ် သုံးနေဆဲ အချိန်ကာလ ဖြစ်လိမ့်မယ်လို့မှန်းဆနိုင်ပါတယ်။
တိုင်းတပါးသားတွေနဲ့ အတွေ့အထိ ဆက်ဆံရေးတွေ အထူး များပြားလာတဲ့ ကုန်းဘောင်ခေတ် ဒုတိယပိုင်း အချိန်မှာတော့ ကမာသုံးတယောကို မြန်မာတွေနဲ့ မိတ်ဆက်ထားပြီး ဖြစ်ပေလိမ့်မယ်။ အဲဒါကြောင့် မြန်မာတယော က ကမ္ဘာသုံး ဗိုင်အိုလင် ကို မွေးစားပြီး မြန်မာမှု ပြုထားတဲ့ တူရိယာဖြစ်လေရော့သလားလို့ စဉ်းစား ယူဆနိုင်စရာတွေ ရှိနေပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုယ်ပိုင်ရိုးရာ တယောတွေရှိကြတယ်။ မြန်မာနိုင်ငံက တချို့လူမျိုးစုတွေမှာလည်း ဒီကနေ့အထိ ရိုးရာ တယော ကို သုံးနေကြဆဲပါ။ အာရှနိုင်ငံတွေနဲ့ မြန်မာပြည် ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ရိုးရာ တယောတွေက တခုနဲ့တခု နီးနီးကပ်ကပ် ဆင်တူနေတာကို တွေ့ရပါတယ်။
Erhu (တရုတ်ပြည်)


Saw u (ထိုင်းလင်း)


Rebab (ဂျားဗား/အင်ဒိုနီးရှား)
K’ny (ဗီယက်နမ်)
Tro (ခမာ/ကမ္ဘောဒီးယား)


Ravanhatta (အိန္ဒိယ)
Morin khuur (မွန်ဂိုလီယား)

အဲဒီ အိမ်နီးချင်း ရိုးရာ တယောတွေနဲ့ မြန်မာတယောကို နိုင်းယှဉ်ပြီးကြည့်လိုက်ရင် ကွဲပြား ခြားနားတာတွေကို တွေ့ရပြန်ပါတယ်။ အဲဒီ ရိုးရာ တယောတွေမှာ အများအားဖြင့် ကြိုးနှစ်ချောင်းသာ ပါလေ့ရှိပါတယ်။ ကြိုးနှစ်ချောင်းကလည်း တယောလက်တံအပေါ်မှာ ဖိနှိပ်ထားပြီး အသံကိုဖေါ်ကြတာမျိုး မဟုတ်ကြပါ။ ကြိုး သပ်သပ် အပ်ါမှာပဲ ဖိနှိပ်လို့ တီးကြရပါတယ်။

မြန်မာတယောကတော့ ကြိုးသုံးချောင်း ပါပါတယ်။ ကမBာသုံး တယောတွေလိုပဲ တယောလက်တံအပေါ်မှာ တယောကြိုးကို ဖိထားပြီးမှ တယောဘိုးတံ နဲ့ ပွတ်ဆွဲပြီး တီးရပါတယ်။ တယောထိုးတယ်လို့ခေါ်ကြပါတယ်။ အသံထွက်ပုံ သဘောမှာက ကမ္ဘာသုံး တယောတွေအတိုင်းပါပဲ။
ကမ္ဘာသုံး တယောတွေကို အရွယ်အစားအတိုင်း ငယ်စဉ် ကြီးလိုက် ဗိုင်အိုလင် (Violin)၊ ဗီယိုလာ (Viola)၊ ချယ်လို (Cello) နဲ့ ချယ်လို-ဘေ့ (Cello-Bass) ခေါ် ဘေ့ (Bass) ရယ်လို့ ၄ မျိုး ရှိပါတယ်။
ဗိုင်အိုလင် နဲ့ ဗီယိုလာ ကို မေးစေ့မှာညှပ်ပြီး ထိုးပါတယ်။ ချယ်လို နဲ့ ချယ်လို-ဘေ့ ကို တယော ထိပ်မှာတပ်ထားတဲ့ spike လို့ခေါ်တဲ့ ထောက်တိုင် အပေါ်မှာ ထောင်လိုက် ထောက်ထားပြီး ထိုးပါတယ်။
ချယ်လိုတယောကြီး နဲ့ ပညာရှင် ယိုယိုမား


ချယ်လို-ဘေ့ (Cello-Bass)


ချယ်လို (Cello)

အများသုံး ဗီယိုလာ တယောကို အနေအထား ကိုင်တွယ်ပုံ ပြောင်းလဲ တီထွင်ထားတဲ့ တယောတမျိုးကတော့ ထောင်လိုက် ဗီယိုလာ တယော (Vertical Viola) ဖြစ်ပါတယ်။ သမားရိုးကျ မေးစေ့နဲ့ညှပ်ပြီး ထိုးရတာမျိုးမဟုတ်ဘဲ ချယ်လို တယောကြီးလိုပဲ ထောက်တိုင် တပ်ထားပြီး ထောင်လိုက် ထိုးရပါတယ်။


ထောင်လိုက် ဗီယိုလာ
20 inches-vertical Viola (Tom Vohr)

အဲဒီ ထောင်လိုက် ဗီယိုလာ တယောက အရွယ်နည်းနည်း ပိုပြီးကြီးပေမယ်လို့ မြန်မာတယောနဲ့ ပုံသဏ္ဍန်ချင်းကလည်း ခပ်ဆင်ဆင်၊ ထောင်လိုက်ထားပြီး ထိုးပုံရကလည်း တူနေတယ်ဆိုတော့ နှိုင်းယှဉ်ကြည့်လိုက်ချင်ပါတယ်။ ကုလားထိုင်ပေါ်မှာ ထိုင်တာနဲ့ ကျမ်းပြင်ပေါ်မှာထိုင်တာပဲ ကွာခြားပါတယ်။ သဘောချင်းကတော့ ဆင်တူပါတယ်။

မြန်မာတယော ကို ဖန်တီးရာမှာ ဗိုင်အိုလင် နဲ့ ဗီယိုလာ တို့ ရဲ့ပုံသဏ္ဍန်ကို မှီငြမ်းပြုတယ်ပဲ ဆိုဦးတော့ ဆင်တူတယ်လို့သာ ပြောနိုင်ပါလိမ့်မယ်။ သေသေချာချာယှဉ်ပြီးကြည့်ရင် ကွဲပြား ခြားနားချက်တွေ အများအပြားတွေ့ရပါလိမ့်မယ်။
ဆက်လက်ဖော်ပြပါမည်။

ဆောင်းပါး--- မိုးမခမီဒီယာ

WeeklyEleven-Vol-7-No-4

"ABHAYA - BURMA'S FEARLESSNESS"

"ABHAYA - BURMA'S FEARLESSNESS"
with foreword by Aung San Suu Kyi


In 1962 a military coup lead by General Ne Win saw Burma, an isolated Buddhist country in South-East Asia, come under the power of one of the world’s most brutal regimes. For the past five decades, thousands of people have been arrested, tortured and given long prison sentences for openly expressing their beliefs. Today, more than 2,000 political prisoners including monks, students, journalists, lawyers, elected Members of Parliament and over 300 members of Aung San Suu Kyi’s opposition party, The National League for Democracy, are incarcerated in horrendous conditions in Burma’s notorious prisons. In Burma and across the world, hundreds of former political prisoners have come together to raise awareness of the tragic plight of their colleagues still detained in jail. "Abhaya – Burma’s Fearlessness" is part of an international appeal for their liberation. Featuring a foreword by Aung San Suu Kyi, and including statements by Human Rights Watch and the AAPP, the book "Abhaya - Burma's Fearlessness" is published in November 2011 by River Books. “The people featured in this book have all had to learn to face their fears squarely during the decades they have passed in the struggle for democracy and human rights in Burma. Their commitment has been their courage. It is important that they and what they stand for should not be forgotten, that their sufferings as well as their aspirations should be remembered. James Mackay has contributed greatly towards this vital remembrance, which is essential if our world is to become a progressively safer, kinder home for humanity.”
“I hope that all who read this book will be encouraged to do everything they can to gain the freedom of political prisoners in Burma and to create a world where there are no political prisoners.” Aung San Suu Kyi Abhaya - Burma's Fearlessness
Abhaya - Burma's Fearlessness from James Mackay on Vimeo.
"Abhaya - Burma's Fearlessness" Nupo Refugee Camp, Thailand
"Abhaya - Burma's Fearlessness" Nupo Refugee Camp, Thailand from James Mackay on Vimeo.
"Abhaya - Burma's Fearlessness" Japan
"Abhaya - Burma's Fearlessness" Japan from James Mackay on Vimeo.
Abhaya - CNN Interview
Abhaya - CNN Interview from James Mackay on Vimeo. by James Mackay

လစ်ဗျားလူထုတော်လှန်းရေးဖြစ်စဉ် အပိုင်း ၆

ဥပဒေဘွဲ့ ရ အိုမာ အယ် ဘာဒီ ဆိုတဲ့ လစ်ဗျားအမျိုးသမီးက နိုင်ငံတကာသတင်းမီဒီယာတွေရှေ့မှာ သူ့ကို ဂဒါဖီတပ်တွေက ဆနပြပွဲမှာ ဦးဆောင်မူနဲ့ အဓမ ပြုကျင့်ခဲ့တာကို လူသိထင်ရှားဖွင့်ချချိန်က ဒီအစီအစဉ်ကို ဖန်တီးဖြစ်ခဲ့တာပါ။ အယ် ဘာဒီ ရဲ့ ရဲရင့်တဲ့လုပ်ရပ်ဟာ နိုင်ငံတကာကို ကိုင်လှုပ်ခဲ့သလို ဂဒါဖီ ကျဆုံးခန်းအစလို့လဲအဲဒီအချိန်က သုံးသပ်ခဲ့ကြပါတယ် …တချိန်ထဲမှာပဲ ဂဒါဖီရဲ့ ညာလက်ရုံး ထောက်လှမ်းရေးအကြီးအကဲဟောင်းနွှဲ နိုင်ငံခြားရေးဝန်ကြီး မိုမာကူဆာကလဲ ဂဒါဖီနဲ့လမ်းခွဲ လန်ဒန်ကိုပြေး အတိုက်အခံတွေနဲ့ပေါင်းခဲ့ချိန်မို့ ဂဒါဖီဟာ အဲဒီအချိန်ကတဲက စိတ်ပိုင်း ဆိုင်ရာ ကျဆုံးမူတွေနဲ့ စိတ်ဖိစီးမူတွေ စတင်ခံစားခဲ့ရချိန်လို့လဲ သုံးသပ်ကြပါတယ်… လစ်ဗျားလေ့လာလိုသူများအတွက် အပိုင်း ၆ ပါ။ အပိုင်း ၆


(DVB) ကိုမိုးအေး တင်ဆက်သည်

ဘဏ်အားလုံးကို နိုင်ငံခြားငွေ လဲလှယ်ခွင့်ပြု

မြန်မာနိုင်ငံမှာ တရားဝင် ဖွင့်လှစ်ထား တဲ့ ဘဏ်အားလုံးကို အခုရက်ပိုင်း အတွင်း နိုင်ငံခြားငွေလဲလှယ်တဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။
(Image: RFA)
မြန်မာငွေစက္ကူ ကျပ်တထောင်တန်အုပ်ကို တွေ့မြင်ရပုံဖြစ်ပါသည်။ (Image: RFA)
နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ် (၁၉) ခုစလုံး နယ်ဘဏ်ခွဲတွေပါ မကျန် ငွေလဲလုပ်ငန်း ချပေးလိုက်ပြီ ဖြစ်တာကြောင့် လက်ရှိ ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့၊ သိမ်ဖြူလမ်း ငွေလဲလှယ်ရေးကောင်တာ အပါအဝင် နိုင်ငံတဝှမ်းမှာ နိုင်ငံခြားငွေ တရားဝင် လဲလှယ်လို့ရတဲ့နေရာ အနည်းဆုံး ၅ဝ လောက် ပေါ်ပေါက်လာမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်းနဲ့ လက်ရှိ ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းလွင်က RFA ကို ပြောပါတယ်။

ပုဂ္ဂလိကနဲ့ အစိုးရက ထူထောင်ထားတဲ့ ဘဏ်တွေဖြစ်တဲ့ အင်းဝဘဏ်၊ မြဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နဲ့ ကမ္ဘောဇဘဏ် စတဲ့ ဘဏ် ၆ ခုကို အခုလ ၁ ရက်နေ့ကစလို့ နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်းတွေ ပထမဆုံး လုပ်ကိုင်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ၁၉၄၇ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတဲ့ ငွေကြေးဥပဒေကို အခုထိ မပြုပြင်ရသေးတာကြောင့် မြန်မာနိုင်ငံသားတွေ နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင်ခွင့် မရှိသေးတဲ့ အခြေအနေမှာ အစိုးရက အခုလို ဘဏ်တွေကို ငွေလဲခွင့်လုပ်ငန်း ချပေးနေတာဟာ လက်တွေ့နဲ့ ကိုက်ညီမှု မရှိဘူးလို့လည်း ဝေဖန်မှုတွေ ပေါ်ထွက်နေပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထား တပြေးညီ သတ်မှတ်ရေးကိစ္စကို ကူညီဖို့ IMF ခေါ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မြန်မာနိုင်ငံမှာ အခုရောက်ရှိနေပြီး မြန်မာအာဏာပိုင်တွေ၊ ငွေကြေးအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ သီတင်း ၃ ပတ်လောက် တွေ့ဆုံဆွေးနွေး အဖြေရှာကြမယ်လို့ သိရပါတယ်။

ဆိုးရွားလာတဲ့ သွေးလွန်တုတ်ကွေးရောဂါ

မြန်မာပြည်မှာ တစ်ဖြည်းဖြည်းဆိုးရွားလာတဲ့ သွေးလွန်တုတ်ကွေးရောဂါကို ကာကွယ်ဖို့အတွက် ပြည်သူ့အကျိုးပြု မီးအိမ်ရှင် အမေများကွန်ယက် (အန်အယ်လ်ပီ) က ဆေးခြင်ထောင်တွေကို လှူဒါန်းနေကြတာဖြစ်ပါတယ်။ အခုလ ၂၀ ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ဒီအခမ်းအနားကို သံလျှင်မြို့ မြို့ဟောင်းအရှေ့ ဦးသိန်းတန်လမ်းက ဦးအောင်မင်း+ ဒေါ်တင်ရီ တို့ရဲ့နေအိမ်မှာ ကျင်းပပြုလုပ်သွားခဲ့တာပါ။ ဒီပွဲကို ဦးလှသိန်း ၊ ဒေါက်တာဖုန်းဝင်း ၊ ဒေါ်တင်တင်ဝင်းတို့အပြင် အခုလ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သံလျှင်မြို့နယ် လူငယ်တာဝန်ခံ ကိုညီညီဦး နဲ့ ဒေါ်ပုံမြို့နယ်က ကိုဘိုဘိုဝင်းနိုင်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲမှာ ဆေးခြင်ထောင်တွေကိုလှူဒါန်းခဲ့တဲ့အပြင် သက်ကြီးရွယ်အိုတွေအတွက် တစ်လကို နှစ်ထောင်နှုန်းနဲ့ တစ်နှစ်စာ ထောက်ပံ့လှူဒါန်းခဲ့ကြပါသေးတယ်။ ပြည်သူ့အကျိုးပြု အမေများကွန်ယက်အဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီးနောက်ပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အမေများကွန်ယက်အဖွဲ့အနေနဲ့ ထောက်ပံ့လှူဒါန်းတဲ့အခါမှာ ဘိုးဘွားရိပ်သာကို မသွားရောက်နိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေကို အဓိကထားလှူဒါန်းနေတာလည်းဖြစ်ပါတယ်။ Burma VJ Media Network

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ပေးစာ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ပေးစာ by Burma VJ Media Network on Friday, October 21, 2011 at 9:49am သို့ ဦးသိန်းစိန် နိုင်ငံတော် သမ္မတ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နေ့စွဲ။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ၊ ၂၁ ရက် သမ္မတကြီးခင်ဗျား ၁၃၇၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ ရက် (ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်) နေ့စွဲဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ် ၄၉/၂၀၁၁ ဖြင့် ထုတ်ပြန်ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် စပ်လျဉ်း၍ နိုင်ငံသားများအပေါ် ထားရှိသည့် သမ္မတကြီး၏ မေတ္တာ စေတနာနှင့် ကရုဏာတရားကို လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။ သမ္မတကြီး၏ လူသားချင်း စာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထား ဆောင်ရွက်ပေးမှုကြောင့် ၁၃၇၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့) တွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးနှင့် အကျဉ်းစခန်း အသီးသီးတို့မှ အကျဉ်းသားပေါင်း ၆၃၅၉ ဦး ပြန်လည် လွတ်မြောက်လာခဲ့ပြီး ဖြစ်ပါသည်။ ဤတွင် သမ္မတကြီးအား တင်ပြလိုသည်မှာ ယခုလွတ်မြောက်လာသူ ၆၃၅၉ ဦးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (ဝါ) နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ခန့် (ရာခိုင်နှုန်းအားဖြင့် ၃.၃ ရာခိုင်နှုန်း) သာ ပါဝင် လွတ်မြောက်လာသည့် ကိစ္စဖြစ်ပါသည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးနှင့် အကျဉ်းစခန်းများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (ဝါ) နိုင်ငံရေး အကျဉ်းသားများ စုစုပေါင်း ၁၃၀၀ ခန့်ရှိသည့်အနက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ် ၄၉/၂၀၁၁ ဖြင့် လွတ်မြောက် လာသူ ၂၀၀ ကျော်ခန့် ရှိသည့်အတွက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (ဝါ) နိုင်ငံရေး အကျဉ်းသား ၁၀၀၀ ကျော်ခန့် ဆက်လက် အကျဉ်းကျခံနေရဆဲ ဖြစ်ပါသည်။ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ နိုင်ငံရေးအကျဉ်းသားများ အားလုံး ချွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးတို့နှင့် နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့သည် အဓိကကျသော ကနဦး လုပ်ငန်းစဉ်များ ဖြစ်သည်ဟု ကျွန်ုပ်တို့မှ လေးနက်စွာ ယုံကြည်သည့်အလျောက်၊ ကျန်ရှိနေသေးသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ (ဝါ) နိုင်ငံရေး အကျဉ်းသားများ အားလုံးအတွက်လည်း အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များ ထပ်မံ ထုတ်ပြန်ပေးပါရန် အလေးအနက် မေတ္တာရပ်ခံ အပ်ပါသည်။ သမ္မတကြီး၏ သန့်ရှင်းစင်ကြယ် မွန်မြတ်သည့် စိတ်ဓာတ်၊ နိုင်ငံသားများ အားလုံးအပေါ် ထားရှိသော ကြီးမားသည့် မေတ္တာ စေတနာတို့ကို ယုံကြည်အားကိုးစွာဖြင့် ကျန်ရှိနေသေးသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ (ဝါ) နိုင်ငံရေး အကျဉ်းသား ၁၀၀၀ ကျော်တို့၏ လွတ်မြောက်ရေးအတွက် ယခုကဲ့သို့ မေတ္တာရပ်ခံ တင်ပြရခြင်း ဖြစ်ပါသည်။ အထက်ပါ ကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီး အနေဖြင့် ကရုဏာ ရှေ့ထား၊ သက်ညှာစွာ စဉ်းစားပြီး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များ ထပ်မံထုတ်ပြန်ပေးပါရန် အနူးအညွတ် ပန်ကြားအပ် ပါသည် ခင်ဗျား။ လေးစားစွာဖြင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားသူများကိုယ်စား ကိုတိုးကျော်လှိုင် (ဖုန်း ၀၉ ၅၀၆၄၉၂၄) ကိုဖြိုးမင်းသိန်း (ဖုန်း ၀၉ ၅၀၇၆၂၃၄) Burma VJ Media Network

စလင်း-ဆင်ဖြူကျွန်း ရေဘေး အာဏာပိုင် ဘာမှ မကူညီ

မြန်မာပြည်အထက်ပိုင်း ရေကြီးမှုတွင် အာဏာပိုင်တွေဘက်မှ ကားတွေနဲ့လာကြည့်ပြီး ကားတွေနဲ့သာပြန်သွားတယ်.. ဘာအကူအညီမှ မပေးခဲ့ဘူးဟု ဒေသခံတွေက ဆို from Burma VJ Media Network facebook

မြစ်နှစ်ခုနဲ့ ဘ၀တစ်ခုကို တည်ဆောက်သူများ

တကယ်တော့ စစ်တောင်းမြစ်ဝကနေ  သံလွင်မြစ်ဝ မော်လမြိုင်ဟာ မိုင်တစ်ရာကျော်ပါတယ်။ကျွန်တော်တို့က စစ်တောင်းမြစ်ဝ ၀န်းကျင်မှာရှိတဲ့ စစ်တောင်း၊ ကမ်းကြီးဆိပ်၊ ကျောက်ဆိပ်၊ အညာစု၊ အုတ်ဖို၊ သိမ်ဇရပ်မှာ အခြေချနေကြပါတယ်၊ တ ပေါင်းလကနေ ၀ါခေါင်လထိ ခြောက်လလောက်ပဲ ကိုယ့်ရွာမှာ နေကြရပါတယ်၊ ၀ါခေါင်လလောက်ဆိုရင် စစ်တောင်းမြစ်တစ်ဝိုက်မှာ ငါးမရတော့ပါဘူး၊ ဒီတော့ ငါးရှိတဲ့နေရာရှာရင်းနဲ့ သံလွင် မြစ်ဝဘက်ကို ရောက်လာကြတာပါပဲ၊ အဲဒီအခါ ကျောင်း နေတဲ့ ကလေးတွေကို အဘိုး၊ အဘွား ဆွေမျိုးတွေမှာ အပ်ထားပြီး  လူနှစ်ယောက် လှေတစ်စင်း၊ စက်တစ်လုံး၊ ပိုက်တစ်ဖုံလောက်နဲ့ သံလွင်မြစ်ဝ မော်လမြိုင်ဘက် ကို ဆင်းလာကြပါတယ်၊ ဟွန်ဒါစက်ကလေးနဲ့ဆို မောင်းရတာ ဆီလေးဂါလန်လောက် ကုန်ပါတယ်၊ မိန်းမ၊ ကလေးတွေက ရထားနဲ့ သွားကြပါတယ်။
လာကြတဲ့သူတွေလား၊ စစ်တောင်းတစ်ဝိုက်ရွာတွေက  မိသားစု ၂၀၀ လောက်ရှိမယ်ထင်တယ်၊ မော်လမြိုင်မြို့နယ်မှာဆိုရင် သံလွင်ဈေးနားက(၂၈)အိမ်မှာ တစ်စု၊ အဲဒီကနေ သံလွင်မြစ်တောင်ဘက် ဆက်ဆင်းလာရင် အခုကျွန်တော်တို့နေတဲ့  ကျောက်ပွန်လို့ခေါ်တဲ့ မုပွန်တိုးချဲ့ရပ်ကွက်ကမ်းနားမှာ တစ်စု၊ နောက်ကျောက်တန်းမှာ တစ်စု၊ သံလွင်မြစ်ကျောအတိုင်း တောင်ဘက်ဆက်ဆင်းသွားရင်မုဒုံမြို့နယ် ဘလောက်၊ ညောင်ဝိုင်း၊ ကတုံးပေါ်ရွာဘက်မှာ တစ်စု၊ နောက်ပြီး သံလွင်မြစ်အနောက်ဖက် ဘီလူးကျွန်းနတ်မှော်ဘက်မှာလည်း တစ်စု ရှိကြပါတယ်။ ဒီမှာက ဆရာမြင်တဲ့အတိုင်း ခုနစ်အိမ်လောက်ပဲ ရှိပါတယ်၊ ပျော်ပွဲရွှင်ပွဲက ညဘက်ဘက်ထရီသုံး တီဗီပေါ့၊ လွတ်လပ်ရေးနေ့ပြီး နောက်နေ့ဆိုရင်ပဲ ကုလား ဟင်းနဲ့ ကြက်သားဆီပြန်ဟင်း စတုဒိသာ ခံတာပေါ့၊ ဗီဒီယိုလည်း ပြပါတယ်၊ရွာထဲကသူတွေလည်း လာကြတာ၊ ပျော်စရာကြီးပါပဲ၊ ဒီကိုရောက်တော့ ကျောက်တန်းက ငါးရွဲတွေဆီမှာ ငါးပေးကြိုငွေ နှစ်သိန်းလောက်ဆွဲပြီး၊ လိုတဲ့ ပန်းကန်အိုးခွက်၊ ဆန်၊ ဆီတွေ ၀ယ်ရတာပေါ့၊ ၆ ပေပတ်လည်ဝါးအိမ်ကလေးတွေ ဆောက်ပြီး နေကြပါတယ်၊ မိန်းမတွေက အားရင်အခုလိုပဲ ပိုက်ဖာ၊ ပိုက်ဆက်ပေါ့၊ ရလာတဲ့ငါးတွေကို ကျောက်တန်း ငါးရွဲတွေဆီကို ပေါက်ဈေးအတိုင်း သွင်းရပါတယ်၊ ဈေးကွာရင် နောက် နေ့ပြန်ပြောလို့ရပါတယ်၊ ငါးပေး ကြိုတင်ပေးငွေတွေလား၊ ငါးအရကောင်းရင် ပြန်ဆပ်ကြပါ တယ်၊ ခက်တော့ခက်သား၊ လူဆိုတာက နေလို့ရရင် နေကြတာပဲ၊ မနှစ်ကဆို ငါးအရနည်းကြတော့ ပြန်ဆပ်တဲ့သူ နည်းပါတယ်၊ဒီနှစ်လာတော့လည်း ပြန်ချေးပေးတာပါပဲ၊ သူ့ဆီကိုပဲ လှေတစ်ခေါက် ငါးရသလောက်တော့ သွင်းရပါတယ်။

ဒီမှာနေရတာ အလုပ်ကြောင့်ဆိုတော့
ရွာမှာနေတာလောက်တော့ ဘယ်ပျော်ပါ့မလဲ၊
ဒီလိုပဲ စစ်တောင်း၊ သံလွင်ခွပြီး အစုံအဆန် နေလာတာ
၁၅ နှစ်ကျော်နေတော့  . . .
ဒီမှာနေရတာ အလုပ်ကြောင့်ဆိုတော့ ရွာမှာနေတာလောက်တော့ ဘယ်ပျော်ပါ့မလဲ၊ ဒီလိုပဲ စစ်တောင်း၊ သံလွင်ခွပြီး အစုံအဆန် နေလာတာ၁၅ နှစ်ကျော်နေတော့  . . .
ကလေးတွေ  အတန်းကျောင်းကတော့ ဒီအုပ်စုမှာဆိုရင် (၃-၄) ယောက်လောက်ပဲ ရွာမူလတန်းကျောင်းမှာ ထားနိုင်ပါတယ်၊ ဆွေမျိုးတွေ ၀ိုင်းကြည့်နိုင်သူတွေပေါ့၊ ဆွေမျိုးဆိုတာကလည်း မလာခင်လည်းပေး၊ ပြန်သွားရင် လည်း ပေးရပါတယ်၊ သူတို့လည်း ကိုယ့်လိုပဲ အဆင်မပြေကြဘူးလေ၊ ကျန်တဲ့ကလေးတွေက  ကျောင်းဖွင့်ချိန် ဒီရောက်လိုက်၊ ကျောင်းပိတ်ချိန် ရွာပြန်ရောက်နဲ့ ဒီလိုပဲ ပြီးသွားကြပါတယ်။ ငါးအရအမိလား၊ နည်းပါတယ်၊ မိုးကတစ်အားများနေတော့ အအေးပိုလို့ ငါးတွေမတက်ကြပါဘူး၊ အခုရောက်ကတည်းက (၃)ရေလောက်ရှိပြီ၊ ဟုတ်တိပတ်တိ မမိသေးပါဘူး၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသိုဆိုရင် ငါးပုဏ္ဏား၊ ငါးပုတ်သင် (ငါးပျက်) ရတာများပါတယ်၊ပြာသို၊တပို့တွဲ၊ တပေါင်းဆို ငါးသလောက်ရာသီပေါ့၊ ရှေ့ဆက်ပြီး ငါးအမိ၊ အရများဖို့ပဲ  ဆုတောင်းနေရပါတယ်၊ အရင်းအနှီးလား၊ လှေက နှစ်သိန်းကျော်၊ ပိုက်က ငါးသိန်း၊ ခြောက်သိန်းလောက် ရှိတယ်၊ စက်ကတစ်ပတ်ရစ်ဆိုတော့ နှစ်သိန်းနီးပါး၊ အားလုံးပေါင်း  ၁၀ သိန်းလောက်ရှိမှာပါ၊ လိုင်စင်က ဒီကငါးလုပ်ငန်းက လာလုပ်ပေးပါတယ်၊ ဧည့်စာရင်းတိုင်ပြီး နေကြရပါတယ်။ ငါးဈေးနှုန်းလား၊ မနှစ်က ငါးသလောက် တစ်ပိဿာ နှစ်သောင်း၊ ဒီနှစ်က သုံးသောင်းလောက်ပေးပါတယ်၊ ငါးပုတ်သင်(ငါးပျက်)က မော်ဒယ်ဆိုရင် နှစ်သောင်းကျော်၊ ဒီနှစ်လည်း ဒီဈေးလောက်ပဲ ရှိပါတယ်၊ အငယ်တွေက တစ်သောင်း ခွဲလောက်ပဲ ရှိပါတယ်။
နေထိုင်မကောင်းရင်  ဒီလိုပဲ ရွာထဲက ဆေးခန်းမပြေးနိုင်ပါဘူး၊ စပ်ဆေးတွေနဲ့ပဲ ပြီးပါတယ်၊ ခုချိန်ထိတော့  ၀မ်းတို့ဘာတို့တော့ မဖြစ်ကြပါဘူး၊ ရွာပြန်တာက တပေါင်းလဆုတ်ဆိုရင် ပြန်ကြပါတယ်၊ ဒီမှာနေရတာ အလုပ် ကြောင့်ဆိုတော့  ရွာမှာနေတာလောက်တော့  ဘယ်ပျော်ပါ့မလဲ၊ ဒီလိုပဲ စစ်တောင်း၊ သံလွင်ခွပြီး အစုံအဆန်နေလာတာ၊  ၁၅ နှစ်ကျော်နေတော့  အကျင့်ဖြစ်နေပါတယ်၊ ဒီမှာလည်း ရွာခံတွေနဲ့ သင့်အောင်နေရသလို  စီးပွားလာရှာတာဆိုတော့ ဆင်ခြင်ပြီးနေကြရပါ တယ်၊ တချို့လူငယ်တွေဆိုရင်  ဒီလိုသွားရင်းလာရင်း အိမ်ထောင်တွေကျ၊ သားသမီးတွေရတာမျိုးလည်း ရှိပါတယ်၊ဘ၀ကံကြောင့် အခုလို ထူးထူးခြားခြားမြစ်နှစ်ခုနဲ့ ဘ၀တစ်ခုကို တည်ဆောက်နေရတာပါ။

 Written by မောင်မောင်ရွှေမြိုင်   
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်