ရန်ကုန်၊အောက်တိုဘာ ၁၈
မြန်မာနိုင်ငံတွင် စောင်ရေအများဆုံးထုတ်ဝေဖြန်.ချီ နေသည်.
7 Day သတင်းဂျာနယ်မှ သတင်းထောက် မအေးသူစံ၏ အင်တာဗျူးတွေ.ဆုံမေးမြန်းမှုကို
ပြောကြားနေစဉ် ကိုယ်ထိလက်ရောက် တုံ.ပြန်ခဲ့သောကြောင့်
တရားစွဲဆိုခြင်းခံထားရသော ထက်ထက်မိုးဦး၏အမှုအား အောက်တိုဘာ ၁၈ရက်နေ.တွင်
ရန်ကင်းမြို.နယ်တရားရုံးက ပုံမှန်ရုံးချိန်ထက်စောပြီး နံနက် ၉နာရီခန်.တွင် စတင်စစ်ဆေးခဲ့သည်ကို တွေ.ရှိရသည်။
ခရမ်းရောင်အထက်အောက်ဝတ်ဆင်ထားသော ထက်ထက်မိုးဦးသည် နှစ်ဖက်သဘောတူညှီနှိုင်းထားသည်. ရုံးချိန် နံနက်၈နာရီခွဲအားကျော်ပြီးမိနစ် ၄၀ခန်.နောက်ကျပြီးမှ အမျိုးသားဖြစ်သူနျင့်အတူ Super Custom ယာဉ်အမှတ် ၈/၂၄၃၅နှင့်အတူရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ယင်းနေ.တရားခွင်စစ်ဆေးမှုမစတင်မိ ရန်ကင်းမြို.နယ် တရားသူကြီးက သတင်းထောက် မအေးသူစံအား သတင်းမီဒီယာများသို. ဖြေကြားမှုနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခြဲ့ ပီးနောက် ၉နာရီ၂၅မိနစ်ခန်.တွင် တရားခံအဖြစ် စွပ်စွဲခြင်းခံထားရသူ ထက်ထက်မိုးဦးအား စစ်ဆေးကြားနာမှုပြုလုပ်ခဲ့သည်။၂၀ ၁၀ပြည်.နှစ်မေလ၁၆ရက်နေ.ညတွင် စတင်ခဲ့သော ယင်းအမှုသည်တစ်နှစ်ကျော်ကာလထိတို င်ရောက်ရှိခဲ့ခြင်းနှင့်အပြိုင် ရုံးချိန်ပေါင်း (၅၃)ကြိမ်တွင် သရုပ်ဆောင်ထက်ထက်မိုးဦးမှ နှစ်ပတ်ဆက်တိုက် နှစ်ကြိမ်လာရောက်စစ်ဆေးခံခဲ့ခြင်းဖြစ်သည်။
တစ်နာရီ၁၅မိနစ်အကြားစစ်ဆေးသောတရားခွင်ပြီးဆုံးပြီးနောက် သရုပ်ဆောင်ထက်ထက်မိုးဦးနှင့်အမျိုးသားတို.မှာ
တရားရုံးပြင်ပတွင် စောင့်ဆိုင်းနေသူ ပရိသတ်များနှင့် သတင်းမီဒီယာများကို
တွေ.ဆုံခြင်းမရှိဘဲ တရားသူကြီးရုံးခန်းတွင် ၅မိနစ်ခန်.မျှကြာအောင်
စောင့်ဆိုင်းခဲ့ပြီးနောက် လူရှင်းသွားသည်.အခါမှ တရားရုံးခန်းအတွင်းမှ
ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
သရုပ်ဆောင်ထက်ထက်မိုးဦးနှင့်အမျိုးသားဖြစ်သူ မော်တော်ယာဉ်ပေါ်သို.မတက်ခင် ဓာတ်ပုံသတင်းထောက်များက ဓာတ်ပုံသတင်းရိုက်ယူခြင်းမပြုနိ င်ရန် ထက်ထက်မိုးဦး၏ရှေ.နေ.များက ခန‘ာကိုယ်ဖြင့်ဝိုင်းကာခဲ့ကြပြီး ၄င်း၏လက်ရှိအမျိုးသားဖြစ်သူဇူြး မတ်ထက်က အမျိုးသမီးသတင်းထောက်များအပါအ၀င် သတင်းထောက်များကို ကြမ်းတမ်းရိုင်းစိုင်းစွာဆဲဆြို ခင်း၊ ခြေဖြင့်လှမ်းကန်ခြင်း၊မော်တော် ယာဉ်မောင်းနှင်ထွက်ခွာရာတွင် လက်ခလယ်ထောင်ပြခြင်းများ စသည်.မယဉ်ကျေးသည်.အမူအရာပြုမူခဲ့ ကြောင်း မျက်မြင်တွေ.ကြုံခဲ့သူများက ပြောကြားသည်။
“ အရှေ.ဆုံးမှာရပ်နေတာ ပြည်မြန်မာက မိန်းကလေးသတင်းထောက်နဲ. Messenger ကအမျိုးသားသတင်းထောက်တစ်ယောက်ပါ ။ခြေနဲ.ကန်တာထိလို.ကတော့ သေချာပေါက်ထပ်ပြီးတရားစွဲရမှာပါ “ဟု နိုင်ငံရေးသတင်းများကို ဦးစားပေးဖော်ပြနေသည်. ပြည်တွင်းထုတ်သတင်းဂျာနယ်တစ်စော င်မှ အယ်ဒီတာအဖွဲ.၀င်တစ်ဦးကဆိုသည်။
ကိုယ်ထိလက်ရောက်ပြုမူခဲ့သောကြော င့် တရားစွဲခံရသူ ထက်ထက်မိုးဦးနှင့် သတင်းထောက်များအား ကြမ်းတမ်းရိုင်းစိုင်းစွာပြုမူခဲ့သူ ဇူးမြတ်ထက်တို.အား ယင်းကဲ့သို.ပြုမူရလောက်သည်.အဓိက အကြောင်းရင်းကို
သိရှိလိုသောကြောင့် ထက်ထက်မိုးဦး၏ ဖုန်းအား The Voice Weekly က
ဆက်သွယ်ခဲ့ရာ ဖုန်းခေါ်ဆိုမှုရရှိခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
သတင်းမီဒီယာများအနေဖြင့် တရားခွင်အတွင်းဓာတ်ပုံရိုက်ကူးခွင့်နှင့် အသံဖမ်းယူခွင့်မရှိသော်လည်း တရားရုံးပြင်ပတွင် လွတ်လပ်စွာ ဓာတ်ပုံရိုက်ကူးပိုင်ခွင့်ရှိပြီး မိမိ၏အခွင့်အရေးအားထိပါးနှောင့် ယှက်ခံရပါက ပြန်လှန်တရားစွဲဆိုပိုင်ခွင့်ရှိကြောင်း တရားလွှတ်တော်ချုပ်ရှေ.နေ.တစ်ဦး က ပြောကြားသည်။
အပတ်စဉ်ထုတ်သတင်းဂျာနယ်များတွင် စာနယ်ဇင်းကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် လူငယ်သတင်းထောက်များအတွက် ဆောင်းပါးရေးသားနေသူ လူထုစိန်ဝင်းက ယင်းအပြုအမူကြောင့်မိကောင်းဖခင် သားသမီးမပီသရာကျပြီး Celebrityများအနေဖြင့်မကောင်းသော အပြုအမူနှင့် အပြောအဆိုဆင်ခြင်ရမည်ဖြစ်ကြောင်း၊မီဒီယာသမားများအနေဖြင့်လည်း
တုံ.ပြန်ရိုင်းစိုင်းမှုများ မပြုလုပ်ရန် အရေးကြီးပြီး ယဉ်ကျေးစွာ
ပြုမူရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။
နိုင်ငံရေးသတင်းများကို ဦးစားပေးဖော်ပြနေသည်. ပြည်သူခေတ်ဂျာနယ်မှ
ဆရာမောင်ဝံသကမူ ” ကိုယ့်မှာသက်သေရှိနေတာ တရားစွဲဖို.ကောင်းတယ်။
သတင်းသမားဆိုတာ Professional လုပ်နေတာ၊ဥပဒေကြောင်းအရတရားစွဲဖို.လိုသလို ထိထိရောက်ရောက်အရေးယူပေးရမယ် ” ဟု The Voice Weekly၏မေးမြန်းမှုကို ဖြေကြားသည်။ ဆရာမောင်ဝံသကိုဆက်သွယ်မေးမြန်းချိန်တွင် ၄င်း၏နေအိမ်သို.ရောက်ရှိနေသူ စာရေးဆရာ ဒေါက်တာခင်မောင်ညိုထံမှ ဆရာမောင်ဝံသ၏ထပ်မံဆက်သွယ်ပေးမှုအ ရ ထင်မြင်ချက်ရယူခဲ့ရာ အကြောင်းမဲ့စော်ကားနေမှုများကို ဥပမာဖြစ်သွားနိုင်သဖြင့် သည်းခံရန်မသင့်ကြောင်း၊ပညာခေတ်ြ ဖစ်သည်.အတွက် ပညာနဲ.အလုပ်လုပ်လုပ်ကြရန်လိုကြောင်း ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာနိင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌ
ဦးမြင့်သိန်းဖေကို The Voice Weekly က ညနေ၄နာရီမိနစ်၅၀ ခန့်တွင်
ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ အကြောင်းရင်းတစုံတစ်ရာကို မသိရှိရသေးကြောင်း ပြန်လည်ဖြေကြားသည်။
Written by ( AS ,AAT )
မြန်မာနိုင်ငံတွင် စောင်ရေအများဆုံးထုတ်ဝေဖြန်.ချီ
ခရမ်းရောင်အထက်အောက်ဝတ်ဆင်ထားသေ
ယင်းနေ.တရားခွင်စစ်ဆေးမှုမစတင်မိ
တစ်နာရီ၁၅မိနစ်အကြားစစ်ဆေးသောတရ
သရုပ်ဆောင်ထက်ထက်မိုးဦးနှင့်အမ
“ အရှေ.ဆုံးမှာရပ်နေတာ ပြည်မြန်မာက မိန်းကလေးသတင်းထောက်နဲ. Messenger ကအမျိုးသားသတင်းထောက်တစ်ယောက်ပါ
ကိုယ်ထိလက်ရောက်ပြုမူခဲ့သောကြော
သတင်းမီဒီယာများအနေဖြင့် တရားခွင်အတွင်းဓာတ်ပုံရိုက်ကူးခ
အပတ်စဉ်ထုတ်သတင်းဂျာနယ်များတွင်
နိုင်ငံရေးသတင်းများကို ဦးစားပေးဖော်ပြနေသည်. ပြည်သူခေတ်ဂျာနယ်မှ ဆရာမောင်ဝံသကမူ ” ကိုယ့်မှာသက်သေရှိနေတာ တရားစွဲဖို.ကောင်းတယ်။ သတင်းသမားဆိုတာ Professional လုပ်နေတာ၊ဥပဒေကြောင်းအရတရားစွဲဖ
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာနိင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးမြင့်သိန်းဖေကို The Voice Weekly က ညနေ၄နာရီမိနစ်၅၀ ခန့်တွင် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ
Written by ( AS ,AAT )
သစ်ထူးလွင်
10/18/2011 11:31:00 PM












မြစ်ကြီးနားထောင်ထဲမှာ
သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေကို ဖတ်ခွင့်ရခဲ့ပြီး အာရပ်နွေဦးလို့
လူသိများတဲ့ လူထုလှုပ်ရှားမှုတွေအကြောင်း သိခွင့်ရခဲ့တယ်လို့ ကိုဇာဂနာက
ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းက
စီးဆင်းလာတဲ့ ရေထုကြောင့် ဘန်ကောက်မြို့ အထက်က နခွန်စ၀မ်၊ အယုဒ္ဓယနဲ
့ပထုံဌာနီဒေသတို့မှာ ခရိုင်တခုလုံး ရေလွှမ်းမိုးနေပါတယ်။








