သိမ်းငှက်ကမ္ဘာ ကုမ္ပဏီအား တရားရုံးအမိန့်အရ စာရင်းရှင်းလင်း ဖျက်သိမ်း


722

ကွန်ရက်စနစ် (သို့မဟုတ်) ဆင့်ပွားနည်းဖြင့် ဈေးကွက်ဖြန့်ချိ ခြင်းစနစ်  Network Marketing (or) Multi-Level-Marketing  စနစ် ကိုအသုံးပြု၍ မမှန်မကန်သောနည်း လမ်းများဖြင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်ခဲ့သောကြောင့် အမည်ပျက် စာရင်းသွင်း ကြေညာခြင်းခံခဲ့ရသည့် သိမ်းငှက်ကမ္ဘာကုမ္ပဏီ (Falcon Global Co., Ltd.)  အား တရားရုံး အမိန့်အရ စာရင်းရှင်းလင်း ဖျက်သိမ်းမည်ဖြစ်၍ နစ်နာခဲ့ရသည့် အဆိုပါ ကုမ္ပဏီမှ အဖွဲ့ဝင်များ အနေဖြင့် ဦးဝင်းနိုင် (စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိ၊ အခန်းအမှတ် ၀၀၇၊ အင်းလျားလိတ် ဟိုတယ်)သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
မူမမှန်သော စီးပွားရေးလုပ်ငန်းများဖြင့် ငွေကြေးလိမ်လည် ဆောင်ရွက်နေသည်များ ရှိနေသောကြောင့် သတိပြုစရာများဖြစ်လာပြီး လူတစ်ဦး နှင့်တစ်ဦး ချိတ်ဆက်ဆင့်ပွားခြင်းဖြင့် ကုန်ပစ္စည်းဖြန့်ဖြူး ရောင်းချ သည့်စနစ်ကို အသုံးပြုကာ ငွေကြေး လိမ်လည်ခဲ့မှုများလည်း ရှိခဲ့သည်။ စီးပွားရေး လုပ်ဆောင်လိုသော လူငယ်လူရွယ်များကို မျက်လှည့်ဆန်ဆန် လှည့်စားထားသောကြောင့် သတိ မမူမိဘဲ ဆုံးရှုံးနစ်နာနိုင်သောကြောင့် ပိုမိုသတိပြုလာရမည်ဟု ပညာရှင် များက အကြံပြုကြသည်။

ဒီဆေးတွေက ဒီနိုင်ငံ FDA ရဲ့ ခွင့်ပြုချက်ရထားလား မရထားဘူးလား ဆိုတာ မသိဘူး။ ဒီဆေးတွေထဲမှာပါတဲ့ ကုန်ကြမ်းတွေက မြန်မာ တိုင်းရင်းဆေးတွေမှာ သုံးတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ အခြေခံအားဖြင့် အတူတူပါပဲ။ ဒါပေ မယ့် မြန်မာ့တိုင်းရင်းဆေး ဆိုရင် ထောင်ဂဏန်းနဲ့ ရောင်းလို့ရတယ်။ ဒါပေမယ့် ဒီဆေးတွေက အရမ်းဈေးကြီးနေတယ်။ သုံးစွဲတဲ့သူကတော့ ပေးရတဲ့ တန်ဖိုးလောက် ဘယ်လောက် အကျိုးအမြတ်ရတယ် ဆိုတာ မသိပေမယ့် ရောင်းတဲ့သူကတော့ အများကြီး အကျိုးအမြတ် ရသွားတယ်
ရန်ကုန်မြို့နေ ဆင့်ပွားရောင်းချခြင်းစနစ်ကို စိတ်ဝင်စား၍ ၀င်ရောက် လုပ်ကိုင်ရန် လေ့လာခဲ့သူတစ်ဦးက “သူတို့ကအဖွဲ့ဝင်အဖြစ် ၀င်ချင်အောင် ဆွဲဆောင်တယ်။ သင်တန်းတွေပေးတယ်။ ဆုကြေးငွေ ချီးမြှင့်တာတွေ ပြတယ်။ ကုမ္ပဏီရုံးချုပ်ရှိရာ ပြည်ပနိုင်ငံရဲ့အကြောင်း၊ ဘယ်လိုလုပ် ဆောင်ပေးနေတယ်ဆိုတဲ့ အကြောင်းပြောတယ်။ ကိုယ်ဝင်လိုက်ရင် အဲဒီ အကျိုးအမြတ်တွေကို ခံစားရမယ်လို့ ထင်လာအောင် ပြောတယ်။ အမှန်တော့ အဲဒီအကျိုးအမြတ်တွေကို အဆင့်သတ်မှတ်ချက် မြင့်တဲ့သူတွေပဲ ခံစားရမှာ။ စနစ်ကိုက အောက်လူက ရှာပေးတာကို အထက်လူက အေးအေးဆေးဆေး ထိုင်စားရတဲ့ စနစ်။ အဆင့်မြင့်တဲ့အထိ ရောက်ဖို့ ဆိုတာကလည်း ရှိတယ်ဆိုပေမယ့် မလွယ်ပါဘူး။ သူတို့ကတော့ ရေရှည်လို့ ပြောကြတယ်။ ဒါပေမယ့် ဒီနိုင်ငံက အဆင့်သတ်မှတ်ချက် နိမ့်သေးတဲ့အဖွဲ့ဝင်တွေရဲ့လုပ်ဆောင်ချက် တွေကြောင့် ရလာတဲ့ အကျိုးအမြတ်တွေကို ပြည်ပနိုင်ငံမှာရှိတဲ့ အဆင့် သတ်မှတ်ချက်မြင့်တဲ့ အဖွဲ့ဝင်တွေက ရတာ။ ဒါကြောင့်မို့ ၀င်မယ်လို့စိတ်ကူးမိရင် ဒီအချက်တွေအပြင် ရောင်းတဲ့ ပစ္စည်းတွေက တရားဝင် ဟုတ်ရဲ့လား၊ ဒီနိုင်ငံရဲ့ထောက်ခံချက်တွေကော ရှိရဲ့လား စတဲ့ အခြား အကြောင်းအရာ တွေကိုပါ ထည့်သွင်း စဉ်းစားသင့်တယ်လို့ ထင်ပါတယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းတွင် အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဒေါက်တာမောင်မောင်လေးက “ Multi Level Marketing ဆိုတာ နိုင်ငံတကာမှာ ရှိပါတယ်။ အမေရိကန်က စတာပေါ့။ တစ်ဆင့် ပြန်ယူပြီး ရောင်းချတဲ့သူတွေနဲ့ မသမာသူတွေရဲ့ အမြတ်ကြီးစားမှုကြောင့် ဈေးနှုန်းက အဆမတန်မြင့်တက်တာတွေ ဖြစ်နိုင်ပါတယ်။ သူတို့အနေနဲ့ကလည်း ဆေးဝါးရဲ့အကျိုးအာနိသင် ကောင်းတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး ဈေးကစားကောင်း ကစားနိုင်ပါတယ်။ ဒီဈေးကွက်က စနစ်တကျ ကိုင်တွယ် လုပ်ဆောင်မယ်ဆိုရင် ကောင်းပါတယ်။ ကုမ္ပဏီအနေနဲ့ မရိုးမသားနဲ့ စီမံခန့်ခွဲမှုကလည်း ညံ့ဖျင်းမှုမျိုးလည်း မဖြစ်သင့်ပါဘူး။ နိုင်ငံတော်ကလည်း ကြီးကြပ်မှု မှန်ကန်ရပါမယ်။ ဆေးဝါးသုံးစွဲချင်တဲ့ သူတွေအနေနဲ့ကလည်း ကိုယ့်ကိုလာ ရောင်းတိုင်း မ၀ယ်မိစေဖို့နဲ့ အာမခံချက်ရှိတဲ့ ကုမ္ပဏီကြီးတွေဆီကပဲ ၀ယ်ယူသင့်ပါတယ်။ Multi Level Marketing  နဲ့ရောင်းချမယ်ဆိုရင် တော့ ဆေးဝါးဆိုရင် နိုင်ငံအလိုက် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန မှာ မှတ်ပုံတင်ရပါတယ်။ မှတ်ပုံတင် ပြီးမှ ရောင်းချခွင့်ရှိပါတယ်။ ဒါပေမယ့် မှတ်ပုံတင်ထားတဲ့ ဆေးဝါးကို အကြောင်းပြပြီး တစ်ခြားစီက တရား မ၀င်တဲ့ဆေးတွေကို ရောပြီးတော့ မရောင်းသင့်ပါဘူး” ဟုရှင်းပြပါသည်။
ဆင့်ပွားရောင်းချရခြင်းနှင့် အထက်မှအောက် အဆင့်ဆင့် အမြတ်ယူကြခြင်းကြောင့် ၎င်းတို့ကုမ္ပဏီမှ ထုတ်သော ဆေးဝါးပစ္စည်းများသည်  အဆမတန် ဈေးမြင့်နေကြောင်းကိုလည်း စုံစမ်းသိရှိရသည်။
“ကျွန်မရဲ့ အစ်မက ရန်ကုန် စီးပွားရေးတက္ကသိုလ်မှာ တက်ဖို့ ပဲခူးတိုင်းဒေသကြီး ပျဉ်ပုံကြီးကနေ ရန်ကုန်မှာ အဆောင်လာနေတာပါ။ အဲဒီမှာ သူ့သူငယ်ချင်းက စည်းရုံးတာ ကောင်းလို့ယုံကြည်ပြီး နယ်မှာရှိတဲ့ လယ်ယာတွေကို ရောင်းပြီး ကျပ်သိန်း ၁၀၀ ကျော်ကို ဆင့်ပွားနည်းဖြင့် ဈေးကွက်ဖြန့်ချိခြင်း စနစ်သုံးလုပ်ငန်းတစ်ခု မှာ ရင်းနှီးမြှုပ်နှံလိုက်တယ်။ ရနံ့ ကုထုံးနဲ့ ပတ်သက်တဲ့ အမွှေးနံ့ပစ္စည်း အချို့သာ ရလိုက်တယ်။ နောက်မှ အဲဒီလုပ်ငန်းက လိမ်လည်တာဖြစ်လို့ သက်ဆိုင်ရာက အရေးယူလိုက်တယ် ပြောပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး ပျဉ်ပုံကြီးကျေးရွာတွင် နေထိုင်ခဲ့သူ မသဲသဲက ရှင်းပြသည်။
ထို့ပြင် ကျပ်သိန်း ၁၀၀ ထည့်ဝင်သူတစ်ဦး အနေဖြင့် နောက်ထပ် ကျပ်သိန်း ၁၀၀ ထည့်ဝင်နိုင်မည့်သူ ငါးဦးခေါ်လာနိုင်ပါက ထိုရှယ်ယာ ၀င်အားလစဉ်ပုံမှန် စင်ကာပူဒေါ်လာ သုံးထောင် ထုတ်ပေးမည်ဟု ဆိုကာ စည်းရုံးပြောဆိုကြပြီး အသစ်ဝင်လာသော လက်အောက်အဖွဲ့ဝင်များအပေါ် အဆင့်ဆင့် ခံစားခွင့်များ ရယူကြ၍ မမှန်မကန် ပြုလုပ်ခဲ့ကြသည်။ ယခုအခါ ယင်းသို့ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီအား လိမ်လည်မှုဖြင့် သက်ဆိုင်ရာ၏ အမည်ပျက်စာရင်းသွင်း အရေးယူခြင်းကို ခံထားရပြီဖြစ်ပြီး ကုမ္ပဏီ ကို စာရင်းရှင်းလင်း ဖျက်သိမ်းရန် အမိန့်ချမှတ်ခဲ့ပြီး ဖြစ်သည်။
Falcon Global Co., Ltd ဒါရိုက်တာအဖွဲ့ဝင်များ၏ Multi Level Marketing   စနစ်သုံး လိမ်လည်မှုတွင် ပါဝင်သည့် တစ်ဦးချင်း အမြတ်များကို လူဦးရေနှင့် အုပ်စုခွဲများအလိုက် ပြုစုထားရာတွင် ငွေပမာဏမှာ သန်း ၁၈၀၀ နီးပါးရှိနေကြောင်း၊ ယင်းကုမ္ပဏီနှင့် ဒါရိုက်တာ အဖွဲ့ဝင်သုံးဦးအား black list  ကြေညာထားပြီး ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာ စာနှင့် တစ်ဦးချင်းအမြတ်များကို လူဦးရေနှင့် အုပ်စုခွဲများအလိုက် ပြုစုထားသည့် စာရင်းဇယားများ အရ သိရသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနရုံးက အမိန့်ကြော်ငြာစာအမှတ် ၃၀/၀၉   ဖြင့် သိမ်းငှက်ကမ္ဘာ ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင် သုံးဦးတို့အား အမည်ပျက်စာရင်း ကြေညာခဲ့သည်။ အဆိုပါ ကုမ္ပဏီသည် ဆင့်ပွားနည်းဖြင့် ဈေးကွက်ဖြန့်ချိခြင်း စနစ်ကို အသုံးပြုကာ လူငယ်လူရွယ်များ၊ လူအများအပြားကို ဖျားယောင်းသွေးဆောင် စည်းရုံးခေါ်ဆိုပြီး ငွေကျပ်သိန်းပေါင်းများစွာ လိမ်လည်ရယူ၍ မမှန်မကန်သော နည်းလမ်းများဖြင့် ငွေကြေးရယူနေခြင်းအပေါ် ဖော်ထုတ်  အရေးယူပေးပါရန် ဖော်ပြထားသည့် တိုင်ကြားစာများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ပေါ် ပေါက်ချက်များအရ အမိန့်ကြေညာစာ ထုတ်ပြန်သည့်နေ့မှစ၍ ကုမ္ပဏီအား ဖျက်သိမ်းပြီး လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီအား အမည်ပျက်စာရင်းတွင် ထည့်သွင်းသတ်မှတ်လိုက်ကြောင်း အမိန့် ကြော်ငြာစာတွင် ဖော်ပြထားသည်။
အဆိုပါအမှုအား ဖော်ထုတ်စစ်ဆေးခဲ့ပြီး အထက်ပါ ကုမ္ပဏီအား စာရင်းရှင်းလင်း ဖျက်သိမ်းရန်အတွက် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတော်က ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ပြီး စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိအဖြစ် ဦးဝင်နိုင်အား တာဝန်ပေးအပ်ကာ အဆိုပါကုမ္ပဏီတွင် နစ်နာ ဆုံးရှုံးခဲ့သူ အဖွဲ့ဝင်များ၏ နစ်နာမှုများ အပေါ် ပြန်လည် ရှင်းလင်းပေးမည် ဖြစ်သည်။ အဖွဲ့ဝင်များအနေဖြင့် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိကို ဆက်သွယ်ကာ ကျမ်းကျိန် ကတိသစ္စာ ပြုခြင်း၊ အထောက်အထား အချက်အလက်များ စစ်ဆေးခြင်း၊ အမှန်တကယ် နစ်နာခဲ့ခြင်းရှိ မရှိ သုံးသပ်စစ်ဆေးမှုများပြုလုပ်ပြီး နစ်နာမှုများကို ပြန်လည်ရှင်းလင်းဆောင်ရွက်ပေးမည် ဖြစ်သဖြင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှစတင်ကာ စာရင်းပြုစု လျက်ရှိပြီး အမြန်ဆုံးဆက်သွယ်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။
“နစ်နာမှုတွေ ပြန်ရှင်းပေးမယ် ဆိုတာတော့ ၀မ်းသာပါတယ်။ အဆုံး လို့ သတ်မှတ်ထားတာကနေ ပြန်ရမှာပေါ့။ ဒါပေမယ့် ကြားရတာက ပမာဏနည်းနည်းစီလောက်ပဲ ရမယ်လို့ ကြားပါတယ်။ အဖွဲ့ဝင်တွေနဲ့ ပေးသွင်းခဲ့ရတဲ့ ငွေပမာဏကမနည်း ပါဘူး။ တကယ်တမ်း ပြန်ရှင်းပေးမှာက ဘယ်လောက်လဲဆိုတာ မသိပေမယ့် ငွေထက်အချိန်တွေ၊ စိတ်ဓာတ် တွေ ဆုံးရှုံးခဲ့ရတာပါပဲ။ သူငယ်ချင်း အချင်းချင်း ယုံကြည်မှုတွေနဲ့ ၀င်လုပ်ခဲ့ပြီးမှ ဘာမှ တိကျရေရာတဲ့ စာချုပ် စာတမ်း၊ အချက်အလက် ပြန်မပေးခဲ့ဘဲ၊ တာဝန်ယူမှုမရှိဘဲ ယုံကြည်မှု ကို အလွဲသုံးစားလုပ် အမြတ်ထုတ် အကျိုးအမြတ်တွေ ယူကြတယ်။ အခုလည်း ပြန်ရှင်းပေးမယ် ဆိုတဲ့အခါမှာ အပေါ်က လူတွေအနေဲ့ တကယ်နစ်နာသူတွေကို မှန်မှန်ကန်ကန်ရပ်တည်ပေးပြီး တာဝန်ယူပေးသင့်ပါတယ်။ သက်ဆိုင်ရာအနေနဲ့ အဆင့်ဆင့်တွေကိုပါ စစ်ဆေးသင့်ပါတယ်”ဟု ယင်းလုပ်ငန်းတွင် ငွေကြေးထည့်ဝင်ခဲ့သူ တစ်ဦးက ဆိုသည်။
အဆိုပါကုမ္ပဏီသည် စင်ကာပူ နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ လုပ်ငန်းခွဲတစ်ခုအနေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းမျိုးဖြစ်ပြီး တင်သွင်းလာသော ပစ္စည်းမှာ Bel'air အမှတ်တံဆိပ် အမွှေးရနံ့ကုထုံး ဆေးပုလင်း ရည်များဖြစ်သည်။ ပစ္စည်းတန်ဖိုး ဈေးနှုန်း ကီးမြင့်ပြီး အဖွဲ့ဝင်ကြေး အဆမတန် ပေးသွင်းခဲ့ရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး လူငယ်အများအပြား ပါဝင်ပတ်သက်မှုရှိခဲ့၍ နစ်နာမှုများ ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။  ယင်းကြောင့် သက်ဆိုင်ရာမှ ဖော်ထုတ်အရေးယူ ဆောင်ရွက်ကာ နစ်နာမှုများကို ပြန်လည်ရှင်းလင်း ဆောင်ရွက်ပေးမည်ဖြစ်သည်။
အဆိုပါစနစ်ဖြင့် ဈေးကွက် ဖြန့်ချိခြင်းစနစ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက အမေရိကန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပြီး ဥရောပနိုင်ငံများတွင် ခေတ်စားခဲ့သည်။ လူကိုဦးတည်ကာ စည်းရုံးလိမ်လည်ခဲ့သောကြောင့် အချို့နိုင်ငံများတွင် ယင်းစနစ်ကို ပိတ်ပင်ထားပြီး နောက်ပိုင်းတွင် ဖွဲ့ဖြိုးဆဲနိုင်ငံနှင့် မဖွံ့ဖြိုးသေးသော နိုင်ငံများ၊ အထူးသဖြင့်အရှေ့တောင် အာရှဒေသများအား ပစ်မှတ်ထား လာကြသည်။ ထိုင်ဝမ်မှ စတင် အခြေပြုသည့် လုပ်ငန်းများ မြန်မာ နိုင်ငံတွင်းသို့ ထိုးဖောက်ဝင်ရောက် လာပြီး အလှကုန်၊ လူသုံးကုန်အပြင် ဆေးဝါးများကိုပါ ယင်းစနစ်ဖြင့်ဖြန့် ချိလာကြကြောင်း၊ မှန်မှန်ကန်ကန် လုပ်ဆောင်ပြီး အောင်မြင်နေသည့် လုပ်ငန်းများရှိသော်လည်း ရောယောင် တုပမှုများ ရှိနေခြင်းကြောင့် သတိပြု စရာဖြစ်နေသည်။ ယင်းစနစ်ဖြင့် ရောင်းချသည့်ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းပြီး ဈေးနှုန်း သက်သာရမည်ဖြစ်သော်လည်း အဆမတန် ဈေးမြင့်တက်နေသည်ကို တွေ့ရ ကြောင်း၊ ကြော်ငြာစရိတ်နှင့် ၀န်ထမ်း မရှိဘဲ တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ကာ ကွန်ရက်သဖွယ် ဖြန့်ကြက်သွားခြင်းကြောင့် ဈေးနှုန်းသက်သာသင့်ကြောင်း ယင်းစနစ်ကို လေ့လာထားသူ စီးပွားရေးပညာရှင်တစ်ဦးက ဆိုပါသည်။
ယင်းလုပ်ငန်းကဲ့သို့ သဘောတရား၊ နည်းစနစ်များ တူညီသော စီးပွားရေးလုပ်ငန်းများ ရှိနေဆဲဖြစ် ပြီး ယင်းစနစ်ကို အသုံးပြု၍ ဆေးဝါးများကိုလည်း ဖြန့်ဖြူးနေကြသောကြောင့် ဘေးအန္တရာယ် ကင်းရှင်းပြီး အများပြည်သူ သုံးစွဲနိုင်သည့် ဆေးဝါးများဖြစ်ရန်လည်း လိုအပ်သည်။
ဆေးဝါးများအား အသုံးပြုမည်ဆိုပါက ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် သောက်သုံးခြင်းသည် အသင့်တော်ဆုံးဖြစ်ကြောင်း လက်ရှိတွင် ဆင့်ပွားနည်းဖြင့် ဖြန့်ချိခြင်း (Multi lelvel marketing) စနစ်ကို  အသုံးပြုရောင်းချနေသော ဓာတ်စာ ဟုဆိုသည့် နိုင်ငံရပ်ခြားမှ တိုင်းရင်းဆေးများရှိနေကြောင်း၊ ယင်းဆေးများတွင် ပါဝင်သည့်ပစ္စည်းများ စနစ်တကျ ဖော်ပြထားခြင်းမရှိဘဲ သောက်သုံးသူများ အနေဖြင့်လည်း ဆရာဝန်ညွှန်ကြားချက် မပါဘဲ ယင်းကုမ္ပဏီ၏ ညွှန်ကြားချက်ဖြင့် သောက်သုံးနေခြင်းကို တွေ့ရကြောင်း၊ ယင်းစနစ်ကြောင့် ဆေးများသည်သုံးစွဲသူ လက်ထဲသို့ ရောက်ရှိချိန်တွင် အဆမတန်ဈေးကြီးနေကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဆိုပါသည်။
ဂရိတ်ဝေါလ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးမောင်မောင်ဦးက “ဒီဆေးတွေက ဒီနိုင်ငံ FDA ရဲ့ ခွင့်ပြုချက်ရထားလား မရထားဘူးလား ဆိုတာ မသိဘူး။ ဒီဆေးတွေထဲမှာပါတဲ့ ကုန်ကြမ်းတွေက မြန်မာတိုင်းရင်းဆေးတွေမှာ သုံးတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ အခြေခံအားဖြင့် အတူတူပါပဲ။ ဒါပေ မယ့် မြန်မာ့တိုင်းရင်းဆေး ဆိုရင် ထောင်ဂဏန်းနဲ့ ရောင်းလို့ရတယ်။ ဒါပေမယ့် ဒီဆေးတွေက အရမ်းဈေးကြီးနေတယ်။ သုံးစွဲတဲ့သူကတော့ ပေးရတဲ့ တန်ဖိုးလောက်ဘယ်လောက် အကျိုးအမြတ်ရတယ် ဆိုတာ မသိပေမယ့် ရောင်းတဲ့သူကတော့ အများကြီး အကျိုးအမြတ်ရသွားတယ်။ ဒီလို ဆင့်ပွားနည်းဖြင့် ဖြန့်ချိခြင်း (Multi lelvel marketing) စနစ်ကို စင်ကာပူ၊ တရုတ်စတဲ့ နိုင်ငံတွေမှာ တားမြစ်နေ ပြီလို့လည်း သိရတယ်” ဟုဆိုပါသည်။

 တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကြောင့် ပြည်တွင်း စက်မှု လက်မှုလုပ်ငန်းများ ရပ်နားရသည်အထိ ရှိနေ


723

တရုတ်နိုင်ငံမှ တင်သွင်းလာသော လယ်ယာသုံး စက်ကိရိယာ အပိုပစ္စည်းများ
တရုတ်နိုင်ငံမှ နည်းမျိုးစုံဖြင့် ၀င်ရောက်လာသော ကုန်ပစ္စည်းများကြောင့် ပြည်တွင်း စက်မှုလက်မှု လုပ်ငန်းများ ရပ်နားရသည်အထိ ရှိလာကြောင်း သိရှိရသည်။
“ကျွန်တော်တို့ မန္တလေးစက်မှုဇုန်ထဲမှာ ဆိုရင် တချို့စက်မှုလက်မှု လုပ်ငန်းတွေ အလုပ်ပြောင်းလုပ် ကုန်ကြတယ်။ တချို့လည်း မရပ်တည်နိုင်တော့တဲ့အတွက်  လုပ်ငန်းပိတ်သိမ်းသွားကြတယ်။ အခုဆိုရင် စက်မှုဇုန်ထဲမှာ မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်း၊ တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကားဝပ်ရှော့လုပ်ငန်းနဲ့ ကားဘော်ဒီလုပ်ငန်းတွေပဲ အလုပ်ဖြစ်တော့တာတွေ့ရတယ်” ဟု မန္တလေးစက်မှုဇုန်ရှိ စက်မှုလက်မှု နှင့် စက်ကိရိယာ တီထွင်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြည်တွင်းရှိ စက်မှုလက်မှုလုပ်ငန်းများမှာ အငယ်စားစက်မှု လုပ်ငန်း၊ အလတ်စားစက်မှုလုပ်ငန်း နှင့် အကြီးစားစက်မှုလုပ်ငန်းတို့ဖြစ် ကြပြီး အငယ်စားနှင့် အကြီးစား စက်မှုလုပ်ငန်းများမှာ ပြည်တွင်းဈေးကွက်အတွက်သာ ရည်ရွယ်ထုတ်လုပ်သော တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများသာ ဖြစ်ကြောင်း၊ အကြီးစား စက်မှုလုပ်ငန်းများမှာလည်း လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်များသာ ထုတ်လုပ်သောလုပ်ငန်းများ ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ပြည်တွင်းမှာ ပစ္စည်းတော်တော်များများကို ထုတ်လုပ်နိုင်တယ်ဆိုပေမယ့် ပြည်တွင်း ထုတ်ကုန်ပစ္စည်းတွေဟာ ဈေးနှုန်းပိုင်းမှာ မယှဉ်နိုင်တဲ့အတွက်အခုဆိုရင် ပြည်တွင်း စက်မှုလက်မှုလုပ်ငန်းတွေ ဟာ တော်တော်လေး ခက်ခက်ခဲခဲ ရပ်တည်နေရပါတယ်”ဟု စက်ရုံလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
အမရပူရမြို့မှ ယက္ကန်းလုပ်ငန်းရှင် တစ်ဦးကလည်း  “အမရပူရ ကထုတ်တဲ့ ချိတ်လုံချည်တွေမှာ ဆိုရင်လည်း လူကြိုက်များတဲ့ ချိတ်ဆိုတရုတ်ကနေ အောက်ဈေးနဲ့ဆေးရိုက်ပြီး ၀င်လာတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ လက်မှုလုပ်ငန်းတွေလည်း ရေရှည်မှာရပ်တည်ဖို့ခဲယဉ်း လာလိမ့်မယ်”ဟု ပြောသည်။
အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ အနေဖြင့် ကျွမ်းကျင်လုပ်သားရှားပါးမှု၊ အရင်း အနှီးမလုံလောက်မှု၊ ခေတ်မီစက်ကိရိယာများ ပြောင်းလဲအသုံးပြုနိုင်ရန် လိုအပ်နေမှု၊ နည်းပညာအခက် အခဲ၊ လျှပ်စစ်စွမ်းအားအခြေအနေ၊ ပြည်ပမှဝင်ရောက်လာသော ပစ္စည်းများအား ယှဉ်ပြိုင်ရန် ခက်ခဲမှု၊ ကုန်ကြမ်းများကို ပြည်ပနိုင်ငံများမှ ကုန်ကျစရိတ်မြင့်မားစွာ ၀ယ်ယူသုံးစွဲ နေရမှုစသည့် အခက်အခဲများကြောင့်  စက်မှုလက်မှုလုပ်ငန်းများမှာ ကြီးထွားလာနိုင်ခြင်းမရှိဘဲ ခက်ခဲစွာ လုပ်ကိုင်ရလျက်ရှိကြောင်း သိရသည်။
“ဒီမှာရှိတဲ့ စက်မှုလုပ်ငန်း အများစုက အိမ်သုံးမီတာတွေနဲ့ပဲ လုပ်ကိုင်နေရတယ်။ မြန်မာ့လျှပ်စစ် လုပ်ငန်းကို ပါဝါမီတာလျှောက်တဲ့ အခါမှာလည်း ခက်ခဲပြီးကုန်ကျစရိတ် များတယ်။ ပြီးတော့ ပါဝါမီတာ မြင်းကောင်ရေ တိုးတာကိုလည်း ဈေးနှုန်းသက်သာပြီး မြန်မြန်ဆောင်ရွက်နိုင်ဖို့လိုသလို အာမခံစပေါ်ငွေ ကိုလည်း လုပ်ငန်းရှင်တွေ တတ်နိုင်တဲ့နှုန်းထားကို လျှော့ချပေးဖို့လည်း လိုအပ်နေတယ်။ အခု ပြည်ပထုတ် ကုန်ပစ္စည်းတွေကို ယှဉ်ပြိုင် ထုတ်နေရမယ့်အစား မြန်မာ့လျှပ်စစ်လုပ်ငန်း က လျှပ်စစ်မြင်းကောင်ရေ ပိုတာ စစ်ဆေးနေတာတွေကြောင့် လုပ်ငန်း တိုးတက်မှု နှောင့်နှေးနေတယ်။ သူတို့တွေလာစစ်ရင် စက်တွေကို ဖြုတ်ရသိမ်းရတာက အလုပ်တစ်ခု လိုဖြစ်နေတယ်”ဟု ပြည်တွင်းမှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စက်မှုဇုန်များတွင် လုပ်ကိုင်နေသော စက်ကိရိယာများမှာ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ထုတ် ပစ္စည်းများဖြစ်သဖြင့် ဟောင်းနွမ်းနေသော စက်ကိရိယာများကို ခေတ်မီ စက်ကိရိယာများဖြင့် ပြောင်းလဲသုံးစွဲ လိုသော်လည်း ငွေကြေးအရင်းအနှီး မတတ်နိုင်ကြောင်း၊ အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှ ချေးငွေ များချေးယူရာတွင် စက်ရုံ၊ အလုပ်ရုံ များကိုအပေါင်ထားရာ၌အာမခံထား သော်လည်းအဆောက်အဦးမကောင်း ခြင်းကြောင့် ချေးငွေပမာဏ လုံလောက်စွာ မရရှိခြင်း၊ နှစ်ချင်းဆပ်ချေးငွေသာ ရရှိသဖြင့် စက်မှုလုပ်ငန်းများ၏ ငွေမဖြစ်လွယ်မှု သဘာဝအရ နှစ်လတ် (၃ နှစ်  မှ ၅ နှစ်)၊ နှစ်ရှည် (၅ နှစ်မှ ၁၀ နှစ်) ထုတ်ချေးပေး နိုင်မှသာလှည့်ပတ်သုံးစွဲရမည့် အချိန် လုံလောက်မည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းရှင် အများစုက ဆိုသည်။
“အရင်အစိုးရ လက်ထက်တုန်းက စက်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကားတွေ ထုတ်လုပ်ဖို့ လမ်းညွှန်ခဲ့ တယ်။ ကားတစ်စီး ဖြစ်လာနိုင်မယ့် ကိရိယာအစိတ်အပိုင်းတွေ မထုတ်လုပ်နိုင်သေးဘဲ ကားတွေထုတ်ခိုင်းခဲ့တယ်။ ဒီ့အတွက် အချိန်တွေကုန်ခဲ့တယ်။ လုပ်ငန်းရှင် အနည်းအကျဉ်းပဲ အကျိုးအမြတ်ရခဲ့တယ်”ဟု မန္တလေးစက်မှုဇုန်မှ အလတ်စားလုပ်ငန်းရှင် တစ်ဦးက သုံးသပ်သည်။
“စက်မှုလုပ်ငန်းတွေမှာ ကြုံ တွေ့နေရတဲ့ အခက်အခဲတွေထဲမှာ လုပ်သားရှားပါးမှုကလည်း ပြဿနာ တစ်ခုဖြစ်တယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့်လုပ်သားကို ကိုယ့်ဘာသာကိုယ် မွေးထုတ်နေရတယ်။ ပြီးခဲ့တဲ့နှစ်ထဲက နည်းပညာတက္က သိုလ်ကျောင်းဆင်း ၄၅ ယောက်ခန့် ခဲ့တယ်။  နှစ်ယောက်ပဲ အဖတ်တင်တယ်။ သူတို့အနေနဲ့ အသိပညာသာ ရှိတယ်။ အတတ်ပညာ ပါမလာဘူး။ ဒါ့ကြောင့် ပြည်တွင်းစက်မှုလုပ်ငန်းတွေ တိုးတက်ဖို့ဆိုရင် စက်မှုဇုန်တွေ ထဲမှာ တတ်သိတဲ့ပညာရှင်တွေသင် ကြားတဲ့ကျောင်းတွေ တည်ထောင် သင့်ပါတယ်။ နိုင်ငံခြားသားဆရာ တွေပါရင်ပိုတောင်ကောင်းပါသေး တယ်။ ဂျပန်မှာ အနောက်တိုင်း နည်းပညာနဲ့ ဂျပန်စိတ်ဓာတ်လို့ ကြွေးကြော်ပြီး  စက်မှုလုပ်ငန်းတွေ တိုးတက်အောင် ဆောင်ရွက်ခဲ့သလို ကျွန်တော်တို့နိုင်ငံမှာလည်း နည်းပညာရနိုင်သမျှ ရအောင် ဆောင်ရွက် သင့်ပါတယ်”ဟု စက်မှုလက်မှု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
လက်ရှိတွင် တရုတ်မှ နည်းလမ်းမျိုးစုံဖြင့် ၀င်ရောက်လာသော ကုန် ပစ္စည်းများအား မယှဉ်ပြိုင်နိုင်သော ကြောင့် ဆက်လက်လုပ်ကိုင်ရန် အခက်အခဲဖြစ်နေသော လုပ်ငန်းများ မှာ လယ်ယာနှင့် လယ်ယာသုံးစက် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ စက် နှင့် စက်ကိရိယာ ထုတ်လုပ်ရေးလုပ်ငန်း၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ ဆီစက်နှင့် ဆန်စက်ထုတ်လုပ်ရေးလုပ်ငန်း၊ ဘိုးလ်နတ်မျိုးစုံနှင့် ၀ါရှာဆိုဒ်စုံ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကွန်ပရက်ဆာ ထုတ်လုပ်ရေးလုပ်ငန်း၊ ဂီယာသွား(ပင်နယံ)အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း၊ မော်တော်ကားအပို ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း(ဒစ္စ၀ှီးနတ်၊ ချိန်းဘလောက်၊ ကားခွေ)၊ စား သောက်ကုန်ပစ္စည်းစက်ရုံများနှင့် လူသုံးကုန်ပစ္စည်းစက်ရုံများ ဖြစ်ကြောင်း သိရသည်။
“စားသောက်ကုန် လုပ်ငန်း တွေမှာ အရင်က မန္တလေးကလုပ်ငန်းတွေပဲ အဓိကထိခိုက်တယ် ဆိုပေမယ့် အခုရန်ကုန်မှာရှိတဲ့ ကျွန်တော်တို့ လုပ်ငန်းတွေကိုလည်းထိခိုက်လာပြီ။ ကျွန်တော်တို့ထုတ်တဲ့ ဘီစကစ်တွေလည်း တရုတ်က ဈေးပေါပေါနဲ့ဝင်တဲ့ ဘီစကစ်တွေကို မယှဉ်နိုင်တော့ဘူး”ဟု ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှု လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
“ပြည်တွင်းမှာရှိတဲ့ အသေးစား ကနေ အလတ်စား၊ အလတ်စားကနေ အကြီးစားအထိ ဖြစ်လာဖို့ဆိုရငှ်နျြ လုပ်ငန်းတွေကို ကာကွယ် ပေးဖို့လိုပါတယ်။ ဥပမာ ပို့ကုန်မှာ အခွန်လျော့တာကနေ လုံးဝအခွန်ကင်းလွတ်ခွင့်ပြုဖို့ လိုသလို ပြည်တွင်း လုပ်ငန်းတွေကို ကာကွယ်ဖို့ သွင်းကုန်တွေအပေါ်မှာ အခွန်ပိုမိုစည်းကြပ်ဖို့ လိုပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ က ငွေကြေးအရင်းအနှီးတောင့်ပြီး နည်းပညာပိုင်း အားသာသလို Mass Production  လုပ်နိုင်လို့ ပြည်တွင်း ဈေးကွက်ကို ဈေးပေါပေါနဲ့ထိုး ဖောက်တာခံနေရပါတယ်။ နယ်စပ် ကနေ အကောက်ခွန်မဲ့ဝင်လာတဲ့ ပစ္စည်းတွေကို ထိထိရောက်ရောက် ဖော်ထုတ်စစ်ဆေး အရေးယူမယ်ဆိုရင် တော့ ပြည်တွင်းလုပ်ငန်းရှင်တွေ အနေနဲ့ အသက်ရှူချောင်နိုင်ပါတယ်” ဟု မန္တလေး စက်မှုဇုန်မှ လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

အာဏာရှင်အနံ့အသက်တွေ ကင်းရှင်းဖို့

WRITTEN BY လူထုစိန်ဝင်း
'မိကျောင်းမင်း ရေခင်းပြသလို' ဖြစ်မှာတော့ စိုးတယ်။ ဒါပေမယ့် 'ပညာရှိ သတိဖြစ်ခဲ' မဖြစ်ဖို့အတွက် ရေးသင့်ရေးထိုက်တာလေးတွေတော့ ရေးပါရစေ။ ဒီလိုရေးဖို့အတွက် စာနယ်ဇင်းသမားဆိုတာ ရှိနေရတာ မဟုတ်လား။
ရာထူးကြီးလေ ဇိမ်မရှိလေ
ခေါင်းဆောင်တွေဆိုတာက နေ့စဉ်နဲ့အမျှ စားချိန်၊ အိပ်ချိန်မှာတောင် တိုင်းရေးပြည်ရေးတွေ စဉ်းစားရင်းနဲ့ စားကြအိပ်ကြရတာပါ။ ရာထူးကြီးလေ ဇိမ်မရှိလေလို့တောင် ဆိုနိုင်တယ်။ အရေးကြီးကိစ္စမှန်သမျှ ကိုယ်တိုင်ဆုံးဖြတ်ရတာဖြစ်လေတော့ တာဝန်သိပ်ကြီးပြီး စိုးရိမ်ကြောင့်ကြရတာတွေ သိပ်များတယ်။ ကိစ္စကြီးတွေကို ခေါင်းထဲမှာထည့်ထားပြီး စက္ကန့်နဲ့အမျှ စဉ်းစားခန်းထုတ်နေရတာကြောင့် တော်ရုံကိစ္စလေးတွေကို 'သတိမမူ ဂူမမြင်' ဖြစ်နေတတ်တယ်။ အဲဒီလိုအခါမျိုးမှာ သတင်း စာတွေကို အားကိုးအားထားပြုရတယ်။ စဉ်းစားရလွန်းလို့ ခေါင်းတွေပူလာတဲ့အခါ သတင်းစာတွေကို လှန်လှောကြည့်ရင်း ခေါင်းအေးအောင် လုပ်ကြရတယ်။

ထမင်းစားရေသောက်သလို
သတင်းစာဆိုတာက လူ့လောကအတွင်း ဖြစ်ပျက်သမျှ ကိစ္စကြီးငယ်မျှသမျှ ရေးသားဖော်ပြကြတာဖြစ်လေတော့ သာမန်အချိန်တွေမှာ သတိမထားမိတဲ့ ကိစ္စလေးတွေကို သတိထားမိသွားတတ်တယ်။ အဲဒါကြောင့် တိုင်းရေးပြည်ရေး ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မှန်သမျှ သတင်းစာတွေကို နေ့စဉ်ထမင်းစားရေသောက်တဲ့ အလုပ်တွေလုပ်သလို တာဝန်တစ်ရပ်အဖြစ် သဘောထားပြီး မဖြစ်မနေဖတ်ဖို့ လိုအပ်တယ်။ သတင်းစာမဖတ်သူဟာ ဘယ်နည်းနဲ့မှ တာဝန်ကျေတဲ့ခေါင်းဆောင် ကောင်းတစ်ယောက် မဖြစ်နိုင်ဘူး။
ခွဲခြမ်းစိတ်ဖြာပေးရ
သတင်းစာတွေကလည်း စတုတ္ထမဏ္ဍိုင် ပီသဖို့အတွက် ခေါင်းဆောင်တွေအပါအ၀င် တိုင်းသူပြည်သားအားလုံး သိရှိသင့်တဲ့၊ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ ကိစ္စမှန်သမျှကို ကိစ္စကြီး ကိစ္စငယ် မခွဲခြားဘဲ ဖော်ထုတ်ရေးသားကြဖို့ လိုအပ်တယ်။ အကြောင်း အရာအလိုက် ဆစ်ပိုင်းပြီး ခွဲခြမ်းစိတ်ဖြာ ပြသင့်တဲ့အခါလည်း ပြရတယ်။ သတင်းစာဖတ်သူတိုင်းဟာ အားလပ်နေကြသူတွေ မဟုတ်ကြဘူး။ သတင်းစာက ခွဲခြမ်းစိတ်ဖြာပြတဲ့အတွက် အချိန်ကုန်သက်သာပြီး အများကြီး အထောက်အကူဖြစ်စေတယ်။ ဒါကြောင့် တာဝန်သိ သတင်းစာသမားတိုင်း ဒီကိစ္စကို အထူးအလေးထား လုပ်ဆောင်ကြရတယ်။
ကျန်နေတဲ့ အားအင်ကလေးနဲ့
အသက်ခုနစ်ဆယ်ကျော်ဆိုတာ မြန်မာလူမျိုးတို့ရဲ့ သက်တမ်းအရပြောရရင် နောက်ဆုံးဆယ်စုနှစ်ထဲ ရောက်နေပြီလို့ပြောရမှာပါ။ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ အချိန်မရွေး ဖြုတ်ခနဲ ကြွေကျသွားနိုင်တယ်။ ဒီအချိန်မှာ ပိုက် ဆံရဖို့တို့၊ နာမည်ကြီးဖို့တို့ မလိုတော့ပါဘူး။ ကျန်ရှိနေသေးတဲ့ အားအင်ကလေးနဲ့ တိုင်းကျိုးပြည်ကျိုး အများအကျိုးကို သယ်ပိုးထမ်းရွက်လိုတဲ့စိတ်ပဲ ရှိပါတော့တယ်။ ဒီစိတ်ကလေးနဲ့ပဲ ရေးသင့်တယ်ထင်တာလေးတွေ ရေးနေပါတယ်။ အခု ရေး မယ့်ကိစ္စကလည်း ဘယ်သူ့အပေါ်မှာမှ အမြင်မကြည်လင်လို့ မဟုတ်ပါဘူး။'ပညာရှိသတိဖြစ်ခဲ' မဖြစ်စေချင်လို့ပါ။

တော်ရုံကိစ္စလေးတွေကို 'သတိမမူ ဂူမမြင်' ဖြစ်နေတတ်တယ်။ အဲဒီလိုအခါမျိုးမှာ သတင်းစာတွေကို အားကိုးအားထား ပြုရတယ်။ စဉ်းစားရလွန်းလို့ ခေါင်းတွေပူလာတဲ့အခါ သတင်းစာတွေကို လှန်လှောကြည့်ရင်း ခေါင်းအေးအောင် လုပ်ကြရတယ် .. .

အာဏာရှင်စော်နံ
သတင်းမီဒီယာတွေ နားထောင်၊ ဂျာနယ်တွေဖတ်လုပ်တဲ့အခါတိုင်း သမ္မတကြီးဦးသိန်းစိန်အပါအ၀င် နိုင်ငံခေါင်းဆောင်တွေ နေ့စဉ်နဲ့အမျှ ပြောကြားနေတဲ့ ဒီမိုကရေစီဆိုတဲ့ စကားသံတွေနဲ့ မအပ်စပ်တဲ့စကားသံတွေလည်း ကြားကြားနေရတဲ့ အတွက် ရေးဖြစ်တာပါ။ အဲဒီစကားသံတွေကတော့
''သမ္မတကြီးညွှန်ကြားတဲ့အတိုင်း''
''သမ္မတကြီးပြောကြားတဲ့အတိုင်း''
''သမ္မတကြီးဆုံးဖြတ်တဲ့အတိုင်း'' ဆိုတဲ့ အသံတွေဖြစ်တယ်။ ဒီစကားတွေက အရာရာကို သမ္မတကြီးတစ်ယောက်တည်းရဲ့သဘောနဲ့ ဆုံးဖြတ်လုပ်ကိုင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ အစိုးရအဖွဲ့၊ အထူးသဖြင့် ဒီမိုကရေစီလမ်း ကြောင်းလိုက်နေတဲ့ အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာ ကျဆင်းစေတယ်။ အာဏာရှင်စနစ်အောက်မှာဆိုရင်တော့ နားလည်နိုင်တယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရဟာ မဲဆန္ဒရှင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆိုတော့ အာဏာရှင်စော်နံတဲ့ ဒီစကားမျိုးတွေ မသုံးသင့်တော့ဘူး။
အမြော်အမြင်ရှိသူ
သမ္မတကြီးဦးသိန်းစိန်ဟာ အမြော်အမြင်ရှိပြီး စိတ်နေသဘောထား ပြည့်ဝသူဖြစ်တယ်လို့ သိရှိထားပါတယ်။ ဒီမိုကရေစီစနစ်ကို လိုလားသူလို့လည်း ယုံကြည်ပါတယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှုဆန်လွန်းပြီး အာဏာရှင်အနံ့အသက်မကင်းတဲ့ ဒီလိုချီး ပင့်မြှောက်စားပြောစကားမျိုးကို နှစ်သက်လိမ့်မယ်လို့ မထင်ဘူး။အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်တို့၊ ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တို့ဆိုတဲ့ အသုံးအနှုန်းမျိုးကိုသာ ကျင့်သားရအောင် သုံးသင့်တယ်။

အပ်ကြောင်းထပ်အောင်သုံး
အစိုးရဘက်ကတင် ဒီစကားမျိုး သုံးနေတာမဟုတ်ဘူး။ နိုင်ငံရေးပါတီတွေဘက်ကလည်း ဒီစကားမျိုးကို အပ်ကြောင်းထပ်အောင် သုံးနေကြတယ်။ ဆေးခန်းဖွင့်ပွဲလုပ်တာလည်း ''အန်တီစုညွှန်ကြားချက် အရ'' ၊ ပရဟိတကျောင်းဖွင့် စာသင်တာလည်း ''အမေစု တာဝန်ပေးချက်အရ''၊ စာကြည့်တိုက်ဖွင့်တာလည်း ''အန်တီစု လမ်းညွှန်ချက်အရ'' ဆိုတာမျိုးချည်း ကြားနေရတယ်။ ဒီစကားတွေကြားရတော့ တစ်ခေတ်တစ်ခါက ဘောလုံးပွဲနိုင်တာလည်း ''ဥက္ကဋ္ဌ မော်ခေါင်းဆောင်မှုကြောင့်''၊ ရေနံ တွင်းတွေ့တာလည်း '' ဥက္ကဋ္ဌမော်ကြောင့်''၊ မီးရထားလမ်းဖောက်နိုင်တာလည်း ''ဥက္ကဋ္ဌမော်ကြောင့်'' ဆိုတဲ့ အသံတွေညံနေအောင်  ကြားခဲ့ရတာကို ပြန်အမှတ်ရမိတယ်။

အရိယာမဟုတ်
ဒေါ်အောင်ဆန်းစုကြည်လည်း ဥာဏ်ပညာကြီးသူ၊ စိတ်နှလုံးဖြူစင် သန့်ရှင်းသူ၊ တရားရှိသူဖြစ်တယ်ဆိုတာ နည်းနည်းလေးမှ ယုံမှား သံသယမရှိပါဘူး။ တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်တဲ့နေရာမှာလည်း အံ့မခန်းလောက်အောင်ကို ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတဦးသိန်းစိန်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ဆိုတာ အရိယာတွေမဟုတ်ကြဘူး။ ပုထုဇဉ်တွေသာ ဖြစ်ကြတယ်။ ပုထုဇဉ် လူသားမှန်သမျှ ချီးပင့်မြှောက်စားမှုမှာ သာယာတတ်တယ်။ ကောင်းတဲ့စကားကို ကြားလိုတယ်။ ဂုဏ်ပြုခံရရင် ၀မ်းသာပီတိဖြစ်တတ်တယ်။ ဒါသဘာဝဖြစ်တယ်။
ငါမှငါ
ချီးပင့်မြှောက်စားမှုကတစ်ဆင့်တက်ရင် ပုဂ္ဂိုလ်ကိုးကွယ်မှု ဖြစ်သွားတတ်ပါတယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှု လွန်ကဲလွန်းရင်၊ ကိုးကွယ်ခံရသူမှာ ငါမှ ငါဆိုတဲ့ အတ္တစိတ် ကြီးထွားလာလေ့ရှိတယ်။ ဒီမိုကရေစီကို ချစ်မြတ်နိုးသူတိုင်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ရှောင်ရှားနိုင်အောင် အထူးသတိထားကြဖို့ လိုအပ်ကြောင်း သတိပေး ရေးသားလိုက်ပါတယ်။

Weekly+Eleven+7 1

Weekly+Eleven+7 1

လွှတ်တော် အစည်းအဝေးများကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဆက်လက်ကျင်းပမည်

၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က စတင်ကျင်းပခဲ့သည့် ပထမ အကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများကို အောက်တိုဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် အစည်းအဝေးများ ကျင်းပပြီးနောက် ခေတ္တရပ်နားခဲ့ပြီး အစည်းအဝေးများကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။
ကျင်းပခဲ့သည့် အစည်းအဝေးများ၌ မေးခွန်း ၄၉၉ ခု ဖြေကြား ခြင်း၊ ဥပဒေကြမ်း ၂၄ ခု အတည် ပြုခြင်းနှင့် အဆို ၈၂ ခု တင်သွင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်။
ပြည်သူ့လွှတ်တော်၌ မေးခွန်း ၂၅၂ ခု ဖြေကြားခြင်း၊ ဥပဒေကြမ်း ၁၃ ခု အတည်ပြုခြင်း၊ အဆို ၃၈ ခု တင်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ အမျိုးသားလွှတ်တော်၌ မေးခွန်း ၂၄၇ ခု ဖြေကြားခြင်း၊ ဥပဒေကြမ်း ၁၁ ခု အတည်ပြုခြင်း၊ အဆို ၄၄ ခု တင်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
လွှတ်တော်နှစ်ရပ်က အတည် ပြုသည့် ဥပဒေကြမ်းများထဲတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း၊ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေကြမ်း၊ ၁၉၆၄ ခုနှစ် ပြည်သူ့ အလုပ်သမားများ၏ အခြေခံရပိုင်ခွင့် နှင့် တာဝန်များပြဋ္ဌာန်းသည့် ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း၊ ၂၀၁၁ ခုနှစ် လယ်ယာမြေဥပဒေကြမ်း၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေကြမ်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကြမ်း၊ အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့လည်း ပါဝင်သည်ကို တွေ့ရသည်။
တင်သွင်းခဲ့သည့် အဆိုများတွင် သစ်တော၊ ကျောက်စိမ်းကျောက် မျက်၊ မြေလွတ်မြေရိုင်း၊ တည်ဆဲ ဥပဒေများမှ ဖျက်သိမ်း ပြင်ဆင် အသစ်ရေးဆွဲသင့်သည့်ဥပဒေများ ကို ပြန်လည်စိစစ်ပြီး အရေးယူ ဆောင်ရွက်ရေး၊ ပညာရေး၊ ငွေရေးကြေးရေး၊ ဘဏ္ဍာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှု ရေး၊ ကျန်းမာရေး စသည့် ကဏ္ဍ အသီးသီး၌ ဖြစ်ပျက်နေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ ဖြစ်ကြသည်ကို တွေ့ရသည်။


ထောင်ဒဏ်ကျခံနေရသူတွေ ရွေးကောက်ပွဲဝင်နိုင်တော့မှာလား

နိုင်ငံရေးအကျဉ်းသား တွေကို လက်ညိုးထိုးပြနေတဲ့ AAPP မှ ကိုဘိုကြည်
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းအား အမျိုးသားလွှတ်တော်က စဉ်းစားဆွေးနွေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အဆိုတင် သွင်းခဲ့ပြီး ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်း ဆိုသည့်ပြဋ္ဌာန်းထားချက် ကို ပယ်ဖျက်ပေးရန် အဆိုပြုခဲ့သည်။
အောက်တိုဘာလ ၅ ရက်နေ့ တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၁ ရက်မြောက်နေ့ အစီအစဉ်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က ယင်းကဲ့သို့ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ပုဒ်မ ၂၇ ခု ရှိပါတယ် ခင်ဗျာ။ ပုဒ်မ ၆(ဂ)ရယ်၊ ပုဒ်မ၁၀(င) ရယ်၊ ပုဒ်မ ၁၂(က) ပုဒ်မခွဲငယ် (၁) ရယ် သုံးခုကို ပြင်ဆင်ဖို့ ဖြစ်ပါတယ်ခင်ဗျာ”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က အမျိုးသား လွှတ်တော်သို့ ပြောကြားခဲ့သည်။
“ပုဒ်မ ၆ (ဂ) ကတော့ လက်ရှိပြဋ္ဌာန်းချက်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုပြီးတော့ ပြဋ္ဌာန်းချက် ဖြစ်ပါတယ်။
ယခုပြင်ဆင်မယ့် ပြဋ္ဌာန်းချက် ကတော့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာရေး ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။
ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုတဲ့စကားရပ်အစား လေးစားလိုက်နာရေးဆိုတဲ့ စကားရပ်ကို ပြင်ဆင်ထားပါတယ်။
ပြင်ဆင်ရသည့် အကြောင်းရင်းကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၀၅ (ခ)နဲ့ ညီညွတ်စေရန်အတွက် ရေးသားထားခြင်း ဖြစ်ပါတယ်ခင်ဗျာ။
ဒုတိယ ပုဒ်မ ၁၀ (င)ကို ပြင်ဆင်ဖို့ အဆိုပြုပါတယ်။ ပုဒ်မ၁၀(င)ရဲ့ လက်ရှိပြဋ္ဌာန်းချက်ကတော့ ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်း ဆိုပြီးတော့ ပြဋ္ဌာန်းထားပါတယ်။
အခု ပြင်ဆင်မှာကတော့ဖြင့် အဲဒီပုဒ်မ ၁၀ (င)ကို ပယ်ဖျက်ပေးရန် အတွက် ဖြစ်ပါတယ်။
အကြောင်းပြချက်ကတော့ နိုင်ငံ တော်ရဲ့လက်ရှိအခြေအနေအရ နိုင်ငံသား အခွင့်အရေးကို အလေးထားသော အားဖြင့် ယင်းပြဋ္ဌာန်းချက်အား ပယ်ဖျက်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ။
တတိယအချက်က ပုဒ်မ ၁၂  ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) ဖြစ် ပါတယ်။
လက်ရှိ ပြဋ္ဌာန်းချက်ကတော့ အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအနက် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် မိမိပါတီ မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်းဆိုပြီးတော့ ပြဋ္ဌာန်းထားပါတယ်။
အခု ပြင်ဆင်ဖြည့်စွက်လိုတာကတော့ အဲဒီအပိုဒ်ရဲ့ မူလဖြစ်တဲ့ အဲဒီအပိုဒ်အောက်မှာရှိတဲ့ ရှင်းလင်း ချက်အနေနဲ့ လွှတ်တော်သက်တမ်း တစ်ရပ်စီအတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့် နောက်ပိုင်းတွင် မှတ်ပုံတင်ခွင့်ရရှိသော ပါတီသည် ယင်းလွှတ်တော် သက်တမ်းအတွင်း ကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင် ဖြစ်စေ၊ မဲဆန္ဒနယ် သုံးနယ်ထက်မနည်း ပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲများ၌ အနည်းဆုံး မဲဆန္ဒနယ်သုံးနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင် ဖြစ်စေ၊ ယင်းသို့ ၀င်ရောက်ယှဉ်ပြိုင် မှု မပြုခြင်းသည် ဤပြဋ္ဌာန်းချက်နဲ့ အကျုံးဝင်စေရမည်။ ၀င်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင်ဖြစ်စေ၊ ယင်းသို့ ၀င်ရောက်ယှဉ်ပြိုင်မှု မပြုခြင်းသည် ဤပြဋ္ဌာန်းချက်နှင့် အကျုံးဝင်စေရမည် ဆိုပြီးတော့ ရှင်းလင်းချက် တစ်ရပ်အနေဖြင့် ဖြည့်စွက်ပေးနိုင်ရန် အဆိုပြုထားခြင်း ဖြစ်ပါတယ်ခင်ဗျာ”ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က အမျိုးသားလွှတ်တော်သို့ ပြောကြားခဲ့သည်။
ယင်းအဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ငြိမ်းက ထောက်ခံကြောင်း ပြောကြားခဲ့သည်။
အဆိုပါဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန်ဆုံးဖြတ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်သို့ ပြောကြားခဲ့သည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုပြင်ဆင်သည့် ဥပဒေမူကြမ်းဟာ အလွန်အရေးကြီးကြောင်း  ဆွေးနွေးမယ့် ကိုယ်စားလှယ်များဟာ ဆွေးနွေးမယ့် အကြောင်းအရာ အကျဉ်းချုပ် ကို ဖော်ပြ လက်မှတ်ရေးထိုးပြီးတော့  အောက်တိုဘာလ ၁၀နေ့ထက် နောက်မကျဘဲနဲ့ အမျိုးသားလွှတ်တော် ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြောကြားခဲ့သည်။


မီဒီယာ နဲ့ ပါတ်သတ်လို့ ကျော်ဆန်း ဖြေကြားချက်


နိုင်ငံပိုင် မီဒီယာများက အရည်အချင်းရှိရှိဖြင့် စတုတ္ထမဏ္ဍိုင် ပီသစွာ ရပ်တည်နေသည့် နည်းတူ ပုဂ္ဂလိက မီဒီယာများလည်း စတုတ္ထမဏ္ဍိုင် ပီသစွာဖြင့် ရပ်တည် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က စက်တင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၃ ရက် မြောက်နေ့တွင် ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းသည် ဗဟန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်မောင်ဝင့် မေးမြန်းခဲ့သည့် “နိုင်ငံပိုင်မီဒီယာများကို ပြည်သူတို့ ပိုမို အားထား စိတ်ဝင်စားလာစေရန်  မည်သို့ ပြုပြင် ပြောင်းလဲဆောင်ရွက်မည်နှင့် ပြည်တွင်း မီဒီယာလောကအား ပြည်သူ့အကျိုးပြု စတုတ္ထမဏ္ဍိုင်အဖြစ် မားမားမတ်မတ် ဖြစ်ထွန်းလာစေရန် မည်သို့ကြိုးပမ်းဆောင် ရွက်လျက် ရှိသည်တို့ကို သိရှိလိုကြောင်း” မေးခွန်းအား ပြန်လည်ဖြေကြားရာ၌ ထိုကဲ့သို့ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

စစ်မှန်သော စတုတ္ထမဏ္ဍိုင် ဖြစ်ပေါ်ရေးအတွက် အထောက်အကူ ဖြစ်စေရန် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့နှင့် စာပေလောကသားများ ပါဝင်သော ‘အမျိုးသား သတင်းဆု ရွေးချယ်ရေး ကော်မတီ’ကိုလည်း ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း . . .
ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် ပြည်တွင်းမီဒီယာလောကကို  ပြည်သူ့အကျိုးပြု စတုတ္ထမဏ္ဍိုင် အဖြစ်ပေါ်ပေါက် ဖြစ်တည်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကို ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က ပြောဆိုခဲ့ပြီးနောက် ယခင်က စာပေစိစစ်ရေးမူ(၂၁)ချက်ကို ယခု အခါ(၁၂)ချက်သို့ ပြောင်းလဲ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ပြောင်းလဲ သတ်မှတ်ရာတွင် အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးနေသည့် မူများကို လေ့လာသုံးသပ်ပြီး မိမိနိုင်ငံ၏ အရှိတရားနှင့်လည်း ညီစေရန်၊ ပြည်သူ့အကျိုးပြု စတုတ္ထမဏ္ဍိုင်လည်း ဖြစ်လာစေရန်၊ မျှော်မှန်းဆောင်ရွက် ထားခြင်းဖြစ်ကြောင်း၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားတို့ဖြင့် လုပ်ကိုင်ခွင့်ပြုသောထုတ်/တင်စနစ် နှင့်လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရား၊ လွတ်လပ်မှုနှင့် တာဝန်ယူမှုဖြင့် လုပ်ကိုင်ခွင့် တင်/ထုတ်စနစ်ကိုလည်း ကျင့်သုံးလျက်ရှိပါကြောင်း၊ ထူးချွန်သော သတင်းသမားများ ပေါ်ထွက်လာပြီး စစ်မှန်သော စတုတ္ထမဏ္ဍိုင် ဖြစ်ပေါ်ရေးအတွက် အထောက်အကူ ဖြစ်စေရန် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့နှင့် စာပေလောကသားများ ပါဝင်သော “အမျိုးသားသတင်းဆု ရွေးချယ်ရေးကော်မတီ”ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် နိုင်ငံပိုင် မီဒီယာများကို အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်နေသကဲ့သို့ ပုဂ္ဂလိက မီဒီယာများကိုလည်း အမျိုးသား အကျိုးစီးပွားကို အခြေခံသော စစ်မှန်သည့် စတုတ္ထမဏ္ဍိုင် ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း အစရှိသဖြင့် ပြောဆိုခဲ့ပါသည်။
နိုင်ငံပိုင် သတင်းစာများအနေဖြင့်မူ ပညာပေးမှုနှင့် ဖျော်ဖြေမှုကို ပေါင်းစပ်သည့် Edutainment နှင့် သတင်းနှင့်ဖျော်ဖြေမှုကို ပေါင်းစပ်သည့်  Infotainment  စနစ်များဖြင့် ဆောင်ရွက်နေကြောင်း၊ အယ်ဒီတာ့ အာဘော်၊ သတင်းဆောင်းပါး ရေးသားမှု အနှစ်သာရပိုင်းတွင်လည်း ပြောင်းလဲတိုးတက်လာသော သတင်းမီဒီယာရေးနည်း အပါအ၀င် အနှစ်သာရရှိရှိ ထိထိမိမိ ရေးသားနိုင်အောင် သင်တန်းများ၊ ဆွေးနွေးပွဲ များ၊ On Job Training  များဖြင့် ဆောင်ရွက်နေကြောင်း၊ တိုင်းပြည် နှင့် ပြည်သူများ၏ အကျိုးစီးပွား  တစ်နည်းအားဖြင့် အမျိုးသားအကျိုးစီးပွားကို နိုင်ငံပိုင် သတင်းစာများ၏  ဦးတည်ချက်အဖြစ်၊ မူဝါဒအဖြစ် ကိုင်စွဲပြီး စတုတ္ထမဏ္ဍိုင်ပီသစွာ ရပ်တည်နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေဒီယိုထုတ်လွှင့်မှုကို လည်း ရှိရင်းစွဲ မြန်မာ့အသံ၊ တိုင်းရင်းသားအသံများအပြင် ပိတောက်မြေနှင့် FM ရေဒီယိုလိုင်းအများ အပြားကို ထုတ်လွှင့်ပေးခဲ့ကြောင်း၊ ရုပ်မြင်သံကြား သတင်းထုတ်လွှင့်မှု များကိုလည်း အစီအစဉ်ရေးသား ရိုက်ကူးထုတ်လွှင့်ခြင်း ဆိုင်ရာ ပြည် တွင်း၊ ပြည်ပသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများဖြင့် သင်ကြားလေ့ကျင့် ဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောဆိုခဲ့ပါသည်။
“အမျိုးသားသတင်းဆု ရွေးချယ်ရေးအဖွဲ့က ဒီနှစ်အတွက်ဘယ်သတင်းကို ပေးမလဲဆိုတာ စိတ်ဝင် စားပါတယ်”ဟု Weekly Eleven News ဂျာနယ်မှ  အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့ပါသည်။
ဆက်လက်၍၎င်းက “Propaganda Work  လုပ်နေတဲ့သူနဲ့ အလယ်တည့်တည့်ကရပ်ပြီး စတုတ္ထမဏ္ဍိုင် ပီသစွာ လုပ်ဆောင်သူတွေကတော့ ကွာခြားတယ်ဆိုတာကိုတော့ ကွဲကွဲ ပြားပြား သိစေလိုပါတယ်။ စတုတ္ထ မဏ္ဍိုင်ဆိုတာက နိုင်ငံရဲ့အရေးပါတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ကို မှန်ရင်မှန်သလို မှားရင်မှားသလို ဝေဖန်ထောက်ပြ ရတာ ဖြစ်ပါတယ်။  propaganda ၀ါဒဖြန့်ချိရေး လုပ်သူတွေက စတုတ္ထ မဏ္ဍိုင်မဟုတ်သလို၊ အဲဒါမျိုးကို ဘယ်နိုင်ငံမှာမှ စတုတ္ထမဏ္ဍိုင်လို့ အသိအမှတ်မပြုပါဘူး။ state media  ကတစ်ဆင့် ထုတ်ပြန်မှုတွေ အလေးပေးလုပ်ဆောင်တာကို ကမ္ဘာပေါ်က တစ်ပါတီစနစ်နဲ့အာဏာရှင် စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာသာ တွေ့ရမှာ ဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင် ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုရင်တော့ ပုဂ္ဂလိကမီဒီယာတွေရဲ့ အခန်းကဏ္ဍ ဟာ ဒီထက်ပိုမိုဖွံ့ဖြိုးဖို့ လိုပါတယ်။ ဒီမိုကရေစီစနစ်မှာ ပုဂ္ဂလိကသတင်း မီဒီယာတွေ ဖွံ့ဖြိုးဖို့ လိုလာပါပြီ”ဟု သုံးသပ်ခဲ့ပါသည်။

ဧရာဝတီသတင်းဌာန RFA သတင်းထောက်ဦးစိန်ကျော်လှိုင် ကို ဂျောက်တွန်း



အီးမေးနဲ့ရောက်လာတဲ့ ဦးစိန်ကျော်လှိုင်ရဲ့ တုံ့ပြန်ချက် ဖြစ်ပါတယ်။


ဧရာဝတီသတင်းဌာန RFA သတင်းထောက်ဦးစိန်ကျော်လှိုင် ကို ဂျောက်တွန်း

ပြည်တွင်းမီဒီယာများ၏ စာပေလွတ်လပ်ခွင့် အဆင့်အတန်းမှာ ကွန်မြူနစ် တစ်ပါတီစနစ်ဖြစ်သော တရုတ်နိုင်ငံ၏ စာပေလွတ်လပ်ခွင့်ကိုပင် မမီသေး


ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီ မြန်မာအစိုးရနှင့် အခြားနိုင်ငံအစိုးရတို့ ချုပ်ဆိုခဲ့သော စာချုပ်များအရ ပေါ်ထွက်လာသော တရားမျှတသည့် တာဝန်များ၊ ပဋိညာဉ်များကို အခြားနိုင်ငံကလေးစားပါက မြန်မာနိုင်ငံကလည်း လေးစားမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဆိုထားကြောင်းနှင့် အခြားသော ပဋိညာဉ်ဆိုင်ရာပြဌာန်းချက် အချို့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်ကြောင်း  ဖွဲ့စည်းပုံအခြေခံဥပဒေအရ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပဋိညာဉ်ဆိုင်ရာ ပြဌာန်းချက်အချို့မှာ ''ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီကာလက ပြည်ထောင်စုမြန်မာနိုင်တော်အစိုးရနှင့် အခြားနိုင်ငံအစိုးရတို့ ချုပ်ဆိုအတည်ဖြစ်ခဲ့သော စာချုပ်များအရ သော်လည်းကောင်း သဘောတူညီချက်များအရ သော်လည်းကောင်း ပေါ်ထွက်လာသော တရားမျှတသည့် တာဝန်များကို အဆိုပါအခြားနိုင်ငံကလည်း  ပြည်ထောင်စုမြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ထားရှိအပ်သော ပဋိညာဉ်များကို လေးစားပါက ပြည်ထောင်စု  သမ္မတမြန်မာနိုင်ငံတော်ကလည်း လေးစားသည်'' ဟု ဖွဲ့စည်းပုံအခြေခံ  ဥပဒေပုဒ်မ ၄၅၆ တွင် ပြဌာန်းထားပါသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၇(က)(ခ)တို့တွင် ပြဌာန်းထားသည်မှာ ''ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီကာလက ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် ချုပ်ဆိုထားရှိခဲ့သော ပဋိညာဉ်များနှင့် စပ်လျဉ်း၍ ဖြစ်စေ၊တာဝန်များနှင့် စပ်လျဉ်း၍ ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအား တရားစွဲဆိုနိုင်သော အခွင့်အရေးအရ တရားစွဲဆိုရန် ပေါ်ပေါက်ခဲ့လျှင် ပြည်ထောင်စုအစိုးရအား တရားစွဲဆိုနိုင်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အမည်ဖြင့် တရားစွဲဆိုနိုင်သည်။ ထိုနည်းတူပင် တရားစွဲဆိုခြင်းကိုခံနိုင်သည်'' ဟူ၍ ဖြစ်ပါသည်။
ပြည်သူအများမလိုလားသော မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဟု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။မြစ်ဆုံစီမံကိန်းရပ်ဆိုင်း ထားသည် ဆိုခြင်းမှာ တည်ဆောက်မှုများရပ် ဆိုင်းသည်ဟု ဆိုလိုပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း မြန်မာနှင့်တရုတ်သည် ယခုနှစ် အစောပိုင်းတွင် သဘောတူညီမှုတစ်ခု ရခဲ့ပြီး နှစ်ဖက်ဘဏ်များက တရုတ်ယွမ်ငွေဖြင့် ချေးငွေသဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးခဲ့ကြောင်း၊ ချေးငွေပြန်ဆပ်မည်ကို အာမခံသည့်အနေဖြင့်  မြစ်ဆုံရေအားလျှပ်စစ်စက်ရုံ မြန်မာနိုင်ငံဘက်မှ ပိုင်ဆိုင်မှု ရှယ်ယာပမာဏဖြင့် အာမခံခဲ့ကြောင်း၊ယင်းမှရရှိရန် မျှော်လင့်ထားသည်များကို ချေးငွေပြန်ဆပ်ရန် အဓိကရင်းမြစ်အဖြစ် သတ်မှတ်ခဲ့ကြကြောင်း၊မြစ်ဆုံစီမံကိန်းရပ်လိုက်ပါက ချေးငွေသဘောတူညီချက် ချမှတ်မှုအပေါ် ဆိုးဆိုးရွားရွား သက်ရောက်နိုင်ကြောင်း တရုတ်စွမ်း အင်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ(CPI) ဥက္ကဋ္ဌ လူကျိရှိုက တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၅၆ နှင့် ၄၅၇ တို့တွင်လည်း ပဋိညာဉ်ဆိုင်ရာ ပြဌာန်းချက်အချို့ ပါဝင်နေခြင်း၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က သ၀ဏ်လွှာပေးပို့ ရပ်ဆိုင်းခြင်း၊(CPI) ဥက္ကဋ္ဌ လူကျိရှိုက ပြော ကြားခြင်း စသည့် အကြောင်းခြင်းရာတို့အပေါ် မြန်မာနိုင်ငံအစိုးရအနေဖြင့် မည်သို့မည်ပုံ ဆက်လက်ဖြေရှင်း ဆောင်ရွက်သွားမည်ကို ဥပဒေပညာရှင်အချို့က စိတ်ဝင်စားနေကြောင်း ဥပဒေပညာရှင်များ အသိုင်းအ၀ိုင်းမှ သိရသည်။
''မြစ်ဆုံဆည် တည်ဆောက်တာနဲ့ပတ်သက်လို့ ယခင်မြန်မာအစိုးရနဲ့ တရုတ်အစိုးရအကြား ဘယ်လို ပဋိညာဉ်မျိုးတွေ၊ဘယ်လို အချက်တွေနဲ့ သဘောတူချုပ်ဆိုထားတာ ကျွန်တော်တို့အနေနဲ့ အတိအကျမသိလို့ ဝေဖန်သုံးသပ်ဖို့ ခက်ပါတယ်။တကယ်လို့များ ယခင်မြန်မာအစိုးရနဲ့ တရုတ်အစိုးရအကြား ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေထဲမှာ Arbitration agreement လို့ဆိုတဲ့ ခုံသမာဓိဆိုင်ရာ သဘောတူညီချက် အပိုဒ် ထည့်ထားမယ်ဆိုရင် ဥပဒေကြောင်းအရ တရားစွဲတာတွေ ဆိုင်းငံ့ထားပြီး ခုံသမာဓိ သဘောတူညီချက်နဲ့အညီ အရင်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်'' ဟု ဥပဒေအတိုင်ပင်ခံ တရားလွှတ်တော် ရှေ့နေကြီးတစ်ဦးက သုံးသပ်ပါသည်။
ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အက်ဥပဒေ(The Arbitration Act )ကို မြန်မာနိုင်ငံတွင် ၁၉၄၄ခုနှစ်က ပြဌာန်းခဲ့ကြောင်း၊ ယင်းဥပဒေတွင် Arbitration agreement ကို အဓိပ္ပာယ်ဖွင့်ဆိုထားရာ Arbitration agreement ခုံသမာ ဓိဆိုင်ရာ သဘောတူညီချက်ဆိုရာတွင် ခုံသမာဓိလူကြီး၏ အမည်ဖော်ပြထားသည်ဖြစ်စေ မဖော်ပြသည်ဖြစ်စေ ခုံသမာဓိမှုတွင် တင်ပြရန် သို့မဟုတ် အနာဂတ်ကွဲလွဲချက်များနှင့် စပ်လျဉ်း၍ အရေးအသားဖြင့် ပြုလုပ်ထားသော သဘောတူညီချက်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း ကုမ္ပဏီတစ်ခု၏ ဥပဒေအကြံပေးတစ်ဦးက ရှင်းပြသည်။
ခုံသမာဓိဆိုင်ရာ သဘောတူညီချက်တွင် ပါဝင်သူတစ်ဦး သို့မဟုတ် ၎င်းဘက်မှ တောင်းဆိုပိုင်ခွင့်ရှိသူ တစ်ဦးဦးက သဘောတူညီချက်တွင် ပါဝင်သူအခြားတစ်ဘက် သို့မဟုတ် ထိုသူဘက်မှ တောင်းဆိုပိုင်ခွင့်ရှိသူ တစ်ဦးဦးသို့ သဘောတူညီထား သည့် အကြောင်းကိစ္စတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တရားဥပဒေဆိုင်ရာ ဆောင်ရွက်ချက်ပြုလုပ်ရန် စတင်ဆောင်ရွက်လာသော ယင်းသို့ ဥပဒေ ကြောင်းအရ ဆောင်ရွက်လာသူသည် အရေးအသားဖြင့် တင်ပြခြင်းမပြုမီ သို့မဟုတ် အမှုနှင့်စပ်လျဉ်း၍ အခြားနည်းဆောင်ရွက်ခြင်းမပြုမီ အမှုကိုစစ်ဆေးပြီး ပြတ်မှုမရှိသေးသည့် တရားရေးအာဏာပိုင်ထံ အမှုကိုဆိုင်းငံ့ထားရန် လျှောက်ထားရမည်ဖြစ်ကြောင်း ခုံသမာဓိမှုဆိုင်ရာ သဘောတူညီချက်အရ ယင်းအကြောင်းကိစ္စအား အဘယ်ကြောင့် လွှဲပြောင်းမပေးထိုက်ကြောင်း ခိုင်လုံသည့် အကြောင်းအချက်မရှိကြောင်း ကျေနပ်ဖွယ်တွေ့ရှိသည့်အပြင် လျှောက်ထားသူသည် အမှုဆောင်ရွက်ချက် စတင်သည့်အခါမှ ယခုထက်တိုင် ခုံသမာဓိအမှု၌ လုပ်ကိုင်ဆောင်ရွက်ရမည့် ကိစ္စအ၀၀ကို ဆောင်ရွက်ရန် အသင့်ရှိလျှင် သို့မဟုတ် ဆန္ဒရှိလျှင် တရားရေးအာဏာပိုင်သည် အမှုဆောင်ရွက်ချက်အား ဆိုင်းငံ့ရန် အမိန့်ထုတ်ပြန်နိုင်ကြောင်း ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၃၄ တွင် ပြဋ္ဌာန်းထားပါသည်။
'တတိယပုဂ္ဂိုလ်(အပြင်လူ)မှ ခုံသမာဓိလူကြီးများ ခန့်အပ်သည်ကို သဘောတူညီခြင်း' ဟူသည့် ခေါင်းစဉ်အောက်တွင်လည်း ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၄ ကို ပြဋ္ဌာန်းထားရာ''  ခုံသမာဓိဆိုင်ရာ သဘောတူညီချက်တွင် ပါဝင်သဘောတူညီသူများသည် ခုံသမာဓိလူကြီး သို့မဟုတ် ခုံသမာဓိလူကြီးများ ဤသဘောတူညီချက်အရ ခန့်အပ်ရာ၌ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ရွေးချယ်ခန့်ထားပေးနိုင်ရန် ယင်းပုဂ္ဂိုလ်အား အမည်နာမတပ်၍ ဖြစ်စေ၊ရာထူးတပ်၍ ဖြစ်စေ လျာ ထားသတ်မှတ်နိုင်သည်''ဟူ၍ဖြစ်ပါသည်။
ပြဿနာဖြစ်ပေါ်ခဲ့ပါက နှစ်ဦးနှစ်ဖက် သဘောတူုညီသည့် ခုံသမာဓိလူကြီးမင်းများ ပါဝင်သော ခုံသမာဓိအဖွဲ့၏ အဆုံးအဖြတ်အား နာခံမည်ဟု စာချုပ်တွင် ထည့်သွင်းထားပါက တရားရုံးသို့ သွားရောက်ရင်မဆိုင်လိုသဖြင့် ဦးစွာခုံသမာဓိ လူကြီးမင်းများ၏ အဆုံးအဖြတ်ဖြင့် ပြဿနာကိုအရင် ဖြေရှင်းလို၍ ဖြစ်ကြောင်း ခုံသမာဓိဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်၍ ဥပဒေပညာရှင်တစ်ဦးက ရှင်းပြပါသည်။

ထို့အတူ မြန်မာနိုင်ငံတွင် ပဋိညာဉ်ကိစ္စများ ဆောင်ရွက်နိုင်ရန် ပဋိညာဉ်ဥပဒေကို ပြဌာန်းထားပြီး ပဋိညာဉ် ဥပဒေအရ ပဋိညာဉ်တစ်ခု ဖြစ်မြောက်စေရန် လိုအပ်သည့် အင်္ဂါရပ် ၆ ချက်နှင့် ပဋိညာဉ်ပျက်ပြယ်စေနိုင်သော အချက် ၁၄ ချက်ကို ပြဌာန်းထားကြောင်း သိရသည်။
တရားဝင်ပဋိညာဉ်တစ်ခု ဖြစ်မြောက်ရန် လိုအပ်သည့် အင်္ဂါရပ် ၆ ချက်မှာ (၁) သဘောတူညီချက် ရှိရမည်။ (၂) ပဋိညာဉ်ပြုပိုင်ခွင့် အရည်အချင်းရှိသူတို့က ပြုလုပ်သည့် သဘောတူညီချက် ဖြစ်ရမည်။(၃) သဘောတူညီချက်မှာ တရားဥပဒေနှင့် ညီသော အဖိုးစားနားနှင့် ရည်ရွယ်ချက်တို့အတွက် ဖြစ်ရမည်။(၄)လွတ်လပ်သည့် သဘောဆန္ဒတူညီမှုဖြင့် ပြုလုပ်သည့် သဘောတူညီချက် ဖြစ်ရမည်။ (၅) ပဋိညာဉ်ဥပဒေက ပျက်ပြယ်ကြောင်း အတိအလင်း ပြဋ္ဌာန်းထားသော သဘောတူညီချက် မဖြစ်စေရ။ (၆) စာဖြင့် ရေးသားရမည်။သက်သေများ လက်မှတ်ရေးထိုးရမည်။မှတ်ပုံတင်ရမည် ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားလျှင် ထိုပြဋ္ဌာန်းချက်နှင့် ညီညွတ်ရမည် ဟူ၍ ဖြစ်ပါသည်။ပဋိညာဉ်ပြုရန် အရည်အချင်း ရှိသူတို့က ပြုလုပ်သည့် သဘောတူညီချက်ဖြစ်ရမည်ဆိုသည်မှာ တစ်နည်းအားဖြင့် ပဋိညာဉ်ပြုသောသူများသည် မိမိနှင့်သက်ဆိုင်သည့် တရားဥပဒေအရ တရားဝင်အရွယ်ရောက်သူများ ဖြစ်ရမည်ဖြစ်ကြောင်း စိတ်ဖောက်ပြန် ရူးသွပ်ခြင်းမရှိသူ များဖြစ်ရမည်ဖြစ်ကြောင်း၊ မိမိနှင့်သက်ဆိုင်သည့် တရားဥပဒေ တစ်စုံတစ်ရာအရ ပဋိညာဉ်ပြုနိုင်ခွင့် အရည်အချင်းပျက်ယွင်းသောသူ မဖြစ်စေရကြောင်း သိရသည်။
ပဋိညာဉ်ဥပဒေအရ ပဋိညာဉ်ပျက်ပြယ်စေနိုင်သည့် အချက် ၁၄ ချက်

၁။ ပဋိညာဉ်ပြုပိုင်ခွင့် အရည်အချင်းမရှိသူတို့က ပြုလုပ်သော သဘောတူညီချက်များ
၂။ သဘောတူညီကြသူများက သဘောတူညီချက်၏ အဓိကဖြစ်သော အကြောင်းအရာနှင့်ပတ်သက်၍ မှားယွင်းလျှက်ပြုလုပ်သော သဘောတူညီချက်များနှင့် မြန်မာနိုင်ငံအတွင်း အာဏာမတည်သော ဥပဒေနှင့်ပတ်သက်၍ မှားယွင်းလျှက်ပြုလုပ်သော သဘောတူညီချက်များ
၃။ တရားဥပဒေနှင့်မညီသော အဖိုးစားနား သို့မဟုတ် ရည်ရွယ်ရင်းအကြောင်းအတွက် ပြုလုပ်သော သဘောတူညီချက်များ
၎။ တရားဥပဒေနှင့်မညီသော အဖိုးစားနား၏ အစိတ်အပိုင်း သို့မဟုတ် ရည်ရွယ်ရင်းအကြောင်း၏ အစိတ်အပိုင်းအတွက် ပြုလုပ်သော သဘောတူညီချက်များ
၅။ အဖိုးစားနားမပါရှိသော သဘောတူညီချက်များ
၆။ထိမ်းမြားလက်ထပ်ခြင်းကို တားမြစ်ချုပ်ခြယ်သော သဘောတူညီချက်များ
၇။ ကူးသန်းရောင်းဝယ် အသက်မွေးဝမ်းကျောင်းမှုကို တားမြစ်ချုပ်ခြယ်သော သဘောတူညီချက်များ
၈။ တရားစွဲဆိုခြင်းကို တားမြစ်ချုပ်ခြယ်သော သဘောတူညီချက်များ
၉။ အဓိပ္ပာယ်တိကျ သေချာမှုမရှိသော သို့မဟုတ် တိကျသေချာအောင် မလုပ်နိုင်သော သဘောတူညီချက်များ
၁၀။ လောင်းကစားနည်းဖြင့် ပြုလုပ်သော သဘောတူညီချက်များ၁၁။ မရေရာသော အနာဂတ်ဖြစ်ရပ်တစ်ခုအပေါ်တည်သော သဘောတူညီချက်၊ ထိုဖြစ်ရပ် မဖြစ်နိုင်တော့သောအခြေအနေ ရောက်သောအခါ ပျက်ပြယ်ခြင်း
၁၂။ မဖြစ်နိုင်သော ပြုမူမှုတစ်ခု ပြုလုပ်ရန် သဘောတူညီချက်များ
၁၃။ နောင်အခါတွင် မဖြစ်နိုင်သော သို့မဟုတ် တရားဥပဒေနှင့်မညီသော အခြေသို့ ဆိုက်ရောက်လာသော ပြုမူမှုကို ပြုလုပ်ရန် သဘောတူညီချက်များ
၁၄။ တရားဥပဒေနှင့်ညီသော အလုပ်တစ်ခုကို ပထမပြုလုပ်ရန်နှင့် တရားဥပဒေနှင့်မညီသော အလုပ်ကို ဒုတိယပြုလုပ်ရန် အပြန်အလှန်ကတိများ ပြုရာတွင် ဒုတိယကတိမှာ ပျက်ပြယ်ခြင်း

အထက်ပါသတင်းအား ယခုတစ်ပတ်ထုတ် Weekly Eleven News Journal တွင် ထည့်သွင်းဖော်ပြရန် သက်ဆိုင်ရာ စာပေစိစစ်ရေးသို့ တင်ပြရာ ခွင့်မပြုဘဲ ဖြုတ်ပယ်ခြင်းခံခဲ့ရပါသည်။ ထို့ကြောင့် လက်ရှိတွေ့ကြုံရသော အခြေအနေအရ ပြည်တွင်းမီဒီယာများ၏ စာပေလွတ်လပ်ခွင့် အဆင့်အတန်းမှာ ကွန်မြူနစ် တစ်ပါတီစနစ်ဖြစ်သော တရုတ်နိုင်ငံ၏ စာပေလွတ်လပ်ခွင့်ကိုပင် မမီသေးသော အနေအထားပင် ဖြစ်ပါသည်။
အယ်ဒီတာအဖွဲ့
http://www.news-eleven.com/

ABMA Journal Volume 2 No 19

ABMA Journal Volume 2 No 19

နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် နော်ဝေးနိုင်ငံကိုယ်စားလှယ် Espen Barth Eide ကလည်း မျှော်လင့်နေ

အောင်ကိုကိုလတ် (မြစ်မခ)
၂၀၁၁ခုနှစ် အောက်တိုဘာလ ၈ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေးနိုင်ငံ ကိုယ်စားလှယ်  Espen Barth Eide တို့သည် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ခြင်းနှင့် ပတ်သက်ပြီး နေ့လည် ၂နာရီခွဲခန့်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ် ဦးအောင်ကြည်နဲ့ တွေ့တုန်းကလည်း သတင်းထုတ်ပြန်ချက်တွေထဲမှာ ပါတယ် လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးဖို့ အမြဲပြောနေခဲ့တယ် အသစ်လည်းမဟုတ်ပါဘူး အမြဲလည်း လွတ်ပေးဖို့ ဆက်ပြောနေမှာပါ”ဟု အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် နော်ဝေးနိုင်ငံ ကိုယ်စားလှယ်လောင်းမှလည်း မျှော်လင့်နေကြောင်းကို ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တွေ့ဆုံပွဲအပြီးတွင်ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်များမှ အန်အယ်ဒီပါတီမှတ်ပုံတင်ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် နိုင်ငံတော် အစိုးရမှ ချမှတ်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှ အချို့အချက်အလက်များအား ပြန်လည်ပြင်ဆင်ခြင်းပေါ်တွင် မူတည်၍ ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

`လွှတ်တော်တွင်းမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေများ ပြင်ဆင်မယ်ဆိုတာ ကြားနေလို့ အဲဒီပေါ်မှာ ဆွေးနွေးကြတာပါ၊ အဲဒီဥပဒေကတောင် ဘာမှ အတည်မပြုရသေးဘူး အန်တီတို့က ဘာကို ဘယ်လို ဆုံးဖြတ်ရမှာလဲ`ဟု ဟု အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး မှတ်ပုံတင်ခြင်းသည် CEC ၏ဆုံးဖြတ်ချက် အပေါ်တွင်မူတည်ကြောင်း၊ ပါတီမှတ်ပုံတင်ရေးတွင် နိုင်ငံတော်၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဆိုင်ရာ ပြင်ဆင်ပြောင်းလဲရေး မည်သို့သော စည်းမျဉ်းစည်းကမ်းများ မသိရှိသေးသောကြောင့် မည်သို့ဆုံးဖြတ် ချက်ချရမည်ကို မသိသေးကြောင်း အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် မှမီဒီယာများသို့ပြောကြားခဲ့သည်။
` အဖွဲ့ချုပ်မှတ်ပုံတင်ဖို့ဆိုတာ CEC နဲ့ဆုံးဖြတ်ရမှာပါ ကျွန်မတစ်ယောက်ထဲ ဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ CEC ရဲ့သဘောတူညီချက် ဖြစ်တဲ့ ဆုံးဖြတ်တစ်ခုချတဲ့အခါမှပဲပြောလို့ရမှာပါ´ဟု အမျိုးသားဒီမိုကရေစီအဖွဲချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

နိုင်ငံရေး အကျဉ်းသား( ၂၀၀ဂ)နှစ်ထောင် မကြာမီလွှတ် ပေးမည်

နိုင်ငံရေး အကျဉ်းသား( ၂၀၀ဂ)နှစ်ထောင် မကြာမီလွှတ် ပေးမည်။ ဒေါ်အောင်ဆန်းစုကြည်အား မိမိတို့  ဘက်မှ ၀မ်းမြောက် ၀မ်းသာ နိုင်ငံရေးအရ ကြို ဆိုပါမည်ဟု ဦးရွှေမန်း ပြောဆို


နော်ဝေနိုင်ငံမှ အစိုးရအဖွဲ့ ဝင် ၀န်ကြီး (Espen Barth Eide) အက်စ်ဘတ်အီဒဲ -သည် ၇။၁၀။ ၂၀၁၁ နေ့ က မြန်မာ အစိုးရ၏ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် နေပြည်တော်တွင် သွားရောက် တွေ့ ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် ဦးရွှေမန်းမှ မြန်မာနိုင်ငံတွင်များမကြာမီ ရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသား(၂၀၀ဂ) နှစ်ထောင် လွှတ် ပေးမည်ဟု ထုတ်ဖော်ပြောဆိုသည်ကို နော်ဝေရုပ်မြင်သံကြား ဌာန တခု ဖြစ်သည့် .nrk မှ ပြသသွားသည်။

ဦးရွှေ မန်းမှ မြန်မာလို အကျဉ်းသားများ လွှတ်ပေးမည်ကို နော်ဝေ ၀န်ကြီးမှ နားမလည်သဖြင့် ပြန်လည်မေးမြန်းရာ -မကြာမီ ရက်ပိုင်း အတွင်း ပေါ့ ။အကောင်အထည်ဖော်မှာ ပါဟု ပြန်လည်ဖြေကြားရာ အင်္ဂလိပ် စကားပြန်မှ within a few days ဟု ပြန်ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရကြို ဆိုပါမည်လား ဟု ထပ်မံမေးမြန်းရာတွင် -- ရှိနိုင်ဖို့ အခွင့် အလမ်းတွေ ပေါ်လာနိုင်ပါတယ်။ အဲလို ပေါ်လာမယ်ဆိုရင်လည်း မိမိတို့  ဘက်မှ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုမည်ဖြေစ်ကြောင်း ထုတ်ဖော်ပြောဆိုပါသည်။

ဦးရွှေမန်း၏ နော်ဝေ ၀န်ကြီးအား မြန်မာလို ပြန်လည် ဖြေကြားချက် (ဗွီဒီယိုဖိုင်ကြည့်ရန် -နှိပ်ပါ)/

မူရင်း နော်ဝေ သတင်း

" Burma lover å løslate 2000 politiske fanger

Militærregimet i Burma holdt i fjor et svært kritisert valg, men etterpå trakk generalene seg tilbake og ga landet en sivil regjering og et parlament, som fungerer på et slags vis.

Noen av de tidligere militære lederne har nå blitt ivrige forkjempere for en ny, demokratisk utvikling i landet.

Statssekretær Espen Barth Eide møtte fredag nasjonalforsamlingens president U Shwe Mann i Burmas hovedstad Naw Pyi Taw.

U Shwe Mann var tidligere nummer tre i militærjuntaen, men ønsker nå demokratiske reformer velkommen.








နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမူကြမ်း ပြင်ဆင်မှုများပါရှိ


ချင်းမိုင် (မဇ္ဈိမ) ။      ။ 'နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ' ကို အထက်လွှတ်တော် ဥပဒေမူကြမ်း ကော်မတီ
မှ ပြန်လည် ပြင်ဆင်ပြီး ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်သို့ ဥပဒေကြမ်း အဖြစ် တင်သွင်းရာ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပတ်သက်
သော ပြင်ဆင်ထားသည့် အချက်တချက် အပါအဝင် အခြားအချက် နှစ်ချက်ကို ပြင်ဆင်ထားသည်ဟု လွှတ်တော် အမတ်များက ပြောသည်။

စစ်အစိုးရ လက်ထက် ၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် 'နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း
ဥပဒေ' အခန်း (၂)၊ အပိုဒ် (၆)၊ အပိုဒ်ခွဲ (ဂ) ပါ "ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ကို ထိန်းသိမ်းစောင့်ရှောက်ရေး" ဟု ပါရှိရာ 'ထိန်းသိမ်းစောင့်ရှောက်' ဟူသည့် စကားရပ်အစား 'လေးစားလိုက်နာ'
ဟု အထက်လွှတ်တော် ဥပဒေမူကြမ်း ကော်မတီမှ ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် 'နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ' အခန်း (၃) အပိုဒ် (၁၂)၊ အပိုဒ်ခွဲ (၁)တွင် အထွေထွေ
ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်၊ တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်များ အနက် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် မိမိပါတီမှ လွှတ်တော် ကိုယ်စားလှယ် လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ခွင့် မရှိဟု ဖေါ်ပြထားရာ အထက်လွှတ်တော်မှ 'အထွေထွေ ရွေးကောက်ပွဲ၌' စကားရပ်အစား၊ 'ရွေးကောက်ပွဲများတွင်' ဟု ပြင်ဆင်လိုက်သည်။

ယင်းအပြင် အခန်း (၂)၊ အပိုဒ် (၁၀)၊ အပိုဒ်ခွဲ (င) တွင် ပါရှိသည့် ပါတီဝင်များသည် ထောင်ဒဏ်ကျခံနေရသူများ မဖြစ်စေရဟု ကန့်သတ်ထားသည့် အချက်ကိုလည်း ပယ်ဖျက်ထားကြောင်း သိရသည်။

ထလော့ တရုတ်ထလော့...


မြစ်ဆုံဆည် စီမံကိန်းမှတရုတ် အင်ဂျင်နီယာ တစ်ယောက်ရဲ့ ရေးသားချက် (မြန်မာဘာသာပြန်)
 ပြန်အစားထိုးလို့ မရတော့တဲ့ ပျက်ဆီးသွားပြီ ဖြစ်တဲ့ မြစ်ဆုံ သဘာဝဝန်းကျင် မြင်ကွင်း...

အများသိရှိစေရန်အတွက် အကြမ်းဖျဉ်းရေးသား ဘာသာပြန်ပါသည်....
ကျွန်တော်တို့တတွေ တနေရာတည်းကို အာရုံစူးစိုက်ပြီး ကြည့်ကြရအောင်.... မိုးပြို၊ မုန်တိုင်း ကြားက မျက်ရည်နဲ့ တူတဲ့ မြန်မာမြစ်ဆုံ စီမံကိန်း ဆောက်လုပ်ရေး အတိုင်းအတာ တွေကို စကားပြောကြပါမယ်...။ မြစ်ဆုံစီမံကိန်းကို သမ္မတကြီး ဦးသိန်းစိန်က ရုတ်တရက် ရပ်ဆိုင်း လိုက်ပါတယ်...။ တရုတ် စွမ်းအင်ကုမ္ပဏီရဲ့ ကြီးကြပ်ဆောင်ရွက်သူ လူကြီးများအနေဖြင့် အခွင့်အလမ်းတရပ် ဆုံးရှုံးသွားရမှု အတွက် အံ့သြဝမ်းနည်းကြီးစွာ ဖြစ်ရပါတယ်...။ ထို့နည်းတူ ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းခွင် ဝန်ထမ်းများမှလည်း ကြားရတဲ့ သတင်းအတွက် ဇောချွေးများဖြင့် အံသြဝမ်းနည်း ကြီးစွာ ခံစားချက်တွေ ရောထွေးကုန်ပါတယ်...။

ပျော်ရွှင်ချမ်းမြေ့မှုတွေ နေရာမှာ ပျက်ဆီးဆိတ်သုန်း သွားခဲ့ပါပြီ။ အိမ်ပြန်သွားမဲ့ တနေ့ မိသားစုကို ပြောရမယ့်စကားက မကောင်းပါဘူး။ မပြီးဆုံးသေးတဲ့ မြစ်ဆုံစီမံကိန်းက ရပ်ဆိုင်းသွားပါပြီ။ ဆောင်ရွက်စရာ လုပ်ငန်းများ မရှိတော့ပါဘူး...။ ကျွန်တော်တို့ အားလုံး အလုပ်လက်မဲ့ အဖြစ် ရင်ဆိုင်ရတော့ မယ်ဆိုတဲ့ စကားကိုပဲ ပြောနိုင်ပါတော့တယ်...။ 

ဒီစီမံကိန်းဟာ ကျွန်တော်တို့ လုပ်ရကိုင်ရတာ သက်တောင့် သက်သာ မဖြစ်ဆုံး အလွန်အမင်း ခက်ခဲကြမ်းတမ်းတဲ့ အကျိုးသက်ရောက်မှု နည်းတဲ့ လုပ်ငန်းခွင်တခုပါ...။ ဒီမြစ်ဆုံ စီမံကိန်းမှာ ကျွန်တော်တို့ဟာ များစွာသော လူအင်အား၊ စက်အင်အား၊ နည်းလမ်း၊ ကုန်ကျစားရိတ်မြင့်မားစွာ၊ ဝန်ထုတ်၊ ဝန်ပိုးပေါင်းများစွာနဲ့ ပေးဆပ်လုပ်ကိုင်ခဲ့ရပါတယ်..။ တနှစ်ကျော်ကြာ လုပ်ငန်းခွင်မှာ ကျွန်တော်တို့ တရုတ် အလုပ်သမားတွေဟာ စိုစွတ်၊ ပူပြင်း၊ ဆိုရွားတဲ့ ရာသီဥတုဒဏ်၊ ခြင်ကိုက်ခံရတဲ့ဒဏ်၊ ငှက်ဖျားရောဂါနဲ့ တခြား ကူးစက်ရောဂါ ဒါဏ်တွေကို ကြံ့ကြံ့ခံပြီး တံခါးပိတ်ဝါဒနဲ့ ခေတ်နောက်ပြန်ဆွဲပြီး ကြောက်စရာ ကောင်းလောက်အောင် ပျက်ဆီး ယိုယွင်းနေတဲ့ မြန်မာပြည်အတွက် အလုပ်လုပ်ခဲ့ကြတာပါ...။

စွမ်းအင်အတွက် လိုအပ်တဲ့ အရေးကြီး ပစ္စည်းတွေနဲ့ အစိတ်အပိုင်းများကို တရုတ်ပြည်မှ တင်သွင်းခဲ့ပါတယ်..။ မညီမညာ၊ ဆိုးဝါး ရှည်လျားတဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျော်ဖြတ်နိုင်ဖို့ အတွက် ငွေကို အသုံးပြုခဲ့ရပါတယ်..။ မြန်မာပြည်မှာ အစိုးရဝန်ထမ်းတွေဟာ လစာအတော်နည်းပါးကြပါတယ်..။ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲ အရာကြီး အဆင့်ရှိသူရဲ့ လစာငွေဟာ တရုတ်ယွမ် ၁၀၀၀နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၈၀၀ခန့်သာရရှိပါတယ်..။ ဒါပေမယ့်သူတို့ဟာ အင်မတန် ချမ်းသာကြပါတယ်..။ မမြင်ရတဲ့ ကျောထောက်နောက်ခံ ငွေကြေးတွေ ရရှိနေပါတယ်..။ အများစုသော မြန်မာလူမျိုးများဟာ ဆင်းရဲဒုက္ခ ရောက်နေကြပြီး၊ ဆာလောင်မွတ်သိပ်မှု၊ ဝတ်စရာအဝတ်မရှိမှု စတာတွေနဲ့ ကြုံတွေနေရပါတယ်...။ ကျွန်တော်တို့ဟာ ဘယ်သူမှ မကြည့်ကြတဲ့ မြန်မာလူမျိုးတွေကို အလုပ်တွေ ပေးခဲ့ကြပါတယ်...။
 စီမံကိန်း ဝင်းအား ကာရံထားပုံ
မြစ်ဆုံစီမံကိန်းဝင်းအတွင်းမှ လုံခြုံရေးမျှော်စင်....

တနှစ်ကျော် အလုပ်လုပ်ခဲ့ကြတဲ့ အချိန်အတွင်းမှာ ဆိုးဝါးလှတဲ့ လမ်းပန်းဆက်သွယ်မှုနဲ့ ကြုံတွေ့ခဲ့ရကြပါတယ်..။ မြန်မာပြည်ရဲ့ ကချင်ပြည်နယ်ဟာ စစ်ဖြစ်နေပြီး ကန့်သတ်နယ်မြေလည်း ဖြစ်ပါတယ်...။ ကျွန်တော်တို့ဟာ လုပ်ငန်းခွင်မှာ ဒီဇယ်စွမ်းအင်ကိုပဲ အသုံးပြုခဲ့ရပါတယ်..။ နေထိုင်ရတဲ့ နေရာကလည်း ယာယီတဲအိမ်သာသာ၊ ဆယ်လူလာဖုန်းလည်း သုံးမရ..၊ ဘဝဟာ ကမ့်သွင်းပြီး နေနေရသလိုပါပဲ..။ ပတ်ဝန်းကျင်မှာ လုံခြုံရေးမျှော်စင် ကင်းတဲတွေ၊ ဝါယာကြိုးတွေ ကာရံထားတဲ့ ကွန်ပေါင်းတခုထဲမှာ အကျဉ်းကျသလို နေနေရတာပါပဲ...။ တခြားတိုင်းပြည်တွေမှာလို မိမိတို့ရဲ့ ကိုယ်ပိုင် လုံခြုံမှုမရှိတဲ့အတွက် လွတ်လွတ်လပ်လပ် အပြင်မသွားနိုင်ပါဘူး။ အခြေခံအားဖြင့် တကိုယ်တည်း ထီးတည်း နေရသလိုဖြစ်နေပြီး ဘဝဟာဆင်းရဲချို့တဲ့သလို ခံစားရပါတယ်..။

မြစ်ဆုံစီမံကိန်းရဲ့ မျက်နှာချင်းဆိုင် တခြားတဖက်မှာ ကချင်လွတ်မြောက်ရေးတပ် (KIA) ရဲ့ ထိန်းချုပ်ရာ နယ်မြေဖြစ်ပြီး ကျွန်တော်တို့နဲ့ မြစ်ပဲခြားနေတာပါ...။ မြို့စောင့်တပ်များက အမြဲကင်းစောင့် လှည့်လှယ်ပေးနေတာ စိတ်လှုပ်ရှားဖွယ်ရာပါပဲ။ ဒီစီမံကိန်း လုပ်ငန်းခွင်ဟာ အကြောင်းကြောင်းကြောင့် ဖျက်ဆီးတိုက်ခိုက် ခံရသည်ရှိသော် လုပ်ငန်းခွင်ကို ချက်ချင်းရပ်ဆိုင်းဖို့ အမြဲအဆင်သင့် ရှိနေရပါတယ်..။ ကျွန်တော်တိုဟာ အမြဲတမ်းလုံခြုံရေးကို အမြင့်ဆုံးတပ်လှန့်ထားပြီး လုပ်ငန်းခွင်မှာ ကိုယ့်အသက်ကို ကာကွယ်ဖို့ အမြဲအဆင်သင့် ပြင်ထားရပါတယ်..။ လုံခြုံရေးအတွက် မြန်မာလူမျိုးတွေကို ငှားရမ်းထားရပါတယ်..။

ဒီစီမံကိန်းဟာ ကချင်လူထုရဲ့ အကျိုးကျေးဇူး ရရှိစေဖို့အတွက် ဖြစ်ပေမယ့် ကချင်စစ်တပ်က ဒီလျှပ်စစ်ဓာတ်အားဟာ နောက်ဆုံးမှာ တရုတ်အတွက်ပဲ ဖြစ်ပြီး မြန်မာအတွက် အကျိုးကျေးဇူးရမှာ မဟုတ်ကြောင်း ဝင်ရောက်ကြားဝင် အနှောင့်အယှက် ပေးပါတယ်..။ လမ်းတွေပေါ်မှာတော့ ကချင်စစ်တပ်ဟာ သွားလာခွင့်ကဒ်၊ လမ်းကြေးနဲ့ လမ်းတွေကို ဖျက်တာတွေ၊  အစရှိတာတွေကိုလည်း ပြုလုပ်ပါတယ်..။ ဆက်လက်ပြီး ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ သုံး၊ လေးလကစပြီး စီမံကိန်း ပြီးမြောက်အောင် ဆောင်ရွက်မှုတွေအပေါ်မှာ အထူးသက်ရောက်ခဲ့ပြီး နှောင့်နှေးကြန့်ကြာစေပါတယ်..။

သိချင်ပါတယ်.. အကယ်၍များ  အမေရိကန်နဲ့ အနောက်အုပ်စုတွေကများ ဒီမြစ်ဆုံစီမံကိန်းကို လုပ်ကိုင်နေခဲ့မယ်ဆိုရင် မြန်မာအစိုးရဟာ အခုလို အလျဉ်းသင့်သလို ချက်ချင်းလက်ငင်း ရပ်ရဲပါ့မလား...။ နောက်ဆက်တွဲ အကျိုးဆက်တွေကို မကြည့်ပဲ ရပ်စဲရခြင်း အကြောင်းရင်းကို ပြောပြစမ်းပါ...။ ဒီကနေ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြား စေတာတွေ ရင်ဆိုင်ရပေမယ့် တရုတ်ဟာ ခံနိုင်ရည်ရှိတယ်..။ ဘာကြောင့်လဲဆိုတော့ တရုတ်ဟာ အမြဲတမ်း သဘောထားကြီးသူတွေ ဖြစ်နေလို့ပဲ...။ နောက်တရုတ်ဟာ အခုအချိန်မှာ ငွေအမြောက်အများ ရှိပြီး ချမ်းသာနေလို့ပါပဲ..။

သမ္မတဦးသိန်းစိန် မြစ်ဆုံစီမံကိန်းကို ရပ်တန်ဖို့ ကြေငြာခဲ့တဲ့ စက်တင်ဘာ (၃၀)ရက်နေ့ဟာ မကြာမှီမှာ ကျရောက်တော့မယ့် ငါတို့ တိုင်းပြည်ကို ထူထောင်တဲ့ နှစ်ပတ်လည်နေ့ အောင်ပွဲဖြစ်တဲ့  တရုတ်အမျိုးသားနေ့ (အောက်တိုဘာ ၁ရက်)မတိုင်မှီနေ့ကိုမှ သေသေချာချာ ရွေးချယ်ပြီး ကြေငြာခဲ့တာဖြစ်တယ်..။ ငါတို့ဟာ ဒီသတင်းဆိုးကို ရရှိခဲ့တယ်..။ စိတ်ကတော့ ထိန်လန့်မှုကို မဖြစ်စေဘူး .. အပြန်အလှန်အားဖြင့် ပိုပြီး စိတ်အင်အားတွေ ဖြစ်စေတယ်.။

တရုတ်လူမျိုးအပေါင်းတို့ ပျဉ်ချပ်ကဲ့သို့ ဖြောင့်ဖြောင့် တန်းတန်း အများထက်မြင့်အောင် ရပ်ကြမလား..။ ထလော့ တရုတ်လူမျိုး အပေါင်းတို့.....။

အောက်တိုဘာ ၅ရက်...
မြန်မာ မြစ်ဆုံ
တရုတ်ဘာသာမှ Translateဖြင့် အင်္ဂလိပ်၊ အင်္ဂလိပ်မှ ထပ်မံမြန်မာလို အကြမ်းဖျဉ်း ဘာသာပြန်ယူရတဲ့ အတွက် အမှားအယွင်းများ ရှိပါက ဖြည့်စွက် ထောက်ပြပေးပါရန်...

ဘာသာပြန်... ဦးထွန်းဦး၊ ဒီမိုဝေယံ

ထူးခြားမှုမရှိရင် နှုတ်ထွက်မယ်လို့ ရခိုင်ဝန်ကြီး ပြောဆို


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ပါဝင်တဲ့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က သူ့အနေနဲ့ အခုအချိန်အထိ လုပ်ပိုင်ခွင့် ဘာမှမရရှိဘဲ တကယ်လို့ နောက်ထပ် ၆ လ စောင့်ကြည့်လို့မှ ထူးခြားမှု မရှိရင် ဝန်ကြီးအဖြစ်က နှုတ်ထွက်မယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။
Facebook
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်။
ဒီအခြေအနေတွေကြောင့် သူ့အနေနဲ့ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးရာထူးကနေ နှုတ်ထွက်မှာဖြစ်ပေမယ့် လွှတ်တော်အမတ်တဦး အနေနဲ့တော့ ဆက်လက် ရပ်တည်မယ်လို့ ဦးဇော်အေးမောင်က ပြောပါတယ်။

“ကျနော် အခု ၆ လရှိပြီ၊ ကျနော် ခံစားရတာ မခံစားနိုင်တော့ဘူး။ နောက် ၆ လ မထူးရင် နှုတ်ထွက်တော့မယ်။ ဖွဲ့စည်းပုံကိုင်ပြီး ကျမ်းကျိန်ပြီး လုပ်တဲ့ အစိုးရအဖွဲ့က ဖွဲ့စည်းပုံကို မလိုက်နာတော့ ကျနော်က နစ်နာနေရတယ်။ အဲဒီတော့ ကျနော်လည်း ကြာကြာမခံနိုင်ဘူးလေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို လေးစား လိုက်နာသင့်တယ်လို့ ထင်ပါတယ်။ မလေးစား မလိုက်နာရင်တော့ ကျနော်လည်း မလုပ်ချင်တော့ဘူး”

ဦးဇော်အေးမောင်ဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကနေ ရန်ကုန်တိုင်းဒေသကြီးမှာ ရွေးချယ်ခံခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။

သမ္မတအကြံပေး ဦးကိုကိုလှိုင်နှင့် တွေ့ဆုံမေးမြန်းခန်း (၁)+(၂)

RFA Interview with President Adviser U Ko Ko Hlaing (part-1) Interview with President adviser U Ko Ko Hlaing (part-2)

စာနယ်ဇင်းလွတ်လပ်ခွင့် ပိုမိုတိုးတက်လာမည်


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်း၊ ဆောင်းပါးနဲ့ ဓာတ်ပုံတွေကို အရင်ကလို တင်းကြပ်တဲ့ ကန့်သတ်ချက်တွေ မထားတော့ဘဲ ပြည်တွင်းထုတ် သတင်းစာစောင်တွေမှာ လွတ်လပ်စွာ ဖော်ပြခွင့်ပြုနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန အကြီးအကဲက ပြောကြားလိုက်ပါတယ်။
(Photo: AFP)
နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းသမားများ မေးမြန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးတင့်ဆွေကို RFA လွတ်လပ်တဲ့အာရှအသံက သီးသန့် ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

စာပေစိစစ်ရေးဌာန အနေနဲ့ လောလောဆယ်မှာ ၁၉၆၂ ခုနှစ် စာနယ်ဇင်းဥပဒေကို အခြေခံထားတဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ၁၂ ချက်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဆင်ဆာ ဖြတ်တောက်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေပြီ ဖြစ်တဲ့အတွက် ခေတ်နဲ့လျော်ညီအောင် စာပေစိစစ်ရေးဌာနကို မထားရှိသင့်ဘူးလို့ ထင်မြင်ယူဆကြောင်းလည်း ဦးတင့်ဆွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အပတ်စဉ်ထုတ် ဂျာနယ်နဲ့ လစဉ်ထုတ် မဂ္ဂဇင်း စုစုပေါင်း ၄ ရာနီးပါး ရှိပြီး ဖျော်ဖြေရေး၊ ကျန်းမာရေး၊ နည်းပညာ၊ အားကစား စတဲ့ အကြောင်းအရာတွေ ဦစားပေး ထုတ်ဝေတဲ့ ဂျာနယ်၈၂ စောင်နဲ့ မဂ္ဂဇင်း ၉၆ စောင်ကို စာမူ ကြိုတင် ပြစရာမလိုတော့တဲ့ ပထမအုပ်စုအဖြစ် ပြီးခဲ့တဲ့ ဇွန်လက စတင် ခွင့်ပြုခဲ့ပါတယ်။ သတင်းနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ မှုခင်း စတဲ့ ကျန် ဒုတိယအုပ်စုဝင် ဂျာနယ် ၉၄ စောင်နဲ့ မဂ္ဂဇင်း ၈၆ စောင်ကိုလည်း များမကြာမီမှာ စာမူတင်ပြစရာ မလိုဘဲ ထုတ်ဝေခွင့်ပေးဖို့ အစီအစဉ် ရှိကြောင်းလည်း ဦးတင့်ဆွေက ပြောသွားပါတယ်။

The+Voice+7-43

The+Voice+7-43

ယခင်နှစ်များနှင့် မတူညီသည့် DV-2013 လျှောက်လွှာနှင့် ပါတ်သက်သည့် အချက်အလက်များ.


အောက်တိုဘာ ၄ ရက် ၂၀၁၁ နေ့လည် မှ နိုဝင်ဘာ ၅ ရက် ၂၀၁၁ နေ့လည်အချိန် အတွင်း အွန်လိုင်းမှ လျှောက်လွှာ ဖြည့်နိုင်ပြီး www.dvlottery.state.gov မှတဆင့် ဖြည့်သွင်းနိုင်ပါသည်။ (DV Program ပုံစံ အတုပြုလုပ်၍ လိမ်လည်သည့် Website များရှိခြင်းကြောင့် state.gov ပါမှသာ အမေရိကန်အစိုးရ၏ Website အစစ်ဖြစ်ပါသည်။) စာရွက်နှင့် တင်သွင်းသည့် လျှောက်လွှာများအား လက်မခံပါ။ လျှောက်လွှာ ပိတ်ရက် နောက်ဆုံး ရက်သတ္တပါတ်အထိ မစောင့်ပဲ ဖြည့်ရန် အထူးတလည် တိုက်တွန်းပါသည်။ အဘယ့်ကြောင့်ဆိုသာ် လူအများစု ၀ိုင်းဝန်းဖြည့်သောကြောင့် Website နှောင့်နှေးမှုဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။ နိုဝင်ဘာ ၅ ရက် ၂၀၁၁ နေ့လည်ကျော်မှ ရောက်ရှိလာသည့် လျှောက်လွှာများအား လက်ခံမည် မဟုတ်ပါ။

လျှောက်လွှာဖြည့်ရန် လိုအပ်ချက်များမှာ  ခွင့်ပြုစာရင်းတွင် ပါဝင်သည့် နိုင်ငံသား ဖြစ်ရပါမည်။ ခွင့်ပြုစာရင်းတွင် ပါဝင်သည့် နိုင်ငံသားဆိုသည်မှာ အများအားဖြင့် မိမိမွေးဖွားသည့် နိုင်ငံကို ဆိုလိုပါသည်။ သို့သော်လည်း ခွင့်ပြုစာရင်းတွင် ၀င်ရန် နည်းလမ်း နှစ်သွယ် ရှိပါတယ်။ ပထမ အချက်မှာ မိမိမွေးဖွားသည့် နိုင်ငံသည် ခွင့်ပြုစာရင်းတွင် မပါဝင်သော်လည်း မိမိ အိမ်ထောင်ဖက်မှာ ခွင့်ပြုနိုင်ငံစာရင်းတွင် ပါဝင်ပါက နှစ်ယောက်စလုံး၏ နိုင်ငံသားအား အတိအကျ ဖော်ပြ၍ လျှောက်ထားနိုင်ပါတယ်။ ဒုတိယ အချက်မှာ မိမိမွေးဖွားသည့် နိုင်ငံသည် ခွင့်ပြုစာရင်းတွင် မပါဝင်သော်လည်း မိမိ၏ မိဘနှစ်ပါးသည် အဆိုပါနိုင်ငံတွင် မွေးဖွားခဲ့ခြင်း၊ သို့မဟုတ် မိမိအား မွေးဖွားစဉ်ကနေထိုင်ခဲ့ခြင်း မရှိလျင် မိဘထဲမှာ တစ်ယောက်၏ မွေးဖွားသည့် နိုင်ငံအား ကိုယ်စားပြု၍ လျှောက်ထားနိုင်ပါသည်။ (လျှောက်ထားသည့် မိဘ မွေးဖွားသည့် နိုင်ငံသည် ခွင့်ပြုစာရင်းတွင် ပါဝင်ရန် လိုအပ်ပါသည်။)

DV Program တွင်ပါဝင်ရန် အောက်ပါ ပညာအရည်အခြင်း သို့မဟုတ် လုပ်ငန်း အတွေ့အကြုံ ရှိရပါမည်။
အခြေခံပညာ အထက်တန်းအဆင့် သို့မဟုတ် ၎င်းနှင့်ထပ်တူညီသည့် ပညာအရည်အခြင်း (၁၂နှစ်ကြာသည့် သင်ရိုးညွှန်းတမ်းအား အောင်အောင်မြင်မြင်ရှိခဲ့ကြောင်း ဖော်ပြရမည်။) ရှိရန်လိုအပ်ပါသည် သို့မဟုတ် လွန်ခဲ့သည့် ငါးနှစ်အတွင်း အမေရိကန် အလုပ်သမားဝန်ကြီးဌာနမှ ပြဠာန်းထားသည့် အလုပ်အကိုင်စာရင်းတွင် ပါဝင်သည့် အလုပ်အကိုင် တစ်ခုခုအား အနည်းဆုံး ၂ နှစ် သင်တန်းတက်ထားခြင်း သို့မဟုတ် လုပ်ကိုင်ဘူးသူ ဖြစ်ရမည်။

အထက်ပါအရည်အခြင်းများနှင့် ကိုက်ညီမှု မရှိပါက လျှောက်ထားရန် မသင့်ပေ။

အမေရိကန်နိုင်ငံခြားရေး ဌာနသည် သတ်မှတ်ထားသည့် အချိန်အတွင်း www.dvlottery.state.gov မှဖြည့်သည့် လျှောက်လွှာများကိုသာ လက်ခံပါသည်။ တစ်ယောက်တည်း၏ အချက်အလက်များအား တစ်ကြိမ်ထက် ပိုမို၍ တင်သွင်းပါက မည်သူပင် ဖြည့်သွင်းသည်ဖြစ်စေ အကျုံးဝင်မည် မဟုတ်ပါ။ သို့ဖြစ်သောကြောင့် မိမိကိုယ်တိုင် ဖြည့်သည် ဖြစ်စေ၊ အခြားသူအား ဖြည့်ခိုင်းသည်ဖြစ်စေ စနစ်တကျပြင်ဆင်ပြီးမှ ဖြည့်သင့်ပေသည်။

အောင်မြင်စွာ လျှောက်လွှာ ဖြည့်ဆည်းပြီးပါက ရလာဘ်အား ကွန်ပျူတာတွင် ဖော်ပြပေးမည် ဖြစ်ပြီး၊ ၎င်းတွင် ဖြည့်သူ၏ နာမည်နှင့် ကိုယ်ပိုင် နံပါတ် (Confirmation Number) တစ်ခုပါရှိပါမည်။ အဆိုပါ အချက်အလက်များအား Print ထုပ်၍ သေခြာစွာ သိမ်းဆည်းရန် လိုအပ်ပါသည်။ မေ ၁ ရက် ၂၀၁၂ မှ စတင်၍ ဖြည့်ဆည်းထားသည့် DC-2013 လျှောက်လွှာများအား www.dvlottery.state.gov ၏ Entrant Status Check မှ မိမိ၏ ကိုယ်ပိုင်နံပါတ်နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များအား ဖြည့်သွင်း၍ ၀င်ရောက်ပြီး ကြည့်ရှုနိုင်ပါသည်။ မိမိဖြည့်ဆည်းထားသည့် လျှောက်လွှာဖြင့် ဆက်လက်လုပ်ဆောင်ရမည့် အကြောင်းအရာများ၊ ဗီဇာအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အင်တာဗျူး ပြုလုပ်မည့်အချိန်အား အကြောင်းကြားခြင်းများကို Entrance Status Check မှသာ အဓိက ကြည့်ရှုရမည် ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် မိမိ ကိုယ်ပိုင် နံပါတ်အား မဖြစ်မနေ သိမ်းဆည်းထားရမည် ဖြစ်ပါသည်။ အကယ်၍ ပျောက်ဆုံးသွားပါ အမေရိကန် နိုင်ငံခြားရေးဌာန အနေဖြင့် ကိုယ်ပိုင်နံပါတ်အား ထပ်မံပေးအပ်မည် မဟုတ်ပါ။

လိုအပ်သည့် ဓါတ်ပုံများအား လျှောက်လွှာတွင် ထည့်သွင်းရန်မှာ အလွန်အရေးကြီးပေသည်။ (အိမ်ထောင်ရှိသည်၊ ကလေးရှိသည် ဆိုပါက လိုအပ်ပေသည်။) အကယ်၍ မထည့်သွင်းပါ အဆိုပါ လျှောက်လွှာသည် အရည်အချင်း မပြည့်မှီသည့်အတွက် အပယ်ခံရမည် ဖြစ်ပါသည်။ မကြာသေးခင်က ရိုက်ထားသည့် အောက်ပါပုဂ္ဂိုလ်များ၏ ဓါတ်ပုံများသည် လျှောက်လွှာတွင် မဖြစ်မနေ ပါဝင်ရမည် ဖြစ်ပါသည်။ သင်နှင့် သင့်အိမ်ထောင်ဖက်၊ သင် လျှောက်လွှာဖြည့်သည့် အချိန်တွင် အသက် ၂၁ နှစ် မပြည့်သေးသော အိမ်ထောင်မရှိသည့် ကလေးအသီးသီး၏ ဓါတ်ပုံများ၊ (အဆိုပါ ကလေးများတွင် မိမိရင်သွေး၊ တရားဝင် မွေးစားထားသည့် ကလေးများ၊ အိမ်ထောင်ဖက်၏ ကလေးများ၊ မိမိနှင့် အတူမရှိတော့သည့် ကလေး သို့မဟုတ် DV Program အတွက် လူဝင်မှုကြီးကြပ်ရေးတွင် မိမိမထည့်သွင်းခြင်သည့် ကလေးများလည်း ပါဝင်ပေသည်။) အိမ်ထောင်ဖက်နှင့် ကလေးအသီးသီး၏ ဓါတ်ပုံများ မပါဝင်သည့် လျှောက်လွှာသည် ပြည့်စုံမှုမရှိသဖြင့် ဖြည့်သွင်း၍ ရမည်မဟုတ်ပဲ အပြည့်အစုံ ဖြည့်သွင်းရမည် ဖြစ်ပါသည်။

လျှောက်လွှာတွင် မိမိ၏အိမ်ထောင်ဖက်၊ အသက် ၂၁ နှစ်အောက် လက်မထပ်ရသေးသည့် ကလေးများ (ကလေးများ ဆိုရာတွင် အမေရိကန်တွင် နေထိုင်ရန် အသနားခံစာတင်သူနဲ့ အတူနေခြင်း သို့မဟုတ် အတူနေရန်ရည်ရွယ်ခြင်း သို့မဟုတ် အသနားခံစာတင်သူနှင့် ပူးပေါင်းရန် ဆောင်ရွက်နေသူများ ပင်ဖြစ်ပါစေ ထည့်သွင်းနိုင်သည်။ သို့ရာတွင် အမေရိကန်တွင် နိုင်ငံသား သို့မဟုတ် တရားဝင် အမြဲတန်း နေထိုင်ခွင့်ရှိသူ မပါဝင်ပါ။)

အမေရိကန်တွင် အမြဲတန်းနေထိုင်ခွင့် သို့မဟုတ် နိုင်ငံသားဖြစ်နေသည့် အိမ်ထောင်ဖက် သို့မဟုတ် ကလေးများသည် DV visa လျှောက်ရန် မလိုအပ်ပါ။ သို့သော်လည်း DV-Visa လျှောက်မည့် မိသားစုဝင် အားလုံး၏ ဓါတ်ပုံနှင့် အချက်အလက်များအား လျှောက်လွှာတွင် ထည့်သွင်းဖော်ပြရမည် ဖြစ်ပါသည်။ မိသားစုဝင် တစ်ဦးခြင်းစီ၏ ဓါတ်ပုံလိုအပ်မည် ဖြစ်ပြီး၊ မိသားစုလိုက် ဓါတ်ပုံအား လုံးဝလက်မခံပါ။ DV တွင့်ပါဝင်သည့် လူအသီးသီး၏ စစ်မှန်သည့် ဓါတ်ပုံများအား မှားယွင်းစွာ ထည့်သွင်းမိပါက အဓိကလျှောက်လွှာရှင်သည် အရည်အချင်း မပြည့်မှီသည့်အတွက် ဗီဇာအင်တာဗျူးတွင် ဗီဇာအားလုံးနှင့်ပါတ်သက်သည်များကို ငြင်းပယ်ကောင်း ငြင်းပယ် ခံရမည် ဖြစ်ပါသည်။ မကြာသေးခင်က ရိုက်ထားသည့် ဓါတ်ပုံ မဟုတ်သည့်အပြင် အောက်ပါအချက်အလက်များနှင့် ကိုက်ညီမှုမရှိသည့် ဓါတ်ပုံဖြစ်ပါက သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသည့်အတွက် ငြင်းပယ်ခြင်း ခံရမည် ဖြစ်ပါသည်။

Online DV Form မှဖြည့်သွင်းသည့် အိမ်ထောင်ဖက် သို့မဟုတ် ကလေးအသီးသီး၏ ဒစ်ဂျစ်တယ် ဓါတ်ပုံဖြစ်ရမည်။ Scanner သို့မဟုတ် Digital Camera နဲ့ ရိုက်ထားသည့် ဓါတ်ပုံဖြစ်ရမည်။ အဆိုပါ ဓါတ်ပုံသည် အောက်တွင် ဖော်ပြထားသည့် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီမှု ရှိရမည်။ လျှောက်လွှာတင်သွင်းသူသည် မိမိဓါတ်ပုံသည် အရည်အချင်း မှီ မမှီအား e-DV website ၏ ဓါတ်ပုံစစ်ဆေးမှု တွင် စစ်ဆေးနိုင်သည်။ ဓါတ်ပုံ စစ်ဆေးမှုတွင် မည်သည့်အတွက်ကြောင့် လက်ခံသည် လက်မခံသည်အား ဓါတ်ပုံအထားအသိုနှင့် အခြားသော နည်းပညာပိုင်းဆိုင်ရာများအား ဥပမာပေး၍ ဖော်ပြမည် ဖြစ်သည်။

ဓါတ်ပုံအထားအသို အနေဖြင့် ခေါင်းအနေအထားသည် ကင်မရာသို့ မျက်နှာမူထားရမည်။ ဘေးသို့ သို့မဟုတ် မျက်နှာမော့ထားခြင်း မဖြစ်စေရ။ မျက်နှာအရွယ်အစားသည် ဓါတ်ပုံတစ်ပုံလုံး စုစုပေါင်းအမြင့်၏ ၅၀ ရာနှုန်းမှ ၆၉ ရာနှုန်းအတွင်း ၀င်ရမည်။ (မျက်နှာတစ်ခုလုံးဆိုရာတွင် ထိပ်ပိုင်းမှ ဆံပင်အပါအ၀င် မေးစေ့အထိ ဖြစ်သည်။)။ မျက်လုံးအမြင့်သည် ဓါတ်ပုံအအောက်ခြေ၏ ၅၆ ရာနှုန်းမှ ၆၉ ရာနှုန်းကြားအတွင်းတွင် ရှိရမည်။

နမူနာအား အောက်ပါလင့်တွင် ကြည့်ရှုနိုင်သည်။ http://travel.state.gov/visa/visaphotoreq/photoexamples/photoexamples_5331.html

နောက်ခံအနေဖြင့် သဘာဝ ဖျော့သော အရောင်ဖြစ်ရမည်။ နက်မှောင်သော၊ ရင့်သော၊ အကွက်များပါဝင်သည့် နောက်ခံအား ခွင့်ပြုမည် မဟုတ်။ ဓါတ်ပုံသည် မျက်နှာအပါအ၀င် အလုံးစုံ ကြည်လင်ပြတ်သားမှု ရှိရမယ်။ မျက်နှာလှပစေရန် တန်ဆာဆင်ထားသည့် ပစ္စည်းများ ဥပမာ နေကာမျက်မှန်ဝတ်ဆင်ထား၍ ရိုက်ကူးထားသည့် ဓါတ်ပုံများအား လုံးဝ လက်မခံပါ။

လျှောက်လွှာရှင်၏ ဓါတ်ပုံတွင် ဘာသာရေးအရ ဦးခေါင်းပေါ်တွင် ၀တ်ဆင်ထားသည့် အရာအား လက်ခံသော်လည်း မျက်နှာအား ကာကွယ်သည့်၊ ဖုန်းထားသည့် ပုံသဏ္ဍန်မဖြစ်စေရ။ လူမျိုးစု မျိုးနွယ်နှင့် ပါတ်သက်သည့် ခေါင်းဆောင်း သို့မဟုတ် ဘာသာရေးနှင့် သက်ဆိုင်မှု မရှိသည့် အခြားသော ခေါင်းဆောင်းများအား လုံးဝလက်ခံခြင်းမရှိပါ။ စစ်တပ်ဦးထုပ်၊ လေကြောင်းလိုင်း ဦးထုပ်နှင့် အခြားသော ပုဂ္ဂလိကဆိုင်ရာ ဦးထုပ် အဆောင်အယောင်များအား လုံးဝလက်မခံပါ။

ဆေးရောင်စုံ ဓါတ်ပုံဖြစ်ရန် လိုအပ်သည်။ မည်သို့ပင် ရိုက်ကူးထားသည့် ဓါတ်ပုံဖြစ်စေ အရောင်သတ်မှတ်ချက် အနေဖြင့် 24 bit color mode or True Color ဖြစ်ရမည်။ Scanner ဖြင့်ဖတ်သည့် ဓါတ်ပုံဖြစ်ပါက အနည်းဆုံး တစ်လက္မလျင် အမှုန် ၃၀၀ ပါဝင်သည့် (300 dpi) ညက်ညောမှု ရှိရမည်။ ဓါတ်ပုံအမျိုးအစားသည် JPEG ဖြစ်ရမည်။ ဓါတ်ပုံဆိုဒ်သည် 240KB ထက်မကြီးစေရ။

အမေရိကန် နိုင်ငံခြားရေးဌာနအနေဖြင့် မည်သည့် ဗီဇာအကြံပေး၊ ဗီဇာကိုယ်စားလှယ် သို့မဟုတ် လျှောက်လွှာတင်သူ ကိုယ်စား ဖြည့်သွင်းသူများ၏ အကူအညီမယူပဲ လျှောက်လွှာတင်ခြင်းအား အထူးအားပေးသည်။ အကယ်၍ အဆိုပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ အကူအညီကို ရယူပြီး လျှောက်လွှာတင်ပါက လျှောက်လွှာတင်ခြင်း ပြီးစီးသည့် ထောက်ခံချက် (Confirmation Page) နှင့် မိမိ၏ ကိုယ်ပိုင်နံပါတ် (Unique confirmation number) စနစ်တကျ သိမ်းဆည်းထားရန် လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် အချို့သော ကိုယ်စားပြုလုပ်ပေးသည် လူပုဂ္ဂိုလ် အဖွဲ့အစည်းများသည် လျှောက်လွှာရှင်၏ ကိုယ်ပိုင်နံပါတ်အား သိမ်းဆည်းထားပြီး လျှောက်လွှာရှင်မှ အဆိုပါ နံပါတ်အား လိုအပ်လာပါက ငွေကြေး သို့မဟုတ် တစ်ခုခုနှင့် တရားမ၀င် လဲလှယ်နိုင်သောကြောင့် ဖြစ်သည်။ အဆိုပါ ကိုယ်ပိုင်နံပါတ် (Unique Confirmation Number) သည် မိမိ DV လျှောက်လွှာသည် ရွေးချယ်ခံရသည် သို့မဟုတ်၊ ဆက်လက်လုပ်ဆောင်ရသည်များအား www.dvlottery.state.gov ၏ Entrant Status Check တွင်ဝင်ရောက် ကြည့်ရှုရန်အတွက် လိုအပ်သောကြောင့် ဖြစ်သည်။

Entrant Status Check အား မေလ ၁ ရက်နေ့ ၂၀၁၂ မှစတင်၍ www.dvlottery.state.gov တွင် ၀င်ရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။ ၎င်းတွင် လျှောက်လွှာရှင်၏ ဆက်လက်လုပ်ဆောင်ရမည့် အချက်များ၊ လူဝင်မှု ကြီးကြပ်ရေးတွင် ဗီဇာ အင်တာဗျူး
 ပြုလုပ်မည့် အချိန်နှင့်နေရာ အား ဖော်ပြထားမည် ဖြစ်သည်။ လျှောက်လွှာရှင်သည် မိမိ၏ ကိုယ်ပိုင်နံပါတ် (Unique Confirmation Number) ပျောက်ဆုံးသွားပါက မိမိ DV လျှောက်လွှာနှင့် ပါတ်သက်သည့် အချက်အလက်များအား ၀င်ရောက် ကြည့်ရှုနိုင်ခြင်း မရှိသကဲ့သို့ အမေရိကန် နိုင်ငံခြားရေးဌာန အနေဖြင့်လည်း လျှောက်လွှာတင်ခြင်း ပြီးစီးသည့် ထောက်ခံချက် (Confirmation Page) အား ထပ်မံ ပေးပို့မည် မဟုတ်သဖြင့် ကိုယ်ပိုင်နံပါတ် (Unique Confirmation Number) အား စနစ်တကျ သိမ်းဆည်းထားရန် အထူး လိုအပ်ပေသည်။

DV လျှောက်လွှာ ပေါက်သွားပါက မဲပေါက်သူ တစ်ဦးခြင်းအနေဖြင့် သက်ဆိုင်ရာနိုင်ငံရှိ အမေရိကန်သံရုံး၊ ကောင်စစ်ဝန်ရုံးတွင် အခြေချ နေထိုင်ခွင့် ဗီဇာကြေး (Immigrant Visa) 305US$၊ လုပ်ငန်းဆောင်ရွက်ခ ဗီဇာကြေး (Diversity Visa) 440US$၊ လူဝင်မှုကြီးကြပ်ရေးနှင့်ဆိုင်သည့် လုပ်ငန်းစဉ်များအတွက် ဆောင်ရွက်ခကြေး 74US$၊ စုစုပေါင်း 819US$ အား မဲပေါက်သူမှ ပေးသွင်းရမည် ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဗီဇာနှင့် ကောင်စစ်ဝန်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) မှ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

by James Mmt 

ကျမနှင့်နိုင်ငံရေး အပိုင်း ( ၂ )


စန္ဒာဝင်း (ယခင် မကွေးတိုင်း အင်အယ်လ်ဒီ အမျိုးသမီးတာဝန်ခံ)

ရှစ်လေးလုံးလူထုအုံကြွမှုကြီး စတင်လာခဲ့တာကို ပြောရင်းတဆက်တည်း မပြောမဖြစ်ပြောရမှာက ကျမရဲ့သက်တမ်းတလျှောက်ကြုံတောင့်ကြုံခဲဖြစ်ခဲ့ရတဲ့ သပိတ်မှောက်ကာလကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ကျမတို့ငယ်ငယ်က ဆန်ရှားပါးမှုပြဿနာကြောင့် ဖြစ် ရတဲ့ အရေးအခင်းတခုကို ရေးရေးတော့မှတ်မိပါတယ်။ ကျမတို့မိဘတွေက ဝန်ထမ်းတွေဆိုတော့ စားနိုင်သောက်နိုင်အဆင့်ပါဘဲ။ အဲဒီ စားရတယ်သောက်ရတယ်ဆိုတဲ့ အဆင့်ကနေ အစားမမှန် အသောက်မမှန်ဖြစ်ခဲ့ကြရတဲ့ ၁၉၆၇ ဝန်းကျင်မှာပါဘဲ။ ထမင်းမစားရတဲ့ အဖြစ် ကနေ ဆန်ပြုတ်၊ နောက်ဆန်ပြုတ်နဲ့အဆင်မပြေတော့ ဂျုံ နဲ့ ချပါတီလုပ်စားကြရတဲ့အနေအထားပါ။
အဲဒီတုန်းကတောင်မှ မမြင်ခဲ့ရဘူးတဲ့ သပိတ်ဆိုတာကို အခု ( ၈ ) လေးလုံးမှာ ကိုယ်တိုင်ပါဝင်ဆင်နွဲခဲ့ရတော့ ကြီးမားတဲ့တန်ဘိုး ရှိတဲ့ အတွေ့အြုကံမို့ သပိတ်တိုက်ပွဲကာလကို ဆက်လက်တင်ပြချင်တာပါ။ မကွေးမြို့  အောင်ဓမ္မာရုံမှာ ဆန္ဒပြသူလူအုပ်ကြီး ချေချမိတဲ့အ ချိန်ကစလို့ သပိတ်စခန်းဆိုတာအထင်အရှားဖြစ်လာခဲ့ရပါတယ်။ အတွေ့အကြုံ ကမရှိ။ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေကလည်း ရုတ်တရက် လက်တွဲမလာသေးတော့ စနစ်တကျမဟုတ်ဘဲ သူပြောငါပြောနဲ့ သပိတ်စခန်းတခုတည်ဆောက်လိုက်ကြရတယ်။ ဒါပေမယ့် ပေါက်ကွဲနေတဲ့ လူထုကြီးနဲ့ စတင်ဖြစ်ပေါ်လာရတဲ့သပိတ်စခန်းကတော့ သိပ်အခက်အခဲမရှိဘဲ ဆက်လက်စခန်းသွားနိုင်ခဲ့ပါတယ်။
နေ့စဉ်နေ့တိုင်း အားပေးထောက်ခံကြတဲ့ ပြည်သူတရပ်လုံးက သပိတ်စခန်းကို ထမင်းထုပ်တွေပို့ပေးနေခဲ့ကြပါတယ်။ နေ့စဉ် မြို့ တွင်းတပတ် ချီတက်ဆန္ဒပြကြပြီး ညပိုင်းမှာတော့ ဟောပြောပွဲ၊ ရင်ဖွင့်ပွဲတွေနဲ့ပေါ့ရှင်။ အော်ဓမ္မာရုံမှာတော့ ညစဉ်ကျင်းပနေတဲ့ ဟောပြော ပွဲတွေမှာ လူစည်ကားလိုက်တာ။ ဒီနေ့ဘယ်သူဟောမှာ။ မနက်ဖြန်ဘယ်သူဟောမှာနဲ့ ပွဲစဉ်တွေကိုဖြစ်လို့ပါဘဲ။
အဲဒီဟောပြောပွဲနဲ့ပတ်သက်လို့ မှတ်မှတ်ရရတခုပြောရရင် ပရိသတ်ပွဲအလွန်တောင်းပြီး လက်ခုပ်သံတွေအများဆုံးရတဲ့သူတ ယောက်ရှိလေရဲ့။ ပြောင်မြောက်လှတဲ့စကားလုံးတွေနဲ့ ဦးနေဝင်းကိုဆော်နေလိုက်တာ လူတွေမချီးကျူးဘဲကို မနေနိုင်ဘူး။ အဲဒီထဲမှာ ကျမက ထိပ်ဆုံးကပေါ့။ ပြောရဲလိုက်တာ၊ ပြောတတ်လိုက်တာနဲ့ သူကသပိတ်ကော်မတီမှာတောင် ဦးဆောင်သူ ဖြစ်သွားလေရဲ့။
မကြာပါဘူး။ တပတ်၊ ဆယ်ရက်လောက်ရှိတော့ ဇာတိရုပ်ပေါ်ပါလေရော။ တနေ့တော့ နေ့လည် ( ၂ ) န္နာရီ ( ၃ )နာရီလောက် မှာ ကျမတို့ဈေးသူဈေးသားတသိုက် ဈေးကအပြန်လမ်းခုလပ်မှာရှိတဲ့ သပိတ်စခန်း အောင်ဓမ္မာရုံကိုအဝင် ဟောနေ၊ ပြောနေတဲ့သူတွေရှိ တဲ့ သံဃာစင်ပေါ် အဲဒီသပိတ်မင်းသားတက်သွားတယ်။ ပြီးတော့ မိုက်ကရိုဖုန်းကိုယူပြီး ဘာမပြောညာမပြောနဲ့ “လူထုကြီးခင်ဗျား ဒီနေ့ ဒီရက်ကစပြီး ကျနော်တို့သပိတ်စခန်းသိမ်းပါပြီ။ သပိတ်လှန်လိုက်ပါပြီ” လို့ကြေငြာလိုက်ရော ကျမတို့လည်းလူအုပ်ကြားထဲမှာ ဘာလုပ် ရမှန်းမသိဘူး။ ကြောင်သွားတာပေါ့။ သူကတော့ ပြောပြီးတာနဲ့ စင်ပေါ်ကဆင်းသွားရော။ ဓမ္မာရုံထဲမှာက လောလောလတ်လတ် ဖွဲ့ထား ပြီးစ မကွေးကောလိပ်ကျောင်းသားများအဖွဲ့ကလည်းရှိနေတယ်။ ကျမနားမှာရှိတဲ့ ကျောင်းသားတွေကလဲ ကျမခင်ပွန်းသပိတ် ကော်မတီဝင်ဆိုတာသိတော့ ကျမဆီချဉ်းကပ်လာကြတယ်။ ဘယ်လိုလုပ်လိုက်တာလဲ။ မောင်လေးတို့စိတ်မလှုပ်ရှားနဲ့ စိတ်အေးအေးထား၊ သူလှန်လို့ရတဲ့သပိတ်လား။ တို့ဆက်မှောက်ထားလို့ရတာပဲလို့ ချော့မော့နှစ်သိမ့်လိုက်ရတာပေါ့။ အဲဒီလူက သပိတ်ကိုတမင်ခွဲတာလေ။ အာဏာပိုင်နဲ့သဘောတူညီချက်ယူပြီးတော့ပေါ့။ကျမလည်းစိတ်မချတာနဲ့ ညပိုင်းကျတော့ ဓမ္မာရုံထဲတခေါက်ပြန်သွားတယ်။ အဲဒီမှာပွဲက ကြမ်းနေပြီ။ အဲဒီလူ သူ့လူစုနဲ့လာပြီး စင်ပေါ်တက်၊ ပွဲဖျက်ပြန်ရော။ ကျမနဲ့ကျမမိတ်ဆွေတစုက စင်နားမှာ။ ကျောင်းသားတွေက ဝါးချွန်တွေနဲ့ ဝိုင်းချိန်ထားကြပါလေရော။ ဒါနဲ့ကျမတို့အမျိုးသမီးတစုလဲ ကလေးတွေကို အတင်းဆွဲဖြေင်းဖြပြီးပြောရတယ်။ တို့တွေ အကြမ်းမဖက်ဘို့ သဘောတူထားတယ်လေ။ ဖေါက်ပြန်တဲ့လူတယောက်အတွက်နဲ့ ကိုယ့်ရည်ရွယ်ချက်အပျက်မခံပါနဲ့လို့ တရားချရတယ်။
ဒါနဲ့မကျေနပ်သေးပဲ ကျောင်းသားလူငယ်တွေ စုပြီး အဲဒီလူအိမ်ကိုသွားဝိုင်းကြသေးတယ်။ ဒါပေမယ့် ကျမတို့ မကွေးမြို့မှာဘယ် သူတဦးတယောက်မှ သွေးထွက်သံယို မရှိ။ ဘယ်သူ့ပစ္စည်းမှ မပျက်စီးဘဲ စည်းကမ်းတကျ သပိတ်ဆင်နွှဲနိုင်ခဲ့ပါတယ်။ နောက်မှ သဘော ပေါက်ပါတယ်။ မကွေးမြို့မှာ မြို့လုံးကျွတ်ပါမက ဝန်ထမ်းပေါင်းစုံပါဝင်တဲ့ အထွေထွေသပိတ်ကြီးဆင်နွှဲမဲ့ သြဂုတ် ၂၂ ရက်နေ့ကို တားဆီးချင်လို့ အာဏာပိုင်တွေက လူမွေးလိုက်တာပါဘဲ။ အဲဒီလူလဲတော်တော်လန့်သွားတယ်။ သူလုပ်ပုံက သပိတ်စခန်းမှာ သပိတ်လှန် ဘို့ကြော်ငြာယုံတင်မကဘူး ကျမနဲ့ ကျမသူငယ်ချင်းရှိတဲ့နေရာအထိလာပြီး ပေါ်တင်စည်းရုံးလာတယ်။ အာဏာပိုင်တွေက သပိတ်ကို အကြမ်းဖက်ဖြိုခွင်းတော့မှာဖြစ်လို့ နောက်ဆုတ်ကြပါတဲ့။ ကျမတို့ကပြောလိုက်ပါတယ်။ ရှင်ကြောက်ရင် ရှင်နောက်ဆုတ်ပါ။ ကျမတို့တော့ ရှေ့ဆက်မယ်လို့။
ဒီလူလဲ တော်တော်နောင်တရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့လူထုအားလုံး မောင်းတင်ပြင်ဆင်ထားတဲ့ အထွေထွေသပိတ်တိုက် ပွဲကြီးဟာ စီစဉ်ထားတဲ့အတိုင်း ဝန်းထမ်းပေါင်းစုံ ပူးပေါင်းပါဝင်ပြီး စည်ကားသိုက်မြိုက်စွာ အောင်မြင်ပြီးမြောက်ခဲ့လို့ပါဘဲ။ အဲဒီ သြဂုတ်လ ၂၂ ရက်အထွေထွေသပိတ်ကြီးကို ပူးပေါင်းပါဝင်ခဲ့ကြတဲ့ လူအုပ်အကြီးကြီးရဲ့ ဟိုးနောက်ဆုံးမှာ ဆမူဆာ ( သုံးဖက်ချွန် ) လို့နံမည်တွင်သွား တဲ့ အဲဒီသစ္စာဖေါက် ပုဂ္ဂိုလ်ဟာဖြင့် ကျီးကန်းတောင်းမှောက်မျက်လုံးအစုံနှင့် မဝန့်မရဲ တရွတ်ဆွဲပါလာလေရဲ့။ အော် သမိုင်းသေ တယ်ဆိုတာ ဒါဘဲဖြစ်မှာပါလေ။    ။

စန္ဒာဝင်း (ယခင် မကွေးတိုင်း အင်အယ်လ်ဒီ အမျိုးသမီး တာဝန်ခံ)

RFA အပါတ်စဉ် ကဏ္ဍ မှ

မန္တလေးတိုင်းမှာ လူရာကြီးဂဏန်း အစာဆိပ်သင့်

ubein_bridge
အမရပူရမှာ ရေကြီးမှုတွေ ဖြစ်ခဲ့

မန္တလေးတိုင်း အမရပူရမြို့မှာ အလှူ တခုက အစား အစာတွေ စားမိပြီး ဒေသခံ ၆၀၀ လောက် အော့အန် ဝမ်းလျောတာ တွေဖြစ်လို့ ဆေးရုံ ၃ ရုံနဲ့ ကုသိုလ်ဖြစ် ဆေးခန်းတွေမှာ ဆေး ကုသမှု ခံယူနေရ ပါတယ်။

အမရပူရမြို့ ကြံတန်း ရပ်ကွက်က ပွဲတော် ကျောင်း မှာလုပ်တဲ့ အလှူတစ်ခုက ကျွေးမွေး ဧည့်ခံတဲ့ ဒန်ပေါက်နဲ့ အစား အစာတွေ စားပြီးနောက် နေမကောင်း ဖြစ်ကြလို့ ဆေးကုသမှု ခံယူနေကြ ရတာပါ။

မန္တလေးမြို့ပေါ်က ဆရာဝန်တွေ အပါအ၀င် စိမ်းရောင်စို ၊ အမရသုခ ၊ ချမ်းမြသုခ ၊ ဗြဟ္မစိုရ် ၊ဘဝအလင်း နဲ့ မြင့်မြတ်သူ စတဲ့ လူမူရေးအသင်း တွေက ဆင်းပြီး အရေးပေါ် အကူအညီ ပေးခဲ့ရပါတယ်။

အော့အန်မေ့မျောနေတဲ့လူနာတွေကို ဗြဟ္မစိုရ်လို လူမှုရေးအသင်းက လူနာတင်ကား တွေနဲ့ မန္တလေးမြို့ပေါ်က ဆေးရုံကြီးနဲ့ ကူးစက်ရောဂါကု ဆေးရုံတွေကို အရေးပေါ် ကူညီပေး ခဲ့သလို မွတ်စလင် ဘာသာရေး အသင်းတွေ ကလည်း ကူညီကြ တယ်လို့ ပြောပါတယ်။

ဒီလိုဖြစ်တာဟာ အစာကြောင့်ဖြစ်နိုင်သလို အဓိကတော့ ရေ၀င်နေတာ ၁လကျော်ပြီဖြစ်တဲ့ အမရပူရမြို့က ရေတွင်းတွေ မသန့်ရှင်းတာ ကြောင့် ဖြစ်နိုင်တယ်လို့ စိမ်းရောင်စို လူမှုကူညီရေး အသင်း ဦးဆောင်သူ တယောက်ဖြစ်တဲ့ ဆရာ မောင်တင်သစ်က ပြောပါတယ်။

အမရသုခဆေးခန်းက လူနာတွေကိုကုပေးနေတဲ့ ဒေါက်တာဇော်မြင့်မောင်ကလည်း လူနာတွေကို ဆေးကုသပေးနေရာမှာ စိုးရိမ်ရတဲ့ အနေအထား မရှိတော့ကြောင်း သောကြာနေ့ ညပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

စကိုက်ပ်ကို မိုက်ခရိုဆော့ဖ်က ဝယ်ယူ

Skype
SkypeSkype ကနေ ကမ္ဘာတစ်ဝန်း ဖုန်းခေါ်လို့ရ

Skype

အင်တာနက်ဖုန်းကုမ္ပဏီ Skype ကို Microsoft ကုမ္ပဏီကြီးက ဒေါ်လာ သန်း ၈၅၀၀ နဲ့ဝယ်ယူတာကို ဥရောပ ကော်မရှင် က အတည်ပြုပေးလိုက်ပါပြီ။မိုင်ခရိုဆော့ဖ်ကနေ စကိုက်ပ် ကုမ္ပဏီကို ဝယ်ယူဖို့ ကု
မ္ပဏီနှစ်ခုကြား သဘောတူခဲ့ ကြောင်း ကြေငြာတာကတော့ ဒီနှစ် မေလက ဖြစ်ပေမယ့် ဥရောပကော်မရှင်ကနေ အတည်ပြုပေးလိုက် တာကတော့ အခုမှ ဖြစ်ပါတယ်။ဥရောပက လပ်ဆင်ဘတ် နိုင်ငံအခြေစိုက် စကိုက်ပ် ကုမ္ပဏီကို မိုက်ခရိုဆော့ဖ်က ဝယ်ယူခဲ့တာဟာ ဥရောပရဲ့ ဈေးကွက်ကို မထိခိုက်စေနိုင်ဘူးလို့ ယူဆတဲ့အတွက် အခုလို ခွင့်ပြုလိုက်တဲ့အကြောင်း ဥရောပ ကော်မရှင်က ပြောပါတယ်။ ဆိုလိုတာက ကုမ္ပဏီကြီးတစ်ခုကနေ လက်ဝါးကြီးအုပ်တာမျိုး မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပါ။ဈေးကွက်ထဲမှာ စကိုက်ပ်ကနေ အင်တာနက်ဝန်ဆောင်မှုပေးသလိုမျိုး ပေးနေကြတဲ့အထဲမှာ ဂူဂဲလ် အပါအအဝင် တခြားကုမ္ပဏီမျိုးတွေ ရှိနေတယ်လို့ ဥရောပ ကော်မရှင်က ပြောပါတယ်။၈ နှစ် သက်တမ်းပဲ ရှိသေးတဲ့ စကိုက်ပ်ကုမ္ပဏီကို အစောပိုင်းမှာ အီးဘေး ကုမ္ပဏီက ဒေါ်လာ သန်း ၂၆၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။ နောက်ပိုင်း ရှယ်ယာ အများအပြားကို ပြန်ထုတ်ရောင်းခဲ့ပါတယ်။
Skypeအခုတော့ မိုက်ခရိုဆောဖ်က သူ့သမိုင်းမှာ ကုမ္ပဏီတစ်ခုတည်းအတွက် အကြီးမားဆုံး ငွေကြေးရင်းနှီးမြှပ်နှံမှုအနေနဲ့ စကိုက်ပ်ကို ဝယ်ယူလိုက်တာပါ။စကိုက်ပ် ကုမ္ပဏီရဲ့ အဓိက ဝန်ဆောင်မှုကတော့ အင်တာနက်ကနေ ကမ္ဘာနိုင်ငံအသီးသီးကို ဖုန်းခေါ်ဆိုလို့ရတဲ့ ဝန်ဆောင်မှုပါ။ အဲဒီအတွက် ဖုန်းခေါ်ခ ပေးရပေမယ့် စကိုက်ပ်အသုံးပြုတဲ့သူ အချင်းချင်း ဖုန်းနံပါတ်ကို မသုံးပဲ ဆက်သွယ်မယ် ဆိုရင်တော့ အခမဲ့ ပြောလို့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဗီဒီယိုနဲ့လည်း အပြန်အလှန် ကြည့်ပြီးတော့လည်း ပြောနိုင်ပါတယ်။ကမ္ဘာတစ်ဝန်းမှာဆိုရင် စကိုက်ပ်ဝန်ဆောင်မှုကို အသုံးပြုသူပေါင်း လောလောဆယ် သန်း ၆၅၀ ရှိပါတယ်။ ဒါကြောင့် လူကြိုက်များလာတဲ့ စကိုပ်ပ်ကို မိုက်ခရိုပ်ဆော့ပ်က ဝယ်ယူလိုက်တာပါ။နောက်ပြီး မိုက်ခရိုဆော့ဖ်ရဲ့ ပြိုင်ဘက် ကုမ္ပဏီတွေက မိုဘိုင်းဖုန်း တွေပေါ်မှာ အင်တာနက် ဖုန်းခေါ်ဆိုမှုတွေ အသုံးပြုခွင့် ပေးနေသလို နောင်ဆိုရင် မိုက်ခရိုဆော့ဖ်ရဲ့ Xbox ဂိမ်းတွေ၊ ဝင်းဒိုးစ် မိုဘိုင်းဖုန်း တွေမှာလည်း စကိုက်ပ်ကို အသုံးပြုလို့ ရလာတော့မှာလည်း ဖြစ်ပါတယ်။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်