နိုင်ငံရေး အကျဉ်းသား( ၂၀၀ဂ)နှစ်ထောင် မကြာမီလွှတ် ပေးမည်

နိုင်ငံရေး အကျဉ်းသား( ၂၀၀ဂ)နှစ်ထောင် မကြာမီလွှတ် ပေးမည်။ ဒေါ်အောင်ဆန်းစုကြည်အား မိမိတို့  ဘက်မှ ၀မ်းမြောက် ၀မ်းသာ နိုင်ငံရေးအရ ကြို ဆိုပါမည်ဟု ဦးရွှေမန်း ပြောဆို


နော်ဝေနိုင်ငံမှ အစိုးရအဖွဲ့ ဝင် ၀န်ကြီး (Espen Barth Eide) အက်စ်ဘတ်အီဒဲ -သည် ၇။၁၀။ ၂၀၁၁ နေ့ က မြန်မာ အစိုးရ၏ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် နေပြည်တော်တွင် သွားရောက် တွေ့ ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် ဦးရွှေမန်းမှ မြန်မာနိုင်ငံတွင်များမကြာမီ ရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသား(၂၀၀ဂ) နှစ်ထောင် လွှတ် ပေးမည်ဟု ထုတ်ဖော်ပြောဆိုသည်ကို နော်ဝေရုပ်မြင်သံကြား ဌာန တခု ဖြစ်သည့် .nrk မှ ပြသသွားသည်။

ဦးရွှေ မန်းမှ မြန်မာလို အကျဉ်းသားများ လွှတ်ပေးမည်ကို နော်ဝေ ၀န်ကြီးမှ နားမလည်သဖြင့် ပြန်လည်မေးမြန်းရာ -မကြာမီ ရက်ပိုင်း အတွင်း ပေါ့ ။အကောင်အထည်ဖော်မှာ ပါဟု ပြန်လည်ဖြေကြားရာ အင်္ဂလိပ် စကားပြန်မှ within a few days ဟု ပြန်ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရကြို ဆိုပါမည်လား ဟု ထပ်မံမေးမြန်းရာတွင် -- ရှိနိုင်ဖို့ အခွင့် အလမ်းတွေ ပေါ်လာနိုင်ပါတယ်။ အဲလို ပေါ်လာမယ်ဆိုရင်လည်း မိမိတို့  ဘက်မှ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုမည်ဖြေစ်ကြောင်း ထုတ်ဖော်ပြောဆိုပါသည်။

ဦးရွှေမန်း၏ နော်ဝေ ၀န်ကြီးအား မြန်မာလို ပြန်လည် ဖြေကြားချက် (ဗွီဒီယိုဖိုင်ကြည့်ရန် -နှိပ်ပါ)/

မူရင်း နော်ဝေ သတင်း

" Burma lover å løslate 2000 politiske fanger

Militærregimet i Burma holdt i fjor et svært kritisert valg, men etterpå trakk generalene seg tilbake og ga landet en sivil regjering og et parlament, som fungerer på et slags vis.

Noen av de tidligere militære lederne har nå blitt ivrige forkjempere for en ny, demokratisk utvikling i landet.

Statssekretær Espen Barth Eide møtte fredag nasjonalforsamlingens president U Shwe Mann i Burmas hovedstad Naw Pyi Taw.

U Shwe Mann var tidligere nummer tre i militærjuntaen, men ønsker nå demokratiske reformer velkommen.








နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမူကြမ်း ပြင်ဆင်မှုများပါရှိ


ချင်းမိုင် (မဇ္ဈိမ) ။      ။ 'နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ' ကို အထက်လွှတ်တော် ဥပဒေမူကြမ်း ကော်မတီ
မှ ပြန်လည် ပြင်ဆင်ပြီး ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်သို့ ဥပဒေကြမ်း အဖြစ် တင်သွင်းရာ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပတ်သက်
သော ပြင်ဆင်ထားသည့် အချက်တချက် အပါအဝင် အခြားအချက် နှစ်ချက်ကို ပြင်ဆင်ထားသည်ဟု လွှတ်တော် အမတ်များက ပြောသည်။

စစ်အစိုးရ လက်ထက် ၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် 'နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း
ဥပဒေ' အခန်း (၂)၊ အပိုဒ် (၆)၊ အပိုဒ်ခွဲ (ဂ) ပါ "ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ကို ထိန်းသိမ်းစောင့်ရှောက်ရေး" ဟု ပါရှိရာ 'ထိန်းသိမ်းစောင့်ရှောက်' ဟူသည့် စကားရပ်အစား 'လေးစားလိုက်နာ'
ဟု အထက်လွှတ်တော် ဥပဒေမူကြမ်း ကော်မတီမှ ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် 'နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ' အခန်း (၃) အပိုဒ် (၁၂)၊ အပိုဒ်ခွဲ (၁)တွင် အထွေထွေ
ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်၊ တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်များ အနက် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် မိမိပါတီမှ လွှတ်တော် ကိုယ်စားလှယ် လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ခွင့် မရှိဟု ဖေါ်ပြထားရာ အထက်လွှတ်တော်မှ 'အထွေထွေ ရွေးကောက်ပွဲ၌' စကားရပ်အစား၊ 'ရွေးကောက်ပွဲများတွင်' ဟု ပြင်ဆင်လိုက်သည်။

ယင်းအပြင် အခန်း (၂)၊ အပိုဒ် (၁၀)၊ အပိုဒ်ခွဲ (င) တွင် ပါရှိသည့် ပါတီဝင်များသည် ထောင်ဒဏ်ကျခံနေရသူများ မဖြစ်စေရဟု ကန့်သတ်ထားသည့် အချက်ကိုလည်း ပယ်ဖျက်ထားကြောင်း သိရသည်။

ထလော့ တရုတ်ထလော့...


မြစ်ဆုံဆည် စီမံကိန်းမှတရုတ် အင်ဂျင်နီယာ တစ်ယောက်ရဲ့ ရေးသားချက် (မြန်မာဘာသာပြန်)
 ပြန်အစားထိုးလို့ မရတော့တဲ့ ပျက်ဆီးသွားပြီ ဖြစ်တဲ့ မြစ်ဆုံ သဘာဝဝန်းကျင် မြင်ကွင်း...

အများသိရှိစေရန်အတွက် အကြမ်းဖျဉ်းရေးသား ဘာသာပြန်ပါသည်....
ကျွန်တော်တို့တတွေ တနေရာတည်းကို အာရုံစူးစိုက်ပြီး ကြည့်ကြရအောင်.... မိုးပြို၊ မုန်တိုင်း ကြားက မျက်ရည်နဲ့ တူတဲ့ မြန်မာမြစ်ဆုံ စီမံကိန်း ဆောက်လုပ်ရေး အတိုင်းအတာ တွေကို စကားပြောကြပါမယ်...။ မြစ်ဆုံစီမံကိန်းကို သမ္မတကြီး ဦးသိန်းစိန်က ရုတ်တရက် ရပ်ဆိုင်း လိုက်ပါတယ်...။ တရုတ် စွမ်းအင်ကုမ္ပဏီရဲ့ ကြီးကြပ်ဆောင်ရွက်သူ လူကြီးများအနေဖြင့် အခွင့်အလမ်းတရပ် ဆုံးရှုံးသွားရမှု အတွက် အံ့သြဝမ်းနည်းကြီးစွာ ဖြစ်ရပါတယ်...။ ထို့နည်းတူ ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းခွင် ဝန်ထမ်းများမှလည်း ကြားရတဲ့ သတင်းအတွက် ဇောချွေးများဖြင့် အံသြဝမ်းနည်း ကြီးစွာ ခံစားချက်တွေ ရောထွေးကုန်ပါတယ်...။

ပျော်ရွှင်ချမ်းမြေ့မှုတွေ နေရာမှာ ပျက်ဆီးဆိတ်သုန်း သွားခဲ့ပါပြီ။ အိမ်ပြန်သွားမဲ့ တနေ့ မိသားစုကို ပြောရမယ့်စကားက မကောင်းပါဘူး။ မပြီးဆုံးသေးတဲ့ မြစ်ဆုံစီမံကိန်းက ရပ်ဆိုင်းသွားပါပြီ။ ဆောင်ရွက်စရာ လုပ်ငန်းများ မရှိတော့ပါဘူး...။ ကျွန်တော်တို့ အားလုံး အလုပ်လက်မဲ့ အဖြစ် ရင်ဆိုင်ရတော့ မယ်ဆိုတဲ့ စကားကိုပဲ ပြောနိုင်ပါတော့တယ်...။ 

ဒီစီမံကိန်းဟာ ကျွန်တော်တို့ လုပ်ရကိုင်ရတာ သက်တောင့် သက်သာ မဖြစ်ဆုံး အလွန်အမင်း ခက်ခဲကြမ်းတမ်းတဲ့ အကျိုးသက်ရောက်မှု နည်းတဲ့ လုပ်ငန်းခွင်တခုပါ...။ ဒီမြစ်ဆုံ စီမံကိန်းမှာ ကျွန်တော်တို့ဟာ များစွာသော လူအင်အား၊ စက်အင်အား၊ နည်းလမ်း၊ ကုန်ကျစားရိတ်မြင့်မားစွာ၊ ဝန်ထုတ်၊ ဝန်ပိုးပေါင်းများစွာနဲ့ ပေးဆပ်လုပ်ကိုင်ခဲ့ရပါတယ်..။ တနှစ်ကျော်ကြာ လုပ်ငန်းခွင်မှာ ကျွန်တော်တို့ တရုတ် အလုပ်သမားတွေဟာ စိုစွတ်၊ ပူပြင်း၊ ဆိုရွားတဲ့ ရာသီဥတုဒဏ်၊ ခြင်ကိုက်ခံရတဲ့ဒဏ်၊ ငှက်ဖျားရောဂါနဲ့ တခြား ကူးစက်ရောဂါ ဒါဏ်တွေကို ကြံ့ကြံ့ခံပြီး တံခါးပိတ်ဝါဒနဲ့ ခေတ်နောက်ပြန်ဆွဲပြီး ကြောက်စရာ ကောင်းလောက်အောင် ပျက်ဆီး ယိုယွင်းနေတဲ့ မြန်မာပြည်အတွက် အလုပ်လုပ်ခဲ့ကြတာပါ...။

စွမ်းအင်အတွက် လိုအပ်တဲ့ အရေးကြီး ပစ္စည်းတွေနဲ့ အစိတ်အပိုင်းများကို တရုတ်ပြည်မှ တင်သွင်းခဲ့ပါတယ်..။ မညီမညာ၊ ဆိုးဝါး ရှည်လျားတဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျော်ဖြတ်နိုင်ဖို့ အတွက် ငွေကို အသုံးပြုခဲ့ရပါတယ်..။ မြန်မာပြည်မှာ အစိုးရဝန်ထမ်းတွေဟာ လစာအတော်နည်းပါးကြပါတယ်..။ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲ အရာကြီး အဆင့်ရှိသူရဲ့ လစာငွေဟာ တရုတ်ယွမ် ၁၀၀၀နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၈၀၀ခန့်သာရရှိပါတယ်..။ ဒါပေမယ့်သူတို့ဟာ အင်မတန် ချမ်းသာကြပါတယ်..။ မမြင်ရတဲ့ ကျောထောက်နောက်ခံ ငွေကြေးတွေ ရရှိနေပါတယ်..။ အများစုသော မြန်မာလူမျိုးများဟာ ဆင်းရဲဒုက္ခ ရောက်နေကြပြီး၊ ဆာလောင်မွတ်သိပ်မှု၊ ဝတ်စရာအဝတ်မရှိမှု စတာတွေနဲ့ ကြုံတွေနေရပါတယ်...။ ကျွန်တော်တို့ဟာ ဘယ်သူမှ မကြည့်ကြတဲ့ မြန်မာလူမျိုးတွေကို အလုပ်တွေ ပေးခဲ့ကြပါတယ်...။
 စီမံကိန်း ဝင်းအား ကာရံထားပုံ
မြစ်ဆုံစီမံကိန်းဝင်းအတွင်းမှ လုံခြုံရေးမျှော်စင်....

တနှစ်ကျော် အလုပ်လုပ်ခဲ့ကြတဲ့ အချိန်အတွင်းမှာ ဆိုးဝါးလှတဲ့ လမ်းပန်းဆက်သွယ်မှုနဲ့ ကြုံတွေ့ခဲ့ရကြပါတယ်..။ မြန်မာပြည်ရဲ့ ကချင်ပြည်နယ်ဟာ စစ်ဖြစ်နေပြီး ကန့်သတ်နယ်မြေလည်း ဖြစ်ပါတယ်...။ ကျွန်တော်တို့ဟာ လုပ်ငန်းခွင်မှာ ဒီဇယ်စွမ်းအင်ကိုပဲ အသုံးပြုခဲ့ရပါတယ်..။ နေထိုင်ရတဲ့ နေရာကလည်း ယာယီတဲအိမ်သာသာ၊ ဆယ်လူလာဖုန်းလည်း သုံးမရ..၊ ဘဝဟာ ကမ့်သွင်းပြီး နေနေရသလိုပါပဲ..။ ပတ်ဝန်းကျင်မှာ လုံခြုံရေးမျှော်စင် ကင်းတဲတွေ၊ ဝါယာကြိုးတွေ ကာရံထားတဲ့ ကွန်ပေါင်းတခုထဲမှာ အကျဉ်းကျသလို နေနေရတာပါပဲ...။ တခြားတိုင်းပြည်တွေမှာလို မိမိတို့ရဲ့ ကိုယ်ပိုင် လုံခြုံမှုမရှိတဲ့အတွက် လွတ်လွတ်လပ်လပ် အပြင်မသွားနိုင်ပါဘူး။ အခြေခံအားဖြင့် တကိုယ်တည်း ထီးတည်း နေရသလိုဖြစ်နေပြီး ဘဝဟာဆင်းရဲချို့တဲ့သလို ခံစားရပါတယ်..။

မြစ်ဆုံစီမံကိန်းရဲ့ မျက်နှာချင်းဆိုင် တခြားတဖက်မှာ ကချင်လွတ်မြောက်ရေးတပ် (KIA) ရဲ့ ထိန်းချုပ်ရာ နယ်မြေဖြစ်ပြီး ကျွန်တော်တို့နဲ့ မြစ်ပဲခြားနေတာပါ...။ မြို့စောင့်တပ်များက အမြဲကင်းစောင့် လှည့်လှယ်ပေးနေတာ စိတ်လှုပ်ရှားဖွယ်ရာပါပဲ။ ဒီစီမံကိန်း လုပ်ငန်းခွင်ဟာ အကြောင်းကြောင်းကြောင့် ဖျက်ဆီးတိုက်ခိုက် ခံရသည်ရှိသော် လုပ်ငန်းခွင်ကို ချက်ချင်းရပ်ဆိုင်းဖို့ အမြဲအဆင်သင့် ရှိနေရပါတယ်..။ ကျွန်တော်တိုဟာ အမြဲတမ်းလုံခြုံရေးကို အမြင့်ဆုံးတပ်လှန့်ထားပြီး လုပ်ငန်းခွင်မှာ ကိုယ့်အသက်ကို ကာကွယ်ဖို့ အမြဲအဆင်သင့် ပြင်ထားရပါတယ်..။ လုံခြုံရေးအတွက် မြန်မာလူမျိုးတွေကို ငှားရမ်းထားရပါတယ်..။

ဒီစီမံကိန်းဟာ ကချင်လူထုရဲ့ အကျိုးကျေးဇူး ရရှိစေဖို့အတွက် ဖြစ်ပေမယ့် ကချင်စစ်တပ်က ဒီလျှပ်စစ်ဓာတ်အားဟာ နောက်ဆုံးမှာ တရုတ်အတွက်ပဲ ဖြစ်ပြီး မြန်မာအတွက် အကျိုးကျေးဇူးရမှာ မဟုတ်ကြောင်း ဝင်ရောက်ကြားဝင် အနှောင့်အယှက် ပေးပါတယ်..။ လမ်းတွေပေါ်မှာတော့ ကချင်စစ်တပ်ဟာ သွားလာခွင့်ကဒ်၊ လမ်းကြေးနဲ့ လမ်းတွေကို ဖျက်တာတွေ၊  အစရှိတာတွေကိုလည်း ပြုလုပ်ပါတယ်..။ ဆက်လက်ပြီး ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ သုံး၊ လေးလကစပြီး စီမံကိန်း ပြီးမြောက်အောင် ဆောင်ရွက်မှုတွေအပေါ်မှာ အထူးသက်ရောက်ခဲ့ပြီး နှောင့်နှေးကြန့်ကြာစေပါတယ်..။

သိချင်ပါတယ်.. အကယ်၍များ  အမေရိကန်နဲ့ အနောက်အုပ်စုတွေကများ ဒီမြစ်ဆုံစီမံကိန်းကို လုပ်ကိုင်နေခဲ့မယ်ဆိုရင် မြန်မာအစိုးရဟာ အခုလို အလျဉ်းသင့်သလို ချက်ချင်းလက်ငင်း ရပ်ရဲပါ့မလား...။ နောက်ဆက်တွဲ အကျိုးဆက်တွေကို မကြည့်ပဲ ရပ်စဲရခြင်း အကြောင်းရင်းကို ပြောပြစမ်းပါ...။ ဒီကနေ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြား စေတာတွေ ရင်ဆိုင်ရပေမယ့် တရုတ်ဟာ ခံနိုင်ရည်ရှိတယ်..။ ဘာကြောင့်လဲဆိုတော့ တရုတ်ဟာ အမြဲတမ်း သဘောထားကြီးသူတွေ ဖြစ်နေလို့ပဲ...။ နောက်တရုတ်ဟာ အခုအချိန်မှာ ငွေအမြောက်အများ ရှိပြီး ချမ်းသာနေလို့ပါပဲ..။

သမ္မတဦးသိန်းစိန် မြစ်ဆုံစီမံကိန်းကို ရပ်တန်ဖို့ ကြေငြာခဲ့တဲ့ စက်တင်ဘာ (၃၀)ရက်နေ့ဟာ မကြာမှီမှာ ကျရောက်တော့မယ့် ငါတို့ တိုင်းပြည်ကို ထူထောင်တဲ့ နှစ်ပတ်လည်နေ့ အောင်ပွဲဖြစ်တဲ့  တရုတ်အမျိုးသားနေ့ (အောက်တိုဘာ ၁ရက်)မတိုင်မှီနေ့ကိုမှ သေသေချာချာ ရွေးချယ်ပြီး ကြေငြာခဲ့တာဖြစ်တယ်..။ ငါတို့ဟာ ဒီသတင်းဆိုးကို ရရှိခဲ့တယ်..။ စိတ်ကတော့ ထိန်လန့်မှုကို မဖြစ်စေဘူး .. အပြန်အလှန်အားဖြင့် ပိုပြီး စိတ်အင်အားတွေ ဖြစ်စေတယ်.။

တရုတ်လူမျိုးအပေါင်းတို့ ပျဉ်ချပ်ကဲ့သို့ ဖြောင့်ဖြောင့် တန်းတန်း အများထက်မြင့်အောင် ရပ်ကြမလား..။ ထလော့ တရုတ်လူမျိုး အပေါင်းတို့.....။

အောက်တိုဘာ ၅ရက်...
မြန်မာ မြစ်ဆုံ
တရုတ်ဘာသာမှ Translateဖြင့် အင်္ဂလိပ်၊ အင်္ဂလိပ်မှ ထပ်မံမြန်မာလို အကြမ်းဖျဉ်း ဘာသာပြန်ယူရတဲ့ အတွက် အမှားအယွင်းများ ရှိပါက ဖြည့်စွက် ထောက်ပြပေးပါရန်...

ဘာသာပြန်... ဦးထွန်းဦး၊ ဒီမိုဝေယံ

ထူးခြားမှုမရှိရင် နှုတ်ထွက်မယ်လို့ ရခိုင်ဝန်ကြီး ပြောဆို


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ပါဝင်တဲ့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က သူ့အနေနဲ့ အခုအချိန်အထိ လုပ်ပိုင်ခွင့် ဘာမှမရရှိဘဲ တကယ်လို့ နောက်ထပ် ၆ လ စောင့်ကြည့်လို့မှ ထူးခြားမှု မရှိရင် ဝန်ကြီးအဖြစ်က နှုတ်ထွက်မယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။
Facebook
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်။
ဒီအခြေအနေတွေကြောင့် သူ့အနေနဲ့ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးရာထူးကနေ နှုတ်ထွက်မှာဖြစ်ပေမယ့် လွှတ်တော်အမတ်တဦး အနေနဲ့တော့ ဆက်လက် ရပ်တည်မယ်လို့ ဦးဇော်အေးမောင်က ပြောပါတယ်။

“ကျနော် အခု ၆ လရှိပြီ၊ ကျနော် ခံစားရတာ မခံစားနိုင်တော့ဘူး။ နောက် ၆ လ မထူးရင် နှုတ်ထွက်တော့မယ်။ ဖွဲ့စည်းပုံကိုင်ပြီး ကျမ်းကျိန်ပြီး လုပ်တဲ့ အစိုးရအဖွဲ့က ဖွဲ့စည်းပုံကို မလိုက်နာတော့ ကျနော်က နစ်နာနေရတယ်။ အဲဒီတော့ ကျနော်လည်း ကြာကြာမခံနိုင်ဘူးလေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို လေးစား လိုက်နာသင့်တယ်လို့ ထင်ပါတယ်။ မလေးစား မလိုက်နာရင်တော့ ကျနော်လည်း မလုပ်ချင်တော့ဘူး”

ဦးဇော်အေးမောင်ဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကနေ ရန်ကုန်တိုင်းဒေသကြီးမှာ ရွေးချယ်ခံခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။

သမ္မတအကြံပေး ဦးကိုကိုလှိုင်နှင့် တွေ့ဆုံမေးမြန်းခန်း (၁)+(၂)

RFA Interview with President Adviser U Ko Ko Hlaing (part-1) Interview with President adviser U Ko Ko Hlaing (part-2)

စာနယ်ဇင်းလွတ်လပ်ခွင့် ပိုမိုတိုးတက်လာမည်


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်း၊ ဆောင်းပါးနဲ့ ဓာတ်ပုံတွေကို အရင်ကလို တင်းကြပ်တဲ့ ကန့်သတ်ချက်တွေ မထားတော့ဘဲ ပြည်တွင်းထုတ် သတင်းစာစောင်တွေမှာ လွတ်လပ်စွာ ဖော်ပြခွင့်ပြုနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန အကြီးအကဲက ပြောကြားလိုက်ပါတယ်။
(Photo: AFP)
နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းသမားများ မေးမြန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးတင့်ဆွေကို RFA လွတ်လပ်တဲ့အာရှအသံက သီးသန့် ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

စာပေစိစစ်ရေးဌာန အနေနဲ့ လောလောဆယ်မှာ ၁၉၆၂ ခုနှစ် စာနယ်ဇင်းဥပဒေကို အခြေခံထားတဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ၁၂ ချက်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဆင်ဆာ ဖြတ်တောက်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေပြီ ဖြစ်တဲ့အတွက် ခေတ်နဲ့လျော်ညီအောင် စာပေစိစစ်ရေးဌာနကို မထားရှိသင့်ဘူးလို့ ထင်မြင်ယူဆကြောင်းလည်း ဦးတင့်ဆွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အပတ်စဉ်ထုတ် ဂျာနယ်နဲ့ လစဉ်ထုတ် မဂ္ဂဇင်း စုစုပေါင်း ၄ ရာနီးပါး ရှိပြီး ဖျော်ဖြေရေး၊ ကျန်းမာရေး၊ နည်းပညာ၊ အားကစား စတဲ့ အကြောင်းအရာတွေ ဦစားပေး ထုတ်ဝေတဲ့ ဂျာနယ်၈၂ စောင်နဲ့ မဂ္ဂဇင်း ၉၆ စောင်ကို စာမူ ကြိုတင် ပြစရာမလိုတော့တဲ့ ပထမအုပ်စုအဖြစ် ပြီးခဲ့တဲ့ ဇွန်လက စတင် ခွင့်ပြုခဲ့ပါတယ်။ သတင်းနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ မှုခင်း စတဲ့ ကျန် ဒုတိယအုပ်စုဝင် ဂျာနယ် ၉၄ စောင်နဲ့ မဂ္ဂဇင်း ၈၆ စောင်ကိုလည်း များမကြာမီမှာ စာမူတင်ပြစရာ မလိုဘဲ ထုတ်ဝေခွင့်ပေးဖို့ အစီအစဉ် ရှိကြောင်းလည်း ဦးတင့်ဆွေက ပြောသွားပါတယ်။

The+Voice+7-43

The+Voice+7-43

ယခင်နှစ်များနှင့် မတူညီသည့် DV-2013 လျှောက်လွှာနှင့် ပါတ်သက်သည့် အချက်အလက်များ.


အောက်တိုဘာ ၄ ရက် ၂၀၁၁ နေ့လည် မှ နိုဝင်ဘာ ၅ ရက် ၂၀၁၁ နေ့လည်အချိန် အတွင်း အွန်လိုင်းမှ လျှောက်လွှာ ဖြည့်နိုင်ပြီး www.dvlottery.state.gov မှတဆင့် ဖြည့်သွင်းနိုင်ပါသည်။ (DV Program ပုံစံ အတုပြုလုပ်၍ လိမ်လည်သည့် Website များရှိခြင်းကြောင့် state.gov ပါမှသာ အမေရိကန်အစိုးရ၏ Website အစစ်ဖြစ်ပါသည်။) စာရွက်နှင့် တင်သွင်းသည့် လျှောက်လွှာများအား လက်မခံပါ။ လျှောက်လွှာ ပိတ်ရက် နောက်ဆုံး ရက်သတ္တပါတ်အထိ မစောင့်ပဲ ဖြည့်ရန် အထူးတလည် တိုက်တွန်းပါသည်။ အဘယ့်ကြောင့်ဆိုသာ် လူအများစု ၀ိုင်းဝန်းဖြည့်သောကြောင့် Website နှောင့်နှေးမှုဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။ နိုဝင်ဘာ ၅ ရက် ၂၀၁၁ နေ့လည်ကျော်မှ ရောက်ရှိလာသည့် လျှောက်လွှာများအား လက်ခံမည် မဟုတ်ပါ။

လျှောက်လွှာဖြည့်ရန် လိုအပ်ချက်များမှာ  ခွင့်ပြုစာရင်းတွင် ပါဝင်သည့် နိုင်ငံသား ဖြစ်ရပါမည်။ ခွင့်ပြုစာရင်းတွင် ပါဝင်သည့် နိုင်ငံသားဆိုသည်မှာ အများအားဖြင့် မိမိမွေးဖွားသည့် နိုင်ငံကို ဆိုလိုပါသည်။ သို့သော်လည်း ခွင့်ပြုစာရင်းတွင် ၀င်ရန် နည်းလမ်း နှစ်သွယ် ရှိပါတယ်။ ပထမ အချက်မှာ မိမိမွေးဖွားသည့် နိုင်ငံသည် ခွင့်ပြုစာရင်းတွင် မပါဝင်သော်လည်း မိမိ အိမ်ထောင်ဖက်မှာ ခွင့်ပြုနိုင်ငံစာရင်းတွင် ပါဝင်ပါက နှစ်ယောက်စလုံး၏ နိုင်ငံသားအား အတိအကျ ဖော်ပြ၍ လျှောက်ထားနိုင်ပါတယ်။ ဒုတိယ အချက်မှာ မိမိမွေးဖွားသည့် နိုင်ငံသည် ခွင့်ပြုစာရင်းတွင် မပါဝင်သော်လည်း မိမိ၏ မိဘနှစ်ပါးသည် အဆိုပါနိုင်ငံတွင် မွေးဖွားခဲ့ခြင်း၊ သို့မဟုတ် မိမိအား မွေးဖွားစဉ်ကနေထိုင်ခဲ့ခြင်း မရှိလျင် မိဘထဲမှာ တစ်ယောက်၏ မွေးဖွားသည့် နိုင်ငံအား ကိုယ်စားပြု၍ လျှောက်ထားနိုင်ပါသည်။ (လျှောက်ထားသည့် မိဘ မွေးဖွားသည့် နိုင်ငံသည် ခွင့်ပြုစာရင်းတွင် ပါဝင်ရန် လိုအပ်ပါသည်။)

DV Program တွင်ပါဝင်ရန် အောက်ပါ ပညာအရည်အခြင်း သို့မဟုတ် လုပ်ငန်း အတွေ့အကြုံ ရှိရပါမည်။
အခြေခံပညာ အထက်တန်းအဆင့် သို့မဟုတ် ၎င်းနှင့်ထပ်တူညီသည့် ပညာအရည်အခြင်း (၁၂နှစ်ကြာသည့် သင်ရိုးညွှန်းတမ်းအား အောင်အောင်မြင်မြင်ရှိခဲ့ကြောင်း ဖော်ပြရမည်။) ရှိရန်လိုအပ်ပါသည် သို့မဟုတ် လွန်ခဲ့သည့် ငါးနှစ်အတွင်း အမေရိကန် အလုပ်သမားဝန်ကြီးဌာနမှ ပြဠာန်းထားသည့် အလုပ်အကိုင်စာရင်းတွင် ပါဝင်သည့် အလုပ်အကိုင် တစ်ခုခုအား အနည်းဆုံး ၂ နှစ် သင်တန်းတက်ထားခြင်း သို့မဟုတ် လုပ်ကိုင်ဘူးသူ ဖြစ်ရမည်။

အထက်ပါအရည်အခြင်းများနှင့် ကိုက်ညီမှု မရှိပါက လျှောက်ထားရန် မသင့်ပေ။

အမေရိကန်နိုင်ငံခြားရေး ဌာနသည် သတ်မှတ်ထားသည့် အချိန်အတွင်း www.dvlottery.state.gov မှဖြည့်သည့် လျှောက်လွှာများကိုသာ လက်ခံပါသည်။ တစ်ယောက်တည်း၏ အချက်အလက်များအား တစ်ကြိမ်ထက် ပိုမို၍ တင်သွင်းပါက မည်သူပင် ဖြည့်သွင်းသည်ဖြစ်စေ အကျုံးဝင်မည် မဟုတ်ပါ။ သို့ဖြစ်သောကြောင့် မိမိကိုယ်တိုင် ဖြည့်သည် ဖြစ်စေ၊ အခြားသူအား ဖြည့်ခိုင်းသည်ဖြစ်စေ စနစ်တကျပြင်ဆင်ပြီးမှ ဖြည့်သင့်ပေသည်။

အောင်မြင်စွာ လျှောက်လွှာ ဖြည့်ဆည်းပြီးပါက ရလာဘ်အား ကွန်ပျူတာတွင် ဖော်ပြပေးမည် ဖြစ်ပြီး၊ ၎င်းတွင် ဖြည့်သူ၏ နာမည်နှင့် ကိုယ်ပိုင် နံပါတ် (Confirmation Number) တစ်ခုပါရှိပါမည်။ အဆိုပါ အချက်အလက်များအား Print ထုပ်၍ သေခြာစွာ သိမ်းဆည်းရန် လိုအပ်ပါသည်။ မေ ၁ ရက် ၂၀၁၂ မှ စတင်၍ ဖြည့်ဆည်းထားသည့် DC-2013 လျှောက်လွှာများအား www.dvlottery.state.gov ၏ Entrant Status Check မှ မိမိ၏ ကိုယ်ပိုင်နံပါတ်နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များအား ဖြည့်သွင်း၍ ၀င်ရောက်ပြီး ကြည့်ရှုနိုင်ပါသည်။ မိမိဖြည့်ဆည်းထားသည့် လျှောက်လွှာဖြင့် ဆက်လက်လုပ်ဆောင်ရမည့် အကြောင်းအရာများ၊ ဗီဇာအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အင်တာဗျူး ပြုလုပ်မည့်အချိန်အား အကြောင်းကြားခြင်းများကို Entrance Status Check မှသာ အဓိက ကြည့်ရှုရမည် ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် မိမိ ကိုယ်ပိုင် နံပါတ်အား မဖြစ်မနေ သိမ်းဆည်းထားရမည် ဖြစ်ပါသည်။ အကယ်၍ ပျောက်ဆုံးသွားပါ အမေရိကန် နိုင်ငံခြားရေးဌာန အနေဖြင့် ကိုယ်ပိုင်နံပါတ်အား ထပ်မံပေးအပ်မည် မဟုတ်ပါ။

လိုအပ်သည့် ဓါတ်ပုံများအား လျှောက်လွှာတွင် ထည့်သွင်းရန်မှာ အလွန်အရေးကြီးပေသည်။ (အိမ်ထောင်ရှိသည်၊ ကလေးရှိသည် ဆိုပါက လိုအပ်ပေသည်။) အကယ်၍ မထည့်သွင်းပါ အဆိုပါ လျှောက်လွှာသည် အရည်အချင်း မပြည့်မှီသည့်အတွက် အပယ်ခံရမည် ဖြစ်ပါသည်။ မကြာသေးခင်က ရိုက်ထားသည့် အောက်ပါပုဂ္ဂိုလ်များ၏ ဓါတ်ပုံများသည် လျှောက်လွှာတွင် မဖြစ်မနေ ပါဝင်ရမည် ဖြစ်ပါသည်။ သင်နှင့် သင့်အိမ်ထောင်ဖက်၊ သင် လျှောက်လွှာဖြည့်သည့် အချိန်တွင် အသက် ၂၁ နှစ် မပြည့်သေးသော အိမ်ထောင်မရှိသည့် ကလေးအသီးသီး၏ ဓါတ်ပုံများ၊ (အဆိုပါ ကလေးများတွင် မိမိရင်သွေး၊ တရားဝင် မွေးစားထားသည့် ကလေးများ၊ အိမ်ထောင်ဖက်၏ ကလေးများ၊ မိမိနှင့် အတူမရှိတော့သည့် ကလေး သို့မဟုတ် DV Program အတွက် လူဝင်မှုကြီးကြပ်ရေးတွင် မိမိမထည့်သွင်းခြင်သည့် ကလေးများလည်း ပါဝင်ပေသည်။) အိမ်ထောင်ဖက်နှင့် ကလေးအသီးသီး၏ ဓါတ်ပုံများ မပါဝင်သည့် လျှောက်လွှာသည် ပြည့်စုံမှုမရှိသဖြင့် ဖြည့်သွင်း၍ ရမည်မဟုတ်ပဲ အပြည့်အစုံ ဖြည့်သွင်းရမည် ဖြစ်ပါသည်။

လျှောက်လွှာတွင် မိမိ၏အိမ်ထောင်ဖက်၊ အသက် ၂၁ နှစ်အောက် လက်မထပ်ရသေးသည့် ကလေးများ (ကလေးများ ဆိုရာတွင် အမေရိကန်တွင် နေထိုင်ရန် အသနားခံစာတင်သူနဲ့ အတူနေခြင်း သို့မဟုတ် အတူနေရန်ရည်ရွယ်ခြင်း သို့မဟုတ် အသနားခံစာတင်သူနှင့် ပူးပေါင်းရန် ဆောင်ရွက်နေသူများ ပင်ဖြစ်ပါစေ ထည့်သွင်းနိုင်သည်။ သို့ရာတွင် အမေရိကန်တွင် နိုင်ငံသား သို့မဟုတ် တရားဝင် အမြဲတန်း နေထိုင်ခွင့်ရှိသူ မပါဝင်ပါ။)

အမေရိကန်တွင် အမြဲတန်းနေထိုင်ခွင့် သို့မဟုတ် နိုင်ငံသားဖြစ်နေသည့် အိမ်ထောင်ဖက် သို့မဟုတ် ကလေးများသည် DV visa လျှောက်ရန် မလိုအပ်ပါ။ သို့သော်လည်း DV-Visa လျှောက်မည့် မိသားစုဝင် အားလုံး၏ ဓါတ်ပုံနှင့် အချက်အလက်များအား လျှောက်လွှာတွင် ထည့်သွင်းဖော်ပြရမည် ဖြစ်ပါသည်။ မိသားစုဝင် တစ်ဦးခြင်းစီ၏ ဓါတ်ပုံလိုအပ်မည် ဖြစ်ပြီး၊ မိသားစုလိုက် ဓါတ်ပုံအား လုံးဝလက်မခံပါ။ DV တွင့်ပါဝင်သည့် လူအသီးသီး၏ စစ်မှန်သည့် ဓါတ်ပုံများအား မှားယွင်းစွာ ထည့်သွင်းမိပါက အဓိကလျှောက်လွှာရှင်သည် အရည်အချင်း မပြည့်မှီသည့်အတွက် ဗီဇာအင်တာဗျူးတွင် ဗီဇာအားလုံးနှင့်ပါတ်သက်သည်များကို ငြင်းပယ်ကောင်း ငြင်းပယ် ခံရမည် ဖြစ်ပါသည်။ မကြာသေးခင်က ရိုက်ထားသည့် ဓါတ်ပုံ မဟုတ်သည့်အပြင် အောက်ပါအချက်အလက်များနှင့် ကိုက်ညီမှုမရှိသည့် ဓါတ်ပုံဖြစ်ပါက သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသည့်အတွက် ငြင်းပယ်ခြင်း ခံရမည် ဖြစ်ပါသည်။

Online DV Form မှဖြည့်သွင်းသည့် အိမ်ထောင်ဖက် သို့မဟုတ် ကလေးအသီးသီး၏ ဒစ်ဂျစ်တယ် ဓါတ်ပုံဖြစ်ရမည်။ Scanner သို့မဟုတ် Digital Camera နဲ့ ရိုက်ထားသည့် ဓါတ်ပုံဖြစ်ရမည်။ အဆိုပါ ဓါတ်ပုံသည် အောက်တွင် ဖော်ပြထားသည့် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီမှု ရှိရမည်။ လျှောက်လွှာတင်သွင်းသူသည် မိမိဓါတ်ပုံသည် အရည်အချင်း မှီ မမှီအား e-DV website ၏ ဓါတ်ပုံစစ်ဆေးမှု တွင် စစ်ဆေးနိုင်သည်။ ဓါတ်ပုံ စစ်ဆေးမှုတွင် မည်သည့်အတွက်ကြောင့် လက်ခံသည် လက်မခံသည်အား ဓါတ်ပုံအထားအသိုနှင့် အခြားသော နည်းပညာပိုင်းဆိုင်ရာများအား ဥပမာပေး၍ ဖော်ပြမည် ဖြစ်သည်။

ဓါတ်ပုံအထားအသို အနေဖြင့် ခေါင်းအနေအထားသည် ကင်မရာသို့ မျက်နှာမူထားရမည်။ ဘေးသို့ သို့မဟုတ် မျက်နှာမော့ထားခြင်း မဖြစ်စေရ။ မျက်နှာအရွယ်အစားသည် ဓါတ်ပုံတစ်ပုံလုံး စုစုပေါင်းအမြင့်၏ ၅၀ ရာနှုန်းမှ ၆၉ ရာနှုန်းအတွင်း ၀င်ရမည်။ (မျက်နှာတစ်ခုလုံးဆိုရာတွင် ထိပ်ပိုင်းမှ ဆံပင်အပါအ၀င် မေးစေ့အထိ ဖြစ်သည်။)။ မျက်လုံးအမြင့်သည် ဓါတ်ပုံအအောက်ခြေ၏ ၅၆ ရာနှုန်းမှ ၆၉ ရာနှုန်းကြားအတွင်းတွင် ရှိရမည်။

နမူနာအား အောက်ပါလင့်တွင် ကြည့်ရှုနိုင်သည်။ http://travel.state.gov/visa/visaphotoreq/photoexamples/photoexamples_5331.html

နောက်ခံအနေဖြင့် သဘာဝ ဖျော့သော အရောင်ဖြစ်ရမည်။ နက်မှောင်သော၊ ရင့်သော၊ အကွက်များပါဝင်သည့် နောက်ခံအား ခွင့်ပြုမည် မဟုတ်။ ဓါတ်ပုံသည် မျက်နှာအပါအ၀င် အလုံးစုံ ကြည်လင်ပြတ်သားမှု ရှိရမယ်။ မျက်နှာလှပစေရန် တန်ဆာဆင်ထားသည့် ပစ္စည်းများ ဥပမာ နေကာမျက်မှန်ဝတ်ဆင်ထား၍ ရိုက်ကူးထားသည့် ဓါတ်ပုံများအား လုံးဝ လက်မခံပါ။

လျှောက်လွှာရှင်၏ ဓါတ်ပုံတွင် ဘာသာရေးအရ ဦးခေါင်းပေါ်တွင် ၀တ်ဆင်ထားသည့် အရာအား လက်ခံသော်လည်း မျက်နှာအား ကာကွယ်သည့်၊ ဖုန်းထားသည့် ပုံသဏ္ဍန်မဖြစ်စေရ။ လူမျိုးစု မျိုးနွယ်နှင့် ပါတ်သက်သည့် ခေါင်းဆောင်း သို့မဟုတ် ဘာသာရေးနှင့် သက်ဆိုင်မှု မရှိသည့် အခြားသော ခေါင်းဆောင်းများအား လုံးဝလက်ခံခြင်းမရှိပါ။ စစ်တပ်ဦးထုပ်၊ လေကြောင်းလိုင်း ဦးထုပ်နှင့် အခြားသော ပုဂ္ဂလိကဆိုင်ရာ ဦးထုပ် အဆောင်အယောင်များအား လုံးဝလက်မခံပါ။

ဆေးရောင်စုံ ဓါတ်ပုံဖြစ်ရန် လိုအပ်သည်။ မည်သို့ပင် ရိုက်ကူးထားသည့် ဓါတ်ပုံဖြစ်စေ အရောင်သတ်မှတ်ချက် အနေဖြင့် 24 bit color mode or True Color ဖြစ်ရမည်။ Scanner ဖြင့်ဖတ်သည့် ဓါတ်ပုံဖြစ်ပါက အနည်းဆုံး တစ်လက္မလျင် အမှုန် ၃၀၀ ပါဝင်သည့် (300 dpi) ညက်ညောမှု ရှိရမည်။ ဓါတ်ပုံအမျိုးအစားသည် JPEG ဖြစ်ရမည်။ ဓါတ်ပုံဆိုဒ်သည် 240KB ထက်မကြီးစေရ။

အမေရိကန် နိုင်ငံခြားရေးဌာနအနေဖြင့် မည်သည့် ဗီဇာအကြံပေး၊ ဗီဇာကိုယ်စားလှယ် သို့မဟုတ် လျှောက်လွှာတင်သူ ကိုယ်စား ဖြည့်သွင်းသူများ၏ အကူအညီမယူပဲ လျှောက်လွှာတင်ခြင်းအား အထူးအားပေးသည်။ အကယ်၍ အဆိုပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ အကူအညီကို ရယူပြီး လျှောက်လွှာတင်ပါက လျှောက်လွှာတင်ခြင်း ပြီးစီးသည့် ထောက်ခံချက် (Confirmation Page) နှင့် မိမိ၏ ကိုယ်ပိုင်နံပါတ် (Unique confirmation number) စနစ်တကျ သိမ်းဆည်းထားရန် လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် အချို့သော ကိုယ်စားပြုလုပ်ပေးသည် လူပုဂ္ဂိုလ် အဖွဲ့အစည်းများသည် လျှောက်လွှာရှင်၏ ကိုယ်ပိုင်နံပါတ်အား သိမ်းဆည်းထားပြီး လျှောက်လွှာရှင်မှ အဆိုပါ နံပါတ်အား လိုအပ်လာပါက ငွေကြေး သို့မဟုတ် တစ်ခုခုနှင့် တရားမ၀င် လဲလှယ်နိုင်သောကြောင့် ဖြစ်သည်။ အဆိုပါ ကိုယ်ပိုင်နံပါတ် (Unique Confirmation Number) သည် မိမိ DV လျှောက်လွှာသည် ရွေးချယ်ခံရသည် သို့မဟုတ်၊ ဆက်လက်လုပ်ဆောင်ရသည်များအား www.dvlottery.state.gov ၏ Entrant Status Check တွင်ဝင်ရောက် ကြည့်ရှုရန်အတွက် လိုအပ်သောကြောင့် ဖြစ်သည်။

Entrant Status Check အား မေလ ၁ ရက်နေ့ ၂၀၁၂ မှစတင်၍ www.dvlottery.state.gov တွင် ၀င်ရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။ ၎င်းတွင် လျှောက်လွှာရှင်၏ ဆက်လက်လုပ်ဆောင်ရမည့် အချက်များ၊ လူဝင်မှု ကြီးကြပ်ရေးတွင် ဗီဇာ အင်တာဗျူး
 ပြုလုပ်မည့် အချိန်နှင့်နေရာ အား ဖော်ပြထားမည် ဖြစ်သည်။ လျှောက်လွှာရှင်သည် မိမိ၏ ကိုယ်ပိုင်နံပါတ် (Unique Confirmation Number) ပျောက်ဆုံးသွားပါက မိမိ DV လျှောက်လွှာနှင့် ပါတ်သက်သည့် အချက်အလက်များအား ၀င်ရောက် ကြည့်ရှုနိုင်ခြင်း မရှိသကဲ့သို့ အမေရိကန် နိုင်ငံခြားရေးဌာန အနေဖြင့်လည်း လျှောက်လွှာတင်ခြင်း ပြီးစီးသည့် ထောက်ခံချက် (Confirmation Page) အား ထပ်မံ ပေးပို့မည် မဟုတ်သဖြင့် ကိုယ်ပိုင်နံပါတ် (Unique Confirmation Number) အား စနစ်တကျ သိမ်းဆည်းထားရန် အထူး လိုအပ်ပေသည်။

DV လျှောက်လွှာ ပေါက်သွားပါက မဲပေါက်သူ တစ်ဦးခြင်းအနေဖြင့် သက်ဆိုင်ရာနိုင်ငံရှိ အမေရိကန်သံရုံး၊ ကောင်စစ်ဝန်ရုံးတွင် အခြေချ နေထိုင်ခွင့် ဗီဇာကြေး (Immigrant Visa) 305US$၊ လုပ်ငန်းဆောင်ရွက်ခ ဗီဇာကြေး (Diversity Visa) 440US$၊ လူဝင်မှုကြီးကြပ်ရေးနှင့်ဆိုင်သည့် လုပ်ငန်းစဉ်များအတွက် ဆောင်ရွက်ခကြေး 74US$၊ စုစုပေါင်း 819US$ အား မဲပေါက်သူမှ ပေးသွင်းရမည် ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဗီဇာနှင့် ကောင်စစ်ဝန်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) မှ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

by James Mmt 

ကျမနှင့်နိုင်ငံရေး အပိုင်း ( ၂ )


စန္ဒာဝင်း (ယခင် မကွေးတိုင်း အင်အယ်လ်ဒီ အမျိုးသမီးတာဝန်ခံ)

ရှစ်လေးလုံးလူထုအုံကြွမှုကြီး စတင်လာခဲ့တာကို ပြောရင်းတဆက်တည်း မပြောမဖြစ်ပြောရမှာက ကျမရဲ့သက်တမ်းတလျှောက်ကြုံတောင့်ကြုံခဲဖြစ်ခဲ့ရတဲ့ သပိတ်မှောက်ကာလကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ကျမတို့ငယ်ငယ်က ဆန်ရှားပါးမှုပြဿနာကြောင့် ဖြစ် ရတဲ့ အရေးအခင်းတခုကို ရေးရေးတော့မှတ်မိပါတယ်။ ကျမတို့မိဘတွေက ဝန်ထမ်းတွေဆိုတော့ စားနိုင်သောက်နိုင်အဆင့်ပါဘဲ။ အဲဒီ စားရတယ်သောက်ရတယ်ဆိုတဲ့ အဆင့်ကနေ အစားမမှန် အသောက်မမှန်ဖြစ်ခဲ့ကြရတဲ့ ၁၉၆၇ ဝန်းကျင်မှာပါဘဲ။ ထမင်းမစားရတဲ့ အဖြစ် ကနေ ဆန်ပြုတ်၊ နောက်ဆန်ပြုတ်နဲ့အဆင်မပြေတော့ ဂျုံ နဲ့ ချပါတီလုပ်စားကြရတဲ့အနေအထားပါ။
အဲဒီတုန်းကတောင်မှ မမြင်ခဲ့ရဘူးတဲ့ သပိတ်ဆိုတာကို အခု ( ၈ ) လေးလုံးမှာ ကိုယ်တိုင်ပါဝင်ဆင်နွဲခဲ့ရတော့ ကြီးမားတဲ့တန်ဘိုး ရှိတဲ့ အတွေ့အြုကံမို့ သပိတ်တိုက်ပွဲကာလကို ဆက်လက်တင်ပြချင်တာပါ။ မကွေးမြို့  အောင်ဓမ္မာရုံမှာ ဆန္ဒပြသူလူအုပ်ကြီး ချေချမိတဲ့အ ချိန်ကစလို့ သပိတ်စခန်းဆိုတာအထင်အရှားဖြစ်လာခဲ့ရပါတယ်။ အတွေ့အကြုံ ကမရှိ။ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေကလည်း ရုတ်တရက် လက်တွဲမလာသေးတော့ စနစ်တကျမဟုတ်ဘဲ သူပြောငါပြောနဲ့ သပိတ်စခန်းတခုတည်ဆောက်လိုက်ကြရတယ်။ ဒါပေမယ့် ပေါက်ကွဲနေတဲ့ လူထုကြီးနဲ့ စတင်ဖြစ်ပေါ်လာရတဲ့သပိတ်စခန်းကတော့ သိပ်အခက်အခဲမရှိဘဲ ဆက်လက်စခန်းသွားနိုင်ခဲ့ပါတယ်။
နေ့စဉ်နေ့တိုင်း အားပေးထောက်ခံကြတဲ့ ပြည်သူတရပ်လုံးက သပိတ်စခန်းကို ထမင်းထုပ်တွေပို့ပေးနေခဲ့ကြပါတယ်။ နေ့စဉ် မြို့ တွင်းတပတ် ချီတက်ဆန္ဒပြကြပြီး ညပိုင်းမှာတော့ ဟောပြောပွဲ၊ ရင်ဖွင့်ပွဲတွေနဲ့ပေါ့ရှင်။ အော်ဓမ္မာရုံမှာတော့ ညစဉ်ကျင်းပနေတဲ့ ဟောပြော ပွဲတွေမှာ လူစည်ကားလိုက်တာ။ ဒီနေ့ဘယ်သူဟောမှာ။ မနက်ဖြန်ဘယ်သူဟောမှာနဲ့ ပွဲစဉ်တွေကိုဖြစ်လို့ပါဘဲ။
အဲဒီဟောပြောပွဲနဲ့ပတ်သက်လို့ မှတ်မှတ်ရရတခုပြောရရင် ပရိသတ်ပွဲအလွန်တောင်းပြီး လက်ခုပ်သံတွေအများဆုံးရတဲ့သူတ ယောက်ရှိလေရဲ့။ ပြောင်မြောက်လှတဲ့စကားလုံးတွေနဲ့ ဦးနေဝင်းကိုဆော်နေလိုက်တာ လူတွေမချီးကျူးဘဲကို မနေနိုင်ဘူး။ အဲဒီထဲမှာ ကျမက ထိပ်ဆုံးကပေါ့။ ပြောရဲလိုက်တာ၊ ပြောတတ်လိုက်တာနဲ့ သူကသပိတ်ကော်မတီမှာတောင် ဦးဆောင်သူ ဖြစ်သွားလေရဲ့။
မကြာပါဘူး။ တပတ်၊ ဆယ်ရက်လောက်ရှိတော့ ဇာတိရုပ်ပေါ်ပါလေရော။ တနေ့တော့ နေ့လည် ( ၂ ) န္နာရီ ( ၃ )နာရီလောက် မှာ ကျမတို့ဈေးသူဈေးသားတသိုက် ဈေးကအပြန်လမ်းခုလပ်မှာရှိတဲ့ သပိတ်စခန်း အောင်ဓမ္မာရုံကိုအဝင် ဟောနေ၊ ပြောနေတဲ့သူတွေရှိ တဲ့ သံဃာစင်ပေါ် အဲဒီသပိတ်မင်းသားတက်သွားတယ်။ ပြီးတော့ မိုက်ကရိုဖုန်းကိုယူပြီး ဘာမပြောညာမပြောနဲ့ “လူထုကြီးခင်ဗျား ဒီနေ့ ဒီရက်ကစပြီး ကျနော်တို့သပိတ်စခန်းသိမ်းပါပြီ။ သပိတ်လှန်လိုက်ပါပြီ” လို့ကြေငြာလိုက်ရော ကျမတို့လည်းလူအုပ်ကြားထဲမှာ ဘာလုပ် ရမှန်းမသိဘူး။ ကြောင်သွားတာပေါ့။ သူကတော့ ပြောပြီးတာနဲ့ စင်ပေါ်ကဆင်းသွားရော။ ဓမ္မာရုံထဲမှာက လောလောလတ်လတ် ဖွဲ့ထား ပြီးစ မကွေးကောလိပ်ကျောင်းသားများအဖွဲ့ကလည်းရှိနေတယ်။ ကျမနားမှာရှိတဲ့ ကျောင်းသားတွေကလဲ ကျမခင်ပွန်းသပိတ် ကော်မတီဝင်ဆိုတာသိတော့ ကျမဆီချဉ်းကပ်လာကြတယ်။ ဘယ်လိုလုပ်လိုက်တာလဲ။ မောင်လေးတို့စိတ်မလှုပ်ရှားနဲ့ စိတ်အေးအေးထား၊ သူလှန်လို့ရတဲ့သပိတ်လား။ တို့ဆက်မှောက်ထားလို့ရတာပဲလို့ ချော့မော့နှစ်သိမ့်လိုက်ရတာပေါ့။ အဲဒီလူက သပိတ်ကိုတမင်ခွဲတာလေ။ အာဏာပိုင်နဲ့သဘောတူညီချက်ယူပြီးတော့ပေါ့။ကျမလည်းစိတ်မချတာနဲ့ ညပိုင်းကျတော့ ဓမ္မာရုံထဲတခေါက်ပြန်သွားတယ်။ အဲဒီမှာပွဲက ကြမ်းနေပြီ။ အဲဒီလူ သူ့လူစုနဲ့လာပြီး စင်ပေါ်တက်၊ ပွဲဖျက်ပြန်ရော။ ကျမနဲ့ကျမမိတ်ဆွေတစုက စင်နားမှာ။ ကျောင်းသားတွေက ဝါးချွန်တွေနဲ့ ဝိုင်းချိန်ထားကြပါလေရော။ ဒါနဲ့ကျမတို့အမျိုးသမီးတစုလဲ ကလေးတွေကို အတင်းဆွဲဖြေင်းဖြပြီးပြောရတယ်။ တို့တွေ အကြမ်းမဖက်ဘို့ သဘောတူထားတယ်လေ။ ဖေါက်ပြန်တဲ့လူတယောက်အတွက်နဲ့ ကိုယ့်ရည်ရွယ်ချက်အပျက်မခံပါနဲ့လို့ တရားချရတယ်။
ဒါနဲ့မကျေနပ်သေးပဲ ကျောင်းသားလူငယ်တွေ စုပြီး အဲဒီလူအိမ်ကိုသွားဝိုင်းကြသေးတယ်။ ဒါပေမယ့် ကျမတို့ မကွေးမြို့မှာဘယ် သူတဦးတယောက်မှ သွေးထွက်သံယို မရှိ။ ဘယ်သူ့ပစ္စည်းမှ မပျက်စီးဘဲ စည်းကမ်းတကျ သပိတ်ဆင်နွှဲနိုင်ခဲ့ပါတယ်။ နောက်မှ သဘော ပေါက်ပါတယ်။ မကွေးမြို့မှာ မြို့လုံးကျွတ်ပါမက ဝန်ထမ်းပေါင်းစုံပါဝင်တဲ့ အထွေထွေသပိတ်ကြီးဆင်နွှဲမဲ့ သြဂုတ် ၂၂ ရက်နေ့ကို တားဆီးချင်လို့ အာဏာပိုင်တွေက လူမွေးလိုက်တာပါဘဲ။ အဲဒီလူလဲတော်တော်လန့်သွားတယ်။ သူလုပ်ပုံက သပိတ်စခန်းမှာ သပိတ်လှန် ဘို့ကြော်ငြာယုံတင်မကဘူး ကျမနဲ့ ကျမသူငယ်ချင်းရှိတဲ့နေရာအထိလာပြီး ပေါ်တင်စည်းရုံးလာတယ်။ အာဏာပိုင်တွေက သပိတ်ကို အကြမ်းဖက်ဖြိုခွင်းတော့မှာဖြစ်လို့ နောက်ဆုတ်ကြပါတဲ့။ ကျမတို့ကပြောလိုက်ပါတယ်။ ရှင်ကြောက်ရင် ရှင်နောက်ဆုတ်ပါ။ ကျမတို့တော့ ရှေ့ဆက်မယ်လို့။
ဒီလူလဲ တော်တော်နောင်တရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့လူထုအားလုံး မောင်းတင်ပြင်ဆင်ထားတဲ့ အထွေထွေသပိတ်တိုက် ပွဲကြီးဟာ စီစဉ်ထားတဲ့အတိုင်း ဝန်းထမ်းပေါင်းစုံ ပူးပေါင်းပါဝင်ပြီး စည်ကားသိုက်မြိုက်စွာ အောင်မြင်ပြီးမြောက်ခဲ့လို့ပါဘဲ။ အဲဒီ သြဂုတ်လ ၂၂ ရက်အထွေထွေသပိတ်ကြီးကို ပူးပေါင်းပါဝင်ခဲ့ကြတဲ့ လူအုပ်အကြီးကြီးရဲ့ ဟိုးနောက်ဆုံးမှာ ဆမူဆာ ( သုံးဖက်ချွန် ) လို့နံမည်တွင်သွား တဲ့ အဲဒီသစ္စာဖေါက် ပုဂ္ဂိုလ်ဟာဖြင့် ကျီးကန်းတောင်းမှောက်မျက်လုံးအစုံနှင့် မဝန့်မရဲ တရွတ်ဆွဲပါလာလေရဲ့။ အော် သမိုင်းသေ တယ်ဆိုတာ ဒါဘဲဖြစ်မှာပါလေ။    ။

စန္ဒာဝင်း (ယခင် မကွေးတိုင်း အင်အယ်လ်ဒီ အမျိုးသမီး တာဝန်ခံ)

RFA အပါတ်စဉ် ကဏ္ဍ မှ

မန္တလေးတိုင်းမှာ လူရာကြီးဂဏန်း အစာဆိပ်သင့်

ubein_bridge
အမရပူရမှာ ရေကြီးမှုတွေ ဖြစ်ခဲ့

မန္တလေးတိုင်း အမရပူရမြို့မှာ အလှူ တခုက အစား အစာတွေ စားမိပြီး ဒေသခံ ၆၀၀ လောက် အော့အန် ဝမ်းလျောတာ တွေဖြစ်လို့ ဆေးရုံ ၃ ရုံနဲ့ ကုသိုလ်ဖြစ် ဆေးခန်းတွေမှာ ဆေး ကုသမှု ခံယူနေရ ပါတယ်။

အမရပူရမြို့ ကြံတန်း ရပ်ကွက်က ပွဲတော် ကျောင်း မှာလုပ်တဲ့ အလှူတစ်ခုက ကျွေးမွေး ဧည့်ခံတဲ့ ဒန်ပေါက်နဲ့ အစား အစာတွေ စားပြီးနောက် နေမကောင်း ဖြစ်ကြလို့ ဆေးကုသမှု ခံယူနေကြ ရတာပါ။

မန္တလေးမြို့ပေါ်က ဆရာဝန်တွေ အပါအ၀င် စိမ်းရောင်စို ၊ အမရသုခ ၊ ချမ်းမြသုခ ၊ ဗြဟ္မစိုရ် ၊ဘဝအလင်း နဲ့ မြင့်မြတ်သူ စတဲ့ လူမူရေးအသင်း တွေက ဆင်းပြီး အရေးပေါ် အကူအညီ ပေးခဲ့ရပါတယ်။

အော့အန်မေ့မျောနေတဲ့လူနာတွေကို ဗြဟ္မစိုရ်လို လူမှုရေးအသင်းက လူနာတင်ကား တွေနဲ့ မန္တလေးမြို့ပေါ်က ဆေးရုံကြီးနဲ့ ကူးစက်ရောဂါကု ဆေးရုံတွေကို အရေးပေါ် ကူညီပေး ခဲ့သလို မွတ်စလင် ဘာသာရေး အသင်းတွေ ကလည်း ကူညီကြ တယ်လို့ ပြောပါတယ်။

ဒီလိုဖြစ်တာဟာ အစာကြောင့်ဖြစ်နိုင်သလို အဓိကတော့ ရေ၀င်နေတာ ၁လကျော်ပြီဖြစ်တဲ့ အမရပူရမြို့က ရေတွင်းတွေ မသန့်ရှင်းတာ ကြောင့် ဖြစ်နိုင်တယ်လို့ စိမ်းရောင်စို လူမှုကူညီရေး အသင်း ဦးဆောင်သူ တယောက်ဖြစ်တဲ့ ဆရာ မောင်တင်သစ်က ပြောပါတယ်။

အမရသုခဆေးခန်းက လူနာတွေကိုကုပေးနေတဲ့ ဒေါက်တာဇော်မြင့်မောင်ကလည်း လူနာတွေကို ဆေးကုသပေးနေရာမှာ စိုးရိမ်ရတဲ့ အနေအထား မရှိတော့ကြောင်း သောကြာနေ့ ညပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

စကိုက်ပ်ကို မိုက်ခရိုဆော့ဖ်က ဝယ်ယူ

Skype
SkypeSkype ကနေ ကမ္ဘာတစ်ဝန်း ဖုန်းခေါ်လို့ရ

Skype

အင်တာနက်ဖုန်းကုမ္ပဏီ Skype ကို Microsoft ကုမ္ပဏီကြီးက ဒေါ်လာ သန်း ၈၅၀၀ နဲ့ဝယ်ယူတာကို ဥရောပ ကော်မရှင် က အတည်ပြုပေးလိုက်ပါပြီ။မိုင်ခရိုဆော့ဖ်ကနေ စကိုက်ပ် ကုမ္ပဏီကို ဝယ်ယူဖို့ ကု
မ္ပဏီနှစ်ခုကြား သဘောတူခဲ့ ကြောင်း ကြေငြာတာကတော့ ဒီနှစ် မေလက ဖြစ်ပေမယ့် ဥရောပကော်မရှင်ကနေ အတည်ပြုပေးလိုက် တာကတော့ အခုမှ ဖြစ်ပါတယ်။ဥရောပက လပ်ဆင်ဘတ် နိုင်ငံအခြေစိုက် စကိုက်ပ် ကုမ္ပဏီကို မိုက်ခရိုဆော့ဖ်က ဝယ်ယူခဲ့တာဟာ ဥရောပရဲ့ ဈေးကွက်ကို မထိခိုက်စေနိုင်ဘူးလို့ ယူဆတဲ့အတွက် အခုလို ခွင့်ပြုလိုက်တဲ့အကြောင်း ဥရောပ ကော်မရှင်က ပြောပါတယ်။ ဆိုလိုတာက ကုမ္ပဏီကြီးတစ်ခုကနေ လက်ဝါးကြီးအုပ်တာမျိုး မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပါ။ဈေးကွက်ထဲမှာ စကိုက်ပ်ကနေ အင်တာနက်ဝန်ဆောင်မှုပေးသလိုမျိုး ပေးနေကြတဲ့အထဲမှာ ဂူဂဲလ် အပါအအဝင် တခြားကုမ္ပဏီမျိုးတွေ ရှိနေတယ်လို့ ဥရောပ ကော်မရှင်က ပြောပါတယ်။၈ နှစ် သက်တမ်းပဲ ရှိသေးတဲ့ စကိုက်ပ်ကုမ္ပဏီကို အစောပိုင်းမှာ အီးဘေး ကုမ္ပဏီက ဒေါ်လာ သန်း ၂၆၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။ နောက်ပိုင်း ရှယ်ယာ အများအပြားကို ပြန်ထုတ်ရောင်းခဲ့ပါတယ်။
Skypeအခုတော့ မိုက်ခရိုဆောဖ်က သူ့သမိုင်းမှာ ကုမ္ပဏီတစ်ခုတည်းအတွက် အကြီးမားဆုံး ငွေကြေးရင်းနှီးမြှပ်နှံမှုအနေနဲ့ စကိုက်ပ်ကို ဝယ်ယူလိုက်တာပါ။စကိုက်ပ် ကုမ္ပဏီရဲ့ အဓိက ဝန်ဆောင်မှုကတော့ အင်တာနက်ကနေ ကမ္ဘာနိုင်ငံအသီးသီးကို ဖုန်းခေါ်ဆိုလို့ရတဲ့ ဝန်ဆောင်မှုပါ။ အဲဒီအတွက် ဖုန်းခေါ်ခ ပေးရပေမယ့် စကိုက်ပ်အသုံးပြုတဲ့သူ အချင်းချင်း ဖုန်းနံပါတ်ကို မသုံးပဲ ဆက်သွယ်မယ် ဆိုရင်တော့ အခမဲ့ ပြောလို့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဗီဒီယိုနဲ့လည်း အပြန်အလှန် ကြည့်ပြီးတော့လည်း ပြောနိုင်ပါတယ်။ကမ္ဘာတစ်ဝန်းမှာဆိုရင် စကိုက်ပ်ဝန်ဆောင်မှုကို အသုံးပြုသူပေါင်း လောလောဆယ် သန်း ၆၅၀ ရှိပါတယ်။ ဒါကြောင့် လူကြိုက်များလာတဲ့ စကိုပ်ပ်ကို မိုက်ခရိုပ်ဆော့ပ်က ဝယ်ယူလိုက်တာပါ။နောက်ပြီး မိုက်ခရိုဆော့ဖ်ရဲ့ ပြိုင်ဘက် ကုမ္ပဏီတွေက မိုဘိုင်းဖုန်း တွေပေါ်မှာ အင်တာနက် ဖုန်းခေါ်ဆိုမှုတွေ အသုံးပြုခွင့် ပေးနေသလို နောင်ဆိုရင် မိုက်ခရိုဆော့ဖ်ရဲ့ Xbox ဂိမ်းတွေ၊ ဝင်းဒိုးစ် မိုဘိုင်းဖုန်း တွေမှာလည်း စကိုက်ပ်ကို အသုံးပြုလို့ ရလာတော့မှာလည်း ဖြစ်ပါတယ်။

ကချင်စစ်​ပြေး​ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ အိုး​အိမ်မဲ့​ဖြစ်

ကေအိုင်​ အေ(ကချင်လွတ်​မြောက်​ရေး​တပ်မ​တော်) နဲ့​ အစိုး​ရတပ်​တွေအကြား​ ​လေး​လကြာ တိုက်ပွဲကာလအတွင်း​ ​ဒေသခံ နှစ်​သောင်း​ခွဲ​ကျော် အိုး​မဲ့​အိမ်မဲ့​ဖြစ်သွား​ တယ်လို့​ ထိုင်း​နိုင်ငံအ​ခြေစိုက် ကချင်အမျိုး​သမီး​အစည်း​အရုံး​က ​ပြောပါတယ်။
လိုင်ဇာ ဒေသ ရောက် ကချင်စစ် ပြေးဒုက္ခသည်များ
ကေအိုင်​အေနဲ့ ​ အစိုး​ရအကြား​ ၁၇ နှစ်ကြာ အပစ်ခတ်ရပ်စဲမှုဟာ ပြီး​ခဲ့​တဲ့​ဇွန်လ ၉ ရက်​နေ့​မှာ အစိုး​ရတပ်ဘက်က ထိုး​စစ်ဆင် တိုက်ခိုက်ခဲ့​တဲ့​အတွက် ပျက်ပြယ်သွား​ပါတယ်။
တိုက်ပွဲကာလ ​လေး​လအတွင်း​ ကချင်ပြည်နယ် ဗန်း​မော်ခ ရိုင် မိုင်ဂျာယံအနီး​တဝိုက်က ​ဒေသခံ ၂၀,၀၀၀ ​လောက် တရုတ်နယ်စပ်ဘက် ထွက်​ပြေး​တိမ်း​ရှောင်သွား​ကြပြီး​ အိုး​အိမ်မဲ့​နေကြရတာလို့​ ကချင်အမျိုး​သမီး​အစည်း​ အရုံး​ (KWAT) တာဝန်ခံ မွန်း​နေလီက ​ပြောပါတယ်။
ခုလိုထွက်​ ပြေး​တိမ်း​ရှောင်​နေရသူ​တွေဟာ ​နေ​ရေး​စား​ရေး​ အခက်ကြုံ​နေကြပြီး​ လက်ရှိကူညီ​နေတဲ့​ ကချင်လူမျိုး​အသိုင်း​အဝိုင်း​ကလည်း​ ​ရေရှည်မကူညီနိုင်ဘူး​လို့​ လည်း​ မွန်း​နေလီက ​ပြောပါတယ်။
“နိုင်ငံတကာက​ နေ ကြည့်​ရှုကူညီတယ်ဆိုတာလည်း​ မရှိတဲ့​အခါကျ​တော့​ သူတို့​ရဲ့​ စား​ဝတ်​နေ​ရေး​က ​တော်​တော်​လေး​ကို ပြဿနာဖြစ်​နေတယ်။ အခုဆိုရင် မိုး​ရာသီဆို​တော့​ မိုး​ကလည်း​ရွာတယ်၊​ ​ဆောင်း​တွင်း​လည်း​ ဝင်ခါနီး​ပြီဆို​တော့​ ​အေး​ တဲ့​ဒဏ်​တွေလည်း​ ခံ​နေရပြီ​ပေါ့​နော်။ ​စောင်​တွေ မလုံ​လောက်တာ​တွေ၊​ မိုး​ရွာပြီး​တော့​ နာမကျန်း​တဲ့​လူ​တွေ ပိုများ​တယ်။ လူကြီး​တွေ၊​ က​လေး​တွေဆို ပိုပြီး​တော့​ မခံနိုင်ဘူး​။ ဖျား​နာတဲ့​ဟာ​တွေ၊​ က​လေး​တွေဆိုရင် အာဟာရ ချို့​တဲ့​ပြီး​ ​ရောဂါ​တွေ ဖြစ်​နေတယ်။”
တရုတ်နယ်စပ်ကိုမသွား ​တဲ့​ လူဦး​ရေ ၅,၀၀၀ ​လောက်က မြစ်ကြီး​နား​၊​ ဗန်း​မော်နဲ့​ ဝိုင်း​မော်မြို့​တို့​ဘက်ကို ထွက်​ပြေး​ခိုလှုံ​နေကြပြီး​ အကူအညီမဲ့​နေကြတယ် လို့​ဆိုပါတယ်။
အစိုး​ရကလည်း​ ပြည်တွင်း​ အန်ဂျီအိုအဖွဲ့​တွေကို ကူညီခွင့်​ ပိတ်ပင် ထား​တာ​ကြောင့်​ အစား​အ​သောက်၊​ ရာသီဥတုဒဏ်​ကြောင့်​ သက်ကြီး​ရွယ်အို​တွေနဲ့​ က​လေး​ငယ်​တွေ ဖျား​နာ​သေဆုံး​တာ​တွေရှိတယ်လို့​လည်း​ ​ပြောပါတယ်။
“သူတို့​ကို တကယ့်​ ကြီး​ကြီး​မား​မား​ အန်ဂျီအိုက​နေ ​ထောက်ပံ့​တဲ့​ဟာက အခု အချိန်ထိ ဘာမှမရှိ​သေး​ပါဘူး​။ UNHCR ဆိုလို့​ရှိရင်လည်း​ ရန်ကုန်မှာ အ​ခြေစိုက် တာ​ပေါ့​နော်၊​ ဒါ​ပေမဲ့​ သူတို့​ကလည်း​ အစိုး​ရရဲ့​အောက်ကဆို​တော့​ ခွင့်​မပြုတဲ့​ဟာဆို သူတို့​ ဘာမှလုပ်လို့​မရတဲ့​အပိုင်း​မှာ ရှိတယ်။ က​လေး​တွေဆိုရင် ဝမ်း​လျှော​ရောဂါ ​တွေနဲ့​ ​သေဆုံး​တာရှိတယ်။ လူကြီး​တွေဆိုရင် ရာသီဥတုဒဏ်မခံနိုင်ဘူး​။ ​နေရတဲ့​ ​နေရာကလည်း​ ​လေ​အေး​ကာကွယ်နိုင်တဲ့​ဟာ မဟုတ်ဘူး​ဆို​တော့​ များ​သောအား​ဖြင့်​ အသက်ကြီး​ပိုင်း​တွေ ​သေဆုံး​တာများ​တယ်။”
ခုချိန်ထိ စစ်​ပြေး​ဒုက္ခသည် က​လေး​ငယ်​တွေနဲ့​ သက်ကြီး​ရွယ်အို ၂၀ ​လောက် ​သေဆုံး​ခဲ့​ရပြီလို့​ ​ပြောပါတယ်။
ဒါ့​အပြင် စစ်ပွဲကာလအတွင်း​ ကချင်အမျိုး​သမီး​ ၃၇ ဦး​ အဓမ္မပြုကျင့်​ခံရပြီး​ ၁၅ ဦး​ အသတ်ခံခဲ့​ရတယ်လို့​လည်း​ ဒီ​နေ့​ထုတ်ပြန်တဲ့​ ကချင်အမျိုး​သမီး​အစည်း​အရုံး​ အစီရင်ခံစာမှာ ​ဖော်ပြပါတယ်။
အစိုး​ရစစ်တပ် ​တွေဟာ ရှမ်း​ပြည်နယ်​မြောက်ပိုင်း​က ​ကေအိုင်​အေ တပ်မဟာ ၄ အ​ခြေပြု တပ်ရင်း​တွေကို ပြီး​ခဲ့​တဲ့​သီတင်း​ပတ်က ထိုး​စစ်ဆင်တာ​ကြောင့်​ တိုက်ပွဲ​တွေ ဖြစ်​နေပြီး​ ​ထောင်နဲ့​ချီတဲ့​ရွာသား​တွေ ထွက်​ပြေး​ကုန်ကြပါတယ်။ ဒီစစ်​ပြေး​ဒုက္ခသည် ​တွေဟာ နယ်စပ်ဘက်ကိုလည်း​မ​ရောက် မြို့​ဘက်ကိုလည်း​မသွား​နိုင်ဘဲ ​တောတွင်း​ မှာ ထွက်​ပြေး​တိမ်း​ရှောင် အသက်ဆက်​နေကြရတယ်လို့​လည်း​ ကချင်အမျိုး​သမီး​ရဲ့​ အစီရင်ခံစာမှာ ​ဖော်ပြထား​ပါတယ်။

အမျိုး​သမီး​ သုံး​ဦး​ နိုဘယ်လ်ဆုချီး​မြှင့်​ခံရ

၂၀၁၁ ခုနှစ်အတွက် ငြိမ်း​ချမ်း​ရေး​နိုဘယ်လ်ဆုကို လိုက်​ဘေး​ရီး​ယား​နိုင်ငံက အမျိုး​သမီး​နှစ်ဦး​ နဲ့​ယီမင်နိုင်ငံက အမျိုး​သမီး​ တဦး​ကို ​နော်​ဝေ နိုဘယ်လ်ဆု ​ရွေး​ချယ်​ရေး​ကော်မတီက ပူး​တွဲ ​ရွေး​ချယ်ဆုချီး​မြှင့်​လိုက်ပါတယ်။

အလ်လန်ဂျွန်ဆင် ဆာလစ်ဖ်၊ တာဝါကူးခါမန်း၊ လေးမန်ဘိုဗင်း-ဝဲမှယာ (ဓာတ်ပုံ ရိုက်တာ)
နော်​ ဝေနိုင်ငံ နိုဘယ်လ်ဆု​ရွေး​ချယ်​ရေး​ကော်မတီက လိုက်​ဘေး​ရီး​ယား​ အမျိုး​သမီး​သမ္မတ အလ်လန်ဂျွန်ဆင် ဆာလစ်ဖ် Ellen Johnson-Sirleaf နဲ့​ တနိုင်ငံတည်း​သား​ ပြည်တွင်း​စစ်ရပ်စဲ​ရေး​စည်း​ရုံး​လှုပ်ရှား​သူ Leymah Gbowee ​လေး​မန်ဘိုဗင်း​ နဲ့​ ယီမင်နိုင်ငံက အမျိုး​သမီး​အခွင့်​အ​ရေး​နဲ့​ ဒီမိုက​ရေစီ​ရေး​ တက်ကြွလှုပ်ရှား​သူ တာဝါကူး​ခါမန်း​ Tawakkul Karman တို့​ကို ညီတူမျှတူ ခွဲ​ဝေ ​ပေး​အပ်လိုက်တဲ့​အ​ကြောင်း​ ဒီက​နေ့​ ထုတ်ပြန်​ကြေညာသွား​ခဲ့​ပါတယ်။
အမျိုး​သမီး​ သုံး​ဦး​ဟာ အမျိုး​သမီး​တွေဘဝ ​ဘေး​ကင်း​လုံခြုံ​ရေး​နဲ့​ ငြိမ်း​ချမ်း​ရေး​တည်​ဆောက်တဲ့​နေရာမှာ အမျိုး​သမီး​တွေ အခွင့်​အ​ရေး​အပြည့်​အဝနဲ့​ ပါဝင်နိုင်​ရေး​အတွက် အကြမ်း​မဖက်တဲ့​လှုပ်ရှား​မှု ​ဆောင်ရွက်ချက်ကို ဂုဏ်ပြုချီး​မြှင့်​တယ်လို့​ နိုဘယ်လ်ဆု​ရွေး​ချယ်​ရေး​ကော်မတီက ​ပြောပါတယ်။
ဒါ့​အပြင် လူ့​အဖွဲ့​အစည်း​ အဆင့်​ဆင့်​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် ပါဝင်​ဆောင်ရွက်ခွင့်​မှာ အမျိုး​သမီး​တွေဟာ အမျိုး​သား​တွေနဲ့​ တန်း​တူအခွင့်​အ​ရေး​ မရဘူး​ဆိုရင်​တော့​ ဒီမိုက​ရေစီနဲ့​ ​ရေရှည်ငြိမ်း​ချမ်း​ရေး​ကို ရရှိမှာ မဟုတ်ပါဘူး​လို့​ လည်း​ ဆိုပါတယ်။
ခုလို အမျိုး​သမီး​တွေကို နိုဘယ်လ်ဆု ​ရွေး​ချယ်​ပေး​အပ်လိုက်တာဟာ ကမ္ဘာတဝန်း​က အမျိုး​သမီး​တွေကို အထူး​သဖြင့်​ ဖွံ့​ဖြိုး​ဆဲနိုင်ငံ​တွေက အမျိုး​သမီး​တွေကို အား​တက်​စေမှာဖြစ်ပါတယ်။
သံမဏိ အမျိုး​သမီး​ကြီး​လို့​လူသိများ​တဲ့​ အသက် ၇၀ အရွယ် အလ်လန်ဂျွန်ဆင် ဆာလစ်ဖ်ဟာ အာဖရိကရဲ့​ပထမဆုံး​ အမျိုး​သမီး​သမ္မတဖြစ်ပြီး​ လာမယ့်​သီတင်း​ပတ်မှာ ကျင်း​ပမယ့်​ သမ္မတ ​ရွေး​ကောက်ပွဲမှာ ပြန်လည်အ​ရွေး​ခံဖို့​ပြင်ဆင်မှု​တွေပြုလုပ်​နေသူ ဖြစ်ပါတယ်။
အယ်လန်ဂျွန်ဆင်ဆာလစ်အ ​နေနဲ့​ နိုဘယ်လ်ဆုကရရှိမယ့်​ ဆု​ကြေး​အ​မေရိကန်​ဒေါ်လာ ၁သန်း​ခွဲကို ဆုရသူ ၃ ဦး​နဲ့​အတူ ညီတူမျှတူ ခွဲ​ဝေယူရမှာဖြစ်ပါတယ်။

ဦးတင်အောင်မြင့်ဦး တရုတ်ပြည်သွားမည်



မကြာခင်ရက်ပိုင်းတွင်း တရုတ် နိုင်ငံကို မြန်မာဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ အဖွဲ့သွားပြီး မြစ်ဆုံဆည် စီမံကိန်း ပိတ်လိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို ဆွေးနွေးညှိနှိုင်းမှာ ဖြစ်ပါတယ်။ နန်ကျင်းမှာ ပြုလုပ်မယ့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို သွားတက်ရောက်မှာ ဖြစ်ပေမဲ့ အဓိကဆွေးနွေးမယ့် ကိစ္စကတော့ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်နေပါတယ်။ ဒီသတင်းအပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးနဲ့အတူ လျှပ်စစ်နဲ့ စွမ်းအင်ရေးရာဝန်ကြီး ဦးဇော်မင်း အပါအ၀င် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် အောက်တိုဘာ ၁၇ နဲ့ ၁၈ ရက်တွေမှာ တရုတ်နိုင်ငံကို သွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံ နန်ကျင်းမှာ ပြုလုပ်မယ့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တက်ရောက်ဖို့ သွားမှာဖြစ်ပေမဲ့ တရုတ်နဲ့အကျိုးတူ လုပ်ဆောင်ထားတဲ့ မြစ်ဆုံဆည် စီမံကိန်း ရပ်လိုက်တဲ့ကိစ္စကို အဓိကပြောဆိုဖို့ ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော် တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို သမ္မတ ဦးသိန်းစိန်က သူ့အစိုးရ လက်ထက်မှာ ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် ဒီကိစ္စကို သူတို့နဲ့ဆွေးနွေးဖို့ကိုလည်း တရုတ် နိုင်ငံခြားရေးဌာနက တောင်းဆိုထားပါတယ်။ ဒါ့ကြောင့် မကြာခင်မှာ မြန်မာ အစိုးရအဖွဲ့ဟာ တရုတ်နိုင်ငံကို သွားဖို့ ခရီးစဉ်ရှိလာတော့မှာ ဖြစ်တယ်လို့ အများက တွက်နေကြတာပါ။ သမ္မတ အကြံပေးအဖွဲ့က အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးနေဇင်လတ်ကတော့ အခု ဒုတိယသမ္မတနဲ့အဖွဲ့ မကြာခင် တရုတ်နိုင်ငံကိုသွားမယ့် ခရီးစဉ်နဲ့ပတ်သက်လို့ အတိအကျမသိပေမဲ့ မြစ်ဆုံစီမံကိန်း ရပ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ အစိုးရချင်း ဆက်ပြီး ညှိနှိုင်းစရာတွေ ရှိမှာတော့ဖြစ်တယ်လို့ ပြောပါတယ်။
“ဒါကတော့ ကွန်ထရက်တခု ပျက်ပြယ်တယ် ဆိုလို့ရှိရင် ညှိနှိုင်းရတဲ့ သဘာဝတွေ ရှိပါတယ်။ နောက်ဆက်တွဲမှာတော့ ကျနော် ထင်ပါတယ်။ သင့်လျော်တဲ့ အဆင့်တခုကနေပြီး တရုတ်ကုမ္ပဏီတွေနဲ့ အစိုးရပိုင်းတွေ နားလည်အောင် ပြောပြပြီးတော့မှ ညှိနှိုင်းပြီးတော့ ပြီးဆုံးသွားတဲ့အထိ ဆောင်ရွက်သွားမယ်လို့ ကျနော် ယူဆပါတယ်။”
နှစ်ပေါင်း အတော်ကြာကတည်းက မဟာဗျူဟာမြောက် ဆက်ဆံရေးတွေ နှစ်နိုင်ငံကြား ရှိထားတာဖြစ်ပြီး မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းမယ် ဆိုတဲ့အတွက် နှစ်နိုင်ငံအကြား ဆက်ဆံရေး ထိခိုက်စရာ ဖြစ်လာနိုင်တယ် လို့လည်း ခန့်မှန်ပြောဆိုနေကြတာပါ။ ဦးနေဇင်လတ်ကတော့ တရုတ်နဲ့ မြန်မာဟာ နှစ်နိုင်ငံ ပူးပေါင်းပြီး အကျိုးတူ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ အများကြီးထဲက တခုသာ ရပ်လိုက်တာမို့ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး ထိခိုက်စရာ မမြင်ဘူးလို့ ဆိုပါတယ်။
“ဘာကြောင့်လဲလို့ ပြောလို့ရှိရင် တရုတ်နဲ့ မြန်မာနဲ့ ဆက်ဆံရေးမှာ အထူးသဖြင့် စီးပွားရေး ဆက်ဆံမှု ကိစ္စရပ်တွေက တော်တော်လေး ကြီးကြီးမားမား ရှိတယ်လေ။ အဲဒီအထဲက ဒါက တစ်ခုသာဖြစ်တယ်။ ဆိုတော့ ဖြစ်ခါစမှာတော့ နည်နည်းလေးတော့ ပူပူနွေးနွေးလေး ဖြစ်တဲ့အတွက်ကြောင့်မိုလို့ တဘက်ကတော့ ကျေနပ်စရာတော့ အားနည်းရင် နည်းမှာပေါ့လေ။ သို့သော်လည်း ပထ၀ီနိုင်ငံရေးအရ ပြောရင်ကော၊ နိုင်ငံတကာ နိုင်ငံရေးအရ ပြောမယ်ဆိုလို့ရှိရင်လည်း အဲဒါတွေက ပိုပြီးတော့ ဦးစားပေးစရာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ နိုင်ငံအဆင့်ထိလောက်တော့ ကျနော်တို့အတွင်းမှာ မူ မမြင်ရပါဘူးခင်ဗျာ။”
မြစ်ဆုံစီမံကိန်းကို အဓိကလုပ်နေတဲ့ တရုတ် စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ CPI ကတော့ ဒီလုပ်ငန်းရပ်လိုက်တာကနေ ဥပေဒကြောင်းအရ ရှင်းစရာတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ တကယ်တော့ နိုင်ငံတိုင်းဟာ မိမိအကျိုးစီးပွားကိုသာ ရှေ့တန်းတင် စဉ်းစားကြတာ ဖြစ်တာမို့ အခုလည်း ပြည်သူလူထုအကျိုးအတွက် သမ္မတ ဦးသိန်းစိန်က စဉ်းစား ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သဘာဝပတ်ဝင်းကျင် ထိန်းသိမ်းရေးအဖွဲ့ FREDA အဖွဲ့က ဦးအုန်းကပြောပါတယ်။
“ကျနော်တို့ကတော့ committed ဖြစ်တာထက်ကို ပေးတဲ့အတွက် တရားစွဲတာတို့ ဘာတို့ လုပ်နိုင်တာပေါ့။ ဒါက သူတို့အလုပ်ကိစ္စပေါ့။ ဒါကတော့ သူတို့ စာချုပ်စာတမ်းအရ မကိုက်ညီရင် တရားစွဲနိုင်တာပေါ့။ ဒါပေမဲ့ သူတို့ မပါဘဲနဲ့ ဆုံးဖြတ်တယ်ဆိုပြီးတော့ ပြောတာက ဒါကတော့ ကျနော်တို့ကို သက်သက် စော်ကားတာ။ ကျနော်တို့နိုင်ငံ တနိုင်ငံလုံးက မလုပ်ပါနဲ့။ အစိုးရကလည်း သဘောတူတယ်။ အဲဒါ ဆုံးဖြတ်တာက ဘာမှမမှားဘူး။ ဒီကိစ္စထဲမှာ သူတို့ ၀င်ရှုပ်စရာ ဘာမှမလိုဘူး။ သူတို့ တရားစွဲချင်ရင် စွဲပေါ။ လျော်ကြေးတောင်းချင်ရင် တောင်းပေါ့။ ဒါတွေက သူတို့ လုပ်သင့်တယ်။”
မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းလိုက်တဲ့ကိစ္စအတွက် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့အဖွဲ့ တရုတ်ပြည် မသွားခင် ရှေ့ရက်ပိုင်းတွေအတွင်းမှာလည်း သမ္မတ ဦးသိန်းစိန်ဟာ အိန္ဒိယနိုင်ငံကို သွားဖို့ရှိပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးရာအပြင် စစ်ဘက်ဆက်ဆံရေး ကိစ္စတွေကိုပါ သူ့ခရီးစဉ်အတွင်း ဆွေးနွေးဖို့လည်းရှိပါတယ်။
သတင်း..VOA..

Arrested Maoists wanted to set up camps in Myanmar

New Delhi: Two high-ranking Maoist guerrillas, arrested on Sunday in the capital, wanted to set up joint training camps in Myanmar and were also working at forming a strong front in the northeast and in Jammu and Kashmir, police said Friday based on their interrogation.
The duo, who belonged to the outlawed People's Liberation Army (PLA), were identified as Arun Kumar Singh, 30, and N Dilip Singh, 40. They were arrested from a hotel in central Delhi's Paharganj area on October 1.
While Dilip Singh is a "SS Captain and chief of external affairs" in PLA, Arun Kumar Singh was serving as "lieutenant" in the outfit, police said. The two belonged to Imphal in Manipur.
Police said they are also wanted in a case registered in Imphal for offences of waging war, abetment and raising funds for terrorist acts.
Three laptops, one CD, three mobile phones and incriminating documents have been recovered from them.
"The incriminating material and documents proved their affiliation with banned terrorist outfit People's Liberation Army (PLA). A case under appropriate sections of law under Unlawful Activities (Prevention) Act has been registered," said a senior police official.
Dilip Singh had come to Delhi from the northeast while Arun Kumar Singh had come from Pune where he was running a travel agency since 2008.
During interrogation, Dilip Singh revealed that he joined PLA in 1988 and rose to the rank of "Captain" in 2009.
Arun Kumar joined PLA in 1997 as a "Sepoy" and was "commissioned in June 2011 to the rank of Lieutenant".
"N Dilip Singh imparted training twice in 2009 and 2010, in basic military tactics, guerrilla warfare and wireless communication skills to the Maoist cadre of Orissa, Chhattisgarh, Jharkhand, Maharashtra, Andhra Pradesh and Karnataka," added the officer.
The duo was to provide such training programmes in 2012. They also provided weapons and communication equipment.
Crime Branch Pune had conducted a raid at the residence of Arun Kumar Singh in Pune from where it recovered his laptop and books containing incriminating material relating to Maoist ideology and books related to intelligence units of India.
"The recovered material has been brought to Delhi for further analysis. Further investigation of the case is in progress," said the officer.

နိုင်ငံရေး အကျဉ်းသား လွှတ်ပေးပါက ပူးပေါင်းမည်ဟု CRPP ပြော

CRPP            
နယူးဒေလီ(မဇ္ဈိမ) ။       ။ ဖမ်းဆီးခံထားရသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်း သားအားလုံး လွှတ်ပေးကာ တနိုင်ငံလုံး အပစ်ရပ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ် ဆောင်ပါက အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားပြု ကော်မတီ-CRPP က ပြောသည်။
“ဖြစ်ပေါ်တိုးတက်လာတဲ့ အနေအထားပေါ်မှာ တည်ပြီးတော့ အန်ကယ်တို့က ပူးပေါင်းဆောင်ရွက်မှာပါ။ အဲဒါ (ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်တာ) တော့ နောက်ဆုံးအဆင့်ပေါ့” ဟု  CRPP ၏ အတွင်းရေးမှူး ဦးအေးသာအောင် မဇ္ဈိမကိုပြောသည်။

၁၉၉ဝ ပြည့်နှစ်တွင်ကျင်းပသော ရွေးကောက်ပွဲရလဒ်နှင့်အညီ လွှတ်တော်ခေါ်ရေး ကြိုးပမ်းရန်  ၁၉၉၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် CRPP တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ချင်း၊ ရှမ်း၊ ရခိုင်၊ မွန် စသည့် တိုင်းရင်းသား ၁ဝ ပါတီမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခဲ့သည်။

CPRR ကော်မတီဝင် ဇိုမီးအမျိုးသားကွန်ကရက်ပါတီ (ZNC) ကလည်း အစိုးရဘက်မှ သိသာထင်ရှားသည့် ပြောင်းလဲမှုမျိုး ရှိလာလျှင် ပါတီတရားဝင် ရပ်တည်ရန် မှတ်ပုံတင်မည်ဟု ဆိုသည်။

“တကယ်လို့ ပြောင်းလာရင်တော့ မှတ်ပုံတင်တာတို့ ဘာတို့ကတော့ စဉ်းစားရမှာပဲ၊ သူတို့က ပြောင်းမယ် ပြောင်းမယ်နဲ့ လွှတ်တော်ထဲမှာ အဓိက အချက်တွေ ပြောင်းတာ မတွေ့သေးဘူးဗျ” ဟု ZNC ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်က ပြောသည်။

အငြင်းပွားနေသည့် မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းထားမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံမှုတို့ကို အစိုးရသစ်၏ တိုးတက်မှု ခြေလှမ်းဟု ရှုမြင်သော်လည်း အမျိုးသားရင်ကြားစေ့ရေး လမ်းစပွင့်မည့် လုပ်ရပ်များ မရှိသေးဟု ဆိုသည်။

ရန်ကုန်မြို့ NLD ရုံးချုပ်၌ သောကြာနေ့တွင် ကျင်းပခဲ့သည့်  CRPP ၏ လပတ် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် က သူနှင့် ဦးအောင်ကြည်တို့၏ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့များကို ရှင်းလင်းပြောဆိုခဲ့ပြီး ကော်မတီဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေ့လည် ၁ နာရီမှ စတင်ကာ  နှစ်နာရီပြုလုပ်ခဲ့သည့် အစည်းအဝေးသို့  ကော်မတီဝင်များဖြစ်သည့် NLD ပါတီမှ  ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးစိုးဝင်းနှင့် CRPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ပူးကျင့်ရှင့်ထန်တို့ တက်ရောက်ခဲ့သည်။

"နှစ်ပေါင်းများစွာ ညီညီညွတ်ညွတ် ဆောင်ရွက်သလိုပဲ လက်တွဲ လုပ်ဆောင်လာသလိုပဲ နောင်မှာလဲ ဘာလိုကိစ္စပဲဖြစ်ဖြစ် တညီတညွတ်တည်း လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတယ်" ဟု  အစည်အဝေး တက်ရောက်ခဲ့သူ ဦးအေးသာအောင်က ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆောင်ရွက် နေ သည့် ကိစ္စရပ်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် အလုပ်သမာဝန်ကြီး ဦးအောင်ကြည် တို့ စက်တင်ဘာလ ၃ဝရက်နေ့ တတိယအကြိမ် တွေ့ဆုံမှုတွင်ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

စစ်ဗျူဟာမှူး လိုက်ပါလာသည့် ယာဉ်တန်းကို KIA တိုက်ခိုက်


ကွတ်ခိုင်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်သန်းလိုက်ပါ လာ သော စစ်ယာဉ်တန်းအား KIA တပ်ဖွဲ့မှ သျှမ်းပြည် (မြောက်ပိုင်း) မူစယ် -နမ့်ခမ်းကားလမ်း ပေါ်တွင် ယမန်နေ့ည ၉ နာရီကျော်ခန့်ကတိုက်ခိုက် ခဲ့ရာ လုံခြုံ ရေးလိုက်ပါလာသည့် ခလရ ၄၅ မှ တပ်ကြပ်ကြီး တစ်ဦးသေဆုံးပြီး ၄ ဦးခန့်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
KIA-soilder
KIA စစ်သည်များ
နမ့်ခမ်းမြို့မှ မူစယ်ဘက်သို့အလာ မူစယ်နှင့် ၁၅ ကီလိုမီတာခန့်အကွာရှိ နမ့်ဆန်ဂိုဒေါင်အနီးတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“စယ်လန့်မရောက်ခင် နမ့်ဆန်ဂိုဒေါင်နားမှာ ဖြစ်တာ ဗျူဟာမှူးကား နည်းနည်းထိသွားတယ် ဗျူဟာမှူးကိုတော့ မထိဘူး ခလရ ၄၅ က တပ်ကြပ်ကြီး တစ်ယောက်သေတယ် ၄ ၊ ၅ ယောက်လောက်ဒဏ်ရာရတယ်” ဟု သူက ဆိုသည်။

အလားတူ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း မုံးပေါ်ရွာမှ မုံးကိုးဘက်သို့ ထွက်ခွာလာသည့် ခလရ ၂၉၀ စစ်ကြောင်း နှင့် KIA တပ်ဖွဲ့များ ဟေ့မိုးလုံရွာအနီး လွယ်ပန်လုံတောင်ခြေတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း ခလရ ၂၉၀ ဘက်မှ အထိအခိုက်မရှိကြောင်း ကြူကုတ် (ပန်ဆိုင်း)ဘက်မှအစိုးရစစ် ကား ၃ စီး စစ် ကူ လိုက်သွားကြောင်း ဒေသခံသတင်းရပ်ကွက်အဆိုအရ သိရသည်။

ဒေသခံပြည်သူများအနေဖြင့် KIA နှင့် အစိုးရတပ်တို့ လက်နက်ကိုင်တိုက်ခိုက်မှုအပေါ်ဝေဖန်ခြင်းမရှိသော် လည်း လက်နက်ကိုင်များမှ အပြစ်မဲ့ခရီးသည်များသွားလာသူများနှင့် အရပ်ဘက်ဝန်ထမ်းများအပေါ်တိုက်ခိုက် ခြင်းအား ရှောင်ရှားရန် လိုလားလျှက်ရှိသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း KIA တိုက်ခိုက်မှု အတွင်း မူစယ်ခရိုင်လူဝင်မှုကြီးကြပ်ရေးအရာရှိ ဦးရဲဝင်း နှင့် မုံးကိုး မြို့နယ်လဝကမှူး ဦးရဲဝင်းတို့ သေဆုံးသွားသည်။

သျှမ်းသံတော်ဆင့်

စစ်ဆင်ရေးနယ်မြေများသို့ အကျဉ်းသားများ ပို့ဆောင်

အကျဉ်းသား ပေါ်တာများ
ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် KIA နှင့် အစိုးရတပ်ဖွဲ့များတိုက်ပွဲ ဖြစ်ပွားရာ ဒေသများသို့ အစိုးရတပ်က အကျဉ်း သားများ ပို့ဆောင်နေသည်ဟု KIA က ပြောသည်။
ကွတ်ခိုင်မြို့နယ် အခြေစိုက် KIA တပ်မဟာ(၄) ဒေသများသို့ ယခု ရက်ပိုင်းအတွင်း အစိုးရတပ်ကတပ်အင် အားများ ပို့ဆောင်ရာတွင် အကျဉ်းသားများပါဝင်သည်ဟု KIO တောင်ပိုင်းတိုင်းဒေသ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က အခုလို ပြောသည်။

“ကားသုံးစီးမှာ အကျဉ်းသားတွေ ပါလာတယ်။ ဒါပေမယ့် အခု ဘယ်ရောက်နေလဲဆိုတာ စုံစမ်းနေဆဲပါပဲ။ ကျနော်တို့ ခန့်မှန်းတာကတော့ ဒီစစ်ဆင်ရေးမှာ အသုံးပြုဖို့ ဖြစ်နိုင်တယ်လို့ ထင်တယ်။ အဲဒီဖက်က အကျဉ်းသားတွေ ခေါ်လာစရာ အကြောင်း မရှိဘူးလေ။ လောလောဆယ်တော့ အဲဒီနေရာတွေက စစ်ဆင်ရေး နယ်မြေတွေပဲလေ။”

လွန်ခဲ့သည့် ငါးရက်ခန့်က လားရှိုးမှ စစ်ထရပ်ကား အစီး (၄၀) ခန့်သည် တိုက်ပွဲဖြစ်ပွားရာ  ကွတ်ခိုင်မြို့ ဖက်သို့ အင်အား ဖြည့်တင်းရန် ထွက်ခွာခဲ့ရာ အကျဉ်းသားများအား ကား(၃) စီးဖြင့် သီးသန့် တင်ဆောင်လာ သည်ဟု သတင်းရကြောင်း ဆက်ပြောသည်။

“ကျနော်တို့လူတွေ ကိုယ်တိုင် မြင်တွေ့ပြီး သတင်းပို့ လာတာလည်း ရှိတယ်။ နောက်ပြီးတော့ မြင်လာတဲ့ ဒေသခံတွေက ပြောတာလည်း ပါတာပေါ့။ သူတို့ အကျဉ်းသားတွေ ဆိုတာတော့ သေခြာပါတယ်။ သူတို့ကို ကားပေါ်ကလည်း မဆင်းခိုင်းဘူး။ စစ်သားတွေက ကားလမ်း ဘေးတဖက် တချက်ကနေလမ်းလျှောက်သွား တယ်။ အဲဒီကားတွေက နောက်ကနေ တဖြည်းဖြည်း လိုက်သွားတယ်လို့ သတင်းရတယ်။”ယင်းကိစ္စ နှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရသေးပါ။

အလားတူ ယမန်နေ့ညက လားရှိုးမြို့မှ စစ်ထရပ်ကား (၁၀) စီးအား KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း(၂)၊ တပ်ရင်း (၉) နှင့် တပ်ရင်း (၈) တပ်ဖွဲ့များ  အခြေစိုက်ရာ မူဆယ်၊ ကွတ်ခိုင်၊ တာမိုးနဲ၊ ကွမ်လုံ၊ မန်တုံ မြို့နယ်များသို့ ထပ်မံ ပို့ဆောင်လာသည်ဟု သတင်းရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

လောလောဆယ် KIA တပ်မဟာ(၄) ဒေသများအတွင်း ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း တိုက်ပွဲငယ်လေးများ နေ့စဉ် ဖြစ်ပွားနေသည်ဟု သိရသည်။

တချိန်တည်းတွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်ရေအားလျပ်စစ် စီမံကိန်း အနီးတွင် KIA တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၁၅)နှင့် အစိုးရတပ်တို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး ဘွမ်ဆဲန်(ထုံးဘို) တပ်စခန်းအား ကာကွယ်ပေးထားသည့် စခန်းငယ်နှစ်ခုမှ အစိုးရ တပ်ဖွဲ့များ ဆုတ်ခွာသွားသည်ဟု သတင်းရကြောင်း ဒေသခံ အရာရှိ တဦးက အခုလို ပြောသည်။

“ကြားစခန်းတွေတော့ ဘယ်လောက်ရှိသလဲဆိုတာ မသိရပေမယ့် ကြားစခန်း (၂) ခုကိုတော့ သူတို့ဖက်က မနေ့က ဆုတ်သွားတယ်လို့ သိရတယ်။”

ယင်းဘွမ်ဆဲန် စခန်းသည် လွန်ခဲ့သည့် ဇွန်လ (၉) ရက်နေ့က KIA နှင့် အစိုးရတပ်ဖွဲ့တို့ စတင်တိုက်ပွဲဖြစ်ပွား ရာ တောင်ကုန်းဖြစ်ပြီး အစိုးရတပ်မှ ဇွန်လ(၁၂) ရက်နေ့က သိမ်းပိုက်ထားသည့် စခန်းဖြစ်သည်။

ထို့အပြင် မိုးမောက်မြို့နယ် ရွာသစ်ကုန်းကျေးရွာ အနီးတွင်လည်း ယခုလ(၄) ရက်နှင့် (၅) ရက်နေ့များက နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ဏဒ်ရာ ရရှိမှုကို မသိရ သေးကြောင်း အဆိုပါ အရာရှိက ပြောသည်။

အလားတူ KIO ဌာနချုပ်ထိန်းချုပ်ရာ ၀ိုင်းမော်မြို့နယ်အတွင်းရှိ နမ်ဆန်ယမ် ကျေးရွာအနီး အစိုးရတပ်မှ ဗျူဟာမှူး ခင်မောင်ချို ဦးဆောင်သည့် တပ်ဖွဲ့ဝင်များအား  KIA တပ်ဖွဲ့များက လွန်ခဲ့သည့် တစ်ပတ်ခန့် ကတည်းက ၀ိုင်းဝန်း ပိတ်ဆို့ထားသလို  ယင်းတပ်ဖွဲ့များအား ကူညီရန်လာသည့် စစ်ကူ စစ်ကြောင်းများနှင့်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု KIO အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အခုလို ပြောသည်။

“ဗျုဟာမှူးအဖွဲ့က တော်တော်များများ ထိခိုက်ဒဏ်ရာရတာရှိတယ်။ အဲဒီထဲမှာ သေဆုံးတဲ့ သူတွေလည်း ပါသွားမယ်ထင်တယ်။ ဒါကတော့ မနေ့က ဖြစ်တဲ့ တိုက်ပွဲတော့ မဟုတ်ဖူးလေ။ တစ်ပတ်လောက်အတွင်းမှာ ဖြစ်တဲ့ တိုက်ပွဲအရပြောတာပါ။ ပိတ်မိနေတဲ့အထဲမှာ သူတို့ဒဏ်ရာရတဲ့သူက (၂၀) ကျော် ပါတယ်။ သေဆုံးတဲ့ စာရင်းတော့ မသိရသေးဘူးဗျ။”

ထို့အပြင် “အဲဒီဗျူဟာမှူး အဖွဲ့ကို စစ်ကူလာတဲ့ တပ်တွေက စစ်ကြောင်း သုံးကြောင်းလောက် ရှိတယ်။ အဲဒီအဖွဲ တွေနဲ့လည်း   နေ့တိုင်းလို ဖြစ်နေတာပဲ။ လားတပ်တွေနဲ့လည်း ဖြစ်နေတယ်။အားလုံးပေါင်းလိုက်ရင် တော့ ထိခိုက် ဒဏ်ရာရတာ (၄၀) နီးပါးတော့ ရှိလိမ့်မယ် ထင်ပါတယ်။” ဟု ဦးလနန်က ဆက်ပြောသည်။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများအား ရဲဘက်စခန်းသို့ပို့ဆောင်ရန် အကြောင်းပြ ချက်ဖြင့် ခေါ်ထုတ်လာပြီး တိုင်းရင်းသား ဒေသများရှိ တိုက်ပွဲများတွင် အသုံးပြုလျက်ရှိသည်ဟု ယခုနှစ် အတွင်း ဖြစ်ပွားခဲ့သည့် တိုင်းရင်းသား ဒေသတိုက်ပွဲများမှ ထွက်ပြေးလွတ်မြောက်လာသည့်အကျဉ်းသား များက သတင်းဌာနများသို့ ပြောသည်။

KIO နှင့် စစ်အစိုးရတို့ ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီး ၂၀၁၁ ခုနှစ် ဇွန်လက တာပိန်ရေအားလျပ်စစ် စီမံကိန်း လုံခြုံရေး အကြောင်းပြချက်ဖြင့် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ သည်။

ဇော်ကြီး

ဝ နှင့် မိုင်းလားတပ်ဖွဲ့အား သပ်လျှိုဖြိုခွဲမှု အစိုးရသစ်စတင်

ဝ' ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလား အပစ်ရပ်အဖွဲ့
ဝ တပ်ဖွဲ့အား အစိုးရတင်ပြဆွေးနွေးသည့် အချက် ၅ ချက် အနက် နောက်ဆုံးတချက်မှာ ဝ နှင့် မိုင်းလား ဆက်ဆံရေးကို ပျက်ပြယ်အောင်လုပ်နေသည့် သဘော ဖြစ်ကြောင်းမိုင်းလားအရာရှိတဦးကပြော သည်။

“ မိုင်းယု- မိုင်းယောင်းဆိုတာက ၁၉၇၅ ခုနှစ်ကစပြီး ကျနော်တို့ထိန်းချုပ်နယ်မြေလေ။ ကျနော်တို့ကို ဘာမှ အကြောင်း မကြားဘဲ ဝ တပ်ဖွဲ့ကို သတ္တု တူးခွင့်ပေးတယ်ဆိုတော့ ကျနော်တို့ ၂ ဖွဲ့ကိုခေါင်းချင်းတိုက်ပေးနေ တာဘဲ” ဟု ၎င်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

စက်တင်ဘာလဆန်း ပထမအကြိမ်ဆွေးနွေးပြီး မကြာခင် အစိုးရကိုယ်စားလှယ်များက ဝ တပ်ဖွဲ့ထံ အချက် ၅ ချက်ဖြင့် လက်ကမ်းဆွေးနွေးစာတစောင် ပေးပို့ခဲ့၏။ အောက်တိုဘာ ၁ ရက် လားရှိုး၌ ဒုတိယအကြိမ်တွေ့ ဆုံစဉ် ထပ်မံဆွေးနွေး ခဲ့ကြရာ နောက်ဆုံးအချက်ဖြစ်သော- မိုင်းယောင်းမြို့နယ်ထဲက သတ္တုတူးဖော်ရေး လုပ်ငန်းအား ဝ တပ်ဖွဲ့အတွက် လုပ်ကိုင်ခွင့်ပေးကြောင်း ဖော်ပြထားချက်နှင့်ပတ်သက်၍ အဆိုပါအရာရှိက ပြော၏။

“သတ္တု တူးဖို့ ဘာလို့ ဒီမိုင်းယု မိုင်းယောင်းကိုမှရွေးပေးရတာလဲ။ ဒါ ကျနော်တို့ ၂ ဖွဲ့ကို တမင်သက်သက် ရန်တိုက်ပေးတဲ့ သဘောဘဲ။ ဒါပေမယ့် မိတ်ဆွေကြီး ဝ တပ်ဖွဲ့တို့က ဒီအကြောင်းကြိုမြင်ထားလို့ အလိမ်မာ နည်းနဲ့ - ‘ ဝ နယ်အတွင်း သတ္တုရှာဖို့ ဘူမိဗေဒပညာရှင်/ဓါတ်သတ္တု ကျွမ်းကျင်သူ ပညာရှင်ကိုဘဲပို့ပေးပါ’ လို့ဘဲ တောင်းလိုက်တာကို ကျေးဇူးတင် ရမှာ။ ကျနော်တို့ ဆီကိုလဲ တွေ့ဆုံ ဆွေးနွေးရေးအတွက် ဘာမှ ထပ်အကြောင်း မကြားလာဘူး။ Divide and Rule  နည်းက ဒီအစိုးရသစ်လဲ သုံးနေတုန်းဘဲလို့ကျနော်တို့ မြင်ပါတယ်” ဟု အဆိုပါ အရာရှိကပြောသည်။

ယခုလ ၁ ရက်နေ့က လားရှိုးမြို့၌တွေ့ဆုံ စဉ် မြန်မာအစိုးရဖက်မှ ဆွေးနွေးသော အချက် ၅ ချက်မှာ “ ၁။ ဝ နယ်ထဲကို အစိုးရဝန်ထမ်း တွေပြန်ပို့မယ်၊ ၂။ ဝ နယ်ထဲကို အရင်ကအတိုင်း ကုလသမဂ္ဂအဖွဲ့အစည်း၊ အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်း တွေ ပြန်လည် ပို့ဆောင်မယ်၊ ၃။ အစိုးရရဲ့ မူးယစ် ဆေး တိုက်ဖျက်ရေး ၁၅ နှစ် စီမံကိန်း မှာ ဝ တပ်ဖွဲ့၊ ပါတီ ကနေ လက်တွဲ ပူးပေါင်းစေလို တယ်၊ ၄။ အစိုးရကတားမြစ်ပိတ် ပင်ခဲ့ဖူးတဲ့ ဝ - တရုတ် အာဏာပိုင် များ ဆက်ဆံရေးကို ပြန်လည်ခွင့်ပြု ပေးတယ်၊ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး။  ၅။ မိုင်းယောင်း မြို့နယ် မိုင်းယုသတ္တုတွင်း တူးဖော်ရေးကိုပါ UWSP ကိုပေးတယ်”  စသည်တို့ဖြစ်သည်။


အဆိုပါအချက် ၅ ချက်အပြင် ဝ တပ်ဖွဲ့က “ဝ ပြည်နယ်သားများ လွယ်ကူစွာ ခရီးသွားလာနိုင်ရေးအတွက် နိုင်ငံသား မှတ်ပုံတင်လုပ်ပေးရန် ၊ ယာဉ်လိုင်စင်လုပ်ပေးရန်၊ ဝ တပ်ဖွဲ့နှင့် အစိုးရ တပ်တို့ပစ်ခတ်တိုက်ခိုက် ခြင်း မရှိဘဲ ငြိမ်းချမ်းစွာ နေထိုင်သွားရန်( ယခင် ၁၉၈၉ အပစ်ရပ်သဘေားတူညီချက်အတိုင်း)၊ လက်ရှိတိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များ အား အစိုးရစစ်တပ်က ထိုးစစ်ဆင်နေမှုကိုရပ်တန့်၍ တွေ့ဆုံဆွေးနွေးမှု စတင်သွားရန်၊ ရှေ့ဆက်တွင်လည်း ဝ ပြည်နယ် သားများအတွက် တလလျင် ဆန်အိတ်ပေါင်း ၂၀၀၀ နှင့် ငွေသား ကျပ် သိန်း ၁၀၀ (ကျပ်ငွေ ၁၀ သန်း) ကို အစိုးရဖက်မှကူညီထောက်ပံ့ပေးသွားရန်၊ ဝတပ်ဖွဲ့ရပ်တည် နိုင် ရေးအတွက်ကျွန်းသစ် ပါမစ် တန်ချိန် ၁၀၀၀၀ နှင့် အခြားသစ်မာ ပါမစ် တန်ချိန် ၁၀၀၀၀ တို့ကို ချပေးရန် ” စသည့်အချက် များကို ထပ်မံ ဖြည့်စွက် တင်ပြခဲ့သေးသည်။ ၂ ဦး ၂ ဖက်သဘောတူညီ သည့်အချက်များကို အသေးစိတ်မသိရသေးသော်လည်း မနက်ဖြန် အောက်တိုဘာ ၈ ရက် စနေနေ့၌ ဝ လူထုနှင့်တပ်ဖွဲ့ကိုယ်စား လှယ်များအား ၎င်းနှင့် ပတ်သက်၍ ရှင်းလင်းချပြမည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

 သျှမ်းသံတော်ဆင့်သတင်း

D.V Lottery စတင်လျှောက်ထားနိုင်ပြီ


အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ အမြဲတမ်း အခြေချနေထိုင်ခွင့် ရရှိမယ့်သူပေါင်း ၅ သောင်းကို ကမ္ဘာ့နိုင်ငံစုံကနေ ကံစမ်းမဲဖောက် ရွေးချယ်တဲ့ ၂၀၁၃ Diversity Visa အစီအစဉ် အချိန်ကျရောက်လာပြန်ပါပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာ (၂၈) ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဗီဇာနဲ့ ကောင်စစ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) ကိုယ်တိုင် နိုင်ငံခြားသတင်းထောက်တွေကို ဖိတ် ကြားပြီး ၂၀၁၃ Diversity Visa ကံစမ်းမဲဖောက်မယ့် အစီအစဉ်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီ အစီအစဉ်အကြောင်းနဲ့ အရေးကြီးတဲ့ အချက်အလက် တွေကို Ko Ronnie Nyein က ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။
၂၀၁၃ ခုနှစ် အမေရိကန် ဘဏ္ဍာရေးနှစ်ရဲ့ ပထမနှစ်ဝက် စက်တင်ဘာ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး အမေရိကန်ပြည်ထောင်စုကို ၀င်ရောက်ရမယ့် ဒီ ၂၀၁၃ Diversity Visa ကံစမ်းမဲဖောက်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ (၄) ရက်နေ့က စတင်ခဲ့တာပါ။ ဒီ ကံစမ်းမဲဖောက်ပွဲ ပိတ်ချိန်က ရှေ့လ နိုဝင်ဘာလ (၅) ရက် စနေနေ့၊ အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း စံတော်ချိန် နေ့လည် (၁၂) နာရီ၊ မြန်မာနိုင်ငံမှာတော့ နိုဝင်ဘာ လ (၅) ရက် စနေနေ့ည (၁၀) နာရီခွဲအချိန် ဖြစ်ပါတယ်။
ဒီတခေါက် Diversity Visa အစီအစဉ်အတွက် အရေးကြီးတဲ့အချက်တွေကို မတင်ပြခင်မှာ စက်တင်ဘာ (၂၈) ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဗီဇာနဲ့ ကောင်စစ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) ရဲ့ သတင်းစာ ရှင်းလင်းပွဲက တချက်ကို တင်ပြချင်ပါတယ်။
ဒေးဗစ် ဒါနာဟယူး။     ။ ၂၀၁၃ Diversity Visa Program ခေါ်တဲ့၊ ရှေ့လာမယ့် (၂)နှစ်၊ ၂၀၁၃ ခုနှစ်ရဲ့ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ပြည်ထောင်မှာ အမြဲ တမ်း အခြေချ နေထိုင်ခွင့်ရရှိမယ့်သူပေါင်း ၅ သောင်းကို ကမ္ဘာ့နိုင်ငံစုံက ကံစမ်းမဲဖောက် ရွေးချယ်ပွဲ အချိန်ရောက်လာပြန်ပါပြီ။ ဒီနှစ်ရဲ့ အပြောင်းအလဲက တော့ ဒီနှစ်မှာ ပါဝင်ခွင့်မရှိတဲ့နိုင်ငံအဖြစ် အသစ်တိုးလာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံသားတွေပါ။ ကျနော်တို့ရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အခု အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချနေထိုင်ခွင့် ရရှိထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဦးရေ ၅ သောင်း ကျော်သွားခဲ့လို့ပါ။
(မှတ်ချက်။      ။ အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ အမြဲတမ်းအခြေချနေထိုင်ခွင့်ရရှိသူ ၅ သောင်းကျော် ရှိနေသောကြောင့် ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက် ရွေးချယ်ပွဲအတွက် ပါဝင်ခွင့်မရှိသော နိုင်ငံများမှာ (အင်္ဂလိပ်အက္ခရာစဉ်အတိုင်း) ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ကနေဒါ၊ ကိုလံဘီယာ၊ တရုတ် (ပြည်မကြီး)၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်လ်ဆာဗေဒို၊ ဂွါတီမာလာ၊ ဟေတီ၊ အိန္ဒိယ၊ ဂျမေကာ၊ မက္ကဆီကို၊ ပါကစ္စတန်၊ ပီရူး၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ ဗြိ တိန် (မြောက်အိုင်ယာလန် မပါ)၊ ကမ္ဘာတလွှား ဗြိတိသျှလက်အောက်ခံနယ်မြေများ၊ ဗီယက်နမ်တို့ ဖြစ်ကြသည်။)
ယခင်နှစ်က Diversity Visa ကံစမ်းမဲဖောက် ရွေးချယ်ပွဲတွင် ပါဝင်ခွင့် မရခဲ့သော ပိုလန်နိုင်ငံသားများ၊ ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက် ရွေးချယ်ပွဲတွင် ပြန်လည်ပါဝင်ခွင့်ရပြီ။ အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချ နေထိုင်ခွင့်ရရှိခဲ့သော ပိုလန်နိုင်ငံသားများစွာ ယခုအခါ အမေရိကန်နိုင်ငံသားများ ဖြစ်လာကြသဖြင့် အမြဲတမ်း အခြေချနေထိုင်ခွင့် ရရှိထားသူ ပိုလန်နိုင်ငံသားဦးရေ ၅ သောင်းအောက်ကို ပြန်ရောက်သွားခြင်းကြောင့် ဖြစ်သည်။ ယခုနှစ်ထဲ ကမ္ဘာပေါ်တွင် အသစ်ပေါ်လာသော တောင်ဆူဒန်နိုင်ငံ၏ နိုင်ငံသားများလည်း ၂၀၁၃ Diversity Visa အစီအစဉ်တွင် ပါဝင် ကံစမ်းခွင့်ရှိသည်။)
အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချနေထိုင်ခွင့် (immigrant visa) တနည်းအားဖြင့် ဒီ ဗီဇာကို အစိမ်းရောင်ကဒ်ပြားလေးနဲ့ ထုတ်ပေးတာကြောင့် Green Card လို့ ခေါ်ကြတဲ့ ဒီ ဗီဇာကို မြန်မာနိုင်ငံသားတွေထဲက ရရှိထားသူအရေအတွက် ၅ သောင်းအောက်မှာပဲ ရှိသေးတာကြောင့် မြန်မာနိုင်ငံသားတွေ လည်း ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက်ပွဲမှာ ပါဝင်ဆင်နွှဲလို့ ရပါတယ်။
ဒီ ဗီဇာ မဲဖေါက်ပေးတဲ့ အဓိကရည်ရွယ်ချက်က အမေရိကန်ပြည်ထောင်စုထဲမှာ လာရောက် အလုပ်လုပ်ကိုင်နိုင်တဲ့ အခြေခံပညာအရည်အချင်းရှိသူ၊ လုပ်ငန်း တခုခုကို ကျွမ်းကျင်သူ၊ အဲဒီလိုသူတွေကို နှစ်စဉ် ခေါ်ယူခြင်းပါ။ ပထမဆုံးအရေးကြီးတဲ့အချက်က သတ်မှတ်ထားတဲ့ ပညာ အရည်အချင်းပါ။ အနည်းဆုံး နိုင်ငံတနိုင်ငံရဲ့ အထက်တန်းကျောင်း အောင်မြင်ထားတဲ့ လက်မှတ်ရှိရပါမယ်။ (သို့မဟုတ်) မူလတန်းနဲ့ အလယ်တန်းပညာ စုစုပေါင်း (၁၂) နှစ် သင်ကြားထားတဲ့ သက်ဆိုင်ရာအစိုးရ အသိအမှတ်ပြုလက်မှတ် (သို့ဟုတ်) ထောက်ခံစာ ရှိရပါမယ်။
အဲဒီ ပညာအရည်အချင်းမျိုး မရှိရင် လုပ်ငန်းကျွမ်းကျင်မှု သတ်မှတ်ချက် ရှိရပါမယ်။ အလုပ်အကိုင် ကျွမ်းကျင်မှုသတ်မှတ်ချက်ကတော့ အမေရိကန် ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အလုပ်အကိုင် အမျိုးအစားတွေထဲက တမျိုးမျိုးကို လွန်ခဲ့တဲ့ (၅) နှစ်အတွင်းမှာ (၂) နှစ် လုပ်ကိုင်ဖူးကြောင်း၊အဲဒီလုပ်ငန်းရဲ့ ထောက်ခံစာ ရှိရပါမယ်။ မဲပေါက်ပြီးခါမှ သတ်မှတ်ထားတဲ့ ပညာအရည်အချင်း (သို့မဟုတ်) လုပ်ငန်းကျွမ်းကျင်မှု တမျိုးမျိုးမရှိရင် ပေါက်ထားတဲ့ဗီဇာ အပယ်ခံရမှာပါ။ သတ်မှတ်ထားတဲ့ အလုပ်အကိုင် အမျိုးအစားတွေကို အမေရိကန်ပြည်ထောင်စု အလုပ်သမား ၀န်ကြီးဌာနရဲ့ internet website ထဲက၊ O*Net OnLine database မှာ သွားရောက် ကြည့်ရှုလို့ ရပါတယ်။
နောက်ထပ်အရေးကြီးတဲ့ ကိစ္စက လျှောက်လွှာနဲ့တွဲတင်ရမယ့် ဓာတ်ပုံ အကြောင်းပါ။ အင်တာနက်ပေါ်က ပေးပို့ရမှာ ဖြစ်တာကြောင့် ဓါတ်ပုံရဲ့ အရွယ်အစား ကို digital စနစ်ရဲ့ pixel အတိုင်းအထွာနဲ့ ပေးပို့ရမှာပါ။ ဓာတ်ပုံရဲ့ အလျား pixle 600 x အနံ pixle 600 ဖြစ်ရပါမယ်။ ဓာတ်ပုံကို scanner နဲ့ ကူးရင်တော့ scanner ရဲ့ resolution က၊ အနည်းဆုံး 300 dpi (dots per inch) ဖြစ်ရပါမယ်။ ဓာတ်ပုံရဲ့ file format က၊ JPEG (Joint Photographic Experts Group)  ဖြစ်ပါတယ်။ ဓာတ်ပုံရဲ့ file size က240 kilobytes (240 KB) ရှိရပါမယ်။
နောက်ထပ်အရေးကြီးတာက နောက်ခံ အရောင်ဖျော့ရပါမယ်။ နောက်ခံ အဖြူ ဆိုရင် အကောင်းဆုံးပါ။ မျက်နှာကို ဘာနဲ့မှ ကွယ်မထားရပါဘူး။ မျက်နှာစောင်းမနေဘဲ ရှေ့တည့်တည့်ကြည့်နေရပါမယ်။
ဦးထုပ် (သို့မဟုတ်) ခေါင်းပေါ်မှာ တခုခု ဆောင်းထားတာ မရှိရပါဘူး။ ဓာတ်ပုံထဲမှာ ဦးခေါင်းပိုင်းနဲ့ ပခုံးပိုင်းဟာ ဓာတ်ပုံတခုလုံးရဲ့ ၅၀%ကနေ ၆၉% ကြားမှာ ရှိရပါမယ်။ ဓာတ်ပုံကို သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ပြီးပြီဆိုရင်တော့https//www.dvlottery.state.gov/applications.aspx မှာသွားပြီး လျှောက်လွှာ ဖြည့်ရုံပါပဲ။ လျှောက်လွှာမှာ ဓာတ်ပုံကို ချိတ်ဆက် (attach လုပ်)လိုက်ပြီး လျှောက်လွှာဖိုင်ကို အချက်အလက်တွေ အထပ်ထပ် ပြန်စစ်ပြီးရင် အောက်ဆုံးက submit ဆိုတာကို click လိုက်ပြီး၊ ပို့ရုံပါပဲ။ ဒါက တဦးချင်း လျှောက်လွှာတင်တာပါ။ မိသားစုနဲ့ တင်မယ် ဆိုရင်တော့ မိမိရဲ့ အိမ်ထောင်ဘက်နဲ့အတူ လာမယ့် နိုဝင်ဘာ (၅) ရက် နေ့မှာ အသက် (၂၁) နှစ် မပြည့်သေးတဲ့ မိမိရဲ့ သားသမီးများနဲ့ သားသမီးများရဲ့ အိမ်ထောင်ဘက်များကိုပါ လျှောက်လွှာတွဲတင်လို့ ရပါတယ်။ သူတို့တွေရဲ့ ဓာတ်ပုံတွေ ကိုလည်း သတ်မှတ်ချက်အတိုင်း ချိတ်ဆက် (attach လုပ်)လိုက်ပြီး အောက်ဆုံးက submit ဆိုတာကို click လိုက်ပြီး လျှောက်လွှာပို့ရုံပါပဲ။ ပို့ပြီးရင် ပေါ်လာတဲ့ လျှောက်လွှာလက်ခံရရှိမှု အတည်ပြုချက်ပေးတဲ့ စာမျက်နှာ confirmation page ကို၊ print ထုတ်ပြီး သိမ်းထားထို့ပါပဲ။
ခုနောက်ဆုံး ၂၀၁၃ Diversity Visa ကံစမ်းမဲဖောက်ပွဲမှာ လျှောက်လွှာတင်တာကို အမေရိကန်အစိုးရကို တစ်ပြားမှ မပေးရပေမယ့်  မဲပေါက်သွားရင် ငွေရေး ကြေးရေးဆိုင်ရာ ဘယ်လိုရှိတယ် ဆိုတာကို ပြီးခဲ့တဲ့ စက်တင်ဘာ (၂၈) ရက်နေ့က အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနဗီဇာနဲ့ ကောင်စစ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) ရဲ့ သတင်းစာရှင်းလင်းပွဲက ပြောကြားချက်နဲ့ နိဂုံးချုပ်ပါရစေ။
ဒေးဗစ် ဒါနာဟယူး။     ။ ၂၀၁၃ Diversity Visa Program ကံစမ်းမဲဖောက် ရွေးချယ်ပွဲဟာလည်း ခါတိုင်းနှစ်တွေလိုပဲ အခမဲ့ ဖြစ်ပြီးတော့ အမေရိကန်အစိုးရ ကို တရားဝင်ငွေကြေး တပြားမှ ပေးစရာမလိုပါဘူး။ ဒါပေမဲ့ ၂၀၁၃ Diversity Visa Program ကံစမ်းမဲဖောက် ရွေးချယ်ပွဲမှာ မဲပေါက်သူ တဦးချင်းကတော့ သက်ဆိုင်ရာ နိုင်ငံတွေက အမေရိကန်သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေမှာ ခါတိုင်းနှစ်တွေလိုပဲ ဗီဇာကြေးတွေ ပေးသွင်းရပါမယ်။ immigrant visa အခြေချ နေထိုင်ခွင့်ဗီဇာကြေး အမေရိကန်(၃၀၅) ဒေါ်လာ၊ Diversity Visa လုပ်ငန်းစဉ်ဆောင်ရွက်ခကြေး ဒေါ်လာ (၄၄၀) နဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုံခြုံမှု ဆောင်ရွက်ခကြေး (၇၄) ဒေါ်လာ၊ စုစုပေါင်း (၈၁၉) ဒေါ်လာစီ မဲပေါက်သူ တဦးချင်းက ပေးသွင်းကြရပါမယ်။
၂၀၁၃ Diversity Visa Program ကံစမ်းမဲဖောက် ရွေးချယ်ပွဲအတွက် သိသင့်သိထိုက်တဲ့ အရေးကြီးတဲ့ အချက်တွေကတော့ ဒါလောက်ပါပဲ ခင်ဗျာ။

အိပ်မက်တိုင်းပြည်သို့



အိပ်မက်တိုင်းပြည် (သို့) ရောက်ရှိဖို့အင်မတန်ခက်ခဲလှသည့် နေရာတစ်ခုသို့ ရောက်ရှိခဲ့သည်။ ရက်ပေါင်းများစွာစောင့်စား၊ အခက် အခဲများစွာဖြတ်သန်းကျော်ဖြတ်၍  ဝင်ရောက်ခွင့်ရခဲ့သည့်နေရာသည် ကား ယခုအချိန်အထိ ကျင်းပလျက် ရှိသော ပထမအကြိမ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကျင်းပရာ  နေပြည်တော် လွှတ်တော်အဆောက် အအုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
မရောက်ဖူးသည့် နေပြည်တော်
မြန်မာနိုင်ငံ၏မြို့တော်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ခဲ့သော နေပြည်တော်သို့ ၂ဝ၁၁ ခုနှစ် အထိရောက်ဖူးခဲ့ခြင်းမရှိ။ ဖြတ်သန်း သွားလာဖူးသည်မှအပ တစ်နာရီပင် ရပ်နား မနေခဲ့ဖူး။ ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်က စတင်ကျင်းပခဲ့သည့် ပထမအကြိမ် လွှတ်တော်၏ ဒုတိယပုံမှန် အစည်းအဝေးသို့ သတင်းမီဒီယာ များကိုဝင်ရောက် သတင်းယူခွင့်ပြုသည့် ထူးခြားသော ပြောင်းလဲမှုဖြစ်၍ စိတ်ဝင်စားသော်လည်း အကြောင်းကြောင်းကြောင့် သတင်းယူ ကြည့်ရှုခွင့်မရခဲ့။  စက်တင်ဘာ ၁၅ ရက်လွှတ်တော် သဘင်ဆောင်တွင် ကျင်းပမည့်အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့သို့ သွားရောက် သတင်းယူရမည် ဖြစ်၍ ထိုရက်မတိုင်မီ လွှတ်တော် အစည်းအဝေး သို့သတင်းယူကြည့်ရှု ခွင့်ရရှိရန်လှိုက်လှဲသောစိတ်များဖြင့် တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသည့် နေပြည်တော်သို့ စက်တင်ဘာ ၁၅ ရက်မတိုင်မီ ၄ ရက်ကြိုတင် ထွက်ခွာ ခဲ့သည်။လွှတ်တော်အဆောက်အအုံ ဝင်ခွင့်အတွက် ရန်ကုန်မြို့ရှိ စာပေစိစစ်ရေး ရုံးတွင်လိုအပ်သောစာရွက် စာတမ်းများဦးစွာဖြည့်ရသည်။ ထို ရုံးမှ စာရွက်စာတမ်း များကို နေပြည် တော်သို့ ထပ်မံပို့ဆောင်ပေးသည်။ နေပြည်တော်သို့ရောက်ရှိ၍ လွှတ်တော်အစည်းအဝေး သတင်း ယူကြည့်ရှုလေ့လာခွင့်ရရန် မနက် ၈ နာရီမထိုးမီ   ပြန်ကြားရေးရုံးရှေ့ တွင်သတင်းသမားများ စုစည်းရ သည်။ ထိုမှတစ်ဆင့် လွှတ်တော် အဆောက်အအုံသို့ အကြိုအပို့ ယာဉ်ဖြင့်ပို့ဆောင်ပေးသည်ဟု သိရသည်။
ဝင်ခွင့် မရသေး
”ရန်ကုန်ရုံးက စာရွက်စာတမ်း ပို့ထားပေမယ့် လွှတ်တော်တာဝန် ရှိသူတွေဆီ ထပ်မံပို့ဆောင်ရလို့ ဒီနေ့ ဝင်ခွင့် မရသေးပါ။ နက်ဖြန် စုံစမ်း ကြည့်ပါ” ဟု စက်တင်ဘာ ၁၂ ရက် ပြန်ကြားရေးရုံးရှေ့အရောက် တာဝန်ရှိသူတစ်ဦးက ပြောသည်။ နေပြည်တော် ပြန်ကြားရေးရုံးရှေ့တွင် ၁၆ ရက်မြောက်လွှတ်တော် အစည်းအဝေးသို့ သတင်း ယူမည့် သတင်းမီဒီယာသမား ၆ ယောက်သာ တွေ့ရသည်။ ”လွှတ်တော်စတဲ့ရက်က သတင်းသမား များတယ်။ နောက်ပိုင်း တဖြည်းဖြည်း နည်းသွားတယ်။   နေပြည်တော်မှာ ဂျာနယ်တိုက်ခွဲ ရှိတဲ့သူတွေသာ နေ့စဉ်မပျက်မကွက် လွှတ်တော်သတင်းယူတာ၊ တစ်ခါတလေတော့ နိုင်ငံခြားသတင်းဌာန တချို့တော့လာပါတယ်” ဟု လွှတ် တော်သတင်းယူသူသတင်းထောက် တစ်ဦးက ပြောသည်။
ဒီမိုကရေစီနေ့
ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးသို့ သတင်းယူကြည့်ရှု လေ့လာခွင့်မရသေးသော်လည်း မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ၂ဝ၁၁ အခမ်းအနား သတင်းယူရန် လွှတ်တော် အဆောက်အအုံ သဘင်ဆောင်သို့ ရောက်ခဲ့သည်။  စက်တင်ဘာ ၁၅ ရက်မနက် ၇ နာရီပြန်ကြားရေး ရုံးရှေ့တွင် သတင်း မီဒီယာသမား ၈၈ဦး၊ CCTV ရုပ်သံအပါအဝင် မြန်မာရုပ် သံဌာနများ၊ နိုင်ငံခြားသတင်းမီဒီ ယာများ၊ ပြည်တွင်းဂျာနယ်များမှ သတင်းသမားများ စုစုစည်းစည်းဖြင့် လွှတ်တော်သဘင်ဆောင်သို့ သွား ရောက်ရန် စောင့်ဆိုင်းလျက်။ ”ဗီဇာ ၆ ရက်ရတယ်။ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာနှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူးရဲ့ သတင်းယူဖို့ ခွင့်ပြုချက်ရလို့။ ဒီမိုက ရေစီနေ့ သတင်းယူခွင့်လည်းရ တယ်” ဟု VOA မှ ဒေါ်ခင်စိုးဝင်းက ပြောသည်။ ဘတ်စ်ကား ၂ စီးဖြင့် ပြန် ကြားရေးရုံးမှ လွှတ်တော်အဆောက် အအုံသို့ ထွက်လာခဲ့ချိန်မှာ နံနက် ၈ နာရီ ၄၅ မိနစ်။ လွှတ်တော်အဝင်တွင် ဘာမှအစစ်အဆေးမရှိ။ ကားပေါ်မှာတော့ ဝင်ခွင့်ကတ်ပြား ထုတ်ပေးသည့် လွှတ်တော်လုံခြုံရေး အရာရှိများ လိုက်ပါလျက်။ ယူခွင့် မရှိသည့်လက်ကိုင်ဖုန်းများ ယူခွင့် ရကြ၊ လွှတ်တော်သဘင်ဆောင်ရှေ့ အရောက်သတင်း ဓာတ်ပုံများ၊ အမှတ်တရ ဓာတ်ပုံများရိုက်ကြ လေသည်။ မကြာမီလွှတ်တော် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊NGOများ၊ ဖိတ်ကြား ထားသူများ ရောက်ရှိ လာ၍တိတ်ဆိတ်နေသည့် လွှတ်တော်ရပ်ဝန်းမှာ ဆူညံသွား သည်။ ဒီမိုကရေစီနေ့ကို စာတမ်း ၁၉ စောင်ဖတ်၍ နေ့လယ်ပိုင်းအထိ ကျင်းပခဲ့သည်။
”ဒီနေ့ပွဲမှာ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌသူရဦးရွှေမန်းရဲ့ နိဂုံးချုပ် မိန့်ခွန်းမှာ ဒီမိုကရေစီ ဘက်တော် သားဆိုပြီး သုံးနှုန်းသွားတယ်” ဟု အခမ်းအနားတက်ရောက်သူ စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြ သည်။ ၄င်းအခမ်းအနားအပြီးတွင် ဒီမိုကရေစီနေ့ဖြစ်၍ ဒီမိုကရေစီ ကျကျတစ်ခါမှမပြုလုပ်ဖူးသေးသော လွှတ်တော်မီဒီယာ အခန်းတွင် သတင်းမီဒီယာများကို ပြည်ခိုင်ဖြိုးမှ ဦးဌေးဦးနှင့် လွှတ်တော်ကိုယ်စား လှယ် ၁၃ ဦးတို့က တွေ့ဆုံရှင်း လင်းပွဲလုပ်သည်။ သတင်းသမားတစ်ဦးမေးမြန်း သည့်ဒေါ်အောင်ဆန်းစုကြည်အား မဖိတ်ကြားမှုအပေါ် ဦးဌေးဦးက ရှင်း ပြသည်။ VOAမှ ဒေါ်ခင်စိုးဝင်း၏ ပြည်ပမီဒီယာများအပေါ်အမြင်စောင်း မှုကိုလည်း ဖြေရှင်း သည်။ ထိုသို့ဖြင့် ဒီမိုကရေစီနေ့ အဆုံးသတ်၏။
သတင်းယူခွင့်ရပြီ
နေပြည်တော်တွင် ၄ရက်ခန့် စောင့်ဆိုင်းပြီး စက်တင်ဘာ ၁၆ရက်မနက် (ဒီမိုကရေစီ နေ့ပြီးနောက်ရက်) ပြန်ကြားရေးရုံးရှေ့တွင် လွှတ်တော်သတင်းယူမည့် မီဒီယာ သမားများက နိုင်ငံခြားသားများ အပါအဝင် ၁ဝယောက်တိတိ။ အမျိုးသားလွှတ်တော် သို့သွားမည့်သူက ၃ယောက်၊ ပြည်သူ့လွှတ်တော် သို့သွားမည့်သူက ၇ယောက်။ ”ပြည်သူ့လွှတ်တော်မှာ သတင်းယူရတာ ပိုလွတ်လပ်သလိုပဲ” ဟုသတင်းသမားတစ်ဦးက သူ့အတွေ့အကြုံကိုပြောပြသည်။
ပြည်သူ့လွှတ်တော် မြင်ကွင်း
ပြန်ကြားရေးရုံးမှ လွှတ်တော် အဆောက်အအုံသို့ ကြိုပို့ကားဖြင့် နံနက် ၈နာရီခွဲတွင် စတင်ထွက်ခွာခဲ့သည်။ လွှတ်တော်ဂိတ်ဝ အရောက် ကားပေါ်ပါလာသော သတင်းသမား များအားလုံး ကားပေါ်ကဆင်း၍ စစ်ဆေးရေး ဂိတ်ပေါက်ဝသို့ ဖြတ်သန်းရသည်။ စစ်ဆေးရေး ဂိတ်ဝတွင် ပါလာသော အိတ်များကို အိတ်ခ်စရေးစက် တွင်ဖြတ်၍ လူများက ပေါက်ကွဲ ပစ္စည်းစစ်ဆေးစက်သို့ ဖြတ်ရသည်။ ဒီမိုကရေစီနေ့လို လက်ကိုင်ဖုန်းများ သယ်ခွင့်မရတော့။ ”လက်ကိုင်ဖုန်းက အဝေးကနေ ခလုတ်နှိပ်   ဖောက်ခွဲနိုင်လို့ ယူခွင့်မပြုတာပါ” ဟု လွှတ်တော်လုံခြုံ ရေးတစ်ဦးကပြောသည်။ ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ  ၃ဝမှ မတ် ၃ဝအထိကျင်းပခဲ့သည့် ပထမအကြိမ် လွှတ်တော် အစည်းအ ဝေးတွင်လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယ ဥက္ကဋ္ဌများ၊ ဒုတိယသမ္မတနှင့် သမ္မတကိုရွေးချယ်ခဲ့သည်။ ပြည် ထောင်စုလွှတ်တော်မှ ဝန်ကြီးဌာန ၃၄ ခုနှင့် အစိုးရ ဝန်ကြီး ၃ဝ ဦး၊ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၈ ဦး၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင် ၆ ဦး၊ ပြည်ထောင်စုတရားသူ ကြီးချုပ်နှင့်   ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ၆ ဦး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့အား ရွေးချယ် အတည်ပြုပေးခဲ့သည်။  သြဂုတ် ၂၂ ရက်က စတင် ကျင်းပခဲ့သည့် ပထမအကြိမ် လွှတ် တော်ဒုတိယပုံမှန်အစည်းအဝေး တွင်အမျိုးသားလွှတ်တော်နှင့် ပြည် သူ့လွှတ်တော်များတွင် လွှတ်တော် ကော်မတီ များထပ်မံဖွဲ့စည်းခဲ့ရာ ပြည်သူ့လွှတ်တော်ကော်မတီ ၁၉ ခုတိုးမြှင့်ဖွဲ့စည်းခဲ့၍ ယခင်ကော်မတီ ၄ ခုအပါအဝင်  ကော်မတီ ၂၃ ခု ရှိပြီဖြစ်သည်။ ပြည်သူ့လွှတ်တော် အ ဆောက်အအုံတွင် ၁၉ ရက်မြောက် လွှတ်တော်အစည်းအဝေးမကျင်းပမီ နံနက် ၉ နာရီခန့်တွင် လွှတ်တော် ကိုယ်စားလှယ်များ ကြိုပို့ကားအသီး သီးဖြင့်ရောက်ရှိ လာသည်။ တက် ရောက်လက်မှတ်ရေးထိုး၊ကိုယ်စား လှယ်ကတ်ပြားထုတ်ယူပြီး အစည်း အဝေးခန်းမတွင်း ဝင်ရောက်ကြသည်။ အစည်းအဝေးသည် နံနက် ၁ဝ နာရီတွင် စတင်မည်ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်အသီးသီး ကတစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး ဆွေးနွေးသူက ဆွေးနွေး၊ တိုင်ပင် သူကတိုင်ပင်၊ အချို့က ကော်ဖီ ထွက်သောက် သူကသောက်နှင့် သက်သောင့်သက်သာ ရှိလှသည်။ သတင်းမီဒီယာများ ကလည်း အစည်းအဝေး ခန်းမတွင်း ဝင်ရောက် ခွင့်ရ၍ ဓာတ်ပုံရိုက်သူကရိုက်၊သတင်းမေးသူ ကမေး သတင်းအလုပ် လုပ်နေကြသည်။
နားကြပ်တပ်တဲ့ ကိစ္စ
ဧရာဝတီတိုင်းဒေသကြီးမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးခန်းမတွင် နားကြပ်တပ်၍ နားထောင်နေ ကြခြင်း ကိုမေးကြည့်ရာ ”ကျွန်တော်တို့လို နောက်ဘက် ရောက်နေတဲ့သူတွေက ပြောဆိုဆွေးနွေးကြတာ သိပ်မကြား ရဘူး။ ဒါ့ကြောင့် ဥက္ကဋ္ဌကိုပြောတော့ နားကြပ်တွေ စီစဉ်ပေးတာ သုံးလေး ရက်လောက်ပဲ ရှိသေးတယ်။ အခုဆို အစည်းအဝေးခန်းမထဲ ပြောဆို ဆွေးနွေးတာတွေ တောင်မက ဥက္ကဋ္ဌ နဲ့ အခမ်းအနားမှူး ပြောနေတာတောင် အကျယ်ကြီးကြားရတယ်” ဟု ပြောပြသည်။ မကြာမီခေါင်းလောင်း မြည်သံကြားရ၍ လွှတ်တော်ကိုယ် စားလှယ်အသီးသီးမိမိနေရာတွင်ထိုင် ကြသည်။ လွှတ်တော် ဥက္ကဋ္ဌ ဝင်လာ ကြောင်းကြေညာ၍ ကိုယ်စားလှယ် အားလုံးမတ်တတ်ရပ်ကြသည်။ အစည်းအဝေးစတင်လေပြီ။ အဆို ရှင်ကိုယ်စားလှယ်က လွှတ်တော် အဆုံးအဖြတ် ရယူ လိုကြောင်း တင် ပြပါက မတ်တတ်ရပ်မဲခွဲဆုံးဖြတ် သည်ကို တွေ့ရသည်။ ထိုနေ့က (အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ပြီးနောက်ရက်ဖြစ်သည်) တပ်မတော်သား ကိုယ်စား လှယ်များလည်း မတ်တတ်ရပ်ဆန္ဒပြု သည်ကိုတွေ့ရသည်။ ဒီမိုကရေစီ အင်အားစု ပါတီများမှ အမတ်များ ၏အဆိုကို ပြည်ခိုင်ဖြိုးနှင့် တစညတို့ မှထောက်ခံ မဲပေး သည်ကိုလည်း တွေ့ရသည်။ အဆိုတင်သွင်းတိုင်း အတည်ပြုခြင်းမဟုတ်ဘဲ ပြည်သူ့ကိုယ်စားလှယ်များက မိမိစိတ်ကြိုက်မဲဆန္ဒ ပြုရခြင်းဖြစ်သည်။ ပြည်ထဲရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၏ မဖြုတ်ပယ်သင့်ကြောင်း တင်ပြချက် ကို တပ်မတော်သားကိုယ်စားလှယ် အများစုက ကန့်ကွက်၍   ဖြုတ်ပစ် လိုက် ရသည့်ဥပဒေအပိုဒ်များလည်းရှိသည် ကိုတွေ့ရ၏။ ဒီမိုကရေစီကျင့်စဉ် ကိုကျင့်သုံးစပြုနေသည့် လွှတ်တော် မြင်ကွင်းဖြစ်မည်ထင်…။ ”ဒီနေ့ပြည်သူ့လွှတ်တော်မှာ မတ်တတ်ရပ်ဆန္ဒပြုတာ ထူးခြားမှု တွေတွေ့ရတယ်” ဟုသတင်း သမားတစ်ဦးကပြောသည်။  ၁၉ ရက်မြောက်အစည်းအဝေး ကို ညနေ ၄ နာရီ ၅ မိနစ်တွင် ရပ်နားသည်။
အိပ်မက်လား တကယ်လား
အိပ်မက်မက်နေသလို၊ မြင်ကွင်းက ထူးခြားသည်မှာ အမှန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပွင့်ပွင့်လင်းလင်းဆွေးနွေး၊ သတ္တိရှိရှိ မတ်တတ်ရပ် မဲခွဲဆန္ဒပြု ဒီလိုမြင်ကွင်းမျိုးသည် လူအများ ထိတွေ့မြင်တွေ့ခွင့်ခက်လှသည့် အရာမျိုး ဖြစ်မနေစေချင်တော့။ အားလုံးတစ်သားတည်း ဒီမိုကရေ စီကျင့်စဉ်ကို သတင်းလွတ်လပ် ခွင့်များစွာဖြင့် အိပ်မက်မှနိုးထ သင့်သည့်အချိန်ရောက်ပြီ ဖြစ်သည်။
သက်နိုင်

လွှတ်တော်တွင်းအစည်းအဝေးမစတင်မီ

စာနယ်ဇင်းသမားများလွှတ်တော်သို့ ဝင်ရောက်လာစဉ်

By Popular News

ကွယ်လွန်သွားခဲ့တဲ့ Apple ရဲ့ ဖန်ဆင်းရှင် Steve Jobsရဲ့ ဘ၀အကြောင်းတစေ့တစောင်း


၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား တွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံ စကားပြောခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျွန်တော့်ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်း အရှည်ကြီး မဟုတ်ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်းသုံးပုဒ် ထဲပါ။

ပထမဆုံး ဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။ ကျွန်တော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ပါတယ်။ ကျွန်တော် ဘာကြောင့် ကျောင်းထွက်ခဲ့ရတယ် ထင်ပါသလဲ။

ဒီ ဇာတ်လမ်းက ကျွန်တော် မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။ ကျွန်တော့်ကို ကိုယ်ဝန် ရှိတဲ့ အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တစ်ယောက်ပါ။ အဲဒါကြောင့်လည်း ကျွန်တော့ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တစ်ယောက်နဲ့ သူ့ဇနီးတို့က ကျွန်တော့ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စီစဉ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော့်ကို "အူဝဲ"ဆိုပြီး မွေးလိုက်တဲ့ အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါတယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီး သန်းခေါင်မှာ မွေးစား မိဘလောင်း တန်းစီစာရင်းထဲက ကျွန်တော့မိဘများကို ဖုံးဆက်ခဲ့ပါတယ်။

"ဒီမှာ မမျှော်လင့်ဘဲ ယောက်ျားလေး တစ်ယောက် ရထားတယ်။ ယူမလား…" တဲ့။ မိဘများကလဲ "သိပ်ယူတာပေါ့…" တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျွန်တော့ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျွန်တော့ရဲ့ အဖေဟာလဲ အထက်တန်းကျောင်းတောင်မှ မအောင်တာကို ကျွန်တော့ မွေးမိခင်က သိသွားတာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက်မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျွန်တော့်ရဲ့ မိဘတွေက ကျွန်တော့ကို "တက္ကသိုလ် ထားပေးပါ့မယ်…" လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။

နောက် ၁၇ နှစ် အကြာမှာတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အဆင်အခြင် ကင်းမဲ့စွာနဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျွန်တော့ရဲ့ တတ္ကသိုလ်ပညာရေးအတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေ အားလုံးကို ကျွန်တော်သုံးမိရက်သား ဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာ ရေးဟာ တကယ်ပေးရတာနဲ့ တန်တယ်လို့ ကျွန်တော် မထင်တော့ပါဘူး။ အဲဒီအချိန်က ကျွန်တော့မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျွန်တော့ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ်ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့ မရခဲ့ပါ။ ဒီတော့ ကျွန်တော်ဟာ မိဘတွေရဲ့ တစ်သက်စာစုငွေကို တက္ကသိုလ်မှာလာပြီး ဖြုံးနေတာပါဘဲ။


ဒါနဲ့ ကျွန်တော်လဲ တက္ကသိုလ်ကထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီး လုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုပါ။ ကျောင်းက ထွက်လိုက်တာနဲ့ ချက်ချင်းဘဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာ မလိုတော့တာကြောင့် တက်ချင် စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသား လုပ်ခဲ့ပါတယ်။

ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျွန်တော့မှာ နေစရာ အခန်းမရှိတော့ပါဘူး။ဒီတော့ ကျွန်တော့် သူငယ်ချင်းတွေရဲ့အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကို လိုက်စုပြီး ပြန်အပ်လို့ရတဲ့ တစ်ပုလင်း ၅ ဆင့်ဆိုတဲ့ ပိုက်ဆံနဲ့ ဗိုက်ဖြည့်ရပါတယ်။ တနင်္ဂနွေနေ့ ညတိုင်း ခုနှစ်မိုင် လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူဘုရားကျောင်းမှာ ထမင်းတနပ် အဝ သွားစားရပါတယ်။ စားလို့ အင်မတန်ကောင်းပါတယ်။ စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ် နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေးတစ်ခု ပေးပါရစေ။
အဲဒီ အချိန်က Reed College မှာရှိတဲ့ စာလုံးအလှရေးနည်း သင်တန်းဟာ တစ်နိုင်ငံလုံးမှာ အကောင်းဆုံး သင်တန်းပါ။ တက္ကသိုလ်နယ်မြေ တစ်ခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံးတွေနဲ့ ချယ်သထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီ ဆိုတော့ ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့တဲ့ ကျွန်တော်ဟာ စာလုံး အလှ ရေးနည်း သင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံးပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေ အကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတစ်လုံးနဲ့ တစ်လုံးကြားမှာ ဘယ်လို အနီး အဝေးခြားတယ်ဆိုတာ လေ့လာခဲ့ပါတယ်။ စာလုံးရေးနည်း ပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။

ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊ သိဎ္ပံနည်းနဲ့ စူးစမ်းလို့ မရတဲ့ ပညာပါ။ ဒီပညာရပ်က ကျွန်တော့ကို ညှို့ယူ ဖမ်းစားခဲ့ပါတယ်။ ဒါတွေကို ကျွန်တော့်ဘဝမှာ ဘယ်လို လက်တွေ့ အသုံးဝင်မလဲဆိုတာကိုတော့ မျှော်လင့် မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁၀ နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ပါတယ်။ ဒီပညာရပ်ကို အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှတွေ သုံးတဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျွန်တော် မတက်ခဲ့ရင် Macintosh ကွန်ပျုတာ မှာ အင်မတန် သေသပ်ပြီး အစိပ်အကျဲ အချိုးကျ လှပတဲ့ စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ Windows ဆိုတာကလဲ Mac က စာလုံးတွေကိုဘဲ ကူးချထားတာဆိုတော့ PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူး လို့တောင် ပြောကောင်း ပြောနိုင်ပါလိမ့်မယ်။

ကျွန်တော် ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာ မဟုတ်ပါ။ ဒီသင်တန်းကို ကျွန်တော် မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ ရှိကောင်းမှ ရှိမှာပါ။ မှန်ပါတယ်။ ကျွန်တော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုး အကြောင်းတွေကို ဆက်စပ် ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ နောင် ၁၀ နှစ်ကြာအပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါတယ်။

ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေ ဘယ်လို ဆက်စပ်ပုံပေါ်လာမယ်ဆိုတာကို ကျွန်တော်တို့ မမြင်နိုင်ပါ။ နောက်ပြန် ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရ မောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေ ဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည် ထားရပါလိမ့်မယ်။ ဘွဲ့ရ မောင်မယ်တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံ တယ်ဆိုတာ ယုံပါ။ ကံ၏ အကျိုးဆိုတာ ယုံပါ။ တစ်ခုခုကိုတော့ ယုံပါ။ ဒီ ယုံကြည်ချက်ကြောင့် ကျွန်တော် ဂျောက်ကျခဲ့ရတယ်ဆိုတာ ဘယ်တော့မှ မရှိခဲ့ပါ။ ကျွန်တော့ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီ ယုံကြည်ချက်ကြောင့်ပါဘဲ။

ကျွန်တော့ရဲ့ ဒုတိယ ဇာတ်လမ်းကတော့ အချစ်နဲ့ အရှုံး အကြောင်းပါ။ ကျွန်တော် ကံကောင်းခဲ့ပါတယ်။ ကျွန်တော် တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲဆိုတာ အသက်ငယ်ငယ်မှာ ရှာဖွေ တွေ့ရှိခဲ့တာပါ။ ကျွန်တော့ မိဘတွေရဲ့ ကားဂိုဒေါင်ထဲမှာ Apple ကို Woz နဲ့အတူ စတင် တည်ထောင်စဉ်က ကျွန်တော် အသက် ၂၀ ဘဲရှိပါသေးတယ်။ ကျွန်တော်တို့ ၂ ယောက် တကယ် အလုပ်ကြိုးစားခဲ့ကြတာပါ။ Apple ဟာ ၁၀နှစ် အတွင်းမှာ ကားဂိုဒေါင်ထဲက ကျွန်တော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂ ထောင်တန် ဝန်ထမ်း ၄ ထောင်ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက်တင်ပြီး တစ်နှစ်လောက် ကျွန်တော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။ အဲဒီမှာ– ကျွန်တော် အလုပ်က အထုတ်ခံရပါတယ်။ ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လို လုပ်ပြီး အထုတ်ခံ ရနိုင်ပါ့မလဲ။ အဲ– ဇာတ်လမ်း ကတော့ ဒီလိုပါ။

Apple ကုမ္ပဏီကြီး ပွါးလာတဲ့အချိန်မှာ ကျွန်တော်က အင်မတန်တော်တယ်လို့ ထင်ခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ် ခန့်ခဲ့ကြပါတယ်။ ပထမ တစ်နှစ်လောက်ကတော့ အတော်လေး အဆင်ပြေပါတယ်။ ဒါပေမဲ့ တဖြေးဖြေးနဲ့ အနာဂါတ် အလား အလာတွေကို အမြင် မတူတာတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အကြီးအကျယ် ကတောက် ကဆ ဖြစ်တဲ့ အထိပါဘဲ။ ဒီ ကတောက်ကဆ ဖြစ်တဲ့အခါမှာ ဒါရိုက်တာအဖွဲ့က သူ့ဖက်က ရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃၀ မှာ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ တကဲ့ကို ဟိုးလေးတကျော်ဖြစ်ပြီး အလုပ်ထုတ် ခံရတာပါ။ ကျွန်တော့ရဲ့ ဘဝတစ်ခုလုံးကို ပုံပြီး စိုက်လိုက်မတ်တပ် လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့တာပါ။ ဒါဟာ ကျွန်တော့အတွက် အင်မတန် တုန်လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။

လပေါင်း အတော်ကြာ တကဲ့ကို ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်းကြီးများ အပေါ်မှာ ကျွန်တော် တာဝန်မကျေဘူးလို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်း ပေးခဲ့တဲ့ တာဝန်ကို ပေါ့လျော့မိတဲ့၊ လက်ဆင့်ကမ်း ပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျ ခဲ့တဲ့သူလို ခံစားရတာပါ။ ကျွန်တော် David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကြောင့် ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီး တောင်းပန်ခဲ့ပါတယ်။ ကျွန်တော့ ကျဆုံးခန်းဟာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေး ထွက်ပြေးသွားဖို့အထိတောင် ကျွန်တော် စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အချက်တစ်ချက်ကို ကျွန်တော် တဖြေးဖြေးနဲ့ သတိ ပြုမိလာပါတယ်။ အဲဒါကတော့ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်ကို ကျွန်တော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ်တွေဟာ ကျွန်တော့ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။ ကျွန်တော့်ကို ကန်ထုတ်တာ ခံရပေမဲ့ ကျွန်တော်ကတော့ ချစ်ခင် စွဲလမ်းလျှက်ပါ။ ဒါကြောင့်လဲ ကျွန်တော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျွန်တော့် ဘဝတစ်လျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံး အဖြစ်ပါ။ အဲဒီ အချိန်ကတော့ ဒီလို မတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန်ထုပ် ဝန်ပိုးကြီးကို ပေါ့ပေါ့ပါးပါး လူသစ်တစ်ခါ ပြန်ဖြစ်ရတယ် ဆိုတာနဲ့ လဲလိုက်ရတာပါ။ အရာရာတိုင်းမှာ မသေချာမှုတွေ ချည်းပါဘဲ။ ဒီဖြစ်ရပ်ကဘဲ ကျွန်တော့ကို အနှောင်အဖွဲ့တွေက ကင်းလွတ်ခွင့်ပေးပြီး ကျွန်တော့ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို စတင်စေခဲ့ပါတယ်။

နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော် တည်ထောင်ပါတယ်။ Pixar ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော် တည်ထောင်ပါတယ်။ ပြီးတော့ အင်မတန် ပြည့်ဝတဲ့ အမျိုးသမီး တစ်ယောက်နဲ့ မေတ္တာမျှပြီး ကျွန်တော် အိမ်ထောင်ပြုခဲ့ပါတယ်။ Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာ ကာတွန်းကားကို ဖန်တီး ထုတ်လုပ်ခဲ့တာပါ။ ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံး ကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့်အပြောင်းမှာ Apple က ကျွန်တော့ရဲ့ NeXT ကုမ္ပဏီကို ဝယ်ပါတယ်။ ကျွန်တော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျွန်တော်တို့ စတင်ခဲ့တဲ့ နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ Laurene နဲ့ ကျွန်တော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။

ကျွန်တော်သာ Apple က အလုပ်ထုတ် မခံခဲ့ရရင် ဒါတွေတစ်ခုမှ ဖြစ်လာမှာ မဟုတ်တာ အတော် သေချာပါတယ်။ အလုပ်ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါးကြီးပါ။ ဒါပေမဲ့ လူနာကို ကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံပါဘဲ။ တစ်ခါတစ်လေတော့လဲ ဘဝမှာ ခေါင်းကို အုတ်ခဲနဲ့ ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိ ယုံကြည်ရာကို မစွန့်လွှတ်ပါနဲ့။ ကျွန်တော့ရဲ့ ဘဝ တစ်လျှောတ် လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေး နေခဲ့တာဟာ ကျွန်တော့အလုပ်ကို ကျွန်တော် ချစ်ခင် စွဲလမ်းမှုဘဲလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘွဲ့ရ မောင်မယ်တို့လဲ ကိုယ့်ရဲ့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအဆိုဟာ မောင်မယ်တို့ရဲ့ ချစ်သူရည်းစား ရှာဖို့နဲ့ ဆိုင်သလို အလုပ်ရှာဖို့နဲ့လဲ သက်ဆိုင်ပါတယ်။

ခုချိန်ထိ မတွေ့သေးဘူး ဆိုရင်လဲ တွေ့တဲ့အထိ ဆက်ရှာပါ။ ရရာနဲ့ မကျေနပ်ကြပါနဲ့။ နှလုံးသားရေးရာ ကိစ္စဆိုတော့ တွေ့ပြီလား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့ ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေ ပိုပြီးခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာကြပါ။ ရရာလေးနဲ့ မရောင့်ရဲလိုက် ကြပါနဲ့။

ကျွန်တော့်ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။ ကျွန်တော် အသက် ၁၇ နှစ်မှာ ကောက်နှုတ်ချက် စာသားတစ်ခု ဖတ်ခဲ့ရပါတယ်။ မှတ်မိသလောက် ဆိုရင်တော့ "နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်း ဖြစ်လာဖို့ သေချာပါတယ်…" တဲ့။ ဒီစာသားက ကျွန်တော့စိတ် မှာထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီ ကစပြီး နောက် ၃၃ နှစ်လုံး မနက် အိပ်ရာထမှာ မှန်ကို ကြည့်ပြီး ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။" ဒီနေ့သာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား…" မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက်တိုက် "မလုပ်ချင်ဘူး" ဖြစ်နေပြီ ဆိုရင်တော့ အပြောင်းအလဲ တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ကျွန်တော် သိလိုက်ပါ တယ်။

ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချရာမှာ အရေးကြီးဆုံး အထောက်အပံ့ ကိရိယာအဖြစ် ကျွန်တော် တွေ့ရှိခဲ့တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာဘဲ ရှိတယ်လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေးကြီးတဲ့ အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။ မင်းမှာ လက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့ အတွေးထောင်ချောက်ကို ရှောင်လွှဲဖို့ နည်းလမ်းတွေထဲမှာ ကျွန်တော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာ သေရတော့မှာ ဘဲလို့ သတိချပ်ခြင်းပါ ။ မင်းဟာ ဗလာထီးထီး ကိုယ်ချည်း ဖြစ်သွားပါပြီ။ အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာ နောက်ကို မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိတော့ပါ။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော့မှာ ကင်ဆာရောဂါရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မနက် ၇ နာရီ ခွဲမှာ ဆေးဓာတ်မှန် ရိုက်ပါတယ်။ ကျွန်တော့ရဲ့ သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ သရက်ရွက်ဆိုတာ ဘာလဲဆိုတာတောင်မှ ကျွန်တော် မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာ ဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေချာတယ်လို့ ကျွန်တော့ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃ လ ကနေ ၆ လ အထိဘဲ နေရဖို့ မျှော်လင့်ထားပါလို့ ပြောပါတယ်။ ဒါဟာ ဘာအဓိပ္ပါယ်လဲဆိုတော့ ကျွန်တော့ရဲ့ ကလေးတွေကို နောင် ၁၀ နှစ် အတွင်းမှာ ပြောပြဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ် အတွင်းမှာ အကုန်အစင် ပြောဖို့ ကြိုးစားပါဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။ ကျန်ရစ်သူ မိသားစု ဒုက္ခမများရလေအောင် ရှိသမျှ ကိစ္စတွေ အားလုံးကို လက်စသိမ်းပါဆိုတဲ့ အဓိပ္ပါယ်ပါ။ သွားတော့မယ်လို့ နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။

တစ်နေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျွန်တော့ကို လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာတော့ အသားစ ထုတ်ပြီး ဆေးစစ်ခံခဲ့ရပါတယ်။ ခန္တာကိုယ် အတွင်းပိုင်းကြည့် ကရိယာကို ကျွန်တော့် လည်ချောင်း ထဲကတစ်ဆင့် အစာအိမ်ကို ဖြတ်ပြီး အူသိမ်ထဲကို ရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျွန်တော့ရဲ့ သရက်ရွက်ကို အပ်နဲ့ စိုက်ပြီး အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မေ့ဆေးနဲ့ မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့ တာက ဒီအသားစကို အဏှုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ "ဟေးကနဲ…" ထပြီး အော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ ကင်ဆာဟာ အင်မတန်မှ ရှားပါးတဲ့ ခွဲစိတ်ပြီး ကုသလို့ရတဲ့ သရက်ရွက်ကင်ဆာမျိုး ဖြစ်နေလို့ပါ။ ကျွန်တော် ခွဲစိတ် ကုသခံခဲ့ရပါတယ်။ ကျွန်တော် အခု နေကောင်းပါပြီ။

ဒါဟာ ကျွန်တော့အဖို့ သေခြင်းတရားနဲ့ အနီးကပ်ဆုံး ရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက်ပိုပြီး နီးနီးစပ်စပ် မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့်ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့ အတွက်ကြောင့် ဘွဲ့ရမောင်မယ်တို့ကို သေခြင်းတရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဉာဏ်သိ အဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာချာ ကျွန်တော် ပြောနိုင်ပါပြီ။ ဘယ်သူမှ မသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့ သူများတောင်မှ အဲဒီကို ရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော်လည်း လူတိုင်းဟာ တစ်နေ့တော့ သေကြရမှာပါ။ ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။ ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တစ်ခုတည်းသော အကောင်းဆုံး ဖန်တီးမှုဟာ မရဏတရား ဖြစ်စရာအကြောင်း ရှိပါတယ်။ မရဏ တရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့ အပြောင်းအလဲ ဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရားက ဟောင်းဆွေး အိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျို သစ်လွင်မှုတွေနဲ့ အစားထိုး ပေးနေပါတယ်။ ဒီနေ့ ဒီအချိန်အခါမှတော့ ဘွဲ့ရ မောင်မယ်တို့ဟာ နုပျို သစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော် မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့ အဖယ်ရှား ခံကြရမှာပါ။ စိတ်ထိခိုက်အောင် ပြောမိတာကို ကျွန်တော် တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက အမှန်တရားပါ။



ဘွဲ့ရ မောင်မယ်တို့မှာ အချိန်တွေ အများကြီး မရှိတော့ပါဘူး။ ဒီတော့ တစ်ခြားသူတွေ နေသလိုဘဲ နေပြီး အချိန်ကို မဖြုန်းပါနဲ့။ သူများတွေရဲ့ အတွေးအထင်ထဲကအတိုင်း နေရတဲ့ ဘဝကို တရားသေ ဆုပ်ကိုင်ထားပြီး ချောင်ပိတ်မမိပါစေနဲ့။ မိမိရဲ့ အတွင်းစိတ်က နှိုးဆော်သံကို သူတပါးတွေရဲ့ ထင်မြင်ချက် အနှောင့်အယှက်သံတွေက ဖုံးလွှမ်း မသွားပါစေနဲ့။

ဒီထက်ပိုပြီး အရေးကြီးဆုံး အချက်ကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ရင်တွင်း သိစိတ်တို့က ခေါ်ဆောင် ရာကို လိုက်ပါ။ သူတို့က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ် ဆိုတာကို သိနေကြပြီးသားပါ။ ကျန်တဲ့အရာတွေ အားလုံးက သာမညအချက်တွေပါ။

ကျွန်တော် ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန် ပြောင်မြောက်တဲ့ ကတ်တလောက်စာအုပ် တစ်ခု ရှိခဲ့ဘူးပါတယ်။ ဒီစာအုပ်ဟာ အဲဒီတုန်းက ကျွန်တော်တို့တွေ အတွက်တော့ ကိုးကွယ်စရာ ကျမ်းစာတွေထဲက တစ်အုပ်ပေါ့။ အဲဒီ စာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart Brand ဆိုသူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန် အလှတွေနဲ့ ချယ်မှုန်းပြီး ထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခု နှောင်းပိုင်းကာလ ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့ စာအုပ် တစ်အုပ်လုံးက လက်နှိပ်စက်ရိုက်၊ ကပ်ကြေးနဲ့ ကိုက်၊ Polaroid ကင်မရာနဲ့ ဓာတ်ပုံတွေ ရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Google ကို စာအုပ်အဖြစ် ဖတ်ရသလိုပါဘဲ။ ဒီစာအုပ်ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကယ့်ကို စံနမူနာယူစရာ စာအုပ်ပါ။ စာအုပ် တစ်ခုလုံးလဲ သပ်ရပ်လှပတဲ့ ကရိယာတွေနဲ့ အကြံကောင်းတွေနဲ့ ပြည့်နေပါတယ်။

Stewart နဲ့ သူ့အဖွဲ့သားတွေဟာ “The Whole Earth Catalog ” စာအုပ် တော်တော် များများကို ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေ ရပ်ဆိုင်းရတဲ့ အခါမှာတော့ သူတို့တစ်တွေ နောက်ဆုံး နှုတ်ဆက်ခြင်း စာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ခုဘွဲ့ရ မောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀ နှစ်လယ်ကာလများပါ။ နှုတ်ဆက် စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော တောဘက်က ကားလမ်းလေး တစ်ခုရဲ့ ဓာက်ပုံပါ။ စွန့်စားခန်း အင်မတန်ကြိုက်သူများ ကားကြုံစီး ခရီးထွက်ရာမှာ တွေ့ကောင်းတွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာ စာတန်းလေးရေးထားပါတယ်။ "ဆာလောင် မွတ်သိပ်ပါ။ အရူးထပါ။" တဲ့။

ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံး နှုတ်ဆက်တဲ့ စကားပါ။ ကျွန်တော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်း တောင်းခဲ့ပါတယ်။ ခုဘွဲ့ရ မောင်မယ်တို့ ဘဝအသစ် စကြရတော့မယ်ဆိုတော့ မောင်မယ်တို့ကိုလဲ ဒီဆုကိုပဲ တောင်းပေးပါ့မယ်။

"ဆာလောင်မွတ်သိပ်ပါ… အရူးထပါ…"

အားလုံးကိုကျေးဇူးတင်ပါတယ်။

Steve Jobs

    
     

Appleရဲ့ပူးတွဲတည်ထောင်သူ Steve Jobs အသက်(၅၆)နှစ်ဟာ အောက်တိုဘာလ (၅)ရက်နေ့ (၂ဝ၁၁)မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူကွယ်လွန်သွားပြီဆိုတဲ့သတင်းက ကမ္ဘာ့အရပ်ရပ်က Appleရူးသွပ်သူတွေကို ခြောက်ခြားတုန်လှုပ်စေခဲ့ပါတယ်။ အင်တာနက်သုံးစွဲသူအများက သူသေဆုံးသွားတာကို နှမြောတသဖြစ်ကြပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာ သူ့အတွက် ကျေးဇူးတင်လွှာတွေ ရေးသားခဲ့ကြတယ်။



"Steve Jobs .. ခင်ဗျားဟာ ကွန်ပြူတာလောက၊ ဖုန်းလောကကို ပြောင်းလဲခဲ့သူပါ။ ကျွန်တော်တို့ လူတော်တော်များများရဲ့ဘဝကို ခင်ဗျားထိတွေ့ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် Steve... ကွန်ဂရက်ကျူလေးရှင်းပါ Steve.. ခင်ဗျားတစ်သက် ရှင်သန်ရကျိုးနပ်ခဲ့ပါပြီ"



အင်တာနက်စာမျက်နှာတွေပေါ်မှာ၊ Facebookတွေပေါ်မှာ Steve Jobsကွယ်လွန်တာနဲ့ပတ်သက်တဲ့ ဝမ်းနည်းကြေကွဲစာတွေကို ဖတ်ကြရမှာပါ။ Steve Jobsဟာ ကွန်ပြူတာလောက၊ ဖုန်းလောကကို ပြောင်းလဲခဲ့ရုံမက သူဟောပြောခဲ့တဲ့စကားတွေကလည်း လူအများကို လွှမ်းမိုးခဲ့ပါတယ်။ ကောင်းတဲ့စာ၊ ကောင်းတဲ့စကားတွေက ထုထည်မဲ့အင်အားတစ်မျိုးပါတဲ့... Steve Jobs ဟောပြောခဲ့တဲ့ စကားတချို့ကိုဘာသာပြန် မျှဝေလိုက်ပါတယ်။



(၁) ဦးဆောင်သူနဲ့ နောက်လိုက်သူရဲ့ခြားနားချက်က ဆန်းသစ်ထီထွင်ခြင်းပဲဖြစ်တယ်။



(၂) ထူးချွန်ထက်မြက်တဲ့လူဖြစ်ဖို့ လူတော်တော်များများအတွက် အဆင့်အတန်းမြင့်တဲ့ပတ်ဝန်းကျင်ရှိစရာ မလိုပါဘူး။



(၃) အောင်မြင်သူဖြစ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကိုယ်လုပ်တဲ့အလုပ်ကို မြတ်နိုးဖို့ပါပဲ။ တကယ်လို့ မြတ်နိုးနိုင်လောက်တဲ့အလုပ် သင့်မှာမရှိသေးဘူးဆိုရင် ဆက်ရှာပါ.. လက်မလွတ်တမ်းရှာပါ။ သင့်ရဲ့နှလုံးသားနောက်လိုက်ပြီး ရှာပါ... တစ်နေ့နေ့မှာ သင်ရှာတွေ့ပါလိမ့်မယ်။



(၄) ကိုယ်တိုင်စားဖို့အရာတွေကို လူတိုင်းစိုက်ပျိုးနေစရာမလိုသလို ကိုယ်တိုင်ဝတ်ဖို့ အဝတ်အစားတွေကိုလည်း လူတိုင်းချုပ်လုပ်နေဖို့ မလိုပါဘူး။ တခြားလူတီထွင်ဖန်တီးခဲ့တဲ့ စကားတွေကို ကျွန်တော်တို့ပြောနေတယ်။ တခြားလူတီထွင်ခဲ့တဲ့ သင်္ချာဂဏန်းတွေကို ကျွန်တော်တို့ အသုံးပြုနေတယ်။ကျွန်တော်တို့ဟာ တခြားလူရဲ့အောင်မြင်ဖြစ်ထွန်းတာတွေကို တောက်လျှောက်အသုံးပြုနေကြတယ်။ လူသားတွေမှာရှိခဲ့တဲ့ အတွေ့အကြုံနဲ့ အသိဉာဏ်တွေကိုအသုံးပြုပြီး တီထွင်ဆန်းတယ်ဆိုတာ ထူးခြားဆန်းကြယ်တဲ့ လုပ်ရပ်တစ်ခုပါပဲ။



(၅) ဗုဒ္ဓဘာသာမှာ စကားတစ်ခွန်းရှိတယ်။ "စသင်ယူသူရဲ့(beginner) စိတ်နေသဘောထား"တဲ့။ စသင်ယူသူရဲ့စိတ်နေသဘောထားကို ပိုင်ဆိုင်နိုင်တာဟာ အံ့သြဖွယ်ကောင်းတဲ့ လုပ်ရပ်တစ်ခုပါ။



(၆) အခြေခံအားဖြင့် လူရဲ့ဦးနှောက်က တီဗီကြည့်ချိန်မှာ အလုပ်မလုပ်ဘဲရပ်သွားပြီး ကွန်ပြူတာဖွင့်ချိန်ကျမှ စအလုပ်လုပ်တယ်လို့ ကျွန်တော်တို့ထင်ကြပါတယ်။



(၇) ကျွန်တော်ကိုယ်ကျွန်တော်သိထားတာက ကျွန်တော်ဟာ တစ်နှစ်အတွင်းမှာ ဒေါ်လာ၂၅သန်း ဆုံးရှုံးနေတဲ့ တစ်ဦးတည်းသောလူပါ။ ဒါပေမဲ့ ဒါဟာ ကျွန်တော်ကြီးပြင်းဖို့ အများကြီးအထောက်အကူပြုခဲ့ပါတယ်။



(၈) ကျွန်တော်မှာရှိတဲ့ နည်းပညာအားလုံးကို ဆိုကရေးတီးနဲ့ တစ်ညနေအတူနေဖို့ ကျွန်တော်လဲလှယ်ချင်ပါတယ်။



(၉) အသက်ရှင်နေတာဟာ လောကကြီးကို ပြောင်းလဲဖို့ကလွဲလို့ တခြားဘာအကြောင်းပြချက်များရှိဦးမလဲ?



(၁ဝ) သင့်ရဲ့အချိန်တွေက အကန့်အသတ်ရှိတယ်။ ဒါကြောင့် တခြားလူကြောင့် မရှင်သန်ပါနဲ့။


တရားသေဝါဒတွေနဲ့ ကန့်သတ်မထားနဲ့။ တခြားလူရဲ့ အတွေးအမြင်ထဲ ရှင်သန်မနေနဲ့။


တခြားလူရဲ့ထင်မြင်ချက်နဲ့ ကိုယ့်အတွင်းစိတ်ရဲ့အသံကို ဘေးကျပ်နံကျပ်မဖြစ်စေနဲ့။


အရေးအကြီးဆုံးက ကိုယ့်စိတ်ဝိညာဉ်နဲ့ အလိုလိုသိစိတ်ကိုနောက် သတ္တိရှိရှိလိုက်ဖို့ပဲ။ သင့်စိတ်နဲ့ သိစိတ်ကသာ သင့်ရဲ့တကယ့်အတွေးစိတ်ကူးကို သိနိုင်တယ်။ ကျန်တာတွေက အဓိကမကျပါဘူး။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်