ဇာဂနာလွတ်ပြီး ပြည်တော်ပြန်တော့မည့် သီးနှစ်းသီး နဲ့ မြစပါယ်ငုံ

ဇာဂနာလွတ်ပြီး ပြည်တော်ပြန်တော့မည့် သီးနှစ်းသီး

ရိုင်မရော့၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ

နိုင်ငံကျော် လူရွှင်တော် ဇာဂနာ (ခေါ်) ကိုသူရ ထောင်မှ လွတ်လာပြီး ထိုင်း နိုင်ငံတွင် ကျန်ရှိ နေသည့် သီးလေး သီးအ ဖွဲ့ဝင် လူရွှင်တော် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစပယ်ငုံတို့ မြန်မာ ပြည်ပြန် တော့မည်ဖြစ် သည်။

ပန်းသီးက “ကိုသူရ လွတ်လာ ပြီဆိုတော့ ကျနော်တို့ ပြန်မယ် ဒါပေမယ့် လောလောဆယ် ဘာမှ မစီစဉ် ရသေးဘူး ကိုသူရနဲ့ ဆွေးနွေး ရအုံးမယ်၊ ပြန်တော့ ပြန်မှာပါ”

နိုင်ငံရေး အကျဉ်းသား အဖြစ် ဖမ်းဆီးခံ ထားရသူ ကိုဇာဂနာ အပါအဝင် တခြား နိုင်ငံရေး အကျဉ်း သားများ ထောင်မှ လွတ်မြောက် လာသည်ကို သူတို့ အနေနှင့် အတိုင်း မသိ ဝမ်းသာ မိကြောင်း ၄င်းက ပြောသည်။

မင်းသမီး မြစပယ်ငုံကလည်း “ဗမာ ပြည်ပြန် ရောက်ရင် ကျမတို့ ကိုသူရ နဲ့အတူ သီးလေး သီးအဖွဲ့ ဝင်တွေနဲ့ အနု ပညာ လောကို ဆက်လက် လှုပ်ရှား သွားမှာပါ” ဟု ပြောသည်။

ကိုဇာဂနာနှင့် တိုင်ပင် ဆွေးနွေး ပြီးပါက မြန်မာ နိုင်ငံသို့ ပြန်ကာ အနုပညာ လုပ်ငန်းကို ဆက်လက်ကြိုး ပမ်းလုပ်ဆောင် သွားမည် ဟုလည်း ၄င်းက ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ပြည်တော်ပြန် ခရီး ဖိတ်ကြားချက် ထွက်ပေါ် လာပြီးနောက် သီးလေးသီး အဖွဲ့ဝင် များဖြစ်သည့် လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးနှင့် မင်းသမီး ချောစုမျိုး တို့က စက်တင်ဘာ ၁၁ ရက်နေ့မှာ မြန်မာပြည် သို့ ပြန်သွား ခဲ့သည်။

ထိုစဉ်က သီးနှစ်သီးနှင့် မြစပယ်ငုံ တို့က ပြည်တော် မပြန်ပဲ အကျဉ်းကျ ခံနေရသည့် လူရွှင်တော် ဇာဂနာ ထောင်ကနေ လွတ်လာမှသာ ပြန်မည်ဟု ပြောဆိုခဲ့ကြသည်။

ကိုဇာဂနာ လွတ်လျှင် ပြည်တော်ပြန် မည်ဆိုသည့် ဆုံးဖြတ်ချက်ရှိသော်လည်း လတ်တလော မည်သည့် အစီအစဉ် မှမရှိ သေးပဲ ကိုဇာဂနာနှင့် ဆွေးနွေး ပြီးမှသာ ဆုံးဖြတ်ချက် တခု ချနိုင်မည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျန်နေသည့် လူရွှင်တော် ပန်းသီးက ပြောသည်။

နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာသည် ၂၀၀၃ ခုနှစ်တွင် သီးလေးသီး အဖွဲ့ကို ဦးဆောင် တည်ထောင်ခဲ့ သူဖြစ်သည်။

၂၀၀၇ ခုနှစ်ကစပြီး ပြည်ပ နိုင်ငံ များဖြစ်သည့် အမေရိကန်၊ ဂျပန်၊ ကိုးရီးယား၊ မလေးရှားနှင့် စင်ကာပူတို့တွင် သွားရောက် ဖျော်ဖြေခဲ့ပြီး မြန်မာ နိုင်ငံသို့ မပြန်ပဲ ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့ကြသည်။

True News - 4-3

True News - 4-3

ကိုမင်းကိုနိုင်ဧ။်အစ်မ ဒေါ်ကြည်ကြည်ညွှန့် (ယာ) နှင့်ညီမဒေါ်သန္တာညွှန့်တို့အားတွေ့ရစဉ်

အောက်တိုဘာ ၁၃ ရက်နေ့ကကျိုင်းတုံအကျဉ်းထောင်တွင်အကျဉ်းကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကိုလာရောက်တွေ့ဆုံသော ကိုမင်းကိုနိုင်ဧ။်အစ်မ ဒေါ်ကြည်ကြည်ညွှန့် (ယာ) နှင့်ညီမဒေါ်သန္တာညွှန့်တို့အားတွေ့ရစဉ်။
မှတ်ချင်္က။ ။၎င်းတို့နှင့် တွေ့ဆုံမေးမြန်းထားသမျှကိုလာမည့်အပတ်တွင်ထွက်ရှိမည့်
The Messenger ဂျာနယ်တွင်ဖော်ပြသွားပါမည်။(ကျိုင်းတုံမှသတင်းပေးပို့သည်။)

လနှင့် ကြာသပတေးဂြိုဟ်တို့ ပူးယှဉ်မှု ကျိုက်ထီးရိုးတောင်ပေါ်မှ မြင်တွေ့ရမည်


4287
ကျိုက်ထီးရိုးစေတီရင်ပြင်
တနင်္လာဂြိုဟ်ဟု ခေါ်သည့် လမင်း နှင့်ကြာသပတေးဂြိုဟ်တို့ ပူးယှဉ်မှုကို ကို ကျိုက်ထီးရိုးတောင်ပေါ်မှ မြင်တွေ့ရမည့် ဖြစ်စဉ်လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့၌ ဖြစ်ပေါ်မည် ဖြစ်ကြောင်း နက္ခတ်ပညာရှင် အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။
အဆိုပါဖြစ်စဉ်သည် အရှေ့ လောင်ဂျီတွဒ် ၈၀ ဒီဂရီ ၄၁ မိနစ် နှင့် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၂၀ မိနစ်အတွင်းတွင် အိန္ဒိယနိုင်ငံ ရှိ ဟာဒီရာဗတ်မြို့၌ ဖြစ်ပေါ်မည် ဖြစ်ပြီး ယင်းသို့ပူးယှဉ်မှုမဖြစ်ခင် နီးနီးကပ်ကပ် ရပ်တည်၍ မြန်မာနိုင်ငံမှ ဖြတ်သန်းသွားမည့် ဖြစ်စဉ်လည်းဖြစ်ပေါ်မည် ဖြစ်သည်၊၊ ထိုသို့ဖြစ်ပေါ်ရာတွင် တနင်္လာဂြိုဟ်ဟုခေါ်သော လမင်းသည် ကျိုက်ထီးရိုးတောင်ပေါ်သို့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၀ နာရီ ၅၅ မိနစ်တွင် လည်းကောင်း၊ သုံးဆယ်မြို့သို့နံနက် ၁ နာရီ ၃ မိနစ်တွင် လည်းကောင်း၊ ဟင်္သာတမြို့သို့ နံနက် ၁ နာရီ ၇ မိနစ်တွင် လည်းကောင်း ဖြတ်သန်းသွားမည်ဖြစ်ပြီး ယင်းဂြိုဟ် နှစ်လုံးထပ်တူ ပူးယှဉ်မှုမှာမူ နံနက် ၁ နာရီ ၅၅ မိနစ်၌ ဖြစ်ပေါ်မည် ဖြစ်သည်။
“ဒီဖြစ်စဉ်ကြောင့် အိန္ဒိယနိုင်ငံ မှာ ငလျင်ဖြစ်ပေါ်နိုင်ပြီး ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်း ဖြစ်ပေါ်နိုင်တဲ့အတွက် ရခိုင်ကမ်းရိုးတန်းဒေသတွေကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ တနင်္လာနဲ့ ကြာသပတေး သားသမီးတွေကတော့ ဒီဖြစ်စဉ်ဖြစ်ပေါ်ပြီး ၁၀ ရက်အတွင်းမှာ စီးပွား ကံကောင်းတာတို့၊ ထီပေါက်သလို ငွေကြေး အမြောက်အမြား ရရှိတာမျိုးတွေ ကြုံနိုင်ပါတယ်” ဟု နိုင်ငံတကာ ရေးရာနက္ခတ် သိပ္ပံသင်တန်းကျောင်း မှ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကို က ပြောပါသည်။
မြန်မာနိုင်ငံမှကြည့်ရှုမည် ဆိုပါက အောက်တိုဘာလ ၁၃ ရက်နေ့ ည ၈ နာရီခန့်မှစတင်ပြီး အရှေ့ဘက် မိုးကောင်းကင်၌ လ၏အောက်နားတွင် ကြာသပတေးဂြိုဟ်ကို တောက်ပသည့် ကြယ်ပွင့်သဏ္ဌာန်မြင်တွေ့ရ မည်ဖြစ်သည်။ လ၏အလင်းအားသည် ၉၇ ရာခိုင်နှုန်း ထွန်းလင်းတောက်ပသည့် အတွက် အားကောင်းသည့် ဂြိုဟ်ပူးဖြစ်စဉ်အဖြစ် သတ်မှတ်နိုင်ကြောင်း သိရှိရပါသည်။ 

လွတ်မြောက်လာသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၀၆ ဦး၏ အမည်စာရင်း

မြန်မာအစိုးရတပ် ရှေ့တန်းစခန်းအား KIA တိုက်ခိုက် သိမ်းပိုက်

ကချင်သတင်းဌာန
ကချင်ပြည်နယ်တွင် ပြည်တွင်းစစ်ကာလ ၄ လ အကြာ၌ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က အရေးပါသည့် မြန်မာအစိုးရတပ် ရှေ့တန်းစစ်စခန်း တစ်ခုကို တိုက်ခိုက် သိမ်းပိုက်လိုက်သည်ဟုဒေသခံ များပြောသည်။
janmaipost-hpyenla_copy
KIA အရပ်သား တပ်ဖွဲ့ဝင် တစ်ဦး။


အောက်တိုဘာ ၁၁ ရက် အင်္ဂါနေ့တွင် နှစ်ဖက်ကြား ၂၄ နာရီနီးပါး တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းစခန်းကို KIA က သိမ်းပိုက်လိုက်သည်ဟု သိရသည်။

ဗန်းမော်ခရိုင် လွယ်ဂျေမြို့နယ်ခွဲမှ တောင်ထိပ်ပေါ်နေရာယူထားသည့် မြန်မာအစိုးရတပ်၏ ဂျန်မိုင်တပ်စခန်းအား KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၆) နှင့် (၂၁) ပူးပေါင်း တပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များက သိမ်းပိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

ရွှေညောင်ပင်(၀ိုင်းမော်မြို့နယ်) ခမရ (၃၂၁) မှ အင်အား ၂၀ ခန့်ရှိ ဂျန်မိုင်စခန်းအား KIA ပူးပေါင်းတပ်ဖွဲ့က ဒေသစံတော်ချိန် နံနက် ၄ နာရီခန့်တွင် စတင်တိုက်ခိုက်သည်ဟု ဆိုသည်။
janmaipost-oct12-myen
ယင်းမြန်မာတပ်စခန်းသည် တရုတ်နယ်စပ်ပေါ်မှ KIA တပ်မဟာ (၃) ဌာနချုပ် မိုင်ဂျာယန်နှင့်နီးစပ်ကာ စစ်ရေးအရ အရေးပါသည်ဟု KIA အရာရှိများပြောသည်။

တရက်တာတိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိသည်။ ထို့အပြင် စိန်လုံကျေးရွာတွင်လည်း KIA တပ်ဖွဲ့ဝင် ၂ ဦး ထပ်မံ ကျဆုံးသည်ဟု ဒေသခံများနှင့် KIA အရာရှိများပြောသည်။

ယခုသီတင်းပတ်အစောပိုင်းကတည်းက ဗန်းမော်ခရိုင်ထဲ မြန်မာအစိုးရတပ်အင်အား ထပ်တိုးနေဆဲဖြစ်သည်ဟု မျက်မြင်သက်သေများပြောသည်။

မြန်မာ-အမေရိကန် ဆက်ဆံရေး စာမျက်နှာသစ်ဖွင့်ရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း


b28_11
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲလ် ၂၀၁၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ်
မြန်မာ-အမေရိကန် ဆက်ဆံရေးတွင် စာမျက်နှာသစ်ဖွင့်ရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကာ့တ်ကင်းဘဲလ်က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်သော အာရှတွင် အမေရိကန်၏ ပြန်လည်စေ့စပ် ညှိနှိုင်းခြင်းနှင့် ပတ်သက်သည့် ဖိုရမ်တစ်ခုတွင် ကင်းဘဲလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။မြန်မာအစိုးရဘက်မှ ပိုမိုလွတ်လပ်ပြီး ဒီမိုကရက်တစ် ပိုဆန်စွာ ဆောင်ရွက် လာပါက လိုက်လျောညီထွေသော တုံ့ပြန်မှုများကို ၀ါရှင်တန်က ပြုလုပ်သွားမည်ဖြစ်ကြောင်း ကင်းဘဲလ်က ပြောကြားခဲ့သည်။
မြန်မာ့အရေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်စရာကိစ္စရပ်များ အမြောက်အမြားရှိနေသေးသော်လည်း အံ့အားသင့်ဖွယ်ဖွံ့ဖြိုးမှုများ စတင်နေပြီဆိုသည့်အချက်ကို လျစ်လျူရှု၍ မရနိုင်ကြောင်း ကင်းဘဲလ်က သုံးသပ်ခဲ့သည်။ သမ္မတဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား အလွန်တန်ဖိုးရှိသည့် ဆွေးနွေးမှုတစ်ခု ပြုလုပ်နိုင်ခဲ့ခြင်းကို အရေးပါသော အပြုသဘောဆောင်သည့် တိုးတက်မှုအဖြစ် မှတ်ယူမိကြောင်း ကင်းဘဲလ်က ပြောကြားခဲ့သည်။
ဆယ်စုနှစ်ကျော်တစ်ခုအတွင်း အကျယ်ပြန့်ဆုံး ပြုပြင်ပြောင်းလဲရေးအားထုတ်မှုများသည် မြန်မာနိုင်ငံတွင် အစပျိုးနေပြီဟု မျော်လင့်ဖွယ်များ ရှိလာခဲ့ကြောင်း ၎င်းက သုံးသပ်ခဲ့သည်။ မြန်မာအစိုးရသည် အင်တာနက်တွင် ပိတ်ပင်ထားသည်များ ကို ဖြေလျော့ပေးခဲ့သလို မီဒီယာများအပေါ် ကန့်သတ်မှုများ လျော့ချပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ''ကျွန်တော်တို့ ဆက်ဆံရေးမှာ စာမျက်နှာသစ်ဖွင့်လှစ်ဖို့ ပြင်ဆင်ထားပြီဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်။ သူတို့ရဲ့ ခြေလှမ်းတွေနဲ့ လိုက်လျောညီထွေရှိအောင် ကျွန်တော်တို့က လျှောက်လှမ်းပေးမယ်လို့ပြောရင် တရားမျှတ ပါတယ်။
လာမယ့်ရက်သတ္တပတ်တွေထဲမှာ မကြာသေးမီ လတွေထဲကစခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်'' ဟု ကင်းဘဲလ်က ပြောကြားခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံတွင်းမှ အပြောင်းအလဲများမှာ အစောပိုင်း အဆင့်သာရှိသေးကြောင်း ကင်းဘဲလ် က သုံးသပ်ခဲ့သည်။
''အတိတ်က ကြုံခဲ့တာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အပြောင်းအလဲတွေ စတင်နေပြီဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် အစောပိုင်းအဆင့်မှာပဲ ရှိနေပါသေးတယ်။ သူတို့တစ်တွေ ဘယ်လို ဆက်သွားမယ်၊ ဆက်လုပ်မယ်၊ ဘယ်လို တိုးတက်အောင် လုပ်မယ်ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်'' ဟု ကင်းဘဲလ်က ပြောကြားခဲ့သည်။
စိုးရိမ်ပူပန်ဖွယ် ကိစ္စရပ်များရှိနေသေးသောကြောင့် နိုင်ငံရေးနှင့် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ ချက်ချင်းရုပ်သိမ်းဖွယ် မရှိသေးသော်လည်း နိုင်ငံစုံ အဖွဲ့အစည်းများနှင့် အမေရိကန်၏ အကူအညီများ ပြန်လည်ရရှိရေး ဆောင် ရွက်ပေးဖွယ်ရှိနေကြောင်း သိရသည်။ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်သော ဘဏ္ဍာရေးကိစ္စများ၊ မြန်မာထိပ်တန်းအရာရှိများ၏ ခရီးသွားလာခွင့်များ ကန့်သတ်ထားမှုကိုလည်း လျော့ချပေးဖွယ် ရှိနေသည်။ ကမ္ဘာ့ဘဏ်နှင့် အခြားနိုင်ငံ စုံအဖွဲ့အစည်းများ မြန်မာနိုင်ငံသို့ ပြန်လာစေရန် ထောက်ခံပေးခြင်းကဲ့သို့သော အကူအညီများ ပေးအပ်သွားဖွယ်ရှိသည်။ မြန်မာနိုင်ငံသည် ရှုပ်ထွေးနေသော နိုင်ငံခြားငွေလဲလှယ်မှုစနစ်ကို ပြုပြင်ပြောင်းလဲရေးအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အကူအညီတောင်းခံထားပြီး အကူအညီ ကြီးကြီးမားမား ရရန်မှာ အမေရိကန်၏ ထောက်ခံမှု လိုအပ်နေသည်။ မြန်မာနိုင်ငံကို မြန်မာအစိုးရလိုလား သကဲ့သို့ Burma ဟု မခေါ်တော့ဘဲ Myanmar ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း များ ပြုလာနိုင်သည်ဟု သိရသည်။

ပိုမိုတိုးတက်လာရန် ၀ါရှင်တန်ဘက်က မျှော်လင့်ထားသည့် နယ်ပယ်များမှာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးမှု . . .
ပိုမိုတိုးတက်လာရန် ၀ါရှင်တန်ဘက်က မျော်လင့်ထားသည့် နယ်ပယ်များမှာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးမှု၊ ကုလလက်နက်မပြန့်ပွားရေး သဘောတူညီချက်ကို ချိုးဖောက်သည့် မြောက်ကိုရီးယားထံမှ စစ်ရေးအကူအညီ ရယူနေသည်ဟု သတင်းထွက်နေမှုတို့တွင်ဖြစ်ကြောင်း ကင်းဘဲလ်က ပြောကြားခဲ့သည်။
''အကျဉ်းသား လွှတ်ပေးတဲ့ ကိစ္စမျိုးတွေမှာ ဆက်လက်တိုးတက် နေတာမျိုးကို မြင်လိုတာဟာ ကျွန် တော်တို့ဆန္ဒပဲဆိုတာ ရှင်းရှင်းလင်းလင်းပြောလိုပါတယ်'' ဟု ကင်းဘဲလ်က ပြောကြားခဲ့သည်။
အမေရိကန်သည် မြန်မာ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီး ပြီးခဲ့ သည့်လနှောင်းပိုင်းက ၀ါရှင်တန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကို လက်ခံတွေ့ဆုံခဲ့သည်။
ကင်းဘဲလ်၏ မှတ်ချက်စကားသည် မကြာသေးမီကာလအတွင်း မြန်မာနိုင်ငံ၏ အပြောင်းအလဲများနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရ ထိပ်တန်းတာဝန်ရှိသူ တစ်ဦး၏ အထင်ရှားဆုံး မှတ်ချက်စကား ဖြစ်သည်။
Ref; AP, Wallstreet Journal, BBC, AFP

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းမှာ ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ် တို့တွင်သာ မြှုပ်နှံထားကြ



b28_05
ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားသည့် ရေအားလျှပ်စစ်စီမံကိန်းတစ်နေရာကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ၏ ၆၅ ရာခိုင်နှုန်းမှာလည်း သဘာဝသယံဇာတနှင့် ရေအားလျှပ်စစ် စီမံကိန်းကြီးများတည်ရှိရာ ကချင်၊ ရခိုင်၊ ရှမ်း ပြည်နယ် သုံးခုတွင်သာ မြှုပ်နှံထားခြင်းဖြစ်ပြီး ကုန်ထုတ် လုပ်မှုဆိုင်ရာများပြားသည့် ရန်ကုန်တွင်မူ စုစုပေါင်း၏ ၈ ရာခိုင်နှုန်းသာ မြှုပ်နှံထားကြောင်း သိရသည်။
''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ထုတ်ပြန်လိုက်တော့မှ ပိုပြီး ရှင်းလင်းသွားတယ်။ ကျောက်စိမ်း အဓိကထွက်တယ်၊ ရေအားလျှပ်စစ်စီမံကိန်းတွေရှိတဲ့ ကချင်ပြည်နယ်မှာ မြှုပ်နှံတာဟာ စုစုပေါင်းမြှုပ်နှံမှုရဲ့ လေးပုံ တစ်ပုံ ၂၅ ရာခိုင်နှုန်းနီးပါးထိ ရှိနေတယ်။ ဒီလိုပဲ ထိပ်ဆုံးက မြှုပ်နှံထားတဲ့ ပြည်နယ်သုံးခုက ကချင်ပြီးရင် ရခိုင်၊ ပြီးရင် ရှမ်းပြည်နယ် သုံးခုပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ကချင်မှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလျံ လောက်ရှိတယ်။ ရခိုင်မှာ ၇ ဒသမ ၅ ဘီလျံ နီးပါးနဲ့ ရှမ်းမှာ ၆ ဒသမ ၆ ဘီလျံနီးပါး မြှုပ်နှံထားတယ်။ အဲဒီပြည်နယ်သုံးခုမှာ မြှုပ်နှံထားတာက စုစုပေါင်း မြှုပ်နှံမှုရဲ့ ၆၅ ရာခိုင်နှုန်းအထိ ရှိနေတယ်။ ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုကတော့ ၃၅ ရာခိုင်နှုန်းပဲ ရှိတာပေါ့။ ဒါကိုထောက်ရင် သဘာဝသယံဇာတ တွင်းထွက်နဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေပဲ ရှိတဲ့နေရာမှာပဲ အဓိကများပြားနေတာ တွေ့ရလိမ့်မယ်'' ဟု စီးပွားရေးပညာရှင်တစ်ဦးက ထုတ်ပြန်ချက်များအပေါ် ပြောကြားခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကချင်မှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလျံလောက် ရှိတယ်။ ရခိုင်မှာ ၇ ဒသမ ၅ ဘီလျံ နီးပါးနဲ့ ရှမ်းမှာ ၆ ဒသမ ၆ ဘီလျံနီးပါး မြှုပ်နှံထားတယ်။ အဲဒီပြည်နယ်သုံးခုမှာ မြှုပ်နှံထားတာက စုစုပေါင်းမြှုပ်နှံမှုရဲ့ ၆၅ ရာခိုင်နှုန်းအထိ ရှိနေတယ်။ ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုကတော့ ၃၅ ရာခိုင်နှုန်းပဲ ရှိတာပေါ့။ 
သဘာဝသယံဇာတနှင့် လျှပ်စစ်စွမ်းအား ထုတ်လုပ်မည့်နေရာများတွင်သာ မြှုပ်နှံမှုများပြားပြီး မြန်မာနိုင်ငံ လူဦးရေအားလုံး၏ ၇၅ ရာ ခိုင်နှုန်းနီးပါး မှီခိုနေရသည့် စိုက်ပျိုးရေးကဏ္ဍတွင်မူ လွန်စွာနည်းပါးလျှက်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ အဓိက ဆန်စပါးထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းတွင် အောက်ဆုံး၌သာရပ် တည်နေသည်ဟု ထုတ်ပြန်ချက်များ အရသိရသည်။
ပဲနှင့်ဆီထွက်သီးနှံ အဓိကစိုက်ပျိုးရာ မကွေးတိုင်းဒေသကြီးတွင် မြှုပ်နှံရာတွင်လည်း အနည်းငယ်သာရှိပြီး စုစုပေါင်းမြှုပ်နှံမှု၏ ၀ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး တတိယအနည်းဆုံးမြှုပ်နှံထားသည့် တိုင်းဒေသကြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
''ထုတ်ပြန်ထားတဲ့ စာရင်းမှာ အနည်းဆုံးမြှုပ်နှံတာက ဧရာဝတီတိုင်းဒေသကြီးမှာပါ။ ဒေါ်လာ ၆ သန်း ကျော်လေးပဲရှိတယ်။ ပဲခူးတိုင်းဒေသကြီးက ဒုတိယအနည်းဆုံး ဒေါ်လာ သန်း ၇၀ မြှုပ်နှံထားပြီး မကွေးတိုင်း ဒေသကြီးကတော့ ၁၆၉ သန်းနဲ့ တတိယအနည်းဆုံး မြှုပ်နှံထားတာ တွေ့ရတယ်။ ဒါတွေက စိုက်ပျိုးရေးအတွက် အဓိကအရေးပါတဲ့ တိုင်းဒေသကြီးတွေပါ။ စစ်ကိုင်းတိုင်း ဒေသကြီးကျတော့ ရွှေထွက်တဲ့ အနေအထားရှိတော့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော်ထိ ရှိနေတယ်'' ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦး က ထုတ်ပြန်ချက်များအပေါ် သုံးသပ်ပြောကြားခဲ့သည်။
ဆောင်ရွက်ဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမေရိကန်ဒေါ်လာ၊ သန်း)
စဉ်တိုင်းဒေသကြီး/ပြည်နယ်လုပ်ငန်းအရေအတွက်တန်ဖိုးရာခိုင်နှုန်း
၁။ကချင်၈၂၆၄ .၈၂၂၄ .၁၆
၂။ရခိုင်၂၁၇၄၅၃ .၀၀၂၁ .၇၉
၃။ရှမ်း၁၂၆၅၈၃ .၆၇၁၉ .၂၅
၎။မကွေး၁၆၉ .၅၆၀ .၅၀
၅။ပဲခူး၁၀၇၀ .၈၀၀ .၁၂
၆။ဧရာဝတီ၆ .၆၀၀ .၁၂

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်ဖို့မျှော်လင့်မထားကြောင်း မင်းကိုနိုင် ပြော


ကိုမင်းကိုနိုင်အကျဉ်းကျခံနေရသောကျိုင်းတုံအကျဉ်းထောင်


ကိုမင်းကိုနိုင်အကျဉ်းကျခံနေရသောကျိုင်းတုံအကျဉ်းထောင်အုတ်ရိုး

လပြည့်ညဆိုပေမယ့် ကြည်ကြည်စင်စင်မသာနိုင်တဲ့ ကျိုင်းတုံညရဲ့ လမင်း
ကျိုင်းတုံထောင်မှာအကျဉ်းကျနေတဲ့၈၈ မျိုးဆက်ကျောင်းသားခေါင်ဆောင်
ကိုမင်းကိုနိုင်ဟာဒီနေ့လွတ်မြောက်တဲ့စာရင်းမှာပါဝင်ခြင်းမရှိဘူးလို့ကျိုင်းတုံအကျဉ်းဦးစီးမှတာဝန်ခံတစ်ဦးကပြောတယ်လို့ ကျိုင်းတုံသို့သတင်းရယူရန်ရောက်ရောက်ရှိနေတဲ့ The Messenger ဂျာနယ်မှသတင်းအယ်ဒီတာကသတင်းပေးပို့ပါတယ်။
ကိုမင်းကိုနိုင်အနေနဲ့ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်သတင်းများထွက်ပေါ်နေခဲ့သော်
လည်း၎င်းအနေနဲ့မျှော်လင့်ခဲ့ခြင်းမရှိကြောင်းကိုမင်းကိုနိုင်နဲ့အတူနေထိုင်ခဲ့ပြီးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။
ကျိုင်းတုံထောင်မှာအကျဉ်းကျနေတဲ့၈၈ မျိုးဆက်ကျောင်းသားခေါင်ဆောင် ကိုမင်းကိုနိုင်နဲ့အတူနေထိုင်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာသူများ

ဇာဂနာ ဘာအမှုနဲ့ထောင်ကျခဲ့သလဲ


အောက်တိုဘာ ၁၂၊ ၂၀၁၁၊ (YPI)

နိုင်ငံကျော် စွယ်စုံ အနုပညာရှင် ဇာဂနာကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ အရေးအခင်းဖြစ်ပွားစဉ် သံဃာ့များအား ဆွမ်းကပ်သည့် ကိစ္စဖြင့် တကြိမ်ခေါ်ယူ စစ်ဆေးခြင်းခံရသည်။ ထို့နောက် လအနည်းငယ်အကြာ နာဂစ် မုန်တိုင်း ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသူများအား ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည်။ ထိုသို့ ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ် ဖမ်းဆီးခံရပြီး အီလက်ထရွန်းနစ် အက်ဥပဒေ၊ နိုင်ငံတော် အစိုးရအား အကြည်ငြိုပျက်အောင်လုပ်ဆောင်မှု အစရှိသည့် ပုဒ်မများဖြင့် ထောင်ဒဏ် ၅၉ နှစ်အပြစ်ပေးခဲ့သည်။ လအနည်းငယ်အကြာတွင် အယူခံဖြင့် ပြစ်ဒဏ် ၂၄နှစ် လျော့ပေါ့ပေးခဲ့ရာ ၃၅ နှစ်ကို ကျခံနေစဉ် ယမန်နေ့က ထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားထောင်မှ လွတ်မြောက်လာခဲ့သည်။ ယခု အင်တာဗျူးမှာ နေအိမ်သို့ ရောက်ရှိပြီး နာရီပိုင်းအကြာတွင် မေးမြန်းထားခြင်း ဖြစ်သည်။

ဇာဂနာအား Human Rights Watch အဖွဲ့မှ ပေးအပ်သည့်  Lillian Hellman နှင့် Dashshield Hammett ဆုနှင့် Pen Canada မှပေးအပ်သည့် One Humanity  ဆုများလည်း ရရှိထားသည်။

YPI၊    ဦးဇာဂနာကို ဘာလို့လွှတ်ပေးတာလဲ။

ဖြေ၊     အဲဒါတော့ ဦးသိန်းစိန် သွားမေးမှ သိမယ်။ ကျွန်တော်လည်း ဘယ်လိုလုပ် သိမလဲ။ မထူးဆန်းလှပါဘူး၊ ကျွန်တော့်ကို ထောင်ချကတည်းက ချမှတ်တဲ့ ပုဒ်မတွေကို ပြောရင်ရယ်စရာကြီး၊ ဟာသအနေနဲ့ ပြောရရင် ဥပမာ ကျွန်တော့်ကိုချတော့ ဗီဒီယို အက် ဆိုတာပါတယ်။ အဲဒီဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲလို့ ကျွန်တော်မေးတော့ နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့တဲ့၊ မုန်တိုင်းတိုက်တာနေတာ ဘာလို့လဲ ၊ ဆင်ဆာမတင်လို့တဲ့၊ မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား၊ ကျွန်တော်ပြောတာ မုန်တိုင်းတိုက်တဲ့ အလုပ်ကို ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။
နောက်တမှု ၅၀၅ (ခ) က ဘုန်းကြီးဆွမ်းကပ်လို့တဲ့ ၊ ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ အဲဘုန်းကြီးတွေက လမ်းပေါ်လမ်းလျှောက်တယ်တဲ့၊ လမ်းလျှောက်တာတွေ ကျွန်တော်မသိဘူး၊
ဘုန်းကြီးဆွမ်းကပ်တာ ကျွန်တော့်အမြင်ဆို ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်၊ မွတ်ဆလင်လုပ်မယ်၊ ဒီတော့ ဒီအမှုက သဘာဝမကျတော့ဘူး၊
နောက်အင်တာနက်ပုဒ်မ အားလုံး အင်တာနက် သုံးတဲ့သူတွေပါ၊ ဒီအင်တာနက် ပုဒ်မမှာ ကျွန်တော့်ကို အမိန့်ချတဲ့ တရားသူကြီးက အင်တာနက်ဆိုတာ မသိဘူး။ ရယ်စရာဘယ်လောက်ကောင်းလဲ ဆို၊ ခင်ဗျား မိုးသီးဇွန်တို့ အောင်ဒင်တို့နဲ့ ဘယ်မှာချက်လဲဆိုတော့ မီးဘိုမှာချက်တယ်လို့ ပြောတယ်။ စိတ်ဆိုးတယ်။ meebo ဆိုတဲ့ ၀က်ဆိုက်က နာမည်လို့ ပြောတာ၊ ညနေမှ ကျွန်တော် မသိလို့ပြောမိတာတဲ့၊ ကွန်ပျူတာတောင် မကိုင်ဘူးတဲ့ အဲလိုလူက အမိန့်ချတာ၊ ကျွန်တော်ဘယ်လို နားလည်ရမလဲ။
အစိုးရရှေ့နေက တရားရုံးမှာ ကိုဇာဂနာ ရှင့်အီးမေးလ် ပြောတဲ့၊ thura61@gmail.com ပေးတော့ ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူးတဲ့၊ အဲလို ဘာမဟုတ်တဲ့ အမှုတွေအတွက် ကျွန်တော် သုံးနှစ်ကျော် နေရတာ များတောင် များသေးတယ်။
ဒီပုဒ်မတွေနဲ့ အီးမေးလ် စာတစောင်ကို ၁၅ နှစ်နဲ့ချလိုက်တာ၊ ကြားမကြားဖူးဘူး၊ ကျွန်တော့်ဆီ ရောက်လာရင် ကြည့်ရမှာပေါ့၊ ဘာကြောင့်လွှတ်လဲဆိုရင် ဒီလိုနေရတာတောင် ပိုများသေး။

YPI     အထဲမှာနေခဲ့တဲ့ အချိန်တွေကို ဘယ်လို ဖြတ်သန်းခဲ့ရလဲ။

ဖြေ      အထဲမှာတော့ ဒီလိုပါပဲ၊ အရင်တုန်းက အခြေအနေနဲ့ ခုအခြေအနေနဲ့ တော်တော် ကွာသွားပါပြီ၊ ဒီနေ့ ခေတ်က တော်တော် ပြုပြင် ပြောင်းလဲသွားပြီ။ အရင့်အရင် ခေတ်ကနဲ့တော့ တော်တော် တိုးတက်နေပြီ၊ အနီးဆုံး တိုးတက်မှုကို ပြောရရင် ကြိုက်သလောက် လမ်းလျှောက်ခွင့်ရှိတယ်။ တနေ့မှာ နှစ်ဆယ့်တနာရီရှိရင် အခန်းထဲမှာ ပိတ်နေရတယ်။ အခုတော့ ဆယ့်နှစ်နာရီလောက် လမ်းလျှောက်ခွင့် ရသွားပြီ။
YPI     ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ ရော ဘယ်လိုတွေပေးခဲ့လဲ။
ဖြေ      အဲဒါတော့ အရင်ရောက်ခါစက သိပ်အဆင်မပြေဘူး၊ အခုနောက်ပိုင်း ဆရာဝန်တွေထားပြီ၊ အဲဒီမှာပဲ ဆရာဝန်တွေရှိတယ်။ ကျွန်တော်ဆို အဲဒီထောင်က ဆေးလာကုပေးတဲ့ ဆရာဝန်တွေရဲ့ ဆေးနဲ့တော်တော်တည့်တယ် လို့ပြောလို့ရမယ်။ ကျန်းမာရေး ဒီနောက်ပိုင်း တစ်နှစ် တစ်နှစ်ခွဲအတွင်းကောင်းပါတယ်။

YPI     နိုင်ငံရေး အရပြောင်းလဲမှု ရှိတယ်လို့ မြင်လား

ဖြေ      ပြောင်းလဲမှု ရှိသလားတော့ ပြောရင်တော့၊ ကျွန်တော့ စိတ်ထဲ ပွင့်ပွင့်လင်းလင်း ပြောရင်တော့ မနေ့ကထိ ပြောင်းလဲမှု ရှိသလိုလို ထင်တယ်။ ဒီနေ့တော့ မထင်တော့ဘူး၊ ဒီနေ့ မနက် လူလွှတ်တဲ့ အပေါ်မူတည်ပြီး ကြည့်လိုက်တော့ ပြောင်းလဲချင်ရင် ဒီလိုမလုပ်ပါနဲ့ ဒါက တွန့်တိုလွန်းတယ်။ လွှတ်စရာရှိရင် လွှတ်လိုက်ပါ အားလုံး၊ ဘာဖြစ်လို့လဲ၊ သဘောထားကြီးပါ၊ အာဏာရှိတဲ့သူက သဘောထားကြီးပါ၊ အာဏာမရှိတဲ့ သူက ဘာလို့ သဘောထားမကြီးလို့ ရလဲ၊ သူက သဘောထား မကြီးသမျှကာလပတ်လုံး ကျွန်တော်တို့လည်း ဘယ်လို နားလည်ရမလဲ။ အဲတော့ ပြောင်းလဲချင်လား၊ တကယ်ပြောင်းလဲချင်တယ် ဆိုရင် အကုန်လွှတ်ပေးလိုက်ပါ၊
အကုန်လွှတ်ပေးလိုက်ပါလို့ ကျွန်တော်တို့က ပြောရင် နိုင်ငံရေးနဲ့ ကျတဲ့ကောင်မို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါလို့ ပြောတယ် ထင်မယ်။ မဟုတ်ဘူး၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့်အပါအ၀င် အကုန်လွှတ်ပေးလိုက်ပါ။

YPI     အပြင်ပြန်ရောက်တော့ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။

ဖြေ      လောလောဆယ်တော့ ယတိပြတ် မဆုံးဖြတ်ရသေးဘူး၊ နိုင်ငံရေးနဲ့ အနုပညာ အလုပ်က နကိုကတည်းက ကျွန်တော် ၀ါသနာပါတဲ့ အလုပ်ဖြစ်တာကြောင့်၊ ဒီအလုပ်နှစ်ခုကျွန်တော် လုပ်သွားမှာပါ။ အဲဒီအတွက် လောလောဆယ် ထပ်ပြီး ဦးစားပေးလို့ပြောရရင် ပထမ နိုင်ငံရေးပဲ၊ ဒုတိယက အနုပညာပဲ၊

(YPI  )
လွတ်မြောက်သည့် နေ့ ရန်ကုန်ရှိ နေအိမ်တွင် တွေ့မြင်ရသည့် ဇာဂနာ

စုစုပေါင်း နိုင်ငံရေး အကျဉ်းသား ၁၀၆ ဦး အတည်ပြုနိုင်ပြီ

အင်းစိန်အကျဉ်းထောင်မှ


မွန်းလွဲ ၂ နာရီခွဲ အချိန်အထိ Yangon Press International က စုဆောင်းထားသည့် စာရင်းများအရ ...

အင်းစိန် အကျဉ်းထောင်မှ လွတ်မြောက်သည့် ကျား ၂၇၉၊ မ ၆၇ အနက် နိုင်ငံရေးအကျဉ်းသား ၃၆ ဦး

တောင်ငူထောင်မှ ကိုညီညီဦးအပါ နိုင်ငံရေးအကျဉ်းသား ၁၉ ဦး

ပူတာအိုထောင်မှ ဒေါ်ဝင်းမြမြ အပါ စုစုပေါင်း အကျဉ်းသား ၂၁ ဦး

ကလေးထောင်မှ နိုင်ငံရေးအကျဉ်းသား ၈ ဦး

ရွှေဘိုထောင်မှ နိုင်ငံရေးအကျဉ်းသား ၄ ဦး

ရမည်းသင်းမှ နိုင်ငံရေးအကျဉ်းသား ၆ ဦး

သာယာဝတီမှ နိုင်ငံရေးအကျဉ်းသား ၁၄ ဦး

တောင်ကြီးထောင်မှ စုစုပေါင်း အကျဉ်းသား ၂၀၀ အနက် နိုင်ငံရေးအကျဉ်းသား ၃ ဦး

ကျောက်ဖြူ ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂ ဦး

မော်လမြိုင် ထောင်မှ နိုင်ငံရေးအကျဉ်းသား ၃ ဦး

ပေါင်းတည် ထောင်မှ နိုင်ငံရေးအကျဉ်းသား ၁ ဦး

ရွှေဘိုထောင်မှ နိုင်ငံရေးအကျဉ်းသား ၄ ဦး

ဟင်္သာတထောင်မှ နိုင်ငံရေးအကျဉ်းသား ၂ ဦး

စစ်တွေ ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂ ဦး

မြင်းခြံ ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂ ဦး

စုစုပေါင်း နိုင်ငံရေး အကျဉ်းသား ၁၀၆ ဦး အတည်ပြုနိုင်ပြီဖြစ်သည်။

ဇာဂနာကို ရန်ကုန် လေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆို

IMG_2443ရန်ကုန်၊ အောက်တိုဘာ ၁၂
မြစ်ကြီးနား ထောင်မှ ပြန်လည် လွတ်မြာက်လာသော နိုင်ငံရေး အကျဉ်းသား လူရွှင်တော် ဇာဂနာ (ခေါ်) ဒါရိုက်တာ ကိုသူရသည် လေကြောင်း ခရီးစဉ်ဖြင့် မြစ်ကြီးနားမှ ရန်ကုန်မြို့သို့ ယနေ့ နေ့လည် ၁ နာရီတွင် ဆိုက်ရောက်လာခဲ့ရာ အနုပညာရှင်များနှင့် ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး ပြည်တွင်းပြည်ပ မီဒီယာများမှ သတင်းထောက် တစ်ရာကျော်ခန့်က ဝိုင်းဝန်း သတင်းယူခဲ့ကြသည်။ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပြည်တွင်း ဆိုက်ရောက်နေရာတွင် အကယ်ဒမီ ဇင်ဝိုင်း၊ ငှက်ပျောကြော် ၊ အရိုင်း၊ သီးလေးသီး အဖွဲ့မှ ပြည်တော်ပြန် လူရွှင်တော်အခိျု့၊ မဇ0x081မိုမလှိုင်းမှ ကိုရဲလွင် အပါအဝင် အနုပညာရှင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ စုစုပေါင်း ပြည်သူ ရာဂဏန်းချီခန့် က ရန်ကုန်လေဆိပ်တွင် လာရောက် သတင်းယူခဲ့ကြသည့် အပြင် ပြည်တွင်း သတင်းမီဒီယာများလည်း လာရောက် သတင်းယူခဲ့ ကြသည်ကို တွေ့ရသည်။" လူတော့ တော်တော် များများတယ်။ အားလုံးကလည်း ကိုဇာဂနာကို မြင်တာနဲ့ ဩဘာပေးကြတယ်။ သူ့ကို လူတွေ တော်တော် ချစ်ကြတယ်။ လက်ဆွဲနှုတ်ဆက် ကြသလို သတင်းသမားတွေက ဝိုင်းအုံပြီးတော့ ဓာတ်ပုံရိုက်ကြ၊ မေးကြမြန်းကြ လုပ်ကြတယ်။ အထူးသဖြင့်တော့ သတင်းသမားတွေက သူ့ထက်ငါ အပြိုင်အဆိုင် တိုးဝှေ့ကြတော့ တာဝန်ရှိသူတွေ ကိုယ်တိုင် ထိန်းမရ သိမ်းရ ဖြစ်ကုန်တယ် " ဟု အပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်ခုမှ အသက် ၂၆ နှစ်ဝန်းကျင်ရှိ အကြီးတန်း သတင်းထောက် တစ်ဦးက ဆိုသည်။ဇာဂနာ၏ မိသားစုဝင်များ ကိုယ်တိုင် သတင်းသမားကို စည်းကမ်းရှိရန် တောင်းပန်ခဲ့သည့်အပြင် အနုပညာရှင်များ ကလည်း ကိုဇာဂနာ အပြင်ထွက်နိုင်ရန် သတင်းသမားများကို တွန်းထုတ် ဖယ်ရှားခဲ့ရသည်ကို တွေ့ရသည်။ယခု လွတ်မြောက်လာသော အကျဉ်းသား ၆၃၅၉ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၁၀ဝ ခန့် ပါဝင်မည်ဟု သတင်းရရှိထား ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တော်ဝင်နှင်းဆီတွင် ယနေ့ ကျင်းပပြုလုပ်သော နိုင်ငံရေး အကျဉ်းသားဟောင်းများ ကန်တော့ပွဲတွင် ပြောဆိုခဲ့သည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလုံး အမြန်ဆုံး လွတ်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



dawsu

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလုံး အမြန်ဆုံးလွတ်စေချင်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ပြောကြားခဲ့သည်။

ယနေ့တွင်လွတ်မြောက်လာသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က  " အန်တီတို့ရတဲ့သတင်းအရတော့ ၁၀၀ လောက်ရှိလာပြီ၊ အခုထိစာရင်း အရပေါ့ ၊ အားလုံးတော့မပြည့်စုံသေးဘူး၊ ဆက်ဆက် ဆက်ဆက်ပြီးတော့ လွှတ်မယ်လို့တော့ အန်တီတို့ မျှော်လင့်ထားတာပဲ။ အန်တီပြောသလိုပဲ တစ်ယောက်လွတ်တာကို တန်ဖိုးဖြတ်လို့မရဘူး။ လူတိုင်းလူတိုင်းရဲ့လွတ်လပ်မှုက တန်ဖိုးဖြတ်လို့မရဘူး။ ပိုပြီးတော့လွှတ်လေ တိုင်းပြည်အတွက်ကောင်းလေပဲ။ နိုင်ငံရေးအကျဉ်းသားများ လွတ်တာဆိုတာကတော့ တစ်ယောက်ချင်းလွတ်ရင်လည်း ကျေးဇူးတင်တယ်၊၀မ်းသာတယ်၊ ဒါပေမယ့် အားလုံးလွတ်စေချင်တယ်၊ အမြန်ဆုံးလွတ်စေချင်တယ်" ဟု သတင်းထောက်များသို့ ယနေ့နံနက် ၁၁ နာရီ မိနစ် ၄၀ တွင်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ယနေ့နက် ၁၁ နာရီ ၅ မိနစ်တွင် ကျင်းပသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြု ကန်တော့ပွဲအခမ်းအနားအပြီးတွင် ယင်းကဲသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြု ကန်တော့ပွဲ အခမ်းအနားသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ၏ မိသားစုဝင်များ၊ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူများ၊ ထောက်ခံသူများ ၁၀၀၀ ၀န်းကျင် တက်ရောက်ခဲ့သည်ကို တွေ့ရပြီး၎င်းတို့က အဆိုပါအခမ်းအနားတွင် NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်နှင့် NLD ပါတီ၏ အထွေထွေအတွင်းရေးမှုး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့အား ဂါရ၀ပြုကန်တော့ခဲ့ကြသည်။

မြစ်ကြီးနားလေဆိပ်မှ ကိုဇာဂနာ နဲ့ အင်တာဗျူးများ


The Voice Weeklyစွယ်စုံရ အနုပညာရှင် ဇာဂနာနှင့် ပူပူနွေးနွေး တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် လူအသေအပျောက် အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး သဘာဝ ဘေးအန္တရာယ်အဖြစ် သတ်မှတ်ခဲ့ရသော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံစားနေရသော ပြည်သူများကို ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးခြင်း ခံခဲ့ရသူ စွယ်စုံရ ဟာသအနုပညာရှင် (ဦး) ဇာဂနာ (ခေါ်) ကိုသူရမှာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ရာ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က မြစ်ကြီးနား လေယာဉ်ကွင်းသို့ ရောက်ရှိနေစဉ် The Voice Weekly က တယ်လီဖုန်းဖြင့် မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မြစ်ကြီးနားအကျဉ်းထောင်ကနေ ဘယ်နှစ်ယောက် လွတ်လာပြီလဲ။

-       စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၄ ဦး၊ အချို့တစ်ဝက်ပေါ့။

ဘယ်သူတွေ ပါလဲ။

-       ကျွန်တော်၊ ကိုဇင်မင်းထွန်း၊ ဦးမျိုးအောင်သန့်၊ ဦးတင့်ဆန်း

ခုလောလောဆယ် သူတို့ လေယာဉ်ကွင်းရောက်နေတယ်ဆိုတော့ ဘယ်လေယာဉ်နဲ့ ပြန်လာမှာလဲ။

-       မြန်မာ့လေကြောင်း ဂျက်လေယာဉ်နဲ့။ တစ်နာရီကို ရန်ကုန် ဆိုက်မယ်။

လွတ်လာပြီဆိုတော့ ဘာလုပ်မလဲ။

-       လောလောဆယ် ရုတ်တရက်ဆိုတော့ မဆုံးဖြတ်ရသေးဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ပြီး တိုင်ပင်ပြီးတော့ ရက်ပိုင်းအတွင်း ဆုံးဖြတ်မယ်။

လွတ်လာတဲ့အပေါ်မှာ မလွတ်ခင် တစ်စုံတစ်ရာ ညှိနှိုင်းတာမျိုး ရှိလား။

-       မရှိပါဘူး။

လွတ်လာချိန်မှာ အနှောင်အဖွဲ့ တစ်ခုခု ရှိလား။

-       မရှိပါဘူး။

အရင်လို နိုင်ငံရေး ယုံကြည်ချက်အတွက် ဆက်လုပ်တာမျိုး လုပ်ဖို့ ရှိလား။

-       လုပ်မှာပါ။ နဂိုဗီဇ ဝါသနာအရ အစကတည်းက ဝါသနာပါတယ်။ လိုချင်တာတွေ ရအောင် ပြီးဆုံးတဲ့အထိ လုပ်မယ်။ မသေမချင်းပေါ့။

အစိုးရသစ်ကို Information တွေအရ ဘယ်လိုသုံးသပ်သလဲ။

-       ကျွန်တော် သုံးသပ်တာက အကျဉ်းသားလွှတ်တဲ့ ကိစ္စမျိုးပဲ။ ဒါမျိုးမှာ မကျေနပ်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေး ဆိုတဲ့အစီအစဉ်မှာ ကောင်းအောင် အရမ်းအော်ထားတယ်။ ဂျာနယ်တွေထဲမှာ စာစောင်တွေထဲမှာ ဖော်ပြထားတယ်။ လွတ်တော်ကိုယ်စားလှယ်တွေ တင်ပြတာကို တပ်မတော် ကိုယ်စားလှယ်တွေက ထောက်ခံတယ်။ လူလေး သုံးလေးယောက်ပဲ လွှတ်တာ ကျန်တာတွေ ဘာလို့ မလွှတ်သေးတာလဲ။ ကျွန်တော်တို့က ဆိုမာလီ ပင်လယ်ဓားပြတွေ လက်ထဲ ရောက်နေတဲ့လူတွေလို ဖြစ်နေတယ်။ အဲဒီတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအတွက် အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ။ အဲဒီအတွက် စိတ်ထဲ မကောင်းဘူး။ ဒါကိုတော့ သမ္မတကို တိုက်ရိုက်ပြောချင်တယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ။ အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။

အခု အဲဒီမြစ်ကြီးနား အကျဉ်းထောင်မှာ ဘယ်သူတွေ ကျန်သေးသလဲ။

-       မြစ်ကြီးနားက စုစုပေါင်း ဘုန်းကြီးလေးပါး ကျန်တယ်။ အဲဒီကိုယ်တော်တွေက မန္တလေးက ဆရာတော်တွေ၊ မန္တလေးက ဆရာတော် ဦးဉာဏ၊ ဦးဝီရသူ၊ ဦးဂန္ဓသာရ၊ ဦးဓမ္မသာမိ။ လူတွေထဲက ကိုမျိုးမင်းသန့်၊ ကိုကြည်တိုး၊ ကိုဇေယျအောင်(ပဲခူး)၊ ကိုသီဟသက်တင် (ဘိုကလေး)။

ဒီလူတွေက စာရင်းထဲ မပါတာလား။ မလွှတ်သေးတာလား။

-       ကျွန်တော်သိတာတော့ ဒီနေ့အထိပဲ။ နိုင်ငံတော်ရဲ့ စေတနာ ပိတ်သွားပြီ။

အသုတ်လိုက်လွှတ်မယ်လို့ ပြောနေသံ ကြားတယ်။ ဟုတ်သလား။

-       မဟုတ်ဘူး ကောလာဟာလ တွေပါ။ အသုတ်ရော၊ ရေကြည်ရော၊ ငါးသိုင်းချောင်းတွေရော ကောလာဟလတွေပါ။ မျက်မြင်ကိုပဲ လက်ခံတယ်။ ဘယ်လိုပြောပြော လက်မခံဘူး။

လွတ်လာချိန်မှာ အစိုးရအဖွဲ့နဲ့ တွေ့ပြီး ဆွေးနွေးဖို့ အစီအစဉ် ရှိသလား။

-       ရှိတယ်။ ဒီကိစ္စ ဆက်ပြောဦးမယ်။ တောင်းဆိုထားတဲ့ ကိစ္စတွေကို၊

အမျိုးသားရင်ကြားစေ့ရေးမှာ အကျဉ်းသား လွတ်မြောက်တဲ့ကိစ္စမှာ တစ်ချို့ကို လွှတ်တဲ့ကိစ္စက တိုင်းပြည်ပေါ်မှာ ဘယ်လို အမြင်လွဲစေသလဲ။

-       အားလုံး စိတ်မကောင်း ဖြစ်ကြမယ်ဗျာ။ မယုံမကြည် ဖြစ်မယ်။ လွတ်လာတဲ့ ကျွန်တော်တို့ကိုယ်တိုင် မယုံကြည်နိုင်ဘူး။ ဘာလို့ ဒီလို လုပ်တယ်ဆိုတာ နားမလည်နိုင်တော့ဘူး။ ဖြစ်စေချင်တာက လွှတ်လိုက်ပါလား အကုန်လုံး။ ကိုယ်လက်ထဲမှာ ကျူးလွန်ထားတဲ့သူ မဟုတ်ဘူး။ ဦးသန်းရွှေ လက်ထဲမှာ ကျူးလွန်လို့ ချခဲ့တဲ့ ပြစ်မှုတွေ၊ ဒီအမှုတွေကို ပယ်လိုက်ပါ။ လွှတ်လိုက်ပါ။ ကိုယ့်အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။ ပိုပြီးတော့ စေတနာကို သဘောပေါက်မယ်။ ကျေနပ်မယ်။ လက်ကမ်းတယ်ဆိုတာ သဘောထားကြီးတယ် ဆိုတာက အာဏာရှိတဲ့သူနဲ့ နေရာ အပေါ်က ရောက်တဲ့သူပဲ သဘောထားကြီးနိုင်တယ်။ ဘယ် သူတောင်းစားကမှ အပေါ်ကို သဘောထား မကြီးနိုင်ဘူး။

တိုင်းပြည်ကို လက်တွဲ လုပ်မဲ့လူတွေပဲ လွှတ်မယ်။ နောက်ကြောင်းပြန်မဲ့လူတွေလို့ ဖြစ်လာနိုင်တဲ့ လူတွေ မလွှတ်ဘူး ပြောနေတယ်။ အဲဒီအတွက် လူရွေးပြီး လွှတ်တာလား။

-       လက်တွဲနိုင်တယ်၊ မတွဲနိုင်ဘူး ဆိုတာ လုပ်ကြည့်ပြီးပြီလား။ … မလုပ်ရသေးဘူး။ မြက်စားနေတာမှ မဟုတ်တာ။ လက်တွဲဖို့ မလိုပါဘူး။ လက်တွဲရင် လက်ကမ်းမှာပါပဲ။ လက်ကမ်းဖို့ပဲ လိုပါတယ်။ ဂျာနယ်တွေထဲမှာ ပါနေတယ်။ အိုဘားမား ပြောသလို ကျွန်တော်တို့က လက်ဖြန့်ထားပါတယ်။ လက်ဖြန့်ရအောင် ကျွန်တော်တို့က တောင်းစားနေတာ မဟုတ်ဘူး။

ဘာများ ထပ်ပြောချင်တာ ရှိသေးလဲ။

-       မရှိပါဘူး။ ကျွန်တော်လည်း အသံတွေ နာနေပါပြီ

ကျေးဇူးတင်ပါတယ်။


-----------------------------------------------------------------------------------------------------------
Eleven Media Group
မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ကိုသူရ(ခေါ်)ကိုဇာဂနာအား ရန်ကုန်သို့  လာရောက်ရန် လေယာဉ်ပေါ် မတက်မီအချိန်အတွင်း Eleven Media Group မှ မေးမြန်းချက်အချို့ကို ဖော်ပြလိုက်ပါသည်။

မေး- အခု ပြန်လွတ်လာတဲ့ အပေါ်မှာ ကိုသူရအနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ဖြေ- အေးပေါ့ဗျာ။ လွတ်လာတာတော့ လွတ်လာတာပေါ့။ ဒီလိုလွတ်လာပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။

မေး- လက်ရှိအချိန်မှာ မြန်မာနိုင်ငံက အပြောင်းအလဲဆီသွားနေတယ်ဆိုတဲ့ အပေါ်မှာ
ကိုသူရလည်း သိထားတာတွေရှိမှာပါ။ ဒီအပေါ်မှာ ဘယ်လိုမြင်မိပါသလဲ။
ဖြေ- အပြောင်းအလဲဆိုတဲ့ ကိစ္စမှာ အခု တွေ့ကြုံနေရတာတွေကြောင့် အပြောင်းလဲကြီး ဖြစ်နေပြီလားဆိုတာကို မယုံရဲသေးဘူး ဖြစ်နေတယ်။

မေး- တွေ့ကြုံနေရတဲ့ အခြေအနေဆိုတာ အဲဒီက အနေအထားကိုပြောတာလား၊ အကုန်လုံး ပြန်မလွတ်လာသေးတဲ့ အခြေအနေကို ပြောတာလား။
ဖြေ- မစို့မပို့လွှတ်တာကိုပဲ ပြောချင်တာပါ။

မေး- အခုလိုလွတ်လာပြီးတဲ့နောက် ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားတာရှိလဲ။
ဖြေ- ဘာမှတော့ မစဉ်းစာရသေးပါဘူး။ ကျွန်တော့်ညီတွေအတွက် သီချင်းတွေ၊ ပြက်လုံးတွေ လုပ်ရပါဦးမယ်။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ လုပ်ရမယ့် အလုပ်တွေ မပြီးသေးဘူး။ နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်ရဦးမယ်။

မေး- နိုင်ငံရေးအလုပ်ဆက်လုပ်မယ်ဆိုတာက လက်ရှိအခင်းအကျင်းထဲကနေ ပါတီတစ်ခု၊ ပါတီဝင် တစ်ဦးအနေနဲ့ ၀င်ပါမှာကို ပြောတာလား။
ဖြေ- ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျွန်တော်တို့ ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြလဲ။ ပျင်းလို့ထွက်ခဲ့ကြတာမဟုတ်ပါဘူး။ လိုချင်တာတွေ ရှိလို့ ထွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ တကယ်လိုချင်တာ ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်။ ရန်ကုန်ရောက်မှပဲ ဆက်ပြောကြတာပေါ့။ အခုတော့ လေယာဉ်ပေါ်တက်ရတော့မယ်။


ရှမ်းခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် လွတ်မြောက်

ရှမ်းခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်
 ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် (SNLD) သည် စစ်တွေထောင်တွင် ထောင်ဒဏ် ၁၀၅ နှစ် ကျခံနေရာမှ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာခဲ့ပြီး ယနေ့ညနေ ၄ နာရီခန့်တွင် စစ်တွေမှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရသည်။
လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား စရင်း ကို Myanmar News Now က နေ အချိန်နဲ့ တပြေးညီ တင်ပြပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။
 

ကိုဌေးကြွယ် ၊ ကိုဇော်သက်ထွေး ၊ မစုစုနွေး အပါအ၀င် နိုင်ငံရေးအကျဉ်းသား အချို့ လွတ်မြောက်

ကိုဌေးကြွယ်

မစုစုနွေး
အင်းစိန်ထောင်ရှေ့ မှာစောင့်ဆိုင်းနေတဲ့ အကျဉ်းသားမိသားစုဝင်များ


ယနေ့နံနက် ၉ နာရီခန့်က သာယာဝတီထောင်မှ ကိုဇော်သက်ထွေး၊ မော်လမြိုင် မှ မဖြိုးဖြိုးမောင်၊ ဘူးသီးတောင် မောင်းတောမှကိုဌေးကြွယ်၊ ခန်းတီးမှ မစုစု နွေး၊ ကိုကိုကြီး (၈၈ ) ရွေဝါရောင်တော်လှန်ရေးမှ အရှင်နန္ဒ၀န်သတို့ လွတ်မြောက်လာပြီဖြစ်ကြောင်းနှင့် သာယာဝတီ ထောင်မှ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၉ ယောက်နှင့် အင်းစိန်မှ ၂၉ယောက်လွတ်မြောက်လာကြောင်းသိရပါတယ်။
ဦးခွန်ထွန်းဦး လည်း လွတ်ငြိမ်းချမ်းသာခွင့်စရင်းမှာပါဝင်တယ်လို့ဆိုပါတယ်။
မန္တလေးအိုးဘိုအကျဉ်းထောင်မှ လွတ်ငြိန်းချမ်းသာခွင့်ရအကျဉ်းသား ငါးဆယ်ဝန်းကျင်ကို ယခုနံနက်ပိုင်းအချိန်တွင် ဌာနဆိုင်ရာကားများဖြင့် ရှမ်းပြည်နယ်သို့ လိုက်လံပို့ဆောင်ပေးနေကြောင်း လည်း သတင်းရရှိပါတယ်။
 ဦးဇာဂနာ ရန်ကုန်လေဆိပ်သို့ ယနေ့နံနက် 11း00 နာရီတွင် ရောက်ရှိမှာဖြစ်ပါတယ်။
နောက်ဆုံးရရှိတဲ့ လွတ်မြောက်လာသူစရင်းမှာတော့
လွတ်မြောက်လာသူများ စာရင်း
မိတ္ထီလာ - ဒေါ်စန်းစန်းတင်၊ ကိုညွန့်ဝင်း
မအူပင် - နွဲ့နှင်းရည်
ပခုက္ကူ - ချစ်ကိုလင်း
မြင်းခြံ - အောင်သိုက်စိုး၊ သီဟ၀င်းတင်
လွိုင်ကော် - ဦးပီတာ
မော်လမြိုင် - ဖြိုးဖြိုးအောင်
တောင်ကြီး - ဦးကျော်ခင်
ရမည်းသင်း - သော်ဇင်ထွန်း၊ နေဇာမျိုးဝင်း၊ ဘုန်းကြီး (၄)ပါး
တောင်ငူ - ညီညီဦး၊ ပြည့်ဖြိုးအောင်
မြစ်ကြီးနား - ဇာဂနာ၊ ဇင်မင်းထွန်း
သာယာဝတီ - ကြည်လွင်၊ စောသက်ထွန်း၊ စောလှိုင်
တို့ဖြစ်ပါတယ်။ 
လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား စရင်း ကို Myanmar News Now က နေ အချိန်နဲ့ တပြေးညီ တင်ပြပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

ဇာဂနာ လွတ်ပြီ

ကိုသူရ(ခ) ဇာဂနာ

မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။

"လွတ်လာတာတော့ သေချာပါပြီ။ ကိုသူရနဲ့ တိုက်ရိုက် အဆက်အသွယ်တော့ မရသေးပါဘူး။ အဆက်အသွယ်ရဖို့ လုပ်နေပါတယ်။ ထောင်က တာဝန်ရှိသူတွေနဲ့ စကားပြောပြီးပါပြီ။ အခုပဲ ထောင်ဗူးဝ ရောက်နေပြီလို့ ပြောပါတယ်" ဟု ယနေ့နံနက် ၈ နာရီ အချိန်တွင် မငြိမ်းက ပြောကြားခဲ့ပါသည်။

မြစ်ကြီးနားတွင်ရှိနေသော ဒေသခံတစ်ဦးကလည်း ဇာဂနာ လွတ်မြောက်လာသည့် အဆိုပါ သတင်းကို အတည်ပြု ပြောကြားပေးခဲ့ပါသည်။ မြစ်ကြီးနား အကျဉ်းထောင် အကျဉ်းသား ၈၀ကျော် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း အဆိုပါဒေသခံက ပြောပြပါသည်။

"မြစ်ကြီးနားကနေ စုစုပေါင်း ၈၇ ဦးလွတ်တယ်လို့ ကြားထားတယ်။ ကိုဇာဂနာကတော့ အထင်ရှားဆုံးပါပဲ"ဟု မြစ်ကြီးနားဒေသခံက နံနက်၈နာရီ ၁၀မိနစ်အချိန်တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
ကိုဇာဂနာသည် ၂၀၀၈ခုနှစ် ဇွန်လဆန်းပိုင်းက စမ်းချောင်းရှိနေအိမ်၌ အဖမ်းခံခဲ့ရခြင်း ဖြစ်ပြီး ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါသည်။ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလတွင် အမှုသုံးမှုအတွက် တစ်မှုလျှင် ၈နှစ်စီဖြင့်  ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ရာ ထောင်ဒဏ် ၃၅နှစ် အဖြစ်သို့ ပြောင်းလဲခဲ့ပြီးနောက် ယခု ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပါသည်။
ထပ်မံရရှိသော သတင်းများကို ဆက်လက်ဖော်ပြသွားပါမည်။

ဒေါ်အောင်ဆန်းစုကြည် ငါးရက်ကြာ တရားစခန်းဝင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ (၁၂) ရက်နေ့ကစပြီး (၁၇) ရက်နေ့ထိ နေအိမ်မှာ တရားအားထုတ်ဖို့ စီစဉ် ထားတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။
(Photo: AFP)
ရန်ကုန်မြို့၊ ဗဟန်း ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးရှေ့တွင် ဒီဇင်ဘာ ၈ ရက်နေ့က သံဃာများနှင့် သီလရှင်များကို ဒေါ်အောင်ဆန်းစုကြည် (အလယ်) သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ငါးရက်အတွင်း ပုံမှန်အလုပ်တွေကို ရပ်နားထားမယ် ဆိုပေမဲ့ ဒီကနေ့ကျင်းပတဲ့ အန်အယ်လ်ဒီရဲ့ သက်ကြီး ပူဇော်ပွဲနဲ့ ရခိုင် အမျိုးသားနေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လေးနက်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ပြီး၊ ဘ၀မှာ ခက်ခဲ ကြမ်းတမ်းတဲ့ အရာတွေကို ကျော်ဖြတ်တဲ့ နေရာမှာ ဗုဒ္ဓရဲ့လမ်းညွန်ချက်တွေ အတိုင်း ကျင့်ကြံခဲ့တယ်လို့ နိုင်ငံတကာ ဟောပြောပွဲ တစ်ခုမှာ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

Google wallet နဲ့ အရာအားလုံး ပြီးမြောက်စေမယ်


"ကျွန်တော်တို့တွေရဲ့ မကြာတော့မယ့် အနာဂတ်မှာ ဖုန်းတစ်လုံးက လွဲပြီး ဘာမှ ယူစရာမလိုဘဲ အိမ်အပြင်ထွက်လို့ ရတော့မယ်" ။ အဲဒါကတော့ ဂူဂယ်ကုမ္ပဏီက ပြောလိုက်တဲ့ အနာဂတ်အတွက် အမြင်ပါ။
"ကျွန်တော်တို့ ယုံကြည်နေပါတယ်။ တစ်နေ့နေ့မှာ အိမ်ကနေ အလုပ်ကို ဖြစ်ဖြစ် ဈေးကိုဖြစ်ဖြစ် တစ်နေရာရာကို လက်ကိုင်ဖုန်း တစ်လုံးတည်း ကိုင်သွားပြီး ထွက်သွားလို့ရမယ်လို့ ကျွန်တော် အသေအချာကို မျှော်လင့်ထားပါတယ်လို့ ..." ဂူဂယ် အိမ်ဆောင်ထုတ်ကုန် မန်နေဂျာ Marc Freed-Finnegan က ပြောလိုက်ပါတယ်။
အပြင်တစ်ခါသွားရင် လိုအပ်မယ့် အရာအားလုံးဖြစ်တဲ့ စာရွက်စာတမ်း၊ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ အရာတွေ ဒါမှမဟုတ် သတ္တုတစ်မျိုးမျိုးနဲ့ လုပ်ထားတဲ့ အရာတွေကို ဒစ်ဂျစ်တယ် နည်းပညာနဲ့ တစ်စုတစ်ဝေးတည်းဖြစ်အောင် smart phone က လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဂူဂယ်က ဆိုလိုတာကတော့ မိုဘိုင်းဖုန်းကိုပဲ ခရက်ဒစ်ကဒ်၊ ယာဉ်မောင်း လိုင်စင်၊ ထရန်စစ်ကဒ်၊ စတိုးဆိုင်တွေက ပေးတဲ့ ကူပွန်ကဒ်တွေ၊ အိမ်သော့၊ ဟိုတယ်သော့ မှတ်ပုံတင် စတာတွေအပြင် အခြားသော မဖြစ်နိုင်ဘူးလို့ ထင်ထားတာတွေ တော်တော်များများကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေ တကယ်ဖြစ်နိုင်မလားဆိုတာကတော့ smart phone တွေရဲ့ တိုးတက်လာမှုတွေကို ကြည့်ရင် သိနိုင်ပါတယ်။
၂၀၀၇ မှာ ပထမဦးဆုံးပေါ်ခဲ့တဲ iPhone ကို နည်းပညာရှင်တွေက ပထမဦးဆုံးသော အိပ်ဆောင် ကွန်ပျူတာ Smart Phone စစ်စစ်လို့ သတ်မှတ်ကြပါတယ်။
Smart phone တွေဟာ အခုဆိုရင် GPS များ၊ လက်ကိုင်ဂိမ်းစက်များ၊ အိမ်သုံး ကင်မရာများ၊ ပြက္ခဒိန်၊ မှတ်စုစာအုပ်၊ သတင်းစားများ နဲ့ နားကြပ်ကက်ဆက်တွေ နေရာမှာ အစားထိုး ၀င်လို့လာပါတယ်။ လက်ကိုင်အိတ်ထဲမှာ တပွေ့တပိုက် ထည့်ထားရမယ့် စာတွေ တော်တော်များများဟာ smart phone ထဲကို ရောက်သွားပါပြီ။
ကျွမ်းကျင်သူတွေ အပြောအရ ဖုန်းတွေက ဘယ်လောက်အထိ ပြည့်စုံလာစေမလဲဆိုရင်၊ တကယ်လို့ မနက်ပိုင်းထွက်မယ့် ခင်ဗျား စီးမယ့်လေယာဉ်က အကြောင်းကြောင်းကြောင့် နောက်ကျနေတယ် ဆိုရင်၊ ခင်ဗျားရဲ့ ဖုန်းမှာပါတဲ့ နှိုးစက်နာရီက ခင်ဗျားကို နောက်ကျပြီးမှ နှိုးပေးမှာ ဖြစ်ပါတယ်။ အဲဒါမျိုးတွေကိုတော့ Apples ရဲ့ ဆော့ဝဲတစ်ခုဖြစ်တဲ့ humble personal assistant ကို ကြည့်ခြင်းအားဖြင့် ဖြစ်လာနိုင်တယ်ဆိုတာ မြင်သာနေပါတယ်။
ဖုန်းထုတ်လုပ်နေတဲ့ နည်းပညာရှင်တွေကလည်း ဘယ်လောက်အထိ ကြိုးစားနေသလဲဆိုရင် ဖုန်းတစ်ခုလုံးကို အင်္ကျီတွေထဲမှာ တည်ဆောက်ထားပြီး ဖုန်း စခရင် ကိုတော့ ခင်ဗျားရဲ့ အသားပေါ်မှာ ထားနိုင်အောင် လုပ်ဆောင်ပါတယ်။ ဒါကတော့ နည်းနည်း အလှမ်းဝေးသေးတဲ့ အနာဂတ်တစ်ခုပါ။ သေချာတာကတော့ အလွယ်ကူဆုံး အသုံးပြုနိုင်ဖို့၊ ကိုယ်နဲ့ မကွာထားနိုင်ဖို့နဲ့ သက်တောင့်သက်သာ ရှိစေဖို့တွေကို ဦးတည်နေတာ ဖြစ်ပါတယ်။
မိုဘိုင်းဖုန်းတွေဟာ တကယ့်ကိုပဲ လူသားတွေရဲ့ လူမှုနေထိုင်မှု ဘ၀အချက်အချာ ဖြစ်လာနေတယ်လို့ မန်နေဂျာ Freed-Finnegan ပြောပါတယ်။ ကွန်ပျူတာ အသေးစားလေးကို သယ်ဆောင်သွားတာနဲ့ ခင်ဗျား လုပ်ချင်တဲ့အရာ တော်တော်များများကို အဲဒါလေးနဲ့ပဲ အကုန်လုပ်ယူလို့ရတယ်လို့ ဆိုပါတယ်။
အိတ်ဆောင် စမတ်ဖုန်းတွေကို ကိုရီးယားနဲ့ ဂျပန်က လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကတည်းက စထွင်ခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ အမေရိကမှာတော့ သူပြောငါပြော စကားတွေထဲမှာပဲ ရှိနေသေးတာပါ။
ဒါပေမဲ့ ဂူဂယ် ဆော့ဝဲ တစ်ခုဖြစ်တဲ့ Nexus S smartphones ကို Sprint's network မှာ မကြာခင်က ဖြန့်ချီလိုက်တဲ့အခါမှာတော့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါတယ်။ Nexus S smartphone က နောင်တစ်ချိန်မှာ တကယ့်ကို ဘာတွေ ဆက်ဖြစ်လာမလည်းဆိုတာကို ချပြလိုက်တဲ့ အသေးစား ပြယုဂ်လေး တစ်ခုပါလို့လည်း ဆိုပါသေးတယ်။
အခု Smart Phone က ဘာတွေ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာ နည်းနည်း ဆက်ကြည့်လိုက်ရအောင်။
ကုန်ပစ္စည်းတစ်ခု ၀ယ်တာကို ခရက်ဒစ်ကဒ် မထုတ်ဘဲ ဖုန်းကို ထုတ်လိုက်မယ်။ ပြီးတော့ NFC Reader software (စတိုးဆိုင်တော်တော်များများမှာတော့ PayPass လို့ခေါ်တဲ့ သေးငယ်တဲ့ Radio-wave icon လေးတွေကို ဈေးနှုန်းကဒ်တွေမှာ ထည့်ထားပါတယ်) ကိုဖွင့်လိုက်မယ်။ ငွေချေဖို့ အတွက် ကုန်ပစ္စည်းကုဒ်ကို မှတ်ထားလိုက်မယ်။ လုံခြုံရေးအတွက်တော့ Security PIN ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
Google Wallet က အခုလောလောဆယ်မှာတော့ Citi MarterCard တစ်ခုနဲ့ပဲ အလုပ် လုပ်ပါသေးတယ်။ နောက်ပြီး Prepaid card ထဲကို ခင်ဗျားဘဏ်ထဲက ဒါမှမဟုတ် ခရက်ဒစ်ကဒ် အကောင့်ထဲက ပိုက်ဆံကို ထည့်ထားလို့ရပါသေးတယ်။
နည်းပညာရှင်တွေ အပြောကတော့၊ သမားရိုးကျ အရောင်းအ၀ယ် ၀န်ဆောင်မှုတွေက ခက်ခဲ ရှုပ်ထွေးလို့၊ တခြား နည်းပညာအသစ် တစ်ခုနဲ့ ငွေပေးချေရေး ၀န်ဆောင်မှုတွေ မြန်ဆန် လွယ်ကူစေဖို့အတွက် အဲဒါကို အစားထိုး စမ်းသပ် အသုံးပြုဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ အခုဆိုရင် Google Wallet ဒါမှမဟုတ် တခြား Digital Wallet တစ်ခုခုဟာ ခင်ဗျားရဲ့ ပိုက်ဆံအိတ်တွေ နေရာမှာ အစားထိုးဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။ အဲဒီ Phone-wallet နည်းပညာဟာ အနာဂတ် မိုဘိုင်းများအတွက် အရေးပါလာသလို၊ လူအားလုံး လက်ခံ အသုံးပြုဖို့ လွယ်ကူတဲ့အရာလည်း ဖြစ်လာပါတော့မယ်။
ဂူဂယ်က ပြောတာကတော့ Google Wallet ကို ဆက်ပြီး ဖွံ့ဖြိုးအောင် ဆောင်ရွက်နေပါတယ်တဲ့။ မိုဘိုင်းဖုန်းက loyalty cards တွေ digital coupons တွေကို သိမ်းစည်းထားနိုင်ပြီး တစ်ချက်ကလေး ကလစ်လိုက်တာနဲ့ ကုန်စုံဆိုင်က ပေးတဲ့ discounts တွေကော လျှော့ဈေးတွေကိုပါ ရမှာဖြစ်ပြီး တစ်ဆက်တည်းပဲ ငွေပါ ပေးချေပြီးသား ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။
ရည်ရှည်မှာတော့ မှတ်ပုံတင်ကဒ်တွေ တံခါးသော့ကဒ်တွေကအစ အရာအားလုံးကို ဖုန်းထဲ ထည့်ထားနိုင်ပါလိမ့်မယ်။ အခုဆိုရင် ဖုန်းထဲက NFC chip က တံခါးတွေ ဖွင့်ပြီး၊ မှတ်ပုံတင် (ID) စစ်ဆေးဖို့တွေ လုပ်နိုင်နေပါပြီ။ (လောလောဆယ်တော့ google wallet က သိပ်ပြီးတော့ နာမည် မကြီးသေးပါဘူး၊ အမေရိကန်က smart phones ဖြစ်တဲ့ Google Nexus S နဲ့ တခြား BlackBerry မော်ဒယ် နှစ်ခုမှာတော့ NFC chip က ပါနေပါပြီ။)
ဥပမာ ဟိုတယ် တံခါးသော့ အတွက် ဆိုပါတော့။ ဟိုတယ် စာရေးက ဧည့်သည်ရဲ့ ဖုန်းထဲကို check-in ၀င်တဲ့အချိန်မှာ key permission ကို တံခါးသော့ဖွင့်နိုင်ဖို့အတွက် ထည့်ပေးလိုက်မှာ ဖြစ်ပါတယ်။ အဲလိုဆိုရင် ဖုန်းကို ဟိုတယ် အခန်းတံခါး သော့နားကို ကပ်လိုက်တာနဲ့ တံခါးက ပွင့်သွားမှာ ဖြစ်ပါတယ်။
အဲလိုဖြစ်ဖို့အတွက် digital lock တွေ လုပ်တဲ့ အလုပ်ရုံတွေက လုံခြုံရေးဆိုင်ရာတွေနဲ့ hardware တွေကို standards တစ်ခု သတ်မှတ်ထားဖို့ လိုပါလိမ့်မယ်။ မှတ်ပုံတင်တွေ ကားမောင်းလိုင်စင်တွေ အတွက်ကတော့ သက်ဆိုင်ရာ အစိုးရဌာနက လက်ခံဆောင်ရွက်မှ ဖြစ်လာမှာပါ။
ဒါပေမဲ့ အဲဒီအရာတွေ အားလုံးကတော့ မကြာခင်ချိန်မှာ တကယ်ဖြစ်လာမှာပါလို့ ဂူဂယ် အိတ်ဆောင် ကွန်ပျူတာ ထုတ်လုပ်ရေး မန်နေဂျာ Freed-Finnegan က ပြောထားပါတယ်။
ကိုဘလိတ်
Source: CNN

ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်


The Voice Weekly
ရန်ကုန် အောက်တိုဘာ ၁၁

အရပ်သား အစိုးသစ် လက်ထက်တွင် ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန် ကြေညာချက်ကို ယနေ့နေ့လည် ၁ နာရီအချိန်တွင် MRTV 4 ရုပ်သံလိုင်း သတင်းအစီအစဉ်မှ တဆင့် ထုတ်ပြန် ကြေညာသည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် ထုတ်ပြန်သော ယင်းလွတ်ငြိမ်းချမ်းသာခွင့်တွင် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများနှင့် ကိုယ်လက်အင်္ဂါချို့တဲ့သူများ အပါအဝင် ထိုက်သင့်သော ပြစ်ဒဏ်ကျခံခဲ့ရပြီး စည်းကမ်းနှင့် အညီနေထိုင်ခဲ့သော အကျဉ်းသား ၆၃၅၉ ဦးကို အောက်တိုဘာ ၁၂ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) မှစ၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

အရပ်သား အစိုးရသစ် လက်ထက်တွင် ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမိန့်အရ အကျဉ်းသား ၁၄၆၀၀ ကျော်ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျ အကျဉ်းသား ၃၄၈ ဦး၏ ပြစ်ဒဏ်များကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲ သက်သာခွင့် ပေးခဲ့သည်။

Myanmar gives amnesty to some 6,300 prisoners



YANGON, Myanmar (AP) – Myanmar's state-run radio and television stations have announced that the country's president has granted amnesty to more than 6,300 prisoners.
The release of political prisoners has been hotly anticipated as a crucial step in liberalizing measures implemented by the military-backed but elected government that took power in March.
THIS IS A BREAKING NEWS UPDATE. Check back soon for further information. AP's earlier story is below.
YANGON, Myanmar (AP) — Myanmar's tightly controlled state newspapers published an appeal Tuesday for a political amnesty, indicating that a release of some of the country's 2,000 political prisoners may be imminent.
The appeal in the three state newspapers, which closely reflect government positions, was an open letter from the government-appointed National Human Rights Commission calling on President Thein Sein to grant an amnesty as a gesture of magnanimity.
Some officials have been saying privately that such a release is expected within days.
Myanmar's long-ruling military government handed power in March to an elected administration, which is seen as remaining closely aligned with the military but which has declared its intention to liberalize the country's hardline policies.
The United States believes Myanmar's elections were flawed but has been encouraged by its liberalizing trend since the civilian administration took power, the highest-ranking American diplomat for Asia said Monday.
U.S. Assistant Secretary of State Kurt M. Campbell, speaking at a lecture in the Thai capital, Bangkok, cited "dramatic developments under way" in Myanmar and said Washington may soon take steps to improve its relationship with the country.
"I think it would be fair to say that we will match their steps with comparable steps and we are looking forward in the course of the next several weeks to continuing a dialogue that has really stepped up in recent months," he said.
Campbell cited a "very consequential dialogue" between Thein Sein and democracy leader Aung San Suu Kyi as a major positive development. In public speeches Thein Sein also has appeared conciliatory about easing limits on freedom of speech and holding talks with ethnic rebels.
The United States has long ostracized Myanmar with political and economic sanctions because the failure of the former military government to hand over power to a democratically elected government and poor human rights record.
The U.S. could ease restrictions on financial transactions and travel by top Myanmar officials, and also unblock aid by some multilateral agencies as well as resume its own assistance.
Thein Sein instituted an amnesty soon after taking office, but it included just a few dozen political prisoners.
The letter published Tuesday called for freeing "prisoners who were convicted for breach of the existing laws and who do not pose a threat to the stability of state and public tranquility in the interest of national races." It noted that other countries and the U.N. have called for such a release.
The political prisoners include leaders and prominent members of several political parties affiliated with the country's ethnic minorities.

Political amnesty could be imminent in Myanmar


(AP)  YANGON, Myanmar — Myanmar's tightly controlled state newspapers published an appeal Tuesday for a political amnesty, indicating that a release of some of the country's 2,000 political prisoners may be imminent.

The appeal in the three state newspapers, which closely reflect government positions, was an open letter from the government-appointed National Human Rights Commission calling on President Thein Sein to grant an amnesty as a gesture of magnanimity.

Some officials have been saying privately that such a release is expected within days.

Myanmar's long-ruling military government handed power in March to an elected administration, which is seen as remaining closely aligned with the military but which has declared its intention to liberalize the country's hardline policies.

The United States believes Myanmar's elections were flawed but has been encouraged by its liberalizing trend since the civilian administration took power, the highest-ranking American diplomat for Asia said Monday.

U.S. Assistant Secretary of State Kurt M. Campbell, speaking at a lecture in the Thai capital, Bangkok, cited "dramatic developments under way" in Myanmar and said Washington may soon take steps to improve its relationship with the country.

"I think it would be fair to say that we will match their steps with comparable steps and we are looking forward in the course of the next several weeks to continuing a dialogue that has really stepped up in recent months," he said.

Campbell cited a "very consequential dialogue" between Thein Sein and democracy leader Aung San Suu Kyi as a major positive development. In public speeches Thein Sein also has appeared conciliatory about easing limits on freedom of speech and holding talks with ethnic rebels.

The United States has long ostracized Myanmar with political and economic sanctions because the failure of the former military government to hand over power to a democratically elected government and poor human rights record.

The U.S. could ease restrictions on financial transactions and travel by top Myanmar officials, and also unblock aid by some multilateral agencies as well as resume its own assistance.

Thein Sein instituted an amnesty soon after taking office, but it included just a few dozen political prisoners.

The letter published Tuesday called for freeing "prisoners who were convicted for breach of the existing laws and who do not pose a threat to the stability of state and public tranquility in the interest of national races." It noted that other countries and the U.N. have called for such a release.

The political prisoners include leaders and prominent members of several political parties affiliated with the country's ethnic minorities.

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေညာ

နိုင်ငံတော် သမ္မတရုံးမှ ယနေ့ရက်စွဲဖြင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေညာ၊ MRTV 4 ရုပ်သံလိုင်း ယနေ့နေ့လည် ၁ နာရီသတင်းတွင် ထုတ်လွှင့်ပြသလျက်ရှိ

အကျဉ်းသား ၆၃၅၉ဦးကို ၁၂ အောက်တိုဘာမှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီဟု
ကြားဖြတ်သတင်းကြေငြာလိုက်ပါပြီ။

မြစ်ကြီးနား-မန္တလေး ရထားလမ်း ပိတ်ထားရ


မန္တလေး-မြစ်ကြီးနား ရထား
အောက်တိုဘာလ ၁၀ရက်။ (ကေအိုင်စီ)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့သို့သွားသည့် ရထားလမ်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၆ရက်နေ့မှစ၍ ယနေ့ အထိ သွားလာမရဖြစ်ကာ ပိတ်ထားရသည်ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။
“မန္တလေး-မြစ်ကြီးနား ရထားလမ်းက ပိတ်နေတာ လေးရက်ရှိပြီ။ သံလမ်းပျက်လို့လေ။ ရထားက မန္တလေးကလာပြီး မြစ်ကြီး နား မရောက်မချင်း ခေါင်းလှည့်မရတော့ အောက်ပြန်ဆင်းလို့လည်း မရဘူး။”ဟု ၎င်းမြို့ခံက ကေအိုင်စီကို ပြောသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ယခု ၅ရက်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)က ဟိုပင်၊ ဆားမှော်နှင့် မရမ်း သုံးနေရာရှိ သံလမ်း နေရာများကို ဗုံးဖောက်ခွဲပြီးနောက် ၆ရက်နေ့တွင် အစိုးရတပ်များက မြစ်ကြီးနား အနီးဝန်းကျင်၌ တန်ပြန် ဗုံးဖောက်ခွဲမှုကြောင့် ဖြစ်သည်ဟု KIA နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
သူက “အစိုးရစစ်သားတွေက ရထားနဲ့ အလွယ်တကူလာနေတော့ အဲဒါကို အဟန့်အတားဖြစ်အောင် KIA က သံလမ်းဗုံးခွဲတာ လေ။ အဲဒါကို စစ်တပ်ဖက်က မြစ်ကြီးနားမြို့နားက သံဘောင်ကွန်ကရစ်တံတားကို ဗုံးဖောက် ပြန်ဖျက်တာ တံတားလည်း ကျိုး သွားတယ်လေ။ လောလောဆယ် မြစ်ကြီးနားနဲ့ မန္တလေးက သွားလာရေး ရပ်တန့်နေတယ်။”ဟု ပြောသည်။
၎င်းရထားသံလမ်းကို ပြင်ဆင်မှုနေသော်လည်း အပျက်အစီးများသည့်အတွက် ပြီးစီးခြင်း မရှိသေးပေ။ ယခုလို ရထားလမ်းပိတ် နေသည့် ရက်ပိုင်းအတွင်း မန္တလေးမှ ဟိုပင်၊ ဟိုပင်မှ မိုင်းကောင်း၊ မိုင်းကောင်းမှ မြစ်ကြီးနားကို တွဲ ၂တွဲပါ ရထားဖြင့် ဆွဲပေး နေသလို ကချင်ပြည်နယ်အတွင်းမှ ခရီးသည်များ သွားလာရေးအတွက်လည်း ကြားကားပုံစံမျိုး ပြေးဆွဲနေသည်ဟု သိရသည်။
မန္တလေး-ဗန်းမော်-မြစ်ကြီးနား ကားလမ်းမှာ ပြီးခဲ့သည့် ဇူလိုင်လ KIA နှင့် အစိုးရ အပစ်ရပ်မှု ပျက်ပြယ်ပြီးကတည်းက လုံးဝ ရပ်နားလိုက်ရပြီး ရထားလမ်းကို အဓိကထား အသုံးပြုနေရခြင်း ဖြစ်သည်။
အဆိုပါကုန်သည်က “အခုလို ရထားလမ်းပိတ်တော့ တဆင့်ခံသွားရင် ငွေကုန်၊ လူပင်ပမ်းတာမို့ မသွားကြဘူးလေ။ ရထား အချိန်မှန်ဖို့လည်း မလွယ်ဘူး။ ရေရှည် ပိတ်မယ်ဆိုရင်တော့ ကုန်ဈေးနှုန်းတက်မယ်။ စားသောက်ကုန်ရော လူသုံးကုန်ရော ပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုဒေသတွင် ပုံမှန်အားဖြင့် တစ်ရက်လျှင် ရထား ၈စီး ပြေးဆွဲလျှက်ရှိသည်ဟု မြို့ခံလူထု၏ ပြောကြားချက်အရ သိရသည်။ ထို့ အပြင် ရွှေဘို-မြစ်ကြီးနားကားလမ်းမှာလည်း အမည်ခံသာရှိပြီး အမှန်တကယ် သွားလာ၍မရပေ။
၁၉၉၄ခုနှစ်က မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည့် KIA သည် ယခုနှစ် ဇူလိုင်လတွင် အစိုးရသစ်နှင့် အပစ်ရပ်ခြင်း ပျက်ပြယ်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိသည်။ KIA သည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ သိမ်းနီ၊ မူဆယ်၊ မုန်ကိုးနှင့် နမ့်ခမ်းဒေသများတွင် အခြေစိုက် လှုပ်ရှားနေသည့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားတွေ ဒီနေ့လွှတ်တော့မယ်

မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်များတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ယနေ့ ၂၀၁၁ခုနှစ် အောက်တိုဘာလ(၁၁)ရက် မွန်းလွဲ(၁)နာရီအချိန်တွင် ပထမအသုတ်အဖြစ် စတင်လွှတ်ပေးတော့မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သော ခိုင်လုံတိကျသည့် သတင်းရပ်ကွက်တစ်ခုထံမှ သိရသည်။ ဟု The Voice Weekly Facebook စာမျက်နှာမှာ ရေးသားထားသည်။
မေသင်္ကြန်ဟိန်း ရဲ့ Facebook စာမျက်နှာမှာတော့
မနက် ၉နာရီ မထိုးခင်ကတည်းက ရန်ကုန်၊ အင်းစိန်ထောင်ဗူးဝရှေ့နားက လက်ဖက်ရည်ဆိုင်တွေမှာ လာစောင့်နေကြတဲ့ သတင်းထောက်တွေရောက်နေကြပါပြီ။ မနက် ၁၂နာရီမှ။ ၁ နာရီမှ လေဒီယိုကနေ ကြေညာပြီးမှ ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ခုချိန်ထိတော့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာတာကလွဲလို့ ထူးခြားမှုတော့ မတွေ့ရသေးပါဘူး။ စောင့်ကြည့်နေကြဆဲပါပဲ။ လို့ ဆိုပါတယ်။

နဂါးခံတွင်းသို့အ၀င်


ကမ္ဘာကြီး၏အကြွေးရှင်

တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေးဒုတိယနေရာ၊ ဖွံ့ ဖြိုးဆဲနိုင်ငံတွေကို ကမ္ဘာ့ဘဏ်ထက် ငွေပိုချေးနိုင်သည့် ကြွေးရှင်၊ အမေရိကန်ရဲ့ အရေးကြီးသည့်ကြွေးရှင် ဖြစ်လာသည်။ အမေရိကန်က ၁ ဒေါ်လာသုံးတိုင်း ပြား ၄၀ ကြွေးတင်နေပြီး အတိုးငွေအများစုကို ကြွေးရှင်တရုတ်အား ပေးနေရသည်။ အမေရိကန်၏ ငွေချေးစာချုပ် ဒေါ်လာ ၁.၃ ထရီလီယံကို တရုတ် ၀ယ်ထားသည်။ အမေရိကန်က သူ၏မြီစားနေရာကို တရုတ်ဆီ လွှဲလိုက်ရပြီး သူကတော့ မြီရှင်ဖြစ်နေရပြီ။ တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ကြွေးရှင်အဖြစ်နှင့် တရုတ်ဘက်မှ ဖိအားပေးလာဖွယ်ရာ ရှိနေသည်။ တရုတ်သည် နိုင်ငံခြားအရံငွေ ဒေါ်လာဘီလီယံ ၃ သန်းကျော် စုဆောင်းထားနိုင်သည်။ ၂၀၁၀ မှာ တရုတ်စီးပွားရေးတိုးတက်မှုက တကမ္ဘာလုံး၏ ငါးပုံတပုံနီးပါး ရှိခဲ့ကြောင်း IMF က ဖော်ပြခဲ့သည်။ နှစ်စဉ် စီးပွားရေးဖွံ့ဖြိုးမှု ၈ ရာခိုင်နှုန်းဝန်းကျင် တိုးတက်နေသည်မို့ စီးပွားရေးမဟာ အင်အားကြီးနိုင်ငံ ဖြစ်လာတော့ မည်ဟု ကျွမ်းကျင် သူများက ခန့်မှန်းထားကြသည်။ ဓနအင်အား ကြီးထွားမှုနှင့်အတူ နိုင်ငံရေးသြဇာ ချဲ့ထွင်ရန်လည်း ကြိုးပမ်းလာသည်။

တရုတ်ပြည်ကောင်းစားရေးဝါဒ

တရုတ်ကွန်မြူနစ်ပါတီ အုပ်ချုပ်ရေးသက်တမ်း အနှစ် ၉၀ ပြည့်ပြီ။ ကွန်မြူနစ်အစိုးရက စီးပွားရေးလွတ်လပ်ခွင့် ပေးထားပြီး နိုင်ငံကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသည်။ တရုတ်စီးပွားရေးမူဝါဒသည် အမေရိကန်၊ ဥရောပ အနောက်အုပ်စုတို့နှင့်မတူ။ လက်ဝဲလား လက်ယာလား၊ အာဏာရှင်လား ဒီမိုကရေစီလား၊ လူ့အခွင့်ရေးရှိမရှိ၊ အဂတိလိုက်စားမှုကင်းမကင်း၊ အလုပ်သမားဥပဒေတွေ ကောင်း မကောင်း စသည့်အချက်များကို ထည့်မတွက်ပါ။ ပြည်တွင်းနိုင်ငံရေးကို ၀င်ရောက်စွက်ဖက်ခြင်းမပြုပါ။ တရုတ်ပြည်ကောင်းစားရေးဝါဒအရ ကိုယ့်အတွက် အမြတ်အစွန်းရလျှင် ဘယ်သူနှင့်မဆိုလုပ်မည်၊ မရလျှင်လည်း ဘာကိုမှ ငဲ့ကွက်နေမည်မဟုတ်။ ထို့ကြောင့် မည်သူတွေ မည်သို့ဝေဖန်နေပါစေ နိုင်ငံတကာမှ ပြစ်ဒဏ်ခတ်ထားသည့် အာဖရိကမှ ဇင်ဘာဘွေနှင့် ဆူဒန်၊ အာရှမှ မြန်မာလို နိုင်ငံမျိုးနှင့် လုပ်သည်။ အမေရိကန် အိမ်နောက်ဖေးဈေးကွက် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသထဲထိ စီးပွားရေးချဲ့ထွင်သည်။

စွမ်းအင်အရင်းအမြစ် ရှာပုံတော်

စီးပွားရေးပညာသီအိုရီအရ တရုတ်တွင် လူအင်အား၊ မြေအကျယ်အ၀န်း၊ ဓနအင်အား၊ နည်းပညာတွေ အလုံအလောက် ရှိသည်။ ကုန်ထုတ်လုပ်ရေးယန္တရားကြီး မောင်းနှင်ရေးအတွက် ပုံမှန် လိုအပ်နေသည်က လောင်စာစွမ်းအင် လုံခြုံရေးပင်။ သယံဇာတ ပြင်ပ ထွက်ရှာရေးဗျူဟာ အရ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ တွင်းထွက်ဓါတ်သတ္တုမျိုးစုံတို့ကို ကမ္ဘာပတ်၍ ရှာသည်။ ရေနံနှင့် တွင်းထွက်ကြွယ်ဝသည့် အာဖရိက နေရာတော်တော် များများကို ခြေဆန့်ထားပြီးပြီ။ ဇင်ဘာဘွေမှ တွင်းထွက်ဓါတ်သတ္တု၊ နှစ်ခြမ်းကွဲ တောင်ပိုင်းဆူဒန်မှ ရေနံသိုက်၊ အမေရိကန်မထိရဲသည့် အီရန်မှ ရေနံ၊ သယံဇာတ ကြွယ်ဝသည့် အိမ်နီးချင်း မြန်မာတို့သည် တရုတ်အတွက် စွမ်းအင်ထောက်ပံ့ရေး နိုင်ငံများပင်ဖြစ်သည်။ စီးပွားရေးတိုးတက်မှုနှင့်အတူ ပြည်ပမှ တင်သွင်းသည့်လောင်စာ လက်ရှိ ၆၅ ရာခိုင်နှုန်း၊ လာမည့် ၂၀၁၅ တွင် ၇၅ ရာခိုင်နှုန်း မှီခိုရန် ရှိနေသည်။

ဖောင်စီးရင်း ရေမငတ်ပါစေနှင့်

မြန်မာတွင် ဓါတ်ငွေ့သိုက် ၂.၅၄ ထရီလီယံ ကုဗမီတာခန့် ရှိနိုင်သည်။ တရုတ်ရှိ လက်ကျန်ဓါတ်ငွေ့သိုက်နှင့် ပမာဏတူနီးပါး ဖြစ်သောကြောင့် မက်လောက်စရာ ဖြစ်နေသည်။ လျှပ်စစ်စွမ်းအင်အတွက်လည်း ဧရာဝတီနှင့် သံလွင်မြစ်ပေါ်တွင် ဆည်များဆောက်၍ ရေအားလျှပ်စစ် ထုတ်ယူနိုင်သည်။ လောင်စာစွမ်းအင်သာမက ကျွန်းနှင့် သစ်မာ၊ ကျောက်မျက်ရတနာ၊ ဓါတ်သတ္တု၊ ကုန်ကြမ်းမျိုးစုံ ပေါချောင်ကောင်းရနိုင်၍ တရုတ်အတွက် ရတနာသိုက် တွေ့ထားသလိုပင်။ တရုတ်သည် ကုမ္ပဏီပေါင်း ၁၇၀၊ ဒေါ်လာ ၁၂.၃ ဘီလီယံဖြင့် မြန်မာတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်နေသည်။ တရုတ်ထုတ်ကုန်ဈေးကွက်အတွက် အရေးပါသည့် အကျယ်အ၀န်းနှင့် လူဦးရေလည်း မြန်မာတွင် ရှိနေသည်။ သမ္မတဦးသိန်းစိန်၏ မေလခရီးစဉ်တွင် တရုတ်အစိုးရထံမှ ငွေချေးငှားခြင်းအပါအ၀င် စီးပွားရေးသဘောတူညီချက် များစွာ လက်မှတ်ရေးထိုးခဲ့ သည်။ မြန်မာမှ ရနိုင်သော ရေရှည်အကျိုးအမြတ်များကို ရည်မျှော်၍ ၀န်ကြီးချုပ် ၀မ်ကျားဘောင်က မဟာဗျူဟာမိတ်ဆွေအဖြစ် ပြောခဲ့ခြင်းဖြစ်မည်။

မဟာဗျူဟာလမ်းဆုံပေါ်က ရွာ

ကုန်းမြေနှင့်ပင်လယ် ပထ၀ီအားသာမှုက တရုတ်ကို စီးပွားရေးနှင့် စစ်ရေး ဒုတိယနိုင်ငံအဖြစ် တွန်းပို့ပေးခဲ့သည်။ ဗဟိုအာရှတွင် တည်ရှိပြီး ကြီးမားပြန့်ကားသော ကုန်းပိုင်းနှင့် ကမ်းရိုးတန်းရေမိုင် ၉၀၀၀ ကျော် အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်ကို ပိုင်ထားသည်။ ယူနန်ပြည်နယ်မှ မြန်မာကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာကို စိုးမိုးချင်သည်။ အမေရိကန်လို သမုဒ္ဒရာ ၂ ခု ပိုင်ဆိုင်ချင်နေသည်။ တရုတ်အတွက် မြန်မာသည် အရှေ့တောင်အာရှ၊ တောင်အာရှ၊ ဥရောပ၊ အာဖရိကတို့နှင့် ဆက်သွယ်ရေး လမ်းဆုံလမ်းခွ ဖြစ်နေသည်။ မြန်မာကိုဖြတ်၍ ကုန်စည်များ တင်ပို့နိုင်လျှင် မလက္ကာရေလက်ကြားကို သုံးရန်မလို၊ ကီလိုမီတာ ၃၀၀၀ ခရီးကျုံ့သွားမည်။ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓါတ်ငွေ့ကို မြန်မာမှတဆင့် သယ်ယူနိုင်မည်။ မေလခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ ယူနန်ပြည်နယ်၊ ရွှေလီအထိ မိုင် ၅၀၀ ကျော် ခရီးကို ၃ နှစ်အပြီး ရထားလမ်းဖေါက်လုပ်ရန် သဘောတူထားသည်။ ကျောက်ဖြူမှ ရွှေလီ ဓါတ်ငွေ့ပိုက်လိုင်းကိုလည်း ၂၀၁၃ ပြီးစီးအောင် သွယ်တန်းမည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူ-ရွှေလီ ရထားလမ်းသည် တရုတ်ကုန်သွယ်ရေးအတွက် အမြတ်အစွန်းများစွာ ရှာပေးနိုင်သည်။ တရုတ်၏ လောင် စာထောက်ပို့လမ်းကြောင်း အတွက် ပါကစ္စတန်နှင့် မြန်မာက ခြေကုတ်စခန်းတွေ ဖြစ်နေသည်။ တရုတ်၏ စွမ်းအင်လုံခြုံရေးမူဝါဒအရ ပါကစ္စတန်နှင့် ဆက်ဆံရေးထက် မြန်မာနှင့် ဆက်ဆံရေးက ပို၍ အရေးပါနေသည်။

အာရှနဂါး ပုလဲကုံးဗျူဟာ

အနောက်ကမ္ဘာခြမ်းကို အမေရိကန်ကြီးစိုးခဲ့သလို အရှေ့ကမ္ဘာခြမ်းအများစုကို တရုတ်က ကြီးစိုးနိုင်ရန် ကြိုးပမ်းနေသည်။ ဗဟိုအာရှ၊ အိန္ဒိယပင်လယ်၊ အရှေ့တောင်အာရှ၊ အနောက်ဖက်ပစိဖိတ်တို့တွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ တရုတ်သြဇာ ချဲ့ထွင်လာသည်။ ၂၀၁၀ ခုနှစ် တရုတ်စစ်သုံးစရိတ် ဒေါ်လာ ၁၅၀ ဘီလီယံအထက် ရှိနိုင်ကြောင်း စစ်ရေးလေ့လာသူတွေ သုံးသပ်သည်။ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူ၊ သြစတြေးလျတို့က ရေတပ်လေတပ် ကာကွယ်ရေးတိုးချဲ့မှု လုပ်ခဲ့သည်။ စစ်ရေးအရ တရုတ်နှင့် အိန္ဒိယ-အနောက်အုပ်စုအကြား အားပြိုင်မှုတွင် မြန်မာသည် မဟာဗျူဟာဒေသ ဖြစ်နေသည်။ အကယ်၍ မလက္ကာရေလက်ကြား ပိတ်ဆို့ခံရသော် မြန်မာရေပိုင်နက်ကို ခြေကုတ် ယူကာ နောက်ဖေးပေါက် ဖြတ်လမ်းအဖြစ် သုံးနိုင်သည်။ တရုတ်၏ အိန္ဒိယသမုဒ္ဒရာထိန်းချုပ်ရေး ပုလဲကုံးဗျူဟာ (တရုတ်ပြည်မမှ ပါရှန်းပင်လယ်ကွေ့တလျှောက် နိုင်ငံများနှင့် မဟာဗျူဟာအရ ပူးတွဲခြင်းနှင့် ဆိပ်ကမ်းတည်ဆောက်ခြင်း) တွင် မြန်မာသည် တစ်စိတ်တစ်ဒေသဖြစ်သည်။

ကျွဲနှစ်ကောင်ကြားက မြေဇာပင်မဖြစ်စေရ

တရုတ်လူဦးရေ သန်းပေါင်း ၁၃၀၀ နှင့် အိန္ဒိယလူဦးရေ သန်းပေါင်း ၁၂၀၀ အာရှ၏ ကြီးနှစ်ကြီးကြားထဲတွင် မြန်မာလူဦးရေ သန်း ၆၀ ခန့်က ကြားညှပ်နေသည်။ မြန်မာက တရုတ်တစ်နိုင်ငံတည်း မဟာမိတ်မူကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည်။ သို့သော် ထိန်းညှိသည့်သဘောဖြင့် ကျောက်ဖြူဆိပ်ကမ်းကို တရုတ်သို့ပေးသလို စစ်တွေဆိပ်ကမ်းကို အိန္ဒိယသို့ ပေးထားသည်။ ယခု သမတဦးသိန်းစိန်က ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံဆည်စီမံကိန်း ရပ်တံ့လိုက်သောအခါ ထမင်းလုတ် ပုတ်ချခံရသလို တရုတ်ခံစားလိုက်ရသည်။ သို့သော် မိတ်ပျက်ရလောက်အောင်တော့ မဖြစ်၊ အစားထိုးပေးခြင်းဖြင့် ဖြေ သိမ့်ပေးနိုင်သည်။ မြန်မာအတွက်လည်း တစ်နိုင်ငံတည်း မဟာမိတ်မူမှ အမေရိကန်၊ ဥရောပ၊ အနောက်အုပ်စုတို့နှင့် ရင်းရင်းနှီးနှီး ဆက်ဆံနိုင်ကြောင်း အချက်ပြလိုက်ရာရောက်သည်။ အမေရိကန်နိုင်ငံခြားရေးဌာန က မြန်မာအစိုးရတွင် ပြုပြင်ပြောင်းလဲလိုသူများ ပါရှိကြောင်းနှင့် လက်တွဲလုပ်ဆောင်နိုင် သည့် အလားအလာမြင်ကြောင်း ထုတ်ဖော်ပြောဆိုလာသည်။ ဒီမိုကရက်တစ်ကမ္ဘာက မြန်မာအပေါ် အပြုသဘောဆောင်လာခြင်း ဖြစ်သည်။ ပြည်သူ့ဆန္ဒအား အလေးထားခဲ့သည့် သမတဆုံးဖြတ်ချက်အပေါ် ပြည်သူတို့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည်။ မြစ်ဆုံအောင်ပွဲသည် ဒီမိုကရေစီဘက်အရွေ့၏ ကောင်းကျိုးတစ်ခုဟုပြောလျှင် ရနိုင်သည်။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

ကမ္ဘာကျော် တရုတ်စစ်သူကြီး ဆွန်ဇူးက စစ်မတိုက်ဘဲ အနိုင်ရအောင် တိုက်နိုင်ခြင်းဟာ အကောင်းဆုံး စစ်ဗျူဟာဟု ပြောခဲ့သည်။ အမေရိကန်ပင် မကင်းနိုင်သော တရုတ်ကို မိမိတို့က မျက်ကန်းမျိုးချစ်စိတ်ဖြင့် ယှဉ်၍မရပါ။ သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေးမို့ ချစ်ကြည်ရေးလည်းမပျက်၊ နိုင်ငံအတွက်လည်း အကျိုးရှိအောင် ဦးနှောက်ကြီးကြီးဖြင့် စဉ်းစားရပါမည်။ ဘုံအကျိုးစီးပွားနှင့်ယှဉ်လျှင် သဘောထားကွဲသူတို့အကြား နိုင်ငံချစ်စိတ်အခြေခံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း မြစ်ဆုံအောင်ပွဲက သက်သေခံနေသည်။ သို့ဆိုလျှင် အစိုးရနှင့် အတိုက်အခံတို့အကြား နိုင်ငံရေးပြဿနာဖြေရှင်းရန် ဘုံသဘောတူညီချက် ရနိုင်သည်။ ရန်ဘက်အမြင်ဖျောက်၍ အပြန်အလှန် အသိအမှတ်ပြုသည့် ပြိုင်ဘက်အဖြစ် အမြင်ပြောင်းကြည့်နိုင်လျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်း ပွင့်သွားမည်။ ဤအပိုင်းကို အတွင်းစည်းဟု တင်စားချင်သည်။ တရုတ်၏ လွှမ်းမိုးမှုကို ချိန်ခွင်လျှာ ထိန်းညှိရန်အတွက် အပြုသဘောဆောင်လာသော ဒီမိုကရက်တစ်ကမ္ဘာနှင့်လည်း မိတ်ဖွဲ့ရန် လိုအပ်သည်။ ဤအပိုင်းကို အပြင်စည်းဟု တင်စားချင်သည်။ ဒီမိုကရေစီအိုင်ကွန်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် အတွင်းစည်း၊ အပြင်စည်း နှစ်ခုလုံးတွင် အရေးအပါဆုံးဖြစ်သည်ကို မမေ့ပါနှင့်။ အတွင်းစည်းနှင့် အပြင်စည်းချ၍ နွံထဲ၌ ကျွံနေသော နိုင်ငံကို နှလုံးသားချင်းထပ်ကာ ကျွန်ုပ်တို့ ပြိုင်တူတွန်းရပါမည်။ ချုပ်ပြောရလျှင် ဗျူဟာမြောက် လှုပ်ရှားသူတို့မည်သည် သစ်တစ်ပင်ချင်းစီကို မြင်အောင်ကြည့်တတ်သလို သစ်တောတစ်ခုလုံးကိုလည်း ခြုံငုံကြည့်တတ်ရပါသည်။

*****

ရေးသားသူ.... ရိုးရိုးလူ(ရိုးမ၃)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်