ကျွန်မနှင့်နိုင်ငံရေးခရီး အပိုင်း (၁)

စန္ဒာဝင်း (ယခင် မကွေးတိုင်း အင်အယ်လ်ဒီ အမျိုးသမီးတာဝန်ခံ)

ကျမဘဝမှာ နိုင်ငံရေးကို ထဲထဲဝင်ဝင်လုပ်ရလိမ့်မယ်ဆိုတာကို အိမ်မက်ထဲတောင်ထည့်မမက်ခဲ့ပါဘူး။ အိမ်ထောင်သည်ဘဝကျမှ နိုင်ငံရေးစာတွေဖတ်၊ သတင်းတွေနားထောင်နဲ့ နိုင်ငံရေးဆိုတာကို စိတ်ဝင်စားတတ်လာတာပါ။ ဒါပေမယ့် သာမန်စိတ်ဝင်စားမှုထက်မပိုခဲ့ပါ ဘူး။ ၁၉၈၇ ခုနှစ် မဆလလက်ထက် ငွေစက္ကူ (၃ ) မျိုး တရားမဝင်ကြေငြာတဲ့အချိန်မှာတော့ ကိုယ်တိုင်ပင်ပန်းတကြီးရှာဖွေထားရတဲ့ မရှိမဲ့ ရှိမဲ့ငွေလေးဆုံးရှုံးလိုက်ရလို့ တော်တော်လေး ဒေါသထွက်ပြီး ဘာကြောင့်အုပ်ချုပ်တဲ့အစိုးရက ဒီလိုမတရားသဖြင့်လုပ်ရတာလဲဆိုတာ ပိုသိချင်လာတယ်။ မကြိုက်တာကြာပြီဖြစ်ပေမဲ့ ဒီမတရားတဲ့အစိုးရကို ဘယ်လိုဆန့်ကျင်ရမယ်ဆိုတာ မသိခဲ့ပါဘူး။ နောက်ပိုင်း ကျောင်း တွေပိတ်လိုက်၊ ပြန်ဖွင့်လိုက်နဲ့ ၁၉၈၈ ခုနှစ်ကျတော့ အုံကြွမှုကြီးဖြစ်တော့တာပါပဲ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၈၈၈၈ မစတင်မီမှာ ဦးအောင်ကြီး ရဲ့ ( ၄၂ ) မျက်နှာဆိုတာ ထွက်လာလို့ ဖတ်ရပါတယ်။ အဲဒီ ( ၄၂ ) မျက်နှာကြောင့်ပဲ ကျမနိုင်ငံရေးကိုပိုပြီးစိတ်ဝင်စားလာ တာလို့ ပြောရမှာပါ။ ဒီလောက်ရက်စက်တဲ့ အစိုးရမျိုးရှိသလားလို့တောင် တွေးမိ၊ ဝမ်းနည်းမိခဲ့ပါတယ်။ ဒီလိုနဲ့ ၈၊ ၈၊ ၈၈ မှာ လူထု အုံကြွမှုကြီး စတင်ဘို့ အချက်ပေးတဲ့တိုက်ပွဲကို အကြီးအကျယ်မျှော်လင့်မိတယ်။ ဖြစ်ရင်ကောင်းမယ်၊ ငါလည်းပါကိုပါရမယ်ပေါ့။ ( ၈ ) လေးလုံးနီးလာလေ သတင်းမီဒီယာတွေမှာတပ်လှန့်သံတွေညံလာလေပါပဲ။ ကျမတို့ မိသားစုလည်းခပ်ကွင်းပြင်လို့ပေါ့။ တွေ့တဲ့သူတိုင်းမေး တော့လဲ အားလုံးဖြစ်စေချင်တဲ့ဆန္ဒတွေကိုယ်စီနဲ့ပါဘဲ။ ၆၊ ၈၊ ၈၈ နေ့ရောက်တော့ စပြီတဲ့သပိတ်တိုက်ပွဲကြီး၊ ဘယ်မြို့  မှာလဲလို့ နားစွင့် တော့ လားလား ကျမတို့ မကွေးမြို့ နဲ့ ( ၃၂ ) မိုင်ပဲဝေးတဲ့ ရေနံချောင်းမြို့ မှာတဲ့။ အဲဒါရေနံမြေလေ သူကအစဉ်အလာကြီးခဲ့တာကိုး။ ပစ်တယ်ခတ်တယ်လို့ကြားတယ်။ ဒါပေမယ့် သပိတ်ဖြစ်တယ်တဲ့။ ၈၊ ၈၊ ၈၈ ရောက်တော့ ရန်ကုန်မှာ၊ မန္တလေးမှာ ဟိုမှာဒီမှာနဲ့ တနိုင်ငံလုံး အနှံ့ မီဒီယာတွေကကြားရတယ်။ ဒါပေမယ့် ကျမတို့မကွေးòမိ့က တုတ်တုတ်တောင်မလှုပ်ပါဘူး။ မနက်၊ နေ့လည်၊ ညနေ၊ ညအထိအောင် ဘာသံမှမကြားဘူး။ စိတ်ပျက်လိုက်တာ။ ရှက်လိုက်တာ။ ၉၊ ၈၊ ၈၈ ကျတော့ သတင်းတခိျု့ထွက်လာတယ်။ မကွေးòမိ့က လူငယ်တခိျု့ဆီ သို့ သနပ်ခါးတုံးတွေ၊ ထမီတွေ လှမ်းပို့ကြလို့တဲ့။ မြို့ လူထုကလဲ မခံချင်လို့ပြောပြောနေကြပေမဲ့ ဘယ်ကစရမှန်းမသိကြပါဘူး။ လမ်းတိုင်း လမ်းတိုင်းမှာလဲ ရပ်ကွက်လူကြီးတွေ၊ မဆလပါတီဝင်တွေ အလှည့်ကျ စောင့်နေကြတာတွေ့  ရတယ်။ ဒါနဲ့ပဲ ( ၉ ) ရက်နေ့တနေ့ ကုန်သွား ပြန်ရော။ ဘာမှမဖြစ်ပြန်ပါဘူး။ နောက်နေ့ ( ၁ဝ ) ရက်နေ့မနက်လဲ ဒီအတိုင်းဘဲ။ မြို့  ကြီး ကတော့ တိတ်ဆိတ်နေလိုက်တာ သုဿန်တစ ပြင်လိုဘဲ။ နေ့လည် ( ၁ ) နာရီကျော်တော့ မကွေးòမိ့မဈေးကြီး အပေါ်ထပ်မှာဖွင့်ထားတဲ့ ကျမရဲ့ အလှပြင်ဆိုင်ထဲကို လူငယ် ( ၂ ) ယောက်ဝင်လာတယ်။ ဆံပင်ညှပ်ပေးပါတဲ့။ သူတို့ထဲက တယောက်က ဆံပင်ညှပ်ခံနေပေမယ့် တယောက်က ဂနာမငြိမ်ပါဘူး။ ဆိုင်ထဲဝင် လိုက်၊ ထွက်လိုက် ဝရံတာထွက်ကြည့်လိုက်နဲ့။ ( ၅ ) မိနစ်လောက်ကြာတော့ ဒို့အရေး-ဒို့အရေးနဲ့ ဈေးမြောက်ဘက်က အသံစကြား တယ်။ အစ ကသဲ့သဲ့ဘဲ၊ နောက်တော်တော်လေးကျယ်လာတော့ ကျမလဲဝမ်းသာအားရနဲ့ ဝရံတာဘက်ထွက်ကြည့်တာ လူအုပ်ကြီးတွေ့  ရတာပါဘဲ။ ရှေ့ဆုံးက ကိုရင်တွေဦးဆောင်လို့ ကျမရဲ့ခင်ပွန်းက ( ၇ ) နှစ်သားငယ်လေးကိုလက်ဆွဲလို့ ချီတက်လာကြတယ်။ ဈေးလမ်း အတိုင်းချီတက်လာကြတာလေ။ ကျမလည်း ကြက်သီးမွေးညှင်းတွေထအောင် ဝမ်းသာပြီး အပေါ်ကနေခုန်ပေါက်အားပေးနေမိတယ်။ ဆံပင်ညှပ်ခံနေတဲ့သူလည်းထွက်လာပြီး ကျမကိုမေးတယ်။ အမတို့ဘာတွေကြွေးကြော်ရမယ်ဆိုတာ သိသလားတဲ့။ မသိဘူးဆိုတော့ သူက ကပျာကရာနဲ့ စာရွက်တရွက်မှာရေးပေးတယ်။ မဆလ တပါတီစနစ်အလိုမရှိ၊ ဒီမိုကရေစီရရှိရေး ဒို့အရေး။ စသဖြင့် ( ၅ ) မျိုးလောက် ရေးပေးတယ်။ ဒီအတိုင်းေºကွးကြော်ပါဆိုပြီး ကျမကို စာရွက်တရွက်ပေးတယ်။ ပြီးတာနဲ့သူတို့နှစ်ယောက်ချက်ချင်း ထွက်သွားကြရာ နောက်မှတွေးမိတာ နယ်ဆင်းလာတဲ့ တက်ºကွသူကျောင်းသားတွေဘဲဖြစ်မယ်လို့ပေါ့။ ကျမတို့ညီအမနှစ်ယောက်လဲ ဆိုင်တံခါးတွေပိတ်၊ ပိတ်ထားတဲ့ဈေးတံခါးမကြီးကိုကျော်ခွပြီး သပိတ်ဆင်နွဲနေတဲ့လူအုပ်နောက်ကို အပြေးလိုက်၊ ကျမခင်ပွန်းကိုရထားတဲ့ ကြွေးကြော်သံ စာရွက်ကိုပေးပြီး ပူးပေါင်းပါဝင်ချီတက်ခဲ့ကြတာပေါ့။ လမ်းတလျှောက်လုံးလည်း လက်သီးလက်မောင်းတန်း ကြွေးကြော်၊ တွေ့  တဲ့သူတိုင်းကို ပါဝင်ဖို့ဖိတ်ခေါ်နဲ့ နောက် ကျတော့ မကွေးမြို့ သူမြို့ သားများရဲ့ သပိတ်တိုက်ပွဲမှာ တသားတည်းပူးပေါင်းပါဝင်လိုက်နိုင်ခဲ့ပြီ။ အားရလိုက်တာ၊ ကျမနိုင်ငံရေးလုပ်ပြီလေ။ ကျမတိုက်ပွဲဝင်ခွင့်ရပါပြီ။
အဲဒီနေ့ကစလို့ မကွေးမြို့  အောင်ဓမ္မာရုံမှာ သပိတ်စခန်းဖွင့်လို့ နေ့တိုင်းလိုလို မြို့ တွင်းလှည့်လည်ပြီး ဆန္ဒပြခဲ့ကြတာ စစ်အာဏာ သိမ်းဖို့ တရက်အလိုဖြစ်တဲ့ ၁၇၊ ၉၊ ၈၈ အထိပါပဲ။ မြို့  သူ မြို့  သား တယောက်မကျန်ထွက်တယ်လို့တောင် ပြောလို့ရပါတယ်။ ကျမခင်ပွန်းက သပိတ်ကို ဦးဆောင်တဲ့ထဲက တယောက်ဆိုတော့ သူ့ဆီမှာ မဆလ ပါတီဝင်ကဒ်ပြားလာအပ်တဲ့သူတွေအများကြီးပါဘဲ။ တချို့ ဆိုသူတို့ကဒ် ပြားအပ်တာကို အသိအမှတ်မပြုမှာဆိုးလို့ တစာစာလာသတိပေးနေလေရဲ့။ အော် တင်းပြည့်မှ တင်းပြည့်ဆိုတဲ့သူတွေ တယ်လဲတရား ကျဖို့ကောင်းပါလား။ ဘာဘဲဖြစ်ဖြစ်လေ ၂၆ နှစ်လုံး ဗိုလ်ကျအုပ်စိုးလာတဲ့ မဆလ တလိမ့်ကောက်ကွေး ဇာတ်သိမ်းသွားအောင် ညီညွတ် ခဲ့ကြတဲ့ ပြည်သူလူထု အစွမ်းကတော့ အံ့မခန်းဘဲ မဟုတ်ပါလားရှင်။

စန္ဒာဝင်း (ယခင် မကွေးတိုင်း အင်အယ်လ်ဒီ အမျိုးသမီးတာဝန်ခံ)

RFA အပတ်စဉ် ကဏ္ဍ မှ

မြစ်ဆုံတွင် ရွှေတူးဖော်ခြင်း ပိတ်

ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ဧရိယာထဲ မြန်မာအစိုးရ သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ရွှေတူးဖေါ်နေသူ အားလုံးကို အစိုးရမှ ပိတ်ပင်လိုက်သည်။
myitsone-8

မြန်မာအစိုးရက စီမံကိန်းဧရိယာထဲ တရားမ၀င် ရွှေတူးဖေါ်နေသူ အားလုံးကို ရပ်ခိုင်းပြီး အောက်တိုဘာ (၄) ရက်နေ့ နောက်ဆုံး အပြီးအပိုင် လုပ်ငန်းရုပ်သိမ်းရန် ၀န်ခံချက် လက်မှတ်ရေးထိုးစေသည်ဟု မြစ်ဆုံတွင်ရွှေတူးဖေါ်နေသူ ကချင်အမျိုးသားတစ်ဦးက ပြောသည်။

ခါကာဘို ကုမ္ပဏီမှလွဲပြီး အခြား တရားမ၀င် ရွှေတူးဖေါ်နေသူအားလုံးကို မောင်းထုတ်ပြီး အချို့ကို အောက်တိုဘာ (၂) ရက်နေ့တွင် လုပ်ငန်းရုပ်သိမ်းရန် ၀န်ခံချက် လက်မှတ်ထိုးခိုင်းသည်ဟုသူဆက်ပြော သည်။

မြစ်ဆုံတွင် တရားမ၀င် ရွှေတူးဖော်နေသူ ကချင်အမျိုးသမီးတစ်ဦး ကလည်း “အခြားကုမ္ပဏီများက နေပြည်တော် ခွင့်ပြုချက် မရပဲ နားလည်မူနဲ့ ဒေသခံများရဲ့ မြေကွက်ဝယ်ယူပြီး ရွှေတူးသူများမှ ငွေကောက်နေတာပေါ့။ တချို့က ရွာကမြေကွက်တွင် ကို အသင်းတော်တွေမှာ အလှုထည့်ပြီးမှ မြေကွက်ယူပြီး တူးကြတယ်။” ဟု ပြောသည်။

ပိတ်ပင်ခံရသော ကုမ္ပဏီများတွင် ဦး လဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့၏ လွယ်ငူးဘွမ်ကုမ္ပဏီ(Loi Ngu Buma Company) ပိုင် လုပ်ကွက်လည်း ပါကြောင်းသိရသည်။

ဦး လဆန်အောင်ဝါသည် မိခင်အဖွဲ့အစည်း KIO/KIA မှ ၂၀၀၄ တွင်ခွဲထွက်ပြီး မြန်မာအစိုးရသစ္စာခံ ကချင်ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် (၀ိုင်းမော်မြို့နယ် လ၀ါယန်နှင့် ဂွေထူ ဌာနေပြည်သူ့စစ်အဖွဲ့) ၂၀၀၉ အောက်တိုဘာလတွင် ပြောင်းလဲခဲ့သည်။

ခါကာဘို ကုမ္ပဏီသည် မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) ယခင် ကချင်ဒီမိုကရေစီ သစ်တပ်မတော်(NDA-K) အဖွဲ့ ဥက္ကဌနှင့် ယခု ကချင်ပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦး ဇခုန်တိန့်ယိန်း ပိုင် ကုမ္ပဏီဖြစ်ပြီး နေပြည်တော် သတ္တုတွင်းဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိထားသည်။

ယင်း ကုမ္ပဏီ၏ လုပ်ကွက်အကျယ်အ၀န်းသည် ဧက ၂၀ ရှိပြီး ပတ်ပတ်လည်တွင် ခြံစည်းရိုးကာထား ကြောင်း ဒေသခံများပြောသည်။  ကုမ္ပဏီအား နေပြည်တော် သတ္တုတွင်းဝန်ကြီးဌာနမှ ပေးထားသည့် ရွှေတူးခွင့် လုပ်သက်သည် ၂၀၁၄ ထိ ဖြစ်သည်။

ယခုလို တရားမ၀င် ရွှေတူးဖော်ခြင်း ရပ်တန့်ခိုင်းသော်လည်း “လူအများက မပြန်နိုင်သေးပါဘူး။ ပစ္စည်းတွေ သိမ်းတော့ သိမ်းနေကြတယ်။ ကျမတို့က စက်ပစ္စည်းတွေအကုန်သိမ်းပြီး အောက်တိုဘာ (၄) ရက်နေ့ အပြီးပြန်လာခဲ့တာပါ။” ဟု မြစ်ဆုံတွင် ရွှေတူးဖေါ်နေသော ကချင်အမျိုးသမီးတစ်ဦးက ပြောသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအား ပြည်သူများသဘော မတူ ရပ်တန့်ရန် တောင်းဆိုမှုကြောင့် ၎င်းအစိုးရ သက်တမ်း (၅)နှစ်အတွင်း စီမံကိန်းအား ရပ်ဆိုင်းမည်ဟု စက်တင်ဘာ (၃၀)ရက်က လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ ခဲ့သည်။

ယခုချိန်ထိ မြစ်ဆုံ ရေကာတာဆောက်လုပ်ခြင်း လုံးဝ ရပ်ဆိုင်းသွားခြင်း မရှိသကဲ့သို့ စီမံကိန်းဧရိယာထဲတွင် လည်း ရွှေတူးဖော်မှုများ ဆက်လုပ်နေဆဲဖြစ်သည်ဟု ဒေသခံများပြောသည်။

GENERATION WAVE လေးနှစ်မြောက်မွေးနေ့

7Day News Journal ( October 6 )

နေပြည်တော်ကောင်စီ၏ လူဖမ်းထောင်ချပွဲကြီး

နေပြည်တော်ကောင်စီ၏ လူဖမ်းထောင်ချပွဲကြီး

၂၀၁၁ စက်တင်ဘာလ (၂၃) ရက် နေပြည်တော်ဇဗ္မူသီရိမြို့နယ်၊ ခရေအရာရှိကြီးများ ၀န်ထမ်းအိမ်ရာ၌ ညသန်းခေါင် (၁၂) နာရီအချိန်တွင် ဧည့်စာရင်းစစ်ဆေးရန်ဟု အကြောင်းပြကာ နေပြည်တော်အမှတ်(၅) ရဲစခန်းမှရဲများနှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များမှ ၀ုန်းဒိုင်းကြဲကာ အထိတ်တလန့် ၀င်ရောက် စီးနင်းရှာဖွေခဲ့ပါသည်။ ယင်းသို့ဝင်ရောက် စီးနင်းရာတွင် နေပြည်တော် Junction Centre ရှိ အရာရှိကြီးတဦး ပိုင်ဆိုင်သည့် ဖိနပ်အရောင်းဆိုင်မှ အရောင်းဝန်ထမ်း မိန်းကလေး(၆)ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး၊ လက်ထိပ်မရှိသောကြောင့် ထိုမိန်းကလေးများအား သံကြိုးဖြင့် ချည်နှောင်ပြီး နေပြည်တော် အမှတ်(၅)ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

နောက်တနေ့ နံနက်တွင် နေပြည်တော်အမှတ်(၅) ရဲစခန်းမှပျဉ်းမနားမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့ပြီး၊ နေပြည်တော်ကောင်စီ၏ အမိန့်ဖြင့် ထိုအရောင်းဝန်ထမ်း မိန်းကလေးငယ်များကို ရက်ရက်စက်စက် ထောင်ဒဏ်(၁၅)ရက် အပြစ်ပေး လိုက်ပါသည်။ အဆိုပါ အရောင်းဝန်ထမ်း အမျိုးသမီးလေးများမှာ ဘွဲ့ရပညာတတ်၊ မိကောင်းဖခင်၊ အမျိုးကောင်း သမီးလေးများဖြစ်ပြီး၊ တနယ်တကျေးမှ လာရောက်၍ မိဘများကို သမ္မာအာဇီဝဖြင့် ရိုးသားစွာ ရှာဖွေကျွေးမွေး နေသူလေးများဖြစ်သည်။ 
ကြပ်ပြေး နေပြည်တော် မြို့တော်ဝန် ဦးသိန်းညွန့်
ထိုကဲ့သို့ ရက်ရက်စက်စက် သားသမီးချင်း ကိုယ်ချင်းစာနာစိတ်မရှိဘဲ ထောင်ချရန် အမိန့်ပေးခဲ့သူမှာ ယခင်(နယ်စပ်စည်ပင်ဝန်ကြီး) ယခုနေပြည်တော် ကောင်စီဥက္ကဌ၊ သမ္မတရုံးဝန်ကြီး၊ နေပြည်တော် မြို့တော်ဝန် ဦးသိန်းညွန့်ပင် ဖြစ်ပါသည်။ ယခုကဲ့သို့ တရားဥပဒေကို ကျော်လွန်ပြီး အပြစ်မဲ့လုပ်သား ပြည်သူများကို ထောင်ချဖမ်းဆီးနေခြင်းသည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လွန်စွာမှ ဆိုးဝါးလှသော အဖျက်အမှောင့် လုပ်ရပ်ကြီး တခုဖြစ်ပြီး၊ လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက် နေခြင်းပင် ဖြစ်သည်။ 
ဘွဲ့ရပညာတတ် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများအား ထောင်သွင်းအကျဉ်းချပြီး၊ နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ အနှိပ်ခန်းမှ မိန်းမပျက်များ၊ ဘားလမ်းကားမှတ်တိုင်၊ ပန်းဆိုးတန်း ကားမှတ်တိုင်၊ စံပြဈေးကား မှတ်တိုင်များတွင် ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေကြသော အကျင့်ပျက် ပြည့်တန်ဆာမလေးများနှင့် ဥပဒေဘက်တော်သားဟု ပြောပြောနေကြသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ SB၊ စအဖအစရှိသည့် ထောက်လှမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ပျော်ပါး၊ မြူးတူး၊ ကူးလူး ဆက်ဆံနေကြသည်များကို မြင်တွေ့မိသောအခါဝယ် ရင်ထဲတွင် နေအစင်းတစ်ရာမက ပူလောင်ပြင်းထန် စိတ်နှလုံးနာပြီး ယူကျုံးမရ ဖြစ်ရပါတော့သည်။
(နေပြည်တော်ရှိ သတင်းထောက်တဦး၏ ရင်ဖွင့်စကားသံကို အောက်တွက် ဆက်လက် ဖတ်ရှုနိုင်ပါသည်။)
ပေးပို့လာတဲ့ ဘားမားပါပါရာဇီ အားကျေးဇူးတင်ပါသည်...။

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ဆွေးနွေး


ချင်းမိုင် (မဇ္ဈိမ) ။       ။ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝါထရာသည် သမ္မတ ဦးသိန်းစိန် အပါအဝင်
ထိပ်တန်း ဝန်ကြီးများနှင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ကိစ္စများကို အဓိကထား တွေ့ဆုံ
ဆွေးနွေးပြီးနောက် ဗုဒ္ဓဟူးနေ့ ခရီးစဉ်ကို အဆုံးသတ် လိုက်သည်။

ဇူလိုင်လရွေးကောက်ပွဲမှ ရွေးချယ်ခံရကာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင်အပြီး
နှစ်လခန့် အကြာတွင် ယခုခရီးစဉ်ဖြစ်ပေါ်လာသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ စတင်နေသည့် မြန်မာခရီးစဉ် အတွင်း အစိုးရဘက် တဘက်တည်းနှင့်သာ တွေခဲ့ပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံခဲ့ခြင်း မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုမရှိခဲ့ခြင်းသည် မြန်မာနိုင်ငံ ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်း ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍကို မှေးမှိန်ပျောက်ကွယ်စေသည်ဟု ထိုင်းနိုင်ငံ ကြာသာပတေးထုတ် နေရှင်းသတင်းစာတွင်
ဆောင်းပါးရှင် Supalak Ganjanakhundee သုံးသပ်ထားသည်။

yingluck1
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ် ရှင်နာဝါထရာနှင့် သမ္မတ ဦးသိန်းစိန် အားတွေ့မြင်ရစဉ် (Photo::provided by Thai Government House)
“ဝန်ကြီးချုပ် (မစ္စယင်လတ်) က ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခဲ့တဲ့အတွက် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကနေတဆင့် ဒေသဆိုင်ရာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအထိ ထိုင်းနိုင်ငံက ဦးဆောင်နိုင်ဖို့ဆိုတဲ့ တန်ဘိုးကြီးတဲ့ အခွင့်အလမ်းတခုကို လက်လွတ်လိုက်ရတာပါပဲ” ဟု သုံးသပ်ထားသည်။

မိတ်ဆက်ခရီးစဉ်ဟု ထိုင်းဘက်က ရည်ညွှန်းပြီး မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်သို့ ရောက်ရှိခဲ့သည့်
မစ္စယင်လပ်ကို သမ္မတဦးသိန်းစိန်က နေပြည်တော် သူ၏ ရုံးတွင် အခန်းအနားဖြင့် ဂုဏ်ပြု ကြိုဆိုခဲ့ကြောင်း ကြာသပတေးထုတ် နိုင်ငံပိုင်သတင်းစာများက ဖော်ပြကြသည်။

ဦးသိန်းစိန် ဦးဆောင်သည့် ဆောက်လုပ်ရေး၊ ကာကွယ်ရေး၊ စီမံ/စီးပွား၊ ပို့ဆောင်ရေး၊ စွမ်းအင်၊ စီးပွား/ ကူးသန်း
ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် မစ္စယင်းလပ်ဦးဆောင်သည့် ထိုင်း ကိုယ်စားလှယ်အဖွဲ့တို့ ညနေ ၄ နာရီ မိနစ် ၅ဝတွင် တွေ့ဆုံကြစဉ် နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှု၊ ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများ ကိစ္စ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများ ဆွေးနွေးကြသည်။

မစ္စယင်လပ်သည် ထိုင်းအစိုးရကိုယ်စား မိုးလေဝါသနှင့် ဇလဗေဒဆိုင်ရာ ကိရိယာများကို လွှဲပြောင်းသည့် အထိမ်း အမှတ် ဆိုင်းဘုတ်ပေးအပ်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများအကြား ကရင်ပြည်နယ် သင်္ကန်းညီနောင်မှ
ကော့ကရိတ်အထိ လမ်းဖောက်လုပ်ရန် သဘောတူခဲ့ကြသည်။

နေးရှင်းသတင်းစာ ဆောင်းပါးရှင် Supalak Ganjanakhundee ကမူ ဒေသတွင်းအင်အားကြီး အိန္ဒိယ၊ တရုတ်နိုင်ငံ
နှစ်နိုင်ငံအကြား နယ်စပ်ချင်း ဆက်စပ်နေပြီး ကမ္ဘာ့မဟာဗျူဟာ ပထဝီအနေအထားတွင် တည်ရှိနေသည့် မြန်မာ
နိုင်ငံကို စီးပွားရေး အကျိုးအမြတ်တခုထဲဖြင့် စဉ်းစားမဆက်ဆံသင့်ကြောင်း ဆောင်းပါးရှင်က ဝေဖန်ထားသည်။

မြန်မာနိုင်ငံ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာအသိုင်းအဝန်းမှ သတိထား စောင့်ကြည့်
နေကြပြီး ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ တို့ကလည်း သူတို့၏ ထိပ်တန်း ကိုယ်စားလှယ်များကို
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီး အနာဂတ်ပုံစံသစ်ကို သိရှိနိုင်ရန် ကြိုးပမ်းနေကြသည်ကိုလည်း သတိချပ်မိစေရန် ထောက်ပြထားသေးသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံခဲ့သည့် မစ္စယင်လပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘောလုံးပွဲ အတူ
ကြည့်ခဲ့သော ဗိုလ်ချုပ်များနှင့် နီးစပ်သူ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်နှင့်မူ တွေ့ဆုံခဲ့သည်။

စီမံ/ စီးပွားရေး ဝန်ကြီးဌာန၏ ၂ဝ၁၁ ဇွန်လ စာရင်းအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂.၄၉ ဘီလီယံဖြင့် ဒုတိယ အများဆုံး နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံက ၁၃ ဘီလီယံဖြင့် အများဆုံးဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့ ရတနာနှင့် ရဲတံခွန်လုပ်ကွက်မှ သဘာဝဓာတ်ငွေ့များကို ၁၉၉၈
ခုမှစ၍ ဝယ်ယူနေသည်။ အရှေ့အလယ်ပိုင်းနှင့် ဥရောပမှ ကုန်စည်များတင်သွင်း ရန် ရည်ရွယ်ပြီး ခန့်မှန်း အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ ကုန်ကျခံ တည်ဆောက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို BOT စာချုပ်အရ ထိုင်းက နှစ်ပေါင်း ၆ဝ စီမံ ခွင့်ရမည်ဖြစ်သည်။

အပြန်အလှန်အားဖြင့် ထိုင်းနိုင်ငံက ၂ဝ၁၄ တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာ ရယူရေး
ထောက်ခံထားသော်လည်း လက်ရှိ အလှည့်ကျ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါ Marty Natalegawa ကမူ မကြာမီ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားတွေ့ပြီး သဘောထားမေးမြန်းမည်ဟု သိရသည်။

၂ဝ၁၁ ခု ဇူလိုင် ၃ ရက် အောက်လွှတ် တော် ရွေးကောက်ပွဲတွင် ဖူးရာ့ထိုင်းပါတီခေါင်းဆောင် မစ္စ ယင်လပ် ရှင်နာဝါထရာသည် ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မစ္စတာ အဖိဆစ် ဝေ့ခ်ျချာချီဝကို မဲ ၁ဝဝ ကျော်ဖြင့် အနိုင်ရခဲ့သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်ဇာတိ အသက် ၄၄ နှစ်အရွယ် မစ္စယင်လပ်သည် အမေရိကန် ကင်တပ် ကီပြည်နယ် တက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့၊ ချင်းမိုင် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘွဲ့များ ရရှိထား
သော်လည်း သူ၏ အကို ဝန်ကြီးချုပ်ဟောင်း မစ္စတာတပ်ဆင် ၏ အရှိန်ဖြင့် ဝန်ကြီးချုပ်ဖြစ်လာသည်ဟု စွပ်စွဲခံရပြီး
နိုင်ငံရေးအတွေ့အကြုံနည်းသည်ဟု ဝေဖန်မှုများ ရှိနေသည်။

မြန်မာ့အရေးဆောင်ရွက်သည့် အာဆီယံ ပါလီမန် အမတ်များအဖွဲ့ AIPMC အင်ဒိုနီးရှားရုံးမှ ဦးဆောင်ညွှန်ကြာရေးမှူး အာဂွန်း ပူထရီက မြန်မာပြုပြင်ပြောင်းလဲရေးကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ထိုင်းနိုင်ငံက မစ္စယင်းလပ် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသင့် ကြောင်းပြောသည်။

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို ကျဆင်းစေမှာဖြစ်ပြီး ထိုင်းအစိုးရနဲ့ မြန်မာ လူထုအကြားပိုပြီး ကင်းကွာစေမှာဖြစ်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

မြန်မာ- ထိုင်းနှစ်ဘက် နိုင်ငံခြားရေးဝန်ကြီးများ သဘောတူခဲ့သည့် ကရင်ပြည်နယ် သင်္ကန်းညီနောင်- ကော့ကရိတ် လမ်းသည် ၂ဝဝ၂ ခုတွင် အိန္ဒိယ၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံ သဘောတူထားသည့် အိန္ဒိယ အရှေ့မြောက် မိုးရေးမှ
မြန်မာနိုင်ငံ ပုဂံမြို့ကိုဖြတ်၍ ထိုင်းနိုင်ငံ မဲဆောက်သို့ သွယ်တန်းမည့် အမြန်လမ်းမကြီး၏ အစိတ်အပိုင်းတခု
ဖြစ်သည်။

စာပေနိုဘဲလ်ဆု ဆွီဒင်ကဗျာဆရာ ရရှိ


၂၀၁၁ ခုနှစ်အတွက် စာပေဆိုင်ရာနိုဘဲလ်ဆုကို ဆွီဒင် တော်ဝင် သိပ္ပံ အကယ်ဒမီက အသက် ၈၀ အရွယ် ဆွီဒင်နိုင်ငံသား ကဗျာဆရာကြီး Tomas Transtromer ကို ချီးမြှင့်လိုက်ပါတယ်။
ကဗျာဆရာကြီး Transtromer ဟာ “သိပ်သည်း ကျစ်လျစ်ပြီး ထွင်းဖောက် အလင်းပြနိုင်တဲ့ ပုံရိပ်ပြ ဖွဲ့ဆိုမှုတွေနဲ့ မိမိတို့အတွက် အမှန်တရားအပေါ် သိမြင်နားလည်မှုအသစ် ရလာစေတာကြောင့်” အခုလို ချီးမြှင့်ခဲ့တာဖြစ်တယ် လို့ ဆုရွေးချယ်ရေးအဖွဲ့က ဒီကနေ့ ကြာသပတေးနေ့မှာပြောပါတယ်။
Trantromer ဟာ စာပေဆိုင်ရာနိုဘဲလ်ဆုအတွက် ဆုငွေ အမေရိကန် ဒေါ်လာ ၁ သန်းခွဲရမှာပါ။ တနင်္လာနေ့မှာ ဆေးဘက် ပညာရပ်ဆိုင်ရာ၊ အင်္ဂါနေ့မှာ ရူပဗေဒပညာရပ်ဆိုင်ရာ၊ ဗုဒ္ဓဟူးနေ့မှာ ဓာတုဗေဒပညာရပ် ဆိုင်ရာ နိုဘဲလ်ဆုတွေ ကြေညာခဲ့ပြီးတဲ့ နောက် ဒီကနေ့ကြေညာတဲ့ နိုဘဲလ်ဆုဟာ ဒီနှစ်အတွက် လေးခုမြောက် နိုဘဲလ်ဆုဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘဲလ်ဆုရှင်ကိုတော့ မနက်ဖြန် သောကြာနေ့ကျရင် ကြေညာပါလိမ့်မယ်။
ဆုအတွက် အမည်စာရင်း တင်သွင်းခံထားရသူတွေထဲမှာတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ်ကလည်း နိုဘဲလ်ငြိမ်းချမ်းရေးဆု ၁ ကြိမ် ချီးမြှင့်ခံခဲ့ရပါတယ်။

အာဆီယံဥက္ကဋ္ဌ တာဝန်ပေးဖို့ ထိုင်းစောင့်ကြည့်မည်


ထိုင်းနိုင်ငံက ၂၀၁၄ခုနှစ်မှာ မြန်မာနိုင်ငံအာစီယံအလှည့်ကျ ဥက္ကဌတာဝန်ယူရေး အဆိုပြု ချက် ကို တရားဝင်ထောက်ခံနိုင်ဖို့အတွက် လက်ရှိအာစီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံရဲ့ အကဲဖြတ်မှုကို စောင့်ဆိုင်းဖို့ လိုသေးတဲ့အကြောင်း ထိုင်းအစိုးရပြောခွင့်ရသူက ဒီနေ့ VOA ကိုပြောဆိုလိုက်ပါတယ်။  ထိုင်းဝန်ကြီးချုပ်ယင်လတ်ရှင်နာဝပ်ရဲ့ ခရီးစဉ် အတွင်း ဒေါ်အောင် ဆန်းစုကြည်နဲ့ မတွေနိုင်ခဲ့တာဟာလည်း လျစ်လျူရှုတဲ့ သဘော မဟုတ်ဘဲ နေ့ ချင်းပြန် နေ့ဝက်ခရီးဖြစ်တဲ့အတွက် မတွေ့နိုင်ခဲ့ တာဖြစ်ပြီး မြန်မာ့ဒီမိုကရေ စီရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်ထွန်းရေး ဆက်လက်အားပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံတင်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဒီကနေ့ထုတ်ပြန်တဲ့ မြန်မာသတင်းစာတွေမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန်အဆိုပြုချက်ကို ထိုင်းနိုင်ငံရဲ့ထောက်ခံမှု ကျေးဇူးတင်ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ဒါ့ကြောင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ရဲ့ခရီးစဉ်နဲ့အတူ လိုက်ပါသွားခဲ့တဲ့ ထိုင်းအစိုးရပြောခွင့်ရသူ Khun Titima Chaisang ကို မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရေး အဆိုပြုချက်ကို  ထိုင်းနိုင်ငံက ထောက်ခံတဲ့အကြောင်း ပြောဆိုဖြစ်ခဲ့ပါသလားလို့ ဗွီအိုအေက မေးကြည့်တဲ့အခါမှာ
“ထောက်ခံတယ်လို့ ပြောဖို့ အချိန်မကျသေးပါဘူးတဲ့။ ကျမတို့အနေနဲ့ ဒီအချိန်မှာ လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ အကဲဖြတ်တဲ့အဖြေကို စောင့်ဆိုင်းဖို့ လိုနေပါသေးတယ်တဲ့။ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းမှုတွေကို စောင့်ကြည့်နေဆဲဖြစ်ပါတယ်တဲ့။ ဒါ့ကြောင့် ဒီအချိန်မှာ ထောက်ခံတယ်လို့ တခါတည်း အပြတ်ပြောလို့ မရသေးပါဘူးလို့ ပြောသွားတာပါ။ ထိုင်းနိုင်ငံအနေနဲ့ တခြား အာဆီယံနိုင်ငံတွေ နည်းတူ တစုတစည်းတည်း ညီညွတ်တဲ့အသံနဲ့ ဆုံးဖြတ်တဲ့နေရာမှာ ပါဝင်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ထိုင်းနဲ့ မြန်မာဟာ အိမ်နီးချင်းနိုင်ငံဖြစ်တာကြောင့် နယ်စပ်ဒေသကုန်သွယ်ရေး အခြေခံအဆောက်အဦ စီမံကိန်းတွေ၊ နောက် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး စတာတွေကို နှစ်နိုင်ငံနားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ရတာတွေလည်း ရှိပါတယ်တဲ့။
ဒါကြောင့် မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအတွက် အရေးပါတဲ့ အိမ်နီးချင်းဖြစ်တယ်လို့ Khun Titima Chaisang က ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မူအားဖြင့်တော့ အာဆီယံဥက္ကဋ္ဌတာဝန်ယူဖို့ အဆိုပြုချက်အပါအ၀င် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ပိုပြီးတော့ တက်တက်ကြွကြွ ဆက်ဆံလာတာကို တွေ့မြင်လိုပါတယ်တဲ့။ ဒါပေမဲ့ ဒီအချိန်မှာတော့ လက်ရှိ အာဆီယံဥက္ကဋ္ဌ  အင်ဒိုနီးရှားနိုင်ငံရဲ့ အကဲဖြတ်မှုကို အရင်စောင့်ကြည့်ရအုံးမှာဖြစ်တယ်လို့ - ပြောပြသွားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ ဒီကနေ့ထုတ် The Nation သတင်းစာမှာ ဆောင်းပါးရှင် ဆူပါလပ်ဂဲန် ဂျဲန်နာခွန်ဒီးက ၀န်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လျစ်လျှူရှု ဥပေက္ခာပြုခဲ့တဲ့အတွက် ဝေဖန်ထားတာနဲ့ပတ်သက်လို့တော့ ထိုင်းအစိုးရ ပြောခွင့်ရသူ Khun Titima Chaisang က အခုလို ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခဲ့တာကို ကျမတို့က လျစ်လျှူရှုတဲ့သဘော မဟုတ်ပါဘူးတဲ့။ နေ့ချင်းပြန် နေ့ဝက်ခရီးမှာ နေ့လည်တနာရီကနေ ည သန်းကောင်အထိ နေပြည်တော်မှာပဲ အချိန်ကုန်ခဲ့တာမို့ ရန်ကုန်သွားဖို့ အချိန်မရလို့သာ မတွေ့နိုင်ခဲ့တာပါတဲ့။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ၊ ဖြစ်ထွန်းတိုးတက်မှုတွေ တွေ့ရလို့ ကျမတို့က ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်လို့ ပြောသွားတာပါ။

ငြိမ်းချမ်းစွာဆန္ဒပြမှု အပေါ် ဒေါ်အောင်ဆန်းစုကြည် အမြင်


လမ်းမပေါ်ထွက် ဆန္ဒပြကြတာကို ငြိမ်းချမ်းစွာ ဆောင်ရွက်မယ်ဆိုရင် ဒီမိုကရေစီ ရရှိရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
NLD
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုနေစဉ်။
လွန်ခဲ့တဲ့ သီတင်းပတ် အတွင်း ရန်ကုန်မြို့မှာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်း ပြောဆိုတာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA ပရိသတ်တဦးက အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"အေးအေးချမ်းချမ်း စည်းကမ်းရှိရှိနဲ့ ဒီမိုကရေစီ ရရှိရေးကို အားပေးသောအားဖြင့် လုပ်ဆောင်ချက်တွေဟာ ဒီမိုကရေစီ ခရီးစဉ်ကို အနှောက်အယှက်ပေးမယ်လို့ မထင်ပါဘူး။"
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့က ရန်ကုန်မြို့မှာ လူတွေရာနဲ့ချီပြီး ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရကြား ဆွေးနွေးမှုတွေကို ထိခိုက်နိုင်ခြင်း ရှိပါသလားလို့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အပတ်စဉ် အမေးအဖြေ ကဏ္ဍမှာ သောတရှင်တဦးက မေးမြန်းခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်လည် ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

မဲဆောက်-မြ၀တီ တံတား ပြန်ဖွင့်ဖို့ သဘောတူညီချက် ရရှိ


၂ နှစ်လောက် ပိတ်ထားတဲ့ ထိုင်း မြန်မာနယ်စပ် မဲဆောက်-မြ၀တီ ကုန်သွယ်တံတားကို မကြာခင် ပြန်ဖွင့်တော့မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
Photo: RFA
ထိုင်း မြန်မာ နှစ်နိုင်ငံကြားက မဲဆောက်-မြ၀တီ ကုန်သွယ်တံတားသည် ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါလှသော တံတားတခု ဖြစ်သည်။ ဓါတ်ပုံ - RFA
ထိုင်းနဲ့ မြန်မာ အဓိက ဆက်သွယ်ရာ လမ်းကြောင်းဖြစ်တဲ့ မြန်မာနိုင်ငံ မြ၀တီနဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်တဲ့ တံတားကို မြန်မာနိုင်ငံဘက်က ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက စတင်ပိတ်ထားလိုက်ရာမှာ ၂နှစ် နီးပါး ရှိပြီ ဖြစ်ပေမဲ့ အခုချိန် အထိ မြန်မာဘက်က အကြောင်းပြချက် တိတိကျကျ မပေးဘဲ ပိတ်ထားဆဲ ဖြစ်ပါတယ်။
မနေ့တုန်းက နေပြည်တော်ကို တရက်တာ အလည်အပတ် ရောက်ရှိခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံအပြီး လက်မှတ်ရေးထိုးတဲ့ နှစ်နိုင်ငံ သဘောတူစာချုပ်မှာ မဲဆောက်-မြ၀တီ ကုန်သွယ်တံတားကို မကြာခင် ပြန်ဖွင့်ဖို့ ဖေါ်ပြထားတယ်လို့ ထိုင်းအစိုးရ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်အမျိုးသမီး မစ္စ တီတီမာ ချိုင်စမ်းက RFA ကို ပြောပါတယ်။
မဲဆောက်-မြ၀တီတံတားနဲ့ ပတ်သက်လို့ မဲဆောက်ဘက်ခြမ်းမှာ ပြုပြင် မွမ်းမံစရာတွေ လုပ်ဆောင်ပြီးတာနဲ့ ဒီနယ်စပ် ကုန်သွယ် တံတားကို ဖွင့်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ကြောင်း၊ ထိုင်းနိုင်ငံဘက်ကလည်း လုပ်ဆောင်စရာတွေကို အမြန်ဆုံး လုပ်သွားမှာဖြစ်ကြောင်း မစ္စ ချိုင်စမ်းက ပြောပါတယ်။
ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ သဘောတူ စာချုပ်ထဲမှာ ထိုင်းနိုင်ငံ သနာအိုစီမြို့ကနေ ကော့ကရိတ်မြို့ အထိ လမ်းအသစ် ဖေါက်လုပ်ရေးနဲ့ သနာအိုစီကနေ မြ၀တီအထိ ရှိပြီးသားလမ်းကို ပိုကောင်းအောင် ပြုပြင်ရေး လုပ်ငန်းတွေ ပါဝင် သလို၊ ထားဝယ် ရေနက်ဆိပ်ကမ်း ဆက်လက် အကောင်အထည် ဖေါ်ရေးတွေလည်း ပါဝင်ကြောင်း သိရပါတယ်။
ထိုင်းမြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးရေးကို ထိုင်းနိုင်ငံအနေနဲ့ လိုလားပြီး အပြန်အလှန် ကုန်သွယ်မှု တိုးတက်ရေးကိုလည်း လိုလားကြောင်း နယ်စပ် ဖြတ်ကျော် ရောင်းဝယ်နေတဲ့ မူးယစ်ဆေး နှိမ်နင်းရေး ကိစ္စကိုပါ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ယင်းလပ် အနေနဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလိုပေမယ့် အချိန် အခက်အခဲကြောင့် တွေ့ဆုံနိုင်ခြင်း မရှိကြောင်း မြန်မာပြည် ခရီးစဉ်မှာ ကိုယ်တိုင် လိုက်ပါသွားတဲ့ ထိုင်းအစိုးရ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် အမျိုးသမီး မစ္စ တီတီမာ ချိုင်စမ်းက RFA ကို ပြောပါတယ်။

ငြိမ်းချမ်းရေး နိုဘယ်ဆုစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် လျာထား


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက နောက်ထပ် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ လျာထားလိုက်ပါတယ်။
Nobelprize.org
၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် ဆုချီးမြင့်ကြောင်း နိုဘယ်ဆု အဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပုံ။
မနက်ဖြန် ကြေညာမယ့် ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် လျာထားခံရတဲ့သူ ကိုးဦး စာရင်းကို ဒီကနေ့ ထုတ်ပြန်ရာမှာ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထည့်သွင်းဖော်ပြထားတာပါ။
ဒီနှစ်အတွက် လျာထားခံရသူတွေထဲ အာရပ်ကမ္ဘာ လူထုအုံကြွမှုမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်တဲ့ လူမှုရေး မီဒီယာကနေ ရေးသားတဲ့သူတွေ၊ အမေရိကန် သံရုံးတွေရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချလိုက်တဲ့ WikiLeaks အယ်ဒီတာချုပ် Julian Paul Assange ၊ ရုရှားနိုင်ငံက Memorial ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့၊ ဘာလင်တံတိုင်း ဖြိုချိန်က ဂျာမနီဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ Helmut Kohl စသူတွေ ပါဝင်ပါတယ်။
နော်ဝေး နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီဟာ မနှစ်တုန်းကတော့ တရုတ် အတိုက်အခံ Lui Xiaobo ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့ပြီး ၂၀၀၉ ခုနှစ်တုန်းကတော့ အမေရိကန် သမ္မတ Barack Obama ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီတုန်းက အာဖဂန်နဲ့ အီရတ်မှာ စစ်တိုက်နေတဲ့ နိုင်ငံက သမ္မတကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်တယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။
အခုတော့ အာရပ်ကမ္ဘာက လူထုအုံကြွမှုမှာ စွမ်းစွမ်းတမံ ပါဝင်သူတွေကို အမည်စာရင်း တင်နိုင်တဲ့ အတွက်၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ လျာထားရမယ့်လူ မရှားပါးဘဲ ကာလ အတော်ကြာကပဲ လျာထားခံရပေမဲ့ ဆုမရသေးတဲ့ ဂျာမနီဝန်ကြီးချုပ်ဟောင်း Helmut Kohl လည်း ပါရှိပါတယ်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် ထပ်ပြီး အမည်စာရင်း တင်တာ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ကာလနဲ့ တိုင်ဆိုင်နေတယ်လို့ တချို့က သုံးသပ်ပါတယ်။

လိုင်သာယာမြို့နယ် အထည်ချုပ်စက်ရုံတွင် ဆန္ဒပြမှုဖြစ်

လှိုင်သာယာ စက်မှုစုံ (၃) မြဖက်ရှင် အထည်ချုပ်စက်ရုံဆန္ဒပြစဉ်က (ဓါတ်ပုံ)
လိုင်သာယာမြို့နယ် အထည်ချုပ်စက်ရုံတွင် ဆန္ဒပြမှုဖြစ်
အောက်တိုဘာ ၊ ၅
လိုင်သာယာမြို့နယ် အောင်ဇေယျတံတားထိပ် ကချင်ဆရာတော်ကြီးကျောင်း အနီးရှိ အမှတ် ၁၊၁၀ MAX APRIL အထည်ချူပ်စက်ရုံတွင် ယခုလက်ရှိ ၀န်ထမ်းအလုပ်သမားများ ဆန္ဒပြနေကြောင်း ယင်းနေရာတွင်ရောက်ရှိနေသော 88 နိုင်ငံရေးပါတီဝင်တစ်ဦးက ပြောကြားသည်။ယင်းစက်ရုံတွင် လုပ်သားပေါင်း ၇၀၀ကျော်ရှိပြီး၊ပြီးခဲ့သည့်လတွင် ရက်ပေါင်း ၂၀ အတွက် အချိန်ပိုလုပ်ခ ၄၂၀၀၀ကျပ်ပေးခဲ့သော်လည်း ယနေ့လစာထုတ်ရက်တွင် အချိန်ပိုတစ်လခ အတွက် ၄၀၀၀၀ကျပ်သာ ပေးသည့်အတွက် အလုပ်သမားများ စက်ရုံဝင်း အတွင်း ဆန္ဒပြတောင်းဆိုနေခြင်း ဖြစ်သည်ဟု အဆိုပါနေရာသို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်တစ်ဦးက တယ်လီဖုန်းဖြင့် အကြောင်းကြားသည်။

THE MYTH APPREL MYANMAR စက်ရုံဆန္ဒပြတောင်းဆိုမှုသည်
ညနေ ၄ နာရီ ၁၅မိနစ် မှ စတင်ကာ ည၁၁ နာရီကျော် အချိန်ထိကြာမြင့်ခဲ့သည်၊လိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်စိုး၊ ဒု-ဦးစီးမှူးဝင်းလှိုင်တင့်၊လိုင်သာယာမြို့နယ် အလုပ်သမားရေးရာ ညွှန်ချုပ်၊စစစ မှ ဗိုလ်ကြီးအောင်စိုးလင်း၊SB ရဲအုပ်မြင့်ဦးနှင့် တာဝန်ရှိသူများ ညှိနိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည့်အတွက် ယခင်ရရှိသောလုပ်ခ လစာ A အဆင့် ၅၁၇၀၀ ကျပ်၊ B အဆင့်၄၅၀၀၀ ကျပ်၊C အဆင့်၄၀၀၀၀ကျပ်၊အလုပ်သင် အဆင့် ၃၅၀၀၀ ကျပ်တို့ကို ၇.၁၀.၂၀၁၁ ရက်နေ့ ညနေ ၄ နာရီတွင်တစ်ဦးလျှင် ၂၀၀၀၀ကျပ်တိုးမြှင့်ပေးမည်ဖြစ်ကြောင်း The Voice Weekly အဖွဲ့သားမှ ယင်းနေရာမှ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။နိုင်ငံရေးပါတီများမှ အလုပ်သမားဘက်မှ ၀င်ရောက်ညှိနိုင်ဆောင်ရွက်ခဲ့သော်လည်း စက်ရုံဝင်းထဲသို့ ၀င်ရောက်ခွင့်တားမြစ်ခြင်း ခံခဲ့ရသည်ကို တွေ့ရှိရသည်။ယခုဆန္ဒပြတောင်းဆိုမှုဖြစ်ပွားသည့် စက်ရုံသည် ပြီးခဲ့သည့် လပိုင်းအတွင်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လိုင်သာယာမြို့နယ်၏ တတိယမြောက်ဆန္ဒပြတောင်းဆိုသည့် အထည်ချုပ်စက်ရုံဖြစ်သည်။

The Voice Weekly Facebook မှ

ကမ္ဘာ့ဈေးအချိုဆုံး ကွန်ပြူတာ

အိန္ဒိယနိုင်ငံက ဆင်းရဲသူတွေနဲ့ ချမ်းသာသူတွေကြား ကွန်ပြူတာ နည်းပညာနဲ့ သုံးစွဲမှု အနေထား ကွာဟမှု မရှိစေဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ ဈေးအချိုဆုံး ကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ အာကာ (Aakash) လို့ ဟန္ဒီဘာသာနဲ့ခေါ်တဲ့ မိုးကောင်းကင်လို့ အဓိပ္ပာယ်ရတဲ့ လက်ကိုင် ကွန်ပြူတာ အသေးစားကို တလုံးအတွက် အစိုးရလျှော့ဈေး အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာလောက်နဲ့ ကျောင်းသားတွေကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒီကွန်ပြူတာကို DataWind ဒေတာဝင်း ကွန်ပြူတာ ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး အိန္ဒိယအစိုးရနဲ့ ကုမ္ပဏီ အရာရှိတွေက ဗုဒ္ဒဟူးနေ့မှာ ရာနဲ့ချီတဲ့ ကျောင်းသားတွေကို ပေးအပ်ခဲ့ပါတယ်။ စမ်းသပ်တဲ့ အဆင့် အဖြစ် ကွန်ပြူတာ အလုံးပေါင်း ၁ သိန်းလောက်ထုတ်လုပ်ဖို့ ကုမ္ပဏီက စီစဉ်ထားပါတယ်။ ဒီကွန်ပြူတာကို Word နဲ့ သုံးနိုင်ပြီး အင်တာနက်လည်း ချိတ်ဆက်နိုင်ပါတယ်။ ဒါ့ပြင် ဗီဒီယို ရုပ်သံက တဆင့် တယောက်နဲ့ တယောက် ဆက်သွယ်ပြောကြားလို့ ရပြီး သူ့မှာ ယူအက်စ်ဘီ ကပ် (USB memory card) နဲ့ သုံးစွဲလို့ ရပါတယ်။ ဒီကွန်ပြူတာအတွက် ၁၀ ဒေါ်လာလောက် အထိ ဈေးချ ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဒေတာဝင်း ကွန်ပြူတာ ကုမ္ပဏီက အမှုဆောင် အကြီးအကဲ ဆူနီး ဆင်း တူလီ (Suneet Singh Tuli) က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒီကွန်ပြူတာကို အိန္ဒိယ နိုင်ငံတွင်းက ကလေးငယ် အားလုံးအတွက် လက်ဆောင်ပေးဖို့ နဲ့ ဆင်းရဲသူ အများ အပြားကို ဆင်းရဲတွင်းကနေ ကယ်တင်နိုင်စေမယ့် ကရိယာ အဖြစ် သုံးဖို့ အိန္ဒိယ လူသား အရင်းမြစ် ဖွံ့ဖြိုးမှု ၀န်ကြီး ကပင်းလ် ဆီဘလ် (Kapil Sibal) ကတောင်းဆို လိုက်ပါတယ်။

Iphone 5 And iPhone 4S



ဒီနေ့ မိတ်ဆွေတစ်ယောက် အိမ်ကိုအလည်သွားရင်းနဲ့ ရထားပေါ်မှာ သတင်းစာတွေ့တာနဲ့ ဖတ်လိုက်တော့
Apple ရဲ့ ကျွန်တော့် မျှော်လင့်နေတဲ့ Iphone 5 က ထွတ်မလာသေးဘဲ မထင်မှတ်တဲ့ Iphone 4S ဆိုတဲ့
Siri လိုခေါ်တဲ့ Function လေးထွတ်လာပါတယ်။ ဒီ Function က မှာ ထူးခြားချက်က 8 mega pixel camera ပါပါတယ် ဒီအပြင် A5 processor Pad2 မှာ အသုံးပြုထားတဲ့ ဟာကို အခု အသစ်ထွတ်တဲ့  ဒီ Iphone 4s မှာ အသုံးပြု ထားပါတယ်။ ကျွန်တော့် အထင်မှာတော့ သိပ်ပြီး ထူးခြားတာကို မတွေ့ရပါဘူး ဒါပေမဲ့ A5 processor ကတော့ အရင်ထက် ပိုပြီမြန်ဆန်ပါတယ် ဒီအပြင် Graphic ပိုင်းဆိုင်ရာ မှာလဲ Gaming သမားတွေအတွက် ပိုပြီး ကြင်လင်ပြန်သားစေပါတယ် ဒါပေမဲ့ သူတို့ပြောတာကတော့ ဒီ Iphone 4S က S ဆိုတဲ့ ဟာကို ထည့်ထားခြင်းဟာ S က အရေးကြီးကို ဖော်ပြနေတယ်လို့ ထင်ပါတယ် ဒါကတော့ Siri လို့ ခေါ်တဲ့ Voice command ဘဲဖြစ်ပါတယ်။ ဒီမှာ သူတို့ ဥပမာပြ ထားတာကတော့
ဒီနေ့ Melbourne မှာ မိုးရွှာမလား? ဒီနေ့ အပြင်ထွတ်ရင် ထီးယူဖို့လိုမလား၊ 
မေးတဲ့အခါမှာ ဒီနေ့ Melbourne မှာ မိုးရွာမယ် ထီးယူဖို့ လိုမယ်ဆိုပြီး ပြန်ဖြေပါလိမ့်မယ်။
နောက်ပြီးတဲ့အခါမှာ မနက် ၆ ငါ့ကို နိုးပါလို့ပြောလိုက်တာနဲ့ Iphone 4s ကနေပြီးတော့ အလိုလို Alarm ကို
လုပ်ပေးလိုက်မှာ ဖြစ်ပါတယ်။ပြီးတဲ့ အခါမှာ စာတွေကို ဖတ်ပြပါလိမ့်မယ် ပြီးတော့ Internet မှာလဲ Search လုပ်တဲ့ အခါမှာ voice command နဲ့ ပေးလို့ရပါတယ်။

အထက်က ကျွန်တော်ပြော သလိုဘဲ A5 processor သုံးထားတာရယ်၊ Camera 8 mega pixel ပါတယ်ရင်
Graphic ကောင်းတာရယ်ကိုဘဲ ထူးခြားတာရှိပြီး Iphone 4S မှာ အဓိက ဖြစ်တဲ့ S = Siri ကို တော့
မထူးခြားဘူးထင်တယ် ဘာဖြစ်လို့လဲဆိုတော့ Voice command က အစထဲက Iphone မှာပါပြီးသား ဖြစ်ပါတယ် ဒါပေမဲ့ အခုလောက်တော့ မပြည့်စုံဘူးပေါ့ ပြီးတော့ ဒီလို Voice command ပေးလို့ ရတယ် Apps တွေလဲ cydia ရှိတယ်ဆိုတော့ ကျွန်တော် အနေနဲ့တော့ သိပ်ပြီး ထူးခြားတာ မတွေ့ရပါဘူး ဒါကလဲ ကျွန်တော် အရဲ့အမြင်လေးကို ပြောပြတာပေါ ကျွန်တော် ဘာဖြစ်လို့
ဒီလို ပြောလဲ ဆိုတော့ ကျွန်တော်တို့ ကွန်ပျုတာ သမားတွေရဲ့ အခြေခံဖြစ်တဲ့ Hardware နဲ့ software ကို
မှုတည်ပါတယ် hardware ကတော့ ပစ္စည်းဖြစ်တဲ့ အတွက် မြင်ရပြီး သူရဲ့လုပ်မှုတွေက အခြေခံကြပါတယ်
Software ဆိုတာက hardware ကိုအခြေခံပြီး မှာလုပ်လို့ရတာဖြစ်တဲ့ အတွက် ဒီ Iphone 4S မှာ
Hardware သိသာတာက Camera, A5 processor, graphic တွေဘဲ Siri ဆိုတာက တကယ်တမ်း
တော့ mic ဘဲပေါ့ Mic ကို အခြေခံပြီး Software အသုံးပြုလိုက်တာဆိုတော့ သိပ်ကြီး ထူးဆန်းတယ်လို့ မခံစားရဘူး။ Mic က iphone မှာ အစထဲကပါပြီးသား ဖြစ်နေတော့ မထူးခြားဘူး ဒါပေမဲ့ အခု Iphone
4S မှာ face time camera အပေါ်နားလေးမှာ တော့ Mic လိုမျိုး အပေါ်တခု အသစ်အဆန်းတော့ပါနေတာ
ပေါ့ ဒါပေမဲ့လဲ သိမထူးဆန်းပါဘူး

ပြီးတော့ ဒီမှာ ကျွန်တော်နဲ့ သဘောထားတူပြီး အားနည်းချက်တွေကို
Myanmar ICT မှာ ရေးထားတယ် ဖတ်ကြည့်ပါ။

ဒါနဲ့ သတင်းစာ ဖတ်ဖတ်မိခြင်းမှာဘဲ ဒီပိုစ့်ကို အမြန် ကိုယ့်ရဲ့ ပရိတ်သိတ်တွေကို ပြောပြခြင်းတာ 
IT Reshare Site ရဲ့ နည်းပညာသတင်း မြန်ကြောင်းကို သိအောင်ပေါ့.. အလကားပြောတာပါ 
ဒီတခါမှ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ သတင်းကို ဒီနေ့ရေးဖြစ်တာပါ ကျောင်းလဲ ပိတ်နေလို့ပါ အရင် က
ဒီလို ချက်ချင်းသိလဲ  ကျောင်းဖွင့်နေတော့ မတင်ဖြစ်ဘူးပေါ့။ 

ဈေးနှုန်းက $799 ကနေစပါတယ်။
 
 
NEW Iphone 5 (laser keyboard, Holographic display - And (MORE) Apple - Introducing iPhone 4S Apple - Introducing Siri on iPhone 4S

ထိုင်းဝန်ကြီးချုပ် ဖက်ရှင်

 မာစတာစီဒို
အောက်တိုဘာ ၅၊ ၂၀၁၁

အာဆီယံ လှည့်နေတဲ့ ဒေါ်ရင်နဲ့ သူ့ အ၀တ်အစားပုံစံမျိုးစုံ
အာဆီယံတိုင်းပြည်များကို လျှောက်သွားနေတဲ့ ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လှ (မစ္စ ရင်လတ်ရှင်နာဝပ်) တယောက် မြန်မာပြည်ကို လာမှပဲ သူ့ရဲ့ ၀တ်စား ဆင်မြန်းပုံတွေအကြောင်း ပြောပြရင် ကောင်းမှာပဲလို့ စိတ်ကူးမိပါတယ်။
နိုင်ငံခေါင်းဆောင်ဟာ အမျိုးသားဖြစ်တယ် ဆိုရင်တော့ အ၀တ်အစားကို သိပ် ဂရုစိုက်ဖို့ လိုမယ် မထင်ဘူး။ ကုတ်အကျီင်္အမည်းတထည်နဲ့ အလုပ်ဖြစ်တယ် မဟုတ်လား။ ကြောင်လျှာသီးနက်ကတိုင်ကိုတော့ များများဝယ်ပြီး ခွေထားပေါ့လေ။
ဒေါ်ရင်လှက အမျိုးသား မဟုတ်လေတော့ ကုတ်အကျီင်္အမည်းတထည်တည်းနဲ့ အလုပ်မဖြစ်လေဘူး။

ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လော၊ မြန်မာ ၅ နိုင်ငံခရီး ဆက်တိုက်ထွက်တဲ့ သူ့ခရီးစဉ်မှာ အ၀တ်အထည် မထပ်ရ မတူရလေအောင် ဆင်မြန်းရရှာလေတယ်။

အာဆီယံဒေသ နောက်ထပ် ၄ နိုင်ငံ နဲ့ အိုဘားမားဖိတ်ကြားတဲ့ ဘာအစည်းအဝေး ဆိုလား အဲဒါ သွားတက်တဲ့အခါလည်း မတူအောင် ဆင်မြန်းရမယ် ဆိုတော့ သူ့မယ် ဖက်ရှင်ဒီဇိုင်း စီမံခန့်ခွဲသူတွေ ခန့်ထားမယ်လို့ ယူဆရတယ်။
ဟောဒီမယ် သူရောက်ခဲ့တဲ့ ခရီးစဉ်တွေမှာ မြင်ရတဲ့ ပုံတွေ။

စက်တင်ဘာ ၁၀၊ ၂၀၁၁ ဘရူနိုင်းနိုင်ငံ (ဓာတ်ပုံ – reuters)


စက်တင်ဘာ ၁၀၊ ၂၀၁၁ ဘရူနိုင်းနိုင်ငံ (ဓာတ်ပုံ – reuters)
ပထမဆုံး ခရီးစဉ်မှာ စကပ်ရှည်ရှည် ၀တ်ထားတယ်။ အိမ်ရှင်နိုင်ငံရဲ့ ဓလေ့ကို လေးစားအသိအမှတ်ပြုသောအားဖြင့် သို့ကလို ၀တ်ဆင်ပုံ ရတယ်။

စက်တင်ဘာ ၁၂၊ ၂၀၁၁ အင်ဒိုနီးရှားနိုင်ငံ ခရီး (ဓာတ်ပုံ – reuters)
အင်ဒိုနီးရှားမှာတော့ စကတ်က နိုင်ငံတကာစံနှုန်း ပြန်ဖြစ်သွားတယ်။ အင်ဒိုနီးရှားဟာ အကဲဆတ်မှု နည်းပါးဟန်တူတယ်။ ဂျကာတာမှာ ၀တ်တဲ့ ၀တ်စုံဟာ ပြိုးပြိုးပြက်ပြက်နဲ့။ ထိုင်းနိုင်ငံဖြစ် အ၀တ်စသုံးပြီး ချုပ်ထားတယ်လို့ ယူဆရတယ်။ ထူးခြားတာက တခြားခရီးစဉ်တွေမှာ ဆံပင်ကို စည်းထားပေမယ့် ဒီတခါတော့ ဆံပင်ကို ဖြန့်ထားတာပါ။


စက်တင်ဘာ ၁၅၊ ၂၀၁၁ ကမ္ဘောဒီးယား ခရီး (ဓာတ်ပုံ – ???)


စက်တင်ဘာ ၁၆၊ ၂၀၁၁ လောခရီး
လောနိုင်ငံမှာတော့ ဇင်းမယ်မြို့သူ ဒေါ်ရင်လှကို လန်းနာဒေသ လုံချည်အကျီင်္၊ လန်းနာဒေသ ရိုးရာ ယဉ်ကျေးမှုအကနဲ့ အခုလို မြင်ရပါတယ်။ ထိုင်းနဲ့လော ဘာသာစကားယဉ်ကျေးမှု နီးစပ်လွန်းလို့ အခုလို ရင်းရင်းနှီးနှီးဆက်ဆံပြတာလည်း ဖြစ်နိုင်ပါတယ်။
လန်း ဆိုတာ အရေအတွက် တသန်း၊ နာ ဆိုတာက လယ်ကွင်းလို့ ဘာသာပြန်နိုင်တယ်လို့ သိရတယ်။ ဇင်းမယ်ဒေသ ၀န်းကျင်ကို ရှေးတုန်းက လန်းနာ လို့ ခေါ်တယ် တဲ့။ လန်းနားလို့ အသံထွက်ရင်လည်း သိပ် မမှားဘူးလို့ ဆိုတယ်။

အောက်တိုဘာ ၅၊ ၂၀၁၁ မြန်မာပြည်ခရီး (ဓာတ်ပုံ – AP)
မြန်မာပြည်ခရီးမှာတော့ လန်းနာဒေသယဉ်ကျေးမှုတွေ ထုတ်ဖော်ခဲ့ခြင်း ရှိမရှိ သတင်းများ ထွက်ပေါ်မလာသေးပါ။
သြဂုတ်လ ၁၁ ရက်နေ့ အစိုးရရုံးကို ရောက်လာတဲ့ (ဓာတ်ပုံ – AP)
ဇူလိုင် ၅ ရက်နေ့က အမေရိကန်ပြည်ထောင်စုသံအမတ် Kristie Kenney နဲ့ အတူ (ဓာတ်ပုံ – reruters)

Time မဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဒေါ်ရင်လှပုံက ရင့်ကျက်တဲ့အသွင်ဆောင်တယ်
ဒီလိုဆောင်စေဖို့ ဓာတ်ပုံသမား ၀ါယမစိုက်ခဲ့ပုံရတယ်


လွှတ်တော်ထဲ ရေသောက်နေပုံကိုလည်း ဓာတ်ပုံဆရာက မှတ်တမ်းတင်ထားပါတယ်။ (ဓာတ်ပုံ – reuters)


ဝန်ကြီးချုပ်လည်း ကတ်ပြားချိတ်ရပါတယ်။ လုံခြုံရေးအရ ဖြစ်မယ် ထင်ပါတယ်။ (ဓာတ်ပုံ – reuters)
ဇူလိုင် ၂၂ လွှတ်တော် (ဓာတ်ပုံ – AP)
အနက်ရောင်ဝတ်စုံ၊ သစ်ခွပန်းတို့နဲ့ လန်းနေတဲ့ ဒေါ်ရင်လှ

သြဂုတ်လ ၁ ရက်နေ့ (ဓာတ်ပုံ – Dario Pignatelli)


မိုးမခမှာ သရော်စာရေးတဲ့ ဂျော်ဒီးလိုပဲ၊ အရမ်း လှပ နုပျိုလွန်းတယ်။


သြဂုတ် ၂ ရက်နေ့ လွှတ်တော် (ဓာတ်ပုံ – getty images)
အတွင်းအကျီင်္ဖြူဆိုရင်ဒီပုံက တမျိုးဖြစ်သွားမှာ သေချာတယ်။ ပြီးတော့ ဆံပင်ကို စည်းထား ထုံးထားလိုက်ရင် ပိုလန်းသွားမယ်။

သြဂုတ် ၅ (ဓာတ်ပုံ – getty images)
ပုလဲဆွဲကြိုးကို ကြိုက်ပုံရတယ်။ မကြာခဏ ဒီဆွဲကြိုး ၀တ်တာ ပုံတွေမှာ တွေ့ရပါတယ်။


ပါတီရုံးချုပ် ဇူလိုင် ၁၉ (ဓာတ်ပုံ – getty images)
အကျီင်္ဖြူ ဆွဲကြိုးဖြူ။


ပါတီရုံးချုပ် ဇူလိုင် ၈ (ဓာတ်ပုံ – reuters)
ဆွဲပြန်ပြီ ဒီပုလဲကုံး။


ပါတီရုံးချုပ် သြဂုတ် ၃ (ဓာတ်ပုံ – reuters)


ဟိုတယ်တခုကို ရောက်လာတဲ့ ဇူလိုင် ၄ ရက်နေ့က (ဓာတ်ပုံ – getty images)
ဘန်ကောက်နေအိမ် ဇွန် ၂၁၊ ၂၀၁၁ မွေးနေ့ အခမ်းအနား (ဓာတ်ပုံ – reuters)
ဒေါ်ရင်လှရဲ့ ၄၄ နှစ်ပြည့် မွေးနေ့မှာ ခင်ပွန်းသည် Anusorn Amornchat နဲ့ သားဖြစ်သူ Supasek Amornchat တို့ကို အခုလို တွေ့ရပါတယ်။

ဘန်ကောက်မြို့ မဲရုံတခု ဇူလိုင် ၃၊ ၂၀၁၁ (ဓာတ်ပုံ – getty images)


လုံချည်အကွက်လိုမျိုး အ၀တ်စ ခါးမှာ ပတ်ပေးထားတဲ့ပုံဟာ အီစံဒေသမှာ ရိုက်ထားတာဖြစ်မယ်လို့ ထိုင်းနိုင်ငံမှာ အနေကြာသူတဦးက အွန်လိုင်းကနေ ပြောပြပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်တုန်းကပုံပါ။


ထိုင်းတောင်ပိုင်း ယာလ ခရိုင် ဇွန် ၁၄၊ ၂၀၁၁ (ဓာတ်ပုံ – reuters)
မလေးရှားနယ်စပ်၊ မဲဆွယ်ကာလ၊ ဒေသခံတို့နဲ့ ဟာမိုနီကျကျ။


AIS တယ်လီဖုန်းကုမဏီရဲ့ ဘော့စ်အဖြစ်လည်း တာဝန်ယူခဲ့ဖူးတဲ့ လုပ်ငန်းရှင် ဒေါ်ရင်လှ နဲ့ ညနေခင်းဝတ်စုံ။
အဲဒီတုန်းကတော့ နိုင်ငံရေးနယ်ဟာ သူ့နဲ့ တစိမ်းပြင်ပြင်ပါ။

ဧရာမမြွေကြီးတစ်ကောင် သတ်ဖြတ်ပြီးနောက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း

ကချင်ပြည်နယ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်း တွင် ဧရာမမြွေကြီးတစ်ကောင်အား တရုတ်အလုပ် သမားများ သတ်ဖြတ်ခဲ့ပြီးနောက် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းရန် သတင်း ထွက်ပေါ်လာသည်။

၄၈ ပေခွဲ ရှည်ပြီး ၅ ပေ လုံးပတ်ရှိသည့် မြွေကြီးအား စီမံကိန်း ဧရိယာထဲ ဂျွမ်ဘွမ်တောင် (Jum Bum)တွင် လမ်းဖောက်လုပ်နေသော တရုတ်အလုပ်သမားများ မြေအောက်တွင်းတစ်ခုမှာတွေ့ရှိပြီး စက်တင်ဘာ ၂၂ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု မျက်မြင်များပြောသည်။
giant_snake_myitsone_dam
ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းထဲ အရုတ်အလုပ်သမားများ သတ်ဖြတ်ခဲ့တဲ့ ဧရာမမြွေကြီးအား မြေတူးစက်လက်ဖြင့် ချီမြှေက်ထားပုံ။

တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) ကုမ္ပဏီ အလုပ်သမားများက ၎င်းမြွေကြီး၏ ဦးခေါင်းကို မြေတူးစက်(backhoe) ကော်ဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်သည်ဟုမျက်မြင် များပြောပါသည်။

CPI အလုပ်သမားများက ၎င်းမြွေကြီး အသေကောင်ကိုလည်း တရုတ်နိုင်ငံသို့ ယူဆောင်သွားကြောင်း ဒေသခံများပြောသည်။

ဧရာဝတီမြစ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်းမှာ ယခုကဲ့သို့ ဧရာမ မြွေကြီးသတ်ဖြတ်ခြင်း ဖြစ်ရပ်သည် “ရေကာတာစီမံကိန်း၏ မကောင်းသော နိမိတ်လက္ခဏာ တစ်ခုအဖြစ်” ဒေသခံကချင်များ ရှုမြင်ကြသည်ဟု သိရသည်။

မြွေကြီးသတ်ဖြတ်ခံရပြီး (၈) ရက်အကြာ စက်တင်ဘာ (၃၀) တွင် “ပြည်သူအများစု အပြင်းအထန် ကန့်ကွက်နေသည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ၎င်းတို့အစိုးရလက်ထက်တွင်ရပ်ဆိုင်း ထားရန်” လွှတ်တော်သို့ သမ္မတ ဦးသိန်းစိန်ပြောဆိုလာသည်။

ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ ရခိုင်ပြည်နယ်တွင် သုံးစွဲရန် အစီအစဉ်မရှိ

မောင်ရမ္မာ စုစည်း တင်ပြသည်။
----------------------------------
ကျောက်ဖြူမြို့နယ် ပြည်သူ့လွတ်တော်အမတ် ဦးဘရှင်က ကျောက်ဖြူမြို့ မြောက်ဖက် ၂၅ မိုင်အကွာ တွင် ရှိသော "ရွှေ" သဘာဝဓါတ်ငွေ့သိုက်မှ ရရှိလာသော သဘာဝဓါတ်ငွေ့များကို အသုံး ပြုပြီး ကျောက်ဖြူမြို့ အတွက် လျှပ်စစ် ဓါတ်အား ဖြန့်ဝေပေးရန် အစီအစဉ် ရှိမရှိ စက်တဘာင်္လ ၂၇ ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွတ်တော်တွင် မေးမြန်းခဲ့ပါသည်။ အဆိုပါ မေးမြန်း ချက်ကို စွမ်းအင် ၀န်ကြီး ဦးသန်းဌေးဖြေကြား ရာတွင် ရွေသဘာဝ ဓါတ်ငွေ့သိုက်က ရရှိလာသော သဘာဝ ဓါတ်ငွေ့များကို မြန်မာ-တရုတ် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းက တဆင့် တရုတ်ပြည်ကို တင်ပို့သွားရန် ဖြစ်ကြောင်းနှင့် တရုတ်-မြန်မာချုပ်ဆိုထားသောစာချုပ် ကို ဆန့်ကျင်ပြီး ဓါတ်ငွေ့များကို အသုံးပြု၍ မရဟု ဖြေကြားသွားခဲ့ပါသည်။

Hakuryu
ယခုကဲ့သို့ စွမ်းအင်ဝန်င်္ကြီး ဦးသန်းဌေးမှ ရခိုင်ကမ်းလွန်မှ ထွက်သော ဂတ်စ်ကို ရခိုင်ပြည်နယ်တွင် တစုံတရာ အသုံးပြုရန် အစီအစဉ် မရှိကြောင်း ဖြေကြားသွားသည့် အပေါ် လက်လှမ်း မှီသလောက် ရခိုင်ခေါင်းဆောင်များ နှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ဦးအေးသာအောင်
ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
အတွင်းရေးမှူး CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ

U-Aye-Tha-Aung-CRPP"ရခိုင်ပြည်ကထွက်တဲ့ဂတ်စ်ဟာ ရခိုင်ပြည်မှာ သုံးဖို့မဟုတ်ဘူး ဆိုတဲ့စကားဟာ ရခိုင်ပြည်သူတွေကို အလွန် စော်ကားရာ ရောက်ပါတယ်။ ထိခိုက်နစ်နာအောင် ပြောတဲ့စကားလို့ တိုတို တုတ်တုတ်နဲ့ ပြောချင်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်မှာ ထွက်လာတဲ့ သယံဇာ ပစ္စည်း အားလုံးဟာ ရခိုင်ပြည်နယ်သားတွေ အဓိကပိုင်ဆိုင် တယ်။ ရခိုင်ပြည်နယ်က ထွက်လာသမျှ ဂတ်စ်ဘဲ ဖြစ်ဖြစ်၊ ရေနံဘဲဖြစ်ဖြစ်၊ တခြား သစ်တော၊ ငါးပုဇွန်ထွက် လာသမျှရဲ့ သယံဇာတ ပစ္စည်းရဲ့ တန်ဖိုး ဟာ ရခိုင်ပြည်က ပိုင်ဆိုင်တာ ဖြစ်တယ်။ ရခိုင်ပြည်ဟာ အမှန် တကယ် ပြည်ထောင်စု ထဲမှာ ရှိနေတဲ့ ပြည်နယ် တစ်ခု ဖြစ်တယ် ဆိုလို့ ရှိရင် ဒီထွက်လာတဲ့ ပစ္စည်းရဲ့အချိုး ကျကိုတော့ ရခိုင်ပြည်နယ်က ခံစားခွင့် ရှိတယ်။ အဲဒါကြောင့် ဒီလို ရခိုင်ပြည်ကထွက်တဲ့ ဂတ်စ်ဟာရခိုင်ပြည် မှာ အသုံးပြုရန် အစီအစဉ်မရှိလို့ ပြောတဲ့ ဟာသည် ရခိုင်ပြည်သူတွေ ကို စော်ကားလိုက်တဲ့ စကားလို့ဘဲ ကျွန်တော် မြင်ပါတယ်။"

-------------------------------------------------------------------

ဒေါက်တာအေးကျော်
(အမေရိကန်နိုင်ငံ)

DrAyeKyaw" ရခိုင်ပြည်ကထွက်တဲ့ ဂတ်စ်တွေ၊ သယံဇာတပစ္စည်းတွေဟာ ရခိုင်ပြည်သူပြည်သားအားလုံးရဲ့အကျိုးတရား ကို အခြေခံထားရမယ်။ ရခိုင်ပြည်ကထွက်တဲ့ ဟူသမျှဟာ အဲဒီလို ခံစားခွင့် မရတဲ့အတွက် ကြောင့်ပြည်ထောင် စု မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံ အဆင့် မဖြစ်လာဘဲ ဖြစ်နေတာ ဖြစ်ပါတယ်။ပြည် ထောင်စု မြန်မာနိုင်ငံလို့ ပြောနေတာဟာလည်းဘဲ အတု အယောင် ပြည်ထောင်စု မြန်မာနိုင်ငံသာဖြစ်နေ တယ်။ အဲဒါကြောင့် ရခိုင်ပြည်က ရတဲ့ ဂက်စ်၊ ရခိုင်ပြည်က ရတဲ့ ကျွန်းသစ်၊ ပျဉ်းကတိုးတွေကို ရခိုင်ပြည်သူ ပြည်သားတွေကို ထိုက်သင့် အားလျော်စွာ အကျိုးခံစားခွင့်ရအောင် လုပ်ပေးရမယ်။ ဒါက ရခိုင်ပြည်တခု တည်းကို ပြောတာ မဟုတ်ဘူး။ တခြားပြည်နယ်တွေမှာလည်း ဒီအတိုင်း မူအရကျင့်ရမယ်။ ဒါမှကျွန်တော် တို့နိုင်ငံဟာ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာနိုင်မယ် ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ပြည်ထောင်စု အစစ်အမှန် မဖြစ်ဘဲနဲ့ အတုအယောင် ပြည်ထောင်စုစနစ်မှာဘဲ ကျွန်တော်တို့ ရပ်တည်နေရဖို့ဘဲရှိပါ တယ်။"

-------------------------------------------------------------------

ဒေါက်တာ ခင်မောင်
NUPA ဥက္ကဌ
ရခိုင်ပြည်အမျိုးသား ကောင်စီ ANC ဒုဥက္ကဌ (၁)

Dr.Khine-Maung-NUPA" ၀န်ကြီးပြောသွားတာက ရခိုင်ပြည်ရဲ့ ရေထု၊ မြေထု၊ လေထု၊ သဘာဝ စွမ်းအင်အားလုံးဟာ သူတို့ရဲ့ လက် အောက်မှာရှိတယ်ဆိုပြီး ရခိုင်ပြည်အပေါ်မှာ ကျင့်သုံးတဲ့ပေါ်လစီကို ပွင့်ပွင့်လင်းလင်း၊ ပြတ်ပြတ်သားသား ပြောသွားတာ ဖြစ်ပါတယ်။ အမှန်က ဒီ ပိုင်ဆိုင်မှုတွေဟာ ရခိုင်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုသာ ဖြစ်တယ်။ဒါပေ မယ့် ရခိုင်ပြည်သူတွေမှာ မိမိကိုယ်ကို မိမိ ဆုံးဖြတ် ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့် အာဏာမရှိတဲ့ အတွက် မိမိတို့ ပိုင်ဆိုင်တဲ့ သယံဇာတတွေကို မိမိတို့ သုံးစွဲပိုင်ခွင့်မရှိ ဆိုတာကို ပြသလိုက်တာဖြစ်တယ်။ ဒါကြောင့် လက်ရှိ အစိုးရကနေပြီးတော့ ရခိုင်ပြည်ကထွက်တဲ့ သယံဇာတ တွေကို ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို မကြည့် ဘဲနဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက် သူတို့ လုပ်ချင်သလို လုပ်လို့ရတဲ့ သဘောနဲ့ စွမ်းအင်ဝန်ကြီးကထုတ် ဖေါ် ပြောကြားလိုက်တာ ဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။"

-------------------------------------------------------------------

ဒေါ်စောမြရာဇာလင်း
ဥက္ကဌ ( ရခိုင်အမျိုးသမီးများအစည်းအရုံး)

Soe-Mrarazar-Lunn" ရခိုင်ပြည်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်မှာ သုံးစွဲဖို့အစီအစဉ်မရှိဆိုတာကို ကျွန်မအမြင်နဲ့ ပြောရမယ်ဆိုရင် ရခိုင်ပြည်သူလူထုတရပ်လုံးကို ရက်ရက်စက်စက် စော်ကား လိုက်တာဖြစ်တယ်လို့ပြောချင် ပါတယ်။ ဒီဂတ်စ်ကို ရခိုင်ပြည်ကပိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ရခိုင် ပြည်သူလူထုတရပ်လုံးပိုင်တဲ့ ရေနံနဲ့သဘ၀ဓါတ်ငွေ့တွေကို ရခိုင်ပြည်မှာ အသုံးပြုရမယ်။ အခုလို ဒီမိုကရေစီက ခြေလှမ်းစနေတဲ့ အစိုးရက ဒီလိုပြောလိုက်ခြင်းသည်ပင်လျှင် ရခိုင်ပြည်သူ တရပ်လုံးကို စော်ကားလိုက်တာဖြစ်ပါတယ်။ ရခိုင်ပြည်သူလူထု တရပ်လုံးအနေနဲ့ ထိထိရောက်ရောက် ကန့်ကွက်သင့်ပါတယ်။ ရခိုင်ပြည်သူတရပ်လုံးနဲ့ ရခိုင်ပြည်နယ် အကျိုးစီးပွား အတွက် အားလုံးသော ရခိုင်ပြည်သူ တရပ်လုံးဟာ မဏ္ဍိုင်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်ပြီးတော့ ရခိုင်ပြည်ရဲ့ အကျိုးကို ထိထိရောက်ရောက် ကာကွယ်သင့်တယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။"

-------------------------------------------------------------------

ကိုထွန်းဇော်
တွဲဘက်အထွေထွေအတွင်းရေးမှူး ( ၁)
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များကွန်ကရက်

Tun-Zaw-AASYC"ကျွန်တော်မြင်တာကတော့ ရခိုင်ပြည်ကထွက်တဲ့ စွမ်းအင်ကို ရခိုင်ပြည်သူလူထုတွေနဲ့ တတိုင်း ပြည်လုံးမှာ ရှိတဲ့ စွမ်းအင်လိုအပ်တဲ့ နေရာတွေမှာ မဖြည့်ဆည်းဘဲနဲ့ ပြည်ပကို အားလုံး ရောင်းချ ပစ်တာကတော့ ပြည်သူလူထုဆန္ဒကို မလေးစားလို့မြင်ပါတယ်။ သူတို့ပြောတာက ပြည်သူလူထုရဲ့ အသံကိုနားထောင်ဖို့၊ ပြည်သူကိုလေးစားတဲ့ ဒီမိုကရေစီအစိုးရဆိုပြီး ကြွေးကြော်နေတာဟာ အခု ဒီအချက်ကနေပြီးတော့ ဒီမိုက ရေစီအစိုးရမဟုတ်၊ ပြည်သူတွေအသံကို နားမထောင်ဆိုတာကို ဖေါ်ပြလိုက်တယ်လို့ဘဲ ကျွန်တော်မြင်ပါ တယ်။"
-------------------------------------------------------------------

ကိုဝင်းအောင်
ရွှေဂတ်စ်လှုပ်ရှားမှုတာဝန်ခံ

Wong-Aung-SGM" ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှာ ကုမ္ပဏီတွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးဘဲ ဖြစ်ဖြစ်၊ ပညာ ရေးဘဲဖြစ်ဖြစ်၊ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေလုပ်ပေးတာကို အများကြီး ကြိုဆိုလက်ခံပါတယ်။ ဒါပေ မယ့် ရခိုင် ပြည်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ဟာ ဘီလီယံ ထောင်နဲ့ ချီပြီး တန်ဖိုးရှိပါတယ်။ အဲဒီအထဲက ဒေသခံ တွေ အတွက် မလုပ်မဖြစ်တဲ့ ကျောင်းတွေ၊ ဆရာဝန်မရှိ၊ ဆေးမရှိတဲ့ ဆေးခန်းတွေဆောက်ပေးရုံနဲ့ ကျွန် တော်တို့ ကျေနပ်ရောင့်ရဲလို့မရပါ။ သူတို့ ပံ့ပိုး နေတာကလည်း တကယ့်လက်တွေ့မှ အလုပ်မဖြစ်ပါ။ ရွှေဂတ်စ် စီမံကိန်းကြောင့် ရခိုင်ပြည်သူများမှာ ဘိုးဘွားပိုင် လယ်ယာမြေများဆုံးရှုံးပြီး လယ်မဲ့ယာမဲ့ဘ၀ကိုသာ ရောက်သွားခဲ့ရတယ်။ ဘိုးစဉ် ဘောင်ဆက် သားစဉ်မြေးဆက် လုပ်ကိုင်စားသောက်လာကြ တဲ့လယ်မြေတွေကို အသိမ်းခံရတာ ရှိပါတယ်။ လယ်လုပ်တဲ့သူတွေမှာ ဘာတခုမှ ငြင်းပယ်နိုင်ခွင့်မရှိပါ။ အစိုးရကဖြစ်ဖြစ်၊ ကုမ္ပဏီက ဖြစ်ဖြစ် သူတို့တောင်းတဲ့လယ်ယာမြေတွေကို သူတို့ပေးတဲ့ငွေနဲ့ရောင်းစားနေကြရတယ်။ အဲဒီ ဒေသမှာရှိတဲ့ ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အရေး ဖြစ်ဖြစ်၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မီးဖြစ်ဖြစ်၊ ရေဖြစ်ဖြစ်၊ ဂတ်စ်ဖြစ်ဖြစ် ဘာတခုမှ ကျန်မှာမဟုတ်ပါ။ ဒီကထွက်တဲ့ဂတ်စ် တချို့တ၀က်ကို အစိုးရနဲ့ ဆက်စပ်တဲ့ စီးပွားရေး သမားတွေရဲ့ စက်ရုံအလုပ်ရုံကို ပံ့ပိုးမှာဖြစ်ပြီးတော့ ကျန်တာတွေကို တရုတ်ကို ရောင်းဖို့ ဖြစ်ပါတယ်။ ဒေသခံတွေမှာတော့ ဘိုးဘွားစဉ်ဆက်ပိုင် လယ်ယာမြေတွေ အပါအ၀င် လုပ်ကိုင်စား သောက်တဲ့ အခွင့်အလမ်းတွေ ပျက်သွားရတယ်။ အလုပ်လက်မဲ့ ဖြစ်သွားရတဲ့အပြင် လူမျိုးရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ တွေ ပျောက်ကွယ်သွားဖို့ အခြေအနေဘဲ ရှိပါတယ်။"

-------------------------------------------------------------------

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း အကျဉ်း

"ရွှေ" သဘာဝဓါတ်ငွေ့ စီမံကိန်းကို မြန်မာ စွမ်းအင်ဝန်ကြီးဌာနနှင့် Daewoo International Corporation ကုမ္ပဏီက ရခိုင်ကမ်းလွန်ဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရှာဖွေရေး လုပ်ငန်းများကို လုပ်ကိုင် ခဲ့ရာမှ စီးပွားဖြစ်သဘာဝဓာတ်ငွေ့သိုက် "ရွှေ" ကို ၂၀ဝ၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ယခုကဲ့သို့ ထုတ်ယူ သုံးစွဲနိုင်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။

အဆိုပါ သဘာဝဓါတ်ငွေ့စီမံကိန်းမှ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၉၀၀ ကျော်ရရှိဖို့ဖြစ်ပါပြီး အဆိုပါ ၀င်ငွေများထဲမှ တချို့တ၀က်ကို ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေးအတွက် သုံးစွဲသင့်ကြောင်း ရခိုင်အမျိုးသား များက ယုံကြည်နေကြသည့်အချိန်တွင် ယခုကဲ့သို့ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ရခိုင်ပြည်မှ ထွက်သော သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်အတွက်အသုံးစွဲရန် အစီအစဉ်မရှိဟု ပြောဆို လိုက်သည့်အပေါ် ရခိုင်ပြည်သူများ အထူး မကျေနပ်မှုများ တိုးပွားနေကြသည်ဟု သိရသည်။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်